မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်‌သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည် (အပိုင်း နှစ်)

ပန်းချီကားတစ်ချပ်ကို တစ်စုံတစ်ဦးက ရေးဆွဲနေသည်ဆိုပါစို့။ ၎င်းတို့၏ ပန်းချီကားက အပြစ်အနာအဆာများစွာရှိသည်ဟု တစ်စုံတစ်ဦးက ပြောသည့် တစ်နေ့အထိတိုင်၊ ထိုပန်းချီကား ပြီးပြည့်စုံသည်ဟု ၎င်းက တွေးထင်ပြီး စိတ်ကျေနပ်လေသည်။ ထိုလူသည် အသေးစိတ်အချက်အလက်များကို မသိရမီတွင်ပင်၊ ဤအရာက ၎င်းတို့အပေါ် ဝေဖန်ထိုးနှက်မှုတစ်ခုဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ ၎င်းတို့ စိတ်မချမ်းမသာဖြစ်ပြီး ချက်ချင်း “ကျွန်ုပ် ကောင်းစွာ မရေးဆွဲဘူးဟု သင်ဆိုသည်လား။ သင်သည် ကျွန်ုပ်ထက် ဆိုးရွားစွာ ရေးဆွဲပြီး သင်၏ လက်ရာများသည် ပြဿနာများ သာ၍ ရှိပေသည်။ မည်သူကမျှ ထိုလက်ရာများကို ကြည့်ပင်မကြည့်ကြပါ”ဟူ၍ တုံ့ပြန်ပြောဆိုကြသည်။ ထိုသို့သောအရာတစ်ခုကို ၎င်းတို့ အဘယ်ကြောင့် ပြောဆိုနိုင်ကြသနည်း။ ထိုသို့သော အရာတစ်ခုကို ပြောဆိုနိုင်ရန် မည်သည့်အခြေအနေတွင် ၎င်းတို့ ရှိကြသနည်း။ ထိုသို့သော သေးငယ်သည့် အရာတစ်ခုသည် ၎င်းတို့ကို စိတ်ဆိုး၊ ဒေါသထွက်စေပြီး လက်တုံ့ပြန်၊ ရန်မူသော ပုံသေ အတွေးအခေါ်တစ်ခု ဖြစ်စေနိုင်သနည်း။ မည်သည့်အရာက ဤသို့ ဖြစ်စေသနည်း။ (၎င်းတို့က ၎င်းတို့၏ ပန်းချီကား ပြီးပြည့်စုံပြီး ထိုပန်းချီကားက အပြစ်အနာအဆာများရှိသည်ဟု အခြားတစ်စုံတစ်ဦး ပြောဆိုချက်က ၎င်းတို့ကို စိတ်ဆိုးစေပါသည်။) ၎င်းတို့၏ ပြီးပြည့်စုံသည့် ပုံရိပ်ကို သင် ဖျက်ဆီး၍မရခြင်း ဖြစ်သည်။ တစ်စုံတစ်ရာ ကောင်းမွန်သည်ဟု သင် တွေးထင်ပါက၊ မည်သည့် အပြစ်အနာအဆာကိုမျှ မထောက်ပြသည်မှာ သို့မဟုတ် မည်သည့် သံသယမျှ မတင်ပြသည်မှာ အကောင်းဆုံး ဖြစ်သည်။ သင်က၊ “သင်၏ ပန်းချီကားသည် တကယ် ကောင်းပေသည်။ အပြောင်မြောက်ဆုံး လက်ရာဟု ခေါ်ဆိုနိုင်သည်။ ကြီးမြတ်သည့် ဆရာသမားများ၏ ကျွမ်းကျင်မှုများပင်လျှင် သင့်ထက် တစ်ခုတလေ ကောင်းသည်ဟု ကျွန်ုပ် မထင်ပါ။ ဤလက်ရာကိုသာ သင် ထုတ်ပြလိုက်လျှင်၊ အနုပညာနယ်ပယ်တွင် သေချာပေါက် ဂယက်ရိုက်ခတ်သွားမည်ဖြစ်ပြီး မျိုးဆက်များအတွက် အထူးတန်ဖိုးထားသည့် ပိုင်ဆိုင်မှုတစ်ခုဖြစ်ပေမည်”ဟု ဆိုရပေမည်။ ထို့နောက်တွင် ၎င်းတို့ ကျေနပ်အားရသွားလိမ့်မည်။ ကြည်နူးမှုနှင့် ဒေါသတို့သည် တစ်ဦးတည်းသော လူထံမှဖြစ်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ မတူကွဲပြားသည့် ထုတ်ဖော်ခြင်းနှစ်ခု ရှိကြသနည်း။ မည်သည့်တစ်ခုသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သနည်း။ (နှစ်ခုလုံးဖြစ်ပါသည်။) ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာသည် သာ၍ ပြင်းထန်ပါသနည်း။ (ဒုတိယတစ်ခု ဖြစ်ပါသည်။) ဒုတိယတစ်ခုက ၎င်းတို့၏ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မသိနားမလည်မှုနှင့် မိုက်မဲမှုတို့ကို ထုတ်ဖော်ပြသည်။ တစ်စုံတစ်ဦးက သင်သည် ဆိုးရွားစွာ ရေးဆွဲသည်ဟု ပြောသည့်အခါ၊ သင်သည် မုန်းတီးသည့်၊ ရန်မူ၊ လက်တုံ့ပြန်တတ်သော ပုံသေအတွေးအခေါ်တစ်ခုကို ဖြစ်ပေါ်သည်အထိ၊ အဘယ်ကြောင့် အလွန် မပျော်မရွှင်ဖြစ်ရသနည်း။ တစ်စုံတစ်ဦးက သင့်အတွက် ကောင်းမွန်သည့် စကားအနည်းငယ်ကို သီကုံးပြောဆိုသည့်အခါ၊ အဘယ်ကြောင့် သင်သည် အလွန် စိတ်ကျေနပ်အားရပါသနည်း။ သင်သည် အဘယ်ကြောင့် အလွန့်အလွန် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်ပါသနည်း။ ထိုသို့သော လူများသည် လုံးဝ အရှက်မဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် အရှက်တရား မသိကြ။ မိုက်မဲသကဲ့သို့ သနားစဖွယ်လည်း ဖြစ်ကြ၏။ ဤစကားများသည် သိပ်ကောင်းသည့်ပုံမရသော်လည်း ဤအတိုင်း ဖြစ်ပေသည်။ လူတို့၏ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် အကျည်းတန်သော မျက်နှာထားများသည် မည်သည့်နေရာမှ လာသနည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လာပေသည်။ ဤသို့သော အရာများ ဖြစ်ပျက်သည့်အခါ တစ်စုံတစ်ဦးသည် ထိုသို့သော သဘောထားတစ်ခု ရှိပါက၊ ၎င်းတို့ထံမှ ထုတ်ဖော်သည့် အရာများသည် ပုံမှန်လူ့သဘာဝရှိသည့် တစ်စုံတစ်ဦးက ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် အသိစိတ်မဟုတ်သကဲ့သို့ ပုံမှန်လူ့သဘာဝရှိသည့် တစ်စုံတစ်ဦးက အသက်ရှင်နေထိုင်သင့်သည့်အရာ မဟုတ်ပေ။ ထိုအခါ ဤကဲ့သို့ ကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ လူအချို့က၊ “ကျွန်ုပ်တွင် နည်းလမ်းတစ်ခုရှိသည်။ အခြားတစ်စုံတစ်ဦးက ကျွန်ုပ် ကောင်းမြတ်သည်ဟု ကိုယ်ရည်သွေးသည့်အခါ၊ ကျွန်ုပ် နှုတ်ဆိတ်နေသည်။ တစ်စုံတစ်ဦးက ကျွန်ုပ် ဆိုးသည်ဟု ပြောသည့်အခါတွင်လည်း ကျွန်ုပ်နှုတ်ဆိတ်နေပါသည်။ အေးစက်စက်နိုင်သည့် နည်းလမ်းဖြင့် အရာရာကို ကျွန်ုပ် ကိုင်တွယ်ဖြေရှင်းသည်။ ဤသည်မှာ အမှန်၊ အမှားဖြစ်ခြင်း မပါဝင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခုလည်း မရှိပါ။ ကောင်းသည် မဟုတ်ပါလား”ဟု ဆိုကြသည်။ ဤရှုထောင့်အမြင်သည် အဘယ်သို့နည်း။ ဤအရာက ဤလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိဟု ဆိုလိုသလော။ တစ်စုံတစ်ဦးသည် ဟန်ဆောင်ရာတွင် မည်မျှကောင်းမွန်သည်ဖြစ်စေ၊ အတန်ငယ် ၎င်းတို့ ဟန်ဆောင်နိုင်လျှင်ပင်၊ တစ်သက်တာ ဟန်ဆောင်ခြင်းသည် မလွယ်ပေ။ ဟန်ဆောင်ရာတွင် သင်သည် မည်သို့မည်ပုံတော်သည်ဖြစ်စေ၊ သို့မဟုတ် အမှုအရာများကို သင် မည်မျှ တင်းကျပ်စွာ ဖုံးဖိသည်ဖြစ်စေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဟန်ဆောင်မရ၊ သို့မဟုတ် ဖုံးကွယ်မရနိုင်ပေ။ သင့် စိတ်နှလုံးတွင် ရှိသည့်အရာနှင့်ပတ်သက်၍ သင်သည် လူတို့ကို လှည့်ဖြားကောင်း လှည့်ဖြားနိုင်သော်လည်း၊ ဘုရားသခင်ကို သင် မလှည့်ဖြားနိုင်သကဲ့သို့ သင့်ကိုယ်သင်လည်း မလှည့်ဖြားနိုင်ပေ။ ထိုအရာ ထုတ်ဖော်သည်ဖြစ်စေ၊ မထုတ်ဖော်သည်ဖြစ်စေ၊ လူတစ်ဦး တွေးထင်သည့်အရာနှင့် ၎င်းတို့၏ စိတ်တွင် ဖြစ်ပေါ်သည့်အရာသည် ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ၊ သိသာပေါ်လွင်သည်ဖြစ်စေ၊ မပေါ်လွင်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုယ်စားပြုပေသည်။ ထို့ကြောင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် နေရာမရွေး၊ အချိန်မရွေး အလိုအလျောက် ထုတ်ဖော်တတ်သည် မဟုတ်လော။ အချို့က တစ်ခါတစ်ရံ သတိမထားမိသည့်အခါ မိမိတို့၏အတွင်းကျကျ အတွေးများကို ဖော်ထုတ်လျက်၊ မှတ်ချက်ချသင့်သည်ဟု တွေးထင်ကာ ထိုအရာကို ၎င်းတို့ နောင်တရကြသည်။ ၎င်းတို့က၊ “နောက်တစ်ကြိမ်တွင်၊ မည်သည့်အရာကိုမျှ ကျွန်ုပ် ပြောမည်မဟုတ်ပါ။ စကားများများ ပြောသူသည် အမှားများသည်။ မည်သည့်အရာကိုမျှ ကျွန်ုပ် မပြောပါက၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်မည်မဟုတ်ပါ။ မှန်ပါသလား”ဟု တွေးကြသည်။ သို့သော် အဆုံးတွင်၊ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တစ်ဖန် ထုတ်ဖော်လာပြီး၊ ၎င်းတို့သည် နေရာမရွေး အချိန်မရွေး ဖြစ်ပျက်နိုင်ပြီး သတိထားဖို့ မဖြစ်နိုင်သည့် ၎င်းတို့၏ ကြံရွယ်ချက်များကို တစ်ဖန် ဖော်ထုတ်မိကြလေသည်။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မပြေလည်ပါက၊ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွက် ပုံမှန် ထုတ်ဖော်လာခြင်းသည် ပုံမှန် ဖြစ်ပေသည်။ ထိုအရာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းသာရှိ၏။ ယင်းမှာ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်အထိ သမ္မာတရားကို ရှာဖွေကာ အားထုတ်မှုအချို့ ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက်တွင် သင်သည် စာတန်နှင့် သင်၏ ဇာတိပကတိကို မုန်းတီးနိုင်လိမ့်မည်ဖြစ်ပြီး၊ ဤသို့ဖြင့်၊ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ၊ သင့်ထံမှ ထုတ်ဖော်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်မည်မဟုတ်ဘဲ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ပုံမှန် လူ့သဘာဝတို့၏ ထုတ်ဖော်မှုများ ဖြစ်လိမ့်မည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ပြဿနာကို ဖြေရှင်းနိုင်သည်။ မိမိကိုယ်ကို ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်းနှင့် ကိုယ့်စည်းနှင့်ကိုယ်နေခြင်းတို့အပေါ် မှီခိုခြင်းသည် ကောင်းမွန်သည့် နည်းလမ်းတစ်ခု မဟုတ်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို လုံးဝ မဖြေရှင်းနိုင်ပေ။

ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မည်သို့ ဖြေရှင်းသနည်း။ ပထမဦးစွာ၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဇာစ်မြစ်ကို သင် သတိပြုကာ စိတ်ဖြာလေ့လာပြီးနောက်၊ လိုက်လျောညီထွေသည့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းကို ရှာရမည်။ ငါ ယခုတင်ပေးသည့် ဥပမာကို ကြည့်လော့။ ဤလူက ၎င်းတို့ ပန်းချီကား ပြီးပြည့်စုံသည်ဟု တွေးထင်သော်လည်း၊ အဆုံးတွင် ပန်းချီကားကို နားလည်သည့် တစ်စုံတစ်ဦးက ထိုပန်းချီကားတွင် အပြစ်အနာအဆာများရှိသည်ဟု ဆိုသောကြောင့် ၎င်းသည် မပျော်မရွှင်ဖြစ်ကာ ၎င်းတို့၏ မိမိကိုယ်ကို တန်ဖိုးထားခြင်းက ထိခိုက်ခံရပြီးဖြစ်သည်ဟု ခံစားလေသည်။ သင်၏ မိမိကိုယ်ကို တန်ဖိုးထားခြင်း ထိခိုက်သည့်အခါ၊ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်သည့်အခါ၊ မည်သည်ကို လုပ်ဆောင်၍ရသနည်း။ အခြားလူများက မတူကွဲပြားသော စိတ်ကူးများနှင့် ရှုထောင့်အမြင်များ တင်ပြကြသည်။ သို့ဆိုလျှင် ထိုအရာများကို သင် လက်မခံနိုင်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ လူအချို့သည် ဤအရာကို မှန်ကန်စွာ ကိုင်တွယ်နိုင်စွမ်းရှိကြ၏။ ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ထိုအရာကို ပထမဦးစွာ စိစစ်ကြသည်။ “ထိုအရာအားဖြင့် သူတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ သူတို့သည် ငါ့ကို ရည်ရွယ်နေကြပါသလား။ မနေ့က သူတို့ကို ငါ မနှစ်မြို့ဖွယ် အကြည့်ဖြင့် ကြည့်သောကြောင့်၊ ယနေ့တွင် ကျွန်ုပ်ကို သူတို့ လက်တုံ့ပြန်ချင်နေကြခြင်း ဖြစ်ပါသလား။ သူတို့ ကျွန်ုပ်ကို ရည်ရွယ်နေကြခြင်း ဖြစ်လျှင်၊ ငါ ရပ်တန်းက ရပ်မည်မဟုတ်ပါ။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ဖြစ်သည်။ သူတို့ ကျွန်ုပ်ကို သဘောမကောင်းပါက၊ ကျွန်ုပ်သည် သူတို့ကို တရားမျှတမည်မဟုတ်ပါ။ ကျွန်ုပ် လက်တုံ့ပြန်ရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် ထုတ်ဖော်မှုမျိုး ဖြစ်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်မှု ဖြစ်နေဆဲ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှုအနေဖြင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဤထုတ်ဖော်မှုမျိုးသည် လက်တုံ့ပြန်ရန် လိုအင်ဆန္ဒနှင့် ကြံရွယ်ချက်တို့ကို ပြ၏။ အနှစ်သာရအနေဖြင့်၊ ဤဆောင်ရွက်ပုံနည်းလမ်း၏ စရိုက်လက္ခဏာမှာ မည်သည့်အရာနည်း။ ရက်စက်သည် မဟုတ်လော။ အတွင်းတွင် ရက်စက်သော သဘောသဘာဝ ပါရှိပေသည်။ လူတို့သည် ရက်စက်သော သဘာဝမရှိပါက၊ လက်တုံ့ပြန်ကြလိမ့်မည်လော။ ထိုအရာကို ၎င်းတို့ စဉ်းစားကြမည် မဟုတ်ပေ။ လက်တုံ့ပြန်သည့် အတွေးရှိသည့်အခါတွင်သာ ၎င်းတို့ထံမှ “ကျွန်ုပ် ကောင်းစွာ မရေးဆွဲဘူးဟု သင်ဆိုသည်လား။ သင်သည် ကျွန်ုပ်ထက် ဆိုးရွားစွာ ရေးဆွဲပြီး သင်၏ လက်ရာများသည် ပြဿနာများ သာ၍ ရှိပေသည်။ မည်သူကမျှ ထိုလက်ရာများကို ကြည့်ပင်မကြည့်ကြပါ”ဟူသည့် ဤစကားမျိုး ပွင့်အံထွက်လာခြင်းဖြစ်သည်။ ထိုသို့သော စကား၏ စရိုက်လက္ခဏာမှာ အဘယ်နည်း။ ဝေဖန်ထိုးနှက်ခြင်းမျိုး ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပုံနည်းလမ်းကို သင် မည်သို့ တွေးထင်သနည်း။ ဝေဖန်ထိုးနှက်ခြင်းနှင့် လက်တုံ့ပြန်ခြင်းတို့သည် အပြုသဘောဆောင်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သလော။ ထိုအရာများသည် ချီးကျူးထိုက်သလော၊ သို့မဟုတ် ယုတ်ညံ့သလော။ သိသာစွာပင်၊ ထိုအရာများသည် အပျက်သဘောဆောင်ပြီး ယုတ်ညံ့ပေသည်။ ဝေဖန်ထိုးနှက်ခြင်းနှင့် လက်တုံ့ပြန်ခြင်းသည် မလိုမုန်းထားသော စာတန်ဆန်သည့် သဘာဝမှလာသည့် လုပ်ရပ်နှင့် ထုတ်ဖော်ခြင်း အမျိုးအစားတစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ လူတို့က ဤသို့စဉ်းစားကြ၏။ “ကျွန်ုပ်အပေါ် သင်မကြင်နာလျှင် သင့်အပေါ် ကျွန်ုပ်တရားသဖြင့် ပြုမူမည် မဟုတ်။ ကျွန်ုပ်ကို သိက္ခာနှင့် သင်မဆက်ဆံလျှင် ကျွန်ုပ်သည်လည်း သင့်ကို အဘယ်ကြောင့် သိက္ခာနှင့် ဆက်ဆံရမည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော စဉ်းစားပုံမျိုးနည်း။ ယင်းသည် လက်တုံ့ပြန်တတ်သော စဉ်းစားနည်းမဟုတ်သလော။ သာမန်လူတစ်ယောက်၏ အမြင်များတွင် ဤသည်မှာ ခိုင်လုံသော ရှုထောင့်အမြင် မဟုတ်လော။ ယင်းက ယုတ္တိမရှိသလော။ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏”၊ ပြီးလျှင် “သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်” ဤကဲ့သို့သော အရာတို့ကို ဘာသာတရားမရှိသူများက မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့အကြားတွင် ဤအရာအားလုံးတို့သည် ခိုင်လုံပြီး လူ့အယူအဆများနှင့် လုံးလုံးကိုက်ညီသော အကြောင်းပြချက်များ ဖြစ်၏။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသူတို့သည် ဤစကားများကို အဘယ်သို့ ရှုမြင်သင့်သနည်း။ ဤအယူအဆများမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ယင်းတို့ကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ဤအရာတို့သည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ၎င်းတို့သည် စာတန်ထံမှ လာ၏၊ ဤအရာကို သံသယဖြစ်စရာ မရှိပေ။ စာတန်၏ မည်သည့်စိတ်သဘောထားမှ ယင်းတို့လာသနည်း။ စာတန်၏ မလိုမုန်းထားသော သဘာဝမှ လာသည်။ ယင်းတို့တွင် အဆိပ်ပါဝင်သည်။ ယင်းတို့တွင် စာတန်၏ မလိုမုန်းထားမှုနှင့် အကျည်းတန်မှုအားလုံးပါသည့် သရုပ်မှန်ပါဝင်သည်။ ယင်းတို့တွင် ဤသဘာဝ အနှစ်သာရမျိုး ပါဝင်သည်။ ထိုသဘာဝ အနှစ်သာရမျိုးတွင် ပါဝင်သော အမြင်ရှုထောင့်များ၊ အတွေးများ၊ ထုတ်ဖော်မှုများ၊ စကားများအပြင် လုပ်ရပ်များ၏ ဝိသေသလက္ခဏာမှာ အဘယ်နည်း။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်မှာ သေချာ၏။ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ ဤဆိုးယုတ်သောအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေပြုထားချက်ရှိသလော။ (မရှိပါ။) ယင်းတို့သည် ဘုရားသခင်၏ နောက်တော်သို့ လိုက်သူများ လုပ်ဆောင်သင့်သည့်အရာ ဟုတ်သလော။ ၎င်းတို့ပိုင်ဆိုင်သင့်သည့် အတွေးအမြင်များ ဟုတ်သလော။ ဤအတွေးများနှင့် ဆောင်ရွက်ပုံနည်းလမ်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြပါသလော။ (မကိုက်ညီပါ။) ဤအရာများ သမ္မာတရားနှင့် မကိုက်ညီကြောင်း မြင်ရသည်နှင့်အမျှ၊ ယင်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီကြသလော။ (မကိုက်ညီပါ။) ဤအရာများသည် သမ္မာတရား သို့မဟုတ် ပုံမှန် လူ့သဘာဝနှင့် မကိုက်ညီကြောင်း သင် ယခု ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤဆောင်ရွက်ပုံနည်းလမ်းနှင့် အတွေးများသည် သင့်လျော်သည်၊ ကြည့်ကောင်းသည်ဟု သင် ယခင်က တွေးထင်ပြီး အကြောင်းပြချက်ရှိခဲ့သလော။ (ရှိခဲ့ပါသည်။) ဤဆိုးယုတ်သော အတွေးများနှင့် သဘောတရားများသည် လူတို့၏ အတွေးများ၊ ရှုထောင့်အမြင်များ၊ ပြုမူကျင့်ကြံမှုနှင့် ဆောင်ရွက်ပုံနည်းလမ်းများအပြင်၊ ၎င်းတို့၏ အမျိုးမျိုးသော အခြေအနေများကို လမ်းညွှန်လျက်၊ လူတို့၏ စိတ်နှလုံးများတွင် အဓိကဖြစ်သော နေရာတစ်ခုကို ယူလေသည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို နားလည်နိုင်ကြသလော။ လုံးဝ နားမလည်နိုင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် မှန်ကန်သည်ဟု မိမိတို့ တွေးထင်သည့်အရာများကို သမ္မာတရား ဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကာ ကိုင်စွဲကြသည် မဟုတ်လော။ ဤအရာများသည် သမ္မာတရား ဖြစ်ပါက၊ ယင်းတို့ကို ဖက်တွယ်ခြင်းက အဘယ်ကြောင့် သင်၏ လက်တွေ့ကျသည့် ပြဿနာများကို မပြေလည်စေပါသနည်း။ ယင်းတို့ကို ဖက်တွယ်ခြင်းက ဘုရားသခင်ကို နှစ်ချီ သင် ယုံကြည်ပြီးလင့်ကစား၊ သင့်အထဲတွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခုကို မဖြစ်ပေါ်စေပါသနည်း။ စာတန်ထံမှလာသည့် ဤအတွေးအခေါ်များကို ပိုင်းခြားသိမြင်ရန် သင်သည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးမပြုနိုင်ရသနည်း။ သင်သည် ဤဆိုးယုတ်သော အတွေးအခေါ်များကို သမ္မာတရား ဖြစ်သည့်အလား စွဲကိုင်နေသေးသလော။ သင်သည် အမှန်တကယ် ချင့်ချိန်နိုင်စွမ်းရှိပါက၊ ပြဿနာများ၏ ရင်းမြစ်ကို သင် တွေ့ရှိပြီး ဖြစ်သည်မဟုတ်လော။ သင် စွဲကိုင်နေသည့်အရာသည် လုံးဝ သမ္မာတရား မဟုတ်သောကြောင့်၊ ထို့ထက် ဆိုးယုတ်သော အတွေးမှားများနှင့် အတွေးအခေါ်များ ဖြစ်သောကြောင့်၊ ယင်းမှာ ပြဿနာ တည်သည့်နေရာ ဖြစ်သည်။ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကို ဆန်းစစ်ကာ စိစစ်ရန် ဤလမ်းကြောင်းကို လျှောက်သင့်ကြ၏။ သင့်အတွင်းရှိ မည်သည့်အရာများသည် သင် ခိုင်လုံသည့်အကြောင်းပြချက်ရှိသည့်အရာများ၊ ဘဝပေးအသိနှင့် လောကီ ဉာဏ်ပညာတို့နှင့် ကိုက်ညီသည့်အရာများ၊ သင် တင်ပြဆွေးနွေး၍ရသည့် အရာများ၊ သင်၏ စိတ်နှလုံးတွင် သမ္မာတရားအဖြစ် သင် သဘောထားနှင့်ပြီးဖြစ်သည့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟု သင် မထင်မှတ်သည့် မမှန်ကန်သော အတွေးများ၊ ရှုထောင့်အမြင်များ၊ ဆောင်ရွက်ပုံနည်းလမ်းများနှင့် အခြေခံအုတ်မြစ်များဖြစ်သည်ကို ကြည့်လော့။ ဤအရာများကို ဆက်လက် ဖော်ထုတ်လော့။ နောက်ထပ် များစွာရှိသေး၏။ ဤဖောက်ပြန်ပျက်စီးပြီး အပျက်သဘောဆောင်သော အရာများအားလုံးကို သင် ဖော်ထုတ်လျှင်၊ ချင့်ချိန်နိုင်စွမ်းရှိကာ ထိုအရာများကို စွန့်လွှတ်နိုင်သည်အထိ စိတ်ဖြာလေ့လာဆွေးနွေးလော့။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အလွယ်တကူ ပြေလည်သွားလိမ့်မည်ဖြစ်ပြီး၊ သင် သန့်စင်ခြင်း ခံရနိုင်လိမ့်မည်။

ယခင်က ဥပမာကို ပြန်သွားကြစို့။ ပန်းချီဆရာက ၎င်းတို့၏ အလုပ်အပေါ် အခြားသူများ၏ အကဲဖြတ်ချက်ကို ကြားသည့်အခါ၊ နှစ်ခုလုံးက လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသည့် အပြုအမူနှင့် ပွင့်အံထွက်မှုများနှင့်ပတ်သက်၍ မည်သည့် တုံ့ပြန်မှုမျိုးသည် မှန်ကန်သည့် တုံ့ပြန်မှုဖြစ်သနည်း။ ၎င်းတို့ မှန်သည်ဟု တွေးသည်ဖြစ်စေ၊ မှားသည်ဟု တွေးသည်ဖြစ်စေ၊ လူတို့အတွင်းရှိ ထိုအတွေးများအားလုံးသည် စာတန်ထံမှလာသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လာသည်ဟု ယခုတင် ငါပြောခဲ့၏။ ထိုအတွေးများသည် မမှန်ကန်သကဲ့သို့ သမ္မာတရား မဟုတ်ပေ။ မည်သို့ပင် မှန်ကန်စွာ သင် တွေးသည်ဖြစ်စေ၊ သင်၏ အတွေးများကို အခြားသူများက လက်ခံသည်ဟု သင် မည်မျှစဉ်းစားသည်ဖြစ်စေ၊ ထိုအတွေးများသည် သမ္မာတရားမှ မလာပေ။ ထိုအရာများသည် သမ္မာတရားစစ်မှန်မှု၏ ထုတ်ဖော်မှုများ သို့မဟုတ် အသက်ရှင်နေထိုင်ခြင်း မဟုတ်သကဲ့သို့ ဘုရားအလိုတော်နှင့်လည်း မကိုက်ညီပေ။ ထို့ကြောင့် ဤကိစ္စရပ်ကို ဆင်ခြင်တုံတရား၊ လူ့သဘာဝတို့နှင့်အတူ သင် မည်သို့ အမှန်တကယ် သဘောထားသင့်သနည်း။ ပထမဦးစွာ၊ အခြားသူများ သင့်ကိုပေးသည့် ချီးမွမ်းစကားများနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်သော ခံစားချက်များ မရှိနှင့်။ ယင်းမှာ အခြေအနေတစ်မျိုး ဖြစ်သည်။ ထို့အပြင်၊ ရက်စက်သည့် သို့မဟုတ် လက်တုံ့ပြန်တတ်သည့် စိတ်နေစိတ်ထားတစ်ခု ရှိရန်မဆိုထားနှင့်၊ သင်နှင့်ပတ်သက်၍ အခြားသူများပြောသည့် မကောင်းသောအရာများကို မငြင်းနှင့် သို့မဟုတ် မစက်ဆုပ်နှင့်။ ၎င်းတို့က သင့်ကို ချီးမွမ်းသည်ဖြစ်စေ၊ မချီးမွမ်းသည်ဖြစ်စေ၊ သို့မဟုတ် သင့်အကြောင်း မကောင်းသည့်အရာများ ပြောနေကြသည်ဖြစ်စေ၊ သင့်စိတ်နှလုံးတွင် မှန်ကန်သည့် သဘောထား ရှိရမည်။ မည်သည့်သဘောထားမျိုးနည်း။ ပထမဆုံး၊ သင် တည်ငြိမ်မြဲတည်ငြိမ်ပြီးနောက် ၎င်းတို့ထံ၊ “ပန်းချီဆွဲခြင်းသည် ကျွန်ုပ်အတွက် အပျော်တမ်း ဝါသနာတစ်ခုသာ ဖြစ်ပါသည်။ ကျွန်ုပ်၏ ကျွမ်းကျင်မှုအဆင့်ကို ကျွန်ုပ် သိပါသည်။ သင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ သင့်ကို မှန်ကန်စွာ ကျွန်ုပ် ဆက်ဆံနိုင်သည်။ ပန်းချီဆွဲခြင်း အကြောင်း မဆွေးနွေးကြစို့နှင့်။ ကျွန်ုပ် စိတ်မဝင်စားပါ။ ကျွန်ုပ် စိတ်ဝင်စားသည်မှာ ကျွန်ုပ် သဘောမပေါက်သေးသည့်၊ သတိမပြုမိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ထုတ်ဖော်မှုများ မည်သည့်နေရာတွင် ကျွန်ုပ်၌ရှိသည်ကို ပြောပြနိုင်မလားဆိုသည့်အရာ ဖြစ်သည်။ ဤကိစ္စရပ်များကို မိတ်သဟာယပြုကာ စုံစမ်းစစ်ဆေးကြပါစို့။ ကျွန်ုပ်တို့၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှုကို နှစ်ယောက်လုံး တွေ့ကြုံပြီး၊ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရှိကြပါစို့။ ယင်းသည် အလွန်ကောင်းပေမည်။ အပြင်ပန်း ကိစ္စများကို ဆွေးနွေးရန်မှာ အဘယ် အသုံးဝင်ပါသနည်း။ ယင်းက လူတစ်ဦးအား မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် မကူညီနိုင်ပါ။ ကျွန်ုပ်၏ ပန်းချီဆွဲခြင်းက ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ဟု သင် ပြောသည်ဖြစ်စေ၊ ကျွန်ုပ် တကယ် ဂရုမစိုက်ပါ။ ကျွန်ုပ်၏ ပန်းချီဆွဲခြင်းကို သင် ချီးမွမ်းပါက၊ သင်သည် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တစ်ခု ရှိကောင်းရှိမည် မဟုတ်ပါလား။ သင့်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်စေရန် ကျွန်ုပ်ကို သင် အသုံးပြုချင်သည်များ ဖြစ်နိုင်မည်မဟုတ်ပါလား။ ကိစ္စရပ်တစ်ခု သင့်အား ကူညီကိုင်တွယ်စေလိုပါက၊ ကျွန်ုပ် တတ်နိုင်သည့်အရာနှင့် အခမဲ့ ကူညီပါမည်။ ကျွန်ုပ် မကူညီနိုင်ပါက၊ သင့်ကို အကြံအချို့ ပေးနိုင်ပါသည်။ ကျွန်ုပ်နှင့် ဤသို့ ဆက်ဆံရန် မလိုအပ်ပါ။ ထိုအရာသည် သူတော်ကောင်းယောင်ဆောင်ခြင်းဖြစ်ပြီး၊ ကျွန်ုပ်ကို စက်ဆုပ်ကာ အော်ဂလီဆန်စေသည်။ ကျွန်ုပ်၏ ပန်းချီဆွဲခြင်းက မကောင်းဟု သင် ပြောပါက၊ ကျွန်ုပ်ကို စုံစမ်းနှောင့်ယှက်ပြီး စုံစမ်းခြင်းထဲသို့ ကျရောက်စေရန် သင် ကြိုးပမ်းနေခြင်း ဖြစ်ပါသလား။ ကျွန်ုပ်ကို သင် တဇောက်ကန်းဖြစ်စေချင်ပြီးနောက် သင့်ကို လက်တုံ့ပြန်ကာ ဝေဖန်ထိုးနှက်စေချင်ပါသလား။ ယင်းကို ကျွန်ုပ် လုပ်ဆောင်မည်မဟုတ်ပါ။ ကျွန်ုပ်သည် သိပ်မအပါ။ စာတန်၏ လှည့်စားခြင်းကို ကျွန်ုပ် ခံမည်မဟုတ်ပါ”ဟု ပြောရမည်။ ထိုသို့သော သဘောထားကို သင် မည်သို့ တွေးထင်သနည်း။ (ကောင်းပါသည်။) ဤဆောင်ရွက်ပုံနည်းလမ်းကို မည်သို့ခေါ်ဆိုသနည်း။ စာတန်ကို ပြန်တိုက်ခြင်းဟု ခေါ်သည်။ သမ္မာတရား မလိုက်စားသော လူအချို့သည် မည်သည့်အရာမျှ လုပ်စရာမရှိသကဲ့သို့ အချည်းနှီးသော စကားမျိုးစုံကို ပြောဆိုကြ၏။ “အာ၊ သင်၏ ယခင်က အလုပ်အကိုင်သည် အလွန်ဖြစ်ထွန်းခဲ့သည်၊ တစ်စုံတစ်ဦးကို အားကျစေလောက်သည်။” “အာ၊ သင် မည်မျှ လှသည်ကို ကြည့်ပါ။ သင်၏ မျက်နှာသည် ကောင်းသော ကံ၏ သရုပ်သကန်ဖြစ်သည်။” မည်သူ တန်ခိုးအာဏာရှိသည်၊ မည်သူက ရုပ်ရှိသည်၊ သို့မဟုတ် မည်သူက ၎င်းတို့အတွက် အသုံးဝင်မှုအချို့ ရှိမည်ဆိုသည်ကို မြင်အောင် ၎င်းတို့ ကြည့်ပြီးနောက် ထိုသူတို့ကို စဉ်ဆက်မပြတ် နီးနီးကပ်ကပ် ဖက်တွယ်သည်၊ မြှောက်ပင့်၊ ချီးမွမ်းကာ ၎င်းတို့အပေါ် မျက်နှာလိုမျက်နှာရ လုပ်ကြလေသည်။ ၎င်းတို့သည် လူကြားထဲပြောမကောင်းသော မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းရန် စက်ဆုပ်ဖွယ်၊ အရှက်မဲ့သော နည်းလမ်းမျိုးစုံကို အသုံးပြုကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်သည် ဤလူစားမျိုးနှင့် ဆုံရသည့်အခါ မည်သို့ ဆက်ဆံသင့်သနည်း။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဟု လုပ်ဆောင်ရန် မှန်ကန်ပါသလော။ (မမှန်ပါ။) သင့်တွင် အချိန်မရှိပါက၊ ၎င်းတို့ကို ပြန်တိုက်ခိုက်ပြီး အရှက်ရစေရန် စကားအနည်းငယ်ကိုသာ ပြောလော့။ သင်က၊ “သင် အဘယ်သို့ဖြစ်ပြီး အလွန် ငြီးငွေ့နေရသနည်း။ အာရုံစိုက်စရာ ကိစ္စတစ်ခုတလေ မရှိပါသလား။ ထိုသို့သော အရာများနှင့်ပတ်သက်၍ အတင်းပြောရန်မှာ မည်သည့် အသုံးဝင်မှု ရှိပါသနည်း”ဟု ပြောနိုင်သည်။ ၎င်းတို့၏ မြှောက်ပင့်နေသည့် စကားများသည် အလွန် အပေါ်ယံဆန်ပြီး အော်ဂလီဆန်စရာဖြစ်သည်ဟု သင် ထင်ပါက၊ သင် နားမထောင်ချင်သကဲ့သို့ ရှည်ရှည်ဝေးဝေး စကားပြောရန် အချိန်မရှိပါက၊ ဤစာကြောင်းအနည်းငယ်ဖြင့် တုံ့ပြန်ပြောဆိုပြီး အပြီးသတ်လိုက်လော့။ သင်၌ အချိန်ရှိပါက၊ ၎င်းတို့နှင့်အတူ မိတ်သဟာယပြုလော့။ ဤနေရာတွင် မိတ်သဟာယကို ပြောဆိုသည့်အခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိ၊ တဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် ဗီဇအရဖြစ်ခြင်းမရှိ၊ ဝေဖန်ထိုးနှက်ခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်း မရှိ၊ အမုန်းမရှိသကဲ့သို့ လူတို့ စက်ဆုပ်သည့် အရာတစ်ခုမျှ မရှိပေ။ သင့်ထံမှ ထုတ်ဖော်သည့်အရာများသည် ပုံမှန် လူ့သဘာဝနှင့် ကိုက်ညီရမည်၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီရမည်၊ သမ္မာတရား စစ်မှန်မှု ရှိရမည်၊ အခြားသူများကို ကူညီနိုင်ရမည်ဖြစ်ပြီး အခြားသူများအတွက် အပြုသဘောဆောင်ကာ အကျိုးပြုရမည် ဖြစ်သည်။ ဤအရာအားလုံးသည် အပြုသဘောဆောင်သော ထုတ်ဖော်မှုများ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာများသည် အပျက်သဘောဆောင်သော ထုတ်ဖော်မှုများ ဖြစ်သနည်း။ ထိုအရာများကို ပေါင်းရုံးရန် ကြိုးစားလော့။ (လက်တုံ့ပြန်ခြင်း၊ ဝေဖန်ထိုးနှက်ခြင်း၊ သွားအတွက် အသွားကိုလုပ်ခြင်း။) လက်တုံ့ပြန်ခြင်း၊ ဝေဖန်ထိုးနှက်ခြင်း၊ သွားအတွက် သွား၊ မျက်လုံးအတွက် မျက်လုံးတစ်လုံး လုပ်ခြင်းနှင့် အစဉ်အလာအားဖြင့် မှန်ကန်သည်ဟု လူတို့ တွေးထင်သည့် စိတ်ကူးများ ဖြစ်သည်။ “သင် လုပ်သည့်အတိုင်း ပြန်ခံရခြင်း ဖြစ်သည်”ဆိုသည်နှင့် “ကျွန်ုပ်သည် ဖြောင့်မတ်တည်ကြည်သည့် လူကြီးလူကောင်းတစ်ဦး ဖြစ်ချင်သည်၊ စက်ဆုပ်ဖွယ်ကောင်းသော လူတစ်ဦး သို့မဟုတ် ကြောင်သူတော်တစ်ဦး မဖြစ်ချင်ပါ”ဆိုသည်တို့ ဖြစ်သည်။ မှန်သည်ဟု လူတို့ တွေးထင်သည့် ဤအရာများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤအရာများသည် စုံစမ်းစစ်ဆေးထိုက်၏။ ရိုးရှင်း၊ ရှင်းလင်းကာ တစ်ချက်ကြည့်ရုံမျှဖြင့် သိမြင်ရန် လွယ်ကူသည့် ထိုအရာများသည် ပိုင်းခြားသိမြင်ရန် အနည်းငယ် သာ၍ လွယ်ကူပေသည်။ လူအများစုက မမြင်နိုင်သည့် အရာများ၊ မှန်ကန်ပြီး ကောင်းမွန်သည်ဟု လူများစွာတွေးထင်သည့် အရာများအတွက်မူ၊ ထိုအရာများကို လူတို့က ပိုင်းခြားသိမြင်ခြင်း မရှိသောကြောင့်၊ ထိုအရာများကို သမ္မာတရား ဖြစ်သည့်အလား သဘောထားပြီး ထိန်းသိမ်းရန် ၎င်းတို့အတွက် လွယ်ကူပေသည်။ ထိုအရာများကို ထိန်းသိမ်းရာတွင်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့် အရာသည် သမ္မာတရား စစ်မှန်မှုနှင့် ပုံမှန် လူ့သဘာဝဖြစ်သည်ဟု လူတို့က တွေးထင်ကြလေသည်။ ၎င်းတို့ ပြီးပြည့်စုံပုံ၊ ကောင်းမွန်ပုံ၊ တရားမျှတပြီး ဂုဏ်အသရေရှိပုံ၊ ပွင့်လင်းပြီး ရိုးသားပုံကို ၎င်းတို့ တွေးကြသည်။ တဇောက်ကန်း၊ သဘာဝကျသည့်၊ သွေးသားဖြစ်သည့်၊ လူ့ကျင့်ဝတ်နှင့်ဆိုင်ပြီး အကျင့်သိက္ခာရှိသော ထိုအရာများကို သမ္မာတရား၏ စစ်မှန်မှု ဖြစ်သည့်အလား အသက်ရှင်နေထိုင်ကာ သမ္မာတရားနှင့် အစားထိုးခြင်းသည် လူအများစု ကျူးလွန်တတ်လေ့ရှိသော အမှားတစ်ခုဖြစ်သည်မှာ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သောသူများပင် ထိုအရာကို မပိုင်းခြားမသိမြင်နိုင်ချေ။ ဘုရားသခင်ကို ယုံကြည်သူတိုင်းနီးပါး