အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၉)
“အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ” ဟူသည့် ဓမ္မသီချင်းကို သီဆိုပြီးနောက် သင်တို့၏ထင်မြင်ချက်များသည် အဘယ်နည်း။ သင်သည် ထိုးထွင်းအမြင်တစ်ခုခု ရလိုက်သလော။ ရှင်သန်နေထိုင်ဖူးသူတိုင်းသည် ဒုက္ခဆင်းရဲများစွာကို ကြုံတွေ့ဖူးကြသော်လည်း အဘယ်ကြောင့် ဖြစ်ရသည်ကို သူတို့ အမှန်တကယ် မသိကြပေ။ ထို့ပြင် ယင်းက ကြုံတွေ့ဖို့ ထိုက်တန်သည်ဖြစ်စေ၊ ဤသို့နေထိုင်ရန် လူများအတွက် မှန်ကန်သည်ဖြစ်စေ ဤဒုက္ခဆင်းရဲများ၏ မူလအရင်းအမြစ်က အဘယ်အရာဖြစ်သည်ကို မည်သူမျှ စေ့စေ့စပ်စပ် ချင့်ချိန်မစဉ်းစားကြပေ။ လူများသည် ငယ်ရွယ်သည့်အချိန်က ဝတ်ဖို့ အဝတ်အစားကောင်းများနှင့် စားဖို့ ကောင်းသောအရာများ ရှိရန် အမြဲ လိုချင်ကြပြီး ဤသည်မှာ ပျော်ရွှင်ဖို့ နည်းလမ်းဖြစ်သည်ဟု သူတို့ ခံစားကြရသည်။ ကြီးပြင်းလာသောအခါ လူများသည် လူအုပ်ထဲတွင် ပေါ်လွင်ထင်ရှားပြီး ကောင်းမွန်သောဘဝနေထိုင်မှုတစ်ခုကို စံစားရဖို့အလို့ငှာ သူတို့၏ လေ့လာမှုများတွင် မည်သို့အလုပ်ကြိုးစားဖို့ လိုကြောင်းကို စတင် ချင့်ချိန်စဉ်းစားလာကြသည်။ အသက်အရွယ်ရ၍ ရင့်ကျက်လာသောအခါ လူများသည် ငွေအမြောက်အမြား ရှာရန်၊ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ် ရရှိရန်နှင့် တန်ခိုးအာဏာနှင့် ဩဇာအရှိန်အဝါတို့ကို စွမ်းဆောင်ရရှိရန် စတင်လိုချင်လာကြသည်။ သူတို့သည် ကျန်သည့်လူများထက် သာလွန်လိုကြသည်။ သူတို့သည် အစိုးရပိုင်းတွင် ရာထူးနေရာတစ်ခုရရန်နှင့် လူအများ၏ လေးစားမှုနှင့် အားကျမှုတို့ကို ရရန် အစဉ်သဖြင့် ရှာကြသည်။ သူတို့တွင် သားသမီးများ ရလာသောအခါ သူတို့၏ သားစဉ်မြေးဆက်သည် မျိုးရိုးစဉ်ဆက် ရှင်သန်ရန်နှင့် ဆက်၍ ကြီးပွားချမ်းသာပြီး တိုးတက်ရန် မျှော်လင့်ကြသည်။ လူများ ဤခြေလှမ်းများအားလုံးကို စတင် လျှောက်လှမ်းရခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် အဘယ်နည်း။ လူများသည် အဘယ်ကြောင့် ဤသို့စဉ်းစားကြသနည်း။ သူတို့အားလုံးသည် အဘယ်ကြောင့် ဤသို့ ရှင်သန်နေထိုင်ကြသနည်း။ လူများသည် လမ်းကြောင်းတစ်ခုမရှိဘဲ ရှင်သန်နေကြသည်။ လမ်းကြောင်းမရှိဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူများသည် သူတို့ မည်သည့်နေရာမှလာသည် သို့မဟုတ် သူတို့ မည်သည့်နေရာကိုသွားနေသည်ဆိုသည်တို့ကို မသိသောကြောင့်ဖြစ်ပြီး ဤဘဝတွင် သူတို့ မည်သည့်အရာကို လုပ်ရမည်၊ မည်သို့ရှင်သန်နေထိုင်သင့်သည် သို့မဟုတ် သူတို့၏ဘဝလမ်းကြောင်းကို မည်သို့လျှောက်လှမ်းရမည်ဆိုသည်တို့ကို မသိကြချေ။ လူများသည် ဤအရာများကို မသိကြပေ။ သို့ဆိုလျှင် လူများသည် အဘယ်ကြောင့် ထင်ပေါ်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ပျော်ရွှင်စရာ ဘဝတစ်ခုတို့နောက်သို့ သေသည့်တိုင်အောင် နောက်ပြန်မလှည့်ဘဲ မမောနိုင်မပန်းနိုင် လိုက်နိုင်နေဆဲဖြစ်ရသနည်း။ ယင်းမှာ လူများသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီး သူတို့သည် အသက်တာနှင့်ပတ်သက်၍ မှားယွင်းသော စိတ်ဓာတ်နှင့် အမြင်တစ်ခုကို ဖြစ်ပေါ်လာသောကြောင့် ဖြစ်သည်။ သူတို့သည် ဤရှင်သန်နေထိုင်မှုနည်းလမ်းကို မှန်ကန်သည့်အရာတစ်ခုအဖြစ် ရှုမြင်ကြပြီး ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့နောက်ကို လိုက်ခြင်းကို မှန်ကန်ပြီး သင့်တော်သည်ဟု မြင်ကြသည်။ သူတို့သည် ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ ရခြင်းသည် ပျော်ရွှင်မှုဖြစ်သည်ဟု ထင်ကြပြီး ဤယုံကြည်ချက်များအတိုင်း ရှင်သန်နေထိုင်ကြသည်။ ဤသည်မှာ လူများ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားသည့်လမ်းကြောင်းတစ်ခုပေါ်တွင် တက်သုတ်ရိုက်ကာ ဆင်ကန်းတောတိုး သွားနေပုံဖြစ်ပြီး ရလဒ်မှာ သူတို့သည် သေသည့်တိုင်အောင်ပင်လျှင် ပျော်ရွှင်မှုကို မည်သည့်အခါမျှ ရှာမတွေ့ပေ။ လူတိုင်း ဤကဲ့သို့ ရှင်သန်နေထိုင်ကြသည်။ ဤကမ္ဘာတွင် လျှောက်ရန် အခြားလမ်းကြောင်းမရှိပေ။ လူတိုင်းသည် ငွေရှာပြီး ကောင်းမွန်သောဘဝတစ်ခုကို စံစားလိုကြသည်။ ဘဝသည် ငွေမရှိလျှင် ခက်ခဲပြီး ငွေရှိလျှင် သင်ဖြစ်မြောက်အောင်မြင်နိုင်သည့်အရာ အများအပြားရှိသောကြောင့် လူတိုင်းက ငွေပို၍ ရှာလိုကြသည်။ ဘဝက ကြီးပွားချမ်းသာလာသောအခါ သူတို့သည် သူတို့၏ ဥစ္စာဓနကို ဆုပ်ကိုင်ထားပြီး သူတို့၏အရိုက်အရာကို သားသမီးများအား ဆက်ခံစေလိုကြသည်၊ ထို့ပြင် ဤကဲ့သို့ ရှင်သန်နေထိုင်ခြင်းသည် အနှစ်သာရ မဲ့ကြောင်းကို မည်သူမျှ နားမလည်ကြပေ။ လူတိုင်းသည် နောင်တများ၊ အဖြေမရသော မေးခွန်းများနှင့် တွန့်ဆုတ်သောစိတ်တို့ဖြင့် ဤကမ္ဘာမှ ထွက်ခွာသွားကြသည်။ လူများသည် ဤအသက်တာကို ဆင်းရဲခြင်းဖြင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာဖြင့်လည်းကောင်း ကျော်ဖြတ်ကြပြီး အသက်ရှည်ရှည်ဖြင့်လည်းကောင်း၊ အသက်တိုတိုဖြင့်လည်းကောင်း ရှင်သန်ကြသည်။ အချို့သည် သာမန်ပြည်သူများဖြစ်ကြပြီး အခြားသူတို့သည် မင်းစိုးရာဇာများနှင့် အထက်တန်းလွှာများ ဖြစ်ကြသည်။ လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းမှ လူများ ရှိကြသော်လည်း သူတို့အားလုံးသည် အခြေခံအားဖြင့် တစ်ပုံစံတည်း အသက်ရှင်နေထိုင်ကြသည်။ သူတို့သည် သူတို့၏ အလိုဆန္ဒများ၊ ရည်မှန်းချက်များနှင့် ဆိုးယုတ်သော စိတ်သဘောထားများနှင့်အညီ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် ယှဉ်ပြိုင်ကြပြီး ဤရည်မှန်းချက်ပန်းတိုင်များကို မရဘဲ သူတို့ အေးချမ်းစွာ အနားယူနိုင်ကြမည် မဟုတ်ပေ။ ဤအခြေအနေများကို မြင်ပြီး “အဘယ်ကြောင့် လူများ ဤသို့ ရှင်သန်နေထိုင်ကြသနည်း။ တခြားလျှောက်ရန် လမ်းကြောင်း မရှိတော့သလော။ လူတို့သည် သေသည်အထိ တစ်ချိန်လုံး ကောင်းစွာ စားသောက်ရန်အတွက်သာ အမှန်တကယ် ရှင်သန်နေထိုင်ကြသလော။ ထို့နောက်တွင် သူတို့ မည်သည့်နေရာကို သွားကြသနည်း။ လူတို့၏ မြောက်မြားစွာသော မျိုးဆက်များ အားလုံးသည် အဘယ်ကြောင့် ဤတစ်ပုံစံတည်းသော နည်းလမ်းအတိုင်း နေထိုင်လာခဲ့ကြသနည်း။ ဤအရာအားလုံး၏ မူလအရင်းအမြစ်မှာ အဘယ်နည်း” ဟု လူများက စဉ်းစားကောင်း စဉ်းစားနိုင်သည်။ လူသားများသည် သူတို့ မည်သည့်နေရာမှလာသည်၊ ဘဝတွင် ခံယူထားသည့် သူတို့၏အထူးတာဝန်က မည်သည့်အရာ ဖြစ်သည် သို့မဟုတ် မည်သူက တာဝန်ခံဖြစ်သည်နှင့် ဤအရာများအားလုံးအပေါ် မည်သူက အချုပ်အခြာအာဏာ ကိုင်စွဲထားသည် ဆိုသည်တို့ကို မသိကြပေ။ မျိုးဆက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး ကွယ်ပျောက်သွားသည်၊ ပြီးလျှင် လူတစ်ဦးချင်းစီသည် တူညီသောနည်းလမ်းအတိုင်း ရှင်သန်နေထိုင်ပြီးနောက် သေဆုံးသွားကြသည်။ သူတို့အားလုံးသည် တူညီသောနည်းလမ်းအတိုင်း ဖြစ်ပေါ်လာပြီး ကွယ်ပျောက်သွားသည်၊ ပြီးလျှင် ရှင်သန်နေထိုင်ခြင်းအတွက် စစ်မှန်သောနည်းလမ်း သို့မဟုတ် လမ်းကြောင်းတစ်ခုကို မည်သူမျှ ရှာမတွေ့ပေ။ ဤအထဲက သမ္မာတရားကို မည်သူမျှ မရှာဖွေကြပေ။ ရှေးခေတ်ကာလများမှနေ၍ ယခုအထိ လူများအားလုံးသည် တူညီသော နည်းအတိုင်း ရှင်သန်နေထိုင်လာခဲ့ကြသည်။ ယင်းကို တစ်ဦးတစ်ယောက်မျှ မသိဘဲ သို့မဟုတ် မြင်ခွင့်မရဘဲ လူသားမျိုးနွယ် မည်သည့်ပုံစံရှိမည်ကို သူတို့အားလုံးသည် ရှာဖွေနေကြ၍ စောင့်ဆိုင်းနေကြကာ မြင်ရန် ဆန္ဒရှိနေကြသည်။ နောက်ဆုံးအနှစ်ချုပ်လိုက်သောအခါ ဤအရာအားလုံးအပေါ် အုပ်စိုးပြီး အချုပ်အခြာအာဏာစွဲကိုင်ထားသူသည် မည်သူဖြစ်သည် သို့မဟုတ် ထိုသူရှိမရှိဆိုသည်ကိုပင် လူများသည် တကယ်ကို မသိကြတော့ချေ။ ဤအရာ၏အဖြေကို သူတို့ မသိကြပေ၊ ထို့ပြင် သူတို့လုပ်နိုင်သမျှအားလုံးမှာ ယခုအချိန်အထိ တစ်နှစ်ပြီးတစ်နှစ် တောင့်တပြီး တစ်ရက်ပြီးတစ်ရက် သည်းခံရင်း အားကိုးရာမဲ့လျက် ဆက်နေသွားရန်သာ ဖြစ်သည်။ ဤအရာအားလုံးသည် အဘယ်ကြောင့် ဖြစ်ကြောင်းကို လူများ သိခဲ့လျှင် ဤသည်က