အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည် (အပိုင်း တစ်)
မိမိတို့၏တာဝန်ကို ထမ်းဆောင်ပြီးနောက်တွင် ၎င်းတို့ ချို့တဲ့နေသကဲ့သို့ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း ခံစားရသည့် လူများစွာ ရှိသည်။ ထို့ကြောင့် ပို၍များသော တရားဒေသနာများကို နားထောင်ရန် မိမိတို့ကိုယ်ကို အစဉ်သဖြင့် သတ်မှတ်ပြီး ယင်းကသာ ၎င်းတို့ကို အသက်ဝင်ရောက်မှုနှင့် အသက်တာ ကြီးထွားတိုးတက်မှုကို ပေးနိုင်သည့်အလား ပိုများသော စုဝေးပွဲများ ကျင်းပရန် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တောင်းဆိုကြလေသည်။ ၎င်းတို့သည် စုဝေးပွဲတစ်ခု သို့မဟုတ် တရားဒေသနာတစ်ခုကို တက်ရောက်ခြင်း မရှိဘဲ အချိန်တစ်ခုကြာသွားပါက ၎င်းတို့တွင် မည်သည့်အရာမျှ မရှိသည့်အလား ၎င်းတို့၏ စိတ်နှလုံးများက အနှစ်မဲ့ပြီး ညှိုးငယ်သကဲ့သို့ ခံစားရလေသည်။ ၎င်းတို့ စိတ်နှလုံးများတွင် နေ့စဉ် စုဝေးပွဲများနှင့် နေ့စဉ်တရားဒေသနာများကသာ ၎င်းတို့ကို အသက်ဝင်ရောက်မှု ပေးလိမ့်မည်ဖြစ်သည့်အလား၊ သို့မဟုတ် ဝိညာဉ်ရေးရာ ရင့်ကျက်မှုထဲသို့ ကြီးထွားဖို့ ထောက်ကူပေးမည့်အလား ဖြစ်သည်။ အမှန်တွင် ဤအတွေးမျိုးသည် လုံးဝ မမှန်ကန်ပေ။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနောက်လိုက်သောသူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရမည်။ ထိုအခါမှသာ အသက်တာအတွေ့အကြုံကို ၎င်းတို့ ရရှိနိုင်ပေသည်။ သင်သည် ဘုရားသခင်ကို စိတ်ရင်းအတိုင်း ယုံကြည်သည်ဟု ဆိုသော်လည်း သင်၏ တာဝန်ကို သင် မထမ်းဆောင်ချင်ပါက ဘုရားသခင်၌ သင်၏ ယုံကြည်လက်ခံမှုတွင် ရိုးသားစစ်မှန်မှုမှာ အဘယ်နည်း။ မိမိတို့တာဝန်ကို စိတ်ရင်းအတိုင်း ထမ်းဆောင်သူတို့သည် ယုံကြည်ခြင်း ရှိသောသူများ ဖြစ်သည်။ ယုံကြည်ခြင်း ရှိသောသူတို့သာ မိမိတို့ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ဆက်ကပ်ဝံ့ကြပြီး ဘုရားသခင်အတွက် အသုံးခံရန် အရာရာကို ဖယ်ရှားဖို့ လိုလားနေကြသည်။ ဤသို့သော လူများသည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဦးဆောင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံရသည်။ ဤအရာအားလုံးက အသက်တာအတွေ့အကြုံကို ဖြစ်စေသည်။ ထို့ကြောင့် အသက်ဝင်ရောက်မှုသည် မိမိတာဝန်ကို သတ်သတ်မှတ်မှတ် ထမ်းဆောင်ခြင်းအားဖြင့် စတင်သည်။
လူတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ စိတ်မပါပါက သို့မဟုတ် အမြဲ နားဝေတိမ်တောင် ဖြစ်ပါက ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သည်ဟု သင်တို့ ထင်မြင်သနည်း။ ဟန်ဆောင်လုပ်ပြခြင်းသာ ဖြစ်သည် မဟုတ်လော။ ယင်းမှာ သင်၏ တာဝန်အပေါ် သင်တို့ ထားရှိသည့် သဘောထားဖြစ်သလော။ ဤသည်မှာ အစွမ်းအစနှင့်ဆိုင်သော ပြဿနာလော၊ သို့မဟုတ် စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာလော။ ဤအရာနှင့် ပတ်သက်၍ သင်တို့အားလုံး ရှင်းလင်းသင့်၏။ လူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ အဘယ်ကြောင့် ဝတ်ကျေတမ်းကျေသာ ထမ်းဆောင်ကြသနည်း။ ဘုရားသခင်အတွက် အမှုအရာများ လုပ်ဆောင်သည့်အခါ အဘယ်ကြောင့် ၎င်းတို့ သစ္စာစောင့်သိခြင်း မရှိသနည်း။ ၎င်းတို့တွင် ဆင်ခြင်တုံတရား သို့မဟုတ် အသိစိတ်ပင် ရှိကြပါ၏လော။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အမှန်တကယ် ပိုင်ဆိုင်လျှင် အမှုအရာများကို လုပ်ဆောင်သည့်အခါ စိတ်နှလုံး အနည်းငယ် ပိုထည့်လုပ်မည့်အပြင် ကြင်နာမှု၊ တာဝန်ယူမှု၊ သုံးသပ်ဆင်ခြင်မှုတို့ကိုလည်း အနည်းငယ် ပိုထည့်လုပ်လိမ့်မည်ဖြစ်ပြီး လုံ့လပို၍ စိုက်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် လုံ့လပို၍ စိုက်ထုတ်သည့်အခါ သင်ဆောင်ရွက်သည့် တာဝန်များ၏ ရလဒ်များ တိုးတက်လိမ့်မည်ဖြစ်၏။ သင်၏ ရလဒ်များ ပိုကောင်းလာလိမ့်မည်ဖြစ်ပြီး အခြားလူများနှင့် ဘုရားသခင်နှစ်ဦးလုံးကို သင် ကျေနပ်စေနိုင်လိမ့်မည်။ ထိုအရာကို သင်တို့ စိတ်နှစ်ထားရမည်။ သင်သည် လောကီထဲတွင် အလုပ်လုပ်နေပြီး သင် ကုန်ဆုံးသည့် အချိန်အရ ငွေရှာဖို့သက်သက်ဖြစ်သည့်အလား အာရုံထွေပြား၍ မရပါ။ ထိုသဘောထားမျိုး သင်၌ ရှိပါက သင်သည် ဒုက္ခရောက်လေပြီ။ သင်၏ တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်ဖို့ ဖြစ်နိုင်ဖွယ်မရှိပေ။ ဤသည်မှာ မည်သည့်လူ့သဘာဝမျိုး ဖြစ်သနည်း။ အသိစိတ်မရှိသော လူတို့သည် လူ့သဘာဝ ရှိသလော။ မရှိပေ။ သင်၌ လူ့သဘာဝရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ချင်သည်ဟု သင် ဆိုပါက သင်၏ တာဝန်ကို ပိုအားစိုက်သင့်ပြီး ထိုတာဝန်ထဲသို့ ပိုစိတ်နှစ်ထားသင့်ပေသည်။ သင်၌ အသိစိတ်ရှိသည်ဟု သင် ဆိုသော်လည်း သင်၏ တာဝန်ထဲသို့ သင် လုံးဝ စိတ်နှစ်မထားပေ။ သင်၏ အသိစိတ်သည် ထိရောက်မှုရှိသလော။ သင်သည် သင်၏ စိတ်နှလုံးကို မှန်ကန်သည့်နေရာတွင် ထားရမည်။ ဤအရာများနှင့်ပတ်သက်၍ မကြာခဏ သင် စဉ်းစားသင့်သည်။ ယင်းတို့အားလုံးကို သင် နားလည်ရမည်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် အဓိက တားမြစ်ထားသောအရာ ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်စဉ် သင်သည် အမြဲ ဟန်ဆောင်လုပ်ပြနေပါက သင်သည် သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ ထမ်းဆောင်ရန် ဖြစ်နိုင်မည်မဟုတ်။ သင်သည် သင်၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ချင်ပါက ပထမဦးစွာ သင်၏ ဟန်ဆောင်လုပ်ပြခြင်း ပြဿနာကို ဖြေရှင်းရမည်။ အခြေအနေကို သတိထားမိသည်နှင့် ပြုပြင်ရန် ခြေလှမ်းများ သင် လှမ်းသင့်သည်။ သင်သည် နားဝေတိမ်တောင်ဖြစ်ပါက၊ ပြဿနာများကို မည်သည့်အခါတွင်မျှ သတိမထားမိနိုင်ပါက၊ အမြဲ ဟန်ဆောင်လုပ်ပြပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်ပါက သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သင်၏ တာဝန်ကို သင် အမြဲ စိတ်နှစ်ထားရမည်။ လူတို့အတွက် ဤအခွင့်အရေးသည် ရောက်လာရန် အလွန်ခက်၏။ ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးတစ်ခု ပေးသော်လည်း ၎င်းတို့က အမိအရ မယူသည့်အခါ ထိုအခွင့်အရေးသည် ပျောက်ဆုံးသွား၏။ နောက်ပိုင်း၌ ၎င်းတို့က ထိုသို့သော အခွင့်အရေးတစ်ခုကို ရှာတွေ့လိုလျှင်ပင် ထိုအခွင့်အရေးမျိုးမှာ တစ်ဖန် ပေါ်လာချင်မှ ပေါ်လာပေတော့မည်။ ဘုရားသခင်၏ အမှုတော်က မည်သူကိုမျှ မစောင့်ဆိုင်းသကဲ့သို့ မိမိတာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးလည်း ထိုသို့ပင် ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ယခင်က မိမိ၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခဲ့သော်လည်း ယခုတွင် ထိုတာဝန်ကို ကျွန်ုပ် ထမ်းဆောင်ချင်ဆဲ ဖြစ်သည်။ ကျွန်ုပ် တစ်ဖန်ကြိုးစားသင့်သည်”ဟု ဆိုကြသည်။ ဤသို့သော စိတ်ပိုင်းဖြတ်ချက် ရှိခြင်းသည် အလွန်ကောင်းသော်လည်း မိမိတာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍ သင် ရှင်းလင်းထားရမည်ဖြစ်ပြီး သမ္မာတရားအတွက် သင် ကြိုးပမ်းရမည်။ သမ္မာတရားကို နားလည်သော သူတို့သည်သာ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ သမ္မာတရားကို နားမလည်သော သူတို့သည် အလုပ်လုပ်ပေးရန်ပင် အရည်အချင်း မပြည့်မီကြချေ။ သမ္မာတရားနှင့်ပတ်သက်၍ သင် သာ၍ ရှင်းလင်းလေ၊ သင်၏တာဝန်ကို သင် သာ၍ ထိရောက်လေ ဖြစ်လိမ့်မည်။ ဤကိစ္စရပ်ကို အရှိအတိုင်း သင် မြင်နိုင်ပါက သမ္မာတရားအတွက် သင် ကြိုးပမ်းလိမ့်မည်ဖြစ်ပြီး သင်သည် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်မည့် မျှော်လင့်ချက် ရှိလိမ့်မည်။ လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာ မရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို အမိအရယူရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန် ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာ အခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က “ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း” ဟု ပြောသည်ဆိုပါစို့။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက် ရိုက်လိုက်ပြီဟု တွေးထင်သလော။ သို့သော် တကယ့်အမှန်တွင် သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ သူ သိပါသည်။ အမှန်တွင် သင်နှင့် အတန်ကြာ အပြန်အလှန်ဆက်ဆံသည့် မည်သူမဆိုက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်မှုကို သိရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က ဘွင်းဘွင်းရှင်းရှင်း ထိုသို့ ပြောကောင်း မပြောနိုင်သော်လည်း သူတို့၏စိတ်နှလုံးထဲ၌ သင့်အပေါ် မိမိတို့၏ အကဲဖြတ်ချက်များ ရှိကြလိမ့်မည်ဖြစ်သည်။ အခြားသောသူများစွာက ၎င်းတို့ကို နားလည်လာကြသောကြောင့် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသူ များစွာ ရှိပြီးဖြစ်သည်။ သူတို့၏ အနှစ်သာရကို လူတိုင်း ရိပ်စားမိသည်နှင့် ထိုလူများကို အရှိအတိုင်း ၎င်းတို့ ဖော်ထုတ်ကြပြီး မောင်းထုတ်ကြသည်။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ အစွမ်းကုန် လုပ်သင့်သည်။ လက်တွေ့ကျသည့်အရာများကို လုပ်ဆောင်ရာတွင် မိမိတို့ အသိစိတ်ကို အသုံးပြုသင့်သည်။ သင့်ထံတွင် အပြစ်အနာအဆာများ ရှိနိုင်သော်လည်း သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထိရောက်မှုရှိနိုင်ပါက ဤသည်မှာ သင် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်မဟုတ်ပေ။ သင်အဆင်ပြေသည်၊ ဖယ်ရှားရှင်းလင်းခြင်းမခံရဖို့ သေချာသည်ဟု အမြဲ သင်တွေးထင်နေပါက မိမိကိုယ်ကို မသုံးသပ်၊ သိရှိဖို့ မကြိုးစားသေးသကဲ့သို့ သင်၏ သင့်တော်သည့် အလုပ်တာဝန်များကို လျစ်လျူရှုပါက သင်သည် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပါက ဘုရားရွေးချယ်ထားသူများက သင်နှင့်ပတ်သက်၍ မိမိတို့၏ သည်းခံစိတ် ပျောက်ဆုံးသွားသည့်အခါ သင့်ကို အဖြစ်အတိုင်း ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေအားလုံးမှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတိုင်းက သင့်ကို ရိပ်စားမိပြီးဖြစ်ကာ သင်၏ သိက္ခာနှင့် သမာဓိကို သင်ဆုံးရှုံးပြီးဖြစ်သောကြောင့် ဖြစ်သည်။ မည်သူမျှ သင့်ကို မယုံကြည်ပါက ဘုရားသခင်က သင့်ကို ယုံကြည်နိုင်မည်လော။ လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထိုသို့သောလူကို သူ လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် စိတ်မချရသောသူတစ်ဦးဖြစ်ပါက မည်သည့် အခြေအနေအောက်တွင်မျှ ၎င်းတို့ကို အလုပ်တာဝန်တစ်ခု မပေးအပ်လိုက်နှင့်။ လူတစ်ဦးကို သင်ကောင်းမွန်စွာ သိကျွမ်းခြင်း မရှိပါက၊ သို့မဟုတ် ဤလူသည် မိမိလုပ်သည့်အရာတွင် အဆင်ပြေသည်ဟု အခြားသူများ ပြောသည်ကိုသာ သင် ကြားရသော်လည်း သင်၏ စိတ်နှလုံးတွင် ရာခိုင်နှုန်းပြည့် မသေချာပါက သင် လုပ်နိုင်သမျှမှာ ပထမဦးစွာ ၎င်းတို့ ကိုင်တွယ်ရန် အရေးမကြီးသည့် သေးငယ်သော အလုပ်တာဝန် အနည်းငယ်တစ်ခုကို ပေးရန် ဖြစ်သည်။ သေးငယ်သော အလုပ်တာဝန်များနှင့် ပတ်သက်၍ ၎င်းတို့ အဆင်ပြေပါက ပုံမှန်အလုပ်တာဝန်တစ်ခုကို သင် ပေးနိုင်သည်။ ပြီးလျှင် ထိုအလုပ်တာဝန်နှင့်ပတ်သက်၍ ၎င်းတို့ အောင်မြင်မှသာ အရေးပါသည့်တစ်ခုကို ကိုင်တွယ်ရန် ၎င်းတို့ကို သင် ပေးသင့်သည်။ ပုံမှန်အလုပ်တာဝန်ကို ဗြောင်းဆန်အောင် ထမ်းဆောင်ပါက ဤလူသည် စိတ်မချရပေ။ အလုပ်တာဝန်က ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ၎င်းတို့ကို ပေးအပ်၍မရပေ။ ကြင်နာတတ်ပြီး တာဝန်ယူတတ်သည့်လူ၊ မည်သည့်အခါတွင်မျှ ဟန်ဆာင်လုပ်ပြရုံလုပ်ပြခြင်းမရှိသည့်လူ၊ အခြားသူများက ၎င်းတို့ကို ပေးအပ်သည့် တာဝန်များကို မိမိတို့ကိုယ်ပိုင်ကဲ့သို့ သဘောထားသည့်လူ၊ အလုပ်တာဝန်၏ သွင်ပြင်လက္ခဏာတိုင်းကို ထည့်သွင်းစဉ်းစားသောလူ၊ သင်၏ လိုအပ်ချက်များကို စဉ်းစားပေးသူ၊ ထောင့်တိုင်းကို စဉ်းစားသူ၊ ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ သင့်ကို အလွန်စိတ်ကျေနပ်စေလျက် အလွန်စေ့စပ်သေချာပြီး အမှုအရာများကို မှန်ကန်သည့်နည်းလမ်းဖြင့်သာ ကိုင်တွယ်သူတစ်ဦးကို သင် သတိပြုမိပါက ဤသည်မှာ ယုံကြည်ထိုက်သည့် လူစားမျိုး ဖြစ်သည်။ ယုံကြည်ထိုက်သောသူများသည် လူ့သဘာဝရှိသောသူများ ဖြစ်သည်။ လူ့သဘာဝရှိသောသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည်။ ၎င်းတို့၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် အလွန်လွယ်ကူသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ၎င်းတို့၏ ဝတ္တရားအဖြစ် မှတ်ယူသည်။ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတို့သည် သေချာပေါက်ပင် ၎င်းတို့တာဝန်ကို ညံ့ဖျင်းစွာထမ်းဆောင်သည်။ ၎င်းတို့တာဝန်က မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့တာဝန်အပေါ် တာဝန်သိစိတ်မရှိပေ။ အခြားသူများက ၎င်းတို့အပေါ်အမြဲ စိုးရိမ်ပူပန်ကြရသည်၊ ၎င်းတို့ကို ကြီးကြပ်ကြရပြီး ၎င်းတို့၏ တိုးတက်မှုနှင့် ပတ်သက်၍ မေးမြန်းကြရလေသည်။ မဟုတ်လျှင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အမှုကိစ္စများသည် ကမောက်ကမ ဖြစ်နိုင်ကာ အလုပ်တာဝန်တစ်ခုကို ထမ်းဆောင်စဉ်တွင် အမှုကိစ္စများ မှားယွင်းနိုင်သည်။ ယင်းက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပေမည်။ တိုတိုပြောရလျှင် လူတို့သည် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် အောက်ပါအတိုင်း အမြဲ မိမိကိုယ်ကို ဆန်းစစ်ဖို့ လိုအပ်၏။ “ဤတာဝန်ကို ငါလုံလုံလောက်လောက် ဖြည့်ဆည်းထားသလော။ ထိုအရာကို စိတ်ပါလက်ပါ ငါ လုပ်ဆောင်ခဲ့ပါသလော။ သို့မဟုတ် ယင်းကို အိုးနင်းခွက်နင်းနှင့်ပင် ငါ ပြီးမြောက်သွားခဲ့ပါသလော” ဟူ၍ ဖြစ်သည်။ သင်သည် အစဉ် ဝတ်ကျေတမ်းကျေဖြစ်လျှင် သင်သည် အန္တရာယ်ရှိပေသည်။ အနည်းဆုံးအနေဖြင့် သင်သည် ယုံကြည်လက်ခံခြင်း မခံရကြောင်း၊ လူများက သင့်ကို