မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည် (အပိုင်း တစ်)
ယခု သင်တို့အားလုံးသည် သင်တို့တာဝန်ကို အတော် ထကြွလှုပ်ရှားတက်ကြွစွာ လုပ်ဆောင်နေကြပြီး ဆင်းရဲဒုက္ခအနည်းငယ်ကို သင်တို့ ကိုင်တွယ်နိုင်ကြသည်။ ထို့ကြောင့် အသက်ဝင်ရောက်မှုနှင့် ပတ်သက်လာသည့်အခါ သင်တို့သည် ရှေ့ဆက်လမ်းကြောင်းတစ်ခု ရှိကြသလော။ အသစ်သော ဉာဏ်အလင်းပေးခြင်းကို သင်တို့ ရရှိကြသလော၊ သို့မဟုတ် အသစ်သော အလင်းကို သင်တို့ မြင်ကြသလော။ မိမိတာဝန်ကို လုပ်ဆောင်ခြင်းသည် အလွန်အရေးပါသကဲ့သို့ပင် အသက်ဝင်ရောက်မှုသည်လည်း ဘုရားသခင်ကို ယုံကြည်သူများအတွက် အလွန်အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့ရာတွင် သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်ရန်၊ လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခု မီရန်၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ လုပ်ဆောင်ရန်၊ ဤအရာများကို စွမ်းဆောင်ရရှိမည့် နည်းလမ်းမှာ အဘယ်နည်း။ (သမ္မာတရားကို လိုက်စားခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ သင်သည် သမ္မာတရားကို လိုက်စားရမည်ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် နည်းလမ်းမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များကို သင် သာ၍ ဖတ်ရှုရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရားဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ သမ္မာတရားကို ရရှိရန် ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ သာ၍ တွေ့ကြုံရမည်ဖြစ်ပြီး ထို့နောက်တွင်မှ သမ္မာတရားကို သင်နားလည်နိုင်သည်။ ထို့ကြောင့် သမ္မာတရားကို နားလည်ရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များအတွက် အားထုတ်မှုများ သင် ပြုရမည် မဟုတ်လော။ လူအချို့က “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခဲ့သည့် ဤနှစ်ကာလများတွင် ဘုရားနှုတ်ကပတ်တော်များကို အနည်းအကျဉ်းထက်ပို၍ ကျွန်ုပ် ဖတ်ရှုခဲ့ပြီး သမ္မာတရားအချို့ကို နားလည်ခဲ့သော်လည်း ကျွန်ုပ်ထံ တစ်မူထူးခြားသော အရာများ ဖြစ်ပျက်သည့်အခါ လမ်းကြောင်းကို ရှာမတွေ့နိုင်သကဲ့သို့ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ် နားလည်သည့် အရာများကို ကျွန်ုပ် အဘယ်သို့ အသုံးပြုကာ မပြောဆိုနိုင်ရသနည်း။ ဤအချိန်တွင် ကျွန်ုပ် သိသမျှမှာ စကားများနှင့် အယူဝါဒများဖြစ်ကြောင်းကို သဘောပေါက်သွားပြီး အမှုအရာများ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အခါ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်သည် အလွန်ညံ့ဖျင်းပြီး သနားဖွယ်ဖြစ်ပါသည်”ဟု ပြောဆိုကြသည်။ လူအချို့သည် မိတ်သဟာယပြုချိန်တွင် ထုံးစံအတိုင်း မစဲသော စကားလုံးများ တရစပ်ပြောပြီး မှတ်ဉာဏ်မှ ဘုရားနှုတ်ကပတ်တော်များ အချို့ကိုပင် အာဂုံဆောင်ပြနိုင်ကြသည်။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားလည်သည်၊ ဝိညာဉ်ရေးရာ ပြည့်ဝပြီး သမ္မာတရား စစ်မှန်မှုအချို့ ရှိသည်ဟု တွေးထင်ကြသည်။ သို့ရာတွင် တစ်နေ့ မိမိတို့ ဆန္ဒများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ဘုရားသခင်အကြောင်း အယူအဆများ စရှိလာကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့က သူ့ကို စောဒကပင် တက်ကောင်းတက်ကြမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ထုတ်ဖော်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ မည်သို့ ဆုတောင်းသည်ဖြစ်စေ၊ မိမိတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ကြလိမ့်မည် မဟုတ်။ အခြားသူများက ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း မိတ်သဟာယပြုကြသည့်အခါ ၎င်းတို့က “ဤအယူဝါဒကို သင့်ထက် ကျွန်ုပ် သာ၍ကောင်းစွာ သိသည်။ သမ္မာတရား သိနားလည်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်ထက် ကျွန်ုပ် သာ၍ နားလည်သည်။ အယူဝါဒကို ဟောပြောခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သို့ ပြောဆိုရမည်ကို သင့်ထက် ကျွန်ုပ် သာ၍ ကောင်းစွာ သိသည်။ တရားဒေသနာများကို နားထောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်ထက် ကျွန်ုပ် သာ၍ နားထောင်ပြီးဖြစ်သည်။ အားထုတ်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်ထက် ကျွန်ုပ် သာ၍ အားထုတ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်ထက် ကျွန်ုပ် သာ၍ ကြာရှည်စွာ ယုံကြည်ပြီးဖြစ်သည်။ ကျွန်ုပ်ကို သွန်သင်ရန် မကြိုးစားနှင့်။ အရာရာကို ကျွန်ုပ် နားလည်သည်”ဟု ဆိုကြသည်။ အရာရာကို ၎င်းတို့ နားလည်သည် ထင်ကြသော်လည်း ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ လွှမ်းမိုးလာပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်း ခံရသည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့ ပုံမှန် ရေရွတ်သည့် ဝိညာဉ်ရေးရာ အယူဝါဒများသည် ၎င်းတို့၏ အခက်အခဲများကို မဖြေရှင်းပေးနိုင်ကြပေ။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အမှန်တကယ် ကြီးမားသလော၊ သို့မဟုတ် သေးငယ်သလော။ သမ္မာတရားကို နားလည်သည်ဟု ၎င်းတို့ တွေးထင်သောကြောင့် ၎င်းတို့၏ လက်ရှိ အခက်အခဲများကို အဘယ်ကြောင့် ၎င်းတို့ မဖြေရှင်းနိုင်ကြသနည်း။ ဤတွင် မည်သည့်အရာ ဖြစ်နေပါသနည်း။ သင်တို့သည် ဤပြဿနာမျိုးများကို မကြာခဏ ကြုံဆုံရသည် မဟုတ်လော။ ဤသည်မှာ အသက်ဝင်ရောက်မှုနှင့် ပတ်သက်လာသည့်အခါ ယုံကြည်သူများ ကြုံဆုံနေကျဖြစ်သော အခက်အခဲတစ်ခု ဖြစ်ပြီး လူ၏ အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။ သင့်ထံ တစ်စုံတစ်ရာ မဖြစ်ပျက်မီ ဘုရားသခင်ကို အတန်ကြာ သင် ယုံကြည်နှင့်ပြီးဖြစ်ကြောင်း၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုနှင့် အခြေခံအုတ်မြစ် တစ်ခုခု ရှိကြောင်း၊ အခြားလူများထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ ထိုအရာများကို သင် အနည်းငယ် ရိပ်စားမိနိုင်ကြောင်း သင်တွေးကောင်းတွေးထင်မည်ဖြစ်သည်။ သင်သည် မိမိတာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ ဆင်းရဲဒုက္ခကို အတော်ပင်ခံနိုင်ကြောင်း၊ ကြီးမားသည့် အဖိုးအခပေးနိုင်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ မကျန်းမာခြင်း၊ အပြစ်အနာအဆာများနှင့် ချို့တဲ့မှုများကဲ့သို့သော သင်၏ ကိုယ်ပိုင် အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်ကြောင်းကိုလည်း တွေးထင်ကောင်း တွေးထင်မည်ဖြစ်သည်။ သို့သော် ဖြေရှင်းရန် အခက်ခဲဆုံးသော ကိစ္စရပ်မှာ လူတို့ထံမှ မကြာခဏ ထုတ်ဖော်တတ်သည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့်ဆိုင်သည့် ကိစ္စ ဖြစ်သည်။ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား”ဆိုသည်မှာ လူတို့ ရင်းနှီးနေသည့် ဝေါဟာရဖြစ်သော်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အတိအကျ မည်သည့်အရာဖြစ်သည်၊ မည်သည့် ထုတ်ဖော်ခြင်းများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြစ်စေပြီး မည်သည့် အတွေးများနှင့် လုပ်ရပ်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရလဒ်များဖြစ်သည်ဆိုသည်ကိုမူ လူတိုင်း မရှင်းကြချေ။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့် လုပ်ရပ်များက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းများ ဖြစ်သည်ဆိုသည်ကို လူတို့ နားမလည်ကြလျှင်၊ သို့မဟုတ် သဘောမပေါက်ကြလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတိုင်း ၎င်းတို့ အသက်ရှင်လျှင်ပင် အပြစ်မလုပ်သရွေ့ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည်ဟု တစ်စုံတစ်ဦးက ထင်ကောင်းထင်မည် မဟုတ်လော။ ထိုသို့သော အခြေအနေတစ်ခု သင်တို့ ရှိကြသလော။ (ရှိပါသည်။) သင်တို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာ ဖြစ်သည်ကို လုံးဝ နားမလည်၊ သို့မဟုတ် သဘောမပေါက်ပါက သင်သည် မိမိကိုယ်ကို သိရှိနိုင်သလော။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော သဘာဝကို သဘောပေါက်နိုင်သလော။ သေချာပေါက် သဘောမပေါက်နိုင်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို သင် မသိပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မည်သို့ ပြုမူရမည်၊ မည်သည့် လုပ်ရပ်များက မှန်ကန်ပြီး မည်သည်တို့က မှားယွင်းသည်ဆိုသည်တို့ကို သင် သိနိုင်သလော။ သေချာပေါက် မသိနိုင်ပေ။ ထို့ကြောင့် မိမိတို့ကိုယ်ကို မသိရှိသောလူတို့သည် အသက်ဝင်ရောက်မှု ရှိကြလိမ့်မည် မဟုတ်ပေ။
အသက်ဝင်ရောက်မှု လမ်းကြောင်းတွင် အခြေအနေများစွာ ပါဝင်သည်။ ဤ “အခြေအနေ”ဟူသည့် စကားလုံးကို သင်တို့အားလုံး သိကြသည်မှာ သေချာသလောက်ဖြစ်သော်လည်း ထိုစကားလုံးသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင်တို့ မည်သို့ နားလည်ကြသနည်း။ (အခြေအနေတစ်ခုသည် အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ လူတစ်ဦးထံမှ ပွင့်အံထွက်လာသည့် ရှုထောင့်အမြင်များနှင့် အတွေးများ ဖြစ်ပါသည်။ ထိုအရာက ၎င်းတို့၏ စကား၊ အပြုအမူနှင့် ရွေးချယ်မှုများကို လွှမ်းမိုးကာ ထိန်းချုပ်နိုင်ပါသည်။ ဤအရာအားလုံးသည် အခြေအနေတစ်ခု ဖြစ်သည်။) နီးစပ်သည်။ အခြားမည်သူက တစ်စုံတစ်ရာကို ပြောချင်သေးသနည်း။ (အခြေအနေတစ်ခုဆိုသည်မှာ သီးခြား အချိန်ကာလတစ်ခုတွင်၊ သို့မဟုတ် သီးခြား ကိစ္စရပ်တစ်ခုတွင် လူတစ်ဦးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးမျိုး၏ စိုးမိုးခြင်းခံရသောကြောင့် အပျက်သဘောဆောင်ပြီး အတော်လေး မူမမှန်သည့် အခြေအနေတစ်ခုတွင် အသက်ရှင်နေသည်ဟု ဆိုလိုပါသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ပြင်းပြင်းထန်ထန် ပြုပြင်ခံရသည့်အခါ၊ သို့မဟုတ် အချို့သော အခက်အခဲများကို ရင်ဆိုင်ရသည့်အခါတွင် ဖြစ်ပါသည်။) (လတ်တလောတွင် ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ အချို့သော ရလဒ်များရှိခဲ့ချိန်တွင် မိမိကိုယ်ကို ကျေနပ်သလိုမျိုး၊ မိမိဘာသာအားရသည့် အခြေအနေတစ်ခုတွင် ရှိခဲ့သည်။ ကျွန်ုပ် ပြောင်းလဲခဲ့ပြီး သမ္မာတရား စစ်မှန်မှု ရှိကာ သေချာပေါက် ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ခံရမည်ဖြစ်သည်ဟု ကျွန်ုပ် တွေးခဲ့သည်။ အမှန်တွင် ဘုရားသခင်၏ သတ်မှတ်ချက်များအရ ကျွန်ုပ်သည် အလှမ်းဝေးနေပါသေးသည်။ ယခုမှသာ ဤသည်မှာ မာနထောင်လွှား၊ စိတ်ကြီးဝင်သော အခြေအနေတစ်မျိုး ဖြစ်သည်ကို ကျွန်ုပ် နားလည်သွားပါသည်။) သင်တို့ ဆွေးနွေးပြီးသော အခြေအနေများအားလုံးသည် အပျက်သဘောဆောင်သည်။ ထို့ကြောင့် မှန်ကန်သည့်၊ အပြုသဘောဆောင်သော အခြေအနေများ ရှိသလော။ (ရှိပါသည်။ ဥပမာအားဖြင့် ကျွန်ုပ် အစွမ်းရှိသမျှဖြင့် ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေလိုသည့်အခါ ကျွန်ုပ်၏ ဇာတိပကတိကို ကျွန်ုပ် ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ထိုအခြေအနေမျိုးသည် အပြုသဘောဆောင်ပါသည်။) ယခုထက်ထိ အခြေအနေက မည်သည့်အရာ ဖြစ်သည်ကို အမှန်တကယ် အဓိပ္ပာယ်ဖွင့်ခြင်းမရှိဘဲ အချို့သော အခြေအနေများကိုသာ သင်တို့ ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် သင်တို့အားလုံး ပြောပြီးသည့် အရာအားလုံးကို အခြေခံ၍ အခြေအနေတစ်ခုက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ငါတို့ အကျဉ်းချုပ်ကြစို့။ “အခြေအနေ”သည် မည်သည့်အရာကို အမှန်တကယ် ရည်ညွှန်းပါသနည်း။ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ လူတို့ရှိကြသည့် ရှုထောင့်အမြင်မျိုး၊ သို့မဟုတ် အခြေအနေမျိုးအပြင်၊ ဤအခြေအနေက ဖြစ်စေသည့် အတွေးများ၊ စိတ်အနေအထားများနှင့် ရှုထောင့်တို့ ဖြစ်သည်။ ဥပမာအားဖြင့် သင်၏ တာဝန်ကို သင် လုပ်ဆောင်စဉ်တွင် သင်သည် ပြုပြင်ခံရသည့်အခါ စိတ်မချမ်းမသာဖြစ်ကာ အပျက်သဘောဆောင်သော အခြေအနေတစ်ခုတွင် ရှိလိမ့်မည်။ ဤအချိန်တွင် သင့်ထံမှ ထုတ်ဖော်လာသည့် ရှုထောင့်အမြင်များနှင့် သဘောထားများအပြင် သင်၏ ရှုထောင့်များက မည်သည့်အရာဖြစ်သည်ဆိုသည်တို့မှာ သင့်အခြေအနေ၏ ဆီလျော်သော အသေးစိတ် အချက်အလက်အချို့ ဖြစ်သည်။ ဤအရာက သင်တို့ ပုံမှန် တွေ့ကြုံသည့် အရာများအပေါ် ခြုံငုံမိသလော။ (ခြုံငုံမိပါသည်။) ဤသည်မှာ လူတို့၏ ဘဝများနှင့် ဆက်နွှယ်ပေသည်။ လူတိုင်း နားလည်ခံစားနိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ နေ့တိုင်း ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့ ခံစား၊ တွေ့ကြုံကာ၊ ထိတွေ့ဆက်ဆံလာနိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ ထို့ကြောင့် သင်တို့ မည်သည့်အရာကို တွေးထင်ပါသနည်း။ အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုတွင် ရှိသည့်အခါ လူတစ်ဦးထံမှ မည်သည့်အရာ ပွင့်အံထွက်ပါသနည်း။ (အထင်လွဲခြင်း၊ ရှောင်လွဲမှု၊ မိမိအပေါ် ဆုံးဖြတ်သတ်မှတ်ခြင်းနှင့် ဆုတ်ဆိုင်းမှု တစ်ခုတလေနောက်တွင် လုံးဝ လက်လျှော့လိုက်ခြင်းတို့ ဖြစ်ပါသည်။ ဆိုးရွားသည့်အခါ လူတစ်ဦးသည် မိမိ၏ တာဝန်ကိုပင် လုံးဝ စွန့်လွှတ်သွားနိုင်သည်။) ဆိုးရွားသည့်အခါတွင် မိမိ၏ တာဝန်ကို စွန့်လွှတ်လိုသည်၊ ယင်းမှာ သဘောထားတစ်ခုလော၊ သို့မဟုတ် ရှုထောင့်တစ်ခုလော။ သို့မဟုတ် အခြားတစ်စုံတစ်ရာ ဖြစ်သလော။ (အခြေအနေနှင့် စိတ်အနေအထားတစ်မျိုး ဖြစ်ပါသည်။) ယင်းသည် အခြေအနေနှင့် စိတ်အနေအထား ပို၍ ဖြစ်ပေသည်။ ဤအချိန်တွင် မိမိတို့တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ လူတစ်ဦး၏ သဘောထားသည် မည်သည့်အရာ ဖြစ်သနည်း။ (၎င်းတို့သည် အပျက်သဘောဆောင်ပြီး ခိုကတ်ကြသည်။ စိတ်လှုံ့ဆော်မှုမရှိသကဲ့သို့ ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြကြပါသည်။) ဤအရာက အရေးကိစ္စများ၏ စစ်မှန်သည့် အခြေအနေ ပါဝင်လေသည်။ “၎င်းတို့တွင် စိတ်လှုံ့ဆော်မှုမရှိ”ဟု ဆိုခြင်းသည် အဓိပ္ပာယ်မဲ့သော စကားရပ်တစ်ခု ဖြစ်သည်။ အရေးကိစ္စများ၏ စစ်မှန်သည့် အခြေအနေကို သင် ပြောဆိုရမည်။ လူတို့သည် စိတ်လှုံ့ဆော်မှုမရှိဘဲနှင့် မိမိတို့တာဝန်ကို လုပ်ဆောင်ကြသည့်အခါ မိမိတို့ စိတ်နှလုံးတွင် မည်သည့်အရာကို ၎င်းတို့ တွေးနေကြသနည်း။ ဤအချိန်တွင် ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သည့်အရာ ဖြစ်သနည်း။ (၎င်းတို့သည် မိမိတို့တာဝန်တွင် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ အမှုကိစ္စများကို စိတ်မပါ့တပါ လုပ်ဆောင်ကြသည်။ ဝတ်ကျေတမ်းကျေ ပြုမူကြပါသည်။) ဤသည်မှာ စိတ်သဘောထားတစ်ခု မဟုတ်ဘဲ သင်ပြုမူဆောင်ရွက်ပြီးနောက်တွင် သင့်ကို ရည်ညွှန်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။ ယင်းသည် ပြုမူဆောင်ရွက်ပုံတစ်ခု ဖြစ်သည်။ သို့ရာတွင် သင့်အား ဝတ်ကျေတမ်းကျေဖြစ်စေသည့် အရာနှင့် ပတ်သက်၍မူ သာ၍ နက်ရှိုင်းစွာ ဖော်ထုတ်ရန် သင် လိုအပ်သလော။ လုံလောက်အောင် နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ခြင်းအားဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ဖော်ထုတ်မိလိမ့်မည်။ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်း ဖြစ်သည်။ သင့်စိတ်နှလုံးတွင် သင် တွေးသည့်နည်းလမ်းက သင်၏ တာဝန်ကို သင်လုပ်ဆောင်သည့်အခါတွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်းသို့ ရောက်စေနိုင်ပြီး ယခင်ထက် သင် လှုပ်ရှားတက်ကြွမှု လျော့နည်းသည့်အဖြစ်သို့ ဆိုက်ရောက်စေနိုင်သည်။ သင်၏ ထိုအတွေးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ပြီး ထိုအတွေးသို့ ဆိုက်ရောက်စေသည့်အရာသည် သင်၏ သဘာဝ ဖြစ်သည်။ လူအချို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်သည့်အခါတွင် ပြုပြင်ခြင်းကို ကြုံရပြီး ၎င်းတို့က “ကျွန်ုပ်၏ နည်းကျဉ်းသော စွမ်းရည်များဖြင့် ကျွန်ုပ် အမှန်တကယ် မည်မျှ လုပ်ဆောင်နိုင်သနည်း။ ကျွန်ုပ် များစွာ နားမလည်ပါ။ ထို့ကြောင့် ဤအလုပ်ကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်လိုပါက လုပ်ဆောင်နေရင်း ကျွန်ုပ် သင်ယူရမည် မဟုတ်ပါလား။ ယင်းမှာ ကျွန်ုပ်အတွက် လွယ်ကူလိမ့်မည်လား။ ဘုရားသခင်သည် လူတို့ကို တကယ် နားမလည်ပါ။ ဤသည်မှာ ဘဲကို ကြက်တို့နားနေရာသို့ မောင်းခြင်းနှင့် တူသည် မဟုတ်ပါလား။ ကျွန်ုပ်ထက် သာ၍ နားလည်သည့် တစ်စုံတစ်ဦးကို လုပ်ခွင့်ပေးလိုက်ပါ။ ကျွန်ုပ်သည် ဤသို့သာ လုပ်ဆောင်နိုင်သည်။ ဤအရာထက် ကျွန်ုပ် မည်သို့မျှ သာ၍ မလုပ်နိုင်တော့ပါ”ဟု ပြောကြသည်။ လူတို့သည် ထိုသို့သော အရာများကို ပုံမှန်အားဖြင့် ပြောဆိုကာ တွေးတောကြသည်၊ ဟုတ်ပါသလော။ (မှန်ပါသည်။) လူတိုင်းက ထိုအရာကို ဝန်ခံနိုင်သည်။ မည်သူမျှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်သကဲ့သို့ မည်သူမျှသည် ကောင်းကင်တမန် မဟုတ်ပါ။ လူတို့သည် လေဟာနယ်တွင် အသက်မရှင်ပေ။ လူတိုင်းသည် ဤအတွေးများနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများ ရှိကြသည်။ လူတိုင်းသည် ဤအရာများကို ထုတ်ဖော်ပြနိုင်စွမ်း ရှိကြပြီး ဤအခြေအနေများတွင် မကြာခဏ အသက်ရှင်နိုင်စွမ်းရှိကြကာ ယင်းမှာ ၎င်းတို့ကိုယ်ပိုင် ဆန္ဒမှ မဟုတ်ပေ။ ၎င်းတို့သည် ဤသို့ မတွေးဘဲ မနေနိုင်ကြပေ။ ၎င်းတို့ထံ မည်သည့်အရာမျှ မဖြစ်မီတွင် လူတို့သည် အတော်အတန် ပုံမှန်ဖြစ်သော အခြေအနေတစ်ခု ရှိကြသော်လည်း ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ အမှုအရာများက ကွဲပြားသွားသည်။ အပျက်သဘောဆောင်သော အခြေအနေတစ်ခုသည် အတားအဆီး၊ သို့မဟုတ် ကန့်သတ်ချက်မရှိဘဲ၊ ပြီးလျှင် အခြားသူတို့၏ တိုက်တွန်းမှု၊ သို့မဟုတ် လှုံ့ဆော်မှုမရှိဘဲ ၎င်းတို့ထံမှ အလိုအလျောက် အလွန်ပင် လွယ်လင့်တကူ ထုတ်ဖော်ကြသည်။ ၎င်းတို့ ကြုံရသည့်အရာများသည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒနှင့် မကိုက်ညီသရွေ့ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တစ်ချိန်လုံးဆိုသလို ၎င်းတို့ရှိ နေရာမှန်သမျှမှ ထုတ်ဖော်လေသည်။ ထိုအရာများသည် အဘယ်ကြောင့် တစ်ချိန်လုံးဆိုသလို နေရာမှန်သမျှမှ ထုတ်ဖော်နိုင်ရသနည်း။ လူတို့သည် ၎င်းတို့အထဲတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးနှင့် ဖောက်ပြန်ပျက်စီးသော သဘာဝမျိုး ရှိကြသည်ဟု ဤအရာက သက်သေပြပေသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့ကို