သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၁၇)
လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ခက်ခဲသည်ဟု ထင်ကြသည်။ သို့ဆိုလျှင် အချို့လူများက အဘယ်ကြောင့် လက်တွေ့လုပ်ဆောင်နိုင်ရသနည်း။ ဤသည်မှာ သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိ မရှိ အပေါ်တွင်သာ မူတည်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသူများသည် ကောင်းမွန်သော လူ့သဘာဝရှိသည့် လူများဖြစ်သည်ဟု အချို့ကဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်ပေသည်။ အချို့သည် ကောင်းမွန်သော လူ့သဘာဝရှိကြပြီး သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ သို့သော်လည်း အချို့ကမူ လူ့သဘာဝကင်းမဲ့နေပြီး သူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲကြသည်။ ဆိုလိုသည်မှာ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက် အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားရန်လိုအပ်သည်။ ငါ့ကို ပြောလော့။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူတစ်ယောက်သည် သူ၏ လုပ်ဆောင်မှုများတွင် သမ္မာတရားကို ရှာဖွေသလော။ သူသည် လုံးဝမရှာဖွေပေ။ သူသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို စိတ်ကူးပေါ်လာပြီး ယင်းတို့ကို လုပ်ဆောင်ခြင်းသည် ကောင်း၍ သူ၏အကျိုးစီးပွား အတွက်ဖြစ်သည်ဟုတွေးလေသည်။ ထို့ကြောင့် သူသည် သူ၏ ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်သည်။ သမ္မာတရားကို မရှာဖွေရသော အကြောင်းအရင်းမှာ သူ၏ စိတ်နှလုံးတွင် တစ်စုံတစ်ရာမှားယွင်းနေကာ သူ၏ စိတ်နှလုံးသည် မမှန်ကန်သောကြောင့်ဖြစ်သည်။ သူသည် မရှာလည်း မရှာဖွေ၊ မစူးလည်း မစူးစမ်းသကဲ့သို့ ဘုရားသခင်ရှေ့မှောက်တွင်လည်း ဆုမတောင်းချေ။ သူသည် သူ၏ ကိုယ်ပိုင် ဆန္ဒများအတိုင်းသာ ခေါင်းမာမာနှင့် လုပ်ဆောင်သည်။ ဤကဲ့သို့သော လူမျိုးသည် သမ္မာတရားအတွက် ချစ်မြတ်နိုးမှု ရိုးရှင်းစွာပင် မရှိချေ။ သူသည် သမ္မာတရားကို ချစ်မြတ်နိုးမှုကို မသိုမှီးသော်လည်း သူသည် စည်းမျဉ်းများနှင့် ကိုက်ညီသည့် အချို့အရာများနှင့် စည်းမျဉ်းများကို မချိုးဖောက်သည့် အရာများကို လုပ်ကောင်းလုပ်နိုင်သည်။ သို့သော် ဤသို့ ချိုးဖောက်မှုမရှိခြင်းသည် သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖွေရှာသည်ဟု မဆိုလိုပေ။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက် ဖြစ်သည်ဟုသာဆိုနိုင်သည်။ အချို့လူများသည် အားထုတ်ကြိုးပမ်းခြင်းမရှိဘဲနှင့် စိတ်ရှုပ်ထွေးကာ စနစ်မကျသည့် ပုံစံနှင့် လုပ်ဆောင်ကြသည်။ သို့သော် သူတို့သည် လုပ်ဆောင်ပြီးသောအခါတွင် သူတို့ကိုယ်သူတို့ ဆန်းစစ်နိုင်ကြသည်။ အကယ်၍ သူတို့က ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီဟု ရှာဖွေတွေ့ရှိပါက နောက်တစ်ကြိမ်လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ကြသည်။ ဤသည်ကို သမ္မာတရားအတွက် ချစ်မြတ်နိုးမှု အတိုင်းအတာတစ်ခုရှိသည်ဟု ယူဆနိုင်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်သည် ပြောင်းလဲမှု တစ်စုံတစ်ရာလုပ်နိုင်သည်။ သမ္မာတရားကို ချစ်မြတ်နိုးမှု မရှိသူများသည် လက်ရှိတွင်လည်း သမ္မာတရားကို ရှာဖွေမည်မဟုတ်သလို နောင်တွင်လည်း မိမိကိုယ်ကို ဆန်းစစ်ကြမည်မဟုတ်။ သူတို့သည် သူတို့လုပ်ဆောင်သည့်အရာများမှာ နောက်ဆုံးတွင် မှန်သည်လော မှားသည်လောဆိုသည်ကို မည်သောအခါမျှ အသေးစိတ် စေ့စေ့စပ်စပ် မစစ်ဆေးကြပေ။ ထို့ကြောင့် သူတို့သည် စည်းမျဉ်းများနှင့် သမ္မာတရားတို့ကို အစဉ်အမြဲ ချိုးဖောက်ကြသည်။ သူတို့သည် စည်းမျဉ်းများကို မချိုးဖောက်သည့်အရာ တစ်ချို့လုပ်ဆောင်စေကာမူ ယင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ထို့ပြင် ထိုစည်းမျဉ်းများနှင့် မသွေဖည်ခြင်းဟူသည့်အရာသည် ချဉ်းကပ်မှုပုံစံတစ်ခုပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤကဲ့သို့ လူစားမျိုးသည် သူတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်း လုပ်ဆောင်သည့်အခါတွင် သူသည် မည်သည့် အခြေအနေတွင်ရှိနေသနည်း။ သူတို့သည် မိန်းမောကာ နားဝေတိမ်တောင်ဖြစ်နေသည့် အခြေအနေမျိုးတွင် လုပ်ဆောင်နေခြင်းမဟုတ်ပေ။ ထို့ပြင် ဤသို့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် အမှန်တကယ် ညီ မညီကို မရှင်းလင်းသည့် အခြေအနေမျိုးလည်း မဟုတ်ချေ။ ဤသည်မှာ သူတို့ ရောက်ရှိမိသွားသည့် အခြေအနေမျိုးမဟုတ်ပေ။ ထိုအစား သူတို့သည် သူတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်း လုပ်ဆောင်ရန် ခေါင်းမာစွာ တင်းခံနေကြခြင်းပင်ဖြစ်သည်။ သူတို့သည် သမ္မာတရားအား ရှာဖွေရန် ရည်ရွယ်ချက် လုံးဝဥဿုံမရှိဘဲ သူတို့၏ စိတ်ကို ဤသို့ လုပ်ဆောင်ရန် ချမှတ်ထားပြီး ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အမှန်တကယ်ရှာဖွေပါက ဘုရားသခင်၏ ရည်ရွယ်ချက်ကို အပြည့်အစုံနားမလည်ခင်တွင် ဆက်လက်ဖော်ပြပါ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် ထည့်သွင်းစဉ်းစားကြမည်ဖြစ်သည်။ “ငါသည် ဦးစွာ ဤနည်းအတိုင်း အရင်လုပ်ဆောင်မည်။ အကယ်၍ ယင်းသည် သမ္မာတရားနှင့်ကိုက်ညီလျှင် ငါသည် ဤနည်းအတိုင်း ဆက်လက်လုပ်ဆောင်မည်။ အကယ်၍ ယင်းသည် သမ္မာတရားနှင့် လိုက်လျောညီထွေမှုမရှိလျှင် ငါသည်အဆောတလျင် ယင်းကို ပြုပြင်ကာ ဤနည်းအတိုင်း လုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်မည်”ဟူ၍ ဖြစ်သည်။ အကယ်၍ သူတို့သည် သမ္မာတရားကို ဤနည်းဖြင့် ရှာဖွေနိုင်လျှင် အနာဂတ်တွင် ပြောင်းလဲနိုင်ကြလိမ့်မည်။ ဤကဲ့သို့ ရည်ရွယ်ချက်မရှိလျှင် သူတို့ ပြောင်းလဲနိုင်မည်မဟုတ်။ စိတ်နှလုံးရှိသော လူတစ်ယောက်သည် လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်နေချိန်တွင် အမှားတစ်ရပ်ကို တစ်ကြိမ်သာလုပ်ဆောင်နိုင်ပေသည်။ အလွန်ဆုံးအနေဖြင့် နှစ်ကြိမ် လုပ်ဆောင်နိုင်သည်။ သုံးကြိမ် လေးကြိမ် မဟုတ် တစ်ကြိမ် နှစ်ကြိမ်သာ လုပ်ဆောင်နိုင်သည်။ ဤသည်မှာ ပုံမှန် ဆင်ခြင်တုံတရား ဖြစ်သည်။ အကယ်၍ သူတို့သည် တူညီသော အမှားတစ်ရပ်ကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ကျူးလွန်နိုင်လျှင် ဤသည်မှာ သမ္မာတရားအပေါ် သူတို့ ချစ်မြတ်နိုးမှု မရှိကြောင်းကိုလည်းကောင်း၊ သမ္မာတရားကို မရှာဖွေကြောင်းကိုလည်းကောင်း သက်သေထူနေပေသည်။ ဤကဲ့သို့သောလူစားမျိုးသည် လူ့သဘာဝရှိသော လူစားမျိုးပင် လုံးဝ မဟုတ်ပေ။ အကယ်၍ အမှားတစ်ခုကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကျူးလွန်ပြီးချိန်တွင် သူတို့၏ စိတ်နှလုံးတွင် တုံ့ပြန်မှုမရှိလျှင် သူတို့၏ အသိစိတ်က လှုံ့ဆော်မှုမရှိလျှင်၊ သူတို့သည် တူညီသော အမှားကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ကျူးလွန်လိမ့်မည်။ ထို့ပြင် ဤကဲ့သို့သော လူစားမျိုးသည် တကယ်ကို မပြောင်းလဲနိုင်ချေ။ ဤသည်မှာ ၎င်းတို့ ဖြစ်သည့်အတိုင်းပင် ဖြစ်သည်။ လုံးဝ အဖတ်ဆယ်၍မရနိုင်ပေ။ အကယ်၍ အမှားတစ်ခုကို တစ်ကြိမ်ကျူးလွန်ပြီးချိန်တွင် သူတို့ လုပ်ဆောင်ခဲ့သည်နှင့် ပတ်သက်၍ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားရကာ ယင်းအတွက် သူတို့ကိုသူတို့ လွန်စွာ မုန်းတီးပြီး သူတို့၏ စိတ်နှလုံးတွင် အပြစ်ကို ခံစားရပါက၊ သူတို့တွင် ဤကဲ့သို့သော အခြေအနေမျိုးရှိပါက သူတို့သည် ဆင်တူယိုးမှား ကိစ္စများနှင့် ထပ်မံကြုံတွေ့လာပါက ပိုမိုကောင်းမွန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ကာ တဖြည်းဖြည်းဖြင့် တူညီသော အမှားကို ထပ်မံကျူးလွန်တော့မည် မဟုတ်ချေ။ သူတို့၏ စိတ်နှလုံးတွင် ဆန္ဒရှိလျှင်ပင်၊ လုပ်ဆောင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲခြင်း၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ သင်သည် “ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားသည် မပြောင်းလဲနိုင်”ဟု ဆိုကောင်းဆိုလိမ့်မည်။ မပြောင်းလဲနိုင်သည်မှာ မှန်ပါသလော။ ယင်းမှာ သင်က မပြောင်းလဲ လိုခြင်းသာဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိပါက သင်သည် မပြောင်းလဲနိုင်လိမ့်ဦးမည်လော။ ယင်းကဲ့သို့ ပြောကြသူများမှာ စိတ်စွမ်းအား မရှိသူများသာ ဖြစ်ကြသည်။ သူတို့အားလုံးသည် စက်ဆုပ်ဖွယ်ကောင်းသော လူတေလူညစ်များသာ ဖြစ်သည်။ သူတို့သည် ဒုက္ခ ခံစားလိုစိတ် မရှိကြပေ။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်မရှိကြပေ။ ထိုအစား သူတို့သည် သမ္မာတရားက သူတို့ကို မပြောင်းလဲနိုင်ဟု