ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၁)

သင်တို့အားလုံးသည် သမ္မာတရားကို ရရှိရန် အားထုတ်လိုကြသည်။ အတိတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား ရှုထောင့်အမျိုးမျိုးကို သင်တို့ ရွေးချယ်ကောက်နုတ်ခဲ့သည့်အချိန်က သင်တို့ အားထုတ်ကြိုးပမ်းခဲ့ကြသည်။ အချို့က ဤအရာမှ အနည်းငယ် အကျိုးရရှိကြသည်။ အချို့မှာမူ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်သာ နှစ်သက်ခဲ့ကြပြီး လမ်းလွဲသွားကြသည်။ ရလဒ်မှာမူ ထိုလူတို့သည် သမ္မာတရား၏ ရှုထောင့် တစ်ခုချင်းဆီကို ယူကာ ယင်းတို့ကို လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ အဖြစ်ပြောင်းလဲခဲ့ကြသည်။ သင်တို့ သမ္မာတရားကို ဤသို့ ရွေးချယ်ကောက်နုတ်လျှင် သင်တို့သည် အခြားသူများ အသက်ရရှိရန် ကူညီခြင်း၊ သို့မဟုတ် သူတို့၏ စိတ်သဘောထားကို သမ္မာတရားအတွင်းမှ ပြောင်းလဲရန် ကြိုးစားနေခြင်း မဟုတ်။ ထိုအစား သင်တို့သည် သူတို့ကို သမ္မာတရားအတွင်းမှ သိမြင်မှု၊ သို့မဟုတ် အယူဝါဒအချို့ကို ပိုင်နိုင်အောင် လုပ်ဆောင်ပေးနေခြင်းသာ ဖြစ်သည်။ ယင်းမှာ သူတို့က ဘုရားအလုပ်၏ ရည်ရွယ်ချက်ကို နားလည်သည့်အလား ဖြစ်သော်လည်း အမှန်မှာမူ သူတို့သည် အချို့သော အယူဝါဒများနှင့် နှုတ်ကပတ်တော်များကိုသာ ကျွမ်းကျင်ပိုင်နိုင်ကြကာ သမ္မာတရားအတွင်း ပါဝင်သည့် အနက်အဓိပ္ပာယ်ကိုမူ နားမလည်ကြပေ။ ယင်းသည် ဓမ္မပညာ၊ သို့မဟုတ် သမ္မာကျမ်းစာကို သင်ယူခြင်းကဲ့သို့ပင် ဖြစ်သည်။ သမ္မာကျမ်းစာဆိုင်ရာ အချို့သော သိမြင်မှု တစ်စိတ်တစ်ဒေသနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားအနည်းငယ်ကို အနှစ်ချုပ်ပြီးသည့်အချိန်တွင် သမ္မာကျမ်းစာဆိုင်ရာ သိမြင်မှုအချို့နှင့် သဘောတရားအချို့အပေါ် နားလည်မှုကိုသာ လူတို့ရကြသည်။ သူတို့သည် ထိုစကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၌သာ အကျွမ်းကျင်ဆုံးဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံ မရှိချေ။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် နားလည်မှုမရှိ။ ဘုရားသခင်၏ အလုပ်အပေါ်တွင် သာ၍ပင် နားလည်မှု မရှိချေ။ အဆုံးတွင် ဤလူတို့ ရရှိခဲ့သည်မှာ အယူဝါဒအနည်းငယ်နှင့် အချို့သော သိမြင်မှု တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ ယင်းတို့သည် စည်းမျဉ်းစည်းကမ်းအချို့သာ ဖြစ်သည်။ သူတို့သည် လက်တွေ့ကျကျ မည်သည့်အရာမျှ မရရှိပေ။ အကယ်၍ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပါက ထိုလူတို့သည် ယင်းကို လက်ခံကာ ကျိုးနွံနာခံနိုင်ကြမည်လော။ သင် ရွေးချယ်ကောက်နုတ်ထားသော သမ္မာတရားတို့နှင့် သင် လျော်ညီအောင် နေနိုင်မည်လော။ အကယ်၍ သင်သည် နားလည်မှုအချို့ ရှိနိုင်သလို ရှိလည်း ရှိသည် ဆိုပါက သင်ရွေးချယ်ကောက်နုတ်ထားသည့် အရာများသည် အတိုင်းအတာတစ်ခုအထိ လက်တွေ့ကျပေသည်။ အကယ်၍ နားလည်မှု မရှိနိုင်ပါက သင်ရွေးချယ်ကောက်နုတ်ထားသည့် အရာများမှာ စည်းမျဉ်းစည်းကမ်းများသာ ဖြစ်၍ တန်ဖိုးမရှိပါ။ သို့ဆိုလျှင် သမ္မာတရားကို ဤနည်းဖြင့် ရွေးချယ်ကောက်နုတ်ခြင်းသည် သင့်လျော်သလော။ ယင်းက လူတို့ သမ္မာတရားကို နားလည်စေရန် အထောက်အကူပြုနိုင်သလော။ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိပါက ယင်းကို လုပ်ဆောင်စရာ အကြောင်း လုံးဝမရှိပေ။ ယင်းသည် လူတို့ကို ဓမ္မပညာအား သင်ယူစေရန်သာ ဖြစ်သည်။ ယင်းသည် သူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို တွေ့ကြုံခံစားစေရန် မဟုတ်ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်အိမ်တော်သည် စာအုပ်များကို တည်းဖြတ်ပြင်ဆင်သည့်အခါတွင် စည်းမျဉ်းများ ရှိရမည်။ ယင်းတို့သည် လူတို့ သမ္မာတရားကို အလွယ်တကူနားလည်နိုင်စေရန်၊ ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ရရှိနိုင်ရန်၊ သူတို့၏ စိတ်နှလုံးတွင် အလင်းရောက်နိုင်စေရန် အထောက်အကူပေးနိုင်ရမည်။ ဤသည်က သမ္မာတရား စစ်မှန်မှုကို ဝင်ရောက်ရန် လွယ်ကူစေသည်။ သင်သည် ဘာသာရေးတွင် သမ္မာကျမ်းစာနှင့် ဓမ္မပညာဆိုင်ရာ အသိပညာများကို စနစ်ကျကျ နည်းလမ်းဖြင့် လေ့လာသောသူများကဲ့သို့ ဖြစ်၍ မရပေ။ ယင်းသည် လူတို့ကို သမ္မာကျမ်းစာဆိုင်ရာ ဗဟုသုတများ၊ ဘာသာရေး ထုံးတမ်းများနှင့် စည်းမျဉ်းစည်းကမ်းများဆီသို့သာ ဦးတည်ပေးကာ သူတို့ကို ကန့်သတ်ချုပ်နှောင်ထားပေလိမ့်မည်။ ယင်းသည် လူတို့ကို သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်စေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းနိုင်စွမ်းမရှိ။ မေးခွန်းများ တစ်ခုပြီးတစ်ခု မေးမြန်းကာ ထိုမေးခွန်းများကို ဖြေခြင်းအားဖြင့်ဖြစ်စေ၊ အဓိကကျသောအချက်တို့ကို ကောက်နုတ်ကာ သမ္မာတရားကို စာကြောင်းအနည်းငယ်ဖြင့် အနှစ်ချုပ်ခြင်းနှင့် ရွေးချယ်ကောက်နုတ်ခြင်းအားဖြင့်ဖြစ်စေ ဤအကြောင်းအရာများသည် သူ့ဘာသာ ထင်ရှားလာကာ သင်၏ညီအစ်ကို မောင်နှမများ အလွယ်တကူ နားလည်အောင်လုပ်ပေးနိုင်သည်ဟု သင်တွေးထင်သည်။ သင်က ယင်းမှာ ကောင်းမွန်သော ချဉ်းကပ်နည်းဟု တွေးထင်သည်။ သို့သော် လူတို့သည် ယင်းကို ဖတ်ပြီးပါက သမ္မာတရားအတွင်း ပါဝင်သည့် အဓိပ္ပာယ်ကို နားလည်လိမ့်မည်မဟုတ်။ သူတို့သည် ယင်းကို လက်တွေ့အရှိတရားနှင့် မည်သည့်အခါမျှ ဆက်စပ်နိုင်လိမ့်မည် မဟုတ်။ သူတို့ ကျွမ်းကျင်ပိုင်နိုင်သွားသည့်အရာမှာ စကားအချို့နှင့် အယူဝါဒအချို့သာ ဖြစ်သည်။ ဤအကြောင်းကြောင့် အဆိုပါအရာများကို မလုပ်ဆောင်ခြင်းသည် လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းမွန်လေသည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် လူတို့ကို အသိပညာကို နားလည်ပြီး ကျွမ်းကျင်အောင် ဦးဆောင်ပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ သင်ကလူများကို အယူဝါဒနှင့် ဘာသာတရားထဲသို့ လမ်းညွှန်ပြသပေးကာ ၎င်းတို့ကို ဘာသာရေး အယူဝါဒများ၏ ဆက်စပ်အခြေအနေတွင် ဘုရားသခင်ကို ယုံကြည်ကာ နောက်လိုက်စေသည်။ ဤသည်ကား ဘုရားသခင်အပေါ် မိမိတို့၏ ယုံကြည်မှုတွင် လျှောက်စေရန် ရှင်ပေါလုက လူတို့ကို