ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၅)

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ စည်းမျဉ်းနှစ်ခုကို အာရုံစိုက်ရမည်။ တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် အသင်းတော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ အရေးအပါဆုံးဖြစ်သည့် နောက်ထပ်အချက်မှာ အရာခပ်သိမ်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက သို့မဟုတ် ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို ၎င်းတို့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ ၎င်းတို့လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင် ၎င်းတို့ အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် ၎င်းတို့ ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ ၎င်းတို့ ပြီးမြောက်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် ခေါင်းဆောင်များနှင့် အမှုဆောင်များ လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်။ လူတစ်ဦးသည် အထက်မှ အလုပ်စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင် အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ ပြီးလျှင် အခြားအချက်မှာ ၎င်းတို့၏အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန် ဖြစ်သည်။ ဤစည်းမျဉ်းနှစ်ခုကို နားလည်သဘောပေါက်သည့်အခါ ၎င်းတို့သည် မိမိတို့၏အလုပ်၌ လွန်စွာ အမှားလုပ်တတ်လေ့ရှိမည် မဟုတ်ပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်း၌ သင်တို့၏ အတွေ့အကြုံ နည်းပါးနေသေးပြီး သင်တို့အလုပ်လုပ်သည့်အခါ သင်တို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များဖြင့် အလွန်ရောနှောလေသည်။ တစ်ခါတစ်ရံ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည့် သင်တို့အတွင်းရှိ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် လမ်းပြခြင်းကို နားလည်ကောင်း နားလည်နိုင်ကြမည်မဟုတ်။ အခြားအချိန်များတွင် သင်တို့သည် ယင်းကို နားလည်ပုံရကြသော်လည်း ယင်းကို သင်တို့ လျစ်လျူရှုနိုင်ဖွယ်ရှိသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားဘဲ လျော်ကန်သည်ဟု သင် ထင်သည့်အတိုင်း ပြုမူရင်း လူသားပုံစံဖြင့် အမြဲ စိတ်ကူးသည်၊ သို့မဟုတ် ကောက်ချက်ချသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းကိုမဆို ဘေးဖယ်ထားရင်း သင်ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များအတိုင်း လုံးဝဥဿုံ သင်၏အလုပ်ကို လုပ်သည်။ ထိုသို့သော အခြေအနေများက မကြာခဏ ဖြစ်ပွား၏။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အတွင်းလမ်းပြမှုသည် သဘာဝနယ်လွန်မဟုတ်ပေ။ အမှန်တွင် ယင်းသည် အလွန် ပုံမှန်ဖြစ်၏။ ဆိုလိုသည်မှာ သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင် ဤသည်မှာ ပြုမူဖို့ လျော်ကန်သည့် နည်းလမ်းတစ်ခု ဖြစ်ကာ အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု သင် ခံစားသည်။ ဤအတွေးသည် အကယ်စင်စစ် အတော်အတန် သိသာထင်ရှားပေသည်။ ယင်းသည် တွေးဆမှု၏ ရလဒ်မဟုတ်သကဲ့သို့ တစ်ခါတစ်ရံ သင် ဤသို့ အဘယ်ကြောင့်ပြုမူသင့်သည်ကို သင် အပြည့်အဝ နားမလည်ပေ။ ဤသည်မှာ မကြာခဏ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အတွေ့အကြုံရှိသည့် လူအများစုထံ ဖြစ်ပျက်တတ်သည်။ အသင့်တော်ဆုံးသောအရာကို လုပ်ဆောင်ရန် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြသည်။ ယင်းမှာ သင် တွေးထင်သည့် အရာတစ်ခုမဟုတ်။ ထို့ထက် ဤသည်မှာ လုပ်ဆောင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု သင့်ကို သဘောပေါက်စေသည့် သင်၏ စိတ်နှလုံးရှိ ခံစားချက်တစ်ခု ဖြစ်ပြီး