ဆိုကြသည်။ ဤကဲ့သို့သော လူစားမျိုးသည် များစွာပင် လှည့်ဖြားတတ်သည် မဟုတ်လော။ သူတို့သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်နိုင်ကြသကဲ့သို့ သူတို့၏ လူ့သဘာဝသည် မှားယွင်းနေသော်လည်း သူတို့၏ ကိုယ်ပိုင် သဘောသဘာဝကို မည်သောအခါမျှ မသိရှိကြခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က လူသားတစ်ယောက်ကို စုံလင်စေနိုင်ခြင်းရှိမရှိအပေါ် မကြာခဏ သံသယဝင်ကြသည်။ ဤကဲ့သို့သော လူစားမျိုးသည် မိမိတို့၏ စိတ်နှလုံးကို ဘုရားသခင်အား ဆပ်ကပ်ရန် ရည်ရွယ်ချက်လုံးဝမရှိ၊ ခက်ခဲမှုကို ကြံ့ကြံ့ခံရန် အစီအစဉ်လုံးဝမရှိချေ။ သူတို့ ဤနေရာတွင် ရှိနေရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ သူတို့သည် အနာဂတ်တွင် ကောင်းမွန်သော ကံကြမ္မာကို ရရှိနိုင်ကောင်းသည်ဟူသည့် အခွင့်အလမ်းငယ်လေးကြောင့် သက်သက်ပင်ဖြစ်သည်။ ဤကဲ့သို့သော လူစားမျိုးသည် လူ့သဘာဝ ကင်းမဲ့နေသည်။ အကယ်၍ သူသည် လူ့သဘာဝရှိသည့် လူတစ်ဦးဖြစ်ပါက သူ့အပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သိသိသာသာပင် အလုပ် လုပ်မနေသကဲ့သို့ သူ့တွင် သမ္မာတရားအပေါ် အနည်းငယ်မျှသာ နားလည်မှုရှိနေသောအခါတွင်ပင် သူသည် မှားယွင်းသော လုပ်ဆောင်ချက်များကို ပါဝင်လုပ်ဆောင်နိုင်ကြမည်လော။ လူ့သဘာဝရှိသည့် လူတစ်ယောက်သည် သန့်ရှင်းသော ဝိညာဉ်တော်က သူ့အပေါ် အလုပ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ မှားယွင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ လူ့သဘာဝ မရှိသော လူအချို့သည် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အပေါ် အလုပ်လုပ်နေသည့် အခြေအနေတွင်သာ ကောင်းမွန်သည့် လုပ်ဆောင်ချက်အချို့ကို လုပ်ဆောင်နိုင်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်သည့်အခါတွင် သူတို့၏ သဘာဝက ထွက်ပေါ်လာသည်။ မည်သူက မိမိအပေါ် သန့်ရှင်းသော ဝိညာဉ်တော်ကို အမြဲအလုပ်လုပ်စေနိုင်သနည်း။ ဘာသာတရားမရှိသူများထဲမှ အချို့တွင် ကောင်းမွန်သော လူ့သဘာဝရှိကြသည်။ ထို့အပြင် သူတို့အပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းလည်းမရှိပေ။ သို့တိုင်အောင် သူတို့သည် မည်သည့် ကောက်ကျစ်သော အပြုအမူတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်အပေါ်တွင် ယုံကြည်ပါက ကောက်ကျစ်သော အပြုအမူများတွင် အဘယ်သို့ ပါဝင်ပတ်သက်နိုင်သနည်း။ ဤသည်ကား လူသားသဘာဝ၏ ပြဿနာကို ဖော်ပြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်း မရှိလျှင် လူသားတို့၏ သဘာဝက ပေါ်လွင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းဖြင့်၊ ၎င်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က တို့ထိလိမ့်မည်၊ လူသားများကို ဉာဏ်အလင်းပွင့်ခြင်းနှင့် သိမြင်ခြင်းတို့ကို