ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၄)
မိမိတို့၏အလုပ်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားအကြောင်းကို မိတ်သဟာယမပြုကြသော ခေါင်းဆောင်များနှင့် အမှုဆောင်များရှိကြသည်။ သူတို့သည် ကိစ္စများကို သူတို့ဘာသာအပြည့်အဝနားလည်ဖို့ မတတ်နိုင်ကြသည့်အပြင်၊ “ကျွန်ုပ်က လူတိုင်းအား သူတို့၏ထင်မြင်ချက်များကို ဖော်ပြစေချင်ပါသည်။ အသင်တို့အားလုံး မိမိစိတ်တွင်ရှိသည့်အရာကို ပြောပါ” ဟူ၍ မကြာခဏ ပြောဆိုကြသည်။ လူတိုင်းအား သူတို့၏သဘောထားများကို ထုတ်ဖော်ခွင့်ပြုပြီး၊ နောက်ဆုံးတွင် အများဆန္ဒကို ရယူသဖြင့် ဤသည်က မှန်ကန်ပြီး အလွန် ဒီမိုကရေစီနည်းကျသယောင် ထင်ရသည်။ လူများက သမ္မာတရားကို နားမလည်ကြသောအခါ ဤကျင့်သုံးမှုသည် နောက်ဆုံးပိတ်အားကိုးအားထားရာအနေနှင့် လက်ခံနိုင်သော်လည်း၊ သမ္မာတရားနှင့်ကိုက်ညီသည့်ကောက်ချက်တစ်ခုကို ရလိမ့်မည်ဟု အာမမခံပေ။ သမ္မာတရားကို မည်သူကမျှ နားမလည်သောကြောင့်နှင့် လူတိုင်း၏ထင်မြင်ချက်များတွင် အားနည်းချက်များရှိတတ်သောကြောင့်၊ သူတို့သည် အတူတကွ စုဝေးကြလျှင်ပင် သမ္မာတရားနှင့်ကိုက်ညီသည့်ကောက်ချက်တစ်ခုကို မချနိုင်ကြသေးပေ။ ထိုကဲ့သို့ဖြစ်နေသည်မဟုတ်လော။ အကယ်၍ သမ္မာတရားကို နားလည်သူတစ်ဦးဦးကသာ ပါဝင်လုပ်ဆောင်မည်ဆိုလျှင် များစွာပို၍ကောင်းသွားခဲ့လိမ့်မည်။ အခြေအနေများသည် ပို၍ကောင်းသွားခဲ့နိုင်သည်။ သို့ရာတွင် သမ္မာတရားကို နားလည်သည့်တစ်ယောက်ယောက်က ပဲ့ကိုင်ဖို့မှာ အရေးပါသည်။ ဤလူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် အခြေခံ၍ သမ္မာတရားကို ရှာဖွေရာတွင် လူတိုင်းကို လမ်းညွှန်ပြပေးသင့်သည်။ ဤနည်းဖြင့် သူတို့ချလိုက်သည့်ကောက်ချက်များသည် သမ္မာတရားနှင့်ကိုက်ညီနိုင်ပေသည်။ ဤသည်မှာ အကောင်းဆုံးချဉ်းကပ်နည်းဖြစ်သည်။ သမ္မာတရားကို နားလည်သောတစ်ဦးဦးက ဦးဆောင်၍ ပဲ့ကိုင်ပေးကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် မူတည်၍ သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့ရာ၌ နောက်ဆုံးတွင် စည်းလုံးညီညွတ်မှုရပြီး သမ္မာတရားနှင့်ပတ်သက်၍ အားလုံးသဘောတူညီမှုတစ်ခုရသည်အထိ လူတိုင်းကို ဦးဆောင်သွားဖို့ လိုအပ်ပါသည်။ ဤသည်ကသာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းမှန်ဖြစ်သည်။ သို့ဖြစ်လျှင် ဒီမိုကရေစီကို မည်သို့ရှုမြင်သင့်သနည်း။ လက်ရှိအချိန်တွင် အကျင့်ပျက်လူသားမျိုးနွယ်အကြားတွင် ဒီမိုကရေစီသည် အတော်အတန် တိုးတက်ပြီး အဆင့်မြင့်သောလူမှုရေးစနစ်တစ်ခုဖြစ်သည်။ ၎င်းသည် အတွေးအမြင်သစ်ကို ဖော်ဆောင်ပေးပြီး ခေတ်ဆန်ရုံသာမက လူအများစု၏အကြိုက်များနှင့်လည်း ကိုက်သည်။ ဤစနစ်သည် အတော်အတန် အဆင့်မြင့်ပြီး တိုးတက်သော်လည်း၊ မည်မျှကောင်းမွန်သည့်စနစ်ဖြစ်ပါစေ၊ လူသားအပြစ်၏ပြဿနာကို မည်သည့်စနစ်မဆိုက ဖြေရှင်းပေးနိုင်သလော။ ယင်းက လူ့အသိုင်းအဝိုင်းဆိုင်ရာ မကောင်းမှုများနှင့် အမှောင်ထုတို့၏အနှစ်သာရကို ပြောင်းလဲပေးနိုင်သလော။ ဤသည်မှာ ဖြစ်နိုင်ချေမရှိပါ၊ အာဏာရှင်ဆန်သောနိုင်ငံများတွင် ဆိုဖွယ်ရာပင်မရှိတော့ချေ။ ထိုဒီမိုကရေစီဝါဒကို အခြေခံသောနိုင်ငံများ၏အာဏာပိုင်အရာရှိများအကြားတွင်လည်း ဧရာမအဂတိလိုက်စားမှုနှင့် အုပ်ချုပ်ရေးညံ့ဖျင်းမှုတို့ ရှိသည်မဟုတ်လော။ ဤစနစ်တွင် ဖြစ်ပျက်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် မကိုက်ညီပါ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် စာတန်ကြောင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးပြီး ယင်းသည် သမ္မာတရားအားလုံး ကင်းမဲ့သောကြောင့်ဖြစ်သည်။ လူသားများသည် ၎င်းတို့၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများအတိုင်း အသက်ရှင်နေထိုင်ကြပြီး ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်ကြသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်နိုင်ချေမရှိပါ။ အာဏာရှိနိုင်ငံ့ခေါင်းဆောင်များအပြင် ထိုကျော်ကြားသောပုဂ္ဂိုလ်များပင်လျှင်လည်း အသိပညာရှိကြသော်လည်း၊ အားလုံးက စာတန်၏စိတ်သဘောထားအတိုင်း အသက်ရှင်နေထိုင်ကြသည်။ သူတို့တွင် သမ္မာတရားတစ်စွန်းတစ်စမျှပင် မရှိကြသည့်အပြင်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် အပြုအမူပေါင်းများစွာကို တတ်နိုင်ကြသည်။ ဆိုးယုတ်မှု၊ အဓိပ္ပါယ်မရှိသောလုပ်ရပ်အချို့ကို ကျူးလွန်ဖို့ကိုပင်လျှင် သူတို့ တတ်နိုင်ကြသည်။ သူတို့တွင် ယုံကြည်ခြင်းရှိသည်ဖြစ်စေ သို့မဟုတ် မရှိသည်ဖြစ်စေ၊ သူတို့အထဲမှ တစ်ယောက်ကမျှ သမ္မာတရားကို လက်မခံနိုင်၊ သို့မဟုတ် ဘုရားသခင်နောက်သို့ စစ်မှန်စွာ မလိုက်နိုင်ကြပေ။ သူတို့အထဲမှ တစ်ယောက်ကမျှ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်း သို့မဟုတ် ကိုးကွယ်ခြင်း မပြုလုပ်ကြပေ။ သူတို့သည် ဘုရားသခင်ကို ဂုဏ်တင်ချီးကျူးဖို့ သို့မဟုတ် သက်သေခံဖို့ ဘာတစ်ခုကိုမျှ ဘယ်တော့မှ မပြောကြပေ။ သူတို့ပြောသည့်စကားလုံးများအားလုံးသည်ဘုရားမဲ့ဝါဒဆန်ပြီး၊ အားလုံးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သည့်စကားများဖြစ်ကြသည်။ ယင်းတို့အားလုံးသည် မိစ္ဆာဒိဋ္ဌိယုတ္တိအမှားများဖြစ်ကြသည်။ ယင်းတို့အားလုံးသည် ကောင်းကင်ဘုံကို အာခံဖီဆန်သည့် စကားများဖြစ်ကြပြီး၊ ယင်းတို့သည် နတ်ဆိုးဆန်သော စကားများမှတစ်ပါး အခြားမဟုတ်ကြပေ။ ထို့ကြောင့် လူသားများသည် သူတို့၏နိုင်ငံများကို အုပ်ချုပ်ဖို့ မည်သည့်စနစ်ကို လက်ခံရွေးချယ်လိုက်သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်ထံ ကျိုးနွံနာခံကြလိမ့်မည်မဟုတ်ပေ၊ သူ့ကို ကိုးကွယ်ကြလိမ့်မည်မဟုတ်ပေ၊ သူဖော်ပြသည့်မည်သည့်သမ္မာတရားကိုမဆို လက်ခံကြလိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သူ့နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့်အညီ သူတို့၏နိုင်ငံများကို အုပ်ချုပ်ကြလိမ့်မည် မဟုတ်ပေ။ သူတို့သည် သိပ္ပံပညာနှင့် တရားဥပဒေစိုးမိုးရေးတို့အပေါ်တွင် အခြေခံသည့် အုပ်ချုပ်မှုကို အားပေးထောက်ခံကြသည်။ ဤသည်က သူတို့လျှောက်သည့်လမ်းကြောင်းသည် ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်သည့်လမ်းကြောင်းများအနက်မှ တစ်ခုဖြစ်ကြောင်းကို ပြသည်။ ဤကဲ့သို့သောနိုင်ငံများသည် ဘုရားသခင်၏ကောင်းချီးပေးခြင်းကို မခံရပေ။ နတ်ဆိုးဘုရင်များ အုပ်စိုးသည့် မည်သည့်နိုင်ငံမဆိုသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး သူ၏ကျိန်ဆဲခြင်းကို ခံရသည်။ ဤသည်တို့သည် ဖျက်ဆီးပစ်ရမည်ဟု ဘုရားသခင်က အဆုံးအဖြတ်ပေးခဲ့ပြီးဖြစ်သည့် နိုင်ငံများဖြစ်ကြသည်။ သို့ဖြစ်၍ နိုင်ငံတစ်နိုင်ငံသည် ဘုရားသခင်၏ပစ်ပယ်ဖျက်ဆီးခြင်းခံရလိမ့်မည်၊ မခံရလိမ့်မည်ဟူသည်မှာ ယင်းနိုင်ငံက ဒီမိုကရေစီဝါဒကို ကျင့်သုံးသောနိုင်ငံဖြစ်သည်၊ မဖြစ်သည်ဆိုသည့်အပေါ် အဓိကအားဖြင့် မမူတည်ပေ။ အဓိကအချက်မှာ ထိုနိုင်ငံရှိ အာဏာရအဖွဲ့တွင် မည်သည့်လူစားမျိုးဖြင့် ပါဝင်ဖွဲ့စည်းထားသည်ကို ကြည့်ခြင်းဖြစ်သည်။ အကယ်၍ အာဏာရှိသူများအားလုံးသည် နတ်ဆိုးဆန်ပြီး စာတန်ဆန်သောလူစားမျိုးဖြစ်ပါက၊ အကယ်၍ သူတို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သော ဆိုးယုတ်သော နတ်ဆိုးတစ်သိုက်ဖြစ်ပါက၊ ထိုအခါတွင် ထိုနိုင်ငံသည် သူမုန်းတီးပြီး ကျိန်ဆဲသည့်နိုင်ငံတစ်ခုဖြစ်ကာ သူ၏ဖျက်ဆီးပစ်ခြင်းကို ခံရမည်ဖြစ်သည်။
