မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃) အပိုင်း သုံး
ယခု သင်တို့၏ အသက်ဝင်ရောက်မှုသည် မည်သည့် အဆင့်တွင် ရှိသနည်း။ သင်သည် သင်၏အမြင်များ မှားယွင်းသည်ကို သိရှိလာနှင့်ပြီးသော်လည်း သင်သည် အသက်ရှင်ဖို့ သင်၏ အမြင်များအပေါ် မှီခိုနေဆဲဖြစ်ပြီး ဘုရားသခင်၏ အမှုအား တိုင်းတာရန် သင်သည် ထိုအမြင်များကို အသုံးပြုပေသည်။ သင်သည် သင့်အတွက် သူထားရှိသည့် အခြေအနေများအပေါ် အကဲဖြတ်ချက်ချဖို့အတွက် သင်၏ စိတ်ကူးများနှင့် အမြင်များကို အသုံးပြုကာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်၏ စိတ်ကူးများနှင့် အမြင်များအားဖြင့် ဆက်ဆံ၏။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဤသည်မှာ အဓိပ္ပာယ်မမဲ့သလော။ လူတို့သည် အယူဝါဒအနည်းအကျဉ်းမျှကိုသာ နားလည်လင့်ကစား ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တန်ဖိုးဖြတ်လိုစိတ် ရှိကြသည်။ ဤသည်မှာ အလွန့်အလွန် မာနထောင်လွှားသည် မဟုတ်လော။ ယခုတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကောင်းမွန်ပြီး မှန်ကန်သည်ကို အသိအမှတ် ပြုရုံမျှပြုပြီး သင်၏ အပြင်ပန်း အပြုအမူအရဆိုလျှင် သင်သည် ဘုရားသခင်၏ အမှုကို ဝေဖန်သည့် အရာများကို လုပ်ဆောင်ဖို့ မဆိုထားနှင့် သမ္မာတရားနှင့် သိသိသာသာ ဆန့်ကျင်သည့် အရာများကို မလုပ်ဆောင်ပေ။ သင်သည် ဘုရားအိမ်တော်၏ အမှု အစီအစဉ်များကိုလည်း ကျိုးနွံနာခံနိုင်၏။ ဤသည်မှာ ဘာသာတရားမရှိသူတစ်ဦးမှ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ရှိသည့် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအဖြစ်သို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။ သင်သည် စာတန်၏ အတွေးအခေါ်များအားဖြင့်၊ စာတန်၏ အယူအဆများ၊ နိယာမများနှင့် အသိပညာအားဖြင့် ပြတ်သားစွာ အသက်ရှင်သော တစ်စုံတစ်ဦးမှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ယင်းတို့သည် သမ္မာတရားဖြစ်သည်ကို ခံစားမိသည့်၊ ယင်းတို့ကို လက်ခံသည့်အပြင် သမ္မာတရားကိုလိုက်စားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် လက်ခံယုံကြည်နိုင်သည့် သူတစ်ဦးအဖြစ်သို့ ကူးပြောင်းသွားသည်။ ယင်းသည် ထိုဖြစ်စဉ်မျိုးဖြစ်သည်၊ ယင်းထက် မည်သည့်အရာမျှ မပိုပေ။ ဤကာလအတောအတွင်းတွင် သင်၏ အပြုအမူနှင့် အမှုအရာများ လုပ်ဆောင်ခြင်း နည်းလမ်းတို့သည် အပြောင်းအလဲအချို့ကို သေချာပေါက် ကြုံရလိမ့်မည်ဖြစ်သည်။ သင်သည် မည်မျှ ပြောင်းလဲသည်ဖြစ်စေ၊ သင့်အထဲတွင် သိသာထင်ရှားသည့်အရာသည် ဘုရားသခင်အဖို့ သင်၏ အပြုအမူနှင့် နည်းစနစ်များ၊ သင်၏စိတ်အတွင်းရှိ လုပ်ဆောင်လိုစိတ်များနှင့် စိတ်ပိုင်းဖြတ်ချက်များ၌ ပြောင်းလဲမှုများထက် မပိုပေ။ ယင်းသည် သင်၏ စိတ်ကူးများနှင့် အမြင်များ၌ ပြောင်းလဲမှုများထက် မပိုပေ။ ယခုတွင် သင်သည် သင်၏ခွန်အားကို လှုံ့ဆော်ပြီး တွန်းအားရှိသောအခါ သင်၏အသက်ကို ဘုရားသခင်ထံ ဆက်ကပ်ကောင်း ဆက်ကပ်နိုင်သော်လည်း အထူး မနှစ်မြို့ဖွယ်ဖြစ်သည်ဟု သင်တွေ့ရှိသည့် ကိစ္စတစ်ခုတွင် ဘုရားသခင်ထံ အကြွင်းမဲ့ ကျိုးနွံနာခံမှု မရှိနိုင်ပေ။ ဤသည်မှာ အပြုအမူထဲက ပြောင်းလဲမှုတစ်ခုနှင့် စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုတို့ကြား ကွာခြားမှု ဖြစ်သည်။ “ဘုရားသခင်အတွက် ကျွန်ုပ်၏ အသက်သွေးကို စွန့်ဖို့ ကျွန်ုပ်အဆင်သင့်ဖြစ်ပြီး လိုလားပါသည်။ ဤဘဝတွင် ကျွန်ုပ်သည် နောင်တများ မရှိသကဲ့သို့ ညည်းညူမှုများ မရှိပါ။ အိမ်ထောင်၊ လောကီ မျှော်လင့်ချက်များ၊ ထင်ပေါ်ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုများအားလုံးကို ကျွန်ုပ် စွန့်ပြီးဖြစ်ကာ ဘုရားသခင် ခင်းကျင်းပြီးဖြစ်သည့် ဤအခြေအနေများကို ကျွန်ုပ် လက်ခံပါသည်။ လောက၏ လှောင်ပြောင်သရော်မှုနှင့် အသရေဖျက်မှုအားလုံးကို ကျွန်ုပ် ခံနိုင်ပါသည်” ဟုပြောရင်း သင်၏ ကြင်နာတတ်သော စိတ်နှလုံးသည် သင်၏ အသက်နှင့် အရာရာတိုင်းကို ဘုရားသခင်အတွက် စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်စေမည် ဖြစ်သည်။ သို့သော် ဘုရားသခင်သည်သင်၏ အယူအဆများနှင့် မကိုက်သည့် အခြေအနေတစ်ခုကို ချခင်းလိုက်သည့် အခိုက်တွင် သင်သည် ထ၍ သူ့အား ပွက်ပွက်ညံအောင် ကန့်ကွက်ကာ သူ့ကို ခုခံနိုင်သည်။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြားက ကွာခြားချက် ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏ အသက်ကို စွန့်လွှတ်ပြီး သင် အချစ်ဆုံးဖြစ်သည့် လူများ သို့မဟုတ် သင်၏ စိတ်နှလုံးက ခွဲခွာဖို့ မခံရပ်နိုင်ဆုံးသော သင်အချစ်ဆုံးဖြစ်သည့်အရာကို စွန့်လွှတ်ဖို့လည်း ဖြစ်နိုင်၏၊ သို့သော် ဘုရားသခင်အား စိတ်နှလုံးထဲမှ စကားပြောဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ သင့်ကို တောင်းဆိုသည့်အခါတွင် သင်သည် ယင်းကို အတော်ခက်ခဲသည်ဟု သိရပြီး မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။ ထို့နောက်တစ်ဖန်၊ သင်သည် ဤဘဝတွင် ကိုယ်ကာယ သက်သောင့်သက်သာရှိမှုကို မက်မောတောင့်တခြင်း မရှိသကဲ့သို့ အစားကောင်းများ စားခြင်းဖြစ်စေ၊ အဝတ်အစားကောင်းများ ဝတ်ဆင်ခြင်းဖြစ်စေ နေ့စဉ် မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်စေခြင်းနှင့် ခြေကုန်လက်ပန်းကျခြင်းအထိ သင်၏တာဝန်၌ အလုပ်လုပ်ခြင်းတို့အား မက်မောတောင့်တခြင်း ရှိကောင်းရှိမည် မဟုတ်ပေ။ သင်သည် ဇာတိပကတိက သင့်အပေါ် ဖြစ်စေသည့် နာကျင်မှုမျိုးစုံကို ခံနိုင်သော်လည်း ဘုရားသခင်၏ အစီအစဉ်များက သင်၏ အယူအဆများနှင့် မကိုက်ညီပါက သင်သည် နားမလည်နိုင်ဘဲ ဘုရားသခင်အပေါ် မကျေနပ်ချက်နှင့် သူနှင့်ပတ်သက်သည့် အထင်လွဲမှားမှုများ သင့်အထဲတွင် ထွက်ပေါ်လာသည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ ပို၍ပို၍ ပုံမှန်မဟုတ်တော့ပေ။ သင်သည် အမြဲတမ်း အတိုက်အခံလုပ်ကာ ပုန်ကန်တတ်ပြီး ဘုရားသခင်အား လုံးလုံးလျားလျား ကျိုးနွံနာခံခြင်း မရှိနိုင်ပေ။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏အသက်ကို စွန့်ဖို့ စိတ်ဆန္ဒရှိနေသည်ဆိုလျှင် သူ့ကို ရိုးသားသော စကားတစ်ခွန်း အဘယ့်ကြောင့် မပြောနိုင်သနည်း။ သင်သည် သင်ကိုယ်တိုင်မှအပ အရာရာကို ဘေးဖယ်ထားဖို့ စိတ်ဆန္ဒရှိ၏၊ သို့ဆိုလျှင် သင့်ကို ဘုရားသခင် ပေးထားသည့် တာဝန်ပေးစေခိုင်းချက်ကို အဘယ်ကြောင့် ပြောပလောက်အောင် သင် သစ္စာမစောင့်သိနိုင်ရသနည်း။ သင်သည် သင်၏ အသက်ကို ဘုရားသခင်အတွက် စွန့်ဖို့ စိတ်ဆန္ဒရှိ၏၊ သို့ဆိုလျှင် သင်သည် အမှုအရာများကို ပြုလုပ်ဖို့အတွက် သင်၏ခံစားချက်များအပေါ် မှီခိုပြီး အခြားသူများနှင့် သင်၏ ဆက်ဆံရေးများကို ထိန်းသိမ်းသည့်အခါ၊ အဘယ့်ကြောင့် မိမိကိုယ်ကိုမိမိ မဆင်ခြင်နိုင်သနည်း။ အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိန်းသိမ်းရန် အဘယ့်ကြောင့် မရပ်တည်နိုင်ရသနည်း။ ဤသည်မှာ ဘုရားသခင်ရှေ့မှောက်၌ အသက်ရှိသောသူတစ်ဦး ဟုတ်သလော။ သင်သည် ဘုရားသခင်အတွက် သင့်အသက်တာတစ်ခုလုံး မိမိကိုယ်ကို အသုံးခံရန်နှင့် မည်သည့် ဆင်းရဲဒုက္ခမဆို ရောက်လာသည်ဖြစ်စေ လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်တွင် သစ္စာပြုနှင့်ပြီးဖြစ်၏၊ သို့ဆိုလျှင် သင်၏တာဝန်မှ ထုတ်ပယ်ခြင်း ဖြစ်ရပ်တစ်ခုက အဘယ်ကြောင့် သင့်အား ရက်ပေါင်းများစွာ နာလန်ပြန်မထူနိုင်သည့်အထိ အပျက်သဘောဆောင်ခြင်းထဲသို့ လွန်စွာ ကျဆင်းစေသနည်း။ သင်၏ စိတ်နှလုံးသည် အဘယ့်ကြောင့် အတိုက်အခံလုပ်ခြင်း၊ မကျေနပ်ခြင်း၊ အထင်လွဲမှားခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့ဖြင့် ပြည့်နှက်နေသနည်း။ အဘယ်အရာ ဖြစ်နေသနည်း။ ဤအရာက သင်၏နှလုံးသားသည် အဆင့်အတန်းကို အချစ်ဆုံးဖြစ်ကြောင်းနှင့် ဤအရာသည် သင်၏ သေနိုင်လောက်သော အားနည်းချက်နှင့် ဆက်စပ်နေကြောင်း ပြသသည်။ ထို့ကြောင့် သင့်ကို ထုတ်ပယ်သောအခါ သင်သည် လဲကျပြီး ပြန်မထနိုင်တော့ချေ။ သင်၏ အမူအကျင့် ပြောင်းလဲသွားသော်လည်း သင်၏ အသက်စိတ်သဘောထားက မပြောင်းလဲသေးကြောင်း သက်သေပြရန်အတွက် ဤအရာလုံလောက်၏။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။
လူအများစုက ယခုတွင် အမူအကျင့်ကောင်း အနည်းငယ်ကို ထုတ်ဖော်ပြသော်လည်း သမ္မာတရားကို ရှာဖွေနေသူ သို့မဟုတ် ယင်းကို လက်ခံသူ အလွန်နည်းပြီး မည်သူမျှ စစ်မှန်သော ကျိုးနွံနာခံမှု မရှိသလောက် ဖြစ်၏။ ဤရှုထောင့်အမြင်မှကြည့်လျှင် လူများစွာတို့သည် အမူအကျင့်ပိုင်း ပြောင်းလဲမှုများနှင့် ၎င်းတို့၏ အတွေးအမြင်များ၌ ပြောင်းလဲမှုများကိုသာ တွေ့ကြုံနေကြခြင်း ဖြစ်သည်။ ၎င်းတို့၌ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံရန်နှင့် ကျိုးနွံနာခံရန် စိတ်ဆန္ဒနှင့် ပြင်းပြသော စိတ်ပိုင်းဖြတ်ချက်ရှိကာ ၎င်းတို့၏ စိတ်နှလုံးထဲ၌ မကျေနပ်မှု မရှိကြပေ။ ဤလူတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို တွေ့ကြုံပြီးပြီလော၊ ငါ့ကိုပြောလော့။ (မတွေ့ကြုံရသေးပါ။) ဝမ်းနည်းဖွယ်ကောင်းသည်မှာ၊ သင်တို့ ယခင်က ဝေမျှထားပြီးသည့် အတွေ့အကြုံကို အခြေခံသော သက်သေခံချက်များ၌ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မပါဝင်ချေ။ ယင်းတို့အားလုံး ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီကြပေ။ သင်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို မတွေ့ကြုံရသေးသရွေ့ သင်၏ စိတ်သဘောထားသည် စတင်၍ မပြောင်းလဲသေးချေ။ အကယ်၍ သင်၏ စိတ်သဘောထား စတင်၍ မပြောင်းလဲသေးလျှင် သင် သိရှိထားသော ပြောင်းလဲမှုများမှာ အမူအကျင့်နှင့်သာ ဆိုင်သည်။ ထိုကဲ့သို့ အမူအကျင့်နှင့်ဆိုင်သော