သူတို့ကို သူတို့နေထိုင်သင့်သည့် နည်းလမ်းအတွက် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးလိမ့်မည်လော။ ထိုအခါ သူတို့သည် ဤဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ပြီး လူသား၏ အလိုဆန္ဒများနှင့် မျှော်လင့်ချက်များအတိုင်း နေထိုင်ဖို့ မလိုတော့ဘဲ ရှိမည်လော။ လူတို့အဘယ်ကြောင့် အသက်ရှင်ကြောင်း၊ အဘယ်ကြောင့် သေကြကြောင်းနှင့် ဤကမ္ဘာတွင် မည်သူက တာဝန်ခံဖြစ်သည်တို့ကို လူတို့ နားလည်သောအခါ၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူသည် ဖန်ဆင်းရှင် ဖြစ်သည်ဆိုသည့်အဖြေကို သူတို့ နားလည်လာသောအခါ သူတို့တွင် လိုက်လျှောက်ရမည့်လမ်းကြောင်းတစ်ခု ရှိလာလိမ့်မည်။ ရှေ့ဆက်ဖို့လမ်းတစ်ခုကို ရှာဖွေရန် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို သူတို့ ရှာဖွေသင့်သည်ဆိုသည်ကို သူတို့သိလာလိမ့်မည်။ သည့်ပြင် အလိုဆန္ဒများနှင့် မျှော်လင့်ချက်များအပေါ် မှီခိုအားထားရသည့် အဆိုပါစိတ်ဒုက္ခထဲတွင် သူတို့ နေထိုင်ဖို့ မလိုအပ်တော့ပေ။ အဘယ်ကြောင့် သူတို့ ရှင်သန်နေထိုင်ရကြောင်းနှင့် သေရကြောင်းတို့နှင့်ပတ်သက်သော အဖြေကို လူများ ရှာဖွေတွေ့ရှိလျှင် လူသား၏စိတ်ဒုက္ခနှင့် အခက်အခဲများအားလုံးအတွက် ဖြေရှင်းချက်တစ်ခု ရှိလာလိမ့်မည် မဟုတ်လော။ ဤသည်က လူများကို လွတ်မြောက်အောင်လုပ်ပေးလိမ့်မည် မဟုတ်လော။ လူများသည် လွတ်မြောက်ခြင်းကို အမှန်တကယ် ရှာတွေ့ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူတို့သည် လုံးဝ လွတ်မြောက်သွားကြလိမ့်မည်။
“အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ” ဟူသည့် သီချင်းကို ကြားပြီးနောက်တွင် သင်တို့၏စိတ်နှလုံးထဲတွင် မည်သည့်အရာကို သင်တို့ တွေးသင့်သနည်း။ သူတို့ အဘယ်ကြောင့် ရှင်သန်နေထိုင်ရကြောင်းနှင့် အဘယ်ကြောင့် သေရကြောင်း၊ ထို့အပြင် ဤကမ္ဘာနှင့် အရာအားလုံးတို့၏ အချုပ်အခြာအာဏာရှင်နှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးသောသူသည် အမှန်စင်စစ် မည်သူဖြစ်သည်၊ ပြီးလျှင် အတိအကျ မည်သည့်နေရာတွင် သူရှိသည်နှင့် လူသားထံမှ သူမည်သည့်အရာကို တောင်းဆိုသည်တို့ကို လူသားမျိုးနွယ် သိခဲ့လျှင်၊ ဤအရာများကို လူသားမျိုးနွယ် နားလည်နိုင်ခဲ့လျှင် ဖန်ဆင်းရှင်ကို မည်သို့ဆက်ဆံရမည်ဖြစ်ကြောင်းနှင့် သူ့ကို မည်သို့ကိုးကွယ်ပြီး ကျိုးနွံနာခံရမည် ဖြစ်ကြောင်းတို့ကို သူတို့ သိလိမ့်မည်။ သူတို့၏ စိတ်နှလုံးထဲတွင် ထောက်ခံအားပေးမှုကို သူတို့ ရလိမ့်မည်၊ သူတို့သည် ငြိမ်းချမ်းပြီး ပျော်ရွှင်လိမ့်မည်။ ပြီးလျှင် အဆိုပါညှဉ်းပန်းမှုနှင့် စိတ်ဆင်းရဲမှုတို့အထဲတွင် သူတို့ မနေရတော့ပေ။ နောက်ဆုံးစိတ်ဖြာလေ့လာချက်မှာ လူများသည် သမ္မာတရားကို နားလည်ရမည်။ သူတို့၏ အသက်တာများအတွက် သူတို့ရွေးချယ်သော လမ်းကြောင်းသည် အရေးပါသည်၊ ပြီးလျှင် သူတို့ မည်သို့ရှင်သန်နေထိုင်သည်ကလည်း အရေးကြီးသည်။ လူတစ်ဦး ရှင်သန်နေထိုင်ပုံနှင့် လျှောက်သော လမ်းကြောင်းတို့က လူတစ်ဦး၏ အသက်တာသည် ပျော်ရွှင်စရာ ဟုတ်မဟုတ်၊ ဝမ်းနည်းစရာ ဟုတ်မဟုတ်ကို ဆုံးဖြတ်ပေးသည်။ ဤသည်မှာ လူများ နားလည်သင့်သည့်အရာတစ်ခု ဖြစ်သည်။ “လူသားမျိုးနွယ်အားလုံး၏ အသက်တာများသည် ဤပုံစံမျိုးနောက်သို့ လိုက်သည်၊ ရှေးခေတ်လူများသည် ခြွင်းချက် မဟုတ်ခဲ့ပေ၊ သည့်ပြင် ယခုခေတ်လူများသည် ရှေးကလူများကဲ့သို့ အတူတူဖြစ်သည်။ ယခုခေတ်လူများသည် ဤနည်းများကို မပြောင်းလဲကြပေ။ ထို့ကြောင့် လူသားမျိုးနွယ်အကြားတွင် အချုပ်အခြာအာဏာ ပိုင်သူတစ်ဦး၊ အရာခပ်သိမ်းအတွက် တာဝန်ခံသည့် ဒဏ္ဍာရီလာဘုရားသခင်တစ်ပါး ရှိသလော။ အကယ်၍ အရာခပ်သိမ်းအတွက် တာဝန်ခံသည့် ဘုရားသခင်ကို ရှာနိုင်ပါက လူသားမျိုးနွယ်သည် ပျော်ရွှင်မှုကို ခံစားနိုင်စွမ်းရှိလိမ့်မည်မဟုတ်လော။ ယခု အဓိကသော့ချက်မှာ လူသားမျိုးနွယ်၏ မူလအရင်းအမြစ်ကို ရှာဖို့ ဖြစ်သည်။ ဤမူလအရင်းအမြစ်က မည်သည့်နေရာတွင် ရှိသနည်း။ ဤမူလအရင်းအမြစ်ကို ရှာတွေ့ပြီးသည့်နောက်တွင် လူသားမျိုးနွယ်သည် အခြားနယ်ပယ်မျိုးတွင် နေထိုင်နိုင်သည်။ အကယ်၍ ၎င်းကို လူသားမျိုးနွယ်က ရှာမတွေ့နိုင်ဘဲ ယခင်ကအတိုင်း တစ်ပုံစံတည်းသော အသက်တာမျိုးများတွင် ဆက်လက် နေထိုင်သွားပါက သူတို့သည် ပျော်ရွှင်မှုကို ရယူနိုင်စွမ်းရှိလိမ့်မည်လော” ဤဓမ္မသီချင်းကို လူများက ကြားသောအခါ သူတို့၏ စိတ်နှလုံးများထဲတွင် ထိုသို့သော နက်ရှိုင်းသည့် ခံစားချက်တစ်ခု ရှိကောင်းရှိလာနိုင်သည်။ လူများသည် ဘုရားသခင်ကို မယုံကြည်ပါက လူသားမျိုးနွယ်သည် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေကြောင်းကို သူတို့ သိလျှင်ပင် ထိုအခါ သူတို့ ဘာလုပ်ရမည်နည်း။ ဖောက်ပြန်ပျက်စီးမှု၏ အမှန်တကယ်ဖြစ်သော ပြဿနာကို သူတို့ ဖြေရှင်းနိုင်သလော။ ကယ်တင်ခြင်း ခံရဖို့လမ်းကြောင်းတစ်ခု သူတို့တွင် ရှိသလော။ သင်သည် ပိုကောင်းအောင် ပြောင်းလဲပစ်ဖို့နှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ဖို့ ဆန္ဒရှိသော်လည်း သင်လုပ်နိုင်သလော။ ထိုသို့လုပ်ဆောင်ရန် သင်၌ လမ်းကြောင်း မရှိပေ။ ဥပမာအနေဖြင့် လူအချို့သည် သူတို့၏သားသမီးများအတွက် ရှင်သန်နေထိုင်ကြသည်၊ သင်က ထိုသို့လုပ်ဖို့ ဆန္ဒမရှိဟု သင်ပြောကောင်းပြောနိုင်သည်၊ သို့သော် ဤသည်ကို သင်ဖြစ်မြောက်အောင်လုပ်နိုင်သလော။ လူအချို့သည် ဓနဥစ္စာအတွက်၊ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် အပြေးအလွှား အလုပ်များကြသည်။ ဤအရာများအတွက် ပြေးလွှားနေဖို့ ဆန္ဒမရှိဟု သင်ဆိုကောင်းဆိုနိုင်သော်လည်း သင်သည် အမှန်တကယ်တွင် ဤသို့နေနိုင်ပါသလော။ သင့်ကိုယ်သင်မသိလိုက်ဘဲ ဤလမ်းကြောင်းအပေါ် သင်တက်ရောက်လိုက်ပြီးဖြစ်နေသည့်အပြင် မတူသောရှင်သန်နည်းတစ်ခုကို ပြောင်းရန် ဆန္ဒရှိသော်လည်း သင်မပြောင်းနိုင်ပေ။ ဤကမ္ဘာတွင် သင်၏နေထိုင်ပုံနေထိုင်နည်းကို သင်မထိန်းချုပ်နိုင်ပေ။ ဤအရာ၏ မူလအရင်းအမြစ်မှာ အဘယ်နည်း။ စစ်မှန်သော ဘုရားသခင်ကို လူများက မယုံကြည်ဘဲ သမ္မာတရားကို လူများ မရရှိခြင်းကြောင့်ဖြစ်သည်။ လူသား၏စိတ်ဓာတ်ကို အဘယ်အရာက အားဖြည့်ပံ့ပိုးပေးသနည်း။ ဝိညာဉ်ရေးရာ အထောက်အပံ့အတွက် သူတို့ မည်သည့်နေရာတွင် ရှာကြသနည်း။ ဝိညာဉ်ရေးရာ အထောက်အပံ့အတွက် လူများသည် မိသားစု ပြန်လည်ပေါင်းဆုံခြင်း၊ အိမ်ထောင်ရေးသာယာမှု၊ ရုပ်ဝတ္ထုပစ္စည်းများမှ ရသောပျော်ရွှင်မှု၊ ဓနဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်း၊ သူတို့၏အဆင့်အတန်း၊ သူတို့၏ ခံစားချက်များနှင့် သူတို့၏ အသက်မွေးမှုများအပြင် နောက်မျိုးဆက်၏ ပျော်ရွှင်မှုတို့ထံမှ အားကိုးတကြီး မျှော်လင့်ကြသည်။ ဝိညာဉ်ရေးရာအထောက်အပံ့အတွက် ဤအရာများထံမှ ဝိညာဉ်ရေးရာ ပံ့ပိုးမှုကို အားကိုးတကြီး မမျှော်လင့်သူ တစ်ဦးတလေ ရှိသလော။ သားသမီးရှိသူများက သူတို့၏ သားသမီးများထံတွင် ယင်းကို ရှာကြသည်၊ သားသမီးမရှိသူများက ယင်းကို သူတို့၏ အသက်မွေးမှုများ၊ အိမ်ထောင်ရေး၊ လူ့အဖွဲ့အစည်းရှိ အဆင့်အတန်းနှင့် ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အထဲတွင် ရှာကြသည်။ ထို့ကြောင့် အကျိုးဆက်အားဖြင့် ဖြစ်လာသော ဘဝနေထိုင်မှု နည်းလမ်းများသည် အားလုံး အတူတူပင်ဖြစ်သည်။ စာတန်၏ထိန်းချုပ်နိုင်ခြင်းနှင့် တန်ခိုးတို့ကို ခံရလျက် လူတို့အားလုံးသည် ထင်ပေါ်ကျော်ကြားမှု၊ အကျိုးအမြတ်၊ သူတို့၏ရှေ့ရေးများ၊ အသက်မွေးမှုများ၊ အိမ်ထောင်ရေးများ၊ မိသားစုများအတွက်ဖြစ်စေ၊ နောက်မျိုးဆက်အတွက်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများအတွက်ဖြစ်စေ လူအားလုံးသည် မရည်ရွယ်ဘဲ ပြေးလွှား၍ အလုပ်များကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဟုတ်သလော။ ဤကမ္ဘာ၌ လူများ မည်မျှ ပျားပန်းခပ်မျှ လှုပ်ရှားနေပါစေ၊ သူတို့ အတတ်ပညာပိုင်းဆိုင်ရာတွင် မည်မျှ ဖြစ်မြောက်အောင်မြင်ပါစေ၊ သူတို့၏မိသားစုများ မည်မျှ ပျော်ရွှင်ပါစေ၊ သူတို့၏မိသားစု မည်မျှ ကြီးပါစေ၊ သူတို့၏အဆင့်အတန်း မည်မျှ ဂုဏ်သတင်း ကြီးပါစေ၊ လူသားအသက်တာ၏ လမ်းကြောင်းမှန်ပေါ်သို့ သူတို့ တက်ရောက်လျှောက်လှမ်းနိုင်စွမ်း ရှိသလော။ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ကမ္ဘာကြီးနောက်သို့ လိုက်ခြင်းဖြင့် သို့မဟုတ် သူတို့၏အသက်မွေးမှုများကို လိုက်စားခြင်းဖြင့် ဘုရားသခင်က လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်ထားပြီး အရာအားလုံးကို ဖန်ဆင်းထားသည်ဟူသည့် အချက်ကို သူတို့ မြင်နိုင်စွမ်းရှိကြသလော။ ယင်းသည် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာကို စွဲကိုင်ထားသည် ဟူသည့် အချက်ကို အသိအမှတ်မပြုပါက သူတို့၏ သီးသန့် လိုက်စားမှု သို့မဟုတ် လမ်းကြောင်းက မည်သည့်အရာပင်ဖြစ်ပါစေ သူတို့လျှောက်သည့် လမ်းကြောင်းသည် မှားသည်။ ယင်းသည် မှန်ကန်သောလမ်းကြောင်း မဟုတ်ပေ၊ သို့သော် မရိုးဖြောင့်သောလမ်းကြောင်း၊ ဆိုးယုတ်သော လမ်းကြောင်းဖြစ်သည်။ သင်၏ဝိညာဉ်ပိုင်းဆိုင်ရာ အထောက်အပံ့မှ စိတ်ကျေနပ်မှုကို သင်ရသည်ဖြစ်စေ သို့မဟုတ် မရသည်ဖြစ်စေ၊ ထို့ပြင် ထိုအထောက်အပံ့ကို မည်သည့်နေရာက သင်ရသည်ဆိုသည်က အရေးမကြီးပေ။ ယင်းသည် စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ၊ ပြီးလျှင် ၎င်းသည် လူသားအသက်တာအတွက် မှန်ကန်သော လမ်းကြောင်း မဟုတ်ပေ။ စစ်မှန်သောယုံကြည်ခြင်း ရှိရန်ဆိုသည်မှာ အဘယ်နည်း။ ယင်းက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို လက်ခံခြင်းနှင့် ဘုရားသခင် ဖော်ပြပြီးသော သမ္မာတရားအားလုံးကို လက်ခံခြင်းဖြစ်သည်။ ဤသမ္မာတရားသည် လူသားအသက်တာအတွက် မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး လူများ လိုက်စားသင့်သည့် သမ္မာတရားနှင့် အသက် ဖြစ်သည်။ ဘဝတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်ခြင်းသည် ဘုရားသခင်နောက်ကို လိုက်ခြင်းနှင့် တတ်စွမ်းနိုင်ခြင်းဖြစ်သည်၊ သူ့နှုတ်ကပတ်တော်များ၏ ဦးဆောင်မှုအောက်တွင် သမ္မာတရားကို နားလည်ရန်၊ မကောင်းမှုနှင့် ကောင်းမှုကို ခွဲခြားသိမြင်ရန်၊ အပြုသဘောဆောင်ခြင်းက မည်သည့်အရာ ဖြစ်ကြောင်းနှင့် အပျက်သဘောဆောင်ခြင်းက မည်သည့်အရာဖြစ်ကြောင်းတို့ကို သိရန်နှင့် သူ၏အချုပ်အခြာအာဏာနှင့် အနန္တတန်ခိုးကို နားလည်ရန်ဖြစ်သည်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသည်သာမက စကြဝဠာနှင့် အလုံးစုံအပေါ်တွင်လည်း အချုပ်အခြာအာဏာ ရှိကြောင်းကို လူများက မိမိတို့၏စိတ်နှလုံးများထဲတွင် စစ်မှန်စွာ နားလည်သောအခါ သူတို့သည် သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်မှုများ အားလုံးကို နာခံနိုင်ပြီး သူ့နှုတ်ကပတ်တော်များအတိုင်း နေထိုင်နိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်နိုင်သည်။ ဤသည်မှာ လူ့အသက်တာအတွက် မှန်ကန်သော လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လူများ လျှောက်သောအခါ လူများ အဘယ်ကြောင့် ရှင်သန်ကြောင်းနှင့် အလင်းထဲတွင် ရှင်သန်နေထိုင်ဖို့နှင့် ဘုရားသခင်၏ကောင်းချီးနှင့် လက်ခံမှုတို့ကို ရဖို့အလို့ငှာ သူတို့ မည်သို့နေထိုင်သင့်ပုံတို့ကို သူတို့ နားလည်နိုင်သည်။
ယခု သင်တို့ မည်သည့်အရာအတွက် အသက်ရှင်ရပ်တည်နေသနည်း။ သင်တို့ နားလည်သလော။ (အထူးတာဝန်များနှင့် ကျွန်ုပ်တို့ကို ဘုရားသခင်က ပေးသည့် ယုံကြည်အပ်နှံခြင်းများကို ပြီးဆုံးအောင်လုပ်ရန်၊ ပြီးလျှင် ဖန်ဆင်းခံသတ္တဝါများ၏ တာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ပါသည်။) အကယ်၍ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်ကို သင်ထမ်းဆောင်လိုပြီး ဘုရားသခင်၏ ယုံကြည်အပ်နှံမှုကို ပြီးဆုံးအောင်လုပ်လိုပါက ဤသည်မှာ သင်၏ခံစားချက်အရဖြစ်သော အလိုဆန္ဒတစ်ခုနှင့် သင်ရွေးချယ်လိုက်သော