တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၃)
အချို့လူများသည် ဘုရားသခင်၏ အမှုကို မည်သို့မည်ပုံ ကြုံတွေ့ခံစားရမည်ကို မသိရှိကြသကဲ့သို့ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းတွင်ဖြစ်စေ၊ လက်တွေ့ဘဝတွင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့အသုံးပြုရမည်ကို မသိရှိကြပေ။ ထိုသူများသည် သမ္မာတရားရရှိရန်နှင့် ဘဝတွင် ရင့်ကျက်မှုရရှိရန် စုဝေးပွဲများစွာသို့ တက်ရောက်ခြင်းကို အစဉ်သဖြင့် အားထားကြသည်။ သို့သော်လည်း ဤအရာသည် လက်တွေ့မကျသကဲ့သို့ ခိုင်လုံမှု မရှိသော အကြောင်းပြချက် တစ်ခုသာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများကို ကြုံတွေ့ခံစားခြင်းမှသာ အသက်ကို ရရှိသည်။ ဘုရားသခင်၏အမှုကို မည်သို့ကြုံတွေ့ခံစားရမည်ကို သိရှိသူများသည် ၎င်းတို့ မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ရပါစေ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အချိန်တွင် သမ္မာတရားကို နားလည်နိုင်ကြပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်ကြသည်။ သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်နိုင်ကြသည်။ သူတို့၏စိတ်သဘောထားကို ပြောင်းလဲမှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံနိုင်ကြသည်။ အပျင်းကြီး၍ သက်သောင့်သက်သာဖြစ်ခြင်းများကို ပို၍မက်မောသူများက တာဝန်များကို မထမ်းဆောင်လိုဘဲ မိမိတို့၏ တာဝန်များ ထမ်းဆောင်သည့်အခါလည်း ဘုရားသခင်၏ အမှုကို ကြုံတွေ့ခံစားခြင်း မရှိပေ။ ဘုရားသခင်၏အိမ်တော်မှ ၎င်းတို့အတွက် စုဝေးပွဲများ၊ တရားဒေသနာများနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းများ စီစဉ်ပေးရန်သာ မပြီးနိုင်မဆုံးနိုင် တောင်းဆိုကြသည်။ ရလဒ်အနေဖြင့် ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်ကြာ ယုံကြည်ကာ တရားဒေသနာများ မရေမတွက်နိုင်အောင် နာကြားပြီးသည့်နောက်တွင် သမ္မာတရားကို နားလည်ခြင်း မရှိကြပေ။ သို့မဟုတ် သမ္မာတရားကို ရရှိခြင်း မရှိကြပေ။ ထိုသူများသည် ဘုရားသခင်၏ အမှုကို မည်သို့ကြုံတွေ့ခံစားရမည်ကို မသိရှိကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာ ဖြစ်သည်ကို နားမလည်ပေ။ ပြီးလျှင် မိမိကိုယ်မိမိ သိရှိပြီး သမ္မာတရားနှင့် အသက်ကိုရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ကြုံတွေ့ခံစားရမည်ကိုလည်း မသိကြပေ။ ထိုသူများသည် သာယာမှုကို မက်မောပြီး တာဝန်များကို ခေါင်းရှောင်ကြသည့်သူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ထမ်းဆောင်သည့် ပုံစံအတွက် ၎င်းတို့သည် ဖော်ထုတ်ကာ တာဝန်မှ ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ရောင့်ရဲစိတ်ရှိပြီး သမ္မာတရား လိုက်စားခြင်းကို အလေးထားသူများအားလုံးသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် အသက်ဝင်ရောက်မှုအချို့ကို ရရှိကာ ဖောက်ပြန်ပျက်စီးမှုများ ပေါ်ပေါက်လာချိန်တွင်လည်း မိမိကိုယ်မိမိ ဆင်ခြင်းသုံးသပ်ကြသည်။ ပြီးလျှင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် အခက်အခဲများ ကြုံတွေ့လာသည့်အခါတွင် ပြဿနာများကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ကြသည်။ နှစ်အတန်ကြာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီးသည့်နောက် အမှတ်တမဲ့ဆိုသလို သိသာသော ဆုလာဘ်များ ရိတ်သိမ်းရရှိကာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ ကို ပြောနိုင်သည်။ ဘုရားသခင်၏ အမှု၊ သူ၏စိတ်သဘောထားတို့နှင့်ပတ်သက်၍ သိမြင်မှုအချို့ ရှိလာကြသည်။ ထိုသို့ဖြင့် သူတို့၏ အသက်စိတ်သဘောထားတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်လာပေသည်။ လက်ရှိတွင် နေရာအနှံ့အပြားမှ အသင်းတော်များသည် ဆိုးယုတ်သောသူများ၊ ဖျက်လိုဖျက်ဆီးလုပ်သူများနှင့် အနှောင့်အယှက်များကို ဖြစ်ပေါ်စေသော သူများကို ဖယ်ရှားရန် ကြိုးစားနေကြသည်။ အများအားဖြင့် ကျန်ရှိသည့်သူများမှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် မလျှော့တမ်းလုပ်နိုင်သူ၊ သစ္စာစောင့်သိမှု အတိုင်းအတာတစ်ခုအထိ ရှိသူနှင့် ပြဿနာများကိုဖြေရှင်းရန်အတွက် သမ္မာတရား ရှာဖွေခြင်းကို အလေးထားသူများသာ ဖြစ်၏။ ထိုသူများသည် သူတို့၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်နိုင်သောလူစားမျိုး ဖြစ်သည်။ သင်တို့သည် လက်တွေ့ဘဝနှင့် သင်ထမ်းဆောင်သည့် တာဝန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျင့်သုံးဖို့ သင်ယူကြရမည်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အသုံးပြုကာ ထို့နောက်တွင် ပြဿနာနှင့် အခက်အခဲများ ကြုံတွေ့လာချိန်တွင် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလော့။ ထို့အပြင် သင်၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရန် သင်ယူရမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိစ္စတိုင်းတွင် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားအားထုတ်ရပေမည်။ ဘုရားသခင်ကို ချစ်ခင်ရန် လက်တွေ့လုပ်ဆောင်ခြင်းကို သင်ယူပြီး ဘုရားသခင်ကို ချစ်မြတ်နိုးသော စိတ်နှလုံးဖြင့် သူ၏ဝန်ထုပ်ဝန်ပိုးများကို အလေးထားကာ ဘုရားသခင်ကို စိတ်ကျေနပ်အောင် ပြုလုပ်နိုင်သည့် အခြေအနေအထိ ရောက်ဖို့ သင်ယူရမည်။ ထိုသို့သောသူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခင်သောသူဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်တို့သည် သမ္မာတရားကို အပြည့်အဝ နားမလည်သည့်တိုင်အောင် သင်၏တာဝန်များကို ထမ်းဆောင်နိုင်ဆဲဖြစ်မည်။ ပြီးလျှင် သင်တို့၏ အလေးမထားမှုများနှင့် ဝတ်ကျေတမ်းကျေ လုပ်ဆောင်မှုများကို ဖြေရှင်းနိုင်ရုံတင်မက သင်၏ တာဝန်များကို ထမ်းဆောင်သည့်အချိန်တွင်လည်း ဘုရားသခင်ကို ချစ်ခင်ရန်၊ ကျိုးနွံနာခံတတ်ရန်နှင့် စိတ်ကျေနပ်အောင် လုပ်ပေးရန် သင်ယူနိုင်သည်။ ဤသည်မှာ အသက်ဝင်ရောက်ခြင်း၏ သင်ခန်းစာပင်ဖြစ်သည်။ ကိစ္စတိုင်းအတွက် ဤနည်းအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူနိုင်ပါက သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နေခြင်းဖြစ်ပြီး အသက်ဝင်ရောက်မှုကို ရရှိလိမ့်မည်။ သင်၏တာဝန်များကို ထမ်းဆောင်နေရင်း မည်မျှအလုပ်များနေသည်ဖြစ်စေ အသက်ဝင်ရောက်မှု၏ အသီးအပွင့်များ၊ အသက်တာရှိ ကြီးထွားရင့်ကျက်မှုတို့ကို သင်ရရှိသောအခါနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်မှုများထံ ကျိုးနွံနာခံနိုင်သောအခါ သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် ပျော်ရွှင်မှုကို