လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်ဘာသိသင့်သနည်း။ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဝိညာဉ်တော်၊ ပုဂ္ဂိုလ်တော်နှင့် နှုတ်ကပတ်တော်တို့ ပေါင်းစပ်ထားသည့်သူ ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အနက်အမှန် ဖြစ်သည်။ အကယ်၍ သင်သည် ပုဂ္ဂိုလ်တော်ကိုသာ သိပြီး၊ သူ၏ အလေ့အကျင့်များနှင့် ပင်ကိုအရည်အသွေး တို့ကိုသာ သိပြီး၊ ဝိညာဉ်တော်၏ အလုပ်ကိုမသိလျှင် သို့မဟုတ် လူ့ဇာတိတွင် ဝိညာဉ်တော် အဘယ်အလုပ် လုပ်သည်ကို သင်မသိလျှင်၊ ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်ကိုသာ သင်အာရုံစိုက်ပြီး လက်တွေ့ကျသော ဘုရားသခင်၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်းကို မသိဘဲ ဝိညာဉ်တော် ရှေ့တွင်သာ သင်ဆုတောင်းလျှင် ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်ကို သင်မသိကြောင်း သက်သေပင်ဖြစ်ပါသည်။ လက်တွေ့ကျသော ဘုရားသခင်အကြောင်းသိခြင်းတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သိခြင်းနှင့် တွေ့ကြုံခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းများနှင့် ဥပဒေသများကို နားလည်ခြင်း၊ လူ့ဇာတိထဲတွင် ဘုရားသခင်၏ ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်ပုံကို နားလည်ခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိထဲတွင် ပြုလုပ်သည့် အမှုအရာတိုင်းကို ဝိညာဉ်တော်က စီမံခန့်ခွဲကြောင်းနှင့် ကိုယ်တော်မိန့်တော်မူသော စကားတို့မှာ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်ကြောင်းတို့ကို သိရမည် ဖြစ်ကြောင်းလည်း ပါဝင်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်သိလိုပါက လူ့သဘာဝအားဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ သဘောသဘာဝ အားဖြင့်ဖြစ်စေ ဘုရားသခင် မည်သို့ အလုပ်လုပ်သည် ဆိုသည်ကို ရှေးဦးစွာ သင်သိရမည်ဖြစ်ပြီး၊ ထို့ကြောင့်ပင် လူသားများအားလုံး ဆက်ဆံရသည့် ဝိညာဉ်တော်၏ ဖော်ပြချက်များကို ဤအချက်က အလေးထားခြင်း ဖြစ်သည်။

ဝိညာဉ်တော်၏ ဖော်ပြချက်များတွင် မည်သည့်အရာများ ပါဝင်သနည်း။ လက်တွေ့ကျသော ဘုရားသခင်သည် တစ်ခါတစ်ရံ လူ့သဘာဝအားဖြင့် အလုပ်လုပ်ပြီး တစ်ခါတစ်ရံ ဘုရား၏ သဘောသဘာဝအားဖြင့် အလုပ်လုပ်သည်။ သို့သော် ယေဘုယျအားဖြင့် ထိုနှစ်ချက်စလုံးတွင် ဝိညာဉ်တော်မှာ အချက်အချာဖြစ်သည်။ လူသားတို့အထဲတွင်ရှိသော မည်သည့် ဝိညာဉ်မဆိုသည် ၎င်းတို့၏ အပြင်ပန်း ဖော်ပြခြင်းဖြစ်သည်။ ဝိညာဉ်တော်သည် ပုံမှန်အားဖြင့် အလုပ်လုပ်သည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်တော်၏ ဦးတည်ချက် နှစ်ပိုင်းရှိသည်။ တစ်ပိုင်းမှာ လူ့သဘာဝ အားဖြင့် ကိုယ်တော်၏ အလုပ်ဖြစ်ပြီး အခြားတစ်ပိုင်းမှာ ဘုရား၏ သဘောသဘာဝ အားဖြင့် ကိုယ်တော်၏ အလုပ်ဖြစ်သည်။ သင်သည် ဤအချက်ကို ရှင်းလင်းစွာ သိသင့်သည်။ ဝိညာဉ်တော်၏ အလုပ်မှာ အခြေအနေများအလိုက် ကွဲပြားသည်။ ကိုယ်တော်၏ လူသားအလုပ်ကို လိုအပ်လာသောအခါ ဝိညာဉ်တော်က ဤလူသားအလုပ်ကို ညွှန်ပြပြီး၊ ကိုယ်တော်၏ ဘုရားသဘောသဘာဝနှင့် ဆိုင်သော အလုပ်က လိုအပ်လာသောအခါ ထိုအမှုကို တိုက်ရိုက်လုပ်ဆောင်ရန် ဘုရား၏ သဘောသဘာဝက ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူ့ဇာတိအထဲတွင် အလုပ်လုပ်ပြီး လူ့ဇာတိအထဲတွင် ပေါ်လာသောကြောင့် သူသည် လူ့သဘာဝအားဖြင့် လည်းကောင်း၊ ဘုရား၏ သဘောသဘာဝ အားဖြင့်လည်းကောင်း နှစ်မျိုးလုံးအားဖြင့် အလုပ်လုပ်သည်။ လူသားတို့၏ သွေးသားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လည်းကောင်း၊ လူသားနှင့် ကိုယ်တော်ကြား ဆက်ဆံရေးကို လွယ်ကူချောမောစေရန် အတွက်လည်းကောင်း၊ ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့် သာမန်ဖြစ်မှုတို့ကို ၎င်းတို့ရှုမြင်ခွင့်ကို ပေးရန်အတွက် လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိထဲသို့ ဆင်းကြွလာကာ၊ လူသားတို့ အကြားတွင် ရှိပြီး၊ လူသားတို့နှင့်အတူ နေထိုင်ကာ၊ လူသားတို့နှင့် ဆက်ဆံသည်ကို ၎င်းတို့ တွေ့မြင်ခွင့်ကို ပေးရန်အတွက် လည်းကောင်း၊ လူ့သဘောသဘာဝရှိ ကိုယ်တော်၏အလုပ်ကို ဝိညာဉ်တော်က လမ်းညွှန်ပေးသည်။ ကိုယ်တော်၏ ဘုရား သဘောသဘာဝရှိ အလုပ်သည် လူသားတို့အတွက် အသက်ကို ထောက်ပံ့ပေးရန်၊ လူသားတို့၏ စိတ်သဘောထားများကို ပြောင်းလဲ၍ လူ့ဇာတိထဲ၌ ဝိညာဉ်တော်၏ ပေါ်ပေါက်လာမှုကို အမှန်အတိုင်း ရှုမြင်ဖို့ အခွင့်ပေးခြင်းအားဖြင့် အပြုသဘော ဆောင်သည့်ဘက်မှ လူသားတို့ကို အရာရာအတွက် လမ်းညွှန်ပေးရန် ဖြစ်သည်။ အဓိကမှာ လူသားတို့၏ အသက်တာ၌ ကြီးထွားမှုသည် ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များမှ တစ်ဆင့် တိုက်ရိုက် စွမ်းဆောင်ရရှိ နိုင်သည်။ လူများသည် ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို လက်ခံမှသာ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းများကို စွမ်းဆောင်ရရှိ နိုင်ပါလိမ့်မည်။ ထိုအခါမှသာ ၎င်းတို့၏ ဝိညာဉ်ထဲတွင် ဆန္ဒပြည့်ဝနိုင်ပါသည်။ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှု၊ ပံ့ပိုးမှုနှင့် လူ့သဘာဝထဲရှိ ထောက်ပံ့မှုများဖြစ်သော လူ့သဘာဝထဲရှိ အလုပ်ကို ပေါင်းစပ်မှသာလျှင် ဘုရားသခင်၏ အလိုဆန္ဒကို လူသားတို့ ပြည့်စေနိုင်ပါသည်။ ယနေ့ပြောသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်မှာ လူ့သဘာဝ အားဖြင့်ရော ဘုရား၏ သဘောသဘာဝ အားဖြင့်ပါ အလုပ်လုပ်သည်။ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာခြင်းဖြင့် ကိုယ်တော်၏ ပုံမှန် လူသားအလုပ်နှင့် အသက်တာ၊ ကိုယ်တော်၏ ပြီးပြည့်စုံသည့် ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်တို့ကို