အသင်းတော်၏ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို မလိုက်စားဘဲနှင့် သူတို့၏အလုပ်ကို စည်းမျဉ်းများမရှိဘဲ စီမံခန့်ခွဲနေပါက၊ အကျိုးဆက်များက မည်သည်တို့ဖြစ်လိမ့်မည်နည်း။ သူတို့သည် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို မလွဲဧကန် ရလိမ့်မည်မဟုတ်ပါ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအချို့က “ကျွန်ုပ်တွင် သမ္မာတရားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိစ္စများအားလုံးတွင် ကျွန်ုပ်က ဒီမိုကရေစီကျကျ လက်တွေ့လုပ်ဆောင်ပြီး အာဏာရှင်ဆန်ဆန်မပြုမူပါက၊ ကျွန်ုပ်သည် မကောင်းမှုလုပ်နေခြင်းမဟုတ်ဟူသည်ကို သေချာစေနိုင်သည်။ ဤနည်းဖြင့် ကျွန်ုပ်သည် ဘုရားသခင်၏ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ အကယ်၍ ကျွန်ုပ်က ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ပါက ဘုရားသခင်သည် ကျွန်ုပ်ကို အသိအမှတ်ပြုလိမ့်မည်” ဟု ထင်ကြသည်။ ဤအဆိုသည် မှန်ကန်သလော။ သူတို့ဘာပြောနေသည်ကို သင်တို့က ပိုင်းခြားသိမြင်နိုင်သလော။ အာဏာရှင်ဆန်ဆန်ပြုမူခြင်းအား ရှောင်ရှားခြင်းသည် ဤလူများက ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ ဖြစ်သည်ဟု သက်သေပြသလော။ ဒီမိုကရေစီကျင့်သုံးခြင်းက သူတို့သည် စည်းမျဉ်းများနှင့်အညီ ပြုမူသည်ဟု သက်သေပြသလော။ ဤတွေးခေါ်ပုံတွေးခေါ်နည်းသည် သဘာဝကျပုံပေါ်သော်လည်း၊ အမှန်တွင်တော့ မှားယွင်းသည်။ သမ္မာတရားကို မလိုက်စားသော ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သူတို့ မည်မျှလက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ အစဉ်သဖြင့် လွဲချော်ပြီး မှားယွင်းနေဦးမည်သာဖြစ်သည်။ သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းပေါ်တွင် လျှောက်ခြင်းသည်သာ မှန်ကန်သည်။ တစ်ခုတည်းသောသင့်တော်သည့်ချဉ်းကပ်နည်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သမ္မာတရားလိုက်စားသည့်လမ်းကြောင်းကို လျှောက်ရာတွင် မဆုတ်မနစ်ဆက်လက်လုပ်နိုင်ဖို့နှင့် မည်သည့်အခြေအနေမျိုးကို သူတို့ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်စေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားကို မိတ်သဟာယပြုဖို့ လူတိုင်းကို ဦးဆောင်ပြီး သမ္မာတရားအား လက်တွေ့ကျင့်သုံးသည့်လမ်းကြောင်းကို ရှာဖွေဖို့ဖြစ်သည်။ လူတိုင်းအား သူတို့၏ထင်မြင်ချက်များနှင့် သူတို့စိတ်ထဲတွင်ရှိသည်များကို ထုတ်ဖော်ပြစေသည့် နည်းကို အမြဲ လက်တွေ့ကျင့်သုံးဖို့ဆိုသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် မှန်ကန်သလော သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) မည်သည့်နေရာတွင် မှားယွင်းသွားသနည်း။ (မည်သူ့ထံတွင်မျှ သမ္မာတရားမရှိပါ။) ယင်းသည် မှန်ကန်သည်။ မည်သူ့ထံတွင်မျှ သမ္မာတရားမရှိပါ။ ဤသို့ဆိုလျှင် သူတို့မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ၊ သူတို့၏မိတ်သဟာယပြုခြင်းမှ ချသော ကောက်ချက်များသည် သမ္မာတရားနှင့်ကိုက်ညီနိုင်သလော။ ယင်းသည် မဖြစ်နိုင်ပေ။ သို့ဖြစ်လျှင် လူတစ်ယောက်သည် သမ္မာတရားနှင့်ညီစေဖို့အလို့ငှာ မည်သည်ကိုလုပ်သင့်သနည်း။ (ဘုရားသခင် မည်သည့်အရာပြောဆိုသည်ကို ကြည့်ပါ။ လူတစ်ယောက်သည် သူ့နှုတ်ကပတ်တော်များအတွင်းရှိ လမ်းကြောင်းတစ်ခုကို ရှာဖွေသင့်သည်။) ဤအဆိုသည် မည်သို့ထင်ရသနည်း။ သည့်ထက်တော့ ပို၍မမှန်နိုင်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကိစ္စများအားလုံးတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသင့်ပြီး၊ သူ့နှုတ်ကပတ်တော်များ၌ လမ်းကြောင်းကို ရှာဖွေသင့်သည်။ သို့မှသာ မှန်ကန်သောကောက်ချက်များကို ချနိုင်မည်ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်ပတ်သက်၍ လူတိုင်းက မည်သို့မိတ်သဟာယပြုပုံနှင့် စည်းမျဉ်းများကို အမှန်အကန်ဖြစ်ကြောင်း သူတို့ တွေ့ရှိမတွေ့ရှိဆိုသည်မှာ အခြားကိစ္စဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေဖို့နှင့် စည်းမျဉ်းများကို ရှာဖွေဖို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရန် လူတိုင်းကို ဦးဆောင်နိုင်ပါက၊ ထိုအခါတွင် ယင်းက သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်ကြောင်းကို ပြသည်။ အကယ်၍ သင်သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၌ အခြေခံအကြောင်းရင်းတစ်ခုကို ရှာဖွေခြင်း သို့မဟုတ် သူ့နှုတ်ကပတ်တော်များ၌ စည်းမျဉ်းများကို ရှာဖွေခြင်းတို့နှင့်ပတ်သက်၍ တစ်ခုမျှ မပြောဘဲ လူတိုင်းကို မိတ်သဟာယဖွဲ့ခြင်း၊ သူတို့၏ထင်မြင်ချက်များကို ထုတ်ဖော်ပြစေခြင်းသာပြုလုပ်ပါက ထိုအခါ သင်သည် သမ္မာတရားလိုက်စားသောသူတစ်ဦး မဟုတ်ပေ။ သင်သည် စည်းမျဉ်းများအပေါ် ဂရုမထားဘဲ ကိစ္စများကို ရင်ကြားစေ့ပေးဖို့ ကြိုးစားနေခြင်းဖြစ်သည်။ အကယ်၍ အဆုံးတွင် သင်က လူတိုင်းကို လက်များထောင်ပြခြင်းဖြင့် မဲပေးစေပြီး အရေအတွက်များ၍ မဲအသာဖြင့် နိုင်သွားပါက ဤသည်မှာ စည်းမျဉ်းများနှင့်အညီဖြစ်သလော။ ရံဖန်ရံခါတွင် တိုက်ဆိုင်၍ အချို့စည်းမျဉ်းများနှင့်ကိုက်ညီသွားခြင်း သို့မဟုတ် စည်းမျဉ်းများ၏အတိုင်းအတာကို ကျော်လွန်မသွားခြင်းတို့မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အချိန်အများစုတွင် စည်းမျဉ်းများနှင့်ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် စည်းမျဉ်းများကို မရှာဖွေသောကြောင့်ဖြစ်သည်။ သင်သည် အကျယ်လောင်ဆုံးနှင့် အစူးရှဆုံးအသံများရှိသူတို့ကသာ နောက်ဆုံးဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိသည့်နေရာတွင် လူတိုင်း၏အခြေအမြစ်မရှိသောမှတ်ချက်များကိုသာ နားထောင်နေသည်။ နောက်ဆုံးတွင် ဤခေါင်းဆောင်သည် ဘာဖြစ်သွားပြီနည်း။ သူသည် လေအပြင်းဆုံးတိုက်ရာ မည်သည့်ဘက်ကိုမဆို နားထောင်သည့် ခြံစည်းရိုးကို ခွထိုင်သူတစ်ဦးဖြစ်လာသည်။ ဤသည်မှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို နှင်ထုတ်သောအချိန်တွင် လက်ထောင်ပြခြင်းဖြင့် မဲပေးဖို့အတွက် ခေါင်းဆောင်အချို့က တောင်းဆိုသောအခါကဲ့သို့ပင်ဖြစ်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်တည်းကပင်လျှင် သဘောမတူပါက သူတို့သည် ထိုသူကို မနှင်ထုတ်တော့ပေ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း မရှိပေ။ ငါပြောသည်ကပင် မည်သည့်အရာအတွက်မျှ အရေးပါလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်ကို ဘေးဖယ်ထားခြင်းမဟုတ်လော။ သူတို့အနေဖြင့် ဘုရားသခင်ကို ဘေးဖယ်ထားသည့်တိုင် သမ္မာတရားကို သူတို့ ရှာဖွေနေသည်ဟု ပြောဖို့ဆိုသည်မှာ လုံးလုံးလျားလျား အဓိပ္ပါယ်မရှိချေ။ လူတိုင်းက သမ္မာတရားကို မိတ်သဟာယပြုပြီး စည်းမျဉ်းများကို ရှာဖွေသောအခါတွင် အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ ဤမိတ်သဟာယပြုခြင်း၏ရလဒ်သည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် စည်းမျဉ်းများနှင့်ကိုက်ညီပါသည်။ ယင်းသည် သူ၏ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ အကယ်၍ အချိန်ရှည်ကြာသောမိတ်သဟာယပြုခြင်းတစ်ခုအပြီးတွင်၊ အကောင်အထည်ဖော်သောအခါ ဘုရားအိမ်တော်၏အကျိုးစီးပွားများကို ထိခိုက်နစ်နာစေပြီး ဘုရားသခင်က ရွေးချယ်သောလူများအတွက် အကျိုးကျေးဇူးများကို မဖြစ်ပေါ်စေသည့် အားလုံးသဘောတူညီချက်တစ်ခုကို ရရှိပါက၊ ထိုအခါတွင် ဤသဘောတူညီချက်၏ရလဒ်သည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီပါ။ ယင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဧကန်မုချ ဆန့်ကျင်ပါသည်။ ယင်းနှင့်ပတ်သက်၍ သံသယမရှိပါ။ ထိုသို့ဆိုလျှင် ဤသဘောတူညီချက်၏ရလဒ်၏အနှစ်သာရမှာ မည်သည်နည်း။ ယင်းသည် ကောင်းသယောင်ထင်ရသည့်၊ ကမ္ဘာကြီး၏လောကီရေးရာနည်းလမ်းများနှင့်ကိုက်ညီသည့်၊ လူတိုင်း၏အကြိုက်နှင့်လိုက်ဖက်ပြီး လူတိုင်းအတွက် ကောင်းကျိုးဖြစ်စေသည့် အနှစ်သာရမဲ့သော အယူဝါဒတစ်ခုဖြစ်သော်လည်း၊ ဘုရားအိမ်တော်၏သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီပါ။ ခေါင်းဆောင်အချို့သည် နားဝေတိမ်တောင်ဖြစ်ပြီး၊ သူတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ နားလည်ခြင်းလည်းမရှိကြချေ။ လူတိုင်း မိတ်သဟာယဖွဲ့ပြီးနောက်တွင် ဤခေါင်းဆောင်များသည် ၎င်းတို့၏ကိုယ်ပိုင်နှစ်သက်မှုများနှင့်ကိုက်ညီသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် အကယ်စင်စစ်တွင် ဆန့်ကျင်နေသည့် ရလဒ်များကို ရွေးချယ်ကြသည်။ သူတို့လုပ်နေကြသောအရာသည် တရားမျှတပြီး၊ အကျိုးသင့်အကြောင်းသင့်ဖြစ်ကာ သမ္မာတရားနှင့် အပြည့်အဝ ကိုက်ညီသည်ဟု သူတို့ ယုံကြည်ကြသည်။ အကယ်စင်စစ်တွင်မူ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ဟု သူတို့ နားမလည်ကြပေ။ သမ္မာတရားစည်းမျဉ်းများက မည်သည်တို့ဖြစ်ကြသည်ဆိုသည်ကို သူတို့ နားလည်ဖို့ ပို၍ပင်ဝေးပါသေးသည်။ သူတို့သည် “ကျွန်ုပ် မည်မျှဒီမိုကရေစီနည်းကျသည်ကို ကြည့်ပါ။ ကျွန်ုပ်သည် အာဏာရှင်မဆန်ပါ။ လူတိုင်းနှင့် အရာအားလုံးကို ကျွန်ုပ် တိုင်ပင်ဆွေးနွေးပြီး နောက်ဆုံးတွင် အားလုံး၏ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် လက်များထောင်ပြခြင်းဖြင့် မဲပေးခဲ့ကြသည်။ ယင်းသည် ဆုံးဖြတ်ချက်ချသောအဖွဲ့၏ပြေလည်အောင်ဖြေရှင်းပေးခြင်းဖြစ်သည်။ ကျွန်ုပ်ဘာသာချသောဆုံးဖြတ်ချက်တစ်ခုမဟုတ်ခဲ့ပါ” ဟူ၍ တွေးလျက် လူတိုင်းနှင့်မိတ်သဟာယဖွဲ့ခြင်းမှ သူတို့အကြိုက်ဖြစ်သောရလဒ်တစ်ခုကို သူတို့ ရှာသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အလွန်စိတ်ကျေနပ်နေကြသော်လည်း၊ ဘုရားအိမ်တော်၏အကျိုးစီးပွားများနှင့် ဘုရားနှုတ်ကပတ်တော်များ၏သမ္မာတရားတို့ကို သစ္စာဖောက်ခြင်းဖြင့် သူတို့ အဆုံးသတ်သွားကြပြီး ဘုရားသခင်၏လိုအပ်ချက်များအပေါ် နင်းခြေပစ်ကြသည်။ လူတိုင်း စိတ်ကျေနပ်ပြီး အကျိုးရှိကြသည်။ သို့သော် ဤအရာအားဖြင့် ဘုရားသခင်က စိတ်ကျေနပ်လိမ့်မည်လော။ သူက ယင်းကို အသိအမှတ်ပြုလိမ့်မည်လော။ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲတွင် မည်သို့ခံစားရမည်နည်း။ ဤအရာများအကြောင်းကို ဤခေါင်းဆောင်များက ဂရုမစိုက်ကြချေ။ ဤနည်းအတိုင်း အသင်းတော်၏အလုပ်ကို သူတို့ စီမံခန့်ခွဲကြရုံသက်သက်သာဖြစ်သည်။ သူတို့သည် ခေါင်းဆောင်အတုအယောင်များ သို့မဟုတ် အန္တိခရစ်များဖြစ်၊ မဖြစ်ဆိုသည်မှာ ယင်းနှင့်ပတ်သက်၍ လူတိုင်း ထိုးထွင်းသိမြင်မှုရှိသင့်သည်။ နေရာအနှံ့ရှိ အသင်းတော်များတွင် ထိုကဲ့သို့သောဖြစ်ရပ်များရှိကြသလော။ အနည်းငယ်မျှ မဟုတ်သည်မှာ သေချာသည်။
လူများ၏ထောက်ခံမှုကို ရဖို့နှင့် ခေါင်းဆောင်တစ်ဦးအဖြစ် ပြန်လည်ရွေးကောက်ခံရကြောင်း သေချာစေဖို့အလို့ငှာ အသင်းတော်ခေါင်းဆောင်အချို့က အာဏာရှင်မဆန်ချင်ယောင်ဆောင်ကာ၊ သူတို့လုပ်သမျှအရာရာတိုင်းတွင် ဒီမိုကရေစီနည်းကျသည့်စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ကြသည်။ သူတို့သည် ဤသည်ကို လူများ၏ထောက်ခံမှုကို ရဖို့ နည်းလမ်းတစ်ခုအနေဖြင့် သုံးကြသော်လည်း၊ တကယ်တမ်းတွင် သူတို့ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်မာစေဖို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏အပြုအမူမဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တစ်ဦးကသာလျှင် ဤပုံအတိုင်း ပြုမူလိမ့်မည်။ သင်တို့လည်း ဤအရာများကို လုပ်ကြသလော။ (ရံဖန်ရံခါလုပ်ကြပါသည်။) ထို့အပြင် ဤလုပ်ရပ်များကို မည်သည့်ရည်ရွယ်ချက်များက ထိန်းချုပ်သည်ဆိုသည့်အပေါ် သင်တို့ ဆင်ခြင်သုံးသပ်ကြသလော။ လူက ခေါင်းဆောင်တစ်ဦး၏အလုပ်ကို ယခုမှ စတင်လေ့ကျင့်ရုံသာရှိပြီး စည်းမျဉ်းများကို နားမလည်ပါက ဤသည်က အဓိပ္ပါယ်ရှိသည်။ သို့သော် သူသည် နှစ်အတန်ကြာအောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခဲ့ပြီး ဤသည်ကို မလျှော့တမ်း ဆက်လုပ်နေသေးပါက ထိုအခါ ဤသည်မှာ စည်းမျဉ်းများမရှိခြင်းဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်မှုအတုအယောင်ဖြစ်ပြီး ထိုသူက သမ္မာတရားလိုက်စားသောသူမဟုတ်ပေ။ အကယ်၍ လူတစ်ဦးတွင် သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များရှိပြီး ဤနည်းအတိုင်း မလျှော့တမ်း ပေလုပ်နေပါက သူသည် အန္တိခရစ်ဖြစ်သည်။ ဤပြဿနာကို သင်တို့ မည်သို့ရှုမြင်ကြသနည်း။ ဤပြဿနာနှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သင်တို့ မည်သည်ကို လက်တွေ့လုပ်ဆောင်သနည်း။ အကယ်၍ သင့်တွင် သင့်ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များရှိပါက ယင်းတို့ကို ဖြေရှင်းဖို့ သင်ဘာလုပ်သင့်သနည်း။ (ကျွန်ုပ်၏စိတ်ထဲတွင် ရည်ရွယ်ချက်အချို့ကို သိုထားကြောင်းကို ကျွန်ုပ် သတိပြုမိပါသည်။ ရံဖန်ရံခါတွင် ညီအစ်ကိုမောင်နှမများက ကျွန်ုပ်၏လုပ်ရပ်များတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ သူတို့ကို မပြောဘဲ ဆုံးဖြတ်ချက်များကို မိမိဘာသာချကြောင်း ပြောကြမည်ကို ကျွန်ုပ် စိုးရိမ်မိပါသည်။ ကျွန်ုပ်တွင် ထိုကဲ့သို့သောအတွေးများရှိသောအခါ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့် တိုင်ပင်ဆွေးနွေးပြီး ကိစ္စများကို ဖြေရှင်းပါမည်။ ကျွန်ုပ်သည် မိမိဆန္ဒအလျောက် ဆုံးဖြတ်ချက်များကို မချပါ။) အခြားလူများနှင့် တိုင်ပင်ဆွေးနွေးခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ လူတိုင်းကို အသိပေးထားကြောင်း သေချာစေဖို့မှာ သင့်တော်ပါသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများက သင်၏ အလုပ်ကို ကြီးကြပ်ခြင်းအား လက်ခံခြင်းဖြစ်ကာ ယင်းက သင်၏တာဝန် ထမ်းဆောင်ခြင်းအတွက် ကူညီပေးသည်။ သို့ရာတွင် သင်ဆွေးနွေးနေသည့် အချိန်ကာလအတွင်းတွင် သင်သည် သမ္မာတရားစည်းမျဉ်းများကိုလည်း လိုက်နာစောင့်ထိန်းရမည်။ အကယ်၍ သင်သည် သမ္မာတရားစည်းမျဉ်းများမှနေ၍ လမ်းကြောင်းသွေဖည်သွားပါက ဆွေးနွေးခြင်းသည် ဆွေးနွေးနေသည့်အကြောင်းအရာနှင့်မသက်ဆိုင်တော့ဘဲ ဖြစ်သွားနိုင်သည် သို့မဟုတ် အချိန်ဖြုန်းတီးသလိုဖြစ်သွားနိုင်သည်။ ထို့အပြင် သင်သည် မှန်ကန်သောကောက်ချက်များသို့ မရောက်နိုင်တော့ပေ။ ထို့ကြောင့် ဆွေးနွေးခြင်းတစ်ခုကို စတင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ဖတ်ရာတွင် ဦးဆောင်ရမည်။ ဤနည်းဖြင့် သူ့နှုတ်ကပတ်တော်များအတိုင်း