အခြားသူများက သွန်သင်ထားခြင်း၊ လှုံ့ဆော်ထားခြင်း၊ သို့မဟုတ် အားပေးထားခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ ၎င်းတို့အပေါ် အခြားသူများက အတင်းထိုးပေးထားခြင်းမဟုတ်သကဲ့သို့ အခြားသူများက သွတ်သွင်းထားခြင်းလည်း မဟုတ်ပေ။ ထို့ထက် လူတို့ကိုယ်တိုင်က ထိုအရာများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ လူတို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက မှန်ကန်သည့်၊ အပြုသဘောဆောင်သော အခြေအနေများတွင် ၎င်းတို့ အသက်မရှင်နိုင်ကြပေ။ အဘယ်ကြောင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မကြာခဏ ထုတ်ဖော်သနည်း။ အမှန်တွင် ဤအခြေအနေများ မှားယွင်းပြီး မူမမှန်ကြောင်း၊ ထိုအရာများ ပြောင်းလဲရန် လိုအပ်ကြောင်း သင်တို့အားလုံး သိလာနှင့်ကြပြီး ဖြစ်သည်။ ယခုထက်ထိတိုင် သင်တို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မစွန့်ပယ်ကြသေး၊ သို့မဟုတ် ဤမမှန်သည့် အတွေးများနှင့် ရှုထောင့်အမြင်များကို မစွန့်ကြသေးသကဲ့သို့ သင်တို့၏ အခြေအနေများသည် သိသာသည့် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့သေးပေ။ ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ်ပြီးနောက်တွင် သင်သည် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရှိခဲ့သေးသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့်အခါ သိသာသော လျော့ပါးမှု တစ်ခုတလေမျှမရှိဘဲ ယခင်ကဲ့သို့ အလားတူအခြေအနေတွင် သင် ရှိနေသည်။ ထို့ကြောင့် ပြဿနာမှာ အဘယ်နည်း။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဤနှစ်များတစ်လျှောက်လုံးနောက်တွင် သင်တို့ အများစုသည် မည်သည့် ကြီးထွားမှုမျှ မရှိခဲ့ကြသေးချေ။ အချို့သော စကားများနှင့် အယူဝါဒများကို သင်တို့ နားလည်ရုံမျှ နားလည်ကြသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် မပေးနိုင်ကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤနှစ်များတစ်လျှောက်လုံးတွင် သင်တို့သည် သမ္မာတရားကို မလိုက်စားခဲ့ကြသကဲ့သို့ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သိသိသာသာ ပြောင်းလဲခြင်း မရှိသေးသောကြောင့်ဖြစ်၏။ ဤအရာက သင့်ဘဝ အတွေ့အကြုံသည် အလွန် ပေါ့တန်လွန်းပြီး နက်နဲမှုမရှိသည်ကို သက်သေပြပေသည်။ သင်၏ လက်ရှိ အခြေအနေသည် အလွန် သေးငယ်ပြီး သင်သည် မည်သည့် သမ္မာတရား စစ်မှန်မှုကိုမျှ မပိုင်ဆိုင်ဟု ကျိန်းသေ ပြော၍ရပေသည်။ ငါ ပြောပြီးသည့်အရာကို သင်တို့ လက်ခံနိုင်ကြသလော။ လက်တွေ့ကျသည့် အတွေ့အကြုံ အနည်းငယ်ရှိသောသူတို့သည် ငါ၏ စကားများကို နားလည်နိုင်လောက်သော်လည်း သမ္မာတရားကို နားမလည်သကဲ့သို့ အသက်ဝင်ရောက်မှုက မည်သည့်အရာ ဖြစ်သည်ကို မသိသေးသည့်သူတို့သည် ဤစကားများ၏ အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်မည်မဟုတ်။ အခြေအနေဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့အား အဘယ်ကြောင့် ယခုတင် ငါ မေးရသနည်း။ အခြေအနေတစ်ခုက မည်သည့်အရာဖြစ်သည်ကို သင်တို့ နားမလည်ပါက ငါပြောနေသည့်အရာကို သင်တို့ လုံးဝ နားလည်လိမ့်မည် မဟုတ်။ မှန်ကန်သည့်အလား သဘောထားလျက် စကားများကို နားထောင်ရုံမျှ နားထောင်ကြလိမ့်မည်။ သင်တို့သည် ဤရှုထောင့်အမြင်ရှိပါက သင်တို့တွင် အတွေ့အကြုံမရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို နားမလည်ကြောင်း သက်သေပြပေသည်။ လူတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်လိုပါက၊ စစ်မှန်သည့် အသက်ဝင်ရောက်မှု ရှိလိုပါက ၎င်းတို့သည် အခြေအနေအနည်းအကျဉ်းကို နားလည်ရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို နားလည်ကာ သဘောပေါက်ရမည်ဖြစ်ပြီး ၎င်းတို့၏ တကယ့် ဘဝများတွင် မည်သည့် အခြေအနေမျိုး၌ ၎င်းတို့ ရှိကြသည်။ ထိုအခြေအနေက မှန်သည်၊ မှားသည်၊ မှားယွင်းသည့် အခြေအနေတွင် လူတို့ ရှိကြသည့်အခါ မည်သည့် ဖောက်ပြန်ပျက်စီးမှုမျိုး ၎င်းတို့ထံမှ ထုတ်ဖော်သည်ဆိုသည်နှင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို သိရမည်။ ဤအရာအားလုံးကို ၎င်းတို့ နားလည်သဘောပေါက်ရမည်။ ဤအရာများကို သင်တို့ နားမလည်၊ သဘောမပေါက်ပါက တစ်ချက်မှာ သင်သည် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် သိမြင်မှုအတွက် မည်သည့်နေရာမှ အစပြုရမည်၊ မိမိကိုယ်ကို ပြောင်းလဲခွင့်ပေးရမည်ဆိုသည်တို့ကို မသိပေ။ နောက်တစ်ချက်မှာ ဘုရားနှုတ်ကပတ်တော်များအား စားသောက်ရန်၊ သို့မဟုတ် သမ္မာတရားထဲသို့ ဝင်ရောက်ရန် မည်သည့်နေရာမှ အစပြုရမည်ကို သင် မသိပေ။ အောက်ပါ အခြေအနေကို သင်တို့ မကြာခဏ ကြုံဆုံမိသလော။ တစ်စုံတစ်ရာနှင့် ပတ်သက်၍ ငါစကားပြောသည်ကို နားထောင်ပြီးနောက်တွင် ထိုအကြောင်းကိုသာ သင်တို့ သိကြသော်လည်း ထိုအရာက မည်သည့်အခြေအနေကို ရည်ညွှန်းကြောင်း မသိကြသကဲ့သို့ မိမိကိုယ်ကိုအတွက် ထိုအရာကို အသုံးမပြုနိုင်ကြပေ။ (ဟုတ်ပါသည်။) ဤအရာက သင်တို့၏ အတွေ့အကြုံသည် ထိုအဆင့်သို့ မရောက်သေးကြောင်း ပြပေသည်။ ငါပြောဆိုသည့်အရာသည် သင်တို့နှင့် ပတ်သက်ပြီး သင်တို့ ဘဝနှင့် နီးကပ်စွာ ဆက်နွှယ်ပါက ဥပမာအားဖြင့် လူတို့က မိမိတို့တာဝန်များကို လုပ်ဆောင်သည့်အခါတွင် နေ့စဉ် ကြုံတွေ့လာရသည့် အမှုအရာများ၊ သို့မဟုတ် လူတို့သည် မိမိတို့ တာဝန်များကို လုပ်ဆောင်သည့်အခါတွင် ၎င်းတို့ထံမှ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် လူတို့၏ ကြံရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ ဝတ်ကျေတမ်းကျေဖြစ်ခြင်းများ၊ သို့မဟုတ် မိမိတို့တာဝန်များကို လုပ်ဆောင်သည့်အခါတွင် ၎င်းတို့၏ သဘောထားများအကြောင်းကို ပြောဆိုခြင်းဖြစ်သည်။ သင်တို့ နားထောင်သည်နှင့် ထိုအရာကို မိမိတို့အတွက် အသုံးပြုနိုင်ပေမည်။ ထိုအရာအကြောင်းကို သာ၍ နက်ရှိုင်းစွာ ငါပြောဆိုလျှင် သင်တို့သည် မိမိတို့အတွက် အသုံးမပြုနိုင်မည့် အရာများရှိပေသည်။ ဤအရာသည် တစ်ခါတစ်ရံ ဖြစ်သလော။ (ဖြစ်ပါသည်။) သင်တို့သည် မိမိတို့အတွက် မကျင့်သုံးနိုင်သည့် အရာများအတွက်မူ ထိုအရာများကို သတိထားမိရုံလေးမျှသာ ရှိလျက် အယူဝါဒအား နားထောင်သကဲ့သို့ နားထောင်ကြသလော။ သို့ဆိုလျှင် မိမိတို့အတွက် ကျင့်သုံးနိုင်သည့် အရာများကို သင်တို့ မည်သို့ နားလည်သင့်ကြသနည်း။ (မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ကာ သိလာပြီး ကျွန်ုပ်တို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပါ။) ဤသည်မှာ မှန်ကန်သည့် တွေ့ကြုံနည်း ဖြစ်သည်။
သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် သုံးသပ်ခြင်းနှင့် ထိုအရာကို သိရှိခြင်းက အရေးကြီးသည်ဟု ပြောဆိုခြင်းသည် ကျယ်ပြန့်သည့် စကားဖြစ်သည်။ သင်သည် အဘယ်သို့ မိမိကိုယ်ကို အမှန်တကယ် သုံးသပ်ပြီး သိရှိသင့်သနည်း။ ဤတွင် လမ်းကြောင်းတစ်ခုရှိ၏။ သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်၏ ရှုထောင့်အမြင်နှင့် သဘောထား၊ သင်၌ရှိသည့် အတွေးများနှင့် မည်သည့် ရှုထောင့်မှ ပြဿနာကို သင် ကြည့်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး သဘောထားသည်ဆိုသည်တို့ကို ကြည့်သင့်သည်။ ဤအဆင့်များမှတစ်ဆင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သုံးသပ်ပြီး သိရှိလာနိုင်ပေသည်။ ဤသုံးသပ်မှုနှင့် မိမိကိုယ်ကို သိသည့်အသိမျိုး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အခြေအနေကို သာ၍ ကောင်းစွာ နားလည်ရန်နှင့် ထို့နောက်တွင် သင်၏ ပြဿနာများကို ဖြေရှင်းပြီး စိတ်သဘောထားပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိဖို့ သမ္မာတရားကို ရှာဖွေရန် ဖြစ်သည်။ ထို့ကြောင့် လတ်တလောတွင် သင်တို့သည် မည်သည့် အခြေအနေတွင် ရှိကြသနည်း။ သင်တို့သည် မိမိတို့ကိုယ်ကို မည်မျှသိရှိပြီး မည်မျှနက်ရှိုင်းစွာ သိရှိကြသနည်း။ မတူညီသည့် အချိန်များတွင်၊ သို့မဟုတ် မတူကွဲပြားသည့်အရာများ သင့်ထံ ဖြစ်ပျက်သည့်အချိန်တွင် မည်သည့် အခြေအနေများ၌ သင်တို့ရှိကြသည်ဆိုသည့်အကြောင်းကို သင်တို့ မည်မျှ နားလည်ကြသနည်း။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အားထုတ်မှုတစ်ခုတလေ သင်တို့ လုပ်ပြီးပြီလော၊ သို့မဟုတ် သင်တို့၏ ကြိုတင်ပြင်ဆင်ချက်ကို လုပ်ဆောင်ပြီးပြီလော။ ဝင်ရောက်မှုတစ်ခုတလေကို သင်တို့ တွေ့ကြုံပြီးပြီလော။ (သာ၍ သိသာသည့်အရာများ၊ သို့မဟုတ် အဓိက အဖြစ်အပျက်များ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အခါ၊ သာ၍ သေးငယ်သည့် ပြဿနာများကို လွတ်သွားစဉ်တွင် ကျွန်ုပ်၏ ကိုယ်ပိုင် ထုတ်ဖော်ခြင်းအချို့ကို ကျွန်ုပ် သဘောပေါက်ကောင်း သဘောပေါက်နိုင်သည်။ တစ်ခါတစ်ရံ မှားယွင်းသည့် အခြေအနေတွင် ကျွန်ုပ် အသက်ရှင်သည်ကို သတိမထားမိပါ။) သင် သတိမထားမိချိန်တွင် မည်သည့် အခြေအနေမျိုး၌ သင်ရှိသနည်း။ မည်သည့် အခြေအနေမျိုးတွင် သင်တို့ သတိမထားမိဘဲရှိကြမည်နည်း။ (ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားအတွက် အားထုတ်မှုမရှိဘဲ အမှုအရာများကို လုပ်ရုံမျှလုပ်ဆောင်သည့်အလား မိမိတာဝန်ကို လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်လျှင်ပင် ကျွန်ုပ် သိမည်မဟုတ်ပါ။) သင်၏ တာဝန်ကို အမှုအရာများ လုပ်ဆောင်ရုံမျှကဲ့သို့၊ အလုပ်၊ လုပ်ငန်းတာဝန်၊ သို့မဟုတ် တာဝန်ဝတ္တရားတစ်မျိုးကဲ့သို့ သဘောထားခြင်းနှင့် အသက်ဝင်ရောက်မှုနှင့် ထိုတာဝန်ကို ချိတ်ဆက်ခြင်းမရှိဘဲ ထုံထိုင်းစွာ လုပ်ဆောင်ခြင်းသည် အလွန်ဖြစ်နေကျ အခြေအနေတစ်ခု ဖြစ်သည်။ ယင်းမှာ သင်၏တာဝန်ကို အသက်ဝင်ရောက်မှုအတွက် လမ်းကြောင်း၊ သို့မဟုတ် နည်းလမ်းဆိုသည်ထက် ကိုင်တွယ်ရမည့် ကိစ္စရပ်တစ်ခုမျှကဲ့သို့ သဘောထားခြင်း ဖြစ်သည်။ အလုပ်ဆီသို့ သွားသကဲ့သို့သာ ဖြစ်သည်။ လူအချို့သည် မိမိတို့အလုပ်ကို မိမိတို့၏ ဘဝများထဲ၌ တစ်သားတည်းဖြစ်အောင် လုပ်ရင်းနှင့် ထိုအလုပ်ကို မိမိတို့၏ စိတ်ပါဝင်စားမှုများနှင့် ဝါသနာများအပြင် ၎င်းတို့၏ ဘဝစံများ၊ ရည်မှန်းချက်တို့နှင့်အတူ ပေါင်းစပ်လျက် မိမိတို့အလုပ်ကို အသက်မွေးမှုလုပ်ငန်းတစ်ခုကဲ့သို့ သဘောထားကြသည်။ ထိုစဉ်အတောအတွင်းတွင် အခြားသူအချို့သည် အလုပ်သို့သွားခြင်းကို တာဝန်ဝတ္တရားတစ်မျိုးကဲ့သို့ သဘောထားကြသည်။ ၎င်းတို့သည် အလုပ်သို့ မသွားဘဲမနေနိုင်ကြ။ မိမိတို့ မိသားစုများကို ထောက်ပံ့ရန် ငွေအချို့ရှာနိုင်ဖို့အလို့ငှာ နေ့စဉ် အချိန်မှန်မှန် ပေါ်လာကြသော်လည်း ဘဝ ရည်မှန်းချက်များ၊ သို့မဟုတ် စံများ မရှိကြချေ။ ယခုအခါတွင် သင်တို့အများစုသည် ဤအခြေအနေမျိုးတွင် ရှိကြသည် မဟုတ်လော။ သင်တို့၏ တာဝန်သည် ဘုရားနှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားနှင့် အဆက်အစပ်မရှိပေ။ သင်၏ ကိုယ်ပိုင် အမှားများကို သင် သတိပြုမိလျှင်ပင် မည်သည့် စစ်မှန်သော ပြောင်းလဲမှုကိုမျှ သင် မရရှိပေ။ သင်၏ စိတ်နှလုံးတွင် အပြစ်ရှိသည့်စိတ် အနည်းငယ်ရှိသည့်အခါ အသက်ဝင်ရောက်မှုနှင့်ဆိုင်သည့် ကိစ္စများအကြောင်းကိုသာ သင်ပြန်တွေးသည်။ ကျန်သည့်အချိန်တွင် သင်သည် ပုံမှန်အားဖြင့် လုပ်လိုသည့် မည်သည့်အရာမဆိုကိုသာ လုပ်ဆောင်လေသည်။ သင် စိတ်ကျေနပ်အားရသည့်အခါ၊ သို့မဟုတ် အလွန် စိတ်ချမ်းသာသည့်အခါ အနည်းငယ် သာ၍ ကောင်းမွန်စွာ လုပ်ဆောင်သော်လည်း တစ်နေ့တွင် သင်၏ ဆန္ဒများနှင့် ဆန့်ကျင်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ပါက၊ သို့မဟုတ် သင့်ကို စိတ်မကောင်းဖြစ်စေသည့် မနှစ်မြို့စရာ အတွေ့အကြုံတစ်ခု ရှိပါက ထိုအရာက သင်၏ စိတ်အခြေအနေကို ရက်နှင့်ချီ လွှမ်းမိုးနိုင်သည့်အပြင် သင့်တာဝန်၏ ရလဒ်များကိုလည်း လွှမ်းမိုးနိုင်လေသည်။ သို့ဖြစ်သော်ငြား သင်၏ စိတ်နှလုံးတွင် ဤအရာကို သတိပြုမိခြင်း မရှိချေ။ သင်သည် နားဝေတိမ်တောင်ဖြစ်ပြီး ဆယ်ရက်ကြာ၊ သို့မဟုတ် နှစ်ပတ်ကြာပင် သင်သည် အဆင်ပြေသွားရန် ဝတ်ကျေတမ်းကျေ လုပ်ပြလျက် အမှုအရာများကို သင် ကြန့်ကြာစေသည်။ တစ်စုံတစ်ဦးသည် ထိုသို့သော အခြေအနေတစ်ခုတွင် အသက်ရှင်ပါက အသက်ဝင်ရောက်မှုသည် တန့်လာသည် မဟုတ်လော။ အသက်ဝင်ရောက်မှု တန့်လာပါက လူတို့၏ လုပ်ရပ်များနှင့် ၎င်းတို့ လုပ်ဆောင်သည့် တာဝန်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သလော။ (မကျေနပ်စေနိုင်ပါ။) အဘယ်ကြောင့် မကျေနပ်စေနိုင်သနည်း။ ဤကိစ္စတွင် ၎င်းတို့၏ လုပ်ရပ်များနှင့် တာဝန်သည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း သဘောသက်ရောက်ခြင်းမရှိသောကြောင့် ၎င်းတို့၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို စိတ်မကျေနပ်နိုင်ပေ။ သင်၏ တာဝန်တွင် အချိန်တစ်ခုကြာ မည်သည့်အမှားမျှ သင် မလုပ်သည်မှာ ဖြစ်နိုင်သည်။ ထို့ကြောင့် သင်က ဤသို့ သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းသည် လုံးဝ သင့်လျော်သည်ဟု တွေးထင်သည်။ သင်၏ အလုပ်ကို စွန့်ခြင်းမရှိဘဲ၊ ပြီးလျှင် အခြားအရာများကို တွေးဆခြင်းမရှိဘဲ သင်၏ တာဝန်နှင့်ပတ်သက်၍ သင် အမြဲ ဆက်လက်အလုပ်များနေသရွေ့ သင်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် အဆင်ပြေသည်ဟု သင် ခံစား၏။ ဤသဘောထားမျိုးသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း၏ ဥပမာတစ်ခု မဟုတ်လော။ သမ္မာတရား စည်းမျဉ်းများနှင့် အဆက်အစပ်မရှိသည့် လုပ်ဆောင်ချက်များမျှဖြင့် သင်စိတ်ကျေနပ်ပါက သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် ရလဒ်များ ရရှိနိုင်သလော။ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ ဘုရားသခင်ထံ သင်၏ ဖြစ်စဉ်ကို သင် မည်သို့ တင်ပြမည်နည်း။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သင် တာဝန်မယူသကဲ့သို့ သမ္မာတရားကို မရှာသည့်အပြင် စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို မကိုင်တွယ်ပါက သင်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် လက်ခံနိုင်ဖွယ် စံနှုန်းပြည့်မီပါသလော။ ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်လော။ ရုတ်တရက် စမ်းသပ်မှုတစ်ခု သင် ကြုံရလျှင်၊ သို့မဟုတ် ပြုပြင်ခြင်း ခံရလျှင် ဘုရားသခင်ကို သင် ပုန်ကန်ပြစ်မှားမိပြီးဖြစ်သောကြောင့် သင်၏ အိပ်မက်မှ သင့်ကို ရုတ်ခြည်း လှုပ်နှိုးပြီး နောက်ဆုံးတွင် ရက်အတော်ကြာ သင့်အား နောက်ဆုံး၌ အသိတရားဖြင့် ထိန်းထိန်းသိမ်းသိမ်းနေစေရင်း တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက သင့်ထံသို့ ရောက်လာပြီဖြစ်သည်ကို သဘောပေါက်လျှင် ဤသည်မှာ အသက်ဝင်ရောက်မှုအတွက် ပုံမှန် အခြေအနေတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) သင် ပြုပြင်ခံရပြီးနောက် သင်အထဲက သိသာသည့် ပြောင်းလဲခြင်းသည် ကျာပွတ်အရိုက်ခံရပြီးနောက် နာကျင်မှုကဲ့သို့ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို သိသည့် အသိအနည်းငယ်ရှိ၏။ အပြင်ပန်းမှကြည့်လျှင် သင်သည် အနည်းငယ် ရင့်ကျက်ပြီးဖြစ်ကာ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းနှင့်ပတ်သက်သော သိနားလည်မှုအချို့ ရရှိပြီးဖြစ်သည့်အလား ထင်ကောင်းထင်ရနိုင်သည်။ သို့ရာတွင် ခံစားချက်အရပြောရလျှင် လူတို့သည် မိမိတို့ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို လုံးဝ နားမလည်၊ သို့မဟုတ် သဘောမပေါက်ပါက၊ ပြီးလျှင် ၎င်းတို့အနေဖြင့် ဤအရာများကို သေချာစွာ လုံးဝ ဆန်းစစ်ခြင်းမရှိသကဲ့သို့ ဤပြဿနာများကို လုံးဝ ဖြေရှင်းခြင်းမရှိပါက အသက်ဝင်ရောက်မှုအတွက် ပုံမှန်အခြေအနေတစ်ခုကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သလော။ သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်ကြသလော။ စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် လွယ်ကူသည်ဟု ငါ မထင်ပေ။ လူအချို့က “ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်သည့် ကိစ္စရပ်များတွင် စည်းမျဉ်းများကို ကျွန်ုပ် သဘောပေါက်နိုင်သည်။ ဤသည်မှာ သမ္မာတရား သိနားလည်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း မဟုတ်ပါလား”ဟု ပြောဆိုကြသည်။ စည်းမျဉ်းစည်းကမ်းများသည် စောင့်ထိန်းရန် လွယ်ကူပြီး အပြင်ပန်း လုပ်ဆောင်ချက်များသည် ထိန်းသိမ်းရန် လွယ်ကူသော်လည်း ထိုအရာများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မညီမျှသကဲ့သို့ စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့် မညီမျှပေ။ ဥပမာအားဖြင့် နေ့စဉ် မနက် ၅ နာရီတွင် သင် ထရမည်ဖြစ်ပြီး ညတွင် ၁၀ နာရီ၌ အိပ်ရမည်ဆိုပါစို့။ သင်၏ နေ့စဉ်ဘဝတွင် ဤစည်းမျဉ်းကို သင် လိုက်လျှောက်နိုင်မည်လော။ (လိုက်လျှောက်နိုင်မည် မဟုတ်ပါ။) ငါးနာရီမှ ဆယ်နာရီ အချိန်ဇယားသည် အတော်ကောင်း၏။ လူတို့၏ သဘာဝ မှန်မှန်လှုပ်ရှားမှုနှင့် ကိုက်ညီပြီး ၎င်းတို့၏ ခန္ဓာကိုယ်များအတွက် ကောင်းမွန်သော်လည်း အဘယ်ကြောင့် လက်ခံရန် ၎င်းတို့အတွက် ခက်ခဲပါသနည်း။ ဤတွင် ပြဿနာတစ်ခုရှိ၏။ လူတို့က ဤတွေးခေါ်မြော်မြင်မှုကို မသိ၊ သို့မဟုတ် ဤဘဝပေး အသိကို မသိဟု ဆိုရန်မဟုတ်။ ထိုအရာအားလုံးကို ၎င်းတို့ ကောင်းစွာ သိကြ၏။ ထို့ကြောင့် ထိုအရာကို ၎င်းတို့ အဘယ်ကြောင့် လက်မခံနိုင်ရသနည်း။ လူတို့သည် အဘယ်ကြောင့် ဤအချိန်ဇယားကို စောင့်ထိန်းရန် လိုလားခြင်း မရှိသနည်း၊ ဤနည်းစနစ်နှင့် လုပ်ရိုးလုပ်စဉ်အတိုင်း အသက်ရှင်ရန် လိုလားခြင်း မရှိသနည်း။ ဤအရာတွင် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အထုံဝါသနာများပါဝင်သည်။ စောစော မထလိုခြင်းသည် ပိုမိုအိပ်စက်လိုခြင်း၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ နှစ်သက်မှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များအတိုင်း လုပ်ဆောင်လိုခြင်းတို့နှင့် တူသည် မဟုတ်လော။ စောစောထခြင်းသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဇိမ်ခံခြင်းနှင့် ကွဲလွဲဆန့်ကျင်သောကြောင့် ထိုအရာကို လုပ်ဆောင်ရန် ၎င်းတို့ လိုလားခြင်းမရှိသကဲ့သို့ ထိုအရာက ၎င်းတို့ကို ဝမ်းနည်းစေသည်။ ထို့ကြောင့် “စောစောထခြင်းသည် သင်၏ ကိုယ်ခန္ဓာအတွက် ကောင်းမွန်သည်”ဟူသည့် အချက်ကို လူတို့ လက်ခံနိုင်ကြသလော။ လက်မခံနိုင်ကြပေ။ ၎င်းတို့၏ ဤအကျိုးစီးပွားအနည်းငယ်မျှကိုပင် ၎င်းတို့ မစွန့်နိုင်ကြသည့်တိုင် ၎င်းတို့အနေဖြင့် မိမိတို့၏ ခန္ဓာကိုယ်များကို ထိန်းသိမ်းကြပ်မတ်ရဦးမည်ဖြစ်ပြီး