အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၇)

သင်တို့သည် ယခုအခါတွင် သန့်ရှင်းသူတစ်ဦးဖြစ်ခြင်း၏ ခံစားချက်နှင့် စည်းမျဉ်းများကို ရှာမတွေ့သေးပါက သင်တို့၏ အသက်ဝင်ရောက်မှုသည် အလွန်ပေါ့တန်ကြောင်းနှင့် သင်တို့သည် သမ္မာတရားကို နားမလည်သေးကြောင်း ဤအရာက သက်သေပြနေသည်။ နေ့စဉ် သင်တို့၏ သာမန် လုပ်ဆောင်ပုံနှင့် အပြုအမူတွင်လည်းကောင်း၊ သင်တို့အသက်ရှင်သည့် ပတ်ဝန်းကျင်၌တွင်လည်းကောင်း သင်တို့သည် ပျော်မွေ့ခံစားသင့်ပြီး အသေအချာ တွေးဆသင့်ကာ တစ်ဦးနှင့်တစ်ဦး မိတ်သဟာယပြုသင့်၍ တစ်ဦးနှင့်တစ်ဦး အားပေးသင့်သည့်အပြင် တစ်ဦးနှင့်တစ်ဦး သတိပေးသင့်ကာ တစ်ဦးနှင့်တစ်ဦး ကူညီသင့်ပြီး စောင့်ရှောက်သင့်သည်၊ ပြီးလျှင် တစ်ဦးနှင့်တစ်ဦး ပံ့ပိုးပြီး ထောက်ပံ့သင့်လေသည်။ ညီအစ်ကိုမောင်နှမများ ပြောဆိုဆက်ဆံသည့်ပုံစံတွင် စည်းမျဉ်းများ ရှိရမည်။ သူတစ်ပါး၏ အမှားများပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ ထိုအစား မိမိကိုယ်မိမိ မကြာခဏ ဆန်းစစ်ရမည်။ ထို့နောက်တွင် အခြားလူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေခဲ့သည့် မည်သည့်အရာများအား သင်လုပ်ဆောင်ခဲ့သည်ကို ၎င်းတို့အား သင် တက်ကြွစွာ ဝန်ခံရမည်။ ပြီးလျှင် မိမိကိုယ်ကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ဖို့ သင်ယူရမည်။ ဤနည်းအားဖြင့် အပြန်အလှန် နားလည်မှုကို သင်စွမ်းဆောင်ရရှိနိုင်သည်။ ထို့အပြင် သင့်အပေါ် မည်သည့်အရာ ကျရောက်ပါစေ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး အမှုအရာများကို ကြည့်ရှုသင့်သည်။ သမ္မာတရား စည်းမျဉ်းများကို လူများ နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာနိုင်လျှင် ၎င်းတို့သည် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ဖြစ်လာလိမ့်မည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများကြားရှိ ပေါင်းသင်းဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများတမျှ ဂရုမစိုက်ဘဲ အေးစက်ပြီး ရက်စက်ကြလိမ့်မည် မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် အပြန်အလှန် သံသယဝင်ပြီး သတိထားသည့် ၎င်းတို့၏ စိတ်အခြေအနေကို ဖယ်ရှားကြလိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း ပို၍ရင်းနှီးလာကြလိမ့်မည်။ တစ်ယောက်နှင့် တစ်ယောက် ပံ့ပိုးပေးနိုင်ကြပြီး ချစ်နိုင်ကြလိမ့်မည်။ အချင်းချင်း ဖယ်ကြဉ်ခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် နှိုင်းယှဉ်ကြည့်ခြင်း၊ ပြီးလျှင် အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင်ပြီး အာခံခြင်းတို့အစား ၎င်းတို့၏ စိတ်နှလုံးတွင် စေတနာကောင်း ရှိလိမ့်မည်။ အချင်းချင်း သည်းခံပြီး သနားကရုဏာထားနိုင်စွမ်းရှိမည်။ တစ်ယောက်နှင့် တစ်ယောက် ပံ့ပိုးပြီး