အတွေ့အကြုံနှင့်ပတ်သက်၍

ပေတရု၏ အတွေ့အကြုံများ တစ်လျှောက်တွင် သူသည် ရာနှင့်ချီသော စမ်းသပ်မှုများကို ပက်ပင်းကြုံခဲ့သည်။ ယနေ့ခေတ်၏ လူတို့သည် “စမ်းသပ်မှု” ဟူသော ဝေါဟာရကို သတိပြုမိကြ သော်လည်း၊ ၎င်းတို့သည် ယင်း၏ စစ်မှန်သော အဓိပ္ပာယ်နှင့် အခြေအနေများနှင့် ပတ်သက်၍ မရှင်းမလင်း ဖြစ်နေကြသည်။ ဘုရားသခင်သည် လူတို့၏ စိတ်ပိုင်းဖြတ်မှုကို ထုဆစ် ပုံသွင်းအလွန်အကျွံ မဖြစ်အောင်လုပ်သည်၊ သူတို့၏ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုကို စစ်ဆေးပြီး၊ သူတို့၏အစိတ်အပိုင်းတိုင်းကို စုံလင်စေပြီး၊ ဤအရာကို စမ်းသပ်မှုများမှ အဓိကအားဖြင့် ရရှိကာ ယင်းစမ်းသပ်မှုတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖုံးကွယ်ထားသော လုပ်ဆောင်မှုလည်း ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့ကို စွန့်ပစ်ထားသည့်ဟန်တူပြီး၊ ထို့ကြောင့် ထိုသူတို့သည် သတိမထားလျှင်၊ ၎င်းတို့သည် ဤစမ်းသပ်မှုများကို စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအဖြစ် ရှုမြင်ကြလိမ့်မည် ဖြစ်သည်။ အမှန်တကယ်တွင် စမ်းသပ်မှု အများအပြားကို စုံစမ်းနှောင့်ယှက်မှုများ အဖြစ် ထင်မှတ်နိုင်ပြီး ဤသည်မှာ ဘုရားသခင် အလုပ်လုပ်ရာတွင် ကျင့်သုံးသည့် အခြေခံသဘောတရားနှင့် စည်းမျဉ်းပင်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် အသက်ရှင်လျှင်၊ ၎င်းတို့သည် ထိုကဲ့သို့သော အရာများကို ဘုရားသခင်ထံမှ စမ်းသပ်မှုများအဖြစ် သဘောထားပြီး၊ ယင်းတို့အား လက်လွတ် ဆုံးရှုံးစေလိမ့်မည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ၎င်းနှင့်အတူ ဘုရားသခင် ရှိနေခြင်းကြောင့် စာတန်သည် ၎င်းကို ဧကန်မုချ ချဉ်းကပ်လိမ့်မည် မဟုတ်ဟု ပြောဆိုလျှင်၊ ယင်းမှာ လုံးလုံးလျားလျား မှန်ကန်သည် မဟုတ်ပေ။ သို့ဆိုလျှင် တောထဲတွင် ရက်ပေါင်းလေးဆယ် အစာရှောင်ပြီးနောက်တွင်၊ ယေရှုသည် စုံစမ်းနှောင့်ယှက်မှုများ တွေ့ကြုံခဲ့ရသည်ကို မည်သို့ ရှင်းပြနိုင်မည်နည်း။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် သူတို့၏ အမြင်များကို ပြုပြင်လျှင် ၎င်းတို့သည် အမှုအရာများစွာကို ပိုမိုရှင်းလင်းစွာ မြင်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ နားလည်မှုတွင် လွဲချော်တိမ်းစောင်းမှုနှင့် မှားယွင်းမှုတို့ ရှိလိမ့်မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းကိုခံရရန် အမှန်တကယ် ဆုံးဖြတ်ထားလျှင်၊ ၎င်းတို့ ရင်ဆိုင်နေသော ကိစ္စများကို လက်ဝဲ၊ လက်ယာ တိမ်းစောင်းခြင်းမရှိဘဲ၊ အမျိုးမျိုးသော ရှုထောင့်များမှ ချဉ်းကပ်ရပေမည်။ သင်၌ ဘုရားသခင်၏ အမှုကို သိကျွမ်းခြင်းမရှိပါက၊ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုများ၏ အခြေခံသဘောတရားများကို မသိကျွမ်းဘဲ၊ စာတန်သည် လူသား၌ မည်သို့ အလုပ်လုပ်သည်ကို