လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း (အပိုင်း တစ်)

လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာနားလည်၏။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့် ခရီးပန်းတိုင်ကို နားမလည်ပါ။ သတ္တဝါတစ်ဦးအနေဖြင့် လူသားသည် သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ ဘုရားသခင်လုပ်သမျှနောက်သို့ လူသားလိုက်ရမည်ဖြစ်ကာ၊ သင်တို့သည် ငါပြောသည့်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။ သင်သည် သင်ကိုယ်တိုင်အတွက် အစီအစဉ်များလုပ်ရန် နည်းလမ်းလုံးဝမရှိသည့်အပြင် သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်းလည်း မရှိပေ။ အရာခပ်သိမ်းကို ဘုရားသခင်၏ကရုဏာထံ အပ်နှံရမည်ဖြစ်လျက်၊ အရာခပ်သိမ်းသည် သူ့လက်များ၏ ချုပ်ကိုင်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို အချိန်မကျမီ ရလဒ်တစ်ခု၊ အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုပေး၍ ဘုရားသခင်သည် ဤသည်ကို အသုံးပြုလျက် လူသားကိုသွေးဆောင်ကာ သူ့နောက်သို့ လိုက်စေပါက၊ သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက၊ ဤသည်မှာ သိမ်းပိုက်ခြင်းလည်းမဟုတ် လူသား၏ဘဝအပေါ် အမှုဆောင်ရန်လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ချုပ်ကိုင်၍ လူသား၏နှလုံးသားကို ရယူရန် ၎င်းရလဒ်ကို အသုံးပြုမည်ဆိုပါက ထိုသို့ပြုခြင်းဖြင့် သူသည် လူသားကို စုံလင်နေစေခြင်းလည်းမဟုတ်၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ခရီးပန်းတိုင်ကို သူ့ကိုချုပ်ကိုင်ရန် အသုံးပြုနေခြင်းဖြစ်လိမ့်မည်။ လူသားသည် အနာဂတ်ရလဒ်၊ နောက်ဆုံး ခရီးပန်းတိုင်နှင့် မျှော်လင့်ရန်ကောင်းသောအရာတစ်ခုခု ရှိမရှိတို့ထက် ပို၍ဂရုပြုသည့်အရာ မရှိပေ။ သိမ်းပိုက်သည့်အမှု ဆောင်ရွက်နေစဉ် လူသားကို လှပသည့်မျှော်လင့်ချက်တစ်ရပ် ပေးခဲ့၍ လူသားကို သိမ်းပိုက်ခြင်းမပြုမီ သူ့ကို လိုက်လျှောက်ရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ပေးခဲ့လျှင်၊ လူသားအပေါ်သိမ်းပိုက်ခြင်းသည် ၎င်း၏သက်ရောက်မှုကို မရသည်သာမက သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုမှာလည်း လွှမ်းမိုးခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ကာ၊ လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သိမ်းပိုက်ခြင်းအမှုသည် ၎င်း၏သက်ရောက်မှုကို ရရှိသည်။ လူသားနှင့် သဘောတူညီချက်တစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များပေးခြင်းဖြင့်၊ ရရှိသည်မဟုတ်ပေ။ သို့သော် လူသား၏ လွတ်လပ်မှုကို လုံးဝဖယ်ရှား၍ သူ၏အလားအလာများကို ပပျောက်စေခြင်းအားဖြင့် ၎င်း၏သစ္စာရှိမှုကို ဖော်ထုတ်ခြင်းဖြင့် ရရှိသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ အစအဦး၌ လူသားကို လှပသောမျှော်လင့်ချက်ပေးခဲ့၍ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ၎င်းနောက်မှ ပြုလုပ်ပါက၊ လူသားသည် ၎င်းတွင်မျှော်လင့်ချက်များ ရှိသည်ဟူသောအခြေခံဖြင့် ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းထားသော သက်ရှိသတ္တဝါအားလုံး၏ ဖန်ဆင်းရှင်အပေါ် အကန့်အသတ်မရှိသော နာခံမှုနှင့် ကိုးကွယ်မှုတို့ကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။ မျက်ကန်းတောတိုး၊ အသိဉာဏ်မဲ့သည့် နာခံမှုသာလျှင် ရှိမည်ဖြစ်သည်။ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် အသိတရားကင်းမဲ့သည့် တောင်းဆိုမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် လူသား၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အကျိုးသက်ရောက်မှုအနေဖြင့်၊ ထိုကဲ့သို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိနိုင်စွမ်းရှိမည် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်အပေါ် သက်သေခံနိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ ထိုကဲ့သို့သော သက်ရှိသတ္တဝါတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိဘဲ ဘုရားသခင်နှင့် သဘောတူညီချက်များ ရယူရန်သာ လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်းမဟုတ်ဘဲ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာတို့သာဖြစ်လိမ့်မည်။ လူသားအတွက် အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများမှလွဲ၍ မည်သည့်အရာကိုမျှ တွေးတောစဉ်းစားမှု မရှိခြင်းနှင့် ၎င်းတို့ကို မြတ်နိုးကိုးကွယ်ခြင်းတို့ ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်နောက်လိုက်၏။ ဘုရားသခင်ကိုချစ်၍ သူ့ကို ယုံကြည်ကိုးကွယ်ခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကိုသိမ်းပိုက်ရာတွင် လူသား၏အတ္တဆန်မှု၊ လောဘနှင့် ဘုရားသခင်ကို ကိုးကွယ်ရာတွင် အဟန့်အတားအဖြစ်ဆုံး အရာအားလုံးကို ဖယ်ရှားရမည်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် လူသားကိုသိမ်းပိုက်ခြင်း၏ သက်ရောက်မှုများကို ရလိမ့်မည်။ ရလဒ်အနေဖြင့်၊ လူသားအပေါ် အစောဆုံးသိမ်းပိုက်မှုတွင် ထိန်းမနိုင်သိမ်းမရ ရည်မှန်းချက်များနှင့် လူသား၏အဆိုးရွားဆုံးသော အားနည်းချက်တို့ကို ဦးစွာကင်းစင်အောင်ပြုလုပ်ရန် လိုအပ်၍ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသ၍ လူ့ဘဝအကြောင်း ၎င်း၏အသိကို ပြောင်းလဲရန်၊ ဘုရားသခင်အပေါ် ၎င်း၏အမြင်နှင့် ၎င်း၏ဖြစ်တည်မှု၏ အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်အပေါ်လူသား၏ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏။ ဆိုလိုသည်မှာ၊ လူသား၏နှလုံးသားသည် သိမ်းပိုက်ခံရ၏။ သို့ရာတွင် သက်ရှိသတ္တဝါအားလုံးအပေါ် သူ၏သဘောထားတွင် ဘုရားသခင်သည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်သည်မဟုတ်ဘဲ သူ၏ဘုန်းတော်အတွက်နှင့် ရှေးဦးဆုံး လူသား၏နဂိုမူလပုံစံကို ပြန်လည်ရယူရန်အတွက် သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းသက်သက် အတွက်သာ သိမ်းပိုက်ပါက သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ ဆိုလိုသည်မှာ လူသားကိုသိမ်းပိုက်ပြီးနောက် ဘုရားသခင်သည် လူသားကို စွန့်လွှတ်၍ ၎င်း၏သေခြင်း၊ ရှင်ခြင်းကို လုံးဝဂရုမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသား၏ သိမ်းပိုက်မှုနောက်ပိုင်းတွင် သူ့ကိုရရှိခြင်းနှင့် အဆုံးတွင် အံ့ဩဖွယ်ရာ ခရီးပန်းတိုင်၌ သူရောက်ရှိခြင်းသည်သာလျှင် ကယ်တင်ခြင်းအမှု၏ အချက်အချာတွင်ရှိကာ၊ ဤသည်သာလျှင် လူသား၏ကယ်တင်ခြင်း ရည်မှန်းချက်ကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လှပသည့်ခရီးပန်းတိုင်တွင် လူသားရောက်ရှိခြင်းနှင့် နားနေခြင်းသို့ သူ၏ ဝင်ရောက်ခြင်းသည်သာလျှင် သက်ရှိသတ္တဝါအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများနှင့် ဖန်ဆင်းရှင်မှ ဆောင်ရွက်သင့်သည့် အမှုဖြစ်၏။ အကယ်၍လူသားမှ ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊ အကန့်အသတ်များလွန်းပါမည်၊ လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်း လူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ ထို့အပြင် သူသည် လူသား၏ အလားအလာများနှင့် အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။ သူသည် လူသားကိုကယ်တင်သဖြင့် လူသားကို သေချာစွာကယ်တင်၍ လုံးဝရယူလိမ့်မည်။ သူသည် လူသားကိုလမ်းပြသဖြင့် လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်လိမ့်မည်။ ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့် လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် တာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်မှ ဆောင်ရွက်သည့်အမှုဖြစ်သည်။ လူသားကို သူ၏အလားအလာများမှ ကင်းစင်စေခြင်းအားဖြင့် သိမ်းပိုက်ခြင်းအမှုကို ဖြစ်မြောက်စေသော်လည်း အဆုံးတွင် လူသားကို ၎င်းအတွက် ဘုရားသခင်ကပြင်ဆင်ထားသည့် သင့်တော်သောခရီးပန်းတိုင်အတွင်းသို့ ခေါ်ဆောင်လာရမည်ဖြစ်သည်။ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုဆောင်သည့်အတွက် လူသားတွင် ခရီးပန်းတိုင်ရှိ၍ ၎င်း၏ကံကြမ္မာသည် စိတ်ချရမည်အကြောင်းဖြစ်၏။ ဤနေရာတွင် ရည်ညွှန်းသည့် သင့်တော်သောခရီးပန်းတိုင်သည် အတိတ်ကသန့်စင်လိုက်သော လူသား၏ မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပါ။ ၎င်းတို့နှစ်ခုမှာ ကွဲပြားခြားနားကြ၏။ လူသားမျှော်လင့်၍ လိုက်စားသည့် အရာများသည် ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကိုလိုက်စားမှုအပေါ် တမ်းတခြင်းများဖြစ်ကာ လူသားနှင့်ထိုက်တန်သော ခရီးပန်းတိုင်မဟုတ်ပေ။ ထိုအတောအတွင်း လူသားအတွက် ဘုရားသခင်က ပြင်ဆင်ထားသည့်အရာများမှာ လူသားကို သန့်စင်စေပြီးနောက် လူသားနှင့်ထိုက်တန်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်၏။ ၎င်းတို့မှာ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ပြင်ဆင်ထားခဲ့သည့်အရာများဖြစ်၍ လူသား၏ ရွေးချယ်ချက်၊ စိတ်ကူးစိတ်သန်းများ၊ စိတ်ကူးယဉ်မှုများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ဤခရီးပန်းတိုင်မှာ သီးခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ပြင်ဆင်ထားခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ရပ်လုံး နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤခရီးပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ခရီးပန်းတိုင်ဖြစ်၏။

ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်သည့်အရာတစ်ခုကိုမျှ သင်စွန့်ပစ်ခြင်း သို့မဟုတ် မနာခံခြင်း မပြုရ။ သူ့အပေါ် ဆန့်ကျင်ခြင်းလည်း မပြုသင့်ပေ။ သူဆောင်ရွက်သည့်အမှုသည် အဆုံးတွင် ဖြစ်မြောက်မည်ဖြစ်၍ ဤသည်၌ သူသည် ဘုန်းအာနုဘော်ကို ရရှိလိမ့်မည်။ ယနေ့ သင်သည် မောဘမှ ဆင်းသက်လာသူများဖြစ်ကြောင်း သို့မဟုတ် အဆင်းနီသောနဂါးကြီး၏ အမျိုးအနွယ်ဖြစ်ကြောင်း အဘယ်ကြောင့် မပြောကြသနည်း။ အဘယ်ကြောင့် ရွေးချယ်ထားသူများအကြောင်း မပြောဘဲ သက်ရှိသတ္တဝါများအကြောင်းသာ ပြောသနည်း။ လူသား၏နဂိုမူလအမည်မှာ သက်ရှိသတ္တဝါဟူ၍ဖြစ်ပြီး ဤသည်မှာ သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာ ဖြစ်သည်။ ခေတ်များနှင့် အမှု၏ကာလများကွဲပြားသဖြင့်သာ အမည်နာမများ ကွဲပြားခြင်းဖြစ်၏။ အကယ်စင်စစ်မူ လူသားသည် သာမန်သက်ရှိသတ္တဝါတစ်ဦးသာဖြစ်၏။ အပျက်စီးဆုံးဖြစ်စေ၊ အသန့်ရှင်းဆုံးဖြစ်စေ၊ သတ္တဝါအားလုံးသည် သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို ထမ်းဆောင်သည့်အခါ၊ သူသည် သင်၏အလားအလာများ၊ ကံကြမ္မာ သို့မဟုတ် ခရီးပန်းတိုင်ကို အသုံးပြု၍ သင့်ကို ချုပ်ကိုင်ထားခြင်း မရှိပေ။ အကယ်စင်စစ် ဤသို့ဆောင်ရွက်ရန် မလိုအပ်ပေ။ သိမ်းပိုက်ခြင်းအမှု၏ရည်ရွယ်ချက်မှာ လူသားအား သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်စေရန်၊ ဖန်ဆင်းရှင်ကို ဝတ်ပြုစေရန်ဖြစ်၍၊ ဤသို့ပြုလုပ်ပြီးမှသာလျှင် သူသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ လူသား၏ကံကြမ္မာကို ဘုရားသခင်၏လက်များမှ ထိန်းချုပ်ထား၏။ သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသားသည် မိမိအဖို့ အမြဲအပြေးအလွှားနှင့် အလုပ်ရှုပ်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်ပါက၊ သင်၏ကံကြမ္မာကို ချုပ်ကိုင်နိုင်ပါက၊ သင်သည် သတ္တဝါတစ်ဦး ဖြစ်နေဦးမည်လော။ အတိုပြောရလျှင် ဘုရားသခင်သည် မည်သို့ပင် အမှုဆောင်စေကာမူ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့် လူသားအတွက်အစေခံရန် ဘုရားသခင် ဖန်ဆင်းသည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်ပါ၊ လူသားအတွက် သူဖန်ဆင်းသည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသည်တို့ အားလုံးသည် လူသား၏ဖြစ်တည်ရေးအတွက် ဖြစ်၏။ ထို့ကြောင့် သူသည် လူသားကို မည်သို့ပင် ပြစ်တင်ဆုံးမ၍ တရားစီရင် စေကာမူ၊ ဤသည်တို့အားလုံးမှာ လူသား၏ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ဇာတိပကတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ဤသည်မှာ လူသားကို သန့်စင်ရန်ဖြစ်၍ လူသားကိုသန့်စင်ခြင်းသည် သူ၏ဖြစ်တည်ရေးအတွက်ဖြစ်၏။ လူသား၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိသဖြင့်၊ လူသားသည် သူ့ကိုယ်သူ မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

သိမ်းပိုက်အောင်နိုင်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤဘဝသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်မည်မှာ အမှန်ပင်ဖြစ်သော်လည်း ယနေ့လူသား၏ဘဝနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် သိမ်းပိုက်အောင်နိုင်ခဲ့ပြီးနောက် လူသားမျိုးနွယ်တွင်ရှိမည့် ဘဝဖြစ်သည်။ ကမ္ဘာမြေကြီးတွင် လူသားအတွက် အသစ်စတင်ခြင်းဖြစ်မည်။ ထို့အပြင် လူသားမျိုးနွယ်အနေဖြင့် ဤဘဝမျိုးရခြင်းမှာ လူသားမျိုးနွယ်သည် လောကဘုံအသစ်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ လူသားနှင့် ဘုရားသခင်အတွက် ကမ္ဘာမြေကြီးပေါ်တွင် ဘဝသစ် စတင်ခြင်း ဖြစ်လိမ့်မည်။ ဤမျှလှပသောဘဝ၏ အကြောင်းရင်းမှာ လူသားသည် သန့်စင်ခံရ၍ သိမ်းပိုက်စိုးမိုး ခံရပြီးနောက် ဖန်ဆင်းရှင်ရှေ့မှောက်တွင် နာခံ၍ ဖြစ်ရမည်။ ထို့ကြောင့် သိမ်းပိုက်အောင်နိုင်ခြင်းသည် လူသားမျိုးနွယ်က အံ့သြဖွယ်ကောင်းသော ခရီးလမ်းဆုံးသို့ မဝင်ရောက်မီ ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဤသို့သော ဘဝအသက်တာသည် ကမ္ဘာမြေကြီးတွင် လူသား၏အနာဂတ် ဘဝအသက်တာဖြစ်၏။ ၎င်းသည် ကမ္ဘာပေါ်တွင် အလှပဆုံးသော ဘဝအသက်တာဖြစ်၏။ လူသားတောင့်တသော ဘဝအသက်တာဖြစ်၏။ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ခါမျှ မရရှိဖူးသော ဘဝအသက်တာဖြစ်၏။ ၎င်းသည် အနှစ် ၆၀ဝဝ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ်ဖြစ်၏။ လူသားမျိုးနွယ်အနေဖြင့် လိုချင်တောင့်တဆုံးဖြစ်၍ ဘုရားသခင်က လူသားကို ပေးခဲ့သော ဂတိလည်း ဖြစ်၏။ သို့ရာတွင် ဤဂတိသည် ချက်ချင်း မဖြစ်ပေါ်နိုင်ပေ၊ နောက်ဆုံးသော ကာလ၏အမှု ပြီးဆုံးပြီး လူသားသည် လုံးဝသိမ်းပိုက် ခံရပြီးမှ၊ ဆိုလိုသည်မှာ စာတန် လုံးဝရှုံးနိမ့်ပြီးမှ အနာဂတ်ခရီးလမ်းဆုံးသို့ ဝင်ရောက်လိမ့်မည်။ လူသားသည် သန့်စင်ခံရပြီးသည့် အခါတွင် အပြစ်ရှိသော သဘောသဘာဝ ကင်းမဲ့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်အပေါ် အနိုင်ရရှိခဲ့ပြီး ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ရန်လိုသည့် အင်အားစုများမှ လုံးဝ ကျူးကျော်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် လူသား၏ ဇာတိပကတိကို တိုက်ခိုက်နိုင်မည့် ရန်လိုသည့် အင်အားစုများလည်း ရှိလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူသားသည် လွတ်လပ်၍ သန့်ရှင်းလိမ့်မည်၊ သူသည် ထာဝရသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ရန်လိုသော အမှောင်ထု၏အင်အားများကို ချည်နှောင်ထားမှသာလျှင် လူသားသည် သွားလေရာ၌လွတ်လပ်၍ ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းများ ကင်းမဲ့မည်ဖြစ်သည်။ လူသား အဆင်ပြေရန်အတွက် စာတန်ကို ချည်နှောင်ထားရမည်ဖြစ်သည်။ ယနေ့ ၎င်းအဆင်မပြေရခြင်းမှာက ကမ္ဘာမြေကြီး၏နေရာအနှံ့တွင် စာတန်သည် ဒုက္ခမွှေနှောက်လျက်ရှိဆဲ ဖြစ်သောကြောင့်နှင့် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု တစ်ရပ်လုံး အဆုံးသို့ရောက်ရှိရန် လိုသေးသည့်အတွက်ကြောင့် ဖြစ်သည်။ စာတန်ကျရှုံးသည်နှင့် တစ်ပြိုင်နက် လူသားသည် လုံးဝလွတ်မြောက်မည်ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုရရှိ၍ စာတန်၏ နယ်ပယ်အောက်မှ ထွက်လာသည့်အခါ ၎င်းသည် ဖြောင့်မတ်ခြင်း၏နေကို တွေ့လိမ့်မည်။ သာမန်လူသားတစ်ဦးနှင့် ထိုက်တန်သည့်ဘဝကို ပြန်လည်ရရှိလိမ့်မည်။ အကောင်းအဆိုး ကောင်းစွာသိနိုင်စွမ်း၊ မည်သို့စားရမည်နှင့် ဝတ်ဆင်ရမည်ကို နားလည်နိုင်စွမ်းနှင့် ပုံမှန်နေထိုင်နိုင်စွမ်း စသည်ဖြင့် ပုံမှန်လူသားတစ်ဦး ပိုင်ဆိုင်ရမည့် အရာအားလုံးကို ပြန်လည်ရရှိလိမ့်မည်။ ဧဝသည် မြွေ၏စုံစမ်းသွေးဆောင်ခြင်းကို မခံခဲ့ရလျှင်ပင် လူသားသည် အစအဦးတွင် ဖန်ဆင်းခံရပြီးနောက် ဤသို့သော ပုံမှန်ဘဝကို ရရှိခဲ့သင့်သည်။ ၎င်းသည် ကမ္ဘာမြေကြီးပေါ်ရှိ သာမန်လူသားတစ်ဦးကဲ့သို့ စားသောက်၊ ဝတ်ဆင်ကာ ဘဝကို နေထိုင်ခဲ့သင့်သည်။ သို့ရာတွင် လူသားသည် စာရိတ္တပျက်ပြားပြီးနောက်တွင် ဤဘဝသည် စိတ်ကူးယဉ်တစ်ခု ဖြစ်သွားခဲ့၍ ယနေ့တွင်ပင် လူသားသည် ဤသို့သောအရာများကို စိတ်မကူးရဲပါ။ အကယ်စင်စစ်မူ၊ လူသားတောင့်တသည့် လှပသောဘဝမှာ မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်၏၊ အကယ်၍ လူသားတွင် ဤသို့သောခရီးပန်းတိုင်သာမရှိပါက ကမ္ဘာမြေကြီးပေါ်ရှိ ၎င်း၏ စာရိတ္တပျက်ပြားသောဘဝသည် မည်သည့်အခါမျှ ရပ်ဆိုင်းမည်မဟုတ်ပေ။ ထို့အပြင် ဤသို့လှပသောဘဝသာ မရှိခဲ့လျှင် စာတန်၏ကံကြမ္မာ သို့မဟုတ် ကမ္ဘာမြေကြီးအပေါ် စာတန်အုပ်စိုးသည့် ခေတ်သည် အဆုံးသတ်လိမ့်မည် မဟုတ်ပေ။ လူသားသည် အမှောင်ထု၏ အင်အားများ လက်လှမ်းမမီသည့် နယ်ပယ်သို့ ရောက်ရှိရမည်ဖြစ်ကာ ထိုသို့ရောက်ရှိသည့်အခါ ဤသည်မှာ စာတန်ရှုံးနိမ့်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် စာတန်၏နှောင့်ယှက်မှု မရှိသည်နှင့် ဘုရားသခင်ကိုယ်တိုင်သည် လူသားမျိုးနွယ်ကို ထိန်းချုပ်လျက် သူသည် လူသား၏ ဘဝတစ်ခုလုံးကို ကွပ်ကဲ၍ထိန်းချုပ်မည်ဖြစ်သည်။ ဤသည်သာလျှင် စာတန်၏ရှုံးနိမ့်ခြင်းအဖြစ် အကျုံးဝင်လိမ့်မည်ဖြစ်သည်။ ယနေ့လူသား၏ဘဝသည် များသောအားဖြင့် ညစ်ညမ်းသည့်ဘဝဖြစ်၍ ဒုက္ခဝေဒနာဘဝ ဖြစ်နေသေး၏။ ဤသည်ကို စာတန်၏ရှုံးနိမ့်ခြင်းဟု မခေါ်နိုင်ပေ။ လူသားသည် ဒုက္ခပင်လယ်မှ လွတ်မြောက်ရန်၊ လူသား၏ဘဝအခက်အခဲမှ လွတ်မြောက်ရန်၊ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ရန် လိုသေး၏။ ထို့အပြင် ဘုရားသခင်ကို သူသိခြင်းမှာ အလွန့်အလွန် နည်းပါးသေး၏။ လူသား၏အခက်အခဲအားလုံးကို စာတန်က ဖန်တီးခဲ့ခြင်းဖြစ်၏။ လူသား၏ဘဝအတွင်းသို့ ဒုက္ခများယူဆောင်လာသူမှာ စာတန်ဖြစ်၍ စာတန်ကို ချည်နှောင်ထားပြီးမှသာလျှင် လူသားသည် ဒုက္ခပင်လယ်မှ လုံးဝလွတ်မြောက်နိုင်စွမ်းရှိမည်ဖြစ်သည်။ သို့ရာတွင် လူသား၏နှလုံးသားကို သိမ်းပိုက်ရယူခြင်း၊ လူသားကို စာတန်၏တိုက်ပွဲမှ တိုက်ခိုက်၍ရသောပစ္စည်း ဖြစ်စေခြင်းဖြင့် စာတန်ကို ကျွန်ပြုနိုင်မည်ဖြစ်၏။

ယနေ့၊ အောင်နိုင်သူတစ်ဦးဖြစ်လာရန်နှင့် စုံလင်စေခြင်း ခံရသူတစ်ဦးဖြစ်ရန် လူသား၏ဆောင်ရွက်မှုသည် လူသားက ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူသားတစ်ဦး၏ဘဝ မရမီ ဆောင်ရွက်ခဲ့သောအရာများဖြစ်၍ စာတန်ကိုကျွန်မပြုမီ လူသားက ရှာဖွေခဲ့သော ရည်မှန်းချက်များဖြစ်သည်။ အနှစ်သာရအားဖြင့် အောင်နိုင်သူတစ်ဦး ဖြစ်လာရန်နှင့် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန်၊ သို့မဟုတ် ကြီးမားစွာ အသုံးချခံရရန် လူသား၏ဆောင်ရွက်မှုမှာ စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်ဖြစ်၏။ လူသား၏ဆောင်ရွက်မှုမှာ အောင်နိုင်သူတစ်ဦးဖြစ်လာရန် ဖြစ်သော်လည်း နောက်ဆုံးရလဒ်မှာ စာတန်၏လွှမ်းမိုးမှုမှ သူ၏လွတ်မြောက်ခြင်း