ဦးဆောင်ခဲ့သည့် လမ်းကြောင်းပင် မဟုတ်သလော။ ဝိညာဉ်ရေးရာ အယူဝါဒကို နားလည်ရန် အထူးသဖြင့် အရေးကြီးသည်ဟု သင်တို့ကထင်ကြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရန်ကိုမူ အရေးကြီးသည်ဟု မထင်ကြ။ ဤသည်ကား ကြီးစွာသော အမှားပေတည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှကို အလွတ်မှတ်သားနိုင်သည်၊ အယူဝါဒမည်မျှအကြောင်းကို ပြောပြနိုင်သည်၊ ပြဋ္ဌာန်းထားသော ဝိညာဉ်ရေးရာ လုပ်နည်းကိုင်နည်း မည်မျှရှာနိုင်သည်တို့ကို အာရုံစူးစိုက်ကြသူတို့ အများအပြားရှိသည်။ ဤအကြောင်းကြောင့် သင်တို့သည် လူတိုင်းက တစ်သဝေမတိမ်းသော စကားကို ပြောစေရန်၊ တူညီသော အယူဝါဒများကို ရွတ်ဆိုစေရန်၊ တူညီသော သိမြင်မှုကို ပိုင်ဆိုင်စေရန်နှင့် တူညီသော စည်းမျဉ်းစည်းကမ်းကို လိုက်နာစေရန် သမ္မာတရား၏ ရှုထောင့်အားလုံးကို သင်တို့ အစဉ်အမြဲ စနစ်ကျကျ ရွေးချယ်ကောက်နုတ်ခြင်း ဖြစ်သည်။ ဤသည်ကား သင်တို့၏ ပန်းတိုင်ပင်။ ဤသည်က သင်တို့သည် လူအများကို သမ္မာတရားကို ပိုမိုနားလည်အောင် ကူညီရန် လုပ်ဆောင်သည်ဟု ထင်ရသော်လည်း သင်တို့သည် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အယူဝါဒဆိုင်ရာ စည်းမျဉ်းစည်းကမ်းများဆီသို့ လူအများကို ဦးဆောင်နေကြောင်းနှင့် သူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား စစ်မှန်မှုမှ ဝေးသည်ထက် ဝေးစွာ လမ်းလွဲသွားမည်သာ ဖြစ်ကြောင်းကို သင်တို့ မသိချေ။ သမ္မာတရားကို နားလည်စေရန် လူအများအား အမှန်တကယ် ကူညီဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို လက်တွေ့အရှိတရားဖြင့်လည်းကောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေတို့ဖြင့်လည်းကောင်း ပေါင်းစပ်ရလိမ့်မည်။ သင့်ကိုယ်၌တွင် ရှိသည့် ပြဿနာများကို ဆင်ခြင်သုံးသပ်ကာ နားလည်ရမည်။ ထို့ပြင် သင်ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ရမည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို သင်ပြုပြင်ရမည်။ ဤကား လူတို့၏ တကယ့် ပြဿနာများကို ဖြေရှင်းရန်နှင့် သူတို့ကို သမ္မာတရားကို နားလည်စေပြီး လက်တွေ့အရှိတရားကို ဝင်ရောက်စေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤရလဒ်ကို ရရှိခြင်းဖြင့်သာ လူအများကို သင်သည် ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ဆောင်ကြဉ်းမည်ဖြစ်သည်။ အကယ်၍ သင်ပြောဆိုသမျှက ဝိညာဉ်ရေးရာသဘောတရား၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ အကြောင်းချည်းသာဆိုပါက၊ အကယ်၍ သင်အာရုံစူးစိုက်သည့်အရာမှာ လူတို့တွင် ကောင်းမွန်သော အမူအကျင့် ရှိကြောင်း သေချာစေရန်သာ ဖြစ်ပါက၊ အကယ်၍ သင်စွမ်းဆောင်ရရှိနိုင်သည်က လူတို့ကို တစ်ပုံစံတည်း ပြောဆိုရန်နှင့် တူညီသော စည်းမျဉ်းစည်းကမ်းတို့ကို လိုက်နာရန်သာ ဖြစ်ပြီး သူတို့ နောင်တရနိုင်ပြီး ပြောင်းလဲနိုင်စေရန်အတွက် သူတို့ကိုသူတို့ ပို၍ နားလည်အောင် လုပ်ဆောင်နိုင်ဖို့ မဆိုထားနှင့်၊ သင်သည် သူတို့ကို သမ္မာတရားကို နားလည်စေရန် မဦးဆောင်နိုင်ပါက သင်နားလည်ထားသည်မှာ စကားများနှင့် အယူဝါဒများသာဖြစ်ပြီး သင်သည် သမ္မာတရားစစ်မှန်မှုတစ်စက်မျှ မရှိ။ ဘုရားသခင်ကို ဤကဲ့သို့နည်းလမ်းဖြင့် ယုံကြည်ခြင်းဖြင့် အဆုံးတွင် သင်သည် သမ္မာတရားကို မရနိုင်ရုံသာမက သင်သည် မိမိကိုယ်ကို ဆီးတားကာ ပိတ်ပင်မိလိမ့်မည်။ သင်သည် မည်သည့်အရာမျှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ပြောဆိုသည့် ပုံစံအချို့ကို သင်တို့ သတိထားမိသလော။ လူအချို့က ဤသို့ဖော်ညွှန်းကြသည်။ ဘုရားသခင်ထံမှ အကျယ်တဝင့် ဟောပြောချက်တိုင်းရှိ အကြောင်းအရာသည် ဘက်ပေါင်းစုံသည်။ အပိုဒ်တိုင်း ဝါကျတိုင်း၏ အဓိပ္ပာယ်သည် ခြားနားသည်။ ယင်းသည် လူတစ်ယောက်အတွက် မှတ်မိရန်မလွယ်ကူသကဲ့သို့ လူတို့ နားလည်ရန်လည်း မလွယ်ကူပေ။ လူတို့သည် အပိုဒ်တိုင်း၏ အဓိက ဆိုလိုရင်းကို အနှစ်ချုပ်လိုပါက မလုပ်နိုင်ဘဲ ရှိလိမ့်မည်။ အစွမ်းအစညံ့ဖျင်းသူတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်။ မည်သို့ပင် မိတ်သဟာယဖွဲ့ပေးစေကာမူ သူတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိဦးမည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဝတ္ထု၊ စကားပြေ သို့မဟုတ် စာပေလက်ရာများ မဟုတ်။ ယင်းတို့သည် သမ္မာတရားဖြစ်သည်။ လူသားကို အသက်‌ ထောက်ပံ့ပေးသော ဘာသာစကားဖြစ်သည်။ တွေးတောကြံဆရုံမျှဖြင့် အဆိုပါနှုတ်ကပတ်တော်များကို လူတို့နားမလည်နိုင်သကဲ့သို့ အားထုတ်မှု အနည်းငယ် ပိုသုံးစွဲရုံမျှဖြင့်လည်း ယင်းတို့အတွင်းရှိ ပုံစံများကို လူတို့ အနှစ်မချုပ်နိုင်။ ထိုအကြောင်းကြောင့် သင်သည် သမ္မာတရား၏ မည်သည့်ရှုထောင့်နှင့်ပတ်သက်၍ သိမြင်မှု အနည်းငယ် ရှိပါစေ၊ တစ်စုံတစ်ခုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါစေ သင်နားလည်သည်မှာ တစ်စိတ်တစ်ပိုင်းမျှသော သိမြင်မှုသာ ဖြစ်သဖြင့် သင် မဝါကြွားနိုင်ပေ။ ယင်းသည် အပေါ်ယံ အပယိကသာ ဖြစ်၏။ သမုဒ္ဒရာကြီးထဲသို့ ကျသွားသည့် ရေစက် တစ်ပေါက်မျှသာဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ကို နားလည်နိုင်ရန် လုံးဝဥဿုံ စံမမီချေ။ ဘုရားသခင်၏ အကျယ်တဝင့် ဟောပြောချက်တိုင်းတွင် သမ္မာတရား၏ ရှုထောင့်ပေါင်းစုံ ပါရှိသည်။ ဥပမာ အကျယ်တဝင့် ဟောပြောချက်တစ်ခုတွင် ဘုရားသခင် လူ့ဇာတိခံယူမှု၏ နက်နဲမှုများအကြောင်းကို ပြောလေသည်။ ယင်းတွင် လူ့ဇာတိ ခံယူခြင်း၏ အရေးပါမှု၊ လူ့ဇာတိ ခံယူခြင်းဖြင့် ပြီးမြောက်သော အလုပ်များနှင့် လူတို့ ဘုရားသခင်ကို အဘယ်သို့ ယုံကြည်သင့်ကြောင်းတို့ ပါဝင်သည်။ လူတို့ ဘုရားသခင်ကို မည်သို့သိကျွမ်းသင့်ကာ ချစ်မြတ်နိုးသင့်ကြောင်းလည်း ပါဝင်ကောင်း ပါဝင်နိုင်သည်။ ယင်းသည် သမ္မာတရား၏ ရှုထောင့်အမြောက်အမြားကို လွှမ်းခြုံထားသည်။ အကယ်၍ သင်တွေးထင်ထားသကဲ့သို့ လူ့ဇာတိခံယူခြင်းသည် ဝါကျအချို့ဖြင့် အတိုဆုံးနှင့် အရှင်းဆုံးဖော်ပြ၍ရသည့် အဓိပ္ပာယ် အနည်းငယ်သာရှိလျှင် လူသားတို့သည် အဘယ်ကြောင့် ဘုရားသခင်နှင့် ပတ်သတ်၍ အယူအဆများ စိတ်ကူးများ ရှိနေရသနည်း။ လူ့ဇာတိခံယူခြင်းအမှုသည် လူတို့အပေါ် မည်သည့် အကျိုးသက်ရောက်မှုများရရှိစေရန် ရည်ရွယ်သနည်း။ ယင်းသည် လူသားတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားစေရန်နှင့် ဘုရားသခင်ထံ ပြန်လာစေနိုင်ရန် ထောက်ကူပေးသည်။ ယင်းသည် လူသားနှင့် ထိတွေ့ဆက်ဆံရန်၊ လူသားတို့ကို တိုက်ရိုက် ကယ်တင်ရန်နှင့် လူသားတို့ ဘုရားသခင်ကို သိကျွမ်းနိုင်စေရန် ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းလာပြီးသည့်နောက်တွင် လူတို့သည် သဘာဝအလျောက် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ဖြစ်တည်လာကာ ၎င်းတို့အတွက် ဘုရားသခင်ထံသို့ ကျိုးနွံနာခံရန် လွယ်ကူလာစေသည်။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏၊ သို့မဟုတ် သမ္မာတရား၏ မည်သည့်ရှုထောင့်မျှ သင်စိတ်ကူးသလောက် မရိုးရှင်းပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်နှင့်သက်ဆိုင်သော ဘာသာစကားတို့ကို ရိုးရှင်းသည်ဟု ရှုမြင်လေလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်မျှဖြင့် မည်သည့် ပြဿနာကိုမဆို‌ ဖြေရှင်းနိုင်သည်ဟု ယုံကြည်လေလျှင် သင်သည် သမ္မာတရားကို အလုံးစုံ နားမလည်နိုင်ချေ။ သင်၏ နားလည်မှုများသည် သမ္မာတရားနှင့် ကိုက်ညီနေလျှင်ပင် ယင်းမှာ တစ်ဖက်သတ်ပင် ဖြစ်နေသေးသည်။ ဘုရားသခင်၏ အကျယ်တဝင့် ဟောပြောချက်တိုင်းသည် ဘက်စုံသော ရှုထောင့်များမှ ပြောဆိုထားသည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနှစ်ချုပ်သည်ဖြစ်စေ ရွေးချယ်ကောက်နုတ်သည်ဖြစ်စေ လုပ်၍မရနိုင်။ ရွေးချယ်ကောက်နုတ်ပြီးပါက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်သည် အမှုကိစ္စတစ်ခုအကြောင်းကိုသာ ညွှန်းဆိုသည်ဟု သင်တို့ တွေးထင်ကြသည်။ အမှန်မှာမူ ယင်းအပိုဒ်သည် ပြဿနာအချို့ကို ဖြေရှင်းနိုင်သည်။ သမ္မာတရား၏ ရှုထောင့်အားလုံးသည် စစ်မှန်မှု မြောက်မြားစွာ ပါဝင်သဖြင့် ယင်းကို သင်သည် အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြ၍မရနိုင်ပေ၊ သို့မဟုတ် ဘောင်ခတ်၍ မရနိုင်‌ပေ။ သမ္မာတရားသည် အသက်ဖြစ်ကြောင်း၊ ယင်းကို လူတို့ ပျော်မွေ့နိုင်ကြောင်း၊ ယင်းသည် သက်တမ်းအချို့၊ သို့မဟုတ် နှစ်ရာချီကြာပြီးနောက်တွင်ပင် လူတို့ အပြည့်အဝ တွေ့ကြုံခံစား၍ရနိုင်သည့်အရာတစ်ခု မဟုတ်ကြောင်း အဘယ်ကြောင့် ဆိုထားသနည်း။ အကယ်၍ သင်သည် သမ္မာတရား၏ ရှုထောင့်တစ်ခု၊ သို့မဟုတ် ဘုရားသခင် နှုတ်ကပတ်တော်၏ စာတစ်ပိုဒ်ကို ရွေးချယ်ကောက်နုတ်လိုက်ပါက သင်ရွေးချယ်ကောက်နုတ်လိုက်သော စာပိုဒ်သည် ပြဋ္ဌာန်းထားသော လုပ်နည်းကိုင်နည်းတစ်ခု၊ စည်းမျဉ်းစည်းကမ်းတစ်ခု၊ အယူဝါဒတစ်ခု ဖြစ်သွားကာ သမ္မာတရား မဟုတ်တော့ပေ။ ယင်းသည် စာလုံးတစ်လုံးပင် မပြောင်းလဲထားသည့် ဘုရားသခင်၏ မူလနှုတ်ကပတ်တော်ဖြစ်သည်ဆိုလျှင်ပင် သင်က ဤနည်းအားဖြင့် ရွေးချယ်ကောက်နုတ်ကာ စီစဉ်လိုက်ပါက ယင်းတို့သည် အယူအဆဆိုင်ရာ စကားလုံးများဖြစ်သွားပြီး သမ္မာတရား မဟုတ်တော့ချေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ ယင်းမှာ သင်သည် လူတို့အား လမ်းလွဲချော်စေကာ အယူဝါဒများထံသို့ ဦးဆောင်သွားပြီး ပြဿနာများကို သင်၏ အယူဝါဒအတိုင်း တွေးတော၊ စိတ်ကူး၊ ဆင်ခြင်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစေမည် ဖြစ်သောကြောင့်တည်း။ အဖန်ဖန် ဖတ်ရှုပြီးပါက လူတို့သည် အဆိုပါစာပိုဒ်ရှိ အယူဝါဒတစ်ခုတည်းကို နားလည်ကာ စည်းမျဉ်းစည်းကမ်းတစ်ခုတည်းကိုသာ မြင်တော့မည်။ သမ္မာတရားစစ်မှန်မှု ဖြစ်သော ရှုထောင့်ကို မြင်ရန်ကား ပျက်ကွက်ပေမည်။ အဆုံးတွင် သင်သည် အယူဝါဒများကို နားလည်ရန်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်သွားလိမ့်မည်။ ထိုလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံခံစားရမည်ကို သိမည်မဟုတ်။ သူတို့သည် အယူဝါဒများကိုသာ နားလည်ကာ အယူဝါဒများကိုသာ ဆွေးနွေးကြလိမ့်မည်။ သို့သော် သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိကျွမ်းလိမ့်မည်မဟုတ်။ သူတို့၏ နှုတ်မှ ထွက်သည့်အရာများမှာ နာပျော်ဖွယ်ကောင်းပြီး မှန်ကန်သော အယူဝါဒများသာဖြစ်လိမ့်မည်။ သို့သော် သူတို့တွင် စစ်မှန်မှု အနည်းငယ်မျှပင် ရှိလိမ့်မည်မဟုတ်။ သူတို့ကိုယ်၌တွင် အလားအလာရှိသော လမ်းကြောင်းလည်း ရှိလိမ့်မည်မဟုတ်။ ယင်းကဲ့သို့ ခေါင်းဆောင်မှုမျိုးသည် လူသားတို့ကို အမှန်တကယ်ပင် ကြီးစွာ ထိခိုက်နစ်နာစေသည်။

ဘုရားသခင်ကို လူ၏အစေခံခြင်းတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့သိသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့တို့သည် အမြဲတစေ ကွဲပြားခြားနားဖို့၊ ကျန်သည့် လူများထက် သာလွန်ဖို့၊ ကြွားဝါဖို့နှင့် ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန်အလို့ငှာ လှည့်ကွက်အသစ်အချို့ကို ရှာဖွေဖို့ အစဉ် ကြိုးစားကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ဤသည်မှာ ပြုမူလုပ်ဆောင်ဖို့ အမိုက်မဲဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ခြင်း အတိအကျပင် မဟုတ်သလော။ အချို့က “အကယ်၍ ကျွန်ုပ် ဤအရာကို လုပ်ဆောင်ပါက ဘုရားခင်ကို ပျော်ရွှင်စေမည်မှာ သေချာသည်။ သူက ကြိုက်လိမ့်မည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ်ပြသမည်။ ကျွန်ုပ်သူ့ကို ကောင်းမွန်သော အံ့ဩဖွယ်ရာတစ်ခုပေးမည်” ဟုပင် ဆိုကြသည်။ “ကောင်းမွန်သော အံ့ဩဖွယ်ရာ” သည်ကား အရေးမပါ။ ရလဒ်သည်ကား အဘယ်နည်း။ ထိုသူတို့ လုပ်ဆောင်သည့် အရာများကို လွန်စွာ အဓိပ္ပာယ်မဲ့သည်ဟု လူတို့မြင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့က အကျိုးမရှိစေရုံသာမက ၎င်းတို့သည် ငွေကို အလဟဿ ဖြစ်စေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာရများကို ဆုံးရှုံးမှုများ ဖြစ်စေသည်။ ဘုရားသခင်၏ ပူဇော်သက္ကာရများသည် သင် အလိုရှိသလို အသုံးချရန် မဟုတ်။ ဘုရားသခင်အတွက် ပူဇော်သက္ကာရများကို ဖြုန်းတီးပစ်ခြင်းသည် အပြစ်ဖြစ်သည်။ ထိုသူတို့သည် အဆုံးတွင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ထံတွင် အလုပ်မလုပ်တော့ချေ။ ထို့အပြင် သူတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ သို့ဖြစ်၍ မည်သည့်အခါမျှ သင်လုပ်ချင်သည့်အရာကို စိတ်မြန်လက်မြန် မလုပ်လေနှင့်။ အကျိုးဆက်ကို သင်အဘယ်နည်းဖြင့် မစဉ်းစားဘဲ နေနိုင်သနည်း။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ကာ တစ်ဆက်တည်းတွင် ဖယ်ရှားရှင်းလင်းခြင်းခံရလေလျှင် သင့်အတွက် ပြောစရာ ကျန်တော့မည်မဟုတ်။ သင်၏ ရည်ရွယ်ချက်သည် မည်သို့ပင်ဖြစ်စေ၊ တမင်လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ပါက သင်သည် သူ့ကို အလွယ်တကူပင် ပုန်ကန်ပြစ်မှားမိကာ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိရန် လွယ်ကူလိမ့်မည်။ ယင်းသည် လူတိုင်း သတိရှိနေသင့်သည့်အရာပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည်နှင့်၊ သို့မဟုတ် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလိုက်သည်နှင့် ယင်းသည် အလွန်အမင်းပင် ပြင်းထန်လေးနက်ပါက သင်က ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်း ဟုတ်မဟုတ်ကို သူထည့်တွက်စဉ်းစားမည်မဟုတ်။ ယင်းမှာ သင် ရှင်းရှင်းလင်းလင်း မြင်သင့်သည့် ကိစ္စရပ်ပင်ဖြစ်သည်။ သင်က ဤပြဿနာကို နားမလည်နိုင်ပါက သင်သည် ပြဿနာများ ပေါ်ပေါက်လာရန် သေချာနေပေပြီ။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းလိုကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ထိုသို့သော ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်လိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူများသည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အစေခံရာ၌ လိမ္မာခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိပါက၊ သို့မဟုတ် နှိုင်းချင့်မျှော်ခေါ်ခြင်း မရှိပါက သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို အနှေးနှင့်အမြန် ပုန်ကန်ပြစ်မှားမိလိမ့်မည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပါက၊ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပါက၊ ဤသို့ဖြင့် ဘုရားသခင်အပေါ် အပြစ်ပြုမိပါက ဤအရာကို သင်လုပ်ရသည့် အကြောင်းအရင်းကိုဖြစ်စေ၊ သင်၏ ရည်ရွယ်ချက်ကိုဖြစ်စေ သူကြည့်မည်မဟုတ်။ သို့ဆိုလျှင် ဘုရားသခင်က အကျိုးအကြောင်း ဆီလျော်ခြင်းမရှိဟု သင်တို့ ထင်သလော။ သူသည် လူသားတို့အပေါ် မစာနာခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်သနည်း။ သင်သည် မကန်း၊ သို့မဟုတ် မပင်းသကဲ့သို့ မရူးမိုက်သောကြောင့်ပင်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ရှင်းလင်းကာ ထင်ရှားမြင်သာပေသည်။ သင်သည် ယင်းတို့ကို မြင်နိုင် ကြားနိုင်သည်။ သင်က ယင်းတို့ကို ချိုးဖောက်နေသေးပါက သင်အဘယ်သော ဆင်ခြေများ ရှိနိုင်မည်နည်း။ သင်က မည်သည့်ရည်ရွယ်ချက်မျှ မထားရှိစေကာမူ ဘုရားသခင်ကို ပုန်ကန်စော်ကားပါက အချိန်ကျလာလျှင် သင်သည် ဖျက်ဆီးခံရခြင်း၊ အပြစ်ပေးခံရခြင်းတို့နှင့် ရင်ဆိုင်ရပေမည်။ သင့် အခြေအနေက