မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည် (အပိုင်း တစ်)

သင်တို့သည် ယခုတွင် မိမိတို့ကိုယ်ကို သိရှိရန်၊ အသက်ဝင်ရောက်မှုကို ရရှိရန်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းထဲ ဝင်ရောက်ရန် နည်းလမ်းတစ်ခု ရှိကြပြီလော။ သင်တို့တွင် ရည်မှန်းချက် သို့မဟုတ် ဦးတည်ချက်တစ်ခု ရှိကြသလော။ သင်တို့အနေဖြင့် အနည်းအကျဉ်း နားလည်သင့်လောက်ပေပြီ။ အဘယ်ကြောင့်ဆိုသော် ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၊ မိမိကိုယ်ကို သိရှိခြင်းအကြောင်းတို့အပြင် ဘုရားနှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့မိတ်သဟာယပြုသင့်သည်၊ သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သို့စိတ်သဘောညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သည်၊ ညီအစ်ကို မောင်နှမများအနေဖြင့် အချင်းချင်း ပုံမှန်ဆက်ဆံရေးများကို ထူထောင်ခြင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သည် စသည်တို့ကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ငါတို့သည် အတော်လေး မိတ်သဟာယပြုပြီးသောကြောင့် ဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာများအားလုံးအပေါ် သင်တို့သည် သာ၍ ရှင်းလင်းလာပြီး လက်တွေ့ကျသည့် အသိပညာတချို့လည်း ရှိထားသည့်အပြင် သင်တို့ကို မည်သည့်သွင်ပြင်လက္ခဏာအား မေးသည်ဖြစ်စေ မရေမရာဖြစ်နေခဲ့သည့် ယခင်အချိန်ကကဲ့သို့ သင်တို့ မဟုတ်ကြတော့သဖြင့် များစွာ သာ၍ စိတ်ချမ်းသာကြသည် မဟုတ်လော။ (ယခုတွင် ကျွန်ုပ်သည် သာ၍ ရှင်းသည်ထက် ရှင်းလာပြီဖြစ်ပါသည်။) “ရှင်းသည်ထက် ရှင်းလာသည်” ဟူသည်မှာ မှန်ပေသည်။ အမှန်တွင်၊ အကြင်သူသည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ မိမိကိုယ်ကို လေ့ကျင့်ခြင်းဖြစ်စေ၊ သို့မဟုတ် ယင်းသည် မိမိ၏ ညီအစ်ကို မောင်နှမများနှင့် ရင်းရင်းနှီးနှီး ထိတွေ့ရမည့်ပုံဖြစ်စေ သို့မဟုတ် သာမန် လူ့သဘာဝကို အသက်ရှင်နေထိုင်ရမည့်ပုံဖြစ်စေ၊ သို့မဟုတ် အလားတူ တစ်စုံတစ်ရာကိုဖြစ်စေ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို သင် ဝင်ရောက်ရန် ကြိုးစားသည်ဖြစ်စေ၊ မိမိကိုယ်ကို သိရှိခြင်းနှင့်ဆိုင်သည့် ကိစ္စကို ကိုင်တွယ်ခြင်းအားဖြင့် သင် အစပြုရမည်။ ရိုးသားခြင်းသည် မိမိကိုယ်ကို သိရှိခြင်း ပါဝင်သည် မဟုတ်လော။ သင်သည် သင်ကိုယ်တိုင်၏ လိမ်လည်လှည့်ဖြားတတ်ခြင်းနှင့် မရိုးသားမှုတို့ကို သိရှိမလာမချင်း၊ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသေးသည်ကို သိလာသည့်အခါမှသာ၊ သူ့ကို ကျိုးနွံနာခံမှုအား သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် သို့မဟုတ် သူ့ကို ကျိုးနွံနာခံဖို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ရှာဖွေနိုင်လိမ့်မည်။ သင်သည် မိမိကိုယ်ကို မသိရှိပါက ရိုးသားသည့် လူတစ်ဦးဖြစ်ရန် သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံရန် သို့မဟုတ် ကယ်တင်ခြင်း ရရှိရန်ဟူသည့် သင်၏ ဆန္ဒများအားလုံး အနှစ်မဲ့ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသည့်အပြင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဖောက်ပြန်ပျက်စီးသော ၎င်းတို့စိတ်သဘောထားများဖြင့် အမြဲ စွန်းထင်းနေကာ ထိုစိတ်သဘောထားများ၏ ဟန့်တားခြင်းခံရသည်နှင့်အမျှ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုတလေကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် မလွယ်ကူသောကြောင့် ဖြစ်သည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုတလေကို သင်လက်တွေ့လုပ်ဆောင်သည့်အခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ရိုးသားရန် သင်၏ အားထုတ်မှုများကို တားဆီးလျက်၊ ဘုရားသခင်ကို သင်၏ ကျိုးနွံနာခံခြင်းအား ပိတ်ဆို့လျက်၊ ထို့ပြင် သင်၏ ညီအစ်ကို မောင်နှမများအတွက် သင်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဟန့်တားလျက် ဧကန်မုချ ယင်းဘာသာ ထုတ်ဖော်မည်ဖြစ်သည်။ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သုံးသပ်ခြင်းဖြစ်စေ၊ ဖော်ထုတ်ခြင်းဖြစ်စေ၊ စိတ်ဖြာလေ့လာခြင်းဖြစ်စေ၊ သတိပြုမိလာခြင်းဖြစ်စေ မရှိဘဲ ထိုအစား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအပေါ် အားကိုးပါက သမ္မာတရားကို သင်နားမလည်သကဲ့သို့ မည်သည့်သမ္မာတရား စည်းမျဉ်းများအား လိုက်နာစောင့်ထိန်းရမည်ကို သင်မသိသောကြောင့် စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်နာနေခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ လူတစ်ဦးက သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်နေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းက လုပ်ဆောင်နေသည်ဖြစ်စေ၊ ပထမဦးစွာ မိမိကိုယ်ကို သုံးသပ်ကာ သိရှိရမည်။ သင့်ကိုယ်သင် သိရှိဖို့ဆိုသည်မှာ သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ သင်၏ လုပ်ရပ်တစ်ခုစီတိုင်းကို သိရှိဖို့ ဖြစ်သည်။ ယင်းသည် သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ ရည်ရွယ်ချက်များ၊ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို သိရှိဖို့ဖြစ်သည်။ သင့်အနေဖြင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ အမျိုးမျိုးသော အဆိပ်များအားလုံးအပြင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာတို့ကိုလည်း သိရှိရမည်။ သင်သည် သမ္မာတရားကို ရှာဖွေကာ ဤအရာများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည်။ ထိုသို့ဖြင့် သမ္မာတရားကို သင်နားလည်လိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို အမှန်တကယ် သိရှိလာလိမ့်မည်။ လူတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်လာကတည်းက ကောင်းသော လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား သိနားလည်ခြင်းကို စွမ်းဆောင်ရရှိရန် မဆိုထားနှင့်၊ အမှုအရာများစွာကို ရှင်းလင်းစွာ မမြင်နိုင်သေးပေ။ သို့သော်၊ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များစွာကြောင့်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေနှင့်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီးသားဖြစ်ကြောင်းနှင့်၊ သူ၏ ရည်ရွယ်ချက်များကို အတော်အတန် အထမြောက်အောင် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ သင့်အပေါ် မည်သည့်အရာမျှ မကျရောက်သည့်အခါ၊ သင့်ကို ပြောထားသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်နိုင်ပေသည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ စိတ်ထင့်ခြင်းများ မရှိသကဲ့သို့ သင် မခုခံပေ။ ဧဝံဂေလိတရား ဖြန့်ဝေဖို့ သင့်ကို ပြောသည့်အခါ၊ သင်သည် ညည်းညူခြင်းမရှိသကဲ့သို့ ဤအခက်အခဲကို ခံနိုင်ပြီး၊ ပြေးလွှားပြီး အလုပ်လုပ်ရန် သို့မဟုတ် အလုပ်တာဝန်တစ်ခုကို လုပ်ရန် သင့်ကို ပြောသည့်အခါ၊ ထိုသို့ သင် လုပ်ဆောင်၏။ ဤအရာကြောင့်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး၊ သမ္မာတရားကို စစ်မှန်ရိုးသားစွာ လိုက်စားသောသူတစ်ဦးဖြစ်သည်ဟု ခံစားရလေသည်။ သို့သော် “သင်သည် ရိုးသားသော လူတစ်ဦးလော။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသော လူတစ်ဦးဖြစ်သလော။ မိမိ၏ စိတ်သဘောထား ပြောင်းလဲသည့် လူတစ်ဦးလော”ဟု သင့်ကို လေးနက်စွာ မေးမည်ဆိုပါက၊ လူတိုင်းသည် နှိုင်းယှဉ်ချက်အတွက် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်ယှဉ်၍ ပြခံရပါက၊ မည်သူမျှ စံမမီသကဲ့သို့ မည်သူမျှသည် သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်စွမ်းမရှိဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် မိမိတို့ကိုယ်ကို သုံးသပ်ရမည်။ ၎င်းတို့ အသက်ရှင်နေထိုင်သည့် စိတ်သဘောထားများအပေါ်၊ ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး အရင်းခံပေါ်ပေါက်လာသည့် ဆိုးယုတ်သော အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အယူလွဲများနှင့် အတွေးမှားများအပေါ် သုံးသပ်ဆင်ခြင်ရမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ အဘယ်ကြောင့် ထုတ်ဖော်ပြရသည်ဟူသည့် ရင်းမြစ် အကြောင်းတရား၊ ၎င်းတို့ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာအပေါ်နှင့် မည်သူ့အတွက် ၎င်းတို့ အသက်ရှင်ကြသည်ဆိုသည်တို့ကို သုံးသပ်ဆင်ခြင်ရမည်။ ဤအရာကို သမ္မာတရားနှင့် ယှဉ်ကြည့်မည်ဆိုပါက လူအားလုံး ရှုတ်ချခံရလိမ့်မည် ဖြစ်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေ၍ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့အားလုံးသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့်လည်း အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိသည့်အသိ အနည်းငယ်မျှ မရှိကြ။ မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအတိုင်း ဘုရားသခင်ကို အမြဲ ယုံကြည်ကြသည်။ မိမိတို့ကိုယ်ပိုင် နှစ်ခြိုက်မှုများနှင့် နည်းစနစ်များကို အခြေခံ၍ မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည်။ ဘုရားသခင်ကို အစေခံပုံတွင် ဘာသာရေး သဘောတရားများကို လိုက်လျှောက်ကြသည်။ ထို့အပြင် ၎င်းတို့ကိုယ်၎င်းတို့ ယုံကြည်ခြင်း အပြည့်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် အလွန် ယုတ္တိတန်ကြောင်း တွေးထင်ကြဆဲဖြစ်ကာ အဆုံးတွင် များစွာ ရရှိပြီးဖြစ်သည်ဟု ခံစားကြသည်။ ထိုအရာကို မသိလိုက်ဘဲနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ၎င်းတို့ ဆောင်ရွက်နေနှင့်ကာ ယင်းတို့ကို လုံးဝ အထမြောက်အောင် ဆောင်ရွက်ပြီးဖြစ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည်မီနှင့်ပြီးဖြစ်သကဲ့သို့ သူ၏ အလိုကို လိုက်လျှောက်နေသည်ဟု တွေးထင်လာကြသည်။ ဤသည်မှာ သင် ခံစားသည့်ပုံဖြစ်ပါက သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်သည့် နှစ်ကာလအချို့တွင် သင်သည် အကျိုးတရားအချို့ကို ရိတ်သိမ်းရပြီးဖြစ်သည်ဟု သင် တွေးထင်ပါက၊ မိမိကိုယ်ကို အသေအချာ ဆန်းစစ်ရန် သာ၍ပင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ပြန်လာရမည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံးက သူ၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီခြင်း ရှိမရှိ တွေ့မြင်ရန် သင်ယုံကြည်နေခဲ့သည့် နှစ်ကာလများအတွင်း သင်လျှောက်လာခဲ့သည့် လမ်းကြောင်းကို ကြည့်သင့်သည်။ သင်၏ အပြုအမူများထဲမှ မည်သည့်အရာသည် ဘုရားသခင်ကို ဆန့်ကျင်နေခဲ့သည်၊ မည်သည့်အရာက ဘုရားအား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိခဲ့သည်၊ သင်၏ လုပ်ရပ်များက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီပြီး ဖြည့်ဆည်းပြီးခြင်း ရှိသည် မရှိသည်တို့ကို ဆန်းစစ်လော့။ ဤအရာအားလုံးကို သင်ရှင်းလင်းသင့်သည်။ အကြောင်းမှာ ထို့နောက်တွင်မှ သင်သည် မိမိကိုယ်ကို သိရှိလိမ့်မည်ဖြစ်သောကြောင့်တည်း။

မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်။ အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရှိခြင်းသည် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ တည်ရှိကြောင်းအပြင်၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို သိရှိရန် ထိုအရာများကို သာ၍ နက်နဲစွာ ရှာဖွေလေ့လာရန် ပို၍ထိုက်တန်လေ ဖြစ်သည်။ ပေါလုကို ပုံဥပမာတစ်ခုအဖြစ် ယူကြစို့။ ပေါလုသည် အထူးနှံ့စပ်သိရှိသည်၊ သူတရားဟောပြီး အလုပ်လုပ်ရာတွင် ဆင်းရဲဒုက္ခများစွာ သူခံစားခဲ့ပြီး များစွာသောလူတို့က သူ့ကို အထူးကြည်ညိုခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ အလုပ်များစွာ ပြီးစီးသည့်နောက်တွင်၊ သူ့အတွက် သရဖူတစ်ခု ဖယ်ထားပြီးဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤအရာက သူ့ကို နောက်ဆုံး ဘုရားသခင်အားဖြင့် အပြစ်ပေးခံရသည်အထိ မှားယွင်းသော လမ်းကြောင်းတစ်လျှောက် သာ၍ ဝေးဝေး ဆက်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး စိတ်ဖြာလေ့လာခဲ့လျှင်၊ သူ တွေးခဲ့သည့် ပုံစံအတိုင်း တွေးခဲ့လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ ပေါလုသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ၊ သူသည် သူ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ ယုံကြည်ခဲ့သည်။ ကောင်းမွန်သော အရာအချို့ကို သူ လုပ်ဆောင်ခြင်းနှင့် အပြုအမူကောင်းအချို့ကို ပြသရုံမျှပြသခြင်းအားဖြင့်၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ဆုချီးမြှင့်ခြင်းခံရမည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ အယူအဆများနှင့် စိတ်ကူးများက သူ၏ စိတ်နှလုံးကို ကန်းသွားစေခဲ့ပြီး သူ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ဖုံးကာခဲ့သည်။ သို့ရာတွင် ဤအရာကို လူတို့က မသိမြင်နိုင်ခဲ့ကြသကဲ့သို့၊ ဤကိစ္စများနှင့်ဆိုင်သည့် အသိမရှိကြသောကြောင့်၊ ဘုရားသခင်က ဤအရာကို မဖော်ထုတ်မီတွင် လူတို့သည် ပေါလုကို ရည်မှန်းရမည့် စံနှုန်းတစ်ခု၊ အသက်ရှင်ရမည့် ပုံသက်သေတစ်ခုအဖြစ် အမြဲထားရှိခဲ့ကြပြီး၊ သူ့ကို ၎င်းတို့ ကြိုးစားပြီး တောင့်တသည့် စံထားကိုးကွယ်ရမည့်ပုဂ္ဂိုလ်အဖြစ် ယူမှတ်ခဲ့ကြသည်။ ပေါလု၏ကိစ္စမှာ ဘုရားရွေးချယ်ထားသူတိုင်းအဖို့ သတိပေးချက်တစ်ခု ဖြစ်သည်။ အထူးသဖြင့် ဘုရားနောက်လိုက်သည့် ကျွန်ုပ်တို့သည် မိမိတို့တာဝန်များတွင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်သည့်အခါ၊ ဘုရားသခင်ကို အစေခံသည်နှင့်အမျှ ဘုရားသခင်ကို ကျွန်ုပ်တို့ သစ္စာစောင့်သိကာ ချစ်သည်ဟု ခံစားရပြီး၊ ဤသို့သော အချိန်များတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လျှောက်နေသည့် လမ်းကြောင်းနှင့် စပ်လျဉ်း၍ သာ၍ပင် မိမိတို့ကိုယ်ကိုယ် သုံးသပ်ကာ နားလည်သင့်သည်၊ ယင်းမှာ အလွန်လိုအပ်ပေသည်။ ဤသည်မှာ ကောင်းသည်ဟု သင်ထင်သည့်အရာသည် မှန်ကန်သည်ဟု သင် စိတ်ပိုင်းဖြတ်မည့်အရာ ဖြစ်ကာ ထိုအကြောင်းကို သင်သံသယရှိမည်မဟုတ်၊ ပြန်လည်သုံးသပ်မည်မဟုတ်၊ သို့မဟုတ် ထိုအရာတွင် ဘုရားသခင်ကို ခုခံသည့်အရာတစ်ခုခု ရှိမရှိဆိုသည်ကို စိစစ်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်၊ မိမိတို့ကိုယ်ကိုယ် အလွန့်အလွန် ကြင်နာစိတ်ရှိသည်ဟု ယုံကြည်ကြသည့်လူများ ရှိ၏။ ၎င်းတို့သည် အခြားသူများကို မည်သည့်အခါတွင်မျှ မမုန်းတီး သို့မဟုတ် မထိခိုက်သကဲ့သို့၊ ၎င်းတို့၏ ပြဿနာများ ပြေလည်မသွားမည်စိုး၍၊ မိသားစု ဆင်းရဲနွမ်းပါးသည့် ညီအစ်ကို မောင်နှမများကို အမြဲကူညီကြလေသည်။ ၎င်းတို့သည် ကြီးမြတ်သည့် စိတ်ထားကောင်းရှိကြပြီး တတ်နိုင်သမျှ အယောက်တိုင်းကို ကူညီဖို့ တတ်စွမ်းနိုင်သမျှ ကြိုးစားကြလေသည်။ သို့တိုင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ လုံးဝ အာရုံမစိုက်ကြသကဲ့သို့ အသက်ဝင်ရောက်မှု မရှိကြချေ။ ထိုသို့သော ကူညီမှု၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ အသက်များကို ကြိုးစားအားထုတ်ဖို့ ခေတ္တရပ်ဆိုင်းထားကြသော်လည်း၊ မိမိတို့ကိုယ်ကိုယ် အတော်အတန် ကျေနပ်အားရကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာနှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်မှု ရှိကြလေသည်။ ထို့အပြင် ၎င်းတို့ လုပ်ဆောင်သမျှတွင် သမ္မာတရားကို ဆန့်ကျင်သည့်အရာတစ်ခုမျှ မရှိကြောင်း၊ ထိုအရာက ဘုရားသခင်၏ ရည်ရွယ်ချက်များကို မုချ အထမြောက်အောင် ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများဖြစ်ကြောင်း ယုံကြည်ရင်း ထိုအရာ၌ ၎င်းတို့ အလွန်ဂုဏ်ယူကြလေသည်။ ၎င်းတို့က ၎င်းတို့၏ ပင်ကို ကြင်နာစိတ်ကို အမြတ်ထုတ်ရမည့် အရာတစ်ခုကဲ့သို့ မြင်ကြပြီး၊ ထိုသို့လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ယင်းကို အမှန်တရားအဖြစ် မှတ်ယူလိုက်ကြလေသည်။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် လူသားကောင်းမှု ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ ရှေ့တွင်မဟုတ်ဘဲ၊ လူ့ရှေ့တွင် ဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံး အချည်းနှီးဖြစ်လေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် ဘုရားသခင်၏ အလိုကို လိုက်လျှောက်ခြင်း ဖြစ်ရန် မဆိုထားနှင့်၊ သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် လူသား ကြင်နာစိတ်နှင့် ကောင်းမြတ်သော အပြုအမူကို အခြားသူများအား ကူညီဖို့ အသုံးပြုကြပေသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြသကဲ့သို့၊ သူ၏ သတ်မှတ်ချက်များနှင့်အညီလည်း မပြုမူကြပေ။ ဘုရားသခင်သည် လူ၏ ဤကောင်းမြတ်သော အပြုအမူမျိုးကို အသိအမှတ်မပြုပေ။ ဘုရားသခင်အတွက်မှာမူ ယင်းမှာ ရှုတ်ချဖို့ဖြစ်ပြီး သူ၏ အောက်မေ့ခြင်းနှင့် မထိုက်တန်ပေ။

မိမိကိုယ်ကို သိရှိရန်မှာ လူတစ်ဦးစီတိုင်းအတွက် အလွန် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အကြင်သူက မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်ကာ ကယ်တင်ခြင်း ရရှိနိုင်ခြင်း ရှိမရှိဆိုသည့် အရေးကြီးသော ကိစ္စရပ်ကို တိုက်ရိုက် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ ဤအရာကို ရိုးရှင်းသည့် ကိစ္စတစ်ခုဟု မထင်လေနှင့်။ သင့်ကိုယ်သင် သိရှိရန်မှာ သင်၏ လုပ်ရပ်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုများကို နားလည်ရန် မဟုတ်ဘဲ၊ သင့်ပြဿနာ၏ အနှစ်သာရကို သိရှိရန်၊ သင်၏ ပုန်ကန်မှု ရင်းမြစ်နှင့် ယင်း၏ အနှစ်သာရကို သိရှိရန်၊ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ရသည့် အကြောင်းရင်းကို သိရှိရန်၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည့်အခါ ပေါ်ထွက်လာပြီး သင့်ကို နှောင့်ယှက်သည့် အရာများကို နားလည်ရန် ဖြစ်သည်။ ဤသည်တို့မှာ မိမိကိုယ်ကို သိရှိခြင်းနှင့်ဆိုင်သည့် အရေးအကြီးဆုံးသော သွင်ပြင်လက္ခဏာတချို့ ဖြစ်သည်။ ဥပမာအနေဖြင့်၊ တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် “သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ” ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်လျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိစေနိုင်ကြောင်းကို ကောင်းစွာသိသည့်တိုင် လက်ခံရန် မလိုလားဆဲဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး၊ အလွန်အမင်း မနှစ်မြို့သောသူများဖြစ်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပြီး မုန်းတီးသည်။ ဤသို့သောမိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ပုတ်ခတ်ဝေဖန်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် အသေအချာပင် မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်သည်။ သင်သည် ၎င်းတို့ကို မုန်းတီးပြီး ကျိန်ဆဲနိုင်သလော။ ဤအရာအားလုံးက သဘာဝကျသော မေးခွန်းများဖြစ်သည်။ သင်၏ မိဘများက သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းအား တားဆီးလျှင် ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုခဲ့သည့်အတိုင်း ဘုရားသခင်ချစ်သောအရာကို ချစ်သင့်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ “ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။” “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။” ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ “ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့” ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။ လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ ဆိုးယုတ်သူတစ်ဦး ဖြစ်ပုံမရသကဲ့သို့ ၎င်းတို့က သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်သွယ်မှုပင် ရှိနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းတီးသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် ခံစားချက်များဖြင့် အမြဲ ဘောင်ခတ်ခြင်းခံရပြီး ၎င်းတို့ကို အပြည့်အဝ လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်၏ ခံစားချက်များ အလွန်အားကောင်းလွန်းပြီး၊ ထိုခံစားမှုများက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင့်မိသားစု၏ အမွေမှတစ်ဆင့်၊ သင်၏မိဘများက သင့်ကို ပေးထားသည့် ပညာရေးမှတစ်ဆင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု၏ အယူသွတ်သွင်းခြင်းတို့မှတစ်ဆင့် သင်ကလေးအရွယ်ကတည်းက သင့်အတွင်းတွင် မျိုးစေ့ချပေးထားသည့် တွေးခေါ်မှုနည်းလမ်းတစ်ခုကြောင့် ဖြစ်သည်။ ဤတွေးခေါ်မှုနည်းလမ်းက သင်၏ စိတ်နှလုံးတွင် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး၊ သင့်အား သားသမီးဝတ်သည် လုံးဝ သဘာဝကျပြီး၊ တရားကာ သင်၏ ဘိုးဘေးများထံမှ အမွေရခဲ့သည့် မည်သည့်အရာမဆိုသည် အစဉ် ကောင်းမြတ်သည်ဟု တလွဲ ယုံကြည်စေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အဆီးအတားတို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။ သင်၏အသက်သည် ဘုရားသခင်ထံမှ လာပြီး သင့်မိဘများထံမှ လာခြင်း မဟုတ်ကြောင်း သင်၏ စိတ်နှလုံးထဲတွင် သိပြီး သင်၏မိဘများက ဘုရားသခင်ကို မယုံကြည်ရုံသာမက ဘုရားသခင်ကို အတိုက်အခံလုပ်ကြောင်းကိုလည်း သင် သိသည်။ ဘုရားသခင်က ၎င်းတို့ကို မုန်းပြီး သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်၊ သူ့ဘက်တွင် ရပ်တည်သင့်သည်၊ သို့သော်လည်း သင်သည် မုန်းချင်လျှင်ပင် ၎င်းတို့ကို သင်ကိုယ်တိုင်မုန်းကို မမုန်းနိုင်ပေ။ သင်သည် ထိုတောင်ကို မကျော်နိုင်ပေ၊ သင်၏စိတ်နှလုံးကို မတင်းနိုင်ပေ၊ ပြီးလျှင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤအရာ၏ ဇာစ်မြစ်မှာ အဘယ်နည်း။ စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤလူများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ တန်ပြန်စွပ်စွဲချက်ကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော။ ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် စိတ်ပိုင်းဖြတ်ခြင်း ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ချက်ပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ နာလည်းမနာခံနိုင်ကြချေ။ လူတချို့သည် ဤအရာကို ကျော်လွန်၍ တွေ့မြင်နိုင်ကြ၏။ ၎င်းတို့အတွက် “ကျွန်ုပ်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့ ကျွန်ုပ်ကိုလည်း မယုံကြည်ဖို့ တားဆီးကြသည်။ သူတို့သည် နတ်ဆိုးများဖြစ်ကြသည်” ဟူ၍ ပြောရန်မှာ ဧကန်အမှန် လွယ်ကူသောအရာ မဟုတ်ပေ။ ဘုရားသခင်တစ်ပါးရှိသည်၊ သို့မဟုတ် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့မဟုတ် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု မည်သည့်ဘာသာတရားမရှိသူကမျှ ယုံကြည်ခြင်းမရှိပေ။ “လူသားအား