ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (အပိုင်း သုံး)

သင်၏ အတွေးအခေါ်အဟောင်းတို့ကို ဘေးဖယ်ထားမှသာလျှင် သင်သည် အသိဉာဏ်အသစ်ကို ရရှိမည်ဖြစ်၏။ သို့သော် အသိဉာဏ်အဟောင်းဟူသည် အတွေးအခေါ်အဟောင်းများ ဖြစ်စရာမလိုပါ။ “အတွေးအခေါ်များ” ဟူသည် လူသားမှစိတ်ကူးသည့် အမှန်တရားနှင့် မကိုက်ညီသော အရာများကို ရည်ညွှန်း ပါသည်။ အသိဉာဏ်အဟောင်းသည် ခေတ်ဟောင်းတွင် ခေတ်နောက်ကျပြီးသား ဖြစ်၍ လူသားအား အမှုသစ်အတွင်း ဝင်ရောက်ရာတွင် တားဆီးခဲ့ပါက ထိုသို့သော အသိဉာဏ်သည်လည်း အတွေးအခေါ် တစ်ရပ်ဖြစ်၏။ ဤသို့သော အသိဉာဏ်အပေါ် လူသားမှ မှန်ကန်သည့်ချဉ်းကပ်မှု ပြုလုပ်နိုင်၍၊ အဟောင်းနှင့် အသစ်ပေါင်းကာ ဘုရားသခင်ကို ကွဲပြားသောရှုထောင့်များမှ သိလာနိုင်ပါက အသိဉာဏ် အဟောင်းသည် လူသားအတွက် အထောက်အကူတစ်ရပ်ဖြစ်လာ၍ ခေတ်သစ်အတွင်း လူသား ဝင်ရောက် သည့် အခြေခံဖြစ်လာ၏။ ဘုရားသခင်ကိုသိခြင်း သင်ခန်းစာအတွက် သင်သည် ဘုရားသခင်ကိုသိသည့် လမ်းကြောင်းပေါ်သို့ မည်သို့ဝင်ရောက်ပုံ၊ ဘုရားသခင်ကိုသိရန် မည်သည့် သမ္မာတရားများကို နားလည် ရမည်နှင့် ဘုရားသခင်၏ အမှုအသစ်၏ စီမံမှုအားလုံးကို သင်နာခံနိုင်ရန်အလို့ငှာ သင်၏ အတွေးအခေါ်များနှင့် သဘာဝအဟောင်းကို မည်သို့ဖယ်ရှားရမည်ဟူသည့် အခြေခံ သဘောတရားများစွာတို့ကို ပိုင်နိုင်ရန်လိုအပ်၏။ သင်သည် ဤအခြေခံ သဘောတရားများကို ဘုရားသခင်ကိုသိခြင်း သင်ခန်းစာအတွင်းသို့ ဝင်ရောက်ရန် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပါက သင်၏အသိဉာဏ်သည် သာ၍သာ၍ နက်ရှိုင်းလာလိမ့်မည် ဖြစ်သည်။ သင်သည် အမှုအဆင့်သုံးဆင့်ကို (ဆိုလိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးကို) ရှင်းလင်းစွာ သိသည့်အပြင်၊ သင်သည် ဘုရားသခင်အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို လက်ရှိအဆင့်နှင့် အပြည့်အဝ အပြန်အလှန် ဆက်စပ်နိုင်သည့်အပြင်၊ ဤသည်မှာ ဘုရားသခင် တစ်ပါး တည်းမှ ဆောင်ရွက်သည့် အမှုဖြစ်ကြောင်းကို မြင်နိုင်ပါက ဤထက်သာ၍ခိုင်မာသော အခြေခံအုတ်မြစ် သင့်တွင်ရှိမည်မဟုတ်ပါ။ အမှုအဆင့်သုံးဆင့်ကို ဘုရားသခင် တစ်ပါးတည်းကသာ ဆောင်ရွက်ခဲ့၏။ ဤသည်မှာ အကြီးမားဆုံးသော အမြင်ဖြစ်၍ ဘုရားသခင်ကို သိရှိခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တိုင်သာလျှင် ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်၍ မည်သည့်လူသားမျှ သူ့ကိုယ်စား ဆောင်ရွက်နိုင်မည် မဟုတ်ပေ— ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင် သာလျှင် သူ၏အမှုကို အစမှ ယနေ့တိုင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ အမှု၏ အဆင့်သုံးဆင့်ကို ကွဲပြားသည့်ခေတ်များ၊ ကွဲပြားသည့် တည်နေရာများတွင် လုပ်ဆောင်ခဲ့သော်လည်း၊ ထို့အပြင် တစ်ခုစီ၏အမှုသည် ကွဲပြားသော်လည်း၊ ဤသည်မှာ တစ်ပါးတည်းသော ဘုရားသခင်မှ ဆောင်ရွက်ခဲ့သည့် အမှုအားလုံးဖြစ်၏။ အမြင်အားလုံးတွင်၊ ဤသည်မှာ လူသားအနေဖြင့် သိသင့်သည့် အကြီးမားဆုံးသော အမြင်ဖြစ်ကာ၊ လူသားမှ ဤသည်ကို လုံးဝနားလည်နိုင်ပါက သူသည် ခိုင်မြဲစွာ ရပ်တည် နိုင်မည်ဖြစ်၏။ ယနေ့ အမျိုးမျိုးသော ဘာသာတရားနှင့် အမျိုးမျိုးသောဂိုဏ်းတို့ ရင်ဆိုင်နေရသည့် အကြီးဆုံးပြဿနာမှာ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မသိခြင်းဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမဟုတ်သည့် အရာတို့အကြား