လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည် (အပိုင်း သုံး)
ဤနှစ်များတစ်လျှောက်လုံးတွင် ဘုရားသခင်နောက် လိုက်ခြင်းမှ မည်သည့်အရာကို လူတို့ရရှိကြသနည်း။ လူအများစုက ၎င်းတို့၏ ရိတ်သိမ်းခြင်း ကြီးမားခဲ့သည်ဟု ပြောကြပေမည်။ အစွမ်းအစကောင်းရှိပြီး သမ္မာတရား လိုက်စားသူတို့၏ ရိတ်သိမ်းခြင်းက မည်မျှကြီးမားသည်ဆိုသည့်အကြောင်းကို ယခုလောလောဆယ် ငါတို့ ပြောဆိုဆွေးနွေးကြမည် မဟုတ်။ သာမန် အစွမ်းအစ ရှိသောသူတို့ပင် များစွာ ရိတ်သိမ်းခြင်း ရှိသည်။ ပထမဆုံးအနေဖြင့် လူတို့သည် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသည့် ဤ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော လောကနှင့်စပ်လျဉ်း၍ ချင့်ချိန်နိုင်စွမ်းအချို့ ရှိကြသလော။ (ရှိကြပါသည်။) သင်သည် ဘာသာတရားမရှိသူများနှင့် ရောနှောပေါင်းဖော်ခဲ့စဉ်က မည်သို့ခံစားရလေ့ရှိသနည်း။ နေ့စဉ်နေ့တိုင်း သင်ပင်ပန်းခဲ့ရသည်။ စိတ်ဆိုးခဲ့ရသည်။ ဒေါသထွက်ခဲ့ရသည်။ စိတ်ထိခိုက်ခဲ့ရသည်။ ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့ရသည်။ သင့်ကို အနိုင်ကျင့်မည့် ဆိုးယုတ်သော လူတစ်ဦးနှင့် ကြုံဆုံရပြီး သူ့အပေါ် သင်အနိုင်မယူနိုင်မည်ကို ကြောက်သည့်အတွက် သင်သည် စိတ်လွတ်လက်လွတ် မနေဝံ့။ ထို့ကြောင့် သင်၏ မာနကို မျိုသိပ်ခဲ့ရသည်။ ဆိုလိုသည်မှာ ဘာသာတရားမရှိသူ၏ လောက၊ ဆိုးယုတ်သည့် ဤလောကတွင် အသက်ရှင်ရင်း သင်ထိတွေ့ဆက်ဆံလာရသူများသည် နတ်ဆိုးများ ဖြစ်ပေသည်။ ၎င်းတို့သည် အချင်းချင်း ရက်စက်ကြမ်းကြုတ်ကြသောကြောင့် သင်၏ စိတ်နှလုံးသည် အလွန် နာကျင်ခံစားရသည်။ ဤသည်မှာ အသိသာဆုံးသော ခံစားချက်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သည့်နောက်တွင် ဤသိသာထင်ရှားသည့် ခံစားချက်သည် မည်သည့်အရာအဖြစ်သို့ ပြောင်းလဲသွားသနည်း။ သင်၏ ဤအသိတရားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင် အပိုင်းအစသည် မည်သည့်အရာ ဖြစ်လာခဲ့သနည်း။ ဤဆိုးယုတ်သော ခေတ်ကာလအပေါ် စစ်မှန်သည့် ပိုင်းခြားသိမြင်မှုနှင့် စစ်မှန်သည့် အသိပညာ ဖြစ်လာခဲ့ပေသည်။ နှိပ်စက်ညှဉ်းပန်းမှုများစွာ ခံစားခြင်းအားဖြင့် နတ်ဆိုးမင်းများ၏ အကျည်းတန်သော ရုပ်သွင်အပြင် ဤခေတ်ကာလ၏ မှောင်မိုက်မှုနှင့် ဆိုးယုတ်မှုတို့ကို သင်မြင်နိုင်သည်။ ဤသည်မှာ ရိတ်သိမ်းခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သမ္မာတရားကိုလည်း လက်မခံပါက ထိုသို့သော ရိတ်သိမ်းခြင်း ရှိနိုင်သလော။ ယခင်၌ သင်သည် “လူတို့က အဘယ်သို့ဖြစ်ပြီး ပိုဆိုးသည်ထက် ဆိုးလာကြသနည်း။ မယုံကြည်နိုင်အောင်ဖြစ်ရသည်” ဟု ခံစားရုံမျှခံစားခဲ့သည်။ ယင်းကို ယခု သင်ပြောဦးမည်လော။ ယခု သင်သည် ဆိုးယုတ်သောလူများ၊ ယုတ်မာပြီး လောကီဆန်သည့် နတ်ဆိုးများအပေါ် အသိနှင့် ပိုင်းခြားသိမြင်မှုအချို့ ရှိသည်။ သင်သည် ၎င်းတို့နှင့် ထိတွေ့၊ ဆက်ဆံရန် လိုလားမည်လော။ (လိုလားမည်မဟုတ်ပါ။) သင်သည် သေချာပေါက် လိုလားမည်မဟုတ်။ ၎င်းတို့နှင့် ပေါင်းသင်းပြီး ရောနှောနေရန် စေခိုင်းခြင်းခံရပါက သင်သည် ထိုအစား “ကျွန်ုပ် စိုးရွံ့မိပါသည်။ သူတို့ကို ကျွန်ုပ် အနိုင်မယူနိုင်ပါ။ ထိုလူများသည် စာတန်နှင့် သက်ဆိုင်ကြသည်၊ အလွန် ဆိုးယုတ်ကြသည်” ဟု ဆိုလျက် ပင့်သက်ရှိုက်မိမည်ဖြစ်သည်။ သင့်ကို မည်သည့်အရာက အလွန် ပြောင်းလဲစေခဲ့သနည်း။ ထိုအရာမှာ ဘုရားနှုတ်ကပတ်တော်များ၏ အကျိုးတရားများ ဖြစ်သည် မဟုတ်လော။ ထိုအရာမှာ ဆိုးယုတ်သော လူများ၊ ဆိုးယုတ်သော ခေတ်ကာလ၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို မည်သို့ ပိုင်းခြားသိမြင်ရမည့်အကြောင်း အမြဲ ပြောဆိုခြင်းက သင့်အား ဤခေတ်ကာလနှင့် လူသားမျိုးနွယ်ကို သိရှိလာစေသည့် အချက်ပင် ဖြစ်သည် မဟုတ်လော။ သင့်ထံတွင် ဤအသိရှိသောကြောင့် သင်သည် ၎င်းတို့နှင့် ရောနှောနေရန် လိုလားခြင်း မရှိပေ။ သင့်အတွင်းရှိ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်နှင့် အသိတရားသည် ၎င်းတို့ကို စက်ဆုပ်ပြီး သင်သည် ပိုင်းခြားသိမြင်မှု စတင်ရှိလာသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရကို သင်တဖြည်းဖြည်း ရိပ်စားမိလာသည်။ ၎င်းတို့က နတ်ဆိုးများဖြစ်သည်ကို အလွန် ရိုးသားစစ်မှန်စွာဖြင့် သင်မြင်နိုင်သည်။ ၎င်းတို့နှင့် ပေါင်းဖော်နေရခြင်းက သင်၏ စိတ်နှလုံးကို နာကျင်စေပြီး သင့်ကို အလွန် စိတ်မချမ်းမသာ ဖြစ်စေသည်မှာ သင်သည် ဆက်လက်အသက်ရှင်ရန် နည်းလမ်းမရှိသည်အထိပင် ဖြစ်၏။ သင်၏ တစ်ခုတည်းသော ဆန္ဒမှာ ၎င်းတို့နှင့် သင့်ကိုယ်သင် ချက်ချင်း ကင်းကွာစေရန် ဖြစ်သည်။ လူအချို့သည် အသင်းတော်ထဲသို့ ပထမဆုံး ဝင်ရောက်လာပြီး ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရချိန်တွင် ခံစားကြရသည်မှာ “ဤလူများသည် အဘယ်သို့ဖြစ်ပြီး ကွာခြားနေရသနည်း။ သူတို့အားလုံးသည် မိသားစုဝင်များကဲ့သို့ မိမိတို့၏ အတွင်းကျကျ အတွေးများကို ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ ပြောဆိုနိုင်ကြသည်။ သူတို့သည် အဘယ်သို့ဖြစ်၍ မိမိတို့ကိုယ်ကို အခြားသူများထံမှ ခုခံကာကွယ်ထားခြင်း လုံးဝ မရှိကြရသနည်း။ သူတို့ နုံများ နုံအနေကြလေသလော။ ငါကား ပါးနပ်ချက်ချာသူ ဖြစ်သည်။ ငါ့ကိုယ်ငါ လူတိုင်းထံမှ ခုခံကာကွယ်ထားပြီး မည်သူနှင့်မျှ ငါ၏ အတွင်းကျကျ အတွေးများကို မပြော” ဟူ၍ ဖြစ်သည်။ အချိန်ကုန်လာသည်နှင့်အမျှ သမ္မာတရားအနည်းငယ်ကို ၎င်းတို့ နားလည်လာကြသည်။ ရိုးသားသော လူတစ်ဦး ဖြစ်လာဖို့ ၎င်းတို့ စတင်အားထုတ်ခြင်းမရှိဘဲ ထိုအစား အမြဲ မိမိတို့ကိုယ်ကို ဟန်ဆောင်နေပါက၊ လိမ်ညာပြီး လှည့်စားနေပါက ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သွားမည် မဟုတ်လောဟု တွေးမိကြသည်။ ၎င်းတို့ မုချ ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ “သမ္မာတရားကို ငါလက်ခံပြီး ရိုးသားသော လူတစ်ဦး ဖြစ်မှရမည်” ဟု တွေးမိကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးကို ညီအစ်ကို မောင်နှမများထံ ဖွင့်ဟပြီး မိမိတို့၏ အတွင်းကျကျ အတွေးများကို ပြောဆိုရန် ကြိုးစားကြသည်။ ၎င်းတို့ ရံဖန်ရံခါ အလိမ်အညာများ ပြောဆိုသည့်အခါ ဘုရားသခင်ထံ ဆုတောင်းပြီး မိမိတို့၏ အလိမ်အညာများကို စွန့်ပစ်၍ ရိုးသားသော လူတစ်ဦး၏ အပြုအမူကို လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဤသို့ အမြဲ လက်တွေ့လုပ်ဆောင်ကြပြီးနောက် တစ်နေ့တွင် ဤသို့ အသက်ရှင်ခြင်းက အမှန်တကယ် ကောင်းမြတ်သည်ဟု ခံစားကြရလေတော့သည်။ ၎င်းတို့ မပင်ပန်းသည်သာမက ဖိနှိပ်ချုပ်ချယ်ခံရခြင်းလည်း မရှိသကဲ့သို့ နာကျင်ခြင်းလည်း မရှိကြ။ ၎င်းတို့၏ စိတ်နှလုံးများက လွတ်လပ်ပြီး လွတ်မြောက်ကာ ၎င်းတို့တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ခံစားချက်များ အမှန်တကယ် ရှိကြသည်။ ဤနောက်ပိုင်းတွင်မူ ၎င်းတို့သည် မိမိတို့၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ညီအစ်ကို မောင်နှမများနှင့် ပွင့်လင်းစွာ မိတ်သဟာယပြုနိုင်ကြသည်။ “ဘုရားအိမ်တော်သာ သမ္မာတရားနှင့်ဆိုင်သည့် ပတ်ဝန်းကျင်ရှိသည်။ ထိုနေရာတွင်သာ ဘုရားနှုတ်ကပတ်တော်က ဩဇာအာဏာကို ကျင့်သုံးသည်။ ထိုနေရာတွင်သာ သန့်စင်သည့် နယ်မြေရှိသည်။ ဘုရားအိမ်တော်တွင်သာ လူတို့သည် ဆက်လက် အသက်ရှင်ကြသည်နှင့်အမျှ လူသားတစ်ဦးနှင့် ဆင်တူခြင်း ပိုမို ရှိလာနိုင်ကြသည်” သင့်ထံတွင် ထိုသို့သော ခံစားချက်များ အမှန်တကယ် ရှိပါက ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်း သင်မြင်ပြီး သူ၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားသောကြောင့် ဘုရားသခင်ကို သင်စွန့်ခွာလိမ့်မည် မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို ဤသို့ ယုံကြည်ကြပြီး သူ့နောက် ဤသို့ လိုက်ကြသည်ကို ဘာသာတရားမရှိသူများက မြင်သည့်အခါ သဘောမပေါက်ကြပေ။ ဤလူများက မည်သည့်အရာ လုပ်ဆောင်နေသည်၊ အဘယ်ကြောင့် ဘုရားသခင်အပေါ် ထိုမျှကြီးမားသည့် ယုံကြည်ခြင်းရှိကြသည် သို့မဟုတ် ထိုသို့သော ခက်ခဲသည့် အခြေအနေများတွင် ၎င်းတို့က အဘယ်ကြောင့် စုဝေးပွဲများ မရမကလုပ်နေကြဆဲ ဖြစ်သည်ကို ထိုမယုံကြည်သူများ နားမလည်ကြပေ။ ၎င်းတို့ ရှင်းလင်းခံရပြီး နှင်ထုတ်ခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို မစွန့်ခွာကြပေ။ ကောင်းမှုများကို ပြင်ဆင်ရန် ဧဝံဂေလိကို ဖြန့်သည့် ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းတွင် မဆုတ်မနစ် ကြိုးပမ်းကြဆဲ ဖြစ်သည်။ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို စွန့်ခွာဝံ့မည်မဟုတ်သည့် လူအချို့ကား ၎င်းတို့ထဲတွင် ရှိသည်။ ထိုသူတို့သည် စွန့်ခွာလျှင် ၎င်းတို့အပေါ် ဘုရားသခင်၏ အပြစ်ဒဏ် ကျရောက်လာမည်ကို ကြောက်ရွံ့ကြသည်။ သင့်ကို အမှန်တရား ငါပြောမည်။ သင်သည် စိတ်အေးလက်အေး ထွက်သွားနိုင်သည်။ ဘုရားသခင်က သင့်ကို အပြစ်ဒဏ်ပေးလိမ့်မည် မဟုတ်။ ဘုရားသခင်သည် လူတို့ကို လွတ်လပ်မှုပေးထား၏။ ဘုရားအိမ်တော် တံခါးလည်း အစဉ်အမြဲ ဖွင့်ထားပေသည်။ စွန့်ခွာလိုသောသူ မည်သူမဆို အချိန်မရွေး နေရာမရွေး ကန့်သတ်မှုမရှိဘဲ ထိုသို့လုပ်ဆောင်နိုင်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် စွန့်ခွာပြီးနောက် ပြန်လည်ဝင်ရောက်လိုပါက ထိုမျှမရိုးရှင်းပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသူသည် တင်းကျပ်သည့် စစ်ဆေးမှုကို ဖြတ်သန်းရမည်ဖြစ်သည်။ သူအမှန်တကယ် နောင်တရခြင်း ရှိမရှိ၊ လူကောင်းတစ်ဦး ဟုတ်မဟုတ်ဆိုသည်ကို စုံစမ်းစစ်ဆေးခြင်း ခံရမည်ဖြစ်သည်။ ထို့နောက်တွင်မှ အသင်းတော်ထဲသို့ ထိုသူကို ပြန်လည်လက်ခံ၍ ရနိုင်ပေသည်။ သို့ရာတွင် ဘုရားသခင်ကို စွန့်ပယ်ပြီး လောကသို့ ပြန်သွားလိုသည့်သူများအတွက်မူ ဘုရားအိမ်တော်တွင် မည်သည့်ကန့်သတ်ချက်မျှ လုံးဝ မရှိပေ။ အချို့သော လူတို့ကို စွန့်ခွာခွင့်မပြုဟု ဆိုသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုတလေ အသင်းတော်တွင် ရှိသလော။ (မရှိပါ။) လုံးဝ မရှိဖူးပေ။ ဘုရားအိမ်တော်က မည်သူကိုမဆို အသင်းတော်ကို စွန့်ခွာခွင့်ပေးသည်။ ဆိုးယုတ်သော လူတစ်ဦးက အသင်းတော်ကို စွန့်ခွှာလျှင် ဘုရားအိမ်တော်က ၎င်းတို့ကို ဝမ်းမြောက်ဝမ်းသာပင် လိုက်လံပို့ဆောင်နှုတ်ဆက်ပေးဦးမည် ဖြစ်သည်။ သို့ရာတွင် စွန့်ခွာလိုသည့် လူများထံ “သင်စွန့်ခွာ၍ မဖြစ်ပါ။ သင့်တွင် ဆုကျေးဇူးအချို့နှင့် အစွမ်းအစအချို့ ရှိနေဆဲ ဖြစ်သည်။ သင်သည် အသင်းတော်တွင် အနာဂတ်ရှိနေဆဲ ဖြစ်ပြီး အနာဂတ်တွင် ကြီးမားစွာ သင်ကောင်းချီးခံစားရနိုင်သည်” ဟု ဆိုလျက် မိမိတို့၏ စေတနာကို အမြဲ ဖော်ပြလိုသည့် လူအချို့ ရှိသည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု တွေးထင်လျက် လူတို့ကို ဤသို့ ဖျောင်းဖျရန် ကြိုးစားသည့် စေတနာကောင်းသော လူအချို့ ရှိကြသည်။ လူတို့အား ဤသို့ ဆက်နေခိုင်းခြင်းသည် အသုံးဝင်မှုတစ်ခုတလေ ရှိသလော။ သင်သည် လူတို့ကို ဆက်နေအောင် လုပ်၍ ရနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးကို ဆက်နေအောင် လုပ်၍ကား မရနိုင်ပေ။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားအိမ်တော်တွင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ၎င်းတို့ ဆက်နေအောင် သင်အနိုင်အထက် သွေးဆောင်လျှင်ပင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူ မဟုတ်သောကြောင့် မည်သည့်ကောင်းချီးများကို ၎င်းတို့ရရှိနိုင်မည်နည်း။ ၎င်းတို့အနေဖြင့် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများဖြစ်ပါက ဆက်ရှင်သန်နိုင်ခြင်း ကောင်းချီးသည် ပေါ့သေးသေး မဟုတ်ပေ။ သို့ရာတွင် သမ္မာတရားကို မလိုက်စားသောသူတို့အတွက်မူ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ငြီးငွေ့ဖွယ်ရာ ဖြစ်သောကြောင့် ၎င်းတို့သည် အလုပ်လုပ်ပေးရန် လိုလားနေကြသလော။ ထို့ကြောင့် စိတ်စေတနာကောင်းပေါ် အရင်းခံထားသည့် ဤဖျောင်းဖျခြင်း နည်းစနစ်သည် လူကောင်းတစ်ဦးအတွက် ရလဒ်အချို့ ရှိသော်လည်း ဆိုးယုတ်သော လူတစ်ဦးအတွက် အသုံးပြုသည့်အခါ အနည်းငယ် မိုက်မဲပေသည်။ အခြားသူများကို တိုက်တွန်းခြင်းအတွက် စည်းမျဉ်းများ ရှိ၏။ နောင်တရနိုင်သော သူတို့အတွက် တိုက်တွန်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် ရလဒ်အချို့ ရစေသော်လည်း ဆိုးယုတ်သော လူတို့အတွက် တိုက်တွန်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် အချည်းနှီး ဖြစ်သည်။ ၎င်းတို့ကို ဖျောင်းဖျရန် သင်ကြိုးစားလေ ၎င်းတို့က သင့်ကို စက်ဆုပ်လေဖြစ်ပြီး ၎င်းတို့၏ အရှက်တရားက ဒေါသအဖြစ်သို့ ပြောင်းသွားသည်။ ဤအရာက မိုက်မဲမှုကို ပြသည်။ ဆိုးယုတ်သော လူတစ်ဦးကို တိုက်တွန်းခြင်းသည် မိုက်မဲ၏။ ဘုရားသခင်ကို ယုံကြည်လာသည်မှာ အချိန်အားဖြင့် သိပ်မကြာသေးသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ၎င်းတို့ကို သမ္မာတရားများစွာအပေါ် သိမြင်နားလည်ခြင်းနှင့်ဆိုင်သည့်၊ ရှင်းလင်းသည့် အသိပညာပေးကြောင်း၊ သမ္မာတရားကို ၎င်းတို့ အပြည့်အဝ မရရှိသေးသော်လည်း ၎င်းတို့ အတော်အတန် ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်ထံမှ အမှန်တကယ် များစွာ ရရှိပြီးဖြစ်ကြောင်း ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်နေရာတွင် ခံစားရသည့် လူအချို့ ရှိသည်။ သင်သည် အတွေ့အကြုံဆိုင်ရာ အသိပညာနှင့် သက်သေခံချက်အကြောင်း ပြောဆိုရန် စေခိုင်းခြင်းခံရသည့်အခါ ရှင်းလင်းစွာ မပြောဆိုနိုင်သေးသော်လည်း သင့်အနေဖြင့် ကောင်းမွန်ပြီး အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် ရှေ့ဆက်နေကြောင်းနှင့် မကောင်းသည့် သို့မဟုတ် အပျက်သဘောဆောင်သည့် ဦးတည်ချက်ဖြင့် နောက်ပြန်သွားနေခြင်း မရှိကြောင်း သင်တကယ်ကို ခံစားရပြီး သင့်ကိုယ်သင် “ငါလူကောင်းတစ်ဦးဖြစ်ရန် လိုအပ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန် လိုအပ်သည်။ ငါသည် ဘုရားသခင် စက်ဆုပ်သောသူဖြစ်သည့် ဆိုးယုတ်မှု၏ မာနထောင်လွှားသော တပည့်ရင်းတစ်ဦး ဖြစ်ဖို့မဆိုထားနှင့်၊ လှည့်ဖြားတတ်သော လူတစ်ဦးပင် လုံးဝ ဖြစ်၍မရ။ ဘုရားသခင်ကို ကျေနပ်စေသော တစ်စုံတစ်ဦး ဖြစ်ရန် လိုအပ်သည်” ဟု စဉ်ဆက်မပြတ် ပြောနေသည်။ ထိုကဲ့သို့ သင်သည် မကြာခဏ မိမိကိုယ်ကို ဆုံးမကာ မိမိကိုယ်ကို ချုပ်ထိန်း၍ နှစ်အနည်းငယ် ကြာပြီးနောက်တွင် လူသားပုံသဏ္ဌာန်အနည်းငယ်ကို အသက်ရှင်နေထိုင်နိုင်သည်ဟု နောက်ဆုံး၌ သင်တွေးထင်သည်။ လူတို့၏ အစစ်မှန်ဆုံး ခံစားချက်များ၊ အတွေ့အကြုံများ၊ သိနားလည်မှုများမှ ပြောဆိုရလျှင် လူသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်နေစဉ် ဘုရားသခင့်အမှုတော်၏ အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်သည်။ လက်ရှိအချိန်ထိတိုင် ဘုရားသခင်ကို ယုံကြည်လာသည့်နောက် မည်သည့်အရာကို သင်တို့ လက်လွှတ်ဆုံးရှုံးလေပြီနည်း။ သင့်အတွက် ငါသေချာ ရှင်းပြပေးမည်။ စိတ်အလိုလိုက်လွန်းခြင်း၊ သင်အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်း၊ အကြင်နာမဲ့စွာ အသက်ရှင်ခြင်းတို့အပြင် နိုက်ကလပ်နှင့် ဘားများတွင် သွားရောက် ကခုန်၊ သီဆိုကာ ပါတီလုပ်ရန် အခွင့်အရေးများကို သင်တို့ လက်လွှတ်ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ဆိုးယုတ်မှု ရေစီးကြောင်းများထဲ မူးမော်သည်အထိ တဝတပြဲ စားသောက်ဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ပြီဖြစ်သည်။ ဤနေ့ရက်များ သင့်တွင် မရှိတော့ချေ။ သို့ရာတွင် ထို့ထက် ပို၍ မည်သည့်အရာကို သင်ရရှိခဲ့ပြီနည်း။ လူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းက ၎င်းတို့ကို အတော်လေး ပျော်ရွှင်စေကာ ပူပင်ကြောင့်ကြမဲ့စေသည်ဟု မကြာခဏ ခံစားကြသည်။ တစ်သက်တာလုံး ဤသို့ အသက်ရှင်သွားရလျှင် အတော်လေး အဆင်ပြေမည် ဖြစ်သည်။ သင်ရရှိသည့် အရာအများစုသည် ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတို့ ဖြစ်သည်။ ဤသည်တို့သည် စစ်မှန်သည့် အကျိုးကျေးဇူးများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့က “လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျွန်ုပ်သည် မိမိတာဝန်ကို လုပ်ဆောင်ခြင်းကြောင့် အနည်းငယ် ပင်ပန်းသော်လည်း မည်သို့ဆိုစေ စိတ်အေးလက်အေး ဖြစ်ပါသည်” ဟု ပြောကောင်းပြောကြပေမည်။ ဤစိတ်အေးလက်အေးဖြစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငွေဖြင့် ဝယ်ယူ၍ မရသကဲ့သို့ အဆင့်အတန်း သို့မဟုတ် ကျော်ကြားမှု သို့မဟုတ် အကျိုးအမြတ် သို့မဟုတ် ပညာရေး ဘွဲ့ဒီဂရီဖြင့် အလဲအလှယ်လုပ်၍လည်း မရနိုင်ပေ။
ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအတွက် သမ္မာတရားကို ရရှိခြင်းသည် အသက်ကို ရရှိခြင်းဖြစ်ပြီး အသက်ကို ရရှိခြင်းသည် စစ်မှန်သည့် အကျိုးကျေးဇူးများကို ရရှိခြင်း ဖြစ်သည်။ လူက စစ်မှန်သည့် အကျိုးကျေးဇူးများကို ရရှိသည့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် ၎င်းတို့ထံမှ မည်သည့်အရာကို ရရှိသနည်း။ လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ လူ့ထံမှ မည်သည့်အရာကို ဘုရားသခင်ရရှိရန် လိုအပ်သနည်း။ ဘုရားသခင်သည် အပေးအယူလုပ်ခြင်းတွင် ပါဝင်ပတ်သက်မှု ရှိသလော။ (မရှိပါ။) ဘုရားသခင်၏ စကားနှင့် လုပ်ရပ်များတွင် သူက “ဤစကားများကို ငါပြောပြီးဖြစ်သောကြောင့် သင်တို့သည် ဤမျှသော ငွေကို ငါ့အား ပေးရန်လိုအပ်သည်” ဟု ပြောဖူးသလော။ ဘုရားသခင်သည် သင့်ထံမှ တစ်ပြားတစ်ချပ် တောင်းဖူးသလော။ (မတောင်းဖူးပါ။) ဘုရားသခင်က လူ၏ အသက်ဖြစ်နိုင်သည့် အလွန်များသော သမ္မာတရားများကို လူသားမျိုးနွယ်အား အလွန် ကိုယ်ကျိုးမငဲ့စွာနှင့် အခမဲ့ပေးမည်ကို ယုံကြည်မှုကင်းသည့် လူအချို့က လုံးဝ မယုံကြည်ကြပေ။ ဤအချက်ကို ၎င်းတို့ မယုံကြည်ကြ။ ကမ္ဘာမြေပေါ်ရှိ ကိစ္စရပ်အားလုံးသည် အပေးအယူနှင့်ဆိုင်ကြောင်း၊ အလကားရသည့် အရာဟူ၍ ဘာမျှမရှိကြောင်း ၎င်းတို့ တွေးထင်ကြသောကြောင့် ဘုရားနှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအားလုံးကို လူသားမျိုးနွယ်ထံ အဖိုးအခမယူဘဲ အခမဲ့ ပေးထားခြင်းဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ဤသို့ဖြစ်နေလျှင်ပင် သေချာပေါက် ထောင်ချောက်တစ်ခု ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ၎င်းတို့က ဤသို့ သံသယထားခြင်းသည် အံ့အားသင့်စရာ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မည်သူ့အပေါ် သမ္မာတရား ပေးသနားထားသည်ကို ၎င်းတို့သိဖို့ မဆိုထားနှင့်၊ မည်သူကို ဘုရားသခင် ကယ်တင်ပြီး စုံလင်အောင် ပြုပေးသည်ကိုပင် ၎င်းတို့မသိကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် အမှန်တကယ် အခမဲ့ဖြစ်သည်။ သူ့အနေဖြင့် လူတို့ကို မည်သည့်အရာ လုပ်ဆောင်ရန် တောင်းဆိုသည်ဖြစ်စေ ထိုအရာကို ၎င်းတို့လုပ်ဆောင်သရွေ့ သူသည် စိတ်ကျေနပ်အားရပြီး လူတို့ကလည်း သူ၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြသည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို လူတို့လက်ခံနိုင်ပြီး သူ၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်သရွေ့ ဤသည်မှာ ဘုရားသခင် မျှော်လင့်သည့် ရလဒ်ဖြစ်ကာ လူတို့ကို သူကယ်တင်နေစဉ် ၎င်းတို့ထံမှ သူအလိုရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်က ဤမျှလေးကိုသာ အလိုရှိသော်လည်း လူတို့သည် သူ့ကို ပေးနိုင်ကြသလော။ ဘုရားသခင်၏ ဤတောင်းဆိုချက်ကို သူ့အား ပြန်ဆပ်ရန် ရှိသမျှအားလုံးထဲမှ တန်ဖိုးအရှိဆုံးသောအရာအဖြစ် သဘောထားနိုင်သည့် လူမည်မျှ ရှိသနည်း။ ဘုရားသခင်၏ စိတ်နှလုံးကို မည်သူနားလည်နိုင်သနည်း။ မည်သူမျှ နားမလည်နိုင်သကဲ့သို့ လူတို့သည် အားလုံးထဲမှ တန်ဖိုးအရှိဆုံးသောအရာကို မိမိတို့ရရှိထားကြောင်းကိုလည်း သတိမပြုမိကြချေ။ အားလုံးထဲမှ တန်ဖိုးအရှိဆုံးသော အရာကို ၎င်းတို့ရရှိထားပြီးဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုရသနည်း။ ဘုရားသခင်သည် သူ၏ အသက်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူ့အပေါ် ပေးသနားထားပြီးဖြစ်သည်။ ဤသည်မှာ ထိုအရာကို ၎င်းတို့အသက်ရှင်နေထိုင်နိုင်ရန်အလို့ငှာ ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းအပြင် သူပေးသနားထားသည့် သမ္မာတရားများကို ၎င်းတို့ယူ၍ မိမိတို့၏ ဘဝ ဦးတည်ချက်နှင့် ရည်မှန်းချက်များအဖြစ်သို့ ပြောင်းလဲနိုင်ရန်အလို့ငှာ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များအတိုင်း ၎င်းတို့အသက်ရှင်နိုင်ကာ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်ဖြစ်အောင် လုပ်နိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်သည် လူ၏ အသက်ဖြစ်လာနိုင်ရန်အလို့ငှာ လူ့အပေါ် သူ၏ အသက်ကို အခမဲ့ ပေးသနားထားပြီးဖြစ်သည်ဟု ဆို၍ မရနိုင်သလော။ (ရနိုင်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်ထံမှ လူတို့ ရရှိသည့်အရာမှာ အဘယ်နည်း။ သူ၏ မျှော်လင့်ချက်များလော။ သူ၏ ကတိတော်များလော။ သို့မဟုတ် မည်သည့်အရာနည်း။ ဘုရားသခင်ထံမှ လူတို့ရရှိသည့်အရာမှာ အနှစ်မဲ့သည့် စကားတစ်ခွန်းမဟုတ်၊ ဘုရားသခင်၏ အသက်ပင် ဖြစ်ချေတော့သည်။ လူတို့ကို ဘုရားသခင်က အသက်ပေးသည့် တစ်ချိန်တည်းတွင် ၎င်းတို့အပေါ် သူ၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ သူ၏ အသက်ကို ၎င်းတို့ကိုယ်ပိုင်အသက်အဖြစ် အသက်ရှင်နေထိုင်ကြရန်သာ ဖြစ်သည်။ ဤအသက်အား သင်အသက်ရှင်နေထိုင်နေသည်ကို ဘုရားသခင်မြင်သည့်အခါ ကျေနပ်ဝမ်းမြောက်သည်။ ဤသည်မှာ သူ၏ တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံမှ လူတို့ရရှိသည့်အရာမှာ တန်ဖိုးမဖြတ်နိုင်သည့် အရာတစ်ခုဖြစ်သော်လည်း ဤတန်ဖိုးမဖြတ်နိုင်သည့်အရာကို ၎င်းတို့အား သူပေးသည့် တစ်ချိန်တည်းတွင် မည်သည့်အရာကိုမျှ သူမရရှိပေ။ အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူမှာ လူဖြစ်သည်။ လူသည် အကြီးမားဆုံး ရိတ်သိမ်းခြင်းကို ခံစားရပြီး လူသည် အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို လူတို့က မိမိတို့၏ အသက်အဖြစ် လက်ခံသည့်တစ်ချိန်တည်းတွင် သမ္မာတရားကို ၎င်းတို့ နားလည်ကြပြီး ပြုမူနေထိုင်ခြင်းအတွက် စည်းမျဉ်းများနှင့် အခြေခံအုတ်မြစ်တစ်ခု ရှိကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝလမ်းကြောင်းအတွက် ဦးတည်ချက်တစ်ခု ရှိကြလေသည်။ ၎င်းတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် ချည်နှောင်ခြင်း မခံရတော့သကဲ့သို့ ဆိုးယုတ်သော လူတို့၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် အသုံးချခြင်းကိုလည်း မခံရတော့ပေ။ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ ညစ်ညမ်းစေခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်း မခံရတော့ပေ။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် လွတ်လပ်ကာ လွတ်မြောက်လျက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အမှန်တကယ် အသက်ရှင်နိုင်ကြသည်။ ဆိုးယုတ်သော သို့မဟုတ် မကောင်းသော အင်အားစုတစ်ခုတလေ၏ တစ်ဖန် အကြမ်းဖက်ခြင်းကို လုံးဝ မခံရပေ။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဤအသက်မျိုးကို အသက်ရှင်နေထိုင်သည်နှင့်အမျှ စိတ်ဆင်းရဲခြင်း မခံစားရတော့သကဲ့သို့ ၎င်းတို့တွင် အခက်အခဲများလည်း မရှိကြောင်းပင်။ ပျော်ရွင်စွာ၊ လွတ်လပ်၊ လွယ်ကူစွာ ၎င်းတို့ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိကြသည်။ သူ့ကို ပုန်ကန်ခြင်း မရှိသကဲ့သို့ အတိုက်အခံလုပ်ခြင်းလည်း မရှိကြချေ။ သူ၏ အချုပ်အခြာအာဏာအောက်တွင် အမှန်တကယ် အသက်ရှင်ရင်း လုံးဝ တရားမျှတသည့် နည်းလမ်းဖြင့် လုံးလုံးလျားလျား အသက်ရှင်ကြသည်။ ၎င်းတို့တွင် သမ္မာတရားနှင့် လူ့သဘာဝ ရှိကြပြီး လူသားမျိုးနွယ်ဟူသည့် အမည်နာမနှင့်လည်း ၎င်းတို့ထိုက်တန်လာကြသည်။ ထိုသို့သော ကြီးမားလှသည့် အကျိုးကျေးဇူးတစ်ခု ရရှိခြင်းကို ဘုရားသခင်က လူအား ပေးထားသည့် ကတိတော်များဟု လူ၏ စိတ်ကူးအမြင်ထဲတွင် ရှိသည့်အရာများ သို့မဟုတ် လူက ရရှိရန် ဆန္ဒရှိသည့် ကောင်းချီးများနှင့် နှိုင်းယှဉ်ကြည့်လော့။ မည်သည့်အရာ သာ၍ ကောင်းမွန်သနည်း။ မည်သည့်အရာကို လူတို့ အလိုအပ်ဆုံး ဖြစ်သနည်း။ မည်သည့်အရာက ဘုရားသခင်ကို လူတို့ကျိုးနွံနာခံပြီး ကိုးကွယ်အောင် လုပ်ပေး၍ ၎င်းတို့အား ဘုရားသခင်၏ ဖျက်ဆီးခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မခံရစေဘဲ ထာဝရ အသက်ရှင်အောင် လုပ်ပေးနိုင်သနည်း။ ကောင်းချီးခံစားလိုသည့် သင်၏ဆန္ဒသည် အရေးကြီးသလော သို့မဟုတ် သင့်အား ဘုရားသခင် ပေးထားပြီးဖြစ်သည့် အသက်ကို အမှန်တကယ် အသက်ရှင်နေထိုင်ခြင်းက အရေးကြီးသလော။ မည်သည့်အရာက သင့်ကို ဘုရားသခင်၏ စက်ဆုပ်ခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မခံရစေဘဲ ဘုရားသခင်ရှေ့မှောက်သို့ လာရန် သာ၍ ကူညီပေးနိုင်သနည်း။ သင်၏ဘဝကို မည်သည့်အရာက ထိန်းသိမ်းပေးနိုင်သနည်း။ ဘုရားသခင်ထံမှလာသည့် သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ သင်သည် ဤထာဝရအသက်ကို ရရှိနိုင်ပေသည်။ ဤအသက်ကို သင်ရရှိသည်နှင့်တစ်ပြိုင်နက် သင်၏ ဘဝသည် အချိန်အကန့်အသတ် မရှိဘဲ ဖြစ်သွားသည်။ ဤသည်မှာ ထာဝရအသက် ဖြစ်သည်။ သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ တစ်စုံတစ်ဦးသည် ဘုရားသခင်ထံမှ လာသည့် အသက်ကို မရရှိပါက သေဆုံးရမည် ဖြစ်ကြောင်းပင်။ လူသားအသက်သည် အချိန်ဖြင့် ကန့်သတ်ခြင်းခံရသည်။ အချိန်ဖြင့် ကန့်သတ်ခြင်းခံရသည့် အသက်သည် ထာဝရအသက် ဟုတ်သေးသလော။ မဟုတ်ပေ။ ကောင်းချီးခံစားလိုသည့် သင့်လိုအင်ဆန္ဒသည် ဘုရားသခင်ထံမှ ထာဝရအသက် ရရှိခြင်းနှင့်ဆိုင်သော နေရာကို ယူနိုင်သလော။ ကောင်းချီးခံစားလိုသည့် တစ်စုံတစ်ဦး၏ ဆန္ဒသည် ၎င်းတို့ကို သေခြင်းမှ တားဆီးပေးနိုင်သလော။ မတားဆီးပေးနိုင်ပေ။ ယင်းမှာ သေချာပေသည်။
ဘုရားသခင်သည် သမ္မာတရားများစွာ ဖော်ပြရန် ကြွလာပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်ထံမှ အသက်ကို ရရှိပြီး သူ့ထံမှလာသည့် ထာဝရအသက်၊ ထာဝရတည်သော အသက်တစ်ခုကို ရရှိကြသည်။ ဘုရားသခင် ပြောင်းလဲပြီလော။ (မပြောင်းလဲပါ။) သဘောတရားအရ ပြောရလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ကြီးမားသော စီမံကိန်းသည် လူတို့အား သေဆုံးခြင်းမရှိဘဲ ထာဝရ အသက်ရှင်ရန် နောက်ဆုံးတွင် အရည်အချင်းပြည့်မီစေပြီဖြစ်သည်။ ဤအဆင့်တွင် ဘုရားသခင်သည် သူ၏ ဆန္ဒများကို ပြည့်စုံစေပြီဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုအား ပြည့်စုံစေပြီဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်သော အမှု ပြီးမြောက်ပြီဖြစ်ကာ ထိုအရာမှ အကျိုးကျေးဇူးအချို့ကို ဘုရားသခင် ရရှိပြီးဖြစ်သည့်အလား ထင်ရသော်လည်း အမှန်တွင် မည်သူသည် ထာဝရ အသက်ရှင်မည့်သူ ဖြစ်သနည်း။ မည်သူသည် အကြီးမားဆုံး ကောင်းချီးများကို