အသက်ကို မိဘများက ပေးသည်။ သူသည် မိဘများအား လေးစားဂုဏ်ပြုသင့်သည်” ဟု ပြောသောသူအချို့ပင် ရှိသည်။ ဤသို့သော အတွေးအမြင်သည် ဘယ်က လာသနည်း။ စာတန်ဆီက လာသလော။ လူသားကို ဤနည်းဖြင့် သွန်သင်လေ့ကျင့်ပေးပြီး အထင်အမြင်မှားစေကာ ဘုရား၏ ဖန်ဆင်းခြင်းနှင့် အချုပ်အခြာအာဏာကို ငြင်းဆန်စေခဲ့သည်မှာ နှစ်ထောင်ချီကြာနေပြီဖြစ်သော ရိုးရာယဉ်ကျေးမှုပင် ဖြစ်သည်။ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုမရှိလျှင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်ကို စူးစမ်းစစ်ဆေးမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ကြလိမ့်မည်။ ၎င်းတို့ကို ဘုရားသခင်က ဖန်ဆင်းထားကြောင်း၊ ၎င်းတို့၏ အသက်ကို ဘုရားသခင်က ပေးထားကြောင်း သိကြလိမ့်မည်။ ၎င်းတို့တွင် ရှိသမျှကို ဘုရားသခင်က ပေးထားခြင်းဖြစ်ပြီး ၎င်းတို့ကျေးဇူးတင်သင့်သည်မှာ ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့သိကြလိမ့်မည်။ တစ်စုံတစ်ယောက်က ငါတို့ကို ကူညီစောင်မပေးလျှင် ငါတို့သည် ယင်းကို ဘုရားသခင်ထံမှလည်းကောင်း၊ အထူးသဖြင့် ငါတို့ကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့သည့် ငါတို့မိဘများထံမှလည်းကောင်း လက်ခံသင့်သည်။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုး၏။ လူသားသည် အစေခံခြင်းအတွက် တန်ဆာပလာတစ်ခုသာဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် သူ၏မိဘများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ၊ သူ၏ အမျိုးသား (သို့မဟုတ် အမျိုးသမီး) နှင့် သားသမီးများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ ထိုသူသည် သာ၍ သန်မာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရှေ့တွင် ပိုမိုကြီးမားသော တရားမျှတစိတ် ရှိလိမ့်မည်။ သို့သော် ဤဆိုးယုတ်သော အဆိပ်များနှင့် အတွေးအခေါ်များသည် လူတို့အား ဘုရားနှုတ်ကပတ်တော်များကို မကြားအောင်နှင့် သူ့ကို ကျိုးနွံနာခံခြင်း မရှိအောင် တားဆီးသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံကို ဖြစ်ပေါ်စေလျက် လူတို့၏ စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ အမြစ်တွယ်ပြီးဖြစ်သောကြောင့် အမျိုးသား ပညာရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စိတ်ကူးများ၊ အယူအဆများ၊ ကိုယ်ကျင့်တရား အဆိုများ၏ ကျေးကျွန်ဘဝကို ချိုးဖောက်ရန် လူတို့အတွက် မလွယ်ပေ။ ဖောက်ပြန်ပျက်စီးသော လူ၏ စိတ်နှလုံးနက်နက်ထဲတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားအလိုတော်ကို လိုက်လျှောက်ရန် အခြေခံကျသော လိုလားမှုတစ်ခု ကင်းမဲ့၏။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ပုန်ကန်ကာ အတိုက်အခံလုပ်ကြသည်။ အချိန်မရွေး သူ့ကို သစ္စာဖောက်ကာ စွန့်လွှတ်နိုင်သည်။ အကြင်သူသည် မိမိအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုးယုတ်သော အဆိပ်များ၊ အတွေးအခေါ်များ တည်ရှိလျှင် သမ္မာတရားကို ခံယူနိုင်သလော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု ရရှိနိုင်သလော။ ဧကန်အမှန် အလွန်ခက်ခဲပေသည်။ ဘုရားသခင်ကိုယ်တိုင်၏ တရားစီရင်ခြင်း အမှုကြောင့် မဟုတ်လျှင် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်း မရရှိနိုင်သကဲ့သို့ ၎င်း၏ ဆိုးယုတ်သည့် စိတ်သဘောထားအားလုံးမှ သန့်စင်ခြင်းခံရနိုင်မည်လည်း မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်ရန် လိုလားနေလျှင်ပင် သမ္မာတရားကို လက်ခံရန်မှာ လူတို့အတွက် အားထုတ်မှု အလွန်အမင်း လိုအပ်၍ ဘုရားသခင်ကို ၎င်းတို့ နားမထောင်နိုင်သကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မပြုနိုင်ကြပေ။ ထို့ကြောင့် သမ္မာတရားကို လိုက်စားမှုမတိုင်ခင် မိမိကိုယ်ကို သိကျွမ်းခြင်းနှင့် မိမိကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းနှင့်ဆိုင်သည့် လိုက်စားမှုက အလျင်ကျရမည်ဖြစ်သည်။ ထို့နောက်တွင်မှ သမ္မာတရားကို လက်ခံရန် သာ၍ လွယ်ကူလိမ့်မည်ဖြစ်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းသည် ရိုးရှင်းသည့်ကိစ္စ လုံးဝ မဟုတ်ပေ။ သမ္မာတရားကို လက်ခံသောသူတို့သာ မိမိတို့ကိုယ်ကို သိကျွမ်းနိုင်ကြသည်။ ဤအကြောင်းကြောင့်ပင် မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန် အရေးပါပြီး လျစ်လျူရှု၍မရသည့် ကိစ္စတစ်ခု ဖြစ်သည်။

လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲပြီး မိမိတို့ကိုယ်ကို သိရှိရန် သာ၍ပင် ခက်ခဲသည်။ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိလိုပါက မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရတို့ကို သိရှိလာရမည်ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ကြပေသည်။ ဘုရားသခင်ကို ယုံကြည်သောသူအများစုသည် သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု တွေးထင်လျက် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ရုံမျှနှင့် စိတ်ကျေနပ်ကြလေသည်။ မိမိတို့ကိုယ်ကို မသိရှိသောသူတို့သည် သမ္မာတရားကို နားမလည်သည်ဖြစ်ရာ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားကို နားလည်ပြီး ရရှိရန်အလို့ငှာ လူတို့သည် မိမိတို့ကိုယ်ကို သိရှိခြင်းအပေါ် အာရုံစိုက်ရမည်။ ငါတို့အနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ၊ မည်သည့်ပတ်ဝန်းကျင်တွင် ရှိနေသည်ဖြစ်စေ မိမိတို့ကိုယ်ကို သိရှိလာနိုင်ပါက၊ ငါတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာနိုင်ကာ မိမိတို့ကိုယ်ကို သိရှိရေးအား ငါတို့၏ ထိပ်ဆုံးဦးစားပေးအဖြစ် သဘောထားနိုင်ပါက တစ်စုံတစ်ရာကို ငါတို့ မုချ ရရှိလိမ့်မည်ဖြစ်ပြီး ငါတို့၏ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းကလည်း တဖြည်းဖြည်း နက်သည်ထက် နက်လာလိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို ငါတို့ လက်တွေ့လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အား လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ပိုပိုပြီး နားလည်လာလိမ့်မည်။ ထိုအခါ သမ္မာတရားသည် အလိုအလျောက် ငါတို့၏ဘဝ ဖြစ်လာလိမ့်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် သင့်ကိုယ်သင် သိရှိခြင်းထဲသို့ ဝင်ရောက်ခြင်း လုံးဝ မရှိပါက အပေါ်ယံ ဖြစ်ရပ်မျိုးစုံအားဖြင့် သင်သည် ကြောင်းကျိုးမမြင်သောကြောင့် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည်ဟု ဆိုရန်မှာ သင့်အတွက် မှားယွင်းပေသည်။ သင်၏ အပြုအမူ တိုးတက်လာသည့်အလား သင်ခံစားရပြီး သင့်ထံတွင် ယခင်ထက် အသိစိတ်နှင့် ဆင်ခြင်တုံတရား သာ၍ရှိသည်၊ သင်သာ၍ နူးညံ့သိမ်မွေ့လာသည်၊ အခြားသူများအပေါ် သာ၍ ထောက်ထားပြီး သည်းခံနိုင်ကာ လူတို့ကို သာ၍ စိတ်ရှည်ပြီး ခွင့်လွှတ်တတ်သည်ဟု ခံစားရ၍ အကျိုးဆက်အနေဖြင့် သင်သည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နေနှင့်ကာ သင့်ကိုယ်သင် ကြီးမြတ်ပြီး ပြီးပြည့်စုံသည့် လူတစ်ဦးဖြစ်သည်ဟု တွေးထင်လေသည်။ သို့သော်လည်း ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သူ၏ သတ်မှတ်ချက်များနှင့် စံနှုန်းများကို မမီဆဲဖြစ်ပြီး သူ့ကို အမှန်တကယ် ကျိုးနွံနာခံခြင်း၊ ကိုးကွယ်ခြင်းနှင့် အလွန် အလှမ်းဝေးနေပေသည်။ ဤအရာက သင်သည် သမ္မာတရားကို မရရှိသေးကြောင်း၊ စစ်မှန်မှု အနည်းငယ်မျှ မရှိသကဲ့သို့ ကယ်တင်ခြင်း စံနှုန်းများကို ပြည့်မီခြင်းမှလည်း အလှမ်းဝေးနေဆဲဖြစ်ကြောင်း ပြပေသည်။ လူတို့အနေဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်အလို့ငှာ မည်သည့်သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် လိုအပ်သည်ကို နားလည်ရမည်။ လူတို့သည် အပြင်ပန်း အပြုအမူကောင်းများနှင့် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းတို့ကြား မခွဲခြားနိုင်ကြသေးချေ။ ယခုတွင် လူတို့ပိုင်ဆိုင်သမျှမှာ ၎င်းတို့၏ အပြင်ပန်း အပြုအမူတွင် အနည်းငယ်မျှ ပြောင်းလဲခြင်းများသာ ဖြစ်သည်။ ယနေ့ခေတ်တွင် လူအများစုသည် မကြာခဏ စုဝေးပွဲများ တက်ရောက်ကြပြီး တရားဒေသနာများကို နားထောင်ကြသည့်အပြင် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ပုံမှန်ပုံစံဖြင့် အဆင်ပြေကာ အဆက်အဆံလုပ်နိုင်ကြသည်။ ၎င်းတို့ ခိုက်ရန်ဖြစ်ခြင်းမရှိ၊ အချင်းချင်း သည်းခံကာ စိတ်ရှည်နိုင်ကြပြီး မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် ယခင်ထက် သာ၍ တာဝန်သိတတ်ကြလေသည်။ သို့ရာတွင် သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှု၊ ကိစ္စရပ်အများအပြားနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် အလှမ်းဝေးနေဆဲ သို့မဟုတ် သမ္မာတရားကို ဆန့်ကျင်နေဆဲဖြစ်ပြီး ၎င်းတို့အမြင်များထဲမှ တချို့သည် ဘုရားသခင်အပေါ် ရန်ပင်လိုနေပေသည်။ ဤသည်မှာ သမ္မာတရားကို လူတို့မရရှိသေးကြောင်း ဖော်ပြရန် လုံလောက်ပေသည်။ ထို့ကြောင့် ငါတို့အနေဖြင့် မိမိကိုယ်ကို သိသည့်အသိ၏ သွင်ပြင်လက္ခဏာတိုင်းတွင် သမ္မာတရားကို ရှာဖွေကာ သာ၍ နက်နဲစွာ မိမိကိုယ်ကို သိရှိရန် ကြိုးစားဖို့ လိုအပ်ပေသည်။ မိမိကိုယ်ကို သိရှိရန် အလွန် အရေးကြီးသည်ဟု ဤမိတ်သဟာယပြုချက်မှတစ်ဆင့် သင်တို့မခံစားရသလော။ ယခုတင်ပင် မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသည့် ဥပမာတစ်ခုကို ငါပေးခဲ့သည်။ ဤသည်မှာ လူတိုင်းရင်ဆိုင်ရန် လိုအပ်သည့် အရေးပါသော ကိစ္စတစ်ခု ဖြစ်သည်။ သင်တို့သည် သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ ရိုးရာအတွေးများနှင့် အယူအဆများမှ လွတ်လာနိုင်ခြင်းလည်း မရှိပါက အရာရာကို စွန့်ကာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံရန် သင်တို့အတွက် ခက်ခဲလိမ့်မည်။ ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီးသော်လည်း တာဝန်တစ်ခုကို မထမ်းဆောင်ရသေးသည့် လူများစွာရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် ကြာချိန်မသိရသော အချိန်ပမာဏတစ်ခုကြာ ရုန်းကန်နေခဲ့ကြရ၍ ၎င်းတို့အနေဖြင့် မည်သည့်အချိန်တွင် သမ္မာတရားကို အမှန်တကယ် နားလည်နိုင်ပြီး ၎င်းတို့၏ သွေးသား ချစ်ခင်တွယ်တာမှုများ၊ ရိုးရာ အတွေးများနှင့် အယူအဆများ၏ ကန့်သတ်ချက်များနှင့် ချုပ်ချယ်မှုများမှ လွတ်လာကာ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး ဘုရားသခင် ရွံမုန်းသောအရာများကို ရွံမုန်း” သည့်အဆင့်ထိ ရောက်နိုင်ကြလိမ့်မည် ဆိုသည်မှာ မသေချာပေ။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသည့်အရာတစ်ခု မဟုတ်ပေ။ မိသားစု၏ အနှစ်သာရကို ရိပ်စားမိကာ မိမိ၏ သွေးသား ဆက်နွှယ်မှုများဆိုင်ရာ အချုပ်အချယ်များကို စွန့်ပယ်ခြင်းသည် ဘုရားနောက်လိုက်သူများအတွက် ခက်ခဲသော အကျပ်အတည်းတစ်ခု ဖြစ်သည်။ မိမိ၏ မိသားစုနှင့် သွေးသား ချစ်ခင်တွယ်တာမှုများ၏ အချုပ်အနှောင်များကို ချိုးဖျက်ခြင်းနှင့် ရိုးရာယဉ်ကျေးမှု အတွေးများ၏ ကန့်သတ်ချက်များမှ ချိုးဖောက်လွတ်မြောက်ခြင်းအတွက် ဖြစ်စဉ်တစ်ခု ရှိသည်။ ယင်းမှာ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို ငါတို့ လက်တွေ့လုပ်ဆောင်နိုင်မည့် ပတ်ဝန်းကျင်များကို ဘုရားသခင် စီစဉ်ပေးရန် လိုအပ်သည်။ အထူးသဖြင့် ငါတို့၏ ချစ်ခင်ရသူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ စစ်မှန်သော သဘောများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရ အသီးသီးကို ရှင်းလင်းစွာ ငါတို့မြင်ရန် သာ၍ပင် လိုအပ်သည်။ တစ်ချိန်တည်းတွင် ငါတို့ထုတ်ဖော်ပြထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ငါတို့စိတ်နှလုံးတွင် တည်ရှိနေဆဲဖြစ်သည့် ဆိုးယုတ်သော အယူလွဲများနှင့် အတွေးမှားများကို သမ္မာတရားအပေါ် အခြေခံ၍ သုံးသပ်ရန်လည်း လိုအပ်သည်။ ဤအရာမှာ ငါတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အတိုက်အခံလုပ်နေသည့် သို့မဟုတ် သူနှင့် သဟဇာတမဖြစ်သည့် မည်သည့်အရာများ တည်ရှိနေဆဲဖြစ်သည်ကို သိနိုင်ပြီးနောက် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားရှာဖွေနိုင်ရန်အလို့ငှာ ငါတို့ကို ထုတ်ဖော်ရန် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ဘုရားသခင် စီစဉ်ညွှန်ကြားရန် လိုအပ်သည်။ ငါတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ငါတို့၏ ဝိညာဉ်ရင့်ကျက်မှုကို ထုတ်ဖော်ပြရန် သင့်တော်သည့် ပတ်ဝန်းကျင်များ ဘုရားသခင် စီစဉ်ပေးဖို့ ငါတို့လိုအပ်သည်။ သို့ရာတွင် ငါတို့သည်လည်း ဘုရားသခင်နှင့်အတူ တက်ကြွစွာနှင့် အပြုသဘောဆောင်စွာ အလုပ်လုပ်ရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်အတိုင်း မိမိတို့ကိုယ်ကိုအပေါ် တောင်းဆိုချက်များ ထားရှိရမည်ဖြစ်သည်။ ထိုအခါတွင်မှ သူ၏ စုံလင်အောင် ပြုပေးခြင်းကို ငါတို့ခံရနိုင်ပေသည်။ သို့ရာတွင် ဘုရားသခင် မဆောင်ရွက်မီ ငါတို့ကိုယ်ငါတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန် လိုအပ်သည်။ ပထမဦးစွာ လူ့အတွင်းရှိ ဆိုးယုတ်သော အဆိပ်များကို ငါတို့သတိပြုမိရန်နှင့် ရိုးရာယဉ်ကျေးမှု၏ အတွေးများနှင့် အယူအဆများက လူတို့ကို အထင်အမြင်မှားစေကာ ဖောက်ပြန်ပျက်စီးစေကြောင်း နားလည်ရန် လိုအပ်သည်။ ငါတို့အမွေဆက်ခံရပြီး ပညာရေးနှင့် လူ့အဖွဲ့အစည်းမှလာသည့် ဤဆိုးယုတ်သော အရာများက ဘုရားသခင်ကို မည်မျှပြင်းထန်စွာ အတိုက်အခံလုပ်ပြီး သမ္မာတရားကို မည်မျှဆန့်ကျင်ကြောင်း ငါတို့နားလည်ရမည်။ ဤအရာများကို ရိပ်စားမိသည့်အခါတွင်သာ သမ္မာတရားကို အမှန်တကယ် နားလည်သည်ဟု ပြော၍ရနိုင်ပေသည်။

မိမိ၏ မိဘများအား မည်သို့ဆက်ဆံရမည်ကို ယခုလေးတင် ငါပြောဆိုခဲ့သည်။ ဤသည်မှာ ဘဝတွင် အဓိကကိစ္စရပ်တစ်ခုဖြစ်ပြီး လူတိုင်းရင်ဆိုင်ရမည့် အရေးပါသော ကိစ္စတစ်ခုလည်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤအရာကို ငြင်း၍မရနိုင်ပေ။ ဆက်လက်၍ နောက်ထပ်အကြောင်းအရာတစ်ခု၊ အတိအကျဆိုရလျှင် မိမိ၏ သားသမီးများအား မည်သို့ဆက်ဆံရမည်ဆိုသည်ကို ငါတို့မိတ်သဟာယပြုသွားမည်။ သင်၏ သားသမီးများနှင့် သင်၏ မိဘများကို ဆက်ဆံပုံနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ကို သင်ဆက်ဆံသည့်ပုံစံသည် အရေးမကြီးပေ။ ထို့ထက် အရေးကြီးသည့်အရာမှာ သင်၏ ရှုထောင့်အမြင်ဖြစ်သည်။ ၎င်းတို့ကို သင်ချဉ်းကပ်သည့် ရှုထောင့်အမြင်နှင့် သဘောထားဖြစ်သည်။ ဤသည်မှာ ငါတို့၏ စိတ်နှလုံးတွင် ငါတို့ နားလည်ရန် လိုအပ်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ သားသမီးများအနေဖြင့် လူ့အဖွဲ့အစည်းတွင် ခြေကုပ်တစ်ခုရကာ အဆင့်အတန်းတစ်ခုခု ရှိနိုင်ရန်အလို့ငှာ လူအသီးသီးသည် မိမိတို့၏ သားသမီးများကို ရရှိစေလိုသည့် ပညာရေးမျိုး၊ မိမိတို့ သားသမီးများ တက်သင့်သည့် ကောလိပ်မျိုး၊ ထို့နောက်တွင် အလုပ်ကောင်းများ သူတို့ မည်သို့ရနိုင်မည်ဆိုသည်တို့ကို ကလေးများရသည့်အချိန်မှစ၍ စီစဉ်ကြလေသည်။ ဤဘဝတွင် အကြင်သူသည် အသိပညာနှင့် အဆင့်မြင့် ဘွဲ့တစ်ခုကို ဦးစွာပိုင်ဆိုင်ရမည်ဟု လူအားလုံးက ယုံကြည်ကြသည်။ ၎င်းတို့အမြင်တွင် တစ်ဦးတစ်ယောက်အနေဖြင့် စားစရာ၊ ဝတ်စရာ၊ နေစရာနှင့် သယ်ယူပို့ဆောင်ရေးတို့ကဲ့သို့သော အခြေခံ လိုအပ်ချက်များနှင့်ပတ်သက်၍ အနာဂတ်တွင် စိုးရိမ်စရာ မလိုအပ်ရန်အလို့ငှာ လူ့အဖွဲ့အစည်းတွင် လခစားအလုပ်တစ်ခု ရှာတွေ့ပြီး အသက်မွေးမှု ရရှိရန် ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်နေသည်။ ထို့ကြောင့် မိမိတို့ သားသမီးများအား လူတို့ဆက်ဆံပုံနှင့် ပတ်သက်လာသည့်အခါ အဆင့်မြင့်ပညာရေးကို မိမိတို့၏ သားသမီးများ ရရှိကြဖို့ မိဘတိုင်းက မျှော်လင့်ကြသည်။ မိမိတို့ကလေးက တစ်နေ့တွင် လောက၌ အောင်မြင်နိုင်ဖို့၊ လူ့အဖွဲ့အစည်းတွင် နေရာတစ်နေရာ ရှိဖို့၊ မြင့်မားပြီး တည်ငြိမ်သည့် ဝင်ငွေတစ်ခု ရှိဖို့၊ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းတို့ ရှိဖို့ ၎င်းတို့မျှော်လင့်ကြသည်။ ဤအရာကသာ မိမိတို့၏ ဘိုးဘေးများအား ဂုဏ်အသရေ ဆောင်ကြဉ်းပေးလိမ့်မည်ဟု ၎င်းတို့တွေးထင်ကြသည်။ လူအားလုံးက ဤအမြင် ရှိထားကြသည်။ “ကျွန်ုပ်၏သားသမီးများသည် အောင်မြင်ကျော်ကြားသူများ ဖြစ်လာကြပါစေ” ဟူသည့် ဤအမြင် မှန်ပါ၏လော။ လူတိုင်းက မိမိတို့ကလေးသည် အဆင့်မြင့် ဘွဲ့တစ်ခု ရရှိသည်နှင့် လောကတွင် အောင်မြင်နိုင်လိမ့်မည်ဟူသော ယုံကြည်မှုဖြင့် မိမိတို့၏ သား သို့မဟုတ် သမီးအား ဂုဏ်သတင်းကြီးသော တက္ကသိုလ်ကို တက်စေချင်ပြီး သင်ယူလေ့လာမှုများကို ဆက်လက် လိုက်စားစေချင်သည်။ လူအားလုံးက မိမိတို့စိတ်နှလုံးတွင် အသိပညာကို ကိုးကွယ်ကြပြီး “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ဟု ယုံကြည်ကြသည်။ ထို့အပြင် ယနေ့ခေတ် လူ့အဖွဲ့အစည်းထဲက ပြိုင်ဆိုင်မှုသည် အထူးသဖြင့် ပြင်းထန်ကြောင်းနှင့် တစ်စုံတစ်ဦးက ပညာရေး အရည်အချင်းတစ်ခု မရှိလျှင် ဝမ်းဝဖို့ ကြိုးစားရန်ပင် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့ထင်ကြသည်။ ဤသည်မှာ လူတိုင်းတွင်ရှိသည့် အတွေးနှင့် အမြင်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးက အဆင့်မြင့် ဘွဲ့တစ်ခုရှိသရွေ့ သူ၏ အနာဂတ် အသက်မွေးမှုနှင့် အလားအလာများမှာ အာမခံချက်ရှိလိမ့်မည် ဖြစ်သည့်အလား ဖြစ်နေသည်။ ထို့ကြောင့် မိမိတို့၏ သားများနှင့် သမီးများအတွက် ၎င်းတို့၏ တောင်းဆိုချက်များနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အဆင့်မြင့်ပညာရေး တက္ကသိုလ်ကို ဝင်ရောက်ရေးနှင့် အဆင့်မြင့် ပညာရေးတစ်ခု ရရှိရေးကို ထိပ်တန်းဦးစားပေး လုပ်ထားကြသည်။ အမှန်တွင် လူတို့ရရှိသည့် ထိုပညာရေးအားလုံး၊ ထိုအသိပညာအားလုံး၊ စိတ်ကူးများအားလုံးသည် ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်ပြီး ယင်းတို့ကို ဘုရားသခင်က စက်ဆုပ်ကာ ရှုတ်ချပေသည်။ ဤအရာက လူ၏ အမြင်များသည် မှားယွင်းပြီး အဓိပ္ပာယ်မရှိကြောင်း သက်သေပြပေသည်။ လူတို့အနေဖြင့် ဤပညာရေးမျိုး ရရှိလျှင် ဉာဏ်စွမ်းဉာဏ်စနှင့်ဆိုင်သော အသုံးဝင်သည့် အသိပညာ အနည်းငယ်ကို ရရှိခြင်းအပြင် စာတန်၏ များပြားလှသော အဆိပ်များ၊ အတွေးများ၊ သဘောတရားများ၊ ၎င်း၏ အမျိုးမျိုးသော အယူလွဲမှုများနှင့် အတွေးမှားများဖြင့် အယူသွင်းခြင်းလည်း ခံရလိမ့်မည်ဖြစ်သည်ကို လူတို့နားလည်သင့်ပြီး ဤအရာ၏ အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်ကို ၎င်းတို့နားလည်သင့်ပေသည်။ လူတို့သည် ဤအကြောင်းကို ယခင်က လုံးဝ မတွေးဖူး၍ ဤကိစ္စရပ်ကို မရိပ်စားမိနိုင်ကြပေ။ ၎င်းတို့ယုံကြည်သမျှမှာ ၎င်းတို့၏ သားသမီးများက အဆင့်မြင့် ပညာရေး တက္ကသိုလ်များကို ဝင်ရောက်ကြလျှင် သာ၍ တောက်ပသော အနာဂတ်များရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဘိုးဘေးများကို ဂုဏ်အသရေ ဆောင်ကြဉ်းပေးကြလိမ့်မည်ဟူ၍ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် အိမ်ကို တစ်နေ့ သင်၏ကလေး ပြန်လာစဉ် သူ့ကို ဘုရားသခင်အား ယုံကြည်ခြင်းအကြောင်း သင်ပြောသည့်အခါ သူကြိုက်မည်မဟုတ်သကဲ့သို့ သူ့ကို သမ္မာတရားနှင့်ပတ်သက်၍ သင်မိတ်သဟာယပြုသည့်အခါတွင်လည်း သူက သင့်ကို မိုက်မဲသူဟု ခေါ်ဆိုပြီး သင့်ကို လှောင်ပြောင်ကာ သင်၏ စကားများကို မထီမဲ့မြင်ပြုလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်ကား သင်၏ ကလေးကို အဆင့်မြင့် ပညာရေးတစ်ခု ရရှိရန် အဆင့်မြင့် ပညာရေးတက္ကသိုလ်တစ်ခုသို့ ပို့ခဲ့စဉ်က မှားယွင်းသည့် လမ်းကြောင်းကို သင်ရွေးချယ်ခဲ့ကြောင်း သင်နားလည်သွားလိမ့်မည် ဖြစ်သည်။ သို့ရာတွင် နောင်တရဖို့ အလွန်နောက်ကျသွားလိမ့်မည်။ လူတစ်ဦးသည် စာတန်၏ အတွေးအခေါ်များနှင့် အမြင်များကို လက်ခံပြီး ဤအရာများက ၎င်းတို့အတွင်းတွင် အမြစ်တွယ်၊ ဖူးပွင့်ကာ အသီးသီးလာသည်နှင့်တစ်ပြိုင်နက် ထိုအရာမှာ ကြီးထွားလာနေသည့် ကင်ဆာအကျိတ်များနှင့် တူပေသည်။ ဤအရာများကို ညတွင်းချင်း ဖယ်ရှား၍ သို့မဟုတ် ပြောင်းလဲ၍ မရနိုင်ပေ။ ထိုအချိန်တွင်မူ ထိုလူအတွက် သမ္မာတရားကို လက်ခံရန် ခက်ခဲလာပြီး ကယ်တင်ခံရရန် သူ့အတွက် နည်းလမ်းမရှိပေ။ ထိုအရာမှာ သေဆုံးအောင် စာတန်၏ အဆိပ်ခတ်မှုကို သူခံရခြင်းနှင့် တူညီပေသည်။ တစ်ဦးတလေက ဤသို့ ပြောသည်ကို ငါမမြင်ဖူး။ “ကျွန်ုပ်၏ကလေး ကျောင်းသို့ သွားသည့်အခါ ဘုရားနှုတ်ကပတ်တော် ဆိုလိုသည့်အရာကို သူနားလည်နိုင်ရန်အလို့ငှာ စာဖတ်တတ်ရန်သာ သင်ယူပါစေ။ ထို့နောက်တွင်ကား ဘုရားသခင်ကို သူစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်အောင် သူ့ကို ကျွန်ုပ်ဦးဆောင်လမ်းပြပေးမည်။ ထို့ပြင် အနာဂတ်တွင် အလုပ်ကောင်းတစ်ခု သူရရှိပြီး သူကိုယ်တိုင်အတွက် တည်ငြိမ်သည့် ဘဝတစ်ခုကို ဖန်တီးနိုင်ရန်အလို့ငှာ အသုံးဝင်သည့် အသက်မွေးမှုတစ်ခုကို အနည်းငယ် သင်ယူရန် ကျွန်ုပ်သူ့ကို ဦးဆောင်လမ်းပြပေးမည်။ ထို့နောက်တွင် ကျွန်ုပ်စိတ်ချနေနိုင်သည်။ သူ့အနေဖြင့် မြင့်မားသော အစွမ်းအစရှိကာ လူ့သဘာဝကောင်း ပိုင်ဆိုင်ပြီး ဘုရားအိမ်တော်တွင် တာဝန်တစ်ခု ထမ်းဆောင်နိုင်ပါက ပိုကောင်းမည်ဖြစ်သည်။ သူသည် တာဝန်တစ်ခုကို မထမ်းဆောင်နိုင်ပါကလည်း သူ့မိသားစုကို ထောက်ပံ့နိုင်ရန် ပြင်ပအလုပ်တစ်ခု ရှိလျှင် သူ့အတွက် လုံလောက်မည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူ့ကို ဘုရားအိမ်တော်တွင် ဘုရားသခင်၏ သမ္မာတရားများ ကျွန်ုပ်ရရှိစေလိုပြီး လူ့အဖွဲ့အစည်း၏ အရောင်ဆိုးခြင်း သို့မဟုတ် ပုံစံသွင်းပေးခြင်း မခံစေချင်ပါ” ဟု ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်လာရန် ယုံကြည်ချက်မရှိကြချေ။ ၎င်းတို့၏ သားသမီးများက အဆင့်မြင့် ပညာရေးကို ဝင်ရောက်ခြင်းမရှိပါက ကောင်းမွန်သည့် ရှေ့ရေးများမရှိမည်ကို အမြဲ စိုးရိမ်ကြသည်။ တစ်နည်းအားဖြင့် ၎င်းတို့၏ သားသမီးများနှင့် ပတ်သက်လာသည့်အခါ ဘုရားနှုတ်ကပတ်တော်ကို သူတို့လက်ခံနိုင်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူနေထိုင်နိုင်ရန်အလို့ငှာ ဘုရားသခင်ရှေ့မှောက်သို့ သူတို့ကို ခေါ်ဆောင်လာရန် လူတစ်ဦးကမျှ လိုလားနေခြင်း မရှိကြချေ။ လူတို့သည် ဤအရာကို လုပ်ဆောင်ရန် လိုလားနေခြင်း မရှိကြသကဲ့သို့ လုပ်လည်း မလုပ်ဝံ့ကြချေ။ ဤနည်းဖြင့် ၎င်းတို့ပြုမူပါက ၎င်းတို့၏ သားသမီးများသည် ဤလူ့အဖွဲ့အစည်းတွင် အသက်မွေးမှုနည်းလမ်းဖြစ်စေ၊ အလားအလာများဖြစ်စေ မရှိကြမည်ကို ၎င်းတို့ကြောက်ရွံ့ကြသည်။ ဤအမြင်က မည်သည့်အရာကို အတည်ပြုပေးသနည်း။ စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူတို့သည် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်အား ယုံကြည်ခြင်းကိုဖြစ်စေ စိတ်မဝင်စားကြကြောင်း အတည်ပြုပေသည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြလျှင်ပင် ကောင်းချီးခံစားရရန်သာ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့မလိုက်စားကြ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့စိတ်နှလုံးတွင် လူတို့ကိုးကွယ်ကြသည်မှာ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေးနှင့် စာတန်၏ ဩဇာလွှမ်းမိုးမှုတို့ ဖြစ်သည်။ “တစ်ဦးတစ်ယောက်က လောက၏ ခေတ်ရေစီးကြောင်းများကို စွန့်ပစ်ပြီး ဘုရားအပေါ် မှီခိုအားကိုးလျှင် ဘုရားသည် ထိုသူရှင်သန်နိုင်ရန်အလို့ငှာ ထွက်ပေါက်တစ်ခုကို သူ့အား ပေးလိမ့်မည်” ဟု ပြောဆိုဖို့ သင့်တွင် ယုံကြည်ချက် မရှိပေ။ သင့်ထံ၌ ဤယုံကြည်ခြင်း ကင်းမဲ့ပေသည်။ အသိပညာကို ကိုးကွယ်သည့် သင်၏ လွဲမှားသော အမြင်သည် သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ပြီးဖြစ်သည်။ ထိုအမြင်က သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်းကို ထိန်းချုပ်နေသည်ဖြစ်ရာ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို လက်ခံရန်မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုတော်ကိုပင် သင်လက်မခံနိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်းလည်း မရှိပေ။ ဤသို့ ငါအဘယ်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအတွေးနှင့် အမြင်သည် ဘုရားသခင်အပေါ် ရန်လို၍ ဘုရားသခင်ကို သစ္စာဖောက်ကာ ဘုရားသခင်ကို ငြင်းပယ်ပြီး သမ္မာတရားနှင့် သဟဇာတဖြစ်ခြင်း မရှိသောကြောင့် ဖြစ်၏။ လူတစ်ဦးသည် သမ္မာတရားကို နားလည်သည့်အခါ ဤပြဿနာကို ရိပ်စားမိနိုင်ပြီး သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများစွာ၊ ဘုရားသခင်က အခြေခံအားဖြင့် စက်ဆုပ်သည့် အရာများစွာ ရှိနေကြောင်း သဘောပေါက်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် ရလဒ်များသာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ ဖော်ထုတ်ချက် မရှိပါက၊ ထိုနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိပါက လူတို့သည် ဘုရားသခင်ကို နှစ်အနည်းငယ်မျှ ယုံကြည်ထားကာ ၎င်းတို့၏ အပြုအမူကို အပြောင်းအလဲတချို့ ပြုလုပ်ထားပြီးသည့်နောက်တွင် ၎င်းတို့သန့်ရှင်းလာကြပြီ ဖြစ်ကြောင်း၊ ၎င်းတို့တွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ အပြည့်ရှိကြောင်း၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် အားကောင်းကြောင်း တွေးထင်ကြမည် ဖြစ်သည်။ ယခုတွင်မူ သမ္မာတရားကို ၎င်းတို့နားလည်သဖြင့် “ဤဖောက်ပြန်ပျက်စီးသော အရာများသည် လူတို့တွင် အဘယ်သို့ တည်ရှိနေနိုင်သေးသနည်း။ ယခင်က ထိုအရာများကို ငါအဘယ်ကြောင့် သတိမပြုမိနိုင်ခဲ့သနည်း။ လူတို့သည် အလွန် မသိနားမလည်လွန်းကြပါတကား” ဟု ရုတ်တရက် သဘောပေါက်သွားကြသည်။ ဤအချိန်တွင် လူ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ဖော်ထုတ်ချက်သည် အလွန်ကြီးမြတ်ပြီး အလွန်လိုအပ်သည်ကို ၎င်းတို့သဘောပေါက်သွားကြကာ ဘုရားသခင်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခြင်း မရှိသကဲ့သို့ တရားစီရင်ခြင်းလည်း မရှိပါက ထိုအရာကို ၎င်းတို့ လုံးဝ သတိပြုမိနိုင်မည်မဟုတ်ဟု ၎င်းတို့သိသွားကြသည်။ လူအားလုံးသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်းတွင် ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်ကောင်းစွာ ဟန်ဆောင်နိုင်ကြသော်လည်း သို့မဟုတ် မိမိတို့ကိုယ်ကို ကောင်းစွာ ဖုံးကွယ်နိုင်ကြပြီး ပြရုပ်တင်နိုင်ကြသော်လည်း ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အတွေးများက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဤအရာများကို ဘုရားသခင်က စက်ဆုပ်ကာ မုန်းတီးသည်။ ဤသည်တို့မှာ ဘုရားသခင် ဖော်ထုတ်လိုသည့် အရာများဖြစ်ပြီး လူတို့သိရှိလာသင့်သည့် အရာများဖြစ်သည်။ သို့ရာတွင် လူတို့က မကြာခဏ တွေးထင်ကြသည်မှာ “ငါတို့၏ အပြောအဆိုပိုင်းတွင် ငါတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် မည်သည့်စကားကိုမျှ မပြောထားသည့်အပြင် ငါတို့၌ အသိစိတ်လည်း ရှိသည်။ ငါတို့၏ အပြုအမူပိုင်းတွင်လည်း ဘောင်ကျော်သည့် မည်သည့်အရာကိုမျှ ငါတို့မလုပ်ဆောင်ထား။ ငါတို့သည် ငါတို့၏ တာဝန်များကို အလွန်သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်နေသည့် အဆင့်သို့ ရောက်နှင့်နေကြပြီး ဖြစ်သည်။ ငါတို့တွင် သိသာထင်ရှားသော ပြဿနာများ မရှိ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်နှင့်ပတ်သက်၍ နောက်ထပ် အဘယ်အရာကို သိရှိရဦးမည်နည်း။ ငါတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သိရှိရန်ပင် လိုအပ်သလော” ဟု ဖြစ်သည်။ ဤအမြင်သည် အမှန်တရားများနှင့် ကိုက်ညီသလော။ ကိုက်ညီပါက လူတို့သည် အဘယ်ကြောင့် မိမိတို့၏ အပြစ်များကို ဘုရားသခင်ထံ အမြဲ ဝန်ချနေကြဆဲ ဖြစ်သနည်း။ လူတို့သည် အဘယ်ကြောင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ပြပြီး အပြစ်များကိုပင် ကျူးလွန်နေကြဆဲ ဖြစ်သနည်း။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို ကဏ္ဍတစ်ခုတွင် ကောင်းသည်ဟု စဉ်းစားလေ ထိုကဏ္ဍတွင် သင့်အနေဖြင့် သမ္မာတရားကို ရှာဖွေ၍ မိမိကိုယ်ကို သုံးသပ်ပြီး သိရှိလာသင့်လေ ဖြစ်သည်။ ဤအရာမှတစ်ဆင့်သာ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်တကယ် သိရှိလာနိုင်ကာ သန့်စင်ခြင်းခံရနိုင်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း ရလဒ်ဖြစ်သည်။

သားသမီးဝတ်ကျေပွန်ခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရသည်ဟု ယုံကြည်သည့် လူများစွာရှိသည်။ မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် ဘုရားသခင် ဧကန်မုချ နှစ်သက်သည့်အရာဖြစ်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သားသမီးဝတ်ကျေပွန်ခြင်းသည် လုံးဝ သဘာဝကျပြီး တရားကြောင်း၊ ထိုအရာက လူတစ်ဦးတွင် အသိစိတ်ရှိပြီး မည်သည့်နေရာမှ မိမိလာသည်ကို သူမမေ့လျော့သေးဟု သက်သေပြကြောင်း ၎င်းတို့ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ရိုးရာအယူအဆများအရ ထိုသို့သော လူပုဂ္ဂိုလ်များကို လူကောင်းများနှင့် သားသမီးဝတ်ကျေပွန်သည့် သားသမီးများအဖြစ် ယူဆကြသည်။ သားသမီးဝတ်ကျေပွန်သည့် သားသမီးများနှင့် ပတ်သက်လာသည့်အခါ လူတိုင်းက ၎င်းတို့ကို ထောက်ခံကြသည်။ လူများက ၎င်းတို့ကို နှစ်သက်ကြသကဲ့သို့ ၎င်းတို့၏ မိဘများကလည်း ၎င်းတို့ကို နှစ်သက်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည်လည်း ၎င်းတို့ကို နှစ်သက်ရမည်ဟု သင်အလိုအလျောက် မှတ်ယူကာ “မိမိတို့၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်သော သူများကို ဘုရားသခင်က နှစ်သက်ရမည်။ သူတို့ကို ဘုရားသခင် မုချ နှစ်သက်သည်” ဟု လိုချင်တောင့်တစွာ တွေးထင်လေသည်။ ထို့ကြောင့် သင်သည် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းကို စွန့်ကာ သင်၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် အိမ်ပြန်သွားသည်။ ထိုသို့ သင်လုပ်ဆောင်သည်နှင့်အမျှ သင်သည် ပိုပိုပြီး စိတ်တက်ကြွလာကာ ဤသည်မှာ တရားပြီး သင့်တင့်လျောက်ပတ်ကြောင်း၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တိုး၍ ယုံကြည်လက်ခံလာလေသည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနှင့်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်၏ သဘောကျထောက်ခံမှု၊ သူ၏ နှစ်သက်အားရမှု၊ သူ၏ အသိအမှတ်ပြုမှုတို့ကို ရရှိရန် လိုအပ်သည့် အရင်းအနှီး သင်၌ ရှိကြောင်း မသိစိတ်ထဲမှနေ၍ သင်စတင်ယုံကြည်လာသည်။ သူ့ကို သင်အာခံကာ သစ္စာဖောက်နေသည်ဟု ဘုရားသခင် ပြောသည့်အခါ သို့မဟုတ် သင်သည် လုံးဝ ပြောင်းလဲခြင်းမရှိသေးဟု သူပြောသည့်အခါ သင်သည် အတိုက်အခံလုပ်ကာ သူ့အပေါ် ဝေဖန်သည်။ သူမှားယွင်းသည်ဟု အခိုင်အမာဆိုခြင်းအားဖြင့် သူ၏ စကားများကို သင်ငြင်းပယ်သည်။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ သင်သည် ကောင်းမြတ်သည်ဟု ဘုရားသခင်ပြောဆိုပြီး သင့်ကို သဘောကျထောက်ခံသည့်အခါ သင်လက်ခံသည်။ သို့ရာတွင် ဘုရားသခင်က သင်သည် သူ့ကို ပုန်ကန်ပြီး အာခံနေသည်ဟု ဖော်ထုတ်သည့်အခါတွင်မူ ဤအရာကို သင်ငြင်းကာ ပယ်ချပြီး ဘုရားသခင်ကို အတိုက်အခံပင် လုပ်၍ ဝေပင်ဝေဖန်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ လူတို့သည် မာနထောင်လွှား၍ စိတ်ကြီးဝင်ပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူကြကြောင်း သိသာထင်ရှားပေသည်။ ပုံမှန်အားဖြင့် လူတို့သည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ပုံရပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အား ကျိုးနွံနာခံမှုရှိကြသည်ဟု လူအားလုံးက ယူဆကြသော်လည်း ၎င်းတို့ကို ဘုရားသခင် တရားစီရင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့်အခါတွင်မူ ၎င်းတို့ထဲမှ မည်သူကမျှ သူ၏ နှုတ်ကပတ်တော်များကို လုံးဝ အလေးမထားကြ။ ထို့ပြင် တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါတိုင်းတွင်လည်း ၎င်းတို့ထဲမှ မည်သူကမျှ သူ၏ နှုတ်ကပတ်တော်နှင့် ၎င်းတို့၏ လုပ်ရပ်များကို မယှဉ်ကြည့်ကြပေ။ ထိုအစား အနည်းငယ်မျှသာ ၎င်းတို့ပြောဆို၍ ဆွေးနွေးကြရုံသာ ရှိပြီး ထိုမျှနှင့် ပြီးသွားသည်။ သို့မဟုတ် စုဝေးပွဲများအတွင်းတွင် ဘုရားနှုတ်ကပတ်တော် စာကြောင်းအနည်းငယ်ကို အလွတ်ရွတ်ပြကာ ယင်းတို့အပေါ် အနည်းငယ် မိတ်သဟာယပြုပြီးနောက် အပြီးသတ်လိုက်ကြသည်။ အမှန်တွင် အမှုကိစ္စများကို လုပ်ဆောင်ချိန်၌ သင်သည် ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ခြင်း လုံးဝ မရှိပေ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဖတ်ရှုကာ မိတ်သဟာယပြုခြင်းက အဘယ်အသုံးဝင်နည်း။ သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ဘုရားနှုတ်ကပတ်တော်ကို သင်လက်တွေ့မလုပ်ဆောင်။ ဘုရားနှုတ်ကပတ်တော်ဖြင့်လည်း သင်အသက်မရှင်ပေ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်ကို သင်အဘယ်ကြောင့် ဖတ်ရှုသနည်း။ ဤသည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်နေသည် မဟုတ်လော။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို နားလည်နိုင်သလော။ သမ္မာတရားကို ရရှိနိုင်သလော။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မဲ့ပေသည်။ လူများစွာတို့သည် ဘုရားနှုတ်ကပတ်တော်ကို အနည်းငယ် ဖတ်ရှုရုံမျှ ဖတ်ရှုကြ၍ ထိုနှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို သိနားလည်မှု ရရှိကြပြီး စကားအနည်းငယ်နှင့် အယူဝါဒအနည်းငယ်ကို မြွက်ဆိုခြင်းအားဖြင့် သမ္မာတရားကို ၎င်းတို့နားလည်သွားပြီ ဖြစ်ကြောင်းနှင့် သမ္မာတရား စစ်မှန်မှုကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တွေးထင်ကြလေသည်။ တချို့က “ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုနေသောကြောင့် ထိုအရာသည် အဘယ်သို့လျှင် စကားများနှင့် အယူဝါဒများသာ ဖြစ်နိုင်မည်နည်း” ဟု ပြောသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို မသိသည့်အပြင် သူ၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ ထိုနှုတ်ကပတ်တော်နှင့်ဆိုင်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာလည်း သင့်ထံ၌ ဧကန်မုချ မရှိသောကြောင့် သင်မိတ်သဟာယပြုသည့်အခါ စကားများနှင့် အယူဝါဒများကို ပြောဆိုနေခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း ထိုအရာကို သင်အမှန်တကယ် နားမလည်သောကြောင့် သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့် သင်နားလည်သည့်အရာမှာ အယူဝါဒသာ ဖြစ်သည်။ ဤအရာကို သင်နားလည်နိုင်သလော။ ဤစကားများကို ကြားရခြင်းက အနာပေါ် တုတ်ကျခြင်းဖြစ်သည်ဟု သင်ခံစားရသလော။ “ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်ရိုသေစွာ မပြုလျှင် ယင်းမှာ ဆိုးရွားသည့် ပုန်ကန်ပြစ်မှားမှုတစ်ခု မဟုတ်လော။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များသည် လူတို့၏ ခံစားချက်များကို မငဲ့ကွက်လေသလော” ဟု သင်ပြောလိမ့်မည်လော။ ငါ့ကို ပြောလော့၊ လူ့အပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများသည် မြင့်မားသလော။ အမှန်တွင် မမြင့်မားပေ။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အခြေခံကြည့်လျှင် ထိုအရာများသည် လူတို့ပြည့်မီနိုင်သည့် စံနှုန်းများသာ ဖြစ်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များက အလွန်မြင့်မားပြီး အမှန်တကယ် ၎င်းတို့လက်လှမ်းမမီနိုင်ဟု လူတို့ခံစားရသည်မှာ လူသား ချစ်ခင်တွယ်တာမှုများ၏ လွှမ်းမိုးမှုကြောင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှုက ၎င်းတို့စိတ်နှလုံးတွင် အခိုင်အမာ မယိမ်းမယိုင် အမြစ်တွယ်နှင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာမှာ သမ္မာတရား သိနားလည်မှု ကင်းမဲ့ခြင်းကြောင့် ဖြစ်လာရပေသည်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပြီး ဤကိစ္စရပ်၏ စစ်မှန်သည့် သဘာဝကို ရိပ်စားမိပါက ဤပြဿနာကို မှန်ကန်သည့် နည်းလမ်းဖြင့် ချဉ်းကပ်ကာ ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။ လူတို့သည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းကို နှစ်ထောင်ချီကြာ ခံလာရပြီး ဖြစ်သည်။ ပြုမူနေထိုင်ခြင်းအတွက် စာတန်၏ အတွေးအခေါ်များနှင့် နည်းဥပဒေများသည် လူတို့၏ စိတ်နှလုံးတွင် အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ သင်သည် ထိုသို့သော စိတ်ကူးများဖြင့် အသက်ရှင်သောကြောင့် မည်သည့်အရာကို သင်အတိအကျ အသက်ရှင်နေထိုင်လေပြီနည်း။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်လေပြီလော။ စစ်မှန်သည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်လေပြီလော။ သင့်အနေဖြင့် ဤကိစ္စရပ်ကို သိရှိကာ စိတ်ဖြာလေ့လာထိုက်ပေသည်။ ရိုရာယဉ်ကျေးမှုမှ၊ စာတန်၏ အတွေးအခေါ်များနှင့် အမြင်များမှ မည်သည့်အရာ သင်ရရှိပြီးဖြစ်သည်၊ ဤအရာများက အမှန်တကယ် သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ထိုအရာများက သင့်ထံ မည်သည့်အရာ ယူဆောင်လာသည်ဆိုသည်တို့ကို သင်သုံးသပ်ရန် လိုအပ်သည်။ ထို့နောက် သင်သည် ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံ၍ ဤကိစ္စရပ်များကို မိတ်သဟာယပြုကာ စိစစ်သင့်သည်။ ဤသို့ သင်လုပ်ဆောင်ပါက သမ္မာတရားကို ရှာဖွေတွေ့ရှိရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သမ္မာတရားကို သင်နားလည်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်သည့်အခါ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များသည် လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က ဖြစ်မြောက်စေနိုင်သည့် အရာများသာ ဖြစ်သည်ကို သင်မြင်လိမ့်မည်။ ဘုရားသခင်က လူ့အပေါ် အလွန်များစွာ တောင်းဆိုသည်ဟု သင်ညည်းညူတော့မည် မဟုတ်သည်ကိုမူ ပြောနေရန်ပင် မလို။ ထိုအစား သင်ပြောမည်မှာ “စည်းမျဉ်းများကို ကျွန်ုပ်တို့ နားလည်ပါသည်။ ကျွန်ုပ်တို့တွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိပြီး ဤအရာများကို မည်သို့ကိုင်တွယ်ရမည်ကို ကျွန်ုပ်တို့ နားလည်ပါသည်” ဟု ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ နည်းနည်းချင်းစီ ဝင်ရောက်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း ဖြစ်စဉ်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။