ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (အပိုင်း တစ်)

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါသော်လည်း ၎င်းအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော် ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ မြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ် ဖျက်ဆီးခံရသည့်အခါတွင်မှ လူသား မျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်ကို စာတန်ဖျက်ဆီးပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်၍ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ လူသားမျိုးနွယ်မှ ပျက်စီးသည့် စိတ်နေ သဘောထား ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့် သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်း ဖြစ်သည်။ နောက်ဆုံးခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ်စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝ ပြီးဆုံးသွား၍ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသား မျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှုမရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသဖြင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ် အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်အား စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည် ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ ထိုသို့မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ ဆိုလိုသည်မှာ ဤပျက်စီးနေသော လူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပါယ်ဖြစ်၏။ လူသား မျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသား မျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်း အမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်— ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းထားသော သတ္တဝါများအနေဖြင့် လူသားသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသည်ကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ပျက်စီးခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်မှ မည်သို့ကယ်တင်သည်ကို ဖြစ်စေ၊ လူသားမျိုးနွယ် ပျက်စီးခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်ဖန်ဆင်းသော သတ္တဝါအဖြစ် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင် စီမံခန့်ခွဲခြင်းအမှု၏ ပိုမိုကျယ်ပြန့်သော နယ်ပယ် အကြောင်း မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ— ဤသို့ဖြစ်ပါက သင်သည် တစ်ယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားစတင်ခြင်း၊ လူသား မျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်း ဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများ နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် အမြင်များအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ရုံမှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေမည်မဟုတ်ပါလော။

