တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၇)
မိမိတာဝန်များကို ထမ်းဆောင်ရာတွင် အခြေခံသော မူလအရင်းခံစည်းမျဉ်းများသည် မည်သည့်အရာများ ဖြစ်သနည်း။ လူတစ်ဦးသည် စံနှုန်းများ၊ စည်းမျဉ်းများနှင့် ဘုရားသခင့်အိမ်တော်၏ တောင်းဆိုချက်များနှင့်အညီ ပြုမူရမည်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို အသုံးပြုခြင်းအားဖြင့်၊ စည်းမျဉ်းများအတိုင်း ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ကာကွယ်ခြင်းအားဖြင့် မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် မိမိတို့၏ ကိုယ်ပိုင်တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရမည်။ ထိုအခါ လူတစ်ဦးသည် မိမိကိုယ်ကိုအတွက် ယေဘုယျအားဖြင့် မည်သို့ပြုမူသနည်း။ သူတို့၏လုပ်ရပ်များတွင် သူတို့၏အကျိုးစီးပွားများကို ဦးစားပေးလျက်၊ အခြားသူများအားလုံး၏အထက်တွင် သူတို့ကိုယ်ကိုယ် ထားလျက် သူတို့စိတ်ကျေနပ်သလို ဘာမဆို သူတို့ လုပ်ကြသည်။ သူတို့ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဘာမဆို သူတို့ လုပ်ကြသည်၊ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော ဇာတိပကတိသွေးသားဆန္ဒများ ပြည့်ဝစေဖို့ လုံးဝ ပြုမူကြပြီး တရားမျှတမှု၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို စိုးစဉ်းမျှပင် ထည့်သွင်းစဉ်းစားခြင်း မရှိပါ။ ထိုကဲ့သို့သောအရာများသည် သူတို့၏စိတ်နှလုံးများထဲတွင် မရှိကြပါ။ သူတို့သည် စာတန်ဆန်သောစိတ်သဘောထားတစ်ခုနောက်သို့သာ လိုက်ကြပြီး လူသား၏ကြိုက်နှစ်သက်မှုများအတိုင်း ပြုမူကြသည်၊ အဘက်ဘက်မှ ကျိတ်ကြံကြပြီး စာတန်ဆန်သောအတွေးအမြင်များနှင့်အညီ နေထိုင်ကြသည်။ ဤသည်မှာ မည်သည့် အသက်ရှင်နေထိုင်နည်းမျိုးဖြစ်သနည်း။ စာတန်၏ အသက်ရှင်နေထိုင်နည်းဖြစ်ပါသည်။ ဘုရားသခင်နောက်လိုက်သောအခါနှင့်မိမိ၏တာဝန်များကို ထမ်းဆောင်သောအခါ သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူသင့်သည်။ အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိရမည်။ ဤသည်မှာ မရှိမဖြစ်လိုအပ်သောအနည်းဆုံးဖြစ်သည်။ လူအချို့က “ယနေ့ ငါစိတ်မကြည်လင်သောကြောင့် ဤကိစ္စကို ပြီးစလွယ်သာ လုပ်ဆောင်လိုသည်” ဟု ပြောကြသည်။ ဤသည်မှာ အသိစိတ်အတိုင်း ကိစ္စများကို လုပ်ခြင်းလော။ (မဟုတ်ပါ။) သင်ပြီးစလွယ်လုပ်ချင်သောအချိန်များတွင် သင်သည် ဤသည်ကို သတိရှိနေသလော။ (ကျွန်ုပ်တို့ သတိရှိနေပါသည်။) ယင်းကို သင်သတိရှိမနေသောအချိန်များရှိသလော။ (ဟုတ်ကဲ့၊ ရှိပါသည်။) ထိုအခါ ဤသို့ ဖြစ်ပြီးသည့်နောက်တွင် သင့်ကိုယ်သင် စစ်ဆေးနိုင်ပြီး ဤသည်ကို ရှာဖွေတွေ့ရှိနိုင်သလော။ (အနည်းငယ်လုပ်နိုင်ပါသည်။) သင်သည် သင်ပြီးစလွယ်လုပ်ခဲ့ကြောင်း ရှာဖွေတွေ့ရှိပြီးနောက်တွင် နောက်တစ်ကြိမ် ဝတ်ကျေတမ်းကျေလုပ်မည့် အလားတူ စိတ်ကူးအကြံများ သင့်တွင် ရှိပါက ၎င်းတို့ကို သင်သည် ပုန်ကန်ဆန့်ကျင်နိုင်ပြီး ဖြေရှင်းနိုင်ပါသလော။ (ဤစိတ်ကူးအကြံများကို ကျွန်ုပ် သတိထားမိသောအချိန်တွင် ထိုအကြံများကို အနည်းငယ် ပုန်ကန်ဆန့်ကျင်နိုင်ပါသည်။) သင့်ကိုယ်ပိုင်အတွေးများနှင့် ဆန္ဒများအား ပုန်ကန်ဆန့်ကျင်သည့် အချိန်တိုင်း တိုက်ပွဲတစ်ခုဖြစ်ပွားလိမ့်မည်။ အကယ်၍ သင်၏တစ်ကိုယ်ကောင်းဆန်သောဆန္ဒများက ဤတိုက်ပွဲအဆုံးသတ်တွင် အောင်နိုင်သွားပါက သင်သည် ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ပြီး သင့်တွင် အန္တရာယ်ရှိနေပြီဖြစ်သည်။ သင်က ဘုရားသခင်ကို ယုံကြည်သည်မှာ ဆယ်နှစ်ခန့်ကြာပြီဟု ဆိုကြပါစို့။ ပထမသုံးနှစ်လုံးလုံး သင်သည် တော်စွလျော်စွ ကြုံရာကျပန်းနေပြီး အနည်းငယ် အလေးအနက်ထားသည်၊ သို့သော် သုံးနှစ်ကျော်သွားသောအခါ ဘုရားသခင်ကို ယုံကြည်ရာတွင်မိမိသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်၊ ပြီးလျှင် မိမိ၏ဇာတိပကတိကို ပုန်ကန်ဆန့်ကျင်ရမည်ဟု သင်သဘောပေါက်လာသည်။ ထို့နောက် သင့်ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် မလိုတမာစိတ်နှင့် သင်၏ကိုယ်ပိုင်ကောက်ကျစ်စဉ်းလဲပြီး မာနထောင်လွှားသောသဘာဝတို့ကို တစ်စတစ်စ မှတ်မိစပြုလာသည်။ ထိုအချိန်တွင် သင်သည် သင့်ကိုယ်သင် အစစ်အမှန်သိလာပြီဖြစ်သည်။ သင့်ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသောအနှစ်သာရကို သင်သိသည်။ သမ္မာတရားကို လက်ခံခြင်းသည် အလွန်အမင်း လိုအပ်သည်၊ သင်၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများကို ဖြေရှင်းဖို့ အရေးပါသည်ဟု သင်ခံစားရသည်။ ပြီးလျှင် ဤအကြိမ်တွင်သာ သမ္မာတရားစစ်မှန်မှု မရှိခြင်းသည် အတော် သနားစဖွယ်ကောင်းသည်ဟု သင်ခံစားရသည်။ သူတို့၏ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခံရသည့်အချိန်တိုင်း သူတို့၏ စိတ်နှလုံးထဲတွင် တိုက်ပွဲတစ်ပွဲဆင်နွှဲခဲ့ပြီးသော်ငြားလည်း ဤတိုက်ပွဲများ တစ်ခုချင်းစီတိုင်းတွင် သူတို့သည် သူတို့၏ကိုယ်ပိုင်တစ်ကိုယ်ကောင်းဆန်သောဆန္ဒများကို အနိုင်မယူနိုင်ဘဲ သူတို့၏ကိုယ်ပိုင်ကြိုက်နှစ်သက်မှုများအတိုင်း ပြုမူနေဆဲဖြစ်သည်။ အမှန်တွင် သူတို့၏စိတ်နှလုံးထဲ၌ စာတန်၏စိတ်သဘောထားက ဦးဆောင်နေဆဲဖြစ်သည်ကို သူတို့ကိုယ်သူတို့ ကောင်းစွာသိကြပြီး ထို့ကြောင့်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲနေသည်။ ဤသည်က သူတို့တွင် သမ္မာတရားစစ်မှန်မှုတစ်စုံတစ်ရာ မရှိကြောင်းကို သက်သေပြပြီး နောက်ဆုံးတွင် သူတို့ ကယ်တင်ခြင်းခံရနိုင်မရနိုင်ကို ပြောဖို့ အလွန်ခက်ခဲသည်။ သင့်တွင် အမှန်တကယ် စိတ်ဆန္ဒရှိပါက သင်နားလည်သောသမ္မာတရားများကို လက်တွေ့လုပ်ဆောင်သင့်သည်၊ ဤသမ္မာတရားများကို သင်လက်တွေ့လုပ်ဆောင်သောအခါ မည်သည့်ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများက သင့်ကို ပိတ်ဆို့ဟန့်တားထားပါစေ သင်သည် ဘုရားသခင်ထံ အမြဲတမ်း ဆုတောင်းပြီး သူ့ကို အားကိုးသင့်သည်၊ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်သည်၊ ၎င်းတို့ကို တိုက်ထုတ်ရဲသင့်ပြီး သင့်ဇာတိပကတိကို ပုန်ကန်ဆန့်ကျင်ရဲသင့်သည်။ ဤယုံကြည်မှုမျိုး သင့်တွင် ရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် သင်ရှုံးနိမ့်သောအချိန်များရှိလိမ့်မည်ဖြစ်သော်လည်း သင်သည် စိတ်ပျက်အားလျှော့လာလိမ့်မည်မဟုတ်ဘဲ စာတန်ကို အောင်ပွဲခံဖို့အလို့ငှာ ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်ထံ ဆုတောင်းခြင်းအပေါ်တွင် မှီခိုအားထားနိုင်ဆဲပင် ဖြစ်လိမ့်မည်။ ဤကဲ့သို့ နှစ်ပေါင်းအတော်ကြာအောင် တွန်းလှန်တိုက်ခိုက်လျက်ဖြင့် သင့်ဇာတိပကတိအပေါ် သင်အောင်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အချိန်များသည် တိုးလာလိမ့်မည်ဖြစ်ပြီး သင်ရှုံးနိမ့်သောအချိန်များသည် တဖြည်းဖြည်း လျော့နည်းလာလိမ့်မည်။ ရံဖန်ရံခါတွင် သင်ရှုံးနိမ့်လျှင်တောင်မှ သင်သည် အပျက်သဘောဆောင်မသွားတော့ဘဲ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်သည့်အချိန်အထိ ဘုရားသခင်ထံ ဆက်လက် ဆုတောင်းပြီး သူ့ကို ကြည်ညိုလေးစားသွားလိမ့်မည်။ ဤသည်မှာ သင့်အတွက် မျှော်လင့်ချက်ရှိသည်၊ တိမ်များ ကင်းပျောက်လွင့်စင်သွားပြီး သင်သည် ကောင်းကင်ပြာကို မြင်နိုင်သည်ဟု ဆိုလိုသည်။ သင်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ သင်အောင်မြင်သောအချိန်များ ရှိနေသရွေ့ သင်သည် စိတ်ဆန္ဒရှိပြီး ကယ်တင်ခြင်းခံရနိုင်ဖို့ မျှော်လင့်ချက်ရှိသောသူတစ်ယောက်ဖြစ်သည်ဟု ဤသည်က သက်သေပြသည်။ သမ္မာတရားကို လိုက်စားသောလူများသည် ယင်းကို လက်တွေ့လုပ်ဆောင်သောအခါ ရှုံးနိမ့်မှုများစွာကို ကျော်ဖြတ်ပြီးနောက်မှ နောက်ဆုံးတွင်သာ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ကြသည်။ လူတစ်ဦးသည် ရှုံးနိမ့်သည့်အကြိမ်ရေမည်မျှများပါစေ၊ မည်မျှ အပျက်သဘောဆောင်ပါစေ သူသည် ဘုရားသခင်ထံ မှီခိုအားထားပြီး ဘုရားသခင်ကို ကြည်ညိုလေးစားနေသရွေ့ သူ့တွင် သူ အောင်မြင်သောအချိန်များ အမြဲတမ်း ရှိနေကြလိမ့်မည်။ သူသည် အကြိမ်ပေါင်း မည်မျှ ထပ်တလဲလဲ ကျရှုံးနေပါစေ၊ လက်မြှောက်အရှုံးမပေးသရွေ့ သူ့အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်မည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ စည်းမျဉ်းများအတိုင်း ပြုမူနိုင်သည်၊ အထူးသဖြင့် သူ၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ အဓိကကိစ္စများတွင် စာတန်နှင့် ညှိနှိုင်းပြီး အပေးအယူမလုပ်၊ သူ၏သက်သေထွက်ဆိုချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပေးလျက် သူ၏တာဝန်များအပေါ် လက်မလျှော့ဟု အမှန်တကယ် ရှာဖွေတွေ့ရှိသည့်နေ့ရက်သို့ ရောက်လာသောအခါ ထိုအချိန်တွင် သူ့အတွက် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် အပြည့်အဝရှိသည်။
သင်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အချိန်တိုင်း သင်သည် ကိုယ်တွင်းတိုက်ပွဲတစ်ခုကို ဖြတ်သန်းရလိမ့်မည်။ သမ္မာတရားကို သင်တို့လက်တွေ့လုပ်ဆောင်ရာတွင် သင်တို့အထဲမှ တစ်ယောက်ယောက်သည် တိုက်ပွဲတစ်စုံတစ်ရာကို မတွေ့ကြုံဖူးသလော။ လုံးဝ မကြုံဖူးပါ။ လူတစ်ယောက်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ပြီး ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားတစ်ခုမျှ မထုတ်ဖော်လုနီးပါး ဖြစ်မှသာ ထိုသူတွင် ပင်ကိုအားဖြင့် တိုက်ပွဲကြီးကြီးမားမားများ မရှိနိုင်မည်ဖြစ်သည်။ သို့ရာတွင် အထူးအခြေအနေများနှင့် ဆက်စပ်စဉ်းစားရမည့်အခြေအနေများအချို့တွင် သူသည် အနည်းငယ် တိုက်ပွဲဝင်နေဦးမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးက သမ္မာတရားကို ပို၍ နားလည်လေလေ တိုက်ပွဲနည်းလေလေဖြစ်ပြီး သမ္မာတရားကို နားလည်ခြင်းနည်းပါးလေလေ ထိုသူတွင် တိုက်ပွဲများပိုများလေလေဖြစ်သည်။ အထူးသဖြင့် ယုံကြည်သူအသစ်များနှင့်ဆိုလျှင် သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်သောအချိန်တိုင်း သူတို့၏စိတ်နှလုံးများထဲရှိ တိုက်ပွဲများအားလုံးသည် အလွန်အမင်း ပြင်းထန်ရမည်။ အဘယ်ကြောင့် ပြင်းထန်ရသနည်း။ အကြောင်းမှာ လူများတွင် ၎င်းတို့ကိုယ်ပိုင်ကြိုက်နှစ်သက်မှုများနှင့် ဇာတိပကတိသွေးသားဆန္ဒအရ ရွေးချယ်မှုများရှိရုံသာမက၊ သူတို့ကို ဆွဲထားသောဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားများအပြင် သူတို့တွင် အမှန်တကယ် အခက်အခဲများလည်း ရှိကြသည်။ သင်နားလည်သောသမ္မာတရား၏ရှုထောင့်တိုင်းအတွက် သင့်ကို ပိတ်ဆို့ဟန့်တားထားသည့် ဤရှုထောင့်လေးခုတို့နှင့် သင်တိုက်ပွဲဝင်ရမည်။ ဆိုလိုသည်မှာ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်မီ သင်သည် အနည်းဆုံး ဤပိတ်ဆို့ဟန့်တားထားသည့်အတားအဆီး သုံးခု သို့မဟုတ် လေးခုတို့ကို ကျော်ဖြတ်ရမည်။ သင်တို့၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများနှင့် ဆက်တိုက်တိုက်ပွဲဝင်ရသည့် ဤအတွေ့အကြုံမျိုး