သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည် (အပိုင်း နှစ်)

ဆက်လက်၍ တတိယလူစားမျိုးများဖြစ်သည့် မယုံကြည်သူများအကြောင်းကို ငါ ဆက်လက် ပြောဆိုဆွေးနွေးမည်။ မယုံကြည်သူများသည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ သံသယရှိကြသည်။ ဤလူစားမျိုးသည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီးသည့်နောက်၊ “ဤတရားဒေသနာက မှန်သည်၊ ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များ ဖြစ်သည်။ ဤအသင်းတော်သည် လူကောင်းများနှင့် အဓိကအားဖြင့် ပြည့်နေသည်။ လူများ ဖိနှိပ်ခြင်းဖြစ်စေ၊ နှိပ်စက်ခြင်းဖြစ်စေ မခံရသည့် နေရာ၊ မျက်ရည်မကျသကဲ့သို့ နာကျင်မှုဝေဒနာ မခံစားရသည့်နေရာ၊ ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်သည်။ သက်သောင့်သက်သာရှိသည့် အသိုက်၊ ခိုလှုံရာတစ်ခုသဖွယ်ဖြစ်သည်။ ဤလူများသည် နေရာအနှံ့မှ၊ မတူကွဲပြားသော နိုင်ငံများနှင့် နေရာများမှ လာကြသည်၊ ကြင်နာပြီး ဂရုစိုက်တတ်ကြသည်။ မိတ်သဟာယတွင် မိမိတို့၏ စိတ်နှလုံးများကို ဖွင့်ဟနိုင်ကြပြီး၊ အလွန် စိတ်သဘောထားညီညွတ်မှုဖြင့် တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေကြသည်။ သူတို့အားလုံးက လူကောင်းများဖြစ်သည်။ အထက်ကပေးသည့် တရားဒေသနာများသည် ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် စွမ်းအင်ဖြင့် ပြည့်ကာ ဘုရားနှုတ်ကပတ်တော်များအားလုံးက သမ္မာတရားနှင့် အပြုသဘောဆောင်သည့် အရာများဖြစ်သည်။ ဤတရားဒေသနာများကို နားထောင်ခြင်းက စိတ်ဝိညာဉ်ကို အားဖြစ်စေပြီး အကျိုးပြုသည်။ လူတို့သည် နှစ်သိမ့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို တွေ့ကြုံလျက် ဘုရားသခင်၏မျက်မှောက်တော်တွင် အသက်ရှင်ကြသည်။ ကမ္ဘာမြေ ပရာဒိသုဘုံတစ်ခုတွင် အသက်ရှင်ရသည့် ခံစားချက်တစ်ခု ရှိသည်။ တစ်ဦးတစ်ယောက်က ဘုရားအိမ်တော်တွင် ပါရမီရှိသည့် လူတစ်ဦးဖြစ်လာပြီး ပံ့ပိုးမှုပြုလုပ်နိုင်လျှင် ပို၍ပင် ကောင်းမည်ဖြစ်သည်”ဟု အတွင်းစိတ်တွင် အသိအမှတ်ပြုကြလေသည်။ ဘုရားနှုတ်ကပတ်တော်များနှင့် တရားဒေသနာများ၏ အကြောင်းအရာကို ကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် ကြီးမြတ်သူများ၏ အပြုသဘောဆောင်သော သီအိုရီများ၊ သွန်သင်မှုများနှင့် ကောင်းမွန်သော အယူဝါဒများအဖြစ် သဘောထားကြသည်။ သို့သော် ယင်းတို့ကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြသလော။ (လက်တွေ့မလုပ်ဆောင်ကြပါ။) အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်းက ခက်ခဲသည့် အဆင့်တစ်ခုခု ပါဝင်သောကြောင့်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခခံကာ ပေးဆပ်ရမည်ဖြစ်သည်။ ဤစကားများအား ပြောရမည့်နည်းကို သိရှိခြင်းသက်သက်က အဆင်ပြေပြီး၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် မလိုအပ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းအား အလွန်အလေးအနက်ထားရန် မလိုကြောင်း၊ ဘာသာတရားထဲတွင်ကဲ့သို့ပင်၊ ဘုရားသခင်ကို ယုံကြည်မှုသည် အားထုတ်မှု အနည်းငယ်မျှ သုံးပြီး စုဝေးပွဲများ တက်ရောက်လျှင် အဆင်ပြေသည့် ဝါသနာတစ်ခုမျှသာ ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အပြည့်အဝနှင့် စစ်မှန်စွာ လက်ခံနိုင်ခြင်း မရှိသကဲ့သို့ ထိုအရာများနှင့်ပတ်သက်သည့် အယူအဆများကိုပင် လက်သင့်ခံကြသည်။ ဥပမာအနေဖြင့်၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်းသည် အမှန်ကိုအမှန်အတိုင်း ပြောပြီး လုံးဝ မလိမ်ညာခြင်းကို ဆိုလိုသည်ဟု ဘုရားသခင်က ပြောသည့်အခါ၊ ၎င်းတို့က၊ “လူတိုင်း လိမ်ညာကြသည် မဟုတ်လော။ လူတိုင်းနှင့် ပွင့်လင်းခြင်း၊ သတိလက်လွတ်ဖြစ်ခြင်း၊ ဘုရားသခင်ထံ လုံးလုံးလျားလျား ကျိုးနွံနာခံခြင်းတို့မှာ မိုက်မဲသည် မဟုတ်လော”ဟု တွေးလျက် ထိုအရာကို နားမလည်ကြပေ။ ထိုသို့ ပြုမူခြင်းက မိုက်မဲသည်ဟုလည်းကောင်း၊ လူတစ်ဦးတစ်ယောက်က ဤသို့ ပြုမူနေထိုင်နိုင်ခြင်း မရှိဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ အသိအမှတ်ပြုကြသော်လည်း၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့ကို စေခိုင်းခြင်းက အချည်းနှီးဖြစ်သည်။ ထိုသို့ဖြင့်၊ ထိုလူများသည် ဘုရားနှုတ်ကပတ်တော်များအားလုံး မှန်ကန်ပြီး သမ္မာတရားဖြစ်သည်ကိုသာ အသိအမှတ်ပြုသော်လည်း၊ ယင်းတို့ကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရန် ငြင်းပယ်လျက် ထိုဘုရားနှုတ်ကပတ်တော်ကို စိတ်မပါ့တပါရှိသည့် သဘောထားဖြင့် ဆက်ဆံကြသည်။ ဘုရားအိမ်တော်က လူတို့ကို အားထုတ်မှုအချို့ အသုံးပြုရန် လိုအပ်သည့်အခါ၊ ဤအရာကို လုပ်ဆောင်ရန် ၎င်းတို့ လိုလားကြသော်လည်း၊ ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ကောင်းချီးများ ရရှိခြင်းနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို သာ၍ မွေ့လျော်ခံစားခြင်းအတွက် ဖြစ်သည်။ ကောင်းကင်နိုင်ငံတော်ထဲသို့ ၎င်းတို့ ဝင်ရောက်ခွင့်ရရှိခဲ့လျှင်၊ ယင်းမှာ သာ၍ ကြီးမားသည့် ကံတစ်ခုပင် ဖြစ်ပေမည်။ ဤသည်တို့မှာ ၎င်းတို့တွင်ရှိသည့် မျှော်လင့်ချက်မျိုးများ ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ခံယူချက်ဖြစ်သည်။ သို့ရာတွင် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့အတွက် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားတို့သည် ရွေးချယ်စရာဖြစ်ပြီး၊ မရှိလျှင်လည်းဖြစ်သောအရာ၊ မိမိတို့ကိုယ်ကို အပျင်းပြေစေပြီး၊ ၎င်းတို့၏ အားလပ်ချိန်များကို ကုန်ဆုံးစေမည့် နည်းလမ်းတစ်ခုအဖြစ် မိမိတို့ အချိန်ပိုတွင် ကြည့်ရှုစစ်ဆေးရမည့်အရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားနှင့် အသက်အဖြစ် သဘောမထားခြင်းသာဖြစ်သည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်။ မယုံကြည်သူများက လူတို့ကို သမ္မာတရားက သန့်စင်စေနိုင်ပြီး ကယ်တင်နိုင်သည်ကို ငြင်းပယ်ကာ သမ္မာတရားနှင့် အသက်က မည်သည့်အရာဖြစ်သည်ကို နားမလည်ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်းအပြင်၊ လူတို့၏ အပြစ်ရှိသည့် သဘာဝကို ဖြေရှင်ပုံနှင့် ပတ်သက်သရွေ့၊ ၎င်းတို့တွင် မရေရာသည့် သိနားလည်မှုတစ်ခုသာရှိပြီး စိတ်မဝင်စားကြပေ။ ၎င်းတို့က၊ “လူတို့သည် လေဟာနယ်တစ်ခုတွင် အသက်မရှင်ကြပါ၊ ကျွန်ုပ်တို့ အသက်ရှိသရွေ့ စားရမည်။ ကျွန်ုပ်တို့သည် အမှန်တကယ်တွင် တိရစ္ဆာန်များနှင့် သိပ်မခြားနားပါ။ ကျွန်ုပ်တို့ လူသားများသည် ကျွန်ုပ်တို့၏ ရှင်သန်မှုအတွက် အဓိက တည်ရှိလျက်၊ သာ၍ မြင့်မားသော တိရစ္ဆာန်များသာ ဖြစ်သည်”ဟု ဆိုကြသည်။ သမ္မာတရားအတွက်မူ၊ ၎င်းတို့ စိတ်မဝင်စားကြသောကြောင့်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ယုံကြည်ပြီးသည်ဖြစ်စေ၊ တရားဒေသနာ မည်မျှ ၎င်းတို့ ကြားပြီးသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဟုတ်မဟုတ်၊ ဘုရားသခင်ကို ယုံကြည်ခြင်းက ကယ်တင်ခြင်း ပေးနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် လူသားမျိုးနွယ်၏ အနာဂတ် ရလဒ်နှင့် ခရီးပန်းတိုင်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်တို့ကို ရှင်းလင်းစွာ မပြောနိုင်ကြသေးပေ။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့ မရှင်းမလင်းဖြစ်လျှင်၊ ၎င်းတို့၏ စိတ်ရှုပ်ထွေးမှုက ဆိုးရွားလိုက်မည့်ဖြစ်ခြင်းပါတကား။ ၎င်းတို့က လူတို့ကို ကယ်တင်ရန် ဘုရားသခင် အမှုပြုပုံကိုဖြစ်စေ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိပုံကိုဖြစ်စေ၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စွမ်းဆောင်ရရှိပုံကိုဖြစ်စေ စိတ်ဝင်စားမှု မပြကြပေ။ သာ၍ အသေးစိတ်ကျသည့် ဝေါဟာရဖြင့်ပြောရလျှင်၊ ၎င်းတို့သည် ရိုးသားသောလူတစ်ဦး ဖြစ်ရန်နည်းလမ်း၊ မိမိတို့ တာဝန်ကို လုပ်ဆောင်ရန်နည်းလမ်းနှင့် အခြားထိုသို့သော ကိစ္စရပ်များကို စိတ်ဝင်စားခြင်း မပြကြပေ။ အထူးသဖြင့်၊ လူတို့အနေဖြင့် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံမှု ရှိရမည်ဟု အခြားလူတို့က ဖော်ပြသည့်အခါ၊ ၎င်းတို့က၊ “လူတို့သည် ဘုရားသခင်ကို အမြဲ ကျိုးနွံနာခံလျှင်၊ ဦးနှောက်ရှိခြင်း အဓိပ္ပာယ်က အဘယ်နည်း။ လူတို့က ဘုရားသခင်ကို အမြဲ ကျိုးနွံနာခံနေကြလျှင် ကျေးကျွန်များဖြစ်လာကြသည်”ဟု တွေးလျက်၊ သာ၍ပင် အတိုက်အခံလုပ်ကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ အမြင်များက ၎င်းတို့ကိုယ်တိုင်အား ထုတ်ဖော်ပြသည့်နေရာဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းက မလိုလားအပ်သော အပြုအမူတစ်ခု၊ မိမိကိုယ်ကို နစ်နာစေသည့် လုပ်ရပ်တစ်ခု၊ ဂုဏ်သိက္ခာ ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်က လူတို့အပေါ် ထိုသို့သော တောင်းဆိုမှုများ မပြုလုပ်သင့်ဟုလည်းကောင်း၊ လူတို့အနေဖြင့် ထိုတောင်းဆိုမှုများကို လက်မခံသင့်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ လူတို့အား ကျေးဇူးတော် ရရှိနိုင်စေခြင်း၊ ကောင်းသော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်စေကာ အပြုအမူကောင်း ရှိနိုင်စေခြင်းအကြောင်း ဆွေးနွေးသည့် တရားဒေသနာများကဲ့သို့သော တရားဒေသနာအချို့ကို ၎င်းတို့ တွန့်ဆုတ်စွာဖြင့် လက်ခံနိုင်ကြသော်လည်း၊ စမ်းသပ်မှု ရာချီကို လက်ခံခြင်းအားဖြင့် ပေတရု စုံလင်စေခြင်းခံရခြင်းနှင့် စပ်လျဉ်း၍မူ၊ သဘောကိုမပေါက်နိုင်ကြပေ။ ၎င်းတို့က၊ “ယင်းမှာ လူတို့ကို ကစားခြင်းနှင့် ညှဉ်းဆဲခြင်း မဟုတ်လော။ အရာခပ်သိမ်းအပေါ် ဘုရားသခင် အချုပ်အခြာအာဏာရှိသည်မှာ မှန်သော်လည်း၊ ထိုသို့ဖြစ်လျှင်ပင် သူသည် လူတို့ကို ထိုသို့ ဆက်ဆံ၍မရပါ”ဟု တွေးထင်ကြသည်။ ဘုရားသခင်၏ အမှုတော်ကို သမ္မာတရားအဖြစ် ၎င်းတို့ လက်မခံကြပေ။ လူတို့ကို ဘုရားသခင် ကယ်တင်သည့် ဤနည်းစနစ်ကို ကျေးကျွန်သခင်က သူ၏ ကျွန်များကို သူ ကြိုက်သည့်အတိုင်း လုပ်ဆောင်လျက် ဆက်ဆံသည့်ပုံစံအဖြစ် ရှုမြင်ကြသည်။ ဤသည်မှာ ၎င်းတို့ ကောက်ချက်ချသည့် ဆက်နွှယ်မှုဖြစ်သည်။ ဤလူစားမျိုးသည် သမ္မာတရားကို နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) အသင်းတော်တွင် ထိုသို့သော လူများရှိကြသလော။ (ရှိပါသည်။) ဤကဲ့သို့သော လူတစ်ဦးသည် မိမိဘာသာ အသင်းတော်ကို စွန့်ခွာလိမ့်မည်လော။ (စွန့်ခွာလိမ့်မည် မဟုတ်ပါ။) အဘယ်ကြောင့် မစွန့်ခွာမည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က၊ “အပြင်ဖက်တွင် မှောင်မိုက်ပြီး ဆိုးယုတ်သော လောကကြီးဖြစ်သည်။ နေထိုင်ဖြတ်သန်းရန် မလွယ်ပါ။ မည်သည့်နေရာတွင် အချိန်ကုန်ဆုံးသည်က ဘာထူးမည်နည်း။ အသင်းတော်ထဲတွင် အချိန်ကုန်ဆုံးသည်က ကောင်းဦးမည်။ ဤနေရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကိုပင်လျှင် ငါ မွေ့လျော်ခံစားရပြီး ဤအပေးအယူနှင့်ပတ်သက်၍ ငါ သိပ်ဆုံးရှုံးမည်မဟုတ်ပါ။ စားရန်၊ သောက်ရန် အများအပြားရှိပြီး၊ ဤနေရာတွင် လူများက အတော်ရည်မွန်ကြသည်။ မည်သူကမျှ ငါ့ကို အနိုင်ကျင့်မည်မဟုတ်ပါ။ ထို့အပြင်၊ ကိုယ့် တာဝန်ကို လုပ်ဆောင်ပြီး မိမိကိုယ်ကိုယ် အသုံးခံကာ အဖိုးအခပေးသည့်အခါ၊ ဘုရားသခင်ထံမှ ကောင်းချီးများပင် ရရှိလိမ့်မည်။ ဤသည်မှာ ငါ ဆုံးရှုံး၍မဖြစ်သည့် အပေးအယူတစ်ခု ဖြစ်သည်”ဟု တွေးလျက် ကံတရားက မျက်နှာသာပေးမည့် အချိန်တစ်ခုကို မျှော်လင့်နေကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုအရာကို အချိန်ယူစဉ်းစားပြီးနောက်တွင်၊ အသင်းတော်တွင် ရှိနေခြင်းက တန်မည်ဟု ၎င်းတို့ ကောက်ချက်ချကြသည်။ တစ်နေ့တွင် ထိုအရာက အကျိုးမရှိတော့သည့်ပုံရပြီး၊ ထိုအရာမှ နောက်ထပ်ရရှိရမည့်အရာ တစ်ခုတလေ ရှိသည်ဟု မခံစားရလျှင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်ဝင်စားမှု မရှိတော့မည်ဖြစ်ပြီး အသင်းတော်ကို စွန့်ခွာချင်ကြလိမ့်မည်။ ၎င်းတို့က၊ “မည်သို့ဖြစ်စေ၊ ဆုံးရှုံးမှုများစွာ ငါ မခံစားခဲ့ရသကဲ့သို့ ငါ၏ နှလုံးနှင့် စိတ်တစ်ခုလုံးကို ငါ မဆက်ကပ်ခဲ့ပါ။ ကျွမ်းကျင်မှုများ ငါ ပိုင်ဆိုင်သည်၊ ငါ၏ အလုပ်အကိုင်ကို ငါသိပြီး၊ ငါ့တွင် အောင်လက်မှတ်ရှိသည်။ ထို့ကြောင့် ငါ လုပ်ဆောင်နေခဲ့သည့်အတိုင်းပင် လောကတွင် ငါ နေလို့ရသေးသည်။ ကိုယ်တိုင်အတွက် ဥစ္စာပစ္စည်းကို ငါ ကုတ်ကတ်စု၍ရသည် သို့မဟုတ် အစိုးရအလုပ်တစ်ခုကို လိမ်လည်ပြီးရအောင်လုပ်နိုင်သည်။ ယင်းမှာ အလွန်ကောင်းပေမည်”ဟု တွေးကြလေသည်။ ဤသည်မှာ အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံဖြစ်သည်။ ဤလူစားမျိုး၏ အမြင်တွင်၊ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများသည် သမ္မတမိန့်ခွန်းတစ်ခုထက် သာ၍ပင် တန်ဖိုးနည်းပါးသည်။ ယင်းမှာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မှတ်ယူသည့် အထင်သေးမှုမျိုးဖြစ်သည်။ ဤလူစားမျိုးများက ဘုရားအိမ်တော်တွင် နေထိုင်ရာနေရာယူကာ အချိန်ကိုပင် ဖြုန်းတီးလျက်၊ ထွက်သွားဖို့ မလိုလားဘဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် အလုပ်လုပ်ပေးခြင်းတွင် “အသင့်ဖြစ်သော လိုလားစိတ်ဖြင့်” ထိုသို့သော အမြင်များကို ယူဆောင်လာသည့်အခါ၊ ဤသို့ လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုအရာမှာ စိတ်ထဲတွင်၊ “ဘုရားသခင်သည် ငါ့ကို နိုင်ငံတော်ထဲသို့ ဝင်ခွင့်ပေးရင်း ငါ့အပေါ် စိတ်ရှည်မှုပြကာ သနားကရုဏာထားလျှင်၊ ငါ၏ စိတ်ကူးယဉ်များ အကောင်အထည်ပေါ်ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် နိုင်ငံတော်ထဲသို့ ငါ မဝင်ရောက်နိုင်လျှင်၊ ဘုရားသခင်၏ ကျေးဇူးတော် ပမာဏ တော်တော်များများကို မွေ့လျော်ခံစားပြီးဖြစ်လိမ့်ဦးမည်ဖြစ်သည်။ ထို့ကြောင့် ငါ့ ဆုံးရှုံးမည် မဟုတ်ပါ”ဟူသော ခပ်ရေးရေး မျှော်လင့်ချက်ဖြင့် ဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဤသို့သော စောင့်ကြည့်သည့် ရှုထောင့်မျိုး ယူဆောင်လာသည့်အခါ၊ သမ္မာတရားကို လက်ခံနိုင်ကြသလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်နိုင်ကြသလော။ (မကိုးကွယ်နိုင်ကြပါ။) ထိုသို့သော အမြင်တစ်ခုဖြင့်၊ ၎င်းတို့အတွင်းတွင် မည်သည့်အခြေအနေများ ဖြစ်ပေါ်သနည်း။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မကြာခဏ ညည်းညူကြလိမ့်မည်ဖြစ်ပြီး သူ့ကို အထင်လွဲကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခုစီအား အကဲဖြတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် စိစစ်ခြင်းတို့ကို အလှည့်ကျလုပ်ဆောင်ပြီးနောက် အောက်ပါအတိုင်း ကောက်ချက်ချကြလိမ့်မည်။ “ဤသည်မှာ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာတစ်ခု ဖြစ်ပုံမရပါ။ ဤအရာသည်သာ ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာတစ်ခု မဟုတ်ခဲ့လျှင်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် အတိုက်အခံလုပ်ခြင်း၊ စိစစ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် စောင့်ကြည့်သည့် သဘောထားကို ထားရှိကြသည်။ ဤအရာကို ပုန်ကန်မှုဟု ခေါ်၍ရနိုင်သလော။ (ရနိုင်ပါသည်။) ၎င်းတို့ပိုင်ဆိုင်သောအရာသည် ပုံမှန်လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်း မဟုတ်တော့ပေ။ ဤသည်တို့မှာ မည်သည့်လူစားမျိုးများဖြစ်ကြသနည်း။ (မယုံကြည်သူများဖြစ်သည်။) မယုံကြည်သူများသည် မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် ဘုရားသခင်အပေါ် ရန်လိုကြသည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ပြပြီး တစ်ခါတစ်ရံ ကျိုးနွံနာခံရန် ပျက်ကွက်သည့်အခါ၊ ဤသည်မှာ ပုန်ကန်တတ်သော စိတ်သဘောထားဖြစ်ကြောင်း၊ ၎င်းတို့တွင် ပုန်ကန်တတ်သော အနှစ်သာရတစ်ခုရှိကြောင်း ဘုရားသခင် ပြော၏။ သို့ရာတွင် မယုံကြည်သောသူတို့နှင့်ပတ်သက်၍ မည်သည့်အရာကို သူပြောဆိုသနည်း။ စာတန်နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ စာတန်သည် ပုန်ကန်တတ်သည်ဟု ဘုရားသခင် ပြောမည်လော။ (ပြောမည်မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ဘုရားသခင် ပြောမည်နည်း။ ရန်သူ၊ သူ၏ ပကတိဆန့်ကျင်ဖက်နှင့် သူ့အတွက် လုံးဝ အန္တရာယ်ပေးသောသူဖြစ်သည်ဟု ဘုရားက ပြောပေမည်။ ဘုရားသခင်အပေါ် မယုံကြည်သူများ၏ သဘောထားမှာ ကြည့်ရှုစစ်ဆေးခြင်းနှင့် တွန့်ဆုတ်စွာ စောင့်ကြည့်ခြင်းအပြင်၊ အတိုက်အခံလုပ်ခြင်း၊ မကျေနပ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် မုန်းတီးခြင်း သဘောထားတစ်ခု ဖြစ်သည်။ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်း သင် သာ၍ မိတ်သဟာယပြုလေ၊ ထိုသို့သော လူတစ်ဦးက သာ၍ မနှစ်မြို့လေ ဖြစ်လာလိမ့်မည်။ ကယ်တင်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံခြင်းအားဖြင့် မည်သို့ စုံလင်စေခြင်း ခံလာရမည်အကြောင်းကို သင် မိတ်သဟာယပြုလေ၊ ထိုအရာတစ်ခုကိုမျှ ခံယူရန် ငြင်းပယ်လျက်၊ ၎င်းတို့သာ၍ မနှစ်မြို့လေ ဖြစ်လာသည်။ ဤကိစ္စရပ်များနှင့်ပတ်သက်သည့် မိတ်သဟာယကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ ခုံများတွင် စတင်ဂနာမငြိမ်ဖြစ်လာကြသည်၊ အပ်အုံတစ်ခုပေါ်တွင် ထိုင်ကြသည့်အလား သို့မဟုတ် လျှပ်စစ်မီးဖိုပေါ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကတုန်ကယင်ဖြစ်ကာ ဂနာမငြိမ်ဖြစ်လာကြသည်။ သို့သော် သင်သည် ၎င်းတို့အား ကသည့်ကလပ်တစ်ခု သို့မဟုတ် ဘားတစ်ခုသို့ သွားခွင့်ပေးလျှင်၊ ၎င်းတို့ လုံးဝ မအီမသာဖြစ်ကြမည် မဟုတ်ပေ။ ဝမ်းမြောက်ကြလိမ့်မည်။ ထိုသို့သော နေရာတွင် နေခြင်းက အပူအပင်ကင်းပြီး ဝမ်းမြောက်ဖွယ်ဖြစ်သည်၊ ထိုသို့ ၎င်းတို့ နေထိုင်နိုင်မည်ဆိုလျှင်၊ လုံးဝ ထိုက်တန်မည်ဟု ၎င်းတို့ ခံစားကြလေသည်။ ၎င်းတို့ကို မအီမသာဖြစ်စေသည်မှာ သမ္မာတရားကို စဉ်ဆက်မပြတ် ကြားရခြင်းဖြစ်သောကြာင့် ၎င်းတို့က နားထောင်ဖို့ ငြင်းဆန်ကြသည်။ သမ္မာတရားကို နားထောင်ရန်ပင် ၎င်းတို့ မလိုလားလျှင်၊ ထိုသမ္မာတရားကို လက်ခံနိုင်ကြမည်လော။ လုံးဝ လက်ခံနိုင်ကြမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့စိတ်ထဲတွင် အပျက်သဘောဆောင်၊ အတိုက်အခံလုပ်ပြီး မုန်းတီးတတ်သော အခြေအနေများကို ဟိုသည် သယ်ဆောင်နေကြပြီး၊ အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ချီတုံချတုံဖြင့် စောင့်ကြည့်နေကြသည်။ ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်အရာမှာ မည်သည့်အရာနည်း။ ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်အရာမှာ အမြဲပင် ဘုရားနှုတ်ကပတ်တော်များဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ခြင်းနှင့် မသက်ဆိုင်တော့ပေ။ ၎င်းတို့သည် ယုံကြည်ခြင်းမရှိသူနှင့် ဆိုးယုတ်သော လူဖြစ်သည်။ ဤလူစားမျိုးသည်၊ “ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် စစ်မှန်ရိုးသားစွာ အသုံးခံသောသူ မည်သူမဆိုသည် မိုက်မဲသူတစ်ဦးဖြစ်သည်။ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်သောသူ မည်သူမဆိုသည် မိုက်မဲသူတစ်ဦးဖြစ်သည်။ သင်သည် သင်၏ မိသားစုကို ဘေးဖယ်ထားသည်၊ သင်၏ ကိုယ်ပိုင် ဆွေမျိုးသားချင်းကို မစောင့်ရှောက်သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းကို အဓိက အာရုံစိုက်သည်။ ထိုသို့ ယုံကြည်တို့အားလုံးပြီးသည့်နောက်တွင်၊ သင်သည် ခိုကိုးရာမဲ့ဖြစ်ကာ အထင်သေးခြင်းခံသွားရသည်။ ဘာသာတရားမရှိသူများ မည်မျှ ခေတ်ဆန်သည်ကို ကြည့်ပါ။ သင်တို့သည် မည်သည့်အရာကို ဝတ်ဆင်နေကြသနည်း။ ကျန်သည့်သင်တို့လောက် ငါ မမိုက်မဲပါ။ ငါ့တွင် ဝှက်ဖဲ တစ်ခု၊ နှစ်ခု ရှိသည်။ ဦးစွာပထမ သွေးသား ပျော်ရွင်မှုကို ငါ လိုက်စားမည်။ ယင်းမှာ လက်တွေ့ကျခြင်းဖြစ်သည်”ဟု တွေးလျက်၊ အစမှ အဆုံး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ တွန့်ဆုတ်စွာ စောင့်ကြည့်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း၊ သမ္မာတရားကို လုံးဝ လက်မခံခြင်းတို့ကို အမြဲ လုပ်ဆောင်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ မယုံကြည်သူများ၏ စစ်မှန်သော စရိုက်များဖြစ်သည်။ ဘုရားသခင်က ပထမဆုံး ပေါ်ထွန်းပြီး၊ သူ၏ အမှုတော်ကို စတင်လုပ်ဆောင်နေခဲ့ချိန်တွင်၊ သူ၏ နောက်လိုက်များက အလွန်နည်းပါးခဲ့သည်။ အလွန်ဆုံး လူတစ်သောင်းဝန်းကျင်ဖြစ်ခဲ့ပြီး၊ မိမိတို့တာဝန်ကို ထမ်းဆောင်ခဲ့သူ လူတစ်ထောင်ဝန်းကျင်သာ ရှိခဲ့သည်။ နောက်ပိုင်းတွင်၊ ဧဝံဂေလိအလုပ် စတင်တိုးချဲ့နေပြီး၊ ဤအမှုက ရလဒ်များ စတင်ပေါ်လွင်လာသည်နှင့်အမျှ၊ တာဝန်ကို ထမ်းဆောင်သည့် လူဦးရေ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ထင်ပေါ်ပြီး မိမိတို့ ပါရမီကို ပြသရမည့် အခွင့်အရေးကို မြင်လျက်၊ လူအချို့သည်လည်း ပါဝင်ကြပြီး၊ တာဝန်ကို စတင်ထမ်းဆောင်လာကြသည်။ ငါက၊ “ထူးဆန်းလိုက်လေ။ ဘုရားအိမ်တော်၏ အမှုက စတင်ပေါ်လွင်လာနှင့်ပြီးဖြစ်သည်။ ယခုတွင် မိမိတို့တာဝန်ကို ထမ်းဆောင်သည့် နောက်ထပ် လူများအလွန်များသည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤနှစ်ကာလများတစ်လျှောက်လုံးတွင် ဤလူများက မည်သည့်နေရာတွင် ပုန်းကွယ်နေခဲ့ကြသနည်း”ဟု ပြောသည်။ အမှန်တွင်၊ ဤလူစုသည် အမှုအရာများကို လွန်ခဲ့သည့် အချိန်ကြာမြင့်စွာကပင် နားလည်သဘောပေါက်ပြီးဖြစ်သည်။ “ဘုရားအိမ်တော်၏ အမှု ပျံ့နှံ့လာလျှင်၊ ကျွန်ုပ် လာမည်။ ထိုအမှုက မစတင်လျှင်၊ ကျွန်ုပ် လာမည်မဟုတ်ပါ။ ထိုအတွက် မည်သည့် အားထုတ်မှုကိုမျှ ကျွန်ုပ် သေချာပေါက် ပံ့ပိုးမည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများဖြစ်သနည်း။ ၎င်းတို့က အခွင့်အရေးသမားများဖြစ်သည်။ အခွင့်အရေးသမားများအားလုံးမှာ မယုံကြည်သူများဖြစ်သည်။ ၎င်းတို့သည် စိတ်လှုပ်ရှားပျော်ရွှင်မှုတွင် ပါဝင်နေကြခြင်းသာဖြစ်သည်။ အပြင်ပန်းအနေဖြင့်၊ လူတို့သည် ဘုရားအိမ်တော်၏ အမှုကို လုပ်ဆောင်နေသည့်သူများဖြစ်သည့်အလား ထင်ရသော်လည်း၊ အမှန်တွင် ဘုရားသခင်က အရာရာကို ဦးဆောင်ကာ လမ်းပြနေခြင်းဖြစ်သည်။ အမှုပြုနေသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်။ ဤသည်မှာ လုံးဝ သံသယမရှိအောင်ပင် သေချာပေသည်။ ဘုရားသခင်ကိုယ်တိုင်က သူကိုယ်တိုင်၏ အမှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူ၏ အလိုတော်သည် အတားအဆီးမရှိ ရှေ့ဆက်နေသည်။ ထိုသို့သော အလွန့်အလွန်ကြီးမားသည့် အမှုကို မည်သည့်လူသားကမျှ ပြီးမြောက်နိုင်မည်မဟုတ်၊ ထိုအရာက လူသား တတ်စွမ်းနိုင်မှုကို ကျော်လွန်သည်။ ဤအရာအားလုံးမှာ ဘုရားနှုတ်ကပတ်တော်၏ ဩဇာအာဏာနှင့် ဘုရားသခင်၏ ကိုယ်ပိုင် ဩဇာအာဏာတို့၏ ရလဒ်ဖြစ်သည်။ ဤအချက်ကို လူတို့ သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့က၊ “ဘုရားအိမ်တော်သည် တန်ခိုးအာဏာ ကြီးထွားသည့်အခါ၊ ငါ၏ ဝေစုကို ငါရလိမ့်မည်။ ထို့ကြောင့် ကောင်းမှုစာအုပ်ထဲတွင် ငါ၏ နာမည်ကို မှတ်တမ်းတင်ထားရန် မမေ့နှင့်”ဟု တွေးကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုးဖြစ်သနည်း။ ဘာသာတရားမရှိသူများ၏ စကားများတွင်၊ “မလိုမုန်းထားသော ကြံရွယ်ချက်” ရှိကြသည်။ ငါတို့သည် ၎င်းတို့နှင့်ပတ်သက်၍ ဤသို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤလူများသည် မည်သည့် အန္တရာယ်ပေးသော ရည်ရွယ်ချက်များ ထားရှိကြသနည်း။ အကြင်သူသည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ အစ၌၊ ထိုသို့သော ရည်ရွယ်ချက်များနှင့် အမြင်များ ရှိကောင်းရှိနိုင်သည် သို့မဟုတ် ၎င်းတို့၏ ယုံကြည်ခြင်းက သေးငယ်ကောင်းသေးငယ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်က ထိုအရာများကို အမှတ်ထားမည်မဟုတ်။ ဤအမြင်များနှင့် သဘောထားများကို ဖော်ထုတ်ရာတွင်၊ ဘုရားသခင်သည် လူတို့အား ဘဝတွင် မှန်ကန်သော လမ်းကြောင်းသာ လျှောက်စေလိုသည်၊ ဝန်လေးစွာဖြင့် စောင့်ကြည့်ခြင်းနှင့် ကြည့်ရှုစစ်ဆေးခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သောလမ်းကြောင်းအပေါ် ရှိစေရန် အလိုရှိသည်။ ဘုရားသခင်သည် ကြည့်ရှုစစ်ဆေးခြင်းမှတစ်ဆင့် သင် နားလည်နိုင်သည့်အရာ သို့မဟုတ် အဝေးကြည့်မှန်ပြောင်းဖြင့် ရှာဖွေတွေ့ရှိနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ တည်ရှိခြင်းနှင့် သူ၏ ကယ်တင်ခြင်းအမှုတို့သည် သုတေသနပြုသည့်ပုံစံတစ်ခုတလေကို အသုံးပြုလျက် သင် ရရှိနိုင်သည့် ရလဒ်များ မဟုတ်ပေ။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သူ့ကို တစ်ဦးတလေက အသိအမှတ်ပြုသည်ဖြစ်စေ၊ သူ့ကို ယုံကြည်သည်ဖြစ်စေ၊ သို့မဟုတ် သူ့နောက်လိုက်သည်ဖြစ်စေ၊ ထိုသို့သော ကြီးမြတ်သည့်အမှုကို ဘုရားသခင် ဆောင်ရွက်သည့် အချက်က ၎င်းတို့ မြင်ကာ ထိတွေ့ဖို့ ရှေ့တည့်တည့်တွင်ရှိနေပေသည်။ ဘုရားသခင် ပြီးမြောက်ရန်ဆန္ဒရှိသည့်အရာကို မည်သူကမျှ ဟန့်တား၍မရ၊ မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မည်သည့် တန်ခိုးအာဏာကမျှ မပိတ်ဆို့နိုင်ပေ။ ဤသည်မှာ ဘုရားသခင်က အမှန်ဖြစ်စေသည့် အချက်တစ်ချက်ဖြစ်သည်။

တတိယလူစားမျိုးများဖြစ်သည့် မယုံကြည်သူများအကြောင်းကို ငါတို့ ယခုတင် ပြောဆိုဆွေးနွေးနေခဲ့ကြသည်။ ဤလူစားမျိုးသည် အခွင့်အရေးရှာခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအားဖြင့်၊ တွန့်ဆုတ်စွာ စောင့်ကြည့်ခြင်းနှင့်အတူ ဘုရားသခင်ကို ယုံကြည်သည်။ ကောင်းချီးရရှိမည့် မျှော်လင့်ချက်တစ်ခုတလေမရှိလျှင်၊ သုတ်ချေတင်ပြီး၊ ၎င်းတို့အတွက် ထွက်ပေါက်ဗျူဟာတစ်ခု ပြင်ဆင်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ၎င်းတို့ တွေးကြလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် ယခုပင် မိမိကိုယ်ကိုယ် စတင်သုံးသပ်ပြီး၊ နောင်တတစ်ခုခု ခံစားရမည်ဆိုလျှင်၊ ထိုသူအတွက် အလွန်နောက်ကျမည် မဟုတ်ပေ။ ၎င်းတို့ သေသည်အထိ ၎င်းတို့အတွက် မျှော်လင့်ချက် ရေးရေးတစ်ခု အမြဲ ရှိမည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် ဘုရားသခင်ကို အမြဲ ဆန့်ကျင်လျက် ခေါင်းမာစွာ နောင်တရဖို့ ငြင်းဆန်ပြီး တွန့်ဆုတ်စွာ ဆက်လက်စောင့်ကြည့်နေလျှင်၊ ဘုရားသခင်သည် ၎င်းတို့ကို ဘာသာတရားမရှိသူကဲ့သို့ မုချ သဘောထားလိမ့်မည်ဖြစ်ကာ ဘေးဒုက္ခအလယ်တွင် လွှတ်ပေးထားလိုက်လိမ့်မည် ဖြစ်သည်။ လူတို့၏ အနှစ်သာရအရ၊ လူသားတစ်ဦးသည် မူလအားဖြင့် ဘုရားသခင် မှုတ်သွင်းပြီး၊ ထိုသို့ဖြင့် သင့်ကို အသက်ရှင်သည့် အသွေးအသားရှိသော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲစေသည့်၊ သူ အသက်ပေးသည့် မြေမှုန့်လက်တစ်ဆုပ်စာထက် ဘာမျှမပိုပေ။ သင်၏ အသက်သည် ဘုရားသခင်ထံမှ လာ၏။ ဘုရားသခင်က သင့်ကို အသုံးပြုနေခြင်းမရှိသည့်အခါ၊ သင့်ကို အစားအစာနှင့် အဝတ်အစားအပြင် အခြားအရာရှိသမျှကို ထောက်ပံ့ပေးခဲ့သည်။ သို့သော် သင့်ကို အသုံးပြုရန် သူ ရည်ရွယ်သည့်အခါ၊ သင်က ရှောင်ရှားရန် ကြိုးစားပြီး၊ ဘုရားသခင်ကို စဉ်ဆက်မပြတ် ဆန့်ကျင်သည်၊ သူ့ကို ဆန့်ကျင်ရာတွင် အမြဲရှိသည်။ ဘုရားသခင်သည် သင့်ကို အသုံးပြုနိုင်ဦးမည်လော။ တရားသဖြင့်ဆိုရလျှင်၊ ဘုရားသခင်က သင့်ကို ဘေးဖယ်ထားသင့်ပေသည်။ အစအဦး၌ ကမ္ဘာလောက၏ ဖန်ဆင်းခြင်း အတောအတွင်းတွင်ဖြစ်စေ၊ ပညတ်တော်ခေတ်တွင်ဖြစ်စေ၊ ကျေးဇူးတော်ခေတ်တွင်ဖြစ်စေ၊ မျက်မှောက်ခေတ် နောက်ဆုံးသော ကာလထိ တစ်လျှောက်လုံးတွင်ဖြစ်စေ၊ ဘုရားသခင်သည် လူများထံ နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်သည်။ ဉာဏ်ကွန်မြူးခြင်းမှတစ်ဆင့်ဖြစ်စေ၊ တိုက်ရိုက် မျက်နှာချင်းဆိုင် ဆက်သွယ်ပြောဆိုခြင်းမှတစ်ဆင့်ဖြစ်စေ၊ ရေတွက်ဖို့ အလွန်များသည့် နှုတ်ကပတ်တော်များကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ပြီးလျှင် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ ဆိုလိုရင်းအဓိပ္ပာယ်ကို လူတို့ နားလည်ပြီး သဘောပေါက်စေရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိစေရန်နှင့် ဤနှုတ်ကပတ်တော်များကို ရရှိပြီးနောက်တွင် လူတို့သည် မိမိတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိကာ အသက်ကို ရနိုင်လိမ့်မည်ဖြစ်ကြောင်း သိစေရန်ဖြစ်သည်။ ထိုအခါ လူတို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံနိုင်ကြပေသည်။ အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤအရာထက် အခြားဘာမျှမဟုတ်ပေ။ ပြီးလျှင် ဤနှုတ်ကပတ်တော်များကို လက်ခံကာ ဘုရားသခင်၏ အမှုတော် နှင့်ဆိုင်သော နည်းစနစ်အမျိုးမျိုးကို လက်ခံပြီးနောက်တွင်၊ နောက်ဆုံးတွင် လူတို့ ရရှိမည့် ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် အဆုံးထိတိုင် တစ်လျှောက်လုံး ဘုရားသခင်နောက်သို့ လိုက်လာနိုင်လိမ့်မည်ဖြစ်ပြီး လမ်းတစ်ဝက်တွင် ဖယ်ရှားရှင်းလင်းခံရပြီး စွန့်ပစ်ခံရခြင်းကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်ကာ ထိုသို့ဖြင့် အဆုံးထိတိုင် ကျန်ရှိနေမည့် မျှော်လင့်ချက်ရှိလေသည်။ ဘုရားသခင်က သင့်ကို ဆုံးမပဲ့ပြင်သည်ဖြစ်စေ၊ ပြုပြင်သည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ပြသည်ဖြစ်စေ၊ သင့်ကို သူ စွန့်လွှတ်သည့် သို့မဟုတ် စစ်ဆေးသည့် အချိန်များရှိသည်ဖြစ်စေ၊ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ဤနှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လေးနက်သော အားထုတ်မှုများ၏ အမှန်တရားကို လူတို့ မငြင်းပယ်နိုင်ပေ။ (မှန်ပါသည်။) ထို့ကြောင့်၊ လူတို့သည် ၎င်းတို့၏ သေးနုပ်သော ပေတံများနှင့် ဘုရားသခင်၏ မြင့်မြတ်သော ရည်ရွယ်ချက်များကို အမြဲ အကဲဖြတ်လျက်၊ ဘုရားသခင်ကို နားလည်မှုလွဲလျက် မပြောပလောက်သော ကိစ္စရပ်များအပေါ် ဘုရားသခင်နှင့် အငြင်းမပွားသင့်ကြပေ။ မည်သည့် မှားယွင်းသော အမြင်များကို သင် ထောက်ခံခဲ့သည်ဖြစ်စေ၊ သင့်အတွင်းတွင် မည်သည့် အခြေအနေ ရှိနေနိုင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ် သင် လက်ခံနိုင်ပြီး၊ သင် လက်တွေ့လုပ်ဆောင်သည့် စည်းမျဉ်းများအဖြစ်လည်းကောင်း၊ သင် လျှောက်လှမ်းသည့် လမ်းကြောင်း၏ ဦးတည်ချက်နှင့် ရည်မှန်းချက်အဖြစ်လည်းကောင်း သင် သဘောထားနိုင်သရွေ့၊ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များကို တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်း ဖြည့်ဆည်းနိုင်လိမ့်မည်။ စိတ်ပူစရာ အဘယ်အရာရှိသနည်း။ စိတ်ပူစရာရှိသည်မှာ လူတို့က ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး၊ ယင်းတို့ကို အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ စကားရပ်များနှင့် ဆောင်ပုဒ်များသက်သက် ဖြစ်သည့်အလား သဘောထားသည့်အခါ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရမည့်အရာအဖြစ်ပင် သဘောထားပြီး၊ ဘုရားသခင်ကို ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် အတိုက်အခံလုပ်ခြင်း ပစ်မှတ်တစ်ခုအဖြစ် သဘောထားသည့်အခါတွင် ဖြစ်သည်။ ဤသည်မှာ ခက်ခဲပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိသူများမဟုတ်။ ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်ရန် မရည်ရွယ်ပေ။ ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ခြင်းမဟုတ်ဘဲ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်မခံခြင်း ဖြစ်သည်။ ထိုမျှသာ ပြော၍ရပြီး ထိုအရာမှာ အမှန်တရားတစ်ခု ဖြစ်သည်။

လူတစ်ဦးကို တကယ့်အဆုံးထိတိုင် ဘုရားသခင်နောက်လိုက်စေပြီး စိတ်သဘောထား ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိစေမည့် အရေးအကြီးဆုံးသော အရာမှာ အဘယ်နည်း။ သမ္မာတရားကို လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံးသောအရာဖြစ်ပြီး၊ သမ္မာတရားကို လိုက်စားရာတွင် အရေးပါဆုံးသော လက်တွေ့လုပ်ဆောင်မှု ကဏ္ဍဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန်နှင့် တွေ့ကြုံရန်မှာ လက်တွေ့လုပ်ဆောင်မှု၏ အရေးအကြီးဆုံးသော ကဏ္ဍဖြစ်သည်။ ထိုအရာသည် လူတစ်ဦး၏ အသက်ဝင်ရောက်မှုနှင့် တိုက်ရိုက် ဆက်စပ်သည်။ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ ယုံကြည်သောလူတစ်ဦးသည် မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ၊ မည်သည့်အခြေအနေတွင်မဆို သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ သင်ယူရမည်။ ဤအရာသည်သာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းဖြစ်ပြီး၊ ဤအတွေ့အကြုံမျိုးကို နှစ်အနည်းငယ် တွေ့ကြုံခြင်းသည် လူတစ်ဦးအား သမ္မာတရားကို နားလည်နိုင်စေလိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စေလိမ့်မည်။ ထို့ကြောင့်၊ မည်သည့်အချိန်တွင်ဖြစ်စေ၊ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြစ်သည့် ဤကိစ္စရပ်ကို မမေ့နိုင်ပေ။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် စိတ်အတွင်းတွင် အမြဲတွေးဆရမည်။ “ဤကိစ္စရပ်တွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရန် မည်သည့်အရာကို ငါ လုပ်ဆောင်ရမည်နည်း။ ဤကိစ္စရပ်တွင် သမ္မာတရား၏ မည်သည့် ကဏ္ဍများ ပါဝင်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်အရာကို ငါ လုပ်ဆောင်ရမည်နည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကို အားထုတ်ခြင်းဖြစ်မည်ဖြစ်ပြီး ဤသို့ နှစ်အချို့ကြာ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသည့်နောက်တွင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ သင်သည် ဘဝ၏ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနေလိမ့်မည်ဖြစ်ပြီး ဦးတည်ချက်ရှိလိမ့်မည်။ မည်သည့် ပြဿနာကို ရင်ဆိုင်ရသည်ဖြစ်စေ စိစစ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် သင်၏ ဉာဏ်ကို အမြဲသုံးခြင်းနှင့် အမှုအရာများကို ဖြေရှင်းရန် သင်၏ကိုယ်ပိုင် နည်းလမ်းများကို အမြဲမှီခိုအားကိုးခြင်းသည် ဖြစ်နိုင်သော လုပ်နည်းကိုင်နည်းမဟုတ်ပေ။ ဤနည်းစနစ်အတိုင်း သင် လက်တွေ့လုပ်ဆောင်လျှင်၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းနှင့် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ယင်းတို့ကို သင် မည်သည့်အခါတွင်မျှ စွမ်းဆောင်ရရှိလိမ့်မည်မဟုတ်၊ ဤသည်မှာ မှားယွင်းသော လမ်းကြောင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းမှတစ်ဆင့် ကယ်တင်ခြင်းကို ရှာဖွေခြင်းက သင့်အတွက် အချည်းနှီးဖြစ်သည်။ မရေမတွက်နိုင်သောလူတို့သည် ဤနည်းဖြင့် ကျရှုံးကာ ခလုတ်တိုက်လဲကျနှင့်ကြပြီးဖြစ်သည်။ အချို့မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ် ဖော်ထုတ်ခံခဲ့ရကြသည်။ အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရကြသည်။ အသင်းတော်တွင် ထင်ပေါ်မှုကို လိုက်စားခြင်းက အချည်းနှီးဖြစ်၏။ ပေတရု၏ လမ်းကြောင်းနောက်လိုက်ရန် ပိုကောင်းသည်။ သမ္မာတရားလိုက်စားခြင်းသည် ဘေးအကင်းဆုံးနှင့် အလုံခြုံဆုံးလမ်းဖြစ်သည်။ ယခု မည်သည့်အရာ အရေးအကြီးဆုံးဖြစ်သည်ကို သင်တို့ မြင်ပြီလော။ အရေးအကြီးဆုံးသော အရာမှာ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရန်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းသည် ဘုရားနှုတ်ကပတ်တော်ကို တွေးဆခြင်းနှင့် သမ္မာတရားကို ရရှိခြင်းအတွက် ဖြစ်သည်။ ထိုသမ္မာတရားကို စေစေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမပြုနှင့်၊ လုံးဝ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမပြုနှင့်။ ပြီးလျှင် အတိုက်အခံလုပ်သည့်၊ ဆန့်ကျင်လိုသည့် စိတ်နေစိတ်ထားမရှိနှင့်။ သင့်တွင် ဤအခြေအနေမျိုးရှိသည်နှင့်၊ သင့်ကိုယ်သင် ချက်ချင်းဆန်းစစ်ပြီး ဖြေရှင်းလော့။ သင့်အတွင်းတွင် တည်ရှိသည့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်သော ဤပြဿနာများသည် အဆက်မပြတ် ဖြေရှင်းခံရသည်၊ သင်၏ အခြေအနေက ပိုကောင်းသည်ထက် ကောင်းလာပြီး၊ သင့်ထံတွင် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြမှုများ နည်းသည်ထက်နည်းသွားသည်။ ယင်းက နောက်ဆုံးတွင် ရလဒ်တစ်ခု ဖြစ်ထွန်းစေသည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပိုပို၍ ပုံမှန်ဖြစ်လာလိမ့်မည်၊ သင်၏ စိတ်နှလုံးက ဘုရားသခင်ကို ပိုကြောက်ရွံ့သည်ထက် ကြောက်ရွံ့လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် နီးသည်ထက် နီးလာလိမ့်မည်။ သင်သည် သင်၏ တာဝန်ကို တိုး၍ ပိုမိုကြီးမားသော အကျိုးတရားရှိသည်ထိတိုင် လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့သည် ပိုကြီးမားသည်ထက် ကြီးမားလာလိမ့်မည်။ ဤအရာက သင်သည် ဘုရားနှုတ်ကပတ်တော်များကို သင်၏ စိတ်နှလုံးတွင် မှတ်သားပြီးဖြစ်သည်ကို အတည်ပြုပေသည်။ ထိုနေရာတွင် ထိုနှုတ်ကပတ်တော်များက အမြစ်တွယ်ပြီးဖြစ်သည်။ နောက်ဆုံးတွင်၊ သင်သည် ရလဒ်တစ်ခုကို မြင်ရလိမ့်မည်ဖြစ်ပြီး၊ သင်က၊ “ကျွန်ုပ်ကိုယ်ကျွန်ုပ် စဉ်ဆက်မပြတ် သုံးသပ်ပြီး၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော ထုတ်ဖော်ပြချက်များကို ကိုင်တွယ်ဖြေရှင်းရင်း၊ အစားထိုးမရသည့် မည်သည့် အကျိုးဆက်များကိုမဆို ကျွန်ုပ် တားဆီးခဲ့သည်။ စာတန်၏ အစေခံအဖြစ် အစေခံခဲ့ခြင်းအတွက် ကျွန်ုပ်စိတ်နှလုံးတွင် နောင်တရပြီး မိမိကိုယ်ကိုယ် မုန်းတီးမိပါသည်။ ကံကောင်းထောက်မ၍၊ ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်ခဲ့ပြီး ကျွန်ုပ်၏ လှည့်ပြန်ရမည့်လမ်းကို ရှာတွေ့ခွင့်ပေးခဲ့သည်။ သမ္မာတရားကို လက်ခံကာ သူ့ကို ကျိုးနွံနာခံခွင့်ပေးခဲ့သည်။ ကျွန်ုပ် ကယ်တင်ခံရခြင်း ရှိမရှိဟူသည်နှင့်ပတ်သက်၍ ကျွန်ုပ် မစိုးရိမ်တော့သကဲ့သို့၊ နောက်ပိုင်းတွင် ရှင်းလင်းခံရပြီး ဖယ်ရှားရှင်းလင်းခံရမည့် ဖြစ်နိုင်ခြေကိုလည်း ကျွန်ုပ် မစိုးရိမ်တော့ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိသူ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ကျွန်ုပ် ရှိကြောင်းနှင့် စစ်မှန်သည့် ဘုရားသခင်၊ ဖန်ဆင်းရှင်ကို ကျွန်ုပ် ယုံကြည်ကြောင်း ယခု ကျွန်ုပ် သေချာသည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်သံသယမျှ ကျွန်ုပ်တွင် မရှိပါ”ဟု ပြောလိမ့်မည်။ ဤအချိန်တွင်သာ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအား နှလုံးသွင်းလိမ့်မည်ဖြစ်ပြီး၊ အခြေအနေတိုင်းတွင် သူ့အပေါ် မှီခိုအားကိုးနိုင်သည်။ ထို့နောက်၊ သင်သည် အထွတ်အမြတ်နေရာတစ်ခုသို့ အမှန်တကယ် ဝင်ရောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်သည် အစေခံသူတစ်ဦးမျှသာ ဟုတ်မဟုတ်ကိုလည်းကောင်း၊ ကပ်ဘေးတစ်ခုတွင် သင် သေဆုံးမည်၊ မသေဆုံးမည်ကိုလည်းကောင်း စိုးရိမ်ရန်လိုတော့မည်မဟုတ်ပေ။ ဤအချိန်တွင်သာ သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်လိမ့်မည်။ မည်သည့်အရာက လူတို့အား ဤစိုးရိမ်မှုများရှိစေသနည်း။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ သိရှိခြင်း အလွန်နည်းပါးသောကြောင့်၊ သမ္မာတရားအပေါ် သိနားလည်မှု အလွန်နည်းပါးသောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများပင်လျှင် ရှိကြသောကြောင့်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များရှိ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သေးသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောမပေါက်သေးသောကြောင့်၊ ဘုရားသခင်ကို သင် အမြဲ အထင်လွဲလေသည်။ သင်သည် သူ့ကို အမြဲ အထင်လွဲသည့်အတွက်၊ သင်သည် စဉ်ဆက်မပြတ် စိုးရိမ်ပြီး မည်သည့်အခါတွင်မျှ ဘေးကင်းလုံခြုံမှု မခံစားရပေ။ တစ်ခါတစ်ရံ သင်သည် အတိုက်အခံလုပ်သည့် စိတ်နေစိတ်ထားတွင်ရှိသည်။ တဖြည်းဖြည်းနှင့်၊ ကြီးမားသည့် အမှားများကို သင် မပြုလုပ်နိုင်သော်လည်း၊ တစ်နေ့တွင် ကြီးမားသည့် အမှားတစ်ခုကို လုပ်မိပြီး အမှန်တကယ် ဖယ်ရှားရှင်းလင်းခံရသည့်တစ်နေ့ထိတိုင် အမှားငယ်လေးများစွာကို ဆက်လက်ပြုလုပ်နေမိပေသည်။ ကြီးမားသည့် အမှားတစ်ခုကို ပြုလုပ်မိခြင်းက အရေးပါသည့် ကိစ္စရပ်မဟုတ်ပေ။ လူအချို့ကဖယ်ရှားရှင်းလင်းခံရသည်၊ သို့မဟုတ် ဖယ်ထုတ်ပစ်ခြင်းခံရကြသည် သို့မဟုတ် နှင်ထုတ်ခံရကြသည်၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်တစ်ခုမျှ မရရှိကြပေ။ ဤအရာအားလုံးနောက်ကွယ်တွင် ဖြစ်ကြောင်းရင်းမြစ်တစ်ခု ရှိသည်မဟုတ်လော။ မုချ ဖြစ်ကြောင်းရင်းမြစ်တစ်ခု ရှိပေသည်။ ဤတွင်ရှိသည့် ပြဿနာမှာ မည်သည့်လမ်းကြောင်းအား ၎င်းတို့ လျှောက်ကြသည်နှင့်ပတ်သက်ပေသည်။ အချို့က သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းဖြစ်သည့် ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်ရွေးချယ်ကြသည်။ အခြားသူတို့မှာ သရဖူနှင့် ဆုလာဘ်များကို လိုက်စားသည့်လမ်းကြောင်းဖြစ်သည့် ပေါလု၏ လမ်းကြောင်းကို လျှောက်ရန် ရွေးချယ်ကြသည်။ ဤလမ်းကြောင်းနှစ်ကြောင်း၏ အနှစ်သာရမှာ ကွဲပြားခြားနားပြီး ဆိုက်ရောက်စေသည့် အကျိုးဆက်များနှင့် ရလဒ်များမှာလည်း ထို့အတူပင်ဖြစ်သည်။ ဖယ်ရှားရှင်းလင်းခံရသူများသည် သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို လုံးဝ မလျှောက်ကြပေ။ ၎င်းတို့သည် ဤလမ်းကြောင်းမှ အမြဲသွေဖည်ကြပြီး အလိုရှိသည့်အရာကိုသာ လုပ်ဆောင်ကြကာ မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒများနှင့် ရည်မှန်းချက်များအတိုင်း ပြုမူဆောင်ရွက်ကြသည်။ မိမိတို့ကိုယ်ပိုင် အဆင့်အတန်း၊ နာမည်ဂုဏ်သတင်းနှင့် မာနတို့ကို စောင့်ရှောက်ပြီး မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများကို ဖြည့်ဆည်းကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းက ဤအရာများကို ဗဟိုပြုသည်။ ၎င်းတို့ကလည်း အဖိုးအခပေး၊ အချိန်နှင့် အားအင် ကုန်ဆုံးကာ နေထွက်ရာမှ နေဝင်သည်တိုင်အောင် အလုပ်လုပ်ကြသော်လည်း၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့ လုပ်ဆောင်သည့်အရာများသည် ဘုရားသခင်၏ အမြင်တွင် မကောင်းမှုအဖြစ် ရှုတ်ချခံရသောကြောင့်၊ ရလဒ်မှာ ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်သည်။ ၎င်းတို့သည် ကယ်တင်ခံရမည့် အခွင့်အရေးတစ်ခု ရှိကြသေးသလော။ (မရှိပါ။) ဤသည်မှာ အလွန့်အလွန် ဆိုးရွားသော အကျိုးဆက်တစ်ခု ဖြစ်သည်။ ထိုအရာမှာ လူတို့ နာမကျန်းဖြစ်ကြသည့်အခါကဲ့သို့ပင် ဖြစ်သည်။ ချက်ချင်း ကုသခြင်းမခံရသည့် သေးငယ်သော ရောဂါတစ်ခုက အကြီးစား ရောဂါတစ်ခုအဖြစ်သို့ ကြီးထွားလာနိုင်ပေသည် သို့မဟုတ် ကျွမ်းနေသောရောဂါပင် ဖြစ်လာနိုင်ပေသည်။ ဥပမာအနေဖြင့်၊ လူတစ်ဦးသည် အအေးမိကာ ချောင်းဆိုးလျှင်၊ ပုံမှန် ဆေးကုသမှု ရရှိလျှင် အလျင်အမြန် သက်သာသွားလိမ့်မည်။ သို့သော် လူအချို့က ၎င်းတို့တွင် ဒူပေနာပေခံသော ကြံ့ခိုင်မှုအခြေအနေရှိသည်ဟု တွေးထင်ကြသောကြောင့် ၎င်းတို့၏ အအေးမိခြင်းကို အလေးအနက် မထားကြ သို့မဟုတ် ကုသဖို့ မကြိုးစားကြပေ။ အကျိုးဆက်အနေဖြင့်၊ ထိုအရာက အချိန်အတော်ကြာ အချိန်ဆွဲနေပြီး၊ အဆုတ်ရောင်ရောဂါ ကူးစက်ရရှိစေသည်။ အဆုတ်ရောင်ရောဂါရပြီးနောက်တွင်၊ ၎င်းတို့သည် အားကောင်းသည့် ခုခံအားစနစ်ရှိပြီး ငယ်ရွယ်သည်ဟု ခံစားနေဆဲဖြစ်သောကြောင့် ထိုအရာကို လအချို့ကြာ မကုသပဲနေကြသည်။ ၎င်းတို့သည် မိမိတို့ နေ့စဉ်ချောင်းဆိုနေသည်ကို မထိန်းနိုင်အောင်၊ မခံမရပ်နိုင်အောင်ဖြစ်လာသည့်အဆင့်တစ်ခုထိ အလေးဂရုမပြုကြဘဲ၊ ချောင်းဆိုးသွေးပါကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဆေးစစ်ခံရန် ဆေးရုံသို့ သွားကြသည်။ ဆေးရုံတွင် ၎င်းတို့ တီဘီဖြစ်သည်ကို သိရှိလိုက်ရသည်။ အခြားသူတို့က ချက်ချင်း ကုသမှုခံယူရန် အကြံပေးကြသော်လည်း၊ ၎င်းတို့က စိုးရိမ်စရာမလိုဘဲ မိမိတို့ ငယ်ရွယ်ပြီး သန်မာသည်ဟု တွေးထင်ကြဆဲဖြစ်သောကြောင့် သင့်တင့်လျောက်ပတ်သည့် ကုသမှုကို မရှာဖွေကြပေ။ အဆုံးတွင်၊ ၎င်းတို့၏ ကိုယ်ခန္ဓာက လမ်းလျှောက်ဖို့ အလွန်အားနည်းသွားသည့် နေ့တစ်နေ့ထိတိုင် ထိုသို့ဖြစ်ပြီး၊ ဆေးစစ်ဖို့အတွက် ဆေးရုံသို့သွားသည့်အခါ ၎င်းတို့တွင် ကင်ဆာ အဆင့်နှောင်းပိုင်း ရှိနှင့်ကြပြီးဖြစ်သည်။ လူတို့သည် မကုသသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည့်အခါ၊ ထိုအရာက ကုသမရနိုင်သည့် ဂယက်ရိုက်မှုများကိုလည်း ဖြစ်စေနိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိခြင်းသည် ကြောက်လန့်ရမည့်အရာတစ်ခု မဟုတ်ဘဲ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည့်သူတစ်ဦးသည် ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချက်ချင်းဖြေရှင်းရန် သမ္မာတရား ရှာဖွေရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်းချင်း သန့်စင်နိုင်ပေသည်။ ထိုအရာကို ဖြေရှင်းခြင်းအား ၎င်းတို့ အာရုံမစိုက်လျှင်၊ ယင်းသည် ပိုပိုပြီး ဆိုးရွားပြင်းထန်လာလိမ့်မည်ဖြစ်ကာ ၎င်းတို့က ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး အတိုက်အခံလုပ်နိုင်ကာ ဘုရားသခင်၏ ပစ်ပယ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်ပေသည်။

လူအချို့သည် အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရရှိကြသည်။ ပေါလုကဲ့သို့သော လူများဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိခြင်း၊ သရဖူတစ်ခု ရရှိခြင်းနှင့် ဆုလာဘ်များ ရရှိခြင်းတို့အပေါ် စဉ်ဆက်မပြတ် အာရုံစိုက်ကြပြီး၊ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသော လူများကို ထိန်းချုပ်နိုင်သည့် ခေါင်းဆောင်များနှင့် တမန်တော်များ အမြဲ ဖြစ်လိုကြသော်လည်း၊ ဘုရားသခင်အား ၎င်းတို့ကို ပစ်ပယ်စေခြင်းအဖြစ်သို့သာ ရောက်သွားကြသည်။ မှားယွင်းသည့် လမ်းကြောင်းဖြစ်သည့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းကို ၎င်းတို့ လျှောက်ကြသည်။ လူအချို့သည် သမ္မာတရားကို မချစ်ကြ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက မှားယွင်းသည်ကို ၎င်းတို့ သိကြသော်လည်း၊ မှားယွင်းသည့်လမ်းကြောင်းကို မည်သို့ဆိုစေ ရွေးချယ်ကြဆဲဖြစ်သည်။ ဘုရားသခင်သည် နှစ်သိမ့်မှု၊ တိုက်တွန်းမှု၊ အသိပေးချက်၊ သတိပေးချက်၊ ဖော်ထုတ်မှု၊ ပြုပြင်ခြင်းနှင့် အပြစ်ဖော်ဆုံးမခြင်းမျိုးစုံတို့ကို ပေးလျက်၊ သူ၏ ရွေးချယ်ထားသော လူတို့ကို စိတ်ရှည်စွာနှင့် လေးနက်စွာ တိုက်တွန်းထားပြီးဖြစ်သည်။ ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်ကာ၊ သို့တိုင် လူတို့သည် ထိုအရာကို မိမိတို့နားများအား ဖြတ်တိုက်သွားသည့် လေမျှသာဖြစ်သည့်အလား မှတ်ယူလျက် အလေးအနက်မထားကြပေ။ ထိုအရာကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြဘဲ၊ မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ဆန္ဒများအတိုင်း၊ မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ မာနနှင့် ဝင့်ဝါမှုတို့ကို စောင့်ရှောက်ကြဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်အတွက် နေရာတကာတွင် လျှို့ဝှက်ကြံစည်ကြပြီး၊ မိမိတို့ကိုယ်ပိုင် ဂုဏ်နှင့် ရှေ့ရေးများအတွက် နေရာတကာတွင် စီစဉ်ပြီး ပြုမူဆောင်ရွက်ကြကာ ဦးနှောက်ခြောက်ခံစဉ်းစား၍ အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့က၊ “ငါသည် ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံလေပြီ။ ငါ့အတွက် ဘုန်းအသရေရှိသော သရဖူ ပြင်ဆင်ထားသည်”ဟုပင် တွေးကြပြီး ပေါလုပြောခဲ့သည့် စကားများကိုပင် ပြောဆိုကြလေသည်။ အမှန်တွင်၊ မည်သည့် လမ်းကြောင်းပေါ် ၎င်းတို့ ရှိကြသည်ကို မသိကြသကဲ့သို့ ဘုရားသခင်၏ ရှုတ်ချခြင်း ခံရပြီးဖြစ်သည်ကိုလည်း မသိကြပေ။ တစ်နေ့တွင် ဤအရာက ကြီးမားသည့် ကပ်ဘေးတစ်ခုဆီသို့ ဆိုက်ရောက်စေသည့်အခါတွင်၊ နောင်တရဖို့ ၎င်းတို့ သိကြလိမ့်မည်လော။ ထိုအချိန်ရောက်လာသည့်အခါ၊ ၎င်းတို့က၊ “ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီး၊ သိသာထင်ရှားသည့် ပံ့ပိုးမှုများ ပြုလုပ်ပြီးဖြစ်သည်။ ပံ့ပိုးမှုများမဟုတ်လျှင်၊ အနည်းဆုံးအနေဖြင့် ဆင်းရဲဒုက္ခခံစားရပြီး ဖြစ်သည်။ ဆင်းရဲဒုက္ခခံစားရခြင်း မဟုတ်လျှင်၊ အနည်းဆုံးအနေဖြင့် မိမိကိုယ်ကို မောပန်းနွမ်းနယ်စေပြီးဖြစ်သည်”ဟု ပြောလျက်၊ ၎င်းတို့ အတိုက်အခံလုပ်ကြလိမ့်မည်။ ၎င်းတို့ လုပ်ဆောင်ပြီးသည့်အရာများက တစ်ပြားမတန်ပေ။ ယင်းတို့သည် ကောင်းမွန်သည့် လုပ်ဆောင်ချက်များ ဖြစ်နိုင်သလော။ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ခဲ့သလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ခဲ့သလော။ ၎င်းတို့သည် ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှုတွင် ပါဝင်နေခဲ့ကြခြင်း ဖြစ်သည်။ ဤကာလအတောအတွင်းတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို နက်နဲပုံရသည့် စကားများနှင့် အယူဝါဒ အများအပြားဖြင့် ပြင်ဆင်ထားကြသည်။ ၎င်းတို့သည် စကားပြောကာ ဩဝါဒပေးနိုင်ကြပြီး၊ မိမိတို့ကိုယ်ကို အသုံးခံလျက် ဟိုသည်ပြေးလွှားနိုင်ကြသော်လည်း၊ မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ ဘာဆိုဘာမျှ မလုပ်ဆောင်ခဲ့ကြပေ။ ၎င်းတို့သည် မိမိတို့ အနီးဝန်းကျင်ရှိ လူများကို စွဲဆောင်ခြင်း၊ လူတိုင်းကို မိမိနယ်ပယ်ထဲသို့ ဆွဲခေါ်ခြင်းကို ကောင်းစွာ လုပ်နိုင်ခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာမရှိဘဲ အံတု၍မရနိုင်သည့် ခေါင်းဆောင်ဖြစ်လာကြသည်။ ဤသည်မှာ မကောင်းမှုပြုခြင်း မဟုတ်လော။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမရှိခဲ့ကြသည့်အတွက်၊ ၎င်းတို့အတွက် နောက်ဆုံးရလဒ်မှာ ပကတိအတိုင်း ရှင်းနေပေမည်။ သို့သော် ဤအခြေအနေတွင်ပင်လျှင် ၎င်းတို့သည် သရဖူတစ်ခု ရလိုကြဆဲဖြစ်သည်။ ၎င်းတို့ မည်မျှ အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်ကြသနည်း။ ဤသည်ကို အရှက်မဲ့သည့် ရဲတင်းမှုဟု ခေါ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရသည့် အဆုံးတွင်ပင်လျှင် အဘယ်ကြောင့် အငြင်းပွားနိုင်ကြသနည်း။ ၎င်းတို့သည် မကောင်းမှုမျိုးစုံ ကျူးလွန်လျက် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ကြသည်။ ၎င်းတို့သည် ခံယူချက်ဖြင့် အဘယ်သို့ ဘုရားသခင်ကို အငြင်းပွားကာ မိမိတို့ကိုယ်ကိုယ် ခုခံချေပနိုင်ကြသေးသနည်း။ ဘုရားသခင်ကို ဤကဲ့သို့ ၎င်းတို့ အတိုက်အခံလုပ်နိုင်သည့် ပြဿနာမှာ အဘယ်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းနောက်ကွယ်တွင် ဆင်ခြင်တုံတရားတစ်ခုတလေ ရှိသည်ဟု သင်တို့ ထင်သလော။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိကြသလော။ ပုံမှန်လူများသည် ဘုရားနှုတ်ကပတ်တော်များစွာကို ကြားပြီးသည့်နောက်တွင်၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ဤဆက်ဆံမှုက ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး အားလုံး မှန်ကန်ကြောင်း အသိအမှတ်ပြုရမည်ဖြစ်သည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသည့် စာကြောင်းတစ်ခုခု ရှိလျှင်ပင်၊ ဘုရားသခင်ကို ၎င်းတို့ အကဲမဖြတ်သင့်ပေ။ ကျိုးနွံနာခံသည့် စိတ်နှလုံးတစ်ခု ရှိသင့်ကြပေသည်။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း အကြင်သူက အသိအမှတ်ပြုနိုင်ပြီး၊ ဘုရားသခင်ရှေ့တွင် ကျိုးနွံနာခံနိုင်လျှင်၊ ဤသည်မှာ ဘုရားသခင်ကို ဘုရားအဖြစ် သဘောထားခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော အခြေအနေတွင်၊ တစ်ခါတစ်ရံ ဘုရားသခင်အကြောင်း အယူအဆနှင့် အထင်လွဲမှုအချို့ ဖြစ်ပေါ်လျှင်၊ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေဖို့ လွယ်ကူသည် မဟုတ်လော။ အဓိကအချက်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ဤသည်မှာ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်တစ်ခု ဖြစ်သည်။ ပေါလုနှင့် အလားတူသည့် မယုံကြည်သူများနှင့် အန္တိခရစ်များသည် ဘုရားသခင်ကို ဆန့်ကျင်နိုင်ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ (ဘုရားသခင်ကို ဘုရားအဖြစ် ၎င်းတို့ မဆက်ဆံကြပါ။) ဤသည်မှာ အကြောင်းရင်းတည်ရှိသည့်နေရာ ဖြစ်သည်။ ၎င်းတို့ မည်မျှ စကားပြောကောင်းသည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ လုံ့လဝီရိယရှိရှိ အလုပ်လုပ်ပြီး အလုပ်များကြသည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံကာ မည်မျှ ကြီးမားသည့် အဖိုးအခကို ပေးကြသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောမထားကြပေ။ သို့ဆိုလျှင် သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ကြသလော။ (နားမလည်နိုင်ကြပါ။) ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ကို မည်သို့ကိုင်တွယ်သည်ဖြစ်စေ၊ ၎င်းတို့တွင် ကန့်ကွက်ချက်များရှိကြသည် သို့မဟုတ် အရှုံးပေးရန် ငြင်းဆန်ကြလေသည်။ ၎င်းတို့သည် အဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် ဆင်ခြင်တုံတရား အနည်းငယ်မျှ လုံးဝ မရှိကြပေ။ ယင်းက ၎င်းတို့အနေဖြင့် သမ္မာတရားကို လုံးဝ လက်မခံကြကြောင်း အတည်ပြုပေသည်။ နှစ်ကာလများအတောအတွင်းတွင်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်ခံနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ အလေးထားနိုင်လျှင်၊ ၎င်းတို့သည် အလွန် စိတ်ကြီးဝင်လွန်းမည်မဟုတ်သကဲ့သို့ ဆန့်ကျင်တတ်လွန်းမည် မဟုတ်ပေ။ ၎င်းတို့အပေါ် ဘုရားသခင်၏ အစီအစဉ်များနှင့် ဆက်ဆံမှုတို့ကို ၎င်းတို့ ဆန့်ကျင်ကြမည်မဟုတ်။ ဤစိတ်နေစိတ်ထားများ ၎င်းတို့ ရှိကြမည်မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် အနည်းငယ်သာ စိတ်ပျက်ကြမည် သို့မဟုတ် သိပ်ရွှင်ပျကြမည်မဟုတ်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် ပုံမှန် အားနည်းချက်များရှိကြသော်လည်း၊ အနည်းဆုံးအနေဖြင့် ၎င်းတို့ လိုက်နာရမည့် နယ်နိမိတ်အချို့ ရှိလေသည်။ ဦးစွာပထမ၊ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအား လက်လျှော့၍မရပေ။ “မည်သည့်အချိန်တွင်ဖြစ်စေ၊ မည်သည့် အလုပ်တာဝန်ကို ဘုရားသခင်က ကျွန်ုပ်ကို ပေးအပ်သည်ဖြစ်စေ၊ ထိုအရာကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ဖြစ်နိုင်သမျှ အားထုတ်မှုကို အသုံးပြုလျက်၊ အစွမ်းရှိသမျှ လုပ်ဆောင်ရမည်။ ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်တော့လျှင်ပင် သို့မဟုတ် ကျွန်ုပ်ကို အထင်သေးလျှင်ပင်၊ အနည်းဆုံးအနေဖြင့် ကျွန်ုပ်ကို ပေးအပ်ထားသည့် အလုပ်တာဝန်ကို ကျွန်ုပ် တာဝန်ယူကာ ကောင်းစွာ လုပ်ဆောင်ရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်။ မိမိတာဝန်ကို စွန့်ပစ်၍မရပေ။ ထို့အပြင်၊ အကြင်သူသည် ဘုရားသခင်ကို ငြင်းပယ်၍မရပေ။ “ဘုရားသခင်က ကျွန်ုပ်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ကျွန်ုပ်ကို မည်သို့ကိုင်တွယ်သည်ဖြစ်စေ၊ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို မည်သို့ဖယ်ကြဉ်သည်ဖြစ်စေ၊ ဖော်ထုတ်သည်ဖြစ်စေ၊ လူတိုင်းက ကျွန်ုပ်ကို စွန့်ပစ်လျှင်ပင်၊ ကျွန်ုပ်စိတ်နှလုံးထဲရှိ ဘုရားသခင်၏ နေရာသည် မပြောင်းမလဲရှိနေပြီး လူအဖြစ် ကျွန်ုပ် စွဲကိုင်သင့်သည့်နေရာသည် မပြောင်းမလဲရှိနေသည်။ ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်သည်၊ သူ၏ အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့ မပြောင်းလဲသကဲ့သို့ သူ့ကို ကျွန်ုပ်၏ ဘုရားသခင်အဖြစ် ကျွန်ုပ် ထာဝစဉ် အသိအမှတ်ပြုမည်”ဟူ၍ဖြစ်သည်။ ဤအသိစိတ်လည်း ရှိရမည်။ အခြား မည်သည့်အရာရှိသေးသနည်း။ (ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ ဆက်ဆံပြီး အပြစ်ပေးသည်ဖြစ်စေ၊ သူ့ကို ကျွန်ုပ်တို့ ကျိုးနွံနာခံရမည်။) ဤသည်မှာ ဖြစ်နိုင်သမျှ အနိမ့်ဆုံးသောအရာဖြစ်သည်။ အကြင်သူရှိရမည့် အခြေခံအကျဆုံး အခြေခံစည်း ဖြစ်သည်။ သင်က၊ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် နားမလည်သကဲ့သို့ ဘုရားသခင်က အဘယ်ကြောင့် ဤသို့ပြုမူသည်ကို ကျွန်ုပ် နားမလည်ပါ။ ကျွန်ုပ် မတရားခံရသည်ဟု အနည်းငယ်ခံစားရပြီး၊ ဤအတွက် ကျိုးကြောင်းပြချက်အချို့ ကျွန်ုပ်တွင်ရှိသည်။ သို့သော် ကျွန်ုပ်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသင့်သောကြောင့် မည်သည့်အရာကိုမျှ ကျွန်ုပ် မပြောပါ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်သည် လတ်တလောတွင် နားမလည်သော်လည်း၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ ရှာဖွေရမည်ကို အတိအကျ မသိသော်လည်း၊ ကျိုးနွံနာခံဆဲဖြစ်သင့်သည်”ဟု ပြောသည်။ ဤသည်မှာ အကျိုးသင့်အကြောင်းသင့် ဖြစ်သလော။ (ဖြစ်ပါသည်။) သမ္မာတရားကို လက်မခံသောသူတို့နှင့် အသိစိတ် ကင်းမဲ့သောသူတို့သည် ပြုပြင်ခံရကြသည့်အခါ၊ မည်သည့် သရုပ်သကန်များကို ၎င်းတို့ ပြကြသနည်း။ ၎င်းတို့က၊ “ကျွန်ုပ် ထုတ်ဖော်ပြခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်လော။ ကျွန်ုပ်တွင် မည်သည့် ရှေ့ရေး သို့မဟုတ် ကံကြမ္မာမျှ မရှိဘဲ ကောင်းချီးများကို မရရှိနိုင်လျှင်၊ ကျွန်ုပ် ယုံကြည်မည်မဟုတ်ပါ”ဟု ဆိုကြသည်။ ဤလူစားမျိုးသည် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း ရှိသလော။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်။ အတိုက်အခံလုပ်ပြီး ဆန့်ကျင်လေသည်။ ဤစိတ်သဘောထားမျိုးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်ကို မိမိတို့၏ ဘုရားအဖြစ် ၎င်းတို့ အသိအမှတ်ပြုနိုင်ကြသလော။ ၎င်းတို့၏ စိတ်နှလုံးတွင်၊ ၎င်းတို့က၊ “သူသည် အမှန်တကယ် ဘုရားဖြစ်လျှင်၊ အဘယ်ကြောင့် ကျွန်ုပ်ကို မချစ်သနည်း။ သူသည် အမှန်တကယ် ဘုရားဖြစ်လျှင်၊ အရေးကြီးသည့်အရာတစ်ခုခုအတွက် အဘယ်ကြောင့် ကျွန်ုပ်ကို သူ အသုံးမပြုသနည်း။ ကျွန်ုပ် မြင်သမျှမှာ လူတစ်ဦးဖြစ်သည်။ ဤလောကထဲက မည်သည့်နေရာမဆိုတွင် အဘယ်သို့ ဘုရား ရှိနိုင်မည်နည်း။ သင်တို့အားလုံးသည် မိုက်မဲသူများသာ ဖြစ်သည်။ ဘုရား အဘယ်မှာနည်း။ ကျွန်ုပ်၏ စိတ်နှလုံးတွင် သူ့ကို ကျွန်ုပ် ယုံကြည်လျှင်သာ သူ တည်ရှိသည်။ သူ့ကို ကျွန်ုပ် မယုံကြည်လျှင်၊ မတည်ရှိသကဲ့သို့ သူသည် ဘုရား မဟုတ်ပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့၏ အမြင်သည် ထိုသို့ ပေါ်လွင်ပေသည်။ ၎င်းတို့သည် နှစ်ကာလများအတောအတွင်းတွင် အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခဲ့ကြသည်။ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ လက်ခံခဲ့ကြလျှင်၊ ဤကဲ့သို့သော ရှုထောင့်ကို ၎င်းတို့ ဖြစ်ပေါ်ကြမည်လော။ (ဖြစ်ပေါ်မည်မဟုတ်ပါ။) သာ၍ ဆိုးရွားစွာ မည်သည့်အရာကို ၎င်းတို့ ယခု လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့က အခြားသူတို့ကို လှုံ့ဆော်ကာ လှုပ်ရှားမှုတစ်ခု ပြုလုပ်ကြလိမ့်မည်။ “သင် ယုံကြည်သေးသလော။ အဘယ်သို့ သင် အလွန် မိုက်မဲနိုင်ရသနည်း။ ကပ်ဘေးတစ်ခု လာနေသည်ဟု လွန်ခဲ့သော အချိန်ကြာမြင့်စွာကပင် ၎င်းတို့ ပြောခဲ့ကြသည် မဟုတ်လော။ ထိုကပ်ဘေးက မည်သည့်အချိန်တွင် လာမည်နည်း။ ကမ္ဘာလောက ဖျက်ဆီးခြင်းခံရမည်ဟု ဘုရားသခင် ပြောခဲ့သည် မဟုတ်လော။ ထိုဖျက်ဆီးခြင်းက အဘယ်မှာနည်း။ အသင် လူမိုက်၊ ကြီးမားသည့် ဆုံးရှုံးမှုကို သင် ခံစားရလေပြီ။ ယုံကြည်နေခြင်းကို ရပ်လော့။ မည်သည့်အရာအတွက် သင် ယုံကြည်နေသနည်း။ ကျွန်ုပ် မည်မျှ တော်သည်ကို ကြည့်ပါလော့၊ တစ်လတွင် ယွမ်ထောင်ချီအတော်များများ ကျွန်ုပ် ရသည်။ တစ်လတွင် သင်မည်မျှ ရသနည်း။ ယခု ကမ္ဘာလောကတွင် မည်သည့်အရာ ရေပန်းစားနေသည်ကို ကြည့်ပါလော့။ ကျွန်ုပ် မည်သည့်အရာ ဝတ်ဆင်နေသည်ကို သင် မြင်သနည်း။ အားလုံးက နာမည်ရ အမှတ်တံဆိပ်ရှိသည့်အရာများသာ ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် လူအချို့ကို လုံးဝ စိတ်ရှုပ်ထွေးသည့် အခြေအနေတစ်ခုတွင် ရှိစေလျက်၊ လူတို့ကို လှုံ့ဆော်ကာအထင်အမြင်လွဲမှားစေလိမ့်မည်။ ဤသည်မှာ အသင်းတော်ကို နှောင့်ယှက်ရန် ဘုရားအိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် ဆိုးယုတ်သော လူတစ်ဦး ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့် သဘောထား ရှိကြသနည်း။ “ကျွန်ုပ်၏တာဝန်ကို လုပ်လိုစိတ်ရှိသည့်အခါ လုပ်မည်။ ထိုတာဝန်ကို ကျွန်ုပ် လုပ်ချင်လျှင် လုပ်မည်။ မလုပ်ချင်လျှင် လုပ်မည်မဟုတ်။ ကျွန်ုပ်၏ စိတ်နှလုံးနှင့် ခွန်အားကို ဆက်ကပ်ဖို့ မလိုပါ။ တာဝန်ကို ထမ်းဆောင်ခြင်းသည် ကိုယ့်ကိုယ်ကိုယ်အတွက် အမှုအရာများ လုပ်ဆောင်ခြင်းမဟုတ်။ အသင်းတော်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို မည်သည့်နေရာတွင်မျှ ကျွန်ုပ် မြင်ပင်မမြင်ရပါ။ ဘုရားသခင်က ကျွန်ုပ်ကို သတိရမည်လောဟူသည်ကို ကျွန်ုပ် သိပင်မသိဘဲ၊ ၎င်းတို့က ကျွန်ုပ်၏ စိတ်နှလုံး၊ ကျွန်ုပ်၏ အစွမ်းသတ္တိနှင့် ဉာဏ်တို့ကို ရည်စူးအပ်နှံစေလိုကြဆဲဖြစ်သည်။ အဘယ်အဓိပ္ပာယ်ရှိပါသနည်း။ စကားအနည်းငယ် ရေရွတ်ခြင်းအားဖြင့် ဖြတ်ကျော်ရုံမျှ ဖြတ်ကျော်လျှင် လုံလောက်လှပေပြီ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ စွဲကိုင်သည့် အမြင်ဖြစ်သည်။ မိမိ၏ အစွမ်းသတ္တိ၊ စိတ်နှလုံးနှင့် ဉာဏ်တို့ကို တာဝန်ထမ်းဆောင်ခြင်းအတွက် ရည်စူးအပ်နှံခြင်းက မိုက်မဲပြီး အကျိုးမရှိဟု ၎င်းတို့ တွေးထင်ကြသည်။ ထိုသို့သော လူတစ်ဦးကို သင်တို့ ယခု ကြုံရမည်ဆိုလျှင်၊ ၎င်းတို့အားဖြင့် သင်တို့ အထင်အမြင်လွဲမှားကာ လွှမ်းမိုးခြင်းခံရမည်လော။ သင်သည် အခြေခံအုတ်မြစ် ကင်းမဲ့ပြီး သမ္မာတရားကို နားမလည်လျှင်၊ မုချ အထင်အမြင်လွဲမှားစေခြင်းခံရမည်ဖြစ်ပြီး လွှမ်းမိုးခြင်းခံရလိမ့်မည်ဖြစ်ကာ အချိန်ကြာလာသည်နှင့်အမျှ၊ လမ်းပျောက်လျက် အဆုံးသတ်သွားလိမ့်မည်။

ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ ရည်ရွယ်ချက်အပြင် ထိုသို့လုပ်ဆောင်လျက်မည်သည့်အဓိကပြဿနာများကို ဖြေရှင်းသင့်သည်ဆိုသည်ကို ရှင်းလင်းနေရမည်။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များ စားသောက်ခြင်းကို တစ်ကြိမ်တစ်ခါမျှ အာရုံမစိုက်ဘဲ နှစ်အတန်ကြာ ဘုရားသခင်ကို ယုံကြည်လျှင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာက မပြေမလည်ရှိနေလိမ့်မည်သာမက၊ နားလည်သင့်သည့် အနည်းဆုံး သမ္မာတရား ပမာဏကိုပင်လျှင် နားလည်လိမ့်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင်၊ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ အထင်အမြင်လွဲမှားစေခြင်းခံရပြီး မှားယွင်းသည့် အချိုးအကွေ့တစ်ခုကို သွားဖို့ အလွန်လွယ်ကူပေသည်။ အကြင်သူသည် သမ္မာတရားကို နားမလည်လျှင်၊ ယိမ်းယိုင်ဖို့ အလားအလာအရှိဆုံး ဖြစ်လိမ့်မည်။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ဒုက္ခပြဿနာ၏ လက္ခဏာ အနည်းငယ်မျှနှင့်ပင် ရင်ဆိုင်ရသည့်အခါ၊ မိမိတို့၏ ရပ်တည်ချက်ကို ထိန်းသိမ်းရန် ၎င်းတို့အတွက် ခက်ခဲလိမ့်မည်။ ထို့ကြောင့်၊ ဘုရားနှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုခြင်းအား လုပ်ဆောင်ရန်နှင့် သမ္မာတရားကို သာ၍ မကြာခဏ မိတ်သဟာယပြုရန်မှာ လူတို့အတွက် အကျိုးအရှိဆုံး ဖြစ်သည်။ ကျမ်းစာတွင် ဘုရားသခင် ပြောထားသည့် အလွန်အရေးပါသော အရာတစ်ခု ရှိသည်။ “ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၃၅)ဟူ၍ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက လူတို့ကို မည်သည့်အရာ အကြံပြုသနည်း။ ဘုရားနှုတ်ကပတ်တော်များက တည်လိမ့်မည်ဟူသည့်အရာက မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အချိန်တွင်ဖြစ်စေ၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်က အစဉ်အမြဲ သမ္မာတရားဖြစ်လိမ့်မည်၊ ဤအရာ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ လူတို့အတွက် ဤစကားများ၏ တန်ဖိုးဖြစ်စေ၊ အရေးပါမှုဖြစ်စေ၊ သို့မဟုတ် ဤစကားများ၏ အတွင်းပိုင်း အဓိပ္ပာယ်နှင့် လက်တွေ့ကျမှုတို့ဖြစ်စေ၊ ထိုအရာများက လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်။ ထိုအရာများသည် မူလစကားများ ဖြစ်နေလိမ့်မည်ဖြစ်ပြီး၊ အခြားမည်သည့်အရာမျှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရက မပြောင်းလဲနိုင်ပေ။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို ရိုးသားရန် ပြောဆိုသည်။ ဤစကားများသည် သမ္မာတရားဖြစ်ပြီး၊ မည်သည့်အခါတွင်မျှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် ထိုအရာများက မည်သည့်အခါတွင်မျှ ပျောက်ကွယ်မည်မဟုတ်သနည်း။ လူတို့ ရိုးသားဖို့ရန်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှကြည့်လျှင်၊ ရှေးအတီတေ အချိန်ကာလမှ တည်ရှိခဲ့ပြီး ထာဝရ ဆက်လက် တည်ရှိလိမ့်မည့် သစ္စာရှိသော ဘုရားသခင်၏ အနှစ်သာရ သွင်ပြင်လက္ခဏာကို မြင်နိုင်ပေသည်။ ထိုအနှစ်သာရ သွင်ပြင်လက္ခဏာသည် အချိန်ကာလများ၊ ပထဝီဝင်မြေ သို့မဟုတ် အာကာသတွင် ပြောင်းလဲမှုများကြောင့် ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်၏ အနှစ်သာရသည် ထာဝရတည်ရှိလိမ့်မည်။ ဤဘုရားသခင်၏ အနှစ်သာရ ထာဝရ တည်ရှိခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အပြုသဘောဆောင်သောအရာဖြစ်ပြီး ဖန်ဆင်းရှင် ပိုင်ဆိုင်သည့် အနှစ်သာရဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာသည် မည်သည့်အခါတွင်မျှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်သကဲ့သို့ အစဉ်ထာဝရ သမ္မာတရား ဖြစ်လိမ့်မည်။ ဖန်ဆင်းရှင်ဖော်ပြသည့် ဤသမ္မာတရားအားလုံးကို သင် တွေ့ကြုံပြီး၊ သင်၏ ဖြစ်တည်မှုအဖြစ်သို့ ထိုအရာများကို အမှန်တကယ်ဖြစ်စေလျှင်၊ ထိုအရာအားလုံးကို လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်လျှင်၊ လူတစ်ဦးကဲ့သို့ သင် အသက်ရှင်နေထိုင်နိုင်လိမ့်မည် မဟုတ်လော။ အသက်ရှင်ခြင်းက တန်ဖိုးရှိမည် မဟုတ်လော။ သင် စွန့်ပစ်ခံခဲ့ရမည်လော။ ဘုရားသခင် သင့်ကို ပေးပြီးဖြစ်သည့် သမ္မာတရားအားလုံးကို တွေ့ကြုံခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းသည် သင်၏ ထွက်ပေါက်ဖြစ်သည် မဟုတ်လော။ ဤလမ်းကြောင်းကသာ လူသားမျိုးနွယ်ကို ရှင်သန်ခွင့်ပေးနိုင်သည်။ လူတို့သည် သမ္မာတရားကို လက်မခံနိုင်ဘဲ သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို မလျှောက်ကြလျှင်၊ နောက်ဆုံးတွင် ပျောက်ကွယ်ကာ ဖျက်ဆီးခံရကြလိမ့်မည် ဖြစ်သည်။ သင်က၊ “ယခု ကျွန်ုပ် အဆင်ပြေပြေ အသက်ရှင်နေသည်သာ မဟုတ်လော”ဟု ပြောကောင်းပြောမည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မရရှိလျှင်၊ အနှေးနှင့်အမြန် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဖြစ်သည်။ “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။” ဟူသည့် ဤစာကြောင်းသည် အလွန်နက်နဲသော အဓိပ္ပာယ်ရှိပေသည်။ ထိုအရာသည် လူတို့အတွက် အကြီးမားဆုံးသော သတိပေးချက်လည်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည်သာ သမ္မာတရားဖြစ်ပြီး၊ သမ္မာတရားကို သင် လက်ခံမှသာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည်။ ဆိုလိုသည်မှာ၊ ဘုရားနှုတ်ကပတ်တော်များကို သင် စားသောက်လျှင်၊ လက်တွေ့လုပ်ဆောင်ပြီး လူသားမျိုးနွယ် အသွင်အချို့ကို သင် အသက်ရှင်နေထိုင်နိုင်လျှင်၊ သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တန်ဖိုး တည်သောနေရာဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များသည် လူတစ်ဦး၏ အသက်ဖြစ်လာနိုင်သလော။ ဤနေရာတွင် အသက်က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာမှာ သင် အသက်ရှင်နိုင်သည်၊ သင် ကယ်တင်ခံရသည်ဟု ဆိုလိုပေသည်။ ဤစကားများကို သင် လက်ခံလျှင်၊ နားလည်ပြီး လက်တွေ့လုပ်ဆောင်လျှင်၊ သင်သည် ဘုရားသခင်၏ အမြင်တွင် အသက်ရှင်သော လူတစ်ဦး ဖြစ်လာပေသည်။ သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ဘဲ လှည့်ဖြားတတ်သောသူတစ်ဦးဖြစ်လျှင်၊ ဘုရားသခင်၏ အမြင်တွင် လမ်းလျှောက်နေသည့် လောင်းကောင်တစ်ကောင်၊ လူသေတစ်ယောက်သာ ဖြစ်ပြီး အရာအားလုံးကဲ့သို့ပင် သင်ပျောက်ကွယ်သွားမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့် ဘာမျှ ပတ်သက်ခြင်းမရှိသည့် မည်သည့်အရာမဆို၊ ဒြပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်က ခေတ်ကို ပြောင်းလဲပြီး ကမ္ဘာလောကကို အသစ်ပြုပြင်သည့်အခါ ပျောက်ကွယ်သွားရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသာ ပျောက်ကွယ်လိမ့်မည်မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့် ဆက်စပ်သည့်အရာအားလုံးသာ ပျောက်ကွယ်လိမ့်မည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းက ထိုမျှ အရေးကြီးပေသည်။

ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းက အရေးကြီးသည်ကို လူတို့ သိကြသော်လည်း၊ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုလည်း ရှိရမည်ဖြစ်သည်။ ဤသည်မှာ အသက်ဝင်ရောက်မှု လမ်းကြောင်းဖြစ်ပြီး၊ ထိုအရာကို ၎င်းတို့ စိတ်နှလုံးတွင် အရေးထားရမည်ဖြစ်ပြီး နေ့စဉ် တွေ့ကြုံရမည်။ သင့်အနေဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့မည်ကို အမြဲ စိုးရိမ်ပြီး၊ တစ်နေ့ သင် ဖယ်ရှားရှင်းလင်းခံရမည်ကို ကြောက်ရွံ့နေလျှင်၊ ယင်းမှာ ပြဿနာတစ်ခု ဖြစ်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားနှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိ၊ တွေ့ကြုံခြင်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့တွင် ယုံကြည်ခြင်းမရှိသောကြောင့်သာ မဟုတ်ပေ။ အဓိကအားဖြင့် စာတန်၏ သဘာဝအားဖြင့် ၎င်းတို့ လှုံ့ဆော်ခံရသောကြောင့်ဖြစ်သည်။ သင်သည် ကောင်းချီးများကိုသာ ရရှိချင်သော်လည်း သမ္မာတရားကို မချစ်ပေ။ သင်သည် ဤရည်ရွယ်ချက်၏ စိုးမိုးခြင်းခံရလျှင်၊ သင့်အတွက် ကောင်းမွန်သည့် ရလဒ်မရှိနိုင်ပေ။ ထို့ကြောင့်၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ထိုအရာကို မစစ်ဆေးဘဲ သင့်အတွင်းတွင် ပျံ့နှံ့ခွင့်ပေး၍မရပေ။ သင်သည် သမ္မာတရားကို ရှာဖွေပြီး သင့်ကိုယ်သင် သုံးသပ်ရမည်။ “သမ္မာတရားကို ငါ အဘယ်ကြောင့် လက်တွေ့လုပ်ဆောင်ခြင်း မရှိသနည်း။ ဖယ်ရှားရှင်းလင်းခံရမည်ကို ငါ အဘယ်ကြောင့် အမြဲ စိုးရိမ်သနည်း။ ဤအခြေအနေသည် မမှန်ပါ။ ငါ ဖြေရှင်းရမည်”ဟူ၍ ဖြစ်သည်။ သမ္မာတရားကို ရှာဖွေပြီး သင်၏ ပြဿနာများကို ဖြေရှင်းရန် သိရှိခြင်းက တိုးတက်မှု မဟုတ်လော။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ မိမိတို့ ပြဿနာများကို ဖြေရှင်းရန် မသိသောလူတို့သည် ထုံထိုင်းသည်၊ ဉာဏ်မရှိပေ၊ ပုန်ကန်တတ်ပြီး စိတ်နှလုံးခိုင်မာလေသည်။ ဤသည်မှာ ပြဿနာဖြစ်ကြောင်း လူအချို့က သိကြသည့်တိုင် ပြုပြင်ဖို့ မကြိုးစားကြပေ။ ၎င်းတို့က၊ “ဤသို့ စဉ်းစားခြင်းက ငါ့အတွက် အတော့်ကို ပုံမှန်ဖြစ်သည် မဟုတ်လော။ ကောင်းချီးများရရှိရန် ငါ၏ ရည်ရွယ်ချက်ကို အဘယ်ကြောင့် ငါ ဖြေရှင်းရန် လိုအပ်သနည်း။ ထိုအရာကို ငါ ဖြေရှင်းလျှင်၊ ငါ ဆုံးရှုံးမည်ဖြစ်သည်”ဟု တွေးကြသည်။ ဤသည်မှာ စိတ်နှလုံး ခိုင်မာခြင်း မဟုတ်လော။ လူအချို့မှာ ထုံထိုင်းကြသည်။ ကောင်းချီးများရရှိရန် အလိုရှိခြင်းသည် ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ စိတ်သဘောထားနှင့်လည်းကောင်း သက်ဆိုင်သည့် ပြဿနာဖြစ်သည်ကို ၎င်းတို့ သဘောမပေါက်ကြပေ။ ၎င်းတို့က၊ “ဘုရားသခင်ကို ယုံကြည်သည့်လူများက ကောင်းချီးခံစားရဖို့ အလိုရှိခြင်းသည် ပုံမှန်ဖြစ်သည် မဟုတ်လော။ ဤရည်ရွယ်ချက်ရှိခြင်းကို ပြဿနာတစ်ခုအဖြစ် ထည့်သွင်းရေတွက်၍မရပါ”ဟု တွေးကြသည်။ ထိုသို့သော အတွေးများနှင့် အမြင်များသည် မှန်ကန်သလော။ ကောင်းချီးများ ရရှိရန် မိမိ၏ ရည်ရွယ်ချက်ကို မဖြေရှင်းဘဲ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်းမခံရလျှင်၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ကျိုးနွံနာခံနိုင်ကြသလော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ထိုအရာသည် တစ်စုံတစ်ဦးက နေမကောင်းသည့်အချိန်နှင့်တူသည်။ ၎င်းတို့ အအေးမိမည်ကို သိကြသောကြောင့်၊ သောက်ဖို့ ဆေးတစ်ခုခုကို အမြန်ရှာကြသည်။ သို့သော် အခြားသူတို့မှာ ထုံထိုင်းကြသည်။ မိမိတို့တွင် ရောင်ရမ်းခြင်းရှိသည်ကိုပင် မသိကြ။ ၎င်းတို့အနေဖြင့် လည့်လည်သွားလာ၍သာ ယခုတစ်လော နေမကောင်းဖြစ်ကြောင်းကို လူတို့အား ပြောကြသည်။ အအေးမိရောဂါ၏ အစောပိုင်း လက္ခဏာများကို ၎င်းတို့ တွေ့ကြုံနေရကြောင် မသိသကဲ့သို့ ထိုအရာကို အလေးအနက်မထားဘဲ ရှိနေကြသည်။ လူအချို့က၊ “အအေးမိခြင်းသာ ဖြစ်သည်။ ထိုအရာက အဘယ်မျှဆိုးနိုင်သနည်း”ဟုပင် တွေးကြသည်။ ရေကို သောက်သင့်သော်လည်း မသောက်ကြ။ ဆေးသောက်သင့်သော်လည်း မသောက်ကြ။ ထိုအရာကို ၎င်းတို့ အောင့်အည်း၍သာခံလိုက်ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့ အအေးမိပြီး၊ ရက်အချို့ကြာ ဖျားနာကြသည်။ ယင်းက ၎င်းတို့အား ကိစ္စတော်တော်များများကို နှောင့်နှေးသွားစေသည်။ လူတို့သည် မိမိတို့၏ မတူကွဲပြားသော အခြေအနေများကို မိမိတို့၏ ရောဂါများအပေါ် မှတ်ယူသည့် အလားတူ သဘောထားဖြင့် မှတ်ယူကြသည်။ လူအချို့သည် သေးငယ်သည့် ပြဿနာများကို အလျင်အမြန် ဖြေရှင်းနိုင်ကြသော်လည်း၊ အကြီးစား ပြဿနာများကိုမူ လုံးဝ မဖြေရှင်းကြပေ။ ဤကိစ္စရပ်တွင် အချိန်ဆွဲနေခြင်းအားဖြင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြေလည်ဘဲ ကျန်ရှိနေပြီး အသက်ဝင်ရောက်မှု ကင်းမဲ့ခြင်းနှင့် မိမိတို့ အသက်ကို ဆုံးရှုံးခြင်းအဖြစ်သို့ ဆိုက်ရောက်စေသည်။ ဤသည်မှာ မိုက်မဲပြီး မသိနားမလည်ခြင်း မဟုတ်လော။ အလွန်မိုက်မဲသောလူတို့သည် သမ္မာတရားကို မရရှိနိုင်ကြသကဲ့သို့ မိမိတို့၏ အသက်ကို အဆုံးခံသွားရသည်။ ဤပုံစံဖြင့် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ မည်သည့်အခါတွင်မျှ ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။

သမ္မာတရားကို လိုက်စားခြင်းသည် မိမိကိုယ်ကိုယ် သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို သိမြင်မှုဖြင့် အစပြုရမည်။ အကြင်သူက မည်သည့်အခြေအနေကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ၎င်းတွင် မည်သည့်မှားယွင်းသော အတွေးများနှင့် အမြင်များ သို့မဟုတ် ပုန်ကန်တတ်သော အခြေအနေများ ရှိသည်ကို ပိုင်းခြားသိမြင်ကာ ဖြေရှင်းလျက်၊ မိမိ၏ အတွင်းပိုင်း အခြေအနေကို အမြဲ သုံးသပ်ဆင်ခြင်ရမည်။ အချိန်ကာလတစ်ခုကြာပြီးနောက်တွင်၊ မတူကွဲပြားသည့် အခြေအနေ သို့မဟုတ် အဖြစ်အပျက်တစ်ခုကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ၊ မမှန်ကန်သည့် အမြင်များနှင့် အခြေအနေအချို့ ၎င်းတို့ ဖြစ်ပေါ်လိမ့်မည်ဖြစ်ကာ ထိုအရာများကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေရမည်ဖြစ်သည်။ မိမိကိုယ်ကိုယ် အဆက်မပြတ် သုံးသပ်ခြင်းနှင့် သိရှိလာခြင်းအားဖြင့်၊ မိမိ၏ ကိုယ်ပိုင် မမှန်ကန်သည့် အမြင်များနှင့် ပုန်ကန်တတ်သော အခြေအနေများကို ဖြေရှင်းခြင်းအားဖြင့်၊ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့ဘာသာ ထုတ်ဖော်ပြမှု လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူသွားလိမ့်မည်။ ဤသည်မှာ အသက်တာကြီးထွားမှု ဖြစ်စဉ်ဖြစ်သည်။ အကြင်သူက မည်သည့်အခြေအနေကို ကြုံရသည်ဖြစ်စေ၊ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး၊ မည်သည့်အရာကို ကြံရွယ်သည်ဖြစ်စေ၊ စီစဉ်သည်ဖြစ်စေ၊ သမ္မာတရားနှင့် အညီဖြစ်သည့်အရာကို လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး၊ သမ္မာတရားနှင့်အညီ မဟုတ်သည့်အရာကို ချုပ်ထိန်းရမည်။ ထို့အပြင်၊ ၎င်းတို့သည် တရားမျှတမှုအတွက် ဆန္ဒပြင်းပြရမည်ဖြစ်ပြီး၊ သမ္မာတရားအတွက်၊ ဘုရားသခင်ကို သိသည့်အသိပညာအတွက်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်အတွက်လည်းကောင်း ကြိုးပမ်းရမည်။ ဤသို့ဖြင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ထုတ်ဖော်ပြချက်များကို မကြာခဏ သာ၍ ရှာဖွေတွေ့ရှိနိုင်ပြီး၊ သမ္မာတရားကို တမ်းတသည့် စိတ်နှလုံး ဖြစ်ပေါ်နိုင်ပေသည်။ အချိန်ကာလတစ်ခုကြာ ဤသို့ တွေ့ကြုံပြီးနောက်တွင်၊ သမ္မာတရားအချို့ကို ၎င်းတို့ နားလည်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းက သာ၍ ကြီးမားသည်ထက် ကြီးမားလာလိမ့်မည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု မရှိဘဲနှင့်၊ အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ပြော၍ မရပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတွင်း အသက်ရှင်သောသူတစ်ဦးသည် ၎င်း၏ စကားများနှင့် လုပ်ရပ်များက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ၊ စည်းမျဉ်းများကို ဆန့်ကျင်ခြင်း ရှိမရှိ မဆန်းစစ်ဘဲ၊ ထိုအစား တရားဥပဒေကို ၎င်းတို့ ချိုးဖောက်မိပြီလော သို့မဟုတ် ပြစ်မှုများကို ကျူးလွန်မိသလောဟူသမျှကိုသာ စစ်ဆေးနေလျှင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အလေးမထားဘဲ မိမိ၏ ပုန်ကန်တတ်သော အခြေအနေ ဘာဆိုဘာမျှ ဂရုမစိုက်ဘဲရှိနေလျှင်၊ အပြင်ပန်းအားဖြင့် တရားဥပဒေကို ၎င်းတို့ မချိုးဖောက်နိုင်သော်လည်း၊ ပြစ်မှုများကို မကျူးလွန်နိုင်သော်လည်း၊ အမှန်တရားမှာ ၎င်းတို့သည် စာတန်၏ တန်ခိုးအာဏာအောက်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် ၎င်းတို့ အသက်ရှင်နေကြဆဲဖြစ်လျှင်၊ ထိုသို့သော လူတစ်ဦးသည် သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်ခြင်း မရှိသေးသကဲ့သို့ ၎င်းသည် ကယ်တင်ခြင်းကို ရရှိမည့်သူတစ်ဦး မဟုတ်ပေ။ ကမ္ဘာလောကတွင် လူတို့သည် ဆယ်စုနှစ်အချို့ကြာ အသက်ရှင်နေထိုင်ပြီး လောကီအရာများကို နားလည်နိုင်သည့်အခါ၊ ၎င်းတို့က မိမိတို့ ပါးနပ်လိမ္မာသည်၊ အမှားကင်းပြီး အံ့ဩဖွယ်ဖြစ်သည်ဟု တွေးထင်ကြသော်လည်း၊ အရေးမပါသည့် လူသားများက ဘုရားသခင်ရှေ့တွင် အစဉ်ထာဝရ နို့စို့ကလေးများသာ ဖြစ်ကြလိမ့်မည့်အတိုင်းပင်၊ သမ္မာတရား၏ မျက်မှောက်တွင်၊ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးက မိုက်မဲပြီး စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ကြလေသည်။ ကယ်တင်ခြင်း ရရှိခြင်းကို လိုက်စားအားထုတ်ခြင်းက ရိုးရှင်းသည့် ကိစ္စမဟုတ်။ သမ္မာတရားများစွာကို သိနားလည်ခြင်း၊ ဝိညာဉ်ရင့်ကျက်မှုတစ်ခုခုထိ ကြီးထွားခြင်း၊ စိတ်စွမ်းအား ရှိခြင်း၊ သင့်လျော်သည့် ပတ်ဝန်းကျင်တစ်ခု ရှိခြင်း၊ သမ္မာတရားကို တဖြည်းဖြည်း လက်တွေ့လုပ်ဆောင်ခြင်းတို့ လိုအပ်သည်။ ဤသို့ဖြင့် အကြင်သူ၏ယုံကြည်ခြင်းသည် နည်းနည်းချင်း ပျိုးထောင်ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ သံသယများနှင့် အထင်လွဲမှုများ နည်းသည်ထက် နည်းပါးလာလိမ့်မည်။ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ သံသယများနှင့် အထင်လွဲမှုများ လျော့နည်းလာသည်နှင့်အမျှ၊ ၎င်းတို့၏ ယုံကြည်ခြင်း တိုးပွားပြီး၊ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ရှာဖွေနိုင်ကြလိမ့်မည်။ သမ္မာတရားကို ၎င်းတို့ နားလည်သည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် သာ၍ နည်းသည်ထက် နည်းပါးသော အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်သည့်အရာများ ရှိကြလိမ့်မည်၊ အပြုသဘောဆောင်ပြီး ကောင်းမွန်သည့်အရာများ သာ၍ ရှိကြလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည့် အချိန်များက တိုးပွားလိမ့်မည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှု ရှိခြင်း ဖြစ်သည်။ ဤအရာက ၎င်းတို့ အရွယ်ရောက်ပြီးဖြစ်သည်ကို ညွှန်ပြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးက တိုး၍ ဒဏ်ခံနိုင်ပြီးဖြစ်သည်ကို ညွှန်ပြသည် မဟုတ်လော။ ဒဏ်ခံနိုင်ခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာမှာ လူတစ်ဦးက စစ်မှန်သည့် ယုံကြည်ခြင်း ရှိသည့်အချိန်ဖြစ်သည်၊ သမ္မာတရားကို နားလည်သည့်အချိန်ဖြစ်သည်၊ ပိုင်းခြားသိမြင်ရန် အစွမ်းအစ ရှိသည့်အချိန်ဖြစ်သည်၊ ဇာတိပကတိကို အောင်မြင်ကျော်လွှားရန် ဘုရားသခင်အပေါ် မှီခိုအားကိုးနိုင်သည့်အချိန်ဖြစ်သည်၊ အပြစ်ကို အောင်မြင်ရန် တတ်စွမ်းမှုရှိသည့်အချိန်ဖြစ်သည်၊ မိမိတို့ သက်သေတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည့်အချိန်ဖြစ်သည်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှု ရှိသည့်အချိန်ဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သည့်အချိန်ဖြစ်သည်။ မိမိတို့တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်သည့်အချိန်ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန်နှင့် စုံလင်စေခြင်းကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ချက်ရှိသည့်အချိန်ဖြစ်သည်။ ဤသည်မှာ အဆက်မပြတ်သော တိုးတက်မှုကို ညွှန်ပြသည် မဟုတ်လော။ ဤသို့ဖြင့် အကြင်သူသည် သမ္မာတရား လိုက်စားခြင်းနှင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းပေါ် အစပြုနိုင်ပေသည်။ ထိုသို့သောလူတစ်ဦးကို မည်သည့် အခြေအနေ သို့မဟုတ် အခက်အခဲကမျှ လွှမ်းမိုးနိုင်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်နောက်လိုက်ခြင်းမှ ထိုသူကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးအခံစားရဆုံး လူတစ်ဦး၊ ဘုရားသခင်က ရရှိရန် မျှော်လင့်သည့် လူတစ်ဦး ဖြစ်သည်။

လတ်တလောတွင် သင်တို့သည် မည်သည့်အခြေအနေတွင် ရှိကြသနည်း။ (တစ်ခါတစ်ရံ အခက်အခဲများကို ကြုံရသည့်အခါ၊ ကျွန်ုပ်တို့ အတော်အတန် အပျက်သဘောဆောင်ကြသော်လည်း၊ အထက်သို့ဆက်ရန် ကြိုးပမ်းနိုင်ပြီး၊ ထိုအရာများကို အောင်မြင်ကျော်လွှားဖို့ ကြိုးစားနိုင်ကြပါသည်။) ဝိညာဉ်ရင့်ကျက်မှု ရှိခြင်းသည် သင်၏အခက်အခဲများကို သင် သတိပြုမိလာသည့်အခါ အောင်မြင်ကျော်လွှားရန် ကနဦးခြေလှမ်းလှမ်းနိုင်ခြင်း ဖြစ်သည်။ သင့်တွင် အခက်အခဲများရှိသည်ကို သိရှိသော်လည်း ယင်းတို့ကို အောင်မြင်ကျော်လွှားရန် သို့မဟုတ် တုံ့ပြန်ရန် မဆောင်ရွက်ခြင်း၊ အပျက်သဘောဆောင်သော အခြေအနေတစ်ခုကို ဟိုသည် သယ်ဆောင်နေခြင်း၊ သင်၏ တာဝန်ကို မတက်ကြွသကဲ့သို့ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်ခြင်းတို့သည် ဖြစ်လေ့ဖြစ်ထရှိပြီး သမားရိုးကျ မြင်ရသည့် အခြေအနေတစ်ခု ဖြစ်သည်။ သာ၍ပင် ဆိုးရွားသည့် တစ်စုံတစ်ရာရှိသည်။ ယင်းမှာ သင် မည်သည့်လူစားမျိုးဖြစ်သည်ကို မသိခြင်းနှင့် မည်သည့် အခြေအနေတွင် သင် ရှိသည်ကို မသိခြင်း၊ သင်၏ အခြေအနေက ကောင်းမွန်ခြင်း၊ ဆိုးရွားခြင်း ရှိမရှိ၊ မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်း ရှိမရှိ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အပြုသဘောဆောင်ခြင်း ရှိမရှိဟူသည်ကို မသိခြင်းဖြစ်သည်။ ဤသည်မှာ ဒုက္ခအပေးဆုံးဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား မည်သည့်နေရာမှ အစပြုရမည်ကို မဆိုထားနှင့်၊ မိမိ၏ အသက်ဝင်ရောက်မှု အသေးစိတ် ပြဿနာများကိုပင် မသိပေ။ ၎င်းတို့တွင် စိတ်ထက်သန်မှုသာ ရှိသော်လည်း မည်သည့် သမ္မာတရားမျှ နားမလည် သို့မဟုတ် မည်သည့် ပိုင်းခြားသိမြင်မှုမျှ မရှိသကဲ့သို့၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်ခုမျှ မပြောနိုင်ကြပေ။ ထိုသို့သော လူတစ်ဦးသည် မည်သည့်အချိန်တွင် ထူးကဲသော သက်သေခံချက်ကို ဘုရားသခင်အတွက် သက်သေခံနိုင်လိမ့်မည်နည်း။ လူအချို့သည် စကားများနှင့် အယူဝါဒများစွာကို ပြောဆိုနိုင်သော်လည်း၊ ၎င်းတို့ကို သင်က၊ “ဘုရားသခင်အတွက် သင် သက်သေခံနေသလော”ဟု မေးလျှင်၊ ၎င်းတို့ ကိုယ်တိုင်ပင်လျှင် မသိကြပေ။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းတစ်ခုမျှမရှိဘဲ သစ္စာစောင့်သိစွာ လုပ်ဆောင်နေသည်ဟု တွေးထင်ကြသည်။ ၎င်းတို့နှင့် ပတ်သက်သည့် အရာရာတိုင်းက ကောင်းမွန်သည်ဟုလည်းကောင်း၊ အရာရာတွင် အခြားလူများထက် ၎င်းတို့ ပိုတော်သည်ဟုလည်းကောင်း တွေးထင်ကြသည်။ အခြားသူတို့ အားနည်းသည့်အခါ၊ ၎င်းတို့ကို ဆုံးပင်ဆုံးမကြသည်။ “အဘယ်ကြောင့် သင် အားနည်းသနည်း။ ဘုရားသခင်ကို ချစ်ပါ၊ လုပ်ပါ။ ဤအဆင့်ပင် ရောက်နှင့်နေပြီဖြစ်ပြီး သင်က အားနည်းနေသေးသည်လော”ဟူ၍ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးတွင် စစ်မှန်မှု မရှိသည်မှာ သိသာထင်ရှား၏။ မိမိ၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းနှင့်ဆိုင်သည့် ပုံမှန် အခြေအနေနှင့် ဖြစ်စဉ်ကို ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် “ဤအချိန်သည် အားနည်းမည့်အချိန် မဟုတ်”ဟူသည်နှင့် “ယခု သင်က သင်၏ မိသားစုများနှင့်ပတ်သက်၍ ပူပန်နေသေးသလော”ဟူသကဲ့သို့သော အများအားဖြင့် ကြားရသည့် ပြောဆိုချက်များကို ထပ်တလဲလဲသာ ပြောဆိုကြပြီး အခြားသူများကို တိုက်တွန်းပြီး ဩဝါဒပေးရန် ထိုသို့သော အယူဝါဒများကို အသုံးပြုလျက်၊ လက်တွေ့ကျသော မည်သည့် ပြဿနာကိုမျှ ဖြေရှင်းခြင်းမရှိပေ။ မိမိ၏ ကိုယ်ပိုင် အခြေအနေကို မသိမြင်နိုင်ခြင်းနှင့် မိမိကိုယ်ကို အမှန်တကယ် မသိရှိနိုင်ခြင်းသည် မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှု၏ အသိသာဆုံးသော သရုပ်သကန်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ ထိုအစား အချို့သော စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်လျှောက်ခြင်းသည် မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုကို ညွှန်ပြပေသည်။ မိမိတာဝန်ကို ဖြည့်ဆည်းပြီး အမှုအရာများကို ကောင်းစွာလုပ်ဆောင်ရန် ဆန္ဒရှိသော်လည်း၊ မည်သည့် စည်းမျဉ်းများ လိုက်လျှောက်ရမည်ကို မသိခြင်းနှင့် မိမိကိုယ်ပိုင် နှစ်ခြိုက်မှုများအတိုင်းသာ အမှုအရာများကို လုပ်ဆောင်ခြင်းသည် မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုတစ်ခုကို ညွှန်ပြသည်။ အခြားသူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို နားထောင်ခြင်းနှင့် ထိုအရာကို မသိမြင်နိုင်ခြင်းဖြစ်စေ၊ ဤအရာမှ မည်သည့် အကျိုးအမြတ်များကို ရရှိသင့်သည် သို့မဟုတ် မည်သည့် သင်ခန်းစာများကို ယူသင့်သည်ဟူသည်ကို ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်းသည် မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုကို ညွှန်ပြသည်။ ဘုရားနှုတ်ကပတ်တော်ကို မတွေ့ကြုံနိုင်သကဲ့သို့ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းနှင့် ဘုရားသခင်ကို ချီးမြှောက်ကာ သက်သေခံခြင်းက မည်သည့်အရာ ဆိုလိုသည်ကို မသိခြင်းတို့သည် မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုတစ်ခု၏ လက္ခဏာများသာ ဖြစ်သည်။ သင်တို့သည် ယခု မည်သည့် အခြေအနေတွင် ရှိကြသနည်း။ (ကျွန်ုပ်တို့သည် ပို၍ မကြာခဏ အပျက်သဘောဆောင်တတ်ကြပါသည်။) ဤအခြေအနေသည် သာ၍ပင် မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုတစ်ခုကို ညွှန်ပြပေသည်။ အလွန် မိုက်မဲပြီး မသိနားမလည်သောလူတို့သည် ဝိညာဉ်ရင့်ကျက်မှု ဘာဆိုဘာမျှ မရှိကြပေ။ သမ္မာတရားများစွာကို ၎င်းတို့ နားလည်နိုင်သည့်အခါတွင်သာ၊ ကိစ္စရပ်များကို သိမြင်နိုင်သည့်အခါတွင်သာ၊ မိမိတို့ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းနိုင်သည့်အခါတွင်သာ၊ အပျက်သဘောဆောင်သော အခြေအနေများ သာ၍ နည်းပါးပြီး ပုံမှန် အခြေအနေများ သာ၍ ရှိကြသည့်အခါတွင်သာ၊ လေးလံသည့် ဝန်ထုပ်များကို ထမ်းပိုးပြီး၊ အခြားသူများကို ဦးဆောင်ကာ ထောက်ပံ့ပေးနိုင်သည့်အခါတွင်သာ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှု ရှိကြလိမ့်မည်။ သင်သည် သမ္မာတရားအတွက် ကြိုးပမ်းရမည်။ သင် သာ၍ကြိုးပမ်းလေ၊ သာ၍ ကြီးထွားလေ ဖြစ်လိမ့်မည်။ သင် မကြိုးပမ်းလျှင်၊ ကြီးထွားလိမ့်မည်မဟုတ်သကဲ့သို့ ဆုတ်ပင် ဆုတ်ယုတ်နိုင်သည်။ ဘုရားသခင်ကို ယုံကြည်ရန်၊ သမ္မာတရားဖြင့် သင် အသက်ရှင်ရမည်။ သမ္မာတရားကို သာ၍ သိနားလည်ခြင်းအားဖြင့်၊ ဝိညာဉ်ရင့်ကျက်မှု သင် ရရှိပေသည်။ သမ္မာတရားကို သင် နားမလည်ပါက၊ ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည် မဟုတ်။ သင်သည် သမ္မာတရားကို ရှာဖွေရန် အစပြုပြီး၊ သင်၏ ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းနိုင်သည့်အခါ၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုက ကြီးထွားပြီးဖြစ်လိမ့်မည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။