အကြောင်းရင်းမသိဘဲ ထိုသို့လုပ်ဆောင်ရန် သင် နှစ်သက်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာကောင်းလာနိုင်ပေသည်။ လူတစ်ဦး၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်သည် တွေးတောခြင်းနှင့် စဉ်းစားဆင်ခြင်မှုမှ ယေဘုယျအားဖြင့်လာပြီး မိမိလိုအင်ဆန္ဒဖြင့် အားလုံး ရောနှောပေသည်။ ယင်းက ၎င်းတို့အဖို့ မည်သည့် အကျိုးကျေးဇူးနှင့် အကျိုးအမြတ်ရှိသည်ဆိုသည်ကို အမြဲတွေးကြသည်။ လူတို့လုပ်ဆောင်ရန် ဆုံးဖြတ်သည့် လုပ်ဆောင်ချက်တိုင်းတွင် ဤအရာများရှိလေသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှုသည် ထိုသို့သော ရောနှောမှုများ လုံးဝ မပါရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှု သို့မဟုတ် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကို သေချာစွာ အာရုံစိုက်ဖို့ လိုအပ်ပေသည်။ အထူးသဖြင့် အဓိက ကိစ္စရပ်များတွင် ယင်းကို သဘောပေါက်ဖို့ရန် သင် ဂရုစိုက်ရမည်။ ၎င်းတို့၏ ဦးနှောက်များကို အသုံးပြုရန် နှစ်သက်သည့်လူများနှင့် ၎င်းတို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များကိုဆောင်ရွက်ဖို့ နှစ်သက်ကြသည့်လူများသည် ထိုသို့သော လမ်းပြမှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို လွတ်သွားတတ်ဆုံး ဖြစ်သည်။ အရည်အချင်းရှိသော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ကြသူများ၊ အချိန်တိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အာရုံစိုက်သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ကျိုးနွံနာခံသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားကာ သမ္မာတရားကို မမောနိုင်မပန်းနိုင် လိုက်စားကြသူများ ဖြစ်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် သူ့အတွက် ကောင်းမွန်စွာ သက်သေခံဖို့ သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ တာဝန်ထမ်းဆောင်မှုရှိ ရောနှောမှုများကို မကြာခဏ သုံးသပ်ဆင်ခြင်သင့်သည်။ ထို့နောက် အလုပ်မည်မျှက လူသား၏ ထင်မြင်ယူဆချက်များအားဖြင့် လှုံ့ဆော်ခံရသည်၊ မည်မျှက သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှ ပေါက်ဖွားပြီး မည်မျှက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသည်ဆိုသည်တို့ကို စောင့်ကြည့်လေ့လာဖို့ရန် ကြိုးစားသင့်ပေသည်။ သင်သည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ စဉ်ဆက်မပြတ်၊ အခြေအနေအားလုံးတွင် ဆင်ခြင်သုံးသပ်ရမည်။ ဤပုံစံဖြင့် မကြာခဏ လက်တွေ့လုပ်ဆောင်ခြင်းက သင့်ကို ဘုရားသခင်အား အစေခံခြင်းနှင့်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် ထားရှိလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် ဘုရားသခင်ကိုအစေခံမှု စွမ်းဆောင်ရရှိဖို့ သမ္မာတရား စစ်မှန်မှုများကို ပိုင်ဆိုင်ရန် လိုအပ်ပေသည်။ လူတို့သည် သမ္မာတရားကို နားလည်ပြီးသည့်နောက်တွင်သာ ချင့်ချိန်နိုင်စွမ်းကို ရနိုင်ကြပြီး ၎င်းတို့ကိုယ်တိုင်၏ စိတ်ကူးများမှ မည်သည့်အရာ ထွက်ပေါ်သည်ဆိုသည်နှင့် လူတို့၏ ကြံရွယ်ချက်များမှ မည်သည့်အရာများ ပေါ်ပေါက်သည်ကို သတိပြုနိုင်ကြလေသည်။ လူသား၏ မစင်ကြယ်မှုများအပြင် သမ္မာတရားအတိုင်း ပြုမူဖို့ဆိုသည်မှာ မည်သည့်အရာဆိုလိုသည်ကို သတိပြုမိနိုင်ကြလေသည်။ ပိုင်းခြားသိမြင်နိုင်သည့်နောက်တွင်သာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြည့်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီနိုင်ကြောင်း ယင်းက သေချာနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ချင့်ချိန်နိုင်စွမ်းကို လက်တွေ့လုပ်ဆောင်ဖို့ လူတို့အတွက် မဖြစ်နိုင်ပေ။ နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦးသည် သမ္မာတရားကို