ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု (အပိုင်း သုံး)

သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသည်နှင့်အမျှ လူ၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များကို ပထမဦးစွာ သင် လက်ခံရမည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက၊ ပြီးလျှင် သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိလာပါက ဤသည်မှာ ကယ်တင်ခြင်း ရရှိရန် သင့်အတွက် ရှေ့ဆက်ခရီးလမ်း မဟုတ်လော။ လူကို တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို သင် ချဉ်းကပ်သည့်ပုံစံသည် အရေးပါလှ၏။ ဦးစွာပထမ လူ၏ သဘာဝကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တွေးဆကာ နားလည်ရမည်။ ဘုရားနှုတ်ကပတ်တော်များ ဖော်ထုတ်သည့် အရာသည် သင်၏ တကယ့် အခြေအနေနှင့် လုံးဝ ကိုက်ညီသည်ဟု သင် ရှင်းလင်းစွာ မြင်နိုင်ပါက သင်သည် အကျိုးကျေးဇူး ခံစားရလိမ့်မည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း ပြီးစီးသည့်အခါ ထိုနှုတ်ကပတ်တော်များကို အခြားသူများနှင့် နှိုင်းယှဉ်လေ့ရှိကြ၏။ ထိုနှုတ်ကပတ်တော်များက အခြားသူများကို ရည်ရွယ်ကြောင်းနှင့် ဘုရားပြောဆိုထားသည့် နှုတ်ကပတ်တော်များသည် မည်မျှ ပြင်းထန်နိုင်သည်ဖြစ်စေ ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်းမရှိဟု အမြဲ တွေးထင်ကြသည်။ ဤသည်မှာ ဒုက္ခပေးတတ်၏။ ဤလူစားမျိုးသည် သမ္မာတရားကို လက်မခံချေ။ သို့ဆိုလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များ တစ်ခုတလေကို သင် ဖတ်ရှုသည့်အခါတိုင်းတွင် ထိုနှုတ်ကပတ်တော်များကို သင်ကိုယ်တိုင်နှင့် အမြဲ နှိုင်းယှဉ်ကြည့်သင့်သည်၊ ထိုနှုတ်ကပတ်တော်များအား သင်၏ ကိုယ်ပိုင်အခြေအနေ၊ သင်၏ ကိုယ်ပိုင် အတွေး၊ ရှုထောင့်အမြင်များနှင့် ပြန်လှန်ညွှန်းသင့်ပြီး သင်၏ ကိုယ်ပိုင် အပြုအမူများနှင့် ပြန်လှန်ညွှန်းသင့်သည်။ သင်သည် ထိုနှုတ်ကပတ်တော်များနှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်ပြီး သင်၏ ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ပါက ဤသို့ဖြင့် သင်သည် အကျိုးကျေးဇူး ခံစားရလိမ့်မည်။ ထို့နောက် သင်နားလည်သည့် သမ္မာတရား၏ စစ်မှန်မှုကို အခြားသူများအား သွားကူညီရန် အသုံးပြုသင့်သည်။ ၎င်းတို့ သမ္မာတရားကို နားလည်ပြီး ပြဿနာများကို ဖြေရှင်းရန် ကူညီလော့၊ ၎င်းတို့ ဘုရားသခင် ရှေ့မှောက်သို့ လာပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံရန် ကူညီလော့။ ဤအရာက အခြားသူများအတွက် ချစ်ခြင်းမေတ္တာကို ပြသပြီး ထိုအရာမှ အကျိုးကျေးဇူး သင် ခံစားနိုင်သည်။ ယင်းသည် သင့်ကိုရော အခြားသူများကိုပါ အကျိုးပြုသည်၊ နှစ်ဖက်အကျိုးပြုသည့်အရာတစ်ခု ဖြစ်၏။ ဤသို့ပြုမူဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ အိမ်တော်၌ သင့်ကို အသုံးဝင်သောလူတစ်ဦး ဖြစ်စေသည်။ ထိုသို့သော သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်ပါက သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ သင်သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိသည် မဟုတ်လော။ လူတို့ကို ဘုရားသခင်ဖော်ထုတ်သည့် နှုတ်ကပတ်တော်များ၏ သတိပေးချက်ကို လက်ခံကာ ကျိုးနွံနာခံရန် အလားတူ နည်းလမ်းကို သင် အသုံးပြုသင့်ပြီး ထို့နောက်တွင် သင့်ကိုယ်သင် စိစစ်ကာ သိရှိလာသင့်သည်။ သင်တို့ကိုယ်သင်တို့ ဤနည်းအားဖြင့် မည်သို့နှိုင်းယှဉ်ရမည်ကို သင်တို့ သိကြသလော။ (အနည်းငယ်သိပါသည်။) သင်သည် စာတန်ဖြစ်ကြောင်း၊ နတ်ဆိုးဖြစ်ကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းနှင့် သူ့ကို သင် အတိုက်အခံ လုပ်ကြောင်း ဘုရားသခင် ပြောဆိုပါက သင်သည် ဤသာ၍ ကြီးမားသည့် ကိစ္စများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်နိုင်ပေသည်။ သို့ရာတွင် သင် မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည်ကို သေချာအောင် လေ့လာစိစစ်ရန် သူ၏ နှုတ်ကပတ်တော်များက အခြားအခြေအနေတစ်ခုခုနှင့် ပွင့်အံထွက်မှုများကို ကိုင်တွယ်သည့်အခါ ထိုနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် မနှိုင်းယှဉ်နိုင်သကဲ့သို့ ထိုနှုတ်ကပတ်တော်များကို သင် လက်မခံနိုင်ပေ။ ဤသည်မှာ အလွန် ဒုက္ခပေးတတ်၏။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိခြင်းမရှိဟု ဆိုလိုပါသည်။) သင်သည် မိမိကိုယ်ကို အမှန်တကယ် မသိသကဲ့သို့ သမ္မာတရားကို လက်မခံပေ၊ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် “လောက်”၊ “ညစ်ညူးသည့် မကောင်းဆိုးဝါးများ”၊ “တစ်ပြားမှမတန်”၊ “အမှိုက်”နှင့် “အသုံးမကျသူ” ကဲ့သို့သော လူတို့ကို ဖော်ထုတ်ရန် ဘုရားသခင် အသုံးပြုသည့် စကားလုံးများကို တဖြည်းဖြည်း နားလည်လာကြရန် လိုအပ်သည်။ လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ ၎င်းတို့ကို ရှုတ်ချရန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်သနည်း။ (လူတို့အား မိမိတို့ကိုယ်ကို သိရှိစေရန်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားရန် ဖြစ်သည်။) မှန်ပေ၏။ ဤအရာများကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သင့်အား သင့်ကိုယ်သင် သိခွင့်ပေးရန်၊ ထိုသို့ဖြစ်နေစဉ်တွင် သမ္မာတရားကို ရရှိပြီး သူ၏ ရည်ရွယ်ချက်များကို သိနားလည်ခွင့်ပေးရန် ဖြစ်သည်။ ဘုရားသခင်က သင့်ကို လောက်တစ်ကောင်အဖြစ်၊ နိမ့်ကျသည့် လူတစ်ဦးအဖြစ်၊ အသုံးမကျသူအဖြစ် ဖော်ထုတ်ပါက သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင်က “ဘုရားသခင်သည် ကျွန်ုပ်ကို လောက်တစ်ကောင်ဟု ပြောသောကြောင့် ကျွန်ုပ် လောက်တစ်ကောင်ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို အသုံးမကျသူဟု ပြောသောကြောင့် ကျွန်ုပ် အသုံးကျလိမ့်မည် မဟုတ်။ ကျွန်ုပ် တစ်ပြားမှမတန်ဟု ဘုရားသခင် ပြောသောကြောင့် ကျွန်ုပ်သည် တန်ဖိုးမဲ့သည့် အမှိုက်တစ်စ ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို ညစ်ညူးသော မကောင်းဆိုးဝါးဖြစ်သည်၊ စာတန်ဖြစ်သည်ဟု ပြောသောကြောင့် ကျွန်ုပ်သည် ညစ်ညူးသော မကောင်းဆိုးဝါး ဖြစ်လိမ့်မည်၊ စာတန် ဖြစ်လိမ့်မည်”ဟု ဆိုကောင်းဆိုမည်။ ဤသည်မှာ သမ္မာတရားကို ရရှိရန် နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) ဤစကားများကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်၊ သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဖော်ထုတ်ခြင်းအားလုံးတွင် သူ၏ နောက်ဆုံး ရည်မှန်းချက်မှာ လူတို့အား သူ၏ ရည်ရွယ်ချက်များကို နားလည်ခွင့်ပေးရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်း လမ်းကြောင်းပေါ် ခြေလှမ်းခွင့်ပေးရန် ဖြစ်သည်။ ဤလမ်းကြောင်းကို လူတို့ လျှောက်လှမ်းသည့်အခါတွင် ဘုရားသခင်ကို ၎င်းတို့ အမြဲ အထင်လွဲပါက၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့ မကြာခဏဆိုသလို အပြည့်အဝ လက်မခံနိုင်ပါက၊ ပြီးလျှင် ၎င်းတို့၏ ပုန်ကန်တတ်ခြင်းသည် အလွန်ကြီးမားပါက မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရမည်၊ သူ၏ စိစစ်ခြင်းကို လက်ခံရမည်၊ သူ့အား ထပ်တလဲလဲဖြစ်သော စမ်းသပ်မှုနှင့် စစ်ဆေးမှုတစ်လျှောက် သင့်ကို ဦးဆောင်ခွင့်ပေးရမည်ဖြစ်ပြီး သင့်ကို သန့်စင်စေရန် အခြေအနေများကို စီစဉ်ခွင့်ပေးရမည်။ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် အလွန်နက်ရှိုင်း၏၊ ၎င်းတို့သည် မိမိတို့ကို သန့်စင်စေရန် ဘုရားသခင်ကို လိုအပ်သည်။ လူတို့သည် ဤအရာကို လုပ်ဆောင်လိုစိတ်မရှိပါက၊ သက်သောင့်သက်သာဖြစ်ခြင်းများ၌ အမြဲ မွေ့လျော်ပါက၊ ၎င်းတို့သည် အမြဲ နားဝေတိမ်တောင်ဖြစ်ပါက၊ ပြီးလျှင် သမ္မာတရားကို လုံးဝ မရှာဖွေပါက ၎င်းတို့၏ သမ္မာတရားကို ရရှိခြင်း မျှော်လင့်ချက်သည် အလွန်နည်းပါးပေသည်။ လူတို့၏ စိတ်နှလုံး အတွင်းကျကျနေရာများကို ဘုရားသခင်၏ စိစစ်ခြင်းနှင့်ဆိုင်သည့် လက်တွေ့ကျသော သရုပ်သကန်များစွာ ရှိ၏။ ယင်းတို့ကို ဘုရားသခင် ဖော်ထုတ်သည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲရှိ အမှုအရာများစွာမှ မြင်နိုင်ပေသည်။ လူ၏ သဘာဝ အနှစ်သာရအတွင်းရှိ အမှုအရာများကို ဘုရားသခင်သာ မြင်နိုင်၏။ ထို့ကြောင့် သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ပါက သင့်ကို ဘုရားသခင်ပြောသည့် နည်းလမ်းအတိုင်း အသက်မရှင်သကဲ့သို့ သူ့ကို မယုံကြည်ပါက သို့မဟုတ် သင့်ကို သူ ပြောသည့်နည်းလမ်းဖြင့် မိမိတာဝန်ကို မလုပ်ဆောင်ပါက သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်သည့် လမ်းကြောင်းပေါ် အစပြုရန် ဖြစ်နိုင်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် အစပြုနိုင်မည်မဟုတ်သကဲ့သို့ သင့်အတွက် ကယ်တင်ခြင်းရရှိရန် အလွန်ခက်ခဲပေသည်။ ငါပြောသည့်အရာ မှန်သလော။ (မှန်ပါသည်။) လူတို့သည် မိမိတို့ ကိုယ်ပိုင် နည်းစနစ်များအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကို စိတ်ကျေနပ်စေနိုင်သလော။ (မကျေနပ်စေနိုင်ပါ။) လူတို့ဆိုက်ရောက်သည့် ၎င်းတို့၏ နည်းစနစ်များ၊ စိတ်ကူးများနှင့် နည်းလမ်းများသည် သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ဘုရားသခင်ကို ဤသို့ယုံကြည်ခြင်းမျိုးသည် သူ့ကို လုံးဝ စိတ်မကျေနပ်စေနိုင်ပေ။

