အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၆)
“သမ္မာတရားကို ချစ်မြတ်နိုးသောလူအားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်” ဟူ၍ ဆိုထားသည့် အသင်းတော်ဓမ္မသီချင်း စာသားတစ်ကြောင်းရှိသည်။ ဤအဆိုသည် မှန်ကန်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသူများသာလျှင် ဘုရားသခင်၏ အိမ်တော်နှင့် သက်ဆိုင်ပေသည်။ ၎င်းတို့သာလျှင် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ဘုရားအိမ်တော်ရှိ စုဝေးပွဲသို့ မကြာခဏ တက်ရောက်သောသူများအားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ဟု သင်တွေးထင်သလော။ ဖြစ်ချင်မှ ဖြစ်ပေမည်။ မည်သည့်လူများက ညီအစ်ကိုမောင်နှမများ မဟုတ်သနည်း။ (သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူများ၊ သမ္မာတရားကို လက်မခံသောသူများဖြစ်သည်။) သမ္မာတရားကို လက်မခံဘဲ ယင်းကို အလွန်အမင်း မနှစ်မြို့သောသူများ အားလုံးသည် ဆိုးယုတ်သောလူများ ဖြစ်သည်။ ၎င်းတို့သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော လူများသာဖြစ်သည်။ ၎င်းတို့အထဲမှ မည်သူကမျှ ဘုရားသခင် ကယ်တင်သည့်သူများမဟုတ်ပေ။ ဤလူများသည် လူ့သဘာဝကင်းမဲ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ တကယ့်အလုပ်ကို ဂရုမစိုက်ဘဲ ဆိုးရွားသော အရာများ လုပ်ဆောင်ရင်း သောင်းကျန်းကြသည်။ ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များနှင့် အသက်ရှင်ပြီး ပါးနပ်သော လှည့်စားမှုများကို အသုံးပြုကာ အခြားလူများကို အသုံးချပြီး မြှောက်ထိုးပင့်ကော်လုပ်၍ လိမ်ညာသည်။ ၎င်းတို့သည် သမ္မာတရား အနည်းငယ်မျှကို လက်မခံကြပေ။ ၎င်းတို့သည် ကောင်းချီးများရရန်အတွက်သာ ဘုရားအိမ်တော်ကို မသိမသာ စိမ့်ဝင်လာကြသည်။ ၎င်းတို့ကို အဘယ်ကြောင့် မယုံကြည်သူများဟု ခေါ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ လက်မခံကြသောကြောင့် ဖြစ်ပေသည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ဝင်စားမှုမရှိတော့ဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ ကြပေ။ ယင်းအကြောင်းကို ကြားပင် မကြားချင်ကြ၊ သမ္မာတရားသည် ပျင်းရိဖွယ်ကောင်းသည်ဟု ၎င်းတို့ခံစားရပြီး ဂနာမငြိမ်နိုင်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများဖြစ်ကြသည်မှာ သိသာထင်ရှားပါသည်။ သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမများအဖြစ် သဘောမထားရ။ အနည်းငယ်မျှသော အကူအညီများကို သုံးပြီး သင်နှင့် ဆက်ဆံရေးတစ်ခု ထူထောင်ဖို့ ကြိုးစားရင်း သူတို့သည် အကျိုးကျေးဇူးအချို့ကို ပေးဖို့ ကမ်းလှမ်းရန် သင်နှင့် နီးစပ်ချင်သည်မှာ ဖြစ်နိုင်ပါသည်။ သို့ရာတွင် သူတို့နှင့် သမ္မာတရားအကြောင်း သင်မိတ်သဟာယပြုသောအခါ လူ့ဇာတိပကတိ၊ အလုပ်၊ လောကီရေးရာများ၊ ဘာသာတရားမရှိသူများ၏ ခေတ်ရေစီးကြောင်းများ၊ ခံစားချက်များ၊ မိသားစုကိစ္စများ၊ ဤကဲ့သို့သောပြင်ပအရာများ၏ ကိစ္စများအကြောင်းကို ဆွေးနွေးရင်း အာလာပသလ္လာပ ပြောခြင်းဆီသို့ သူတို့ လမ်းကြောင်းပြောင်းသွားကြသည်။ သူတို့ပြောသမျှ မည်သည့်အကြောင်းကမျှ သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဖြစ်စေ မဆက်စပ်ပေ။ ဤလူများသည် သမ္မာတရားကို လုံးဝ လက်မခံပေ။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ကြပေ သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယမပြုကြပေ။ ပြီးလျှင် သူတို့သည် မည်သည့်အခါမျှ ဆုမတောင်းကြပေ သို့မဟုတ် ဝိညာဉ်ရေးရာဝတ်ပြုခြင်းများကို မလုပ်ကြပေ။ ဤလူများသည် ညီအစ်ကိုမောင်နှမများ ဟုတ်သလော။ သူတို့သည် မဟုတ်ကြပေ။ ဤလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိကြဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ ဘုရားသခင်၏ အိမ်တော်သို့ သူတို့ မသိမသာ စိမ့်ဝင်လာကြပြီး စုဝေးပွဲများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်း၊ မိမိကိုယ်ကို သိခြင်းအကြောင်းကို ပြောဆိုခြင်း၊ တာဝန်များထမ်းဆောင်ရာတွင် ကြုံရသော ပြဿနာများအကြောင်း မိတ်သဟာယဖွဲ့ခြင်းတို့ အမြဲတမ်း ပါဝင်ကြောင်းကို သိမြင်ပြီးနောက်တွင် သူတို့သည် စိတ်နှလုံး၌ အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားကြရသည်။ သူတို့တွင် နားလည်ခြင်း သို့မဟုတ် အတွေ့အကြုံများ မရှိကြပေ၊ ပြီးလျှင် ပြောစရာလည်း မရှိကြပေ။ ထို့ကြောင့် သူတို့သည် အသင်းတော်အသက်တာနှင့် ပတ်သက်ပြီး ငြီးငွေ့စိတ်ကုန်လာကြသည်။ “ဘုရားနှုတ်ကပတ်တော်များ အကြောင်းကိုသာ အဘယ်ကြောင့် အမြဲတမ်း မိတ်သဟာယဖွဲ့ရသနည်း။ မိမိကိုယ်ကို သိခြင်းအကြောင်းကိုသာ အဘယ်ကြောင့် အမြဲတမ်း ပြောရသနည်း။ အသင်းတော်အသက်တာတွင် ဖျော်ဖြေမှု သို့မဟုတ် ပျော်ရွှင်သာယာကြည်နူးမှုတို့ အဘယ်ကြောင့် မရှိရသနည်း။ ဤသို့သောအသင်းတော်အသက်တာမျိုးသည် ဘယ်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း။ ကျွန်ုပ်တို့သည် နိုင်ငံတော်သို့ မည်သည့်အချိန်တွင် ဝင်ရောက်ပြီး ကောင်းချီးများကို ရလိမ့်မည်နည်း” ဟု သူတို့ အဆက်မပြတ် စူးစမ်းနေကြသည်။ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် စိတ်ဝင်စားဖို့မကောင်းဟု သူတို့ မြင်ကြပြီး ယင်းကို မကြားလိုကြပေ။ ဤလူများတွင် ကိစ္စများဖြစ်ပျက်သောအခါ သူတို့ သမ္မာတရားကို ရှာဖွေကြသလောဟု သင်တို့ပြောကြမည်လော။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ (သူတို့ မလုပ်နိုင်ကြပါ။) ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြလျှင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာဖြင့် အသက်ရှင်ကြသနည်း။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အားဖြင့် အသက်ရှင်ကြသည်မှာ သံသယဖြစ်စရာ မလိုပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဉာဏ်များပြီး ကောက်ကျစ်သည်။ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ အသက်တာမရှိပေ။ ဘုရားသခင်ကို မည်သည့်အခါမျှ ဆုမတောင်း၊ သို့မဟုတ် သမ္မာတရားကို မရှာဘဲ၊ လူသား၏ လှည့်ကွက်များ၊ နည်းဗျူဟာများနှင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များကို အသုံးပြုလျက် အရာရာကို ကိုင်တွယ်ကြသည်။ ဤသည်မှာ ပင်ပန်းပြီး နာကျင်ဖွယ် ဖြစ်တည်မှုကို ဖြစ်စေသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် ဆက်ဆံသည့်ပုံစံအတိုင်း ညီအစ်ကိုမောင်နှမများကို ဆက်ဆံကြသည်။ စာတန်ဆန်သော အတွေးအခေါ်များနောက်လိုက်ပြီး လိမ်ညာကာ လှည့်စားကြသည်။ ငြင်းခုံမှုများ စတင်ပြုလုပ်ပြီး ဇီဇာကြောင်လိုကြသည်။ ၎င်းတို့သည် မည်သည့် အဖွဲ့တွင် နေထိုင်သည်ဖြစ်စေ မည်သူက မည်သူနှင့် ကိုက်သည်၊ မည်သူက မည်သူနှင့် တွဲနေသည်တို့ကို သိရန် အစဉ်သဖြင့် ကြည့်ရှုသည်။ စကားပြောသောအခါ အခြားလူများ၏ တုံ့ပြန်ချက်များကို ဂရုတစိုက် ကြည့်ရှုလေ့လာသည်။ ၎င်းတို့သည် အစဉ်သဖြင့် သတိထားစောင့်ကြည့်လျက်ဖြင့် မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်မိစေရန် ကြိုးစားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ဝန်းကျင်တွင်ရှိသောအရာများအားလုံးနှင့် အခြားလူများနှင့် ဆက်ဆံရေးတို့ကို ကိုင်တွယ်ရန်အတွက် ဤ လောကီဆိုင်ရာ ဆက်ဆံရေးအတွက် အတွေးအခေါ်များကို အစဉ်သဖြင့် လိုက်နာကြသည်။ ဤသည်မှာ ၎င်းတို့၏ ဖြစ်တည်မှုကို အလွန်ပင်ပန်းစေသောအရာဖြစ်သည်။ သူတို့သည် အခြားလူများကြားထဲတွင် တက်ကြွသယောင်ထင်ရသော်လည်း တကယ်တမ်းတွင် သူတို့၏ရုန်းကန်ရမှုများကို သူတို့သာ သိကြသည်။ ထို့ပြင် အကယ်၍ သင်သည် သူတို့၏ အသက်တာများကို သေချာစွာ ကြည့်ရှုလေ့လာခဲ့ပါက ယင်းသည် အလွန်ခြေကုန်လက်ပန်းကျစေသည်ဟု သင်ခံစားရလိမ့်မည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ သို့မဟုတ် ဂုဏ်သတင်းတို့ ပါဝင်သည့်ကိစ္စတရပ်အတွက် မည်သူက မှန်ပြီး မည်သူက မှားသည်၊ မည်သူက သာလွန်ပြီး မည်သူက နိမ့်ကျသည်ဆိုသည်တို့အပေါ် ရှင်းအောင်လုပ်ဖို့ကို သူတို့ မရမကတောင်းဆိုကြပြီး အချက်တစ်ချက်ကို သက်သေပြရန်ကိုပင် သူတို့ မဖြစ်မနေ ငြင်းခုံရမည်ဖြစ်သည်။ အခြားသူများသည် ယင်းကို မကြားချင်ကြပေ။ “သင်မည်သည့်အရာ ပြောနေသည်ကို ရှင်းအောင်ပြောပေးနိုင်သလော။ ရိုးရိုးစင်းစင်းပြောနိုင်သလော။ အဘယ်ကြောင့် သင်သည် အလွန်ပင် မလိုအပ်ဘဲ စကားကြောရှည်နေရသနည်း” ဟု လူများက ပြောသည်။ သူတို့၏အတွေးများသည် အလွန်ရှုပ်ယှက်ခတ်ပြီး ရှုပ်ထွေးခက်ခဲလွန်း၍ ဉာဏ်မမီပေ။ ပြီးလျှင် သူတို့သည် ငုပ်နေသောပြဿနာများကို သဘောမပေါက်နိုင်ဘဲ ထိုကဲ့သို့အလွန်ခြေကုန်လက်ပန်းကျစေသည့်အသက်တာတစ်ခုတွင် ရှင်သန်နေထိုင်ကြသည်။ သမ္မာတရားကို သူတို့ အဘယ်ကြောင့် မရှာဖွေနိုင်ပြီး မရိုးသားနိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မရိုးသားချင်ကြသောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် သူတို့သည် ဘဝတွင် မည်သည့်အရာကို မှီခိုအားထားကြသနည်း။ (လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များနှင့် လူသားတို့၏နည်းလမ်းများ ဖြစ်ပါသည်။) ပြုမူဆောင်ရွက်ဖို့ လူသားတို့၏နည်းစနစ်များအပေါ် မှီခိုခြင်းသည် လူတစ်ဦးအား လှောင်ပြောင်ခံရပြီး အဆုံးသတ်လျှင်သတ်၊ သို့မဟုတ် မိမိ၏အကျည်းတန်ရုပ်ဆိုးသည့်ဘက်ကို ထုတ်ဖော်ပြမိပြီး အဆုံးသတ်လျှင်သတ်သည့် ရလဒ်များဆီသို့ ဦးတည်၍သွားလေ့ရှိသည်။ ထို့ကြောင့် ပို၍ သေချာစွာ စစ်ဆေးကြည့်လျှင် ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့ တစ်နေကုန် အချိန်ကုန်ခံလုပ်ဆောင်သောအရာများအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် မာန်မာနတို့ဖြင့် ဆက်နွှယ်နေသည်။ ၎င်းတို့သည် ပင့်ကူအိမ်ထဲတွင် အသက်ရှင်နေသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် အရာရာအတွက် ကျိုးကြောင်းသင့်ရှင်းပြရသည်၊ သို့မဟုတ် ဆင်ခြေများပေးကြသည်။ ၎င်းတို့အကျိုးအတွက် အစဉ် စကားပြောကြသည်။ ၎င်းတို့ အတွေးက ရှုပ်ထွေးပွေလီသည်။ အဓိပ္ပာယ်မရှိသောအရာများစွာကို ပြောဆိုကြသည်။ ၎င်းတို့၏ စကားများသည် အလွန် ရှုပ်ထွေးသည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ကို အစဉ် ငြင်းခုံနေကြသည်။ ဤသည်မှာ အဆုံးမရှိပေ။ ၎င်းတို့က ဂုဏ်သိက္ခာရရှိဖို့ မကြိုးစားနေလျှင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေကြသည်။ ဤအရာများအတွက် အသက်မရှင်သည့်အချိန် မည်သည့်အခါမျှ မရှိပေ။ အဆုံးစွန် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဂုဏ်သိက္ခာကို ရရှိကောင်းရရှိနိုင်သော်လည်း၊ လူတိုင်းက ၎င်းတို့ကို စိတ်ပျက်ပြီး စိတ်ကုန်ကြသည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကင်းမဲ့ကြောင်း၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူမဟုတ်ကြောင်းကို လူများက ထိုးထွင်းသိမြင်ကာ သဘောပေါက်ကြပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် အခြားညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပြုပြင်ဖို့ စကားလုံး အနည်းငယ်သုံးသည့်အခါတွင် ၎င်းတို့က ခေါင်းမာစွာဖြင့် လက်ခံရန်ငြင်းဆန်ကြသည်။ ကျိုးကြောင်းသင့်ရှင်းပြရန်၊ သို့မဟုတ် ဆင်ခြေပေးရန် မလျှော့တမ်းကြိုးစားကြသည်။ လွှဲချရန် ကြိုးစားကြသည်။ စုဝေးပွဲပြုလုပ်စဉ်အချိန်အတောအတွင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြပြီး ငြင်းခုံမှုများကို စတင်လုပ်ဆောင်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသောသူများအကြားတွင် ပြဿနာဖြစ်အောင် ဆွပေးသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က “ငါ့ထံတွင် ကျိုးကြောင်းပြပြောဆိုရန်ပင် နေရာတစ်ရာမျှ အမှန်တကယ် မရှိသလော”ဟု စဉ်းစားနေကြသည်။ ဤသည်မှာ မည်သည့်လူအမျိုးအစားနည်း။ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သလော။ တစ်စုံတစ်ယောက်က ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသည့်အရာတစ်ခု ပြောသည်ကို ၎င်းတို့ကြားသောအခါတွင် ၎င်းတို့က အစဉ်သဖြင့် ငြင်းခုံလိုပြီး ရှင်းပြချက်ကို တောင်းဆိုကြသည်။ မည်သူကမှန်သည်၊ မည်သူကမှားသည်ဆိုသည့်အပေါ်တွင် စကားများကြသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ယင်းကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ သဘောမထားကြပေ။ ကိစ္စတစ်ခုသည် မည်မျှရိုးရှင်းပါစေ ၎င်းတို့က အလွန်ရှုပ်ထွေးအောင် ပြုလုပ်သည်။ ၎င်းတို့သည် ပြဿနာရှာခြင်းသာဖြစ်သည်။ ၎င်းတို့သည် အလွန်ပင်ပန်းရဖို့ ထိုက်တန်သည်။ လူများ ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများထဲမှ များစွာတို့သည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်ကြသည်။ သူတို့သည် အကြောင်းပြချက်မရှိဘဲ ပြဿနာရှာကြသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူတို့သည် သူတို့၏အချိန်ကို သင့်တင့်လျောက်ပတ်သောအရာများဖြင့် မကျော်ဖြတ်ကြပေ။ ဤသည်မှာ အဓိပ္ပာယ်မဲ့သောလူများ၏ ဘဝနေထိုင်မှုပုံစံဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်နေသောအချို့လူများသည် အမှန်နှင့်အမှားထဲတွင် မပတ်သက် မငြိတွယ်နေသော်လည်း ထိုကဲ့သို့နည်းပါးသော အစွမ်းအစရှိကြသောကြောင့် သူတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိချေ။ သူတို့သည် တွေဝေနေလျက် ဝက်များကဲ့သို့ ရှင်သန်နေထိုင်ကြသည်။ ဤလူနှစ်မျိုးသည် လုံးဝ ကွဲပြားခြားနားသည်။ တစ်မျိုးမှာ ဘယ်ဘက်သို့ ယိမ်းပြီး အခြားတစ်မျိုးမှာ ညာဘက်သို့ ယိမ်းသော်လည်း နှစ်မျိုးလုံးသည် ဘာသာတရားမရှိသူများ ဖြစ်သည်။ ထိုကဲ့သို့သောလူများသည် နှစ်ပေါင်းမည်မျှကြာအောင် ဘုရားသခင်ကို ယုံကြည်ခဲ့ကြပါစေ သို့မဟုတ် ဒေသနာများ မည်မျှများပြားစွာ ကြားဖူးခဲ့ကြပါစေ၊ သမ္မာတရားကို မည်သည့်အခါမျှ နားမလည်နိုင်ကြပေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာဖြစ်ကြောင်း သိရန်ဟူသည်မှာ ပြောဖို့ပင်မလိုချေ။ မည်သည့်အခြေအနေမျိုးနှင့်မဆို ရင်ဆိုင်ကြုံတွေ့ရသောအခါ သူတို့သည် သမ္မာတရားကို ဘယ်တော့မှ မရှာဖွေကြသော်လည်း အလွန်ခြေကုန်လက်ပန်းကျပြီး သနားစရာကောင်းသောအသက်တာများကို အသက်ရှင်နေထိုင်ရင်း လူသားတို့၏ နည်းစနစ်များနှင့် စာတန်၏ အတွေးအခေါ်များဖြင့်သာ ရှင်သန်နေထိုင်ကြသည်။ သူတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ ဟုတ်သလော။ လုံးဝ မဟုတ်ကြပေ။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ သမ္မာတရားကို လုံးဝ လက်မခံနိုင်သောသူများကို ညီအစ်ကိုမောင်နှမများဟု ခေါ်၍မရနိုင်ပေ။ သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သောသူများသာလျှင် ညီအစ်ကိုမောင်နှမများဖြစ်သည်။ ယခု သမ္မာတရားကို မချစ်သောသူများသည် မည်သူတို့နည်း။ သူတို့အားလုံးသည် ဘာသာတရားမရှိသူများဖြစ်ကြသည်။ သမ္မာတရားကို လုံးဝ လက်မခံသူများသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ သမ္မာတရားကို ငြင်းဆန်ကြသည်။ ပို၍တိတိကျကျဆိုရလျှင် သူတို့သည် အသင်းတော်သို့ မသိမသာ စိမ့်ဝင်လာသော ဘာသာတရားမရှိသူများအားလုံး ဖြစ်ကြသည်။ အကယ်၍ သူတို့သည် ဒုစရိုက်အမှုမျိုးစုံကို လုပ်နိုင်ပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်၍ အဖျက်အမှောင့်လုပ်ပါက သူတို့သည် စာတန်၏ အစေခံများ ဖြစ်ကြသည်။ သူတို့ကို ဖယ်ထုတ်ပြီး ဖယ်ရှားရှင်းလင်းသင့်သည်။ သူတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံဖို့ လုံးဝ မဖြစ်နိုင်ပေ။ သူတို့ကို ချစ်ခြင်းမေတ္တာပြသသူအားလုံးသည် အလွန်အမင်း မိုက်မဲပြီး မသိနားမလည်ကြသူများတည်း။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။