တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၂)

လူများစွာတို့သည် ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေသာ လုပ်ကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများအတွက် အလုပ်လုပ်ပေးနေရသကဲ့သို့ မည်သည့်အခါကမျှ တာဝန်ကို အလေးအနက်မထားကြပေ။ အရာအားလုံးသည် ရယ်စရာပြက်လုံးတစ်ခု ဖြစ်သကဲ့သို့ ၎င်းတို့သည် ကိစ္စများကို အကြမ်းဖျင်းဆန်ကာ အပေါ်ယံလျှပ်၍ ခပ်ညံ့ညံ့ဖြစ်ပြီး ပေါ့ပေါ့ဆဆနည်းလမ်းဖြင့် လုပ်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် အလုပ်လုပ်ပေးနေကြသော ဘာသာတရားမရှိသူများ၊ တာဝန်များကိုထမ်းဆောင်နေကြသော မယုံကြည်သူများ ဖြစ်ကြသည်။ ဤလူများသည် အလွန်အမင်း ရှုပ်ကြသည်၊ ၎င်းတို့သည် အကျင့်ပျက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသည်။ ထို့ပြင် ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် ဘာမျှမထူးခြားပေ။ ၎င်းတို့ကိုယ်တိုင်အတွက် ကိစ္စများကို ၎င်းတို့လုပ်သောအခါ ၎င်းတို့သည် သေချာပေါက် ဝတ်ကျေတမ်းကျေ မလုပ်ကြပေ။ သို့ဆိုလျှင် ၎င်းတို့၏တာဝန်များကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်လာသောအခါ ၎င်းတို့သည် အဘယ်ကြောင့် နည်းနည်းလေးမျှ အလေးအနက် မထားကြသနည်း သို့မဟုတ် လုံ့လဝီရိယ မရှိကြသနည်း။ ၎င်းတို့ မည်သည့်အရာကို လုပ်ပါစေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပျော်စေပြက်စေဖြစ်ခြင်းနှင့် ဒုက္ခပေးခြင်း အရည်အသွေးရှိ၏။ ဤလူများသည် အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ကြပြီး ၎င်းတို့နှင့်ပတ်သက်၍ လိမ်လည်လှည့်ဖြားတတ်သည့် အရည်အသွေးတစ်ရပ် ရှိသည်။ ဤကဲ့သို့သောလူများတွင် လူ့သဘာဝရှိသလော။ ၎င်းတို့တွင် သေချာပေါက်လူ့သဘာဝ မရှိကြပေ။ ၎င်းတို့တွင် အသိတရားနှင့် အသိစိတ် ပမာဏအနည်းငယ်မျှပင် မရှိကြပေ။ မြည်းရိုင်းများ သို့မဟုတ် မြင်းရိုင်းများကဲ့သို့ပင် ၎င်းတို့သည် အမြဲတမ်း စီမံခန့်ခွဲပေးဖို့နှင့် ကြီးကြပ်ပေးဖို့ လိုအပ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို လိမ်လည်ပြီး လှည့်စားကြသည်။ ဤသည်က ၎င်းတို့သည် သူ့အပေါ် ယုံကြည်ခြင်းအစစ်အမှန်တစ်စုံတစ်ရာ ပိုင်ဆိုင်သည်ဟု ဆိုလိုသလော။ ၎င်းတို့သည် သူ့အတွက် မိမိတို့ကိုယ်ကို အသုံးခံနေခြင်းဖြစ်သလော။ ၎င်းတို့သည် အလုပ်လုပ်ပေးဖို့ သေချာပေါက် စံမမီသကဲ့သို့ အရည်အချင်းမပြည့်မီပေ။ ထိုကဲ့သို့သောလူများကို အခြားသူတစ်ဦးဦးမှ အလုပ်ခန့်ခဲ့ပါက ရက်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့ အလုပ်ဖြုတ်ခံရလိမ့်မည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် အလုပ်လုပ်ပေးသူများနှင့် ခန့်အပ်ထားသော အလုပ်သမားများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်ဟု ဆိုလျှင် ယင်းသည် လုံးလုံးလျားလျား မှန်ကန်တိကျသည်။ လူအတော်များများသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် မကြာခဏ ဝတ်ကျေတမ်းကျေ လုပ်ကြသည်။ ပြုပြင်ခြင်း ခံရသောအခါ ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်နေဆဲဖြစ်သည်။ ၎င်းတို့၏လိုရင်းကို ခေါင်းမာစွာ ငြင်းခုံရင်းနှင့် ဘုရားအိမ်တော်က ၎င်းတို့အပေါ် မတရားကြောင်း၊ သနားညှာတာမှုနှင့် သည်းခံနိုင်မှုတို့ ကင်းမဲ့ကြောင်းဟူ၍ပင် မကျေမနပ်ပြောဆိုကြသည်။ ဤသည်မှာ ယုတ္တိကင်းမဲ့သည် မဟုတ်လော။ ပို၍ အရှိအတိုင်းဆိုရလျှင် ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်ပြီး ၎င်းတို့တွင် အသိတရားနှင့် အသိစိတ် စိုးစဉ်းမျှပင် မရှိပေ။ ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သောသူများသည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို လက်ခံနိုင်ရမည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်တို့ကို ချိုးဖျက်ခြင်းမရှိဘဲ အမှုအရာများကို လုပ်ဆောင်နိုင်ရမည်။ ပြုပြင်ခြင်းခံဖို့ လက်ခံရန် သို့မဟုတ် ကျိုးနွံနာခံရန် မတတ်နိုင်သောလူများသည် မာနထောင်လွှားလွန်းသည်၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လွန်းပြီး တကယ့်ကို ယုတ္တိမတန်ကြချေ။ ၎င်းတို့ကို လူ့တိရစ္ဆာန်များဟု ခေါ်ဖို့ဆိုသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့လုပ်သမျှတွင် လုံးလုံးလျားလျား ဂရုမစိုက်သောကြောင့်ဖြစ်သည်။ အမှုအရာများကို ၎င်းတို့ စိတ်တိုင်းကျ အတိအကျ လုပ်ဆောင်ပြီး အကျိုးဆက်များအတွက် အလေးထားမှုတစ်ခုမျှမရှိပေ။ ပြဿနာတက်လာလျှင် ၎င်းတို့ ဂရုမစိုက်ပေ။ ဤကဲ့သို့သောလူများသည် အလုပ်လုပ်ပေးဖို့ အရည်အချင်းမပြည့်မီပေ။ ၎င်းတို့၏တာဝန်များကို ဤနည်းအတိုင်း ၎င်းတို့သဘောထားကြသောကြောင့် အခြားလူများသည် ၎င်းတို့ကို ကြည့်မနေနိုင်တော့ဘဲ ၎င်းတို့အပေါ် ယုံကြည်စိတ်ချမှု ကင်းမဲ့လာကြသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့အပေါ် ယုံကြည်စိတ်ချမှုရှိနိုင်သလော။ ဤအနိမ့်ဆုံးစံနှုန်းကိုပင် မပြည့်မီသဖြင့် ၎င်းတို့သည် အလုပ်လုပ်ပေးဖို့ အရည်အချင်းမပြည့်မီကြဘဲ ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်သည်။ လူအချို့သည် မည်မျှလောက်အထိ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်နိုင်ကြသနည်း။ ၎င်းတို့သည် အရာအားလုံးကို ၎င်းတို့လုပ်နိုင်သည်ဟု အမြဲတမ်း ထင်နေကြသည်။ ၎င်းတို့အတွက် မည်သည့်အရာကို စီစဉ်ပေးထားပါစေ ၎င်းတို့က “ဤသည်မှာ လွယ်ကူသည်။ ကိစ္စမရှိပါ။ ယင်းကို ကျွန်ုပ် ကိုင်တွယ်နိုင်သည်။ ကျွန်ုပ်ကို သမ္မာတရားစည်းမျဉ်းများအကြောင်း တစ်ယောက်ယောက်က မိတ်သဟာယပြုပေးဖို့ မလိုအပ်ပါ။ ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်စစ်ဆေးနိုင်ပါသည်” ဟု ၎င်းတို့ ပြောကြသည်။ ဤသို့သောသဘောထားမျိုး အမြဲတမ်း ရှိနေခြင်းဖြင့် ခေါင်းဆောင်များရော အမှုဆောင်များပါ ဤလူများကို ကြည့်မနေနိုင်တော့ဘဲ ၎င်းတို့လုပ်သည့်ကိစ္စများတွင် ယုံကြည်စိတ်ချမှု ကင်းမဲ့လာသည်။ ဤလူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောလူများ မဟုတ်လော။ အကယ်၍ တစ်စုံတစ်ယောက်သည် အလွန်အမင်း မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပါက ဤသည်မှာ ရှက်ဖွယ်ကောင်းသော အပြုအမူဖြစ်သည်။ ထို့ပြင် မပြောင်းလဲပါက ၎င်းတို့၏တာဝန်များကို မည်သည့်အခါမျှ ပြည့်ပြည့်ဝဝ ထမ်းဆောင်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦးသည် မိမိ၏တာဝန်များကို ထမ်းဆောင်ရာတွင် မည်သည့်သဘောထားရှိသင့်သနည်း။ အနည်းဆုံးအနေဖြင့် လူတစ်ဦးတွင် တာဝန်သိစိတ်ရှိသင့်သည်။ လူတစ်ဦးတွင် အခက်အခဲများနှင့် ပြဿနာများ မည်မျှရှိနေပါစေ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေသင့်သည်၊ ဘုရားအိမ်တော်မှ သတ်မှတ်ထားသော