လူတစ်ဦးက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှုကို တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ပုံနှင့်ဆိုင်သည့် စတုတ္ထမြောက် အညွှန်းနှင့်ပတ်သက်၍ ယခုတင် ငါ ပြောခဲ့သည်။ ယင်းမှာ တစ်စုံတစ်ဦးက ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများတွင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်ကို သင် ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာအား မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်ခြင်း မရှိပါက သို့မဟုတ် နားမလည်နိုင်ပါက၊ ဘုရားသခင် ပြောပြီး တောင်းဆိုသည့်အရာများကို သင် လုံးဝ သဘောမပေါက်နိုင်ပါက သူ့ကို သင် ကျိုးနွံနာခံနိုင်သလော။ (မနာခံနိုင်ပါ။) ဤသည်မှာ အလွန်ခက်ခဲလွန်းလှ၏။ ထို့ကြောင့် နောက်ဆုံး စိစစ်မှုတွင် ကျိုးနွံနာခံမှုကို ရရှိရန်အလို့ငှာ တစ်စုံတစ်ဦးသည် မည်သည့်အရာ လိုအပ်သနည်း။ (သမ္မာတရားကို နားလည်ရန်လိုအပ်ပါသည်။) လူတစ်ဦးသည် သမ္မာတရားကို နားလည်ပါက၊ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းနှင့် ညီမျှသလော။ (ညီမျှပါသည်။) ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်သည်နှင့်တစ်ပြိုင်နက်သာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ခြင်းတို့အား ၎င်းတို့ တဖြည်းဖြည်း ရရှိနိုင်ပေသည်။

လူတစ်ဦးသည် မိမိတို့ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှု တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရာတွင် အဓိကကျသည့် နောက်ထပ်အညွှန်းတစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်နိုင်ပြီး သင် ကြုံရသည့် အရာများအလယ်တွင် သမ္မာတရားကို ရရှိနိုင်ခြင်း ရှိမရှိဖြစ်သည်။ ယခုတွင် သင်တို့အများစုသည် ကိစ္စတစ်ခု သို့မဟုတ် အခြေအနေတစ်ခုကို ကြုံရသည့်အခါ ထိုအရာမှ သမ္မာတရားမည်မျှ သင် နားလည်နိုင်သနည်း။ သင်သည် ထိုအရာမှ သမ္မာတရားကို ရရှိနိုင်သလော။ နားဝေတိမ်တောင်ဖြစ်စွာ အမြဲပြုမူကာ လက်စမသတ်ရသေးသော အလုပ်များကို ချန်ထားလျက် ကိစ္စရပ်အများစုတွင် သမ္မာတရားကို သင် ရရှိနိုင်သလော သို့မဟုတ် အချိန်အများစုတွင် သမ္မာတရားကို သင် ရရှိနိုင်သလော။ (အချိန်အများစုတွင် ကျွန်ုပ်တို့သည် လက်စမသတ်သော အလုပ်များ ချန်ထားပါသည်။) ဤသည်မှာ သင်တို့၏ စစ်မှန်သော အခြေအနေဖြစ်သည်။ အချိန်အများစုတွင် သင်သည် သမ္မာတရားကို မရရှိနိုင်ပေ။ ဤအရာက မည်သည့်အရာကို ပြသသနည်း။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နည်းပါးပြီး ကိစ္စရပ်များစွာကို သင် ကြုံရသည့်အခါ ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည့် ဝိညာဉ်ရင့်ကျက်မှု သို့မဟုတ် သမ္မာတရား စစ်မှန်မှု သင်မရှိပေ။ သင်သည် စမ်းသပ်မှုများ သို့မဟုတ် စုံစမ်းသွေးဆောင်ခြင်းများ ကြုံရသည်ဖြစ်စေ သင်၏ သက်သေခံချက်တွင် သင် ခိုင်မာစွာ မရပ်တည်သောကြောင့် သင်သည် သမ္မာတရား စစ်မှန်မှု မရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင်ပြဿနာများကို မရိပ်စားမိနိုင်သကဲ့သို့ သင်၏ ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိပါက သင်သည် လုံးဝ ကျရှုံးပေပြီ။ သင်သည် အလားတူ စမ်းသပ်မှုမျိုးကို တစ်ဖန် ကြုံရပါက နားဝေတိမ်တောင် ဖြစ်လိမ့်ဦးမည်ဖြစ်သကဲ့သို့ ထိုအရာကို ဖြေရှင်းရန် မပြောင်းလဲသည့် နည်းစနစ်နှင့် ထိုအရာကို ချဉ်းကပ်ရာတွင် မပြောင်းလဲသည့် သဘောထားကို အသုံးပြုလိမ့်မည်။ ဤအရာက ကြီးထွားမှု ကင်းမဲ့ခြင်းကို ပြသလော။ (ပြပါသည်။) သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ယခုတွင် မည်သည့်အတိုင်းအတာအထိ ပိတ်မိနေသနည်း။ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ သင်သည် စိတ်ရှုပ်ထွေးသွားပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များ၊ ဓမ္မတေးသီချင်းများ၊ တရားဒေသနာများနှင့် မိတ်သဟာယများအပြင် သင် ပုံမှန်အားဖြင့် အသုံးပြုသည့် အမျိုးမျိုးသော စည်းမျဉ်းများကို ရှာဖွေသည်၊ သို့မဟုတ်လျှင် သင်သည် မိတ်သဟာယအတူပြုလုပ်ရန် လူများကို ရှာလေသည်။ ဤသည်မှာ လတ်တလောတွင် သင် ရှိသည့် ဝိညာဉ်ရင့်ကျက်မှု ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးမားသလော၊ သေးငယ်သလော။ (သေးငယ်ပါသည်။) သင်သည် ဤဝိညာဉ်ရင့်ကျက်မှုမျိုးဖြင့် အမှီအခိုကင်းစွာ အသက်ရှင်နိုင်သလော။ ပြဿနာများကို အမှီအခိုကင်းစွာ ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) လတ်တလောတွင် သင်တို့သည် ဤဝိညာဉ်ရင့်ကျက်မှု၌ ရှိပါက အသင်းတော် အသက်တာကို သင်တို့ စွန့်သည်နှင့်တစ်ပြိုင်နက်၊ သင်တို့၏ ညီအစ်ကို မောင်နှမများကို စွန့်သည်နှင့်တစ်ပြိုင်နက်၊ သင်တို့၏ တာဝန်ကို သင်တို့ လုပ်ဆောင်သည့်အခြေအနေများနှင့် နေရာများကို သင် စွန့်ခွာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နောက်သို့ သင်တို့ လိုက်နိုင်သေးသလော။ တကယ့်အဆုံးထိတိုင် သူ့နောက်သို့ သင် လိုက်နိုင်သလော။ ဤသည်မှာ မသိရသေးချေ။ သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် ဘုရားသခင်နောက် သင် လိုက်နေဆဲဖြစ်သော်လည်း သင်၏ အပြုအမူနှင့် ကျင့်ကြံပြုမူခြင်း၊ သင် လိုက်စားသည့် ပန်းတိုင်များ၊ သင့်ဘဝ၏ ဦးတည်ချက်၊ ကိစ္စရပ်များအပေါ် သင်၏ ရှုထောင့်အမြင်များ၊ အခြားသူများနှင့် သင် အဆင်ပြေသည့်ပုံနှင့် ကိစ္စရပ်များကို သင် ထားသည့် သဘောထား၊ ဤအရာများထဲမှ တစ်ခုမျှ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် ဘာသာတရားမရှိသူတစ်ဦးနှင့် ကွာခြားလိမ့်မည် မဟုတ်သည်မှာလည်း