ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၉

သမ္မာကျမ်းစာသည် ထောင်စုနှစ်အချို့ကြာ လူ့သမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင်၊ နောက်ဆုံးသော ကာလတွင် ကျမ်းစာက ဘုရားသခင်၏နေရာကို ယူထားလိုက်သည်အထိ လူတို့သည် ကျမ်းစာကို ဘုရားသခင်အလား သဘောထားကြပြီး၊ ယင်းက ဘုရားသခင်ကို စက်ဆုပ်စေ၏။ ထို့ကြောင့်၊ အခွင့်သာသည့်အခါတွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် ဇာစ်မြစ်တို့ကို ရှင်းလင်းစေဖို့ တာဝန်ရှိသည်ဟု ခံစားခဲ့သည်။ ဤအရာကို သူ မလုပ်ဆောင်ပါက၊ သမ္မာကျမ်းစာသည် လူတို့၏ စိတ်နှလုံးများ ထဲတွင် ဘုရားသခင်၏နေရာကို ဆက်လက်ယူထားလိမ့်မည် ဖြစ်ပြီး လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ရန်နှင့် ရှုတ်ချရန် ကျမ်းစာ၏ ကျမ်းဟောင်းတရားများကို အသုံးပြုကြပေလိမ့်မည်။ ကျမ်းစာ၏ အနှစ်သာရ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အပြစ်အနာအဆာများကို ရှင်းပြခြင်းအားဖြင့်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ တည်ရှိခြင်းကို လုံးဝ ငြင်းပယ်နေခြင်း မဟုတ်သကဲ့သို့ ရှုတ်ချနေခြင်းလည်း မဟုတ်ပေ။ ယင်းထက်၊ ကျမ်းစာကို ၎င်းတို့ မကိုးကွယ်တော့ရန်နှင့် ၎င်းတို့ လမ်းမပျောက်တော့ရန်အလို့ငှာ သမ္မာကျမ်းစာ၏ နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိစေသည့်၊ သမ္မာကျမ်းစာအပေါ် လူတို့ ထားရှိသည့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းပြီး ကျမ်းစာနှင့်သက်ဆိုင်သည့် မှန်ကန်သော အမြင်ကို ၎င်းတို့အား ပေးသည့် သင့်တင့်လျောက်ပတ်သော ဖော်ပြချက်တစ်ခုကို သူက ပေးနေခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ကျိုးကြောင်းမမြင်သော သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းအား ဘုရားသခင်၌ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းကဲ့သို့ မမှားတော့ဖို့ရန်အလို့ငှာ၊ သမ္မာကျမ်းစာ၏ မှန်ကန်သော နောက်ခံအကြောင်းအရာနှင့် ချွတ်ယွင်းချက်များကို ရင်ဆိုင်ရန်ပင် မကြောက်ရွံ့တော့ဖို့ရန်အလို့ငှာ ဖြစ်သည်ဟု ဆိုလိုသည်။ သမ္မာကျမ်းစာနှင့် သက်ဆိုင်သော သိနားလည်မှု စစ်စစ်တစ်ခု လူတို့ ရရှိသည်နှင့်တစ်ပြိုင်နက်၊ စိတ်မလုံမလဲဖြစ်ခြင်း မရှိဘဲ ယင်းကို ၎င်းတို့ ဘေးဖယ်ထားနိုင်ပြီး ဘုရားသခင်၏ အသစ်သော နှုတ်ကပတ်တော်များကို ရဲဝံ့စွာ လက်ခံနိုင်ပေသည်။ ဤသည်မှာ ဤအခန်းများထဲက ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ဤနေရာတွင် လူတို့ကို ဘုရားသခင် ပြောလိုသည့် သမ္မာတရားမှာ မည်သည့်အယူအဆ သို့မဟုတ် အချက်အလက်ကမျှ ဘုရားသခင်၏ ယနေ့အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ နေရာကို မယူနိုင်သည့်အကြောင်းနှင့် ဘုရားသခင်၏ကိုယ်စား မည်သည့်အရာမျှ မရပ်တည်နိုင်သည့်အကြောင်း ဖြစ်သည်။ သမ္မာကျမ်းစာ၏ ထောင်ချောက်မှ လူတို့ မလွတ်နိုင်ပါက၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ မည်သည့်အခါတွင်မျှ လာနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက် ၎င်းတို့ လာလိုပါက၊ ဦးစွာပထမ သူ့ကို အစားထိုးနိုင်သည့် မည်သည့်အရာမဆိုကို ၎င်းတို့၏ စိတ်နှလုံးများမှ သန့်ရှင်းစေရမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်အဖို့ ကျေနပ်စရာ ဖြစ်ပေလိမ့်မည်။ ဤနေရာတွင် ဘုရားသခင်သည် သမ္မာကျမ်းစာကိုသာ ရှင်းပြသော်လည်း၊ သမ္မာကျမ်းစာအပြင် လူတို့ အမှန်ပင် ကိုးကွယ်ကြသည့် အခြား မှားယွင်းသော အရာများစွာ ရှိသည်ကို မမေ့လေနှင့်။ ၎င်းတို့ မကိုးကွယ်သည့် တစ်ခုတည်းသော အရာများမှာ ဘုရားသခင်ထံမှ အမှန်တကယ် လာသည့်အရာများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ လမ်းကြောင်းမှားကို မလျှောက်ဖို့ရန်နှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို လက်ခံကြစဉ်တွင် တစ်ဖန် အစွန်းရောက်ပြီး ရောထွေးမှု၏ သားကောင်ဖြစ်မသွားစေရန် သတိပေးဖို့ ဥပမာတစ်ခုအဖြစ်သာ ကျမ်းစာကို အသုံးပြုထားပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ၊ နိဒါန်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၃

ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လက်တွေ့ကျသည်။ သူလုပ်ဆောင်သည့် မည်သည့်အရာမျှ အနှစ်မမဲ့သကဲ့သို့၊ အားလုံးကို မိမိဘာသာ တွေ့ကြုံ ခံစားလေသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၆

ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၂

ပေတရုသည် ယေရှုနောက် နှစ်အတန်ကြာ လိုက်ခဲ့ပြီး အခြားလူများ၌ မရှိသည့်အရာ များစွာကို ယေရှုအထဲတွင် တွေ့မြင်ခဲ့သည်။ တစ်နှစ်ကြာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၂

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး သူတို့အတွက် နယ်နိမိတ်စည်းများကို တည်ထောင်ခဲ့သည်၊ သူတို့အထဲတွင် သူသည် သက်ရှိအမျိုးအစားအားလုံးကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။