ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် (အပိုင်း နှစ်)

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘက စုံစမ်းခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ- သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သင့်အတွင်း၌ ခက်ခဲနေလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ ငါ ပြောမလား၊ မပြောဘူးလား။ ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် အရာအားလုံးမှာ တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းမှာ တိုက်ပွဲတစ်ခုရှိနေလျှင် သင့်အတွင်းမှာ ဘုရားသခင် လုပ်ဆောင်သည့် အမှန်တကယ် လက်တွဲလုပ်ဆောင်မှုနှင့် အမှန်တကယ် ဒုက္ခခံစားခြင်းတို့ကို ကျေးဇူးတင်လိုက်ပါ။ အဆုံး၌ သင့်အတွင်းမှာ ပြဿနာကို ဘေးဖယ်ထားနိုင်လိုက်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ သင်လုပ်သမျှ အားလုံးမှာ သင်၏အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သင်သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သင်က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို ပြောနေခြင်းပင် ဖြစ်လိမ့်မည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ ပြင်ပပုံပန်းသဏ္ဌာန်မှာ အလွန်အရေးကြီးသည့်ကိစ္စဟု ထင်စရာမရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ အနိမ့်ကျဆုံး အရည်အချင်းရှိသူတို့မှာ သူလုပ်ဆောင်ခဲ့သည့် ကြီးမြတ်သော လုပ်ဆောင်မှုကို လူများက မြင်မည်ဖြစ်သည်။ လူများက ဘုရားသခင်ကို သိလာပြီး၊ စာတန်ကို အောင်နိုင်သူများဖြစ်လာကာ၊ ဘုရားသခင်ကို အတိုင်းအတာ တစ်ခုအထိ သစ္စာရှိလာကြသည်။ ဤကဲ့သို့ လူအုပ်စုများထက် အဘယ်အရာမျှ ပိုမိုကောင်းမွန်သည့် ကျောထောက်နောက်ခံ မဖြစ်တော့ပေ။ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။ သင်က ဤအချက်ကို မတတ်နိုင်ဘူးဆိုလျှင် သင့်မိသားစုဝင်များကြား၌၊ သင့်ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက၏ လူများကြား၌ သက်သေမခံပေ။ စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။ အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ ဖြစ်ပျက်သည့်အရာနှင့် မသက်ဆိုင်တော့ဘဲ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့ အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝမှာ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်း၊ စာတန်ကို အရှက်ရစေသည့် ခိုင်မာသေချာသော သက်သေခံခြင်းတို့ကို အာရုံစိုက် ပြုလုပ်သင့်သည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း ကျင့်ကြံလျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားနှင့် သူ့ကို ကျေနပ်စေနိုင်လျှင် ဘုရားသခင်သည် ရှေ့မှာလာမည့် စမ်းသပ်မှုများမှာ သင့်ကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။ သင်က မိုက်မဲကာ အရေးပါမှုနည်းပြီး အရည်အချင်းမရှိသော်လည်း၊ ဘုရားသခင်က သင့်ကို နှိမ့်ချ ဆက်ဆံမည် မဟုတ်။ သင်၏ ကြံရွယ်ချက်များက