မခွဲခြားနိုင်ခြင်းဖြစ်၏— ထို့ကြောင့် အမှု၏ လွန်ခဲ့သော အဆင့်နှစ်ဆင့်ကဲ့သို့ အမှု၏ ဤအဆင့်သည်လည်း ယေဟောဝါဘုရားမှ ဆောင်ရွက်ခဲ့သည်ကို ထိုသူတို့မပြောနိုင်ပေ။ လူတို့သည် ဘုရားသခင်နောက် လိုက်သော်လည်း ဤသည်မှာ လမ်းမှန်ဟုတ်၊ မဟုတ်ကို အများစုမှ မပြောနိုင်ဘဲ ရှိနေကြသေးသည်။ ဤလမ်းသည် ဘုရားသခင်ကိုယ်တိုင်မှ လမ်းပြသည့် လမ်း ဟုတ်၊ မဟုတ်နှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ်ကို လူသားမှ စိုးရိမ်၍၊ လူအများစုသည် ဤကဲ့သို့သော အရာများနှင့် ပတ်သက်လာပါက မည်သို့ မြင်ရမည်ဟူသည့်အပေါ် လုံးဝမသိသေးပေ။ ဘုရားသခင်၏နောက် လိုက်သောသူတို့သည် လမ်းကို မဆုံးဖြတ်နိုင်ကြသောကြောင့် ပြောဆိုလိုက်သည့် သတင်းစကားများသည် ထိုသူတို့အကြားတွင် တစ်စိတ်တစ်ပိုင်းသာ သက်ရောက်မှု ရှိကာ၊ အပြည့်အဝ သက်ရောက်နိုင်စွမ်း မရှိသောကြောင့် ဤသည်မှာ ထိုကဲ့သို့သောသူတို့၏ ဘဝဝင်ရောက်ခြင်းအပေါ် သက်ရောက်လေသည်။ အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်ကိုယ်တိုင်မှ ကွဲပြားသောအချိန်များ၊ ကွဲပြားသောနေရာများနှင့် ကွဲပြားသောလူများတွင် အကောင်အထည်ဖော်သည့်အမှုဟု လူသားမှမြင်နိုင်ပါက၊ အမှုသည် ကွဲပြားသော်လည်း တစ်ပါးတည်းသော ဘုရားသခင်မှ ဆောင်ရွက်သည့် အမှုအားလုံးဖြစ်သည်ကို လူသားမှ မြင်နိုင်ပါက၊ တစ်ပါးတည်းသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှု ဖြစ်သည့်အတွက် မှန်ကန်ရမည်ဖြစ်၍ အမှားကင်းစင်ကာ၊ လူသား၏ အတွေးအခေါ်များနှင့် မကိုက်ညီသော်လည်း တစ်ပါးတည်းသော ဘုရားသခင်၏ အမှုဖြစ်သည်ကို လုံးဝမငြင်းဆိုနိုင်ဟု လူသားမှမြင်နိုင်ပါက၊ ဤသည်မှာ တစ်ပါးတည်းသော ဘုရားသခင်၏ အမှုဖြစ်ကြောင်းကို လူသားမှာ အသေအချာပြောနိုင်ပါက လူသား၏ အတွေးအခေါ်များသည် အသေးအဖွဲများ၊ ပြောဆိုရန် ထိုက်သင့်ခြင်းမရှိသော အရာများမျှသာ ဖြစ်သွားလိမ့်မည်။ လူသား၏ အမြင်များ မရှင်းသောကြောင့်နှင့် လူသားသည် ယေဟောဝါကိုသာ ဘုရားအဖြစ်၊ ယေရှုကို သခင်အဖြစ်သိ၍ ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်အကြောင်း စိတ်နှစ်မျိုးဖြစ်နေသဖြင့် များစွာသော လူတို့သည် ယေဟောဝါနှင့် ယေရှုတို့၏အမှုအပေါ် ဆက်လက်ဆက်ကပ်လျက်ရှိ၍၊ ယနေ့အမှုအကြောင်း အတွေး အခေါ်များနှင့် အဘက်ဘက်မှ ဝန်းရံတိုက်ခိုက်ခံရကာ၊ လူအများစုမှာ အစဉ် သံသယရှိလျက် ယနေ့၏အမှုကို အလေးအနက်ခံယူခြင်းမရှိပေ။ မြင်နိုင်ခြင်းမရှိသည့် နောက်ဆုံးအဆင့် နှစ်ဆင့်အပေါ် လူသားသည် အတွေးအခေါ် လုံးဝမရှိပေ။ ဤသည်မှာ လူသားသည် နောက်ဆုံးအဆင့် နှစ်ဆင့်၏ အမှန်တရားကို နားမလည်ခြင်းကြောင့်နှင့် ၎င်းတို့ကို ကိုယ်တိုင်မြင်တွေ့ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူသားသည် သူသဘောကျသည့်အတိုင်း စိတ်ကူးယဉ်သဖြင့် ၎င်းတို့ကို မမြင်နိုင်ခြင်းဖြစ်၏။ သူသည် မည်သည့်စိတ်ကူး ပေါ်လာသည်ဖြစ်စေ၊ ၎င်းကို သက်သေပြရန် အချက်များ မရှိဘဲ ပြုပြင်မည့်သူလည်း မရှိပေ။ ၎င်းကို အတည်ပြုရန် အချက်အလက်များ မရှိသဖြင့် လူသားသည် သူ၏သဘာဝ ပင်ကိုစရိုက်ကို အထိန်းအကွပ်မဲ့ လွှတ်ထားပေး၍၊ မည်သည့်အရာကိုမျှ သတိမမူတော့ဘဲ၊ စိတ်ကူးယဉ်ချင်တိုင်း ယဉ်စေ တော့သည်။ ထို့ကြောင့် လူ၏စိတ်ကူးယဉ်များသည် သက်သေပြချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ “အမှန်တရား” ဖြစ်သွား၏။ ထို့ကြောင့် လူသားသည် သူ့စိတ်ထဲရှိ သူကိုယ်တိုင် စိတ်ကူးယဉ်ထားသည့် ဘုရားသခင်ကို ယုံကြည်၍ အမှန်တရား၏ ဘုရားသခင်ကို မရှာဖွေပါ။ လူတစ်ဦးတွင် ယုံကြည်ခြင်းတစ်မျိုး ရှိပါက လူတစ်ရာအကြားတွင် ယုံကြည်ခြင်း အမျိုးတစ်ရာရှိ၏။ လူသားသည် ဤသို့သော ယုံကြည်ချက်များ ရှိခြင်းမှာ သူသည် ဘုရားသခင်အမှု၏ အမှန်တရားကို မတွေ့ရသေးသောကြောင့်၊ သူ၏နားများဖြင့်သာ ကြားရသေး၍ သူ၏မျက်စိများဖြင့် မမြင်ရသေးသောကြောင့် ဖြစ်၏။ လူသားသည် ဒဏ္ဍာရီများနှင့် ပုံပြင်များကြားခဲ့ရသော်လည်း ဘုရားသခင်အမှု၏ အချက်အလက်များ သိခြင်းကို ကြားရခဲ၏။ ထို့ကြောင့် ယုံကြည်သူများအဖြစ် တစ်နှစ်သာရှိသေးသော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်များမှ တစ်ဆင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်၍၊ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့သူများ အတွက်လည်း ထိုသို့ပင်ဖြစ်သည်။ အချက်အလက်များကို မမြင်နိုင်သူများသည် ဘုရားသခင်အပေါ် အတွေးအခေါ်များရှိသည့် ယုံကြည်ခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်ခြင်း ရှိမည် မဟုတ်ပေ။ လူသားသည် သူ၏အတွေးအခေါ် အဟောင်းများ၏ အချုပ်အနှောင်များမှ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ခဲ့ပြီး၍ နယ်မြေသစ်အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မမြင်နိုင်သူများ၏ အသိဉာဏ်သည် အတွေးအခေါ်များနှင့် တစ်ဆင့် စကားများသာ ဖြစ်သည်ကို လူသားမသိသလော။ လူသားသည် သူ၏အတွေးအခေါ်များသည် မှန်ကန်၍ အမှားကင်းသည်ဟု ထင်ကာ ဤအတွေးအခေါ်များသည် ဘုရားသခင်ထံမှ လာသည်ဟုထင်၏။ ယနေ့၊ လူသားသည် ဘုရားသခင်၏အမှုကို မြင်သည့်အခါ နှစ်ပေါင်းများစွာ စုစည်းလာသော အတွေးအခေါ်များကို လွှတ်ပေးလိုက်၏။ အတိတ်မှ စိတ်ကူးယဉ်များနှင့် အကြံများသည် ဤအဆင့်၏အမှုတွင် အတားအဆီး ဖြစ်လာခဲ့၍ လူသားအတွက် ထိုသို့သော အတွေးအခေါ်များကို လက်လွှတ်ရန်နှင့် ထိုကဲ့သို့သော အကြံများကို ချေပရန် ခက်ခဲလာသည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့သူအများအပြား၏ ဤတစ်ဆင့်ပြီး တစ်ဆင့် အမှုအပေါ် အတွေးအခေါ်များသည် ပို၍ဆိုးရွားလာကာ ဤလူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ခေါင်းမာသော ရန်လိုမှုအဖြစ် ဖွဲ့စည်းလာခဲ့ကာ ဤမုန်းတီးမှု၏ အရင်းအမြစ်မှာ လူသား၏ အတွေးအခေါ်များနှင့် စိတ်ကူးယဉ်မှုများဖြစ်သည်။ ဤသည်မှာ အတိအကျအားဖြင့် အမှန်တရားသည် လူသားကို အထိန်းအချုပ်မရှိ စိတ်ကူးယဉ်ခွင့် မပေးသောကြောင့် ဖြစ်သည့်အပြင် လူသားမှ အလွယ်တကူ ချေပနိုင်ခြင်း မရှိသောကြောင့်အပြင် လူသား၏ အတွေးအခေါ်များနှင့် စိတ်ကူးယဉ်မှုများသည် အမှန် တရား၏ အချက်အလက်များ တည်ရှိခြင်းကို ခွင့်မပြုသည့်အပြင် လူသားသည် အချက်အလက်များ၏ မှန်ကန်မှုအပေါ် စဉ်းစားခြင်းမရှိဘဲ သူ့အတွေးအခေါ်များကို တဇောက်ထိုး လွှတ်ပေးရုံသာ လွှတ်ပေး၍ သူ၏ကိုယ်ပိုင် စိတ်ကူးကို အသုံးပြုသဖြင့် လူသား၏ အတွေးအခေါ်များနှင့် စိတ်ကူးယဉ်မှုများသည် လူသား၏အတွေးအခေါ်များနှင့် မကိုက်ညီသော ယနေ့အမှု၏ ရန်သူဖြစ်သွားခဲ့သည်။ ဤသည်မှာ လူသား၏ အတွေးအခေါ်များ၏ အပြစ်ဟုသာပြောနိုင်၍ ဘုရားသခင်အမှု၏ အပြစ်ဟု မပြောနိုင်ပေ။ လူသားသည် သူဆန္ဒရှိသည့်အတိုင်း စိတ်ကူးယဉ်နိုင်သော်လည်း ဘုရားသခင်အမှု၏ မည်သည့်အဆင့် သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမျှ လွတ်လပ်စွာ အငြင်းပွားနိုင်ခြင်း မရှိပေ။ ဘုရားသခင်အမှု၏ အမှန်တရားကို လူသားမှ ချိုးဖောက်နိုင်ခြင်း မရှိပေ။ သင်သည် သင်၏စိတ်ကူးကို အထိန်းအချုပ်မရှိ လွတ်လပ်ခွင့် ပေးချင်ပေး၍ ယေဟောဝါနှင့် ယေရှုတို့အကြောင်း ပုံပြင်ကောင်းများကိုပင် စုဆောင်းချင်စုဆောင်းမည် ဖြစ်သော်လည်း ယေဟောဝါနှင့် ယေရှုတို့၏အမှု အဆင့်တစ်ဆင့်စီ၏ အမှန်တရားကိုမူ သင်ချေပနိုင်ခြင်း မရှိပေ။ ဤသည်မှာ အခြေခံသဘောတရား တစ်ရပ်ဖြစ်၍ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်တစ်ရပ်လည်းဖြစ်ကာ သင်တို့သည် ဤကိစ္စတို့၏ အရေးပါပုံကို နားလည်သင့်သည်။ အမှု၏ ဤအဆင့်သည် လူသား၏ အတွေး အခေါ်များနှင့် မကိုက်ညီဟု လူသားမှယုံကြည်၍ အမှု၏ယခင်အဆင့် နှစ်ဆင့်အတွက် ဤသို့မဟုတ်ဟု ယုံကြည်သည်။ သူ၏စိတ်ကူးတွင် ယခင်အဆင့်နှစ်ဆင့်၏ အမှုသည် ယနေ့အမှုနှင့် မတူကြောင်း သေချာသည်ဟု လူသားယုံကြည်သည်— သို့သော် ဘုရားသခင်အမှု၏ အခြေခံ သဘောတရားများသည် အားလုံးအတူတူပင် ဖြစ်ကြောင်း၊ သူ၏အမှုသည် အစဉ်လက်တွေ့ကျကြောင်း၊ ထို့နောက် မည်သည့် ခေတ်ပင်ဖြစ်စေ သူ၏အမှုကို ခုခံ၍ဆန့်ကျင်သူ မြောက်များစွာ အစဉ်ရှိမည်ဆိုကြောင်းကို သင်စဉ်းစားဖူး ပါသလော။ ဤအမှုအဆင့်ကို ယနေ့ခုခံ၍ဆန့်ကျင်သူ အားလုံးတို့သည် အတိတ်ကာလများကလည်း ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည်မှာ သံသယမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော သူများသည် ဘုရားသခင်၏ ရန်သူများ အစဉ်ဖြစ်လိမ့်မည်ဖြစ်၍ ဖြစ်သည်။ ဘုရားသခင်အမှု၏ အမှန်တရားကို သိသူများသည် ဤအမှု၏အဆင့် သုံးဆင့်ကို တစ်ပါးတည်းသော ဘုရားသခင်၏ အမှုဟုမြင်၍ ၎င်းတို့၏ အတွေးအခေါ်များကို လက်လွှတ်ကြလိမ့်မည်။ ဤသူတို့သည် ဘုရားသခင်ကို သိသူများဖြစ်၍ ထိုကဲ့သို့သော သူများသည် ဘုရားသခင်နောက်ကို စစ်မှန်စွာ လိုက်သူများဖြစ်ကြ၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး ပြီးဆုံးခါနီးချိန်၌ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစားခွဲခြားမည်။ လူသားကို ဖန်ဆင်းရှင်၏ လက်များနှင့် ပြုလုပ်ခဲ့ကာ အဆုံးတွင် သူသည် လူသားကို သူ၏ စိုးမိုးမှုအောက် လုံးဝ ပြန်ပို့ရမည်ဖြစ်သည်။ ဤသည်မှာ အမှုအဆင့်သုံးဆင့်၏ အဆုံးဖြစ်သည်။ နောက်ဆုံးသောကာလအမှု၏ အဆင့်နှင့် ဣသရေလနှင့် ယုဒနယ်တို့ရှိ ယခင်အမှုအဆင့် နှစ်ဆင့်တို့သည် စကြဝဠာတစ်ခုလုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ပင်ဖြစ်သည်။ ဤသည်ကို မည်သူမျှ မငြင်းဆိုနိုင်ပေ။ ထို့အပြင် ဤသည်မှာ ဘုရားသခင်အမှု၏ အမှန်တရားဖြစ်သည်။ လူတို့သည် ဤအမှုကို အတော်များများ တွေ့ကြုံခြင်း သို့မဟုတ် မြင်ခြင်း မရှိသော်လည်း၊ အမှန်တရားတို့သည် အမှန်တရားများသာ ဖြစ်ဆဲဖြစ်ကာ ဤသည်ကို မည်သည့်လူသားမျှ ငြင်းဆိုနိုင်ခြင်းမရှိပေ။ စကြဝဠာ၏ တိုင်းပြည်တိုင်းရှိ ဘုရားသခင်ကို ယုံကြည်သူ အားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ကို လက်ခံကြလိမ့်မည်။ သင်သည် အမှု၏သီးခြားအဆင့် တစ်ဆင့်ကိုသာသိ၍ အမှု၏အခြားအဆင့်နှစ်ဆင့်ကို နားမလည်ပါက၊ အတိတ်အချိန်များက ဘုရားသခင်၏ အမှုကို နားမလည်ပါက၊ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၏ အစီအစဉ်တစ်ရပ်လုံး၏ သမ္မာတရား တစ်ရပ်လုံးကို ပြောနိုင်ခြင်းမရှိပါ။ ထို့အပြင် ဘုရားသခင်အပေါ် သင်၏သိခြင်းသည်လည်း တစ်ဖက်သတ် သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင်ယုံကြည်ရာတွင် သင်သည် သူ့ကိုမသိ၊ သို့မဟုတ် သူ့ကို နားမလည်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်အတွက် သက်သေခံရန် မသင့်တော်ပေ။ ဤအရာများအပေါ် သင်လက်ရှိ သိရှိခြင်းသည် လေးနက်သည်ဖြစ်စေ၊ အပေါ်ယံသာဖြစ်စေ၊ အဆုံးတွင် သင်တို့တွင် အသိဉာဏ်ရှိရမည်ဖြစ်၍ မခြွင်းမချန် အခိုင်အမာ ယုံကြည်ရမည်ဖြစ်ကာ လူအားလုံးတို့သည် ဘုရားသခင်အမှုတစ်ရပ်လုံးကို မြင်တွေ့၍ ဘုရားသခင်၏ စိုးမိုးမှုအောက်တွင် နာခံလိမ့်မည်။ ဤအမှု အဆုံးတွင် ဘာသာတရားအားလုံးသည် တစ်ခုတည်းဖြစ်လာ၍ သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ စိုးမိုးမှု အောက်သို့ ပြန်လာကြလိမ့်မည်။ သတ္တဝါအားလုံးသည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်၍ ခေတ်စားနေသော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ကျင့်စဉ်အားလုံး ဘာမျှမဟုတ်တော့ဘဲ မည်သည့် အခါမျှ တစ်ဖန်ပြန်ပေါ်လာတော့မည် မဟုတ်ပေ။

အမှု၏ ဤအဆင့်သုံးဆင့်ကို မည်သည့်အတွက်ကြောင့် အဆက်မပြတ် ရည်ညွှန်းနေရသနည်း။ ခေတ်များကျော်လွန်ခြင်း၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ၏ သွင်ပြင်အပြောင်းအလဲ အားလုံးတို့သည် အမှု၏ အဆင့်သုံးဆင့်ရှိ အပြောင်းအလဲများအတိုင်း လိုက်၍ဖြစ်ကြသည်။ လူသားမျိုးနွယ်သည် ကာလ အလျောက် ဘုရားသခင်၏ အမှုနှင့်အညီ ပြောင်းလဲ၍ မိမိကိုယ်တိုင်အလျောက် ဖွံ့ဖြိုးတိုးတက်သည် မဟုတ်ပေ။ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်ကို ဖော်ပြခြင်းသည် သတ္တဝါအားလုံးနှင့် ဘာသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်းမှ လူတို့ကို တစ်ဆူတည်းသော ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ခေါ်ဆောင်လာရန် ဖြစ်၏။ သင်သည် မည်သည့်ဘာသာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အဆုံးတွင် သင်တို့အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရလိမ့်မည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤအမှုကို အကောင် အထည် ဖော်နိုင်လိမ့်မည်။ မည်သည့် ဘာသာရေးဆိုင်ရာ ခေါင်းဆောင်ကမျှ ဆောင်ရွက်နိုင်သည့်အရာ မဟုတ်ပေ။ ကမ္ဘာတွင် အဓိကဘာသာ များစွာရှိ၍ တစ်ရပ်စီတွင် ၎င်း၏ ကိုယ်ပိုင်ခေါင်းဆောင်၊ သို့မဟုတ် ဦးဆောင်လမ်းပြသူရှိ၍ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်း၏ အထဲတွင် ကွဲပြားသည့် ဘာသာများရှိ၏။ သို့ရာတွင်၊ ကမ္ဘာတစ်ဝှမ်း ကိုးကွယ်သည့်ဘာသာ မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံး တို့သည် အဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် ဖြစ်တည်နေ၍ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးခေါင်းဆောင်များ သို့မဟုတ် ဦးဆောင်သူများမှ လမ်းညွှန်နေသည်မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးခြားဘာသာရေးခေါင်းဆောင် သို့မဟုတ် ဦးဆောင်လမ်းပြသူမှ လမ်းညွှန်နေသည် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်နှင့် မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်မှ ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏၊ ထို့အပြင် ဤသည်မှာ အမှန်တရားဖြစ်၏။ ကမ္ဘာတွင် အဓိကကိုးကွယ်သည့် ဘာသာအမျိုးမျိုး ရှိသော်လည်း ၎င်းတို့သည် မည်မျှပင်ကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိ နေ၍ ၎င်းတို့တစ်ခုမျှ ဤအုပ်စိုးမှု အတိုင်းအတာထက် ကျော်လွန်နိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးတိုးတက်မှု၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု တစ်ခုစီသည် ဖန်ဆင်းရှင်၏ အစီအမံများမှ ကင်းကွာ၍မရပေ။ ထို့အပြင် ဤအမှုသည် သီးခြားဘာသာရေး ခေါင်းဆောင်တစ်ဦးမှ ပြုလုပ်၍ရသော အရာတစ်ခုမဟုတ်ပေ။ ဘာသာရေး ခေါင်းဆောင်များသည် သီးခြားဘာသာတစ်ရပ်၏ ဦးဆောင်သူများသာ ဖြစ်၍ ဘုရားသခင် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးခေါင်းဆောင်များသည် ဘာသာတရား တစ်ရပ်လုံးတွင် ရှိသူအားလုံးကို ဦးဆောင်လမ်းပြနိုင်သော်လည်း ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲ အုပ်ချုပ်နိုင်ခြင်း မရှိပေ— ဤသည်မှာ စကြဝဠာတစ်ရပ်လုံးမှ အသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေး ခေါင်းဆောင်များသည် ဦးဆောင်လမ်းပြသူများသာ ဖြစ်၍၊ (ဖန်ဆင်းရှင်) ဘုရားသခင်နှင့် တန်းတူ ရပ်တည်နိုင်ခြင်း မရှိပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြ၍၊ အဆုံးတွင် ထိုသူတို့သည် ဖန်ဆင်းရှင်၏ လက်ထဲသို့ အားလုံးတစ်ဖန် ပြန်လာကြလိမ့်မည်။ လူသားကို နဂိုမူလက ဘုရားသခင်မှ ပြုလုပ်ခဲ့၍၊ မည်သည့်ဘာသာပင်ဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ တစ်ဖန် ပြန်လာကြလိမ့်မည်— ဤသည်ကို ရှောင်လွှဲ၍မရပါ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအကြား အမြင့်မားဆုံးဖြစ်၍၊ သတ္တဝါအားလုံးအကြား အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏ အုပ်စိုးမှု အောက်သို့ တစ်ဖန်ပြန်လာ ရလိမ့်မည်။ လူသား၏အနေအထား မည်မျှပင် မြင့်မားသည်ဖြစ်စေ၊ သူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးလမ်းဆုံးသို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသည့်အပြင် မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစားခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါ ကိုယ်တိုင်မှ လူသား မျိုးနွယ်ကို ဖန်ဆင်းခဲ့၍ တစ်ခုစီကို အမျိုးအစားအလိုက် အတန်းစားခွဲခြားခဲ့ကာ၊ ပြီးဆုံးချိန်ရောက်သည့်အခါ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစားခွဲခြားလျက် သူ၏ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်— ထို့အပြင် ဤသည်ကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ ဆောင်ရွက် နိုင်မည် မဟုတ်ပေ။ အစအဦးမှ ယနေ့တိုင် အကောင်အထည်ဖော်ခဲ့သည့် အမှု၏အဆင့်သုံးဆင့် စလုံးကို ဘုရားသခင်ကိုယ်တိုင်မှ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကာ တစ်ဆူတည်းသော ဘုရားသခင်မှ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်၏။ အမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်သည် လူသားမျိုးနွယ် အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အဖြစ်မှန်ဖြစ်၍၊ မည်သူမျှ ငြင်းဆိုနိုင်ခြင်းမရှိသော အဖြစ်မှန်ဖြစ်၏။ အမှုအဆင့်သုံးဆင့်၏အဆုံးတွင် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းစားခွဲခြား၍ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာတစ်ခုလုံးတွင် ဤတစ်ဆူတည်း သော ဘုရားသခင်သာရှိ၍၊ အခြားကိုးကွယ်သည့် ဘာသာများ မရှိပေ။ ကမ္ဘာကို