ဖြစ်လိမ့်မည်။ စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းဖြင့်သာ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူသား၏ ဘဝ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့်ဘဝတွင် နေထိုင်နိုင်မည်ဖြစ်၏။ ယနေ့ အောင်နိုင်သူတစ်ဦး ဖြစ်လာရန်နှင့် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန် လူသား၏ဆောင်ရွက်မှုသည် လူသားက ကမ္ဘာမြေကြီးပေါ်တွင် သာမန် လူပုဂ္ဂိုလ်တစ်ဦး၏ဘဝမရမီ ဆောင်ရွက်ခဲ့သောအရာများဖြစ်၏။ သန့်စင်ခြင်းခံရရန်နှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန်အတွက်နှင့် ဖန်ဆင်းရှင်ကို ဝတ်ပြု ကိုးကွယ်ခြင်းပြုရန် ၎င်းတို့ကို အဓိကဆောင်ရွက်ခြင်း ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူပုဂ္ဂိုလ်တစ်ဦး၏ဘဝ၊ အခက်အခဲ သို့မဟုတ် ဒုက္ခဝေဒနာ ကင်းသည့်ဘဝကို ပိုင်ဆိုင်လျှင် လူသားသည် အောင်နိုင်သူတစ်ဦးဖြစ်လာရန် ဆောင်ရွက်မည် မဟုတ်ပေ။ “အောင်နိုင်သူတစ်ဦး ဖြစ်လာရန်” နှင့် “စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်လာရန်” တို့သည် ဘုရားသခင်က လူသားကို ဆောင်ရွက်ရန် ပေးသည့် ရည်ရွယ်ချက်များဖြစ်၍ ဤရည်မှန်းချက်များကို ဆောင်ရွက်ခြင်းဖြင့် သူသည် လူသားအား သမ္မာတရားကို လက်တွေ့ကျင့်သုံးစေ၍ အရေးပါသည့်ဘဝကို နေစေ၏။ ဤရည်ရွယ်ချက်မှာ လူသားကို ပြည့်ဝစေရန်နှင့် လူသားကို ရရှိရန်ဖြစ်၍ အောင်နိုင်သူတစ်ဦးဖြစ်လာရန်နှင့် စုံလင်စေခြင်းခံရသူတစ်ဦး ဖြစ်ရန် ဆောင်ရွက်ချက်မှာ နည်းနာတစ်ရပ်သာ ဖြစ်၏။ အကယ်၍ အနာဂတ်တွင် လူသားသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်အတွင်း ဝင်ရောက်ပါက၊ အောင်နိုင်သူတစ်ဦးဖြစ်လာရန်နှင့် စုံလင်စေခြင်း ခံရသူတစ်ဦးဖြစ်ရန်ကို ရည်ညွှန်းလိမ့်မည် မဟုတ်ပေ။ သတ္တဝါတစ်ဦးစီ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေခြင်းသာလျှင် ရှိလိမ့်မည်ဖြစ်သည်။ ယနေ့ လူသား၏ဆောင်ရွက်မှုသည် ပစ်မှတ်ထားသော ဆောင်ရွက်မှု ဖြစ်စေရေးနှင့် လက်တွေ့ကျစေရေးအတွက်၊ ဤအရာများကို လူသားအတွက် နယ်ပယ်သတ်မှတ်ရန်သာ ဆောင်ရွက်စေခြင်းဖြစ်၏။ ၎င်းမရှိပါက ထာဝရ အသက်တာအတွင်း ဝင်ရောက်ရန် လူသား၏ဆောင်ရွက်မှုသည် မရေရာဘဲ စိတ်ကူးသက်သက်ဖြစ်၍၊ ဤသို့သာဖြစ်ပါက လူသားသည် ပို၍သနားဖွယ် မကောင်းပေဘူးလော။ ရည်မှန်းချက်များ သို့မဟုတ် အခြေခံသဘောတရားများမရှိဘဲ ဤနည်းဖြင့် ဆောင်ရွက်ရန်မှာ မိမိကိုယ်ကိုလှည့်ဖြားနေခြင်း မဟုတ်ပေဘူးလော။ အဆုံးတွင် ဤဆောင်ရွက်မှုသည် အချည်းနှီးဖြစ်မည်မှာ သဘာဝကျပါသည်။ အဆုံးတွင် လူသားသည် စာတန်၏အုပ်စိုးမှုအောက်တွင် ဆက်၍နေကာ လွတ်မြောက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤသို့သော အဓိပ္ပာယ်မဲ့သည့် ဆောင်ရွက်မှုမျိုး အဘယ်ကြောင့် ပြုလုပ်မည်နည်း။ ထာဝရခရီးပန်းတိုင်သို့ ဝင်ရောက်သည့်အခါ၊ လူသားသည် ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်မည် ဖြစ်လျက်၊ လူသားသည် ကယ်တင်ခြင်းရပြီးကာ ထာဝရကာလသို့ ဝင်ရောက်ပြီးဖြစ်သဖြင့် လူသားသည် မည်သည့်ရည်မှန်းချက်များကိုမျှ ဆောင်ရွက်လိမ့်မည် မဟုတ်သည့်အပြင် သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကို စိုးရိမ်စရာလည်း လိုမည်မဟုတ်ပေ။ ယခုအချိန်တွင် လူသားသည် သူ၏နေရာကိုသိမည်ဖြစ်၍ သူ၏တာဝန်ကို ထမ်းဆောင်ကာ၊ လူပုဂ္ဂိုလ်တစ်ဦးစီသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းခံရမှုမရှိသော်မှ တစ်ဦးစီသည် ၎င်း၏တာဝန်ကို ထမ်းဆောင်မည်ဖြစ်သည်။ ထိုအချိန်တွင် လူသားသည် ၎င်း၏ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် အနေအထားတို့ နှစ်ခုစလုံးတွင် သက်ရှိသတ္တဝါတစ်ဦးဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။ လူတစ်ဦးစီသည် ကွဲပြားသည့် လုပ်ဆောင်ချက်တစ်ရပ်ကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူသားသည် လူသားမျိုးနွယ်၏ စနစ်ကျ၍ သင့်တော်သော ခရီးပန်းတိုင်တွင် နေဦးမည်ဖြစ်၍၊ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လူသားသည် သူ၏တာဝန်ကို ထမ်းဆောင်မည်ဖြစ်၏။ ဤသို့သော လူသားမျိုးနွယ်တစ်ရပ်သည် ထာဝရကာလ၏လူသားမျိုးနွယ်ဖြစ်လိမ့်မည်။ ၎င်းအချိန်တွင် လူသားသည် ဘုရားသခင်က အလင်းပေးသည့် ဘဝ၊ ဘုရားသခင်၏ စောင့်ရှောက် ကာကွယ်မှုအောက် ရှိသည့်ဘဝနှင့် ဘုရားသခင်နှင့် အတူရှိသည့်ဘဝတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ကာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မှန်ကန်သော လမ်းကြောင်းအတွင်း ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေခဲ့ပြီးဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဖန်ဆင်းမှု နောက်ပိုင်း လူသား၏နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အစအဦး၌ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရမီ ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝဖြင့် အသက်ရှင်နေထိုင်ခဲ့၏။ နောက်ပိုင်းတွင် စာတန်၏ဖျက်ဆီးခြင်းကို ခံရခဲ့ပြီး လူသားသည် သူ၏ပုံမှန်ဘဝကို ဆုံးရှုံးသွားခဲ့သဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် လူသား၏ပုံမှန် ဘဝကို ပြန်လည်ရရှိရန် စာတန်နှင့်တိုက်ပွဲ စတင်ခဲ့၏။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ အမှုပြီးဆုံးသည့်အခါမှသာ လူသားမျိုးနွယ်အားလုံး၏ ဘဝသည် ကမ္ဘာမြေကြီးပေါ်တွင် တရားဝင်စတင်မည်ဖြစ်၍ ထိုအချိန်ကျမှသာလျှင် လူသားသည် အံ့သြဖွယ်ကောင်းသည့် ဘဝကိုရရှိမည်ဖြစ်ကာ ဘုရားသခင်သည် အစအဦး၌ လူသားကို ဖန်ဆင်းရခြင်းရည်ရွယ်ချက်နှင့် လူသား၏ နဂိုမူလအသွင်တို့ကို ပြန်လည်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် လူသား၏သာမန်ဘဝကို ရရှိပြီးသည်နှင့် အောင်နိုင်သူ သို့မဟုတ် ပြည့်စုံစေခြင်းခံရသူဖြစ်လာရန် ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားသည် သန့်ရှင်းနေလိမ့်မည် ဖြစ်၍ဖြစ်သည်။ လူသားပြောသည့် အောင်မြင်ခြင်းနှင့် စုံလင်စေခြင်းတို့သည် ဘုရားသခင်နှင့် စာတန်တို့အကြား တိုက်ပွဲကာလအတွင်း လူသားကဆောင်ရွက်ရန် ပေးထားသည့် ရည်ရွယ်ချက်များ ဖြစ်ကာ လူသားသည် ဖျက်ဆီးခြင်းခံရခဲ့သည့်အတွက်ကြောင့်သာ ၎င်းတို့ရှိနေခြင်း ဖြစ်သည်။ သင့်ကို ရည်ရွယ်ချက်တစ်ရပ်ပေး၍ သင့်အား ၎င်းရည်ရွယ်ချက်ကို ဆောင်ရွက်စေခြင်းဖြင့် စာတန်ကို ရှုံးနိမ့်စေလိမ့်မည်။ သင့်ကို အောင်နိုင်သူတစ်ဦးဖြစ်ရန် သို့မဟုတ် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန်၊ သို့မဟုတ် အသုံးခံစေရန် တောင်းဆိုခြင်းသည် စာတန်အရှက်ရစေရေးအတွက် သင်သက်သေခံရန် သတ်မှတ်ချက်ဖြစ်၏။ အဆုံးတွင် လူသားသည် ကမ္ဘာမြေကြီးပေါ်ရှိ ပုံမှန်လူသား၏ဘဝတွင်နေထိုင်၍၊ လူသားသည် သန့်ရှင်းမည်ဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ၊ ၎င်းတို့သည် အောင်နိုင်သူများဖြစ်ရန် ဆောင်ရွက်ဦးမည်လော။ ၎င်းတို့အားလုံးသည် သက်ရှိသတ္တဝါများ မဟုတ်လော။ အောင်နိုင်သူတစ်ဦးနှင့် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ခြင်း နှစ်ခုစလုံးမှာ စာတန်နှင့် လူသား၏ညစ်ညမ်းမှုတို့ကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ဤ “အောင်နိုင်သူ” မှာ စာတန်နှင့် ရန်လိုသည့်အင်အားစုအပေါ် အောင်နိုင်ခြင်းကို ရည်ညွှန်းထားခြင်း မဟုတ်လော။ သင်သည် စုံလင်စေခြင်း ခံရပြီဟု ဆိုသည့်အခါ သင့်အတွင်းရှိ မည်သည့်အရာသည် စုံလင်စေခြင်းခံခဲ့ရသနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အချုပ်အခြာကို ရရှိနိုင်ရေးအတွက် သင်သည် သင်၏စာတန်စိတ်သဘောထားကို ကင်းမဲ့စေခဲ့ပြီး မဟုတ်လော။ ဤကဲ့သို့သောအရာများမှာ လူသားအတွင်းရှိ ညစ်ညမ်းသောအရာများနှင့်ဖြစ်စေ၊ စာတန်နှင့် ဆက်စပ်၍ဖြစ်စေ ပြောသည့်အရာများဖြစ်၏။ ၎င်းတို့ကို ဘုရားသခင်နှင့် ဆက်စပ်၍ မပြောပေ။