သင်တို့တွင် ရှိပါသလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ကို ကာကွယ်ပေးဖို့ သင်တို့လိုအပ်သောအခါ သင်တို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အကန့်အသတ်ကို သင်တို့သည် ကျော်လွန်ပြီး သမ္မာတရားဘက်ခြမ်းတွင် ရပ်တည်နိုင်ပါသလော။ ဥပမာအနေဖြင့် သင်သည် အသင်းတော်သန့်စင်ခြင်းအလုပ်ကို လုပ်ဖို့အတွက် တစ်စုံတစ်ဦးနှင့်အတူ တွဲပေးခြင်းခံရသော်လည်း ထိုသူက ဘုရားသခင်သည် လူများကို အတတ်နိုင်ဆုံး ကယ်တင်ကြောင်းနှင့် ကျွန်ုပ်တို့သည် လူများကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံရမည်ဖြစ်ပြီး သူတို့ကို နောင်တရဖို့အခွင့်အလမ်းများ ပေးရမည်ဖြစ်ကြောင်းတို့ကို ညီအစ်ကိုမောင်နှမများအား အမြဲတမ်း မိတ်သဟာယဖွဲ့သည်။ သူ၏မိတ်သဟာယဖွဲ့ခြင်းနှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု သင်သတိထားမိလာပြီး သူပြောသောစကားလုံးများသည် အလွန်မှန်ကန်သယောင်ထင်ရသော်လည်း သူက ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို စိတ်ထဲတွင်ထားရှိကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှစိတ်မကျေမနပ်ဖြစ်စေဖို့ ဆန္ဒမရှိကြကြောင်းနှင့် အမှုတော်အစီအစဉ်များကို မထမ်းဆောင်ချင်ကြကြောင်းတို့ကို အသေးစိတ်စိတ်ဖြာလေ့လာပြီး သင်ရှာဖွေတွေ့ရှိသွားသည်။ သူက ဤကဲ့သို့ မိတ်သဟာယပြုသောအခါ ဝိညာဉ်ရင့်ကျက်မှုနည်းပါးပြီး ပိုင်းခြားသိမြင်မှုမရှိသောလူများသည် သူတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်ဖြစ်ပြီး စည်းမျဉ်းမရှိသောအပြုအမူဖြင့် ချစ်ခြင်းမေတ္တာကို အဆင်အခြင်မဲ့စွာ ပြသလိမ့်မည်၊ အခြားလူများကို ကောင်းစွာ သတိပြုရိပ်စားမိရန် အရေးမစိုက်ဘဲနှင့် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို မထုတ်ဖော်ဘဲ သို့မဟုတ် သတင်းမပို့ဘဲဖြစ်နေလိမ့်မည်။ ဤသည်မှာ အသင်းတော်သန့်စင်ခြင်းအလုပ်အတွက် အဟန့်အတားတစ်ခုဖြစ်သည်။ အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို အချိန်မီ မဖယ်ရှားနိုင်ခဲ့ပါက ဘုရားသခင်က ရွေးချယ်ထားသောသူများက ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်းနှင့် သူတို့၏တာဝန်များကို ပုံမှန်ထမ်းဆောင်ခြင်းတို့ကို ထိခိုက်စေလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို ထိခိုက်စေလျက် အထူးသဖြင့် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး ပျက်စီးစေလိမ့်မည်။ ဤကဲ့သို့သောအချိန်တွင် သင်မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပြဿနာကို သင်သတိထားမိသောအခါ သင်သည် ခိုင်ခိုင်မာမာရပ်တည်ပြီး ဤလူကို ဖော်ထုတ်ရမည်။ ထိုသူကို ရပ်တန့်အောင်လုပ်ရမည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို ကာကွယ်ပေးရမည်။ သင်က “ငါတို့သည် လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ ထိုသူကို ငါက တဲ့တိုးထုတ်ဖော်လိုက်ပြီး သူက လက်မခံခဲ့လျှင် ငါတို့အချင်းချင်း စကားများရန်ဖြစ်ရမည်မဟုတ်လော။ မဖြစ်ပေ၊ ငါထုတ်ပြော၍ မဖြစ်၊ ငါအနည်းငယ်ပို၍ လိမ္မာပါးနပ်မှဖြစ်မည်”ဟု တွေးဆကောင်းတွေးဆနေနိုင်သည်။ ထို့ကြောင့် သင်က ထိုသူကို ရိုးရှင်းသောသတိပေးချက်တစ်ခုပေးပြီး တိုက်တွန်းနှိုးဆော်သည့်စကားအချို့ ပြောလိုက်သည်။ သင်ပြောသည်ကို ကြားပြီးနောက်တွင် ယင်းကို ထိုသူက လက်မခံဘဲ သင့်ကို ချေပဖို့ အကြောင်းပြချက်များစွာကိုလည်း သွက်လက်စွာဖြင့် ရွတ်ဆိုပြကြသည်။ အကယ်၍ ထိုသူက လက်မခံပါက ဘုရားအိမ်တော်၏အလုပ်သည် ဆုံးရှုံးမှုများကို ခံရလိမ့်မည်။ သင်ဘာလုပ်သင့်သနည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး “ဘုရားသခင်၊ ဤအရာကို ကျေးဇူးပြုပြီး ကြိုတင်၍အသေးစိတ်ပြင်ဆင်ပြီး စီစဉ်ညွှန်ကြားပါ။ ထိုသူကို ဆုံးမပဲ့ပြင်ပေးပါ၊ ကျွန်ုပ်လုပ်နိုင်တာ ဘာမှ မရှိပါ” ဟု ဆိုလော့။ ထိုသူကို သင်မရပ်တန့်နိုင်ဟု သင်ထင်သည်၊ ထို့ကြောင့် ထိုသူကို သင်သည် အတားအဆီးမရှိ လက်လွှတ်လိုက်သည်။ ဤသည်မှာ တာဝန်ခံသည့်အပြုအမူလော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သလော။ အကယ်၍ ထိုသူကို သင်မရပ်တန့်နိုင်ပါက ခေါင်းဆောင်များနှင့် လုပ်သားများထံသို့ ဤသည်ကို သင်အဘယ်ကြောင့် သတင်းမပို့ရသနည်း။ ဤကိစ္စကို စုဝေးပွဲတစ်ခုတွင် သင်တင်ပြပြီး ယင်းကိစ္စကို လူတိုင်း မိတ်သဟာယဖွဲ့စေပြီး ဆွေးနွေးစေဖို့ သင်အဘယ်ကြောင့် မလုပ်ရသနည်း။ အကယ်၍ ဤအရာကို သင်မလုပ်ပါက နောက်မှ သင့်ကိုယ်သင် အမှန်တကယ် အပြစ်တင်နေမည် မဟုတ်လော။ သင်က “ဤအရာကို ငါ မစီမံနိုင်ပါ။ ထို့ကြောင့် လျစ်လျူသာရှုလိုက်မည်။ ငါ လိပ်ပြာလုံသည်” ဟုဆိုပါက ထိုအခါတွင် သင့်တွင် မည်သို့သောစိတ်နှလုံးမျိုးရှိသနည်း။ ယင်းသည် အမှန်တကယ် ချစ်မြတ်နိုးသောစိတ်နှလုံးတစ်ခုလော သို့မဟုတ် အခြားလူများကို ထိခိုက်နစ်နာစေသောစိတ်နှလုံးတစ်ခုလော။ သင့်စိတ်နှလုံးသည် ထိုကဲ့သို့ကြောက်စရာကောင်းသောစိတ်နှလုံးတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ လူများကို စိတ်မကျေမနပ်ဖြစ်စေမည်ကို သင်ကြောက်ရွံ့ပြီး စည်းမျဉ်းများကို မလိုက်နာမစောင့်ထိန်းသောကြောင့်ဖြစ်သည်။ အမှန်မှာ ဤလူသည် ဤနည်းအတိုင်းပြုမူနေခြင်းတွင် သူ၏ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်ရှိကြောင်းနှင့် ဤကိစ္စနှင့်ပတ်သက်၍ ထိုသူကို သင်နားမထောင်နိုင်ကြောင်းတို့ကို သင်ကောင်းစွာ သိပါသည်။ သို့ရာတွင် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းဖို့နှင့် အခြားလူများကို