ယုံကြည်၍မရနိုင်ကြောင်း ဆိုလိုသည်။ ပို၍ဆိုးရွားသည်မှာ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အစဉ်သဖြင့် ဖြစ်သလို လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို သင် အစဉ်သဖြင့် လှည့်စားလျှင် သင်သည် ကြီးမားသော အန္တရာယ် ရှိပေသည်။ တမင်တကာ လှည့်ဖြားခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်သည် သိလျက်ဖြင့် ပြစ်မှားနေကြောင်း၊ သင်သည် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအရသာ အသက်ရှင်နေကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေလုပ်သူသာ ဖြစ်ကြောင်း၊ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ကြောင်းတို့ကို လူတိုင်းက မြင်နိုင်သည်။ ဤသည်မှာ သင်သည် လူ့သဘာဝကင်းမဲ့သည်ဟု ဆိုလိုသည်။ ဤသည်မှာ သင့်ထံတွင် တစ်ချိန်လုံး ပေါ်လွင်ထင်ရှားနေလျှင်၊ အမှားအကြီးစားများကို ရှောင်သော်လည်း သေးငယ်သော အမှားများ ပြုလုပ်ခြင်းကို မရပ်လျှင်၊ အစမှ အဆုံးအထိ နောင်တမရလျှင် သင်သည် ဆိုးယုတ်သောလူတစ်ဦး၊ မယုံကြည်သူတစ်ဦးဖြစ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤသို့သော အကျိုးဆက်များသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ သင်သည် မယုံကြည်သူအဖြစ်၊ ဆိုးယုတ်သောသူတစ်ဦးအဖြစ် အပြည့်အဝ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။
သင် ထမ်းဆောင်သည့် တာဝန်မှန်သမျှတွင် အသက်တာ ဝင်ရောက်ခြင်း ပါဝင်သည်။ သင်၏ တာဝန်သည် အတော်အသင့် ပုံမှန်ဖြစ်စေ သို့မဟုတ် တစ်သမတ်တည်း မဟုတ်သည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေ သို့မဟုတ် အသက်ဝင်သည်ဖြစ်စေ သင်သည် အသက်တာ ဝင်ရောက်ခြင်းကို အမြဲတမ်း ကြိုးပမ်းရရှိရမည်။ လူအချို့ ထမ်းဆောင်သည့် တာဝန်များသည် အတော်အတန် ငြီးငွေ့ဖွယ်ကောင်းသည်။ ၎င်းတို့သည် နေ့စဉ် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်ကြပေသည်။ သို့သော် ထိုအရာများကို ဆောင်ရွက်သည့်အခါ ဤလူများ ထုတ်ဖော်ပြသည့် အခြေအနေများသည် အားလုံး တစ်ထပ်တည်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကောင်းမွန်သည့် စိတ်ခံစားမှုရှိသည့်အခါ လူများသည် အနည်းငယ်ပို၍ လုံ့လဝီရိယရှိပြီး အလုပ်ကို ပိုကောင်းမွန်စွာ ဆောင်ရွက်ကြသည်။ အခြားအချိန်များတွင် အမည်မသိသော သြဇာလွှမ်းမိုးမှုများကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့အထဲတွင် ဒုက္ခပေးခြင်းကို လှုံ့ဆော်လေရာ ၎င်းတို့တွင် မလျော်ကန်သော အမြင်ရှုထောင့်များရှိစေပြီး ဆိုးရွားသော အခြေအနေများနှင့် ဆိုးရွားသော စိတ်ခံစားမှုများထဲသို့ ၎င်းတို့ကို ရောက်သွားစေသည်။ ဤအရာက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်ခြင်း အကျိုးဆက် ဖြစ်စေသည်။ လူများ၏ အတွင်းအခြေအနေများသည် အမြဲမပြတ် ပြောင်းလဲနေကြသည်။ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး ပြောင်းလဲနိုင်သည်။ သင်၏ အခြေအနေ မည်သို့ ပြောင်းလဲပါစေ သင်၏ စိတ်ခံစားမှုအရ ပြုမူခြင်းသည် အမြဲတမ်း မှားယွင်းပေသည်။ သင်သည် ကောင်းသော စိတ်ခံစားမှုတစ်ခုရှိချိန်တွင် အနည်းငယ် ပိုကောင်းမွန်အောင် ဆောင်ရွက်ပြီး မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေချိန်တွင် အနည်းငယ် ပို၍ ဆိုးရွားအောင် ဆောင်ရွက်ပေသည်။ ဤသည်မှာ အမှုအရာများကို စည်းမျဥ်းအရ ဆောင်ရွက်ခြင်းဖြစ်သလော။ ဆောင်ရွက်ခြင်းလော။ ဤအရာသည် သင်၏တာဝန်ကို လက်ခံနိုင်ဖွယ် ဖြစ်သည့် စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်ခွင့် ပေးမည်လော။ ၎င်းတို့၏ စိတ်ခံစားမှု မည်သို့ရှိပါစေ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် သမ္မာတရားကို ရှာဖွေဖို့ သိရှိရမည်။ ဤနည်းအားဖြင့်သာ ၎င်းတို့၏ စိတ်ခံစားမှုအားဖြင့် ဘောင်ခတ်ခံရခြင်းနှင့် ဟိုဟိုသည်သည် တိမ်းညွတ်စေခြင်းတို့မှ ရှောင်ကြဉ်နိုင်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ စည်းမျဉ်းအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြုနှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်ဖြစ်စေ၊ ပြုပြင်ခြင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ၊ သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ သင်လုပ်သမျှတွင် စည်းမျဉ်းများကို မြဲမြံစွာ လိုက်နာလျက် လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ထမ်းဆောင်ပြီး စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူနှင့် တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး စည်းမျဉ်းဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ထမ်းဆောင်နိုင်ပေသည်။ စည်းမျဉ်းဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှု ရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကို မာနမထောင်လွှားကြသကဲ့သို့ ကိုယ်ရည်လည်း သွေးမပြကြပေ။ ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေနိုင်ပြီး ၎င်းတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ထိခိုက်နစ်နာစေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့် လုပ်ခြင်းကို ဖြစ်ပေါ်စေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ ကြုံတွေ့ရလျှင်ပင် ၎င်းတို့သည် “မည်မျှကြီးမားသည့် ပြဿနာကို ကျွန်ုပ်ရင်ဆိုင်ရပါစေ မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာလျှင်ပင် ကျွန်ုပ်အသက်ရှင်နေသရွေ့ မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဋ္ဌာန်ချပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်သည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်” ဟု ပြောလျက် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ဘောင်ခတ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာ ပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော ဖော်ပြချက်များ ပင်တည်း။ ဤသို့အသက်ရှင်နေထိုင်ခြင်းသည် လူတစ်ဦးကို စိတ်အေးသက်သာ ဖြစ်စေမည်လော။ ဘုရားသခင်က သင့်အား မည်သို့မြင်မည်ကို သင် စိုးရိမ်ရန် လိုအပ်မည်လော။ စိတ်အေးသက်သာဖြစ်ရန်အလို့ငှာ မည်သို့ ပြုမူရန်လိုအပ်သည်ဟု သင်တို့ ဆိုမည်နည်း။ (မည်သည့် လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာနှင့်မျှ မိမိကိုယ်ကို ဘောင်ခတ်ခံခွင့်မပေးနှင့်၊ ပြီးလျှင် သင်၏ တာဝန်ကို ဦးစားပေးပါ။ ဤသည်မှာ ဘုရားသခင်ကို စိတ်ပျက်စေခြင်းအား သင် ရှောင်ရှားနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။) မှန်၏၊ ဤသည်မှာ စိတ်အေးသက်သာ ဖြစ်ခြင်းအတွက် လျှို့ဝှက်ချက် ဖြစ်သည်။ ဤလျှို့ဝှက်ချက်ကို သင်တို့အားလုံး ကျွမ်းကျင်ပိုင်နိုင်ပြီလော။ တစ်စုံတစ်ဦးသည် သင့်ကို စကားပြောသည့်အခါ မလေးစားသည့် ဟန်ပန်အမူအရာ ရှိပြီး သင့်ကို ဘေးဖယ်ထားရန် သို့မဟုတ် သင်နှင့်ပတ်သက်၍ တမင်အပြစ်ရှာရန် ရည်ရွယ်ပါက ဓားတစ်စင်းက သင့်အထဲ ထိုးမွှေလိုက်သည့်အလား သင် စိတ်မချမ်းမြေ့ဖြစ်လိမ့်မည်။ သင်သည် စားချင်စိတ်ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ အိပ်စက်ခြင်းလည်း ထိခိုက်လိမ့်မည်။ မည်သို့ဖြစ်စေ သင်သည် စိတ်မကြည်မလင်ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံး နာကျင်ရလိမ့်မည်။ ဤအချိန်တွင် မည်သည့်အရာကို သင် လုပ်လိမ့်မည်နည်း။ သင်က “ယနေ့တွင် ကျွန်ုပ်သည် စိတ်မကြည်လင်သောကြောင့် နှစ်ရက်ကြာ ကျွန်ုပ်တာဝန်ကို ကျွန်ုပ် နားမည်” သို့မဟုတ် “ကျွန်ုပ်တာဝန်ကို လုပ်နေဦးမည်ဖြစ်သော်လည်း စိတ်မပါ့တပါ လုပ်ပြီး ဟန်ဆာင်လုပ်ပြလျှင် အဆင်ပြေသည်။ လူတိုင်း မိမိတို့ သဘောအတိုင်း မဖြစ်သည့်အချိန်များရှိသောကြောင့် ကျွန်ုပ် စိတ်မကြည်လင်လျှင် ကျွန်ုပ်အပေါ် ဘုရားသခင် သိပ်တောင်းဆိုလွန်းမည်မဟုတ်ပါ၊ ဟုတ်ပါသလား။ ကျွန်ုပ်၏ တာဝန်ကို ယနေ့ ကျွန်ုပ် ခဏ နားလိုက်မည်။ ရပါသည်၊ မနက်ဖြန် ကျွန်ုပ် အလုပ်ကောင်းကောင်းလုပ်လိုက်မည်။ ဘုရားသခင်သည် သူ၏ အမှုတော်ကို အနှစ်ခြောက်ထောင်ကြာ လုပ်နေပြီးဖြစ်သောကြောင့် တစ်ရက်ကြာ ကျွန်ုပ် နှောင့်နှေးအောင်လုပ်လျှင် သူ အမှန်တကယ် ဂရုစိုက်လိမ့်မလား”ဟု ဆိုကောင်းဆိုပေမည်။ မည်သည့် လူစားမျိုးက သေးငယ်သည့် ကိစ္စများကို မိမိ၏ စိတ်အခြေအနေအား ထိခိုက်ခွင့်ပြုပြီးနောက် မိမိတို့တာဝန်ကို သေချာပေါက် ထိခိုက်ခွင့်ပေးပါသနည်း။ ဤသည်မှာ ကလေးဆန်သည့်၊ အလားအလာမရှိသည့် ပင်ကိုစရိုက် မဟုတ်လော။ ၎င်းတို့အပေါ် တစ်ခုခု ကျရောက်သည့်အခါ ၎င်းတို့သည် ဒေါသထွက်ကြသည်၊ လုံးဝ ယုတ္တိမတန်ဖြစ်ကာ မိမိတို့တာဝန်ကို မထမ်းဆောင်ဘဲ စိတ်ပိုင်းဖြတ်ချက်မရှိသကဲ့သို့ မိမိတို့ အဓိဋ္ဌာန်များကို မေ့လျော့ကြသည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ ယင်းမှာ တစ်ဇွတ်ထိုးလုပ်ခြင်းနှင့်ဆိုင်သော ပြဿနာ မဟုတ်လော။ ဤသို့ ပုံမှန် မပြုမူကြသည့် လူအချို့ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့သည် စိတ်မကြည်သည့်အခါ မိမိတို့တာဝန်များကို စွန့်ပစ်လိုက်ကြသည်။ ဤသို့သော အရာများ မကြာခဏ ဖြစ်ပျက်၏။ မိမိတို့ စိတ်မကြည်ချိန်တွင် အပြင်ဘက်မှ လွှမ်းမိုးမှု