အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၉)
လူတို့သည် မည်သို့ပင် မနာခံတတ်သည်ဖြစ်စေ၊ ၎င်းတို့ စိတ်သဘောထားများသည် မည်သို့ပင် အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်ဖြစ်စေ၊ လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်း ကာလတစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူများအပေါ် မည်သည့် အခြေခံစည်းမျဉ်း ချမှတ်ပေးသနည်း။ တစ်နည်းပြောရလျှင် ဘုရားသခင်သည် လူများကို မည်သည့် အခြေအနေများအရ စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းသနည်း။ မိမိကို ဘုရားသခင်က ထိန်းသိမ်းထားစေရန်၊ မဖယ်ရှားမရှင်းလင်းစေရန်အတွက် မိမိအနေဖြင့် ပြည့်မီရမည့် အနိမ့်ဆုံး စံနှုန်းက အဘယ်နည်း။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး ရှင်းရှင်းလင်းလင်း နားလည်ရမည့်အရာတစ်ခု ဖြစ်၏။ ပထမဆုံးဦးစွာ ဘုရားသခင်ကို မငြင်းပယ်ခြင်း ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံး လိုအပ်ချက်ပင်ဖြစ်သည်။ ဘုရားသခင်ကို မငြင်းပယ်ရဟူသော အဓိပ္ပာယ်ထဲတွင် လက်တွေ့ကျသော အကြောင်းအရာ ပါရှိနေသည်။ ယင်းမှာ ကောင်းကင်ထက်၌ အဘိုးအိုကြီးတစ်ယောက် ရှိနေ၏၊ သို့မဟုတ် ဘုရားသခင်သည် လူ့ဇာတိ ခံယူထားပြီ၊ သို့မဟုတ် ဘုရားသခင်၏ နာမတော်သည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သည်ဟု အသိအမှတ်ပြုရုံသာ မဟုတ်ပေ။ ဤအရာက မလုံလောက်သေးပေ။ ဤအရာသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စံနှုန်း မပြည့်မီသေးပါ။ အနည်းဆုံးအနေဖြင့် လူ့ဇာတိခံ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင် ဖြစ်သည်ဟု သင်အသိအမှတ်ပြုရမည်။ သံသယ မရှိရ၊ သို့မဟုတ် မဝေဖန်ရ။ သင်သည် အယူအဆများ ရှိနေလျှင်ပင် နာခံနိုင်ရမည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စံနှုန်းဖြစ်၏။ ဤစံနှုန်းကို ပြည့်မီမှသာ သူ့ကို ယုံကြည်သော လူတစ်ယောက်အဖြစ် ဘုရားသခင်က သင့်ကို အသိအမှတ် ပြုလိမ့်မည်။ ဘုရားသခင်ထံ၌ လူတို့အတွက် အခြေခံစည်းမျဉ်း အနည်းဆုံး သုံးခုရှိ၏။ ပထမဆုံးမှာ လူတို့က သူ့အား အသိအမှတ် ပြုရမည်၊ သူ့ကို ယုံကြည်ရမည်၊ သူ့နောက်သို့ လိုက်လျှောက်ရမည်။ ၎င်းတို့သည် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သူများ ဖြစ်ရမည်။ မိမိတာဝန်များကို အစွမ်းအစ ရှိသမျှ လုပ်ဆောင်ရမည့်အပြင် မကောင်းမှု မလုပ်ရ၊ သို့မဟုတ် ဆူပူနှောင့်ယှက်မှုများလည်း မလုပ်ရပေ။ ဤသည်မှာ ပထမ အခြေခံစည်းမျဉ်း ဖြစ်သည်။ ဒုတိယမှာ ဘုရားသခင်နောက် လိုက်လျှောက်သော အချိန်ကာလ တစ်လျှောက်လုံးတွင် ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မိမိတာဝန်များကို မစွန့်ပစ်ရ။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ချိန်တွင် ကျိုးနွံ နာခံရမည်၊ တာဝန်များတွင် ပုံမှန်အကျိုးရလဒ်များ ရရှိရမည်။ အနည်းဆုံးအနေဖြင့် လက်ခံနိုင်လောက်သော အဆင့်တစ်ခုအထိ အလုပ်လုပ်ပေးရမည်။ ဤသည်မှာ ဒုတိယ အခြေခံစည်းမျဉ်း ဖြစ်၏။ တတိယမှာ ၎င်းတို့၏လူ့သဘာဝသည် စံချိန်စံနှုန်း ပြည့်မီရမည်။ ၎င်းတို့သည် လူကောင်းများအဖြစ် သတ်မှတ်ခြင်း ခံကြရမည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အသိစိတ် အသိတရား ရှိသောလူများ ဖြစ်ရမည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူအများစုနှင့် ပင်ကိုအားဖြင့် အဆင်ပြေပြေ နေနိုင်သူများ ဖြစ်သင့်သည်။ အကျင့်ပျက်သူတော့ မဖြစ်သင့်ပေ။ ဤသို့သော လူတို့သည် ယုတ်စွအဆုံး ဆိုးသွမ်း၊ ဆိုးယုတ်သူများ မဖြစ်ကြပေ။ ဤသည်မှာ တတိယ အခြေခံစည်းမျဉ်း ဖြစ်၏။ လူတစ်ယောက်သည် သမ္မာတရားကို လက်မခံနိုင်သည့်အပြင် မည်သည့် အကြောင်းကြောင့်ဖြစ်စေ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ငြင်းဆန်လျှင် ထိုလူသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက် မဟုတ်ချေ။ မည်သည့်နည်းနှင့်မျှ ၎င်း၏ လူ့သဘာဝသည် စံချိန်စံနှုန်း မမီပေ။ ဤသည်မှာ ၎င်းတို့သည် အခြေခံစည်းမျဉ်းအောက် ကျဆင်းသွားသည့်အပြင် ဖယ်ရှားရှင်းလင်းခံရမည်ဟူသော အဓိပ္ပာယ်ဖြစ်၏။ သမ္မာတရားဟူ၍ တစ်စက်မှကို လက်မခံနိုင်သလို၊ အသင်းတော်၌လည်း အနှောင့်အယှက်များ၊ ဆူပူမှုများ လုပ်ကာ အပြုသဘောဆောင်သော နေရာမှ မပါဝင်သည့်၊ မကောင်းသော လူ့သဘာဝရှိသည့် ထိုလူများအားလုံးကို ဆိုးယုတ်သူများအဖြစ် အမျိုးအစား ခွဲခြားနိုင်ပေသည်။ အခြားသောလူအများစုနှင့် အဆင်ပြေပြေ မနေနိုင်သော လူတစ်ယောက်သည် အကျင့်ပျက်သူတစ်ယောက် ဖြစ်၏၊ ဆိုးယုတ်သူတစ်ယောက် ဖြစ်၏။ ထိုသို့သော လူတစ်ယောက်သည် အခြေခံစည်းမျဉ်းအောက် ကျဆင်းနေသည့်အပြင် ဖယ်ရှားရှင်းလင်းခံရသင့်သူတစ်ဦး ပို၍ပင် ဖြစ်လေသည်။ ထိုသို့ ဆိုးယုတ်သူများနှင့် အန္တိခရစ်များသည် တာဝန်တို့ကို လုပ်ဆောင်ချင် လုပ်ဆောင်လိမ့်မည်။ သို့သော် ၎င်းတို့သည် အနှောင့်အယှက်များ၊ ဆူပူမှုများ၊ ဖျက်ဆီးမှုများကိုသာ ဖြစ်စေသည်၊ မကောင်းမှုကိုသာ လုပ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို အလိုရှိနိုင်ပါမည်လော။ ၎င်းတို့သည် မိမိတို့တာဝန်များကို လုပ်ဆောင်နေခြင်း ဟုတ်ပါသလော။ (မဟုတ်ပါ။) ဘုရားသခင်၏ အမြင်တွင် ၎င်းတို့၏ လုပ်ရပ်များသည် အခြေခံစည်းမျဉ်းကို ချိုးဖောက်ကြလေပြီ။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိကြ၊ ထို့အပြင် ၎င်းတို့ကြောင့်ဖြစ်သော ထိခိုက်နစ်နာမှုမှာ ၎င်းတို့ ထမ်းဆောင်သည်ဆိုသော တာဝန်များထက် ပိုပြီး ဝန်ပိုသည်။ ထို့ကြောင့် ၎င်းတို့ကို အသင်းတော်မှ ဖယ်ရှားပစ်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်တွင် လူများကို ကိုင်တွယ်ဖြေရှင်းသော စည်းမျဉ်းပင် မဟုတ်လော။ လူတစ်ဦး တစ်ယောက်သည် အခြေအနေဆိုးတစ်ခု၌ ခေတ္တခဏ ရောက်နေသောကြောင့်၊ အပျက်သဘော ဆောင်နေသောကြောင့်၊ ပျော့ညံ့နေသောကြောင့် ရှင်းလင်းခံရခြင်းမျိုး ရှိခဲ့ဖူးသလော။ လူတစ်ဦးတစ်ယောက်သည် တစ်ခါတစ်ရံ၌ အနည်းငယ် ဝတ်ကျေတမ်းကျေပြုလုပ်ပြီး မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်သောကြောင့် တာဝန်ထမ်းဆောင်ခြင်းမှ ရပ်ဆိုင်းခြင်း ခံခဲ့ရဖူးသလော။ လူတစ်ဦးတစ်ယောက်သည် မိမိတာဝန်တွင် ညံ့ဖျင်းသောရလဒ်များ ရရှိသောကြောင့်၊ သို့မဟုတ် မကောင်းသော အတွေးအချို့၊ စိတ်ကူးအချို့ကို ထုတ်ဖော်မိသောကြောင့် ရှင်းလင်းခံရခြင်းမျိုး ရှိခဲ့ဖူးသလော။ လူတစ်ဦးတစ်ယောက်သည် ဝိညာဉ်ရင့်သန်မှု နည်းပါးသောကြောင့်၊ ၎င်းထံတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ၊ သံသယများ ပေါ်ပေါက်သောကြောင့် ရှင်းလင်းခံရခြင်းမျိုး ရှိခဲ့ဖူးသလော။ (မရှိခဲ့ဖူးပါ။) ထိုသို့ဆိုလျှင် လူများကို ရှင်းလင်းခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းဟူသည် အဘယ်နည်း။ မည်သည့်လူများသည် ရှင်းလင်းခံရ၍ ၎င်းတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ရပ်ဆိုင်းခံရသနည်း။ (အလုပ်လုပ်ပေးရာတွင် အကောင်းထက် အဆိုးကိုသာ ဖြစ်စေသူများ၊ အနှောင့်အယှက်များနှင့် ဆူပူမှုများကို အမြဲမပြတ် ပြုလုပ်သူများ ဖြစ်ပါသည်။) ဤသို့သော လူအမျိုးအစားသည် တာဝန်တစ်ခုကို မထမ်းဆောင်ထိုက်ပေ။ ဤသည်မှာ လူတစ်ဦးတစ်ယောက်က ၎င်းတို့အပေါ် ဆန့်ကျင်သော အစွဲရှိသောကြောင့်၊ သို့မဟုတ် ပုဂ္ဂိုလ်ရေး အာဃာတကြောင့် ၎င်းတို့ကို ကန့်သတ် ရှင်းလင်းခြင်းဖြစ်သည်ဟူသော သဘောမဟုတ်။ ထိုသူသည် မိမိတာဝန်တွင် မည်သည့် အကျိုးရလဒ်မျှ မရ၊ နှောင့်ယှက်မှုများ၊ ဆူပူမှုများကိုသာ ဖြစ်စေသည်ဟူသော အဓိပ္ပာယ်သာဖြစ်သည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အမှန်တကယ် မထိုက်တန်သောကြောင့်သာ ရှင်းလင်းခံရခြင်း ဖြစ်သည်။ ဤအရာသည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးလုံး ကိုက်ညီ၏။ လူအများကို ဘုရားသခင်၏ အိမ်တော်က ကိုင်တွယ်ဆက်ဆံသော စည်းမျဉ်းများမှာ မျှတသည်ချည်းသာ ဖြစ်၏။ ဘုရားအိမ်တော်သည် လူတို့ အမှားလုပ်မိသည်ကို အမိဖမ်းရန်လည်းကောင်း၊ တစ်ဆိတ်ကို တစ်အိတ် လုပ်ရန်လည်းကောင်း၊ ဘာမဟုတ်သည်တို့ကို ကြီးကြီးမားမား ဇာချဲ့ရန်လည်းကောင်း ကြိုးပမ်းခြင်း မရှိ။ ဘုရားအိမ်တော်အား သမ္မာတရားက အုပ်စိုးသည်ကို သင်တို့ ယုံကြည်ကြရမည်။ ရှင်းလင်းခြင်း ခံထားရသည့် အချို့သောလူတို့သည် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ထံ အစစ်အမှန် နောင်တရနိုင်လျှင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိကောင်း ရှိနိုင်သေးသည်။ သို့သော် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံနိုင်ကြသော၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသော၊ ထိုမယုံကြည်သူများနှင့် ဆိုးယုတ်သူများမှာမူ ထုတ်ဖော်ခံရပြီးနောက်တွင် ထာဝရ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။