ရရှိနေသူ ဖြစ်သနည်း။ (လူဖြစ်ပါသည်။) လူသားမျိုးနွယ်ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို မရရှိပါက သူ၏ အဆင့်အတန်း ပြောင်းလဲသွားလိမ့်မည်လော။ (ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ။) ဘုရားသခင်၏ အဆင့်အတန်း ပြောင်းလဲမည်မဟုတ်သကဲ့သို့ သူ၏ အနှစ်သာရရော အခြား မည်သည့်အရာမျှပါ ပြောင်းလဲမည်မဟုတ်။ ဆန့်ကျင်ဖက်အနေဖြင့် လူ၏ ကံကြမ္မာမူကား သိသိသာသာ ပြောင်းလဲသွားပေမည်။ သေးငယ်သည့် ကွဲပြားခြားနားမှုမဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးကြား ခြားနားမှု ဖြစ်သည်။ တစ်ခုသည် ထာဝရ သေဆုံးရန်ဖြစ်သည်။ အခြားတစ်ခုမှာ ထာဝရ အသက်ရှင်ရန် ဖြစ်သည်။ မည်သည့်အရာကို လူတို့ ရွေးချယ်သင့်သနည်း။ (ထာဝရ အသက်ရှင်ရန် ရွေးချယ်သင့်ပါသည်။) ဘုရားသခင်က မည်သည့်အရာကို မြင်ရန် ဆန္ဒရှိသနည်း။ လူသားမျိုးနွယ်အပေါ် သူ၏ အကြီးမားဆုံး မျှော်လင့်ချက်မှာ အဘယ်နည်း။ အဘယ်ကြောင့် သူသည် ထိုမျှ ကြီးမားသော အဖိုးအခကို ပေးခဲ့သနည်း။ ဘုရားသခင်သည် တောင်းဆိုချက် သို့မဟုတ် အပေးအယူ တစ်ခုမျှမရှိဘဲ၊ ထပ်ဆင့် သတ်မှတ်ချက် တစ်ခုမျှမရှိဘဲ သူ၏ အသက်ကို လူအား အခမဲ့ပေးခဲ့သည်။ လူတို့အပေါ် သူတောင်းဆိုသမျှမှာ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စိတ်နှလုံးထဲ လက်ခံပြီး သူ၏ သတ်မှတ်ချက်များအတိုင်း လူသားအသွင်ကို အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ ထို့နောက်တွင် သူ၏ အမှုသည် ရလဒ်များ စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ကာ သူ၏ ဆန္ဒများ ပြည့်စုံသွားလိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူတို့သည် သဘောထားကျဉ်းမြောင်းကြသည်။ ဤနှုတ်ကပတ်တော်များ အားလုံးကို ပြောဆို၍ လူတို့အား ယင်းတို့ကို စားသောက်စေကာ ယင်းတို့ထဲ ဝင်ရောက်စေရာတွင်၊ လူတို့အား အမှုအရာများကို စွန့်ပယ်စေပြီး မိမိတို့ကိုယ်ကို အသုံးခံစေရာတွင်၊ မိမိတို့ကိုယ်ကို ပုန်ကန်ကာ၊ မိမိတို့ကိုယ်ကို ဘေးဖယ်ထားစေပြီး သူ့ကို စဉ်ဆက်မပြတ် ကိုးကွယ်စေရာတွင် ဘုရားသခင်သည် ကြီးမားသည့် အကျိုးအမြတ်တစ်ခုခု ရကောင်းရနေနိုင်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ အမှန်တွင် ဤသည်မှာ မှန်သလော။ (မမှန်ပါ။ ဘုရားသခင်သည် ကိုယ်ကျိုးမငဲ့ပါ။ သူသည် တောင်းဆိုချက်များမရှိဘဲ၊ လူတို့အား သူ့ကို ပြန်ဆပ်ရန် တောင်းဆိုခြင်းမရှိဘဲ လူ့အပေါ် သမ္မာတရားကို ပေးသနားပါသည်။) ဤကိစ္စများကို ကြည့်သည့်အခါ “ဘုရားသခင်သည် ကိုယ်ကျိုးမငဲ့” ဟူသည့် စကားရပ်သည် မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်သည် ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို တစ်ကိုယ်ကောင်းဆန်ခြင်း မရှိ။ မိမိကိုယ်တိုင်အတွက်သာဖြစ်ပြီး လူအတွက် မဟုတ်သည့် အရာတစ်ခုတလေကို ဘုရားသခင် လုပ်ဆောင်ဖူးသလော။ လုံးဝ မလုပ်ဆောင်ဖူးပေ။ လက်ရှိအချိန်ထိ ဘုရားသခင်သည် ထိုသို့သော အရာတစ်ခုကို မလုပ်ဆောင်ဖူးပေ။ ယင်းကို လူတို့က ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် သိရှိနိုင်၏။ ဘုရားသခင်က လူတို့ကို သမ္မာတရားအား သိနားလည်ခွင့်ပေးပြီး သူ့ထံမှလာသည့် အသက်ကို ရရှိခွင့်ပေးသည့် တစ်ချိန်တည်းတွင် အလွန်များသည့် အခြေအနေများ၊ လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကိုလည်း သူစီစဉ်ကာ လူတို့အား မိမိတို့တာဝန်များကို လုပ်ဆောင်ရန် သင့်တင့်လျောက်ပတ်သော အခွင့်အရေးများ ပေးလေသည်။ ထိုသို့အားဖြင့် ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ၏ စစ်မှန်မှုနှင့် ထိုအထဲတွင် ပါရှိသည့် သမ္မာတရားကို လုံလောက်စွာ တွေ့ကြုံပြီး နားလည်ရန် သင့်တော်သော အခြေအနေများနှင့် အနေအထားများ ရှိနိုင်ကြဖို့အလို့ငှာ ဖြစ်ပေသည်။ သူသည် လူတို့အား သူ၏ ရည်ရွယ်ချက်များကို သိနားလည်စေရန်၊ သူ၏ စိတ်နှလုံးကို အထင်မလွဲစေရန်၊ မှန်ကန်သည့် လမ်းခရီးပေါ် လူတို့ခြေချစေရန် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးမှု၊ နိုးဆော်မှုများနှင့် တိုက်တွန်းမှုများအပြင် အသင်းတော် အသက်တာနှင့် ညီအစ်ကိုမောင်နှမများ၏ အပြန်အလှန် မိတ်သဟာယပြုမှု၊ အားပေးမှု၊ အကူအညီပေးမှုတို့ကဲ့သို့သော နည်းစနစ်မျိုးစုံကို အသုံးပြုလေသည်။ ဤအရာအားလုံးကို ဘုရားသခင် လုပ်ဆောင်သည့် တစ်ချိန်တည်းတွင် သူသည် လူတို့အား သူ့အတွက် အထူးကိစ္စများ လုပ်ဆောင်ပေးရန် တောင်းဆိုလျက် လူတို့အပေါ် ထပ်ဆင့်သတ်မှတ်ချက်များ တစ်ခုတလေ ရှိသလော။ (မရှိပါ။) တိုတိုပြောရလျှင် လူတို့ကို ဘုရားသခင် ကယ်တင်ချိန်၌ သူသည် ၎င်းတို့ကို လုံလောက်သည့် အခွင့်အရေးများနှင့် လုံလောက်သည့် နေရာ ပေးကာ လူတစ်ဦးစီကို တည်ဆောက်ပေးရန် အမျိုးမျိုးသော အကျိုးကျေးဇူးများအပြင် အခန့်သင့်သော အနေအထားများနှင့် အခြေအနေများကို ပေးသည်။ တစ်ချိန်တည်းတွင် သူသည် လူတစ်ဦးစီတိုင်းကို သန့်စင်စေပြီး စုံလင်ခံရနိုင်သူများကို အဆုံးတွင် စုံလင်အောင် ပြုပေးသည်။ သမ္မာတရားကို ချစ်ပြီး လိုက်စားသောသူတို့ကို သူစုံလင်အောင် ပြုပေးသည်။ တိုတိုပြောရလျှင် လူတို့ထံ သူပြောသည့် နှုတ်ကပတ်တော်များဖြစ်စေ၊ သူပြုသည့် အမှုဖြစ်စေ၊ သူပေးသည့် အဖိုးအခဖြစ်စေ ဘုရားသခင်လုပ်ဆောင်သည့် ဤအရာအားလုံးကို အခမဲ့ လုပ်ဆောင်ထားခြင်း ဖြစ်သည်။
အမှန်တွင် ဘုရားသခင်က နှစ်ပေါင်းမည်မျှ အမှုပြုသည်ဖြစ်စေ၊ လူတို့သည် ဘုရားနှုတ်ကပတ်တော် မည်မျှကို နားလည်နိုင်ကြသည်ဖြစ်စေ၊ သမ္မာတရား မည်မျှကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသည်ဖြစ်စေ၊ ဘုရားသခင်ထံမှ အသက်ထောက်ပံ့မှု မည်မျှကို ၎င်းတို့ ရရှိကြသည်ဖြစ်စေ လူသားမျိုးနွယ်ထဲမှ တစ်ဦးတလေသည် ဘုရားသခင်နှင့် အမှန်တကယ် စကားစမြည်ပြောဆိုနိုင်သလော။ စကားစမြည်ပြောဆိုခြင်းကို ယခုလောလောဆယ် ဘေးဖယ်ထားလော့။ ဤသတ်မှတ်ချက်သည် သင့်အတွက် ယခု အနည်းငယ် မြင့်မားနေ၏။ ဘုရားသခင်၏ စိတ်နှလုံးကို အမှန်တကယ် နားလည်နိုင်သောသူ တစ်ဦးတလေ ရှိသလော။ သူ့ကို စိတ်ကျေနပ်စေခြင်းအကြောင်းအား မပြောဘဲနေကြစို့။ သူ၏ စိတ်နှလုံးကို သင်နားလည်နိုင်သလော။ မည်သူမျှ နားမလည်နိုင်ပေ။ လူအချို့က၊ ပြောကြသည်မှာ “ဘုရားသခင် အလွန် ကြီးမြတ်ပြီး ကျွန်ုပ်တို့ လူသားများက အလွန် သေးငယ်သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ရှိပြီး ကျွန်ုပ်တို့သည် မြေကြီးပေါ်တွင် ရှိကြသည်။ ဘုရားသခင်၏ အတွေးများထဲမှ အတွေးတစ်ခုကိုပင် ကျွန်ုပ်တို့သည် နှစ်နှင့်ချီ၍ ချင့်ချိန်တွေးဆယူရသည်။ ဘုရားကို ကျွန်ုပ်တို့ မည်သို့လျှင် နားလည်နိုင်မည်နည်း။ ဤသည်မှာ စွမ်းဆောင်ရရှိရန် မလွယ်ပါ။ ဘုရားနှင့် စကားစမြည်ပြောဆိုရေးမှာမူ သာ၍ပင် စွမ်းဆောင်မရနိုင်သည့်အရာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဤအရာကို စွမ်းဆောင်ရရှိရေးမှာ ခက်ခဲသည့် ကိစ္စရပ်တစ်ခုလော။ ခက်ခဲမှု အတိုင်းအတာတစ်ခု ရှိသလော။ ထိုအခက်အခဲသည် မည်သည့်နေရာတွင် ဖြစ်ပေါ်လာသနည်း။ ဘုရားသခင်၏ အတွေးများသည် သူ၏ နှုတ်ကပတ်တော်များ အားလုံးထဲတွင်၊ သူဖော်ပြသည့် သမ္မာတရားထဲတွင်၊ သူ၏ စိတ်သဘောထားထဲတွင် ရှိသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ ဘုရားသခင်ထံမှလာသည့် သမ္မာတရားနှင့် အသက်ကိုလည်း မရရှိနိုင်ပါက ဘုရားကို မည်သည့်အခါတွင်မျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း မရှိပါက ဘုရားနှင့်အတူ စကားစမြည်ပြောဆိုရန် ဘုရားရှေ့မှောက်သို့ လုံးဝ မလာနိုင်သကဲ့သို့ စကားစမြည်ပြောဆိုနိုင်စွမ်းလည်း ရှိကြလိမ့်မည် မဟုတ်ပေ။ စကားစမြည်ပြောသည်ဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ ထိုအရာမှာ မိမိ၏ စိတ်နှလုံးကို ချခင်းထားရန်၊ စိတ်နှလုံးပါပါ စကားပြောဆိုရန် ဖြစ်သည်။ ဤအရာအား မည်သို့လုပ်ဆောင်ရမည်ကို သင်တို့သိသလော။ သင်သည် သင်၏ မိဘများနှင့်၊ သင်၏ မွေးချင်းများနှင့်၊ လည်ပင်းဖက်ကြီးလာသော မိတ်ဆွေများနှင့် စိတ်နှလုံးပါပါ မည်သို့စကားပြောရမည်ကို သိသော်လည်း ဘုရားသခင်နှင့် စိတ်နှလုံးပါပါ မည်သို့စကားပြောရမည်ကိုမူ လုံးဝ မသိပေ။ ထိုပြဿနာသည် မည်သည့်နေရာမှ လာသနည်း။ (ဘုရားသခင်၏ စိတ်နှလုံးကို နားလည်သဘောပေါက်မှုမရှိခြင်းမှ ဖြစ်ပါသည်။) ဘုရားသခင်၏ စိတ်နှလုံးကို သင်အဘယ်ကြောင့် နားလည်သဘောပေါက်ခြင်း မရှိနိုင်သနည်း။ (လူသည် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိမရှိပါ။) ဤသည်မှာ အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်သဘောပေါက်ခြင်း မရှိ။ သူ၏ စိတ်နှလုံးကို မသိကြသကဲ့သို့ မည်သည့်အရာကို သူတွေးနေသည် သို့မဟုတ် မည်သည့်အရာကို သူချစ်သည် သို့မဟုတ် မည်သည့်အရာကို သူမုန်းသည် သို့မဟုတ် သူအဘယ်ကြောင့် ဝမ်းနည်းသည် သို့မဟုတ် သူအဘယ်ကြောင့် စိတ်မကောင်းဖြစ်သည် ဆိုသည်တို့ကိုလည်း မသိကြပေ။ သင်သည် ဤအရာများကို နားမလည်နိုင်ပေ။ ယင်းက သင်သည် ဘုရားနှုတ်ကပတ်တော်များအတွင်းမှ လာသည့် သမ္မာတရား သို့မဟုတ် အသက်ကို မရရှိသေးကြောင်း သက်သေပြပြီး သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် အလှမ်းဝေးဆဲဖြစ်သည်။ မိမိ၏ စိတ်နှလုံးက ဘုရားသခင်နှင့် အလှမ်းဝေးနေသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ ပထမဦးစွာ လူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာမရှိဟု ဆိုလိုသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ သခင် ဖြစ်လိုကြဆဲဖြစ်သည်။ ဤကဲ့သို့ ဆက်အသက်ရှင်ခြင်းက ၎င်းတို့အား နေရာတိုင်း၊ အချိန်တိုင်းတွင် ဘုရားသခင်ကို ပုန်ကန်ကာ အတိုက်အခံလုပ်စေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စွန့်ပင်စွန့်ပစ်ကြပြီး သူ့ကို စွန့်ခွာကြသည်။ လူအချို့သည် ကပ်ဘေးနှင့် ဘေးဒုက္ခ ကြုံရပြီး ဘုရားသခင်ကို အထင်လွဲကာ သူ့ကို စောဒကတက်ကြသည်။ ဘုရားသခင်ကို ဝေဖန်ပြီး ငြင်းပယ်သည့် အရာများ ပြောဆိုကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်နေကြပြီးသား ဖြစ်သည်။ ဤသည်မှာ အခြေအနေ၏ အမှန်တရား ဖြစ်သည်။ ဘုရားသခင်အတွက်ဆိုပါက ထိုသို့သော အခြေအနေတွင် လူတို့ အသက်ရှင်ကြလျှင် ကောင်းသလော၊ ဆိုးသလော။ (ဆိုးပါသည်။) အဘယ်ကြောင့် ဆိုးသနည်း။ (ဤသည်မှာ ဘုရားသခင် အလိုရှိသည့်အရာ မဟုတ်သကဲ့သို့ သူမြင်ရန် မျှော်လင့်သည့်အရာလည်း မဟုတ်ပါ။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်၏။ ထိုသို့သော အရာများကို မြင်ရန် ဘုရားသခင် မမျှော်လင့်ပေ။ ထို့ကြောင့် သူ၏စိတ်နှလုံးတွင် ဘုရားသခင်က မည်သို့ခံစားရမည်နည်း။ (နောင်တရပြီး နာကျင်မည်ဖြစ်ပါသည်။) ပထမဦးစွာ သူနာကျင်မည်။ သင်သည် တစ်စုံတစ်ဦးအတွက် မျှော်လင့်ချက်များ အပြည့်ရှိပြီး သင့်ထံ သူ၏ စိတ်နှလုံးကို ဖွင့်ချပြလာဖို့ မျှော်လင့်ထားသော်လည်း ထိုအစား ထိုသူက သင်နှင့် ခပ်တန်းတန်းဖြစ်သွားပြီး သင့်ကို အထင်လွဲ၍ သင့်ထံမှ အမြဲ ပုန်းကွယ်ကာ သင့်ကို ရှောင်ရှားနေပါက သင်အဘယ်သို့ စဉ်းစားမည်နည်း။ ထိုသူက သူ၏ စိတ်နှလုံးကို သင့်ထံ ဖွင့်ဟပြီး သင်နှင့်အတူ စကားပြောလျှင်ပင် သူပြောသည့်အရာသည် သင်ကြားလိုသည့်အရာ မဟုတ်ပါက သင်အဘယ်သို့ စဉ်းစားမည်နည်း။ သင်အထီးကျန်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ပထမဦးစွာ သင့်ထံတွင် ချစ်ခင်ရသူများ မရှိသည့်အလား၊ လူယုံများ မရှိသည့်အလား၊ စိတ်နှလုံးပါပါ စကားပြောရမည့်သူ မည်သူမျှ မရှိသည့်အလား၊ ယုံကြည်ရမည့်သူ သို့မဟုတ် အားထားရမည့်သူ မည်သူမျှ မရှိသည့်အလား အထီးကျန်ကာ အဆက်ဖြတ်ခံရသည်ဟု ခံစားရမည်။ သင်၏ စိတ်နှလုံးသည် အထီးကျန်ပေမည်။ သင်အထီးကျန်နေသည့် တစ်ချိန်တည်းတွင် သင်အဘယ်သို့ တွေးထင်မည်နည်း။ သင်အဘယ်သို့ ခံစားရမည်နည်း။ သင်၏ စိတ်နှလုံး နာကျင်မည် မဟုတ်လော။ (နာကျင်ပါမည်။) နာကျင်မည်ဖြစ်သည်။ ဤနာကျင်မှု ဝေဒနာကို ဖြေရှင်းရန် လွယ်သလော။ မည်သည့်အရာမျိုးများက ဤနာကျင်မှုကို လျော့ပါးစေနိုင်မည်နည်း။ ဤအခြေအနေကို သင်မည်သို့ ပြောင်းလဲနိုင်မည်နည်း။ ဤစိတ်ဆန္ဒကို စွန့်လွှတ်လိုက်ခြင်းနှင့် ဤအမှန်တရားကို သင်မမြင်နိုင်သယောင် ဟန်ဆောင်ခြင်းသည် အလုပ်ဖြစ်နိုင်မည်လော။ (အလုပ်မဖြစ်နိုင်ပါ။) သို့ဆိုလျှင် အဆုံး၌ မည်သည့်အရာကို သင်လုပ်ဆောင်ရမည်နည်း။ နောက်ဆုံး ရွေးချယ်မှုက မည်သည့်အရာ ဖြစ်သင့်သနည်း။ ထိုသို့သော အခြေအနေတစ်ခုကို မည်သို့ပြောင်းလဲနိုင်သနည်း။ ဘုရားသခင်က အမှုအရာနှစ်ခု လုပ်ဆောင်နိုင်ပေမည်။ လူက အခြားနည်းစနစ်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရွေးချယ်မှုများသည် ဘုရားသခင်၏ ဆောင်ရွက်ပုံနည်းလမ်းများနှင့် သေချာပေါက် ကွာခြားပေသည်။ လူ၏ ရွေးချယ်မှုမှာ “သင်သည် ငါ၏ အလိုဆန္ဒနှင့်အညီ ပြုမူဆောင်ရွက်ခြင်းမရှိလျှင် သင့်ကို ငါမည်သို့မျှ အလေးဂရုပြုမည် မဟုတ်။ ဤလူက လုပ်ဆောင်လိမ့်မည် မဟုတ်လျှင် ထိုလူကို ငါရွေးချယ်မည်။ ပထမတစ်ဦး မကောင်းလျှင် ဒုတိယတစ်ဦးကို ငါရွေးချယ်မည်” ဟူ၍ ဖြစ်ပေမည်။ ဘုရားသခင်သည် ဤသို့ ပြုမူဆောင်ရွက်မည်လော။ သေချာပေါက် ဆောင်ရွက်မည် မဟုတ်။ ဘုရားသခင်သည် သူလုပ်ဆောင်လိုသည့် အရာများအပေါ် လက်မလျှော့ပေ။ သို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဤသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့သော အနှစ်သာရ သရုပ်ထင်နေသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ တစ်ချက်အနေဖြင့် ဘုရားသခင်သည် လူ၏ဘဝနှင့် စိတ်ဝိညာဉ်၏ လိုအပ်ချက်များအပြင် ၎င်းတို့အခြေအနေများ၏ လိုအပ်ချက်များနှင့် အမျိုးမျိုးသော အခြားလိုအပ်ချက်များအပါအဝင်၊ လူ၏ လိုအပ်ချက်များကို အခမဲ့ ဆက်လက် ပံ့ပိုးပေးမည်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ဒုတိယအချက်ကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။ ယင်းမှာ လွန်ခဲ့သည့် ထောင်ချီသော နှစ်ကာလအတော်များများတစ်လျှောက် သူလုပ်နေခဲ့သည့်အရာ ဖြစ်သည်။ ထိုအရာ မည်သည့်အရာဖြစ်သည်ကို သင်တို့ စဉ်းစားနိုင်ကြသလော။ (စောင့်ဆိုင်းခြင်းဖြစ်ပါသည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်သည် ဆက်လက်စောင့်ဆိုင်းမည်ဖြစ်ပြီး ၎င်းတို့ကို ဆက်လက် လမ်းပြမည်ဖြစ်ပါသည်။) သင်တို့တွင် သိနားလည်မှုအချို့ ရှိပုံရသည်၊ ဤတွေးခေါ်မှုအလေ့အထ ရှိပုံရသည်။ မှန်ပေ၏၊ သူစောင့်ဆိုင်းမည်ဖြစ်သည်။ ဘုရားသခင်သည် ရှောင်ရှားခြင်းဖြစ်စေ၊ လက်လျှော့ခြင်းဖြစ်စေ၊ သူ၏ ဝမ်းနည်းမှုကို လျော့ပါးစေခြင်းဖြစ်စေ ဒုတိယနည်းစနစ်ကို ရွေးချယ်မည် မဟုတ်။ သူသည် လူသားမျိုးနွယ်အား အသက်အထောက်အပံ့ကို အခမဲ့ပေးသည့်တစ်ချိန်တည်းတွင် လိုလိုလားလားလည်း စောင့်ဆိုင်းပေးသည်။ ဤသည်မှာ သူလုပ်ဆောင်သည့်အရာ ဖြစ်သည်။ ထိုအရာကို သူမည်မျှကောင်းစွာ လုပ်ဆောင်သနည်း။ လူ၏ စကားများကို အသုံးပြု၍ ပြောရလျှင် ဘုရားသခင်သည် အမှန်တကယ်ပင် အာဂအံ့ဖွယ်ဖြစ်နေသည် မဟုတ်လော။ (ဘုရားသခင်သည် သူတတ်နိုင်သမျှ လုပ်ဆောင်ပြီး လုပ်သင့်သမျှကို လုပ်ဆောင်ပါသည်။) လူတို့အနေဖြင့် ထာဝရအသက် ရရှိနိုင်ရန်အလို့ငှာ ဘုရားသခင်က ဤအရာအားလုံးကို လိုလိုလားလား လုပ်ဆောင်ပေးသည်။ သူ့ထံတွင် အခြားတောင်းဆိုချက်များ မရှိပေ။ အနည်းဆုံးအနေဖြင့် သူ့ထံတွင် လူ့အပေါ် ကျိုးကြောင်းမသင့်သည့် တောင်းဆိုချက်များ မရှိဟု ဆိုနိုင်သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို လူအား ပေးသည့်တစ်ချိန်တည်းတွင် လူက တန်ဖိုးအထားသင့်ဆုံးနှင့် အမြတ်နိုးသင့်ဆုံးသော အရာဖြစ်သည့် သူ၏ အဖိုးအတန်ဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာကို လူအား အခမဲ့ နည်းနည်းချင်းစီ ပေးလေသည်။ လူတို့သည် ဤအရာအားလုံးကို ရရှိသည်နှင့်အမျှ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းကို ရရှိကြကာ ရှင်သန်ခြင်းနှင့် လူသား အပြုအမူအတွက် အခြေခံအုတ်မြစ်တစ်ခုအပြင် ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အကျိုးကျေးဇူးများကိုပါ ရရှိကြပေသည်။ သို့ရာတွင် တစ်ချိန်တည်း၌ ဤလူများထဲမှ တစ်ဦးတလေသည် ဘုရားသခင်ကို စဉ်းစားပေးကြသလော။ သူလုပ်ဆောင်နေပြီး စဉ်းစားနေသည့်အရာကို ၎င်းတို့ထည့်တွေးကြသလော။ ဤအရာကို ၎င်းတို့ထည့်မတွေးကြပေ၊ ဟုတ်သလော။ လူတို့သည် ဤအရာအားလုံးကို ရရှိနေစဉ်တွင် ၎င်းတို့ထဲမှ တစ်ဦးတလေက “ငါတို့အပေါ် ဘုရားပေးသနားထားသည့် အရာအားလုံးအတွက် အပြန်အလှန်အနေဖြင့် မည်သည့်အရာကို ဘုရားသခင်အား ငါတို့ ပေးခဲ့သနည်း။ ငါတို့ထံမှ မည်သည့်အရာကို ဘုရားသခင် ရရှိသနည်း။ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ငါတို့ ရရှိသည့်အခါ ဘုရားသခင် ပျော်ရွှင်ပါသလော” ဟု မိမိတို့ကိုယ်ကို မေးကြသလော။ လူတို့သည် ဤအကြောင်းကို မမေးမြန်းကြဘဲ သို့မဟုတ် မတွေးကြဘဲ ရှိနေနိုင်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များအကြောင်း အချင်းချင်း မိတ်သဟာယပြုပြီး စိတ်ချမ်းမြေ့ခြင်း၊ ပျော်ရွှင်မြူးထူးခြင်းတို့နှင့် ပြည့်နှက်နေသည့်အခါ ၎င်းတို့ထဲမှ တစ်ဦးတလေသည် ဘုရားသခင်အကြောင်း စဉ်းစားကြလေသလော။ မစဉ်းစားကြပေ။ မည်သည့်အခါတွင်မျှ မစဉ်းစားကြသကဲ့သို့ မည်သို့စဉ်းစားရမည်ကိုလည်း မသိကြချေ။ ထိုသို့သောအရာများသည် ၎င်းတို့စိတ်နှလုံးထဲတွင် မရှိ။ လူတို့က ဤအရာအားလုံးကို ဘုရားသခင်ထံမှ ရရှိသည့် တစ်ချိန်တည်းတွင် “ငါအလွန် ကံကောင်းလေစွ။ ဤအရာအားလုံးကို ရရှိခြင်းသည် အလွန်ကောင်း၏။ ငါအလွန် ကောင်းချီးခံစားရပါတကား။ မည်သူမျှ ငါ့လောက် ကောင်းချီးမခံစားရ။ အမှန်တကယ် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ပင် ဖြစ်ပေတော့သည်” ဟု တွေးကြသည်။ ကျေးဇူးတင်စကား တစ်ခွန်းကိုသာ လူတို့ပြောဆိုကြသည်။ ကျေးဇူးတင်ရှိသည့် စိတ်အခြေအနေတစ်မျိုးသာ ၎င်းတို့တွင် ရှိကြသည်။ ၎င်းတို့ မည်မျှရိုးသားစစ်မှန်သည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်နှလုံးက မည်မျှထက်သန်သည်ဖြစ်စေ၊ မည်မျှကြီးမားသည့် ဝန်ထုပ်ကို ၎င်းတို့သယ်ဆောင်နိုင်သည်ဟု တွေးထင်ပါစေ၊ ပြီးလျှင် သမ္မတရားမည်မျှကို ၎င်းတို့နားလည်ပြီးသားဖြစ်သည်ဟု တွေးထင်ကြပါစေ၊ ဘုရားသခင်အတွက် မည်သည့်အရာကို လုပ်ဆောင်နိုင်ကြသည်ဖြစ်စေ ဘုရားသခင်သည် လူ၏ နံဘေးတွင် ရှိသည့်အခါ၌ပင် အထီးကျန်နေဆဲဖြစ်သည်။ အဘယ်ကြောင့် ဘုရားက အထီးကျန်သည်ဟု ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် အစမှသည် အဆုံးထိ လူ့အပေါ် မည်သည့်အရာကို ဘုရားသခင် ပေးသနားသည်ဖြစ်စေ၊ ၎င်းတို့အပေါ် မည်သည့်အရာကို သူလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ထံ မည်သည့်ပုံစံဖြင့် သူပေါ်ထွန်းသည်ဖြစ်စေ၊ ၎င်းတို့အပေါ် မည်သည့်ပုံစံဖြင့် သူအမှုပြုသည်ဖြစ်စေ ဘုရားသခင်သည် ၎င်းတို့၏ အဆက်ဖြတ်ခြင်းကို ခံရသောကြောင့် ဖြစ်လေသည်။ ဤသည်မှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်အနေဖြင့် စောင့်ဆိုင်းရန် မလိုတော့သကဲ့သို့ အထီးကျန်ခြင်းလည်း မရှိတော့ရန်အလို့ငှာ မည်သည့်အချိန်တွင် ဤအခြေအနေက ပြောင်းလဲလိမ့်မည်နည်း။ ဤအနေအထားကို ပြောင်းလဲရန်၊ ဤအခြေအနေကို ပြောင်းလဲရန်အလို့ငှာ လူတို့သည် မည်သည့်အရာများကို လုပ်ဆောင်ရန် လိုအပ်ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက မည်သည့်အဆင့်တွင် ရှိရန် လိုအပ်သနည်း။ ဤအရာသည် မည်သည့်အရာအပေါ် တည်မှီသနည်း။ (လူတို့၏ လိုက်စားမှုအပေါ် တည်မှီပါသည်။) ဤကိစ္စရပ်သည် ဘုရားသခင်အပေါ် မဟုတ်ဘဲ လူ့အပေါ် နောက်ဆုံးတွင် တည်မှီနေဆဲ ဖြစ်သည်။ ငါပြောပြီးသည့်အတိုင်းပင် လူသည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် စိတ်နှလုံးပါပါ စကားပြောနိုင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးက ခပ်တန်းတန်း မဖြစ်တော့သည့်အခါ၊ ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် စကားစမြည်ပြောဆိုနိုင်ပြီး သူ၏ စိတ်နှလုံးကို သဘောပေါက်နိုင်သည့်အခါ၊ သူစဉ်းစားနေသည့်အရာနှင့် သူလုပ်ဆောင်လိုသည့်အရာ၊ သူနှစ်သက်သည့်အရာနှင့် သူ စက်ဆုပ်သည့်အရာတို့အပြင် အဘယ်ကြောင့် သူဝမ်းနည်းပြီး အဘယ်ကြောင့် စိတ်ကျေနပ်ခြင်းရှိသည်ဆိုသည်တို့ကို သိရှိကြသည့်အခါ ဘုရားသခင် အထီးကျန်လိမ့်မည် မဟုတ်ပေ။ လူတို့သည် ဤအရာကို လုပ်ဆောင်နိုင်ပါက ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံကြရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က သူကိုယ်တိုင်နှင့် လူတို့ကြား မြင်လိုသည့် စစ်မှန်သော ဆက်ဆံရေး ဖြစ်သည်။ နားလည်သလော။ (အနည်းငယ် နားလည်ပါသည်။) ဘုရားသခင်၏ စိတ်နှလုံးသည် နားလည်ရန် လွယ်ကူသလော။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အလေးအနက် ဖတ်ရှုပြီး နှုတ်ကပတ်တော်တစ်လုံးစီတိုင်းနှင့် သူဖော်ပြသည့် သမ္မာတရားတိုင်းကို ဝီရိယရှိရှိ စဉ်းစားဆင်ခြင်ကာ တွေ့ကြုံသည့်အခါ ဘုရားသခင်၏ စိတ်နှလုံးထဲသို့ တဖြည်းဖြည်း ဝင်ရောက်၍ ဘုရားသခင်၏ စိတ်နှလုံးကို တဖြည်းဖြည်း သဘောပေါက်နားလည်လာလိမ့်မည်။ ဘုရားသခင်၏ စိတ်နှလုံးကို သင်နားလည်သဘောပေါက်သည့် တစ်ချိန်တည်းတွင် သူ၏ စိတ်နှလုံးအား မည်သို့ကျေနပ်စေရမည်ကိုလည်း သင်သိရှိလိမ့်မည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်သဘောပေါက်နိုင်ခြင်း မရှိပါက ဘုရားကို မည်သို့ စိတ်ကျေနပ်စေနိုင်မည်နည်း။ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်နည်း။ (နားလည်သဘောပေါက်ခြင်း ဖြစ်ပါသည်။) နားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့သည် ပထမဖြစ်ပြီး ထို့နောက်တွင် စိတ်ကျေနပ်စေခြင်းကို သင်ပြောဆိုနိုင်သည်။ ဤကိစ္စရပ်သည် သင်တို့အတွက် ခက်ခဲသလော။ (အားထုတ်ခြင်းနှင့် ဝီရိယရှိစွာ စဉ်းစားခြင်းအားဖြင့် မခက်ခဲပါ။) ဤကိစ္စရပ်သည် အမှန်တကယ်တွင် မခက်ခဲပေ။ လူတို့သည် ဘုရားသခင် ပြောသည့် စကားများကို ကြားနိုင်ပြီး သူပြုသည့်အမှုကို မြင်နိုင်ကြသည်။ ဤစကားများကို ၎င်းတို့စိတ်နှလုံးထဲတွင် အသိအမှတ်ပြုကာ ယင်းတို့ကို မည်သူမျှ မငြင်းပေ။ ဤအရာက လူတို့၏ စိတ်နှလုံးပေါ် တည်မှီသည်။ ထိုအတွက် ၎င်းတို့တွင် စိတ်နှလုံးရှိသရွေ့ ထိုအရာကို စွမ်းဆောင်ရရှိရန် လွယ်သည်။ သင်၌ စိတ်နှလုံး မရှိလျှင်မူ ပြဿနာဖြစ်သည်။ သင့်ကို စကားမည်မျှပြောဆိုထားသည်ဆိုသည်မှာ အရေးမကြီးပေ၊ အားလုံး အချည်းနှီးသာ ဖြစ်သည်။
လူသည် ဘုရားသခင့် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ အကြီးမားဆုံး အကျိုးခံစားရသူဖြစ်ပုံအကြောင်း ငါယခုတင် မိတ်သဟာယပြုခဲ့သည်။ ယင်းမှာ အမှန်တရားဖြစ်သည် မဟုတ်လော။ ဤအချက်ကို သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) လူအချို့သည် ကြားကာ နားလည်သွားကြပြီဖြစ်ပြီး “ထိုသို့ဖြစ်လျှင် စစ်မှန်သည့် အကျိုးကျေးဇူးများကို ငါရရှိနိုင်သည်။ ဤသည်မှာ ကလေးပုံပြင်တစ်ပုဒ်သာ မဟုတ်။ ထာဝရအသက်ကို ငါအမှန်တကယ် ရရှိနိုင်သည်တကား” ဟု ယခုတွင် တွေးဆနေကြသည်။ ထာဝရအသက်ကို မည်သို့ရရှိနိုင်သနည်း။ (ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဖြစ်ပါသည်။) ဘုရားသခင် ဖော်ပြထားသည့် ဤသမ္မာတရားများကို မည်သူအလိုအပ်ဆုံးဖြစ်သည်ဟု သင်တို့ထင်သနည်း။ ဘုရားသခင် လိုအပ်သလော။ (ဘုရားသခင်က ထိုအရာများကို မလိုအပ်ပါ။ လူက လိုအပ်ပါသည်။) ထိုအရာများကို အလိုအပ်ဆုံးသောသူမှာ လူဖြစ်သည်။ ဘုရားသခင်က မလိုအပ်ချေ။ ဘုရားသခင်သည် လူအား သူတို့အလိုအပ်ဆုံးသော အရာများကို ပေးထားပေသည်။ ၎င်းတို့သည် ကောင်းချီးအခံစားရဆုံး ဖြစ်ကြသည်မဟုတ်လော။ (ဟုတ်ပါသည်။) ယခု လောကကြီးတစ်ခုလုံးနှင့် ထာဝရအသက်ကြား ရွေးချယ်ခွင့် သင့်ကို ပေးပါက မည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ အချို့သော မိုက်မဲသည့် လူတို့က “ထာဝရအသက်ကို ကျွန်ုပ်မမြင်နိုင်၊ မခံစားနိုင်သည့်အတွက် ကျွန်ုပ်မလိုချင်ပါ။ ထိုအရာကို လိုက်စားခြင်းသည် အလွန် ပင်ပန်းစရာဖြစ်သည်။ ငွေအသပြာ၊ အိမ်ကြီးရခိုင်တစ်လုံး၊ ဇိမ်ခံကားတစ်စီးတို့ကို ကျွန်ုပ်လိုချင်သည်။ ထိုအရာများသည် ထိတွေ့ကိုင်တွယ်နိုင်သည့် အကျိုးအမြတ်များဖြစ်သည်” ဟု ဆိုကြပေမည်။ ထိုသို့သောလူများ ရှိသလော။ မရှိဟု သင်ပြော၍ မရနိုင်ပေ။ အပြင်တွင် နုံအသူမျိုးစုံ ရှိသည်။ ငါမည်သို့ပြောဆိုသည်ဖြစ်စေ ၎င်းတို့ နားမလည်ကြသောကြောင့် ထွက်သွားကြပါစေ။ ၎င်းတို့တွင် ဤကောင်းချီးမင်္ဂလာမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှု ပြုလုပ်ကြပြီးဖြစ်သည်။ အဆုံးတွင် သင်ရွေးချယ်သည့်အရာကို သင်ရရှိလိမ့်မည်။ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများအတွက် သင်တာဝန်ယူရမည်။ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများအတွက် သင်ပေးဆပ်ရမည်။ သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ သင်ရွေးချယ်သည့် လမ်းကြောင်းပေါ် တည်မှီသည်။ သင်သည် ဘုရားသခင်ကို အဆုံးထိတိုင် အတိုက်အခံလုပ်လိုပါက သေခြင်းသို့သွားရာ လမ်းပေါ် သင်ရှိပေသည်။ “ဘုရားသခင်က ကျွန်ုပ်ကို ညွှန်ပြသည့် လမ်းကြောင်းကို လိုက်လျှောက်ခြင်းအားဖြင့် ကျွန်ုပ်အသက်ရှင်မည်” ဟု သင်ပြောဆိုလျှင်မူ သင်သည် အမြဲ အသက်ရှင်နိုင်လိမ့်မည်။ ဤအရာက အမှန်တကယ် ဖြစ်လာလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်တိုင်း ပြည့်စုံရလိမ့်မည်ဖြစ်ပြီး အမှန်ဖြစ်လာလိမ့်မည်။ ယင်းကို ငြင်း၍မရနိုင်ပေ။ လူတချို့က “အဘယ်သို့ဖြစ်၍ ဤကိစ္စရပ်ကို ကျွန်ုပ်မသိရသနည်း” ဟု ဆိုကြသည်။ သင်မသိဘဲဖြစ်နေ၍ သင့်ကို ငါပြောပြလိုက်ပါက ထိုအရာကို သင်သိသွားသည် မဟုတ်လော။ အခြားသူအချို့က “ထိုအရာကို ကျွန်ုပ်ကြားဖူးလျှင်ပင် ကိုယ့်မျက်စိဖြင့် မမြင်ရသေးသောကြောင့် အမှန်တကယ်မဟုတ်ဟု ကျွန်ုပ်တွေးနေဆဲဖြစ်သည်” ဟု ဆိုကြသည်။ သို့ဆိုလျှင် လုပ်ဆောင်ရန် ဘာမျှမရှိပေ။ တစ်စုံတစ်ဦးတွင် ယုံကြည်ခြင်းမရှိပါက မိမိတို့ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်လျှင်ပင် ယုံကြလိမ့်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိသောသူတို့သည် မြင်လျှင်ပင် မသိကြသကဲ့သို့ ကြားလျှင်ပင်လည်း နားမလည်ကြပေ။ ဝိညာဉ်ရေးရာ သိနားလည်မှုရှိပြီး သမ္မာတရားကို နားလည်သောသူတို့သာ ဘုရားနှုတ်ကပတ်တော်များ နေ့စဉ် ဖြစ်မြောက်နေပြီး ပြည့်စုံနေသည်ကို မြင်နိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက အရာရာကို ဖြစ်မြောက်စေကြောင်း၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း၊ သူ၏ နှုတ်ကပတ်တော်များအားလုံး ပြည့်စုံလိမ့်မည်ဖြစ်ကြောင်း သင်ယုံကြည်ပါက သမ္မာတရားကို သင်လိုက်စားသင့်သည်။ ဘုရားနှုတ်ကပတ်တော်များက သင့်အထဲတွင် ပြည့်စုံလာပြီး ဖြစ်မြောက်နေသည်ကို သင်မြင်ပါက သူ့ကို သင်ယုံကြည်ခြင်း ရှိလိမ့်မည်။ စိတ်ချနေလော့။ သင့်အတွက် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများသည် သင်တောင်းလျှောက်သမျှ သို့မဟုတ် စိတ်ကူးသမျှအားလုံးကို ဧကန်မုချ ကျော်လွန်လိမ့်မည် ဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။