အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၉၄)

ဘုရားသခင်ကို ယုံကြည်လာပြီးခါစဖြစ်သော မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းကြသည့် လူအချို့ရှိသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဘဲ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးငယ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ဆိုင်သော သမ္မာတရားအမျိုးမျိုးကို နားလည်မှု ကင်းမဲ့သောကြောင့်ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အစွမ်းအစနည်းသည်၊ အမီမလိုက်နိုင်၊ အခက်အခဲများစွာ ရှိသည်ဟု မိမိတို့ကိုယ်ကို ယုံကြည်ကြကာ ဤသို့ဖြင့် အပျက်သဘောဆောင်ခြင်း ဖြစ်လာပြီး လက်လျှော့အရှုံးပေးရန်ပင် ဖြစ်စေသည်။ လက်လျှော့ရန်၊ သမ္မာတရား လိုက်စားမှုကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့ကိုယ်ကို ဖယ်ရှားရှင်းလင်းကြသည်။ ၎င်းတို့ တွေးသည်မှာ “မည်သို့ပင်ဖြစ်စေ ဘုရားသခင်အပေါ် ငါ၏ ယုံကြည်ခြင်းအတွက် ဘုရားသခင်သည် ငါ့အား အသိအမှတ်ပြုမည်မဟုတ်။ ဘုရားသခင်သည် ငါ့အား နှစ်သက်ခြင်းလည်း မရှိပေ။ ပြီးလျှင် ငါသည် စုဝေးပွဲသို့ သွားရန် အချိန်များများစားစား မရှိ။ ငါ့မိသားစု၏ဘဝသည် ခက်ခဲပြီး ငါသည် ပိုက်ဆံရှာဖို့ လိုသည်” စသည်ဖြင့် ဖြစ်သည်။ အဆိုပါအရာအားလုံးသည် ၎င်းတို့ စုဝေးပွဲသို့ မသွားနိုင်သည့် အကြောင်းပြချက်များ ဖြစ်လာသည်။ သင်သည် မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန် အမြန်မပြုလုပ်လျှင် သင်သည် ၎င်းတို့ကို သမ္မာတရားကို မချစ်သူများ၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ မဟုတ်ဟု သတ်မှတ်နိုင်ခြေရှိသည်။ သို့မဟုတ်လျှင် သင်သည် ၎င်းတို့ကို ဇာတိပကတိ၏ သက်သာမှုများကို တပ်မက်သည်၊ ကမ္ဘာလောက နောက်လိုက်ပြီး လောကီအရာများကို မစွန့်လွှတ်နိုင်ဟု သတ်မှတ်လိမ့်မည်။ ဤအတွက်ကြောင့် သင်သည် ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် သင့်တော်သလော။ ဤအကြောင်းပြချက်များသည် ၎င်းတို့၏ သဘာဝ အနှစ်သာရကို အမှန်တကယ် ကိုယ်စားပြုသလော။ အမှန်တွင် ၎င်းတို့ အပျက်သဘောဆောင်လာသည်မှာ ၎င်းတို့၏ အခက်အခဲများနှင့် သံယောဇဉ်များကြောင့် ဖြစ်သည်။ ဤပြဿနာများကို သင်ဖြေရှင်းနိုင်လျှင် ၎င်းတို့ အလွန်အပျက်သဘောဆောင်လိမ့်မည် မဟုတ်ဘဲ ဘုရားသခင်နောက်သို့ လိုက်နိုင်လိမ့်မည်။ ၎င်းတို့သည် အားနည်းပြီး အပျက်သဘောဆောင်သောအခါ လူတို့၏ ပံ့ပိုးမှုကို လိုအပ်သည်။ ၎င်းတို့ကို သင်ကူညီလျှင် ၎င်းတို့သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြလိမ့်မည်။ သို့သော် ၎င်းတို့ကို လျစ်လျူရှုလျှင် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကြောင့် အရှုံးပေးရန် လွယ်ကူလိမ့်မည်။ ဤသည်မှာ အသင်းတော်အလုပ်ကို လုပ်သောလူတို့က ချစ်ခြင်းမေတ္တာရှိမရှိ၊ ဤဝန်ထုတ်ဝန်ပိုးကို သယ်ဆောင်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ အချို့လူတို့က စုဝေးပွဲကို မကြာခဏ မလာခြင်းသည် ၎င်းတို့က ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ခြင်းဖြစ်သည်ဟု မဆိုလိုပေ။ ယင်းသည် သမ္မာတရားကို မနှစ်သက်သည့် သဘောမသက်ရောက်ပေ။ ၎င်းတို့က ဇာတိပကတိ၏ သာယာမှုကို တပ်မက်သည်ဟု မဆိုလိုသကဲ့သို့ ၎င်းတို့၏ မိသားစုနှင့်အလုပ်ကို ဘေးဖယ်ထားနိုင်ခြင်းမရှိဟု အဓိပ္ပာယ်မရပေ။ ၎င်းတို့ကို အလွန်အကျွံ စိတ်ခံစားမှုရှိသည်၊ သို့မဟုတ် ငွေကို တပ်မက်သည်ဟု အကဲဖြတ်ခြင်းကို ပို၍ပင် မပြုလုပ်သင့်ပေ။ ဤကိစ္စများတွင် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ရည်မှန်းချက်မှာ မတူကွဲပြားနေခြင်းသာ ဖြစ်သည်။ အချို့လူများသည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လိုက်စားနိုင်ကြသည်။ ၎င်းတို့သည် ဤအရာများကို စွန့်လွှတ်ရန် ဆင်းရဲဒုက္ခခံလိုကြသည်။ အချို့လူများမှာ ယုံကြည်ခြင်း အနည်းငယ်သာရှိပြီး အမှန်တကယ် အခက်အခဲများကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့သည် စွမ်းအားမဲ့ပြီး ယင်းတို့ကို မကျော်လွှားနိုင်ပေ။ ၎င်းတို့ကို မည်သူကမျှ မကူညီ၊ မပံ့ပိုးလျှင် ၎င်းတို့သည် အရှုံးပေးကြလိမ့်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို အရှုံးပေးလိုက်ကြလိမ့်မည်။ ဤသို့သောအချိန်များတွင် လူတို့၏ ပံ့ပိုးမှု၊ ဂရုစိုက်မှုနှင့် ကူညီမှုကို ၎င်းတို့လိုအပ်သည်။ ၎င်းတို့က မယုံကြည်သူဖြစ်ပြီး သမ္မာတရားအတွက် ချစ်ခြင်း ကင်းမဲ့လျှင်၊ မကောင်းသောသူဖြစ်လျှင်၊ ဤသို့ဖြစ်လျှင် ၎င်းတို့ကို လျစ်လျူရှု၍ရနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများဖြစ်ပြီး အမှန်တကယ်ဖြစ်သော အခက်အခဲအနည်းငယ်ကြောင့် မကြာခဏ စုဝေးပွဲမသွားလျှင် ၎င်းတို့ကို မစွန့်ပစ်ရဘဲ ချစ်ခင်သော ကူညီပံ့ပိုးမှုကိုပေးရမည်။ ၎င်းတို့သည် ကောင်းသောသူများဖြစ်ပြီး သဘောပေါက်နားလည်နိုင်စွမ်းရှိကာ ကောင်းမွန်သော အစွမ်းအစရှိလျှင် ၎င်းတို့သည် ကူညီပံ့ပိုးပေးရန် ပို၍ပင် ထိုက်တန်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။