အနည်းငယ်ရရှိကြသောကြောင့် မိမိတို့တာဝန်ကို ထမ်းဆောင်စဉ်တွင် အားအင်မရှိသကဲ့သို့ အာရုံမစိုက်နိုင်သည့် လူအချို့ ရှိသည်။ ဤသို့ဖြစ်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤပြဿနာများကို ဖြေရှင်းရန် လိုအပ်သည် မဟုတ်လော။ လူအချို့က “ထိုပြဿနာများကို ဖြေရှင်း၍မရပါ။ အတန်ကြာ ကျွန်ုပ် မဖြေရှင်းချင်သေးပါ။ အလိုက်သင့်သာ ကျွန်ုပ် နေလိုက်မည်။ မည်သည့်အဖြစ်အပျက်တွင်မဆို ကျွန်ုပ်သည် စိတ်မကြည်လင်ဘဲ မည်သူ့ကိုမျှ ကျွန်ုပ်ကို စကားမပြောစေချင်ပါ။ ကျွန်ုပ်ကို အနည်းငယ်မျှ ဝမ်းနည်းခွင့် ပေးလိုက်ပါ”ဟု ဆိုကြသည်။ ၎င်းတို့သည် ဤနေရာတွင် မိမိတို့တာဝန်ကို ထမ်းဆောင်နေကြဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်သာ ရှိပြီး စိတ်မပါကြတော့ချေ။ ၎င်းတို့ စိတ်နှလုံးများက မည်သည့်နေရာသို့ ပျံ့လွင့်သွားပြီးဖြစ်သည်မှာ မသေချာပေ။ ၎င်းတို့သည် မိမိတို့တာဝန်တွင် တာဝန်မယူကြ၊ မည်သည့်အားထုတ်မှုမျှ မပြုကြသကဲ့သို့ အားနည်းကြ၏။ သို့ရာတွင် မိမိတို့ စိတ်ခြေအနေတိုးတက်သည့်အခါ ၎င်းတို့ တစ်ဖန် စတင်၍ စိတ်ထက်သန်ကြသည်။ ၎င်းတို့သည် တစ်ဖန် အခက်အခဲကို သည်းခံနိုင်ကြပြီး ပင်ပန်းမှုဒဏ်ကို ခံနိုင်ကြကာ မိမိတို့ စားသည့်အရာနှင့်ပတ်သက်၍ ကြေးမများကြချေ။ ဤအရာအားလုံးသည် အနည်းငယ် မူမမှန်ဖြစ်သည် မဟုတ်လော။ လူတို့သည် အဘယ်ကြောင့် အလွန်များသည့် မတူကွဲပြားသော ခံစားချက်များနှင့် အခြေအနေများ၏ လွှမ်းမိုးမှုကို ခံရကြသနည်း။ အကြောင်းရင်းကို သင်တို့ ရှာကြည့်ဖူးကြသလော။ ဤအရာများအားဖြင့် သင်တို့ မကြာခဏ သောကရောက်ကြသည် မဟုတ်လော။ ဤအခြေအနေများတွင် သင်တို့ မကြာခဏ ပိတ်မိကြသည် မဟုတ်လော။ ဤသည်မှာ သင်တို့အားလုံး ရင်ဆိုင်ရသည့် ပြဿနာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြဿနာများကို မဖြေရှင်းပါက လူတို့သည် မည်သည့်အခါတွင်မျှ ရင့်ကျက်ကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် အမြဲ ကလေးသူငယ်များ ဖြစ်ကြလိမ့်မည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် သင်၏ ခံစားချက်များကို ထည့်မစဉ်းစားဘဲ တစ်စုံတစ်ရာကို ပြောပါက၊ သင့်ကို တစ်စိတ်တစ်ပိုင်း ရည်ရွယ်ထားသည့် တစ်စုံတစ်ရာကို ပြောပါက၊ သို့မဟုတ် သင့်အကြောင်းကို စောင်းပါးရိပ်ခြည် ပြောဆိုပါက သင်သည် အနည်းငယ် ကသိကအောက် ဖြစ်လိမ့်မည်။ သင်သည် တစ်စုံတစ်ဦးကို စကားပြောပြီး ၎င်းတို့က သင့်ကို အာရုံမစိုက်ပါက သို့မဟုတ် ၎င်းတို့မျက်နှာရိပ်မျက်နှာကဲ မကောင်းပါက သင် ကသိကအောက် ဖြစ်လိမ့်မည်။ သင်၏ တာဝန်က သင်ဆန္ဒရှိသည့်အတိုင်း မဖြစ်သည့် ရက်တစ်ရက် ရှိပါက သင် ကသိကအောက် ဖြစ်လိမ့်မည်။ သင်သည် မကောင်းသည့် နိမိတ်ဖြစ်ပုံရသည့် အိပ်မက်ဆိုးတစ်ခု မက်ပါက ကသိကအောက် ဖြစ်လိမ့်မည်။ သင်၏ မိသားစုနှင့် ပတ်သက်သည့် သတင်းဆိုးကြားပါက သင်သည် ကသိကအောက် ဖြစ်လိမ့်မည်၊ သင်သည် စိတ်မကြည်မလင်ဖြစ်ကာ ချုံးချုံးကျနေလိမ့်မည်။ အခြားတစ်စုံတစ်ဦးက မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နေပြီး ချီးမွမ်းခြင်း ရရှိကာ ခေါင်းဆောင်အဖြစ် ရာထူးတိုးခံရပါက ယင်းကလည်း သင့်ကို ကသိကအောက် ဖြစ်စေလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်အခြေအနေကို ထိခိုက်လိမ့်မည်။ သင့်ကို လွှမ်းမိုးနိုင်သည့် ကိစ္စကြီးငယ်ဖြစ်သော ဤအရာအားလုံးသည် သင့်ကို အပျက်သဘောဆောင်ခြင်းတွင် ပိတ်မိစေနိုင်သည်၊ စိတ်ဓာတ်ကျစေနိုင်ပြီး သင်၏ တာဝန်ထမ်းဆောင်နိုင်စွမ်းကို လွှမ်းမိုးနိုင်သည်။ ဤသို့ ပြုမူသော လူများသည် မည်သည့် ပြဿနာ ရှိကြသနည်း။ (၎င်းတို့၏ စိတ်သဘောထားက မတည်ငြိမ်ပါ။) မတည်ငြိမ်သည့် စိတ်သဘောထားသည် ထိုအရာ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ ၎င်းတို့၏ လူ့သဘာဝသည် မရင့်ကျက်သကဲ့သို့ ကလေးဆန်ပြီး ၎င်းတို့တွင် ထိုးထွင်းအမြင်မရှိချေ။ ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်ပါက လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ဘောင်ခတ်မှုများကို ၎င်းတို့ အမြဲခံစားရသောကြောင့် ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲ၏။ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ပါက သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်သကဲ့သို့ သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ မဝင်ရောက်နိုင်ပါက အသက်ဝင်ရောက်မှု ရှိကြလိမ့်မည်မဟုတ်ပေ။ ထိုသို့ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အား လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဘောင်ခတ်မှုကို