ဘဝလမ်းကြောင်းဖြစ်ပြီး ဤသည်မှာ မှန်ကန်သည်။ သို့သော် သင်သိရမည့်အချက်တစ်ချက်ရှိသည်၊ လူများသည် ဤကမ္ဘာလောကတွင် နေထိုင်ကြသည်၊ ပြီးလျှင် ဤသည်ကို ဘုရားသခင်က စီစဉ်ပေးထားသည်။ လူတိုင်းသည် အထူးတာဝန်တစ်ခုနှင့်အတူ ကမ္ဘာလောကသို့ ဝင်ရောက်လာသည်။ သူတို့သည် ကြုံရာကျပန်းသက်သက်သာ ရောက်လာခြင်း မဟုတ်ပေ။ ဘုရားသခင်က အားလုံးကို အမှားအယွင်း အနည်းငယ်မျှပင် မရှိစေဘဲ အုပ်စိုး၍ ကြိုတင်စီစဉ်ကာ စီစဉ်ညွှန်ကြားထားပါသည်။ လူတိုင်း ကမ္ဘာလောကသို့ ဝင်ရောက်လာသည့်အတွက် သူတို့လေ့လာသမျှ သို့မဟုတ် လုပ်သမျှ မည်သည့်အရာမဆို အားလုံးသည် ကမ္ဘာလောကအတွင်းတွင် အခန်းကဏ္ဍတစ်ခု ထမ်းဆောင်ဖို့ဖြစ်သည်။ ဤအခန်းကဏ္ဍမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ဤကမ္ဘာလောကတွင် သူတို့သည် လုပ်ငန်းတာဝန်တစ်ခုကို ပြီးဆုံးအောင်လုပ်ရမည်။ သူတို့ လုပ်ရမည့်ကိစ္စများရှိသည်။ ဥပမာအနေဖြင့် လူနှစ်ဦး အိမ်ထောင်ပြုပြီး ကလေးတစ်ယောက် မွေးလာသည်၊ သူတို့သုံးယောက်သည် ပြီးပြည့်စုံသော မိသားစုတစ်ခုကို ဖြစ်စေသည်။ ဤမိသားစုအတွင်းတွင် ဇနီးက သူမ၏ကလေးနှင့် ခင်ပွန်းကို ပြုစုစောင့်ရှောက်ရသည့်၊ မိသားစုကို ဂရုစိုက်ရသည့် သူမ၏အထူးတာဝန်ကို ထမ်းဆောင်ရန် ရှင်သန်နေထိုင်သည်။ သို့ဆိုလျှင် ကလေးက မည်သည့်အရာအတွက် အသက်ရှင်နေထိုင်သနည်း။ သူသည် မည်သည့်အခန်းကဏ္ဍမှ နေသနည်း။ မိသားစု၏ အမွေဆက်ခံသူတစ်ဦးအနေဖြင့် သူသည် မိသားစုမျိုးရိုးကို ဆက်ခံသည်။ သူသည် ဤမိသားစု၏နောက်မျိုးဆက် ဖြစ်လေသည်။ ဤကလေး ရောက်လာသောကြောင့် ဤမိသားစုသည် ပြီးပြည့်စုံသည်၊ ပြီးလျှင် ဤသည်မှာ သူတို့ကပြရသည့် ပထမဆုံး အခန်းကဏ္ဍ ဖြစ်သည်။ သူတို့သည် သားတစ်ယောက်ဖြစ်စေ၊ သမီးတစ်ယောက်ဖြစ်စေ သူတို့တွင် သူတို့၏ကိုယ်ပိုင် အထူးတာဝန် ရှိကြသည်။ သူတို့၏အနာဂတ်ကံကြမ္မာ၊ သူတို့ကြီးပြင်းလာပြီးနောက် သူတို့တွင် မည်သည့်ပညာရပ်ဆိုင်ရာ သင့်တော်သော အရည်အချင်းများ၊ ကျွမ်းကျင်မှုများ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာတို့ ရှိသည်၊ သို့မဟုတ် ဘုရားသခင်ကို သူတို့ ယုံကြည်ပြီးနောက်ပိုင်းတွင် မည်သည့်တာဝန်ကို သူတို့ ထမ်းဆောင်သည် စသည်တို့အတွက်မူ ဤအဆင့်များအားလုံး၏ တစ်ခုချင်းစီကို ဘုရားသခင်က ကြိုတင်ကြံဆပြီး စီစဉ်ထားသည်မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသလော။ (မရှိပါ။) မိသားစုတစ်ခုအတွင်းသို့ တစ်စုံတစ်ဦး မွေးဖွားလာကတည်းက သူတို့ကံကြမ္မာ၏ မည်သည့်အဆင့်တစ်ဆင့်ကမျှ သူတို့၏ရွေးချယ်မှု မဟုတ်ခဲ့ပေ။ ယင်းကို ဘုရားသခင်က ကြိုတင်စီစဉ်ထားခြင်းသာဖြစ်သည်။ ၎င်းတို့အားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်း ဖြစ်သည်၊ ထို့ပြင် ဤအထဲတွင် သမ္မာတရားရှိသည်။ ဤသည်က လူများ မည်သည့်အရာအတွက် အသက်ရှင်နေထိုင်ကြသည်ဆိုသည်နှင့် ဆက်စပ်သည်။ ဥပမာအားဖြင့် သင်သည် ဂီတကို လေ့လာပြီး ယင်းအတွက် သင့်တွင် အခြေအနေများနှင့် မိသားစုပတ်ဝန်းကျင်ရှိပါက ထိုအခါ ဂီတကို လေ့လာခြင်းသည် သင်ရွေးချယ်လိုက်သည့် အရာတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) ဤပတ်ဝန်းကျင်တွင် သင့်ကို မွေးဖွားခဲ့သည်၊ ဤပတ်ဝန်းကျင်၏ မြေတောင် မြှောက်ပေးခြင်းမှတစ်ဆင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သင်လေ့လာခဲ့ပြီး ဤအထူးတာဝန်ကို ပြီးမြောက်ခဲ့သည်။ ၎င်းကို ပြီးမြောက်ဖို့ မည်သည့်အရာက သင့်ကို ထောက်ကူပေးခဲ့သနည်း။ ၎င်းကို ဘုရားသခင်က စီမံခဲ့သောကြောင့်ဖြစ်သည်၊ ၎င်းကို သင်က ရွေးချယ်ခဲ့သောကြောင့် မဟုတ်ပေ။ ဤသည်ကို ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုကြောင့် ပြီးမြောက်ခဲ့သည် မဟုတ်လော။ ယခု သင့်တာဝန်ကို သင်ထမ်းဆောင်၍ သင်သိရှိပြီး လေ့လာထားခဲ့သည့် အရာတို့ကို ယင်းအတွက် အသုံးချသော်လည်း ဤသည်ကို မည်သူက ဆုံးဖြတ်ပေးခဲ့သနည်း။ (ဘုရားသခင်က ပေးခဲ့သည်။) ယင်းကို ဘုရားသခင်က ဆုံးဖြတ်ပေးခဲ့သည်၊ သင်က ဆုံးဖြတ်ပေးခြင်းမဟုတ်ပေ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် သင်သည် ယခု မည်သူ့အတွက် ရှင်သန်နေထိုင်သနည်း။ (ဘုရားသခင်အတွက် ကျွန်ုပ်တို့ ရှင်သန်နေထိုင်သည်။) လက်တွေ့အရှိတရားတွင် ယင်းသည် လူတိုင်းအတွက် အတူတူဖြစ်သည်။ ၎င်းကို သူတို့ သိသည်ဖြစ်စေ သို့မဟုတ် မသိသည်ဖြစ်စေ၊ သတိထားမိသည်ဖြစ်စေ သို့မဟုတ် သတိမထားမိသည်ဖြစ်စေ သူတို့အားလုံးသည် ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုတို့အတွက် ရှင်သန်နေထိုင်ကြသည်။ လူများသည် ကစားပွဲတစ်ခုထဲမှ အပိုင်းအစများကဲ့သို့ ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သည့်နေရာတွင်မဆို နေရာချထားပါစေ၊ သူက သင့်ကို တစ်ခုခုလုပ်ခိုင်းဖို့ မည်သည့်အရာကိုမဆို စီစဉ်ထားပါစေ၊ ထို့ပြင် သူက သင့်ကို တစ်နေရာရာတွင် မည်မျှကြာအောင် နေခိုင်းထားပါစေ အားလုံးမှာ သူ၏စီစဉ်ညွှန်ကြားချက်အောက်တွင် ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအရ လက်တွေ့အရှိတရားရှိ လူများအားလုံးသည် သူ၏အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုအတွက်လည်းကောင်း သူ၏စီမံခန့်ခွဲမှုအတွက်လည်းကောင်း ရည်ရွယ်၍ ရှင်သန်နေထိုင်ကြသည်၊ ပြီးလျှင် သူတို့သည် ထိန်းချုပ်မှု မရှိပေ။ သင်သည် မည်မျှတတ်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ သို့မဟုတ် အထုံပါရမီပါသည်ဖြစ်စေ သင်သည် ဘုရားသခင်က သင့်အတွက် စီမံပေးပြီးဖြစ်သည့် ကံကြမ္မာကို ကျော်လွန်၍ မလုပ်နိုင်ပေ။ ဤကန့်သတ်ချက်များကို ကျော်လွန်၍ သို့မဟုတ် သူတို့အတွက် ဖန်ဆင်းရှင်မှ သတ်မှတ်ပေးပြီး ကြိုတင်စီစဉ်ထားသည့် ကံကြမ္မာနှင့် အသက်တာကို ကျော်လွန်၍ဖြစ်စေ၊ ဖောက်ထွက်၍ဖြစ်စေ မည်သူမျှ အသက်မရှင်နိုင်ပေ။ ဤအရာများသည် လက်တွေ့အရှိတရားတွင် လူများ လုံးဝ မသိသောအရာများအားလုံးဖြစ်ကြပြီး ယခုတိုင်အောင် ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုနှင့် အချုပ်အခြာအာဏာအောက်တွင် အမှုမဲ့အမှတ်မဲ့နှင့် မရည်ရွယ်ဘဲ ဖြစ်နေကြသည်။ ဤသည်ကို အရှိအတိုင်းမြင်လျှင် လူများသည် မည်သည့်အရာကို နားလည်ကြသနည်း။ (သူတို့၏အသက်တာနှင့် သေခြင်းတို့သည် သူတို့အပေါ်တွင် မူမတည်သော်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုတို့အောက်တွင် ရှိသည်။) (သူတို့သည် သူတို့ကိုယ်ပိုင်ကံကြမ္မာနှင့်ပတ်သက်၍ ကြီးကြပ်ဖို့ မကြိုးစားသင့်ကြပေ၊ ပြီးလျှင် သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုတို့ကို ကျိုးနွံနာခံသင့်သည်။) သင်သည် ယင်းကို ဤကဲ့သို့ မြင်နိုင်လျှင် သင်တိုးတက်လိမ့်မည်။ ဘုရားသခင်ကို နာခံနိုင်ဖို့ မည်သည့်သမ္မာတရားများကို သင်နားလည်သင့်သနည်း။ မည်သို့သော မိသားစုမျိုးတွင် သင်မွေးဖွားလာခဲ့သည်ဖြစ်စေ၊ သင့်အစွမ်းအစ၊ သင့်ဉာဏ်ရည်နှင့် သင့်အတွေးများကဲ့သို့ ဤအရာများသည် မည်သည့်အရာဖြစ်ပါစေ သင့်ကံကြမ္မာနှင့် သင့်အကြောင်းအကုန်လုံးတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ရှိသည်။ သင့်တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ဤသည်မှာ လူများ ရွေးချယ်သင့်သည့်လမ်းကြောင်းဖြစ်သည်။ သင်နှင့်ပတ်သက်သော ဤအရာများအားလုံးကို ဘုရားသခင်က သင့်အဖို့ မည်သို့စီစဉ်ထားကြောင်း၊ ယင်းကို သူမည်သို့ လမ်းညွှန်ထားပုံ၊ အနာဂတ်တွင် ယင်းကို သူမည်သို့လမ်းညွှန်လိမ့်မည်ဆိုသည်တို့ကို နားလည်ခြင်း၊ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် ရည်ရွယ်ချက်များကို နားလည်ရန် ကြိုးစားခြင်းနှင့် ထို့နောက်တွင် ဖန်ဆင်းရှင်က အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည့် ကံကြမ္မာလမ်းကြောင်းပေါ်တွင် အသက်ရှင်နေထိုင်ခြင်းတို့ဖြစ်သည်။ ယင်းသည် အမှုအရာများအတွက် ယှဉ်ပြိုင်ခြင်း၊ လုယူခြင်း၊ သို့မဟုတ် အမှုအရာများကို