လူတိုင်း မိတ်သဟာယဖွဲ့နိုင်သည်။ ဤကဲ့သို့သောမိတ်သဟာယတစ်ခုသည် လမ်းကြောင်းတစ်ခုကို ပေးလိမ့်မည်ဖြစ်ပြီး၊ ရလဒ်ကောင်းများရလာစေလိမ့်မည်။ သင်သည် ဘေးဘက်တွင် ရပ်နေရုံသာရပ်နေပြီး လူတိုင်းကို သူတို့လိုချင်သလို မိတ်သဟာယဖွဲ့စေ၍ မရနိုင်ပါ။ အကယ်၍ မည်သူ့တွင်မျှ ထင်မြင်ချက်ခိုင်ခိုင်မာမာမရှိဘဲ သမ္မာတရားကို မရှာဖွေပါက ထိုအခါ ဤမိတ်သဟာယဖွဲ့ခြင်းနည်းသည် သင်မည်မျှကြာအောင်ပြုလုပ်သည်ဖြစ်စေ အကျိုးမရှိပေ။ မှန်ကန်သောရလဒ်ကို ဘယ်တော့မှ ရလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ အသင်းတော်တွင် ခေါင်းဆောင်ကောင်းတစ်ဦးမရှိဘဲ သမ္မာတရားကို နားမလည်သောသူတစ်ဦးဦးက ပဲ့ကိုင်ပါက၊ အကယ်၍ ထင်မြင်ချက်ခိုင်ခိုင်မာမာမရှိဘဲ ကြုံရာကျပန်းသာ မိတ်သဟာယဖွဲ့နေသည့်၊ ၎င်းတို့၏မိတ်သဟာယဖွဲ့ခြင်းမှနေ၍ ပေါက်ကရများသာ ထွက်ပေါ်လာစေသည့် နားဝေတိမ်တောင်လူတစ်စုမျှသာဖြစ်ပါက ဤသည်မှနေ၍ မည်သည့်အကျိုးသက်ရောက်မှုဖြစ်စေနိုင်သနည်း။ ဤဒီမိုကရေစီဟုခေါ်သည့်အရာကို မည်သို့ခေါ်သနည်း။ ၎င်းတို့အားလုံးသည် စည်းမျဉ်းများမရှိသည့် မဆင်မခြင်စကားများရန်ဖြစ်ခြင်းသာဖြစ်ပြီး မှန်ကန်သောရလဒ်ကို ထုတ်ပေးလိမ့်မည်မဟုတ်ပါ။ ဤကဲ့သို့သောဒီမိုကရေစီနည်းကျချဉ်းကပ်မှုမျိုးသည် အပြုသဘောဆောင်သောအကျိုးသက်ရောက်မှုတစ်ခုမရှိနိုင်ပါ။ လူတိုင်းသည် စွဲမက်ဖွယ်ကောင်းပြီး ရွှန်းရွှန်းဝေအောင် ပြောတတ်သည့် အပြင်ပန်းသဏ္ဌာန်ရှိသော်လည်း၊ အကယ်စင်စစ် သူတို့တွင် ခိုင်မာသောထင်မြင်ချက်၊ စစ်မှန်သော စွမ်းရည်နှင့် အစစ်အမှန်ဖြစ်သော အသိပညာတို့ မရှိကြပေ။ သူတို့သည် လူများကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ဖို့ မတတ်နိုင်ကြပေ။ လူများကို အထင်အမြင်မှားစေသည့်၊ အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာ မရှိသော စကားလုံးများကိုသာ သူတို့ ပြောကြသည်။ မည်သို့ဆိုစေ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ လမ်းခရီးကို ဦးဆောင်ဖို့ သမ္မာတရားကို နားလည်သောတစ်စုံတစ်ဦး မရှိဘဲ ဒီမိုကရေစီနည်းကျသောတိုင်ပင်ဆွေးနွေးခြင်းများကိုသာ လုပ်နေပါက အလုပ်မဖြစ်ပေ။ အကောင်းဆုံးချဉ်းကပ်နည်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကိုယ်တိုင် သမ္မာတရားကို ရှာဖွေဖို့၊ လိုက်လျောညီထွေသော ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရွေးချယ်ဖို့၊ ယင်းတို့ကို သေသေချာချာ ဖတ်ဖို့နှင့် အလေးဂရုပြု၍ တွေးဆဖို့တို့သာဖြစ်သည်။ ထိုအခါတွင် သူတို့သည် လူတိုင်းနှင့် မိတ်သဟာယပြုပြီး တိုင်ပင်ဆွေးနွေးဖို့ စုဝေးပွဲသို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သယ်ဆောင်လာနိုင်သည်။ ဤနည်းလမ်းဖြင့်သာ ရလဒ်များကို ရနိုင်သည်။ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များအတွက်မူ မည်သည့်အခြေအနေမျိုးဖြစ်နေပါစေ၊ သူတို့သည် ဒီမိုကရေစီနည်းကျသောတိုင်ပင်ဆွေးနွေးခြင်းများကို ဘယ်တော့မှ လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ။ သူတို့သည် မည်သည့်အခါမျှ လူတို့အား မဆွေးနွေးခိုင်းပေ၊ သို့မဟုတ် မိတ်သဟာယမဖွဲ့ခိုင်းပေ။ သူတို့သည် ဒီမိုကရေစီနည်းကျသောတိုင်ပင်ဆွေးနွေးခြင်းများက သူတို့၏ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ထုတ်ဖော်လိမ့်မည် သို့မဟုတ် အာဏာသုံး၍ ပယ်ချလိမ့်မည်ကို ကြောက်ရွံ့သဖြင့်၊ သူတို့၏ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ဖက်တွယ်ထားသည်။ ထို့ကြောင့် သူတို့သည် အခြေအနေကို ထိန်းချုပ်သောသူတစ်ဦးဖြစ်ဖို့ အမြဲ ဆန္ဒရှိကြလျက် အာဏာရှင်ဆန်ဆန်ပြုမူကြသည်။ ထိုထိုသောအချို့အသေးအဖွဲကိစ္စများတွင်ပင်လျှင် သူတို့သည် ဒီမိုကရေစီနည်းကျသောမိတ်သဟာယပြုခြင်းကို လက်တွေ့လုပ်ဆောင်ကြပါက လူတိုင်းကို မျက်နှာလိုမျက်နှာရလုပ်ဖို့သာ ရည်ရွယ်ပြီး၊ သူတို့ကို လူတိုင်းက အပြုသဘောဆောင်သောပုံစံဖြင့် ရှုမြင်ကြစေဖို့ဖြစ်သည်။ ယင်းမှာ သူတို့၏ကိုယ်ပိုင်အဆင့်အတန်းခိုင်မာစေဖို့သက်သက်သာ လုပ်ခြင်းဖြစ်သည်။ ဤကဲ့သို့သောရည်ရွယ်ချက်မျိုးနှင့် လူအချို့ကို သင်တို့ တွေ့ပါက၊ သူတို့ကို သတိဖြင့် တားဆီးကာကွယ်ပြီး စောင့်ကြည့်လေ့လာရမည်။ လိုအပ်ပါက သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ကန့်သတ်ထားရမည်။ မှန်ကန်သောခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးသည် သူတို့ကိုယ်တိုင် သမ္မာတရားကို ဦးစွာရှာဖွေသူဖြစ်ပြီး၊ ထို့နောက်တွင် လူတိုင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယပြုကာ သမ္မာတရားကို ရှာဖွေဖို့ ဦးဆောင်သည်။ မိတ်သဟာယပြုစဉ်အတွင်းတွင် လူတိုင်း၏စိတ်နှလုံးသည် လုံးလုံးလျားလျား မရှင်းလင်းနိုင်ပေ။ အနည်းငယ်ပင် မတိကျ၊ မရေရာဖြစ်နေနိုင်သည်။ သို့သော် သူတို့သည် ဆက်၍ မိတ်သဟာယပြုသည်နှင့်အမျှ သန့်ရှင်းသောဝိညာဉ်တော်၏အသိဉာဏ်ပွင့်လင်းစေခြင်းကို ရလိမ့်မည်။ သူတို့အထဲမှ တစ်ဦးသည် အလင်း၊ သို့မဟုတ် လမ်းကြောင်းတစ်ခုကို ထုတ်ပြောကောင်းပြောဆိုနိုင်သည်။ ထို့အပြင် လူတိုင်းသည် ဤအလင်းပေးမှုအတိုင်း၊ ဤလမ်းကြောင်းအတိုင်း ဆက်၍ မိတ်သဟာယပြုကြသည်နှင့်အမျှ သူတို့၏စိတ်နှလုံးများထဲတွင် ကြည်လင်ပြတ်သားခြင်း ထွက်ပေါ်လာလိမ့်မည်ဖြစ်ပြီး သူတို့ကို သင့်တော်သော လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို ဆုံးဖြတ်နိုင်စေခွင့်ပေးလိမ့်မည်။ လူတိုင်း အတူတကွ ဆက်၍ မိတ်သဟာယပြုကြသည်နှင့်အမျှ သူတို့သည် ပို၍ ပို၍ ရှင်းလင်းစွာ စကားပြောဆိုကြလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကြောင့် လူတစ်ဦးတည်းပင် အသိဉာဏ်ပွင့်လင်းသွားပြီး အလင်းရသွားသရွေ့ လူတိုင်း အသိဉာဏ်ပွင့်လင်းသွားပြီး အလင်းရသွားသကဲ့သို့ပင် ဖြစ်လိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤနည်းဖြင့် သမ္မာတရားကို ရှာဖွေဖို့ လေ့လာသင်ယူသင့်သည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အတွက် အလုပ်လုပ်ဖို့ အခွင့်အလမ်းတစ်ခုကို ပေးသည်။ အကယ်၍ သင်သည် လူတိုင်း၏ထင်မြင်ချက်များကို အမြဲ သဘောတူလိုက်လျောနေပြီး၊ သန့်ရှင်းသောဝိညာဉ်တော် မည်သို့အလုပ်လုပ်ပုံကို သိဖို့ မရှာဖွေပါက၊ ထိုအခါတွင် ယင်းသည် လမ်းလွဲခြင်းဖြစ်လိမ့်မည်။ လူတိုင်း၏ထင်မြင်ချက်များနောက်သို့ အမြဲ လိုက်နေခြင်းနှင့် လူတိုင်းက ကောင်းသည်ဟု ယူဆသည့်အရာအပေါ် စဉ်းစားပြီး ဆုံးဖြတ်ချက်ချဖို့ သို့မဟုတ် သဘောတူညီချက်ရဖို့ အမြဲ ကြိုးစားနေခြင်းသည် မည်သည့်ချဉ်းကပ်မှုမျိုးနည်း။ ၎င်းသည် လူတစ်ဦးက မျက်နှာလိုမျက်နှာရလုပ်သည့်၊ ဝန်မထမ်းသည့်၊ ဘုရားအိမ်တော်၏အလုပ်ကို ထည့်သွင်းမစဉ်းစားသည့် ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ အပေါ်ယံတွင် သင်သည် သင့်အလုပ်ကို လုပ်ခဲ့သော်လည်း၊ လူများကို မိတ်သဟာယပြုဖို့နှင့် သူတို့၏ထင်မြင်ချက်များကို ဖော်ပြဖို့ ခွင့်ပြုခဲ့သော်လည်း၊ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးပြီး အာဏာရှင်စနစ် သို့မဟုတ် တစ်ဖက်စီးနင်းပြုမူခြင်းကို ရှောင်ကြဉ်ခဲ့သော်လည်း၊ သင်၏ရည်ရွယ်ချက်မှာ မျက်နှာလိုမျက်နှာရလုပ်ဖို့၊ လူများက သင့်ကို အထင်ကြီးစေဖို့၊ သင့်ကို သဘောကျလက်ခံစေဖို့၊ သင်သည် အာဏာရှင်မဆန်ကြောင်း၊ အကျိုးသင့်အကြောင်းသင့်ရှိကြောင်းနှင့် အလုပ်လုပ်နိုင်စွမ်းရှိကြောင်းတို့ကို ပြောစေဖို့ဖြစ်သည်။ ဤသည်က ပြီးသွားသောအခါ သင်စိတ်ကျေနပ်သွားသည်။ ဤသည်ကို လုပ်ဖို့ မှန်ကန်သလော။ အကယ်၍ သင်၏ရည်ရွယ်ချက်က မမှန်ကန်ပါက ရလဒ်များသည် မှန်ကန်နိုင်မည်လော။ သေချာပေါက် မမှန်ကန်နိုင်ပါ။ သင်သည် လူတိုင်း၏ထောက်ခံမှုကို ရပေပြီ၊ သူတို့ကို ပျော်အောင်လည်း လုပ်ပေးခဲ့ပေပြီ။ သူတို့အားလုံးက သင်သည် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်း၊ ခေါင်းဆောင်အတုအယောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးမဟုတ်ကြောင်းနှင့် သင်သည် အလုပ်ကို လုပ်နိုင်ကြောင်း ပြောကြသည်။ သူတို့အားလုံးက သင့်ကို ထောက်ခံကြသည်။ သို့သော် နောက်ဆုံးတွင် မည်သူက အကျိုးကျေးဇူးများရသနည်း။ သင်ဖြစ်သည်။ ဤသည်က ရလဒ်ကောင်းတစ်ခုဖြစ်သလော။ မဟုတ်ပါ။ ပထမအနေဖြင့် သင်သည် ဘုရားသခင်အတွက် သက်သေမခံခဲ့ပါ။ ဒုတိယအနေဖြင့် သင်သည် ဘုရားအိမ်တော်၏အလုပ်ကို မထိန်းသိမ်းခဲ့ပါ။ နောက်ဆုံးရလဒ်မှာ သင်သည် သင်နှင့် အခြားလူတိုင်း၏အကျိုးစီးပွားများကို ကာကွယ်ခဲ့ပြီး၊ သင့်ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သူကမျှ ဘုရားအိမ်တော်နှင့် အသင်းတော်၏အကျိုးစီးပွားများကို မကာကွယ်ခဲ့ပါ။ သင်တို့အားလုံးကြားတွင် ကြီးမားသောသဟဇာတဖြစ်မှုရှိသော်လည်း၊ ဘုရားအိမ်တော်၏အရေးပါသည့်အလုပ်မှာ ဘေးဖယ်ထားခြင်းခံရသည်။ ဘုရားအိမ်တော်၏အလုပ်သည် စည်းမျဉ်းများ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသင့်ပုံကို မည်သူကမျှ ဂရုမစိုက်သလို၊ ထည့်သွင်း၍လည်း မစဉ်းစားကြချေ။ ဤသည်မှာ ဘုရားအိမ်တော်၏အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းမဟုတ်လော။ သင်သည် သမ္မာတရား၊ ဘုရားသခင်၏သတ်မှတ်ချက်များနှင့် ဘုရားအိမ်တော်၏အလုပ်နှင့် အကျိုးစီးပွားတို့ကို လူတိုင်းကို မျက်နှာလိုမျက်နှာရလုပ်နိုင်ဖို့အတွက်သက်သက်ဖြင့် သစ္စာဖောက်ခဲ့ပေပြီ။ နောက်ဆုံးတွင် သင်နှင့် အခြားလူတိုင်းက အကျိုးကျေးဇူးရသည်။ ဤသူများသည် စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသောသစ္စာဖောက်သူများအုပ်စုဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ လျှောက်ကြသည့်လမ်းကြောင်းဖြစ်သည်။ လူတိုင်း စိတ်ကျေနပ်ပြီး သင်၏ကိုယ်ပိုင်အဆင့်အတန်းကို ထိန်းထားဖို့ ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းဖြင့် သင်သည် လူတိုင်း၏အတည်ပြု၍ ထောက်ခံမှုကို ရသွားသည်။ ဤသို့ဖြင့် သူတို့က သင့်ကို သူတို့၏ခေါင်းဆောင်အဖြစ် အမြဲ ရွေးချယ်လိမ့်မည်။ သင်သည် သင်၏အဆင့်အတန်းကို ခိုင်မာစေခဲ့သော်လည်း၊ အသင်းတော်တွင် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သမ္မာတရားတို့ကို လုပ်ဆောင်ပြီးပြီလော။ (လုပ်ဆောင်မပြီးပါ။) ၎င်းတို့သည် သင့်ကြောင့် ပိတ်ဆို့ခံနေရသည်။ သင်ထိန်းချုပ်သည့် အသင်းတော်တွင် ဘုရားသခင်၏အလိုတော်သည် မဖြစ်မြောက်သေးချေ။ ညီအစ်ကိုမောင်နှမများအကြားတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များက မလုပ်ဆောင်ရသေးသည့်အပြင် သူတို့၏အသက်ဖြစ်လာဖို့ ဘုရားသခင်ရွေးချယ်ထားသောလူများ၏စိတ်နှလုံးများထဲသို့ မဝင်ရောက်ရသေးပေ။ ဤအရာ၏အဓိကတရားခံမှာ မည်သူနည်း။ သင်ဖြစ်သည်။ အသင်းတော်တွင် ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ရာတွင် သင်သည် လမ်းပိတ်ဆို့သည့်အတားအဆီးနှင့် ခလုတ်တံသင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။ သင့်အပေါ် ဘုရားသခင်က ဒေါသမထွက်ဘဲ မည်သို့နေနိုင်မည်နည်း။ သင့်ကို အစားမထိုးသင့်သလော။ အကယ်၍ သင့်ကို အစားထိုးဖို့ အချိန်ရောက်လာသော်လည်း မည်သူကမျှ သဘောမတူကြသေးပါက သင်မည်သို့ဖြစ်လာမည်နည်း။ သင်သည် အန္တိခရစ်တစ်ဦးဖြစ်လာလိမ့်မည်။ သင့်ကို ကိုးကွယ်ပြီး သင့်နောက်သို့လိုက်လျှောက်သူများအားလုံးသည် လမ်းကြောင်းမှားပေါ်သို့ သင်ဦးဆောင်ခေါ်သွားခြင်းကို ခံကြရသည်။ ကယ်တင်ခြင်းခံရဖို့ သူတို့၏အခွင့်အရေးကို ဆုံးရှုံးသွားပြီး သင်၏ ကိုယ်စား စတေးခံသူများဖြစ်လာကြသည်။ သင့်ထိန်းချုပ်မှုအောက်ရှိ အသင်းတော်သည် အန္တိခရစ်တို့၏နိုင်ငံတော်တစ်ခုဖြစ်လာသည်။ ဤသည်တို့မှာ အကျိုးဆက်များဖြစ်ကြသည်။ သင့်ကို အစားထိုးဖို့ အဘယ်ကြောင့် မည်သူကမျှ သဘောမတူကြသနည်း။ သင်သည် သူတို့အားလုံးကို စည်းရုံးသိမ်းသွင်းထားခဲ့ပြီး ယခု သူတို့က သင့်ကို ဘုရားသခင်အဖြစ် ရှုမြင်ကြလေသည်။ သူတို့၏စိတ်နှလုံးများထဲတွင် သင်သည် ဘုရားသခင်၏နေရာကို ယူထားပြီး သူတို့၏စိတ်နှလုံးများကို လုံးလုံးလျားလျား နေရာယူသိမ်းပိုက်ထားပြီဖြစ်သည်။ သူတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင် သို့မဟုတ် သမ္မာတရားဟူသည် မရှိတော့ချေ။ သူတို့သည် သင်၏ဖမ်းထားခြင်းနှင့် ထိန်းချုပ်ခြင်းကိုခံထားကြရသည်။ ဤသည်မှာ စာတန်က လူများကို ထိန်းချုပ်ပြီး ဖျက်ဆီးပုံနှင့် သိပ်မကွာခြားလှပေ။ ဘုရားသခင်က ဤလူများကို သင့်လက်ထဲတွင် အပ်ထားသော်လည်း၊ သင်သည် သူတို့ကို အတင်းအဓမ္မလုယူ၍ သိမ်းခဲ့သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးမဟုတ်လော။ ဤသည်မှာ အန္တိခရစ်စင်စစ်ဖြစ်ပါသည်။ အသင်းတော်တွင် အန္တိခရစ်တစ်ဦးသည် မည်သည့်အခန်းကဏ္ဍမှနေ၍ ပါဝင်သနည်း။ ဤသည်မှာ ပေါ်တင်ပင် သိသာထင်ရှားပြီး မြင်ဖို့ လွယ်ကူပါသည်။ အန္တိခရစ်တစ်ဦးသည် စာတန်အလိုရှိသမျှအရာအားလုံးကို ပြုလုပ်ပေးရပြီး စာတန်၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် လူများကို အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ရယူပေးသော စာတန်၏ အစေခံတစ်ဦးပင်ဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့် သူတို့သည် စာတန်၏ကြံရာပါဖြစ်လာပြီး ဘုရားသခင်၏ကျိန်ဆဲခြင်းနှင့် အပြစ်ပေးခြင်းတို့ကို ခံရသင့်သည်။
ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံကြသောသူများအားလုံးသည် အန္တိခရစ်တစ်ဦး၏လမ်းကြောင်းကို လျှောက်ဖို့ ကြောက်ရွံ့ကြသည်။ ထိုအခါတွင် ဤရလဒ်ကို ရှောင်ကြဉ်ဖို့ သင်ဘာလုပ်နိုင်သနည်း။ ပထမအနေဖြင့် သင်သည် သင်ထမ်းဆောင်ရမည့်တာဝန်များနှင့် သင်လုပ်သည့်အလုပ်တို့သည် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်များဖြစ်ကြကြောင်းကို သင်နားလည်ရမည်။ ထို့အပြင် ဘုရားသခင်၏လိုအပ်ချက်များနှင့်အညီ သင်၏အလုပ်ကို သင်လုပ်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်၏စိတ်ထဲတွင် ရည်မှန်းချက်တစ်ခုနှင့် ဦးတည်ချက်တစ်ခုတို့ ရှိလာလိမ့်မည်။ ထို့အပြင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းတွင် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်ဖြစ်ပြီး၊ လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်လိမ့်မည်။ ထိုအခါ သင်သည် ဘုရား နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သောကျမ်းပိုဒ်များအကြောင်း မိတ်သဟာယပြုဖို့ လူတိုင်းကို ဦးဆောင်သင့်ပြီး၊ သူ့နှုတ်ကပတ်တော်များနှင့်အညီ သူတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းမှ အလင်းပို၍ ရစေဖို့၊ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သမ္မာတရားတို့ကို