ပေးအပ်ပြီးပြည့်လျှံသောခွန်အားကို ဖြည့်ဆည်းပေးလိမ့်မည်။ ထိုသို့ဖြင့် သူတို့သည် ကောင်းမွန်သောအမှုများကို လုပ်နိုင်သည်။ ဤကိစ္စတွင် ယင်းမှာ သူတို့၏ ကောင်းမွန်သော သဘာဝနှင့်မသက်ဆိုင်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းမှ ရရှိသည့် ရလဒ်များဖြင့်သာ သက်ဆိုင်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်း မရှိလေလျှင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနောက် လိုက်လိုကြသည်။ ယင်းက သူတို့ကို မကောင်းသော အရာအချို့အား မသိလိုက်ဘဲ လုပ်ဆောင်စေသည်။ ထိုအခါမှသာ သူတို့၏ စစ်မှန်သော သဘာဝ ပေါ်လွင်ပေသည်။
လူသားတို့၏ သဘာဝကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ဤသည်မှာ လူသားသဘာဝ၏ အနှစ်သာရကို နားလည်ခြင်းဖြင့် စတင်သည်။ ယင်းသည် အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလောနှင့် ယင်းသည် ဘုရားသခင်အပေါ် ဆန့်ကျင်သလော၊ သို့မဟုတ် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းရှိသလောဆိုသည်ကို သိမြင်စေရန်အတွက် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပိုင်းခြားသိမြင်ရမည်။ အကြင်သူသည် သူ၏ သဘာဝအနှစ်သာရကို သဘောပေါက်လာကာ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာပြီး မိမိ၏ လူ့ဇာတိကို ပုန်ကန်ဆန့်ကျင်သည်အထိ ဤသည်ကို လုပ်ဆောင်ရမည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် တောင်းဆိုချက်များကို နားလည်ရမည်။ သမ္မာတရားကို လိုက်စားခြင်းတွင် သင်၏ ပန်းတိုင်မှာ အဘယ်နည်း။ သင်သည် သင်၏ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရရှိရမည်။ သင်၏ စိတ်သဘောထားပြောင်းလဲသည်နှင့် သင်သည် သမ္မာတရားကို ရရှိမည်။ သင်တို့၏ လက်ရှိဝိညာဉ်ရင့်သန်မှုဖြင့် မကောင်းမှု လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် သမ္မာတရားကို သွေဖည်သည့်အရာများ လုပ်ဆောင်ခြင်းတို့မှ သင့်ကိုယ်သင် မည်သို့ တားဆီးမည်နည်း။ သင်သည် ပြောင်းလဲလိုပါက ဤအရာတို့ကို ထည့်သွင်းစဉ်းစားရမည်။ မကောင်းသည့် သဘာဝရှိခြင်း ပြဿနာကို တန်ပြန်နိုင်ရန်အတွက် သင့်တွင် မည်သည့် ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားရှိသည်နှင့် သင်သည် မည်သည်ကို လုပ်နိုင်စွမ်းရှိသည်တို့ကို သင်နားလည်သဘောပေါက်ရမည်။ သင်၏ မကောင်းသော သဘာဝကို ထိန်းချုပ်နိုင်ရန် မည်သည့် အရာတို့ကို ဆောင်ရွက်ရမည်နှင့် ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်တို့ကို သင်သိရှိရမည်။ ဤသည်မှာ သော့ချက်ပင်ဖြစ်သည်။ သင်၏စိတ်တွင် ရှုပ်ထွေးမှုရှိသည့် အခါ၊ သို့မဟုတ် သင်၏ ဝိညာဉ်တွင် အမှောင်ဖုံးသည့် အခါတွင် သင်သည် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ရှာဖွေရမည်ကိုလည်းကောင်း၊ သင်၏ တာဝန်များကို သင့်လျော်စွာ မည်သို့ဖြည့်ဆည်းရမည်ကိုလည်းကောင်း၊ မှန်ကန်သော လမ်းကြောင်းကို မည်သို့ယူရမည်ကိုလည်းကောင်း သိရှိရမည်။ သင့်ကိုယ်သင်အတွက် စည်းမျဉ်းတစ်ခု တည်ဆောက်ရမည်။ ဤသည်မှာ ပုဂ္ဂိုလ်တစ်ယောက်၏ လိုအင်နှင့် သူသည် ဘုရားသခင်ကို လိုလားသည့်လူတစ်ယောက် ဟုတ်မဟုတ်အပေါ်တွင် မူတည်သည်။ ဒေါသကို မကြာခဏ မထိန်းချုပ်နိုင်သည့် လူတစ်ယောက်ရှိသည်။ သူသည် ကမ္ဗည်းစာ တစ်ချပ်လုပ်ကာ “သင်၏ အမျက်ဒေါသကို ချုပ်တည်းပါ” ဟု စာရေးထားသည်။ ပြီးလျှင် သူသည် သူ့ကိုယ်သူ ချုပ်တည်းသည့် နည်းလမ်းတစ်ခုအဖြစ်နှင့် အသိပေးစာတမ်းတစ်ခုအဖြစ် ယင်းကို သူ၏ စာကြည့်ခန်း နံရံတွင် ချိတ်ဆွဲထားသည်။ ဤသည်မှာ အသုံးဝင်မှု တချို့ရှိကောင်းရှိနိုင်သော်လည်း ပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပါ။ သို့သော်ငြားလည်း လူတို့သည် မိမိကိုယ်ကို ချုပ်တည်းသင့်သည်။ အရှေ့ဆုံးတွင် အဦးဆုံးရှိနေသည်မှာ သူတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန်လိုအပ်ချက်ဖြစ်သည်။ သူတို့၏ သဘာဝနှင့် ဆိုင်သည့် ပြဿနာများကို ဖြေရှင်းရန် သူတို့ကိုသူတို့ သိရှိစေခြင်းမှ စတင်ရမည်။ သူတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထား၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း သိမြင်ခြင်းဖြင့်သာ သူတို့သည် သူတို့ကိုသူတို့ မုန်းတီးနိုင်ကာ လူ့ဇာတိကို ပုန်ကန်နိုင်မည်။ လူ့ဇာတိကို ပုန်ကန်ခြင်းသည် စည်းမျဉ်းများရှိခြင်းကိုလည်း လိုအပ်သည်။ အကြင်သူသည် နားဝေတိမ်တောင်ဖြစ်နေပါက လူ့ဇာတိကို ပုန်ကန်နိုင်မည်လော။ ပြဿနာတစ်ရပ်ရပ်ကို ကြုံတွေ့ရသည်နှင့် သူသည် လူ့ဇာတိကိုလိုက်လျောသည်။ လူအချို့သည် လှပသော အမျိုးသမီးတစ်ဦးကို မြင်သောအခါ သူတို့၏ လမ်းကြောင်းကို ရပ်တန့်ကောင်း ရပ်တန့်နိုင်သည်။ ဤအခြေအနေတွင် သင့်အတွက်သင် ဆောင်ပုဒ်တစ်ခု ချမှတ်ထားရမည်။ သင့်ထံသို့ ချောမောလှပသည့် အမျိုးသမီးတစ်ယောက်ရောက်လာပါက သင်သည် ထွက်ခွာသင့်သလော သို့မဟုတ် မည်သည်ကို လုပ်ဆောင်ရမည်နည်း။ သူသည်သင်၏ လက်ကို တွဲကိုင်ရန် လှမ်းလာပါက သင်မည်သို့ လုပ်သင့်သနည်း။ သင့်တွင် စည်းမျဉ်းများမရှိပါက ထိုသို့ အခြေအနေမျိုးကြုံရခြင်းသည် သင့်ကို ယိုင်လဲစေလိမ့်မည်။ သင်သည် ငွေကြေးနှင့် ကြွယ်ဝမှုတို့ကို မြင်ရသည့်အခါ လောဘနှင့် အမှောင်ဖုံးသွားကြောင်း သင့်ကိုယ်သင် သိရှိပါက သင်မည်သည်ကို လုပ်သင့်သနည်း။ သင်၏ စိတ်ကို ဤပြဿနာအပေါ် သီးသီးသန့်သန့် ထားရှိကာ ယင်းကို ဖြေရှင်းရန် လေ့ကျင့်ခြင်းအပေါ် သင်အာရုံစိုက်သင့်သည်။ သို့နှင့် ကာလတစ်ခုတွင် သင်သည် တဖြည်းဖြည်းချင်း လူ့ဇာတိကိုပုန်ကန်နိုင်ပေလိမ့်မည်။ ဖောက်ပြန်ပျက်စီးနေသော သဘာဝကို ဖြေရှင်းရာတွင် အတော်အတန် အရေးပါသည့် စည်းမျဉ်းတစ်ခုရှိသည်။ ယင်းမှာ သင်သည် သင်၏ ကိစ္စရပ်အားလုံးကို