ဖမ်းဆုပ်ထားခြင်း မဟုတ်ပေ။ ယင်းသည် ဖန်ဆင်းရှင်၏ လိုအင်ဆန္ဒများကို စိစစ်ခြင်း သို့မဟုတ် ခုခံခြင်းအကြောင်း မဟုတ်ပေ၊ သင့်အတွက် ဘုရားသခင်က ကြိုတင်စီစဉ်ပေးပြီး ဖြစ်သော အရာအားလုံးကို စိစစ်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းအကြောင်း မဟုတ်ပေ။ ဤသည်က သင်၏နေထိုင်ခြင်းကို မှန်ကန်ပြီး သင့်တော်အောင် လုပ်ပေးသည် မဟုတ်လော။ ဤသည်က “လူများ အဘယ်ကြောင့် အသက်ရှင်ရသနည်းနှင့် သူတို့ အဘယ်ကြောင့် သေရသနည်း” ဟူသော သံသယများ သို့မဟုတ် “ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်” ဟူသည့် စိတ်ဆင်းရဲမှုကို အဆုံးသတ်ပေးသည်။ လူများသည် ဤဘဝကို အသက်ရှင်နေထိုင်ရန် အမှန်တကယ်တွင် မည်သည့်အခက်အခဲမျှမရှိဟု ခံစားမိကြပြီး သူတို့သည် အသက်တာ၏အရင်းအမြစ်ကို ရှာတွေ့ခဲ့ပြီးဖြစ်သည်။ ကံကြမ္မာသည် မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ နားလည်ကြသည်၊ ဖန်ဆင်းရှင်၏ ကြိုတင်စီစဉ်မှုကို လူများ မည်သို့နာခံသင့်ပုံကို သူတို့ သိကြပြီး သူတို့ မခုခံကြပေ။ ဤသည်မှာ အဓိပ္ပာယ်ရှိသော နေထိုင်နည်းတစ်ခု ဖြစ်သည်။ လူများသည် ပျော်ရွှင်မှုအတွက် ရုန်းကန်လှုပ်ရှားပြီး ယှဉ်ပြိုင်ရန် သူတို့စိတ်များမှ စိတ်ကူးများ သို့မဟုတ် သူတို့၏ ကိုယ်ပိုင်အင်အားတို့အပေါ် မှီခိုအားထားခြင်း မရှိကြတော့ပေ။ ဤအရာအားလုံးမှာ မိုက်မဲပြီး ခေါင်းမာခြင်း ဖြစ်ကြောင်းကို သူတို့ သိကြပြီး ယင်းကို သူတို့ မလုပ်ကြတော့ပေ။ သူတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုတို့ကို နာခံဖို့ လေ့လာခဲ့ကြပြီး ဤသည်က ဆင်းရဲဒုက္ခများစွာကို ရှောင်ကြဉ်နိုင်ခဲ့ပြီတကား။ သို့ဆိုလျှင် ယခု သင်တို့သည် ဤကဲ့သို့ နေထိုင်နေကြသလော။ သင်သည် ဘဝတွင် မတရားသဖြင့် အပြုခံထားရပြီး တန်ဖိုးထားမခံရဘဲ နေထိုင်နေရသည်ဟု ခံစားရသလော။ သင်၏ ပါရမီများနှင့် သင်၏ တာဝန်တို့ကို ဘုရားသခင်က စီစဉ်ပေးထားပြီး သင့်ထံ ပေးထားသည်ကို သင်သိသော်လည်း သင်သည် မတရားသဖြင့်အပြုခံထားရပြီး သင့်တွင်ရှိသော ဤတာဝန်သည် သင်၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ ခွင့်မပြုဟု သင်ခံစားနေရဆဲဖြစ်သည်။ အကယ်စင်စစ် သင့်တွင် ပို၍ကြီးကျယ်ခမ်းနားသော သဘာဝတစ်ခုဖြစ်ဖို့ ရည်မှန်းချက်ပန်းတိုင်များ ရှိသော်လည်း သင်တာဝန်ထမ်းဆောင်နေရသော ဤသီးသန့်နယ်ပယ်က သင့်အား ၎င်းတို့ကို အကောင်အထည်ဖော်ဖို့ အမှန်တကယ် ခွင့်မပြုပေ။ ဤကဲ့သို့ သင်သည် တွေးနေသလော။ (မတွေးပါ။) သင့်တွင် ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများ မရှိပေ၊ သင့်တွင် လိုအပ်ချက်များ အလွန်အကျွံ မရှိပေ၊ သင် ဘေးဖယ်သင့်သည့် အရာအားလုံးကို ဘေးဖယ်ထားပြီး သည့်ပြင် သင်လိုနေသည့်တစ်ခုတည်းသောအရာမှာ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို နားလည်ခြင်းဖြစ်သည်။ ဤသည်က လူများ လျှောက်သင့်သောလမ်းကြောင်းနှင့် သူတို့ သွားသင့်သော ဦးတည်ရာတို့ကို ပို၍ ရှင်းလင်းပြတ်သားအောင် လုပ်ပေးသည်။ “လူများ အဘယ်ကြောင့် အသက်ရှင်ရသနည်း၊ သူတို့ အဘယ်ကြောင့် သေရသနည်း၊ အရာအားလုံးကို အုပ်စိုးသောသူသည် မည်သူနည်း” ဟူသကဲ့သို့သော မေးခွန်းများကို မေးဖို့ သူတို့ မလိုအပ်တော့ပေ။ သင်လိုက်စားသည်မှာ မည်သည့်အရာဖြစ်စေ၊ သင့်အလိုဆန္ဒများက မည်သည့်အရာဖြစ်စေ ဖန်ဆင်းရှင်၏မျက်မှောက်တော်သို့ ပြန်လာခြင်း၊ သင်လုပ်သင့်သည့်အရာကို တာဝန်ကျေစွာ ပြီးမြောက်အောင်မြင်ခြင်းနှင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပြီးစီးအောင်လုပ်ခြင်းတို့ဖြင့်သာ ရှင်းလင်းသောအသိတရားတစ်ခုကို ဆောင်ယူလာပေးသည့် နည်းလမ်းတစ်ခုဖြင့် သင်နေထိုင်နိုင်မည်ဖြစ်ပြီး ယင်းသည် မှန်ကန်ပြီး သင့်တော်သည်။ ဆင်းရဲဒုက္ခခံစားရခြင်း တစ်ခုမျှ မပါဝင်ပေ။ ဤသည်မှာ ရှင်သန်နေထိုင်ခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။