12
၁။ သခင်သည် လူ့ဇာတိခံလာပြီးဖြစ်သည်၊ ကမ္ဘာမြေသို့ တိတ်တဆိတ် ဆင်းသက်ကာ ဘုရားသခင်၏ အိမ်တော်မှအစပြုသည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေသည်ဟု သင်တို့ သက်သေခံကြသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက တိကျစွာ ပရောဖက်ပြုသည်မှာ၊ “<strong>ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။”</strong> (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀) “<strong>ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။”</strong> (ဗျာဒိတ်ကျမ်း ၁:၇) ဟူ၍ ဖြစ်သည်။ သခင်ပြန်ကြွလာချိန်တွင်၊ သူသည် မိုးတိမ်များဖြင့် ပြန်ကြွလာသင့်ပြီး လူအားလုံးထံ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သို့သော် သင်က သခင်သည် လူ့ဇာတိခံလာနှင့်ပြီးဖြစ်ကာ ကမ္ဘာမြေပေါ်သို့ တိတ်တဆိတ် ဆင်းသက်နှင့်ပြီးဖြစ်သည်ဟု သက်သေခံသည်၊ ယင်းသည် ကျွန်ုပ်တို့၏ နားလည်မှုမှ လုံးဝ ကွဲပြားခြားနားပေသည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်နေပါသနည်း။ 00:00
00:00