ရရှိအောင်မြင်သည်။ ကိုယ်တော်၏ လူ့သဘာဝနှင့် ဘုရား၏ သဘောသဘာဝတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး၊ ထိုနှစ်ခုလုံးက ၏ အလုပ်မှာ နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်သည်။ လူ့သဘာဝတွင်ဖြစ်စေ၊ ဘုရား၏ သဘောသဘာဝတွင် ဖြစ်စေ ကိုယ်တော်သည် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်။ ဘုရားသခင်သည် လူ့သဘာဝထဲတွင် အလုပ်လုပ်သောအခါ လူသားမျိုးနွယ်၏ ဘာသာစကားကို ပြောသည်။ သို့မှသာ လူသားတို့ စိတ်ဝင်စားပြီး နားလည်ကြပါလိမ့်မည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို ရိုးရှင်းစွာ ပြောထားပြီး၊ နားလည်ရလွယ်သည့်အတွက် ယင်းတို့ကို လူအားလုံးတို့ထံ ထောက်ပံ့ပေးနိုင်သည်။ ဤလူများသည် အသိပညာ ကြွယ်ဝသည်ဖြစ်စေ၊ ပညာရေးအားနည်းသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူတို့အားလုံး လက်ခံရရှိနိုင်ကြသည်။ ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို နှုတ်ကပတ်တော်များမှ တစ်ဆင့် ဆောင်ရွက်သည်။ ထိုအလုပ်မှာ ထောက်ပံ့ခြင်းနှင့် ပြည့်ဝသည်။ အသက်နှင့် ပြည့်ဝသည်။ ထိုအလုပ်၌ လူသားတို့ အကြံဉာဏ်များဖြင့် စွန်းထင်းခြင်းမရှိ။ လူသားတို့ နှစ်သက်မှုများ မပါဝင်။ ထို့ပြင် လူသားတို့၏ အကန့်အသတ်များ မပါရှိ။ သာမန် လူ့သဘာဝ၏ ဘောင်အတိုင်းအတာ အပြင်ဘက်တွင် ရှိ၏။ ထိုအလုပ်ကို လူ့ဇာတိထဲ၌လည်း ဆောင်ရွက်သည်။ သို့သော် ၎င်းသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ အကယ်၍ လူသားတို့သည် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကိုသာလျှင် လက်ခံပါက၊ ၎င်းတို့သည် အချို့သော နယ်ပယ်အတွင်းတွင် မိမိကိုယ်မိမိ ကန့်သတ်ထားလိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့တွင် အနည်းငယ် ပြောင်းလဲသွားဖို့ရာ ရေရှည် ကိုင်တွယ်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ လိုပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မပါလျှင် သူတို့သည် လမ်းဟောင်းများကိုသာ အမြဲတမ်း ခိုကိုးနေပါလိမ့်မည်။ ဘုရားသဘောသဘာဝ၏ အလုပ်ဖြင့်သာ ဤရောဂါများနှင့် ချို့တဲ့ခြင်းတို့ကို ပြုပြင်နိုင်ပါလိမ့်မည်။ ထိုအခါမှသာ လူသားများ ပြီးပြည့်စုံနိုင်ပါသည်။ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို အားဖြည့်ခြင်းအစား၊ အပြုသဘောဆောင်သည့် အထောက်အပံ့သာ လိုပါသည်။ ချို့ယွင်းချက်များကို ပြန်လည်ပြုပြင်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အခြေအနေတိုင်းကို ဖော်ပြရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အသက်တာများ၊ လူသားတို့၏ ဖွင့်ဟချက်တိုင်း၊ လူသားတို့၏ အပြုအမူတိုင်းကို လမ်းညွှန်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၊ လူသားတို့၏ ကြံရွယ်ချက်များ ရည်ရွယ်ချက်များကို