ဤအဆင့်ကို ဖြတ်သန်းရမည်ဖြစ်ပြီး၊ သမ္မာတရားကို လိုက်စားသောသူတို့သာ ဤမှားယွင်းသည့် စိတ်ကူးကို လွတ်မြောက်နိုင်ပေသည်။ ထို့ကြောင့် တဇောက်ကန်းဖြစ်ခြင်းနှင့် ဗီဇအရဖြစ်ခြင်းတို့မှ လာသည့် ဤအရာများကို လူတို့ သတိပြုမိကာ ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးရမည်။ ဤအရာများကို ၎င်းတို့ ရိပ်စားမိကာ ဖြေရှင်းနိုင်ပါက သင့်ထံမှ ပုံမှန် ထုတ်ဖော်လာသည့် အရာများထဲမှ အချို့သည် သမ္မာတရား စစ်မှန်မှုနှင့် ကိုက်ညီသွားလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား ပုံမှန် လူ့သဘာဝဖြင့် စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် တစ်စုံတစ်ဦးက အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြောင်း သက်သေပြသည့် တစ်ခုတည်းသော စံနှုန်း ဖြစ်သည်။ သမ္မာတရား မည်မျှ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ အားလုံး အပြုသဘောဆောင်၏။ တဇောက်ကန်းဖြစ်ခြင်းဖြင့် ပြုမူဆောင်ရွက်ခြင်း မဆိုထားနှင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုပင် လုံးဝ မဟုတ်ပေ။ တစ်စုံတစ်ဦးက သင့်ကို ယခင်က ထိခိုက်နာကျင်စေပြီး၊ သင်သည် ၎င်းတို့ကို ထိုနည်းတူ ဆက်ဆံပါက၊ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ၎င်းတို့က သင့်ကို ထိခိုက်နာကျင်စေသောကြောင့်၊ အလွန်ဆိုးရွားစွာ ထိခိုက်နာကျင်စေသောကြောင့်၊ ဘာသာတရားမရှိသူများအတိုင်း ဘယ်နည်းနှင့်ရရ ၎င်းတို့ကို လက်တုံ့ပြန်ပြီး အပြစ်ပေးရန် သင် ကြိုးစားပါက၊ ဤသည်မှာ မျှတပြီး ကြောင်းကျိုးဆီလျော်ကာ ဝေဖန်စရာ မည်သည့်အရာမျှမရှိပေ။ သို့သော် ဤသည်မှာ မည်သည့် ဆောင်ရွက်ပုံနည်းလမ်းမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့က သင့်ကို နာကျင်စေသည်၊ ထိုဆောင်ရွက်ပုံနည်းလမ်းသည် ဖောက်ပြန်ပျက်စီး ဆိုးယုတ်သည့် သဘာဝ ထုတ်ဖော်ခြင်းဖြစ်သော်လည်း၊ သင်သည် ၎င်းတို့ကို လက်တုံ့ပြန်ပါက၊ သင်၏ ဆောင်ရွက်ပုံနည်းလမ်းသည် ၎င်းတို့နှင့် တူညီသည် မဟုတ်လော။ သင်၏ လက်တုံ့ပြန်ခြင်း နောက်ကွယ်ရှိ စိတ်နေစိတ်ထား၊ စမှတ်နှင့် အရင်းအမြစ်တို့သည် ၎င်းတို့နှင့် အတူတူပင် ဖြစ်သည်။ ကွာခြားမှု မရှိပေ။ ထို့ကြောင့် သင့်လုပ်ရပ်၏ အကျင့်စရိုက်သည် ဧကန်မုချ တဇောက်ကန်းဖြစ်သည်၊ ဗီဇအရဖြစ်ပြီး ဆိုးယုတ်လေသည်။ ထိုအရာသည် ဆိုးယုတ်ပြီး တဇောက်ကန်းဖြစ်သည်ကို မြင်ရသည်နှင့်အမျှ၊ သင်၏ ဤဆောင်ရွက်ပုံနည်းလမ်းကို သင် ပြောင်းလဲသင့်သည် မဟုတ်လော။ သင့်လုပ်ရပ်များနောက်ကွယ်ရှိ အရင်းအမြစ်၊ ကြံရွယ်ချက်များနှင့် လှုံ့ဆော်မှုတို့သည် ပြောင်းလဲသင့်သည် မဟုတ်လော။ (ပြောင်းလဲသင့်ပါသည်။) ထိုအရာများကို သင် မည်သို့ ပြောင်းလဲသနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာသည် သေးငယ်သည့်အရာတစ်ခု ဖြစ်လျှင်၊ ထိုအရာက သင့်ကို မသက်မသာဖြစ်စေသော်လည်း သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိခိုက်ခြင်းမရှိသည့်အခါ သို့မဟုတ် သင့်ကို ဆိုးရွားစွာ မနာကျင်စေသည့်အခါ သို့မဟုတ် ထိုအရာကို သင့်အား မမုန်းတီးစေသည့်အခါ၊ သို့မဟုတ် လက်တုံ့ပြန်ရန် သင့်ဘဝကို မစွန့်စားစေသည့်အခါ၊ တဇောက်ကန်းဖြစ်ခြင်းအပေါ် မှီခိုခြင်းမရှိဘဲ သင်၏ အမုန်းတရားကို သင် စွန့်နိုင်ပေသည်။ ထို့ထက် ဤကိစ္စရပ်ကို မှန်ကန်စွာနှင့် တည်ငြိမ်စွာ ကိုင်တွယ်ရန် သင်၏ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝတို့အပေါ် သင် မှီခိုအားကိုးနိုင်ပေသည်။ သင်၏ အဆင့်တူ ပုဂ္ဂိုလ်ထံ ဤကိစ္စရပ်ကို ပွင့်လင်းစွာနှင့် ရိုးသားစစ်မှန်စွာ သင် ရှင်းပြနိုင်ပြီး သင်၏ အမုန်းတရားကို ဖြေရှင်းနိုင်သည်။ သို့ရာတွင်၊ ဤအမုန်းတရားက အလွန် နက်ရှိုင်းသည်မှာ သင်သည် လက်တုံ့ပြန်လိုကာ ခါးသီးသည့် အမုန်းတရားကို ခံစားရသည်အထိ ဖြစ်ပါက၊ စိတ်ရှည်ခြင်းကို သင် ကျင့်သုံးနိုင်သေးသလော။ သင်သည် တဇောက်ကန်းဖြစ်ခြင်းအပေါ် မမှီခိုသကဲ့သို့ တည်ငြိမ်စွာဖြင့်၊ “ကျွန်ုပ်သည် စဉ်းစားချင့်ချိန်နိုင်ရမည်။ ကျွန်ုပ်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် အသက်ရှင်ပြီး၊ သမ္မာတရား စည်းမျဉ်းများဖြင့် အသက်ရှင်ရမည်။ မကောင်းမှုကို မကောင်းမှုဖြင့် ကျွန်ုပ် တုံ့ပြန်၍မရသကဲ့သို့၊ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ကာ စာတန်ကို အရှက်ရစေရမည်”ဟု ပြောနိုင်သည်။ ဤသည်မှာ ကွဲပြားသည့် အခြေအနေတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အတိတ်ကာလတွင် မည်သည့် အခြေအနေမျိုးများ သင်တို့ ရှိခဲ့ကြသနည်း။ အခြားတစ်စုံတစ်ဦးက သင်၏ တစ်စုံတစ်ရာကို ခိုးယူလျှင် သို့မဟုတ် သင်၏ တစ်စုံတစ်ရာကို စားသောက်လျှင်၊ ဤသည်မှာ ကြီးမားသည့်၊ နက်ရှိုင်းသည့် အမုန်းတရားအချို့နှင့် မညီမျှပေ။ ထို့ကြောင့် သင်သည် ဤကိစ္စကြောင့် သင့်မျက်နှာ နီမြန်းခြင်း မရှိမချင်း ၎င်းတို့နှင့် သွားငြင်းခုံရန် လိုအပ်သည်ဟု သင် တွေးလိမ့်မည် မဟုတ်။ ထိုအရာသည် သင့်အောက်တွင်ရှိပြီး၊ မထိုက်တန်ပေ။ ဤအခြေအနေမျိုးတွင်၊ ထိုကိစ္စကို သင် နှိုင်းနှိုင်းချိန်ချိန် ကိုင်တွယ်နိုင်သည်။ ကိစ္စရပ်ကို နှိုင်းနှိုင်းချိန်ချိန် ကိုင်တွယ်နိုင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ညီမျှသလော။ ဤကိစ္စရပ်တွင် ထိုအရာသည် သမ္မာတရား စစ်မှန်မှုရှိခြင်းနှင့် ညီမျှသလော။ လုံးဝ မညီမျှပေ။ ဆင်ခြင်တုံတရားနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် သီးခြားဖြစ်သော အရာနှစ်ခု ဖြစ်သည်။ သင့်ကို အထူးသဖြင့် ဒေါသထွက်စေသည့် တစ်စုံတစ်ရာကို သင် ကြုံရသော်လည်း၊ သင့်ထံမှ တဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခွင့်မပေးဘဲ ထိုအရာကို သင်က နှိုင်းနှိုင်းချိန်ချိန်နှင့် တည်ငြိမ်စွာ ကိုင်တွယ်နိုင်ပါက၊ ဤအရာက သင့်အား သမ္မာတရားစည်းမျဉ်းများကို နားလည်ရန်နှင့် ထိုအရာကို ကိုင်တွယ်ဖြေရင်းရန် ဉာဏ်ပညာအပေါ် အမှီပြုရန် တောင်းဆိုပေသည်။ ထိုသို့သော အခြေအနေတစ်ခုတွင်၊ သင်သည် ဘုရားသခင်ထံ ဆုမတောင်း သို့မဟုတ် သမ္မာတရားကို မရှာဖွေပါက၊ တဇောက်ကန်းဖြစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်မှုပင်လျှင် သင့်ထဲတွင် အလွယ်တကူ ထွက်ပေါ်လိမ့်မည်။ သင်သည် လူသား နည်းလမ်းများကိုသာ ခံယူရင်းနှင့် သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရင်း၊ သမ္မာတရား ရှာဖွေခြင်းမရှိပါက၊ အယူဝါဒ အနည်းငယ်ကို ဟောပြောခြင်း သို့မဟုတ် ထိုင်ချကာ သင်၏ စိတ်နှလုံးကို ဖွင့်ချခြင်းအားဖြင့် ထိုအရာကို သင် မဖြေရှင်းနိုင်ပေ။ ထိုမျှ မရိုးရှင်းပေ။

