လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည် (အပိုင်း နှစ်)

လူတချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြသည်။ တရားဒေသနာများစွာ နားထောင်ကြပြီး အယူဝါဒများစွာ နားလည်ကြသည်။ ထို့ကြောင့် စစ်မှန်သည့် လမ်းခရီးကို ၎င်းတို့ ရရှိထားကြောင်း၊ ဘုရားသခင်ကို ရရှိထားကြောင်း တွေးထင်ကြပြီး အသက်ကို ရရှိထားသည်ဟု တွေးထင်ကြသည်။ သို့ရာတွင် သာမန် ကိစ္စရပ်များ၌မူ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်၏။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် အကျည်းတန်မှုကို လုံးဝ လှစ်ဟပြလျက် အခြားသူများကိုပင် နာကျင်စေကာ ဖယ်ကြဉ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်ခြင်း လုံးဝ မရှိရသနည်း။ ၎င်းတို့သည် အချို့သော စကားများနှင့် အယူဝါဒများကို မည်သို့ပြောဆိုရမည်ဆိုသည်ကိုသာ သိရှိကြ၏။ ထို့ပြင် အသက်ကို ၎င်းတို့ရရှိထားသည်ဟု တလွဲထင်ကြသည်။ ဤသည်မှာ လူ၏ သနားစဖွယ် အခြေအနေပင် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကိုပင် ဘေးဖယ်ထားနိုင်ခြင်း မရှိကြသကဲ့သို့ ဤဆင်းရဲဒုက္ခ အနည်းငယ်လေးကိုလည်း မခံနိုင်ကြပေ။ သို့ဖြစ်လျှင် မည်သည့်အရာကို ၎င်းတို့ ခံစားနိုင်သနည်း။ အစမှ အဆုံးထိတိုင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို အခြားမည်သည့်အရာမဆိုထက် သာ၍ အရေးကြီးသည်ဟု မြင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို စတင် ယုံကြည်သည့် အချိန်တွင် ဤသို့ ဖြစ်ကြသည်။ လက်ရှိအချိန်ထိလည်း လုံးဝ ပြောင်းလဲခြင်း မရှိကြချေ။ သူတို့ကိုယ်သူတို့ ကောင်းမွန်သည်ဟု ထင်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့တာဝန်များကို လက်ရှိအချိန်ထိ လုပ်ဆောင်ရင်း ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် အတော်အတန် ဆင်းရဲဒုက္ခ ခံစားထားကြောင်းနှင့် ၎င်းတို့၏ ပံ့ပိုးမှုများက အရေးပါကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားသူများထက် သာလွန်ကြောင်း တွေးထင်ကြသည်။ အထူးသဖြင့် တရားဒေသနာ အများအပြားကို နှစ်ပေါင်းများစွာကြာ နားထောင်လာခဲ့ကြသည့် ဤလူများသည် သူများထက် မိမိသာလွန်မြင့်မြတ်သည်ဟူသည့် ခံစားချက် ရှိကြပြီး ဘုရားသခင်ကို ၎င်းတို့ ရရှိထားကြောင်း တလွဲတွေးထင်ကြသည်။ ၎င်းတို့ ကျိန်ဆိုသည့် ကတိသစ္စာများနှင့် ၎င်းတို့ ဖော်ပြသည့် စိတ်ပိုင်းဖြတ်မှုတို့သည် ဘုရားသခင်ကို ၎င်းတို့ ပထမဆုံး စတင်ယုံကြည်ခဲ့ချိန်နှင့် တစ်ထေရာတည်း တူညီနေ၏။ ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုဖြစ်စေ၊ ကျမ်းသစ္စာများဖြစ်စေ လုံးဝ ပြောင်းလဲသွားခြင်း မရှိသကဲ့သို့ ၎င်းတို့၏ စိတ်ထက်သန်မှု သို့မဟုတ် အလိုဆန္ဒသည်လည်း ပြောင်းလဲသွားခြင်း မရှိပေ။ ဘုရားသခင်အတွက် ၎င်းတို့ သုံးစွဲသည့် အားအင်သည် ကြီးမားဆဲ ဖြစ်သော်လည်း မပြောင်းလဲသေးသည့် အရာများလည်း ရှိနေ၏။ တစ်နည်းဆိုရလျှင် ၎င်းတို့၏ မာနထောင်လွှား၍ ပုန်ကန်တတ်ပြီး လှည့်ဖြားတတ်ကာ ခေါင်းမာသော စိတ်သဘောထားများက လုံးဝ မပြောင်းလဲသေးပေ။ ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံးတွင် ဤလူများသည် မည်သည့်အရာကို လုပ်ဆောင်နေခဲ့ကြသနည်းဟု ငါတွေးမိသည်။ ၎င်းတို့သည် မိမိတို့၏ ဘဝသက်တမ်း အများစုကို အသုံးချလျက် ဘုရားသခင်ကို ယုံကြည်ပြီး နေ့တိုင်း မိုးသောက်မှသည် နေဝင်ဆည်းဆာတိုင်အောင် မိမိတို့တာဝန်များကို လုပ်ဆောင်ကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် စစ်မှန်သော လမ်းခရီးတို့ကို ၎င်းတို့ရရှိထားသည်ဟု တွေးထင်ကြ၏။ ဤသည်မှာ အဖြစ်မှန် ဖြစ်သလော။ ၎င်းတို့၏ ထင်မြင်ခံစားချက်များကို ဘုရားသခင်က အတည်ပြုပေးထားပြီလော။ ဘုရားသခင်သည် မည်သည့်အရာကို မြင်လိုသနည်း။ ဤသည်မှာ တွေးဆထိုက်သည့် ကိစ္စတစ်ခု ဖြစ်သည် မဟုတ်လော။ မိမိကောင်းမွန်သည်ဟူသော လူတစ်ဦး၏ ခံစားချက်နှင့် ၎င်းတို့အပေါ် ဘုရားသခင် ရှုမြင်ပုံတို့အကြားတွင် သိသာထင်ရှားသည့် ကွဲလွဲမှုတစ်ခု ရှိပါက ပြဿနာ ရှိနေသူမှာ မည်သူဖြစ်သနည်း။ (လူဖြစ်ပါသည်။) ယင်းမှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မလွဲနိုင်သောကြောင့် ဖြစ်၏။ လူအပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းသည် မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ ထိုအစား လူကသာ ထိုစံနှုန်းကို စဉ်ဆက်မပြတ် အဓိပ္ပာယ်ကောက်လွဲနေခြင်း၊ မိမိကို အကျိုးပြုသည့် နည်းနှင့်သာ စဉ်ဆက်မပြတ် နားလည်နေခြင်း ဖြစ်သည်။ လူတချို့က “ဤလူများသည် ဘုရားသခင်ကို ၎င်းတို့၏ ဘဝသက်တမ်း အများစုကြာ ယုံကြည်ကြပြီး ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင် မနှစ်သက်လက်မခံပါက အလွန် သနားဖွယ်ဖြစ်သည် မဟုတ်ပါလော” ဟု တွေးထင်ကြသည်။ ထိုသို့သော လူများကို သနားထိုက်၊ စာနာထိုက်သလော။ ၎င်းတို့ကို သနားထိုက်ခြင်း၊ စာနာထိုက်ခြင်းမရှိဟု ပြောပါက ၎င်းတို့အပေါ် အလွန်ရက်စက်ရာ မကျနေသလော။ ရက်စက်ရာ မကျပေ။ အဘယ်ကြောင့် ဤသို့ ငါပြောရသနည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို အခွင့်အရေးများ အလုံအလောက် ပေးထားနှင့်ပြီးသား ဖြစ်သောကြောင့် ဖြစ်ပါသည်။ ၎င်းတို့၏ အဖြစ်က မည်သူမပြု မိမိမှုသာ ဖြစ်ပါ၏။) နားဝင်သိပ်မချိုသည့် စကားဖြင့် ပြောရလျှင် ထိုအရာနှင့် ၎င်းတို့ထိုက်တန်၍ ၎င်းတို့ကို မသနားထိုက်။ အခြားသူများအကြောင်း ငါပြောလျှင် သင်တို့အားလုံးက တွေးကြသည်မှာ “ဤအရာက သင်နှင့် ထိုက်တန်သည်။ သင်၏ အဖြစ်က မည်သူမပြု မိမိမှုသာ ဖြစ်သည်။ မည်သူကမျှ သင့်ကို ဘုရားနှုတ်ကပတ်တော်များ နားမထောင်ဖို့ တားဆီးခြင်း မရှိခဲ့။ ဘုရားသခင်က သင့်ကို အလိုမရှိသကဲ့သို့ ငါသည်လည်း သင့်ကို မစာနာ၊ မသနား။ ဤအရာက သင်နှင့် တန်၏” ဟု ဖြစ်သည်။ သို့ရာတွင် ဤအရာက သင်တို့ထံ ဖြစ်ပျက်လာလျှင် သင်တို့သည် ကိုယ့်အသိတရားကို စစ်ဆေးပြီး မိမိတို့ကိုယ်ကို ပြန်လည် ဆန်းစစ်ကြမည်လော။ မည်သည့်အရာကို သင်တို့ စဉ်းစားသင့်သနည်း။ ဖန်ဆင်းခံတစ်ဦး ဖြစ်သင့်ဖြစ်ထိုက်သည့် အခန်းကဏ္ဍတွင် ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အတွေးများနှင့် သဘောထားတို့ဖြင့် အသိစိတ်ရှိရှိ အသိတရားရှိရှိ မည်သို့ အကျိုးသင့် အကြောင်းသင့် စဉ်းစားသင့်သနည်း။ ဘုရားသခင်နှင့် လူထံ တတ်နိုင်သမျှ ယုတ္တိအတန်ဆုံးနှင့် အမျှတဆုံး ရှင်းလင်းချက်ကို ပေးရန်အလို့ငှာ သင့်အနေဖြင့် မည်သို့စဉ်းစားကာ ပြုမူဆောင်ရွက်သင့်သနည်း။ (ဘုရားသခင်၊ ကျွန်ုပ်၏ ကိုယ်ပိုင် ခံစားချက်များအကြောင်းကို အနည်းငယ် ကျွန်ုပ်ပြောလိုပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်လာခဲ့သော်လည်း သမ္မာတရား မရရှိသေးဟု ထင်ပါ၏။ ဤသည်မှာ ဘုရားသခင်က အမှားတစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သောကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အမှုတော်များက ရလဒ်များ မရရှိခြင်းကြောင့်လည်း မဟုတ်ဘဲ သမ္မာတရားကို ကျွန်ုပ် မလိုက်စားခဲ့သောကြောင့် ဖြစ်ပါသည်။ သခင်ယေရှု သုံးပြခဲ့သည့် ဤဥပမာကို ကျွန်ုပ်တွေးမိပါ၏။ စပျစ်ဥယျာဉ်ထဲ စေားစီးစွာ အလုပ်ဝင်လာသူများနှင့် နောက်ကျမှ အလုပ်ဝင်လာသူများ၏ လုပ်အားခများက အတူတူပင် ဖြစ်သည်ဟု ဆိုပါသည်။ ဘုရားသခင်၏ အမှုတော်ကို စောစီးစွာ လက်ခံသူများနှင့် ဘုရားသခင်၏ အမှုတော်ကို နောက်ကျမှ လက်ခံသူများအားလုံးကို သူပေးသည့်အရာတွင် ဘုရားသခင်သည် အလွန့်အလွန် မျှတပြီး အကျိုးသင့်အကြောင်းသင့် ရှိပါသည်။ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားသကဲ့သို့ အဆုံးတွင် လူတို့အပေါ် ဘုရားသခင် ပေးသနားသည့် သမ္မာတရားများကိုလည်း မရရှိလျှင် ဤသည်မှာ ဘုရားက ထိုသူအား အချိန်လုံလုံလောက်လောက် မပေးခဲ့သောကြောင့် မဟုတ်ဘဲ ထိုသူက သမ္မာတရားကို တန်ဖိုးထားခြင်း သို့မဟုတ် လက်ခံခြင်း မရှိသောကြောင့်သာ ဖြစ်ပါသည်။ ထိုသူသည် သူ့အား ဘုရားသခင် ပေးထားသည့် အခွင့်အရေးများကို တစ်ခုပြီးတစ်ခု လက်လွှတ်ကာ ဆုံးရှုံးပါသည်။ လူတချို့ကမူ ဘုရားသခင်ကို ယုံကြည်လာသည်မှာ အချိန်တိုတိုလေးသာ ရှိသေးသော်လည်း သမ္မာတရားကို လက်ခံပြီး လိုက်စားနိုင်ကြပါသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို နှစ်အတန်ကြာ ကြုံတွေ့ပြီးနောက်တွင် ပြောင်းလဲမှုတချို့ကို ၎င်းတို့ရရှိကာ ကယ်တင်ခံရနိုင်ကြပါသည်။ ဘုရားသခင် လုပ်ဆောင်ထားသည့် ဤအရာအားလုံး ဖြောင့်မတ်ပါ၏။ ဤသည်တို့မှာ ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို နားထောင်ပြီးသည့်နောက် ပေါ်လာသည့် ကျွန်ုပ်၏ ခံစားချက်တချို့ ဖြစ်ပါသည်။) အလွန် ကောင်းသည်။ ပထမဦးစွာ ဤကိစ္စရပ်ကို လူသားရှုထောင့်အမြင်မှ ကိုင်တွယ်ဖြေရှင်းကြစို့။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် လူ့ဇာတိမခံယူခဲ့ပါက ဘုရားသခင်ကို ယုံကြည်သူ အားလုံးသည် မည်သည့်အခြေအနေတွင် ရှိနေကြမည်နည်း။ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်တွင်၊ ဆိုးယုတ်မှု ရေစီးကြောင်းများထဲတွင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် လုံးဝ အသက်ရှင်နေကြမည် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြား အသက်ရှင်ခြင်းသည် နတ်ဆိုးများ၏ အကျဉ်းထောင်တွင် အသက်ရှင်ခြင်း သို့မဟုတ် မကောင်းဆိုးဝါးများ၏ သားရဲတွင်းထဲ အသက်ရှင်ခြင်း သို့မဟုတ် အရောင်ဆိုးသည့် စည်ကြီးထဲတွင် အသက်ရှင်ခြင်းနှင့် တူညီသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်ပါက မကောင်းသည့်အရာများ သို့မဟုတ် မကောင်းမှုကို လုပ်ဆောင်ရင်း မိမိ လိုအင်ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို အလွန် လွယ်လွယ်ကူကူ လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ သူ၏ ဖောက်ပြန်ပျက်စီးခြင်းသည် တိုး၍ နက်ရှိုင်းလာကာ သူသည်လည်း တိုး၍ တိုး၍ ဆိုးယုတ်လာသည်၊ တိုး၍ တိုး၍ ယုတ္တိမတန် ဖြစ်လာသည်။ ဤသို့ဖြင့် အဆုံးတွင် ရှင်သန်နေသည့် မကောင်းဆိုးဝါးများ ဖြစ်လာတော့၏။ သူ၏ စကားများနှင့် လုပ်ဆောင်ချက်များအရ သူသည် လူသားဖြစ်ပုံရသော်လည်း သူ၏ စိတ်နေစိတ်ထားနှင့် စိတ်သဘောထားတစ်ခုလုံးကမူ ရှင်သန်နေသော မကောင်းဆိုးဝါးတစ်ဦး၏ စိတ်နေစိတ်ထား၊ စိတ်သဘောထားတို့နှင့် တူလာနှင့်ပြီး ဖြစ်သည်။ ထိုသို့သော လူများ၏ အဆုံးသတ်မှာ အဘယ်နည်း။ စာတန်ကဲ့သို့ တူညီသည့် အဆုံးသတ်ကို ၎င်းတို့ကြုံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် စာတန်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း လုံးဝ ခံထားရသည်။ စာတန်၏ အဖော်များ ဖြစ်ကြ၍ စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများ ဖြစ်လာကြပြီးဖြစ်ကာ စာတန်တမျှပင် ဘုရားသခင်ကို အတိုက်အခံလုပ်ကြလေသည်။ ထိုသို့ဖြင့် ၎င်းတို့တွင် လူးသာလွန့်သာ အနေအထား မရှိတော့ဘဲ အဆုံး၌ ၎င်းတို့၏ အဆုံးသတ်မှာ အပြစ်ဒဏ်ပေးခံရပြီး ဖျက်ဆီးခံရရန် ဖြစ်သွားသည်။ ဤသည်မှာ လူသားများနှင့် စပ်လျဉ်း၍ ပြောဆိုခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို မယုံကြည်လျှင် ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။ သင့်အနေဖြင့် ဤလောကတွင် အလွန် လွတ်လပ်ကောင်း လွတ်လပ်လိမ့်မည်။ သင်ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ခြင်း ရှိကောင်းရှိလိမ့်မည်။ သင့်စိတ်ကြိုက် ပြုမူဆောင်ရွက်နိုင်ခြင်း ရှိကောင်းရှိလိမ့်မည်။ အသိစိတ်နှင့် အသိတရား၏ ချုပ်ထိန်းမှုကို ခံယူဖို့ မလိုအပ်သကဲ့သို့ ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းတို့ကို လက်ခံရန် မဆိုထားနှင့်၊ သမ္မာတရားကိုပင် လက်ခံရန် သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန်လည်း မလိုအပ်ဘဲ ရှိကောင်းရှိလိမ့်မည်။ သင်သည် သင်၏ ကိုယ်ပိုင် ကြိုက်နှစ်သက်မှုများအတိုင်းသာ အသက်ရှင်ပြီး လောက၏ ခေတ်ရေစီးကြောင်းများနောက် လိုက်ခြင်းဖြင့် အသက်ရှင်သည်မှာ အသိစိတ် မရှိတော့လောက်အောင်၊ အသိတရားအပေါ် သိမြင်မှု မရှိတော့လောက်အောင် လုံးဝ ပြောင်းလဲသွားသည်အထိပင် ဖြစ်သည်။ သင်သည် ရှင်သန်နေသည့် မကောင်းဆိုးဝါးတစ်ဦး၊ ရှင်သန်နေသည့် စာတန်၊ ရှင်သန်နေသည့် နတ်ဆိုးတစ်ဦးအဖြစ်သို့ အတွင်းရော အပြင်ပါ အကြွင်းမဲ့ လုံးဝ ဆုတ်ယုတ်သွားပေသည်။ သင့်အနေဖြင့် ဟန်ဆောင်နေရန် သို့မဟုတ် ဖုံးကွယ်နေရန် မလိုအပ်။ သင်သည် စာတန်စစ်စစ်၊ နတ်ဆိုးတစ်ဦး ဖြစ်သည်။ ဤသည်မှာ ဘာသာတရားမရှိသူများက စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ခြင်း၏ ရလဒ်ဖြစ်ပြီး အဆုံးတွင် ထိုသူတို့သည် ကပ်ဘေးများ၏ ဖျက်ဆီးခြင်းခံရမည် ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်ခံနိုင်ခြင်း လုံးဝ မရှိသည့်အပြင် မိမိကိုယ်ကို သိရှိနိုင်ခြင်းလည်း လုံးဝ မရှိသကဲ့သို့ အမှန်တကယ် နောင်တရခြင်းလည်း မရှိဟု ဆိုပါစို့။ ထိုသူသည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်လာခဲ့သော်လည်း၊ လုံးဝ ပြောင်းလဲခြင်း မရှိ။ သူ၏ အသိတရားနှင့် အသိစိတ်တို့ကလည်း ပြန်ကောင်းလာခြင်း မရှိသကဲ့သို့ သူ၏ ဘဝလမ်းစဉ်သည်လည်း ဘာသာတရားမရှိသူတစ်ဦး၏ ဘဝလမ်းစဉ်နှင့် အတူတူပင် ဖြစ်နေသည် ဆိုပါစို့။ ဘုရားသခင်က လူတို့ကို မည်သို့တရားစီရင်ကာ ပြစ်တင်ဆုံးမသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ သူသည် လုံးဝ အာရုံမစိုက်ဟု ဆိုပါစို့။ ထိုသို့သော လူများသည် မယုံကြည်သူများ၊ ဘုရားအိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် ဆိုးယုတ်သောသူများ ဖြစ်ကြသည်။ သမ္မာတရားနှင့် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေးများစွာကို ဘုရားသခင် ပေးထားပြီးဖြစ်၏။ လူတို့ကမူ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့မျှ အာရုံစိုက်ခြင်း မရှိဘဲ နှစ်များစွာ ယုံကြည်ကြသည်။ ၎င်းတို့သည် စားလိုက်၊ သောက်လိုက်၊ ပျော်မြူးလိုက်နှင့် ပုံမှန်အတိုင်းပင် ဇာတိပကတိ ပျော်ရွှင်မှုများကို လိုက်စားကြဆဲဖြစ်သည်။ ၎င်းတို့တွင် အသိတရားမရှိ၊ လူ့သဘာဝ၏ အပြုသဘောဆောင်သော အရိပ်လက္ခဏာများ မရှိပေ။ ၎င်းတို့သည် ကယ်တင်ခံရနိုင်သည့် အဆင့်၊ ပြန်လှည့်၍ ရနိုင်သည့် အဆင့်ကို ကျော်လွန်သွားကြပြီး ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် လက်လျှော့လိုက်ပြီး ၎င်းတို့ကို မကယ်တင်ပေ။ ၎င်းတို့၏ အဆုံးသတ်ကိုမူ ပြောနေရန်ပင် မလို။ ဤအချိန်တွင် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်သည့် ဘဝသည် အဆုံးသတ်သွားသည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ် ပြီးစီးသွားသည်။ ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်ထားပြီးဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ အဆုံးသတ်ဖြစ်သည်။ တစ်စုံတစ်ဦး၌ ဤအဆုံးသတ် ရှိသည့်အခါ သူ၏ စိတ်နှလုံးတွင် မည်သည့်ခံစားချက်များ ရှိနေမည်နည်း။ ထိုသူတို့၏ စိတ်နှလုံးက အနည်းငယ် နာကျင်ဆို့နင့်နေမည်။ ၎င်းတို့သည် အမှန်တကယ် စိတ်ကယောက်ကယက် ဖြစ်ကာ ဝမ်းနည်းနေမည်။ လုံးဝ ဒုက္ခရောက်ကာ လုံးဝ ကူကယ်ရာမဲ့ ဖြစ်နေလျက် နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲနိုင်ခြင်း မရှိဘဲ အကန့်အသတ်မဲ့ သမုဒ္ဒရာထဲ ရောက်နေသည့်အလား ၎င်းတို့ကို ဘုရားသခင်က စွန့်ပစ်သွားပြီဟု ခံစားနေမည်ဖြစ်သည်။ သင်သည် ထိုအဆင့်ထိ မကျဆင်းသေးချိန်တွင် ထိုဝေဒနာမျိုးကို မခံစားနိုင်ချေ။ သို့သော် ထိုအခြေအနေကို ရောက်သွားသည်နှင့် တစ်ပြိုင်နက် လှည့်ပြန်၍ မရနိုင်တော့ပေ။ ဘုရားသခင်က လူတို့ကို ကယ်တင်လိမ့်မည် မဟုတ်သည့် ဤအခြေအနေတွင် ဤသည်မှာ အဆိုပါ ကံကြမ္မာမျိုးဆီသို့၊ ထို့ပြင် အဆိုပါ အဆုံးသတ်မျိုးဆီသို့ နောက်ဆုံး၌ လူတို့ လျှောက်လှမ်းကြပုံ ဖြစ်သည်။ သို့သော် လူတို့တွင် ဤကံကြမ္မာမျိုး၊ ဤအဆုံးသတ်မျိုး ရှိခြင်းသည် ဘုရားသခင်အတွက် ဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်သလော။ ဘုရားဖန်ဆင်းခဲ့သည့် လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရလျှင်၊ ဘုရား၏ ကယ်တင်ခြင်းကို လက်ခံခြင်း လုံးဝ မရှိဘဲ ပျက်စီးခြင်းလမ်းဆီသို့ လျှောက်လှမ်းလျှင် ဘုရားသခင်အတွက် ဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်သလော။ လုံးဝ မဖြစ်ပေ။ သူ၏ ဖန်ဆင်းခံများထဲမှ တစ်ဦးတစ်ယောက် ဖျက်ဆီးခြင်း ခံရသောကြောင့် ဘုရားသခင်သည် ဘုရားဖြစ်ခြင်းမှ ရပ်တန့်သွားမည်လော။ ဘုရားသခင်ဟူသည့် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်း၊ ဘုရားသခင်ဟူသည့် သူ၏ အနှစ်သာရကို ဆုံးရှုံးသွားမည်လော။ ဤအရာက အရာခပ်သိမ်းအပေါ် သူအချုပ်အခြာအာဏာ ရှိသည်ဟူသည့် အချက်ကို ပြောင်းလဲစေမည်လော။ (ပြောင်းလဲစေမည် မဟုတ်ပါ။) ပြောင်းလဲစေမည်မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့က ဘုရားသခင်၏ အမှုတော်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ကယ်တင်ခြင်းကို ၎င်းတို့ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ဘုရားသခင်အတွက် ဆုံးရှုံးမှု မဖြစ်ကြောင်းပင်။ ဤသည်မှာ အမှုအရာများနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ ဘုရားသည်လည်း လူတို့ကို ကယ်တင်ရန် အမှုမပြုလျှင်ပင် မည်သည့်အရာကိုမျှ ဘုရားသခင် ဆုံးရှုံးခြင်း လုံးဝ မရှိ။ စာတန်က စာတန်ဖြစ်နေဆဲ၊ ဘုရားသခင်က ဘုရားသခင်ဖြစ်နေဆဲပင်။ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သောသူသည် ဘုရားသခင်ဖြစ်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းထားသူ ဖြစ်နေဆဲ ဖြစ်ကာ သူသည် အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်နေဆဲ ဖြစ်သည်။ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ စာတန်၏ ကံကြမ္မာ၊ အရာခပ်သိမ်း၏ ကံကြမ္မာတို့ကို ဘုရားလက်ထဲတွင် စွဲကိုင်ထား၏။ ဘုရားသခင်၏ အဆင့်အတန်း၊ ဘုရားသခင်၏ အတုမရှိမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရတို့က ပြောင်းလဲခြင်း မရှိနိုင်ပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည်လည်း ညစ်နွမ်းစေခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့ သူ၏ အမှုသည်လည်း နစ်နာဆုံးရှုံးမှု ခံစားရလိမ့်မည် မဟုတ်။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်နေဆဲ ဖြစ်သည်။ ဤအရာက လူတို့အား အချက်တစ်ချက်ကို နားလည်စေသည်။ လူသားမျိုးနွယ်သည် မည်မျှများပြားလာသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ကိန်းဂဏန်းတစ်ခုသာ ဖြစ်သည်။ မည်သည့်အင်အားစုမျိုးနှင့်မျှ ညီမျှခြင်းမရှိဘဲ ဘုရားသခင်အတွက် မည်သည့်ခြိမ်းခြောက်မှုမျှလည်း မဖြစ်ပေါ်စေပေ။ မည်သည့်လမ်းကြောင်းကို လူသားမျိုးနွယ် လိုက်လျှောက်သည်ဖြစ်စေ ၎င်းတို့ကို ဘုရားသခင်၏ လက်တော်ထဲတွင် ထိန်းသိမ်းထားသည်။ မည်သည့်အဆုံးသတ်ကို လူသားမျိုးနွယ် ရင်ဆိုင်ရသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ တည်ရှိခြင်း သို့မဟုတ် အချုပ်အခြာအာဏာကို ၎င်းတို့ အသိအမှတ်ပြုခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအရာတစ်ခုကမျှ ဘုရားသခင်၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်းအပေါ် အကျိုးမသက်ရောက်နိုင်သကဲ့သို့ ဘုရားသခင်၏ အနှစ်သာရအပေါ်လည်း အကျိုးမသက်ရောက်နိုင်ပေ။ ဤသည်မှာ မည်သူမျှ ပြောင်းလဲမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ သို့ရာတွင် လူတို့အနေဖြင့် ရှင်းလင်းစွာ နားမလည်သေးဘဲ သို့မဟုတ် မတွေ့ကြုံရသေးဘဲ ဖြစ်နေနိုင်သည့် တစ်စုံတစ်ရာ ရှိသည်။ လူသားမျိုးနွယ်ထဲမှ တစ်ဦးတလေသည် ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရပြီး ဘုရားက ထိုသူကို ကယ်လည်း မကယ်တင်လျှင် သူ၏ နောက်ဆုံး အဆုံးသတ်သည် ပျက်စီးခြင်းဖြစ်လိမ့်မည် ဖြစ်သည်။ ယင်းမှာ ပြန်ပြင်၍ မရပေ။ စကြဝဠာတစ်ခုလုံးနှင့် အရာခပ်သိမ်းတွင် ၎င်းတို့ မည်မျှကြီးမားသည်ဖြစ်စေ၊ ဂြိုဟ်မည်မျှ ရှိသည်ဖြစ်စေ၊ သက်ရှိမည်မျှ ရှိသည်ဖြစ်စေ ဤအရာများက ဘုရားသခင်၏ ဖြစ်တည်မှု အမှန်တရားကို မပြောင်းလဲနိုင်ပေ။ ထို့ပြင် စကြဝဠာနှင့် အရာခပ်သိမ်းတို့၏ ကံကြမ္မာကို တစ်ပါးတည်းသော အရှင်၏ လက်တော်ထဲတွင်သာ ထိန်းသိမ်းထားသည်။ သက်ရှိဇီဝရုပ်မှသည် ကြယ်ထိတိုင်အောင် မည်သည့်အရာကမျှ ဘုရားသခင်၏ ဖြစ်တည်မှုအပေါ် အကျိုးမသက်ရောက်နိုင်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ်လည်း အကျိုးမသက်ရောက်နိုင်ပေ။ ဘုရားသခင်တွင် ရှိသည့် စိတ်ကူးတစ်စုံတစ်ရာကို တစ်ခုခုက ထိန်းချုပ်နိုင်ဖို့ ဆိုသည်မှာမူ ဝေလာဝေးပင်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ လူတချို့က “သင့်ကို ကျွန်ုပ်မယုံကြည်ပါ။ ထို့ကြောင့် သင်သည် ဘုရားသခင်မဟုတ်”၊ “သင့်ကို ယုံကြည်ကြသည့် လူများမှာ သိပ်မများလှသောကြောင့် သင်သည် ဘုရားသခင် မဟုတ်” ဟု ထင်မြင်ယူဆကြသည်။ ဤသည်မှာ ယုတ္တိရှိသည့် ပြောစကား ဟုတ်သလော။ (မဟုတ်ပါ။) အခြားသူတချို့က “ကျွန်ုပ်တို့သာ ကိုယ်တော့်ကို ယုံကြည်ကြသောကြောင့် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို အချုပ်အခြာအာဏာ စွဲကိုင်သည့် ကိုယ်တော်၏ တန်ခိုးသည် ဤမျှသာ ကြီးမြတ်သည်၊ ဤမျှထိသာ ဖြန့်ကြက်သည်” ဟု ပြောကြသည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) ထိုသို့သော အမြင်များရှိသည့် လူတို့သည် အလွန် မသိနားမလည်ကြ၊ အလွန် မိုက်မဲကြပေသည်။

ဘုရားသခင်သည် လူတို့ကို မကယ်တင်လျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းဆီသို့ ဦးတည်မည် ဖြစ်သော်လည်း ဘုရားသခင်၏ အနှစ်သာရကို မဆိုထားနှင့်၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းအပေါ်ပင် အကျိုးသက်ရောက်မှု လုံးဝ ရှိမည် မဟုတ်ကြောင်းကို ငါယခုတင် မိတ်သဟာယပြုခဲ့သည်။ ဤအချက်ကို သင်တို့ ရှင်းလင်းစွာ မြင်ကြသည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်က သမ္မာတရားကို လက်ခံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ဘုရားသခင်ကား ဘုရားသခင် ဖြစ်နေဆဲပင်။ သူ၏ အဆင့်အတန်း၊ ကိုယ်ပိုင်လက္ခဏာ၊ အနှစ်သာရတို့သည် ပြောင်းလဲလိမ့်မည် မဟုတ်။ သို့ရာတွင် လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ပတ်သက်၍မူ အလွန်ပြောင်းလဲတတ်ခြင်း ရှိသည်။ ထိုပြောင်းလဲတတ်ခြင်းကို မည်သူထိန်းချုပ်သနည်း။ လူတို့ကိုယ်တိုင် ဖြစ်သလော။ နိုင်ငံတစ်နိုင်ငံလော။ အုပ်စိုးသူတစ်ဦးလော။ အင်အားတစ်စုလော။ မဟုတ်ပေ။ သင်၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို ကြီးကြပ်သူမှာ ဘုရားသခင် ဖြစ်သည်။ အားလုံး သူ၏ လက်ထဲတွင် ရှိသည်။ ထို့ကြောင့် ဤအချက်ကို သင်ရှင်းလင်းစွာ မြင်ရမည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သင့်ကို ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်သည် သင့်ကို ကျေးဇူးတော်ပြနေခြင်း ဖြစ်သည်။ ထိုအရာမှာ ကြီးမားသော ကယ်တင်ခြင်းဖြစ်သည်။ ကျေးဇူးတော်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ ကျေးဇူးတော်များထဲမှ အကြီးမြတ်ဆုံးဟု အဘယ်ကြောင့် ငါဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းသည် ရှောင်လွှဲ၍ မရသော ဥပဒေတစ်ခု မဟုတ်သကဲ့သို့ ရှောင်မရသည့် ခေတ်ရေစီးကြောင်းတစ်ခုလည်း မဟုတ်၊ လိုအပ်ချက်တစ်ခုလည်း မဟုတ်ပေ။ ဘုရားသခင်က ထိုအရာကို လုပ်ဆောင်ရန် လွတ်လပ်စွာ ရွေးချယ်ခြင်း ဖြစ်သည်။ ဘုရားသခင်က သင့်ကို မကယ်တင်ခဲ့လျှင် အဆင်ပြေမည်လော။ ဧကန်မုချ သူသည် သင့်ကို မကယ်တင်ဘဲ နေ၍ရသည် မဟုတ်လော။ အစကနဦးတွင် ဘုရားသခင်သည် သင့်ကို ကြိုတင်စီမံထားပြီးဖြစ်သော်လည်း ယခု သင့်ကို သူမရွေးချယ်လိုသည့်အပြင် ကယ်လည်း မကယ်တင်ပါက ဤကျေးဇူးတော်ကို သင်မရရှိနိုင်ပေ။ ထို့ကြောင့် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် ကောင်းစွာ စွမ်းဆောင်ရမည်ဖြစ်ပြီး ဘုရားသခင်ကို တို့ထိရန်နှင့် သူ၏ ကျေးဇူးတော်ကို ရရှိရန် သင်၏ လုပ်ရပ်များအပြင် သင်၏ စိတ်နှလုံးနှင့် သင်၏ စစ်မှန်သော ယုံကြည်ခြင်းတို့ကို အသုံးပြုဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ကြိုးစားရမည်။ ဤသည်မှာ သေချာပေါက် ဖြစ်နိုင်ခြေမရှိသည့်အရာ မဟုတ်ပေ။ လွန်ခဲ့သည့် အချိန်ကာလတွင် သခင်ယေရှုသည် ဧဝံဂေလိကို ဖြန့်နေခဲ့ချိန်၌ ခါနန်အမျိုးသမီးတစ်ဦး ရှိခဲ့၏။ ထိုအမျိုးသမီးက မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ (သူ၏သမီးက နတ်ဆိုးဝင်ပူးခြင်း ခံထားရသောကြောင့် ကူညီပေးပါရန် သခင်ယေရှုကို သူတောင်းလျှောက်ခဲ့ပါသည်။ သခင်ယေရှုက သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြောခဲ့ပါ၏။ ထိုအမျိုးသမီးကမူ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု ဆိုခဲ့ပါသည်။ သခင်ယေရှုက ထိုအမျိုးသမီး၏ ယုံကြည်ခြင်း ကြီးမားသည်ဟု ဆိုခဲ့ပြီး သူ၏ အလိုဆန္ဒများကို ဖြည့်ဆည်းပေးခဲ့ပါသည်။) သူနှင့်ပတ်သက်၍ မည်သည့်အရာကို သခင်ယေရှုက နှစ်သက်လက်ခံခဲ့သနည်း။ (သူ၏ ယုံကြည်ခြင်း ဖြစ်ပါသည်။) သူ၏ ယုံကြည်ခြင်းသည် အမှန်တကယ် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူ၏ ယုံကြည်ခြင်းကို ငါတို့အနေနှင့် မည်သို့နားလည်သင့်သနည်း။ (သခင်ယေရှုသည် ဘုရားသခင် ဖြစ်ကြောင်း သူအသိအမှတ်ပြုခဲ့ပါသည်။) သခင်ယေရှုက သူ့ကို ခွေးတစ်ကောင်ဖြစ်သည်ဟု ပြောခဲ့သည်။ သို့ဖြစ်လျက်နှင့် သူသည် အဘယ်ကြောင့် စိတ်မပျက်ခဲ့သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ အလွန်ရှင်းလင်းစွာ သင်တို့ မပြောနိုင်ကြပေ။ ဤအရာများမှာ အမှန်တရားများ ဖြစ်သည်။ ဤလူ၏ ယုံကြည်ခြင်းကို သခင်ယေရှုက အဘယ်ကြောင့် လက်ခံခဲ့သနည်း။ ခွေးတစ်ကောင်ဖြစ်ရန် ထိုအမျိုးသမီး လိုလားနေသည့် အချက်ကို သူနှစ်သက်လက်ခံခဲ့ခြင်း မဟုတ်သကဲ့သို့ စားနုပ်စားပေါက်များ စားရန် သူ၏ လိုလားစိတ်ကို နှစ်သက်လက်ခံခဲ့ခြင်းလည်း မဟုတ်။ ဤအရာအားလုံးက သာမညသာ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာကို သခင်ယေရှုက