ဖော်ထုတ်ပြသရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းတို့ လိုအပ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်အစစ်အမှန် ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် သင့်သဘောထားတွင် သင်သည် ကိုယ်တော်၏ လူ့သဘာဝ ရှေ့မှောက်တွင် အညံ့ခံပြီး ကိုယ်တော့်ကို အသိအမှတ်ပြု လက်ခံသင့်သည်။ ထို့အပြင် ဘုရား၏ သဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် နှုတ်ကပတ်တော်များကိုလည်း လက်ခံကာ နာခံသင့်သည်။ ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်လာမှု ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော် အားလုံးတို့သည် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ကိုယ်တော် ခံယူသော ဇာတိခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူသားအလုပ်ကို လမ်းညွှန်ပြီး လူ့ဇာတိထဲရှိ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်သည်။ လူ့ဇာတိကို ခံယူသော ဘုရားသခင်ထံတွင် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အကြွင်းမဲ့ဖြစ်သော အလုပ်၊ ဤနှစ်မျိုးလုံးကို သင်တွေ့နိုင်သည်။ ဤသည်မှာ လူ့ဇာတိ၌ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာမှု၏ အမှန်တကယ် အရေးပါမှုပင် ဖြစ်ပါသည်။ ဤအချက်ကို သင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍအားလုံးတို့နှင့် သင်ဆက်သွယ်နိုင်ပါ လိမ့်မည်။ ဘုရား၏ သဘောသဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အကောင်းဆုံး အလွန်အကျွံရှုမြင်ခြင်းနှင့် လူ့သဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အထင်အမြင် အလွန်သေးခြင်းတို့ကို သင်ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ အစွန်းမရောက်ဘဲ လမ်းမလွဲသွားဘဲ နေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အနက်အဓိပ္ပာယ်မှာ ဝိညာဉ်တော်က လမ်းညွှန်ပေးသော ကိုယ်တော်၏ လူ့သဘာဝ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အလုပ်တို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများက ကိုယ်တော်သည် ထင်ရှားကြောင်း၊ အသက်ရှိကြောင်းနှင့် စစ်မှန်ကြောင်း၊ အမှန်တကယ်ဖြစ်ကြောင်း မြင်တွေ့ရမည် ဖြစ်ပါသည်။

လူ့သဘာဝထဲရှိ ဘုရားသခင် ဝိညာဉ်တော်၏ အလုပ်တွင် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှု အဆင့်များရှိသည်။ လူ့သဘာဝကို ပြီးပြည့်စုံအောင် ပြုလုပ်ခြင်းဖြင့် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို သူ၏ လူ့သဘာဝမှ လက်ခံရရှိနိုင်ရန် ကိုယ်တော်လုပ်ဆောင်သည်။ ထို့နောက်တွင် ကိုယ်တော်၏ လူ့သဘာဝသည် အသင်းတော်များကို ပံ့ပိုးခြင်းနှင့် ဦးဆောင်လမ်းပြခြင်းတို့ကို လုပ်ဆောင်နိုင်၏။ ယင်းမှာ ဘုရားသခင်၏ ပုံမှန်အလုပ်၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူ့သဘာဝထဲရှိ ဘုရားသခင် အလုပ်၏ စည်းမျဉ်းဥပဒေသများကို သင်ရှင်းရှင်းလင်းလင်း မြင်နိုင်မှ၊ လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်အကြောင်းနှင့် ပတ်သက်သည့် အယူအဆများရှိရန် သင်၌အလားအလာ မရှိမည်ဖြစ်သည်။ အခြား မည်သည့်အရာကိုမျှ အမှုထားရန်မလို၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ မမှားယွင်းနိုင်။ ကိုယ်တော်သည် အမှားအယွင်းမရှိ မှန်ကန်ပါ၏။ ကိုယ်တော်သည် မည်သည့်အရာကိုမျှ မမှန်မကန် လုပ်မည်မဟုတ်။ ဘုရား၏ သဘောသဘာဝနှင့် ဆိုင်သော အလုပ်သည် လူ့သဘာဝ၏ စွက်ဖက်ချက်မပါသော ဘုရားသခင် အလိုတော်၏ တိုက်ရိုက် ဖော်ပြ မှုဖြစ်သည်။ ပြီးပြည့်စုံအောင် မပြုလုပ်ထားဘဲ ဝိညာဉ်တော်မှ တိုက်ရိုက်လာခြင်းဖြစ်သည်။ ကိုယ်တော်သည် ဘုရား၏ သဘောသဘာဝ၌ အလုပ်လုပ်နိုင်ခြင်းမှာ ကိုယ်တော်၏ ပုံမှန် လူ့သဘာဝ ကြောင့်ဖြစ်သည်။ သဘာဝလွန်ဖြစ်ရပ် စိုးစဉ်းမျှပင် မဟုတ်ပါချေ။ သာမန်လူသား တစ်ယောက်က လုပ်ဆောင်ထားသည့်ပုံရသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ မြေကြီးပေါ် ကြွလာသည့် အဓိက အကြောင်းရင်းမှာ လူ့ဇာတိမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြရန်နှင့် လူ့ဇာတိကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင် ဝိညာဉ်တော်၏ အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။

ယနေ့တွင် လက်တွေ့ကျသော ဘုရားသခင်အကြောင်း လူသားတို့၏ အသိပညာမှာ တစ်ဖက်သတ် ဆန်လွန်းပြီး၊ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို သူတို့၏ နားလည်မှုမှာလည်း အင်မတန် သေးနုပ်လှသည်။ ဘုရားသခင်၏ လူ့ဇာတိနှင့် ပတ်သက်လာလျှင်၊ ကိုယ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်ကြွယ်ဝကြောင်း လူများ မြင်တွေ့ရသည်။ သို့သော်လည်း၊ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်၏ သက်သေခံချက်သည် ဘုရားသခင်၏ ဝိညာဉ်တော်မှ အခြေခံအားဖြင့် လာပါသည်။ လူ့ဇာတိ၌ ဘုရားသခင် မည်သည့် အလုပ်ကို လုပ်သည်၊ မည်သည့် စည်းမျဉ်း ဥပဒေသများနှင့် လုပ်သည်၊ လူ့သဘာဝ၌ မည်သည့်အရာကို လုပ်ဆောင်သည်၊ ဘုရားသခင်၏ သဘောသဘာဝ၌ မည်သည့်အရာကို လုပ်ဆောင်သည် စသည်တို့ ဖြစ်သည်။ ယနေ့တွင် ဤပုဂ္ဂိလ်တော်ကို သင်ကိုးကွယ် နိုင်သော်လည်း၊ အမှန်စင်စစ်တွင် ဝိညာဉ်တော်ကို သင်ကိုးကွယ်နေခြင်း ဖြစ်ပါသည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်းအကြောင်း လူသားတို့အနည်းဆုံး ဤအချက်ကို သိသင့်သည်။ လူ့ဇာတိကို ခံယူသော ဝိညာဉ်တော်၏ အနှစ်သာရကိုသိခြင်း၊ လူ့ဇာတိထဲရှိ ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် လူ့ဇာတိထဲရှိ လူသားအလုပ်တို့ကို သိခြင်း၊ လူ့ဇာတိထဲရှိ ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များနှင့် ဖွင့်ဆိုချက်များ အားလုံးကို