အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၃)
ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်သက်ဝင်လာခဲ့သူ အားလုံးတို့သည် ယုံကြည်ခြင်း အုတ်မြစ်ချပြီးဖြစ်သော်လည်း ဖြေရှင်းရမည့် ပြဿနာအစစ်အမှန်တစ်ခုရှိသည်။ လူအများစုသည် သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို နားလည်မှုအချို့ ရှိပြီး တိကျမှန်ကန်သော စကားလုံးများကို ပြောကာ အယူဝါဒများကို ဟောကြားနိုင်သော်လည်း သူတို့၏ လက်တွေ့ဘဝတွင် ထိုနှုတ်ကပတ်တော်များ၏ မှန်ကန်တိကျမှုကို မတွေ့ကြုံဖူးကြချေ။ သူတို့သည် ထိုနှုတ်ကပတ်တော်များ၏ အတွင်း၌ပါဝင်သော သမ္မာတရား၏ စစ်မှန်သော အနက်အဓိပ္ပာယ်နှင့် လက်တွေ့ကျသောဘက်တို့ကို အမှန်တကယ် တွေ့ကြုံဖူးချင်းမရှိကြ။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သင့်လျော်သည့် ပတ်ဝန်းကျင်၊ သင်၏နံဘေးရှိ သင့်လျော်မှန်ကန်သော လူပုဂ္ဂိုလ်များ၊ ပြီးလျှင် ဘဝတွင် သင့်ကို ရင့်ကျက်စေမည့် သင့်တော်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင်လိုအပ်သည်။ ဤနည်းအားဖြင့် သင်နားလည်ထားသော ဤသမ္မာတရားများနှင့် ဤအယူဝါဒများကို ပို၍ စွဲမြဲယုံကြည်သွားမည် ဖြစ်ပြီး ယင်းတို့က သင့်ကို အတွေ့အကြုံ ရရှိစေလိမ့်မည်။ ရှင်သန်နေသော သစ်စေ့တစ်စေ့ကို မြေသြဇာကောင်းသော မြေဆီလွှာထဲသို့ချထားသော်လည်း နေရောင်ခြည်၏ ထိတွေ့မှုနှင့် မိုးရေ၏ စိုစွတ်မှုတို့မရလျှင် ၎င်းမှနေ၍ထိုးထွက်လာသော အတက်သည် ညှိုးနွမ်းသွားမည် မဟုတ်လော။ (ညှိုးနွမ်းသွားပါမည်။) ထို့ကြောင့် သင်သည် များစွာသော တရားဒေသနာများ၊ သမ္မာတရားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနာပြီးဖြစ်ကာ ဤလမ်းကြောင်းသည် လမ်းကြောင်းမှန်ဖြစ်သည်ဟုလည်းကောင်း၊ ဘဝတွင် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်ဟုလည်းကောင်း သေချာပြီးသားဖြစ်သည့်အခါ ထိုအချိန်တွင် သင်သည် ဘာလိုအပ်သနည်း။ သင့်ဘဝအတွက် တည်ဆောက်စရာဖြစ်ပြီး အထောက်အကူဖြစ်ကာ သင့်အား ဘဝတွင် ရင့်ကျက်စေနိုင်သည့် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ပေးရန် ဘုရားသခင်ထံ တောင်းဆိုဖို့လိုအပ်သည်။ ဤပတ်ဝန်းကျင်သည် သက်သောင့်သက်သာရှိချင်မှရှိမည်။ အကြင်သူ၏ လူ့ဇာတိသည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရမည်။ အကြင်သူသည် အမှုအရာများစွာကို စွန့်လွှတ်ပြီး လက်လွှတ်ရမည်။ ယခုလောက်ဆိုလျှင် ဤအရာကို သင်တို့အားလုံး တွေ့ကြုံဖူးပြီးဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အိမ်သို့မပြန်နိုင်ဘဲ သင်၏သားသမီး၊ ကြင်ဖက်တို့ကို မမြင်ရသလို၊ သို့မဟုတ် ဆက်သွယ်၍မရ၊ သင်၏ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများတို့နှင့် တွေ့ဆုံခွင့်မရ၊ သို့မဟုတ် ထိုသူများထံမှ မည်သည့်သတင်းစကားမျှ မကြားရဟု ဆိုကြပါစို့။ သန်းခေါင်ယံအချိန်တွင် “ငါ့ဖခင်ကျန်းမာပါ့မလား။ သူကအသက်ကြီးပြီ။ ငါ့မှာ သူ့ကို ဂုဏ်ဆောင်စရာ နည်းလမ်းမရှိ။ ငါ့အမေသည်လည်း ကျန်းမာရေးမကောင်း။ အခုချိန် သူဘယ်လိုများ နေသည်မသိ” ဟု သင်သည် အိမ်အကြောင်းကို စတင်တွေးမိချေမည်။ ထိုအကြောင်းကိစ္စရပ်များနှင့်ပတ်သက်၍ သင် တစ်ချိန်လုံး တွေးမိနေမည် မဟုတ်ပါလား။ သင်၏စိတ်နှလုံးသည် ထိုအရာများ၏ အမြဲချည်နှောင်ထားခြင်းကို ခံရလျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် အဘယ် အကျိုးသက်ရောက်မှုရှိမည်နည်း။ သင်သည်လောကီ၊ လူ့ဇာတိကိစ္စရပ်များဖြင့် အလွန် ရောနှောစပ်ယှက်ခြင်း၊ သို့မဟုတ် ပူပန်ခြင်း မရှိလျှင် သင်၏ အသက်တာတိုးတက်မှုအတွက် အကျိုးရှိ၏။ သင်၏ တွေးတောခြင်းနှင့် စိုးရိမ်ပူပန်နေခြင်းသည် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်ချေ။ အဆိုပါ ကိစ္စရပ်များအားလုံးသည် ဘုရား၏လက်ထဲတွင် ရှိသည်။ သင်သည် သင်၏မိသားစုဝင်များ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည်မဟုတ်ချေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သူ၏ ရည်ရွယ်ချက်များကို အလေးထားရန်၊ သင်၏တာဝန်ကို ထမ်းဆောင်ရန်၊ စစ်မှန်သော ယုံကြည်ခြင်းကို ရရှိရန်၊ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်၊ အသက်တာတွင် ရင့်ကျက်ရန်နှင့် သမ္မာတရားကို ရရှိရန် တို့သည် သင့်အနေဖြင့် အထူး ဦးစားပေးရမည့်အရာများ ဖြစ်ကြောင်း သင်နားလည်ရမည်ဖြစ်သည်။ ဤအရာသည် အရေးအပါဆုံးဖြစ်သည်။ အပေါ်ယံကြည့်လျှင် လူတို့က သူတို့၏မိသားစုနှင့် ကမ္ဘာကြီးကို အလျင်ဦးအောင် စွန့်ပစ်ထားသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (ဤအရာကို အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ညွှန်ကြားသည့်သူမှာ ဘုရားသခင်ဖြစ်သည်။) ဤအရာကို ဘုရားက စီစဉ်ညွှန်ကြားခြင်းဖြစ်သည်။ သင်နှင့် သင်၏မိသားစုမတွေ့ရန် တားဆီးသူမှာ ဘုရားသခင် ဖြစ်သည်။ ပိုမိုတိကျအောင်ပြောရလျှင် ဘုရားသခင်က သင့်ထံမှ သူတို့အား ဖယ်ထုတ်ထားခြင်းဖြစ်လေသည်။ ထိုစကားများသည် လက်တွေ့အကျဆုံး စကားလုံးများမဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ကိစ္စရပ်များအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ပေးသည်ဟု လူအများက အမြဲပြောကြသည်။ ထိုသို့ဆိုလျှင် ဤကိစ္စရပ်အပေါ် ဘုရားသခင်သည် မည်သို့အချုပ်အခြာအာဏာ ကိုင်စွဲသနည်း။ ဘုရားသခင်က သင့်မိသားစုကို သင့်အပေါ် ဝန်ပိစေသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်ခွင့်မပေးဘဲ သင့်ကို သင်၏အိမ်ပြင်ပသို့ ခေါ်ဆောင်ပေးသည်။ ထိုသို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသနည်း။ ဘုရားသခင်က သင့်ကို သင်ချစ်ခင်ရသော သူများအား မတွေ့မမြင်နိုင်သည့် ဇာတိပကတိ၏ ချည်နှောင်မှုများ မရှိသော ပတ်ဝန်းကျင်သို့ ခေါ်ဆောင်သွားသည်။ ထိုသူများအတွက် သင် စိတ်ပူပန်ပြီး သူတို့အတွက် တစ်စုံတစ်ခု ပြုလုပ်ပေးချင်သော်လည်း သင်ပြုလုပ်၍မရပါ၊ သူတို့ကို ဝတ်ကြီးဝတ်ငယ် ပြုစုချင်သော်လည်း သင်မတတ်နိုင်ပါ။ သူတို့သည် သင့်ကို ချည်နှောင်ထားနိုင်ခြင်း မရှိတော့ပါ။ ဘုရားသခင်သည် သင့်ကို သူတို့ထံမှ ဝေးရာကို ခေါ်ဆောင်သွားပြီး သင့်ကို ဤနှောင်ကြိုးများအားလုံးမှ ကင်းလွတ်စေသည်။ သို့မဟုတ်ပါက သင်သည် သူတို့ကို ဝတ်ကြီးဝတ်ငယ် ပြုစုနေဦးမည်၊ သူတို့အတွက် အစေခံမှု ပေးနေဦးမည်၊ သူတို့အတွက် ပင်ပန်းကြီးစွာ အလုပ်အကျွေး ပြုနေဦးမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဤအပြင်ပန်းနှောင်ကြိုးများ အားလုံးထံမှ ဝေးရာသို့ ခေါ်ဆောင်သွားခြင်းက ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ (ကောင်းသောအရာဖြစ်ပါသည်။) ထိုအရာသည် ကောင်းသောအရာဖြစ်ပြီး နောင်တရနေစရာမလိုအပ်ပေ။ ထိုအရာသည် ကောင်းသောအရာဖြစ်သောကြောင့် လူများသည် ဘာလုပ်သင့်သနည်း။ လူများသည် “ဘုရားသခင်က ကျွန်ုပ်ကို အလွန်ချစ်မြတ်နိုးပါ၏” ဟုပြောရင်း ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းသင့်သည်။ အကြင်သူတစ်ဦးသည် ချစ်ခင်တွယ်တာမှု၏ နှောင်ကြိုးကို မိမိဘာသာ မကျော်လွှားနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လူတို့၏စိတ်နှလုံးကို ချစ်ခင်တွယ်တာမှုက ကန့်သတ်ချုပ်တည်းထားသောကြောင့်ဖြစ်သည်။ သူတို့အားလုံးသည် သူတို့၏မိသားစုနှင့် ပြန်လည်တွေ့ဆုံချင်သည်။ မည်သည့်အခါမျှ မခွဲမခွာဘဲ အားလုံး လုံခြုံစွာ၊ ကျန်းမာစွာ၊ ပျော်ရွှင်စွာ သူတို့ တစ်မိသားစုလုံး တစ်စုတစ်စည်း စုဝေးကာ ဤကဲ့သို့ နေ့တိုင်းကို ကုန်လွန်ဖို့ သူတို့အားလုံး ဆန္ဒရှိကြသည်။ သို့သော်လည်း ဤကိစ္စတွင် မကောင်းသော ဘက်တစ်ဖက်ရှိသည်။ သင်သည် သင့် ဘဝ၏ ခွန်အား၊ အားထုတ်မှုများ၊ သင်၏နုပျိုမှု၊ သင်၏ အကောင်းဆုံးနှစ်များနှင့် သင့်ဘဝ၏ အကောင်းဆုံးသော အစိတ်အပိုင်းများ အားလုံးတို့ကို သူတို့အတွက် ဆက်ကပ်အပ်နှံရမည်။ သင်သည် သင်၏ဘဝတစ်ခုလုံးကို သင်၏ ဇာတိခန္ဓာ၊ မိသားစု၊ ချစ်ခင်ရသောသူများ၊ အလုပ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ အမျိုးမျိုးသော