မည်သည့်အရာက ခံစေသနည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် မှန်သည့်အရာနှင့် မှားသည့်အရာကြား မပိုင်းခြားနိုင်ကြသောကြောင့် ဖြစ်ပြီး မည်သူ မှန်သည်၊ မှားသည်ကို မပိုင်းခြားနိုင်ကြသောကြောင့် ဖြစ်သည်။ ဤအရာက ၎င်းတို့အား ရှေ့တက်ရန် သို့မဟုတ် တပ်ခေါက်ရန် အခွင့်မရှိဖြစ်စေလျက် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိသည့် အကျိုးဆက်ဖြစ်စေသည်။ ယင်းမှာ အကျိုးဆက်ဖြစ်၏။ ယုံကြည်သူအသစ်အများစုသည် ဤအခြေအနေတွင် ရှိကြ၏။ သမ္မာတရားကို ၎င်းတို့ နားလည်သည့်အခါ၊ အမှုအရာများကို ရှင်းလင်းစွာ မြင်နိုင်ကြပြီး လူတို့ကြား ပိုင်းခြားနိုင်ကြသည့်အခါ ဤပြဿနာသည် အလိုအလျောက် သူ့ဘာသာ ပြေလည်သွားလိမ့်မည်။ သို့ရာတွင် သမ္မာတရားကို မချစ်သောသူတို့သည် ၎င်းတို့ထံ အမှုအရာများ ကျရောက်သောအခါ သမ္မာတရားကို မရှာကြချေ။ ဤလူစားမျိုးသည် လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ဘောင်ခတ်မှုများကို အစဉ်အမြဲ ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ချေ။ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဘောင်ခတ်မှုများကို မကြာခဏ ခံစားရသူတို့သည် မည်သည့် အခြေအနေမျိုးများကို ပေါ်လွင်စေကြသနည်း။ ၎င်းတို့သည် အလွယ်တကူ အပျက်သဘောဆောင်လာကြပြီး ဆုတ်ဆိုင်းမှုများ ခံစားသည့်အခါ၊ သို့မဟုတ် အခက်အခဲများ ကြုံသည့်အခါ မှောက်မှားကြသည်။ ဤအရာများက ၎င်းတို့၏ စိတ်အခြေအနေနှင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်နိုင်စွမ်းကို လွှမ်းမိုးသည်။ သမ္မာတရားကို နားမလည်သောသူတို့သည် လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ဘောင်ခတ်မှုကို အလွယ်တကူ ခံရကြသည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုသည် အလွန် နှေးကွေးပြီး နှစ်မည်မျှ ၎င်းတို့ ယုံကြည်ပြီးသည်ဖြစ်စေ မြင်သာသည့် တိုးတက်မှု မရှိကြချေ။ ၎င်းတို့သည် လုံးဝ မပြောင်းလဲကြသေးသကဲ့သို့ ဘာသာတရားမရှိသူများနှင့် အနည်းနှင့်အများ တူကြသည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားခြင်း၏ အကျိုးဆက်သာ ဖြစ်သည်။ ယင်းမှာ အကြောင်းရင်း ဖြစ်သည်။ စကားအရ ဘုရားသခင်ကို သင် နှစ်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ အစွမ်းအစ၊ သို့မဟုတ် သင်၏ အသက်အရွယ်မည်သို့ဖြစ်စေ သမ္မာတရားကို သင် မချစ်သရွေ့၊ သို့မဟုတ် အရာခပ်သိမ်းတွင် သမ္မာတရားကို မရှာဖွေသရွေ့ လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ဘောင်ခတ်မှုကို သင် အလွယ်တကူ ခံရလိမ့်မည်။ မည်သို့ လျောက်ပတ်စွာ ပြုမူရမည်ကို သင် သိလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုဖြစ်စေ၊ စည်းမျဉ်းနှင့်အညီ မည်သို့ဖြစ်ရမည်ဆိုသည်ကိုဖြစ်စေ သင် သိလိမ့်မည် မဟုတ်။ လူတို့၏ အယူအဆများအတိုင်း သင် ပြုမူပြီး မကောင်းသည့်အရာများကို သင် မလုပ်ဆောင်လျှင်ပင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီ ဖြစ်မဖြစ် သိလိမ့်ဦးမည်မဟုတ်ချေ။ ဤလူစားမျိုးသည် နှစ်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံရမည်ကို နားမလည်သကဲ့သို့ သမ္မာတရားကို စိုးစဉ်းမျှပင် နားမလည်ကြသောကြောင့် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအကြောင်းကို ပြောနိုင်ကြလိမ့်မည် မဟုတ်ချေ။ သမ္မာတရားကို မလိုက်စားသောလူတို့သည် ဤသို့ဖြစ်ကြ၏။ ဘုရားသခင်ကို ၎င်းတို့ အချိန်မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ ပြောစရာ မည်သည့် သက်သေခံချက်မျှ မရှိကြချေ။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းပြီး သမ္မာတရား စစ်မှန်မှု မရှိကြချေ။
ယခုတွင် လူတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် တက်ကြွကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်ရန်၊ မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အသုံးခံပြီး သူ့အတွက် အမှုအရာများကို စွန့်လွှတ်ရန်နှင့် မိမိတို့ကိုယ်ကို သူ့ထံ ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှုလည်း ရှိကြသည်။ မိမိတို့ အသက်တာတစ်ခုလုံးကို ဘုရားသခင်ထံ ဆက်ကပ်ရန်နှင့် မိမိတို့ကိုယ်ကို သူ့အတွက် အသုံးခံမည်ဟု အကြိမ်များစွာ သစ္စာဆိုပြီးသော လူအချို့ပင် ရှိသည်။ ၎င်းတို့သည် ဤအရာအားလုံးကို ပိုင်ဆိုင်ကြသော်လည်း အသက်ဝင်ရောက်မှု မရှိကြချေ။ လူတစ်ဦးသည် အသက်ဝင်ရောက်မှုမရှိပါက ရှုပ်ယှက်ခတ်သည့် လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံ၊ အမှုအရာမျိုးစုံတို့ဖြင့် ၎င်းတို့အတွက် အမှုအရာများကို