လက်ခံခြင်းနှင့် လူ့ဇာတိကို ဘုရားသခင်၏ ဝိညာဉ်တော်မှ လမ်းညွှန်ပုံနှင့် လူ့ဇာတိထဲတွင် ကိုယ်တော်၏ တန်ခိုးတော်ကို ပြသပုံတို့ကို တွေ့မြင်ခြင်းတို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ၊ လူ့ဇာတိမှတစ်ဆင့် လူသားတို့သည် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်ကို သိလာကြသည်။ လူသားတို့ အကြားရှိ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ ပေါ်ထွန်းလာမှုသည် လူတို့၏ အယူအဆများထဲရှိ မရေရာသော ဘုရားသခင် ကိုယ်တော်တိုင်ကို ပပျောက်စေသည်။ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို လူသားတို့ ကိုးကွယ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့၏ နာခံမှုကို တိုးပွားစေသည်။ လူ့ဇာတိရှိ ဘုရားသခင် ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်၊ လူ့ဇာတိထဲရှိ လူသားအလုပ်တို့ မှတစ်ဆင့် လူသားတို့သည် ဗျာဒိတ်တော်နှင့် ဖြည့်တင်းပေးမှုကို ရရှိပြီး မိမိအသက်စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိသည်။ ဤသည်သာလျှင် ဝိညာဉ်တော် လူ့ဇာတိထဲ ကြွလာခြင်း၏ အနက်အဓိပ္ပာယ်အမှန် ဖြစ်သည်။ ယင်းမှာအဓိကအားဖြင့် လူတို့သည် ဘုရားသခင်နှင့် ထိတွေ့၍၊ ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်အကြောင်း အသိပညာတို့ကို ကြိုးပမ်းရရှိရန် ဖြစ်သည်။

အဓိကအချက်အားဖြင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် လူသားတို့ မည်သည့် သဘောထား ထားသင့်သနည်း။ လူ့ဇာတိခံယူခြင်းအကြောင်း၊ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းလာခြင်းအကြောင်း၊ လူ့ဇာတိထဲ ဘုရားသခင်၏ ပေါ်ထွန်းလာခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ဆောင်ရွက်ချက်များအကြောင်း သင်ဘာသိသနည်း။ ယနေ့အခါတွင် အဘယ်အကြောင်းကို အဓိက ပြောကြသနည်း။ လူ့ဇာတိခံယူခြင်း၊ နှုတ်ကပတ်တော် လူ့ဇာတိသို့ ရောက်လာခြင်းနှင့် လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ ဤအရာအားလုံးကို နားလည်ရမည်။ သင်တို့၏ ဝိညာဉ်အသက်တာနှင့် ခေတ်တို့ကို အခြေခံ၍ ဤအကြောင်းအရာများကို သင်တို့သည် တဖြည်းဖြည်း နားလည်လာရမည်။ သင်တို့ဘဝ အတွေ့အကြုံများ အတောအတွင်း ဤအကြောင်းအရာများကို သင်တို့တဖြည်းဖြည်း နားလည်လာရမည်။ ရှင်းလင်းသည့် အသိပညာ ရှိရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားတို့တွေ့ကြုံရသည့် ဖြစ်စဉ်မှာ သူတို့သိသော လူ့ဇာတိ၌ ဘုရားသခင်၏ နှုတ်ကပတ်တော် ပေါ်ထွန်းမှု ဖြစ်စဉ်အတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ကြုံတွေ့ခံစားရလေလေ၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူတို့ ပိုမိုသိလာလေလေ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ ခံစားခြင်းမှတစ်ဆင့် ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းဥပဒေသများကို