မှန်ကန်သလား ဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့ သင်သည် အသေးဆုံး အချက်အလက်များကို အာရုံစိုက်ခြင်း၊ အရာအားလုံးအတွင်းမှာ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားတစ်ခုရှိခြင်း၊ ဘုရားသခင်ကို သင်၏ စစ်မှန်သည့် နှလုံးသားကို ပေးအပ်ခြင်းတို့ကြောင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သင်နားမလည်တဲ့ တစ်ချို့အရာများ ရှိနေသော်လည်း သင်၏ ရည်ရွယ်ချက်များကို မှန်ကန်အောင် ပြုပြင်ပေးဖို့ ဘုရားသခင်ရှေ့ကို လာရောက်နိုင်သည်။ ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေသည့် အရာအားလုံးကို သင်လုပ်ဆောင်သည်။ သင့်ညီအစ်ကို မောင်နှမများက သင့်ကို စွန့်ပစ်ကောင်း စွန့်ပစ်လိမ့်မည်။ သို့သော်လည်း သင်၏ နှလုံးသားက ဘုရားသခင်ကို ဖြည့်ဆည်းပေးနေမည်ဖြစ်ပြီး ဇာတိပကတိ၏သာယာမှုကို စွဲလမ်းတပ်မက်မည် မဟုတ်။ သင်သည် ဤနည်းလမ်းနှင့် အမြဲတမ်း ကျင့်ကြံမည်ဆိုလျှင် သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်မှာ သင်သည် ကာကွယ်ပေးခြင်း ခံရပါလိမ့်မည်။

ဤစမ်းသပ်မှုများသည် လူများ၏ အတွင်းပိုင်းက အဘယ်အခြေအနေကို ပစ်မှတ်ထားသနည်း။ ဘုရားသခင်ကို ဖြည့်ဆည်းမပေးနိုင်သည့် လူများ၏ တွန်းလှန်သော စိတ်သဘောထားကို ပစ်မှတ်ထားသည်။ လူများ၏ အတွင်းမှာ မသန့်စင်သည့်အရာများ များစွာရှိသည်။ အပေါ်ယံ ဟန်ဆောင်တဲ့အရာများ များစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သန့်စင်ဖို့အတွက် စမ်းသပ်မှုများ ပြုလုပ်သည်။ သို့သော်လည်း ယနေ့ သင်သည် သူ့ကို ကျေနပ်စေလျှင် အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်အတွက် ပြည့်စုံခြင်းများ ဖြစ်ပါလိမ့်မည်။ ယနေ့ သင်သည် သူ့ကို မကျေနပ်စေနိုင်ဘူးဆိုလျှင် အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်ကို လှုံ့ဆော်ပါလိမ့်မည်။ သင်သည် မသိလိုက်ဘဲ ကျရှုံးပါလိမ့်မည်။ ဤအချိန်မှာ သင်သည် ဘုရားသခင်၏ အလုပ်ကို မလိုက်မီနိုင်သည့်အတွက်၊ စစ်မှန်သည့် အသုံးဝင်မှုကို မပိုင်ဆိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မည် မဟုတ်တော့။ ထို့ကြောင့် သင်သည် အနာဂတ်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်ဖို့ ဆန္ဒရှိသည်ဆိုလျှင် ဘုရားသခင်ကို ဖြည့်ဆည်းပြီး အဆုံးအထိ သူ့နောက်လိုက်သင့်သည်။ ယနေ့ သင်သည် ခိုင်မာသည့် အုတ်မြစ်ကို တည်ဆောက်ရမည်။ အရာအားလုံးမှာ သမ္မာတရားကို လက်တွေ့ ကျင့်သုံးခြင်းအားဖြင့်၊ သူ့အလိုကို သတိပြုခြင်းအားဖြင့် ဘုရားသခင်ကို ကျေနပ်စေရပါမည်။ သင်သည် ဤနည်းလမ်းနှင့်ပင် အမြဲတမ်းကျင့်ကြံလျှင် သင့်အထဲ၌ အုတ်မြစ်တစ်ခု ရှိလာပါလိမ့်မည်။ ဘုရားသခင်သည် သင့်အထဲ၌ရှိသည့် သူ့ကိုချစ်သော နှလုံးသားတစ်ခုကို တွန်းအားပေးပြီး သူသည် သင့်ကို ယုံကြည်မှု ပေးပါလိမ့်မည်။ တစ်နေ့မှာ စမ်းသပ်မှုတစ်ခုသည် သင့်အပေါ်မှာ အမှန်တကယ် ကျရောက်လာသည့်အခါ သင်သည် နာကျင်မှုတစ်ချို့ကို ခံစားရနိုင်ပြီး အတိုင်းအတာ တစ်ခုအထိ စိတ်ထိခိုက်မှုကို ခံစားရမည်။ သင်သေသွားသကဲ့သို့ ကြေကွဲ ဝမ်းနည်းမှုကို ခံစားရမည်။ သို့သော်လည်း ဘုရားသခင်ပေါ် သင်၏အချစ်သည် ပြောင်းလဲမည် မဟုတ်ဘဲ သာ၍ပင် နက်ရှိုင်းလာပါလိမ့်မည်။ ဤကဲ့သို့အရာများကား ဘုရားသခင်၏ ကောင်းချီးများပင်။ သင်သည် ယနေ့ နာခံခြင်း နှလုံးသားနှင့် ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သည့် အရာများကို လက်ခံနိုင်လျှင် သင့်ကို ဘုရားသခင်က သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင် ကောင်းချီးပေးသည့် သူတစ်ယောက်ဖြစ်ပြီး သူ၏ကတိတော်ကို ရရှိမည်ပင်။ ယနေ့ သင်သည် မကျင့်ကြံဘူးဆိုလျှင် စမ်းသပ်မှုများသည် တစ်နေ့မှာ သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ယုံကြည်ခြင်း သို့မဟုတ် ချစ်ခြင်းနှလုံးသား မရှိသည့် သူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ဤအချိန်မှာ စမ်းသပ်မှုသည် သွေးဆောင်မှု ဖြစ်လာပါလိမ့်မည်။ သင်သည် စာတန်၏ သွေးဆောင်မှုထဲကို ထိုးဆင်းသွားမည်ဖြစ်ပြီး လွတ်မြောက်ရာလမ်း ရှိမည်မဟုတ်ပေ။ ယနေ့ သင်သည် သေးငယ်သည့် စမ်းသပ်မှုတစ်ခု သင့်ထံ ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်ကောင်း ရပ်တည်နိုင်ပါလိမ့်မည်။ သို့သော်လည်း တစ်နေ့၌ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ လူအချို့သည် ဘဝင်မြင့်သည်။ သူတို့သည် ပြည့်စုံလုနီးပါး ရှိနေပြီဟု ထင်တတ်ကြသည်။ ဤကဲ့သို့အချိန်များမှာ သင်သည် ပိုပြီးလေးနက်စွာ မလုပ်ဆောင်ဘဲ အားရကျေနပ်လျှက် ရှိနေလျှင် သင်သည် အန္တရာယ်ကို ကြုံရပါလိမ့်မည်။ ယနေ့ ဘုရားသခင်သည် ကြီးမားသည့် စမ်းသပ်မှုများကို မလုပ်ပါ။ အပေါ်ယံမှာတော့ အားလုံးက အဆင်ပြေ နေပါလိမ့်မည်။ သို့သော်လည်း ဘုရားသခင်က သင့်ကို စမ်းသပ်သည့်အခါ သင်၏အသုံးဝင်မှုသည် အလွန်သေးငယ်ပြီး ကြီးမားသည့် စမ်းသပ်မှုများကို ခံနိုင်ရည် မရှိသည့်အတွက် သင်သည် အလွန် အားနည်းနေသည်ကို တွေ့ရှိရပါလိမ့်မည်။ ယနေ့ သင်သည် ရှေ့ကို ဆက်မတိုးဘူးဆိုလျှင်၊ တစ်နေရာတည်း၌သာ နေနေလျှင်၊ ကြီးမားသည့် လေတိုက်ခတ်မှု လာသည့်အခါ သင်သည် ကြွေကျပါလိမ့်မည်။ သင်တို့၏ အရေးပါမှုသည် အဘယ်မျှ သေးငယ်သည် ဆိုသည်ကို သင်တို့ မကြာခဏ ကြည့်သင့်သည်။ ဤကဲ့သို့နည်းလမ်းနှင့်သာ သင်တို့သည် တိုးတက်မှု ရှိနိုင်သည်။ စမ်းသပ်နေချိန် အတွင်းမှာသာ သင်က သင်၏အရေးပါမှုသည် အလွန်သေးငယ်နေသည်ကို တွေ့မြင်လျှင်၊ သင်၏ စိတ်ဓာတ်ခွန်အားက အလွန်အားနည်းနေလျှင်၊ သင့်အတွင်းမှာ စစ်မှန်မှုက အလွန်သေးငယ်နေလျှင်၊ ဘုရားသခင်၏ အလိုမှာ လုံလောက်မှုမရှိလျှင်၊ ဤအချိန်မှ သင်သည် ဤအရာများကို သိမြင်မည်ဆိုလျှင် သိပ်နောက်ကျနေမည် ဖြစ်သည်။

