ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု (အပိုင်း တစ်)

ယခုတွင် သင်တို့အားလုံးသည် သင်တို့၏ အသက်ဝင်ရောက်မှုနှင့် စပ်လျဉ်း၍ လမ်းကြောင်းတစ်ခုနှင့် ကြီးထွားတိုးတက်မှု ရှိကြပြီလော။ အသက်ဝင်ရောက်မှုတွင် ကြီးထွားတိုးတက်မှု၏ လက္ခဏာများက မည်သည့်အရာများ ဖြစ်သည်ကို သင်တို့ သိကြသလော။ သင်၏ ဝိညာဉ်ရေးရာ အခြေအနေရှိ မည်သည့် အပြောင်းအလဲများ သို့မဟုတ် ယခင် သင်ပိုင်ဆိုင်ခဲ့သည့် အရာများနှင့် မတူကွဲပြားသည့် မည်သည့် သရုပ်သကန်များက သင့်အား အသက်တာကြီးထွားတိုးတက်ခြင်းရှိကြောင်း ခံစားခွင့်ပေးသနည်း သို့မဟုတ် ညီအစ်ကို မောင်နှမများအား သင်သည် ရင့်ကျက်ပြီးဖြစ်ကြောင်းနှင့် သင်၏ စိတ်သဘောထား စတင်ပြောင်းလဲပြီဖြစ်ကြောင်းကို မြင်ခွင့်ပေးသနည်း။ ဝိညာဉ်ရေးရာ အခြေအနေကို ကြည့်သည့်အခါ၊ တစ်စုံတစ်ဦးသည် မိမိ၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားတိုးတက်မှုကို တွေ့ကြုံသည့်အခါ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ မရေမရာ မခံစားရတော့ပေ။ ၎င်းတို့သည် တုံ့ဆိုင်းမနေကြသကဲ့သို့ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိကြလေသည်။ ဘုရားသခင်ကို ယုံကြည်မှုသည် ကယ်တင်ခြင်းအတွက် ဖြစ်ကြောင်းကို ၎င်းတို့ သိကြပြီး သမ္မာတရားကို လိုက်စားသောသူတို့သာ ကယ်တင်ခြင်းကို ရရှိနိုင်ကြောင်း သိကြသည်။ ဤလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ကာ ခြေလှမ်းခြင်းသည် ပထမဦးစွာ လူတို့၏ စိတ်နှလုံးများကို ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်း ဆောင်ကြဉ်းပေးသည်။ သင်တို့စိတ်နှလုံးများတွင် ယခု ဤငြိမ်သက်ခြင်းနှင့် နှစ်သိမ့်မှု ရှိကြသလော။ (ရှိပါသည်။ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများကို ကျွန်ုပ်တို့ ကြုံပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်နိုင်ကာ ကျွန်ုပ်တို့ ချို့တဲ့သည့် အရာများအတွက် ဤအခြေအနေများကို အထူးသဖြင့် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ ယင်းတို့သည် ကျွန်ုပ်တို့ လိုအပ်သော အရာများဖြစ်ကြောင်း မြင်နိုင်ကြသည့်အခါ ထိုအချိန်တွင် စိတ်၏ ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့ ခံစားရသည်။ သို့ရာတွင် အခက်အခဲများကို ကျွန်ုပ်တို့ ကြုံပြီး ထိုအခက်အခဲများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိသည့်အခါ ကျွန်ုပ်တို့ စိုးရိမ်ကြပါသည်။) အခက်အခဲများကို သင်တို့ ကြုံဆုံရသည့်အခါ အတွင်းတွင် ပုံမှန်အားဖြင့် မည်သည့် အခြေအနေ သင်တို့ ရှိကြသည်ဖြစ်စေ ပထမဦးစွာ အခြေအနေတစ်ခုလုံးကို ခြုံငုံ၍ကြည့်လော့။ သင်တို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းအား ရွေးချယ်ခြင်းသည် မှန်ကန်ကြောင်း၊ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကြောင်း သင်တို့ မထင်ကြသလော။ ဤလမ်းကြောင်းသည် ဘဝအတွက် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု သင်တို့ ဆုံးဖြတ်နှင့်ပြီး ဖြစ်သည် မဟုတ်လော။ စိတ်နှစ်ခွမရှိဘဲ ဆက်လက်လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက်နှင့် အလိုဆန္ဒ သင်တို့ ရှိကြသည် မဟုတ်လော။ ဤသည်မှာ သင်တို့၏ အခြေအနေ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သင်၏ အသက်တာ ကြီးထွားနေကြောင်း ပထမ အရိပ်နိမိတ်ဖြစ်သော ပြောင်းလဲနေသည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် ဥပမာအားဖြင့် လူများ၊ ကမ္ဘာလောက၊ ဤလူမှုအဖွဲ့အစည်း၊ ဘဝလမ်းကြောင်း၊ ဘဝရည်မှန်းချက်များနှင့် ဦးတည်ချက်၊ ဘဝအတွက် သင်ရှိသည့် အဓိပ္ပာယ်နှင့်တန်ဖိုးတို့ကဲ့သို့သော ကိစ္စရပ်များစွာနှင့် စပ်လျဉ်း၍ သင်တို့၏ အတွေးများနှင့် ရှုထောင့်အမြင်များတွင် အပြောင်းအလဲများ တစ်ခုတလေ ရှိသလော။ (အပြောင်းအလဲအချို့ ရှိပါသည်။) လူတို့သည် တရားဒေသနာများကို ပုံမှန် နားထောင်ကြသည့်အခါ မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် အပြုအမူ၊ ပြီးလျှင် ၎င်းတို့၏ အတွေးများတွင် ပြောင်းလဲမှုအချို့ ရှိပေသည်။ သို့သော် ၎င်းတို့သည် လူများ၊ ကိစ္စရပ်များ၊ ဘဝ ရည်မှန်းချက်များနှင့် ဦးတည်ချက်တို့အပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များတွင် အမှန်တကယ် ပြောင်းလဲနေကြသလော။ ဤသွင်ပြင်လက္ခဏာတွင် ၎င်းတို့ အမှန်ပြောင်းလဲပါက ဤအရာတွင် အသက်ဝင်ရောက်မှု ပါဝင်ပေသည်။ သင် ပြောင်းလဲသည့် အတိုင်းအတာသည် အသက်ဝင်ရောက်မှု မည်မျှ သင်ရှိသည့် သက်သေအထောက်အထားဖြစ်သည်။ လူများစွာတို့သည် အမှုအရာများ၏ ဤသွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ နားဝေတိမ်တောင်ဖြစ်နေဆဲ ဖြစ်သည်။ လူများ သို့မဟုတ် ကိစ္စရပ်များအား မည်သို့ ရှုမြင်ရမည်ကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့ ကြုံရသည့် အမှုအရာများနှင့် အခြေအနေများအား မည်သို့ တွေ့ကြုံရမည်ကို မသိကြချေ။ ဘုရားသခင်ကို ၎င်းတို့ မယုံကြည်မီ အချိန်ကာလနှင့် ယှဉ်ကြည့်သည့်အခါ အပေါ်ယံတွင် ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသည့် မှန်ကန်သည့် ရှုထောင့်အမြင်အချို့ကို လက်ခံပြီးသည့်အလား ထင်ရသော်လည်း ကိစ္စရပ်များကို ကြုံရသည့်အခါ ထိုရှုထောင့်အမြင်များအား မည်သို့ အသုံးပြုရမည်ကို မသိကြသကဲ့သို့ ယင်းတို့ကို ကိစ္စရပ်များနှင့် မဆက်စပ်နိုင်ကြချေ။ ဤသည်မှာ စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုလော။ (မဟုတ်ပေ။) စစ်မှန်သည့် ပြောင်းလဲမှုတစ်ခု မဟုတ်ပေ။ လူတစ်ဦးသည် မိမိ၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားတိုးတက်မှု တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို မြင်ရန် အညွှန်းမည်မျှကို ဖော်ပြပြီးပြီနည်း။ (နှစ်ခုဖြစ်ပါသည်။) ဤသည်တို့မှာ ရူပါရုံများ၊ သီအိုရီများနှင့် သက်ဆိုင်သည့် သမ္မာတရားနှင့်ပတ်သက်သော ပထမဆုံး အညွှန်းနှစ်ခု ဖြစ်သည်။