ဖြစ်နိုင်ပေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သင်သည် မိမိကိုယ်ကို ယုံကြည်သူတစ်ဦးဟုသာ ခေါ်ဆိုကာ ဘုရားသခင်ကို မည်ကာမတ္တ ယုံကြည်ဆဲဖြစ်ပြီး သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် မိမိကိုယ်ကို ခေါ်ဆိုနေသေးခြင်း ဖြစ်လိမ့်မည်။ သို့ရာတွင် အနှစ်သာရအားဖြင့် ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် မရှိတော့ချေ၊ သင်သည် သူ၏ လမ်းခရီးကို သင့်စိတ်နှလုံးတွင် မစွဲကိုင်တော့သကဲ့သို့ သူနှင့် မည်သို့မျှ မပတ်သက်တော့ချေ။ သင်သည် သူ့ထံ ဆုတောင်းချက်တွင် မည်သည့်အရာပြောရမည်ကိုဖြစ်စေ၊ မည်သည့်အရာကို ရှာဖွေရမည်ကိုဖြစ်စေ မသိသကဲ့သို့ သင်၏ စိတ်နှလုံးတွင် သူထံ မည်သည့်အရာမျှ ပြောရန်မရှိဘဲ ဘုရားသခင် ရှေ့မှောက်သို့ မကြာခဏ လာသောကြောင့် သင်သည် ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးဝေးလာလေသည်။ အမှုအရာများကို သင် ကြုံရသောအခါ ဘုရားနှုတ်ကပတ်တော်များက သင်၏ လမ်းညွှန်အဖြစ် မဆောင်ရွက်သကဲ့သို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကိုလည်း သင် မသိချေ၊ ပြီးလျှင် မိမိကိုယ်ပိုင် စိတ်ကူးများအတိုင်း သင် ပြုမူဆောင်ရွက်လေသည်။ ထိုသို့ဖြင့် သင်သည် မယုံကြည်သူစစ်စစ်တစ်ဦး ဖြစ်လာပြီ မဟုတ်လော။ ဤစကားများဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ လူတစ်ဦးသည် သမ္မာတရားကို မရရှိမီ ၎င်းတို့ထံ အမှုအရာများဖြစ်ပျက်သည့်အခါ ၎င်းတို့ အမြဲ စိတ်ရှုပ်ထွေးကြလေသည်။ သမ္မာတရားအား မည်သို့ အသုံးပြုရမည်ကို ၎င်းတို့ မသိကြသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အမှုအရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြချေ။ သင်သည် ကောင်းမွန်သည့် သို့မဟုတ် ဆိုးရွားသည့် အခြေအနေများတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် စုံစမ်းသွေးဆောင်ခြင်း ခံရသည်ဖြစ်စေ၊ စစ်ကြောခြင်းခံရသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ရမှန်းမသိ အမြဲ ဖြစ်လေသည်။ သင်သည် ထိုအရာကို မတက်မကြွ ကိုင်တွယ်ဖြေရှင်းရုံမျှဖြေရှင်းပြီး အမှုအရာများကို ဖြေရှင်းရန် အပြုသဘောဆောင်သော သဘောထားကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ အသုံးမပြုနိုင်ချေ။ မည်သည့် အခြေအနေများကို သင် ကြုံရသည်ဖြစ်စေ သင်သည် ထိုအရာများကို ကြံ့ကြံ့ခံနိုင်စွမ်း လုံးဝ ကင်းမဲ့ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုဖို့ အစမပြုနိုင်ပေ။ ထိုပြဿနာများကို ဖြေရှင်းရန် ချက်ချင်း သမ္မာတရားကို သင် ရှာဖွေပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရန် သင် ကြိုးစားမည်ဆိုလျှင်ပင် လုပ်ဆောင်နိုင်မည်မဟုတ်။ သို့ဆိုလျှင် သင်၏ အပြုအမူနှင့် ဘဝမည်မျှသည် ဘုရားသခင်နှင့် ဆက်နွှယ်သနည်း၊ ယုံကြည်သူတစ်ဦး ရှိသင့်သည့် အပြုအမူ၊ ဘဝနှင့် မည်မျှ ဆက်နွှယ်သနည်း။ သင့်စိတ်နှလုံး၏ လုပ်ရိုးလုပ်စဉ်နှင့် ပုဂ္ဂလဓိဋ္ဌာန်ကျကျ စိတ်ဆန္ဒများအရ ရာခိုင်နှုန်းတစ်ခုသာ ဘုရားသခင်နှင့် ဆက်နွှယ်ပြီး ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် သမ္မာတရားနှင့် မဆက်နွှယ်ပါက သင်သည် ဘုရားသခင်က၊ “သင်တို့ပြုသောအရာများစွာသည် သမ္မာတရားနှင့် ဆီလျော်မှုမရှိ”ဟု ပြောထားသည့်အတိုင်းသာ ဖြစ်၏။ ဤသည်မှာ အလွန်ထိတ်လန့်ဖွယ်ရာဖြစ်ပြီး အလွန်အန္တရာယ်များသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ထိတ်လန့်ဖွယ်ရာဖြစ်ပြီး အလွန်အန္တရာယ်များလေသည်။ သို့ဆိုလျှင် လူတို့ ရင်ဆိုင်ရသည့် ပြဿနာများမှာ အဘယ်နည်း။ လူတို့သည် ဘုရားသခင် စီစဉ်ပြီးသည့် အခြေအနေများကို စွန့်ခွာပါက ၎င်းတို့ကို ဘုရားသခင် စုံလင်အောင်ပြုမည့် အခွင့်အရေးကို ၎င်းတို့ ဆုံးရှုံးကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ စဉ်းစဉ်းစားစား အလေးထားမှုများနှင့် မထိုက်မတန် ဖြစ်လာကြပြီး ၎င်းတို့အတွက် တမင် ဘုရားသခင် စီစဉ်သည့် သင်ခန်းစာများကို ၎င်းတို့ လက်လျှော့ကြပေသည်။ ဤသည်မှာ ဘုရားသခင်ကို ဝမ်းနည်းကြေကွဲမှု အဖြစ်စေဆုံးသောအရာ ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို လိုက်စားနိုင်ရန်အလို့ငှာ ဘုရားသခင်သည် ၎င်းတို့အတွက် သင့်တော်သော အခြေအနေများကို စီစဉ်ပေးသည်။ လူတို့သည် မိမိတို့တာဝန်များကို လက်လျှော့ပါက၊ သမ္မာတရား လိုက်စားခြင်းကို လက်လျှော့ပါက၊ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ကြသကဲ့သို့ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ထံမှ သွေဖည်နိုင်စွမ်းရှိပါက ၎င်းတို့သည် စစ်မှန်ရိုးသားသော ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်ကြသလော။ လုံးဝ မဟုတ်ပေ။ ဤအရာကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်သည်မှာ သေချာသလောက် ဖြစ်သည်။ ဤသည်မှာ ယခု သင်တို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှု ဖြစ်သည်။ သမ္မာတရားကို မလိုက်စားသောလူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ နားမလည်ကြချေ။ လူတို့သည် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်သည့် အခြေအနေများကို လုံးဝ နားမလည်သကဲ့သို့ မည်သို့ဆုတောင်းရမည် သို့မဟုတ် ဘုရားသခင်နှင့် မည်သို့ မိတ်သဟာယပြုရမည်ကို မသိပါက ဤလူများသည် မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး ရှိကြသနည်း။ ယင်းမှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်ပြီး သမ္မာတရားအား မည်သို့ လိုက်စားရမည်ကို ၎င်းတို့ မသိကြခြင်း ဖြစ်သည် မဟုတ်လော။ သမ္မာတရားအား မည်သို့ လိုက်စားရမည်ကို ၎င်းတို့ မသိပါက ထိုသမ္မာတရားကို မည်သို့ ရရှိနိုင်ကြမည်နည်း။ ပုဂ္ဂလဓိဋ္ဌာန်ကျကျ ရှုထောင့်အမြင်မှကြည့်လျှင် သင်သည် အရာရာကို စွန့်ပစ်ပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို သင်၏ ယုံကြည်မှုသည် စစ်မှန်ကြောင်း သင် ထင်ကောင်းထင်နိုင်သော်လည်း အမှန်တွင် သင်သည် သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားသခင်သည် သင့်စိတ်နှလုံးကို မရရှိသေးချေ။ ဤသည်မှာ မှန်ကန်သည် မဟုတ်လော။ (မှန်ပါသည်။) ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို မရရှိသေး၊ ယင်းမှာ ကိစ္စရပ်များစွာတွင် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်နိုင်စွမ်းရှိနေသေးပြီး ဘုရားသခင်၏ တည်ရှိခြင်းကိုပင် သင် ငြင်းပယ်သည်အထိ ဘုရားသခင်ထံမှ သင် သွေဖည်နိုင်စွမ်းရှိသေးသည်ဟု ဆိုလိုပေသည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိနိုင်၊ ဘုရားသခင်ကို သစ္စာမစောင့်သိနိုင်သကဲ့သို့ မကြောက်ရွံ့နိုင်ရုံမက အချိန်တိုင်း နေရာတိုင်းတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်နိုင်စွမ်းလည်း ရှိပေသည်။ ဤသည်မှာ သမ္မာတရား မရရှိမီ လူတို့ရှိကြသည့် အခြေအနေဖြစ်သည်။ ဤအရာအားလုံးကို သင်တို့အား ပြောဆိုရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤစကားများကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင်တို့ကို စိတ်ပျက်စေရန် ဖြစ်သလော။ (မဟုတ်ပါ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုကို သိရှိခွင့်ပေးရန် ဖြစ်ပါသည်။) ဤစကားများသည် သင်တို့အတွက် သတိပေးချက်ဖြစ်ပြီး သင်တို့ကို အကျိုးရှိစေလိမ့်မည်။ ယုံကြည်သူတစ်ဦးအနေဖြင့် သမ္မာတရားကို သင် မရရှိပါက ဘုရားသခင်ကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်သကဲ့သို့ သင့်ကို သူ ရရှိရန်လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သမ္မာတရားကို လိုက်စားခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။

သမ္မာတရားကို လိုက်စားရန် အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အာရုံစိုက်ရမည်ဖြစ်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်နေရာမှ စတင်သင့်သနည်း။ ဤအတွက် စည်းမျဉ်းစည်းကမ်းများမရှိပေ။ သင်နားလည်သည့် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမဆို သင် လက်တွေ့လုပ်ဆောင်သင့်သည်။ သင်သည် တာဝန်တစ်ခုကို စတင်လျှင် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လိုက်စားခြင်းအား စတင်သင့်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌ လက်တွေ့လုပ်ဆောင်ဖို့ သမ္မာတရား၏ သွင်ပြင်လက္ခဏာများစွာရှိပြီး၊ သင်နားလည်သည့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို လက်တွေ့လုပ်ဆောင်သင့်သည်။ ဥပမာအနေဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းဖြင့်လည်းကောင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းဖြင့်လည်းကောင်း၊ ပြီးလျှင် သင်၏စိတ်နှလုံးကို ဖွင့်ဟခြင်းဖြင့်လည်းကောင်း သင် စတင်နိုင်သည်။ သင်၏ ညီအစ်ကို မောင်နှမများနှင့် ပြောဆိုဖို့ အလွန် အခက်ကြုံရသည့် အရာတစ်ခုခု သင်၌ရှိလျှင်၊ ဒူးထောက်ကာ ထိုအရာကို ဘုရားသခင်အား ဆုတောင်းခြင်းမှတစ်ဆင့် သင် ပြောပြသင့်သည်။ ဘုရားသခင်ကို သင်ဘာပြောသင့်သနည်း။ သင့်စိတ်နှလုံးတွင် ရှိသောအရာကို ဘုရားသခင်အား ပြောလော့၊ အနှစ်မဲ့သော အာလာပသလ္လာပများကို မပြောနှင့်၊ သို့မဟုတ် သူ့ကို လှည့်ဖြားရန် မကြိုးပမ်းနှင့်။ ရိုးသားခြင်းနှင့် အစပြုလော့။ သင် အားနည်းခဲ့လျှင်၊ သင်အားနည်းခဲ့သည်ဟု ပြောလော့၊ သင် ကောက်ကျစ်ဆိုးယုတ်ခဲ့လျှင် သင် ကောက်ကျစ်ဆိုးယုတ်ခဲ့မိသည်ဟု ပြောလော့၊ သင် လှည့်ဖြားခဲ့လျှင် သင် လှည့်ဖြားခဲ့သည်ဟု ပြောလော့၊ ရက်စက်ပြီး ခိုးကြောင်ခိုးဝှက်အတွေးများ သင်၌ ရှိခဲ့ဖူးလျှင်၊ ၎င်းတို့အကြောင်းကို ဘုရားသခင်အား ပြောလော့။ အဆင့်အတန်းအတွက် သင် အမြဲ ယှဉ်ပြိုင်နေလျှင် ဤအရာကိုလည်း သူ့အား ပြောလော့။ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်စေလော့၊ သင့်အတွက် ပတ်ဝန်းကျင်များကို သူ့အား စီစဉ်စေလော့။ သင်၏ အခက်အခဲများအားလုံးကို