ကူညီကြလိမ့်မည်။ လူတို့သည် ဘာသာတရားမရှိသူများကဲ့သို့ ဖြစ်နေလျှင် ၎င်းတို့၏ တာဝန်များကို မည်သို့ကောင်းစွာ ထမ်းဆောင်နိုင်မည်နည်း။ ဤအရာက ၎င်းတို့၏ အသက်ဝင်ရောက်မှုကို ထိခိုက်မည်သာမက သူတစ်ပါးတို့ကိုလည်း ထိခိုက်ပြီး သက်ရောက်လိမ့်မည်။ ဥပမာအနေဖြင့် လူများက သင့်ကို တလွဲမြင်သည့်အခါ၊ သို့မဟုတ် ၎င်းတို့က သင်၏ဆန္ဒနှင့် မကိုက်ညီသည့် တစ်စုံတစ်ခုကို ပြောသည့်အခါ သင်စိတ်ဆိုးကောင်း စိတ်ဆိုးနိုင်သည်၊ ပြီးလျှင် သင် အသိအမှတ်ပြုခြင်းခံရအောင် လုပ်ဆောင်ခြင်းအား ပိတ်ပင်ဖို့ တစ်စုံတစ်ဦးက တစ်စုံတစ်ခု လုပ်ဆောင်သည့်အခါ သင်သည် ၎င်းတို့ကို မကျေမချမ်းဖြစ်ကောင်း ဖြစ်နိုင်ပြီး ကသိကအောက်ဖြစ်ကာ စိတ်မချမ်းမမြေ့ဖြစ်၍ သင်၏ဂုဏ်သတင်းကို နဂိုအတိုင်းပြန်ဖြစ်စေဖို့ မည်သို့လုပ်ရမည်ကို သင် အစဉ်သဖြင့် တွေးတောလေသည်။ အမျိုးသမီးများနှင့် လူငယ်များသည် ဤသည်ကို အထူးသဖြင့် အောင်မြင်ကျော်လွှားနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် အသေးစား အငြင်းပွားမှုများနှင့်ပတ်သက်၍လည်းကောင်း၊ သဘောထားကွဲလွဲမှုများနှင့်ပတ်သက်၍လည်းကောင်း အစဉ်သဖြင့် စွဲလမ်းနေကာ တဇောက်ကန်းဖြစ်တတ်ပြီး အပျက်သဘောဆောင်သော အခြေအနေတွင် အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို စားသောက်ရန် လိုလားခြင်း မရှိသဖြင့် ယင်းက ၎င်းတို့၏ အသက်ဝင်ရောက်မှုကို အပြန်အလှန်အားဖြင့် ထိခိုက်လေသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်သောအခါ ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိရန် အလွန်ခက်ခဲပြီး ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ရန် အလွန်ခက်ခဲသည်။ ဘုရားသခင်ရှေ့တွင် အသက်ရှင်ရန်အတွက် သင့်ကိုယ်သင် မည်သို့ဆင်ခြင်သုံးသပ်ပြီး သိမြင်ရမည်ကို သင်ယူရမည်။ ဘုရားသခင်ထံ အမှန်တကယ် ဆုတောင်းရမည်။ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများနှင့် မည်သို့အဆင်ပြေအောင် ဆက်ဆံရမည်ကို သင်ယူရမည်။ သင်တို့သည် အချင်းချင်း သည်းခံရမည်၊ အချင်းချင်း သက်ညှာရမည်၊ ပြီးလျှင် အခြားသူများ၏ အားသာချက်များနှင့် အရည်အချင်းများက မည်သည့်အရာများ ဖြစ်သည်ကို မြင်နိုင်ရမည်။ ပြီးလျှင် အခြားလူများ၏ ထင်မြင်ချက်များနှင့် မှန်ကန်သည့်အရာများကို လက်ခံရန် သင်ယူရမည်။ သင့်ကိုယ်သင် အလိုမလိုက်နှင့်။ ရည်မှန်းချက်များနှင့် အလိုဆန္ဒများ မထားရှိနှင့်။ အခြားလူများထက် သာသည်ဟု အစဉ်မထင်မြင်နှင့်။ ထို့နောက်တွင် သင့်ကိုယ်သင် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဦးအဖြစ် ထင်မြင်ပြီး အခြားလူများကို သင်ပြောသည့်အတိုင်း လုပ်ဆောင်ရန်၊ သင့်ကို နာခံရန်၊ သင့်ကို အထင်ကြီးလေးစားရန်၊ သင့်ကို ချီးမြှောက်ရန် အတင်းခိုင်းစေခြင်း မပြုလုပ်နှင့်။ ဤသည်မှာ စံသွေပေသည်။ အကယ်၍ လူတစ်ဦးတစ်ယောက်၏ မာနထောင်လွှားသော စိတ်သဘောထားသည် မပြေလည်ဘဲ ယင်းတွင် တိုးပွားလာနေသည့် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ ပါဝင်လာလျှင် ယင်းသည် စံသွေခြင်းသို့ အလွယ်တကူ ဦးတည်သွားနိုင်သည်။ ထို့ကြောင့် သမ္မာတရားကို လက်မခံနိုင်ဘဲ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ မိမိတို့ကိုယ်ကို သိဖို့ ပျက်ကွက်သူများသည် ကြီးစွာသော အန္တရာယ် ကျရောက်နေပြီဖြစ်သည်။ ၎င်းတို့သည် ရည်မှန်းချက်များကို အမြဲတမ်း ထားရှိကြသည်၊ ပို၍ ကြီးမြတ်သော လူများနှင့် မဟာလူသားများဖြစ်ဖို့ အမြဲတမ်း ရည်ရွယ်ချက်ကြီးမားစွာ ထားရှိကြသည်။ ဤသည်က စံသွေခြင်းဖြစ်သည်။ ဤသည်က အလွန်အမင်း မာနထောင်လွှားခြင်းဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်။ ၎င်းတို့သည် သာမန်လူများ မဟုတ်ကြပေ။ ၎င်းတို့သည် စံသွေသောလူများ ဖြစ်ကြသည့်အပြင် ၎င်းတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ မာနထောင်လွှားသော စိတ်သဘောထားများက လွှမ်းမိုးခြင်းကို ခံထားရလျက် ၎င်းတို့သည် အခြားလူများကို အလွန်အရေးမပါ အရာမရောက်သကဲ့သို့ မသိနားမလည်သည့် သူများအဖြစ် သတ်မှတ်လျက် ၎င်းတို့၏စိတ်နှလုံးများထဲတွင် အခြားလူများအပေါ် အထင်အမြင်သေးကြသည်။ ၎င်းတို့သည် အခြားသူများ၏ အားသာချက်များကို အသိအမှတ်ပြုဖို့ ပျက်ကွက်ကြသော်လည်း အခြားသူများ၏ ချို့ယွင်းချက်များကို အဆုံးမရှိ ပုံကြီးချဲ့နိုင်ကြသည်။ ၎င်းတို့သည် ထိုသူများကို ၎င်းတို့၏စိတ်နှလုံးများထဲတွင် စက်ဆုပ်ရွံရှာကြသည့်အပြင် ၎င်းတို့သည် အခြားလူများကို ထိခိုက်နာကျင်စေပြီး ဝမ်းနည်းစေလျက်၊ ထို့အပြင် နောက်ဆုံးတွင် အခြားသူများအား ၎င်းတို့ကို နာခံ၍ နားထောင်စေလျက် သို့မဟုတ် ၎င်းတို့ကို ကြောက်ရွံ့စေပြီး ပုန်းရှောင်စေလျက် အချိန်တိုင်းနေရာတိုင်းတွင် ထိုချို့ယွင်းချက်များကို ကြေညာ၍ သိမ်ငယ်စေကြသည်။ လူများအကြားတွင် ဤကဲ့သို့သောဆက်ဆံရေးတစ်ခု ပေါ်ထွက်လာသောအခါ သို့မဟုတ် တည်ရှိနေသောအခါ ဤသည်က သင်တို့ မြင်ချင်သောအရာဖြစ်သလော။ ယင်းကို သင်တို့ လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) ဥပမာအနေဖြင့် သင်သည် အခြားလူများထက် အနည်းငယ် အရပ်ပိုရှည်ပြီး ပို၍ကြည့်ကောင်းသည်ဟု ဆိုကြပါစို့။ ယင်းကြောင့် သင့်ကို လူအချို့က အထင်ကြီးလေးစားကြသည်။ ရလဒ်အနေဖြင့် သင်သည် သင့်ကိုယ်သင် အတော်အတန် စိတ်ကျေနပ်မှု ခံစားရပြီး ထိုသို့ဖြင့် ပို၍အရပ်ပုပြီး သိပ်ကြည့်မကောင်းသော သူများအပေါ် အထင်အမြင်သေးလာသည်။ ဤတွင် မည်သည့်စိတ်သဘောထားမျိုးကို ထုတ်ဖော်သနည်း။ လူအချို့သည် သိပ်ကြည့်မကောင်းသောသူများ၊ အနည်းငယ် အရပ်ပို၍ပုသောသူများနှင့် အနည်းငယ် ပို၍မိုက်မဲပြီး ဉာဏ်သိပ်မထက်သောသူများကို အထင်သေးသောအကြည့်ဖြင့် ကြည့်ကြပြီး