စီမံခန့်ခွဲရန်၊ ပြဿနာကို ဖြေရှင်းရန် အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ဦးတည်ချက်ကို ရှာမတွေ့နိုင်သကဲ့သို့ လမ်းကြောင်းကို ရှာမတွေ့နိုင်ကြချေ။ ပြီးလျှင် မိမိတို့၏ အပျက်သဘောဆောင်သော အခြေအနေများကို မဖယ်ရှားနိုင်ဟု မကြာခဏ ခံစားရသည်။ ၎င်းတို့သည် လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ငြိတွယ်ခြင်း၊ ဘောင်ခတ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ချည်နှောင်ခြင်းတို့ကို ခံရကြပြီး လက်တွေ့လုပ်ဆောင်ရန် အမှန်ကန်ဆုံး နည်းလမ်းကို မသိကြချေ။ ယခုတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတစ်ခုကို သင်တို့အား ငါ ပြောမည်။ မည်သည့်အရာ သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ စစ်ဆေးမှုဖြစ်စေ၊ စမ်းသပ်မှုဖြစ်စေ၊ သို့မဟုတ် သင်သည် ပြုပြင်ခြင်း ခံနေရသည်ဖြစ်စေ၊ ပြီးလျှင် လူတို့က သင့်ကို မည်သို့ ဆက်ဆံကြသည်ဖြစ်စေ ပထမဦးစွာ ဤအရာများကို သင် ဘေးဖယ်ပြီး သမ္မာတရားကို ရှာဖွေကာ မိမိ၏ အခြေအနေကို ပြင်ဆင်တည့်မတ်ရင်း လုံ့လဝီရိယရှိသည့် ဆုတောင်းချက်ဖြင့် ဘုရားရှေ့မှောက် လာသင့်သည်။ ဤအရာကို ပထမဦးစွာ ဖြေရှင်းသင့်သည်။ သင်က “ဤကိစ္စရပ်သည် မည်မျှကြီးမားသည်ဖြစ်စေ မိုးကောင်းကင်ကိုယ်၌က ပြိုကျလာလျှင်ပင် ကျွန်ုပ်သည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ကျွန်ုပ် ထွက်သက်ဝင်သက် ရှိသရွေ့ ကျွန်ုပ်၏ တာဝန်ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပါ”ဟု ဆိုသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို သင် မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်သနည်း။ သင်သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေ၍ မရ၊ သို့မဟုတ် ကိုယ်ခန္ဓာက ရှိနေသော်လည်း စိတ်ပျံ့လွင့်ခွင့်ပေး၍ မရပေ။ သင်၏ တာဝန်အပေါ် သင်၏ စိတ်နှလုံးကို စူးစိုက်ရမည်။ သင့်အပေါ် ကျရောက်သည့် ကိစ္စများက မည်မျှကြီးမားသည်ဖြစ်စေ ပထမဦးစွာ ထိုအရာများကို သင် ဘေးဖယ်ထားပြီး ဘုရားသခင်ကို စိတ်ကျေနပ်အောင်ရန် သင်၏ တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်ဆိုသည်ကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရမည်။ သင်က “ယနေ့ ငါ ကြုံရသည့် ဤအရာနှင့် ပတ်သက်၍ ငါ့တာဝန်ကို မည်သို့ ငါ ကောင်းစွာ ထမ်းဆောင်လိမ့်မည်နည်း။ ယခင်က ငါသည် ဝတ်ကျေတမ်းကျေ ပြုမူခဲ့သောကြောင့် ယနေ့တွင် ငါ၏ နည်းစနစ်ကို ပြောင်းလဲကာ မည်သူမျှ ချစ်တီးခေါင်းသန်းရှာ လုပ်စရာမရှိရန်အလို့ငှာ ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါ ကြိုးပမ်းရမည်။ အဓိကအချက်မှာ ဘုရားသခင်ကို စိတ်ပျက်အောင်လုပ်၍ မရပါ။ ငါ၏ တာဝန်ကို ငါထမ်းဆောင်သည်ကို ကိုယ်တော်မြင်သည့်အခါ ငါသည် နာခံမှုရှိပြီး ကျိုးနွံတတ်ရုံသာမက သစ္စာလည်း စောင့်သိကြောင်းကို ကိုယ်တော်သိရန်အလို့ငှာ ကိုယ်တော်၏ စိတ်နှလုံးကို ငါသက်သာစေရမည်” ဟု တွေးရန် ကြိုးစားသင့်သည်။ သင်သည် ဤအရာကို လက်တွေ့လုပ်ဆောင်ပြီး ဤဦးတည်ချက်ဖြင့် အားထုတ်ပါက သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အရာကမျှ သင့်ကို နှောင့်နှေးအောင်မလုပ်နိုင် သို့မဟုတ် သင့်တာဝန်၏ ထိရောက်မှုကို မထိခိုက်စေနိုင်ပေ။ သင်သည် အဆက်မပြတ် ဆုတောင်းသည်နှင့်အမျှ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ရန် ကြိုးစာသည်နှင့်အမျှ ဇာတိပကတိ၏ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများကို အလွယ်တကူ နားလည်ကာ ဖြေရှင်းနိုင်လိမ့်မည်။ သို့ရာတွင် လူတစ်ဦးသည် သမ္မာတရားကို လက်မခံပါက ထိုသို့ မလုပ်ဆောင်နိုင်ချေ။ သမ္မာတရားကို သင် နားလည်သရွေ့ မည်သည့်ပြဿနာမဆို ဖြေရှင်း၍ရနိုင်သည်။ သင့် စိတ်နှလုံး၏ ဝမ်းနည်းပူဆွေးခြင်း၊ စိတ်မချမ်းမြေ့ခြင်းများ၊ စိုးရိမ်မှုများ၊ ဒွိဟများနှင့် အပျက်သဘောဆောင်မှု အားလုံးကို လုံးဝ ဖြေရှင်း၍ ရနိုင်သည်။ သင်၏ စိတ်အခြေအနေသည် တဖြည်းဖြည်း တိုးတက်လိမ့်မည်ဖြစ်ပြီး သင်သည် လုံးဝ လွတ်မြောက်သွားလိမ့်မည်။ သင်သည် တကယ့် အခက်အခဲများ အမှန်တကယ်ရှိပါက သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံရန် သင်ယူရမည်။ လူတစ်ဦးသည် ဤအရာများနှင့် ထိပ်တိုက်တွေ့ရသည့်အခါ ယင်းက ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုအပေါ် စစ်ဆေးချက်တစ်ခုဖြစ်ပြီး ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကို မြင်ရန်ကိုလည်းကောင်း ထုတ်ဖော်လေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။