ဆုတောင်းရဦးမည် ဖြစ်ကာ မိမိတို့အတွေးများနှင့် ပတ်သက်၍ တိုးတက်အောင် လုပ်ဆောင်ရဦးမည် ဖြစ်သည်။ ၎င်းတို့ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကိုလည်း ၎င်းတို့ ခံရမည်ဖြစ်သည်။ အခြားလူများ ထပြီးဖြစ်သည်ကို မြင်သည့်အခါတွင်သာ ၎င်းတို့ ထကြပြီး ၎င်းတို့၏ အိပ်စက်လိုစိတ်နှင့်ပတ်သက်၍ ၎င်းတို့ အရှက်ရလာကြသည်။ ၎င်းတို့သည် နေ့စဉ် မဖြစ်မနေ အိပ်ရာထရပြီး ထိုအရာနှင့်ပတ်သက်၍ အထူးသဖြင့် ၎င်းတို့ စိတ်မချမ်းမသာဖြစ်ကြလေသည်။ မည်သည့်အရာက ဤအတွေးများနှင့် အခြေအနေများကို ဖြစ်စေသနည်း။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဇိမ်ခံခြင်းကို မက်မောကြသည်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်ပုံစံဖြင့်မဆို ၎င်းတို့ ပြုမူဆောင်ရွက်ချင်ကြပြီး ပျင်းရိသည့်၊ မိမိကိုယ်ကို စိတ်အလိုလိုက်သည့် အတွေးများ သိုထားကြလေသည်။ တစ်ချက်မှာ ၎င်းတို့သည် ၎င်းတို့ ခန္ဓာကိုယ်များ၏ ပုံမှန် ပုံစံများကို မစဉ်းစားကြသကဲ့သို့ နောက်တစ်ချက်မှာ ၎င်းတို့ လုပ်ဆောင်သည့် တာဝန်ကို မစဉ်းစားကြချေ။ ထို့ထက် ပထမဦးစွာ မိမိတို့ ရုပ်ပိုင်းဆိုင်ရာ အထုံဝါသနာများအပေါ် ၎င်းတို့ အာရုံစိုက်ကြသည်။ နောက်ဆုံး စိစစ်ချက်အနေဖြင့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် တစ်စုံတစ်ရာရှိ၏။ ယင်းမှာ ၎င်းတို့သည် ဇာတိခန္ဓာကို အမြဲ အလိုလိုက်ချင်ပြီး အထိန်းအကွပ်မဲ့ချင်ကြခြင်း ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခြင်းခံရပါက အမြဲ မိမိတို့ကိုယ်ကို ခုခံပြောဆိုလျက် ကျိုးကြောင်းပြရန် ကြိုးစားကြသည်။ ယင်းမှာ အနည်းငယ် ယုတ္တိမတန်ပေ။ စောစော အိပ်ရာထခြင်းသည် လူတို့၏ အကျိုးများ၊ ဆုံးရှုံးမှုများနှင့် မသက်ဆိုင်သည့် သေးငယ်သော ကိစ္စတစ်ခု ဖြစ်၏။ ပိုမိုအိပ်စက်လိုသည့် သင်၏ ဆန္ဒကို သင် အောင်မြင်ကျော်လွှားနိုင်သရွေ့ စောစောအိပ်ရာထခြင်းကို သင် စွမ်းဆောင်ရရှိနိုင်ပေသည်။ သို့သော် အနည်းငယ် ရှည်ကြာစွာ အနားယူခြင်း၏ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးအနည်းငယ်ကို စွန့်လွှတ်ရန် လူတို့အတွက် အလွန် ခက်ခဲလေသည်။ သင်၏ ပိုမို အိပ်စက်လိုစိတ်က သင်၏ အလုပ်ကို လွှမ်းမိုးသည့်အခါ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီကြောင်းကို သင် သတိပြုမိလာသည့်အခါ၊ သင်သည် မိမိကိုယ်ကို မသုံးသပ်ရုံမက သင်၏ စိတ်နှလုံးတွင် စောဒကတက်မှုများပင် ရှိပြီး “ကျွန်ုပ်သည် မိမိကိုယ်ကို မည်သည့်အခါမျှ အနည်းငယ်ပင် အလိုမလိုက်နိုင်ခြင်း၊ သို့မဟုတ် ကျွန်ုပ် လုပ်ချင်သည့် မည်သည့်အရာကိုမဆို အတန်ငယ် လုပ်၍မရခြင်းသည် အဘယ်သို့နည်း”ဟု အမြဲတွေးလျက် ဝမ်းနည်းနေသည်။ လူအချို့သည် ထိုသို့သော အတွေးများ မကြာခဏ ရှိကြလေသည်။ ထို့ကြောင့် ဤအခြေအနေကို မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် ဆုတောင်းရမည်၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်ရမည်၊ ရင့်ကျက်ရန် ကြိုးပမ်းရမည်၊ ဇိမ်ခံခြင်းကို မက်မောခြင်းအား ရပ်တန့်ရမည်၊ ဆင်းရဲဒုက္ခခံနိုင်ရမည်၊ သင်၏ တာဝန်ကို သစ္စာစောင့်သိရမည်၊ သင် လုပ်ချင်သည့် မည်သည့်အရာကိုမဆို မလုပ်ရသကဲ့သို့ မိမိကိုယ်ကို ချုပ်ထိန်းရန် သင်ယူရမည်ဖြစ်သည်။ မိမိကိုယ်ကို ချုပ်ထိန်းခြင်းသည် လွယ်ကူသလော။ (မလွယ်ကူပေ။) အဘယ်ကြောင့် မလွယ်ကူသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် ချုပ်ထိန်းလိုခြင်း မရှိကြသောကြောင့်ဖြစ်သည်။ ၎င်းတို့ အုပ်ထိန်းမခံချင်ကြသကဲ့သို့ မိမိတို့၏ စိတ်အလိုကို လိုက်ချင်ကြသောကြောင့် ဖြစ်သည်။) မိမိကိုယ်ကို ချုပ်ထိန်းခြင်းအား နားမလည်သောသူ၊ မိမိတို့ကိုယ်ကို မချုပ်ထိန်းနိုင်သောသူ၊ မိမိကိုယ်ကို ချုပ်ထိန်းမှု အားနည်းသောသူနှင့် လက်လွတ်စပယ် အမြဲ ပြုမူပြီး စိတ်ကူးယဉ်ခြင်းဖြင့် စိတ်အလိုလိုက်သောသူတို့သည် ၎င်းတို့၏ အသက်အရွယ် မည်သို့ဖြစ်စေ မရင့်ကျက်သည့် လူ့သဘာဝရှိကြသည်။ ဤသေးငယ်သည့် ကိစ္စရပ်က လူတို့၏ အထုံဝါသနာများနှင့် ဆက်နွှယ်လာသောအခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်သည်။ ဤအရာဖြစ်ပျက်သည့်အခါ ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ ရှာဖွေရမည်။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းရန် မိမိတို့ကိုယ်ကို သိရှိလာရမည်ဖြစ်ပြီး သမ္မာတရားကို နားလည်ရမည်ဖြစ်သည်။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်သွားသည့်အခါ သမ္မာတရား စစ်မှန်မှုထဲသို့ အမှတ်တမဲ့ ဝင်ရောက်ကြ၏၊ ၎င်းတို့၏ ဘဝ ကြီးထွားပြီး ရင့်ကျက်ကာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲလေသည်။
နေ့စဉ် ပုံမှန်လုပ်ရိုးလုပ်စဉ်လောက် သေးငယ်သည့် တစ်စုံတစ်ရာက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့ စိတ်များတွင် မည်သည့်အရာ ခံစားနေရသည်ကို ထုတ်ဖော်ပြနိုင်သည့်အကြောင်း ရိုးရှင်းသည့် ဥပမာတစ်ခုကို ငါ ယခုတင် ထုတ်နုတ်ခဲ့သည်။ ဤအရာအားလုံး ယခုတွင် ဖော်ထုတ်ခံရပြီး ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ခြင်းအားဖြင့်၊ သင်သည် ဧကန်အမှန် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည်ကို သင် ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။ ဘုရားသခင်ကို နှစ်ချီ သင် ယုံကြည်ပြီးဖြစ်ကာ အယူဝါဒအနည်းငယ်ကို နားလည်သော်လည်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် မစွန့်ပယ်သေးပေ။ မည်သည့်တာဝန်ကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ မည်သည့် ကိစ္စရပ်များကို သင် ကိုင်တွယ်သည်ဖြစ်စေ၊ စည်းမျဉ်းများအတိုင်း သင် မလုပ်ဆောင်နိုင်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် တစ်စုံတစ်ဦး မဟုတ်သေး။ ထို့ကြောင့် လူတို့၏ လက်ရှိ အခြေအနေများအရ၊ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အမှန်တကယ် ခံရပြီးပြီလော။ မခံရသေးပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အပြည့်အဝ မစွန့်ပယ်ကြသေးသောကြောင့်၊ ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုသည် အလွန် ကန့်သတ်လွန်းသေးသောကြောင့်နှင့် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှ အလှမ်းဝေးကြသောကြောင့် ဖြစ်သည်။ လူအချို့သည် စာတန် သို့မဟုတ် လူနောက်ကိုပင် လိုက်နိုင်စွမ်းရှိကြသည်။ ဤအချက်အလက်များက လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ၎င်းတို့ ကယ်တင်ခံရပြီးသည့် အခြေအနေသို့ အမှန်တကယ် မရောက်ရှိသေးကြောင်း သက်သေပြရန် လုံလောက်ပေသည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် စစ်မှန်သည့် အခြေအနေအပေါ် အခြေခံ၍ မိမိတို့ကိုယ်ကို အမျိုးအစားခွဲကြပြီး၊ ၎င်းတို့ မည်သည့်လူစားမျိုးဖြစ်သည်ကို ဆုံးဖြတ်ကြသည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သုံးသပ်ခြင်းအားဖြင့်၊ လူအချို့သည် မိမိတို့ကိုယ်ပိုင် အတွင်းပိုင်း အခြေအနေအမျိုးမျိုးအပြင်၊ အမှုအရာအမျိုးမျိုး ၎င်းတို့ထံ ဖြစ်ပျက်သည်နှင့်အမျှ ဖြစ်ပေါ်သည့် အတွေးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို သိရှိလာကြသည်။ လူအချို့က ၎င်းတို့ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသောကြောင့်၊ ၎င်းတို့ ကြွားဝါလိုကြောင်းနှင့် မောက်မာကာ အခြားသူများထက် မိမိတို့ကိုယ်ကို အရေးပေးစေချင်ကြသည်။ လူအချို့က ၎င်းတို့သည် လက်သီးပုန်းထိုးသော စီမံချက်မျိုးစုံ အသုံးပြုလျက်၊ ကောက်ကျစ်ကာ လှည့်ဖြားတတ်ကြောင်းနှင့် ရက်စက်ကြကြောင်း သိမြင်ကြသည်။ အခြားသူများက ၎င်းတို့သည် အကျိုးအမြတ်ကို ဦးစားပေးကြောင်း၊ အခြားသူများကို အသုံးချရန်နှစ်သက်ကြောင်းနှင့် ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ကောင်းသော လူများဖြစ်ကြောင်း သိမြင်ကြသည်။ လူအချို့သည် အတန်ကြာ သုံးသပ်ပြီး ၎င်းတို့သည် သူတော်ကောင်းအယောင်ဆောင်များ ဖြစ်ကြောင်း သဘောပေါက်ကြသည်။ အခြားသူတို့က ၎င်းတို့မှာ ပါရမီရှိကြကြောင်း၊ အစွမ်းအစရှိကြောင်းနှင့် မိမိတို့၏ အလုပ်အကိုင်ကို ကောင်းကောင်း ကွပ်ကဲနိုင်ကြောင်း တွေးထင်ကြသော်လည်း၊ အတန်ငယ် သုံးသပ်ဆင်ခြင်ပြီးနောက်တွင်၊ ၎င်းတို့အနေဖြင့် အဖတ်ဆယ်၍ရသည့် အရည်အသွေးတစ်ခုမျှမရှိကြောင်း၊ ၎င်းတို့သည် ပါရမီမဲ့သည့်အပြင်၊ မိမိတို့လုပ်ရပ်များတွင် မိုက်မဲပြီး စည်းကမ်းမဲ့ကြောင်းတို့ကို သဘောပေါက်သွားကြသည်။ လူအချို့မှာ အတန်ငယ် သုံးသပ်ဆင်ခြင်ပြီး ၎င်းတို့သည် သဘောထားသေးသည့်၊ ရေးကြီးခွင့်ကျယ် လုပ်တတ်သည့် လူများဖြစ်ကြောင်း သဘောပေါက်ကြသည်။ မိမိတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့် မည်သည့်အရာကိုမဆို ပြောဆိုရန် အခြားသူများအတွက် လက်ခံနိုင်ဖွယ်မရှိသကဲ့သို့၊ သည်းခံခြင်းအကြောင်းကို ဘာမျှ မသိကြချေ။ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ခြင်းမှ ဤသို့သော အသိပညာကို ရရှိခြင်းသည် သင်၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်၍ အထောက်အကူ ဖြစ်လိမ့်မည်လော။ (ဖြစ်ပါမည်။) မည်သို့ အထောက်အကူ ဖြစ်မည်နည်း။ (သမ္မာတရားကို ရှာဖွေသည့် စိတ်နှလုံးရှိရန် ကူညီပါလိမ့်မည်။ ဤပြဿနာများကို ကျွန်ုပ်တို့ မသိရှိကြပါက၊ ကျွန်ုပ်တို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေနိုင်ဖို့မပြောနှင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်ုပ်တို့ မကြာခဏ ထုတ်ဖော်ပြနေကြောင်း ကျွန်ုပ်တို့ သိကြလိမ့်မည် မဟုတ်ပါ။) (ဤအရာများကို ကျွန်ုပ်တို့ မသိကြပါက၊ ကျွန်ုပ်တို့အနေဖြင့် သနားစဖွယ် အခြေအနေတစ်ခုတွင်ရှိသည်ကို သိကြလိမ့်မည် မဟုတ်ပါ။ ထိုအရာများကို သိရှိသည့်နောက်တွင်၊ ကျွန်ုပ်တို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေချင်ကြလိမ့်မည်။ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းများကို ခါချရန် လိုလားနေကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း ကျင့်ကြံပြုမူရန် သမ္မာတရားကို ရှာဖွေချင်ကြပါလိမ့်မည်။) ၎င်းတို့ အတော်အတန် ကြီးမြတ်သည်၊ ၎င်းတို့တွင် တရားမျှတစိတ်ရှိသည်၊ ၎င်းတို့သည် အလွန် သဘောထားကြီးသည်၊ ပါရမီရှိသည်၊ သည်းခံတတ်သည်၊ သနားကြင်နာသည်၊ ရိုးသားပြီး အထူးသဖြင့် အခြားသူများအတွက် ဆက်ကပ်ကြကာ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သာမန်လူများကဲ့သို့ မာနထောင်လွှားမှု၊ မိမိကိုယ်ကို မှန်သည်ဟုမှတ်ယူခြင်း၊ မုန်းတီးခြင်းနှင့် မနာလိုမှုကဲ့သို့သော အလားတူ သေးငယ်သည့် အပြစ်အနာအဆာများရှိသည်ဟု တွေးထင်သော်လည်း၊ ဤသေးငယ်သည့် ပြစ်ချက်များမှတစ်ပါး၊ ၎င်းတို့ ပြီးပြည့်စုံသည့်အပြင် အခြားသူများထက် သာ၍ ဂုဏ်အသရေရှိသည်၊ သာ၍ မြင့်မြတ်ပြီး သာ၍ ချစ်ခင်တတ်သည်ဟုလည်း တွေးထင်သည့် တစ်စုံတစ်ဦး စဉ်းစားဆင်ခြင်ကြည့်လော့။ တစ်စုံတစ်ဦးသည် ထိုသို့သော အခြေအနေတွင် အမြဲရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့လာကာ အမှန်တကယ် နောင်တရနိုင်သည်ဟု သင် ထင်သလော။ (မထင်ပါ။) ထိုအခြေအနေများအောက်တွင် လူတစ်ဦးသည် မိမိကိုယ်ကိုသိရှိရန် ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ်လာကာ၊ သူ့ရှေ့တွင် မိမိကိုယ်ကို ပျပ်ဝပ်ပြီး၊ “အို ဘုရားသခင်၊ ကျွန်ုပ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နက်ရှိုင်းစွာ ခံခဲ့ရပါသည်။ ကျွန်ုပ်ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် ကျွန်ုပ် လိုလားနေခြင်းမရှိပါ။ ကျွန်ုပ်သည် အဖတ်ဆယ်စရာ အရည်အသွေးတစ်ခုမျှမရှိဘဲ၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လူတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်သည် အမှန်တကယ် နောင်တရကာ စစ်မှန်သည့် လူတစ်ဦး၏ အသွင်ကို အသက်ရှင်နေထိုင်ရန် လိုလားနေပါသည်။ ဘုရားသခင်အား ကျွန်ုပ်ကို ကယ်တင်စေချင်ပါသည်”ဟု ဆိုနိုင်သလော။ လူတစ်ဦးသည် အမှန်တကယ် နောင်တရလိုစိတ်ရှိသည့်အခါ၊ ယင်းသည် ကောင်းမွန်ပေ၏။ ထိုအခါ ၎င်းတို့အတွက် ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းမှန်ပေါ် ဝင်ရောက်ပြီး ကယ်တင်ခြင်းရရှိရန် လွယ်ကူပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။