ယခု ငါတို့ မိတ်သဟာယပြုနေသည့်အရာအားလုံးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးသော သဘာဝများနှင့်ဆိုင်သည့် ပြဿနာများကို ထည့်သွင်းဖော်ပြ၏။ လူအချို့သည် ရိုးရှင်း၊ ဖြောင့်မတ်သည့် ပင်ကိုစရိုက်တစ်ခုဖြင့် မွေးဖွားကြသည်။ အခြားသူများက ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုများ ဖြစ်စေသည့်အခါ၊ သို့မဟုတ် ၎င်းတို့အဖို့ နှစ်လိုဖွယ်မရှိသည့် တစ်စုံတစ်ရာကို ပြောကြသည့်အခါ အရေးမကြီးဟန် ရယ်ပစ်ပြီး လျစ်လျူရှုထားလိုက်ကြသည်။ လူအချို့မှာ သဘောထားသေးကြပြီး ၎င်းတို့ ဘဝတစ်လျှောက် အဃာတထားလျက် လျစ်လျူမရှုထားနိုင်ကြချေ။ ဤလူနှစ်မျိုးထဲတွင် မည်သည်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသနည်း။ အမှန်တွင် ၎င်းတို့နှစ်မျိုးလုံးတွင် ရှိကြ၏။ ၎င်းတို့၏ သဘာဝ ပင်ကိုစရိုက်က ကွဲပြားခြင်းသာ ဖြစ်သည်။ ပင်ကိုစရိုက်သည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မလွှမ်းမိုးနိုင်သကဲ့သို့ ပင်ကိုစရိုက်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား နက်ရှိုင်းမှုကိုလည်း အဆုံးအဖြတ်မပေးပေ။ လူတို့၏ ကြီးပြင်းလာရခြင်း၊ ပညာရေးနှင့် မိသားစု အခြေအနေများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား နက်ရှိုင်းမှုကို အဆုံးအဖြတ်မပေးပေ။ သို့ဆိုလျှင် ထိုအရာသည် လူတို့ လေ့လာသည့်အရာများနှင့် ဆက်နွှယ်သလော။ လူအချို့က “ကျွန်ုပ်သည် စာပေကို လေ့လာခဲ့ပြီး စာအုပ်များစွာ ဖတ်ခဲ့သည်။ ကျွန်ုပ်တွင် ရသဂုဏ်ကောင်းရှိပြီး ယဉ်ကျေးသည်။ ထို့ကြောင့် ကျွန်ုပ်၏ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းသည် အခြားသူများထက် အားကောင်းသည်၊ လူတို့အပေါ် ကျွန်ုပ်၏ သိနားလည်မှုသည် အခြားသူများထက် ကြီးမားပြီး ကျွန်ုပ်သည် အခြားသူများထက် သဘောထား ကြီးပါသည်။ အမှုအရာများကို ကျွန်ုပ် ကြုံရသည့်အခါ ဖြေရှင်းရန် နည်းလမ်းရှိသောကြောင့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သိပ်နက်ရှိုင်းကောင်း နက်ရှိုင်းမည် မဟုတ်ပါ”ဟု ဆိုကြသည်။ လူအချို့က “ဂီတကို ကျွန်ုပ် လေ့လာခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် အထူး ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဂီတက လူတို့၏ စိတ်ဝိညာဉ်များကို တက်ကြွစေပြီး သန့်စင်စေသည်။ ဂီတ သင်္ကေတတစ်ခုစီက လူတစ်ဦး၏ စိတ်ဝိညာဉ်ကို သက်ရောက်သည်နှင့်အမျှ ၎င်းတို့၏ စိတ်ဝိညာဉ်သည် သန့်စင်ခံရပြီး ပြောင်းလဲသည်။ မတူကွဲပြားသော ဂီတကို နားထောင်ခြင်းသည် လူတို့ကို စိတ်အခြေအနေအမျိုးမျိုး ဖြစ်စေပြီး မတူကွဲပြားသော စိတ်နေစိတ်ထားများ ဖြစ်စေသည်။ ကျွန်ုပ်သည် အပျက်သဘောဆောင်သော စိတ်နေစိတ်ထားတစ်ခုတွင် ရှိသည့်အခါ ဖြေရှင်းရန် ဂီတကို နားထောင်သောကြောင့် တေးဂီတကို နားထောင်သည်နှင့်အမျှ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်း အားနည်းသွားသည်။ ကျွန်ုပ်၏ ဂီတဆိုင်ရာ စွမ်းရည်တိုးတက်သည်နှင့်အမျှ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝလည်း တဖြည်းဖြည်း ပြေလည်သွားပါသည်”ဟု ဆိုကြသည်။ သီချင်းသီဆိုကြသည့် လူအချို့က “သာယာသော သီချင်းများသည် လူတို့၏ စိတ်ဝိညာဉ်များထံ ပျော်ရွှင်မှု ဆောင်ကြဉ်းပေးနိုင်သည်။ ကျွန်ုပ် သီချင်းဆိုလေ၊ ကျွန်ုပ်၏ အသံက သာ၍ ကောင်းလေဖြစ်သည်။ ကျွန်ုပ်၏ သီချင်းသီဆိုသည့် အစွမ်းက သာ၍ ကောင်းလေဖြစ်ပြီး ကျွန်ုပ် သာ၍ ပညာရှင်ပီသလာလေဖြစ်သည်။ ထို့နောက် ထိုအရာက ကျွန်ုပ်၏ အခြေအနေကို တိုးတက်စေပါသည်။ ကျွန်ုပ်၏ အခြေအနေ သာ၍ ကောင်းသည်ထက်ကောင်းလာသည်နှင့်အမျှ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သာ၍ သေးငယ်သည်ထက် သေးငယ်လာလိမ့်မည် မဟုတ်ပါလား”ဟု ဆိုကြသည်။ ဤသို့ဖြစ်သည်ဟု သင်ထင်သလော။ (မထင်ပါ။) ထို့ကြောင့် လူများစွာတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ၎င်းတို့၏ အသိနှင့် နားလည်မှုတွင် မှားယွင်းသော စိတ်ကူးများ ရှိကြသည်။ ၎င်းတို့သည် သွန်သင်လေ့ကျင့်ပေးခြင်း အနည်းငယ် ရရှိကြပြီးသည့်အခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက လျော့နည်းသွားသည်ဟု ထင်ကြသည်။ သာ၍ အသက်ကြီးသောလူအချို့ကပင် “ကျွန်ုပ် ငယ်ရွယ်ခဲ့ချိန်တွင် များစွာ ဆင်းရဲဒုက္ခခံခဲ့ပြီး ဘဝက အလွန်ရိုးရှင်းခဲ့သည်။ ငွေစုခြင်းကို ကျွန်ုပ် အာရုံစိုက်ခဲ့ပြီး ဖြုန်းတီးခြင်းကို အာရုံမစိုက်ခဲ့ပါ။ မည်သည့်အလုပ်ကို ကျွန်ုပ် လုပ်ခဲ့သည်ဖြစ်စေ ကျွန်ုပ် အလွန်သန့်ပြီး ကျွန်ုပ်စကားပြော ယဉ်ကျေးခဲ့သည်။ ကျွန်ုပ် ပွင့်လင်းစွာ စကားပြောပြီး မာယာကင်းသော လူတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တွင် ထိုမျှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာ မရှိခဲ့ပါ။ အချို့သော လူငယ်များသည် မိမိတို့၏ လူမှုပတ်ဝန်ကျင်အားဖြင့် လွှမ်းမိုးခံရသည်။ သူတို့က ဆေးများ သုံးကြပြီး ဆိုးယုတ်သည့် ရေပန်းစားမှုများနောက် လိုက်ကြသည်။ လူမှု ဝန်းကျင်စရိုက်၏ ကူးစက်မှုကို ပြင်းထန်စွာ ခံရပြီး နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြသည်”ဟု တွေးကြသည်။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအပေါ် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော နားလည်မှုများနှင့် အသိတို့သည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် စာတန်ဆန်သော သဘာဝတို့နှင့် စပ်လျဉ်း၍ အမျိုးမျိုးသော ခံစားချက်များနှင့် တစ်ဖက်စောင်းနင်းအမြင်များ ရှိစေသည်။ ဤခံစားချက်များနှင့် တစ်ဖက်စောင်းနင်းအမြင်များသည် လူအများစုအား ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြသော်လည်း၊ ၎င်းတို့ မာနထောင်လွှား၊ မိမိကိုယ်အမှန်မှတ်ယူကြပြီး ပုန်ကန်ကြသော်လည်း ၎င်းတို့၏ အပြုအမူအများစုက ကောင်းနေဆဲဖြစ်သည်ဟု ခံစားရစေသည်။ အထူးသဖြင့် လူတို့သည် စည်းမျဉ်းများကို လိုက်နာနိုင်ကြသည့်အခါ ပုံမှန်ဖြစ်သည့် စည်းကမ်းရှိသော ဝိညာဉ်ရေးရာ အသက်တာများရှိကြပြီး အချို့သော ဝိညာဉ်ရေးရာ အယူဝါဒများကို ပြောဆိုနိုင်သည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းပေါ်တွင် အောင်မြင်မှုများ ရှိကြကြောင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အများစုမှာ ပြေလည်သွားပြီဖြစ်ကြောင်း သာ၍ပင် လက်ခံယုံကြည်သွားကြလေသည်။ မိမိတို့၏ အခြေအနေက သိပ်မဆိုးသည့်အခါ၊ မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် အောင်မြင်မှုများရှိကြသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ရာကို ၎င်းတို့ ပြီးမြောက်သည့်အခါ ၎င်းတို့ ဝိညာဉ်ရေးရာ ပြည့်ဝနှင့်ပြီးဖြစ်ကြောင်း၊ စုံလင်စေခြင်းခံရကာ သန့်စင်ခံရနှင့်ပြီးဖြစ်သော သန့်ရှင်းသည့်လူများ ဖြစ်ကြောင်းနှင့် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိတော့ကြောင်း တွေးထင်ကြသော လူအချို့ပင် ရှိ၏။ လူတို့၏ ထိုသို့သော အတွေးများသည် မိမိတို့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများကို အမှန်တကယ် မသိခြင်းနှင့်ဆိုင်သည့် အမျိုးမျိုးသော အခြေအနေများအောက်တွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော နားလည်မှုလွဲခြင်းများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤနားလည်မှုလွဲခြင်းများသည် လူတို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခက်အခဲများကို ဖြေရှင်းခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ အကြီးမားဆုံးသော အတားအဆီး၊ လူတို့အား ကိုင်တွယ်ဖြေရှင်းရအခက်ဆုံး ဖြစ်စေသော အရာ ဖြစ်သည်။

