လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည် (အပိုင်း နှစ်)

ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲ ပြုလုပ်ခြင်းသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ဤသဘာဝကို သင်စိစစ်ရမည်ဖြစ်သည်။ ထိုအရာကို သင် မည်သို့ စိစစ်သင့်သနည်း။ ပထမဆုံး ခြေလှမ်းမှာ ဘုရားသခင်နှင့်စပ်လျဉ်း၍ လူတို့က မည်သည့် မလျော်ကန်သော တောင်းဆိုချက်များနှင့် မည်သည့် လွန်ကဲသော စိတ်ဆန္ဒများ ရှိကြကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းနေရန်ဖြစ်ပြီး ထိုအရာတစ်ခုစီတိုင်းကို သင် စိစစ်သင့်သည်။ လူတို့သည် အဘယ်ကြောင့် ထိုသို့သော တောင်းဆိုချက်ကို ပြုလုပ်ကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ သင်သည် ထိုအရာကို ဤသို့ သာ၍ တာဝန်သိတတ်စွာ စိစစ်လေ၊ သင်၏ ကိုယ်ပိုင် သဘာဝအပေါ် သာ၍ သိနားလည်မှု ရှိလေဖြစ်လိမ့်မည်ဖြစ်ပြီး ထိုသိနားလည်မှုက သာ၍ အသေးစိတ်ကျလေ ဖြစ်လာလိမ့်မည်။ ထိုအရာကို သင်က အသေးစိတ် မစိစစ်ဘဲ ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းကိုသာ နားလည်လျက် လူတို့အနေဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များ မပြုသင့်ကြောင်းသာ သိရှိပြီး ထိုမျှသာဖြစ်ပါက နောက်ဆုံးတွင် သင်သည် တိုးတက်မှုရှိလိမ့်မည် မဟုတ်သကဲ့သို့ ပြောင်းလဲမည်လည်း မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်တို့သည် အလွန် တစ်ကိုယ်ကောင်းဆန်သောကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများ ရှိကြသည်။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း”ဟု ဆိုကြသည်။ လူတို့သည် သမ္မာတရားကို သိနားလည်ရမည်ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ခြင်း၏ အနှစ်သာရကို သိရှိရမည် ဖြစ်သည်မှာ ပြောစရာပင်မလို။ လူ၏ တစ်ကိုယ်ကောင်းဆန်ခြင်း၏ အနှစ်သာရကို အမှန်တကယ် သင် နားလည်သည့်အခါ သင်သည် မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလိမ့်မည်။ လူတို့က ဤအရာကို နားမလည်နိုင်ကြပါက ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။ စိစစ်ခြင်းမှတစ်ဆင့် သိသာသည့် လွန်ကဲသော၊ သို့မဟုတ် မလျော်ကန်သော တောင်းဆိုချက်များက သတိပြုမိရန် လွယ်ကူပြီး သင့်ကိုယ်သင် မုန်းတီးဖို့ ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ သင်၏ တောင်းဆိုချက်များက ကျိုးကြောင်းဆီလျော်ပြီး မျှတသည်ဟု သင် ထင်ကောင်းထင်မည်ဖြစ်ကာ ထိုအရာများကို ကျိုးကြောင်းဆီလျော်သည်ဟု သင် ယူဆကာ ယင်းမှာ အမှုအရာများ ဖြစ်သင့်သည့်ပုံစံဖြစ်ကြောင်း တွေးထင်သောကြောင့်လည်းကောင်း၊ အခြားသူများက အလားတူ တောင်းဆိုချက်များ ပြုလုပ်ကြသောကြောင့်လည်းကောင်း သင်၏ တောင်းဆိုချက်များက လွန်ကဲခြင်းမရှိဘဲ ကျိုးကြောင်းဆီလျော်ပြီး သဘာဝကျသည်ဟု သင့်အဖို့ ထင်ကောင်းထင်ရနိုင်သည်။ ဤအရာက သင်သည် သမ္မာတရား မရှိသေးကြောင်း ပြသသည်။ ထို့ကြောင် သင်သည် ထိုတောင်းဆိုချက်များကို ရှင်းလင်းစွာ နားမလည်နိုင်ခြင်း ဖြစ်သည်။ ဥပမာတစ်ခုမှာ ဤသို့ဖြစ်၏။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး များစွာသော ဘဝမုန်တိုင်းနှင့် စိန်ခေါ်မှုတစ်လျှောက် ဆင်းရဲဒုက္ခအများအပြား ခံစားခဲ့ရသည့် လူတစ်ဦး ရှိသည်ဆိုပါစို့။ သူသည် အမြဲ ကောင်းစွာ ပြုမူနေထိုင်ပုံပေါ်ပြီး သူ၏ လူ့သဘာဝ၊ သူ၏ ဆင်းရဲဒုက္ခခံခြင်းနှင့် ဘုရားသခင်ကို သူ၏ သစ္စာစောင့်သိခြင်းတို့အရ အဆင်ပြေသည်ဟု ထင်ရသည်။ သူသည် အမှန်တကယ်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ရန် လိုလားလျက် အသိစိတ်ပင် ပိုင်ဆိုင်ခဲ့ကာ သူ၏ အလုပ်ကို ဆောင်ရွက်နေစဉ် ခြေလှမ်းကို သေချာစွာ လှမ်းရန် ပုံမှန်အားဖြင့် သိရှိခဲ့သည်။ နောက်ပိုင်းတွင် ဤလူသည် ရှင်းလင်းစွာနှင့် ကောင်းမွန်စွာ စကားပြောသော်လည်း အနည်းငယ်မျှ ကျိုးနွံနာခံမှုမရှိကြောင်းကို ငါ သိရှိခဲ့သောကြောင့် သူ့ကို လူစားထိုးကာ အနာဂတ်တွင် သူ့ကို တစ်ဖန် အသုံးမပြုရန် အမိန့်ပေးခဲ့သည်။ သူသည် အသင်းတော်အတွက် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ များစွာ ဆင်းရဲဒုက္ခခံခဲ့ရပြီးဖြစ်သည့်တိုင် နောက်ဆုံးတွင် အစားထိုးခံခဲ့ရသည်။ ထို့အပြင် ငါသည် သူ၏ လက်တွေ့ကျသော အခက်အခဲများထဲမှ အချို့ကို မဖြေရှင်းခဲ့ရသေးပေ။ ဤအခြေအနေမျိုးကို လူတို့က မည်သို့ တွေးထင်ကြမည်နည်း။ ပထမဦးစွာ လူများစွာသည် သူ့ကို ခုခံကာကွယ်ကာ “ယင်းမှာ အဆင်မပြေပါ။ သူသည် ဘုရားသခင်ကို ချစ်ကာ သူ့အတွက် အသုံးခံသောကြောင့် ဤအခြေအနေများတွင် ဘုရားသခင်သည် သူ့ကို ကြီးမားသည့် သနားကရုဏာနှင့် ကျေးဇူးတော် ပြသင့်သည်။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သည့် သူကဲ့သို့သော တစ်စုံတစ်ဦးသည် ဖယ်ရှားရှင်းလင်းခံရနိုင်လျှင် ကျွန်ုပ်တို့ကဲ့သို့သော ယုံကြည်သူအသစ်များသည် မည်သည့် မျှော်လင့်ချက် ရှိပါသနည်း”ဟု ဆိုလာကြမည်ဖြစ်သည်။ ဤနေရာတွင် နောက်ထပ်တစ်ဖန် လူတို့၏ တောင်းဆိုချက်များ ဖြစ်လာသည်။ ၎င်းတို့သည် ဘုရားသခင်က ထိုလူကို ကောင်းချီးပေးကာ ဆက်နေခွင့်ပေးလိမ့်မည်ဟု အမြဲ မျှော်လင့်နေစဉ်တွင် “ထိုလူသည် ဘုရားသခင်အတွက် ကောင်းစွာ တာဝန်ကျေပွန်ခဲ့လေပြီ။ ဘုရားသခင်က သူ့ကို စိတ်မပျက်စေသင့်ပါ”ဟု တွေးနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူတို့ ပြုလုပ်ကြသည့် တောင်းဆိုချက်များစွာတို့သည် လူသား အယူအဆများနှင့် စိတ်ကူးများမှ ထွက်ပေါ်ပေသည်။ လူတို့ကြားတွင် အသိစိတ်၏ စံနှုန်းသည် မျှတပြီး ကျိုးကြောင်းဆီလျော်သဖြင့် ဘုရားသခင်က လူတို့ကို ပေးသင့်သည့်အရာနှင့် ဆက်ဆံသင့်သည့် ပုံစံကို ထိုစံနှုန်းအရ ၎င်းတို့က အကဲဖြတ်နေကြခြင်းဖြစ်သည်။ သို့သော် ဤအရာသည် သမ္မာတရားနှင့် အဘယ်သို့ ကိုက်ညီနိုင်မည်နည်း။ လူသားမျိုးနွယ်၏ တောင်းဆိုချက်မှန်သမျှက ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အခြားလူများထံမှ လူတို့ တောင်းဆိုသည့် စံနှုန်းများ ဖြစ်ကြသောကြောင့်တည်း။ လူတို့သည် သမ္မာတရား ရှိသလော။ ၎င်းတို့သည် လူ၏ အနှစ်သာရကို ရိပ်စားမိနိုင်ကြသလော။ လူအချို့က ဘုရားသခင်ကို လူသားများ တောင်းဆိုသည့် စံနှုန်းအတိုင်း လိုက်နာရန် မျှော်လင့်လျက် ဘုရားသခင်အနေဖြင့် လူတို့အား အသိစိတ်၏ စံနှုန်းအတိုင်း ဆက်ဆံရန် တောင်းဆိုကြသည်။ ဤသည်မှာ သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိပေ။ လူတို့သည် အချို့သော သေးငယ်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ သည်းညည်းခံနိုင်ကြသော်လည်း ၎င်းတို့၏ အဆုံးသတ်များ နောက်ဆုံးတွင် သတ်မှတ်ခြင်းခံရသည့်အခါ ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့၏ တောင်းဆိုချက်များ ထွက်လာလိမ့်မည်ဖြစ်ကာ စောဒကတက်ခြင်းနှင့် ရှုတ်ချခြင်း စကားများ ၎င်းတို့၏ နှုတ်များမှ အထိန်းအကွပ်မဲ့ စီးထွက်လာလိမ့်မည်ဖြစ်ပြီး မိမိတို့၏ စရိုက်အမှန်များကို ၎င်းတို့ စတင်ပြသကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝများကို သိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်အပေါ် လူသားအယူအဆများနှင့် ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း တောင်းဆိုချက်များ အမြဲပြုလုပ်နေကြပြီး ဤသို့သော တောင်းဆိုချက်မျိုးများစွာကို ပြုလုပ်လေ့ရှိကြသည်။ ပုံမှန်အားဖြင့် သင် သတိမပြုမိနိုင်သကဲ့သို့ တစ်စုံတစ်ရာအတွက် ရံဖန်ရံခါ ဆုတောင်းခြင်းသည် တောင်းဆိုချက်တစ်ခုအဖြစ် မှတ်ယူ၍မရဟု တွေးထင်နိုင်သော်လည်း အမှန်တွင် သေချာ စိစစ်ကြည့်ပါက လူတို့၏တောင်းဆိုချက်များစွာသည် ဆင်ခြင်တုံတရားကင်းမဲ့ကာ အဓိပ္ပာယ်မဲ့သည့်အပြင် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ပြပေသည်။ ယခင်က ဤကိစ္စ၏ ဆိုးရွားမှုကို သတိမပြုမိခဲ့သော်လည်း အနာဂတ်တွင် တဖြည်းဖြည်း သင် သိရှိလာလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် သင်၏ ကိုယ်ပိုင် သဘာဝအပေါ် စစ်မှန်သော သိနားလည်မှု သင် ရှိလိမ့်မည် ဖြစ်သည်။ တဖြည်းဖြည်းနှင့် အတွေ့အကြုံက သင့်ကို သင်၏ သဘာဝနှင့်ဆိုင်သည့် အသိပညာနှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ရရှိစေလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့်ပတ်သက်သည့် မိတ်သဟာယနှင့် ပေါင်းစပ်လျက် ထိုအရာကို သင် ရှင်းလင်းစွာ သိရှိလာလိမ့်မည်။ ထို့နောက်တွင် သင်သည် ဤကဏ္ဍတွင် သမ္မာတရားထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ လူ၏ သဘာဝ အနှစ်သာရကို သင် အမှန်တကယ် ရှင်းလင်းစွာ သိနားလည်သည့်အခါ သင်၏ စိတ်သဘောထား ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် သမ္မာတရား ရှိလိမ့်မည်။