ဖန်ဆင်းနိုင်စွမ်းမရှိသူသည် ၎င်းကိုအဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သို့ရာတွင် ကမ္ဘာကို ဖန်ဆင်းသူသည် ၎င်းကို အဆုံးသတ်နိုင်မည်မှာ သေချာ၏။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ခေတ်ကို အဆုံးသတ်နိုင်ခြင်း မရှိပါက၊ ထို့အပြင် လူသားကို သူ၏စိတ်ပျိုးထောင်ရာတွင် အထောက်အကူပြုရုံသာ တတ်နိုင်ပါက သူသည် ဘုရားသခင်မဟုတ်မည်မှာ သေချာ၍ လူသားမျိုးနွယ်၏သခင် မဟုတ်မည်မှာ သေချာ၏။ သူသည် ဤကဲ့သို့သော ကြီးမားသည့်အမှုကို ဆောင်ရွက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဤကဲ့သို့သောအမှုကို အကောင် အထည် ဖော်နိုင်သူ တစ်ဦးတည်းသာရှိ၍ ဤအမှုကို ဆောင်ရွက်နိုင်စွမ်း မရှိသူအားလုံးသည် ဘုရားသခင်မှ လွဲ၍ ရန်သူများဖြစ်သည်မှာ သေချာ၏။ အကယ်၍ ၎င်းတို့သည် ခေတ်စားနေသော ကိုးကွယ်မှုဆိုင်ရာ ကျင့်စဉ်များဖြစ်ပါက၊ ဘုရားသခင်နှင့် သဟဇာတ မဖြစ်ပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ပါးတည်းက ဆောင်ရွက်ကာ စကြဝဠာတစ်ခုလုံးကို ဤစစ်မှန်သော ဘုရားသခင် တစ်ပါး တည်းက ကွပ်ကဲ၏။ သူမှ ဣသရေလ သို့မဟုတ် တရုတ်နိုင်ငံတွင် အမှုထမ်းဆောင်နေသည် ဖြစ်စေ၊ အမှုကို ဝိညာဉ် သို့မဟုတ် ဇာတိပကတိမှ ထမ်းဆောင်နေသည်ဖြစ်စေ၊ အရာခပ်သိမ်းကို ဘုရားသခင်ကိုယ်တိုင်က ပြုလုပ်ခြင်းဖြစ်ကာ အခြားမည်သူကမျှ ပြုလုပ်နိုင်ခြင်း မရှိပေ။ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ ဘုရားသခင်ဖြစ်သောကြောင့် မည်သည့်သတ်မှတ်ချက်များ၏ အချုပ်အချယ်မျှမရှိဘဲ လွတ်လပ်စွာ လုပ်ကိုင်၏— ထို့အပြင် ဤသည်မှာ အမြင်အားလုံးအနက် အကြီးမားဆုံးဖြစ်၏။ ဘုရား သခင်၏ သတ္တဝါတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်၍ ဘုရားသခင်၏အလိုကို နားလည်လိုပါက သင်သည် ဘုရားသခင်၏အမှုကို နားလည်ရမည်။ သတ္တဝါများ အတွက် ဘုရားသခင်၏အလိုကို နားလည်ရမည်။ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို နားလည်ရမည်။ ထို့နောက် သူဆောင်ရွက်သည့်အမှု၏ အရေးပါပုံအားလုံးကို နားလည်ရမည်။ ဤသည်ကို နားမလည်သူများသည် ဘုရားသခင်၏ သတ္တဝါများဖြစ်ရန် အရည်အချင်းမမီပေ။ ဘုရားသခင်၏ သတ္တဝါတစ်ဦးအနေဖြင့် သင်သည် မည်သည့်နေရာမှ လာသည်ကို နားမလည်ပါက၊ လူသားမျိုးနွယ်၏သမိုင်းနှင့် ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အမှုအားလုံးကို နားမလည်ပါက၊ ထို့အပြင် လူသားမျိုးနွယ်သည် ယနေ့တိုင် မည်သို့တိုးတက်ဖွံ့ဖြိုး လာသည်ကို နားမလည်ပါက၊ လူသားတစ်ရပ်လုံးကို မည်သူက ကွပ်ကဲသည်ကို နားမလည်ပါက သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ယနေ့အထိ ဦးဆောင် လမ်းပြခဲ့၍၊ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားကို ဖန်ဆင်းချိန်ကတည်းက သူ့ကို ချန်ရစ်ထားခဲ့ခြင်း မရှိပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုထမ်းဆောင်ခြင်းကို မည်သည့်အခါမျှ မရပ်ခဲ့ပါ။ လူသား မျိုးနွယ်အား ဦးဆောင်ခြင်းကို မည်သည့်အခါမျှ မရပ်ခဲ့ပါ။ ထို့အပြင် လူသားမျိုးနွယ်အားလည်း မည်သည့် အခါမျှ ချန်ရစ်ထားခဲ့ခြင်း မရှိပါ။ သို့သော် ဘုရားသခင် ရှိကြောင်းကို လူသားမျိုးနွယ်မသိပါ။ ဘုရားသခင်ကို သာ၍ပင် မသိပါ။ ထို့ကြောင့် ဘုရားသခင်၏ သတ္တဝါအားလုံးအတွက် ဤသည်ထက်သာ၍ အရှက်ရစရာ အကြောင်း ရှိပါသလော။ လူသားကို ဘုရားသခင်ကိုယ်တိုင် ဦးဆောင်လမ်းပြသော်လည်း လူသားသည် ဘုရားသခင်၏အမှုကို နားမလည်ပါ။ သင်သည် ဘုရားသခင်၏ သတ္တဝါတစ်ဦး ဖြစ်သော်လည်း သင်၏ ကိုယ်ပိုင်သမိုင်းကို သင်နားမလည်ပါ။ ထို့အပြင် သင်၏လမ်းခရီးတွင် မည်သူကသင့်ကို ဦးဆောင်လမ်းပြ ခဲ့သည်ကို သင်မသိပါ။ သင်သည် ဘုရားသခင် ဆောင်ရွက်သည့်အမှုကို မသိသဖြင့် ဘုရားသခင်ကို မသိနိုင်ပါ။ သင်ယခုမသိပါက သင်သည် ဘုရားသခင်အတွက် သက်သေခံရန် မည်သည့်အခါမျှ အရည်အချင်း မီလိမ့်မည် မဟုတ်ပါ။ ယနေ့ ဖန်ဆင်းရှင် ကိုယ်တိုင် လူအားလုံးကို တစ်ဖန်ပြန်လည် ဦးဆောင်လမ်းပြ၍ လူအားလုံးကို သူ၏ဉာဏ်အမြော်အမြင်၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူခြင်း၊ ကယ်တင်ခြင်းနှင့် အံ့သြဖွယ်ကောင်းခြင်းတို့ကို မြင်စေ၏။ သို့ရာတွင် သင်သည် သိလည်းမသိ၊ နားလည်း မလည်သေးပါ— ထို့ကြောင့် သင်သည် ကယ်တင်ခြင်းမရရှိမည့်သူ မဟုတ်သလော။ စာတန်နှင့် သက်ဆိုင်သူ တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ပါ။ ထို့အပြင် ဘုရားသခင်နှင့် သက်ဆိုင်သူများ သည် ဘုရားသခင်၏ အသံကို ကြားနိုင်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်အားလုံးကို သိ၍နားလည်သူ အားလုံးသည် ကယ်တင်ခံရမည့်သူများနှင့် ဘုရားသခင်အတွက် သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အတွက် သက်သေမခံနိုင် ကြပေ။ ထို့အပြင် ထိုသူတို့သည် ဖယ်ရှားခံရမည့် သူများဖြစ်ကြ၏။ ဘုရားသခင်၏အလိုကို နားမလည် သူများနှင့် ဘုရားသခင်၏အမှုကို မသိသူများသည် ဘုရားသခင်ကိုသိမှု ရနိုင်စွမ်း မရှိသူများဖြစ်၍ ထိုကဲ့သို့ သော သူများသည် ဘုရားသခင်အတွက် သက်သေခံမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံလိုပါက ဘုရားသခင်ကို သိရမည်ဖြစ်၍ ဘုရားသခင်ကိုသိခြင်းမှာ ဘုရားသခင်၏အမှုကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ရရှိလိမ့်မည်။ အားလုံးကို ခြုံငုံကြည့်ပါက၊ သင်သည် ဘုရားသခင်ကို သိလိုလျှင် ဘုရားသခင်၏အမှုကို သိရမည်- ဘုရားသခင်၏ အမှုကိုသိခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ အမှုအဆင့် သုံးဆင့် အဆုံးသတ်သည့်အခါ ဘုရားသခင်အတွက် သက်သေခံသူများ၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စု ဖွဲ့လိမ့်မည်။ ထိုသူတို့အားလုံးသည် ဘုရားသခင်ကို သိ၍ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင် ကြပေလိမ့်မည်။ ထိုသူတို့တွင် လူ့သဘောသဘာဝနှင့် အသိဉာဏ်တို့ ရှိမည်ဖြစ်ကာ အားလုံးသည် ဘုရား သခင်၏ ကယ်တင်ခြင်းအမှု အဆင့်သုံးဆင့်ကို သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင်ရရှိမည့် အမှုဖြစ်ကာ ထိုသူတို့သည် အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအမှု၏ ပုံဖော်ချက်ဖြစ်သည့်အပြင် စာတန်ကို အဆုံးတွင် အောင်နိုင်ခြင်းအတွက် အားအကောင်းဆုံးသော သက်သေခံချက်ဖြစ်၏။ ဘုရားသခင်အတွက် သက်သေခံ နိုင်သူများသည် ဘုရားသခင်၏ကတိနှင့် ကောင်းချီး မင်္ဂလာတို့ကို ရရှိနိုင်မည်ဖြစ်၍ အဆုံးတွင် ကျန်ရှိသည့်၊ ဘုရားသခင်၏ အခွင့်အာဏာကို ပိုင်ဆိုင်၍ ဘုရားသခင်အတွက် သက်သေခံသည့် အုပ်စုဖြစ်လိမ့်မည်။ သင်တို့အကြားတွင် ရှိသူတို့အားလုံး သို့မဟုတ် တစ်ဝက်သည်သာလျှင် သို့မဟုတ် အနည်းငယ်သာလျှင် ဤအုပ်စုတွင် အဖွဲ့ဝင်ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်— သင်တို့၏အလိုဆန္ဒနှင့် သင်တို့ လိုက်လျှောက်ရာတို့ အပေါ်တွင် မူတည်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။