သတိမမူမိပါက၊ သင့်တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိမည် မဟုတ်ပေ။ စိတ်အားထက်သန်စွာ လိုက်စားခြင်း တစ်ခုတည်းက သင့်အား ဘုရားသခင် တောင်းဆိုသော ရလဒ်များကို ရရှိစေလိမ့်မည် မဟုတ်ပေ။ ယင်းသို့သော တွေ့ကြုံခြင်းနည်းလမ်းသည်- မည်သည့်ခြားနားမှုမျှ မရှိဘဲ၊ အတွေ့အကြုံကိုသာ အာရုံစိုက်ပြီး၊ စာတန်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်မရှိဘဲ လူသားသည် မည်သည့်အခြေအနေတွင် ရှိသည်၊ ထို့ပြင် ဘုရားသခင်က မည်သည့် လူအမျိုးအစားကို စုံလင်အောင်ပြုပေးလိုသည် စသည်တို့ကို လုံးဝသတိမမူမိခြင်း ဖြစ်သည့်- လောရန့်စ်၏ တွေ့ကြုံခြင်း နည်းလမ်းနှင့် ဆင်တူသည်။ လူမျိုးစုံနှင့် ဆက်ဆံရသောအခါ၊ မည်သည့် အခြေခံသဘောတရားများကို ခံယူသင့်သည်၊ လက်ရှိတွင် ဘုရားသခင်၏ အလိုတော်ကို မည်သို့ နားလည်သဘောပေါက်ရမည်၊ ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့ သိရမည်၊ ထို့ပြင် ဘုရားသခင်၏ သနားကရုဏာ၊ ဘုန်းအာနုဘော်နှင့် ဖြောင့်မတ်ခြင်းတို့ကို မည်သည့်လူများအပေါ်၊ မည်သည့် အခြေအနေများနှင့် မည်သည့် ခေတ်ကာလတို့ကို ရည်ရွယ်ထားသည် စသည့် အရာတို့တစ်ခုကိုမျှ သူ၌ ထိုးထွင်းသိမြင်မှု မရှိပေ။ လူတို့သည် သူတို့၏အတွေ့အကြုံများအတွက် အုတ်မြစ်အဖြစ် ရူပါရုံပေါင်းစုံ မရှိလျှင်၊ အတွေ့အကြုံကို မဆိုထားနှင့်၊ အသက်ကိုပင် မရရှိနိုင်ပေ။ ထိုသူတို့သည် မိုက်မဲစွာ အရာရာကို ဆက်၍ ကျိုးနွံနေပြီး သည်းခံနေနိုင်သည်။ ထိုကဲ့သို့သော လူတို့ကို စုံလင်အောင် ပြုလုပ်ရန် ခက်ခဲလှပေသည်။ သင်၌ အထက်တွင် ပြောထားသော ရူပါရုံများ ဘာတစ်ခုမျှ မရှိလျှင်၊ သင်သည် ငတုံးငအဖြစ်ကြောင်း၊ သင်သည် ဣသရေလနိုင်ငံတွင် အမြဲရပ်တည်နေသော ဆားတိုင်နှင့် အလားတူကြောင်း လုံလောက်သော သက်သေပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းကဲ့သို့သော လူများသည် အသုံးမကျသောသူများ၊ အသုံးမဝင်သောသူများ ဖြစ်ကြသည်တကား။ အချို့လူများသည် မျက်စိစုံမှိတ်လျက်သာ ကျိုးနွံနာခံကြသည်၊ ထိုသူတို့သည် သူတို့ကိုယ်သူတို့ အစဉ်အမြဲ သိပြီး အသစ်သော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူတို့ကိုယ်တိုင်၏ လုပ်ဆောင်နည်းများကိုသာ အစဉ်အသုံးပြုတတ်သည်၊ သို့မဟုတ် ဖော်ပြရန် မထိုက်တန်သည့် အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် “ဉာဏ်ပညာ” ကို အသုံးပြုကြသည်။ ထိုကဲ့သို့သော လူများသည် ထိုးထွင်းသိမြင်မှု ကင်းမဲ့သူများဖြစ်ပြီး၊ ယင်းသည် သူတို့၏ သဘာဝမှာ ရမယ်ရှာခံရခြင်းကို ကြိတ်မှိတ် လက်ခံထားမည့် အလားဖြစ်ပြီး၊ သူတို့သည် အစဉ်အမြဲ မထူးခြား၊ ဘယ်တော့မှ မပြောင်းလဲပေ။ ဤကဲ့သို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်မှု စိုးစဉ်းမျှပင်မရှိသည့် လူမိုက်များပင် ဖြစ်ကြသည်။ ထိုသူတို့သည် အခြေအနေများ သို့မဟုတ် မတူညီသောလူများနှင့် သင့်တင့်လျော်ကန်သော ဆောင်ရွက်မှုများပြုလုပ်ဖို့ မည်သည့်အခါမျှ မကြိုးစားကြပေ။ ယင်းသို့သော လူများတွင် အတွေ့အကြုံ မရှိကြ။ ကိုယ့်ကိုယ်ကိုသိခြင်းထဲ၌ နစ်မြုပ်နေလွန်းသဖြင့် နတ်ဆိုးတို့၏အလုပ် စွဲကပ်ခြင်းခံရသည့် လူတို့နှင့် ရင်ဆိုင်တွေ့ရသောအခါ၊ ထ၍ ပြစ်တင်ရှုတ်ချရန် မဝံ့ရဲကြဘဲ၊ ဦးခေါင်းများကို ငုံ့ထားကြပြီး မိမိတို့၏အပြစ်များကို ဝန်ခံကြသည့် လူအချို့ကို ငါတွေ့ခဲ့ဖူးသည်။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်၏ သိသာထင်ရှားသော လုပ်ဆောင်မှုနှင့် ရင်ဆိုင်ရသောအခါ၊ ထိုသူတို့သည် မနာခံဝံ့ကြပေ။ နတ်ဆိုးများသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု သူတို့ယုံကြည်ကြပြီး၊ ထ၍ ယင်းတို့ကို ခုခံရန် သတ္တိစိုးစဉ်းမျှ ထိုသူတို့၌ မရှိကြချေ။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို အရှက် ရစေကြပြီး၊ သူ့အတွက် လေးလံသောဝန်တစ်ခုကို ထမ်းရွက်နိုင်စွမ်း လုံးလုံးလျားလျား မရှိကြချေ။ ထိုကဲ့သို့သော ငတုံးငအများသည် မည်သည့်ခြားနားမှုကိုမျှ မသိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော တွေ့ကြုံနည်းသည် ဘုရားသခင်၏ အမြင်တွင် မရပ်တည်နိုင်သဖြင့် ယင်းတို့ကို နုတ်ပယ်သင့်ပေသည်။

ဘုရားသခင်သည် တစ်ခါတစ်ရံ လူတို့အား စစ်ကြောခြင်း၊ တစ်ခါတစ်ရံ ၎င်းတို့အား အလွန်အကျွံမဖြစ်အောင်လုပ်သည့် ပတ်ဝန်းကျင်များကို ဖန်တီးခြင်းနှင့် တစ်ခါတစ်ရံ ၎င်းတို့ကို လမ်းပြရန်နှင့် ၎င်းတို့၏ အားနည်းချက်များကို ပြုပြင်ပေးရန် နှုတ်ကပတ်တော်များ ပြောကြားခြင်းတို့ဖြင့် လူတို့အထဲတွင် များစွာသောအရာများကို အမှန်ပင် လုပ်ဆောင်ပေးသည်။ တစ်ခါတစ်ရံ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အနေဖြင့် ၎င်းတို့တွင် မရှိသေးသည့် အရာများစွာကို သတိမထားလိုက်မိဘဲ တွေ့ရှိစေရန် လူများကို ဘုရားသခင် ပြင်ဆင်ထားပေးသော ပတ်ဝန်းကျင်များသို့ ဦးဆောင်လမ်းပြသည်။ လူတို့၏ ပြောဆိုခြင်းနှင့် လုပ်ဆောင်ခြင်း၊ လူတို့က အခြားသူတို့အား ဆက်ဆံသည့်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံတို့မှတစ်ဆင့်၊ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ယခင်က နားမလည်ခဲ့သည့် အရာများစွာကို ၎င်းတို့မသိဘဲ ၎င်းတို့အား ဉာဏ်အလင်းပေးကာ၊ များစွာသောအမှုအရာများနှင့် လူများကို ပိုမိုရှင်းရှင်းလင်းလင်း နားလည်စေပြီး၊ ယခင်က ၎င်းတို့ ဂရုမပြုမိခဲ့သည့် များစွာသော အရာများကို တွေ့မြင်လာစေရန် အခွင့်ပေးသည်။ သင်သည် ကမ္ဘာလောကနှင့် ထိတွေ့မှုရှိသောအခါ၊ လောက၏အမှုအရာများကို တဖြည်းဖြည်း စတင် ထိုးထွင်းသိမြင်လာပြီး၊ သင်မသေဆုံးမီ “လူတစ်ယောက် ဖြစ်ရသည်မှာ အမှန်တကယ် ခက်ခဲလှပေသည်” ဟု သင် ကောက်ချက်ချကောင်း ချပေမည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်၌ အချိန်အနည်းငယ် တွေ့ကြုံခံစားလျက်၊ ဘုရားသခင်၏ အမှုနှင့် သူ၏စိတ်သဘောထားကို သင်နားလည်လာပါက၊ သင်သည် မသိလိုက်ဘဲ ထိုးထွင်းသိမြင်နိုင်သော ဉာဏ်စွမ်းများစွာကို ရရှိပြီး၊ သင့်ဝိညာဉ်ရင့်ကျက်မှုသည် တဖြည်းဖြည်း ကြီးထွားလာပေလိမ့်မည်။ သင်သည် များစွာသော ဝိညာဉ်ရေးရာများကို ပိုမိုကောင်းမွန်စွာ နားလည်လာပြီး၊ အထူးသဖြင့် ဘုရားသခင်၏ အမှုတော် အကြောင်းကို ပိုမိုရှင်းလင်းလာလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ လုပ်ဆောင်မှု တစ်ခုစီတိုင်း၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးတို့ကို သင်ကိုယ်တိုင်၏ အသက်ပမာ လက်ခံလာလိမ့်မည်။ သင်လုပ်သမျှသည် ကမ္ဘာလောကတွင် လှည့်လည်သွားလာခြင်းသာ ဖြစ်ပါက၊ သင့်အတောင်ပံများသည် ပိုမာသည်ထက် မာလာပြီး၊ ဘုရားသခင်ကို သင်၏ခုခံမှုသည် ပိုပြီး ကြီးမားလာပေလိမ့်မည်။ သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ အသုံးပြုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် သင့်ထဲတွင် “ကျွန်ုပ်အမြင်အရ ဆိုလျှင်” ဟူသည့်အရာ များလွန်းနေသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို မသုံးပေ။ သင်သည် ဘုရားသခင်၏မျက်မှောက်၌ ရှိလေလေ၊ သင် အတွေ့အကြုံများကို ရရှိလေလေ ဖြစ်လိမ့်မည်။ သင်သည် ကမ္ဘာလောကထဲတွင် သားရဲတစ်ကောင်ကဲ့သို့ ဆက်လက်နေထိုင်ပြီး၊ သင့်နှုတ်ဖျားက ဘုရားသခင်ကို ယုံကြည်ကြောင်း ကြွေးကြော်နေသော်လည်း၊ သင့်စိတ်နှလုံးက အခြားတစ်နေရာ ရောက်ရှိနေကာ၊ သင်သည် ရှင်သန်မှုအတွက် လောကီ အတွေးအခေါ်များကို သင်ယူဆဲဖြစ်ပါက၊ ယခင်က သင်၏ အားထုတ်မှုများ အားလုံးမှာ အချည်းနှီးဖြစ်သွားလိမ့်မည် မဟုတ်လော။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ မျက်မှောက်တွင် ရှိနေလေလေ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် လွယ်ကူလေလေ ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်က သူ၏အမှုကို ဆောင်ရွက်သည့် လမ်းကြောင်းပင် ဖြစ်သည်။ သင်သည် ဤအရာကို နားမလည်ပါက၊ သင့်အတွက် မှန်ကန်သည့် လမ်းကြောင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်ဘဲ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ရရှိရန်မှာမူ ဖြစ်နိုင်မည် မဟုတ်ပေ။ သင်သည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို မရရှိနိုင်ပေ၊ ယင်းက သင်သည် ဒုက္ခိတဖြစ်နေသကဲ့သို့ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၌ ဘုရားသခင်၏ အမှုတစ်ခုမျှမပါဘဲ သင်ကိုယ်တိုင်၏ ကြိုးစား လုပ်ဆောင်မှုသာလျှင် ရှိနေလိမ့်မည်။ ဤအရာသည် သင်၏တွေ့ကြုံခြင်းထဲမှ လွဲမှားမှုတစ်ခု မဟုတ်လော။ သင်သည် ဘုရားသခင်၏ မျက်မှောက်ထဲ၌ ရှိနေစေဖို့အတွက် ဆုတောင်းရန် မလိုအပ်ပေ၊ တစ်ခါတစ်ရံ သင် ဘုရားသခင်ကို အာရုံပြုခြင်း သို့မဟုတ် သူ၏ အမှုတော်ကို တွေးဆခြင်း၊ တစ်ခါတစ်ရံ ကိစ္စအချို့ကို