သင် ဖြတ်သန်းပြီး သင်၏ ပြဿနာအားလုံးကို ဖြေရှင်းဖို့ ဘုရားသခင်ကို ကူညီခွင့်ပေးလော့။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ သင်ဖွင့်ဟသင့်၏၊ ယင်းကို ပိတ်မထားနှင့်။ သူ့ကို သင်အဝင်မခံလျှင်ပင် သင့်အထဲကို သူစေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သေး၏၊ သို့သော်လည်း သူ့ကို သင်၏စိတ်နှလုံးအား ဖွင့်ဟလျှင် သမ္မာတရားကို သင်ရရှိနိုင်သည်။ ဤသို့ဆိုလျှင် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။ သင်သည် သင်၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်အား သင့်စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ပြောပြသင့်သည်။ မည်သည့်အကြောင်းနှင့်မျှ သင်သည် မစစ်မှန်သော အရာကို မပြောသင့်ပေ၊ သို့မဟုတ် သင့်ကိုယ်သင် အယောင်မဆောင်သင့်ပေ။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းအားဖြင့် သင်စတင်သင့်သည်။ နှစ်များစွာကြာသည်အထိ ငါတို့သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းအကြောင်း သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုနေခဲ့ကြသည်။ သို့တိုင်အောင် ယခုအခါတွင် အရေးမစိုက်သူများ၊ ၎င်းတို့၏ ကိုယ်ပိုင်ကြံရွယ်ချက်များ၊ ဆန္ဒ၊ ဦးတည်ချက်များနှင့်အညီ၊ နောင်တရဖို့ လုံးဝ မတွေးကြသောသူများနှင့်အညီ ပြောဆိုပြုမူသူများ များစွာရှိသေးသည်။ ဤသည်မှာ ရိုးသားသောသူတို့၏ သဘောထား မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် ရိုးသားရန် တောင်းဆိုသနည်း။ ယင်းသည် လူတို့ကို နားလည်သဘောပေါက်ဖို့ ပိုမိုလွယ်ကူစေရန် ပြုလုပ်ခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်သည် ရိုးသားသည့်သူများကို ချစ်ပြီး ကောင်းကြီးပေးသောကြောင့် လူများကို ရိုးသားဖို့ တောင်းဆိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့် လူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ယုံကြည်စိတ်ချရသည့်သူတစ်ဦး၊ ဘုရားသခင် ချစ်သည့်သူတစ်ဦးနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင် ချစ်နိုင်သည့် သူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းတို့၏ အခြေခံအကျဆုံး သရုပ်သကန်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့်အခါမျှ မရိုးသားဖူးပါက၊ သို့မဟုတ် ရိုးသားရန် မစဉ်းစားခဲ့ဖူးပါက၊ သူသည် သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို နားမလည်နိုင်သူဖြစ်သည်။ ကျွန်ုပ်ပြောသည်ကို မယုံကြည်လျှင် သင့်ဘာသာ သွား၍ ကြည့်လော့၊ သို့မဟုတ် သင့်ဘာသာ ဤအရာကို သွား၍ ကြုံတွေ့လော့။ ရိုးသားသူတစ်ယောက် ဖြစ်ခြင်းအားဖြင့်သာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟနိုင်သည်။ သမ္မာတရားကို လက်ခံနိုင်သည်။ သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် သင်၏အသက်ဖြစ်လာနိုင်သည်။ သမ္မာတရားကို သင်နားလည်နိုင်ပြီး ရရှိနိုင်သည်။ သင်၏ စိတ်နှလုံးသည် အမြဲ ပိတ်လျက်ရှိနေပြီး သင်ဖွင့်ဟပြောဆိုခြင်းမရှိ သို့မဟုတ် သင့်စိတ်နှလုံးထဲရှိသောအရာကို မည်သူ့ကိုမျှ မပြောလျှင်၊ သင် ပွင့်ပွင့်လင်းလင်း မပြောဆိုသည်မှာ မည်သူကမျှ သင့်ကို နားမလည်နိုင်သည်အထိဖြစ်လျှင် သင်၏ အကာအဆီးမှာ ထူလွန်းပြီး သင်သည် လူတို့တွင် အလှည့်စားဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်ထံ မိမိကိုယ်ကို သက်သက် မဖွင့်ဟနိုင်လျှင်၊ သင်သည် ဘုရားသခင်ကို လှည့်စားရန် ဘုရားသခင်ကို လိမ်ညာနိုင်လျှင်၊ သို့မဟုတ် ချဲ့ကားပြောဆိုနိုင်လျှင်၊ သင်သည် ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်စွမ်းမရှိလျှင်၊ လှည့်ပတ်ပြောဆိုပြီး သင်၏ ရည်ရွယ်ချက်များကို ဖုန်းကွယ်နိုင်သေးလျှင် သင့်ကိုယ်သင်သာ ထိခိုက်စေလိမ့်မည်။ ဘုရားသခင်က သင့်အား လျစ်လျူရှုပြီး သင်၌ အလုပ်လုပ်မည် မဟုတ်ချေ။ သင်က မည်သည့် သမ္မာတရားကိုမျှ နားလည်မည်မဟုတ်ပေ။ မည်သည့် သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ပေ။ ယခုတွင် သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်း၏ အရေးပါမှုကို သင်တို့ မြင်နိုင်သလော။ သမ္မာတရားကို လိုက်စားရန် ပထမဆုံး သင် လုပ်ဆောင်သင့်သည့် အရာသည် မည်သည့်အရာဖြစ်သနည်း။ သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်သင့်သည်။ လူတို့သည် ရိုးသားဖို့ကြိုးစားကြမှသာ ၎င်းတို့ မည်မျှ အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်၊ ၎င်းတို့၌ လူသားသဏ္ဌာန် အကယ်ရှိသည်၊ မရှိသည်ကို သိနိုင်ပြီး ၎င်းတို့ကိုယ်၎င်းတို့ အကဲဖြတ်ဆန်းစစ်ကာ ၎င်းတို့၏ အားနည်းချက်များကို မြင်နိုင်ပေသည်။ ရိုးသားမှုကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည့် အခါမှသာ ၎င်းတို့ မုသားများ မည်မျှပြောဆိုပြီး ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် မရိုးသားမှုတို့ မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်ကို သိလာနိုင်ပေသည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံ ရှိကြစဉ်တွင်သာ လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို တဖြည်းဖြည်း သိလာနိုင်ပြီး ၎င်းတို့ ကိုယ်တိုင်၏ သဘာဝအနှစ်သာရကို သိရှိနိုင်ကာ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် သန့်စင်ခံရလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ စဉ်ဆက်မပြတ် သန့်စင်ခံရခြင်း ဖြစ်စဉ်တွင်သာ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြပေသည်။ ဤနှုတ်ကပတ်တော်များကို အချိန်ယူ၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို မရလျှင် မည်သို့ အဓိပ္ပာယ်ရသနည်း။ သင်သည် ဘုရားသခင်ကို မရရှိလျှင် သင်သည် သမ္မာတရားကို နားမလည်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို သင်သိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်ဖို့ လမ်းမရှိပေ။ ဤဖြစ်ရပ်တွင် သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်လျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းကို ရယူရန် မရှာဖွေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သနည်း။ အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့် လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက ရိုးသားခြင်းဖြင့် စတင်ရမည်။ အဆုံးတွင် ဘုရားသခင်၏ ရယူခြင်းခံရသောသူတို့သည် လက္ခဏာတစ်ခုဖြင့် အမှတ်အသားပြုခံရကြသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်။ “အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ “သူတို့” ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ အပြုအမူ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပေ။ မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်သဘောပေါက်ခြင်း ရှိကောင်းရှိနိုင်သည်။ ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။ “အပြစ်ကင်းလွတ်ခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ မကောင်းမှုကို မလုပ်ခြင်းကို ဆိုလိုသည်။ မကောင်းမှုကို မလုပ်ခြင်းသည် မည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်မှာ သံသယ ရှိစရာမလိုပေ။ ထို့ကြောင့် အပြစ်ကင်းလွတ်ခြင်းသည် ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။ အပြစ်နှင့် ကင်းလွတ်သူတစ်ဦးအား ဘုရားသခင်က မည်သို့ သတ်မှတ်ထားသနည်း။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတို့သာ စုံလင်သည်။ ထို့ကြောင့် အပြစ်ကင်းလွတ်သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများဖြစ်သည်။ စုံလင်သောသူတို့သည်သာ အပြစ်ကင်းလွတ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ တစ်စုံတစ်ဦးသည် နေ့တိုင်း လိမ်ညာပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း စကားပြောကာ ပြုမူပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ အသိအမှတ်ပြုခြင်းကို အမြဲ တောင်းဆိုပါက၊ ဘုရားသခင်ကို ဆုလာဘ်အမြဲ တောင်းဆိုပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမြဲ သက်သေခံလျက် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်ပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပါက၊ အခွင့်ကောင်းယူ၍ ပြုမူဆောင်ရွက်ပါက၊ ဆိုးယုတ်သည့် ရည်ရွယ်ချက်များ သိုထားပြီး အချောင်ခိုပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဤထုတ်ဖော်ခြင်းများအားလုံးသည် အပြစ်အနာအဆာများ ဖြစ်သည်။ သမ္မာတရားကို လူတို့ မသိနားမလည်မီ ထိုအရာကို ၎င်းတို့ မသိကြခြင်းသာ ဖြစ်သည်။ ယခုတွင် ဤဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများသည် အပြစ်အနာအဆာများနှင့် အညစ်အကြေးများ ဖြစ်သည်ကို သင်တို့အားလုံး သိကြပေပြီ။ သင်တို့သည် သမ္မာတရား အနည်းငယ် နားလည်သည်နှင့်တစ်ပြိုင်နက် ဤပိုင်းခြားသိမြင်နိုင်စွမ်း ရှိနိုင်ပေသည်။ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများနှင့် သက်ဆိုင်သည့် အရာအားလုံးသည် အလိမ်အညာများနှင့် ဆက်နွှယ်ပေသည်။ သမ္မာကျမ်းစာ၏ စကားလုံးများဖြစ်သည့် “မုသားမတွေ့” ဟူသည်တို့မှာ သင်သည် အပြစ်အနာအဆာများ ရှိမရှိဆိုသည်ကို သုံးသပ်ခြင်းအတွက် အဓိကလက္ခဏာရပ်များ ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် ဘဝတွင် ကြီးထွားရင့်ကျက်မှုကို တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရာတွင် နောက်ထပ် အညွှန်းတစ်ခုရှိသည်။ ယင်းမှာ သင်သည် ရိုးသားသောလူတစ်ဦးဖြစ်ခြင်းထဲသို့ ဝင်ရောက်ပြီးခြင်း ရှိမရှိ၊ သင် ပြောသည့်အရာများတွင် မုသားမည်မျှကို တွေ့ရှိနိုင်သည်ဆိုသည်နှင့် သင်၏ မုသားများသည် တဖြည်းဖြည်း လျော့နည်းခြင်းရှိမရှိ သို့မဟုတ် ထိုမုသားများသည် ယခင်ကဲ့သို့ပင် အလားတူ ဖြစ်ကြသလောဆိုသည့်အရာ ဖြစ်သည်။ သင်၏ စက်ဆုပ်စရာဖြစ်ပြီး လှည့်ဖြားသော စကားများအပါအဝင် သင်၏ မုသားများသည် တဖြည်းဖြည်း လျော့နည်းလာပါက ယင်းမှာ သင်သည် စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်ပြီးဖြစ်ကာ သင်၏ဘဝ ကြီးထွားနေသည်ကို သက်သေပြပေသည်။ ဤသည်မှာ အမှုအရာများကို ကြည့်ရှုရန် လက်တွေ့ကျသည့် နည်းလမ်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ကြီးထွားရင့်ကျက်မှုကို တွေ့ကြုံနှင့်ပြီးသားဖြစ်သည်ဟု ခံစားရသော်လည်း သင်၏ မုသားများ လုံးဝ လျော့နည်းမသွားသေးသကဲ့သို့ သင်သည် အခြေခံအားဖြင့် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ဖြစ်ပါက ဤသည်မှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ ပုံမှန် သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည့်အခါ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မုသားများကို များစွာ လျှော့ပြောကြလိမ့်မည်။ ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် အလွန် လိမ်ညာလွန်းပြီး သင်၏ စကားများသည် အလွန်မသန့်စင်လွန်းပါက ဤသည်မှာ သင်သည် လုံးဝ မပြောင်းလဲသေးသကဲ့သို့ ရိုးသားသော လူတစ်ဦး မဖြစ်သေးကြောင်း သက်သေပြပေသည်။ သင်သည် ရိုးသားသော လူတစ်ဦးမဟုတ်ပါက အသက်ဝင်ရောက်မှု မရှိပေ။ ထို့ကြောင့် မည်သည့် ကြီးထွားရင့်ကျက်မှုကို သင် တွေ့ကြုံနိုင်သနည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပကတိအတိုင်း ရှိနေဆဲဖြစ်ပြီး သင်သည် ဘာသာတရားမရှိသူတစ်ဦးနှင့် နတ်ဆိုးတစ်ဦး ဖြစ်သည်။ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းသည် လူတစ်ဦးက မိမိတို့ဘဝတွင် ကြီးထွားရင့်ကျက်မှု တွေ့ကြုံပြီးခြင်းရှိမရှိဆိုသည်ကို အကဲဖြတ်ရန်အသုံးပြုသည့် အညွှန်းတစ်ခု ဖြစ်သည်။ ဤအရာများကို မိမိတို့ကိုယ်တိုင်နှင့် မည်သို့ နှိုင်းယှဉ်ကြည့်ရမည်ဆိုသည်ကို လူတို့ သိရှိရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို မည်သို့အကဲဖြတ်ရမည်ဆိုသည်ကို သိရမည်။

အားလုံးထဲတွင် လူတစ်ဦးက မိမိ၏အသက်ဝင်ရောက်မှု၌ ကြီးထွားရင့်ကျက်မှုကို တွေ့ကြုံပြီးခြင်း ရှိမရှိနှင့်သက်ဆိုင်သည့် အညွှန်းမည်မျှကို ငါတို့ မိတ်သဟာယပြုပြီးပြီနည်း။ (ခြောက်ခုဖြစ်ပါသည်။) ဤခြောက်ခုက မည်သည့်အရာများ ဖြစ်သည်ကို အကျဉ်းချုပ်လော့။ (ပထမမှာ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းအား ရွေးချယ်ခြင်းက မှန်ကန်ကာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်ဟု မိမိတို့စိတ်နှလုံးတွင် ယုံကြည်ခြင်း ရှိမရှိ၊ ဤလမ်းကြောင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု ၎င်းတို့ ဆုံးဖြတ်နှင့်ပြီးခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် စိတ်နှစ်ခွမရှိဘဲ စိတ်ပိုင်းဖြတ်ချက်နှင့် အလိုဆန္ဒ ၎င်းတို့ ရှိမရှိဖြစ်သည်။ ဒုတိယမှာ လူများ၊ ကမ္ဘာလောက၊ ဤလူမှုအဖွဲ့အစည်း၊ ဘဝ၏ လမ်းကြောင်း၊ ရည်မှန်းချက်များနှင့် ဦးတည်ချက်၊ ပြီးလျှင် ဘဝ၏ အဓိပ္ပာယ်နှင့် တန်ဖိုးတို့နှင့် စပ်လျဉ်း၍ ၎င်းတို့၏ ရှုထောင့်အမြင်များ ပြောင်းလဲပြီးခြင်း ရှိမရှိဖြစ်သည်။ တတိယမှာ လူတို့သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိမရှိဖြစ်သည်။ စတုတ္ထမှာ ၎င်းတို့သည် ၎င်းတို့ ကြုံရသည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် အခြေအနေများတွင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာတို့ ဖြစ်သည်။ ပဉ္စမမှာ လူတို့သည် အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနားလည်လာနိုင်ပြီး သမ္မာတရားကို ရရှိနိုင်ခြင်း ရှိမရှိ ဖြစ်သည်။ ဆဋ္ဌမမှာ ၎င်းတို့သည် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းထဲသို့ ဝင်ရောက်ပြီးခြင်း ရှိမရှိဖြစ်သည်။) သင်တို့သည် ဤအရာများထဲသို့ ဝင်ရောက်ပြီးခြင်း ရှိမရှိဆိုသည်ကို မကြာခဏ ဆန်းစစ်ရမည်ဖြစ်ပြီး စုဝေးပွဲများတွင် ထိုအရာများကို မိတ်သဟာယပြုရမည်။ ဤအရာများကို သင် အမြဲ အာရုံမစိုက်ပါက သင်၏ ဘဝ ကြီးထွားနိုင်လိမ့်မည် မဟုတ်သကဲ့သို့ သင်၏ စိတ်သဘောထား ပြောင်းလဲရန် ဖြစ်နိုင်လိမ့်မည် မဟုတ်။ လူတို့သည် ၎င်းတို့ အာရုံစိုက်သည့် မည်သည့်အရာများတွင်မဆို၊ ၎င်းတို့အားထုတ်သည့် မည်သည့်နေရာတွင်မဆို ရလဒ်များ ရရှိကြသည်။ သင်သည် အယူဝါဒကို အမြဲ အာရုံစိုက်ပါက အယူဝါဒကိုသာ ရရှိလိမ့်မည်။ အဆင့်အတန်းနှင့် တန်ခိုးအာဏာရရှိခြင်းအပေါ် အာရုံစိုက်ပါက သင်၏ အဆင့်အတန်းနှင့် တန်ခိုးအာဏာသည် တည်ငြိမ်ကောင်းတည်ငြိမ်မည် ဖြစ်သော်လည်း သမ္မာတရားကို သင် ရရှိပြီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ သင်လုပ်ဆောင်သည့် တာဝန်သည် မည်သည့်အရာဖြစ်ပါစေ အသက်ဝင်ရောက်မှုသည် အရေးကြီးသော အရာဖြစ်၏။ သင်သည် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လျှော့ပေါ့၍ မရသကဲ့သို့ အလေးမထား၍လည်း မရပေ။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။