တစ်စုံတစ်ဦးသည် အသက်ဝင်ရောက်မှုတွင် ကြီးထွားတိုးတက်မှု တွေ့ကြုံပြီးခြင်း ရှိမရှိကို အကဲဖြတ်သည့်အခါ လက်တွေ့လုပ်ဆောင်မှုနှင့် ပတ်သက်သည့် အခြားသော အညွှန်းအချို့ ရှိပေသည်။ ပထမဆုံး ပဏာမအကျဆုံးနှင့် အခြေခံအကျဆုံး အညွှန်းမှာ ဤသို့ဖြစ်သည်။ နေ့စဉ် မည်သည့်အရာဖြင့် သင် အလုပ်များသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို သင် လုပ်ဆောင်နေသည်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံး အချိန်မည်မျှကြာ ငြိမ်သက်ပြီး သူ၏ မျက်မှောက်တွင် အသက်ရှင်သည်။ ဤအချိုးသည် အရေးပါလှ၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် သို့မဟုတ် သူ့ကို ဆုတောင်းရန် အချိန်တချို့တလေ ဖယ်ထားခြင်းမရှိဘဲ၊ သမ္မာတရားကို တွေးဆခြင်းအပေါ် သင်၏ အတွေးများကို ကုန်ဆုံးခြင်းမရှိဘဲ တစ်နေ့လုံးနီးပါး ပြင်ပ အရေးကိစ္စများနှင့် အလုပ်များကာ သင်၏ စားဝတ်နေရေးအတွက် အလုပ်လုပ်နေပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းအား အရေးကြီးသည့် အရာတစ်ခုကဲ့သို့ သင် သဘောမထားပေ။ သင်၏ စိတ်နှလုံးသည် ထိုသို့သော အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်ပါက သင်သည် ဘုရားသခင်ထံမှ တိုး၍ အလှမ်းဝေးသည်ထက် ဝေးသွားလိမ့်မည်။ သူ့ကို သင်၏ ယုံကြည်ခြင်းသည် တိုး၍ လျော့နည်းသည်ထက် နည်းသွားလိမ့်မည်ဖြစ်ပြီး အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ သင်သည် အပျက်သဘောဆောင်ပြီး အားနည်းလာလိမ့်မည်။ ဤအရာဖြစ်ပျက်သည့်အခါ သင်၏ အတွင်းပိုင်း အခြေအနေသည် တိုး၍ မူမမှန်ဖြစ်လာသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း အခြေအနေတစ်ခုတွင် ရှိမရှိဟူသည်လည်းကောင်း၊ သင်သည် ဘုရားသခင်၌ ယုံကြည်သူတစ်ဦး ရှိသင့်သည့် ပုံမှန်အခြေအနေတစ်ခု ရှိမရှိဟူသည်လည်းကောင်း၊ ဤပုံမှန် အခြေအနေမျိုးတွင် အချိန်မည်မျှကြာ သင် အသက်ရှင်သည်ဟူသည်လည်းကောင်း၊ သင်၏ စိတ်နှလုံးကို နေရာယူထားသည့် ရုပ်ပိုင်းဆိုင်ရာ ဘဝ၏ ကိစ္စရပ်များစွာမှလွဲ၍ ဘုရားသခင်ရှေ့တွင် အချိန်မည်မျှ သင် ကုန်ဆုံးသည်ဟူသည်လည်းကောင်း ယင်းတို့မှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်းသော ပထမအညွှန်းဖြစ်သည်။ လူအချို့သည် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘဝမှလွဲ၍ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းဖြင့် ကုန်ဆုံးသည့်အချိန် အလွန်နည်းပါးလေသည်။ အချိန်အများစုတွင် ၎င်းတို့သည် အသွေးအသား မွေ့လျော်မှုအတွက် အသက်ရှင်ရင်း ပြင်ပအမှုကိစ္စများနှင့်ပတ်သက်၍ မိမိတို့ဘဝများကို အချိန်ကုန်ဆုံးကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ခြင်း မဟုတ်လော။ တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် မကြာခဏ အသက်ရှင်ပါက ဘုရားသခင်အပေါ် ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့သည် တိုးပွားလိမ့်မည်။ ယင်းက ဘုရားသခင်နှင့် ပုံမှန်မဟုတ်သည့် ဆက်ဆံရေးတစ်ခုသို့ ဆိုက်ရောက်စေသည်။ ယင်းသည် သူနှင့် ဆက်ဆံရေးမရှိခြင်းနှင့် ညီမျှပေသည်။ ထို့ကြောင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ကာကွယ်စောင့်ရှောက်ကာ ထိန်းသိမ်းခြင်းသည် အရေးကြီးသလော၊ အရေးမကြီးသလော။ (အရေးကြီးပါသည်။) အဘယ်မျှ အရေးကြီးသနည်း။ မည်သည့်နေရာတွင် အရေးကြီးသနည်း။ (တစ်ဦးတစ်ယောက်သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ မိမိတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိပါက သူတို့သည် မိမိတို့ကိုယ်ကိုအပေါ် မှီခိုနေခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုံးဝ မဟုတ်ပါ။ သူတို့သည် ဤနည်းဖြင့် အသက်ဝင်ရောက်မှု မရှိနိုင်ပါ။) သင်တို့သည် ဤအရာကို အယူအဆဆိုင်ရာ အဆင့်တစ်ခုထိ နားလည်ကောင်းနားလည်နိုင်သော်လည်း လက်တွေ့ကျသည့် သွင်ပြင်လက္ခဏာကိုမူ သင်တို့ ရှင်းလင်းစွာ မပြောနိုင်ကြပေ။ ထိုအရာအားဖြင့် ငါဆိုလိုသည်မှာ လူအများစုသည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအပေါ် သိပ်မရှင်းလင်းသကဲ့သို့ ကောင်းစွာ နားမလည်ကြပေ။ သင်တို့သည် သတိထားမိလောက်သည့် အသိအနည်းငယ်သာ ရှိကြသည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့အားလုံးကို ငါ မေးမည်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် မိမိတို့လုပ်ရပ်များ၊ စကားများ၊ ကျင့်ကြံပြုမူခြင်း သို့မဟုတ် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်၌ ယုံကြည်လက်ခံမှု သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်မှုမရှိပါက ၎င်းတို့အားလုံးသည် သမ္မာတရားနှင့် ပတ်သက်မှု တစ်ခုတလေ ရှိကြလိမ့်မည်လော။ (ရှိလိမ့်မည်မဟုတ်ပါ။) ၎င်းတို့သည် ဤအရာအားလုံးကို မည်သူ့အတွက် လုပ်ဆောင်နေကြသနည်း။ ယင်းတို့သည် မည်သည့် အခြေခံအုတ်မြစ်ပေါ် တည်ဆောက်ထားသနည်း။ ၎င်းတို့၏ စမှတ်၊ စိတ်ဓာတ်လှုံ့ဆော်မှုများ၊ ရည်မှန်းချက်များနှင့် စည်းမျဉ်းများသည် မည်သည့်နေရာမှ လာသနည်း။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိနိုင်စွမ်းမရှိသကဲ့သို့ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမျှသည် ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်ပါက ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် မည်သည့်အရာအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့ လုပ်ရပ်များ၏ ရင်းမြစ်မှာ အဘယ်နည်း။ (စာတန်ဆန်သော အတွေးအခေါ်များ ဖြစ်သည်။) ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် စာတန်ဆန်သော အတွေးအခေါ်များအပေါ် မှီခိုကြသည်။ ထိုမျှသည် သိသာပေသည်။ လူတစ်ဦးသည် ပြုမူဆောင်ရွက်ကာ မိမိတို့တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ထိုသူ ဖော်ထုတ်ပြပြီး အသက်ရှင်နေထိုင်သည့်အရာသည် ဘုရားသခင်နှင့် မပတ်သက်ပါက သွယ်ဝိုက်သောအားဖြင့် ဆိုလိုသည်မှာ ၎င်းသည် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်ဟူ၍ဖြစ်သဖြင့် ထိုသူသည် နေ့စဉ် အလုပ်များသည်နှင့်အမျှ မည်သည့်အရာအပေါ် မှီခိုနေသနည်း။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန်၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန်၊ အသက်ရှင်ပြီး ပြုမူနေထိုင်ရန် စာတန်၏ အဆိပ်များနှင့် ၎င်းတို့၏ စာတန်ဆန်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် မှီခိုကြ၏။ ဤသည်မှာ လူတစ်ဦးက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားတိုးတက်မှု ရှိမရှိကို တိုင်းတာခြင်းအတွက် တတိယ အညွှန်းဖြစ်သည်။ အတိုချုပ်ပြောရလျှင် ယင်းမှာ လူတစ်ဦးသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိမရှိ ဖြစ်သည်။