ကိုယ်တွယ်ဖြေရှင်းခြင်းနှင့် တစ်ခါတစ်ရံ ဖြစ်ရပ်တစ်ခုတွင် သင် ထုတ်ဖော်ခံရခြင်းတို့အားဖြင့် သင်သည် ဘုရားသခင် မျက်မှောက်ထဲသို့ လာပေသည်။ လူအများစုတို့သည်၊ “ကျွန်ုပ် မကြာခဏ ဆုတောင်းသည့် အတွက် ကျွန်ုပ်သည် ဘုရားသခင်၏ မျက်မှောက်၌ ရှိမနေဘူးလား။” ဟု ပြောကြသည်။ လူများစွာတို့သည် “ဘုရားသခင်၏ မျက်မှောက်၌” အဆုံးမရှိ ဆုတောင်းကြသည်။ ဆုတောင်းချက်များသည် ၎င်းတို့ နှုတ်ဖျားတွင် အမြဲတမ်း ရှိကောင်း ရှိနေနိုင်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်ထဲတွင် အမှန်တကယ် အသက်မရှင်ကြပေ။ ဤသည်မှာ ထိုကဲ့သို့သောလူများ ဘုရားသခင်၏ မျက်မှောက်၌ ၎င်းတို့၏ အခြေအနေများကို ထိန်းထားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အချိန်ပြည့် ထိတွေ့ဖို့အလို့ငှာ ၎င်းတို့၏ စိတ်နှလုံးများကို အသုံးပြုရန် လုံးဝ မစွမ်းဆောင်နိုင်ကြပေ၊ ဘုရားသခင်၏ ဝန်ထုပ်များကို သတိချပ်ခြင်းအားဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်နှင့် ထိတွေ့ရန်အလို့ငှာ ဆင်ခြင်ခြင်းမှတစ်ဆင့်ဖြစ်စေ၊ တိတ်ဆိတ်စွာ အာရုံပြုခြင်း မှတစ်ဆင့်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးများကို အသုံးပြုခြင်းမှတစ်ဆင့်ဖြစ်စေ တွေ့ကြုံခံစားရခြင်း နည်းလမ်းများအားဖြင့် ဘုရားသခင်၏ ရှေ့သို့ ရောက်လာရန်လည်း မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ထံ မိမိတို့၏ နှုတ်များဖြင့် ဆုတောင်းချက်များကို ဆက်ကပ်ရုံသာ ဆက်ကပ်ကြ၏။ လူအများစု၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် ကင်းမဲ့နေကြပြီး၊ ၎င်းတို့သည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ကြသောအခါမှသာ ထိုနေရာ၌ ဘုရားသခင် ရှိခြင်းဖြစ်သည်၊ များသောအားဖြင့် ဘုရားသခင်သည် ထိုနေရာ၌ လုံးဝရှိမနေပါ။ ဤအရာက မိမိစိတ်နှလုံးထဲ ဘုရားသခင် မရှိခြင်း၏ သရုပ်သကန် မဟုတ်သလော။ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် အမှန်တကယ်ရှိခဲ့ပါက၊ ဓားပြများနှင့် သားရဲကောင်များ လုပ်သောအရာများကို ၎င်းတို့ လုပ်နိုင်မည်လော။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့လျှင်၊ ၎င်းတို့၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်နှင့် ဆက်သွယ်ထိတွေ့စေပြီး၊ ၎င်းတို့၏ အကြံအစည်များနှင့် အတွေးအခေါ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမြဲ ရှိနေပေလိမ့်မည်။ ၎င်းတို့သည် အပြောအဆို သို့မဟုတ် လုပ်ရပ်တွင် အမှားများ ပြုကြလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်အား သိသာထင်ရှားစွာ ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ လုပ်ကြလိမ့်မည် မဟုတ်ပေ။ ထိုအရာမျိုးသည် ယုံကြည်သူတစ်ဦး ဖြစ်ခြင်းအတွက် စံနှုန်း ဖြစ်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။