အထင်အမြင်မမှားစေရန် ထိုသူကို ရပ်တန့်ပေးဖို့ သင်မတတ်နိုင်ပါ။ ပြီးလျှင် ဤသည်မှာ ဘုရားအိမ်တော်၏အကျိုးစီးပွားများကို အဆုံးစွန် ထိခိုက်နစ်နာစေသည်။ ဤအရာပြီးလျှင် သင့်ကိုယ်သင် အပြစ်တင်ခြင်းပင် ရှိမည်လော။ (အပြစ်တင်ပါမည်။) သင့်ကိုယ်သင် အပြစ်တင်ခြင်းက ဆုံးရှုံးမှုများကို ပြန်ရဖို့ သင့်ကို တတ်နိုင်စေမည်လော။ ယင်းတို့ကို ပြန်မရနိုင်တော့ပါ။ ထို့နောက်တွင် သင်သည် “ငါသည် ငါ့တာဝန်များကို မည်သို့ပင်ဖြစ်စေ ကျေပွန်ခဲ့ပြီးပြီဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က သိသည်၊ ဘုရားသခင်က လူတွေကို အရိုးသားဆုံး စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်” ဟု တွေးဆသည်။ ဤအရာများသည် မည်သို့သောစကားလုံးမျိုးနည်း။ ဤအရာများသည် လူသားနှင့် ဘုရားသခင်နှစ်ဦးလုံးကို လိမ်လည်လှည့်စားသည့် လှည့်ဖြားတတ်သော၊ ဆိုးယုတ်သောစကားလုံးများဖြစ်ကြသည်။ သင့်တာဝန်များကို သင်မဖြည့်ဆည်းရသေးပါ၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ရှောင်ဖယ်ဖို့ အကြောင်းပြချက်များနှင့် ဆင်ခြေဆင်လက်များကို ရှာဖွေနေဆဲပင်ဖြစ်သည်။ ဤသည်မှာ လိမ်လည်လှည့်ဖြားပြီး ခေါင်းမာ၍ မလိုက်လျောခြင်းဖြစ်သည်။ ဤကဲ့သို့သောလူတစ်ဦးသည် ဘုရားသခင်ထံသို့ ရိုးသားမှုတစ်စုံတစ်ရာ ရှိမည်လော။ ထိုသူတို့ တရားမျှတစိတ်ရှိသလော။ (မရှိပါ။) ဤသည်မှာ အနည်းငယ်မျှပင် သမ္မာတရားကို လက်မခံသောလူတစ်ဦးဖြစ်သည်၊ စာတန်လိုအတန်းစားမျိုးဖြစ်သည့်လူတစ်ဦးဖြစ်သည်။ သင့်အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သင်သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် ရှင်သန်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ အခြားလူများအား စိတ်အနှောင့်အယှက်ပေးမိမည်ကို သင် အစဉ် စိုးရွံ့သော်လည်း၊ ဘုရားသခင်အား ပုန်ကန်ပြစ်မှားမိမည်ကို သင် မကြောက်ရွံ့သကဲ့သို့ သင်၏ အပြန်အလှန်ဆက်ဆံရေးများကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် စတေးလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်၏ အပြန်အလှန် ဆက်ဆံရေးများကို အတော်အတန် ကောင်းစွာ ကာကွယ်ပြီး ဖြစ်လိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အား ပစ်ပယ်လိမ့်မည်ဖြစ်ကာ သင့်အပေါ် စိတ်ဆိုးလိမ့်မည်။ ယှဉ်ကြည့်လျှင် မည်သည်က ပို၍ကောင်းသနည်း။ သင်မခွဲခြားနိုင်လျှင် သင်သည် လုံးဝ မရေမရာဖြစ်နေသည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်သည်ကို သက်သေပြသည်။ သင်သည် လုံးဝ သတိမဝင်ဘဲ ဤသို့ဆက်သွားလျှင် အန္တရာယ်က အမှန်ပင် ကြီးမားသည်။ သင်သည် အဆုံးတွင် သမ္မာတရားကို