စံနှုန်းများကို နားလည်သင့်ပြီး ၎င်း၏တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် မည်သည့်ရလဒ်များ ရသင့်သည်ကို သိသင့်သည်။ အကယ်၍ လူတစ်ဦးသည် ဤအချက်သုံးချက်ကို သဘောပေါက်နိုင်ပါက ၎င်း၏တာဝန်များကို ပြည့်ပြည့်ဝဝ အလွယ်တကူ ထမ်းဆောင်နိုင်မည်။ မည်သည့်တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ စည်းမျဉ်းများကို ရှေးဦးစွာ နားလည်ပါက၊ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို နားလည်ပါက၊ ပြီးလျှင် ၎င်းတို့ ရသင့်သောရလဒ်များကို သိပါက ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ဖို့အတွက် လမ်းကြောင်းတစ်ခု ၎င်းတို့တွင် ရှိပြီမဟုတ်လော။ ထို့ကြောင့် တာဝန်များကို ထမ်းဆောင်ရာတွင် လူတစ်ဦး၏သဘောထားသည် အလွန်အရေးကြီးသည်။ သမ္မာတရားကို မချစ်မနှစ်သက်သူများသည် ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေသာ ထမ်းဆောင်ကြသည်၊ ၎င်းတို့တွင် မှန်ကန်သော သဘောထားမရှိကြပေ။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ပြီးလျှင် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအကြောင်းနှင့် မည်သည့်ရလဒ်များကို ၎င်းတို့ ရသင့်သည်ဆိုသည်ကို ၎င်းတို့ မစဉ်းစားကြပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို မည်သို့ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ကြသနည်း။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်စွာ ယုံကြည်သူ တစ်စုံတစ်ဦးဖြစ်ပါက သင်ဝတ်ကျေတမ်းကျေလုပ်သောအခါ သူ့ထံ သင်ဆုတောင်းရမည်၊ ပြီးလျှင် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး သင့်ကိုယ်သင် သိရမည်။ သင်၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများကို ပုန်ကန်ရမည်၊ သမ္မာတရားစည်းမျဉ်းများနှင့်ပတ်သက်ပြီး ကြိုးစားအားထုတ်ရမည်၊ ပြီးလျှင် သူ၏ သတ်မှတ်ထားသော စံနှုန်းများ ပြည့်မီဖို့ အားထုတ်ရမည်။ သင့်တာဝန်ကို ဤနည်းအတိုင်း ထမ်းဆောင်ခြင်းဖြင့် သင်သည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို တဖြည်းဖြည်း ပြည့်ဝလိမ့်မည်။ အမှန်တကယ်တွင် သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် အလွန်မခက်ခဲပေ။ အသိတရားနှင့် အသိစိတ်ရှိခြင်း၊ ဖြောင့်မှန်ပြီး လုံ့လရှိခြင်းနှင့်သာဆိုင်သည်။ စိတ်ထက်သန်စွာ အလုပ်လုပ်ပြီး ရလဒ်အနေဖြင့် အောင်မြင်သွားသော ဘာသာတရားမရှိသူများစွာ ရှိသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအကြောင်း တစ်ခုမျှ မသိပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်သို့ အလွန်အဆင်ပြေကြသနည်း။ ၎င်းတို့သည် စဉ်းစားနှိုင်းချိန်ပြီး လုံ့လရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထက်သန်စွာနှင့် စေ့စပ်စွာ အလုပ်လုပ်နိုင်ပြီး ဤနည်းအားဖြင့် အလွယ်တကူ လုပ်ဆောင်ပြီးစီးနိုင်သည်။ ဘုရားအိမ်တော်၏ မည်သည့်တာဝန်များကမျှ အလွန် မခက်ခဲပေ။ သင်၏ စိတ်နှလုံးအပြည့်အဝထည့်သွင်းပြီး အကောင်းဆုံးကြိုးစားသရွေ့ သင် ကောင်းစွာလုပ်ဆောင်နိုင်သည်။ သင်သည် မဖြောင့်မတ်လျှင်၊ သင်လုပ်ဆောင်သမျှ၌ လုံ့လမရှိလျှင်၊ သင့်ကိုယ်သင် ဒုက္ခမရောက်အောင် အစဉ် ကြိုးစားနေလျှင်၊ သင်သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ပြီး အရာရာကို ဖြစ်သလိုလုပ်လျှင်၊ ရလဒ်အနေဖြင့် သင်၏တာဝန်ကို ကောင်းစွာမထမ်းဆောင်ဘဲ အမှားများလုပ်ပြီး ဘုရားအိမ်တော်ကို သင် ထိခိုက်နစ်နာစေလျှင် ယင်းမှာ သင်က မကောင်းမှုလုပ်နေသည်ဟု ဆိုလိုပေသည်။ ထိုအရာသည် ဘုရားသခင်ကို အလွန်မုန်းတီးစေသည့် ပြစ်မှားမှုတစ်ခု ဖြစ်လာလိမ့်မည်။ ဧဝံဂေလိဖြန့်ဝေခြင်း၏ အဓိကအချိန်များတွင် သင်သည် သင့်တာဝန်တွင် ရလဒ်ကောင်းများမရဘဲ အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုကို မလုပ်ဆောင်ပါက သို့မဟုတ် သင်က အနှောင့်အယှက်၊ အဖျက်အဆီးများဖြစ်ပေါ်စေပါက အလိုအလျောက်ပင် ဘုရားသခင်က သင့်ကို အလွန်မုန်းတီးမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ကာ သင်၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်။ ဤသည်မှာ သင်၏ ထာဝရနောင်တ ဖြစ်လိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဘုရားသခင်က သင့်အား ချီးမြှောက်ခြင်းသည် သင်၏ ကယ်တင်ခြင်းရရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ သင်သည် တာဝန်မဲ့လျှင်၊ ပေါ့တန်စွာ သဘောထားပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်လျှင် ဤသည်မှာ သင်က သမ္မာတရားနှင့် ဘုရားသခင်ကို ဆက်ဆံနေသည့် သဘောထားဖြစ်သည်။ သင်သည် အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်းမရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို အဘယ်သို့ ရနိုင်မည်နည်း။ ယခုအခါတွင် အချိန်က အလွန်တန်ဖိုးရှိသည်။ နေ့ရက်တိုင်း၊ မိနစ်တိုင်းက အရေးပါသည်။ သမ္မာတရားကို သင်မရှာဖွေလျှင်၊ အသက်ဝင်ရောက်မှုကို အာရုံမစိုက်လျှင်၊ သင်၏တာဝန်တွင် ဝတ်ကျေတမ်းကျေဖြစ်ပြီး ဘုရားသခင်ကို လှည့်စားလျှင် ယင်းမှာ အမှန်တကယ်ပင် မလျော်ကန်ဘဲ အန္တရာယ်ရှိပေသည်။ သင်သည် ဘုရားသခင်ကို အလွန်မုန်းတီးစေပြီး ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းခံရသည်နှင့် သန့်ရှင်းသောဝိညာဉ်တော်က သင့်အထဲတွင် အလုပ်လုပ်တော့မည် မဟုတ်သကဲ့သို့ ယင်းကို ပြန်ပြောင်း၍ မရနိုင်တော့ပေ။ တစ်ခါတစ်ရံတွင် လူတစ်ယောက်က တစ်မိနစ်အတွင်း လုပ်လိုက်သည့်အရာက ၎င်းတို့၏ဘဝကို ဖျက်ဆီးပစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားစော်ကားသည့် စကားလုံးတစ်လုံးတည်းကြောင့် လူတစ်ဦးသည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဤသည်မှာ မိနစ်ပိုင်းအနည်းငယ်အတွင်းတွင်ပင် ဖြစ်ပျက်သွားနိုင်သည့် အရာတစ်ခု မဟုတ်လော။ ယင်းမှာ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်လင့်ကစား အမြဲ လက်လွတ်စပယ် ပြုမူသည့်၊ မဆင်မခြင် ပြုမူသည့်၊ အထိန်းအကွပ်မဲ့စွာ ပြုမူသည့် လူအချို့ကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် အခြေခံအားဖြင့် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ ဖြစ်ကြပြီး ၎င်းတို့ မည်သည်ကို လုပ်သည်ဖြစ်စေ ၎င်းတို့သည် ကိစ္စများကို ရှုပ်ပွနေအောင် လုပ်ကြသည်။ ရလဒ်အနေဖြင့် အဆိုပါလူများသည် ဘုရားအိမ်တော်သို့ ဆုံးရှုံးမှုများကို ယူဆောင်လာပေးသည်သာမက ၎င်းတို့၏ ကယ်တင်ခြင်း ခံရနိုင်သည့်အခွင့်အရေးကိုလည်း လက်လွှတ်ဆုံးရှုံးရသည်။ ဤနည်းဖြင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်များ ထမ်းဆောင်ဖို့ ၎င်းတို့၏ အရည်အချင်းများကို အသိမ်းခံလိုက်ရသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရခြင်းဖြစ်ပြီး