တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၉)

လူအချို့သည် မိမိတို့၏ တာဝန်များနှင့် ပတ်သက်လာသည့်အခါ မည်သည့်အခါမျှ မိမိကိုယ်ကို ကောင်းစွာပြုမူနေထိုင်ခြင်းမရှိပေ။ ထိုအစား မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရပြီး အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများအား ကရားရေလွှတ်ပြောဆိုရန်အတွက် အသစ်သောအရာများကို စဉ်ဆက်မပြတ် ရှာဖွေကြသည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သလော။ ၎င်းတို့သည် အခြားသူများနှင့်သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သလော။ (မဆောင်ရွက်နိုင်ပါ။) တစ်စုံတစ်ယောက်သည် အဆင့်မြင့်သည့်ပုံစံရှိသည့် အမြင်များကို ကရားရေလွှတ်ပြောဆိုလျှင် ယင်းသည် မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။) ယင်းသည် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ ၎င်းတို့လုပ်ရပ်များ၏ သဘောသဘာဝမှာ အဘယ်နည်း။ (၎င်းတို့သည် ၎င်းတို့၏ အမှီအခိုကင်းမှုကို တည်ဆောက်ရန်၊ ၎င်းတို့ဘာသာ အောင်မြင်မှုများရရှိရန်၊ ၎င်းတို့၏ ကိုယ်ပိုင်အုပ်စုကို တည်ထောင်ရန် အားထုတ်နေကြသည်။) ၎င်းတို့၏ ကိုယ်ပိုင်အုပ်စုကို တည်ထောင်ခြင်းဆိုသည်မှာ အခြားလူများအား ၎င်းတို့ကို နာခံစေပြီး အမှုအရာများအား သမ္မာတရားစည်းမျဉ်းများနှင့်အညီ မကိုင်တွယ်စေရန် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ၎င်းတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်မှာ ၎င်းတို့၏ အမှီအခိုကင်းမှုကို တည်ဆောက်ပြီး မိမိတို့ဘာသာ အောင်မြင်မှုများရရှိရန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်များတွင် အမှုအရာများ၏ ဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်သည့် သဘောတစ်ခုရှိသည်။ အမှုအရာများ၏ ဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ပျက်စီးခြင်းအား ဖြစ်စေခြင်းကို ညွှန်ပြသည်။ ယင်းတွင် နှောင့်ယှက်ခြင်း၊ ဖျက်လိုဖျက်ဆီးလုပ်ခြင်း သဘောသဘာဝတစ်ခုရှိသည်။ ပုံမှန်အားဖြင့် ပြဿနာအများစုကို အုပ်စုလိုက် မိတ်သဟာယနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်သည်။ ချမှတ်သော ဆုံးဖြတ်ချက်အများစုသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီပြီး မှန်ကန်မှု၊ တိကျမှုနှစ်မျိုးလုံးရှိသည်။ သို့ရာတွင် လူအချို့သည် ဤသဘောတူညီမှုကို အဆက်မပြတ် အတိုက်အခံပြုလုပ်သည်။ ၎င်းတို့သည် သမ္မာတရားအား အားထုတ်ခြင်းကို ရှောင်ကြဉ်ရုံသာမကဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း အရေးမစိုက်ပေ။ ၎င်းတို့သည် ထင်ပေါ်ပြီး အခြားသူများ အထင်ကြီးလေးစားစေရန်အတွက် ထူးဆန်းသော သဘောတရားများကို အသေးစိတ်ရှင်းလင်းပြသည်။ ၎င်းတို့သည် ချမှတ်ပြီးဖြစ်သော မှန်ကန်သောဆုံးဖြတ်ချက်များကို ဆန့်ကျင်လိုပြီး၊ လူတိုင်းက ပြုလုပ်ပြီးဖြစ်သော ရွေးချယ်မှုများကို ချေပလိုသည်။ ဤသည်မှာ အမှုအရာများ၏ ဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်ခြင်း၊ ပျက်စီးမှု ဖြစ်စေခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးတို့အား ဖန်တီးခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများကို ကရားရေလွှတ်ပြောဆိုခြင်း၏ အနှစ်သာရဖြစ်သည်။ ဤသို့ဆိုလျှင် ဤအပြုအမူအမျိုးနှင့်ပတ်သက်၍ မည်သည့်ပြဿနာရှိပါသနည်း။ ပထမအနေဖြင့် ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် ကျိုးနွံနာခံခြင်း အပြည့်အဝ ကင်းမဲ့မှုကို ထုတ်ဖော်ပြနေခြင်းဖြစ်သည်။ ထို့အပြင် ဤတစ်ဇွတ်ထိုးလုပ်ဆောင်သော လူတို့သည် အစဉ်သဖြင့် ထင်ပေါ်လိုပြီး ၎င်းတို့ကို သူတစ်ပါးတို့က အထင်ကြီးစေရန် လုပ်ဆောင်လိုသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးသည်။ ၎င်းတို့သည် အမှုအရာများကို သမ္မာတရားမရှိဘဲ သိမြင်နိုင်စွမ်းမရှိပေ။ သို့တိုင်အောင် မိမိတို့ကိုယ်ကို ကြွားဝါရန်အတွက် အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများအား ကရားရေလွှတ်ပြောခြင်းကို ၎င်းတို့ အဆက်မပြတ်လုပ်ဆောင်ပြီး သမ္မာတရားအား စိုးစဉ်းမျှပင် မရှာဖွေပေ။ ဤသည်မှာ ထင်ရာမြင်ရာ လုပ်ဆောင်ခြင်း၊ မဆင်မခြင်လုပ်ဆောင်ခြင်းမဟုတ်လော။ မိမိတာဝန်များကို ကောင်းစွာထမ်းဆောင်ရန်အတွက် သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်တတ်ရန် သင်ယူခြင်းသည် မရှိမဖြစ်လိုအပ်သည်။ လူနှစ်ဦးကြား ဆွေးနွေးမှုသည် အမှုအရာများအပေါ် လူတစ်ယောက်၏ အမြင်ထက် အစဉ်သဖြင့် ပို၍ ပြည့်စုံပြီး တိကျမှန်ကန်သောအမြင်ရှုထောင့်ကို ဖြစ်ပေါ်စေသည်။ လူတစ်ယောက်သည် သူတစ်ပါးတို့ကို သူ့နောက်သို့လိုက်စေရန်အတွက် အစဉ် တမူထူးခြားသောနည်းလမ်းဖြင့် လုပ်ဆောင်လိုလျှင်၊ သို့မဟုတ် အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများကို ပုံမှန် ကရားရေလွှတ်ပြောဆိုနေလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ ဤသည်မှာ မိမိ၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ အကြင်သူသည် မိမိလုပ်ဆောင်သမျှကို အခြားသူများနှင့် ဆွေးနွေးရမည်။ အခြားလူတိုင်း ပြောစရာရှိသည့်အရာကို ဦးစွာ နားထောင်လော့။ အများစု၏ အမြင်က မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်၊ သင် လက်ခံပြီး ယင်းကို နာခံသင့်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဆင့်မြင့်ပုံရသည့် အမြင်များကို ကရားရေလွှတ်မပြောနှင့်။ ဤသို့ ပြောခြင်းသည် မည်သည့်လူအုပ်စုတွင်မဆို မည်သည့်အခါမျှ ကောင်းမွန်သည့်အရာ မဟုတ်ပေ။ သင်သည် အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆကို ဟောပြောသည့်အခါ ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့်ညီပြီး လူအများစုက လက်ခံခြင်းရှိလျှင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု ယူဆ၍ရကောင်းရနိုင်သည်။ သို့ရာတွင် ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် ဆန့်ကျင်ပြီး အသင်းတော်အလုပ်ကို ထိခိုက်စေလျှင် ဤအတွက် သင် တာဝန်ခံရမည်ဖြစ်ပြီး