သူတို့ နားလည်သဘောပေါက် လာနိုင်မည် ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို သိလာမည်ဖြစ်ပါသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် လူတို့ကို ပြည့်စုံအောင် ပြုလုပ်၍ ၎င်းတို့ကို ရယူပြီးသောအခါတွင် ၎င်းတို့ကို လက်တွေ့ကျသော ဘုရားသခင်၏ ဆောင်ရွက်ချက်များကို သိစေသည်။ လူ့ဇာတိခံယူခြင်း၏ အမှန်တကယ် အရေးပါမှုနှင့် လူသားတို့ရှေ့မှောက်တွင် ဘုရားသခင်၏ ဝိညာဉ်တော် အမှန်တကယ် ပေါ်ထွန်းလာကြောင်း ပြသဖို့ရန်အတွက် လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်ကို ကိုယ်တော် အသုံးပြုပါသည်။ လူသားတို့ကို ဘုရားသခင် ရယူပြီးနောက် ၎င်းတို့ကို ဘုရားသခင်က ပြီးပြည့်စုံစေ ပြီးသောအခါ၊ လက်တွေ့ကျသော ဘုရားသခင်၏ ဖော်ထုတ်ပြသမှုက ၎င်းတို့ကို သိမ်းပိုက်သွားသည်။ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ပြောင်းလဲစေပြီး၊ ၎င်းတို့အထဲတွင် ကိုယ်တော်၏ အသက်ကိုပေးသည်။ ကိုယ်တော်၏ ဖြစ်ခြင်းနှင့် (ကိုယ်တော်သည် လူသားဆန်စွာဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အနေဖြင့် ဖြစ်စေ) ၎င်းတို့ကို ပြည့်စုံစွာ ဖြည့်ပေးသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့၏ အနှစ်သာရဖြင့် ၎င်းတို့ကို ပြည့်စေပြီး၊ လူသားတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်အား အသက်ရှင်နေထိုင်သွားစေသည်။ ဘုရားသခင်သည် လူသားတို့ကို ရယူသည့်အခါ၊ လူသားတို့၏ ချို့တဲ့မှုများကို ဆုံးမပြုပြင်ဖို့ရန်၊ ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် တရားစီရင်ဖို့ရန်၊ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဖွင့်ဆိုချက်များကို ကိုယ်တော်အသုံးပြုပါသည်။ ယင်းသို့ပြုခြင်းဖြင့် သူတို့ လိုအပ်သည်များကို ရရှိစေပြီး၊ ဘုရားသခင်သည် လူသားတို့အကြားတွင် ကြွလာကြောင်း ပြသပါသည်။ အရေးအကြီးဆုံးမှာ လက်တွေ့ကျသော ဘုရားသခင်၏ ပြီးမြောက်သော အလုပ်မှာ စာတန်၏ လွှမ်းမိုးမှုမှ လူအယောက်စီတိုင်းကို ကယ်တင်ခြင်းဖြစ်ပြီး၊ ၎င်းတို့ကို ညစ်ညူးသော နယ်မြေမှ အဝေးသို့ ခေါ်ဆောင်၍ ဖောက်ပြန်တတ်သော စိတ်သဘောထားတို့ကို လွင့်ပြယ်စေခြင်း ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ ရယူခြင်း ခံရမှု၏ အလေးနက်ဆုံးသော အရေးပါမှု သည် လက်တွေ့ကျသော ဘုရားသခင်ကို စံပြအဖြစ် နမူနာအဖြစ် ယူနိုင်၍ ပုံမှန် လူ့သဘာဝနှင့် နေထိုင်နိုင်ခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်များနှင့် လက်တွေ့ကျသော ဘုရားသခင်၏ လိုအပ်ချက်များအတိုင်း လက်တွေ့ကျင့်ကြံ နေထိုင်နိုင်ပြီး သွေဖည်ခြင်း၊ ထွက်ခွာခြင်း အနည်းငယ်မျှ မရှိဘဲ၊ ကိုယ်တော် ပြောသမျှကို လက်တွေ့ကျင့်ကြံခြင်းနှင့် ကိုယ်တော် တောင်းဆိုသမျှကို