ရှုပ်ထွေးသော ဆက်ဆံရေးများအတွက် ပေးအပ်ရမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် သင်သည် သင့်ကိုယ်သင် အလုံးစုံ ပျက်စီးစေမည်။ သို့ဆိုလျှင် ဘုရားသခင်က လူသားများကို မည်သို့ ချစ်သနည်း။ ဘုရားသခင်က “သင့်ကိုယ်သင် ဤရွှံ့နွံတွင်းထဲ၌ မဖျက်ဆီးလေနှင့်။ သင်၏ခြေနှစ်ချောင်းလုံး နစ်နေလျှင် သင်မည်မျှပင် ပင်ပန်းကြီးစွာ ကြိုးစားစေကာမူ သင့်ကိုယ်သင် ဆွဲထုတ်နိုင်မည်မဟုတ်။ သင့်တွင် ယုံကြည်ခြင်းကို မဆိုထားနှင့် ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် ရဲရင့်မှု မရှိချေ။ သင့်ကို ငါကိုယ်တော်တိုင် ခေါ်ဆောင်မည်” ဟုပြောသည်။ ဤသည်မှာ ဘုရားသခင် လုပ်သည့်အရာဖြစ်သည်။ ဘုရားသခင်သည် သင်နှင့် ဤကိစ္စကို မဆွေးနွေးပါ။ ဘုရားသခင်သည် လူတို့၏ အကြံဉာဏ်ကို အဘယ်ကြောင့် မတောင်းသနည်း။ လူအချို့က ပြောကြသည်မှာ “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ ဘုရားသခင်သည် သူအလိုရှိရာကို လုပ်သည်။ လူသားများသည် ပုရွက်ဆိတ်များနှင့် ပိုးကောင်များပမာ ဘုရားသခင်၏အမြင်တွင် ဘာမျှမဟုတ်” ဟူ၍ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်များ၏ အခြေအနေအမှန်ဖြစ်သည်။ သို့သော်လည်း ယင်းမှာ ဘုရားသခင်က လူတို့ကို ဆက်ဆံသည့်နည်းလမ်း ဖြစ်သလော။ မဟုတ်ပါ။ ဘုရားသခင်က များပြားလှသော သမ္မာတရားများ ဖော်ပြပြီး လူတို့ကို ပေးအပ်ကာ လူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်ခြင်းခံရဖို့နှင့် သူ့ထံမှ အသက်အသစ်ကို ရရှိဖို့ ထောက်ကူပေးသည်။ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန်ကြီးမြတ်သည်။ ထိုအရာများသည် လူများ မြင်နိုင်သည့် အရာအားလုံးဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ရည်ရွယ်ချက်များ ရှိသည်။ သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သင့်ဘာသာ ရွေးချယ်နိုင်ခြင်း ရှိမည်မဟုတ်သော လမ်းကြောင်းတစ်ခုဖြစ်သည့် လမ်းကြောင်းမှန်ပေါ်သို့ တက်စေပြီး အဓိပ္ပာယ်ရှိသော ဘဝတစ်ခုကို အသက်ရှင်နေထိုင်စေရန် ဖြစ်သည်။ လူအများ၏ နှလုံးသွင်းဆန္ဒမှာ သူတို့၏ ဘဝသက်တမ်းကို လုံခြုံစိတ်ချစွာ ကုန်လွန်နိုင်ရန်၊ ငွေအမြောက်အမြား မရှာနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် မိသားစုနှင့် တစ်စုတစ်စည်းတည်း ထာဝရနေလိုပြီး ဤမိသားစုပျော်ရွှင်မှုမျိုး ရရှိလိုကြသည်။ သူတို့သည် ဘုရား၏ ရည်ရွယ်ချက်များအပေါ် မည်သို့အလေးထားရမည်ကို နားမလည်ကြသကဲ့သို့ မိမိတို့၏ အနာဂတ် ခရီးပန်းတိုင်များ၊ သို့မဟုတ် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရား၏ ရည်ရွယ်ချက်ကို မည်သို့ဆင်ခြင်စဉ်းစားရမည်ကို နားမလည်ကြချေ။ သို့သော်လည်း ဘုရားသခင်က သူတို့၏ နားလည်မှု ကင်းမဲ့ခြင်းကို ရေးကြီးခွင့်ကျယ် မလုပ်သကဲ့သို့ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်သဖြင့် နားမလည်ဘဲ မည်သည့်ဆွေးနွေးမှုမဆိုသည် တန့်နေမည်သာ ဖြစ်သောကြောင့် ဘုရားသခင်က သူတို့အား အများကြီးပြောစရာမလိုပေ။ အဘယ်ကြောင့် တန့်နေမည်နည်း။ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်သည့် ကြီးမားသော ကိစ္စသည် စာကြောင်း တစ်ကြောင်း နှစ်ကြောင်းတည်းနှင့် ရှင်းပြခြင်းဖြင့် လူများ နားလည်နိုင်မည့်အရာတစ်ခု မဟုတ်ပေ။ ဤသို့ဖြစ်သည့်အတွက် လူများ နောက်ဆုံး၌ နားလည်သည့်နေ့ကို မရောက်မချင်း ဘုရားသခင်သည် ဆုံးဖြတ်ချက်များချပြီး တိုက်ရိုက် ပြုမူဆောင်ရွက်နေခြင်းဖြစ်သည်။
ဘုရားသခင်သည် သူရွေးချယ်ထားသောသူအချို့ကို တရုတ်ပြည်မကြီးရှိ အကျိုးမပြုသော ပတ်ဝန်းကျင်မှ ခေါ်ထုတ်သောအချိန်တွင် ထားရှိသော သူ၏ စေတနာများကို ယခုအခါတွင် လူတိုင်း တွေ့မြင်နိုင်လေသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်ပြသည့်အတွက် ဘုရားသခင်ကို မကြာခဏ ကျေးဇူးတင်ရှိကြောင်းပြပြီး ကျေးဇူးတင်ရမည်။ သင်သည် ထိုမိသားစု ပတ်ဝန်းကျင်မှ လွတ်လာပြီးဖြစ်ကာ လူ့ဇာတိ၏ ရှုပ်ထွေးသော အပြန်အလှန် ဆက်ဆံရေးများအားလုံးမှ ရုန်းထွက်ပြီး လောကီနှင့် ဇာတိပကတိဆိုင်ရာ သံယောဇဉ်များအားလုံးမှ လွတ်မြောက်လာပြီးဖြစ်သည်။ ဘုရားသခင်သည် သင့်အား ရှုပ်ထွေးပွေလီသော ကျော့ကွင်းမှ ခေါ်ထုတ်ပြီး သူ၏မျက်မှောက်တော်နှင့် သူ၏ အိမ်တော်ထဲသို့ ခေါ်ဆောင်ပြီး ဖြစ်သည်။ ဘုရားသခင်က “ဤနေရာတွင် ငြိမ်းချမ်းသည်။ ဤနေရာသည် အလွန်ကောင်းမွန်ပြီး သင်၏ရင့်ကျက်မှုအတွက် အလွန်သင့်တော်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် လမ်းပြမှုတို့ ရှိသည့်နေရာဖြစ်ပြီး သမ္မာတရား အုပ်စိုးရာလည်းဖြစ်၏။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ဤနေရာတွင် တည်ရှိပြီး ကယ်တင်ခြင်းအမှုသည် ဤနေရာတွင် ဗဟိုပြုသည်။ သို့ဖြစ်၍ ဤနေရာတွင် သင်၏စိတ်နှလုံး ကျေနပ်ရောင့်ရဲသည်အထိ ရင့်ကျက်လော့” ဟု ပြောလေသည်။ ဘုရားသခင်က သင်ချစ်ခင်ရသောသူများ နှစ်သိမ့်မှု မရှိကောင်း မရှိနိုင်သည့်၊ သင်နေထိုင်မကောင်းသည့်အခါတွင် သင်၏ သားသမီးများက သင့်ကို ပြုစုစောင့်ရှောက်ဖို့ အနီးအနားတွင် ရှိမနေသည့်၊ သင့်အတွင်းရေး ပြောပြဖို့ တစ်ဦးတစ်ယောက်မျှ မရှိသောနေရာ ဖြစ်သည့် ဤပတ်ဝန်းကျင်မျိုးသို့ သင့်အား ခေါ်ဆောင်လာသည်။ သင်အထီးတည်းဖြစ်နေပြီး သင့်လူ့ဇာတိ၏ ဆင်းရဲဒုက္ခများနှင့် အခက်အခဲများအပြင် အနာဂတ်တွင် သင်ရင်ဆိုင်ရမည့် အရာအားလုံးအကြောင်း တွေးသည့်အခါ ထိုအချိန်များတွင် အထီးတည်း ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ အဘယ်ကြောင့် သင်သည် အထီးတည်းဖြစ်သည်ဟု ခံစားရမည်နည်း။ အရှိအတိုင်းဖြစ်သည့် အကြောင်းအရင်းတစ်ခုမှာ လူများသည် ဝိညာဉ်ရင့်ကျက်မှုတွင် အလွန်သေးငယ်၍ ဖြစ်၏။ ခံစားချက်အရဖြစ်သော အကြောင်းရင်းမှာမူ အဘယ်နည်း။ (လူများသည် မိမိတို့၏ ဇာတိပကတိနှင့်ပတ်သက်သော ချစ်ခင်ရသူများကို လုံးလုံးလျားလျား လက်မလွှတ်သောကြောင့် ဖြစ်သည်။) မှန်ပေ၏။ ယင်းမှာ လူများသည် ထိုလူများကို လက်လွှတ်နိုင်စွမ်း မရှိ၍ ဖြစ်သည်။ ဇာတိပကတိတွင် အသက်ရှင်သောလူတို့သည် အမျိုးမျိုးသော ဆက်ဆံရေးများနှင့် ဇာတိပကတိ၏ မိသားစု သံယောဇဉ်များအား သာယာမှုများအဖြစ် မှတ်ယူသည်။ လူတို့သည် ၎င်းတို့ချစ်ခင်သောသူများမရှိဘဲ မရှင်သန်နိုင်ဟု ယုံကြည်ကြသည်။ သင်သည် လူ့လောကသို့ မည်သို့ရောက်ရှိလာခဲ့သည်ကို မစဉ်းစားသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် နဂိုမူလက အခြားလူများနှင့် ဆက်နွှယ်ခြင်းမရှိဘဲ တစ်ဦးတည်းရောက်လာသည်။ ဘုရားသခင်သည် လူတို့ကို ဤနေရာသို့ တစ်ယောက်ချင်း ခေါ်ဆောင်သည်။ သင်ရောက်ရှိလာခဲ့ချိန်က သင်သည် အမှန်တကယ်တွင် တစ်ဦးတည်းဖြစ်သည်။ ထိုအချိန်က သင်သည် အထီးတည်း ဖြစ်သည်ဟု မခံစားရပေ။ သို့ဆိုလျှင် ဘုရားသခင်က သင့်အား ယခု ဤနေရာသို့ ခေါ်ဆောင်လာသည့်အခါတွင် သင်သည် အဘယ်ကြောင့်များ အထီးတည်းဖြစ်သည်ဟု ခံစားရသနည်း။ သင်သည် အတွင်းရေးပြောပြရန် သင်၏ သားသမီးဖြစ်စေ၊ သင်၏မိဘများဖြစ်စေ၊ သင်၏ ကြင်ဖော်ကြင်ဖက်ဖြစ်စေ၊ သင်၏ ခင်ပွန်း၊ သို့မဟုတ် ဇနီးဖြစ်စေ စသည့် အဖော်တစ်ဦး လိုအပ်နေသည်ဟု တွေးထင်သဖြင့် အထီးတည်း ဖြစ်နေသည်ဟု ခံစားရလေသည်။ သို့ဖြစ်၍ သင်အထီးတည်းဖြစ်သည်ဟု ခံစားရသည့်အခါ ဘုရားသခင်ကို အဘယ်ကြောင့် သတိမရသနည်း။ ဘုရားသခင်သည် လူသား၏ အဖော်မဟုတ်သလော။ (ဟုတ်ပါသည်။ သူသည် အဖော်ဖြစ်ပါသည်။) သင်သည် အကြီးမားဆုံး ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းမှုတို့ကို ခံစားရသည့်အခါ မည်သူက သင့်ကို အမှန်တကယ် နှစ်သိမ့်နိုင်သနည်း။ သင်၏အခက်အခဲများကို မည်သူက အမှန်တကယ် ဖြေရှင်းပေးနိုင်သနည်း။ (ဘုရားသခင်က ဖြေရှင်းပေးနိုင်ပါသည်။) ဘုရားသခင်သာလျှင် လူများ၏ အခက်အခဲများကို အမှန်တကယ် ဖြေရှင်းပေးနိုင်သည်။ သင်နေထိုင်မကောင်းဘဲ သင်၏သားသမီးများက သင်၏နံဘေးတွင် နေကာ သင့်အား သောက်စရာငှဲ့ပေးပြီး ပြုစုစောင့်ရှောက်လျှင် သင်သည် အတော်ပင် ပျော်ရွှင်လိမ့်မည် ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သင်၏ သားသမီးများသည် ငြီးငွေ့လာမည်ဖြစ်ကာ မည်သူကမျှ သင့်ကို စောင့်ရှောက်ဖို့ လိုလားလိမ့်မည် မဟုတ်။ ထိုသို့သောအချိန်များတွင် သင်သည် အမှန်တကယ်ကို အထီးတည်းဖြစ်သည်ဟု ခံစားရလိမ့်မည်။ သို့ဖြစ်၍ သင်သည် အဖော်မရှိဟု တွေးထင်သည့်အချိန်တွင် ယင်းမှာ တကယ်တမ်း မှန်ကန်သလော။ ဘုရားသခင်သည် သင့်ကို အစဉ်သဖြင့် အဖော်ပြုပေးနေသည့်အတွက် ယင်းမှာ စင်စစ်အားဖြင့် မမှန်ကန်ပေ။ ဘုရားသခင်သည် လူများကို မစွန့်ပစ်ထားပေ။ သူသည် ၎င်းတို့ တစ်ချိန်လုံး အမှီပြုနိုင်ပြီး ခိုလှုံရာ ရှာနိုင်သောသူတစ်ဦးဖြစ်ကာ ၎င်းတို့၏ တစ်ဦးတည်းသော လူယုံတော်ဖြစ်သည်။ သို့ဖြစ်၍ သင့်အပေါ် မည်သည့် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများ ကျရောက်ပါစေ၊ သင်သည် မည်သည့် မကျေနပ်ချက်များ၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းတို့နှင့်သက်ဆိုင်သော ကိစ္စများကို ရင်ဆိုင်ကြုံတွေ့ရပါစေ ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ချက်ချင်း လာရောက်ပြီး ဆုတောင်းလျှင် ဘုရားနှုတ်ကပတ်တော်များက သင့်အား နှစ်သိမ့်မှု ပေးလိမ့်မည်။ သင်၏ အခက်အခဲများနှင့် သင်၏ အမျိုးမျိုးသော ပြဿနာများအားလုံးကို ဖြေရှင်းပေးလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုတွင် သင်၏အထီးကျန်မှုသည် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းနှင့် သမ္မာတရားကို ရရှိခြင်းတို့အတွက် အခြေခံလိုအပ်ချက် ဖြစ်လာလိမ့်မည်။ သင်တွေ့ကြုံရသည့်အခါတွင် “ငါသည် မိဘများကို ထားခဲ့ပြီးနောက် ပျော်ရွှင်သောဘဝကို အသက်ရှင်နေထိုင်နေဆဲ ဖြစ်သည်။ ငါ၏ ခင်ပွန်းကို ထားခဲ့ပြီးနောက် စိတ်ချမ်းသာသော ဘဝကို အသက်ရှင်နေထိုင်နေဆဲဖြစ်သည်။ ပြီးလျှင် ငါ၏ သားသမီးများကို ထားခဲ့ပြီးနောက် ငြိမ်သက်ပြီး ဝမ်းမြောက်သော ဘဝကို အသက်ရှင်နေထိုင်နေဆဲ ဖြစ်သည်။ ငါသည် ဟာတာတာ ဖြစ်မနေတော့။ လူများအပေါ် အားကိုးမည့်အစား ဘုရားသခင်ကိုသာ အားကိုးတော့မည်။ သူသည် ငါ့ကို အချိန်ပြည့် ထောက်ပံ့ပြီး ကူညီလိမ့်မည်။ သူ့ကို ငါမထိတွေ့နိုင်သော်ငြားလည်း၊ သို့မဟုတ် မမြင်နိုင်သော်ငြားလည်း သူသည် အချိန်တိုင်း၊ နေရာတိုင်း ငါ့နံဘေးတွင် ရှိနေကြောင်း ငါသိသည်။ သူ့ကို ငါဆုတောင်းသရွေ့၊ သူ့ကို ငါ တနေသရွေ့ ငါ့ကို သူ တို့ထိမည် ဖြစ်ပြီး သူ့ရည်ရွယ်ချက်များကို နားလည်စေကာ သင့်တော်သော လမ်းကြောင်းကို မြင်စေလိမ့်မည်” ဟု တဖြည်းဖြည်း တွေးလာလိမ့်မည်။ ထိုအချိန်တွင် သူသည် သင်၏ ဘုရားသခင် အမှန်တကယ် ဖြစ်လာပြီး သင်၏ပြဿနာများအားလုံး ပြေလည်သွားလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။