ယင်းသည် ဝမ်းနည်းဖွယ်ကိစ္စတစ်ရပ်ဖြစ်သည်။ ၎င်းတို့အထဲမှအချို့သည် နောင်တရလိုသော်လည်း ၎င်းတို့ အခွင့်အရေးရလိမ့်မည်ဟု သင်တို့ ထင်သလော။ ဖယ်ရှားရှင်းလင်းခြင်းခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏အခွင့်အရေးကို ၎င်းတို့ ဆုံးရှုံးပြီးဖြစ်သွားလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏ပစ်ပယ်ခြင်းကို ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ပြန်အဖတ်ဆယ်ဖို့ဆိုသည်မှာ ၎င်းတို့အတွက် မဖြစ်နိုင်သလောက်ဖြစ်သွားလိမ့်မည်။

ဘုရားသခင်က မည်သည့်လူစားမျိုးကို ကယ်တင်သနည်း။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပြီး သမ္မာတရားကို လက်ခံနိုင်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသာ သမ္မာတရားကို လက်ခံနိုင်ပြီး တန်ဖိုးထားနိုင်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်သရွေ့ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ထိုတာဝန်မသိတတ်သကဲ့သို့ ကျိုးကြောင်းမသင့်သောသူများသည် လူ့သဘာဝကင်းမဲ့သောသူများ ဖြစ်သည်။ နေ့စဉ်သုံးစကားဖြင့်ပြောရလျှင် ၎င်းတို့က သူတော်ကောင်းတရားမရှိဟု ပြောကြသည်။ သူတော်ကောင်းတရား ကင်းမဲ့ခြင်း၏ သဘာဝမှာ အဘယ်နည်း။ ဤသည်မှာ လူသားဟုခေါ်ဖို့ မထိုက်သည့်၊ လူ့သဘာဝကင်းမဲ့သော သဘာဝဖြစ်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း လူတစ်ဦးသည် သူတော်ကောင်းတရားမှလွဲ၍ မည်သည့်အရာကိုမဆို ကင်းမဲ့၍ရသည်။ ထိုသူသည် လူသားမဟုတ်တော့ဘဲ လူပုံစံဖြင့် သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်ပေသည်။ ဘုရားသခင်ကို ခုခံပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်ရန်သာ လုပ်ဆောင်ကြသည့် ထိုမကောင်းဆိုးဝါးများနှင့် နတ်ဆိုးဘုရင်များကို ကြည့်လော့။ ၎င်းတို့သည် သူတော်ကောင်းတရားကင်းမဲ့ကြသည် မဟုတ်လော။ ကင်းမဲ့ကြပေသည်။ အမှန်ပင် ကင်းမဲ့ကြသည်။ သူတော်ကောင်းတရား ကင်းမဲ့သည့် ကိစ္စများ အလွန်များစွာကို လုပ်သည့်လူများသည် သေချာပေါက် ဒဏ်ခတ်ခံရခြင်းကို ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်။ သူတော်ကောင်းတရား ကင်းမဲ့သည့် လူများသည် လူ့သဘာဝမရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ ၎င်းတို့သည် လူ့တိရစ္ဆာန်များ ဖြစ်ကြသောကြောင့် တာဝန်များကို ထမ်းဆောင်ဖို့ မထိုက်တန်ပေ။ သူတော်ကောင်းတရား ကင်းမဲ့သည့်သူများသည် မည်သည့်တာဝန်များကိုမျှ ကောင်းစွာ မထမ်းဆောင်ကြပေ။ အဆိုပါလူများသည် လူသားဟုခေါ်ဖို့ပင် မထိုက်တန်ပေ။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြသည်၊ လူသားအသွင်ယူထားသည့် လူ့တိရစ္ဆာန်များ ဖြစ်သည်။ အသိတရားနှင့် အသိစိတ်ရှိသည့်သူများသာ လူ၏ကိစ္စများကို ကိုင်တွယ်နိုင်သည်၊ ၎င်းတို့ပြောသည့်စကားအတိုင်း တည်စေနိုင်သည်၊ ယုံကြည်စိတ်ချရလောက်ပြီး “ဖြောင့်မတ်သော လူကြီးလူကောင်း” တစ်ဦးအဖြစ် အရည်အချင်းပြည့်မီသည်။ “ဖြောင့်မတ်သောလူကြီးလူကောင်း” ဟူသည့် အသုံးအနှုန်းကို ဘုရားအိမ်တော်တွင် မသုံးပေ။ ထိုအစား ဘုရားအိမ်တော်သည် လူများ ရိုးသားဖို့ တောင်းဆိုသည်။ အကြောင်းမှာ ယင်းသည် သမ္မာတရား ဖြစ်သောကြောင့်တည်း။ ရိုးသားသောလူများသာလျှင် ယုံကြည်စိတ်ချရသည်၊ အသိတရားနှင့် အသိစိတ်ရှိပြီး လူသားဟု ခေါ်ဆိုခံရရန် ထိုက်တန်သည်။ လူတစ်ဦးသည် မိမိတာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သမ္မာတရားကို လက်ခံနိုင်ပြီး ၎င်းတို့၏ တာဝန်များကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ရင်း စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ပါက ဤလူသည် အစစ်အမှန်ရိုးသားပြီး တကယ့်ကို ယုံကြည်စိတ်ချရသည်။ ထို့ပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သူများသည် ရိုးသားသောလူများဖြစ်ကြသည်။ ယုံကြည်စိတ်ချရသော ရိုးသားသူ လူတစ်ယောက်ဖြစ်ခြင်းသည် သင်၏စွမ်းရည်များ သို့မဟုတ် ပုံပန်းသွင်ပြင်တို့နှင့် မဆိုင်ပေ။ ပြီးလျှင် သင်၏အစွမ်းအစ၊ လုပ်ရည်ကိုင်ရည် သို့မဟုတ် ဆုကျေးဇူးတို့နှင့် ပို၍ပင် မဆိုင်ပေ။ သမ္မာတရားကို သင်လက်ခံသရွေ့၊ တာဝန်သိသိ ပြုမူနိုင်သရွေ့နှင့် သင့်တွင် အသိတရားနှင့် အသိစိတ်ရှိပြီး ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်သရွေ့ လုံလောက်ပြီဖြစ်သည်။ လူတစ်ဦးတွင် လုပ်နိုင်စွမ်းများ မည်မျှပိုင်ဆိုင်ပါစေ အမှန်တကယ် ပူပန်ရမည့်အကြောင်းမှာ ၎င်းတို့တွင် သူတော်ကောင်းတရား ရှိမရှိဟူသည်ပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် သူတော်ကောင်းတရား မရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို လူသားဟု သဘောထား၍ မရနိုင်တော့ဘဲ အတိအကျဆိုရလျှင် လူ့တိရစ္ဆာန်တစ်ကောင်ဟုသာ သဘောထား၍ရတော့သည်။ ဘုရားအိမ်တော်မှ ဖယ်ရှားရှင်းလင်းခြင်း ခံရသောသူများသည် ၎င်းတို့တွင် လူ့သဘာဝနှင့် သူတော်ကောင်းတရားတို့ မရှိသောကြောင့် ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် ယုံကြည်သောလူများသည် သမ္မာတရားကို လက်ခံနိုင်ရမည်၊ ရိုးသားသောလူတစ်ဦးဖြစ်ရမည်၊ အနည်းဆုံး အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ရမည်၊ ထို့ပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရမည်။ ဤလူများသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သည်။ ၎င်းတို့သည် သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူများဖြစ်ကြပြီး သူ့အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံနိုင်သူများဖြစ်ကြသည်။ ဤလူများသည် ဘုရားသခင် ကယ်တင်သည့်လူများဖြစ်ကြသည်။

ကိစ္စများကို သင်တို့လုပ်ဆောင်နေစဉ်နှင့် သင်တို့၏တာဝန်များကို ထမ်းဆောင်နေစဉ်တို့တွင် သင်တို့သည် သင်တို့၏အပြုအမူနှင့် ရည်ရွယ်ချက်များကို မကြာခဏ ဆန်းစစ်သလော။ (ဆန်းစစ်သည်မှာ ရှားပါသည်။) သင့်ကိုယ်သင် ဆန်းစစ်သည်မှာ ရှားပါက သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် သတိပြုမိနိုင်သလော။ သင်၏ စစ်မှန်သော အခြေအနေကို သင်နားလည်နိုင်သလော။ အကယ်၍ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်တကယ် ထုတ်ဖော်ပါက အကျိုးဆက်များမှာ မည်သည်တို့ဖြစ်လိမ့်မည်နည်း။ ဤအရာများအားလုံးနှင့်ပတ်သက်၍ သင်သည် အလွန်ရှင်းလင်းရမည်။ အကယ်၍ လူတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ဘဲ၊ စည်းမျဉ်းအနည်းငယ်မျှပင် မရှိဘဲ ကိစ္စများကို တစ်သမတ်တည်း ဝတ်ကျေတမ်းကျေသာလုပ်ပါက မကောင်းမှုများစွာကို ကျူးလွန်သောသူတစ်ဦးဟူသည့် ရလဒ်ဖြစ်လာမည်ဖြစ်ပြီး ထုတ်ဖော်ခြင်းခံရကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ဤသည်မှာ ပြင်းထန်သောအကျိုးဆက်တစ်ခုမဟုတ်လော။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ခြင်းသည် ဤပြဿနာကို ဖြေရှင်းရန်နည်းလမ်းဖြစ်သည်။ ငါ့ကို ပြောလော့။ လူသား၏ဖောက်ပြန်ပျက်စီးခြင်းများ ပြင်းထန်လာသည်နှင့်အမျှ ရံဖန်ရံခါမျှသာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းဖို့ လူတစ်ဦးသည် သမ္မာတရားကို မရှာဖွေဘဲ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ အကယ်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပြေလည်ပါက ကိစ္စများကို အမှားလုပ်မိဖို့၊ စည်းမျဉ်းများကို ချိုးဖောက်မိဖို့နှင့် မကောင်းမှုကိုပင် လုပ်ဆောင်ဖို့ လွယ်ကူသည်။ သင့်ကိုယ်သင် ဘယ်တော့မှ မစစ်ဆေးပါက ဤသည်က ဒုက္ခပေးလေသည်။ ဘာသာတရားမရှိသူတစ်ဦးနှင့် သင်သည် ဘာမျှ မခြားနားပေ။ လူများစွာတို့သည် ဤအကြောင်းတစ်ခုတည်း သက်သက်အတွက် ဖယ်ရှားရှင်းလင်းခြင်း ခံနေရသည်မဟုတ်လော။ သမ္မာတရားကို လိုက်စားသောအခါ ယင်းကို ကြိုးပမ်းရရှိဖို့အလို့ငှာ လူတစ်ဦးသည် မည်သို့လက်တွေ့လုပ်ဆောင်ရမည်နည်း။ အရေးကြီးသောအရာမှာ လူတစ်ဦး၏တာဝန်ကို ထမ်းဆောင်နေစဉ်အတောအတွင်း မိမိကိုယ်ကို မကြာခဏ ဆန်းစစ်ရန်၊ လူတစ်ဦးက စည်းမျဉ်းများကို ချိုးဖောက်မိခြင်းရှိမရှိ ပြန်လည်သုံးသပ်ရန်နှင့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်း ရှိမရှိ၊ ပြီးလျှင် လူတစ်ဦးတွင် မှားယွင်းသောရည်ရွယ်ချက်များ ရှိမရှိတို့ကို ပြန်လည်သုံးသပ်ရန်ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး ယင်းတို့ကို သင့်ကိုယ်သင်အပေါ် မည်သို့အသုံးချပုံကို သိမြင်ပါက သင့်ကိုယ်သင်သိဖို့ လွယ်ကူသွားလိမ့်မည်။ ဤနည်းအတိုင်း သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပါက သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်သည် တဖြည်းဖြည်း ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး သင်၏ကောက်ကျစ်စဉ်းလဲသော စိတ်ကူးအတွေးအခေါ်များနှင့် အန္တရာယ်ရှိသောရည်ရွယ်ချက်များနှင့် စိတ်ဓာတ်လှုံ့ဆော်မှုများကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။ တစ်ခုခု မှားယွင်းသွားပြီးသည့်နောက်ပိုင်းတွင်မှသာ သင်ဆန်းစစ်ပါက၊ အမှားတစ်ခုလုပ်ပြီးနောက်မှသာ သင်ဆန်းစစ်ပါက၊ သို့မဟုတ် မကောင်းမှုတစ်ခုကို ကျူးလွန်ပြီးနောက်မှသာ ဆန်းစစ်ပါက အလွန်နောက်ကျနေပြီဖြစ်သည်။ အကျိုးဆက်များသည် ဖြစ်ပျက်ပြီးဖြစ်နေပြီဖြစ်သည်၊ ထို့ပြင် ဤသည်က ပြစ်မှားခြင်းတစ်ခုနှင့် ညီမျှသည်။ အကယ်၍ သင်သည် မကောင်းမှုကို အလွန်အမင်းလုပ်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရပြီးသည့်အချိန်မှသာ သင့်ကိုယ်သင် ဆန်းစစ်ပါက အလွန်နောက်ကျသွားလိမ့်မည်ဖြစ်ပြီး ငိုကြွေးမြည်တမ်းပြီး သင်၏အံသွားခဲကြိတ်ရုံသာ သင်လုပ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သောသူများသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နိုင်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ ဖြစ်သည်။ ပြီးလျှင် ယင်းမှာ သင်မြတ်နိုးသင့်သည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ထို့ကြောင့် သင့်တာဝန်များကို ထမ်းဆောင်နေစဉ်အချိန်တွင် သင့်ကိုယ်သင် မကြာခဏ ပြန်လည်သုံးသပ်ရန်မှာ သာ၍ပင် အရေးကြီးလေသည်။ လူတစ်ဦးသည် အရာအားလုံးကို ဆန်းစစ်လျက် မကြာခဏ ဆန်းစစ်ရမည်။ လူတစ်ဦးသည် မိမိအနေဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် နေထိုင်ခြင်းရှိမရှိ၊ မိမိ၏ လုပ်ရပ်များနောက်ကွယ်မှ ရည်ရွယ်ချက်များ သင့်တော်ခြင်း ရှိမရှိနှင့် မိမိ၏ လုပ်ရပ်များ၏ ကြံရွယ်ချက်များနှင့် အကြောင်းရင်းတို့သည် ဘုရားသခင်၏ စစ်ဆေးချက်ကို ကြံ့ကြံ့ခံနိုင်ခြင်း ရှိမရှိအပြင် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံရပြီးခြင်း ရှိမရှိဟူသည်ကို ကြည့်လျက် မိမိ၏ ရည်ရွယ်ချက်များနှင့် အခြေအနေတို့ကို ဆန်းစစ်ရမည်။ တစ်ခါတစ်ရံတွင် လူများသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့ အခက်အခဲများကို ရင်ဆိုင်ရသောအခါ သမ္မာတရားကို ရှာဖွေခြင်းသည် စိတ်ရောကိုယ်ပါ ပင်ပန်း၍ ပင်ပန်းသည်ဟု ခံစားရသည်။ “ဤသည်မှာ အလုပ်ဖြစ်သည်။ ယင်းမှာ အတော်အတန်ကောင်းသည်” ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်က ကိစ္စရပ်များနှင့်ပတ်သက်သည့် လူတစ်ဦး၏သဘောထားနှင့် ၎င်းတို့၏တာဝန်များနှင့်ပတ်သက်သည့် စိတ်နေစိတ်ထားတို့ကို ထင်ဟပ်သည်။ ဤစိတ်နေစိတ်ထားသည် အခြေအနေတစ်မျိုးဖြစ်သည်။ ဤအခြေအနေသည် မည်သည်နည်း။ တာဝန်သိစိတ်တစ်ခုမရှိဘဲ တာဝန်များကို ချဉ်းကပ်ခြင်းလော၊ ဝတ်ကျေတမ်းကျေလုပ်သည့် စိတ်သဘောထားမျိုးလော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော ပြင်းထန်လေးနက်သည့် ပြဿနာတစ်ရပ်၏ တည်ရှိမှုကို ထောက်ဆလျှင် မိမိကိုယ်ကို မဆန်းစစ်ခြင်းသည် အလွန်အန္တရာယ်ကြီးသည်။ လူအချို့သည် ဤအခြေအနေကို ဂရုမစိုက်ကြချေ။ “အနည်းငယ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် ပုံမှန်ဖြစ်သည်။ လူများက ဖြစ်ကြသည့်ပုံစံသာ ဖြစ်သည်။ ပြဿနာမှာ အဘယ်နည်း” ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သော လူများမဟုတ်လော။ ဤနည်းဖြင့် ကိစ္စများကို မြင်ခြင်းသည် တစ်စုံတစ်ဦးအတွက် အန္တရာယ် မများလွန်းဘူးလော။ ဖယ်ရှားရှင်းလင်းခြင်း ခံရသည့်သူများကို ကြည့်လော့။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို အမြဲတမ်း ဝတ်ကျေတမ်းကျေ မထမ်းဆောင်ဘူးလော။ ဤသည်မှာ လူတစ်ဦးက ဝတ်ကျေတမ်းကျေ လုပ်သောအခါ ဖြစ်ပျက်သည့်အရာဖြစ်သည်။ အနှေးနှင့်အမြန်ဆိုသလို လွယ်လင့်တကူ ဝတ်ကျေတမ်းကျေ လုပ်သူတို့သည် မိမိတို့ကိုယ်ကို ပျက်စီးစေလိမ့်မည်။ ပြီးလျှင် သေခြင်း၏တံခါးဝ ရှေ့တည့်တည့်သို့ ၎င်းတို့ ရောက်သည်အထိ ၎င်းတို့၏နည်းလမ်းများကို ပြောင်းလဲဖို့ ၎င်းတို့ ငြင်းဆန်ကြလိမ့်မည်။ တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်ခြင်းသည် လေးနက်သော ပြဿနာတစ်ခုဖြစ်သည်။ ထို့ပြင် သင့်ကိုယ်သင် ကောင်းစွာ ပြန်လည်မသုံးသပ်နိုင်ဘဲ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေနိုင်ပါက ဤသည်မှာ အမှန်တကယ် အလွန်အမင်း အန္တရာယ်ရှိသည်။ သင်သည် အချိန်မရွေး ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်သည်။ ထိုကဲ့သို့သော လေးနက်သည့်ပြဿနာတစ်ရပ် ရှိနေပြီး သင်သည် သင့်ကိုယ်သင် မဆန်းစစ်သေးဘဲ ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေသေးပါက သင့်ကိုယ်သင် ဒုက္ခပေးမိပြီး ပျက်စီးစေလိမ့်မည်။ ထို့ပြင် သင်ဖယ်ရှားရှင်းလင်းခြင်း ခံရသည့်နေ့ရက်သို့ ရောက်လာသောအခါ သင်သည် စတင်၍ ငိုကြွေးပြီး အံသွားခဲကြိတ်ကာ အားလုံးသည် နောက်ကျလွန်းသွားပြီဖြစ်လိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။