နားမလည်သောကြောင့် သူကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခံရဖို့က မည်သည့်အရာဆိုလိုသည် သို့မဟုတ် ဘုရားသခင်ကို ခုခံဖို့က မည်သည့်အရာဆိုလိုသည်ကို သိရှိခြင်းမရှိဘဲ သူ၏တစ်သက်တာလုံး ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်မိပေမည်။ ထိုအတွေးက သူ၏စိတ်ထဲတွင် ရှိပင်မရှိပေ။ အရည်အချင်း အလွန်နိမ့်ကျသော လူတို့အတွက် သမ္မာတရားသည် လက်လှမ်း၍မမီနိုင်ပေ။ ထိုသမ္မာတရားနှင့်ပတ်သက်၍ သင် ၎င်းတို့နှင့် မည်သို့ မိတ်သဟာယပြုသည် ဖြစ်စေ၊ ၎င်းတို့ နားမလည်ကြဆဲ ဖြစ်သည်။ ထိုသို့သော လူများသည် နားဝေတိမ်တောင် ဖြစ်ကြပေသည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင် နားဝေတိမ်တောင်ဖြစ်သော လူများသည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ၎င်းတို့သည် အနည်းငယ်မျှသာ အလုပ်လုပ်ပေးနိုင်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ ဖြစ်ပါက ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်း၍မရနိုင်ပေ။ အနည်းဆုံးအနေဖြင့် သမ္မာတရားကို အလွယ်တကူ နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်ရန်အလို့ငှာ ၎င်းတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှုရှိကာ အမှုအရာများကို ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်ရမည် ဖြစ်သည်။ အချို့လူတို့၏ အတွေ့အကြုံများက အလွန်ပေါ့တန်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ သမ္မာတရားအပေါ် မိမိတို့၏ သိနားလည်မှုတွင် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများရှိပြီးနောက် အမှားများပြုတတ်ကြသည်။ မိမိတို့၏ သိနားလည်မှုတွင် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများ ရှိသည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အလုပ်တာဝန်နှင့် ၎င်းတို့ မကိုက်ပေ။ လူတို့၏ သိနားလည်မှုတွင် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများ ရှိသည့်အခါ စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်မိဖို့များပြီး စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်သည့်အခါ အမှားများပြုမိရန် လွယ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အလုပ်တာဝန်နှင့် ၎င်းတို့ မကိုက်ပေ။ သိနားလည်မှုတွင် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများ ရှိသည့်အခါ အန္တိခရစ်တို့၏ လှည့်စားခံရပြီး အသုံးချခံရဖို့လည်း လွယ်ကူသည်။ ထို့ကြောင့် သိနားလည်မှု၌ရှိသည့် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများက အမှားများစွာ ဖြစ်စေနိုင်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်မည်မဟုတ်ရုံသာမက အလွယ်တကူလည်း လမ်းလွဲသွားနိုင်သည်။ ယင်းက ဘုရားရွေးချယ်ထားသူတို့၏ အသက်ဝင်ရောက်မှုကို ထိခိုက်နစ်နာစေသည်။ တစ်စုံတစ်ဦးက မိမိတာဝန်ကို ဤသို့လုပ်ဆောင်ခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်တားဆီးသော သူတစ်ဦးသက်သက် ဖြစ်လာကြပြီဖြစ်သည်။ ထိုမျှမက ဤကျရှုံးမှုများမှ သင်ခန်းစာများ သင်ယူရမည်ဖြစ်သည်။ ဘုရားအပ်နှင်းသည့်အလုပ်ကို ဖြည့်ဆည်းရန်အလို့ငှာ၊ ခေါင်းဆောင်နှင့် အမှုဆောင်များက ဤစည်းမျဉ်းနှစ်ခုကို သဘောပေါက်ဖို့ လိုအပ်သည်။ တာဝန်ကို ထမ်းဆောင်ရာတွင် အထက်မှ အလုပ်အစီအစဉ်များကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့်လမ်းပြမှုကိုမဆို အာရုံစိုက်ကာ ကျိုးနွံနာခံရမည်ဖြစ်သည်။ ဤအခြေခံသဘောတရားနှစ်ခုကို သဘောပေါက်သည့်အခါမှသာ လူတစ်ဦး၏ အလုပ်သည် ထိရောက်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်နိုင်မည် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။