ပြောင်းလဲမှုများမှာ သင်ကိုယ်တိုင်၏ ပူးပေါင်းဆောင်ရွက်ခြင်းဟု မှတ်ယူနိုင်သည်။ ယင်းတို့သည် တစ်စိတ်တစ်ဒေသအားဖြင့် သင်၏ ကောင်းမွန်သော လူ့သဘာဝကြောင့် ဖြစ်သည့်အပြင် ဘုရားအလုပ်၏ အကျိုးသက်ရောက်မှုများ ဖြစ်၏။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရာ၌ ဤအထိလောက်သာ ပြုလုပ်မည်ဟု သင် တကယ်ထင်သလော။ (မထင်ပါ။) သို့ဆိုလျှင် ဘုရားသခင် နောက်ထပ် မည်သည့်အရာ ပြုလုပ်မည်နည်း။ လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင် ပါဝင်လုပ်ဆောင်သည့် အဓိကအလုပ်မှာ အဘယ်နည်း။ (တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု ဖြစ်ပါသည်။) လူတို့ကို ကယ်တင်ရန် ဘုရားသခင်အသုံးပြုသည့် အဓိကနည်းလမ်းမှာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု ဖြစ်ပေ၏။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ၊ မည်သူမျှ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံနိုင်စွမ်း မရှိသေးသလောက် ဖြစ်၏။ ထို့ကြောင့် လူတို့ကို ကယ်တင်ခြင်း၊ စုံလင်အောင် ပြုလုပ်ပေးခြင်းနှင့် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲပေးခြင်းဟူသည့် ဘုရားသခင်၏ အလုပ်မှာ တရားဝင် အစမပြုသေးချေ။ ယင်းသည် အဘယ့်ကြောင့် တရားဝင် အစမပြုသေးသနည်း။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဤအလုပ်ကို လူတို့အပေါ် လုပ်ဆောင်၍ မရနိုင်သေးပေ။ ယင်းကို အဘယ့်ကြောင့် လုပ်ဆောင်၍ မရနိုင်သနည်း။ အဘယ့်ကြောင့်ဆိုသော် လူတို့၏ လက်ရှိ အခြေအနေ၊ ဝိညာဉ်ရင့်သန်မှုနှင့် ၎င်းတို့ လောလောဆယ် စွမ်းဆောင်နိုင်သည့် အရာတို့ကို ထောက်ဆလျှင် ၎င်းတို့သည် ဘုရားသခင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို လုံးဝ မပြည့်မီသေး၍ ဘုရားသခင်က သူ၏အလုပ်ကို ဆက်မလုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် သူ၏အလုပ်ကို ရပ်တန့်တော့မည်ဟု ဆိုလိုသလော။ မဆိုလိုပါ၊ ဘုရားသခင်က စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ စောင့်ဆိုင်းနေစဉ် သူသည် မည်သည့်အရာကိုလည်း လုပ်ဆောင်နေသနည်း။ သူသည် အသင်းတော်ကို သန့်စင်စေကာ အသင်းတော်ကို နှောင့်ယှက်သူများနှင့် အဖျက်အမှောင့်လုပ်သူများ၊ အန္တိခရစ်များ၊ ဆိုးယုတ်သော ဝိညာဉ်များ၊ ဆိုးယုတ်သောလူများ၊ မယုံကြည်သူများ၊ သူ့အား အမှန်တကယ် မယုံကြည်သောသူများနှင့် အလုပ်လုပ်ပေးခြင်းပင် မပြုနိုင်သောသူများအား ဖယ်ရှားနေသည်။ ဤသည်ကို လယ်မြေရှင်းလင်းခြင်းဟု ခေါ်သည်။ ယင်းကို စပါးလှေ့ခြင်းဟုလည်း ခေါ်သည်။ လယ်မြေရှင်းလင်းခြင်းသည် ဤကာလအတွင်း ဘုရားသခင်၏ အဓိကအလုပ် ဟုတ်သလော။ မဟုတ်ပါ၊ ဤကာလအတွင်း၌ ဘုရားသခင်သည် သင့်အား နှုတ်ကပတ်တော်များဖြင့် စေ့ဆော်ခြင်း၊ ရေလောင်းပေးခြင်း၊ ကျွေးမွေးပြုစုခြင်း၊ ပြုပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းဟူသည့် နည်းလမ်းများအားဖြင့် သင်တို့အပေါ် ဆက်လက်၍ အလုပ်လုပ်မည် ဖြစ်သည်။ မည်သည့်အတိုင်းအတာအထိ ဖြစ်သနည်း။ လူတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံဖို့အတွက် အခြေခံ သတ်မှတ်ချက်များကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုဟူသည့် အလုပ်ကို စတင်မည်ဖြစ်သည်။ ယခုတွင် သင်တို့၏ ထင်မြင်ချက်များနှင့် အကဲဖြတ်ချက်များအပေါ် မူတည်၍ ဘုရားသခင်အနေဖြင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုဟူသည့် အလုပ်ကို မစတင်မီ လူတို့သည် မည်သည့်သတ်မှတ်ချက်များကို ပြည့်မီရမည်နည်း၊ ငါ့ကိုပြောလော့။ ဘုရားသခင်သည် သူ့အချိန်နှင့်သူ အရာရာကို လုပ်ဆောင်ကြောင်း သင် မြင်နိုင်သည်။ သူသည် ကြုံရာကျပန်း အလုပ် မလုပ်ချေ။ သူ၏ စီမံခန့်ခွဲခြင်း အလုပ်သည် သူ ပြုလုပ်ထားသည့် အစီအစဉ်နောက်လိုက်ပြီး အရာရာကို ကြုံရာကျပန်း မဟုတ်ဘဲ တစ်ဆင့်ချင်းပုံစံဖြင့် သူလုပ်ဆောင်သည်။ ထိုအဆင့်များသည် အဘယ်နည်း။ လူတို့အပေါ် ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ အဆင့်အသီးသီးသည် ထိရောက်ရမည်ဖြစ်ပြီး ထိရောက်သည်ကို သူမြင်သည့်အခါ အမှု၏ နောက်တစ်ဆင့်ကို သူလုပ်ဆောင်သည်။ သူ၏ အမှုတော် မည်သို့ ထိရောက်မည်၊ မည်သည့်အရာကို သူပြောဆိုပြီး လုပ်ဆောင်ရမည်ဆိုသည်ကို ဘုရားသခင်က သိသည်။ သူသည် သူ၏ အမှုတော်ကို ကြုံရာကျပန်းမဟုတ်ဘဲ လူတို့ လိုအပ်သည့်အရာအတိုင်း လုပ်ဆောင်သည်။ လူတို့အပေါ် ထိရောက်မှုရှိမည့် မည်သည့်အမှုကိုမဆို ဘုရားသခင် လုပ်ဆောင်ပြီး ထိရောက်မှုအရ အရေးမကြီးသော မည်သည့်အရာကိုမဆို ဘုရားသခင် ဧကန်မုချ မလုပ်ဆောင်ပေ။ ဥပမာအားဖြင့် ဘုရားသခင် ရွေးချယ်ထားသည့် လူများက မိမိတို့၏ ချင့်ချိန်နိုင်စွမ်း ဖြစ်ပေါ်နိုင်မည့် အပျက်သဘောဆောင်သော လက်တွေ့သင်ခန်းစာ လိုအပ်သည့်အခါ အယောင်ဆောင် ခရစ်တော်များ၊ အန္တိခရစ်များ၊ ဝိညာဉ်ဆိုးများ၊ ဆိုးယုတ်သော လူများ၊ အဖျက်အမှောင့် လုပ်သောသူများနှင့် နှောင့်ယှက်သူများသည် အသင်းတော်တွင် ပေါ်ထွက်ကြလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ အခြားသူများသည် မိမိတို့၏ ချင့်ချိန်နိုင်စွမ်း ဖြစ်ပေါ်နိုင်ကြပေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို နားလည်ပြီး ထိုသို့သော လူများကို ပိုင်းခြားသိမြင်နိုင်ပါက ထိုလူများသည် မိမိတို့၏ အစေခံမှုကို ပေးကြပြီး ဖြစ်ကာ ၎င်းတို့၏ တည်ရှိခြင်းတွင် တန်ဖိုး မရှိတော့ချေ။ ထိုအချိန်တွင် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားဖို့ ထကြွကြလိမ့်မည်ဖြစ်ပြီး အသင်းတော်က ၎င်းတို့ကို ချက်ချင်း ဖယ်ရှားလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်မှန်သမျှသည် သူ့အဆင့်များနှင့်သူရှိပြီး လူက မိမိအသက်တာနှင့် ဝိညာဉ်ရင့်ကျက်မှုတွင် လိုအပ်သော အရာအရ ဘုရားသခင်က ထိုအဆင့်များကို စီစဉ်ထားပေသည်။ လူတို့သည် အမှန်တကယ် မည်သည့်အရာကို လိုအပ်သနည်း။ ထို့ပြင် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့သည် အဘယ့်ကြောင့် အသင်းတော်ထဲ၌ ပေါ်လာကြသနည်း။ လူတို့သည် ယေဘုယျအားဖြင့် ဤကိစ္စများနှင့် ပတ်သက်၍ ရောထွေးကြပြီး ယင်းတို့နှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားမလည်ကြပေ။ လူအချို့သည် ဘုရားသခင်၏ အလုပ်ကို နားမလည်ဘဲ အယူအဆများကို လက်သင့်ခံထားပြီး “အန္တိခရစ်များသည် ဘုရားသခင်၏ အသင်းတော်ထဲ၌ အဘယ်သို့ ပေါ်လာနိုင်သနည်း။ ဘုရားသခင်သည် ဤအရာကို အဘယ့်ကြောင့် အာရုံမစိုက်သနည်း” ဟု ဆိုလျက် မကျေမနပ်ပင် ပြောကြသည်။ ဤဖြစ်ရပ်များကို လူတို့အနေဖြင့် သင်ခန်းစာများသင်ယူဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရှုပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာသောအခါမှသာ ၎င်းတို့၌ ရုတ်ခြည်း သဘောပေါက်နားလည်ခြင်း ရှိလာကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ကြသည်။ ကနဦးတွင် လူတို့သည် ဆိုးယုတ်သော လူတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကြသည်။ အသင်းတော်သည် ထိုသို့သောသူတို့ကို နှင်ထုတ်သောအခါ လူတို့သည် အယူအဆများကို လက်သင့်ခံကြသည်။ ၎င်းတို့က နှင်ထုတ်ခံခဲ့ရသော သူတို့သည် ပူဇော်ဆက်ကပ်မှုများစွာ ပြုခဲ့ကြပြီး အခက်အခဲကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိခဲ့ကြသည်ဟု တွေးကာ ထိုသူတို့သည် နှင်ထုတ်မခံရသင့်ဟု စဉ်းစားကြသည်။ ထို့နောက် ၎င်းတို့သည် ဘုရားသခင် ပြုထားသောအရာကို အတိုက်အခံလုပ်တတ်လာကြသည်။ သို့သော် တွေ့ကြုံမှုကာလ တစ်ခုအပြီးတွင် လူတို့သည် သမ္မာတရားနားလည်ခြင်းကို ရရှိပြီး ဆိုးယုတ်သောလူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာကြသည်။ ယခုတွင် ဆိုးယုတ်သောလူတစ်ဦး နှင်ထုတ်ခံရသောအခါ ၎င်းတို့က အယူအဆများကို နောက်ထပ် လက်သင့်မခံကြတော့ သို့မဟုတ် အတိုက်အခံမလုပ်ကြတော့ချေ။ ဆိုးယုတ်သောသူတစ်ဦးက ဆိုးယုတ်သောလုပ်ရပ်များကို ကျူးလွန်ကြောင်း ထပ်မံတွေ့မြင်သောအခါ ထိုသူတို့ကို ခွဲခြားနိုင်ကြသည့်အပြင် ထိုသူကို တိုင်ကြားရန်နှင့် ကြီးမားတဲ့ မကောင်းမှုတစ်ခုခု မပြုလုပ်ရသေးခင် ထိုသူကို ရှင်းလင်းပစ်ရန်အတွက် လူတိုင်း ပူးပေါင်းဆောင်ရွက်ကြသည်။ ထိုအခါ ဆိုးယုတ်သော ဤလူတို့သည် ဘုရားသခင်၏အိမ်တော်ထဲ၌ နောက်ထပ် ခြေကုပ်ယူစရာ မရှိတော့ချေ။ ဤအရာကို မည်ကဲ့သို့ စွမ်းဆောင်ရရှိသနည်း။ ဤပိုင်းခြားသိမြင်နိုင်စွမ်းသည် လူတို့အထဲ၌ မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းကို ဘုရားသခင် ပြုလုပ်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ အလုပ်မပါဘဲ လူတို့သည် ဤအရာများကို နားမလည်နိုင်ကြပေ။ ဘုရားသခင်၏ အလုပ်က အစီအစဉ်နောက်ကို လိုက်နေပြီး ဤအစီအစဉ်၏ အဆင့်များကို လူ့အသက်တာ၏ လိုအပ်သည့် အရာအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ သို့သော် လူတို့ကိုယ်တိုင်က ၎င်းတို့ အမှန်တကယ် လိုအပ်သည့်အရာနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ကာ နားဝေတိမ်တောင် ဖြစ်ကြ၏။ ထို့အတွက်ကြောင့် လူတို့အနေဖြင့် သင်ယူရမည့် များပြားလှသော သင်ခန်းစာများကို စီမံပေးကာ သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး သူသတ်မှတ်ထားသည့် ရလဒ်များကို စွမ်းဆောင်ရရှိဖို့အတွက် ၎င်းတို့အား ထောက်ကူပေးရင်း ဘုရားသခင်သည် သူ၏အလုပ်ကိုသာ ဆက်၍ လုပ်နိုင်သည်။ လူတို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဘုရားသခင်သည် သူ၏အလုပ်ကို မမောမပန်းနိုင်အောင် ဆက်လုပ်နေသည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်၏။ ယင်းမှာ ဘုရားသခင်က လူတစ်ဦးကို