ရယူအောင်နိုင်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရပါလိမ့်မည်။ သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသာ သင်ပိုင်ဆိုင်ရုံမျှ မကတော့ပါ၊ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ လိုအပ်ချက်များအတိုင်း သင်နေထိုင်နိုင်ပါလိမ့်မည်။ ဝိညာဉ်တော်၏ အလုပ် ရှိရုံမျှဖြင့် သင့်တွင် အသက်တာရှိပြီဟု မဆိုလိုပါ။ အဓိကကျသော အချက်မှာ ဘုရားသခင်က သင့်ကို ရယူနိုင်ခြင်း ရှိ၊ မရှိနှင့် သက်ဆိုင်သည့် လက်တွေ့ကျသော ဘုရားသခင်၏ သင်နှင့်ပတ်သက်သော လိုအပ်ချက်များအတိုင်း လုပ်ဆောင်မှု ရှိ၊ မရှိ ဖြစ်သည်။ ဤအချက်များမှာ လက်တွေ့ကျသော ဘုရားသခင်၏ လူ့ဇာတိရှိ အလုပ်၏ အကြီးမြတ်ဆုံးသော အဓိပ္ပာယ်များပင် ဖြစ်ပါသည်။ စစ်မှန်စွာ၊ အမှန်တကယ် လူ့ဇာတိတွင် ပေါ်ထွန်းခြင်းနှင့် ထင်ရှားပြီး၊ အသက်ရှိကာ လူသားတို့ မြင်တွေ့နိုင်ခြင်းဖြင့်၊ လူ့ဇာတိထဲတွင် ဝိညာဉ်တော်၏ အလုပ်ကို ဧကန်အမှန် လုပ်ဆောင်ခြင်းအားဖြင့်၊ လူများကို လူ့ဇာတိထဲ၌ စံနမူနာအဖြစ် လုပ်ဆောင်ခြင်းအားဖြင့်၊ လူအုပ်စုတစ်စုကို ဘုရားသခင် ရယူသည်ဟု ပြော၍ရသည်။ လူ့ဇာတိထဲသို့ ဘုရားသခင် ရောက်ရှိလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်မှုများကို လူသားတို့ တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မရှိသည့် ဝိညာဉ်တော်ကို လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်စေရန်ဖြစ်ပြီး၊ ကိုယ်တော့်ကို လူသားများ မြင်တွေ့ခွင့်နှင့် ထိကိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်တော်က ပြီးပြည့်စုံအောင် လုပ်ပေးခြင်းခံရသော ၎င်းတို့သည် ကိုယ်တော်နှင့်သာ နေ၍၊ ၎င်းတို့သည် ကိုယ်တော်အားဖြင့် ရယူခြင်းခံရကာ၊ ကိုယ်တော့်နှလုံးသားနင့် ညီနိုင်ပါလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပါက၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ ဘုရားသခင်ကို လူများသိခြင်းငှာ မတတ်နိုင်ဘဲ ရှိပါလိမ့်မည်။ သူတို့သည် အနှစ်မဲ့သော သီအိုရီကိုသာ အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောနိုင်ပါလိမ့်မည်။ လက်တွေ့အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမည်မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင် ရယူအောင်နိုင်သည့် သူများအတွက် စံပြအဖြစ် နမူနာအဖြစ် လုပ်ဆောင်ရန် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ကို လူသားတို့ ဧကန်အမှန် သိလာနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ ကိုယ်တော်ကို မြင်နိုင်သည်။ ထိုအခါမှသာ ဘုရားသခင်သည် သူတို့ကို စစ်မှန်စွာ ရရှိအောင်နိုင်လာပါသည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသား၌ “နှင့်နှစ်ခုလုံးတို့မှာ” ဟု ရေးထားသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။