သင်၏လုပ်ရပ်များအတွက် အကျိုးဆက်ကို ရင်ဆိုင်ရမည်။ ထို့အပြင် အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများကို ကရားရေလွှတ်ပြောဆိုခြင်းသည် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ ယင်းသည် သင့်တွင် သမ္မာတရားစစ်မှန်မှုမရှိဟုလည်းကောင်း၊ ထိုအစား သင်သည် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အခြေခံပြီး အသက်ရှင်နေခြင်းဖြစ်သည်ဟုလည်းကောင်း သက်သေပြသည်။ သင်သည် အဆင့်မြင့်ပုံရသည့် အမြင်များကို ကရားရေလွှတ်ပြောဆိုသောအခါ သူတစ်ပါးတို့ကို ဦးဆောင်ရန်၊ ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ပြီး သင့်ဘာသာ အောင်မြင်မှုများရရှိရန်၊ သင်၏ကိုယ်ပိုင် ပိုင်နက်ကို တည်ထောင်ရန် ကြိုးစားနေခြင်းလည်းဖြစ်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသောသူများအားလုံးအား သင့်ကို နားထောင်စေလိုသည်၊ သင့်နောက်သို့လိုက်စေလိုပြီး၊ သင့်အား နာခံစေလိုသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသောလူများအား သမ္မာတရားစစ်မှန်မှုများအတွင်းသို့ ဝင်ရောက်ရန် လမ်းပြနိုင်သည်မှာ သေချာသလော။ သင်သည် ၎င်းတို့ကို ဘုရားသခင်၏ နိုင်ငံတော်အတွင်းသို့ ခေါ်ဆောင်နိုင်သလော။ သင်ကိုယ်တိုင်ပင် သမ္မာတရားကင်းမဲ့ပြီး ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်မည့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသောလူများအား ဤလမ်းကြောင်းသို့ ခေါ်ဆောင်လိုဆဲဖြစ်လျှင် သင်သည် အကြီးဆုံးသောအပြစ်သား ဖြစ်မလာသလော။ ပေါလုသည် အကြီးဆုံးသော အပြစ်သားဖြစ်ခဲ့ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ကို ခံနေရဆဲဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လျှင် ပေါလု၏လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ သင်၏နောက်ဆုံး ရလဒ်နှင့် အဆုံးသတ်သည် ပေါလုနှင့် ကွာခြားမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်သူများသည် အဆင့်မြင့်ပုံရသည့် အယူအဆများကို ကရားရေလွှတ်မပြောဆိုရပေ။ ထိုထက်၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရန်၊ လက်ခံရန်၊ သမ္မာတရားနှင့် ဘုရားသခင် နှစ်ခုလုံးကို ကျိုးနွံနာခံရန် သင်ယူရမည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ ၎င်းတို့သည် မိမိတို့ သဘောအတိုင်း မလုပ်ဆောင်ရန်၊ ဦးတည်ချက်တစ်ခုခုစီသို့ လမ်းလွဲမသွားဘဲ ဘုရားသခင်နောက်သို့လိုက်နိုင်ရန် သေချာစေနိုင်သည်။ ဘုရားအိမ်တော်သည် လူတို့အား ၎င်းတို့တာဝန်များကို ထမ်းဆောင်ခြင်းတွင် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုသည်။ ဤသည်မှာ အဓိပ္ပာယ်ရှိပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းလည်းဖြစ်သည်။ အသင်းတော်တွင် သမ္မာတရားကို နားလည်သော၊ သို့မဟုတ် သဘောပေါက်နားလည်နိုင်စွမ်းရှိသော သူတို့အပေါ်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုသက်ရောက်နိုင်သည်မှာ ဖြစ်နိုင်ခြေရှိသည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို ကိုင်စွဲသင့်ပြီး ယင်းနောက်မှ အနီးကပ်လိုက်ကာ ယင်းနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်သည် အမှန်ကန်ဆုံးလမ်းကြောင်းကို လျှောက်လှမ်းနေလိမ့်မည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လမ်းပြသည့် လမ်းကြောင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သူအလုပ်လုပ်သည့်သူအပေါ်သို့ အမှုပြုပြီး လမ်းပြသည့်ပုံစံကို အထူးအာရုံစိုက်လော့။ သင်သည် အခြားသူများနှင့် မကြာခဏ မိတ်သဟာယဖွဲ့သင့်သည်။ အကြံများပေးပြီး သင်၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်ပြီး သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ သို့သော် အဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချရန်ရှိသောအခါ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြုလုပ်သည့်သူမှာ သင်တစ်ဦးတည်းဖြစ်လျှင်၊ လူတိုင်းအား သင်ပြောသည့်အတိုင်း လုပ်ဆောင်စေပြီး သင်၏ စိတ်ဆန္ဒအတိုင်း လက်ခံလုပ်ဆောင်စေလျှင် သင်သည် စည်းမျဉ်းများကို ချိုးဖောက်နေခြင်းဖြစ်သည်။ လူအများစုက ထင်မြင်သည့်အရာကို အခြေခံပြီး မှန်ကန်သော ရွေးချယ်မှုကို သင် ပြုလုပ်သင့်သည်။ လူအများစု၏ အကြံပြုချက်များသည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီလျှင် သင်သည် သမ္မာတရားကို ထိန်းသိမ်းသင့်သည်။ ယင်းကသာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်။ သင်သည် အဆင့်မြင့်ပုံရသည့် အမြင်များကို အစဉ်သဖြင့် ကရားရေလွှတ်ပြောဆိုနေလျှင်၊ သူတစ်ပါးတို့ အထင်ကြီးစေရန်အတွက် ခေတ်မီဆန်းပြားသော သဘောတရားအချို့ကို အသေးစိတ်ရှင်းပြရန် ကြိုးစားနေပြီး အမှန်တွင် ဤသည်မှာ မှားယွင်းနေသည်ကို သင်၏ စိတ်နှလုံး၌ ခံစားရလျှင် သင့်ကိုယ်သင် ထင်ပေါ်စေရန် အတင်းအဓမ္မမလုပ်ဆောင်နှင့်။ ဤသည်မှာ သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သလော။ သင်၏တာဝန်မှာ အဘယ်နည်း။ (ကျွန်ုပ် ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန်အတွက် ကျွန်ုပ်အစွမ်းရှိသမျှကို လုပ်ဆောင်ရန်၊ ကျွန်ုပ် နားလည်သဘောပေါက်သည့်အရာကိုသာ ပြောဆိုရန်ဖြစ်သည်။ ကျွန်ုပ်တွင် ကိုယ်ပိုင်ထင်မြင်ချက်မရှိလျှင် အခြားလူတိုင်း၏ အကြံပြုချက်များကို ပို၍နားထောင်တတ်ရန်၊ အမျှော်အမြင်ရှိစွာဖြင့် ပိုင်းခြားသိမြင်တတ်ရန် သင်ယူသင့်ပြီး လူတိုင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိသင့်သည်။) မည်သည့်အရာမျှ သင့်အတွက် မရှင်းလင်းသကဲ့သို့၊ သင်၌ မည်သည့်ထင်မြင်ချက်မျှ မရှိလျှင်၊ နားထောင်ပြီး နာခံဖို့၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူလော့။ ဤသည်မှာ သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ ဤသည်မှာ ကောင်းစွာပြုမူဆောင်ရွက်သော သဘောထားဖြစ်သည်။ သင့်တွင် မိမိ၏ကိုယ်ပိုင် ထင်မြင်ချက်များမရဘဲ မိုက်မဲသည့်ပုံပေါက်မည်၊ သင့်ကိုယ်သင် အသိအမှတ်ပြုခံရအောင် မလုပ်နိုင်မည်၊ အရှက်ရမည်ကို အစဉ် စိုးရွံ့နေလျှင်၊ အခြားသူများ၏ အထင်သေးခြင်းခံရပြီး ထိုသူတို့၏ စိတ်နှလုံးထဲတွင် နေရာ မရှိသောကြောင့်သင်သည် အစဉ်သဖြင့် ထင်ပေါ်ရန် သင့်ကိုယ်သင် အတင်းလုပ်ဆောင်ဖို့ ကြိုးစားပြီး အဆင့်မြင့်ပုံရသည့် အယူအဆများကို အစဉ်သဖြင့် ကရားရေလွှတ်ပြောဆိုလိုကာ လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အဓိပ္ပာယ်မရှိသော အခိုင်အမာပြောဆိုမှုအချို့ကို တင်ပြပြီး သူတစ်ပါးတို့ကို လက်ခံစေသည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း ဟုတ်သလော။ (မဟုတ်ပါ။) သင်သည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ သင်သည် ဖျက်လိုဖျက်ဆီးလုပ်နေခြင်း ဖြစ်သည်။ လူတစ်ယောက်က ထိုသို့သောပုံစံဖြင့် အဆက်မပြတ် ပြုမူလုပ်ဆောင်နေသည်ကို သင်တို့ သတိထားမိသောအခါ သင်တို့သည် ထိုသူ့အပေါ် ကန့်သတ်ချက်များထားရှိရမည်။ ကန့်သတ်ချက်များကို မည်သို့ ထားသင့်သနည်း။ ထိုသူအား လုံးဝ ဆိတ်ဆိတ်နေစေရန် လုပ်ဆောင်ဖို့ မလိုသကဲ့သို့ ထိုသူစကားပြောရန် အခွင့်အရေးအားလုံးကို ထိန်ချန်ထားဖို့လည်း မလိုအပ်ပေ။ သင်တို့သည် ထိုသူအား မိတ်သဟာယဖွဲ့ခွင့်ပေးနိုင်သည်။ ထိုသူကို ဖယ်ကြဉ်မထားသင့်ပေ။ သို့သော် ထိုသူအနီးတွင်ရှိသောလူတိုင်းက ချင့်ချိန်နိုင်စွမ်းကို အသုံးချသင့်သည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် လုံးဝကိုက်ညီသည့် မမှန်ကန်သောအမြင်ကို တင်ပြပြီး လူအများစုက ထိုသူကို ထောက်ခံပြီး သဘောတူကြသော်လည်း ချင့်ချိန်နိုင်စွမ်းအနည်းငယ်ရှိသော လူအနည်းငယ်က ထိုသူ၏ အမြင်သည် သူ၏ စိတ်၊ ရည်မှန်းချက်၊ လိုအင်ဆန္ဒများ ရောနှောပါဝင်နေသည်ကို သတိပြုမိနိုင်လျှင် ဤသူတို့သည် ထိုလူကို ဖော်ထုတ်သင့်ပြီးထိုသူအား မိမိကိုယ်ကို ဆင်ခြင်သုံးသပ်စေကာ သိမြင်စေသင့်သည်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။ မည်သူကမျှ ချင့်ချိန်နိုင်စွမ်းကို အသုံးမချလျှင်၊ သို့မဟုတ် မိမိတို့၏ ထင်မြင်ချက်ကို ထုတ်မပြောလျှင်၊ လူတိုင်းက လူ့အကြိုက်လိုက်သူများကဲ့သို့သာ ပြုမူလုပ်ဆောင်လျှင် ထိုသူကို ဖော်လံဖားသော၊ ထိုသူကို ထောက်ခံပြီး ပံ့ပိုးသောသူများ မလွှဲမရှောင်သာ ရှိနေလိမ့်မည်။ ဤသို့အားဖြင့် ထိုသူ၏ ရည်မှန်းချက်နှင့် ဆန္ဒများကို မီးလောင်ရာလေပင့်လုပ်ပေးလိမ့်မည်။ ထို့နောက်တွင် ထိုသူသည် အသင်းတော်တွင် အမှန်တကယ်ပင် ဩဇာအာဏာစတင်ရရှိလိမ့်မည်။ ထိုသူသည် သူ့အား ပံ့ပိုးသောသူများနှင့် အတူတကွပူးပေါင်းသွားနိုင်ပြီး ကိုယ်ပိုင်အင်အားစုဖြစ်လာကာ မကောင်းမှုလုပ်ဆောင်လျက်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်လာနိုင်သည်နှင့်အမျှ၊ ဤသည်မှာ အန္တရာယ်ရှိလာသောအချိန်ဖြစ်သည်။ ဤနည်းအားဖြင့် ထိုသူသည် အန္တိခရစ်တို့လမ်းကြောင်းပေါ်တွင် အခြေချမိလိမ့်မည်။ အသင်းတော်အပေါ် ထိန်းချုပ်မှုကို ထိုသူ ရယူပြီးသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တစ်ယောက်ဖြစ်လာပြီး သူ၏ ကိုယ်ပိုင် အမှီအခိုကင်းသောနယ်မြေကို စတင်တည်ထောင်လိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။