ဘုရားသခင်၏ စိတ်သဘောထားကို သင်မသိဘူးဆိုလျှင် သင်သည် စမ်းသပ်မှုအတွင်းမှာ ရှောင်လွှဲမရနိုင်ဘဲ ကျဆုံးပါလိမ့်မည်။ သင်သည် ဘုရားသခင်က လူများကို မည်ကဲ့သို့ပြည့်စုံအောင် လုပ်သနည်းဆိုသည်၊ သူတို့ကို မည်ကဲ့သို့နည်းလမ်းနှင့် ပြည့်စုံအောင် လုပ်သနည်းဆိုသည်ကို မသိသည့်အတွက်ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုက သင့်အပေါ်ကို ကျရောက်ပြီး သင်၏အယူအဆများနှင့် ကိုက်ညီမှု မရှိသည့်အခါ သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည် မဟုတ်။ ဘုရားသခင်၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် သူ၏ စိတ်သဘောထား တစ်ခုလုံးပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး သင့်ကို ပြသတဲ့အချိန်မှာ ဤအရာက သင်၏ ဇာတိပကတိကို ဘာများ သယ်ဆောင်လာပါသလဲ။ ဘုရားသခင်၏ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သင့်ကို ပြသသည့်အခါ သင်၏ဇာတိပကတိသည် နာကျင်မှု များစွာကို ရှောင်လွှဲမရနိုင်ဘဲ ခံစားရပါလိမ့်မည်။ သင်သည် ဤနာကျင်မှုကို မခံစားရလျှင် ဘုရားသခင်အားဖြင့် သင့်ကို ပြည့်စုံအောင်ပြုလုပ်လို့ မရနိုင်သကဲ့သို့၊ သင်သည် စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ အပ်နှံနိုင်မည် မဟုတ်။ ဘုရားသခင်က သင့်ကို ပြည့်စုံအောင် ပြုလုပ်လျှင် သူ၏ စိတ်သဘောထား တစ်ခုလုံးကို သင့်ကို သေချာပေါက် ပြသမည်ဖြစ်သည်။ ဖန်ဆင်းခြင်း အချိန်မှ ယနေ့အထိ ဘုရားသခင်သည် သူ၏စိတ်သဘောထား တစ်ခုလုံးကို တစ်ခါမှ မပြဖူးပါ။ သို့သော်လည်း နောက်ဆုံးသော ကာလမှာ သူရှေးမဆွက ခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသည့် ဤလူအုပ်စုကို ဖွင့်ပြသည်။ လူများကို ပြည့်စုံအောင် ပြုလုပ်ခြင်းအားဖြင့်၊ လူတစ်စုကို ပြည့်စုံစေခြင်းမှ တစ်ဆင့် သူ၏ စိတ်သဘောထားကို ရှင်းလင်းစွာ ပြသသည်။ ဤအရာသည် လူများအတွက် ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာပင်။ သူတို့အတွက် ဘုရားသခင်၏ စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို ကြုံတွေ့ဖို့ လူများမှာ ကြီးမားသည့် နာကျင်မှုကို ခံစားပြီး မြင့်မားသည့် ပေးဆပ်မှုတစ်ခု ပြုလုပ်ဖို့ လိုအပ်သည်။ ဤအရာ ပြီးနောက်မှသာ ဘုရားသခင်အားဖြင့် သူတို့လက်ခံရရှိမည်ဖြစ်ပြီး ဘုရားသခင်ကို သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ပြန်လည် ပေးအပ်နိုင်မှာ ဖြစ်သည်။ ဤအခြင်းအရာ ပြီးနောက်မှသာ ဘုရားသခင်၏ နှလုံးသားသည် ကျေနပ်ပါလိမ့်မည်။ လူများက ဘုရားသခင်အားဖြင့် ပြည့်စုံစေဖို့ ဆန္ဒရှိသည်ဆိုလျှင် သူ၏အလိုကို ဆက်လက်ဆောင်ရွက်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ ပေးအပ်လိုလျှင် သေခြင်းထက် ပိုဆိုးသည့် နာကျင်မှုကို ခံစားဖို့အတွက် အခြေအနေအရ ဖြစ်ပေါ်လာသည့် များပြားလှသော ဒုက္ခခံစားခြင်းတို့နှင့် ညှဥ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်ပြီး အဆုံးမှာ သူတို့၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်ဖို့ တွန်းအားပေးခြင်း ခံရမည်ဖြစ်သည်။ လူတစ်ယောက်က ဘုရားသခင်ကို အမှန်တကယ် ချစ်သလား၊ မချစ်ဘူးလား ဆိုသည်မှာ ဒုက္ခခံစားရခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းကာလ၌ မြင်ရပါလိမ့်မည်။ ဘုရားသခင်သည် လူများ၏ ချစ်ခြင်းကို သန့်စင်ပေးပြီး၊ ဤအရာကလည်း ဒုက္ခခံစားရခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းများမှသာ ရရှိသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။