လူတစ်ဦးသည် မိမိတို့၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားတိုးတက်မှုနှင့် ပြောင်းလဲခြင်းကို တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် အသုံးပြုနိုင်သည့် နောက်ထပ် လက်တွေ့လုပ်ဆောင်မှု အညွှန်းတစ်ခု ရှိ၏။ ထိုအရာ မည်သည့်အရာဖြစ်သည်ကို သင်တို့ စဉ်းစားနိုင်ကြသလော။ (အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သောအခါ ထိုအရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားကာ စီစဉ်ထားခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ပြီး ကျိုးနွံနာခံတတ်သော စိတ်နှလုံး ရှိကြခြင်း မဟုတ်လော။) မှန်ပေ၏၊ ကျိုးနွံနာခံတတ်သော စိတ်နှလုံးရှိခြင်း ဖြစ်သည်။ ယင်းကို လူတစ်ဦးသည် မိမိတို့ ကြုံရသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်မျှ ကျိုးနွံနာခံတတ်သည်ဆိုသည်နှင့် ၎င်းတို့ ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာကို ကြည့်ခြင်းအားဖြင့် အကဲဖြတ်ရပေသည်။ ၎င်းတို့ထံ တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ လူတစ်ဦးသည် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု အားလုံးကို ၎င်းတို့ ကျိုးနွံနာခံပြီးနောက် မည်သည့် သမ္မာတရားများကို ရရှိနိုင်ကြသည်ဆိုသည်တို့က တစ်စုံတစ်ဦး၏ အသက်ဝင်ရောက်မှုဆိုင်သည့် မည်သည့် သွင်ပြင်လက္ခဏာကို စစ်ဆေးသနည်း။ (၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို စစ်ဆေးပါသည်။) ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို စစ်ဆေးပြီး ဘုရားသခင်၌ ၎င်းတို့ ယုံကြည်မှု မည်မျှကြီးမားသည်ကို စစ်ဆေးပေသည်။ ယင်းမှာ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ အခြားတစ်ခုတလေ ရှိသေးသလော။ (ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။) လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိမရှိဆိုသည်ကို စစ်ဆေး၏၊ ယင်းသည် ထိုအရာ၏ နောက်ထပ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အခြားရှိသေးသလော။ (သမ္မာတရားကို ချစ်မချစ် ဖြစ်သည်။) မှန်ပေ၏။ သမ္မာတရားကို ၎င်းတို့ ချစ်သည် မချစ်သည်၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်ကိုလည်း စစ်ဆေးသည်။ ခြုံကြည့်လိုက်လျှင် ယင်းမှာ သွင်ပြင်လက္ခဏာသုံးခု ဖြစ်သည်။ သင် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိသည် အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ မည်သည့် သဘောထား သင်၌ရှိသည်၊ သင်သည် အတိုက်အခံလုပ်ခြင်း သို့မဟုတ် လက်ခံတတ်ခြင်း ရှိမရှိဆိုသည့်အပေါ် တည်မှီသည်။ ယင်းသည် အခြေခံအကျဆုံးသော အရာဖြစ်သည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ သင်သည် ကျိုးနွံနာခံတတ်သော သဘောထား ရှိကောင်းရှိနိုင်သော်လည်း အမှုအရာများက သင်၏ အယူအဆများနှင့် မကိုက်ညီပါက ကျိုးနွံနာခံရန် သင့်အတွက် အားထုတ်မှုအချို့ လိုအပ်ပေသည်။ ထိုအရာသည် သင်၏ အကြိုက်များနှင့် ကိုက်ညီပြီး ယင်းမှ သင် အကျိုးကျေးဇူးခံစားနိုင်ပါက သင့်အတွက် ကျိုးနွံနာခံရန် သာ၍ လွယ်ကူပေသည်။ ဤသည်မှာ သင်သည် မလုံလောက်စွာ ကျိုးနွံနာခံသည်ဟု ဆိုလိုသည် မဟုတ်လော။ ရံဖန်ရံခါဖြစ်သော သို့မဟုတ် ခဏတာ ကျိုးနွံနာခံခြင်းသည် ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံခြင်း သဘောထားကို ထင်ဟပ်သလော။ ဘုရားသခင်နှင့် ဘုရားသခင်၏ စီစဉ်မှုများမှလာသည့် ထိုအရာနှင့် စပ်လျဉ်း၍ သင် လက်ခံနိုင်သည့် အရာအချို့ရှိပြီး သင် လက်ခံနိုင်သည့် အခြားသောအရာများ ရှိ၏။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင်အပေါ် သိသာသည့် ပုန်ကန်မှုတစ်ခု မဟုတ်လော။ ဥပမာအားဖြင့် ဘုရားသခင်က သင့်ကို နားဝေတိမ်တောင်ဖြစ်သူတစ်ဦးအဖြစ် ခေါ်သည်ဆိုပါစို့၊ သင် မည်သို့ တုံ့ပြန်မည်နည်း။ သင်က “ဘုရားနှုတ်ကပတ်တော်များသည် သေချာပေါက် မမှားပါ”ဟု တစ်ခဏ စဉ်းစားမည်ဖြစ်ပြီး သင့်စိတ်နှလုံးတွင် လက်ခံကာ ဘုရားနှုတ်ကပတ်တော်ကို အာမင်ထူးပေမည်။ ဤသို့ဖြင့် သင်သည် အခြေခံအားဖြင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့် သို့မဟုတ် ကိုးဆယ် ရာခိုင်နှုန်းခန့် ကျိုးနွံနာခံတတ်မည် ဖြစ်သော်လည်း ထိုအရာကို တွေ့ကြုံသည့်ဖြစ်စဉ်တွင် တစ်ခါတစ်ရံ သင်သည် အတော်လေးတော်သည်၊ နားဝေတိမ်တောင်ဖြစ်ခြင်း မရှိဟု ခံစားကောင်းခံစားမိပေမည်။ ဤသည်မှာ သင့်ကို အကြွင်းမဲ့ ကျိုးနွံနာခံခြင်းမှ တားဆီးသည့် ထိုကျန်ရှိသော ဆယ်ရာခိုင်နှုန်းဖြစ်သည်။ ဤအခြေအနေမျိုးသည် ပုံမှန်ဖြစ်၏။ ဤသို့ပြောဆိုခြင်းကို သင်သည် မည်သည့် အတွေ့အကြုံအဆင့်တွင် အပြည့်အဝ နားလည်လိမ့်မည်နည်း။ (ကျွန်ုပ်တို့ ထုတ်ဖော်ခံရမည့် တစ်နေ့၊ ကျွန်ုပ်တို့သည် နားဝေတိမ်တောင် ဖြစ်သူများဖြစ်သည်ကို သဘောပေါက်ကာ မိမိတို့နှင့်ဆိုင်သော စစ်မှန်သည့် အသိရှိသော နေ့တစ်နေ့တွင်ဖြစ်ပါသည်။) မှန်ပေ၏။ သင်၏ ကိုယ်ပိုင် သဘာဝ၊ စိတ်သဘောထားနှင့် လုပ်ရပ် စည်းမျဉ်းများအပြင် သင်၏ လူ့သဘာဝ အရည်အသွေးနှင့် သင်၏ အစွမ်းအစ စသည်တို့နှင့် ပတ်သက်၍ အသိအချို့ရှိသောအခါတွင် “ငါသည် နားဝေတိမ်တောင် ဖြစ်သူတစ်ဦးဖြစ်သည်။ ငါ၏ အတွေးများသည် လုံးဝ မရှင်းလင်းသကဲ့သို့ ရှင်းလင်းစွာလည်း ငါစကားမပြောပါ။ ကိစ္စရပ်များကို ညံ့ဖျင်းစွာ ငါကိုင်တွယ်ဖြေရှင်းပြီး ငါ့ထံဖြစ်ပျက်သည့်အရာများကို နားဝေတိမ်တောင် ဖြစ်သည့်ပုံစံဖြင့် ငါဖြတ်ကျော်သည်။ မည်သည့်အရာကိုမျှ ငါအလေးအနက် မထားသကဲ့သို့ အလေးအနက်ထားလျှင်ပင် နားမလည်ပါ။ ယင်းသည် နားဝေတိမ်တောင်ဖြစ်သူတစ်ဦး ဖြစ်သည့်အရာဖြစ်သည်”ဟု သင် သဘောပေါက်လိမ့်မည်။ သင် သာ၍ တွေ့ကြုံလေ၊ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ကြောင်း၊ သူသည် သင့်နှင့်ပတ်သက်၍ စကားပြောနေခြင်းဖြစ်ကြောင်း သင် သာ၍ ခံစားလာရလိမ့်မည်။ သင်သည် ဤစကားများကို တိုး၍ ကျိုးနွံနာခံလိမ့်မည်။ လူတို့သည် ဤစကားများနှင့် စပ်လျဉ်း၍ လက်ခံတတ်သော ဖြစ်စဉ်တစ်ခုရှိသော်လည်း ဘုရားသခင် ပထမဆုံး လိုချင်သောအရာမှာ အဘယ်နည်း။ သင်သည် နားဝေတိမ်တောင်ဖြစ်သူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင်က ပြောသည့်အခါ သင့်ထံမှ အတိုက်အခံလုပ်သည့်၊ ဝတ်ကျေတမ်းကျေ သဘောထားကို လိုချင်သလော၊ သို့မဟုတ် လက်ခံတတ်သော သဘောထားကို လိုချင်သလော။ (လက်ခံတတ်သော သဘောထား ဖြစ်ပါသည်။) ဘုရားသခင်သည် လူတို့အား လက်ခံတတ်သော သဘောထား ရှိစေလိုသည်။ လူတို့သည် ထိုသို့သော အခြေအနေတစ်ခု ရှိရမည်။ ယင်းမှာ ၎င်းတို့ မည်မျှ သိရှိသည်ဖြစ်စေ ပထမဦးစွာ လက်ခံပြီး ကျိုးနွံနာခံဖို့ သင်ယူသင့်ကြပေသည်။ သင်သည် အနည်းငယ်သာ နားဝေတိမ်တောင်ဖြစ်သည်၊ ဘုရားသခင် ပြောသည့်အတိုင်း လုံးဝ နားဝေတိမ်တောင်ဖြစ်သူမဟုတ်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း ထိုအရာကို သင် လက်ခံသင့်သည်။ အတွေ့အကြုံကို တွေ့ကြုံခိုက်တွင် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်း ဖြစ်စဉ်တွင် သင်သည် မိမိကိုယ်ပိုင် လူ့သဘာဝ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းများ၊ သင်၏ သဘောထားများနှင့် သင့်လုပ်ရပ်များ၏ ရလဒ်များ၊ ပြီးလျှင် သင်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သင်၌ ရှိသည့် အခြေအနေအားလုံးနှင့်ဆိုင်သည့် အသိတစ်ခုကို တဖြည်းဖြည်း ရလာလိမ့်မည်။ သင်သည် အနည်းငယ် နားဝေတိမ်တောင် ဖြစ်ခြင်းမဟုတ်ဘဲ တကယ်ကို နားဝေတိမ်တောင်ဖြစ်သူ ဖြစ်ပြီးအသေးအမွှား နားဝေတိမ်တောင်ဖြစ်သူတစ်ဦး မဟုတ်ကြောင်း သင် သဘောပေါက်လိမ့်မည်။ ဤအချိန်တွင် ဘုရားသခင် ဖော်ထုတ်သည့် နားဝေတိမ်တောင်ဖြစ်သူနှင့်ပတ်သက်၍ သင်သည် အတွေးများ သို့မဟုတ် အတိုက်အခံလုပ်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်အယူအဆများမျှ ရှိလိမ့်မည် မဟုတ်။ ထိုအရာကို သင် ခံယူနိုင်လိမ့်မည်။ ဘုရားသခင်သည် လူတို့ စိတ်နှလုံး၏ အတွင်းနက်နက် နေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်၏ ဖော်ထုတ်ချက်ကို အမှန်တရားအဖြစ် သင် လက်ခံသလော၊ သို့မဟုတ် သင့်အပေါ် ရှုတ်ချမှုအဖြစ် လက်ခံသလော။ (အမှန်တရားအဖြစ် လက်ခံပါသည်။) သို့ဆိုလျှင် ထိုအရာကို သမ္မာတရားအဖြစ် သင် လက်ခံသလော။ အမှန်တွင် လူသားအပေါ် ဘုရားသခင်၏ ဖော်ထုတ်ချက်သည် အမှန်တရားများနှင့် ကိုက်ညီသည်၊ ယင်းက သမ္မာတရား ဖြစ်ပြီး လူတို့သည် ထိုသို့လက်ခံသင့်ကြပေသည်။ လူအချို့က “‘နားဝေတိမ်တောင်ဖြစ်သည်’ဟူသော စကားလုံးသည် သမ္မာတရားလော”ဟု ဆိုကြသည်။ ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ အမှန်တွင် ဤစကားလုံးသည် သမ္မာတရားမဟုတ်ဘဲ ထို့ထက် ဤစကားလုံး၏ အနှစ်သာရ၊ ဤစိတ်သဘောထားမျိုးအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဆန်းစစ်ခြင်းက သမ္မာတရား ဖြစ်ပေသည်။ ယင်းသည် ဖြစ်ရပ်မှန်ဖြစ်သည်။ သင်တို့သည် နားဝေတိမ်တောင်ဖြစ်သော သူများဖြစ်သည်ဟု ဆိုခြင်းသည် သင်တို့အနေဖြင့် ထိုအရာကို သင်တို့၏ လတ်တလော ဝိညာဉ်ရင့်ကျက်မှုအရ အခြေခံအားဖြင့် လက်ခံနိုင်ပေသည်။ “နားဝေတိမ်တောင်ဖြစ်သည်” ဟူသော စကားလုံးသည် စိတ်အနှောင့်အယှက် ဖြစ်စေသလော။ (မဖြစ်စေပါ။) အဘယ်ကြောင့် မဖြစ်စေသနည်း။ (အမှန်တရားတစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်။) လူအချို့သည် မိမိတို့ စိတ်နှလုံးများတွင် ထိုသို့ တွေးကောင်းတွေးကြမည် မဟုတ်သကဲ့သို့ “နားဝေတိမ်တောင်ဖြစ်သည် ဟူသော စကားလုံးသည် ရည်မွန်ပြီး ယဉ်ကျေးလုနီးပါး ဖြစ်ကာ ယင်းသည် ကျိန်ခြင်းအမင်္ဂလာ မဟုတ်သောကြောင့် အဘယ်ကြောင့် ကျွန်ုပ်တို့ လက်မခံကြမည်နည်း။ ကျွန်ုပ်တို့သည် ဤအရာထက် များစွာ ပြင်းထန်သည့် စကားလုံးများကို ကြားဖူးပြီးဖြစ်သည်။ ထိုစကားများကို ကျွန်ုပ်တို့ လက်ခံနိုင်သောကြောင့် ထိုသို့ရည်မွန်သော စကားတစ်လုံးကို မည်မျှသာ၍ လက်ခံနိုင်သင့်သနည်း”ဟု ဆိုကြသည်။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ သင်သည် အရေထူသည်ဟူ၍ မဆိုလိုသောကြောင့် ထိုသို့သော ရည်မွန်၊ ယဉ်ကျေးသော စကားတစ်လုံးသည် သင်တို့အဖို့ မခံချိမခံသာ စကားတစ်ခွန်းကဲ့သို့ မထင်ရသည် မဟုတ်လော။ ထိုသို့ဖြစ်ပါသလော။ အမှန်တွင် ထိုသို့ မဟုတ်ပေ။ စကားလုံးသည် ရည်မွန်သည်ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ သင်သည် ထိုသို့သော လူတစ်ဦးမဟုတ်ဟု သင်တွေးထင်ပါက ဆန်းစစ်သည့် စကားလုံးများသည် မှန်သည်၊ မမှန်သည်၊ ယင်းမှာ သင်၏ အနှစ်သာရ ဟုတ်မဟုတ်ဆိုသည်ကို သင် မသိပါက ထိုစကားလုံးသည် နှစ်လိုဖွယ်ဖြစ်ပြီး ရည်မွန်လျှင်ပင် သင် လက်ခံနိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့် ပြဿနာနှင့်လည်းကောင်း၊ ၎င်းတို့တွင် ၎င်းတို့ ကိုယ်ပိုင် သဘာဝအနှစ်သာရတို့နှင့်ဆိုင်သော စစ်မှန်သည့် အသိရှိမရှိဆိုသည့် ပြဿနာနှင့်လည်းကောင်း ပတ်သက်ပေသည်။ ယခင်က သာ၍ ပြင်းထန်သော စကားလုံးများကိုလည်း သင် ကြားပြီးဖြစ်ကာ သင်သည် သာ၍ ပြင်းထန်သောအရာကို လက်ခံပြီးဖြစ်သည်၊ သည်းညည်းခံပြီးဖြစ်ကာ အသိအမှတ်ပြုပြီးဖြစ်သည်။ ထို့ကြောင့် ပြင်းထန်မှု လျော့နည်းသည့် “နားဝေတိမ်တောင်ဖြစ်သည်” ဟူသော စကားလုံးသည် သင်တို့ကို စိတ်အနှောင့်အယှက် မပေးသော်လည်း အမှန်တွင် သင်တို့သည် ထိုစကားလုံးကို မိမိအတွက် အမှန်တကယ် အသုံးပြုနေခြင်း မရှိကြချေ။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု မဟုတ်ပေ။ သင်သည် ဤစကားကို သမ္မာတရားအဖြစ် အမှန်တကယ် လက်ခံနိုင်ပြီး မိမိအတွက် အသုံးပြုနိုင်ပါက သင်၏ မိမိကိုယ်ကို သိသောအသိသည် တိုး၍ နက်ရှိုင်းသွားပေမည်။ ဘုရားသခင်က သင့်အား နားဝေတိမ်တောင်ဖြစ်သည်ဟု ခေါ်ဆိုသောအခါ ဘုရားသခင်သည် သင့်ကို ပြောဆိုချက်၊ သို့မဟုတ် စကားလုံး၊ သို့မဟုတ် အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုခုကို ခံယူရန် တောင်းဆိုနေခြင်းမဟုတ်ပေ။ ဤအရာအတွင်းတွင်ရှိသော သမ္မာတရားကို သင်နားလည်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတစ်ယောက်ကို နားဝေတိမ်တောင်ဖြစ်သူဟု ခေါ်ဆိုသောအခါ အတွင်းတွင် မည်သည့်သမ္မာတရားပါဝင်သနည်း။ လူတိုင်းသည် “နားဝေတိမ်တောင်ဖြစ်သည်” ဆိုသော စကား၏ အပေါ်ယံအဓိပ္ပာယ်ကို နားလည်သည်။ သို့သော် နားဝေတိမ်တောင်ဖြစ်သူ တစ်ယောက်၏ သရုပ်သကန်များ၊ စိတ်သဘောထားများက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူတို့လုပ်ဆောင်သည့် မည်သည့်အရာများက နားဝေတိမ်တောင်ဖြစ်ပြီး မည်သည့်အရာများက နားဝေတိမ်တောင်ဖြစ်ခြင်း မရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က လူတို့ကို ဤနည်းလမ်းဖြင့် အဘယ်ကြောင့် ဖော်ထုတ်သည်ကိုလည်းကောင်း၊ အရူးအမိုက်များသည် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ အရူးအမိုက်များက စည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ မည်သည့်အရာကမှန်သည်၊ မည်သည့်အရာက မှားသည်ကို ၎င်းတို့ နားလည်နိုင်စွမ်း ရှိမရှိကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ ချစ်ခြင်းကိုခံရပြီး မည်သည့်အရာက ဘုရားသခင်၏ အလွန်မုန်းတီးခြင်း ခံရသည်ကို ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း အချိန်အများစု၌ လူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး မရှင်းလင်းပေ။ ၎င်းတို့အတွက် ဤအရာများသည် မရေမရာဖြစ်ပြီး ရှင်းလင်းပြတ်သားခြင်းမရှိဘဲ လုံးလုံး သိသာထင်ရှားခြင်းမရှိပေ။ ဥပမာအားဖြင့် တစ်စုံတစ်ခုကို နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်ခြင်းသည် စည်းမျဉ်းစည်းကမ်းများကို နာခံခြင်း၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသက်သက် ဟုတ်မဟုတ်ကို အချိန်အများစုတွင် လူတို့က မသိကြပေ။ ၎င်းတို့အတွက် မရှင်းလင်းပေ။ တစ်စုံတစ်ခုသည် ဘုရားသခင်၏ ချစ်ခြင်းကိုခံရခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရခြင်း ရှိမရှိကိုလည်း ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့အတွက် ရှင်းလင်းခြင်းလည်းမရှိပေ။ နည်းတစ်မျိုးမျိုးဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့ကို ဘောင်ခတ်ခြင်း ဖြစ်မဖြစ်၊ သို့မဟုတ် ပုံမှန်အနေဖြင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး လူတို့ကို ကူညီနေခြင်းဖြစ်မဖြစ်ကို မသိကြပေ။ လူတို့အပေါ် ၎င်းတို့ပြုမူလုပ်ဆောင်သည့်နည်းလမ်းနောက်ကွယ်ရှိ စည်းမျဉ်းများသည် မှန်ကန်ခြင်းရှိမရှိ၊ ကိုယ့်ဘက်ပါသောလူများ ဖန်တီးရန် သို့မဟုတ် လူတို့ကိုကူညီရန် ကြိုးစားခြင်း ဟုတ်မဟုတ်ဆိုသည်တို့ကို မသိကြပေ။ နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်ခြင်းသည် စည်းမျဉ်းလိုက်နာပြီး မိမိတို့နေရာတွင် မြဲမြံစွာ ရပ်တည်ခြင်းဖြစ်သလော၊ သို့မဟုတ် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်းနှင့် ကြွားဝါခြင်းဖြစ်သလောဆိုသည်ကို မသိကြပေ။ လူအချို့သည် အခြားမည်သည့်အရာမျှ လုပ်ဆောင်ရန်မရှိသောအခါ မှန်ကို ကြည့်နေရသည်ကို နှစ်သက်သည်။ ဤသည်မှာ အတ္တဝါဒနှင့် ဘဝင်မြင့်ခြင်းဖြစ်သလော၊ သို့မဟုတ် သာမန်ဖြစ်သလောဆိုသည်ကို မသိကြပေ။ အချို့သော လူများသည် ဒေါသစိတ်ရှိပြီး ၎င်းတို့၏ ပင်ကိုစရိုက်သည် အနည်းငယ် တစ်မူထူးသည်။ ၎င်းတို့က ဤသည်မှာ ၎င်းတို့တွင် မကောင်းသော စိတ်သဘောထားရှိခြင်းနှင့် သက်ဆိုင်ခြင်း ရှိမရှိကို သိနိုင်သလော။ လူတို့သည် ဤအတွေ့ရများသော၊ ကြုံတွေ့ရလေ့ရှိသောအရာများကိုပင် မခွဲခြားနိုင်ပေ။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် များစွာ ရရှိခဲ့ပြီဟု ဆိုသည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်ခြင်း မဟုတ်လော။ ဤသို့ဆိုလျှင် သင်တို့သည် နားဝေတိမ်တောင်ဖြစ်သည်ဟု ခေါ်ခြင်းကို လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) ယခု လူအများစုက ဤအရာကို လက်ခံနိုင်ပုံပေါ်သည်။ လက်ခံပြီးနောက်တွင် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ထိုအရာကို သင်၏ ကိုယ်ပိုင် အခြေအနေနှင့် ယှဉ်ကြည့်ရမည်ဖြစ်ပြီး မည်သည့် ကိစ္စရပ်များတွင် သင် နားဝေတိမ်တောင်ဖြစ်ပြီး မည်သည့်အရာတွင် သင် အတွေးအမြင် ရှင်းသည်ဆိုသည်နှင့် ပတ်သက်၍ တိကျစွာ ဆန်းစစ်ရမည်။ ထိုအရာကို သင်၏ ကိုယ်ပိုင် အခြေအနေနှင့် ယှဉ်ကြည့်လော့၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြီးနောက်၊ ဤကိစ္စရပ်များတွင် မိမိကိုယ်ကို သိရှိလာကာ နားဝေတိမ်တောင်ဖြစ်သူများ လူတန်းစားများထဲတွင် စာရင်းသွင်းခြင်းခံရရန် ကြိုးပမ်းလော့။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးကို သင် မည်သို့ တွေးထင်သနည်း။ ဤအသိပညာသည် အကြွင်းမဲ့ဖြစ်သလော။ (မဟုတ်ပါ။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရှာဖွေပြီး ဤသွင်ပြင်လက္ခဏာရပ်တွင် အပြောင်းအလဲတစ်ခုကို တွေ့ကြုံရမည်။) မှန်ပေ၏။ သင်တို့၏ တစ်ဘဝလုံးတွင် နားဝေတိမ်တောင်ဖြစ်သူများ ဖြစ်ချင်သလော။ (မဖြစ်ချင်ပါ။) မည်သူကမျှ နားဝေတိမ်တောင်ဖြစ်သူ မဖြစ်ချင်ပေ။ အမှန်တကယ်တွင် ဤသို့ မိတ်သဟာယဖွဲ့ခြင်း၊ စိစစ်ခြင်းသည် သင့်အား သင့်ကိုယ်သင် နားဝေတိမ်တောင်ဖြစ်သူအဖြစ် အမျိုးအစားခွဲဖို့ ကြိုးစားစေရန် ပြုလုပ်ခြင်းမဟုတ်ပေ။ ဘုရားသခင်က သင့်ကို မည်သို့အဓိပ္ပာယ်သတ်မှတ်သည်ဖြစ်စေ၊ သင်နှင့်ပတ်သက်ပြီး မည်သည့်အရာကို သူ ဖော်ထုတ်သည်ဖြစ်စေ၊ သင့်ကို မည်သို့ တရားစီရင်၊ ပြစ်တင်ဆုံးမသည်ဖြစ်စေ၊ ပြုပြင်သည်ဖြစ်စေ အဆုံးစွန်ရည်ရွယ်ချက်မှာ သင့်အား ဤအခြေအနေများမှ လွတ်မြောက်စေဖို့၊ သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ရရှိစေဖို့၊ နားဝေတိမ်တောင်ဖြစ်သူ တစ်ယောက်မဖြစ်ရန် ကြိုးစားစေဖို့ဖြစ်သည်။ ထို့ကြောင့် သင်သည် နားဝေတိမ်တောင်ဖြစ်သူ တစ်ယောက်မဖြစ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို လိုက်စားရမည်။ ရှေးဦးစွာ သင်သည် အမှန်တရားများကို ရင်ဆိုင်ရသောအခါ မည်သည့်ကိစ္စတွင် နားဝေတိမ်တောင်ဖြစ်သူ တစ်ယောက်ဖြစ်သည်၊ မည်သည့်ကိစ္စများတွင် သင်သည် အယူဝါဒကို အစဉ်ဟောပြောနေသည်၊ သဘောတရားနှင့် စကားများနှင့် အယူဝါဒများကို အစဉ် တောင်ရောက်မြောက်ရောက် ပြောနေသည်၊ မည်သည့်ကိစ္စများတွင် သင်၏မျက်လုံးများက ငေးကြောင်ကြောင် ဖြစ်သွားသည်တို့ကို သင် သိရမည်။ ဤပြဿနာများကို သင်ဖြေရှင်းပြီး သမ္မာတရားရှုထောင့်တစ်ခုစီတိုင်းကို ရှင်းလင်းသောအခါ သင် နားဝေတိမ်တောင်ဖြစ်သောအချိန် ပို၍ နည်းလိမ့်မည်။ သင်သည် သမ္မာတရားတစ်ခုစီတိုင်းအပေါ် ရှင်းလင်းသော နားလည်မှုရှိသောအခါ၊ သင်လုပ်သမျှတွင် လွတ်လပ်မှုရှိလာသောအခါ၊ သင်သည် ချုပ်တည်းထားခြင်း၊ သို့မဟုတ် ချုပ်ချယ်ခံရခြင်းမရှိသောအခါ သင့်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည်နှင့် ဘုရားသခင်ထံ ဆုတောင်းပြီးနောက်တွင်၊ သမ္မာတရားကို ရှာဖွေပြီးနောက်တွင်၊ သို့မဟုတ် မိတ်သဟာယဖွဲ့ရန် လူတစ်ယောက်ကို ရှာပြီးနောက်တွင် သင်သည် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို တွေ့ရှိနိုင်ပြီး စည်းမျဉ်းနှင့်အညီ မှန်ကန်စွာ လုပ်ဆောင်နိုင်လျှင် သင်သည် နားဝေတိမ်တောင် ဖြစ်တော့မည်မဟုတ်ပေ။ တစ်စုံတစ်ခုသည် သင့်အတွက် ရှင်းလင်းနေလျှင်၊ သမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်လျှင် ထိုအရာနှင့်ပတ်သက်လျှင် သင်သည် နားဝေတိမ်တောင်ဖြစ်မည်မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ သဘာဝအလျောက် ဉာဏ်အလင်းပွင့်ဖို့ရန်အတွက် သမ္မာတရားကို နားလည်ရန်သာလိုသည်။

လူအချို့သည် နားဝေတိမ်တောင်ဖြစ်သူများ ဖြစ်သည်ဟု ဘုရားသခင်က ပြောပြီး အစတွင် ထိုအရာကို ၎င်းတို့ ခံယူကောင်း ခံယူနိုင်မည် မဟုတ်သော်လည်း အချိန်ကာလအချို့ ကျော်လွန်ပြီးနောက်တွင် ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ နားမလည်ကြသည်ကို သဘောပေါက်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့အနေဖြင့် အတော်လေး နားဝေတိမ်တောင်ဖြစ်ပြီး ၎င်းတို့ အစွမ်းအစသည် နိမ့်ကျသည်ဟု ခံစားရသောကြောင့် ထိုအရာကို ခံယူကာ ကျိုးနွံနာခံကြလေသည်။ “နားဝေတိမ်တောင်ဖြစ်သူ” ဟူသည်မှာ အတော် နားကြားကောင်းသည့်၊ ရည်မွန်သည့် စကားဖြစ်ပြီး လူတို့သည် ထိုစကားကို မခံယူမီ အချိန်ကာလတစ်ခုကို ဖြတ်သန်းရမည်ဖြစ်သည်။ သိပ်ကြားမကောင်းသည့်၊ မရည်မွန်သည့် စကားကို လက်ခံရန် ၎င်းတို့အတွက် သာ၍ ခက်ခဲပေမည်။ ဘုရားနှုတ်ကပတ်တော်များထဲတွင် အချို့ကို လူများကို ဖော်ထုတ်ပြီး တရားစီရင်သည်နှင့်အမျှ ထိထိမိမိ ပြောဆိုထားလေသည်။ ထိုနှုတ်ကပတ်တော်များသည် သာ၍ ပြင်းထန်၏။ လူအများစုသည် ဤနှုတ်ကပတ်တော်များကို လက်ခံရန် ဝိညာဉ်ရင့်ကျက်မှု အလွန် နည်းပါးလွန်းကြသည်။ ယင်းတို့ကို ကြားပြီးနောက်တွင် ၎င်းတို့သည် စိတ်ဆင်းရဲခြင်းနှင့် စိတ်မချမ်းမြေ့မှုကို ခံစားရကြသည်။ ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်သွားပြီ၊ ၎င်းတို့၏ မရင့်ကျက်သည့် စိတ်နှလုံးများက မခံချိမခံသာဖြစ်အောင် နှိုးဆွခံရပြီး ထိခိုက်သွားပြီဖြစ်သည်ဟု ခံစားရလေသည်။ မည်သည့်စကားများသည် သင်တို့အား အထူးသဖြင့် နားထောင်ရန် ကသိကအောက်ဖြစ်စေသနည်း၊ ဘုရားသခင်က သင် မခံယူနိုင်သည့် ထိုစကားများကို မပြောသင့်ဟု တွေးထင်စေသနည်း။ ဥပမာအားဖြင့် အမှိုက်၊ လောက်ကောင်၊ ညစ်ညမ်းသော မကောင်းဆိုးဝါး၊ ဝက်များ သို့မဟုတ် ခွေးများ၊ သားရဲတိရစ္ဆာန် စသည်တို့ထက် နိမ့်ကျသည်ဟူ၍ ဖြစ်သည်။ လူအများစုအတွက် ဤစကားများကို