နားလည်စေဖို့နှင့် ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်စေဖို့တို့ကို ဖြစ်မြောက်စေသင့်သည်။ ဤသည်မှာ လမ်းကြောင်းမှန်ပေါ်သို့ ခြေချခြင်းဖြစ်သည်။ အနှစ်သာရအရ အသင်းတော်၏အလုပ်မှာ ဘုရားသခင်ဖော်ပြသည့်သမ္မာတရားအားလုံးအတွင်းသို့ နားလည်ပြီး ဝင်ရောက်ရာတွင် ဘုရားသခင်ရွေးချယ်ထားသည့်လူများကို ဦးဆောင်ဖို့ဖြစ်သည်။ ဤသည်မှာ အသင်းတော်၏အခြေခံအကျဆုံးအလုပ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်ပြဿနာကို ဖြေရှင်းသည်ဖြစ်စေ၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သက်ဆိုင်ရာ ကောက်နုတ်ချက်စာသားများကို ဖတ်ခြင်း သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းဖြင့် မည်သည့်စုဝေးပွဲကမျှ ခွဲ၍မရနိုင်ပါ။ နောက်ဆုံးတွင် အကယ်၍ သင်သည် သူတို့ ရှင်းလင်းသွားသည်အထိ သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်ခြင်းစည်းမျဉ်းများအကြောင်းကို မိတ်သဟာယပြုနိုင်ပါက၊ လူတိုင်း သမ္မာတရားကို နားလည်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ဖို့နည်းလမ်းကို သိလိမ့်မည်။ စုဝေးပွဲတစ်ခုအတွင်း သင်စားသောက်နေသည်မှာ သမ္မာတရား၏မည်သည့်ကဏ္ဍဖြစ်စေ၊ သင်သည် ဤနည်းဟန်ဖြင့် မိတ်သဟာယပြုရမည့်အပြင် သင်ရင်ဆိုင်နေရသည့်ပြဿနာများအပေါ် အခြေခံ၍ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို နားလည်သောသူများသည် မိတ်သဟာယကို ဦးဆောင်ရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မှ အသိဉာဏ်အလင်းပွင့်ပြီးသူများသည် မိတ်သဟာယကို ဆက်၍ပြုနိုင်သည်။ ဤနည်းဖြင့် သူတို့ပို၍မိတ်သဟာယပြုလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်က သူတို့အပေါ် ပို၍အလုပ်လုပ်လေလေဖြစ်ပြီး၊ သူတို့ သမ္မာတရားအကြောင်း ပို၍မိတ်သဟာယပြုလေလေ၊ ပိုမိုရှင်းလင်းမှုကို သူတို့ ရရှိလေလေဖြစ်သည်။ လူတိုင်းက သမ္မာတရားအကြောင်းကို နားလည်သောအခါ သူတို့သည် အပြည့်အဝ လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခွင့်တို့ကို ရလိမ့်မည်ဖြစ်ပြီး၊ လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခု ရှိလာလိမ့်မည်။ ဤသည်မှာ စုဝေးပွဲတစ်ခုက ရနိုင်သည့် အကောင်းဆုံးသောရလဒ်ဖြစ်သည်။ ဤကဲ့သို့သောမိတ်သဟာယပြုခြင်းမျိုးမှတစ်ဆင့် ရှင်းလင်းပြတ်သားသွားသည်အထိ သမ္မာတရားလက်တွေ့ကျမှုအကြောင်းကို လူတိုင်းက ပြောဆိုဆက်ဆံကြသောအခါ သူတို့သည် ထိုအခါတွင် သမ္မာတရားကို နားလည်ကြလိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် သမ္မာတရားကို နားလည်ပြီးနောက် သူတို့သည် သမ္မာတရားကို မည်သို့တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ရမည်ကို သဘာဝအလျောက် သိလာကြလိမ့်မည်။ သူတို့သည် သမ္မာတရားကို တိတိကျကျ လက်တွေ့လုပ်ဆောင်နိုင်သောအခါ သမ္မာတရားကို သူတို့ ရပြီးဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် သမ္မာတရားကို ရပြီးဖြစ်သောအခါ သူသည် ဘုရားသခင်ကို ရပြီးဖြစ်လိမ့်မည်လော။ အကယ်၍ တစုံတစ်ယောက်သည် ဘုရားသခင်ကို ရပြီးဖြစ်ပါက သူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရပြီးဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ ခေါင်းဆောင်တစ်ဦးသို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် လုပ်ရသည့် သင်၏အလုပ်တွင် သင်သည် ဤရလဒ်ကို ရနိုင်သည်။ သင်သည် သင်၏အလုပ်ကို သင့်တင့်လျောက်ပတ်စွာ လုပ်ပြီးဖြစ်လိမ့်မည်။ သင်သည် စံနှုန်းမီအောင် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်ဖြစ်သည့်အပြင် သင်သည် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ရလိမ့်မည်။ ဘုရားသခင်ရွေးချယ်ထားသည့်လူများအားလုံးက သမ္မာတရားကို နားလည်ကြသောအခါ သူတို့သည် သင့်ကို ကိုးကွယ်နေကြဦးမည်လော၊ ကြည်ညိုလေးစားနေကြဦးမည်လော၊ သင့်နောက်သို့ လိုက်လျှောက်နေကြဦးမည်လော။ (မဟုတ်ပါ။) လူများက သင့်ကို ချီးကျူးခြင်း၊ လေးစားခြင်း၊ သင်နှင့် ထိတွေ့ဆက်ဆံ၍ အပြန်အလှန်ဆက်ဆံဖို့ ဆန္ဒရှိခြင်း၊ ယင်းထံမှ သူတို့ အကျိုးကျေးဇူးရနိုင်သောကြောင့် သင်၏မိတ်သဟာယကို နားထောင်ဖို့ ဆန္ဒရှိခြင်းတို့သာ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို နားလည်သောသူများသည် အမှန်တကယ် အလင်းနှင့် ဆားဖြစ်နိုင်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် လူတစ်ဦး၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့နှင့် စံနှုန်းပြည့်မီသောဖန်ဆင်းခံတစ်ဦးဖြစ်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်သွားပြီး ဘုရားသခင်နှင့် ပို၍နီးကပ်သောဆက်ဆံရေးတစ်ခုကို ရသွားသောအခါ သူတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရနိုင်သည်။ ပုန်ကန်ခြင်း၊ နားလည်မှုလွဲခြင်း သို့မဟုတ် သူ့ကို အာခံခြင်း မရှိတော့ပေ။ ထို့အပြင် မည်သည့်ပြဿနာများကို သူတို့ ကြုံနေရသည်ဖြစ်စေ သူတို့သည် ဘုရားသခင်ကို ဂုဏ်တင်၍ သူ့အတွက် သက်သေခံပေးနိုင်လိမ့်မည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ဤကဲ့သို့သောစည်းမျဉ်းများနှင့်အညီ သင်လက်တွေ့လုပ်ဆောင်ပါက သင်သတိမထားမိခင်တွင်ပင် သင်သည် ဘုရားသခင်ရှေ့သို့ လူများကို ဆောင်ယူပေးပြီးဖြစ်လိမ့်မည်။ သင်ဦးဆောင်သည့်လူများသည်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်၊ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်၊ ပြီးလျှင် ဘုရားသခင်ကို ဂုဏ်တင်ပြီး သူ့အတွက် သက်သေခံနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်ဦးဆောင်သောလူများသည်လည်း ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ခံရနိုင်ပြီး သူ၏ရယူခြင်းကို ခံရနိုင်သည်။ ထို့ကြောင့် သမ္မာတရားလိုက်စားခြင်းလမ်းကြောင်းကို ခေါင်းဆောင်တစ်ဦးက လျှောက်သောအခါ ဤသည်မှာ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီသည်။ လူတို့လုပ်ဆောင်သည့်အရာက သမ္မာတရားစည်းမျဉ်းများနှင့်ကိုက်ညီနေသရွေ့ သူတို့လုပ်ရပ်များ၏ရလဒ်များသည် ဘေးထွက်ဆိုးကျိုးသက်ရောက်မှုတစ်ခုတလေမျှပင် မရှိဘဲ ပို၍ပို၍ကောင်းလာဖို့သာရှိသည်။ ထို့အပြင် ကိစ္စရပ်တိုင်းတွင် သူတို့သည် ဘုရားသခင်၏ကောင်းချီးနှင့် ကာကွယ်ပေးခြင်းတို့ကို ရရှိလိမ့်မည်။ အကယ်၍ သူတို့သည် ရံဖန်ရံခါတွင် လမ်းကြောင်းမှသွေဖည်သွားခြင်းအချို့ ရှိခဲ့လျှင်ပင် ဘုရားသခင်က သူတို့ကို အသိဉာဏ်ပွင့်လင်းစေ၍ ဦးဆောင်သွားလိမ့်မည်။ ထို့နောက်တွင် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းမှနေ၍ အမှားပြင်ချက်ကို တွေ့လိမ့်မည်။ လူများက မှန်ကန်သောလမ်းကြောင်းကို လျှောက်သောအခါ သူတို့သည် ဘုရားသခင်၏ကောင်းချီးနှင့် ကာကွယ်ပေးခြင်းတို့ကို ရလိမ့်မည်။