နှစ်သက်လက်ခံခဲ့သနည်း။ သခင်ယေရှုက သူ့ကို ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံသည်ဖြစ်စေ၊ လူတစ်ဦးကဲ့သို့ ဆက်ဆံသည်ဖြစ်စေ၊ နတ်ဆိုးတစ်ကောင်ကဲ့သို့၊ သို့မဟုတ် စာတန်တစ်ကောင်ကဲ့သို့ ဆက်ဆံသည်ဖြစ်စေ သူအရေးမစိုက်ခဲ့သည့် အချက်ကို ဖြစ်သည်။ သူ့ကို သခင်ယေရှု မည်သို့ဆက်ဆံသည် ဆိုသည်မှာ သူ့အတွက် အရေးမကြီးခဲ့ပေ။ အရေးအကြီးဆုံးသော အရာကား သခင်ယေရှုမှာ အရှင်သခင်နှင့် ဘုရားသခင်ဖြစ်ကြောင်း၊ ဤသည်မှာ ဘယ်သောအခါမျှ မပြောင်းလဲနိုင်မည့် သမ္မာတရားနှင့် အမှန်တရားတစ်ခု ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်လျက် သခင်ယေရှုကို ဘုရားသခင်အဖြစ် သူသဘောထားခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်နှင့် အရှင်သခင်ဖြစ်ပြီး မိမိ၏ စိတ်နှလုံးတွင် သူအသိအမှတ်ပြုခဲ့သော အရှင်ဖြစ်သည်။ ယင်းမှာ လုံလောက်ပေ၏။ သခင်ယေရှုက သူ့ကို ကယ်တင်သည်ဖြစ်စေ၊ မကယ်တင်သည်ဖြစ်စေ၊ သူ့ကို မိမိနှင့်အတူ စားသောက်သူတစ်ဦးအဖြစ်၊ တပည့်တော်တစ်ဦးအဖြစ်၊ နောက်လိုက်တစ်ဦးအဖြစ် ဆက်ဆံသည်ဖြစ်စေ၊ ခွေးတစ်ကောင်အဖြစ် ဆက်ဆံသည်ဖြစ်စေ သူ့အတွက် အရေးမကြီးခဲ့ပေ။ တိုတိုပြောရလျှင် သူ၏ စိတ်နှလုံးတွင် သခင်ယေရှုကို အရှင်သခင်အဖြစ် အသိအမှတ်ပြုသည့် အချက်က လုံလောက်ခဲ့ပေသည်။ ယင်းမှာ သူ၏ အကြီးမားဆုံး ယုံကြည်ခြင်း ဖြစ်ခဲ့သည်။ သင်တို့တွင် ဤယုံကြည်ခြင်းမျိုး ရှိကြသလော။ သင်တို့အားလုံးသည် ဘုရားအိမ်တော်၏ အစောင့်ခွေးများ ဖြစ်ကြသည်ဟု တစ်နေ့တွင် ငါပြောပါက လက်ခံရန် သင်တို့ လိုလားနေကြမည်လော။ သင်တို့သည် ဘုရားအိမ်တော်၏ အချစ်တော်လေးများ၊ ဘုရား၏ လူများ၊ ကောင်းကင်တမန်များ ဖြစ်သည်ဟု ငါဆိုလျှင် အတော်လေး စိတ်ကျေနပ်ဖွယ်ဖြစ်သည်ဟု သင်တို့မြင်မည် ဖြစ်သော်လည်း သင်တို့သည် ခွေးများဖြစ်သည်ဟု ငါပြောလျှင်မူ သင်တို့ ဝမ်းနည်းကြပေမည်။ အဘယ်ကြောင့် သင်တို့ ဝမ်းနည်းကြမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင့်ကိုယ်သင် အလွန်အရေးကြီးသည်ဟု မြင်သောကြောင့် ဖြစ်သည်။ သင်က တွေးသည်မှာ “ကိုယ်တော်သည် ဘုရားသခင် ဖြစ်ကြောင်း ကျွန်ုပ်အသိအမှတ်ပြုသည်ပင်။ သို့ဖြစ်လျက်နှင့် အဘယ်ကြောင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခွေးတစ်ကောင်ဟု ခေါ်ဆိုနိုင်ရသနည်း။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ်အသိအမှတ်ပြုသည်ပင်။ ထို့ကြောင့် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ တရားမျှတကာ အကျိုးသင့်အကြောင်းသင့် ဖြစ်သင့်ပါသည်။ ကျွန်ုပ်တို့နှစ်ဦးသည် တန်းတူရည်တူဖြစ်သည်၊ ကျွန်ုပ်တို့သည် အပေါင်းအသင်းများ ဖြစ်ကြပါသည်။ ကိုယ်တော့်ကို ကျွန်ုပ်ယုံကြည်သည်ဖြစ်၍ ကျွန်ုပ်၌ အင်မတန် ကြီးမားသော သတ္တိ၊ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်းတို့ ရှိကြောင်း ပြသနေသည်ပင်။ ကျွန်ုပ်မှာ ခွေးတစ်ကောင်ဖြစ်သည်ဟု ကိုယ်တော် အဘယ်သို့ပြောနိုင်ရပါသနည်း။ ကိုယ်တော်သည် လူကို မချစ်ပါတကား။ ကျွန်ုပ်တို့သည် အပေါင်းအသင်းများဖြစ်သည်၊ ကျွန်ုပ်တို့ အဆင့်အတန်း တူညီသင့်သည်။ ကိုယ်တော့်ကို ကျွန်ုပ် အသိအမှတ်ပြုသည်ပင်။ ကိုယ်တော့်ကို ကျွန်ုပ်ကြောက်ရွံ့ပြီး လေးစားသည်ပင်။ ကိုယ်တော်လည်း ကျွန်ုပ်ကို အသိအမှတ်ပြုကာ လူတစ်ဦးအဖြစ် ဆက်ဆံသင့်သည်။ ကျွန်ုပ်သည် လူတစ်ဦး ဖြစ်၏” ဟူ၍ ဖြစ်သည်။ ဤသဘောထားကို မည်သို့ထင်သနည်း။ (အသိစိတ်မဲ့ပါသည်။) လူတို့သည် ဘုရားသခင်နှင့် အဆင့်အတန်းချင်း တန်းတူဖြစ်လိုပြီး ဘုရားသခင်ကို မိမိတို့၏ အပေါင်းအသင်းအဖြစ် သဘောထားလိုသည့်အခါ ဤအရာက ပြဿနာ ဖြစ်လာနိုင်သည် မဟုတ်လော။ သင်က ဤသို့ ပြော၏။ “ကိုယ်တော်သည် သာမန်ရုပ်ရည်သာ ရှိသည်။ ကျွန်ုပ်သည် ကိုယ်တော်ထက် အမှန်တကယ် ပိုကြည့်ကောင်းပြီး ကိုယ်တော်ထက် အရပ်လည်း ပိုရှည်နေသည်။ အအေးမိသည့်အခါ ကိုယ်တော်လည်း ချောင်းဆိုးသည်ပင်။ စကားများစွာ ပြောသည့်အခါ ကိုယ်တော်လည်း ပင်ပန်းသည်ပင်။ ကျွန်ုပ်သည် ကိုယ်တော်ထက် ပိုကျန်းမာ၏။ ကိုယ်တော်၌ သမ္မာတရား ရှိနေခြင်းသာ ဖြစ်သည်။ ထိုအချက်တွင်မူ ကိုယ်တော်က ကျွန်ုပ်ထက် ပိုအားသာ၏။ ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီး သာ၍များသော သမ္မာတရားများကို နားလည်လာလျှင် ကိုယ်တော်ထက် များစွာ သာ၍ ဆိုးနေမည် မဟုတ်ပါ။ ထို့အပြင် ကိုယ်တော့်တွင် မရှိသည့် ကျွမ်းကျင်မှုတစ်ခု ကျွန်ုပ်တွင် ရှိသည်။ ထိုသို့ နှိုင်းယှဉ်ကြည့်လျှင် ကိုယ်တော်သည် ကျွန်ုပ်ထက် များစွာ ကြီးမြတ်နေခြင်း မရှိပါ” ဟူ၍ ဖြစ်သည်။ ဤရှုထောင့်အမြင်ကို မည်သို့ထင်သနည်း။ (မှားယွင်းပါသည်။) ဤနှိုင်းယှဉ်ခြင်း နည်းစနစ်ကို မည်သို့ထင်သနည်း။ လူသားများသည် ဘုရားသခင်နှင့် နှိုင်းယှဉ်ရန် အမှန်တကယ် မဖြစ်နိုင်ပေ။ ဤနှိုင်းယှဉ်ခြင်း နည်းစနစ်မှတစ်ဆင့် မည်သည့်အမှားမျိုး လုပ်နေခြင်း ဖြစ်သနည်း။ (ထိုလူသည် မိမိ၏ သင့်တင့်လျောက်ပတ်သော နေရာတွင် ရပ်တည်နေခြင်း မဟုတ်သကဲ့သို့ သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားနေခြင်း မဟုတ်ပါ။ သူသည် ဘုရားသခင်ကို သာမန်လူတစ်ဦးအဖြစ် သဘောထားနေခြင်း ဖြစ်ပါသည်။ လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝကိုသာ သူမြင်ပြီး ဘုရားသခင်၏ ဘုရားသဘာဝကို မမြင်ပါ။) ရှင်းလင်းစွာ ပြောရလျှင် ထိုသူတွင် အသိစိတ်ဖြစ်စေ၊ ဆင်ခြင်တုံတရားဖြစ်စေ မရှိခြင်း ဖြစ်သည်။ သူ့တွင် လူ့သဘာဝ မရှိ။ ထို့အပြင် လူတို့သည် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာကို မမြင်သေးသောကြောင့် ဘုရား၏ လူ့ဇာတိခန္ဓာကို လူသားတစ်ဦးအဖြစ် သဘောထားပြီး ဤသာမန်လူသည် ကြီးမြတ်ခြင်း မရှိသကဲ့သို့ အထင်ကြီးစရာလည်း မရှိကြောင်းနှင့် အနိုင်ကျင့်ပြီး လှည့်စားရန် လွယ်ကူကြောင်း တွေးထင်ကြသည်။ ယင်းမှာ အရှိတရားပင် ဖြစ်သည်။ လူသားများသည် အင်မတန် ဖောက်ပြန်ပျက်စီးသည့် အရာများသာ ဖြစ်၏။ သင်သည် သမ္မာတရားကို မလိုက်စားပါက ဤသည်မှာ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဖြစ်ပျက်လာမည့် အရာဖြစ်သည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အလန့်တကြားဖြစ်သည့် စိတ်နှလုံးဖြစ်စေ၊ ကြောက်ရွံ့သော စိတ်နှလုံးဖြစ်စေ ရှိလိမ့်မည် မဟုတ်။ သမ္မာတရားကို လူတို့လိုက်စားခြင်း အကြောင်းရင်းမှာ ဘုရားသခင်ကို ၎င်းတို့ကျိုးနွံနာခံနိုင်ရန်အတွက် ဖြစ်သည်။ ဘုရားက မည်သို့ပြုမူဆောင်ရွက်သည်ဖြစ်စေ၊ မည်သည့်ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းသည်ဖြစ်စေ၊ သင့်ကို မည်သည့်ပုံစံဖြင့် စကားပြောသည်ဖြစ်စေ သင်၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ နေရာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ သူ့ကို သင်၏ ကြောက်ရွံ့မှုသာမက သူနှင့် သင်၏ ဆက်ဆံရေးရော သူ့ကို သင်၏ စစ်မှန်သော ယုံကြည်ခြင်းပါ ပြောင်းလဲလိမ့်မည် မဟုတ်။ သင်၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ အနှစ်သာရနှင့် အဆင့်အတန်းတို့သည် ပြောင်းလဲလိမ့်မည် မဟုတ်။ သင်သည် သင်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးကို အလွန်ကောင်းမွန်စွာ၊ သင့်လျော်စွာနှင့် အကျိုးသင့် အကြောင်းသင့်၊ စံနှုန်းများဖြင့်၊ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်လိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားခြင်း မရှိပါက ဤအရာမှာ စွမ်းဆောင်ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ လုပ်ဆောင်ရန် သင့်အတွက် လွယ်ကူလိမ့်မည် မဟုတ်။ လူတို့သည် သမ္မာတရားကို မလိုက်စားပါက ဘုရားသခင်၏ အနှစ်သာရကိုဖြစ်စေ၊ သူ၏ ဘုရားသဘာဝကိုဖြစ်စေ လုံးဝ မြင်နိုင်လိမ့်မည် မဟုတ်။ သူ၏ စိတ်သဘောထား သို့မဟုတ် သူ၏ စစ်မှန်သော ပွင့်အံထွက်မှုများ၌ မည်သည့်အရာများ ပါဝင်သည်ကို သိကြလိမ့်မည် မဟုတ်။ လူတို့သည် ဤအရာများကို မြင်နိုင်ကြလိမ့်မည် မဟုတ်။ ထိုအရာများကို သင့်အား ပြောပြလျှင်ပင် သင်သည် မြင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သတိထားမိနိုင်လိမ့်မည်လည်း မဟုတ်ပေ။

ဘုရားသခင်က လူတို့ကို မကယ်တင်ခဲ့လျှင် လူတို့၏ အဆုံးသတ်က မည်သည့်အရာ ဖြစ်မည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ ယခုတင် ပြောဆိုခဲ့သည်။ မည်သည့်အဆုံးသတ် ဖြစ်သနည်း။ (ပျက်စီးခြင်းဖြစ်ပါသည်။) ဘုရားသခင်ကရော မည်သို့ရှိသနည်း။ (ဘုရားသခင်အပေါ် မည်သည့်သက်ရောက်မှုမျှ လုံးဝ ရှိလိမ့်မည် မဟုတ်ပါ။) ဤသည်မှာ ဘုရားသခင်က လူတို့ကို မကယ်တင်သည့် ရှုထောင့်အမြင်မှ ပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်အပေါ် လုံးဝ အကျိုးသက်ရောက်မည် မဟုတ်သော်လည်း လူတို့၏ ကံကြမ္မာနှင့် အဆုံးသတ်တို့ကမူ စိတ်မချမ်းမြေ့စရာ ဖြစ်လိမ့်မည်။ ယောဘနှင့် အာဗြဟံတို့ကဲ့သို့သော လူတို့၏ အဆုံးသတ်များနှင့် အလွန် ကွာခြားပေမည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို မကယ်တင်လျှင် ထိုသူသည် ဘုရား၏ ရန်သူအင်အားစုများထဲနှင့် ရန်ဘက် အတန်းအစားများထဲ ထည့်ရေတွက်ခြင်း ခံရ၏။ ဤအဆုံးသတ်မှာ သိသိသာသာပင် ဆိုးရွားပေသည်။ လူတစ်ဦးကို ကယ်တင်ရန်နှင့် ထိုသူအပေါ် အမှုပြုရန် ဘုရားသခင်အလိုရှိခြင်း အဖြစ်မှ ထိုသူက မည်သည့်အရာ ရရှိလိမ့်မည်ဆိုသည်နှင့်ပတ်သက်၍ ယခုအခါ ပြောဆိုဆွေးနွေးကြစို့။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်သူတို့သည် မည်သည့်အရာနောက် လိုက်နေကြသနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနောက် လိုက်နေကြသလော။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းနောက် လိုက်နေကြသလော။ စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် သက်သေခံခြင်းနောက် လိုက်နေကြသလော။ ဤအကြောင်းပြချက်များ အားလုံးသည် အတော်လေး ကြီးကျယ်လွန်းနေပြီး ယုံချင်စရာလည်း သိပ်မရှိ။ ဘုရားသခင်ကို နဂိုမူလက စတင်ယုံကြည်ခဲ့ချိန်တွင် သင်၌ ရှိနေခဲ့သည့် ကြံရွယ်ချက်များအကြောင်း ယခု သင့်ကို ငါပြောခိုင်းပါက သင်သည် ထိုစကားများကို ပြောနေစဉ်တွင် အပြစ်ရှိသည့်စိတ် ဖြစ်လာပြီး မျက်နှာနီမြန်းနေမည် ဖြစ်သည်။ ထိုအရာများသည် အဖြစ်မှန်များ မဟုတ်သောကြောင့် သင်သည် စကားပြောဆိုရန် ခက်ခဲပေမည်။ ထို့ကြောင့် အမှန်တကယ်တွင် အဖြစ်မှန်များမှာ အဘယ်နည်း။ (လူတို့သည် ကောင်းချီးများနောက် လိုက်နေကြသောကြောင့် ဘုရားသခင်ကို ယုံကြည်ကြခြင်း ဖြစ်ပါသည်။) (သူတို့သည် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု သို့မဟုတ် ဝိညာဉ်ရေးရာ အာဟာရ ရင်းမြစ်တစ်ခုနောက် လိုက်နေကြခြင်း ဖြစ်ပါသည်။) အချုပ်ဆိုရလျှင် ထိုသို့သော ကြံရွယ်ချက်များသည် အနည်းငယ် မလျောက်ပတ်သကဲ့သို့ သိပ်လည်း ကြည့်မကောင်းပေ။ သို့ရာတွင် လူတို့သည် ဦးစွာပထမ ဤရည်မှန်းချက်နောက် မလိုက်ခဲ့ပါက ဘုရားသခင်ကို ယုံကြည်ကြမည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် သေချာပေါက် မရည်ရွယ်ခဲ့ကြသကဲ့သို့ ယုံကြည်လိုခြင်းလည်း မရှိခဲ့ကြချေ။ ထိုအရာမှ မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့လျှင် ဘုရားသခင်ကို မည်သူယုံကြည်မည်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်လာသည့်အခါ ထိုအရာမှ အကျိုးအမြတ် အနည်းငယ် မရပါက အနည်းဆုံးအနေဖြင့် ကတိတစ်ခုကား ရရှိသင့်သည်ဟု လူတို့တွေးကြသည်။ မည်သည့်ကတိနည်း။ လူတချို့က ဤသို့ ပြောကြသည်။ “ဘုရားသခင်၏ ကတိတော်မှာ ဤဘဝတွင် ကျွန်ုပ်တို့ အဆတစ်ရာ လက်ခံရရှိလိမ်မ့ည်ဖြစ်ပြီး နောင်ဘဝတွင် ထာဝရအသက် ရရှိလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့အနေဖြင့် သေဆုံးခြင်းမရှိဘဲ ထာဝရ အသက်ရှင်လိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ခေတ်ကာလများတစ်လျှောက် ယခင်က မည်သူကမျှ မွေ့လျော်ခံစားခြင်း မရှိဖူးသည့် သို့မဟုတ် မရရှိဖူးသည့် ချမ်းမြေ့ပျော်ရွှင်မှုတစ်မျိုးနှင့် ကောင်းချီးတစ်ပါး ဖြစ်သည်။ ထို့အပြင် လူတို့သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားက ဤဘဝ၌ ၎င်းတို့ကို ကျေးဇူးတော်အချို့၊ ကောင်းချီးအချို့၊ ကွယ်ကာမှုအချို့ ပေးလိမ့်မည်” ဟူ၍ ဖြစ်သည်။ တိုတိုပြောရလျှင် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်ခါစအချိန်တွင် သူ၏ စိတ်နှလုံးသည် ဖြူစင်ခြင်း မရှိသကဲ့သို့ သန်ရှင်းခြင်းလည်း မရှိပေ။ ထိုသူသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန်၊ လူသားကဲ့သို့ အသက်ရှင်ရန်၊ ဘုရားသခင် ချစ်ခင်သည့် လူတစ်ဦး၏ ပုံသဏ္ဌာန်ကို နောက်ဆုံး အသက်ရှင်နေထိုင်သွားရန်၊ ဘုရားကို ဘုန်းထင်ရှားစေပြီး သက်သေခံသည့် နည်းလမ်းဖြင့် အသက်ရှင်ရန်၊ ဘုရားကို အရှက်မရစေရန်၊ သေပြီးနောက်တွင်ပင် ဘုရားအတွက် သက်သေခံနေသေးရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ပေ။ ထို့ထက် သူ၏ စိတ်နှလုံးအကြွင်းမဲ့နှင့် စိတ်ဝိညာဉ်ရှိသမျှဖြင့် သူသည် ကောင်းချီးခံစားလိုပြီး ဤဘဝတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ပိုမို