လက်ခံရန် မလွယ်ကူသည့် ပုံပေါ်လေသည်။ ယဉ်ကျေးသည့်လူများသည် ပုံမှန်အားဖြင့် ထိုသို့သော စကားများကို ပြောဆိုသလော။ သင်တို့အားလုံး ကောင်းစွာ ပညာတတ်မြောက်ကြသည်။ သင်တို့အားလုံးသည် သင်တို့၏ပြောဆိုပုံ၌ စစ်ဆေးခံရသည့်အဖြစ်နှင့် လျှော့တွက်ခံရသည့် အဖြစ်ကိုလည်းကောင်း၊ သင်စကားပြောသော ဟန်ပန်ကိုလည်းကောင်း အာရုံစိုက်ကြသည်။ သင်တို့သည် လိမ္မာပါးနပ်ပြီး အခြားသူများ၏ ဂုဏ်နှင့် သိက္ခာအား ထိခိုက်မှုမပြုမိရန် သင်ယူထားကြပြီးဖြစ်သည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင် သင်တို့သည် လူတို့ လှုပ်ရှားဆောင်ရွက်ရန်အတွက် နေရာချန်ပေးတတ်ကြသည်။ သင်တို့သည် လူတို့အား အေးငြိမ်းသက်သာစေဖို့ တတ်နိုင်သမျှ ပြုလုပ်ကြသည်။ သူတို့၏ အမာရွတ်များ သို့မဟုတ် အားနည်းချက်များကို သင်မဖော်ထုတ်သကဲ့သို့ သူတို့ကို မနာကျင်စေရန် သို့မဟုတ် အရှက်မရစေရန် သင်ကြိုးစားသည်။ ထိုသို့သောအရာမှာ ပြုမူရာတွင် လူအများစု အသုံးပြုသည့် လူလူချင်းဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းဖြစ်သည်။ ထိုသို့ဆိုသော် ဤသည်မှာ မည်သို့သော နိယာမမျိုးဖြစ်သနည်း။ (လူ့အကြိုက်လိုက်သူတစ်ယောက် ဖြစ်ခြင်း ဖြစ်သည်။ လှည့်စားတတ်ပြီး မယုံကြည်ရပါ။) ယင်းမှာ ဒုက္ခပေးသည်၊ ယုံကြည်၍မရ၊ စဉ်းလဲဖောက်ပြန်ပြီး မသိမသာ အန္တရာယ်ပေးတတ်သည်။ လူတို့၏ အပြုံးမျက်နှာများ နောက်ကွယ်တွင် ကွယ်ဝှက်ထားသည်မှာ မလိုမုန်းထားသော၊ အန္တရာယ်ပေးတတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများစွာ ဖြစ်သည်။ ဥပမာအနေဖြင့် အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် လူအချို့တို့သည် အခြားလူက အဆင့်အတန်း အနည်းငယ်ရှိသည်ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က မိမိတို့ စိတ်နှလုံးများတွင် “ငါသည် သူတို့နှင့် စကားပြောသည့်အခါ နားကြားကောင်းသည့် စကားများကို ရွေးချယ်ဖို့လိုသည်၊ သို့မဟုတ်ပါက သူတို့၏ နာမည်ဂုဏ်သတင်းကို ငါ ထိခိုက်ပျက်စီးသွားစေနိုင်သည်။ သူတို့က ငါ့ကို အပြစ်ပေးကြမည်ဆိုလျှင် အဘယ်သို့လုပ်ရမည်နည်း”ဟု တွေးကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြောဘဲနေကြသည်၊ သို့မဟုတ် ၎င်းတို့ စကားပြောပါက ပါးနပ်သည့်၊ ကြားကောင်းသည့်၊ မြှောက်ပင့်သည့် ပုံစံဖြင့် ပြောဆိုကြသည်။ ၎င်းတို့ ဆုံကြသောအခါ “သင့်လောက် ချောမောသည့် လူတစ်ဦးကို ကျွန်ုပ် မတွေ့ဖူးပါ။ သင်သည် နတ်သမီးတစ်ယောက်လေလား။ သင်သည် အလွန် လှပသည်မှာ မိတ်ကပ်လိမ်းစရာပင် မလိုပါ။ သင် မိတ်ကပ်လိမ်းပါက သာ၍ပင် နှိုင်းမမီဖြစ်ပေမည်။ သင်၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပါ၊ သင် ဝတ်ဆင်သည့်အရာတိုင်း ကြည့်ကောင်းသည်။ ထိုမျှကြည့်ကောင်းကာ လှပသည့် အဝတ်အစားများသည် သင့်လို လူများအတွက် အထူးသဖြင့် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ရမည်”ဟု ပြောကြလေသည်။ ၎င်းတို့သည် အထူးသဖြင့် နှစ်လိုဖွယ်ကောင်းစွာ စကားပြောကြသောကြောင့် ကြားသောသူမည်သူမဆိုသည် စိတ်အေးချမ်းကြသည်။ သို့ရာတွင် ထိုအရာများကို ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ အမှန်တကယ် စဉ်းစားကြသလော။ (မစဉ်းစားကြပါ။) မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေကြသနည်း။ ၎င်းတို့သည် မုချ ရှက်ဖွယ်ဖြစ်သော အကြံများနှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ သေချာပေါက် ရှိကြလေသည်။ ၎င်းတို့သည် အထူးသဖြင့် အန္တရာယ်ပေးနိုင်သည်၊ ကောက်ကျစ်ဆိုးယုတ်နိုင်သည်၊ သို့မဟုတ် စက်ဆုပ်ဖွယ်ဖြစ်နိုင်ပေသည်၊ ယင်းက အခြားသူများကို စက်ဆုပ်ရွံရှာစေသည်။ ၎င်းတို့ လမ်းခွဲကြသည်နှင့် တစ်ပြိုင်နက် ထိုလူနှင့်ပတ်သက်၍ စော်ကားပြီး မနှစ်သက်ဖွယ်ကောင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့ တတ်နိုင်သမျှ ပြောဆိုလျက် ထိုလူ၏ မကောင်းကြောင်းကို အခြားသူများထံ ပြောကြလေသည်။ ၎င်းတို့၏ စကားလုံးများတွင် ဝေဖန်ထိုးနှက်မှု၊ အဆိပ်အတောက် ပါရှိ၏။ ၎င်းတို့ ပြောလိုက်ပြီးဖြစ်သည့် မြှောက်ပင့်သော စကားများသည် ၎င်းတို့ကို စိတ်အနှောင့်အယှက်ပေးကာ မလိုမလားဖြစ်စေသည်။ အခြားလူများကို ၎င်းတို့နောက်ကွယ်တွင် သေးသိမ်စေခြင်းနှင့် အသရေဖျက်ခြင်းက ၎င်းတို့ကို ပြန်၍ ဟန်ချက်ညီစေသည်။ ထိုသို့သောလူများသည် မိမိတို့ စိတ်နှလုံးများတွင် အမှောင်ထုရှိကြ၏။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်သည်။ ဤအပြုအမူမျိုးသည် ရွံရှာဖွယ်ဖြစ်ကာ မုန်းတီးစက်ဆုပ်ဖွယ် ဖြစ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ လှည့်ဖြားတတ်သော လူတစ်ဦး ဖြစ်သည်။ ဘာသာတရားမရှိသူများထဲတွင် ထိုသို့သောလူများ အလွန်များပြီး ဘုရားသခင်၏ အိမ်တော်တွင်ပင် အချို့ရှိ၏။ ၎င်းတို့သည် နားကြားကောင်းသည့် စကားများကို ပြောသည့်အခါ ရှက်ဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ် အကြံများနှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက် ရှိကြသည်။ မိမိတို့၏ ရည်မှန်းချက်ကို ရရှိစေမည့် မည်သည့်အရာကိုမဆို ၎င်းတို့ ပြောဆိုကြသည်။ ၎င်းတို့သည် အမှန်တရားများနှင့်အညီ လုံးဝ စကားမပြောကြသကဲ့သို့ ချဲ့ကားပြောဆိုကြသည်။ ၎င်းတို့၏ နားကြားကောင်းသည့် စကားများနောက်ကွယ်တွင် အကြံများနှင့် ရည်မှန်းချက်များ ရှိကြသည်။ ၎င်းတို့သည် နားကြားပြင်းကပ်စရာ စကားပြောသည့်အခါ တတ်နိုင်သမျှ မနှစ်သက်ဖွယ် မည်သည့်အရာကိုမဆို ပြောဆိုကြပြီး အငြိုးသိုသော စကားမျိုးစုံကို ပြောဆိုနိုင်စွမ်း ရှိကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့ စိတ်သဘောထားများ၏ အပေါ်ယံ ထုတ်ဖော်ခြင်းများထက် ပိုလွန်၍ ၎င်းတို့ သဘာဝတွင် ကြောင်သူတော်ဆန်သည့်၊ မယုံရသကဲ့သို့ လှည့်ဖြားတတ်သည့် အခြားမည်သည့်အရာ ရှိပါသနည်း။ ထိုအရာများသည် အဆိပ်ရှိသည်။ အလွန်အဆိပ်ရှိသည်။ အခြားသူများကို ၎င်းတို့ ချီးကျူးကြသည့်အခါ အခြားသူများက ထိုအရာကို တောင်းဆိုသလော။ (မတောင်းဆိုပါ။) ၎င်းတို့သည် အဘယ်ကြောင့် ထိုသူတို့ကို ချီးကျူးပါသနည်း။ (၎င်းတို့တွင် ရည်မှန်းချက် ရှိပါသည်။) မှန်ပေ၏။ မည်သည့်နည်းနှင့် ရရ မိမိတို့၏ အကြံများနှင့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် အခြားသူများကို ၎င်းတို့ လှည့်စားကြသည်။ မည်မျှ စက်ဆုပ်ဖွယ်ဖြစ်ပါစေ၊ မည်သည့်အရာကိုမဆို ၎င်းတို့ ပြောကြပေမည်။ ဤသည်မှာ အဆိပ်ရှိသည် မဟုတ်လော။ ထို့နောက် မိမိတို့စိတ်နှလုံးရှိ ဟန်ချက်မညီမှုကို ဖြေရှင်းရန်၊ ၎င်းတို့သည် အခြားသူများ၏ နောက်ကျောကို ဓားဖြင့်ထိုးသည်၊ ကျိန်ဆဲပြီး အသရေဖျက်ကာ တတ်နိုင်သမျှ စော်ကားပြီး မနှစ်သက်ဖွယ်သော မည်သည့်အရာကိုမဆို ပြောဆိုကြလေသည်။ ဤသည်မှာ အဆိပ်ရှိသည် မဟုတ်လော။ အလွန် အဆိပ်ရှိပေသည်။ ဤကိစ္စရပ်မှ လူ၏ သဘာဝကို သင် မြင်နိုင်ပေသည်။ လူတို့ရှေ့ သို့မဟုတ် နောက်ကွယ်တွင် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ စစ်မှန်ခြင်း သို့မဟုတ် ရိုးသားခြင်း မရှိသကဲ့သို့ ထိုအရာတစ်ခုမျှသည် သမ္မာတရား သို့မဟုတ် လူ့သဘာဝနှင့် အညီ မဟုတ်ပေ။ ဆိုးယုတ်သည့်၊ အဆိပ်ရှိသည့်အရာသာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ပြောဆိုသည့် အရာတိုင်းတွင် အဆိပ်ရှိသည့် အရိပ်လက္ခဏာများ ရှိသည် မဟုတ်လော။ (ရှိပါသည်။) ထို့ကြောင့် လူတို့၏ စကားများကို စိတ်ချ၍ရသလော။ ၎င်းတို့၏ စကားများကို ယုံကြည်ကိုးစား၍ရသလော။ လူတို့သည် အလွန် စိတ်ချ၍မရ၊ အလွန် မယုံကြည်ရပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အသက်ရှင်သည်နှင့်အမျှ မိမိတို့လုပ်ရပ်များနှင့် စကား၊ ၎င်းတို့၏ လုပ်ဆောင်ချက်နှင့် လုပ်ရပ်တိုင်း၊ ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းမှ ၎င်းတို့ ထုတ်ဖော်သည့် အရာများသည် စာတန်ဆန်သော စိတ်သဘောထား၊ စာတန်ဆန်သော သဘာဝအနှစ်သာရကို အပြည့်အဝ ထင်ဟပ်သောအရာသာ ဖြစ်သောကြောင့် ဖြစ်သည်။

လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အဘယ်ကြောင့် မယုံကြည်ကြသနည်း။ ယင်းမှာ ၎င်းတို့၏ မျက်လုံးများ ကန်းနေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကို နားမလည်ကြသကဲ့သို့ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ လူများစွာတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုနိုင်ကြသော်လည်း “လောက်ကောင်များ”၊ “အမှိုက်”၊ “နတ်ဆိုးများ”နှင့် “သားရဲတိရစ္ဆာန်များ”နှင့် စပ်လျဉ်း၍ ဘုရားသခင် ပြောဆိုထားသည့်အရာအပေါ် အယူအဆများနှင့် အတိုက်အခံ ရှိကြသည်မှာ ဤအရာများကို ၎င်းတို့ လုံးဝ လက်မခံနိုင်ကြသည်အထိ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝကို မသိကြသောကြောင့် ဖြစ်သည်။ လူတို့သည် လူသား သဘာဝအနှစ်သာရကို မည်သို့ မြင်ကြသနည်း။ (သူတို့သည် မိမိတို့ကိုယ်ပိုင် စာတန်ဆန်သော စိတ်သဘောထားများကို အသိအမှတ်ပြုကြသော်လည်း သူတို့တွင် ကောင်းမွန်သည့် ဘက်ခြမ်းတစ်ခု ရှိနေသေးသည်ဟု တွေးထင်ကာ မိမိတို့ကိုယ်တိုင်သည် အသက်ရှင်နေသော စာတန်များဖြစ်သည်ကို မမြင်ကြပါ။) လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝအနှစ်သာရကို ဘုရားသခင်နားလည်သလောက် တိကျစွာ၊ ရှင်းလင်းစွာနှင့် မှန်ကန်စွာ နားလည်ကြသလော။ (နားမလည်ကြပါ။) အမှန်တွင် လူသား၏ သဘာဝအနှစ်သာရသည် ဘုရားသခင်အဖို့ လုံးဝ မလိုလားအပ်စရာ ဖြစ်သည်။ ဘုရားသခင်သည် လူသား သဘာဝအနှစ်သာရကို ကြည့်၏။ လူတို့ အပြင်ပန်းအရ ပြောဆို၊ လုပ်ဆောင်သည့်အရာကို ဘုရားသခင် မကြည့်ချေ။ သူသည် ၎င်းတို့၏ စိတ်နှလုံးများ၊ အနှစ်သာရနှင့် သဘာဝတို့ကို ကြည့်သည်။ လူအတွက် ဘုရားသခင် ရှိသည့် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ညွှန်းဆိုသည့် ပုံစံတို့သည် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့ကို လူသား သဘာဝအနှစ်သာရအပြင် လူသားထံမှ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း ဖြစ်သည်။ ဤအခြေအနေထိ ပြောဆိုထားပြီးနောက်တွင် “လူတို့စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်” ဟု ဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုကြောင်း သင်တို့ နားလည်သလော။ လူတို့က “လူတို့စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်”ဟု အမြဲ ပြောဆိုကြသောကြောင့် ဤစကားလုံးများနှင့်ပတ်သက်၍ သင်တို့သည် မည်သည့်အတွေ့ကြုံများ ရှိကြသနည်း။ ယင်းတို့ကို သင်တို့ အမှန်တကယ် တွေ့ကြုံဖူးပြီးပြီလော။ ဤစကားများနှင့် ပတ်သက်၍ မည်သည့် အသိပညာနှင့် သိနားလည်မှု သင်တို့ ရှိကြသနည်း။ လူအချို့သည် နားဝေတိမ်တောင်ဖြစ်ကြသည်။ ယင်းမှာ ဘုရားသခင်က ၎င်းတို့ထံမှ ပွင့်အံထွက်သည့် အတွေးများနှင့် စိတ်ကူးများကို သိရှိကြောင်း၊ ၎င်းတို့ လုပ်ဆောင်သော သမ္မာတရားနှင့် မကိုက်ညီသည့်အရာများကို သူသိရှိကြောင်း၊ မိမိတို့ စိတ်နှလုံးများ၏ ညစ်ညူးမှု၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် လွန်ကဲသော စိတ်ဆန္ဒများကို သူ သိကြောင်း ဆိုလိုသည်ဟု တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် မကောင်းသည့်အရာများကို ပြောဆိုခြင်းမရှိဘဲ လုပ်ဆောင်လျှင်ပင် ဘုရားသခင်သိ၏။ ဘုရားသခင်သည် လူတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်နှင့်အမျှ သူသည် အပေါ်ယံအဆင့်၊ လူတို့ သတိပြုမိသည့် အရာများကိုသာ အမှန်တကယ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသလော။ ယင်းကို ဘုရားသခင်က လူတို့စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟု ခေါ်ဆိုနိုင်မည်လော။ (မခေါ်ဆိုနိုင်ပါ။) လူတစ်ဦး၏ စိတ်နှလုံး အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းမှာ အဘယ်နည်း။ (၎င်းတို့၏ သဘာဝအနှစ်သာရဖြစ်ပါသည်။) လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝအနှစ်သာရကို သတိပြုမိနိုင်စွမ်း ရှိကြသလော။ ယင်းကို ၎င်းတို့ ခံစားမိနိုင်သလော။ ယင်းကို သိရှိနိုင်သလော။ (မသိရှိနိုင်ပါ။) လူတို့သည် ဤအရာများကို မခံစားနိုင်ပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို အဘယ်သို့ အမှန်တကယ် သိရှိလာကြသနည်း။ (ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် ယင်းတို့ကို သူ၏ ထုတ်ဖော်ခြင်းမှတစ်ဆင့်သာ သူတို့သည် မိမိတို့ကိုယ်ကို သိရှိလာနိုင်ပါသည်။) ဘုရားသခင်သည် လူတို့ ခံစားမရနိုင်သကဲ့သို့ သိလည်းမသိနိုင်သည့် ၎င်းတို့၏ သဘာဝအနှစ်သာရကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ လူတို့၏ သဘာဝအနှစ်သာရကို ဘုရားသခင် ဖော်ထုတ်သည့်အခါ၊ အမှန်တရားများက ယင်းကို ထုတ်ဖော်သည့်အခါ ၎င်းတို့သည် ရိုးသားစစ်မှန်စွာ ယုံကြည်လက်ခံကြလေသည်။ လူတို့၏ အတွေးများ၊ စိတ်ကူးများနှင့် အမြင်များသည် အပေါ်ယံအဆင့် အရာများသာ ဖြစ်သည်။ တစ်ခါတစ်ရံ ယင်းတို့သည် အသံကျယ်လောင်စွာ ပြောပြီး တစ်ခါတစ်ရံ ယာယီ စိတ်ကူးတစ်ခု၊ စိတ်နှလုံးမှ အတွေးတစ်ခု သို့မဟုတ် ယာယီ လတ်တလော အတွေးတစ်ခုမျှသာ ဖြစ်သော်လည်း ယင်းတို့သည် အပေါ်ယံအဆင့်ရှိ အရာများသာ ဖြစ်သည်။ ဤလတ်တလော အတွေးများသည် ခေတ္တခဏ သင်၏ လုပ်ရပ်များကို လွှမ်းမိုးကာ လမ်းညွှန်နိုင်သော်လည်း သင့်ဘဝ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်များကို လွှမ်းမိုးနိုင်သလော သို့မဟုတ် လမ်းညွှန်နိုင်သလော။ မလုပ်နိုင်ပေ။ သို့ဆိုလျှင် မည်သည့်အရာသည် သင်၏ လုပ်ရပ်များကို လွှမ်းမိုးကာ လမ်းညွှန်နိုင်သည့်အပြင် သင့်ဘဝ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်များကို လမ်းညွှန်နိုင်သနည်း။ ဤကိစ္စရပ်ကို သင် ရှင်းလင်းစွာ မြင်နိုင်သလော။ ဤသည်မှာ လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများတွင် ကွယ်ဝှက်ထားသည့်၊ ၎င်းတို့ စိတ်များတွင် ကွယ်ဝှက်ထားသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အတွေးများနှင့် လုပ်ရပ်များကို ထိန်းချုပ်သည့်အရာ၊ ၎င်းတို့၏ ရှုထောင့်အမြင်များကို ဖြစ်ပေါ်စေသည့်အရာ ဖြစ်သည်။ လူအချို့သည် “လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်” ဟူသော စကားရပ်၏ အဓိပ္ပာယ်ကို နားမလည်ကြချေ။ ဤနေရာတွင် “လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများ” ဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့ စိတ်နှလုံး၏ အတွင်းကျကျတွင် မည်သည့်အရာ ဖြစ်ပေါ်သနည်း။ ၎င်းတို့၏ အနက်ရှိုင်းဆုံးသော စိတ်တွင်း၌ဖြစ်သည့် အတွေးများ ဖြစ်သလော။ အပေါ်ယံမှကြည့်လျှင် ထိုသို့ ဖြစ်ပုံပေါ်မည်ဖြစ်သော်လည်း အမှန်တွင် မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ နေရာမှ မည်သူမျှ ဖယ်ရှားမရနိုင်သည့် လူသား သဘာဝအနှစ်သာရနှင့်ဆိုင်သော အရာများ၊ မည်သူကိုမျှ ၎င်းတို့ လုံးဝ မပြောသည့် လူတို့၏ အစစ်မှန်ဆုံးသော အတွေးများ ဖြစ်သည်။ တစ်ခါတစ်ရံ ထိုအရာများက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ ကိုယ်တိုင်ပင် မသိကြချေ။ ဤအရာများအတိုင်း လူတို့ အသက်ရှင်ကြ၏။ ဤအရာများကို ၎င်းတို့ ဆုံးရှုံးပါက၊ ဤအရာများက ၎င်းတို့ကို ပေးသည့် စိတ်လှုံ့ဆော်မှုကို ၎င်းတို့ ဆုံးရှုံးပါက ဘုရားသခင်ကို ၎င်းတို့ ယုံကြည်နိုင်ကြတော့မည် မဟုတ်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများတွင် မည်သည့်အရာများ တည်သည်ကို သင်တို့ သိကြသလော။ (ကောင်းချီးများ ရရှိရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ လူတို့ စိတ်နှလုံးများအတွင်း တည်သောအရာတစ်ခု ဖြစ်ပါသည်။) မှန်ပေ၏။ လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကို ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှု မရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကို ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်တို့နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။ ထို့ကြောင့် အားလုံးကို ထည့်သွင်းစဉ်းစားလိုက်သည့်အခါ လူများနှင့် ပတ်သက်သည့်အခါတွင် ဤအခြေအနေသည် ကယ်တင်ခြင်း၊ စုံလင်အောင်ပြုခြင်းနှင့်ဆိုင်သော အခြေအနေတစ်ခုလော သို့မဟုတ် ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်း အခြေအနေတစ်ခုလော။ ကောင်းသောအရာတစ်ခုလော သို့မဟုတ် မကောင်းသော အရာတစ်ခုလော။ သမ္မာတရားကို လိုက်စားသူတို့အဖို့ ထိုအရာသည် ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်းဟူ၍ အဓိပ္ပာယ်ရသည်။ ယင်းမှာ ကောင်းပေသည်။ သမ္မာတရား မလိုက်စားသောသူတို့အဖို့မူ ထိုအရာသည် ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်း ဟု ဆိုလိုသည်။ ယင်းမှာ မကောင်းပေ။ အချိန်ကာလတစ်ခုကို ဖြတ်သန်းရသည့်အခါ လူအားလုံးသည် စမ်းသပ်မှုနှင့် စစ်ဆေးမှု အခြေအနေများကို ကြုံရသည် မဟုတ်လော။ ဘုရားသခင်သည် ဤအရာကို အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ဘုရားသခင်သည် လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောကြောင့် ထိုအရာသည် ဧကန်မုချ အဓိပ္ပာယ်ရှိ၏။ သူသည် လူတို့၏ အတွင်းကျကျ အစိတ်အပိုင်းများ၏ စစ်မှန်သည့် အခြေအနေများကို သိသည်။ သူသည် လူများကို နားလည်ပြီး ၎င်းတို့၏ သဘာဝအနှစ်သာရကို ရှင်းလင်းစွာနှင့် အပြည့်အဝ မြင်လေသည်။ အချိန်အတန်ကြာပြီးနောက်တွင် တစ်စုံတစ်ဦးသည် အောင်မြင်မှုအချို့ ရှိကောင်းရှိမည်၊ ၎င်းတို့အနေဖြင့် ကြီးမားသည့် အမှားတစ်ခုမျှ မလုပ်မိဘဲ အချို့သော ကောင်းသည့်အရာများကို လုပ်ဆောင်ပြီးဖြစ်နိုင်သကဲ့သို့ ပြုပြင်ခြင်းကို လက်ခံကောင်းလက်ခံနိုင်သည်။ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် အတော်အတန် ကျိုးနွံနာခံတတ်သော သဘောထား ရှိနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် အတော်လေး တော်ကြသည်၊ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ၎င်းတို့ ခြေလှမ်းလှမ်းပြီးဖြစ်သည်၊ ကယ်တင်ခံရကာ စုံလင်အောင်ပြုခြင်း ခံရပြီးဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့အနေဖြင့် မိမိဘာသာ အားရပြီး မိမိကိုယ်ကို စိတ်အကျေနပ်ဆုံးဖြစ်နေချိန်တွင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ရောက်လာလေသည်။ ဤအခြေအနေများသည် လူများ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ သဘာဝအနှစ်သာရ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို ထုတ်ဖော်သည်။ ဤထုတ်ဖော်ခြင်းသည် လူတို့အတွက် အမှန်တကယ် ကောင်းမွန်၏။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပါက ဤထုတ်ဖော်ခြင်း ဤအခြေအနေက ၎င်းတို့ကို သန့်စင်စေလိမ့်မည်။ မည်သည့်အရာမှ ၎င်းတို့ကို သန့်စင်စေမည်နည်း။ ဘုရားသခင်အပေါ် သင်၏ ယုတ္တိမတန်သော တောင်းဆိုချက်များနှင့် လွန်ကဲသော စိတ်ဆန္ဒများမှ သင့်ကို သန့်စင်စေလိမ့်မည်ဖြစ်ပြီး မှန်ကန်သည့် ရှုထောင့်အမြင်ကို ခံယူစေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် သို့မဟုတ် သင်၏ လွန်ကဲသော လိုအင်ဆန္ဒများအတွက် သူ့အပေါ် တောင်းဆိုမှုများ ပြုလုပ်ရန် ကြိုးစားလိမ့်မည် မဟုတ်တော့ပေ။ ထို့ထက် သင်သည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်း စိတ်နှလုံးတစ်ခုကို ပို၍ပို၍ ရလာလိမ့်မည်။ မည်သည့်အရာကိုမျှ သင် တောင်းဆိုလိမ့်မည် မဟုတ်။ အဆုံးတွင် ကယ်တင်ခြင်းကို သင် ရရှိနိုင်သည်အထိ သင့်ကို တိုး၍ ဖြူစင်လာစေလျက် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေရန်သာ သင် ကြိုးစားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်က စွမ်းဆောင်ရရှိသည့် ရလဒ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာကို လုပ်ဆောင်ခြင်း နောက်ကွယ်တွင် ဘုရားသခင်သည် အဓိပ္ပာယ်တစ်ခု ရှိသည် မဟုတ်လော။ ဤအရာသည် လူတို့ကို သန့်စင်စေသည် မဟုတ်လော။ လူတို့သည် ဤသို့ သန့်စင်ခံရရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဘုရားသခင်သည် လူတို့ကို ဤသို့ မဖော်ထုတ်၊ သို့မဟုတ် မသန့်စင်ပါက လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြမည်လော။ (မရရှိနိုင်ပါ။) ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ကြမည် မဟုတ်။ ၎င်းတို့၏ စာတန်ဆန်သော သဘာဝအရ၊ မည်သည့်လမ်းမျိုးကို လူတို့ လျှောက်လှမ်းနိုင်သနည်း။ (စာတန်နောက်လိုက်ကာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။) ထိုသို့သော လူများသည် ကောင်းချီးခံစားရနိုင်သလော။ မခံစားရနိုင်ပေ၊ ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။