ဘုရားသခင်၏ရှေ့မှောက်သို့ ဆောင်ယူလာပြီး သင့်ကိုယ်သင် ဆန်းစစ်ရန်ပင်ဖြစ်သည်။ ထို့ပြင်မက ညနေတိုင်းတွင် ထိုနေ့၏ တစ်နေ့တာတွင် သင်၏ အခြေအနေများကို လေ့လာဆန်းစစ်ပြီး သင်၏ အပြုအမူများကို အသေးစိတ်ကြည့်ရှု စစ်ဆေးရမည်။ သင်၏ မည်သည့် အပြုအမူသည် သမ္မာတရားနှင့် ကိုက်ညီစွာ ဆောင်ရွက်ခဲ့သနည်းနှင့် မည်သည်တို့မှာ စည်းမျဉ်းများနှင့် သွေဖည်သနည်း ဟူ၍ ဖြစ်သည်။ ဤသည်မှာ နောက်ထပ် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဤ အချက်နှစ်ချက်မှာ အရေးအကြီးဆုံးဖြစ်သည်။ ပထမအချက်နှင့် ပတ်သက်၍ သင်၏ ဖောက်ပြန်ပျက်စီးမှုသည် ထင်ရှားလာသည့်အခါတွင် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရမည်။ ဒုတိယအချက်နှင့် ပတ်သက်၍ ထို့နောက်တွင် သင်သည် သင့်ကိုယ်သင်ဆင်ခြင်သုံးသပ်ကာ သမ္မာတရားကို ရှာဖွေရမည်။ တတိယအချက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများဖြင့် ပြုမူခြင်းသည် မည်သည်ဖြစ်သည်ကို သင်ရှင်းလင်းနေရမည်။ သင်သည် ဤအရာများကို အမှန်တကယ် နားလည်နိုင်ပါက သင်သည် အမှုအရာများကို မှန်ကန်စွာ လုပ်နိုင်ပေမည်။ သင်သည် ဤစည်းမျဉ်း သုံးခုကို လိုက်နာပါက သင့်ကိုယ်သင် ချုပ်တည်းနိုင်ကာ သင်၏ ဖောက်ပြန်ပျက်စီးနေသော သဘာဝကို ဖော်ပြခြင်း၊ သို့မဟုတ် ထင်ရှားစေခြင်းတို့မှ တားဆီးနိုင်သည်။ ယင်းတို့မှာ သင်၏ သဘာဝကိုဖြေရှင်းခြင်းအတွက် အခြေခံ စည်းမျဉ်းများပင်ဖြစ်သည်။ ဤ စည်းမျဉ်းများရှိခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်တွင် အလုပ်မလုပ်သောအခါတွင်ပင် သို့မဟုတ် သင့်ကို မည်သူမျှ မိတ်သဟာယဖွဲ့မှု မပေးဘဲ ကာလကြာရှည်ရှိနေလျှင်ပင် သင်သည် သမ္မာတရား ထံသို့ ဦးတည်၍ အလုပ်လုပ်ဖို့ ကြိုးစားလျှင်၊ သာမန်အခြေအနေတွင် ရှိနေလျှင် သင်သည် သမ္မာတရားကို ချစ်မြတ်နိုးကာ လူ့ဇာတိကို ပုန်ကန်သူ တစ်ဦးပင်ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်အတွက်နှင့် မိမိကို ပြုပြင်ပေးရန် အခြားသူများအပေါ် အစဉ်မှီခိုသူများသည် ကျွန်များဖြစ်ကြသည်။ ထိုသူများသည် ချို့ယွင်းချက်ရှိနေကြကာ အမှီအခိုကင်းစွာ မနေနိုင်ကြပေ။ စည်းမျဉ်းများမရှိဘဲ ပြုမူကြသူများသည် အချိန်ကာလတစ်ခုမျှ ပြုပြင်ခြင်း၊ သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း မခံရလျှင် အရမ်းမဲ့ ပြုမူကြကာ ထိန်းချုပ်မှု ကင်းမဲ့မည်ဖြစ်သည်။ ဤကဲ့သို့သော လူစားမျိုးသည် ဘုရားသခင်ကို အဘယ်သို့ အာမခံချက်ပေးနိုင်မည်နည်း။ ထို့ကြောင့် သင်သည် သဘာဝ၏ ပြဿနာကို ဖြေရှင်းရန် ဤစည်းမျဉ်း သုံးခုကို လိုက်နာရမည်။ ဤသည်က သင့်ကို ပြစ်မှားခြင်း ကြီးကြီးမားမား ကျူးလွန်ခြင်းမှ တားဆီးကာ ဘုရားသခင်ကို အာခံခြင်း၊ သစ္စာဖောက်ခြင်းမရှိဖို့ သေချာစေလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။