မရယူနိုင်လျှင် ဆုံးရှုံးခြင်းကို ခံစားရမည့်သူမှာ သင်ဖြစ်လိမ့်မည်။ ဤကိစ္စတွင် သမ္မာတရားကို သင်မရှာဖွေဘဲ ကျရှုံးလျှင် နောင်တွင် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်လော။ မရှာဖွေနိုင်သေးလျှင် ဆုံးရှုံးခြင်းကို ခံစားရမည့် ပြဿနာဖြစ်မည်မဟုတ်တော့ဘဲ သင်သည် အဆုံး၌ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ လူ့အကြိုက်လိုက်သူတစ်ဦး၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရားများကို လိုက်နာခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ချေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ကာ ကယ်တင်ခြင်းအတွက် တောင်းလျှောက်ရမည်။ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပို၍ပေးရန်လည်းကောင်း၊ သင့်အား စည်းမျဉ်းများကို လိုက်နာစေနိုင်ရန်လည်းကောင်း၊ သင်လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်စေရန်လည်းကောင်း၊ သင်ရပ်တည်သင့်သည့်နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အမှုတော်ဆီသို့လာသည့် မည်သည့် အန္တရာယ်ကိုမဆို တားဆီးနိုင်စေရန်လည်းကောင်း တောင်းလျှောက်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ မာန်မာန နှင့် လူ့အကြိုက်လိုက်သူတစ်ဦး နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ဒဿနတို့ဖြင့် အစဉ် ဆက်လက်အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ကာကွယ်ပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပါက၊ စည်းမျဉ်းများအတိုင်း မလိုက်နာရဲပါက၊ သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှု၊ သို့မဟုတ် မည်သည့်ခွန်အားမျှ ရှိဦးမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ သို့မဟုတ် လက်ခံနိုင်ခြင်း မရှိပါက၊ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင်၊ သင်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် သမ္မာတရားစစ်မှန်မှု လုံးလုံး ကင်းမဲ့ပြီး စာတန်၏ဒဿနဖြင့် အစဉ် အသက်ရှင်ပါက၊ သင် မည်သည့်အခါမျှ ကယ်တင်မခံရနိုင်ပေ။ သမ္မာတရားကို ရရှိခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ သို့ဆိုလျှင် သင်သည် သမ္မာတရားကို မည်သို့ ကြိုးပမ်းရရှိသနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင်သည် သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားသည် သင့်အသက်တာ၏အခြေခံ ဖြစ်လာပါက၊ သင်သည် သမ္မာတရားကို ရရှိမည်ဖြစ်ပြီး အသက်ကို ရရှိမည်ဖြစ်သောကြောင့် သင်သည် ကယ်တင်ခြင်းခံရသည့် သူများထဲမှ တစ်ဦးဖြစ်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။