ယနေ့ ငါတို့ မိတ်သဟာယပြုပြီးသည့်အရာကို သင်တို့ နားလည်သလော။ အဓိက အရိပ်လက္ခဏာများကို သင်တို့ သဘောပေါက်ကြပြီလော။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ မဝင်ရောက်နိုင်ကြပေ။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ၎င်းတို့ ရှိကြသည်ကို သို့မဟုတ် ၎င်းတို့ကိုယ်ပိုင် စာတန်ဆန်သော သဘာဝ အနှစ်သာရတို့က မည်သည့်အရာဖြစ်သည်ကို မသိပါက ၎င်းတို့ကိုယ်တိုင်သည် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်ကို အမှန်တကယ် ဝန်ခံနိုင်ကြသလော။ (ဝန်မခံနိုင်ပါ။) လူတို့သည် ၎င်းတို့ စာတန်ဆန်ကြောင်း၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များဖြစ်ကြောင်း အမှန်တကယ် ဝန်မခံနိုင်ပါက ၎င်းတို့ အမှန်တကယ် နောင်တရနိုင်ကြသလော။ (မရနိုင်ပါ။) ၎င်းတို့ အမှန်တကယ် နောင်တမရနိုင်ပါက ၎င်းတို့ သိပ်မဆိုးကြောင်း၊ ဂုဏ်သိက္ခာရှိကြောင်း၊ ရာထူးအဆင့်အတန်း မြင့်ကြောင်း၊ အဆင့်အတန်းနှင့် ဂုဏ်အသရေ ရှိကြောင်း မကြာခဏ တွေးကောင်းတွေးကြမည် မဟုတ်လော။ ထိုသို့သော အတွေးများနှင့် အခြေအနေများ မကြာခဏ ရှိကောင်းရှိကြမည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အဘယ်ကြောင့် ဤအခြေအနေများ ထွက်ပေါ်သနည်း။ စာကြောင်း ရိုးရိုးလေး တစ်ကြောင်းသာ ဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက ၎င်းတို့ စိတ်နှလုံးများသည် အမြဲ နှောင့်ယှက်ခံရပြီး ၎င်းတို့အတွက် ပုံမှန် အခြေအနေတစ်ခုရှိရန် ခက်ခဲပေသည်။ ဆိုလိုသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အချို့သော သွင်ပြင်လက္ခဏာတွင် မပြေလည်ပါက အပျက်သဘောဆောင်သော အခြေအနေ၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန် သင့်အတွက် အလွန်ခက်ခဲပြီး ထိုအပျက်သဘောဆောင်သော အခြေအနေမှ ရုန်းထွက်လာရန် သင့်အတွက် အလွန်ခက်သည်မှာ သင်က သင်၏ ဤအခြေအနေသည် သင့်တော်၊ မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကောင်းတွေးထင်မိပေမည်။ သင်သည် ထိုအရာကို စွဲကိုင်ကာ ထိုအရာ၌ ဆက်နေမိလိမ့်မည်ဖြစ်ပြီး အလိုအလျောက် ပိတ်မိလာသောကြောင့် ထိုအရာမှ ရုန်းထွက်ရန် အလွန်ခက်ခဲသွားလိမ့်မည်။ ထို့နောက် တစ်နေ့တွင် သမ္မာတရားကို သင် နားလည်သည်နှင့် ဤအခြေအနေမျိုးက သင့်ကို ဘုရားသခင်အား အထင်လွဲကာ အာခံစေကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် သံသယဝင်သည်အထိ၊ ဘုရားသခင်၏ အမှုတော်ကို သံသယဝင်သည်အထိ၊ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သံသယဝင်ပြီး ဘုရားသခင်သည် အပြုသဘောဆောင်သော အရာအားလုံး၏ စစ်မှန်မှုနှင့် ဇာစ်မြစ်ဖြစ်သည်ကို သံသယဝင်သည်အထိ သင့်ကို ဘုရားသခင်နှင့် ပဋိပက္ခဖြစ်ကာ ဘုရားသခင်ကို ဝေဖန်သုံးသပ်စေသည်ကို သင် သဘောပေါက်လိမ့်မည်။ သင်၏ အခြေအနေ အလွန်အန္တရာယ်များသည်ကို သင် မြင်ရလိမ့်မည်။ သင်သည် ဤစာတန်ဆန်သော အတွေးအခေါ်များ၊ စိတ်ကူးများနှင့် သဘောတရားများအပေါ် အသိပညာ အမှန်တကယ် မရှိခဲ့သောကြောင့် ဤပြင်းထန်သည့် အကျိုးဆက် ဖြစ်ပေါ်ခဲ့ပေသည်။ ဤအချိန်တွင်သာ သင်သည် စာတန် မည်မျှ ယုတ်မာပြီး ရက်စက်သည်ကို မြင်နိုင်လိမ့်မည်။ စာတန်သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သစ္စာဖောက်ခြင်းလမ်းကြောင်းကို လျှောက်စေလျက် ၎င်းတို့ကို အထင်အမြင်မှားစေကာ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းရှိသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက အကျိုးဆက်များက ပြင်းထန်ပေသည်။ သင်သည် ဤအသိပညာ၊ ဤသဘောပေါက်မိခြင်း ရှိနိုင်စွမ်းရှိပါက ယင်းမှာ သမ္မာတရားကို သင် သိနားလည်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များက သင့်ကို ဉာဏ်အလင်းပေးကာ အလင်းပြခြင်းတို့၏ ရလဒ် လုံးလုံးလျားလျား ဖြစ်ပေသည်။ သမ္မာတရားကို နားမလည်သော လူတို့သည် စာတန်က လူများအား မည်သို့ ဖောက်ပြန်ပျက်စီးစေပြီး လူများအား မည်သို့ အထင်အမြင်မှားစေကာ ဘုရားသခင်ကို အတိုက်အခံ လုပ်စေသည်ကို မရိပ်စားမိနိုင်ပေ။ ဤအကျိုးဆက်သည် အထူးသဖြင့် အန္တရာယ်များ၏။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသည်နှင့်အမျှ မိမိကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ရမည်၊ အပျက်သဘောဆောင်သော အရာများ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ၎င်းတို့ မသိကြပါက စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းများမှ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။ ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုရန် တောင်းဆိုပါသနည်း။ လူတို့အနေဖြင့် သမ္မာတရားကို သိနားလည်ရန်၊ မိမိတို့ကိုယ်ကို သိရှိလာရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို မည်သည့်အရာက ဖြစ်ပေါ်စေသည်ဆိုသည်ကို ရှင်းလင်းစွာ သိမြင်ရန်နှင့် ၎င်းတို့၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် စကားပြောခြင်း၊ ပြုမူခြင်းနှင့် အမှုကိစ္စများအား ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများက မည်သည့်နေရာမှလာသည်ကို သိမြင်ရန်အလို့ငှာ ဖြစ်၏။ သင် စွဲကိုင်သည့် ဤရှုထောင့်အမြင်များသည် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ ထိုအရာများသည် ဘုရားသခင် ပြောပြီးသည့်အရာအားလုံးနှင့် ကွဲလွဲကြောင်းနှင့် သူအလိုရှိသည့်အရာ မဟုတ်ကြောင်း သင် သိလာသည့်အခါ၊ ဘုရားသခင်တွင် သင်နှင့်ပတ်သက်သော တောင်းဆိုချက်များ ရှိလာသည့်အခါ၊ သူ၏ နှုတ်ကပတ်တော်များ သင့်အပေါ် ရောက်လာသည့်အခါနှင့် သင်၏ အခြေအနေနှင့် စိတ်နေစိတ်ထားတို့က ဘုရားသခင်ထံ သင့်ကို ကျိုးနွံနာခံခွင့်မပေးသကဲ့သို့ သူ စီစဉ်ပြီးသည့် အခြေအနေများကို ကျိုးနွံနာခံတတ်ခြင်း မရှိစေသည့်အပြင် ဘုရားသခင်၏ မျက်မှောက်တွင် လွတ်လပ်စွာနှင့် လွတ်မြောက်စွာ အသက်မရှိစေဘဲ သူ့ကို စိတ်ကျေနပ်စေခြင်းလည်း မရှိသည့်အခါ ဤအရာအားလုံးက သင် စွဲကိုင်သည့် အခြေအနေသည် မှားယွင်းကြောင်း သက်သေပြပေသည်။ သင်တို့သည် ယခင်က ဤအခြေအနေမျိုးကို ကြုံဖူးကြပြီးပြီလော။ အပြုသဘောဆောင်သည်၊ သင့်အတွက် အသုံးအဝင်ဆုံးဖြစ်သည်ဟု သင် တွေးထင်သည့်အရာများဖြင့် သင် အသက်ရှင်သော်လည်း မမျှော်လင့်ဘဲ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ အမှန်ကန်ဆုံးဟု သင် တွေးထင်သည့်အရာများက မကြာခဏ အပြုသဘောဆောင်သော အကျိုးတရားမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာများက သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ သံသယများရှိစေသည်၊ လမ်းကြောင်းမရှိဘဲ ကျန်ရစ်စေသည်၊ ဘုရားသခင်အကြောင်း အထင်လွဲမှုများ ပေးပြီး ဘုရားသခင်နှင့် သဘောကွဲလွဲမှု ဖြစ်စေသည်။ ထိုသို့သော အချိန်များ သင် ရှိဖူးသလော။ (ရှိဖူးပါသည်။) မှားသည်ဟု သင် တွေးထင်သည့်အရာများကို သင် ဧကန်မုချ စွဲကိုင်မည်မဟုတ်သည်မှာ အမှန်ဖြစ်၏။ မှန်ကန်သည်ဟု သင် တွေးထင်သည့် အရာများကိုသာ သင် ဆက်လက် စွဲကိုင်ပြီး ထိုအမှုအရာများတွင် မဆုတ်မနစ်ကြိုးပမ်းနေသည်။ ထိုသို့သော အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်နေသည်။ တစ်နေ့ သမ္မာတရားကို သင် နားလည်သည့်အခါ ထိုအခါမှသာ သင် စွဲကိုင်သည့် အရာများသည် အပြုသဘောမဆောင်သည်ကို သင် သဘောပေါက်ပေသည်။ ထိုအရာများသည် လုံးဝ မှားယွင်း၏၊ ကောင်းမွန်သည်ဟု လူတို့ တွေးထင်သော်လည်း သမ္မာတရား မဟုတ်သည့် အရာများဖြစ်သည်။ သင် ကိုင်စွဲသည့်အရာများ မှားယွင်းသည်ကို အကြိမ်မည်မျှ သင် သဘောပေါက်ပြီး သိလာသနည်း။ ထိုအရာများ မှားယွင်းသည်ကို အချိန်အများစုတွင် သင် သတိပြုမိသော်လည်း ပြန်လည်သုံးသပ်ခြင်း မရှိသကဲ့သို့ သင်၏ စိတ်နှလုံးတွင် ကွဲလွဲမှုရှိပါက သမ္မာတရားကို လက်မခံနိုင်၊ ထိုအရာများကို မှန်ကန်စွာ ရင်မဆိုင်နိုင်သကဲ့သို့ မိမိကိုယ်စား ငြင်းခုံပါက၊ ဤမှားယွင်းသည့် အခြေအနေမျိုးသည် ပြောင်းလဲခြင်းမရှိပါက အလွန်အန္တရာယ်များပေသည်။ ထိုသို့သော အရာများကို အမြဲ စွဲကိုင်ခြင်းသည် ဆုံးရှုံးသွားစေရန် သင့်အတွက် အလွန်လွယ်ကူစေလိမ့်မည်၊ မှောက်မှားပြီး ကျရှုံးရန် သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်သည့်အပြင် သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့ကိုယ်စား အမြဲ ငြင်းခုံသည့်အခါ ထိုအရာမှာ ပုန်ကန်မှုဖြစ်သည်။ ၎င်းတို့တွင် အသိစိတ်မရှိဟု ဆိုလိုသည်။ ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ ကျယ်ကျယ် မပြောလျှင်ပင်၊ ထိုအရာကို မိမိတို့စိတ်နှလုံးတွင် မျိုသိပ်ထားလျှင်ပင် ပြဿနာရင်းမြစ်သည် ပြေလည်သွားခြင်း မရှိသေးပေ။ ထို့ကြောင့် မည်သည့်အချိန်များတွင် သင်သည် ဘုရားသခင်နှင့် သဘောကွဲလွဲလာဖို့ရာ မတတ်စွမ်းနိုင်သနည်း။ သင်သည် မိမိ၏ အခြေအနေကို ပြောင်းလဲပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သင့်ပြဿနာများ၏ ရင်းမြစ်များကို ဖြေရှင်းရမည်။ သင်ကိုင်စွဲသည့် ရှုထောင့်အမြင်တွင် မည်သည့်နေရာ၌ အမှား အတိအကျရှိသည်ကို သင် ရှင်းလင်းနေရမည်။ ဤအရာကို သင် စုံစမ်းစစ်ဆေးပြီး ဖြေရှင်းရန် သမ္မာတရား ရှာဖွေရမည်။ ထိုအခါမှသာ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်နိုင်ပေသည်။ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်သည့်အခါ ဘုရားသခင်အကြောင်း အထင်လွဲမှုများ ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင့်အထဲတွင် အယူအဆများ ရှိရန်မဆိုထားနှင့်၊ သူနှင့် မည်သည့် သဘောကွဲလွဲမှုမျှ သင် ရှိလိမ့်မည် မဟုတ်ပေ။ ဤအချိန်တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သင်၏ ပုန်ကန်မှုသည် ပြေလည်သွားလိမ့်မည်။ ထိုအရာ ပြေလည်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင် သိသည့်အခါ ဤအချိန်တွင် သင်၏ လုပ်ရပ်များသည် ဘုရားသခင်နှင့် သဟဇာတဖြစ်လိမ့်မည်လော။ ဤကိစ္စရပ်တွင် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ပါက သင် လုပ်ဆောင်သမျှအားလုံးသည် သူ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် လုပ်ရပ်များနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများသည် သမ္မာတရားနှင့် ကိုက်ညီသည် မဟုတ်လော။ ဤကိစ္စရပ်တွင် သင် ခိုင်ခိုင်မာမာ ရပ်တည်သည့်အခါ သင်သည် မှန်ကန်သည့် အခြေအနေတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်သည့်အခါ သင့်ထံမှ ထုတ်ဖော်သည့်အရာနှင့် သင် အသက်ရှင်နေထိုင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်တော့ချေ။ သင်သည် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်သည်။ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူပြီး သင်သည် အမှန်တကယ် ကျိုးနွံနာခံတတ်လေသည်။ ယခုအခါတွင် သင်တို့အများစု၏ အတွေ့အကြုံသည် ဤအဆင့်သို့ မရောက်ရှိသေးသောကြောင့် ဘုရားနှုတ်ကပတ်တော်များကို အလွန်ကောင်းစွာ သင်နားလည်ခြင်းမရှိ ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုဘုရားနှုတ်ကပတ်တော်များအပေါ် သင်၏ သိနားလည်မှု မရှင်းလင်းခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာများကို သဘောတရားအရ သင် လက်ခံနိုင်ပြီး သင် နားလည်သည့်အရာ ထင်ရသော်လည်း နားမလည်သည့်အလားလည်း ထင်ရပေသည်။ သင် နားလည်သည့် အပိုင်းမှာ အယူဝါဒဖြစ်ပြီး နားမလည်သည့်အပိုင်းမှာ အခြေအနေများနှင့် စစ်မှန်မှုတို့နှင့် ပတ်သက်သော အပိုင်း ဖြစ်သည်။ သင်၏ အတွေ့အကြုံ နက်သည်ထက်နက်လာသည်နှင့်အမျှ ဤစကားများကို သင် နားလည်လာလိမ့်မည်ဖြစ်ပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလိမ့်မည်။ ယခုအခါတွင် သင့်အတွေ့အကြုံ၏ နက်ရှိုင်းမှုကို ပဓာနမထားဘဲ သင့်ထံဖြစ်ပျက်သည့် အမျိုးမျိုးသော အရာများတွင် သင်ရှိသည့် အခက်အခဲများသည် ဧကန်မုချ အနည်းအကျဉ်းသာ မဟုတ်ပေ။ ထို့ကြောင့် ဤအခက်အခဲများကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ ပထမဦးစွာ သင် စူးစမ်းစစ်ဆေးသင့်သည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများကို သင် သုံးသပ်ရမည်။ မည်သည့် မတူကွဲပြားသော သွင်ပြင်လက္ခဏာများ ရှိသနည်း။ ဤအရာများကို မည်သူက ဖော်ပြရန် ကြိုးစားချင်မည်နည်း။ (ရှုထောင့် ငါးခုရှိပါသည်။ စိတ်ကူးများ၊ ရှုထောင့်အမြင်များ၊ အခြေအနေများ၊ စိတ်နေစိတ်ထားများနှင့် ရှုထောင့်များ ဖြစ်သည်။) အယူဝါဒကို သင် နားလည်သည်နှင့် အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ သင် မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသင့်သနည်း။ (တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ကျွန်ုပ်တို့ထံမှ ပွင့်အံထွက်သည့် သဘောထားများနှင့် စိတ်ကူးများတွင် မည်သည့်စိတ်သဘောထားနှင့်၊ မည်သည့်သဘာဝနှင့် သက်ဆိုင်သည်ဆိုသည်ကို သွားဆန်းစစ်သင့်သည်။ ဤစိတ်နေသဘောထားများ၊ စိတ်ကူးများနှင့် ရှုထောင့်အမြင်များကို သိရှိလာပြီးနောက် ထိုအရာများကို ဤနေရာမှ စတင်ဖြေရှင်းသင့်ပါသည်။) ဤသည်မှာ မှန်ပေ၏။ သင်၏ ကိုယ်ပိုင် အခြေအနေများ၊ သဘောထားများ၊ စိတ်ကူးများနှင့် ရှုထောင့်အမြင်များကို သင် လုံးလုံးလျားလျား သိပါက ဤပြဿနာသည် ထက်ဝက် ဖြေရှင်းပြီးသားဖြစ်ပြီး ထို့နောက်တွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် အခက်အခဲ မရှိတော့ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။