သင်တွေ့လိမ့်မည်။ သင်မည်မျှအလုပ်များနေပါစေ ပင်ပန်းနွမ်းနယ်ခြင်းကို သင်ခံစားရလိမ့်မည်မဟုတ်ပေ။ သင့်စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ အမြဲ ရှိနေလိမ့်မည်ဖြစ်ပြီး အထူးသဖြင့် စိတ်ချမ်းသာပြီး စိတ်တည်ငြိမ်ခြင်းကို ခံစားရလိမ့်မည်။ မည်သည့်အခက်အခဲ ပေါ်ထွက်လာသည်ဖြစ်စေ သမ္မာတရားကို သင်ရှာဖွေသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို ဉာဏ်အလင်းပေးပြီး လမ်းညွှန်ပေးလိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်၏ ကောင်းချီးကို ရရှိလိမ့်မည်။ ထို့အပြင် သင့်တာဝန်များကို ထမ်းဆောင်သောအခါ သင်အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ အခါအားလျော်စွာ သင့်တော်သော လေ့ကျင့်ခန်းနှင့် သင့်တင့်လျောက်ပတ်သော ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ဖို့ အရေးကြီးသည်။ ဤအရာက သွေးလည်ပတ်ခြင်းကို အထောက်အကူ ပြုသည်၊ မြင့်မားသော စွမ်းအားအနေအထားများကို ထိန်းသိမ်းရာတွင် ကူညီပေးပြီး အလုပ်ကြောင့် ဖြစ်သောရောဂါအချို့ကို ကာကွယ်ရာတွင် ထိရောက်နိုင်သည်။ ဤသည်က သင့်တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် အလွန်ကောင်းကျိုး ဖြစ်စေသည်။ ထို့ကြောင့် သင့်တာဝန်များကို ထမ်းဆောင်သောအခါ သင်သည် သင်ခန်းစာများစွာ ရယူနိုင်ပါက၊ သမ္မာတရားများစွာအကြောင်း နားလည်ခြင်းကို ရနိုင်ပါက၊ ဘုရားသခင်ကို အမှန်တကယ် သိနိုင်ပါက၊ ထို့ပြင် နောက်ဆုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ပါက သင်သည် သူ၏ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီလိမ့်မည်။ ဘုရားသခင်အတွက် ချစ်ခြင်းကို သင်ရရှိနိုင်ပါက၊ သူ့အတွက် သက်သေခံနိုင်ပါက၊ ထို့ပြင် ဘုရားသခင်၏ စိတ်နှလုံး၊ အလိုဆန္ဒတို့နှင့် တညီတညွတ်တည်း ဖြစ်ခြင်းကို ရရှိနိုင်ပါက သူ့ကြောင့် စုံလင်စေခြင်းခံရသော လမ်းကြောင်းကို သင်သည် လျှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရပြီးသော လူတစ်ဦးဖြစ်ပြီး ၎င်းသည် မယုံနိုင်လောက်အောင် ကောင်းချီးခံစားရသော အရာတစ်ခုဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစွာ အသုံးခံပါက သင်သည် သူ့ထံမှ အလျှံပယ်ဖြစ်သော ကောင်းချီးများကို သေချာပေါက် ရရှိလိမ့်မည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးမခံသောသူများနှင့် မိမိတို့၏တာဝန်များကို မထမ်းဆောင်သောသူများသည် သမ္မာတရားကို ရနိုင်သလော။ သူတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ပြောဖို့ ခက်သည်။ ကောင်းချီးများအားလုံးကို လူတစ်ဦး၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းတို့မှတစ်ဆင့်သာ ရနိုင်သည်။ လူတစ်ဦးသည် ဘုရားသခင်၏အမှုတော်ကို မည်သို့တွေ့ကြုံရမည်ကို သိခြင်းသည်လည်းကောင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်း၊ ပြီးလျှင် ပြုပြင်ခြင်းတို့ကို မည်သို့တွေ့ကြုံရမည်ကို သိခြင်းသည်လည်းကောင်း လူတစ်ဦး၏တာဝန်များကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်လေသည်။ ဤသည်တို့မှာ ကောင်းချီးခံစားရရန် အထိုက်ဆုံးသော အရာများဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုက်စားနေသမျှကာလပတ်လုံး နောက်ဆုံးတွင် သမ္မာတရားကို ရလိမ့်မည်၊ မိမိ၏အသက်စိတ်သဘောထားကို ပြောင်းလဲလိမ့်မည်၊ ဘုရားသခင်၏ လက်ခံမှုကို ရလိမ့်မည်၊ ပြီးလျှင် သူ၏ကောင်းချီးပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာလိမ့်မည်။