ပြုပြင်ပေးသည့် ပုံစံအတိုင်းပင်ဖြစ်၏။ အကယ်၍ သူသည် အမှားပြုလုပ်မိလျှင် ဘုရားသခင်က သူ့ကို ပြုပြင်ပေးသည်။ အကယ်၍ ထိုအမှားကို ထပ်လုပ်မိပြန်လျှင် သူသည် သူ့ကို ထပ်၍ ပြုပြင်ပေးမည်။ အကယ်၍ ၎င်းတို့သည် ထပ်၍ ထုတ်ဖော်ခံရလျှင် ဘုရားသခင်က သူ့ကို နောက်တစ်ကြိမ် ပြုပြင်မည်ဖြစ်သည်။ ထိုသူသည် နားလည်ခြင်း အမှန်တကယ် ရရှိကာ နောက်ထပ် မထုံထိုင်းတော့သည့်အပြင် တူညီသော အခြေအနေများကို ကြုံတွေ့ရစဉ် ဓာတ်အားဝင်နေသော ဝါယာကြိုးကို ထိကိုင်မိသကဲ့သို့ တုံ့ပြန်လွယ်လာပြီး နောက်ထပ်အမှားများ မကျူးလွန်တော့သည့်တိုင်အောင် ဘုရားသခင်သည် စိတ်ရှည်လက်ရှည်ဖြင့် အလုပ်လုပ်သည်။ ထိုအခါ ယင်းမှာ လုံလောက်ပြီဖြစ်ပြီး ဘုရားသခင်သည် သူ၏အလုပ်ကို ရပ်တန့်တော့မည် ဖြစ်သည်။ ဤအကြောင်းအရာများကို နောက်ထပ်ကြုံတွေ့ရစဉ် သင်သည် ယင်းတို့ကို အမှီအခိုမပါဘဲ စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်နိုင်သောအခါ ဘုရားသခင်အနေဖြင့် နောက်ထပ်စိုးရိမ်စရာ မလိုတော့ပေ။ ဤအရာက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ သမ္မာတရားကို နားလည်ပြီဖြစ်ကြောင်း၊ ယင်းတို့ကို သင်၏စိတ်နှလုံးထဲ၌ လက်ခံရရှိထားပြီ ဖြစ်ကြောင်းနှင့် ယင်းတို့သည် သင်၏အသက် ဖြစ်လာပြီဖြစ်ကြောင်း သက်သေပြသည်။ ထိုအဆင့်တွင် ဘုရားသခင်သည် သူ၏အလုပ်ကို ရပ်တန့်မည်ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင့်အလုပ်၏ အဆင့်များဖြစ်ကာ ယင်းတို့ကို သင် တွေ့ကြုံပြီးသည့်နောက် ဘုရားသခင်၏ အနှစ်သာရနှင့် ဉာဏ်ပညာကို မြင်တွေ့ရမည်ဖြစ်သည်။ ဤသည်ကို ငြင်းပယ်၍ မရသည့်အပြင် ၁၀၀ ရာခိုင်နှုန်းသေချာပြီ ဖြစ်သည်။
ဘုရားအလုပ်၏ အဆင့်များသည် လူတို့၏ စိတ်သဘောထား ပြောင်းလဲမှုနှင့် ဆက်စပ်ကြောင်း ယခုလေးတင် ဖော်ပြခဲ့သည်။ ဘုရားသခင်၏အလုပ်သည် လူတို့အား အမူအကျင့်ပြောင်းလဲမှု အနည်းငယ်ကို ကြုံရဖို့၊ စည်းကမ်းအချို့ကို နားလည်ပြီး လူသားပုံသဏ္ဌာန် အနည်းငယ်ရှိဖို့ အခွင့်ပေးခြင်း၊ ထို့နောက် ယင်းကို ကြီးမားသော အောင်မြင်မှုဟု ကြေညာခြင်းနှင့် မဆိုင်ပေ။ အကယ်၍ ယင်းသည် မှန်ကန်ပါက အလုပ်ကို ကျေးဇူးတော်ခေတ်တွင် အဆုံးသတ်ခဲ့နှင့်ပြီး ဖြစ်မည်။ ဘုရားသခင်က မည်သည့်အရာကို အလိုရှိသနည်း။ (လူတို့၏ စိတ်သဘောထား ပြောင်းလဲမှုကို အလိုရှိခြင်းဖြစ်သည်။) မှန်ပေ၏၊ စိတ်သဘောထား ပြောင်းလဲမှုသည် အမှန်တကယ် ကယ်တင်ခံရသော လူတို့ ပိုင်ဆိုင်ထားသင့်သည့်အရာ ဖြစ်၏။ ဘုရားသခင် အလိုရှိသည့်အရာမှာ လူတို့၏ အမူအကျင့် ပြောင်းလဲမှုသက်သက် မဟုတ်ဘဲ ပို၍အရေးကြီးသည်မှာ ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှုဖြစ်သည်။ ဤသည်မှာ ကယ်တင်ခံရခြင်းအတွက် စံချိန်စံညွှန်း ဖြစ်၏။ အမှုအရာများကို စွန့်လွှတ်နိုင်ခြင်းနှင့် ဘုရားသခင်အဖို့ မိမိ၏ အသက်ပေးခြင်းကဲ့သို့သော အမူအကျင့် ပြောင်းလဲမှုအချို့ကိုလည်း ယခုလေးတင် ဖော်ပြခဲ့သည်။ ဤသည်တို့မှာ သိသာထင်ရှားသော အမူအကျင့်ပြောင်းလဲမှုများပင်။ သို့သော် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များအပေါ် သစ္စာစောင့်သိခြင်း မရှိပါက၊ လူတစ်ဦးသည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်နိုင်သေးပါက၊ ထို့ပြင် လှည့်စားမှုရှိနေသေးပါက ဤသည်မှာ စိတ်သဘောထားပိုင်း ပြောင်းလဲမှုမရှိသေးသည်ကို ဆိုလိုသည်။ ယခုတွင် လူတို့သည် အမူအကျင့်ပိုင်း၌သာ ချီးကျူးထိုက်သည်။ ၎င်းတို့သည် သန့်ရှင်းသူတစ်ဦး၏ ကိုယ်နှုတ်အမူအရာနှင့် ပို၍လိုက်ဖက်ပုံပေါက်သည်၊ ပိုများသော လူ့သဘာဝဖြင့် ပြုမူကြသည့်အပြင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှု အနည်းငယ်ရှိကြသည်။ သို့ရာတွင် တစ်စုံတစ်ယောက်သည် အမူအကျင့်ကောင်းကို မည်မျှ လက်တွေ့ပြသည်ဖြစ်စေ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် မဆက်စပ်သည့်အပြင် သူ၏အသိတရား၊ ဆင်ခြင်တုံတရားနှင့် ပုံမှန်လူ့သဘာဝအတိုင်း အသက်မရှင်ပါက ယင်းသည် စိတ်သဘောထားပိုင်း ပြောင်းလဲမှုနှင့် ဘာမျှမဆိုင်သည့်အပြင် ဘုရားသခင် အလိုရှိသည့်အရာ မဟုတ်ပေ။ ယင်းကို ဤနည်းအတိုင်းကြည့်လျှင် သင်တို့၏ လက်ရှိအမူအကျင့်အရ စည်းမျဉ်းများကို အဘယ်မျှ လိုက်နာသည်ဖြစ်စေ၊ အဘယ်သို့ လိုက်လျောသည်ဖြစ်စေ၊ သင်တို့၏အသက်ကို အဘယ်သို့ ပေးကောင်း ပေးမည်ဖြစ်စေ၊ သို့မဟုတ် သင်တို့၏ ရည်မှန်းချက်များက အဘယ်မျှကြီးမားသည်ဖြစ်စေ ဘုရားသခင်အား ကျေနပ်အားရအောင် လုပ်နိုင်ပြီးပြီလော။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီပြီလော။ (မပြည့်မီသေးပါ။) ယင်းမှာ ဘုရားသခင်၏ သတ်မှတ်ချက်များက မြင့်မားလွန်းသောကြောင့် ဖြစ်သလော။ လူအချို့က “လူတို့သည် ယခုအခါတွင် အလွန်လိုက်လျောသည်ဖြစ်၍ ဘုရားသခင်၏ သတ်မှတ်ချက်များကို အဘယ်အတွက်ကြောင့် မပြည့်မီရသေးသနည်း” ဟု တွေးကြသည်။ သင်တို့ မည်သို့ထင်သနည်း။ ဤလိုက်လျောမှုမှာ ကျိုးနွံနာခံမှု ဟုတ်သလော။ (မဟုတ်ပါ။) မှန်ပေ၏။ ဤလိုက်လျောမှုသည် လောလောဆယ်တွင် ဆင်ခြင်တုံတရား အနည်းငယ်ရှိခြင်းသာ ဖြစ်ကာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ရလဒ်ချည်းသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် အကျိုးတရားလုံးလုံး ဖြစ်၏။ ဘုရားသခင်သည် နှုတ်ကပတ်တော် မြောက်မြားစွာကို ဒုက္ခသုက္ခခံ၍ ပြောဆိုခဲ့ပြီးနောက်မှသာလျှင် လူတို့၏ အသိတရား နိုးကြားလာသည်၊ လူတို့၏ အသိတရားရှိကြောင်း သတိပြုမိခြင်းမှာ လှုံ့ဆော်ခံရသည့်အပြင် ၎င်းတို့သည် လူသားပုံသဏ္ဌာန် အနည်းငယ်အတိုင်း အသက်ရှင်နေထိုင်ခြင်း၊ အမှုအရာများ ပြုလုပ်ရာ၌ စည်းမျဉ်းအချို့ရှိခြင်း၊ ၎င်းတို့ပြုလေသမျှကို စုံစမ်းမေးမြန်းရန် သိခြင်းနှင့် စည်းမျဉ်းများနှင့်ဆန့်ကျင်၍ လုပ်ဆောင်သောအခါ အပြစ်တင်ခြင်း အနည်းငယ်ကို ခံစားခြင်းတို့ကို အစပြုခဲ့သည်။ အတိုချုပ်အားဖြင့် အမူအကျင့်ပိုင်း အပြောင်းအလဲများသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံရရှိဖို့အတွက် သတ်မှတ်ချက်များ မပြည့်မီပေ။ ဘုရားသခင်သည် လူတို့၏ အမူအကျင့်ပြောင်းလဲမှုကို အလိုမရှိပေ။ သို့ဆိုလျှင် ဘုရားသခင် မည်သည့်အရာကို အလိုရှိသနည်း။ သူသည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှုကို အလိုရှိသည်။ သို့ဆိုလျှင် စိတ်သဘောထား ပြောင်းလဲမှု၏ သရုပ်သကန်များမှာ မည်သည့်အရာပင် ဖြစ်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအတွက် သတ်မှတ်ချက် ပြည့်မီဖို့ရန် လက္ခဏာသွင်ပြင်အမျိုးမျိုး၌ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲရမည်နည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ပြည့်မီအောင် အထူးသဖြင့် ထမ်းဆောင်နိုင်ခြင်းနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်ခြင်း၊ အရာရာ၌ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါ ဘုရားသခင်နောက် လိုက်နိုင်ခြင်းအပြင် အခြေခံအားဖြင့် ဘုရားသခင်ပြောသမျှကို လက်ခံနိုင်ခြင်းနှင့် ကျိုးနွံနာခံနိုင်ခြင်းဟူသည့် လက္ခဏာသွင်ပြင်အားလုံး၌ ဤသူ၏ ထမ်းဆောင်မှုကို ဘုရားသခင် မြင်တွေ့နိုင်သည့်အတိုင်းအတာအထိ ပြောင်းလဲရမည်။ ၎င်းတို့ကို အခြားသူများက မကြီးကြပ်သောအချိန်နှင့် စုံစမ်းသွေးဆောင်မှုများကို ရင်ဆိုင်ရသောအခါတွင်ပင် မကောင်းမှု စိုးစဉ်းမျှမကျူးလွန်ဘဲ မကောင်းသောအရာများ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်နိုင်ကြသည်။ ဘုရားသခင်၏အမြင်တွင် ထိုကဲ့သို့သော လူတို့သည် စံချိန်စံညွှန်းနှင့် ကိုက်ညီ၏။ ၎င်းတို့အား ကယ်တင်ခြင်းနှင့် စုံလင်အောင် ပြုပေးခြင်းဟူသော ဘုရားအလုပ်၏ နောက်ထပ်အဆင့်ဖြစ်သည့် သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တရားဝင် ရရှိဖို့အတွက် သတ်မှတ်ချက် ပြည့်မီကြသည်။ ဤတွင် မည်သည့်အချက်ပေးခြင်းမျိုး၊ မည်သည့်စံချိန်စံညွှန်းမျိုး ရှိသည်ကို သင်တို့သိသလော။ (ကျွန်ုပ် စဉ်းစားမိသည်မှာ ဘုရားသခင်၏ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းအားဖြင့် လူတစ်ဦးသည် သူ၏ အသိတရားနှင့် ဆင်ခြင်တုံတရား တဖြည်းဖြည်း ပြန်လည်ကောင်းမွန်ပြီး သူ၏အမူအကျင့်ပိုင်း ပြောင်းလဲမှုအချို့နှင့်အတူ နောက်ဆုံးတွင် သူ၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်သည်။ ထိုအခါ ဘုရားသခင်သည် ထိုသူ့အပေါ် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းဟူသည့် အလုပ်ကို စတင်ကောင်း စတင်မည်ဖြစ်သည်။) ဤပြောဆိုချက်ကို သင်တို့အားလုံး သဘောတူသလော။ (တူပါသည်။) ကောင်းပေ၏၊ သို့သော် ဤသည်မှာ သတ်မှတ်ချက်တစ်ခုသာ ဖြစ်၏။ ဘုရားသခင်သည် လူတစ်ယောက်အပေါ် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းဟူသည့် အလုပ်ကို စတင်မဆောင်ရွက်မီ ဤသူကို အကဲဖြတ်မည်။ ကိုယ်တော်သည် သူ့အား မည်ကဲ့သို့ အကဲဖြတ်သနည်း။ ဘုရားသခင်၌ စံချိန်စံညွှန်းအချို့ ရှိသည်။ ပထမဦးစွာ ကိုယ်တော်သည် သူ၏ တာဝန်ပေးစေခိုင်းချက်များအပေါ် ထိုသူ၌ မည်သည့် သဘောထားရှိကြောင်း သုံးသပ်သည်။ ဆိုလိုသည်မှာ သူထမ်းဆောင်သင့်သည့် တာဝန်များအပေါ် မည်သည့် သဘောထားရှိသည်၊ သူသည် သူ၏တာဝန်များကို စိတ်ပါလက်ပါ၊ သူတတ်စွမ်းနိုင်သမျှ၊ သစ္စာစောင့်သိစွာဖြင့် ထမ်းဆောင်နိုင်ခြင်းရှိမရှိကို ဆိုလိုသည်။ အတိုချုပ်အားဖြင့် ကိုယ်တော်သည် လူတို့အနေဖြင့် ပြည့်မီသော တာဝန်ထမ်းဆောင်မှုအတွက် စံချိန်စံညွှန်းကို ပြည့်မီနိုင်ခြင်း ရှိမရှိကို သုံးသပ်ခြင်းဖြစ်သည်။ ဤသည်မှာ ပထမအချက် ဖြစ်၏။ ဤအရာသည် ဘုရားသခင်အား ယုံကြည်ခြင်းအသက်တာနှင့် လူတို့ပါဝင်ဆောင်ရွက်သည့် နေ့စဉ်အလုပ်တို့နှင့် တိုက်ရိုက်ဆက်စပ်သည်။ ဘုရားသခင်က