မည်သို့ရှိခဲ့သည်မှာ အရေးပင်ပါသလော။ စာတန်၏ သဘာဝနှင့် လူများသည် ဘုရားသခင်၏ စိတ်သဘောထားကို သဘာဝအလျှောက်ပင် ပုန်ကန်ပြစ်မှားနိုင်သည်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေး အမိန့်များကို ချိုးဖောက်ရန်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် မည်သူမျှ ဓားထောက်စေခိုင်းခြင်း မခံရပေ။ ဤကိစ္စရပ်မှာ တကယ်ကို မဖြစ်လာနိုင်ချေ။ ထိုအစား ယင်းသည် လူ့သဘာဝက ဆုံးဖြတ်သတ်မှတ်သော အရာတစ်ခုဖြစ်သည်။ “ဘုရားသခင်၏ စိတ်သဘောထားသည် ပုန်ကန်ပြစ်မှားရန်မဟုတ်” ဟူသည့် အဆိုပါဖော်ပြချက်အတွင်းတွင်ပင် အဓိပ္ပာယ် ပါရှိနေသည်။ သို့သော် ဘုရားသခင်သည် လူတို့ကို သူတို့၏ အခြေအနေနှင့် နောက်ခံ အကြောင်းအရာအရ အပြစ်ပေးသည်။ ဘုရားသခင်ကို သူမှန်း မသိပါဘဲ ပုန်ကန်ပြစ်မှားခြင်းသည် အခြေအနေအမျိုးအစားတစ်ရပ်ဖြစ်ပြီး ဘုရားသခင်ကို သူမှန်း ရှင်းရှင်းလင်းလင်း သိကျွမ်းပါလျက် ပုန်ကန်ပြစ်မှားမိခြင်းသည် နောက်ထပ် အခြေအနေတစ်ရပ်ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို သူမှန်း ရှင်းရှင်းလင်းလင်း သိနေပါလျက် ပုန်ကန်ပြစ်မှားနိုင်ကြသည်။ ထိုသူတို့သည် အပြစ်ပေးခံရလိမ့်မည်။ ဘုရားသခင်က သူ၏ အလုပ်အဆင့်တစ်ခုချင်းဆီတွင် သူ၏ စိတ်သဘောထား အချို့ကို ဖော်ထုတ်ပြသသည်။ လူသားတို့သည် ယင်းမှ အချို့ကို နားလည်လာပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင် ထုတ်ဖော်ပြခဲ့သည့် သမ္မာတရားများစွာမှတစ်ဆင့် ဘုရားသခင်၏ မည်သည့်စိတ်သဘောထားကို သူထုတ်ဖော်ပြခဲ့ကြောင်းအပြင်၊ လူများ၏ မည်သည့်လုပ်ရပ်များနှင့် စကားများသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားနိုင်ခြေရှိကြောင်းကို လူတို့ အနည်းငယ်မျှပင် မသိကြသလော။ လူတို့ မည်သည်ကို လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာဟူ၍ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှ သတ်မှတ်ထားသည့် ထိုကိစ္စများကိုလည်း လူတို့ သိကြသည် မဟုတ်လော။ သမ္မာတရား၊ စည်းမျဉ်းများနှင့် သက်ဆိုင်သည့် ကိစ္စအချို့ကို ၎င်းတို့ မတွေ့ကြုံဖူးသည့်အတွက် ယင်းတို့ကို လူတို့က အပြည့်အစုံ နားလည်ရန် မဖြစ်နိုင်ချေ။ သူတို့သည် ယင်းတို့ကို နားလည်နိုင်စွမ်းမရှိ။ သို့သော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်၏ ကိစ္စရပ်များသည် သတ်မှတ်ထားပြီးသော နယ်ပယ်အတွင်းတွင် တည်ရှိသည်။ ယင်းတို့သည် စည်းမျဉ်းစည်းကမ်းများဖြစ်သည်။ ယင်းတို့သည် လူသားတို့ အလွယ်တကူ နားလည်ပြီး အရယူနိုင်သည့် အရာများဖြစ်သည်။ ယင်းတို့ကို လေ့လာဖို့၊ သို့မဟုတ် ရှင်းလင်းဖို့ မလိုချေ။ ယင်းတို့၏ အဓိပ္ပာယ်ကို လူတို့နားလည်သည့်အတိုင်း လုပ်ဆောင်လျှင် လုံလောက်သည်။ သင်သည် ပေါ့ဆလျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိလျှင်၊ ပြီးလျှင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သိလျက်ဖြင့် ချိုးဖောက်လျှင် အပြစ်ပေးခံထိုက်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။