လူသားသည် အလေ့အကျင့်ကိုသာ အာရုံစိုက်၍ ဘုရားသခင်၏အမှုနှင့် လူသား၏ အသိဉာဏ် တို့အား ဒုတိယအဖြစ်မြင်ပါက ငွေတစ်ပြားနှင့်ပတ်သက်၍ အမြော်အမြင်ရှိသော်လည်း ပေါင်ငွေနှင့် ပတ်သက်၍ မိုက်မဲခြင်းနှင့် တူနေမည် မဟုတ်ပါလော။ သင်သိရမည့်အရာကို သင်သိရမည်ဖြစ်၍ သင် လက်တွေ့ ကျင့်သုံးရမည့်အရာကို သင်လက်တွေ့ကျင့်သုံးရမည် ဖြစ်သည်။ သို့မှသာ သင်သည် သမ္မာတရား နောက်လိုက်ရန် သိသူတစ်ဦးဖြစ်လိမ့်မည်။ ဧဝံဂေလိတရားကို သင်ဖြန့်ဝေရမည့်နေ့ ရောက်သည့်အခါ ဘုရားသခင်သည် ကြီးမြတ်၍ ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် အထွတ်အမြတ်ဆုံး ဘုရားသခင်ဖြစ်ကြောင်း၊ ကြီးမြတ်သော မည်သည့်လူသားမျှ နှိုင်းယှဉ်၍မရသော ဘုရားသခင်နှင့် မည်သူမျှ သာ၍မြင့်မားခြင်း မရှိသော ဘုရားသခင်ဟုသာ ပြောနိုင်၍...၊ သက်ဆိုင်ခြင်းမရှိ၍ အပေါ်ယံသာဖြစ်သော ဤစကားများကိုသာ ပြောနိုင်၍ အရေးပါသောစကားများ၊ အနှစ်သာရရှိသော စကားများကို မပြောနိုင်ပါက၊ သင်သည် ဘုရားသခင်ကို သိကြောင်း သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်း ဘာမျှပြောစရာ မရှိသည့် အပြင် သမ္မာတရားကို ရှင်းပြနိုင်ခြင်းမရှိပါက၊ သို့မဟုတ် လူသားချို့တဲ့နေသည့် အရာကို မပေးနိုင်ပါက သင်ကဲ့သို့သော သူတစ်ဦးသည် မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိပါ။ ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် လွယ်ကူ ရိုးရှင်းသည့် ကိစ္စမဟုတ်ပါ။ ရှေးဦးစွာ သင့်တွင် သမ္မာတရားနှင့် နားလည်ရန် လိုသည့် အမြင်များ ရှိရပါမည်။ ဘုရားသခင်၏အမှု၏ ကွဲပြားသော ရှုထောင့်များ၏ အမြင်များနှင့် သမ္မာတရား အကြောင်းကို သင်ရှင်းလင်းစွာ သဘောပေါက်သည့်အခါ၊ သင့်နှလုံးသားတွင် ဘုရားသခင်၏အမှုကို သင်သိလာသည့်အခါ၊ ထို့အပြင် ဘုရားသခင်မှ မည်သည့်အမှုကို ပြုသည်ဖြစ်စေ— ဖြောင့်မတ်သည့် စီရင်ခြင်း ဖြစ်စေ၊ လူသားကို သန့်စင်ခြင်းဖြစ်စေ— သင်သည် သင်၏ အခြေခံအုတ်မြစ်အဖြစ် အကြီးမားဆုံးသော အမြင်ကို ပိုင်ဆိုင်၍ လက်တွေ့ကျင့်သုံးရန် မှန်ကန်သည့် သမ္မာတရားကို ပိုင်ဆိုင်ပါက သင်သည် အဆုံးတိုင်အောင် ဘုရားသခင် နောက်သို့ လိုက်နိုင်မည် ဖြစ်သည်။ သူမည်သည့်အမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်အမှု၏ ရည်မှန်းချက် သည် ပြောင်းလဲခြင်းမရှိ၊ သူ့အမှု၏ အချက်အချာသည် ပြောင်းလဲခြင်းမရှိ၊ ထို့အပြင် လူသားအပေါ် သူ၏ဆန္ဒသည် ပြောင်းလဲခြင်း မရှိကြောင်းကို သင်သိရမည်။ သူ၏စကားလုံးများ မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပတ်ဝန်းကျင် မည်မျှဆိုးရွားသည်ဖြစ်စေ၊ သူ့အမှု၏ အခြေခံ သဘောတရားများ ပြောင်းလဲမည် မဟုတ်။ ထို့အပြင် လူသားကို ကယ်တင်ရန် သူ၏ ရည်ရွယ်ချက်သည်လည်း ပြောင်းလဲမည်မဟုတ်ပေ။ သူ၏အမှုသည် လူသား၏အဆုံး သို့မဟုတ် လူသား၏ ခရီးလမ်းဆုံးကိုဖော်ပြရန် မဟုတ်ပါက၊ ထို့အပြင် နောက်ဆုံးအဆင့်၏ အမှုလည်း မဟုတ်ပါက၊ သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတစ်ရပ်လုံးကို အဆုံးသတ်ရန် မဟုတ်ပါက၊ ထို့အပြင် ၎င်းအချိန်သည် သူမှ လူသားအပေါ် အမှုဆောင်ရွက်သည့် အချိန် ဖြစ်ပါက၊ သူ့အမှု၏ အချက်အချာသည်လည်း ပြောင်းလဲမည်မဟုတ်ပေ- လူသားမျိုးနွယ်ကို ကယ်တင်ခြင်း သာ အစဉ်ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ် ဖြစ်ရမည်။ ၎င်းအမှုအဆင့်သုံးဆင့်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်း ဖြစ်သည်— ဆိုလိုသည်မှာ စာတန်၏ပိုင်နက်မှ လူသားကို လုံးဝကယ်တင်ခြင်းဖြစ်သည်။ အမှုအဆင့်သုံးဆင့်၏ အဆင့်တိုင်းတွင် ရည်မှန်းချက်နှင့် အရေးပါပုံတို့ ကွဲပြားသော်လည်း တစ်ဆင့်စီသည် လူသားကို ကယ်တင်ခြင်း အမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်၍ လူသား၏ လိုအပ်ချက်များနှင့်အညီ အကောင်အထည် ဖော်သည့် ကွဲပြားသော ကယ်တင်ခြင်းအမှု ဖြစ်သည်။ ဤအမှုအဆင့် သုံးဆင့်၏ ရည်ရွယ်ချက်ကို သင်သိသည်နှင့် တစ်ပြိုင်နက် သင်သည် အမှုအဆင့်တစ်ဆင့်စီ၏ အရေးပါမှုကို နားလည်သဘောပေါက်ပုံကို သိလိမ့်မည်ဖြစ်၍ ဘုရားသခင်၏ဆန္ဒကို မည်သို့ဖြည့်ဆည်း ရမည်ကို သင်သိလိမ့်မည်။ ဤအဆင့်ကို သင်ရောက်နိုင်ပါက ရူပါရုံအားလုံးအနက် အကြီးမားဆုံးဖြစ်သော ဤအရာသည် ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။ လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများရော ရူပါရုံများအပေါ် အခြေခံသည့် အသိဉာဏ်ပါ နှစ်ခုစလုံးရှိရေးအတွက် သင်သည် လွယ်ကူသော ကျင့်စဉ်များ သို့မဟုတ် လေးနက်သည့် သမ္မာတရားများ ကိုသာ ရှာဖွေရန်မသင့်ဘဲ အမြင်များကို ကျင့်သုံးမှုဖြင့် ပေါင်းစပ်ရမည်။ သို့မှသာ သင်သည် သမ္မာတရားနှင့် လုံးဝလျှောက်လှမ်း သူတစ်ဦး ဖြစ်လိမ့်မည်။

အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရား သခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင် ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်သည် သူ၏စိတ်နေသဘောထားကို မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်း မရှိပါ။ ဘုရားသခင်၏ အမှု၏ အသိဉာဏ် အမြော်အမြင်ကိုလည်း မသိကြပါ။ ထို့အပြင် ထိုသူတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ဆန္ဒကိုလည်း မသိဘဲရှိနေကြ၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်သည့်အမှုကို အပြည့်အဝ ဖော်ပြချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ နည်းမျိုးစုံနှင့် အခြေခံသဘောတရားမျိုးစုံကို မသိဘဲရှိလိမ့်မည်။ အမှုအဆင့်တစ်ရပ်မှ ကျန်ရှိနေသော အယူဝါဒကိုသာ တင်းကျပ်စွာ လိုက်နာသူများသည် ဘုရားသခင်ကို အယူဝါဒတွင် ကန့်သတ်ထားသူများ ဖြစ်ကြ၍ ထိုသူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဝိုးတဝါးနှင့် မသေချာ မရေရာဖြစ်သည်။ ထိုကဲ့သို့သော သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်သာလျှင် ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အပြည့်အဝဖော်ပြနိုင်၍ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း လုပ်ငန်းစဉ်တစ်ရပ်လုံးကို လုံးဝ ဖော်ပြနိုင်မည် ဖြစ်သည်။ ဤသည်မှာ သူသည် စာတန်အပေါ် အောင်နိုင်၍ လူသားမျိုးနွယ်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း သက်သေ အထောက်အထား ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း အထောက်အထားဖြစ်၍ ဘုရားသခင်၏ စိတ်နေ သဘောထား တစ်ရပ်လုံး၏ ဖော်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှု အဆင့်သုံးဆင့်၏ တစ်ဆင့်ကိုသာ နားလည်သူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ဒေသကိုသာ သိကြ၏။ လူသား၏ အတွေးအခေါ်အယူအဆတွင် ဤအဆင့်တစ်ဆင့်တည်းသာ အယူဝါဒဖြစ်သွားရန် လွယ်ကူ၏။ လူသားမှ ဘုရားသခင်အကြောင်း စည်းမျဉ်းစည်းကမ်းများ ချမှတ်မည့် အလားအလာများရှိလာ၍ လူသားသည် ဘုရားသခင်၏ စိတ်နေသဘောထားမှ ဤအစိတ်အပိုင်း တစ်ရပ်ကိုသာ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံး၏ ကိုယ်စားပြုမှုအဖြစ် အသုံးပြု၏။ ထို့အပြင် လူသား၏ စိတ်ကူးယဉ်အများစုမှာ အတွင်းတွင် ရောယှက်နေ၏။ ထို့ကြောင့် သူသည် ဘုရားသခင်သည် ဤသို့ တစ်ချိန်တစ်ခါက ဖြစ်ခဲ့ပါက သူသည် အစဉ် ဤသို့ရှိနေပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်လျှက် ဘုရားသခင်၏ စိတ်နေ သဘောထား၊ ဖြစ်တည်မှုနှင့် ဉာဏ်အမြော်အမြင်တို့အပြင် ဘုရားသခင်အမှု၏ အခြေခံ သဘောတရားများ ကိုလည်း ကန့်သတ်ချက်ဘောင်များအတွင်း ကန့်သတ်ထား၏။ အမှုအဆင့်သုံးဆင့်ကို သိ၍ နားလည်သူများ သာလျှင် ဘုရားသခင်ကို အပြည့်အဝနှင့် အတိအကျ သိနိုင်လိမ့်မည်။ အနည်းဆုံးအနေဖြင့် ထိုသူတို့သည် ဘုရားသခင်ကို ဣသရေလအမျိုးတို့၏ ဘုရားသခင်၊ သို့မဟုတ် ယုဒလူတို့၏ ဘုရားသခင်ဟု သတ်မှတ်ခြင်း မရှိဘဲ သူ့ကို လူသားအတွက် လက်ဝါးကပ်တိုင်တွင် အစဉ်အမြဲ သံမှိုစွဲ ရိုက်နှက်ခံထား ရမည့် ဘုရားဟု မြင်လိမ့်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်ကို သူ၏အမှုတစ်ဆင့်မှသာ သိလာသူ ဖြစ်ပါက သင်၏ အသိဉာဏ်သည် အလွန့်အလွန် နည်း၏။ သင်၏အသိဉာဏ်သည် သမုဒ္ဒရာအတွင်း တစ်စက်သာလျှင်ဖြစ်၏။ ထိုသို့မဟုတ်ပါက ရှေးရိုးစွဲ ဘာသာရေးကိုင်းရှိုင်းသူ အများအပြားသည် အဘယ်ကြောင့် ဘုရားသခင်ကို လက်ဝါးကပ်တိုင်တွင် အရှင်လတ်လတ် သံနှင့်ရိုက်မည်နည်း။ ဤသည်မှာ လူသားသည် ဘုရားသခင်ကို ကန့်သတ်ချက်အချို့အတွင်း ကန့်သတ်ထားသဖြင့် မဟုတ်ပါသလား။ လူအများအပြားသည် ဘုရားသခင်အမှုအမျိုးမျိုးနှင့် ကွဲပြားမှုများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိဉာဏ်နှင့် အယူဝါဒ အနည်းငယ်ရှိသဖြင့် ဘုရားသခင်ကို ဆန့်ကျင်၍ သန့်ရှင်းသော ဝိညာဉ်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်ပါလော။ ထိုကဲ့သို့သော သူများ၏ အတွေ့အကြုံများသည် အပေါ်ယံသာဖြစ်သော်လည်း ထိုသူတို့သည် သဘောသဘာဝအားဖြင့် ဝင့်ဝါလျှက် စိတ်အလိုလိုက်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရွံရှာစက်ဆုပ်စရာအဖြစ် သဘောထား၍ သန့်ရှင်းသောဝိညာဉ်တော်၏ စည်းကမ်းများကို လျစ်လျူရှုသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အတည်ပြုရန် ၎င်းတို့၏ ဟောင်းနွမ်းသော ပေါ့တန်သည့် လျှောက်လဲချက်များကို အသုံးပြုကြ၏။ ထိုသူတို့သည် ဟန်ဆောင်ခြင်းလည်းပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အတတ်ပညာနှင့် စာပေကျမ်းဂန်နှံ့စပ်မှု အပေါ်နှင့် ၎င်းတို့ ကမ္ဘာတစ်ဝှမ်း ခရီးသွားနိုင်စွမ်းအပေါ် လုံးဝယုံကြည်နေကြ၏။ ထိုကဲ့သို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်မှ စက်ဆုပ်မုန်းတီး၍ ငြင်းပယ်သူများ မဟုတ်ပါလော။ ထိုသူများကို ခေတ်သစ်မှ ဖယ်ရှားလိမ့်မည် မဟုတ်ပါလော။ ဘုရားသခင် ရှေ့မှောက်လာ၍ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် အမြင်တိုသူ လူကလေးများ၊ ၎င်းတို့မည်မျှတော်ကြောင်း ပြရန်သာ ကြိုးစားနေသူများ မဟုတ်ပါလော။ ကျမ်းစာအနည်းအကျဉ်း တတ်ရုံဖြင့် ထိုသူတို့သည် ကမ္ဘာ့ “ပညာရေး လောက” ကို ခွရန်ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံအယူဝါဒဖြင့် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပြောင်းပြန်လှန်ရန် ကြိုးစားကြသည့်အပြင် ၎င်းတို့အတွေးအခေါ်၏ လုပ်ငန်းစဉ်တစ်ဝိုက်တွင်သာ လည်ပတ်စေရန် ကြိုးစားကြ၏။ ထို့အပြင် ၎င်းတို့သည် အမြော်အမြင် တိုတောင်းသည့်အတွက် ဘုရားသခင်၏အနှစ် ၆၀ဝ၀ အမှုကို တစ်ချက်ကလေးကြည့်ရန် ကြိုးစားကြ၏။ ထိုသူတို့တွင် စကားပြောစရာ အကြောင်းရင်း တစ်စုံတစ်ရာ မရှိပါတကား။ အကယ်စဉ်စစ်မူ လူတို့သည် ဘုရားသခင်အကြောင်း အသိဉာဏ်များလေလေ၊ သူ၏အမှုကို စီရင်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်၏ ယနေ့အမှုအကြောင်း သူတို့၏ အသိဉာဏ် အနည်းငယ်ကိုသာ ပြောဆို၏။ သို့သော် ထိုသူတို့သည် စီရင်ရာတွင် အလျင်လိုခြင်း မရှိပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ဝင့်ဝါမှုနှင့် မိမိကိုယ်ကိုယ် ယုံကြည်ခြင်း လွန်ကဲမှုတို့ များလေလေဖြစ်၍ ဘုရားသခင်၏ ဖြစ်တည်မှုအကြောင်း ဖျက်လိုဖျက်ဆီး ပိုမိုပြောလေလေဖြစ်၏— သို့ရာတွင် ထိုသူတို့သည် သဘော တရားများကိုသာ ပြောဆို၍ စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသူတို့တွင် တန်ဖိုးလုံးဝ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ရပ်အဖြစ်သာ ရှာဖွေသူတို့သည် ပေါ့တန်သော သူများဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်းမရှိသူတို့၊ အလျင်အမြန် စီရင်သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်ခွင့် ပေးထားသူတို့နှင့် စော်ကားပုတ်ခတ် ပြောဆိုမှုများ လည်း ပြုလုပ်သူတို့— ထိုသို့ လေးစားမှုမရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအကြောင်း အသိဉာဏ်ကင်းမဲ့သူများ မဟုတ်ပါလော။ ထို့အပြင် ထိုသူတို့သည် ဝင့်ဝါသူများ၊ နဂိုစိတ်သဘောအရ မာနကြီး၍ ထိန်းမရသူများ မဟုတ်ပါလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်သော်မှ ဘုရားသခင်သည် ထိုသူတို့ကို သည်းခံလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမက ဘုရားသခင်ကိုယ်တိုင်ကိုပင် ပုတ်ခတ်ပြောဆိုကြ၏။ ထိုကဲ့သို့ မိုက်ရူးရဲ ပြုမူသူများသည် ဤကာလသော်၎င်း၊ နောက်ကာလသော်၎င်း ခွင့်လွှတ်ခြင်းခံရမည် မဟုတ်ပေ။ ထို့အပြင် ငရဲတွင် ထာဝရပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုသို့သော လေးစားမှုကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင် နေကြ၍ ၎င်းတို့ ဟန်ဆောင်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ အုပ်ချုပ်မှုအမိန့်များကို စော်ကားရန် အလားအလာ များလေလေ ဖြစ်သည်။ ပင်ကိုအရင်းခံ စိတ်သဘောအရ ထိန်းချုပ်ထားခြင်း မရှိသော၊ တစ်ခါမျှ မည်သူ့ကိုမျှ နာခံခဲ့ဖူးခြင်းမရှိသော ထိုဝင့်ဝါသူ အားလုံးတို့သည် ဤလမ်းကြောင်းပေါ်တွင် လျှောက်ကြသည် မဟုတ်ပါလော။ ထိုသူတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်၍ မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်ပါလော။ ယနေ့ သင်တို့သည် ဘုရားသခင်အမှုတော် အဆင့် သုံးဆင့်၏ အရေးပါမှုကို အဘယ်ကြောင့်သိရမည်ကို နားလည်ရမည်။ ငါပြောသည့် စကားများသည် သင်တို့အတွက်အကျိုးရှိကာ အလဟဿပြောဆိုနေခြင်းသာ မဟုတ်ပါ။ အကယ်၍ သင်တို့သည် မြင်းကျောပေါ် ဒုန်းစိုင်းစီးနေစဉ် ပန်းများကို အားကျရှုစားသကဲ့သို့ ထိုအရာများကို ဖတ်ရှုမည်ဆိုပါက ငါ၏ကြိုးစားအားထုတ်မှုသည် အချည်းအနှီးဖြစ်မည် မဟုတ်ပါလော။ သင်တို့တစ်ဦးစီသည် သင်တို့ကိုယ်တိုင်၏ သဘောသဘာဝကို သိသင့်သည်။ သင်တို့အများစုသည် ငြင်းခုံရာတွင် ကျွမ်းကျင်ကြ၏။ အယူအဆဆိုင်ရာ မေးခွန်းများ၏ အဖြေများသည် သင်တို့၏လျှာမှ လိမ့်ဆင်းကြသော်လည်း အနှစ်သာရနှင့် သက်ဆိုင်သည့် မေးခွန်းများအပေါ် ပြောစရာ သင်တို့တွင် ဘာမျှမရှိကြပါ။ ယနေ့တွင်ပင် သင်တို့သည် ပေါ့တန်သည့် စကားများ ပြောဆိုနေဆဲဖြစ်၏။ သင်တို့၏ သဘာဝဟောင်းများကို ပြောင်းလဲနိုင်စွမ်း မရှိကြပေ။ ထို့အပြင် သင်တို့အများစုတွင် ပို၍မြင့်မားသော သမ္မာတရားကို ရရှိရေးအတွက် သင်တို့လုပ်ဆောင်သည့် နည်းများကို ပြောင်းလဲရန် ရည်ရွယ်ချက် လုံးဝမရှိပါ။ သင်တို့၏ဘဝများကို စိတ်မပါ့တပါဖြင့် အသက်ရှင်နေကြ၏။ ထိုသို့သောသူများသည် ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်နိုင်စွမ်း မည်သို့ရှိနိုင်ပါမည်နည်း။ သင်တို့သည် လမ်းကြောင်း အဆုံးသို့ ရောက်ခဲ့သော်မှ သင်တို့အတွက် မည်သို့အကျိုးရှိမည်နည်း။ စစ်မှန်စွာ ကြိုးစားလုပ်ဆောင်၍ ဖြစ်စေ၊ သို့မဟုတ် စောစီးစွာ အရှုံးပေးလိုက်ခြင်းဖြင့်ဖြစ်စေ၊ နောက်မကျလွန်းမီ သင်တို့၏ အတွေး အခေါ်များကို ပြောင်းလဲလျှင် ပိုကောင်းသည်။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့သည် ကပ်စားနေသော ကပ်ပါးပိုးတစ်ကောင် ဖြစ်သွားလိမ့်မည်— ဤသို့နိမ့်ကျ၍ ယုတ်ညံ့သော အခန်းကဏ္ဍမှ သင်တို့ပါဝင်ရန် လိုလားသလော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။