ဤလက္ခဏာသွင်ပြင်ကို သတ်မှတ်ချက်တစ်ခု၊ အကဲဖြတ်ခြင်းအတွက် စံချိန်စံညွှန်းတစ်ခုအဖြစ် အဘယ့်ကြောင့် ချမှတ်သနည်း။ ထိုအရာ၏နောက်ကွယ်မှ အကြောင်းရင်းမှာ အဘယ်နည်း၊ သင်တို့သိကြသလော။ ဘုရားသခင်သည် လူတစ်ယောက်ကို လုပ်ငန်းတာဝန်တစ်ခု ပေးအပ်သောအခါ ထိုသူ၏ သဘောထားမှာ အရေးပါလှသည်။ ယင်းမှာ သူ့အား ကိုယ်တော် အကဲဖြတ်သည့်ပုံ ဖြစ်၏။ ဤလုပ်ငန်းတာဝန်ကို သူ့အား ဘုရားသခင် ပေးအပ်ခြင်းဖြစ်သည်။ အသိတရားရှိသည့် လူတစ်ဦးသည် အသိတရား မရှိသည့် လူတစ်ဦးနှင့်ယှဉ်လျှင် ထိုလုပ်ငန်းတာဝန်ကို မည်ကဲ့သို့ သဘောထားပြုမူမည်နည်း။ ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် ဆင်ခြင်တုံတရားမရှိသော လူနှင့်ယှဉ်လျှင် ထိုလုပ်ငန်းတာဝန်ကို မည်ကဲ့သို့ သဘောထားပြုမူမည်နည်း။ ဤအရာများကြားတွင် ခြားနားချက်ရှိ၏။ အသိတရားနှင့် ဆင်ခြင်တုံတရားသည် လူတစ်ဦး၏ လူ့သဘာဝ၌ ပိုင်ဆိုင်ထားသင့်သည့် လက္ခဏာများဖြစ်သည်။ ဤအရာမှလွဲ၍ အသိတရားရှိမှန်း သတိပြုမိခြင်းအနည်းငယ် သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်မျှရှိခြင်းသည် မလုံလောက်ပေ။ အကယ်၍ လူတို့သည် မိမိတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရား ပြန်လည်ရရှိလာသောအခါ လူသားပုံသဏ္ဌာန် ရှိသလော။ ထို့အကြောင်းကြောင့် ၎င်းတို့သည် သမ္မာတရားလက်တွေ့ကျမှုကို ရရှိပြီလော။ မဟုတ်ချေ။ ယင်းက မလုံလောက်သေးပေ။ ဘုရားသခင်သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်ကာလအတွင်း လူတို့လျှောက်သည့် လမ်းကြောင်းကိုလည်း စောင့်ကြည့်သည်။ လူတို့လျှောက်သည့် မည်သည့်လမ်းကြောင်းမျိုးသည် ဘုရားသခင်သတ်မှတ်သည့် စံချိန်စံညွှန်းကို ပြည့်မီနိုင်မည်နည်း။ ပထမအနေဖြင့် မကောင်းမှု မကျူးလွန်သည့်အပြင် တာဝန်ထမ်းဆောင်စဉ် ကျိုးနွံနာခံမှုရှိခြင်းသည် အနိမ့်ဆုံး စံချိန်စံညွှန်းဖြစ်၏။ အကယ်၍ လူတစ်ဦးသည် မကောင်းမှုကို ကျူးလွန်နိုင်စွမ်းရှိပါက ဤသူသည် လုံးဝ သွားပြီဖြစ်သည်။ ထိုသူသည် ဘုရားသခင်ကယ်တင်လိုသည့် လူစားမျိုးမဟုတ်ပေ။ ထို့အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သဘောထားပြုမူရာတွင် ယင်းတို့ကို အသိတရားနှင့် ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ခြင်းအပြင် သမ္မာတရားကို ရှာဖွေဖို့နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ဖို့ ပို၍ကြီးမားသော လိုအပ်ချက်ရှိလေသည်။ မည်သည့်အခြေအနေများဖြစ်စေ သင့်အား ထိပ်တိုက်တွေ့နေသည့် အကြောင်းအရာသည် သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ သင်သည် ကျိုးနွံနာခံခြင်း သဘောထားကို ထိန်းသိမ်းသင့်သည်။ ဤအဆင့်တွင် ဘုရားသခင် လိုလားသည်မှာ သင်၏ ကျိုးနွံနာခံတတ်သော သဘောထားပင်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးက သမ္မာတရားဖြစ်ပြီး မှန်ကန်သည်ဟု အသိအမှတ်ပြုရုံသက်သက် ဆိုပါက ယင်းမှာ ကျိုးနွံနာခံခြင်းသဘောထား ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ကျိုးနွံနာခံခြင်း သဘောထား၏ လက်တွေ့ကျသော ဘက်သည် အဘယ်နည်း။ ယင်းမှာ ဤသို့ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံစေရမည်။ သင်၏ အသက်ဝင်ရောက်မှုသည် ပေါ့တန်ပြီး သင်၏ ဝိညာဉ်ရင့်ကျက်မှုက မလုံလောက်သည့်အပြင် သမ္မာတရား၏ လက်တွေ့ကျသောအပိုင်းနှင့်ပတ်သက်၍ သင်၏ သိမြင်မှုသည် လုံလောက်အောင် မနက်ရှိုင်းသော်လည်း သင်သည် ဘုရားသခင်နောက် လိုက်နေနိုင်ဆဲဖြစ်ပြီး သူ့ကို ကျိုးနွံနာခံနိုင်ဆဲဖြစ်သည်။ ယင်းမှာ ကျိုးနွံနာခံခြင်း သဘောထား ဖြစ်၏။ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို သင် စွမ်းဆောင်မရရှိနိုင်မီ သင်သည် ကျိုးနွံနာခံခြင်း သဘောထားတစ်ခုကို ပထမဦးဆုံး ခံယူရမည်၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရမည်၊ ယင်းတို့က မှန်ကန်သည်ဟု ယုံကြည်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ပြီးလျှင် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများအဖြစ် သဘောထားရမည်၊ ထို့ပြင် စည်းမျဉ်းများကို ကောင်းစွာ သဘောပေါက်ခြင်း မရှိသည့်အချိန်တွင်ပင် ယင်းတို့ကို စည်းမျဉ်းစည်းကမ်းများအဖြစ် ထိန်းသိမ်းနိုင်ရမည် ဖြစ်သည်။ ယင်းမှာ ကျိုးနွံနာခံခြင်း သဘောထားတစ်မျိုးဖြစ်သည်။ သင်၏ စိတ်သဘောထားက ယခု မပြောင်းလဲသေးသောကြောင့် သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုကို စွမ်းဆောင်ရရှိလိုပါက ပထမဦးစွာ ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထား ရှိရမည်ဖြစ်ပြီး “ဘုရားသခင် မည်သည့်အရာပြုသည်ဖြစ်စေ ကျွန်ုပ်ကျိုးနွံနာခံမည်။ ကျွန်ုပ်သည် သမ္မာတရားများစွာ နားမလည်သော်လည်း ဘုရားသခင်က ကျွန်ုပ်အား ဘာလုပ်ရမည်ဟု ပြောသောအခါ ကျွန်ုပ်လုပ်မည်ကို ကျွန်ုပ်သိသည်” ဟု ဆိုလျက် ကျိုးနွံနာခံဖို့ ဆန္ဒပြင်းပြရမည်။ ဘုရားသခင်က ဤသည်ကို ကျိုးနွံနာခံခြင်း သဘောထားအဖြစ် ရှုမြင်၏။ လူအချို့က “ဘုရားသခင်အား ကျိုးနွံနာခံသည်မှာ ကျွန်ုပ်မှားခဲ့လျှင်ကော” ဟု ပြောကြသည်။ ဘုရားသခင်သည် အမှားပြုနိုင်စွမ်း ရှိသလော။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် အမှားမပြုလုပ်ပေ။ လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် ဘုရားသခင်ပြုလုပ်သော အရာများစွာပင် ရှိသည်။ “ဘုရားသခင်ပြုလုပ်သည့် အရာသည် ကျွန်ုပ်၏ကိုယ်ပိုင် အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ကျွန်ုပ်သည် ဘုရားသခင်အား နားထောင်ခြင်း၊ ကျိုးနွံနာခံခြင်း၊ လက်သင့်ခံခြင်းနှင့် လိုက်လျှောက်ခြင်းကိုသာ အာရုံစိုက်မည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်ပြုလုပ်သင့်သည့်အရာ ဖြစ်၏” ဟု သင် ပြောသင့်သည်။ သင့်အား ကျိုးကြောင်းမဆင်ခြင်ဘဲ ကျိုးနွံနာခံသည်ဟု ဝေဖန်သောလူတို့ ရှိလျှင်ပင် သင် ဂရုမစိုက်သင့်ပေ။ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းနှင့် သင် ကျိုးနွံနာခံသင့်ကြောင်း သင်၏စိတ်နှလုံးက သေချာသည်။ ဤသည်မှာ မှန်ကန်ပြီး လူတစ်ဦး ကျိုးနွံနာခံသင့်သည့် စိတ်နေစိတ်ထားမျိုး ဖြစ်သည်။ ထိုကဲ့သို့သော စိတ်နေစိတ်ထားကို ပိုင်ဆိုင်သည့် လူတို့ကသာလျှင် သမ္မာတရားကို ရယူနိုင်သည်။ အကယ်၍ သင်၌ ဤကဲ့သို့သော စိတ်နေစိတ်ထား မရှိဘဲ “ကျွန်ုပ်သည် မိမိအား အခြားသူများက ဒေါသထွက်အောင်လုပ်သည်ကို သည်းမခံပေ။ ကျွန်ုပ်ကို မည်သူကမျှ အရူးလုပ်မည်မဟုတ်။ ကျွန်ုပ်သည် လိမ္မာပါးနပ်လွန်းသည်ဖြစ်၍ မည်သည့်အရာကိုမျှ ကျိုးနွံနာခံအောင် လုပ်၍မရနိုင်။ မည်သည့်အရာ ဖြစ်ပေါ်လာသည်ဖြစ်စေ ယင်းကို စုံစမ်းစစ်ဆေးပြီး ပိုင်းခြားစိတ်ဖြာရပေမည်။ ယင်းက ကျွန်ုပ်၏အမြင်များနှင့် ကိုက်ညီသောအခါမှသာ ကျွန်ုပ် လက်သင့်ခံနိုင်ပြီး ကျိုးနွံနာခံမည် ဖြစ်သည်” ဟု ဆိုသည်။ ထိုအရာသည် ကျိုးနွံနာခံခြင်း သဘောထား ဟုတ်သလော။ ယင်းမှာ ကျိုးနွံနာခံခြင်းသဘောထား မဟုတ်ပေ။ ယင်းက မိမိ၏စိတ်နှလုံးထဲ၌ ကျိုးနွံနာခံဖို့ ရည်ရွယ်ချက်မရှိဘဲ ကျိုးနွံနာခံသော စိတ်နေစိတ်ထားကင်းမဲ့ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် “ဘုရားသခင်ပင်ဖြစ်လင့်ကစား ကျွန်ုပ်သည် စုံစမ်းစစ်ဆေးရဦးမည်။ ဘုရင်များနှင့် ဘုရင်မများကိုပင်လျှင် ကျွန်ုပ်သည် ထိုနည်းအတိုင်း ပြုမူဆက်ဆံသည်။ ကျွန်ုပ်အား ကိုယ်တော်ပြောနေသော အရာမှာ အချည်းနှီးဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်မှာ မှန်ကန်သော်လည်း ကျွန်ုပ်သည် ငတုံးငအမဟုတ်။ ထို့ကြောင့် ငတုံးငအကဲ့သို့ ကျွန်ုပ်ကို မဆက်ဆံနှင့်” ဟု ဆိုပါက သင့်အတွက် နိဂုံးချုပ်ပြီ။ သင်၌ သမ္မာတရားကို လက်ခံဖို့ အခြေအနေကင်းမဲ့သည်။ ထိုကဲ့သို့သော လူတို့သည် ဆင်ခြင်တုံတရား တစ်ခုတလေမျှ မရှိချေ။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်မထားသဖြင့် လူ့တိရစ္ဆာန်တစ်ကောင် မဟုတ်လော။ ဆင်ခြင်တုံတရား မရှိလျှင် လူတစ်ဦးသည် ကျိုးနွံနာခံခြင်းကို မည်ကဲ့သို့ စွမ်းဆောင်ရရှိနိုင်မည်နည်း။ ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိဖို့အတွက် လူတစ်ဦးသည် ကျိုးနွံနာခံတတ်သော စိတ်နေစိတ်ထားကို ဦးစွာ ပိုင်ဆိုင်ထားရမည်။ ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထားရှိမှသာလျှင် လူတစ်ဦးသည် ပြောပြစရာ ဆင်ခြင်တုံတရားတစ်ခုခု ရှိနိုင်သည်။ အကယ်၍ ထိုသူ၌ ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထား မရှိပါက မည်သည့် ဆင်ခြင်တုံတရားမျှ မရှိပေ။ လူတို့သည် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြ၏။ ၎င်းတို့သည် ဖန်ဆင်းရှင်ကို မည်ကဲ့သို့ ရှင်းလင်းစွာ သိမြင်နိုင်မည်နည်း။ လူသားမျိုးနွယ်တစ်ခုလုံးသည် နှစ်ပေါင်း ၆၀၀၀ မျှ ဘုရားသခင်၏ အကြံအစည်တစ်ခုကို အဓိပ္ပာယ်မဖော်နိုင်ဖူးချေ။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင် ပြုလုပ်နေသည့်အရာကို အဘယ်သို့ ချက်ချင်း နားလည်နိုင်မည်နည်း။ သင် နားမလည်နိုင်ပေ။ နှစ်ထောင်ချီ၍ ဘုရားသခင် ပြုလုပ်လာနေသည့်၊ လူသားမျိုးနွယ်အား ဘုရားသခင် ထုတ်ဖော်နှင့်ပြီးသည့် အရာများစွာရှိသော်လည်း သူ့အနေဖြင့် ယင်းကို လူတို့အား နားရှင်းအောင် မပြောခဲ့လျှင် ၎င်းတို့ နားလည်ဦးမည် မဟုတ်ပေ။ သင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက်အဓိပ္ပာယ်ဖြင့် နားလည်ကောင်း နားလည်နိုင်ဖွယ် ရှိသော်လည်း အနှစ်နှစ်ဆယ်ကြာပြီးနောက်တွင် အနည်းငယ်မျှသာ အမှန်တကယ် နားလည်မည်ဖြစ်သည်။ ဤသည်မှာ လူတို့နှင့် ဘုရားသခင်တောင်းဆိုသည့်အရာ ကြားထဲ၌ရှိသော ကွာဟချက် ကြီးမားသည့်ပုံ ဖြစ်သည်။ ဤအကြောင်းအရ လူတို့သည် ဆင်ခြင်တုံတရားနှင့် ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသင့်သည်။ လူတို့သည် ပုရွက်ဆိတ်များနှင့် လောက်ကောင်များသာ ဖြစ်ကြလင့်ကစား ဖန်ဆင်းရှင်ကို ရှင်းလင်းစွာ သိမြင်ဖို့ ဆန္ဒရှိကြသည်။ ဤသည်မှာ မလျော်ကန်ဆုံး အရာတစ်ခု ဖြစ်၏။ လူအချို့က ဘုရားသခင်သည် သူ၏နက်နဲရာများကို ၎င်းတို့အား မပြောပြသည့်အပြင် သမ္မာတရားကို တိုက်ရိုက် မရှင်းပြဘဲ လူတို့အား အမြဲတစေ ရှာဖွေစေသည်ဟု အစဉ်သဖြင့် ညည်းညူကြသည်။ သို့သော် ဤအရာများအား ပြောခြင်းသည် မမှန်သည့်အပြင် ကျိုးကြောင်းလည်း မဆီလျော်ပေ။ သင့်အား ဘုရားသခင်ပြောပြထားသည့် ဤနှုတ်ကပတ်တော်များ အားလုံးအနက် မည်မျှကို သင် နားလည်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်မည်မျှကို သင်သည် လက်တွေ့ကျင့်သုံးကြည့်နိုင်သနည်း။ ဘုရားသခင်၏အလုပ်သည် အဆင့်များဖြင့် အမြဲတမ်း ဖြစ်ပေါ်သည်။ အကယ်၍ ဘုရားသခင်သည် နောက်ဆုံးသောကာလ သူ၏အမှုအကြောင်းကို လူတို့အား အနှစ် ၂၀၀၀ က ပြောပြနှင့်ပြီးဖြစ်ခဲ့လျှင် ၎င်းတို့ နားလည်ခဲ့ပြီးဖြစ်မည်လော။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန် ဖြစ်လာခဲ့သည့်အပြင် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ အကယ်၍ ကိုယ်တော်သည် ထိုအချိန်က လူတို့ကို ပြောပြခဲ့မည်ဆိုလျှင် မည်သူနားလည်မည်နည်း။ ယခုတွင် သင်တို့ကဲ့သို့သော လူတို့သည် အယူအဆသဘောတရားအချို့ကို နားလည်သော်လည်း ဘုရားသခင်၏ တကယ့် စိတ်နေသဘောထား၊ လူသားမျိုးနွယ်အား ချစ်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ထိုအချိန်က ဘုရားသခင်ပြုခဲ့သည့် အမှုအရာများ၏ မူလဇာစ်မြစ်နှင့် အမှုအရာများ၏ နောက်ကွယ်မှ အစီအစဉ်တို့ကဲ့သို့သော သမ္မာတရားများကို လူတို့သည် မည်သည့်အခါမျှ နားလည်နိုင်စွမ်း လုံးဝ ရှိမည်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရား၏ နက်နဲမှုဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရဖြစ်၏။ ယင်းကို လူတို့ အဘယ်သို့ ရှင်းလင်းစွာ သိမြင်နိုင်မည်နည်း။ သင့်အနေဖြင့် ဖန်ဆင်းရှင်အား ရှင်းလင်းစွာ သိမြင်ဖို့ဆန္ဒရှိခြင်းက လုံးလုံးလျားလျား ကျိုးကြောင်းဆီလျော်ခြင်း မရှိပေ။ သင်သည် လွန်စွာ မာနထောင်လွှားပြီး သင်၏ အစွမ်းအစများကို အထင်ကြီးသည်။ လူတို့သည် ဘုရားသခင်ကို ရှင်းလင်းစွာ သိမြင်လိုသည့်ဆန္ဒ မရှိသင့်ပေ။ ၎င်းတို့အနေဖြင့် သမ္မာတရားတချို့တလေကို နားလည်နိုင်လျှင် တော်သင့်ပြီးဖြစ်၏။ သင့်အနေဖြင့် သမ္မာတရားအနည်းငယ်ကို နားလည်ခြင်းသည် လုံလောက်သော ပြီးမြောက်အောင်မြင်ခြင်း ဖြစ်နေပြီဖြစ်သည်။ ထို့အတွက်ကြောင့် ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထားရှိခြင်းသည် ဆင်ခြင်တုံတရားရှိခြင်း ဖြစ်သလော။ ဤသည်မှာ ဆင်ခြင်တုံတရားပြည့်သော လုပ်ဆောင်မှုတစ်ခု သေချာပေါက်ဖြစ်၏။ ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထားနှင့် သဘောထားသည် ဖန်ဆင်းခံတိုင်း ပိုင်ဆိုင်ထားသင့်သည့် အနိမ့်ဆုံးသောအရာပင် ဖြစ်၏။
လူတစ်ဦး၏ ပြည့်မီပြီး သစ္စာစောင့်သိသော တာဝန်ထမ်းဆောင်မှုကို စွမ်းဆောင်ရရှိခြင်းနှင့် ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထားကို ပိုင်ဆိုင်ခြင်းဟူသည်မှာ အချိန်မည်မျှ ကြာသနည်း။ ယင်းသည် သတ်မှတ်ထားသော နှစ်ကာလအရေအတွက် လိုအပ်သလော။ ယင်း၌ သတ်မှတ်ကာလဟူ၍ မရှိဘဲ လူတစ်ဦး၏ လိုက်စားမှု၊ သူ၏ ပြင်းပြသော ဆန္ဒနှင့် သမ္မာတရားအပေါ် သူ၏တောင့်တမှုအတိုင်းအတာအပေါ် မူတည်၏။ ယင်းသည် သူ၏ရှိရင်းစွဲ အသိတရား၊ ဆင်ခြင်တုံတရား၊ အစွမ်းအစနှင့် ထိုးထွင်းအမြင်အပေါ်လည်း မူတည်၏။ ကျိုးနွံနာခံခြင်း သဘောထားကို ရရှိသည့်နောက် ချက်ချင်းပင် လူတစ်ဦး၏ အပြောအဆို၊ အပြုအမူများနှင့် အမူအကျင့်တို့တွင် နောက်ထပ် ပြောင်းလဲမှုများ ရှိလာမည်ဖြစ်သည်။ ဤပြောင်းလဲမှုများမှာ အဘယ်နည်း။ ဘုရားသခင်၏အမြင်၌ ယခုတွင် သင်သည် အခြေခံအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်နေပေပြီ။ အခြေခံအားဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏အပြောအဆိုနှင့် အမူအကျင့်တွင် တမင်တကာ လိမ်ပြောခြင်းဟူသည့် အစိတ်အပိုင်းက လျော့ပါးသွားသည်ကို ဆိုလိုသည်။ သင်ပြောသည့်အရာ၏ ရှစ်ဆယ်ရာခိုင်နှုန်းသည် ဖြောင့်မတ်မှန်ကန်၏။ တစ်ခါတစ်ရံတွင် သိမ်ဖျင်းမှု၊ အခြေအနေများ၊ သို့မဟုတ် အခြားအကြောင်းရင်းတစ်ခုခုကြောင့် သင်သည် အမှုမဲ့အမှတ်မဲ့ လိမ်ပြောပြီးလျှင် ယင်းက ယင်ကောင်အသေကို မျိုချမိသကဲ့သို့ ကသိကအောက် ဖြစ်ရသည်။ ရက်အတန်ကြာ ဘဝင်မကျ ဖြစ်ရသည်။ သင်၏အမှားကို ဝန်ခံပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် နောင်တရလျက် ထို့နောက်တွင် ပြောင်းလဲမှုများ ရှိလာ၏။ သင်၏ အလိမ်အညာများက နည်းသည်ထက်နည်းလာပြီး သင်၏အခြေအနေမှာ တိုးတက်လာသည်။ ဘုရားသခင်၏အမြင်တွင် သင်သည် အခြေခံအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်နေပေပြီ။ လူအချို့က “အကယ်၍ တစ်စုံတစ်ယောက်သည် အခြေခံအားဖြင့် ရိုးသားလျှင် သူ၏ စိတ်သဘောထား ပြောင်းလဲသွားပြီ မဟုတ်လော” ဟု ဆိုကြသည်။ ယင်းက မှန်ကန်သလော။ မမှန်ကန်ပေ။ ဤသည်မှာ အမူအကျင့်ပိုင်း ပြောင်းလဲမှုသာလျှင် ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ရိုးသားသောလူတစ်ဦး ဖြစ်နေနိုင်ခြင်း၌ အနေအထိုင်နှင့် အမူအကျင့်ပိုင်း ပြောင်းလဲမှုမျှထက် ပို၍ပါဝင်သည်။ ယင်း၌ လူတစ်ဦး၏ စိတ်နေစိတ်ထားနှင့် အရေးကိစ္စများအပေါ် အမြင်သဘောထားများ၌ ပဓာနကျသော ပြောင်းလဲမှုများလည်း ပါဝင်သည်။ ထိုသူ၌ လိမ်ပြောဖို့ သို့မဟုတ် လှည့်စားဖို့ ရည်ရွယ်ချက် မရှိတော့သည့်အပြင် သူပြောဆိုလုပ်ကိုင်သည့်အရာ၌ မုသားပြောခြင်း သို့မဟုတ် လှည့်စားမှု လုံးဝ မရှိပေ။ သူ၏ စကားများနှင့် လုပ်ရပ်များသည် ပို၍ပို၍ ရိုးသားသော စကားလုံးများနှင့်အတူ ပို၍ပို၍ ဖြောင့်မတ်မှန်ကန်လာသည်။ သာဓကအားဖြင့် သင်သည် တစ်စုံတစ်ခုကို ပြုလုပ်ပြီးခြင်းရှိမရှိ အမေးခံရသောအခါ ယင်းကို ဝန်ခံပြောခြင်းက အရိုက်ခံရခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခံရခြင်းသို့ ဆိုက်ရောက်စေမည်ဖြစ်လျှင်ပင် သင်သည် အမှန်တရားကို ပြောနေနိုင်သေးသည်။ ယင်းကို ဝန်ခံပြောခြင်းက အရေးပါသော တာဝန်ဝတ္တရား၊ သေခြင်းကို ရင်ဆိုင်ရခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ကို ခံရသည့်အထိ ဖြစ်ပေါ်စေလျှင်ပင် သင်သည် အမှန်တရားကို ပြောနိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလိုရှိလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏ ဆက်ဆံသည့် သဘောထားက အတော်ပင် ခိုင်မာလာကြောင်း ဤအရာက ပြညွှန်သည်။ မည်သည့်အချိန်၌မဆို ဘုရားသခင် သတ်မှတ်ထားသည့် လက်တွေ့လုပ်ဆောင်မှု၏ စံချိန်စံညွှန်းများ တစ်ခုခုကို ရွေးချယ်ခြင်းသည် သင့်အတွက် နည်းနည်းမျှ ပြဿနာ မဟုတ်တော့ချေ။ သင်သည် ယင်းကို အလွယ်တကူ ကြိုးပမ်းရရှိနိုင်ပြီး ပြင်ပ အခြေအနေများ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ လမ်းညွှန်မှု၊ သို့မဟုတ် သင်၏နံဘေးတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့်ဆိုင်သော အသိဟူသည့် ချုပ်ထိန်းမှုများမရှိဘဲ ယင်းကို လက်တွေ့လုပ်ဆောင်ကြည့်နိုင်သည်။ ဤအရာများကို မိမိဘာသာ အတော်ပင် သက်သောင့်သက်သာ လုပ်ဆောင်နိုင်သည်။ ပြင်ပအခြေအနေများ၏ ချုပ်ထိန်းမှုမရှိ၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအား ကြောက်ရွံ့မှုကြောင့် မဟုတ်သကဲ့သို့ သင့်အသိတရား၏ အပြစ်တင်မှုကြောင့်မဟုတ်၊ ပြီးလျှင် အခြားသူများ၏ လှောင်ပြောင်သရော်မှု သို့မဟုတ် ကြီးကြပ်မှုအား ကြောက်ရွံ့မှုကြောင့် လုံးဝမဟုတ်၊ ဤအရာများတစ်ခုကြောင့်မျှ မဟုတ်ဘဲ သင်သည် သင်၏ကိုယ်ပိုင် အမူအကျင့်ကို လိုလားတက်ကြွစွာ ဆန်းစစ်နိုင်သည်၊ ယင်း၏ မှန်ကန်မှုကို တိုင်းတာနိုင်သည့်အပြင် ယင်းသည် သမ္မာတရားနှင့် လိုက်လျောညီထွေခြင်းနှင့် ဘုရားသခင်အား ကျေနပ်စေခြင်း ရှိမရှိကို အကဲဖြတ်နိုင်သည်။ ထိုအဆင့်တွင် သင်သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းနှင့်ဆိုင်သည့် စံချိန်စံညွှန်းကို အခြေခံအားဖြင့် ပြည့်မီပြီးသား ဖြစ်လေသည်။ အခြေခံအားဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရယူဖို့အတွက် တတိယမြောက် အခြေခံသတ်မှတ်ချက်ပင် ဖြစ်သည်။
ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအား လက်ခံခြင်းအတွက် သတ်မှတ်ချက်သုံးခုအကြောင်း ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့ကြသည်။ ပထမသတ်မှတ်ချက်မှာ မိမိ၏တာဝန်ကို ပြည့်မီအောင် ထမ်းဆောင်ခြင်းဖြစ်သည်။ ဒုတိယမှာ ကျိုးနွံနာခံခြင်း သဘောထားရှိခြင်း ဖြစ်ပြီး၊ တတိယမှာ အခြေခံအားဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်း ဖြစ်သည်။ ဤတတိယသတ်မှတ်ချက်ကို မည်ကဲ့သို့ အကဲဖြတ်သနည်း။ စံသတ်မှတ်ချက်များမှာ အဘယ်နည်း။ (လူတစ်ဦးသည် ရည်ရွယ်ချက်ရှိရှိဖြင့် လိမ်ပြောသည့်အကြိမ်ရေ ပို၍ နည်းပါးလာပြီး အမှန်တရားကို ပို၍မကြာမကြာ ပြောသည်။) ယင်းမှာ များသောအားဖြင့် အမှန်တရားအား ပြောနိုင်ခြင်းကို ဆိုလိုသည်။ သင်တို့အားလုံးသည် ဤအရာကို အကဲဖြတ်နိုင်ရမည် မဟုတ်လော။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအား လက်ခံရယူခြင်းအတွက် တတိယသတ်မှတ်ချက် ဖြစ်သည်။ ဒုတိယမှာ ကျိုးနွံနာခံခြင်း သဘောထား ရှိခြင်းဖြစ်သည်။ ယင်း၌ အသေးစိတ်အချက်အလက်အချို့ ပါဝင်လျက် အဓိကအားဖြင့် ဘုရားသခင်၏ အလုပ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ပိုင်းခြားစိတ်ဖြာခြင်းမဟုတ်ဘဲ ကျိုးနွံနာခံသော စိတ်နေစိတ်ထား ရှိခြင်းသာ ဖြစ်သည်။ ထိုမျှမက ယင်းသည် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ အားထုတ်ကြိုးပမ်းခြင်း၊ သင်၏အလိမ်အညာများ လျော့နည်းသွားသည့် အဆင့်တစ်ခုသို့ ရောက်ရှိခြင်းတို့ကို ဖြစ်ပေါ်စေပြီး သင်သည် များသောအားဖြင့် သင်၏ တကယ့်ခံစားချက်များကို ဖော်ပြကာ ဖြောင့်မတ်မှန်ကန်စွာ စကားပြောနိုင်သည်။ ဤတွင် အရေးကြီးဆုံး လက္ခဏာသွင်ပြင်မှာ လူတို့၏ ကိုယ်တိုင်တက်ကြွစွာ ပါဝင်လိုစိတ်အတိုင်း ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကာ ယင်းသည် တိုးတက်မှုရှိအောင် တက်ကြွစွာလုပ်ဆောင်ခြင်းနှင့် သမ္မာတရားအား လက်လှမ်းရယူဖို့ ကြိုးပမ်းခြင်းကို ဆိုလိုသည်။ ကျိုးနွံနာခံသော စိတ်နေစိတ်ထားရှိခြင်းသည် ကိုယ်တိုင်တက်ကြွစွာ ပါဝင်လိုစိတ်အတိုင်း ဖြစ်သော ရလဒ်ဖြစ်သည်။ အခြေခံအားဖြင့် ရိုးသားခြင်းဖြစ်သည့် ရိုးသားသောလူတစ်ဦး ဖြစ်လာနိုင်ခြင်းသည်လည်း ကိုယ်တိုင်တက်ကြွစွာ ပါဝင်လိုစိတ်အတိုင်းဖြစ်သော ကိစ္စတစ်ခုဖြစ်ကာ လူတစ်ဦး၏ လုံ့လဝီရိယရှိသော လိုက်စားမှု၏ ရလဒ်ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအား လက်ခံရယူခြင်း၌ နောက်ထပ် အခြေခံသတ်မှတ်ချက်တစ်ခု ရှိ၏။ ပထမဦးစွာ သင်တို့ကို ငါ သဲလွန်စတစ်ခု ပေးမည်ဖြစ်ပြီး ငါပြောနေသည့်အရာကို သင်တို့ လိုက်စဉ်းစားနေလျှင် ယင်းကို သင်တို့ နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်သည့် အစမှအဆုံးထိ လူတို့သည် ဤဘဝတွင် အမှားများစွာကို ပြုလုပ်ပြီးပြီလော။ ဘုရားသခင်အား ဆန့်ကျင်၍ ပုန်ကန်မှုနှင့်ဆိုင်သည့် လုပ်ရပ်များစွာ ရှိပြီးပြီလော။ (များစွာ ရှိပြီးပြီဖြစ်ပါသည်။) သို့ဆိုလျှင် လူတစ်ဦးသည် အမှားပြုလုပ်သောအခါ သို့မဟုတ် ပုန်ကန်သောအခါ မည်သည့်အရာ ပြုလုပ်သင့်သနည်း။ (သူသည် နောင်တရသော စိတ်နှလုံးရှိရမည်။) နောင်တရသော စိတ်နှလုံးရှိခြင်းသည် အသိတရားနှင့် ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦး၏ လက္ခဏာတစ်ခု ဖြစ်၏။ အသိတရားနှင့် ဆင်ခြင်တုံတရားရှိခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသူတစ်ဦး ပိုင်ဆိုင်ထားသင့်သည့် အနိမ့်ဆုံး အရည်အသွေးများ ဖြစ်သည်။ အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့သောသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် အမှားပြုလုပ်ပြီးနောက် မည်သည့်အခါမျှ နောင်တမရတတ်လျှင် သူသည် မည်သည့်အရာမျိုးဖြစ်သနည်း။ မည်သည့်အခါမျှ နောင်တမရတတ်သည့် လူတစ်ဦးသည် ဘုရားသခင်ကို အဆုံးထိ လိုက်နိုင်သလော။ သူ၌ တကယ့်ပြောင်းလဲမှု ရှိနိုင်သလော။ (မရှိနိုင်ပါ။) အဘယ့်ကြောင့် မရှိနိုင်သနည်း။ (အဘယ့်ကြောင့်ဆိုသော် သူ၌ နောင်တရသော စိတ်နှလုံးမရှိခြင်း ဖြစ်သည်။) အသေအချာပင်။ ပြီးလျှင် ဤအရာက ငါတို့ကို နောက်ဆုံးသတ်မှတ်ချက်သို့ ခေါ်ဆောင်လေသည်။ လူတစ်ဦးသည် နောင်တရသော စိတ်နှလုံးရှိရမည်။ ဘုရားသခင်နောက်လိုက်နေစဉ်တွင် ၎င်းတို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုတို့ကြောင့်လည်းကောင်း၊ ၎င်းတို့၏ အမျိုးမျိုးသော ဖောက်ပြန်သောစိတ်သဘောထားများကြောင့်လည်းကောင်း လူတို့သည် မိမိတို့ကိုယ်ကို ပုန်ကန်သောသူများအဖြစ် မကြာခဏ ထုတ်ဖော်ကြပြီး တစ်ခါတစ်ရံတွင် ဘုရားသခင်ကို နားလည်မှုလွဲကြ၏၊ သို့မဟုတ် ဘုရားသခင်ကို မကျေမနပ် ပြောကြသည်။ ၎င်းတို့သည် လမ်းလွဲသွားကြပြီး အချို့မှာ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများပင် ပေါ်ပေါက်လာကြသည်၊ အပျက်သဘောပင် ဆောင်လာကြကာ ၎င်းတို့၏ အလုပ်တွင် အချိန်တစ်ခုကြာအောင် ပေါ့လျော့လာကြပြီး ၎င်းတို့၏ ယုံကြည်ခြင်းကို ဆုံးရှုံးကြသည်။ လူတို့၏ အသက်တာများ၌ အဆင့်တစ်ခုစီတိုင်းတွင် ပုန်ကန်သော အပြုအမူများ ထွက်ပေါ်တတ်၏။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ရှိပြီး တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ သူအမှုပြုနေသည်ကို သိသော်လည်း တစ်ခါတစ်ရံ ထိုအချက်ကို စဉ်းစား၍မရနိုင်ကြချေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ကျိုးနွံနာခံနိုင်ကြသော်လည်း ယင်းကို စိတ်ထဲတွင် တကယ်ကို လက်မခံနိုင်ကြချေ။ စိတ်ထဲတွင် ၎င်းတို့ လက်မခံနိုင်သည်ကို မည်သည့်အရာက ပေါ်လွင်စေသနည်း။ ဤအရာ သိသာထင်ရှားသည့် နည်းလမ်းတစ်ခုမှာ အရာရာကို သိသော်လည်း ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို တကယ်ကို ဘေးဖယ်မထားနိုင်သကဲ့သို့ ၎င်းတို့၏ အမှားများကို ဝန်ခံပြီး “ဘုရားသခင်၊ ကျွန်ုပ် မှားခဲ့ပါတယ်။ ကျွန်ုပ် ထိုသို့ နောက်ထပ် ပြုမူတော့မည် မဟုတ်ပါ။ ကျွန်ုပ်သည် ကိုယ်တော်၏ ရည်ရွယ်ချက်များကို ရှာဖွေပြီး ကျွန်ုပ်အား ကိုယ်တော် လုပ်စေချင်သည့်အတိုင်း လုပ်ဆောင်ပါမည်။ ကိုယ်တော့်ကို ကျွန်ုပ် အလေးဂရုပြုလေ့ မရှိခဲ့ပါ။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုမှာ သေးငယ်ခဲ့သည်၊ ကျွန်ုပ် မိုက်မဲပြီး မသိနားမလည်ခဲ့သည့်အပြင် မကြာခဏ ပုန်ကန်ခဲ့သည်။ ယင်းကို ယခု ကျွန်ုပ် သိပါ၏” ဟု ပြောဖို့ ဘုရားသခင်ရှေ့သို့ မလာနိုင်ကြချေ။ လူတို့သည် မိမိတို့၏အမှားများကို ဝန်ခံနိုင်လျှင် ၎င်းတို့၌ မည်သည့်သဘောထား ရှိကြသနည်း။ (၎င်းတို့ ပြောင်းလဲမှုတစ်ခု ပြုလုပ်ချင်ကြပါသည်။) လူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားရှိပြီး သမ္မာတရားကို တမ်းတသည့်တိုင် ၎င်းတို့သည် မိမိကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်ဖို့နှင့် အမှားများပြုလုပ်ပြီးနောက် ပြောင်းလဲမှုတစ်ခု ပြုလုပ်ဖို့ မည်သည့်အခါမျှ နားမလည်ဘဲ ထိုအစား အတိတ်သည် အတိတ်ဖြစ်သည်ဟု ယုံကြည်ပြီး ၎င်းတို့ မမှားယွင်းဟု သေချာစွာခံစားကြရပါက ဤအရာက မည်သည့် စိတ်သဘောထားမျိုးကို ပြသနည်း။ မည်သည့် အပြုအမူမျိုးနည်း။ ထိုသို့သော အပြုအမူ၏ အနှစ်သာရမှာ အဘယ်နည်း။ (စိတ်နှလုံးမာကျောခြင်း ဖြစ်သည်။) ထိုသို့သော လူတို့သည် စိတ်နှလုံးမာကျောကြပြီး မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ယင်းမှာ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော လူတို့ကို ဘုရားသခင် မနှစ်သက်ပေ။ နိနေဝေမြို့သားများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြချိန်တွင် ယောနက မည်သည့်အရာကို ပြောခဲ့သနည်း။ (“အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။” (ယောနဝတ္ထု ၃:၄)) ဤစကားများကို နိနေဝေမြို့သားများက မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးတော့မည်ကို ၎င်းတို့ သိမြင်သောအခါ လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ရန်၊ ဘုရားသခင်ထံ ၎င်းတို့၏ အပြစ်များကို ဝန်ချရန်နှင့် မကောင်းမှုလမ်းကြောင်းကို စွန့်ပစ်ရန် အလျင်အမြန် ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ နောင်တရခြင်းဟု ဆိုလိုသောအရာ ဖြစ်သည်။ အကယ်၍ လူသည် နောင်တရနိုင်လျှင် ယင်းသည် လူသားအား အလွန်ကြီးမားသော အခွင့်အရေးပေး၏။ ယင်းမှာ မည်သည့် အခွင့်အရေး ဖြစ်သနည်း။ ယင်းသည် ဆက်လက် အသက်ရှင်ဖို့ အခွင့်အရေး ဖြစ်သည်။ စစ်မှန်သော နောင်တမရှိဘဲနှင့် သင်၏ တာဝန်ထမ်းဆောင်မှုတွင်ဖြစ်စေ၊ ကယ်တင်ခြင်းအတွက် သင်၏ လိုက်စားမှုတွင် ဖြစ်စေ ရှေ့ဆက်သွားဖို့ ခက်ခဲပေမည်။ အဆင့်တိုင်းတွင် သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေချိန်ဖြစ်စေ၊ ရိုက်နှက်နေချိန်ဖြစ်စေ၊ သင့်ကို သူ သတိပေးပြီး တိုက်တွန်းနေချိန်တွင်ဖြစ်စေ သင်နှင့် ဘုရားသခင်ကြားတွင် သဘောကွဲလွဲမှု ဖြစ်ပေါ်ခဲ့သရွေ့ သို့တိုင်အောင် သင်သည် မပြောင်းလဲဘဲ သင်၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို ဖက်တွယ်ထားလျှင် သင်၏ ခြေလှမ်းများ ရှေ့သို့ ဦးတည်သော်လည်း သင်နှင့် ဘုရားသခင်ကြားရှိ သဘောကွဲလွဲမှု၊ သူနှင့်သက်ဆိုင်သည့် သင်၏ နားလည်မှုလွဲခြင်းများ၊ သူ့အပေါ် သင်၏ စောဒကတက်ခြင်းများနှင့် ပုန်ကန်မှုတို့သည် ပြုပြင်မခံရသကဲ့သို့ သင်၏ စိတ်နှလုံးသည်လည်း ပြန်ပြောင်းခြင်းမရှိပေ။ ထိုအခါ ဘုရားသခင်အနေဖြင့် သင့်ကို ဖယ်ရှားရှင်းလင်းလိမ့်မည် ဖြစ်သည်။ သင်သည် လက်ရှိ တာဝန်ကို မစွန့်လွှတ်သေးဘဲ သင်၏တာဝန်ကို ထိန်းသိမ်းထားဆဲဖြစ်ကာ ဘုရားသခင် တာဝန်ပေးစေခိုင်းထားသည့် အရာအတွက် အနည်းငယ် သစ္စာရှိပြီး လူများက ဤအရာကို လက်ခံနိုင်ဖွယ်အဖြစ် မြင်သော်ငြားလည်း အမှုအရာတစ်ခု ရှိသေးသည်။ သင်နှင့် ဘုရားသခင်ကြားမှ အချေအတင်ငြင်းခုံမှုသည် ရေရှည် အစိုင်အခဲတစ်ခု ဖြစ်သွားပြီးဖြစ်သည်။ သင်သည် ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးမပြုရသေးဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သက်ဆိုင်သည့် စစ်မှန်သော နားလည်မှုကို မရရှိသေးပေ။ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို သင်၏အထင်လွဲမှုသည် နက်ရှိုင်းလာကာ ဘုရားသခင်က အပြစ်ရှိပြီး သင်သည် တရားမမျှတစွာ ဆက်ဆံခံရသည်ဟု သင် အစဉ်သဖြင့် တွေးတောနေသည်။ ဤသည်မှာ သင်သည် မပြောင်းလဲရသေးဟု အဓိပ္ပာယ်ရသည်။ သင်၏ ပုန်ကန်မှု၊ သင်၏ အယူအဆများနှင့် ဘုရားသခင်အပေါ် သင်၏ အထင်လွဲခြင်းများသည် ရှိမြဲရှိနေကာ ယင်းက သင့်အား ကျိုးနွံနာခံသည့် စိတ်နေစိတ်ထားတစ်ခု မရှိအောင် ဖြစ်စေသည်၊ ဘုရားသခင်အပေါ် အစဉ် ပုန်ကန်ပြီး ဆန့်ကျင်စေသည်။ ဤလူစားမျိုးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့်၊ ခုခံသည့်၊ ပြီးလျှင် နောင်တရဖို့ ခေါင်းမာစွာ ငြင်းဆန်သည့် လူတစ်ဦး မဟုတ်သလော။ ဘုရားသခင်သည် လူတို့ ပြောင်းလဲဖို့ကို အဘယ်ကြောင့် ဤကဲ့သို့ အလေးထားသနည်း။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးသည် ဖန်ဆင်းရှင်ကို မည်သည့် သဘောထားဖြင့်ဆက်ဆံသင့်သနည်း။ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်သည် မှန်ကန်သည်ဟု အသိအမှတ်ပြုသော သဘောထားတစ်ခု ဖြစ်သည်။ ဤအရာကို သင် အသိအမှတ်မပြုပါက ဖန်ဆင်းရှင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုသည်မှာ သင့်အဖို့ အနှစ်သာရမဲ့သော စကားများသာ ဖြစ်လိမ့်မည်။ ယင်းမှာ မှန်ကန်ပါက၊ သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ သင် မရရှိနိုင်ချေ။ သင်သည် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။ ဘုရားသခင်သည် သင်ကဲ့သို့သော လူများကို မကယ်တင်ပေ။ “လူတို့ နောင်တရသော စိတ်နှလုံးရှိဖို့နှင့် ပြောင်းလဲမှုတစ်ခု ပြုလုပ်ဖို့ ၎င်းတို့ သိရှိရန် ဘုရားသခင် တောင်းဆိုသည်။ သို့သော် ကျွန်ုပ်သည် ပြောင်းလဲမှု မပြုလုပ်ရသေးသည့် အမှုအရာများစွာရှိသည်။ ယင်းကို လုပ်ဆောင်ဖို့ ကျွန်ုပ်၌ အချိန်ရှိသေးပါသလား” ဟု ပြောသောသူ အချို့ရှိ၏။ အချိန်ရှိပါသေးသည်။ ထို့အပြင် အချို့က “ကျွန်ုပ်သည် မည်သည့်အရာများတွင် ပြောင်းလဲရမည်နည်း။ အတိတ်မှ အရာများသည် ကုန်လွန်သွားပြီဖြစ်သကဲ့သို့ မေ့လျော့ခံရပေသည်”ဟု ပြောကြသည်။ သင်၏ စိတ်သဘောထား မပြောင်းလဲသရွေ့ သင်၏ လုပ်ရပ်များတွင် မည်သည့်အရာက သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ မည်သည့်အရာက ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်း မရှိသည်ကို သင် သိရှိလာခြင်းမရှိသရွေ့ သင်နှင့် ဘုရားသခင်ကြား တည်ရှိသော ထိုအထုံးသည် မဖြေရသေးပေ။ ဤပြဿနာကို မဖြေရှင်းရသေးပေ။ ဤစိတ်သဘောထားသည် သင့်အတွင်းတွင် ရှိ၏။ ဘုရားသခင်ကို ပုန်ကန်သည့် ထိုအတွေး၊ ရှုထောင့်နှင့် သဘောထားတို့သည် သင့်အတွင်းတွင် ရှိ၏။ မှန်ကန်သော အခြေအနေများ ဖြစ်ပေါ်လျှင်ဖြစ်ပေါ်ချင်း သင်၏ ဤရှုထောင့်သည် နောက်တစ်ဖန် ထွက်ပေါ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ သဘောကွဲလွဲမှုသည် ပြန်ဖြစ်လိမ့်မည်။ ထို့ကြောင့် အတိတ်ကို သင် ပြင်ကောင်းပြင်မည် မဟုတ်သော်လည်း အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကို သင် ပြုပြင်ရမည်။ ယင်းတို့ကို မည်သို့ ပြုပြင်ရမည်နည်း။ သင်သည် အပြောင်းအလဲတစ်ခု ပြုလုပ်ရမည်ဖြစ်ပြီး သင်၏ စိတ်ကူးများနှင့် ရည်ရွယ်ချက်များကို ဘေးဖယ်ထားရမည်။ ဤယတိပြတ်ဆုံးဖြတ်ချက် သင်၌ ရှိသည်နှင့်တစ်ပြိုင်နက် သင်၌ရှိသော သဘောထားမှာလည်း အလိုအလျောက် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်လိမ့်မည်။ သို့သော် သာ၍ အနည်းငယ် တိကျစွာဆိုရလျှင် ယင်းမှာ ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်အပေါ် ဆက်ဆံရာ၌ လူတို့၏ ပြန်လှည့်လာသည့် သဘောထားတစ်ခုဖြစ်၏။ ယင်းသည် ဖန်ဆင်းရှင်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသော အမှန်တရားကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုခြင်းတစ်ခု ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ပြန်လှည့်လာနိုင်ပါက မှန်ကန်သည်ဟု သင် ထင်သောအရာများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က စုပေါင်း၍ မှန်ကန်သည်ဟု ထင်သောအရာများကို သင် ဘေးဖယ်ထားနိုင်သည်ဟု ဤအရာက ပြ၏၊ ပြီးလျှင် ယင်းအစား ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး အပြုသဘောဆောင်သော အရာများဖြစ်သည်ကို သင် အသိအမှတ်ပြုနေခြင်း ဖြစ်သည်။ ဤသဘောထားမျိုး သင်၌ ရှိနိုင်ပါက ယင်းသည် ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သူ၏အနှစ်သာရတို့နှင့် သက်ဆိုင်သော သင်၏ အသိအမှတ်ပြုခြင်းအား သက်သေပြပေသည်။ ဤသည်မှာ ပြဿနာကို ဘုရားရှုမြင်ပုံဖြစ်သောကြောင့် လူသား၏ ပြောင်းလဲမှုကို အထူးသဖြင့် အရေးကြီးသည်ဟု သူ ယူဆလေသည်။
“အကယ်၍ လူတစ်ဦးသည် မည်သည့်အမှားမျှ ပြုလုပ်မထားပါက အဘယ့်ကြောင့် ပြောင်းလဲဖို့ လိုအပ်သနည်း” ဟု ပြောသောသူအချို့ ရှိသည်။ လောလောဆယ်တွင် မည်သည့်အမှားမျှ ပြုလုပ်မထားလျှင်ပင် သင်သည် ပထမဦးစွာ နောင်တရခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို နားလည်ထားရမည်။ ဤသည်မှာ သင်အဆင်သင့်ဖြစ်ထားသင့်သည့် အရာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် သင်ပြုလုပ်ခဲ့သည့် အရာတချို့သည် မလျော်ကန်ကြောင်း တွေ့ရှိရမည်ဖြစ်ပြီး သင်၏ ရည်ရွယ်ချက်များ၊ စိတ်နေစိတ်ထားတို့နှင့် ဆိုင်သည့် ပြဿနာများကို ဖော်ထုတ်တွေ့ရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ သင်၏ စိတ်သဘောထားရှိ ပြဿနာများ ဖြစ်သည်။ ဤအရာများကို သင် သတိမထားမိလိုက်ဘဲ အပြင်ပန်းသို့ ပေါ်ထွက်လာမည် ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အမှန်တွင် လူသားနှင့် ဘုရားသခင်ကြားထဲမှ ရိုးရှင်းသော ဆက်ဆံရေး မဟုတ်ကြောင်း သင့်ကို မြင်တွေ့စေမည်ဖြစ်သည်။ ဘုရားသခင်သည် ဘုရားဖြစ်နေဆဲဖြစ်ကာ သင်မူကား စံချိန်စံညွှန်းကို မပြည့်မီသည့် ဖန်ဆင်းခံတစ်ဦးပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ သင့်တော်သောနေရာတို့တွင် နေရန် ပျက်ကွက်သည့်၊ ၎င်းတို့ ပြီးမြောက်ရမည့်အရာကို ပျက်ကွက်သည့် ကိစ္စများတွင် တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်တွင် ပျက်ကွက်လျှင် ယင်းသည် ၎င်းတို့၏ စိတ်ထဲတွင် အထုံးတစ်ခု ဖြစ်လာလိမ့်မည်။ ဤသည်မှာ အလွန့်အလွန် လက်တွေ့ကျသော ပြဿနာဖြစ်ပြီး ဖြေရှင်းမှဖြစ်မည့် အရာဖြစ်သည်။ ထို့ကြောင့် ဤအရာကို မည်သို့ဖြေရှင်းရမည်နည်း။ လူတို့တွင် မည်သည့်သဘောထားမျိုး ရှိရမည်နည်း။ အခြားအရာအားလုံးမတိုင်မီ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲလိုစိတ် ရှိရမည်။ သို့ဆိုလျှင် ဤပြောင်းလဲမှုပြုဖို့ ဆန္ဒရှိခြင်းကို မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဥပမာအနေဖြင့် လူတစ်ဦးသည် နှစ်နှစ်သုံးနှစ်မျှ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သူ၌ အစွမ်းအစ နိမ့်ပါးသဖြင့် သူ၏အလုပ်တာဝန်ကို ကောင်းစွာ မလုပ်ဆောင်၊ မည်သည့်အခြေအနေကိုမျှ ရှင်းလင်းစွာ မမြင်တွေ့နိုင်၊ ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားအား မည်သို့အသုံးပြုရမည်ကို မသိ၊ ပြီးလျှင် တကယ့်အလုပ် တစ်ခုတလေမျှ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ထိုသူသည် ဖြုတ်ချခြင်းခံရလေသည်။ ထုတ်ပယ်ခြင်းခံရပြီးနောက် သူသည် ကျိုးနွံနာခံနိုင်သည်၊ သူ၏တာဝန်ကို ဆက်လက်ထမ်းဆောင်သည်၊ ပြီးလျှင် ပြောင်းလဲလိုစိတ် ရှိသည်ဆိုလျှင် သူ ဘာလုပ်သင့်သနည်း။ ပထမအနေဖြင့် “ဘုရားသခင်သည် ပြုလုပ်နေသည်မှာ အမှားမရှိပေ။ ကျွန်ုပ်၏ အစွမ်းအစမှာ အလွန်တရာ ညံ့ဖျင်းပြီး ကျွန်ုပ်သည် ကာလကြာရှည်စွာ တကယ့်အလုပ်ကို မလုပ်ခဲ့သေး၊ ထိုအစား အသင်းတော်၏ အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတို့ကိုသာ ကြန့်ကြာစေခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကျွန်ုပ်အား ချက်ချင်း မမောင်းထုတ်ခဲ့သည်မှာ ကံကောင်းလှသည်။ ကျွန်ုပ်သည် တကယ်ပင် အတော်လေး အရှက်မဲ့နေကာ ကျွန်ုပ်၏ ရာထူးနေရာကို ဤကာလတစ်လျှောက်လုံး မြဲမြံစွာ ဆုပ်ကိုင်ထားသည့်အပြင် ကြီးမားသောအလုပ် လုပ်ဆောင်ထားပြီဟုပင် မိမိကိုယ်ကို ယုံကြည်မိသည်။ ကျွန်ုပ် မတော်တရော်ဖြစ်လှပါတကား” ဟူ၍ ဤသို့ နားလည်ထားသင့်သည်။ မိမိကိုယ်ကို မုန်းတီးမှုနှင့် နောင်တစိတ်ကို ခံစားရနိုင်ခြင်းသည် ပြောင်းလဲမှုပြုဖို့ ဆန္ဒရှိခြင်း၏ ဖော်ပြချက်တစ်ခု ဟုတ်သလော၊ မဟုတ်သလော။ သူသည် ဤအရာကို ပြောနိုင်ပါက သူ၌ ဆန္ဒရှိနေသည်ကို ဆိုလိုသည်။ သူ၏စိတ်နှလုံးထဲ၌ “ကာလကြာရှည်စွာ ကျွန်ုပ်၏ ရာထူးနေရာတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အဆင့်အတန်း၏ အကျိုးအမြတ်များအတွက် ကျွန်ုပ်အမြဲတမ်း ကြိုးပမ်းခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်သည် အယူဝါဒကို အမြဲတမ်း ဟောပြောပြီး မိမိကိုယ်ကို အယူဝါဒဖြင့် ပြင်ဆင်နေခဲ့သည်။ အသက်ဝင်ရောက်မှုအတွက် ကျွန်ုပ်မကြိုးပမ်းခဲ့ချေ။ ယခု ဖြုတ်ချခံရပြီးနောက်မှသာ ကျွန်ုပ်သည် အဘယ်မျှပင် ချို့ငဲ့နေသည့်အပြင် လိုအပ်နေသည်ကို မြင်တွေ့မိသည်။ ဘုရားသခင်သည် မှန်သောအရာကို လုပ်ဆောင်ခဲ့သည်၊ ကျွန်ုပ်သည် ကျိုးနွံနာခံရမည်ဖြစ်သည်။ အတိတ်တွင် ကျွန်ုပ်၌ အဆင့်အတန်း ရှိခဲ့ပြီး ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို ကောင်းစွာ ဆက်ဆံခဲ့ကြသည်။ ကျွန်ုပ်သွားလေရာရာ၌ ၎င်းတို့က ဝိုင်းရံတတ်ကြသည်။ ယခုအခါတွင်မူ မည်သူကမျှ ကျွန်ုပ်အား မည်သည့်အာရုံကိုမျှ မစိုက်ကြတော့ဘဲ ကျွန်ုပ် ပစ်ပယ်ခံရပြီ။ ဤသည်မှာ ကျွန်ုပ်ရထိုက်သောအရာ၊ ကျွန်ုပ်ထိုက်တန်သည့် ဝဋ်လည်ခြင်းပင် ဖြစ်၏။ ထိုမျှမက ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်၏ရှေ့မှောက်၌ အဘယ်သို့များ အဆင့်အတန်းတစ်ခုခု ရှိနိုင်မည်နည်း။ လူတစ်ဦး၏ အဆင့်အတန်းသည် အဘယ်မျှ မြင့်မားသည်ဖြစ်စေ ယင်းသည် အဆုံးသတ်လည်း မဟုတ်သကဲ့သို့ ပန်းတိုင်လည်း မဟုတ်ပေ။ ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းချက် ပေးအပ်သည်မှာ ကျွန်ုပ်အနေဖြင့် မိမိ၏ အရှိန်အဝါကို သုံးနိုင်ဖို့ သို့မဟုတ် ကျွန်ုပ်၏အဆင့်အတန်းကို မွေ့လျော်နိုင်ဖို့ မဟုတ်ဘဲ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်နိုင်ဖို့နှင့် ကျွန်ုပ်တတ်နိုင်သမျှကို လုပ်ဆောင်ရဖို့ ဖြစ်ပေသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များအပေါ် ကျိုးနွံနာခံခြင်း သဘောထား ရှိသင့်သည်။ ကျိုးနွံနာခံခြင်းဟူသည် ခက်ခဲကောင်းခက်ခဲမည် ဖြစ်သော်လည်း ကျွန်ုပ် ကျိုးနွံနာခံရမည်။ ဘုရားသခင်သည် ပြုလုပ်နေသည်မှာ မမှားဘဲ အကယ်၍ ကျွန်ုပ်၌ အကြောင်းပြချက်များ ထောင်နှင့်၊ သောင်းနှင့် ချီ၍ ရှိခဲ့လျှင်ပင် ယင်းတို့တစ်ခုမျှ သမ္မာတရား ဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် သမ္မာတရားဖြစ်၏” ဟု ဆိုလျှင် ဤသည်တို့မှာ ပြောင်းလဲလိုစိတ်ရှိခြင်း၏ ဖော်ပြချက်များအတိအကျ ဖြစ်သည်။ ထို့ပြင် လူတစ်ဦးသည် ဤအရာများအားလုံးကို ပိုင်ဆိုင်ထားဖို့ဆိုပါက ဘုရားသခင်သည် ထိုကဲ့သို့သော လူတစ်ဦးကို မည်ကဲ့သို့ အကဲဖြတ်နိုင်မည်နည်း။ ဘုရားသခင်က ဤသည်မှာ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသည့် လူဖြစ်သည်ဟု ဆိုမည်။ ဤအကဲဖြတ်ချက်က မြင့်မားသလော။ ယင်းမှာ လွန်ကဲစွာ မြင့်မားသည်မဟုတ်ပေ။ အသိတရားနှင့် ဆင်ခြင်တုံတရားရှိခြင်းတစ်ခုတည်းသည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရရန် စံချိန်စံညွှန်းများကို မပြည့်မီပေ။ သို့သော် ဤလူစားမျိုးနှင့်ပတ်သက်၍ ယင်းသည် သေးငယ်သော ပြီးမြောက်အောင်မြင်မှု မဟုတ်တော့ပေ။ ကျိုးနွံနာခံနိုင်ခြင်းသည် အဖိုးတန်၏။ ဤအရာနောက်တွင် သူ့အပေါ် ဘုရားသခင်၏အမြင်ကို ပြောင်းလဲစေဖို့ ကြိုးပမ်းသည့်ပုံသည် မည်သည့်လမ်းကို သူရွေးချယ်သည် ဟူသည့်အပေါ် မူတည်၏။ သူသည် အမှန်တကယ် နောင်တ မရသေးသည့်အပြင် သူ၌ အဆင့်အတန်းမရှိသောကြောင့် သူသည် မိမိ၏တာဝန်၌ သစ္စာစောင့်သိခြင်း မရှိဘဲ အမြဲတမ်း ဝတ်ကျေတမ်းကျေ လုပ်နေပါက သူ့အတွက် လုံးဝ နိဂုံးချုပ်ပြီဖြစ်သည်။ ထိုသူသည် ဖယ်ရှားရှင်းလင်းခံရမည်။ အကယ်၍ သူသည် မကျေနပ်ချက်များကို သိုထားဆဲဖြစ်ပြီး “ကျွန်ုပ် ခေါင်းဆောင်တစ်ဦး ဖြစ်စဉ်အချိန်အတွင်း များစွာ ဒုက္ခခံစားခဲ့သည်။ ပြီးလျှင် ကောင်းကျိုးများမရှိလျှင်ပင် ခဲယဉ်းသောအလုပ် ရှိခဲ့သည်။ ကျွန်ုပ်သည် တကယ့်အလုပ်ကို မလုပ်ခဲ့ဟု ၎င်းတို့ဆိုသော်လည်း ကျွန်ုပ် အတော်များများ လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်သည် ရလဒ်တစ်ခုခုကို စွမ်းဆောင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံး ကျွန်ုပ်သည် အလဟဿ မနေခဲ့ပေ။ ကျွန်ုပ်သည် အလဟဿ မနေခဲ့သောကြောင့်ပင် ဘုရားသခင်သည် ကျွန်ုပ်ကို လက်လွတ်စပယ်ကြီး ဖယ်ရှားရှင်းလင်းခြင်း မပြုသင့်ပေ။ အဆင့်အတန်းမရှိဘဲနှင့်ပင် ကျွန်ုပ်ကို ထိုထိုဤဤ လုပ်ဆောင်ဖို့ အခိုင်းခံနေရဆဲဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်ကို ကစားနေခြင်း မဟုတ်လော” ဟု ညည်းညူသည်။ အကယ်၍ လူစားထိုးခံရပြီးနောက် သူသည် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုတစ်ခုမျှ မရှိတော့လျှင် ဤနေရာ၌ သစ္စာစောင့်သိမှု သို့မဟုတ် ကျိုးနွံနာခံမှု တစ်ခုတလေ ရှိသလော။ ထိုသူ၌ သစ္စာစောင့်သိမှု မရှိ၊ ကျိုးနွံနာခံမှု မရှိသည့်အပြင် ပြောင်းလဲလိုစိတ် မရှိပေ။ သူ၌ ဤအရာတစ်ခုမျှ မရှိချေ။ ဤသည်မှာ သနားချင့်စဖွယ် ကောင်းသည်မဟုတ်လော။ ယင်းမှာ သနားချင့်စဖွယ် ကောင်းလွန်းအားကြီး၏။ ထိုသူသည် ဤနှစ်ကာလများတစ်လျှောက် အချည်းနှီး ယုံကြည်ခဲ့သည်။ တရားဒေသနာများကို နှစ်ပေါင်းများစွာ နာယူထားပြီး ဖြစ်လင့်ကစား သမ္မာတရားတစ်ခုမျှ လက်တွေ့မလုပ်ဆောင်၊ စကားလုံးများနှင့် အယူဝါဒများနှင့်ပတ်သက်၍ အခြားသူများအား အမြဲတမ်း သြဝါဒပေးနေသော်လည်း ယင်းတို့တစ်ခုကိုမျှ ကိုယ်တိုင် ပြုလုပ်နိုင်ခြင်းမရှိ၊ ဤသည်မှာ ဘုရားသခင်၌ သူယုံကြည်ခဲ့သည့်ပုံ ဖြစ်သည်။ ထိုသူသည် အယူဝါဒ အတော်များများကို အခြားသူများအား ဟောပြောခဲ့သော်လည်း အဆုံး၌ မိမိကိုယ်တိုင်၏ အရေးကိစ္စများကိုပင် မဖြေရှင်းနိုင်ပေ။ ယင်းမှာ သနားချင့်စဖွယ် ကောင်းပေ၏။ ပြီးလျှင် သူသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိလိုစိတ်ရှိနေဆဲ ဖြစ်သလော။ လူစားထိုးခံရပြီးနောက် သူသည် ဘုရားသခင်နှင့် ဖက်ပြိုင်နေသေးသည့်အပြင် အလွန်အမင်း စိတ်ဆင်းရဲခြင်းကို ခံစားရလျက် ကျိုးနွံနာခံခြင်းကို မည်သို့မျှ မပြပေ။ ဤသည်မှာ ကျိုးကြောင်းမဆင်ခြင်ဘဲ ဒုက္ခခံခြင်းသက်သက် ဖြစ်သည်မဟုတ်လော။ သင်၏ ဒုက္ခခံခြင်းသည် အသုံးမကျပေ။ အခြားအရာတိုင်းက ဘေးဖယ်ပြီးနောက် အသင်းတော်က သင့်အား ရာထူးနေရာမှ ဖယ်ရှားသောအခါ သင်သည် ဒေါသအမျက်ထွက်သွားပြီး ထိပ်တိုက်ရင်ဆိုင်တတ်လာခဲ့သည် ဟူသည့်အချက်ကိုသာ ကြည့်ပါက ထိုအရာတစ်ခုတည်းကိုသာ အခြေခံ၍ သင်သည် လူသားတစ်ဦးဖြစ်ဖို့ မထိုက်တန်၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးဖြစ်ဖို့ မထိုက်တန်ချေ။ သို့ဆိုလျှင် သင်သည် ဘာအတွက်ပင် ငြင်းခုံပြောဆိုနေသနည်း။ သင်၌ မည်သည့်အကြောင်းပြချက်များ ရှိသည်ဖြစ်စေ အချည်းနှီးဖြစ်သည်။ သင်သည် နှစ်ပေါင်းများစွာ ယုံကြည်လာပြီးဖြစ်လင့်ကစား ကျိုးနွံနာခံခြင်း အသင့်အတင့်မျှပင် မရှိချေ။ နှစ်ကာလများတစ်လျှောက် သင့်ယုံကြည်မှု၏ အသီးအပွင့်များက အဘယ်မှာနည်း။ သနားချင့်စဖွယ်၊ မုန်းတီးစက်ဆုပ်ဖွယ်၊ မနှစ်မြို့ဖွယ်ပေတည်း။ သင့်ကို အဆင့်အတန်း ပေးထားခဲ့ကာ ယင်းကို သင်သည် အရာရှိတာဝန်တစ်ခုကဲ့သို့ သင် သဘောထားခဲ့သည်။ အဆင့်အတန်းရှိခြင်းက သင်၏စိတ်သဘောထား ပြောင်းလဲသွားပြီဟု ဆိုလိုသလော။ ယင်းသည် ဘုရားသခင်၏ ကျေးဇူးတော်သက်သက် မဟုတ်လော။ ဘုရားသခင်က သင့်ကို ဤတာဝန်ပေးစေခိုင်းချက်ဖြင့် ကျေးဇူးပြုခဲ့လင့်ကစား သင်က ယင်းကို အရာရှိတာဝန်အဖြစ် ခံယူခဲ့သည်။ ယင်းမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ဘုရားအိမ်တော်ထဲ၌ အရာရှိတစ်ဦးတလေများ ရှိသလော။ ခေတ်ကာလများတစ်လျှောက်ရှိ သန့်ရှင်းသူများကြားတွင် မည်သူမျှ အရာရှိများ မဟုတ်ခဲ့ကြပေ။ နှစ်ပေါင်းနှစ်ထောင်ကြာ လူတို့သည် ပေါလုကို ကိုးကွယ်ခဲ့ပြီဖြစ်သော်လည်း ပေါလုသည် အရာရှိဘွဲ့တစ်ခုခုကို ပိုင်သည်ဟု မည်သူမျှ မပြောခဲ့ဖူးပေ။ ထို့ကြောင့် “အရာရှိ” ဟူသည့် အသုံးအနှုန်းက မခိုင်လုံပေ။ ယင်းသည် ဆုလာဘ်တစ်ခု မဟုတ်သကဲ့သို့ ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်လည်း မဟုတ်သဖြင့် သင်သည် ယင်းကို လက်လွှတ်လိုက်ဖို့ လိုသည်။ အကယ်၍ သင်သည် အရာရှိဖြစ်ခြင်းကို အစဉ်အမြဲ လိုက်စားလျှင် ဤသည်ကို ဘုရားသခင် အသိအမှတ်ပြုမည်လော။ ယင်းက သင့်အား ကယ်တင်ခြင်းကို ရရှိခွင့်ပြုမည်လော။ လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံယူဖို့အတွက် လူတစ်ဦးသည် ပြောင်းလဲလိုစိတ် ရှိရမည်ဟု ယခုပင် ငါတို့ ထုတ်ဖော်ပြောခဲ့ကြသည်။ ဤသည်မှာ အရေးကြီးသလော။ (အရေးကြီးပါသည်။) ထိုကဲ့သို့သော သဘောထားရှိခြင်းက အလွန်တရာ အရေးကြီးသည်။ အကယ်၍ သင်သည် သင်နှင့် ဖန်ဆင်းရှင်ကြားတွင် ကယ်တင်ရှင်နှင့် ကယ်တင်ခံရသူတို့၏ ဆက်ဆံရေးကို တည်ဆောက်ကာ ဘုရားသခင်အနေဖြင့် သင့်အား ကယ်တင်ရန် အလိုရှိပါက သင်သည် သင်၏ အနေအထားကို အမှန်ပြင်ပေးရမည်ဖြစ်ပြီး သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နေရာနှင့် အဆင့်အတန်းကို သေချာစေရမည်။ သို့ဆိုလျှင် သင်၏ အနေအထားမှာ အဘယ်နည်း။ (ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းပင်။) မည်သူသည် ဖန်ဆင်းခံတစ်ဦး ဖြစ်သနည်း။ ယင်းမှာ လူသားဖြစ်ပြီး လူ့တိရစ္ဆာန် မဟုတ်ပေ။ မည်သည့်အချိန်တွင်မဆို သင်သည် ဖန်ဆင်းခံတစ်ဦး၊ သာမန်လူတစ်ဦးဖြစ်သည်ကို အောက်မေ့ရမည်ဖြစ်ပြီး သင်၏ ရထိုက်သော နေရာကို မမေ့လျော့ရပေ။ ဘုရားသခင်သည် သင့်အား ကျေးဇူးတော် အနည်းငယ်၊ ကောင်းချီးမင်္ဂလာ အနည်းငယ်ကို ပေးအပ်သောအခါ သင်သည် မိမိ မည်သူမည်ဝါဖြစ်သည် ဟူသည့်အပေါ် အမြင်ပျောက်ဆုံးသွားတော့သည်။ သူ၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုအားဖြင့် သင့်အား နှစ်သိမ့်ဖို့ ရင်တွင်းဖြစ် နှုတ်ကပတ်တော်များအချို့ကို ဘုရားသခင်ဝေမျှသည်။ သူသည် သင့်အား မြှင့်တင်နေခြင်း ဖြစ်သည်။ သို့ဖြစ်လင့်ကစား သင်သည် ဘုရားသခင်နှင့် တူညီသော အဆင့်အတန်း၌ ရပ်တည်လိုပြီး မိမိကိုယ်ကို မြှောက်ပင့်သောအခါ မည်သည့်အရာက ဤအရာကို ပြုလုပ်မည်နည်း။ လူသားတစ်ဦးက ပြုလုပ်မည်လော။ (မပြုလုပ်ပါ။) ဘုရားသခင်သည် သင်ကဲ့သို့သော ဖန်ဆင်းခံတစ်ဦးကို အသိအမှတ် မပြုသဖြင့် သင်သည် နေရာဖယ်ပေးနိုင်၏။ အကယ်၍ ဘုရားသခင် သင့်ကို အသိအမှတ် မပြုပါက သင့်ကို သူ စုံလင်အောင် ပြုပေးမည်လော။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ခံရဖို့ သတ်မှတ်ချက်များကို မပြည့်မီပေ။ ဤအဆင့်တွင် ဆွေးနွေးချက်၏ အခရာကို ရှင်းလင်းစွာ ပေးသိပြီးပြီ မဟုတ်လော။ ထို့အတွက်ကြောင့် လမ်းကြောင်းပြောင်းလိုစိတ် ရှိခြင်းသည် အလွန် အရေးကြီး၏။ ယင်းသည် စိတ်၏အခြေအနေတစ်ခု ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယင်းသည် သဘောထားတစ်ခု ဖြစ်၏။ ဤသဘောထားသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်းကို လက်ခံရရှိဖို့အတွက် လူတစ်ဦးပိုင်ဆိုင်ထားသင့်သည့် အရေးကြီးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခု ဖြစ်သည်။ မိမိကိုယ်ကို အလွန်ကြီးမြတ်သူ၊ အလွန်မြင့်မြတ်သူအဖြစ် မထင်မှတ်သည့်အပြင် သင်သည် လုံးလုံးလျားလျား မှန်ကန်ပြီး အမှားကင်းသည်ဟုလည်း မယူဆနှင့်။ သင်သည် မကြီးမြတ်၊ အသရေ မတင့်သကဲ့သို့ မှန်ကန်ခြင်းလည်း မရှိပေ။ သင်သည် ပါမွှားဖြစ်သည်၊ နိမ့်ကျသည်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့် ဖန်ဆင်းခံ လူသားမျိုးနွယ်တစ်ဦး ဖြစ်၏။ သင်သည် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံယူဖို့လိုသည်။ သင်သည် ကယ်တင်ခြင်းခံရပြီးသား မဟုတ်၊ သင်သည် စုံလင်ခြင်းလည်း မရှိပေ။ သင်၌ ဤဆင်ခြင်တုံတရားကို ပိုင်ဆိုင်ထားရမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။