ဘုရားသခင်အပေါ် လူတို့က စဉ်ဆက်မပြတ် တောင်းဆိုမှုများ ပြုခြင်းထက် ကိုင်တွယ်ရန် သာ၍ ခက်ခဲသည့်အရာ မရှိပေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များက သင်၏ အတွေးနှင့် မကိုက်ညီသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် သင်၏ အတွေးနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည်နှင့်တစ်ပြိုင်နက် သင်သည် အတိုက်အခံလုပ်ဖွယ်ရှိသည်။ ယင်းမှာ သဘာဝအားဖြင့် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်တတ်ကြောင်း ပြသရန် လုံလောက်ပေသည်။ မိမိကိုယ်ကို မကြာခဏ သုံးသပ်ဆင်ခြင်ခြင်းနှင့် ထိုသို့ဖြင့် သမ္မာတရားအပေါ် သိနားလည်မှုတစ်ခုသို့ ရောက်ရှိခြင်းအားဖြင့်သာ ဤပြဿနာကို အသိအမှတ်ပြုခြင်းအား စွမ်းဆောင်ရရှိနိုင်ပြီး သမ္မာတရား လိုက်စားခြင်းအားဖြင့်သာ ဤပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ဘုရားသခင်အပေါ် တောင်းဆိုချက်များစွာ ပြုလုပ်ကြသည်၊ သမ္မာတရားကို အမှန်တကယ် နားလည်သည့်အခါတွင်မူ မည်သည့်တောင်းဆိုချက်မျှ မပြုကြချေ။ ဘုရားသခင်ကို ၎င်းတို့ ထိုမျှ စိတ်ကျေနပ်စေခြင်းမရှိကြကြောင်း၊ ဘုရားသခင်ကို ထိုမျှ ကျိုးနွံနာခံခြင်းမရှိကြကြောင်းကိုသာ ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်အပေါ် လူတို့က အမြဲ တောင်းဆိုမှုများပြုလုပ်ခြင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ထင်ဟပ်စေသည်။ သင်သည် သင့်ကိုယ်သင် မသိရှိနိုင်သကဲ့သို့ ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ အမှန်တကယ် နောင်တရခြင်းမရှိပါက သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် သင်၏ လမ်းကြောင်းပေါ်ရှိ ဖုံးကွယ်နေသည့် အန္တရာယ်များနှင့် ဘေးရန်ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ သင်သည် သာမန် အမှုအရာများကို အောင်မြင်ကျော်လွှားနိုင်သော်လည်း သင်၏ ကံကြမ္မာ၊ ရှေ့ရေးများနှင့် ခရီးပန်းတိုင်ကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များပါဝင်သည့်အခါ ထိုအရာများကို သင် အောင်မြင်ကျော်လွှားကောင်း ကျော်လွှားနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်သည် သမ္မာတရား ကင်းမဲ့နေဆဲဖြစ်လျှင် သင်၏ လမ်းဟောင်းများပေါ် သင် ပြန်လဲကျသွားလိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် ဖျက်ဆီးခံရသည့်သူများထဲမှတစ်ဦး ဖြစ်လာလိမ့်မည်။ လူများစွာတို့သည် ဤသို့ အမြဲ လိုက်လျှောက်ကာ ယုံကြည်ကြပြီး ဖြစ်သည်။ ဘုရားသခင်နောက်လိုက်သည့် အတောအတွင်းတွင် ၎င်းတို့သည် ကောင်းမွန်စွာ ပြုမူကြသော်လည်း ဤအရာက အနာဂတ်တွင် ဖြစ်ပျက်မည့်အရာကို မဆုံးဖြတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် လူ၏ ပျော့ကွက်ကို၊ သို့မဟုတ် လူ့သဘာဝအတွင်းရှိ ဘုရားသခင်ကို ဆန့်ကျင်လာနိုင်သည့် အရာများကို သင် လုံးဝ သတိမပြုမိသောကြောင့်ဖြစ်ပြီး ထိုအရာများက သင့်ကို ကပ်ဘေးဆီသို့ မဆိုက်ရောက်စေမီတွင် သင်သည် ထိုအရာများကို မသိနားမလည်ဖြစ်နေသည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် သင့်သဘာဝ၏ ပြဿနာသည် ပြေလည်မသွားသောကြောင့် ထိုအရာက သင့်ကို ကပ်ဘေးအတွက် ပြင်ဆင်ပေးပြီး သင်၏ ခရီးအဆုံးသတ်ကာ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောအရာကို လုပ်ဆောင်ကာ သူ့ကို ပြစ်မှားစော်ကားသည့်အရာ ပြောလိမ့်မည်မှာ ဖြစ်နိုင်ပြီး ထိုသို့ဖြင့် သင်သည် ရှုတ်ချခံရကာ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ နောက်ဆုံး အခိုက်အတန့် အန္တရာယ်အများဆုံးသော အချိန်ကာလများတွင် ပေတရုက လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ နားမလည်ခဲ့သကဲ့သို့ အသက်ရှင်သန်ကာ အသင်းတော်များ၏ အလုပ်ကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။ နောက်ပိုင်းတွင် ယေရှုက သူ့ထံ ပေါ်လာခဲ့ပြီး “သင်သည် ငါ့ကို သင့်အတွက် နောက်ထပ်တစ်ဖန် ကားစင်တင်စေမည်လော”ဟု ဆိုခဲ့သည်။ ထို့နောက်တွင် ပေတရုသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး အမြန် ကျိုးနွံနာခံခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့ထံ၌ သူ၏ ကိုယ်ပိုင် တောင်းဆိုချက်များရှိပြီး သူက “ကျွန်ုပ် ယခု မသေချင်ပါ။ နာကျင်မှုကို ကြောက်ရွံ့ပါသည်။ ကိုယ်တော် ကျွန်ုပ်တို့အတွက် ကားစင်အတင်ခံပေးလို့ရမည်လော။ ကျွန်ုပ် ကားစင်တင်သတ်ခံရဖို့ ကိုယ်တော် အဘယ်ကြောင့် တောင်းဆိုပါသနည်း။ ကားစင်တင်သတ်ခြင်းမှ ကျွန်ုပ်ကို ချမ်းသာပေး၍ရပါသလော”ဟု ပြောခဲ့သည်ဆိုပါစို့။ ထိုသို့သော တောင်းဆိုချက်များကို သူ ပြုလုပ်ခဲ့ပါက သူလျှောက်ခဲ့သည့် လမ်းကြောင်းသည် အချည်းနှီး ဖြစ်သွားပေမည်။ သို့ရာတွင် ပေတရုသည် ဘုရားသခင်ကို အမြဲ ကျိုးနွံနာခံခဲ့ပြီး သူ၏ ရည်ရွယ်ချက်ကို ရှာဖွေခဲ့သည့်လူတစ်ဦးဖြစ်ကာ အဆုံးတွင် သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး လုံးဝ ကျိုးနွံနာခံခဲ့သည်။ ပေတရုအနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေခဲ့ဘဲ မိမိကိုယ်ပိုင် အတွေးအခေါ်အတိုင်း ပြုမူဆောင်ရွက်ခဲ့ပါက မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ခဲ့မိမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တိုက်ရိုက်နားလည်ရန် အစွမ်းအစများ ကင်းမဲ့ကြသော်လည်း သမ္မာတရားကို နားလည်သည့်နောက် ကျိုးနွံနာခံခြင်း မရှိကြပါက ဘုရားသခင်ကို ၎င်းတို့ သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့က ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲ ပြုခြင်းသည် ၎င်းတို့၏ သဘာဝနှင့် ဆက်နွှယ်ပေသည်။ တောင်းဆိုချက်များ ၎င်းတို့ ပြုလေ၊ ၎င်းတို့အနေဖြင့် ပုန်ကန်ကာ အတိုက်အခံ လုပ်လေဖြစ်ပြီး အယူအဆများ ရှိကြလေ ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုလေ ၎င်းက သူ့ကို ပုန်ကန်ရန်၊ အတိုက်အခံလုပ်ပြီး ဆန့်ကျင်ရန်ပင် အလားအလာရှိလေ ဖြစ်သည်။ တစ်နေ့တွင် ဘုရားသခင်ကို ၎င်းသစ္စာဖောက်ကာ စွန့်ခွာကောင်း စွန့်ခွာပေမည်။ ဤပြဿနာကို သင် ဖြေရှင်းလိုပါက သမ္မာတရား၏ သွင်ပြင်လက္ခဏာ အတော်များများကို နားလည်ရန် လိုအပ်ပြီး ထိုအရာကို အပြည့်အဝ နားလည်ပြီး လုံးဝ ဖြေရှင်းရန်အလို့ငှာ လက်တွေ့ကျသည့် အတွေ့အကြုံအချို့လည်း ရှိရန် လိုအပ်ပေသည်။

ဘုရားသခင်ကို လူတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရာတွင် အဓိကအရာမှာ ၎င်းတို့တွင် သူ့အပေါ် လွန်ကဲသော စိတ်ဆန္ဒများ၊ သို့မဟုတ် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ တစ်ခုတလေ ရှိမရှိဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင် ယင်းက သူ့ကို ၎င်းတို့ ကျိုးနွံနာခံခြင်း မရှိသည်ကို သက်သေပြ၏။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်ပါစေ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံသကဲ့သို့ သမ္မာတရားကို မရှာဖွေဘဲ သင်ကိုယ်တိုင်အတွက် အမြဲ ငြင်းခုံပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတရားတို့ ဖြစ်သည်ကို သံသယပင် ထားနိုင်စွမ်းရှိလျှင် သင်သည် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင် အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင် ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေသည်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒကို သင်ရွေးချယ်နေပြီး သင်၏ ထိုအတိုင်း သင်ပြုမူနေသည်ကို သက်သေပြ၏။ ဤတွင် ဘုရားသခင်ကို သင်သစ္စာဖောက်နေပြီး ကျိုးနွံနာခံမှု ကင်းမဲ့ပေသည်။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းသည် သူ့ကိုယ်၌က အသိစိတ်မဲ့ခြင်း ဖြစ်သည်။ သူက ဘုရားသခင် ဖြစ်သည်ကို သင် အမှန်တကယ် ယုံကြည်လျှင် သူ့အပေါ် တောင်းဆိုမှုများကို သင် လုပ်ဝံ့လိမ့်မည်မဟုတ်သကဲ့သို့ ထိုတောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်သည်ဟု သင် တွေးသည်ဖြစ်စေ၊ မတွေးသည်ဖြစ်စေ သူ့အပေါ် တောင်းဆိုမှုများ ပြုဖို့ သင် အရည်အချင်းပြည့်မီသည်ဟုလည်း ခံစားရလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုရှိပြီး သူက ဘုရားသခင်ဖြစ်သည်ကို ယုံကြည်လျှင် သူ့ကိုသာ ကိုးကွယ်ပြီး ကျိုးနွံနာခံလိမ့်မည်ဖြစ်ကာ အခြားရွေးချယ်စရာမရှိပေ။ ယနေ့ခေတ် လူတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုကြသည်သာမက ဘုရားသခင်အား မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ဆောင်ရွက်ရန်ပင် တောင်းဆိုကြသည်။ ဘုရားသခင်ကို ကျိုးနွံနာခံရန် ၎င်းတို့ မရွေးချယ်ကြသည်သာမက ၎င်းတို့ကို ကျိုးနွံနာခံရန်ပင် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့ခြင်း မဟုတ်လော။ ထို့ကြောင့် လူတစ်ဦးတွင် စစ်မှန်သည့် ယုံကြည်ခြင်းနှင့် မည်မည်ရရဖြစ်သော ယုံကြည်မှု မရှိပါက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ မည်သည့်အခါမျှ မရရှိနိုင်ပေ။ ဘုရားသခင်ကို လူများက သာ၍နည်းပါးသော တောင်းဆိုမှုများ ပြုလုပ်နိုင်သည့်အခါ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ သာ၍ ရှိပြီး ၎င်းတို့၏ အသိစိတ်သည် အတော်အတန် ပုံမှန်ဖြစ်ပေသည်။ လူတို့သည် ငြင်းခုံကျင့်ရှိလေလေ၊ ကျိုးကြောင်းပြချက်များ ရှိလေလေဖြစ်ကာ ၎င်းတို့ကို ကိုင်တွယ်ရ သာ၍ ခက်လေလေဖြစ်သည်မှာ မကြာခဏ ဖြစ်လေ့ရှိသည်။ ၎င်းတို့၌ တောင်းဆိုချက်များစွာ ရှိကြသည်သာမက အနည်းငယ် အလျှော့ပေးလျှင် ကမ်းတက်တတ်လေသည်။ ကဏ္ဍတစ်ခုတွင် စိတ်ကျေနပ်သည့်အခါ နောက်တစ်ခုတွင် တောင်းဆိုမှုများ ၎င်းတို့ ပြုကြလိမ့်မည်။ ၎င်းတို့သည် ကဏ္ဍအားလုံးတွင် စိတ်ကျေနပ်ရမည်ဖြစ်ပြီး ၎င်းတို့ စိတ်မကျေနပ်ပါက စတင် ညည်းညူကြပြီး အမှုအရာများကို မျှော်လင့်ချက်မဲ့သည့် အရာများအဖြစ် လျစ်လျူရှုပြီး မဆင်မခြင် ပြုမူကြလေသည်။ နောက်ပိုင်းတွင် ၎င်းတို့ ကျေးဇူးကြွေးတင်သကဲ့သို့ ခံစားရပြီး နောင်တရကြကာ ခါးသီးသော မျက်ရည်များဖြင့် ငိုကြွေးကြပြီး သေချင်ကြလေသည်။ ယင်းတွင် မည်သည့် အကျိုး ရှိသနည်း။ ၎င်းတို့သည် ကျိုးကြောင်းမဆီလျော်သည့်အပြင် မရပ်မနား စိတ်အနှောင့်အယှက် ဖြစ်ကြသည် မဟုတ်လော။ ဤပြဿနာတသီတတန်းကို အမြစ်မှ ဖြေရှင်းရမည်ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိပြီး မဖြေရှင်းပါက၊ ပြီးလျှင် ထိုအရာကို ဖြေရှင်းရန် သင် ဒုက္ခရောက်သည်အထိ၊ သို့မဟုတ် ဘေးဖြစ်စေသည်အထိ စောင့်ဆိုင်းပါက ဤဆုံးရှုံးမှုအတွက် သင် မည်သို့ ထေမိနိုင်သနည်း။ ဤသည်မှာ မြင်းက ကဆုန်စိုင်း ထွက်ပြေးနှင့်ပြီးနောက်မှ တင်းကုပ်တံခါးကို သော့ခတ်ပိတ်ခြင်းနှင့် အနည်းငယ်တူသည် မဟုတ်လော။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို လုံးဝ ဖြေရှင်းရန်၊ ထိုအရာ ပထမဆုံး ဖြစ်ပေါ်ချိန်တွင် ဖြေရှင်းရန် သမ္မာတရားကို သင် ရှာဖွေရမည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နုစဉ် အခြေအနေတွင် သင် ဖြေရှင်းရမည်၊ ထိုသို့ဖြင့် သင်သည် အမှားတစ်ခုမျှ လုပ်မည်မဟုတ်သည်ကို သေချာစေပြီး နောင်ဒုက္ခများကို တားဆီးရမည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အမြစ်တွယ်ပြီး လူတစ်ဦး၏ အတွေး၊ ရှုထောင့်အမြင် ဖြစ်လာပါက လူတစ်ဦးကို မကောင်းမှုပြုရန် ညွှန်ကြားနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို သုံးသပ်ခြင်းနှင့် သိမြင်ခြင်းတို့သည် အဓိကအားဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှာဖွေတွေ့ရှိခြင်းနှင့် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို အလျင်အမြန် ရှာဖွေခြင်းအကြောင်း ဖြစ်သည်။ သင်၏ သဘာဝတွင် မည်သည့်အရာများရှိသည်၊ မည်သည့်အရာကို သင် နှစ်သက်သည်၊ မည်သည့်အရာကို သင် လိုက်စားပြီး မည်သည့်အရာကို သင် ရရှိချင်သည်ဆိုသည်တို့ကို သင် သိရမည်။ ယင်းတို့က ဘုရားရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိနှင့် ယင်းတို့ မည်သည့်နည်းဖြင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည်ဆိုသည်ကို မြင်ရန် ဘုရားနှုတ်ကပတ်တော်များအတိုင်း ဤအရာများကို သင်စိစစ်ရမည်။ ဤအရာများကို သင် နားလည်သည်နှင့် သင်၏ မူမမှန်သော ဆင်ခြင်တုံတရားနှင့်ဆိုင်သော ပြဿနာ၊ ဆိုလိုသည်မှာ သင်၏ ကျိုးကြောင်းမဆီလျော်သကဲ့သို့ မရပ်မနား စိတ်အနှောင့်အယှက်ဖြစ်ခြင်း ပြဿနာကို သင် ဖြေရှင်းရမည်ဖြစ်သည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ပြဿနာ ဖြစ်သည်သာမက ဆင်ခြင်တုံတရားမဲ့ခြင်းနှင့်လည်း သက်ဆိုင်ပေသည်။ အထူးသဖြင့် ၎င်းတို့၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မိမိကိုယ်ကျိုးဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ကြသည့် လူများသည် ပုံမှန် ဆင်ခြင်တုံတရား မပိုင်ဆိုင်ကြပေ။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပြီး လူတို့၏ ပျော့ကွက်လည်း ဖြစ်သည်။ လူအချို့က ၎င်းတို့တွင် အစွမ်းအစတစ်ခုခုနှင့် ဆုကျေးဇူးအချို့ရှိသည်ဟု ခံစားရပြီး ခေါင်းဆောင်များဖြစ်ရန်နှင့် ထင်ပေါ်ရန် အမြဲ အလိုရှိကြသောကြောင့် ၎င်းတို့ကို အသုံးပြုရန် ဘုရားသခင်ကို အမြဲတောင်းဆိုကြသည်။ ဘုရားသခင်က ၎င်းတို့ကို အသုံးမပြုပါက “ဘုရားသခင်က ကျွန်ုပ်ကို အဘယ်သို့ မျက်နှာသာ မပေးနိုင်သနည်း။ ဘုရားသခင်၊ အရေးကြီးသည့်အရာတစ်ခုခုကို လုပ်ဆောင်ရန် ကိုယ်တော် ကျွန်ုပ်ကို အသုံးပြုပါက ကိုယ်တော့်အတွက် အသုံးခံရန် ကျွန်ုပ် ကတိပြုပါ၏” ဟု ဆိုကြသည်။ ဤရည်ရွယ်ချက်မျိုးသည် မှန်ကန်သလော။ ဘုရားသခင်အတွက် အသုံးခံရန်မှာ ကောင်းသည့်အရာတစ်ခု ဖြစ်သော်လည်း ဘုရားသခင်အတွက် အသုံးခံရန် ၎င်းတို့၏ လိုလားမှုနောက်ကွယ်တွင် ကြံရွယ်ချက်များရှိသည်။ ၎င်းတို့ ချစ်သည့်အရာမှာ အဆင့်အတန်းဖြစ်ပြီး ဤသည်မှာ ၎င်းတို့ အာရုံစိုက်သည့်အရာ ဖြစ်သည်။ လူတို့သည် အမှန်တကယ် ကျိုးနွံနာခံနိုင်စွမ်းရှိသည့်အခါ ဘုရားသခင်က ၎င်းတို့ကို အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဘုရားသခင်နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်နိုင်စွမ်းရှိကာ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်အတွက် အသုံးခံနိုင်စွမ်းရှိကြသည့်အခါ ထိုအခါမှသာ ၎င်းတို့ကို ဆင်ခြင်တုံတရားပိုင်ဆိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသည်ဟု ယူဆနိုင်ပေသည်။ ဘုရားသခင်အတွက် အသုံးခံရန် လူတို့ လိုလားနေကြပြီး ထိုသို့သော လူတို့ကို ဘုရားသခင်က အသုံးပြုရန် လိုလားနေသည့်အချိန်တွင် ကောင်းမွန်သော်လည်း သမ္မာတရားဖြင့် ၎င်းတို့ မပြင်ဆင်ထားပါက ၎င်းတို့ကို ဘုရားသခင် အသုံးပြုရန် မဖြစ်နိုင်ပေ။ လူတို့သည် သမ္မာတရားအတွက် ကြိုးပမ်းပြီး ပူးပေါင်းလုပ်ဆောင်ရန် လိုလားနေပါက ပြင်ဆင်သည့် အဆင့်ရှိရမည်ဖြစ်သည်။ သမ္မာတရားကို လူတို့ နားလည်ကာ ဘုရားသခင်ကို အစစ်အမှန် ကျိုးနွံနာခံနိုင်သည့်နောက်တွင်သာ ၎င်းတို့ကို ဘုရားသခင်က တရားဝင် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ ဤလေ့ကျင့်ခြင်း အဆင့်သည် မုချလိုအပ်ပေသည်။ ယနေ့ခေတ် ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤလေ့ကျင့်သည့် အဆင့်တွင် ရှိကြသည်။ ၎င်းတို့၌ အသက်အတွေ့အကြုံရှိကာ ကိစ္စရပ်များကို စည်းမျဉ်းဖြင့် ကိုင်တွယ်နိုင်သည့်နောက်တွင် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင့်တော်ကြလိမ့်မည်ဖြစ်သည်။

လူ့သဘာဝထဲရှိ အမှုအရာများသည် ပြုပြင်ရုံမျှဖြင့် ပြီးသွားသည့် အပြင်ပန်း အပြုအမူများ၊ လက်တွေ့လုပ်ဆောင်မှုများ၊ သို့မဟုတ် အတွေးများနှင့် စိတ်ကူးများကဲ့သို့ မဟုတ်ပေ။ ထိုအရာများကို နည်းနည်းချင်း ဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အပြင် ထိုအရာများသည် လူတို့အတွက် ခွဲခြားရန် မလွယ်ကူသကဲ့သို့ ခွဲခြားထားလျှင်ပင် ပြောင်းလဲရန် မလွယ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက လုံလုံလောက်လောက် နက်နဲသော သိနားလည်မှုတစ်ခု လိုအပ်သည်။ လူ၏ သဘာဝကို ငါတို့ အဘယ်ကြောင့် အမြဲ စိစစ်ကြသနည်း။ ယင်းမှာ မည်သည့်အရာ ဆိုလိုသည်ကို သင် နားမလည်သလော။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြမှုများသည် မည်သည့်နေရာမှ လာသနည်း။ အားလုံးက ၎င်းတို့၏ သဘာဝအတွင်းမှ လာပြီး အားလုံးကို ၎င်းတို့၏ သဘာဝက စိုးမိုးထားသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တစ်ခုတိုင်း၊ အတွေးနှင့် စိတ်ကူးတိုင်း၊ ရည်ရွယ်ချက်တိုင်းသည် လူ၏ သဘာဝနှင့် အားလုံး ဆက်နွှယ်ပေသည်။ ထို့ကြောင့် လူ၏ သဘာဝကို တိုက်ရိုက် ဖော်ထုတ်ခြင်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။ လူတို့၏ သဘာဝကို ပြောင်းလဲရန် မလွယ်ကူသော်လည်း မိမိတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ သိမြင်ကာ ရိပ်စားနိုင်ကြပါက၊ ပြီးလျှင် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေနိုင်ကြပါက ၎င်းတို့၏ စိတ်သဘောထားများကို တဖြည်းဖြည်း ၎င်းတို့ ဖြေရှင်းနိုင်ကြပေသည်။ လူတစ်ဦးသည် မိမိ၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ထဲတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အရာများ နည်းသည်ထက် နည်းပါးသွားလိမ့်မည်။ လူ၏သဘာဝကို စိစစ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်သည်။ ဤရည်မှန်းချက်ကို သင် သဘောမပေါက်သေးသကဲ့သို့ သင်၏ သဘာဝကို စိစစ်ပြီး သိနားလည်ရုံမျှဖြင့် ဘုရားသခင်ကို သင် ကျိုးနွံနာခံကာ သင်၏ ဆင်ခြင်တုံတရားကို ပြန်ရရှိနိုင်သည်ဟု တွေးထင်သည်။ သင် လုပ်ဆောင်သမျှမှာ စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးခြင်းသာ ဖြစ်သည်။ လူတို့၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းတို့အား ငါ တကယ်ကို မဖော်ထုတ်ခြင်းသည် အဘယ်ကြောင့်နည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကိုလည်း ငါ အဘယ်ကြောင့် စိစစ်ရမည်နည်း။ ၎င်းတို့၏ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းနှင့် မာနထောင်လွှားခြင်းတို့ကိုသာ ငါ ဖော်ထုတ်ပါက ပြဿနာ ပြေလည်သွားလိမ့်မည် မဟုတ်။ သို့ရာတွင် ၎င်းတို့၏ သဘာဝကို ငါ စိစစ်ပါက