မွေ့လျော်ခံစားလိုသည်။ သူ့အနေဖြင့် နောင်ဘဝသို့ ရောက်ရှိနိုင်ပါက ထိုဘဝ၌ သာ၍ပင် ကြီးမားသော ကောင်းချီးများ ရရှိလို၏။ ဤအရာများမှာ လူတို့အနေဖြင့် ဘုရားသခင်ကို စတင်ယုံကြည်လာကြချိန်တွင် ၎င်းတို့နှင့်အတူ သယ်ဆောင်လာသည့် အလိုဆန္ဒများ၊ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များ ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများနှင့် ဘုရားသခင်၏ ကတိတော်တို့ကို ရရှိရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ကြ၏။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ဤသည်မှာ သဘာဝကျ၍ ဘုရားသခင်က ထိုအတွက် လူတို့ကို အပြစ်ပြောလိမ့်မည် မဟုတ်။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်လာချိန်တွင် အားလုံးက မသိနားမလည် ဖြစ်ကြပြီး မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဘုရား၏ ဉာဏ်အလင်းပေးမှုကို တွေ့ကြုံခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သမ္မာတရားများနှင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်အဓိပ္ပာယ်အပြင် လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များအကြောင်းကို တဖြည်းဖြည်း စတင်နားလည်လာကြခြင်း ဖြစ်သည်။ ဤဖြစ်စဉ်အတောအတွင်းတွင် လူတို့သည် ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ကို မွေ့လျော်ခံစားကြရ၏။ လူတချို့၏ ရောဂါများ သက်သာပျောက်ကင်းသွားသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ အတော်လေး ကျန်းမာသွားကြသည်။ ၎င်းတို့၏ မိသားစုများ အေးချမ်းသွားပြီး ၎င်းတို့၏ အိမ်ထောင်ရေးကလည်း သာယာသည်။ ၎င်းတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို မတူညီသော အတိုင်းအတာနှင့် မွေ့လျော်ခံစားကြရသည်။ ဤအရာအားလုံးမှာ သာမညသာ ဖြစ်သည်ကား အမှန်ပင်။ ဘုရားသခင်၏ ရှုထောင့်အမြင်မှဆိုပါက ဤအရာများသည် သူ၏ အကြီးမားဆုံးသော အားစိုက်မှုများ မဟုတ်ပေ။ ဘုရား၏ အကြီးမားဆုံးသော အားစိုက်မှုမှာ အဘယ်နည်း။ (လူတို့အပေါ် ဘုရားထားရှိသည့် မျှော်လင့်ချက်များနှင့် ဘုရား၏ အပတ်တကုတ် အားထုတ်မှုများ ဖြစ်ပါသည်။) “ဘုရား၏ အပတ်တကုတ် အားထုတ်မှုများ” တွင် ခိုင်မာသည့် အကြောင်းအရာအချို့ ရှိသည်။ “မျှော်လင့်ချက်များ” မှာမူ အနည်းငယ် အနှစ်မဲ့သည်။ ဘုရားသခင်ထံမှ သင်တို့ရရှိထားသည့် လက်တွေ့အကျဆုံး အကျိုးကျေးဇူး၊ တန်ဖိုးအရှိဆုံးသော အရာမှာ အဘယ်နည်း။ (သမ္မာတရား ထောက်ပံ့မှုဖြစ်ပါသည်။) (သမ္မာတရားအချို့ကို နားလည်ခြင်းနှင့် အချို့သော ကိစ္စများကို ရိပ်စားမိနိုင်ခြင်း ဖြစ်ပါသည်။) ထိုအရာသည် ကျေးဇူးတော်များနှင့် ကောင်းချီးများဟု ဆိုလေသည့်အရာများ သေချာပေါက် မဟုတ်။ ဘုရားသခင်ထံမှ လူသားများ ရရှိသည့် တန်ဖိုးအရှိဆုံးသော အရာများမှာ ဘုရား၏ အသက်၊ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအပြင် ဘုရားသခင်က လူသားများ နားလည်အောင် ကူညီပေး၍ ဖန်ဆင်းခံတစ်ဦးအဖြစ် လူသားများ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းတို့ ဖြစ်သည် မဟုတ်လော။ တိုတိုပြောရလျှင် လူတို့သည် ဘုရားသခင်ထံမှ သမ္မာတရား၊ လမ်းခရီး၊ အသက်တို့ကို ရရှိထားကြပြီး ဖြစ်သည်။ ဤအရာများသည် အားလုံးထဲမှ တန်ဖိုးအရှိဆုံးသော အရာများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့ကို သင်တို့ ရရှိထားပြီလော။ (ထိုအရာများကို ကျွန်ုပ်တို့ အမှန်တကယ် မရရှိသေးပါ။) သင်ဆင်းရဲနုံချာနေချိန်တွင် တစ်စုံတစ်ဦးက သင့်ကို ဒေါ်လာတစ်ရာ ပေးလျှင် ခံစားရမည့်အဖြစ်တမျှ သို့မဟုတ် သင်ဆာလောင်နေချိန်တွင် တစ်စုံတစ်ဦးက သင့်ကို ပေါင်မုန့်နှစ်လုံး ပေးလျှင် ခံစားရမည့်အဖြစ်တမျှ လက်တွေ့ အကျိုးရှိသည် သို့မဟုတ် စစ်မှန်သည်ဟု မခံစားရဘဲ ရှိနေနိုင်သော်လည်း ဘုရားသခင်ထံမှ လာသည့် သမ္မာတရား၊ လမ်းခရီး၊ အသက်တို့သည် သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သည့် လူတိုင်းအား အမှန်တကယ် ပေးထားခြင်း ဖြစ်သည်။ ယင်းမှာ အဖြစ်မှန်တစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အဖြစ်မှန်တစ်ခု ဖြစ်၏။ သင်သည် ဘုရားနှုတ်ကပတ်တော်မည်မျှကို ကြားပြီးဖြစ်စေ၊ သမ္မာတရားမည်မျှကို သင်လက်ခံနိုင်ပြီး နားလည်ပြီးသည်ဖြစ်စေ၊ စစ်မှန်မှုမည်မျှကို သင် အသက်ရှင်နေထိုင်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် ရလဒ်မည်မျှကို သင် ရရှိပြီးသည်ဖြစ်စေ သင်နားလည်ရမည့် အချက်တစ်ခုရှိသည်။ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို လူတစ်ယောက်ချင်းစီတိုင်းအား အခမဲ့ အပ်နှင်းထားပြီး ဤသည်မှာ လူတိုင်းအတွက် မျှတမှုရှိသည်။ လူတို့က ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ မည်မျှကြာပြီဖြစ်သောကြောင့်၊ သို့မဟုတ် မည်မျှဒုက္ခခံခဲ့သောကြောင့်ဟူ၍ လူတစ်ယောက်ကို အခြားလူတစ်ယောက်ထက်ပိုပြီး မည်သည့်အခါမျှ ဘုရားသခင်က မျက်နှာသာပေးခြင်း ပြုမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်အပေါ် ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်၊ သို့မဟုတ် ဒုက္ခများစွာ ခံပြီးဖြစ်သောကြောင့်ဟူ၍ ထိုသူကို ဘုရားသခင်က မည်သည့်အခါမျှ မျက်နှာသာ သို့မဟုတ် ကောင်းချီးပေးမည်မဟုတ်ပေ။ လူတို့၏ အသက်အရွယ်၊ အသွင်အပြင်၊ လိင်၊ မိသားစုနောက်ခံ စသည်ဖြင့်တို့ကြောင့်လည်း ဘုရားသခင်သည် မည်သူ့ကိုမျှ တစ်မျိုးတစ်မည် ဆက်ဆံမည် မဟုတ်ပေ။ လူတိုင်းသည် ဘုရားသခင်ထံမှ တူညီသည့်အရာများ ရရှိသည်။ မည်သူကိုမျှ ပို၍ လျော့နည်းပြီးရရှိရန်၊ သို့မဟုတ် မည်သူကိုမျှ ပို၍များစွာ ရရှိစေရန် ဘုရားသခင် ခွင့်မပြုပေ။ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီတိုင်းအပေါ် တရားမျှတသည်။ ဘုရားသခင်သည် လူတို့အား ၎င်းတို့ လိုအပ်ချိန်တွင် လိုအပ်သည့်အရာကို အတိအကျ ပေးသည်။ လူတို့ကို ဆာလောင်ခြင်း၊ အေးစက်ခြင်း၊ ရေငတ်ခြင်း မဖြစ်စေသကဲ့သို့၊ ဘုရားသခင်သည် လူသား၏ စိတ်နှလုံး၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းသည်။ ဘုရားသခင်က ဤအရာများကို လုပ်ဆောင်သောအခါ လူတို့ထံမှ မည်သည့်အရာကို ဘုရားသခင် တောင်းဆိုသနည်း။ ဘုရားသခင်သည် ဤအရာများကို လူတို့အပေါ် ပေးသနားသည်။ ထို့ကြောင့် ဘုရားသခင်သည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက် တစ်ခုခုရှိသလော။ (မရှိပါ။) ဘုရားသခင်သည် လုံးဝ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုအားလုံးသည် လူသားမျိုးနွယ်၏ အကျိုးအတွက်ဖြစ်ပြီး လူတို့က ဘုရားသခင်ထံမှ စစ်မှန်သောဘဝကို ရရှိရန်အလို့ငှာ ၎င်းတို့၏ ဆင်းရဲဒုက္ခများနှင့် အခက်အခဲများအားလုံးကို ဖြေရှင်းရန် ရည်ရွယ်သည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ သို့ရာတွင် ဤအရာကို အချက်အလက်များဖြင့် သင်တို့ သက်သေပြနိုင်သလော။ ဤအရာကို အချက်အလက်များဖြင့် သင်တို့ သက်သေမပြနိုင်ပါက ဤအရာကို ပြောဆိုခြင်းအားဖြင့် သင်တို့သည် အလွန် မစစ်မှန်ရာ ကျနေပြီး ဤအဆိုသည်လည်း ရိုးအီနေသည့် စကားရပ်တစ်ခုသာ ဖြစ်သည်။ ထိုသို့ ငါပြော၍ ရနိုင်သလော။ ဥပမာအားဖြင့် လူများကို ရိုးသားဖို့၊ ရိုးသားစွာပြောဆိုဖို့၊ ရိုးသားသော အမှုအရာများကို လုပ်ဆောင်ဖို့နှင့် မလှည့်စားဖို့ ဘုရားသခင်က တောင်းဆိုသည်။ ဤအရာကို ဘုရားသခင် ပြောရခြင်း၏ အဓိပ္ပာယ်မှာ လူများကို စစ်မှန်သော လူသားပုံသဏ္ဌာန် ရှိနိုင်စေရန်နှင့် မြေကြီးပေါ်တွင် လိမ်ကောက်တွားသွားသည့် မြွေကဲ့သို့ စကားပြောကာ အမှုကိစ္စတစ်ခု၏ အမှန်တရားကို အစဉ် မရေမရာပြောသည့်၊ လူတို့အား နားလည်သဘောပေါက်ခြင်း မရှိအောင် တားဆီးသည့် စာတန်၏ ပုံသဏ္ဌာန်မရှိစေရန် ဖြစ်သည်။ ဆိုလိုသည်မှာ လူများသည် စကားရော လုပ်ဆောင်ချက်တွင်ပါ လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်အလို့ငှာ၊ မကောင်းသည့် ဘက်ခြမ်း သို့မဟုတ် မည်သည့်ရှက်ဖွယ်သောအရာ တစ်ခုကိုမျှ သိုထားခြင်းမရှိဘဲ သန့်ရှင်းသော စိတ်နှလုံးကို ပိုင်ဆိုင်လျက် ဂုဏ်သိက္ခာရှိကာ တည်ကြည်ဖြောင့်မတ်ပြီး ရည်မွန်ကြရန်အလို့ငှာ ထိုသို့ ပြောထားခြင်းဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်ကိုဖြစ်စေ၊ အခြားလူတစ်ဦးတလေကိုဖြစ်စေ လှည့်စားခြင်း မရှိဘဲ ၎င်းတို့စိတ်နှလုံးထဲတွင် တွေးသည့် မည်သည့်အရာကိုမဆို ပြောဆိုလျက် မည်သည့်အရာမျှ မထိမ်ချန်ထားဘဲ စင်ကြယ်သော မြေတစ်ကွက်ကဲ့သို့ ဖြစ်သည့် စိတ်နှလုံးဖြင့် အတွင်းတွင် ၎င်းတို့ဖြစ်သည့်အတိုင်း အပြင်ပန်းတွင် အလားတူ ဖြစ်ရန်အလို့ငှာ ထိုအရာကို ပြောဆိုထားခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်ပြီး၊ လူများကို ရိုးသားရန် တောင်းဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်လေသည်။ လူတို့အား ရိုးသားရန် တောင်းဆိုရာတွင် ဘုရားသခင်သည် ၎င်းတို့အား မည်သည့်အရာကို ရရှိစေလိုသနည်း။ သူသည် ၎င်းတို့အား မည်သည့်ပုံသဏ္ဌာန်မျိုးကို အသက်ရှင်နေထိုင်စေလိုသနည်း။ ဤအရာနှင့်သက်ဆိုင်၍ မည်သူသည် အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်သနည်း။ (လူဖြစ်ပါသည်။) လူအချို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါတွင်မျှ နားမလည်နိုင်ကြဘဲ “ဘုရားသခင်သည် ကျွန်ုပ်တို့၏ အခြေအနေ အစစ်အမှန်ကို သိရှိနိုင်ရန်နှင့် ထို့နောက်တွင် ကျွန်ုပ်တို့ကို သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအား လုံးဝ ကျိုးနွံနာခံစေလျက် ကျွန်ုပ်တို့ကို ထိန်းချုပ်ကာ ကြိုးကိုင်ခြယ်လှယ်နိုင်ရန်အလို့ငှာ သူသည် ကျွန်ုပ်တို့ကို ရိုးသားစေလိုပြီး သူ့အပေါ် ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ စကားပြောစေလိုခြင်း ဖြစ်သည်” ဟု ဆိုလျက် ဘုရားသခင်ကို အမြဲ သံသယရှိကြသည်။ ဤအတွေးသည် မှန်ကန်သလော။ ဤအတွေးသည် အလွန် ဆိုးညစ်လွန်းပြီး အရှက်မဲ့လွန်းလှ၏။ နတ်ဆိုးများသာ ဤနည်းဖြင့် ဘုရားသခင်အကြောင်း မှန်းဆကာ ဘုရားကို သံသယရှိကြမည် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို ရိုးသားရန်၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များဖြစ်စေ၊ ကြံရွယ်ချက်များဖြစ်စေ၊ ထင်ရာစိုင်းလိုစိတ်ဖြစ်စေ၊ ညစ်စွန်းမှုများ ဖြစ်စေ တစ်ခုမျှ မရှိသည့်၊ ပြီးလျှင် မကောင်းသော ဘက်ခြမ်းမရှိသည့် လူများဖြစ်လာရန် တောင်းဆိုခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်စေခြင်း ခံရခွင့်ပေးရန်၊ သန့်ရှင်းခြင်းကို တဖြည်းဖြည်း ရရှိခွင့်ပေးရန်၊ အလင်းတွင် အသက်ရှင်ခွင့်ပေးရန်၊ သာ၍ လွတ်လပ်စွာနှင့် လွတ်မြောက်စွာ အသက်ရှင်ခွင့်ပေးရန် ပျော်ရွင်ခြင်းနှင့် ပြည့်ကာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့် ပြည့်လျှမ်းခွင့်ပေးရန် ဖြစ်သည်။ ထိုသို့သော လူများသည် အားလုံးထဲတွင် ကောင်းချီးအခံစားရဆုံးသော လူများ ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်မှန်းချက်မှာ လူတို့ကို စုံလင်စေရန်၊ ကောင်းချီးအားလုံးထဲမှ အကြီးမားဆုံး ကောင်းချီးကို မွေ့လျော်ခံစားခွင့်ပေးရန် ဖြစ်သည်။ သင်သည် ဤလူစားမျိုး ဖြစ်လာပါက သင့်ထံမှ မည်သည့်အကျိုးကျေးဇူးများကို ဘုရားသခင် ရရှိနိုင်သနည်း။ ဘုရားသခင်တွင် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တစ်ခုတလေ ရှိသလော။ သူသည် ဤအရာမှ လုံးဝ အကျိုးအမြတ် ခံစားရသလော။ (မခံစားရပါ။) ထို့ကြောင့် လူတစ်ဦးသည် ရိုးသားပါက မည်သူသည် အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်သနည်း။ (ထိုသူကိုယ်တိုင် ဖြစ်ပါသည်။) ဤအရာမှ မည်သည့် အကျိုးကျေးဇူးများကို လူတစ်ဦးက ရရှိနိုင်သနည်း။ (ထိုသူ၏ စိတ်နှလုံးသည် လွတ်လပ်ကာ လွတ်မြောက်သွားလိမ့်မည် ဖြစ်ပြီး သူ၏ဘဝသည်လည်း အဆင်ပြေသည်ထက် ပိုအဆင်ပြေလာလိမ့်မည်။ သူသည် အခြားသူများနှင့် ဆက်ဆံသည်နှင့်အမျှ အခြားသူများ၏ ယုံကြည်ကိုးစားခြင်းကို ပိုပိုပြီး ခံရလိမ့်မည်ဖြစ်ကာ အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးများ ရှိပါလိမ့်မည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့်အညီ ပြုမူနေထိုင်ကြသည့်အခါ ဒုက္ခဝေဒနာ ခံစားရတော့မည် မဟုတ်ဘဲ ထိုအစား စိုးရိမ်သောကကင်း၍ အေးချမ်းပြီး ပျော်ရွှင်သည့် ဘဝကို အသက်ရှင်ကြပါလိမ့်မည်။) ဤခံစားချက်က အတော်လေး စစ်မှန်၏။ ထို့ကြောင့် လူကို ဘုရားသခင် ကယ်တင်ခြင်း၏ ရည်မှန်းချက်မှာ အဘယ်နည်း။ (အဆုံးတွင် ဘုရားသည် လူတို့ကို ရရှိနိုင်ရန်အလို့ငှာ ၎င်းတို့အား ပြောင်းလဲကာ သန့်စင်ပေးရန် ဖြစ်ပါသည်။) ဘုရားသခင်၏ ရရှိခြင်းကို ခံရသည့် အကျိုးဆက်မှာ အဘယ်နည်း။ ဘုရားသခင် ကတိပြုထားသည့် အလွန်ကောင်းမွန်သော ခရီးပန်းတိုင်ကို ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာနှင့်သက်ဆိုင်သည့် အကြီးမားဆုံး အကျိုးခံစားရသူမှာ အဘယ်သူနည်း။ (လူဖြစ်ပါသည်။) လူသည် အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်ပေ၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။