ဘုရားသခင်၏အိမ်တော်က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို လက်တွေ့လုပ်ဆောင်ရခြင်း၏နောက်ကွယ်က အကြောင်းရင်းမှာ မည်သည်နည်း။ အဘယ်ကြောင့် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်ရမည်နည်း။ (ထင်ရာစိုင်းလုပ်ဆောင်ခြင်းမဖြစ်စေရန် လူတို့အား တားဆီးဖို့ဖြစ်သည်။) ယင်းသည် အမှန်ပင် ဤပြဿနာကို ရှောင်ကြဉ်ဖို့ဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများကို လက်တွေ့လုပ်ဆောင်ခြင်း၏နောက်ဆုံးရည်မှန်းချက်ပန်းတိုင်သည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို သုံးရန်၊ လမ်းကြောင်းမှန်မှ သွေဖည်ခြင်းများကို ဖြစ်စေခြင်းမှ ရှောင်ကြဉ်ရန်နှင့် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ ပြုမူရန်တို့ဖြစ်ကြသည်။ ယင်းသည် သမ္မာတရားကို နားလည်ဖို့နှင့် လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ဖို့ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်သည့် လမ်းကြောင်းကို ရှာဖို့၊ သူ့အမှုတော်ကို ကျိုးနွံနာခံဖို့နှင့် သူ၏အလိုတော်ကို လုပ်ဆောင်ဖို့အတွက် သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဘုရားသခင်ရွေးချယ်ထားသောလူများကို ဦးဆောင်သွားဖို့တို့ဖြစ်ကြသည်။ ယင်းသည် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များက ပေါ်ပေါက်စေသည့် အထင်အမြင်မှားစေခြင်းနှင့် အနှောင့်အယှက်တို့ကို သတိဖြင့် တားဆီးကာကွယ်ဖို့၊ အသင်းတော်အတွင်းတွင် ပေါ်လာသည့် ပရမ်းပတာဖြစ်ခြင်းများကို တားဆီးဖို့နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏အသက်များ ဆုံးရှုံးမှုများ မဖြစ်စေအောင် ကာကွယ်ဖို့လည်း ဖြစ်သည်။ ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဤရလဒ်များကို ရနိုင်သည်။ အကယ်၍ အသင်းတော်တွင် သမ္မာတရား သို့မဟုတ် ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း မရှိပါက ပရမ်းပတာဖြစ်ခြင်းအကျိုးဆက်ဖြစ်ပေါ်လာဖို့နှင့် နတ်ဆိုးများနှင့် စာတန်များက လွတ်ပေါက်တစ်ခုမှနေ၍ ခေါင်းပုံဖြတ်အမြတ်ထုတ်သဖြင့် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များက အာဏာလက်ကိုင်ရသွားသည့်အကျိုးဆက်ဖြစ်ပေါ်လာဖို့တို့အတွက် သိပ်လွယ်ကူလွန်းသည်။ လူများအားလုံးတွင် ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားများရှိကြသဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အာဏာရှင်ဆန်ဆန်ပြုမူဖို့၊ သူတို့ကိုယ်တိုင်အတွက်သာ စကားပြောခွင့်ပေးဖို့နှင့် သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ချက်များအားလုံးကို ချဖို့ ပိုဖြစ်လွယ်သည်။ အသင်းတော်တွင် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များ အာဏာကိုင်စွဲထားခြင်း၊ မိမိတို့သာ ပြောဆိုခွင့်ရနေခြင်းနှင့် ၎င်းတို့မိသားစုများ၏ထိန်းချုပ်မှုအောက်သို့ အသင်းတော်ကို ရောက်စေခြင်းတို့မှနေ၍ ကန့်သတ်ထားဖို့အပါအဝင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ထင်ရာစိုင်းလုပ်ဆောင်ခြင်းမဖြစ်စေရန် ကာကွယ်တားဆီးဖို့အတွက်သက်သက်သာ ဘုရားသခင်၏အိမ်တော်သည် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများကို လက်တွေ့လုပ်ဆောင်သည်။ ယင်းမှာ အာဏာရှင်ဆန်သူနှင့် အန္တိခရစ်တို့၏ ချဉ်းကပ်မှုများအားလုံးကို လုံးလုံးလျားလျား ကန့်သတ်ထားဖို့ဖြစ်သည်။ သို့ရာတွင် ဤသည်က ဘုရားသခင်၏အိမ်တော်သည် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ညီအစ်ကိုမောင်နှမများကို နောက်ဆုံး ဆုံးဖြတ်ချက်ချပိုင်ခွင့်ပေးနေခြင်းဖြစ်သည်ဟု မဆိုလိုပါ။ ထို့အပြင် ယင်းသည် အရာရာတိုင်းကို ညီအစ်ကိုမောင်နှမများနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချရမည်ဟူ၍လည်း မုချ မဆိုလိုပါ။ ဘုရားသခင်၏အိမ်တော်တွင် ဒီမိုကရေစီစနစ်အပြင် ဗဟိုချုပ်ကိုင်မှုလည်းပါသည်။ ဘုရားအိမ်တော်အနေဖြင့် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ဖို့ အလွန်လိုအပ်သည်။ ဒီမိုကရေစီစနစ်ကို လက်တွေ့လုပ်ဆောင်ရုံဖြင့် ရရှိသော အဆုံးသတ်ကောက်ချက်များသည် သမ္မာတရားနှင့်ကိုက်ညီဖို့ အာမခံနိုင်သလော။ သေချာပေါက်အာမခံနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဗဟိုချုပ်ကိုင်မှုရှိရခြင်းဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရား၊ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီသည့် တိကျသောအဆုံးသတ်ကောက်ချက်တစ်ခုကို ပေးဖို့ လူတိုင်း၏ထင်မြင်ချက်များကို အတူတကွ စုပေါင်းပါဝင်ထားဖို့ကို ဆိုလိုသည်။ ပိုကောင်းသောရလဒ်များကို ရဖို့ ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများက မတတ်နိုင်သောအခါ ထိုအချိန်တွင် ဤရလဒ်များကို ရဖို့ လိုအပ်သည့်အရာမှာ ဗဟိုချုပ်ကိုင်မှုဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းမှာ ပြဿနာတစ်ခုအကြောင်းကို မိတ်သဟာယပြုပြီးနောက် ဆုံးဖြတ်ချက်ချသည့်အဖွဲ့က အားလုံးသဘောတူညီမှုတစ်ခုသို့ မရောက်နိုင်ဘဲ မှန်ကန်သောဆုံးဖြတ်ချက်ကို မချနိုင်ပါက ထိုအခါတွင် သူတို့သည် သူတို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချပေးဖို့ အထက်သို့ ဤအကြောင်းအရာကို အစီရင်ခံရမည်ဟူ၍ ဖြစ်သည်။ အထက်က သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ပိုင်ဆိုင်သောကြောင့် သူတို့ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များသည် တိကျပြီး ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီဖြစ်သည်။ အကယ်၍ အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် ဆုံးဖြတ်ချက်ချသည့်အဖွဲ့သည် သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုဖို့ သို့မဟုတ် စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာဖို့ မတတ်နိုင်ပါက၊ အကယ်၍ ဆုံးဖြတ်ချက်တစ်ခုကို မည်သို့ချရမည်ကို သူတို့ မသိကြပါက၊ ထို့အပြင် ဤအခြေအနေများအောက်တွင် အထက်သို့ အစီရင်မခံပါက သို့မဟုတ် အထက်က ဆုံးဖြတ်ချက်တစ်ခုကို ချပေးဖို့ မတောင်းဆိုဘဲ ဤအစား မိမိဆန္ဒအလျောက် ဦးဆောင်ပါက ထိုအချိန်တွင် ဤအသင်းတော်နှင့် ဆုံးဖြတ်ချက်ချသည့်အဖွဲ့တို့သည် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များက ထိန်းချုပ်ခြင်းကို ခံထားကြရပြီဖြစ်သည်။ အကယ်၍ ဘုရားသခင်ရွေးချယ်ထားသောလူများက သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းဖြင့် ရလဒ်များကို ရပါက၊ သူတို့ ချလိုက်သည့်ကောက်ချက်များက မှန်ကန်ပါက၊ အထက်သည် သူတို့၏သဘောတူထောက်ခံမှုကို ပေးလိုက်လိမ့်မည်။ အကယ်၍ သူတို့၏အဆုံးသတ်ကောက်ချက်များတွင် လမ်းကြောင်းမှန်မှ သွေဖည်နေခြင်းများ ရှိနေသေးပါက၊ ပြီးလျှင် ယင်းတို့သည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝ မကိုက်ညီပါက၊ ထိုအခါတွင် အထက်က သူတို့ကို အမှားပြင်ပေးလိမ့်မည်။ ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများတွင် ရံဖန်ရံခါ ပေါ်ပေါက်လာသည့် အမှားများကို ဤနည်းဖြင့် ထိရောက်စွာ ရှောင်ကြဉ်နိုင်သည်။ ဤဗဟိုချုပ်ကိုင်မှုဖြင့် ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများသည် အနှောင့်အယှက်မရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နိုင်ကြောင်းနှင့် တစ်ချိန်တည်းတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက သူတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် လမ်းကြောင်းမှန်မှ သွေဖည်ခြင်းများမရှိကြောင်း အာမခံဖို့ ဖြစ်နိုင်သည်။ ဘုရားသခင်၏အိမ်တော်သည် ဒီမိုကရေစီစနစ်ကို လက်တွေ့လုပ်ဆောင်သော်လည်း ဤအတွက် စည်းမျဉ်းများရှိသည်။ ဤစည်းမျဉ်းများမှာ ဘုရားနှုတ်ကပတ်တော်များ၏သမ္မာတရားနှင့်အညီ ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် လူတစ်ဦးသည် ဘုရားသခင်ထံတွင်နှင့် ကိစ္စရပ်များအားလုံးတွင် သူပြောသမျှအရာရာတိုင်းကို ကျိုးနွံနာခံရမည်ဖြစ်ကြောင်းတို့ဖြစ်ကြသည်။ ဒီမိုကရေစီအတွက် ဘုရား အိမ်တော်၏စည်းမျဉ်းများနှင့်အညီဖြစ်ဖို့အလို့ငှာ ဤရလဒ်များကို ရရှိရမည်။ အသင်းတော်၏ဒီမိုကရေစီအလေ့အကျင့်၏နောက်ဆုံးရလဒ်များသည် သမ္မာတရားနှင့်အညီဖြစ်ရမည်။ သမ္မာတရားနှင့်အညီမဖြစ်ပါက ထိုအခါတွင် ၎င်းတို့ကို ပယ်ဖျက်ပစ်ရမည်။ ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ ကိစ္စရပ်များအားလုံးတွင် ဘုရားသခင်ရွေးချယ်ထားသောလူများက အဆုံးသတ်ဆုံးဖြတ်ချက်ကို ချခွင့်ရှိကြောင်းနှင့် ညီအစ်ကိုမောင်နှမများက ပြောသည့် မည်သည့်အရာကိုမဆို လေးစားရမည်ဖြစ်ပြီး ထည့်တွက်ရမည်ဖြစ်ကြောင်းဟူ၍ လူအချို့က ယုံကြည်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ ညီအစ်ကိုမောင်နှမများတွင် သမ္မာတရားရှိကြသလော။ (သူတို့တွင် မရှိကြပါ။) အကယ်၍ ကိစ္စရပ်များအားလုံးတွင် သူတို့ကို အဆုံးသတ်ဆုံးဖြတ်ချက်ချခွင့်ပြုလိုက်ပါက ယင်းသည် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များကို အဆုံးသတ်ဆုံးဖြတ်ချက်ချခွင့်ပြုလိုက်ခြင်းနှင့် မည်သို့ကွာခြားသနည်း။ ကိစ္စနှစ်ရပ်လုံး၌ သူတို့တွင် သမ္မာတရားမရှိကြသည့်အပြင် သူတို့သည် ဖောက်ပြန်ပျက်စီးသောလူများဖြစ်ကြသည်။ အကယ်၍ သူတို့တွင် အဆုံးသတ်ဆုံးဖြတ်ချက်ချခွင့်ရှိပါက ထိုအခါတွင် စာတန်က အာဏာကိုင်စွဲထားခြင်းဖြစ်နေသည်မဟုတ်လော။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို လက်တွေ့လုပ်ဆောင်ဖို့ဆိုသည်မှာ ညီအစ်ကိုမောင်နှမများပြောသမျှအရာအားလုံးက သမ္မာတရားဖြစ်သည်၊ မှန်ကန်သည်၊ ထို့အပြင် လေးစားရမည်ဟု မဆိုလိုပါ။ ဤသည်မှာ မမှန်ကန်ပါ။ ဒီမိုကရေစီစနစ်သည် လူတိုင်း စကားပြောခွင့်ပြုဖို့၊ ဆွေးနွေးခွင့်ပြုဖို့၊ မိတ်သဟာယပြုခွင့်ပြုဖို့နှင့် သူတို့၏ကိုယ်ပိုင် တာဝန်ခံမှုများ၊ ဝတ္တရားများနှင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ အဓိက လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်။ သို့ရာတွင် ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ အာဏာသည် ဆုံးဖြတ်ချက်ချသည့်အဖွဲ့၏လက်ထဲတွင်ပင်ရှိသည်။ သမ္မာတရားကို နားလည်သောသူများက ဆုံးဖြတ်ချက်များကို ချပြီး အရေးကြီးကိစ္စရပ်များအားလုံးကို အထက်က ဆုံးဖြတ်သည်။ ဤနည်းဖြင့် အသင်းတော်က ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များသည် အများအားဖြင့် မှန်ကန်ကြောင်း သို့မဟုတ် ဆုံးဖြတ်ချက်အများစုသည် မှန်ကန်ကြောင်းနှင့် လမ်းကြောင်းမှန်မှ သွေဖည်မှုများသည် ပို၍နည်းနည်းလာလိမ့်မည်ဖြစ်ကြောင်း အာမခံနိုင်သည်။ ဤသည်မှာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို ကျင့်သုံးခြင်း၏နောက်ကွယ်က အဓိပ္ပါယ်ဖြစ်သည်။ ကိစ္စရပ်များအားလုံးတွင် သမ္မာတရားနှင့်အညီဖြစ်ခြင်း၏အကျိုးသက်ရောက်မှုကို ရဖို့၊ အမှားများ အနည်းငယ်သာ သို့မဟုတ် လုံးဝ မကျူးလွန်မိတော့သည့်၊ ဘုရားသခင်၏အလိုတော်အတိုင်း လုပ်သည့်အခိုက်သို့ ရောက်ဖို့နှင့် ကမ္ဘာပေါ်တွင် ဘုရားသခင်၏အလိုတော်ကို အတားအဆီးမဲ့ ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ရန် အာမခံနိုင်ဖို့အလို့ငှာ ဤအရာများကို လုံးလုံးလျားလျား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ အကယ်၍ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို လက်တွေ့မလုပ်ဆောင်ပါက ဟာကွက်များကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေသည့် မြောက်မြားလှစွာသော၊ ဆိုးယုတ်သောလူများနှင့် အာဏာရှင်ဆန်ဆန်ပြုမူသည့် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များရှိလာမည်မှာ ကျိန်းသေပါသည်။ ဤသည်က ဧဝံဂေလိတရားပြန့်ပွားခြင်းကိုသာ အကျိုးသက်ရောက်သည်မဟုတ်ဘဲ၊ ဘုရားသခင်ရွေးချယ်ထားသောလူများ၏အသင်းတော်အသက်တာနှင့် အသက်ဝင်ရောက်မှုတို့ကိုလည်း အကျိုးသက်ရောက်သည်။ ဘုရားသခင်၏အိမ်တော်က ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများကို လက်တွေ့လုပ်ဆောင်ခြင်း စတင်ခဲ့ကတည်းက ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံလာခဲ့ရသော ခေါင်းဆောင်အတုအယောင်များနှင့် အမှုဆောင်များ၊ အခွင့်အရေးယူဖို့ အခွင့်အလမ်းများ မရခဲ့ကြသောဆိုးယုတ်သူများ အရေအတွက်များစွာရှိခဲ့ပြီ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရွေးချယ်ခြင်းခံထားရသည့် သမ္မာတရားလိုက်စားကြသောသူများနှင့် ဘုရားသခင်ရွေးချယ်ထားသောသူများက အသိအမှတ်ပြုသောသူအရေအတွက်များစွာရှိခဲ့ပြီ။ သူတို့အား လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုကို ပေးထားပြီး၊ စုံလင်အောင်ပြုခြင်းခံထားရသည်။ ဤသည်တို့မှာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများကို လက်တွေ့လုပ်ဆောင်ခြင်း၏ရှင်းလင်းပြတ်သားသောရလဒ်များဖြစ်ကြပြီး၊ ၎င်းတို့ကို အားလုံးက မြင်နိုင်သည်။ အသင်းတော်တွင် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးခြင်းက ဘုရားသခင်၏အိမ်တော်၊ အသင်းတော်နှင့် လူတိုင်းအတွက် အကျိုးရှိပြီး အထောက်အကူဖြစ်ကြောင်းကို ဘုရားသခင်ရွေးချယ်ထားသောလူအားလုံးက နားလည်သင့်သည်။ အသင်းတော်ရှိ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် ဘုရားသခင့်အိမ်တော်၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ သူတို့အထဲမှ မည်သူကမျှ အပြင်လူများ မဟုတ်ကြသောကြောင့်၊ အသင်းတော်၏အလုပ်၊ စသည်တို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၌ လူတိုင်းတွင် စကားပြောပိုင်ခွင့်၊ ဆွေးနွေးပိုင်ခွင့်၊ မဲပေးပိုင်ခွင့်နှင့် ရွေးကောက်ပိုင်ခွင့်တို့ရှိသည်။ ဤသည်မှာ လူတိုင်း၏အခွင့်အရေးဖြစ်သည်။ သို့ရာတွင် ဤအခွင့်အရေးရှိခြင်းသည် သင့်တွင် သမ္မာတရား ပိုင်ဆိုင်ခြင်းနှင့် မညီမျှပါ၊ သို့မဟုတ် သင့်အား အဆင်အခြင်မဲ့ပြုမူဖို့ ခွင့်ပြုပေးခြင်းနှင့် မညီမျှပါ။ အကယ်၍ သင်က ဤအခွင့်အရေးကို အလွဲသုံးစားလုပ်ပါက ဘုရားသခင်၏အိမ်တော်က သင့်ကို မကန့်သတ်သင့်သလော။ (ကန့်သတ်သင့်သည်။) သင့်ကို ဤအခွင့်အရေးကို ပေးထားသည်မှာ သို့မှသာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့မှသာ သင်သည် အသင်းတော်နှင့် ဘုရားအိမ်တော်တို့၏အကျိုးစီးပွားများကို ထိန်းသိမ်းလိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းမှာ သင့်တွင် အဆုံးသတ်ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိပြီး၊ အဆင်အခြင်မဲ့ပြုမူနိုင်ဖို့အတွက် မဟုတ်ချေ။ အသင်းတော်သည် သင်က မှန်ကန်သည်ဟု ပြောသောအရာများကို ကိုးကားပြီး၊ သဘောတူလက်ခံနိုင်ပါသည်။ အကယ်၍ သင်က မှားယွင်းနေသည့်တစ်ခုခုကို ပြောပြီး၊ ပယ်ချခြင်းခံရပါက သင်သည် မလျှော့တမ်းပေလုပ်နေ၍ မရပေ။ သင်သည် လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအလေ့အကျင့်ပုံစံသည် ဘုရားအိမ်တော်၏အလုပ်အတွက် ကောင်းကျိုးဖြစ်ထွန်းစေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။