လူအချို့သည် မိမိတို့၏တာဝန်နှင့်သက်ဆိုင်သော လုပ်ငန်းစဉ်တွင် ကိစ္စများ သူတို့အပေါ် ကျရောက်လာသောအခါ သမ္မာတရားကို မရှာဖွေကြ၊ ကိုယ့်အယူအဆနှင့်ကိုယ်၊ ကိုယ့်စိတ်ကူးနှင့်ကိုယ် အစဉ်သဖြင့် နေထိုင်အသက်ရှင်ကြသည်၊ ပုဂ္ဂိုလ်ရေးနှစ်သက်မှုများအတိုင်း ကိစ္စများကို ပြုလုပ်ကြပြီး သူတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ကျိုးကြောင်းမမြင် ပြုမူကြသည်။ ရလဒ်အနေဖြင့် အမှုကိစ္စများစွာကို သူတို့ အမှားလုပ်ကြပြီး အသင်းတော်၏အလုပ်ကို နှောင့်နှေးစေသည်။ ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ သူတို့သည် သမ္မာတရားကို လက်မခံကြသေးဘဲ သူတို့၏ တစ်ဇွတ်ထိုး လုပ်သည့်၊ မဆင်မခြင်လုပ်သည့် အပြုအမူကို ဆက်လုပ်ကြသည်။ အကျိုးဆက်အားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ဆုံးရှုံးကြပြီး ဘုရားသခင်ထံ သူတို့၏ ယုံကြည်ခြင်းသည် မရှင်းမလင်း ဖြစ်လာကာ အမှောင်ထုထဲတွင် ပိတ်မိနေလေသည်။ လူအချို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို နှစ်သက်ကြပြီး အဆင့်အတန်းကို လိုက်စားကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်း တစ်ခုကိုမျှ လက်မခံဘဲ ဤကိစ္စများနှင့် သူတို့ဘာသာ အလုပ်များနေကြသည်။ နောက်ဆုံးတွင် သူတို့သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရကာ အမှောင်ထုထဲသို့ လဲပြိုကျသွားကြသည်။ ယုံကြည်သူအချို့က ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်ပြုကြသည့်တိုင် သူတို့၏ စိတ်နှလုံးများထဲတွင် သူတို့သည် ကောင်းကင်ဘုံဆိုင်ရာ ဘုရားသခင်နှင့် ဘုရားသခင်၏ ဝိညာဉ်တော်တို့ကိုသာ ယုံကြည်နေကြဆဲဖြစ်လေသည်။ သူတို့တွင် လက်တွေ့ကျသော ဘုရားသခင်အကြောင်း အယူအဆများ အမြဲ ရှိကြပြီး သူတို့၏အစစ်အမှန် အရှိအတိုင်းကို နားလည်သဘောပေါက်မည်ကို စိုးရွံ့ရင်း သူတို့၏စိတ်နှလုံးများသည် သူနှင့်ပတ်သက်၍ သတိထား ကာကွယ်ကြသည်။ အချိန်တိုင်းတွင် ဘုရားသခင်ကို သူတို့ ရှောင်ကြဉ်ကြသည်၊ ပြီးလျှင် သူ့ကို သူတို့ မြင်ကြသောအခါ သူသည် လူစိမ်းတစ်ဦးဖြစ်ဘိသကဲ့သို့ ကြည့်ကြသည်။ ရလဒ်အနေဖြင့် နှစ်ပေါင်းများစွာ ကြာအောင် ယုံကြည်လာခဲ့သည့်တိုင် သူတို့သည် ဘာမျှ မရရှိခဲ့ဘဲ သူ့ကို ယုံကြည်မှု အနည်းငယ်မျှပင် မရှိကြပေ။ သူတို့သည် မယုံကြည်သူများနှင့် မည်သို့မျှ မခြားနားချေ။ ဤသည်မှာ လုံးလုံး သူတို့ သမ္မာတရားကို မလိုက်စားသောကြောင့်ဖြစ်သည်။ လူအချို့သည် လက်တွေ့ကျသောဘုရားသခင်ကို အမြဲ မြင်တွေ့လိုကြသည်။ သူတို့သည် ဘုရားသခင် စိတ်ကျေနပ်စေဖို့ကို တောင့်တကြပြီး သူ့အား သူတို့၏ အဆင့်အတန်းကို မြှင့်တင်ပေးစေလိုကြသည်၊ သို့မှသာ သူတို့သည် အသင်းတော်တွင် သူတို့၏ဩဇာအာဏာ သုံးနိုင်မည် ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့၏ မရိုးသားမှု၊ ပွင့်လင်းခြင်းမရှိမှု၊ ဘုရားသခင်၏ မျက်နှာရိပ်မျက်နှာကဲကို တောက်လျှောက် လေ့လာစောင့်ကြည့်နေမှုနှင့် သူ၏ဆိုလိုရင်းနှင့်ပတ်သက်၍ ထင်မြင်ချက် ပေးခြင်းတို့ကြောင့် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို သူတို့ခံရတော့သည်။ ဘုရားသခင်သည် ဤကဲ့သို့သောလူများကို မြင်ဖို့ ဆန္ဒမရှိတော့ပေ။ ဘုရားသခင်ကို ဤလူများ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် ဤရွေ့ဤမျှ များပြားသောသမ္မာတရားများကို ဟောပြောထားပါလျက်နှင့် သူတို့က အဘယ်ကြောင့် ဘုရားသခင်ကို စစ်ဆေးနေရသေးသနည်း။ အကယ်၍ သူတို့သည် ဘုရားသခင်ကို ယုံကြည်ပါက အဘယ်ကြောင့် သမ္မာတရားကို မလိုက်စားသနည်း။ သူတို့သည် အဘယ်ကြောင့် ကျော်ကြားမှု၊ အမြတ်အစွန်း၊ အဆင့်အတန်း၊ အကျိုးအမြတ်များနှင့် အရေးသာမှုတို့ကို အမြဲ ရှာဖွေနေကာ အမြဲ ရည်မှန်းချက်ကြီးပြီး လိုချင်တောင့်တနေရသနည်း။ ဘုရားသခင်ကို ယုံကြည်ရာတွင် မလိုမုန်းထားသော ကြံရွယ်ချက်များကို သူတို့ သိုထားကြပြီး လူများက သူတို့ကို နားလည်ရခက်သည်ဟု မြင်ကြသည်။ ဤအရာများအားလုံးသည် မယုံကြည်သူများ၏ အပြုအမူများဖြစ်ကြသည်။ အတိအကျဆိုရလျှင် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံနိုင်သောသူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦးဖြစ်သည်။ သမ္မာတရားကို လိုက်စားသူများ၊ သူတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ဖို့ အားထုတ်သူများနှင့် ဘုရားသခင်ကို ကျေနပ်စေဖို့ လိုက်စားသူများသာလျှင် ဘုရားသခင်ထံ ရိုးသားသော ယုံကြည်ခြင်းရှိကြပြီး သူ၏ လက်ခံမှုကို ရနိုင်ကြသည်။
ယခု သင်တို့၏အသက်တာတွင် ကုန်လွန်သွားသည့် နေ့တိုင်းနှင့် နှစ်တိုင်းသည် တန်ဖိုးရှိသည်။ ဤတန်ဖိုးသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ဖန်ဆင်းရှင်၏ရှေ့တော်မှောက်သို့ လူတစ်ဦးလာရောက်ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိ၏တာဝန်များကို ထမ်းဆောင်၍ ဖန်ဆင်းရှင်ထံမှ သမ္မာတရားကို ရရှိသောအခါ ဘုရားသခင်၏ အမြင်တွင် ထိုသူသည် အသုံးဝင်လာသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်အတွက် သင်၏နှိမ့်ချသော အားထုတ်မှုများကို ဖြည့်ဆည်းပေးခြင်းသည် သင့်အသက်တာ၏ နေ့ရက်တိုင်းကို တန်ဖိုးရှိအောင် လုပ်ပေးသည့်အရာ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အသက်တာ၏ နေ့ရက်တိုင်း၏ တန်ဖိုးဖြစ်ပြီး ၎င်းသည် အဖိုးထိုက်တန်သည်။ အကယ်၍ သင့်အသက်တာ၏ နေ့ရက်တိုင်းတွင် ထိုကဲ့သို့သောတန်ဖိုးရှိပါက သင့်တာဝန်များကို ထမ်းဆောင်သောအခါတွင် အနည်းငယ် ဆင်းရဲဒုက္ခခံစားရခြင်း သို့မဟုတ် နာမကျန်းဖြစ်ခြင်းမှာ အဘယ်အရေးနည်း။ လူများသည် စောဒကမတက်သင့်ချေ။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိခြင်းဖြင့် လူများသည် များစွာ ရရှိပြီးဖြစ်သည်။ သူတို့သည် မမြင်ရသော ကျေးဇူးတော်နှင့် ကောင်းချီးများအပြင် သူတို့ စိတ်ကူးနိုင်ပြီး မြင်နိုင်သမျှအရာအားလုံးကို ကျော်လွန်သည့် မမြင်ရသော ကွယ်ကာပေးခြင်းတို့ကို ပျော်မွေ့ကြသည်။ လူများသည် များစွာ ရရှိပြီးဖြစ်သည်၊ သာမည နာမကျန်းဖြစ်ခြင်းအချို့မျှသည် အဘယ်အရေးနည်း။ ထိုအရာသည် လူများ သင်ယူသင့်သည့် သင်ခန်းစာ မဟုတ်လော။ အကယ်၍ နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် လူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်ပါက၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းကို ရနိုင်ပြီး သူ့ကို စိတ်ကျေနပ်အောင် လုပ်နိုင်ပါက ထိုအရာသည် သူ့ထံမှ နောက်ထပ်ကောင်းချီးတစ်ခု ဖြစ်သည်မဟုတ်လော။ ကမ္ဘာပေါ်ရှိ ငွေရှာနေကြသောသူများအကြားတွင် ကျန်းမာရေးဆိုင်ရာ အနည်းငယ် နာမကျန်းဖြစ်ခြင်းကို မကြုံဖူးသူ မည်သူရှိသနည်း။ သူတို့တွင် ရောဂါတစ်ခု ရှိနေပါက မည်သူက ဂရုစိုက်သနည်း။ မည်သူကမျှ ဂရုမစိုက်၊ မည်သူကမျှ မမေးချေ။ ပြီးလျှင် သူတို့ကို အာမခံပေးမည့်သူ တစ်ယောက်မျှ မရှိပေ။ ဘုရားအိမ်တော်ရှိ တာဝန်များကို ထမ်းဆောင်သော သင်တို့တွင် အာမခံရှိသလော။ (ရှိပါသည်။) ဘုရားသခင်အတွက် သူတို့ကိုယ်သူတို့ ရိုးသားစွာ အသုံးခံသောသူအားလုံးတို့တွင် အာမခံရှိကြပြီး သူ၏ကောင်းချီးများကို ရရှိကြသည်။ မည်သည့်အာမခံမျိုးကို သင်တို့ မြင်ပြီး သတိပြုကြသနည်း။ (ကျွန်ုပ်သည် ကမ္ဘာကြီး၏ ဆိုးယုတ်သော ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်း သို့မဟုတ် အဆိပ်ခတ်ခြင်းကို မခံရတော့ပါ။ ဘာသာတရားမရှိသူများ၏ အနိုင်ကျင့်ဗိုလ်ကျခြင်းနှင့် အန္တရာယ်ပြုခြင်းတို့ကို ကျွန်ုပ် ရှောင်ဖယ်ခဲ့ပြီ၊ ပြီးလျှင် အရာခပ်သိမ်းတွင် ဘုရားသခင်၏ ကွယ်ကာပေးခြင်းနှင့် ကောင်းချီးတို့ ရှိနေသည်။ အဆင်းနီသောနဂါးကြီး၏ ဖမ်းဆီးခြင်း သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ကျွန်ုပ် ခံရတော့မည်မဟုတ်ပါ။ ဘုရားအိမ်တော်တွင် ကျွန်ုပ် နေထိုင်ပါမည်၊ အခြားညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန် ပေါင်းသင်းဆက်ဆံပါမည်။ ပြီးလျှင် ကျွန်ုပ်၏စိတ်နှလုံးသည် ငြိမ်သက်ကာပျော်ရွှင်ပြီး တည်ငြိမ်နေလိမ့်မည်။ ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယပြုပါမည်။ ပြီးလျှင် ကျွန်ုပ်၏စိတ်နှလုံးသည် ပို၍ ပို၍ တောက်ပလာလိမ့်မည်။ သမ္မာတရားကို နားလည်ပြီးသည့်နောက်ပိုင်းတွင် ကျွန်ုပ်၏ စိတ်နှလုံးသည် အထူးသဖြင့် ပျော်ရွှင်သည်။ ကျွန်ုပ်၏ ဝိညာဉ်သည် လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းတို့ကို ရရှိပြီး ဆိုးယုတ်ကာ လှည့်စားတတ်သော လူများ၏ လှည့်စားခြင်း သို့မဟုတ် ဒုက္ခပေးခြင်းတို့ကို ကျွန်ုပ် မခံရတော့ပါ။ ထို့ပြင် ဘုရားသခင်၏ ကွယ်ကာပေးခြင်းနှင့် ကောင်းချီးများကို မျက်မြင်တွေ့ပြီးနောက်တွင် ကျွန်ုပ်သည် ဘေးအန္တရာယ်များ ကျွန်ုပ်အပေါ် ကျရောက်လာသောအခါ မကြောက်ရွံ့တော့ပါ။ ကျွန်ုပ်၏စိတ်နှလုံးသည် တည်ငြိမ်နေပြီး ငြိမ်းချမ်းမှုကို ခံစားရပါသည်။ အနာဂတ်တွင် ကျွန်ုပ်၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိနှင့် ကျွန်ုပ် အိုမင်းလာသောအခါ ကျွန်ုပ်အတွက် တစ်စုံတစ်ဦးက ထောက်ပံ့ခြင်း ရှိမရှိတို့ကဲ့သို့သော ကိစ္စများနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ကျွန်ုပ် ဘေးဖယ်ထားလိုက်သည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင် နေထိုင်ခြင်းသည် စစ်မှန်သော ကောင်းချီးနှင့် ပျော်ရွှင်ခြင်းတို့ ဖြစ်ပါသည်။) သင်တို့ ယခု မြည်းစမ်းနေသောအရာသည် အလွန်နည်းပါးသည်၊ သို့သော် ကြီးမားသောကပ်ဘေးကြီး ကျရောက်ပြီးသည့်နောက်တွင် သင်တို့သည် ကိစ္စများစွာကို ရှင်းရှင်းလင်းလင်း နားလည်ပြီး သိမြင်လာလိမ့်မည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ကွယ်ကာပေးခြင်းနှင့် သူ၏ ကောင်းချီးတို့ဖြစ်သည်။ လက်ရှိတွင် သင်တို့သည် တစ်ခါတစ်ရံ ပြုပြင်ခြင်းကို တွေ့ကြုံပြီး စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို ကျော်ဖြတ်ရသော်လည်း၊ တစ်ခါတစ်ရံ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရပြီး သူ့နှုတ်ကပတ်တော်များကြောင့် စိတ်ထိခိုက်ရသော်လည်း ဤသည်မှာ ကယ်တင်ခြင်း ရရှိခြင်းနှင့် စုံလင်စေခြင်းခံရခြင်းတို့နှင့် သက်ဆိုင်သော ဆင်းရဲဒုက္ခဖြစ်သည်။ ယင်းသည် ဘာသာတရားမရှိသူများ၏ ဆင်းရဲဒုက္ခနှင့် မတူပေ။ အရေးအကြီးဆုံးကိစ္စမှာ ဘုရားအိမ်တော်တွင် သင်၏တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် သင်သည် အသုံးဝင်သော ဖန်ဆင်းခံတစ်ဦးဖြစ်လာပြီး တန်ဖိုးရှိ၍ အဓိပ္ပာယ် ရှိသောဘဝတစ်ခုကို ရှင်သန်နေထိုင်လာခြင်း ဖြစ်သည်။ လူ့ဇာတိနှင့် စာတန်အတွက် အသက်ရှင်မည့်အစား သမ္မာတရား လိုက်စားဖို့အတွက်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဖို့အတွက် သင် ရှင်သန်နေထိုင်သည်။ သင်၏တာဝန်များကို ထမ်းဆောင်ရာ လမ်းကြောင်းတွင် သမ္မာတရားများစွာနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များအကြောင်း နားလည်မှုကို သင်ရသည်။ ဤသည်မှာ အဖိုးအထိုက်တန်ဆုံးသော အရာတစ်ခုဖြစ်သည်။ သမ္မာတရားကို သင်နားလည်ပြီးသည့်နောက်တွင် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပြီး သမ္မာတရားကို သင်၏ အသက်အဖြစ် ရရှိပြီးဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့် အလင်းထဲတွင် သင်နေထိုင်နိုင်လိမ့်မည်။ သင်သည် ယခု သင်၏ တာဝန်များကို နေ့စဉ်နေ့တိုင်း ထမ်းဆောင်နေပြီး သင် အသက်ရှင်နေထိုင်သော နေ့ရက်တိုင်းတွင် ယင်း၏ ဆုလာဘ်များနှင့် တန်ဖိုးတို့ရှိသည်။ သမ္မာတရားကိုလည်း သင်ရပြီဖြစ်ပြီး ဘုရားသခင်၏မျက်မှောက်တော်တွင် သင်နေထိုင်သည်။ ဤသည်မှာ အာမခံရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤအာမခံသည် အဘယ်နည်း။ (စာတန်၏ အဖမ်းမခံရခြင်း ဖြစ်ပါသည်။) စာတန်၏ အဖမ်းမခံရခြင်းအပြင် ပို၍ပင် အရေးပါသောအရာသည် အဘယ်နည်း။ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် ဖန်ဆင်းပေးခဲ့ပြီး သင်သည် ယခုအခါတွင် သင်၏တာဝန်ကို ထမ်းဆောင်နိုင်သည်၊ သူ၏ရည်ရွယ်ချက်များကို နားလည်နိုင်သည်၊ သမ္မာတရားစစ်မှန်မှု ရနိုင်သည်၊ သူ၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပြီး သူ၏ရည်ရွယ်ချက်များအတိုင်း နေထိုင်နိုင်လေသည်။ ဘုရားသခင်က သင့်ကို လက်ခံပြီး ထိုအရာသည် သင်၏အာမခံနှင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို သင် ခံရမည်မဟုတ်ဟူသည့် အာမခံဖြစ်သည်။ ဤသည်မှာ သင့်အသက်၏အရင်းအနှီး ဖြစ်သည်မဟုတ်လော။ ဤအရာများမရှိဘဲ ဆက်လက်၍ အသက်ရှင်နေထိုင်ဖို့ သင့်တွင် အရည်အချင်း ပြည့်မီသလော။ (မပြည့်မီပါ။) လူတစ်ဦးသည် ဤအရည်အချင်းကို မည်သို့ ရရှိနိုင်သနည်း။ ၎င်းမှာ ဖန်ဆင်းခံတစ်ဦး၏တာဝန်များကို ထမ်းဆောင်နိုင်ခြင်းအားဖြင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်းအားဖြင့်၊ သူ၏ လမ်းခရီးကို လိုက်လျှောက်နိုင်ခြင်းအားဖြင့်သာမက သမ္မာတရားစစ်မှန်မှုကို ရရှိခြင်းအားဖြင့်၊ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတစ်ဦး၏ အသက်အဖြစ် သဘောထားခြင်းအားဖြင့် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများကြောင့် သင်သည် သူ့ကို ကိုးကွယ်နိုင်ပြီး သူ၏ အမြင်တွင် သင်သည် ပြည့်စုံလုံလောက်သော ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ဘုရားသခင်သည် သင့်အားဖြင့် ပျော်ရွှင်ကြည်နူးခြင်း မရှိဘဲ မည်သို့များ နေနိုင်မည်နည်း။ ဘုရားသခင်က ဖျက်ဆီးလိုသည့်လူများမှာ မည်သူတို့နည်း။ သူတို့သည် မည်သည့်ဖန်ဆင်းခံမျိုးဖြစ်သနည်း။ (မကောင်းမှုပြုသူများ ဖြစ်ပါသည်။) မကောင်းမှုပြုသူ မည်သူမဆိုသည် ဘုရားသခင်ကို ခုခံနေခြင်းဖြစ်ပြီး သူ့ကို ရန်လိုကြသည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြပြီး ပထမဆုံး ဖျက်ဆီးခြင်းခံရမည့်သူ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် ဘုရားသခင်နှင့် အန်တုဖက်ပြိုင်သောအန္တိခရစ်များ၊ မယုံကြည်သူများ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများ၊ ဘုရားသခင်ကို ရန်လိုသူများ၊ သမ္မာတရားကို မလိုက်စားဘဲ အဆုံးအထိ သူ့ကို ဆန့်ကျင်သူများနှင့် ဖန်ဆင်းခံများအဖြစ် သူတို့၏တာဝန်ကို အတိုင်းအတာတစ်ခုခုအထိ မထမ်းဆောင်နိုင်သူများသည် ဘုရားသခင်က ဖျက်ဆီးလိုသောလူများဖြစ်သည်။ မိမိတို့၏တာဝန်များကို မထမ်းဆောင်သော လူအချို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ အခြားလူများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်သော်ငြားလည်း အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကြသည်၊ မကောင်းမှုလုပ်ဖို့နှင့် အနှောင့်အယှက်ဖြစ်စေဖို့ တတ်နိုင်ကြပြီး ဘုရားသခင်ကို ခုခံကာ ဆန့်ကျင်ကြသည်။ ထိုကဲ့သို့သောလူများကို ဘုရားသခင်၏ အမြင်တွင် ပြည့်စုံလုံလောက်သော ဖန်ဆင်းခံများအဖြစ် မှတ်ယူခြင်းခံရနိုင်သလော။ (မဟုတ်ပါ၊ သူတို့ မခံရနိုင်ပါ။) မပြည့်စုံ မလုံလောက်သူအဖြစ် မှတ်ယူခြင်းခံရသော ဖန်ဆင်းခံများအဖြစ် နောက်ဆုံးရလဒ်မှာ မည်သည့်အရာ ဖြစ်လာလိမ့်မည်နည်း။ (ဘုရားသခင်က သူတို့ကို ဖယ်ရှားရှင်းလင်းပြီး ဖျက်ဆီးလိမ့်မည်။) မပြည့်စုံ မလုံလောက်သူအဖြစ် မှတ်ယူခြင်းခံရသော ဖန်ဆင်းခံများ၏ အသက်တာများတွင် တန်ဖိုးရှိသလော။ (မရှိပါ။) “ကျွန်ုပ်၏အသက်တာတွင် တန်ဖိုးရှိသည်။ ကျွန်ုပ် အသက်ရှင်သန်လိုသည်။ ကျွန်ုပ်၏ အသက်တာဖြင့် ကောင်းသောကိစ္စများကို ကျွန်ုပ်လုပ်နိုင်သည်” ဟု သူတို့ ထင်ကောင်းထင်ကြမည်။ ဘုရားသခင်၏အမြင်တွင် ဖန်ဆင်းခံများအဖြစ် သူတို့၏ အခြေခံတာဝန်ကိုပင်လျှင် သူတို့ မထမ်းဆောင်နိုင်ကြပေ။ သူတို့၏တာဝန်ကို ပြည့်ပြည့်ဝဝ သူတို့ မထမ်းဆောင်နိုင်ပါက သူတို့၏အသက်တာသည် ရှင်သန်နေထိုင်ဖို့ ထိုက်တန်သလော။ သူတို့၏ ဖြစ်တည်မှုတွင် တန်ဖိုးရှိသလော။ သူတို့၏ ဖြစ်တည်မှုတွင် တန်ဖိုးမရှိပါက ဘုရားသခင်က သူတို့ကို လိုချင်နေဆဲ ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်က မည်သည့်အရာကို လုပ်လိမ့်မည်နည်း။ သူသည် သူတို့ကို ဖယ်ရှားရှင်းလင်းလိမ့်မည်။ ပေါ့သေးသောအမှုကိစ္စများကို ဘေးသို့ ဖယ်ထားခြင်းခံရလိမ့်မည်၊ ပြီးလျှင် မသန့်ရှင်းသောနတ်ဆိုးများနှင့် ဆိုးယုတ်သော ဝိညာဉ်များထံသို့ လက်လွှဲပေးအပ်ခြင်းကို ခံရလိမ့်မည်။ ပြင်းထန်ကြီးလေးသောအမှုကိစ္စများတွင်မူ အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ပို၍ပင် ပြင်းထန်ကြီးလေးသောအမှုကိစ္စများတွင် ဖျက်ဆီးခြင်းသို့ ဆိုက်ရောက်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။