ဤအရာက ခြုံငုံမိသည့် သွင်ပြင်လက္ခဏာများမှာ အလွန် ကျယ်ပြန့်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး ပါဝင်ပေသည်။ ထိုအရာမှာ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း၊ မိမိကိုယ်ကို ကြီးကျယ်ခြင်းနှင့် မာနထောင်လွှားခြင်းတို့နှင့်သက်ဆိုင်သည့် နည်းကျဉ်းသော အတိုင်းအတာထက်ပိုသည်။ သဘာဝသည် ဤအရာထက် များစွာ ပိုမိုပါဝင်သည်။ ထို့ကြောင့် လူတို့က မိမိတို့၏ လွန်ကဲသော စိတ်ဆန္ဒများတွင်၊ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော တောင်းဆိုချက်များအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှ ထုတ်ဖော်ပြနေကြသည်ကိုသာ သတိပြုနိုင်မည်ဆိုလျှင် ကောင်းပေမည်။ လူတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က မိမိတို့ကိုယ်ကို မုန်းတီးကာ ငြင်းပယ်နိုင်ကြသည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လမ်းကြောင်းတစ်ခု ရှိကြလိမ့်မည်။ သို့မဟုတ်ပါက သင်တို့သည် ဖြစ်ကြောင်းရင်းမြစ်ကို လုံးဝ ဖော်ထုတ်မိကြလိမ့်မည်မဟုတ်သကဲ့သို့ ဤသည်မှာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း၊ မာနထောင်လွှားခြင်း၊ သို့မဟုတ် မာန၊ သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိခြင်းသာ ဖြစ်သည်ဟု ပြောကြလိမ့်မည်။ ထိုသို့သော အပေါ်ယံ အကြောင်းအရာများအကြောင်း ပြောဆိုခြင်းသည် သင်၏ ပြဿနာကို ဖြေရှင်းပေးနိုင်သလော။ လူ၏ သဘာဝကို ဆွေးနွေးရန် လိုအပ်ချက်တစ်ခုတလေ ရှိသလော။ အစအဦးတွင် အာဒံနှင့် ဧဝတို့၏ သဘာဝမှာ အဘယ်နည်း။ ၎င်းတို့အတွင်းတွင် ပွင့်လင်းသော သစ္စာဖောက်မှုကို မဆိုထားနှင့် တမင်ရည်ရွယ်သော အတိုက်အခံလုပ်ခြင်း မရှိပေ။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းက မည်သည့်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိခဲ့ကြချေ။ စာတန်က ဖြန့်ဖြူးသည့် မည်သည့်အရာကိုမဆို ၎င်းတို့ စိတ်နှလုံးထဲတွင် လက်ခံခဲ့ကြသည်။ ယခုတွင် စာတန်သည် လူတို့က ဘုရားသခင်ကို အရာခပ်သိမ်းတွင် ပုန်ကန်ကာ အတိုက်အခံလုပ်နိုင်ပြီး သူ့ကို ဆန့်ကျင်ရန် နည်းမျိုးစုံ ကြံဆနိုင်သည့်အတိုင်းအတာတစ်ခုအထိ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သည်။ လူ၏ သဘာဝက စာတန်နှင့် အတူတူပင်ဖြစ်သည်မှာ သိသာပေသည်။ လူ၏ သဘာဝက စာတန်၏ သဘာဝဖြစ်သည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ စာတန်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သူဖြစ်ပြီး လူတို့တွင် ဆိုးယုတ်သော သဘာဝများရှိကြသောကြောင့် ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြ၏။ လူတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ရန် အမှုအရာများကို တမင်တကာ မလုပ်ကောင်း မလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကြောင့် ၎င်းတို့၏ အတွေးများအားလုံးသည် ဘုရားသခင်အပေါ် အတိုက်အခံလုပ်တတ်ကြလေသည်။ လူတို့သည် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်လျှင်ပင် လူ၏အတွင်းပိုင်း အနှစ်သာရသည် ဘုရားသခင်ကို အတိုက်အခံ လုပ်သည့် တစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် မျက်မှောက်ခေတ်လူသည် အသစ်ဖန်ဆင်းခံထားရသည့်လူနှင့် ကွဲပြားခြားနားသည်။ ယခင်က လူတို့အတွင်းတွင် အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် သစ္စာဖောက်ဖျက်ခြင်း မရှိခဲ့၊ ၎င်းတို့သည် အသက်နှင့်ပြည့်ခဲ့ကြပြီး မည်သည့် ဆိုးယုတ်သော သဘာဝမျှ၏ စိုးမိုးခြင်းမခံခဲ့ရပေ။ လူတို့အတွင်းတွင် ဆိုးယုတ်သော သဘာဝ၏ အုပ်စိုးမှု၊ သို့မဟုတ် နှောင့်ယှက်မှုမရှိပါက မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းအဖြစ် ယူဆ၍ မရနိုင်ပေ။

သဘာဝသည် မည်သည့်အရာ ဖြစ်ပါသနည်း။ သဘာဝသည် လူ၏ အနှစ်သာရဖြစ်၏။ စိတ်သဘောထားများသည် မိမိ၏ သဘာဝမှ ထုတ်ဖော်ပြခြင်းခံရသည့် အရာများဖြစ်ပြီး စိတ်သဘောထားထဲရှိ အပြောင်းအလဲတစ်ခုမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်စေခြင်း ခံရကာ သမ္မာတရားနှင့် အစားထိုးခံရပြီးဖြစ်ကြောင်းကို ဆိုလိုပေသည်။ ထို့ကြောင့် ထုတ်ဖော်ပြခံရသည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်ဘဲ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေသည့်နောက်တွင် လူသည် စာတန်၏ ပြယုဂ်တစ်ခုနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူ့ကို လုံးဝ သစ္စာဖောက်နိုင်စွမ်းရှိသည့် ဆိုးယုတ်သော အရာတစ်မျိုး ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့အား မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် တောင်းဆိုပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို စုံလင်စေပြီး ရရှိလိုသောကြောင့်၊ နောက်ဆုံးတွင် ပြီးမြောက်သွားသောလူတို့သည် ဘုရားသခင်အား သိခြင်းနှင့်ဆိုင်သော ထပ်မံဖြည့်စွက်သည့် စစ်မှန်မှုများစွာကိုလည်းကောင်း၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံး၏ စစ်မှန်မှုများကိုလည်းကောင်း ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီကြသည်။ အတိတ်ကာလတွင် လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခဲ့ကြပြီး တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်ခဲ့ချိန်တိုင်းတွင် အမှားတစ်ခု ပြုမိခဲ့ကြသော်လည်း၊ သို့မဟုတ် အတိုက်အခံလုပ်ခြင်းတစ်ခု ပြမိခဲ့ကြသော်လည်း ယခုတွင် လူတို့သည် သမ္မာတရားအချို့ကို သိနားလည်ကြကာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့်အရာများစွာကို လုပ်ဆောင်နိုင်ကြသည်။ သို့ရာတွင် ဤသည်မှာ လူတို့က ဘုရားသခင်ကို သစ္စာမဖောက်ကြဟု မဆိုလိုပေ။ လူတို့က ဤအရာကို လုပ်ဆောင်နိုင်ကြဆဲဖြစ်သည်။ ၎င်းတို့၏ သဘာဝမှ ထုတ်ဖော်ပြသည့်အရာ၏ တစ်စိတ်တစ်ပိုင်းကို ပြောင်းလဲ၍ရနိုင်ပြီး ပြောင်းလဲနိုင်သည့် အစိတ်အပိုင်းသည် လူတို့က သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သည့် အပိုင်းဖြစ်သည်။ သို့ရာတွင် သင်သည် ယခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရုံဖြင့် သင်၏ သဘာဝ ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ။ ထိုအရာမှာ လူတို့က ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် တောင်းဆိုချက်များ အမြဲ ထားရှိတတ်လေ့ရှိကာ ယခုတွင် ကဏ္ဍများစွာ၌ ယင်းတို့ကို မထားရှိကြတော့သည့်ပုံကဲ့သို့ ဖြစ်သည်။ သို့ရာတွင် အချို့သော ကိစ္စရပ်များတွင် ၎င်းတို့သည် အယူအဆများ၊ သို့မဟုတ် တောင်းဆိုချက်များ ရှိနိုင်ကြဆဲဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြဆဲဖြစ်သည်။ သင်က “ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ကျိုးနွံနာခံနိုင်ပြီး စောဒကတက်ခြင်းနှင့် တောင်းဆိုချက်များ မရှိဘဲ ကိစ္စရပ်များစွာတွင် ကျိုးနွံနာခံနိုင်ပါသည်”ဟု ဆိုကောင်းဆိုမည်။ သို့ရာတွင် သင်သည် အချို့သော ကိစ္စများတွင် ဘုရားသခင်ကို သစ္စာဖောက်နိုင်ဆဲ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို တမင်တကာ သစ္စာမဖောက်သော်လည်း သူ၏ ရည်ရွယ်ချက်များကို နားမလည်သည့်အချိန်တွင် သူ၏လိုအင်ဆန္ဒကို သင် ဆန့်ကျင်နိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲနိုင်သည့် အပိုင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သည့်အခါ ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို နားလည်သည့်အခါ လက်တွေ့လုပ်ဆောင်နိုင်သည်ဟု ဆိုခြင်းသာ ဖြစ်သည်။ သင်သည် အချို့သော ကိစ္စများတွင် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုဖြစ်စေ နားမလည်ပါက ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနိုင်သည့် ဖြစ်နိုင်ခြေရှိနေဆဲ ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သော်လည်း အချို့သောအရာများ၏ ဘောင်ခတ်မှုခံရသောကြောင့် လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက ဤသည်မှာ သစ္စာဖောက်ဖျက်ခြင်းဖြစ်ပြီး ဤသည်မှာ သင်၏ အနှစ်သာရရှိ တစ်စုံတစ်ရာဖြစ်သည်။ သင်၏ စိတ်သဘောထား မည်မျှပြောင်းလဲနိုင်သည်ဆိုသည့်အရာအတွက် အကန့်အသတ် မရှိသည်မှာ အမှန်ဖြစ်၏။ သမ္မာတရားများကို သင် ရရှိလေ ဘုရားသခင်အပေါ် သင်၏ သိကျွမ်းခြင်းသည် သာ၍ နက်ရှိုင်းလာလေ ဖြစ်သည်၊ သူ့ကို သင် အတိုက်အခံလုပ်ကာ သစ္စာဖောက်မှု လျော့လေဖြစ်လိမ့်မည်။ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲရန် ကြိုးစားခြင်းသည် သမ္မာတရားကို လိုက်စားခြင်းအားဖြင့် အဓိက စွမ်းဆောင်ရရှိပြီး မိမိကိုယ်ပိုင် သဘာဝ အနှစ်သာရကို သိနားလည်ခြင်းကို သမ္မာတရားအား သိနားလည်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ အကြင်သူသည် သမ္မာတရားကို အမှန်တကယ် ရရှိသည့်အခါ ၎င်း၏ ပြဿနာအားလုံး ပြေလည်သွားလိမ့်မည်။

ဆောင်းရာသီ၊ ၁၉၉၉ ခုနှစ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။