ထိုသူများကို ပြက်ရယ်ပြုဖို့ ထေ့လုံးငေါ့လုံးများဖြင့်ပင် ပြောဆိုကြသည်။ ဤနည်းဖြင့် လူများကို ဆက်ဆံခြင်းသည် သင့်တော်ပါ၏လော။ ဤသည်က ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခုဖြစ်သလော။ လုံးဝအသေအချာကို မဟုတ်ပေ။ သို့ဆိုလျှင် ထိုကဲ့သို့သောအခြေအနေတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့ အမှန်ကန်ဆုံးနည်းလမ်းသည် မည်သည့်အရာဖြစ်သနည်း။ (အခြားလူများ၏ချို့ယွင်းချက်များနှင့်ပတ်သက်ပြီး ၎င်းတို့ကို ရယ်မောလှောင်ပြောင်ခြင်းမပြုဖို့နှင့် အခြားသူများကို လေးစားဖို့တို့ ဖြစ်ပါသည်။) ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့တွင် နားလည်မှုအချို့ရှိပုံပေါ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့ကို မည်သို့ဆက်ဆံသနည်း။ ဘုရားသခင်က လူတို့မည်သို့ပုံစံရှိသည်၊ အရပ်ရှည်သလော၊ ပုသလောဆိုသည်တို့ကို ဂရုမစိုက်ပေ။ ထိုအစား လူတို့၏ စိတ်နှလုံးသည် ကြင်နာခြင်းရှိမရှိ၊ သမ္မာတရားကို ၎င်းတို့ချစ်ခြင်းရှိမရှိ၊ ပြီးလျှင် သူ့ကို ချစ်ပြီး ကျိုးနွံနာခံခြင်းရှိမရှိ ဆိုသည်တို့ကို ဘုရားသခင်က ကြည့်သည်။ ဤသည်မှာ လူတို့အပေါ် သူ၏ အပြုအမူကို အခြေခံသည့်အရာ ဖြစ်သည်။ လူတို့သည်လည်း ဤသို့လုပ်ဆောင်နိုင်လျှင် သူတစ်ပါးတို့ကို မျှတစွာ ဆက်ဆံနိုင်မည်။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီလိမ့်မည်။ ရှေးဦးစွာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ငါတို့ နားလည်ရမည်ဖြစ်ပြီး လူသားတို့အပေါ် ဘုရားသခင်က မည်သို့ပြုမူသည်ကို ငါတို့သိရမည်၊ သို့ဆိုလျှင် ငါတို့၌လည်း လူတို့အပေါ် မည်သို့ပြုမူရမည်ဆိုသည်နှင့်ပတ်သက်ပြီး စည်းမျဉ်းနှင့် လမ်းကြောင်းတစ်ခုရှိလာမည် ဖြစ်သည်။ ယေဘုယျအားဖြင့် လူများအားလုံးတွင် ဝင့်ဝါခြင်း အနည်းငယ် ရှိတတ်ကြသည်။ ချီးမွမ်းသည့် စကားလုံးအချို့ကို ၎င်းတို့ လက်ခံရရှိသည့်အခါတွင် မိမိတို့ကိုယ်ကို အနည်းငယ် စိတ်ကျေနပ်မှုကို ခံစားကြရသည်။ ၎င်းတို့ တေးသွားတစ်ခုကို ညည်းကြပြီး ဂုဏ်ယူဝင့်ကြွားစွာ လမ်းလျှောက်ကြသည်။ ဤသည်မှာ စာတန်၏ စိတ်သဘောထားကို ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အခြားလူများအပေါ် ဝေဖန်သုံးသပ်သကဲ့သို့ အထင်အမြင်လည်းသေးပါက ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ရက်စက်၍ မာနထောင်လွှားပြီး ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ အကယ်၍ လူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် နေထိုင်ခြင်း၏ အကျည်းတန်မှုကို အသိအမှတ်ပြုဖို့နှင့် မြင်ဖို့ ပျက်ကွက်ပါက ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ဖို့ ၎င်းတို့အတွက် ခက်ခဲသည်။ ထို့အပြင် ၎င်းတို့သည် စစ်မှန်သော လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။