ယနေ့ သင်သည် အောင်နိုင်သူတစ်ဦးဖြစ်ရန် သို့မဟုတ် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန် ဆောင်ရွက်ခြင်း မပြုပါက၊ အနာဂတ်တွင် လူသားမျိုးနွယ်က ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝဖြင့် အသက်ရှင်နေထိုင်သည့်အခါ ထိုကဲ့သို့လိုက်လံဆောင်ရွက်ရန် အခွင့်အလမ်းရှိမည်မဟုတ်ပါ။ ထိုအချိန်တွင် လူပုဂ္ဂိုလ်တစ်မျိုးစီတိုင်း၏ အဆုံးကို ထုတ်ဖော်လိမ့်မည်။ ထိုအချိန်တွင် သင်သည် မည်သို့သောအရာဖြစ်သည်မှာ ရှင်းလင်းသွားလိမ့်မည်ဖြစ်ကာ သင်သည် အောင်နိုင်သူ သို့မဟုတ် စုံလင်စေခြင်းခံရသူ ဖြစ်လိုလျှင် ဖြစ်နိုင်မည်မဟုတ်ပါ။ လူသားသည် ထုတ်ဖော်ခံရပြီးနောက် ၎င်း၏ပုန်ကန်သည့် စိတ်ကြောင့်သာ အပြစ်ပေးခံရလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် အချို့သူများအနေဖြင့် အောင်နိုင်သူများဖြစ်ရန်နှင့် အခြားသူများအနေဖြင့် စုံလင်စေခြင်းခံရသူများဖြစ်ရန်၊ သို့မဟုတ် အချို့သူများအနေဖြင့် ဘုရားသခင်၏သားဦးများဖြစ်ရန်နှင့် အခြားသူများအနေဖြင့် ဘုရားသခင်၏ သားများဖြစ်ရန် လူသား၏လိုက်လံဆောင်ရွက်မှုသည် အခြားသူများ၏အနေအထားထက် သာ၍မြင့်မားလိမ့်မည် မဟုတ်ပါ။ ၎င်းတို့သည် ဤအရာများကို လိုက်လံဆောင်ရွက်လိမ့်မည် မဟုတ်ပါ။ အားလုံးသည် ဘုရားသခင်၏ သတ္တဝါများဖြစ်လိမ့်မည်ဖြစ်၍ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြကာ၊ အားလုံးသည် ဘုရားသခင်နှင့်အတူ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြလိမ့်မည်။ ယခုအချိန်သည် ဘုရားသခင်နှင့် စာတန်တို့အကြား တိုက်ပွဲအချိန်ဖြစ်၏။ ဤအချိန်တွင် တိုက်ပွဲမှာ အဆုံးမသတ်ရသေးပေ။ ဤအချိန်တွင် လူသားကို အပြည့်အဝ မရယူရသေးဘဲ၊ အကူးအပြောင်းကာလတစ်ရပ် ဖြစ်၏။ ထို့ကြောင့် လူသားသည် အောင်နိုင်သူများဖြစ်ရေး သို့မဟုတ် ဘုရားသခင်၏လူများထဲမှ တစ်ဦးဖြစ်ရေး ဆောင်ရွက်ရန် လိုအပ်၏။ ယနေ့ အနေအထားကွာခြားမှုများ ရှိသော်လည်း အချိန်ကျသည့်အခါတွင် ဤကဲ့သို့သောကွာခြားမှုများ ရှိလိမ့်မည် မဟုတ်ပါ။ အောင်နိုင်ခဲ့သူအားလုံး၏ အနေအထားသည် အတူတူပင်ဖြစ်၍ ၎င်းတို့အားလုံးသည် အရည်အချင်းမီသူ လူသားမျိုးနွယ်များဖြစ်ကာ၊ ကမ္ဘာမြေကြီးပေါ်တွင် တန်းတူနေကြလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုသူတို့အားလုံးသည် အရည်အချင်းမီသော သက်ရှိသတ္တဝါများဖြစ်ကြ၍ ထိုသူတို့အားလုံးကို ပေးထားသည့် အရာအားလုံးသည်လည်း တူညီလိမ့်မည်။ ဘုရားသခင်၏အမှု၏ခေတ်များသည် ကွဲပြား၍ သူ့အမှု၏ဦးတည်ထားသော အရာများသည်လည်း ကွဲပြားသဖြင့်၊ ဤအမှုကို သင်တို့အတွင်းဆောင်ရွက်ပါက၊ သင်တို့သည် စုံလင်စေခြင်းခံရရန်နှင့် အောင်နိုင်သူများဖြစ်ရန် အကျုံးဝင်လိမ့်မည်။ ဤသည်ကို ပြည်ပတွင်ဆောင်ရွက်ပါက၊ ထိုသူတို့သည် သိမ်းပိုက်ခံရရန် ပထမအုပ်စုတွင်ရှိသူများနှင့် စုံလင်စေခြင်းခံရရန် ပထမအုပ်စုတွင်ရှိသူများဖြစ်ရန် အကျုံးဝင်လိမ့်မည်။ ယနေ့ ဤအမှုကို ပြည်ပတွင်ဆောင်ရွက်ခြင်း မဟုတ်သည့်အတွက် ထိုသူတို့သည် စုံလင်စေခြင်းခံရရန်နှင့် အောင်နိုင်သူများဖြစ်ရန် အကျုံးမဝင်ဘဲ ၎င်းတို့သည် ပထမအုပ်စုဖြစ်ရန်လည်း မဖြစ်နိုင်ပေ။ ဘုရားသခင်၏အမှု၏ အပြုခံဝတ္ထုသည် ကွဲပြားသောကြောင့် ဘုရားသခင်အမှု၏ခေတ်သည် ကွဲပြားကာ ၎င်း၏ နယ်ပယ်သည်လည်း ကွဲပြား၏။ ထို့ကြောင့် ပထမအုပ်စုရှိ၏။ ဆိုလိုသည်မှာ အောင်နိုင်သူများရှိ၏။ ထို့အပြင် စုံလင်စေခြင်းခံရသည့် ဒုတိယအုပ်စုသည်လည်း ရှိလိမ့်မည်။ စုံလင်စေခဲ့ပြီးသူ ပထမအုပ်စု ရှိသည်နှင့် နမူနာပုံစံတစ်ရပ် ရှိမည်ဖြစ်သဖြင့် အနာဂတ်တွင် စုံလင်စေခြင်းခံရသူ ဒုတိယနှင့် တတိယအုပ်စုများရှိကြလိမ့်မည်။ သို့ရာတွင် ထာဝရအတွက်တွင်မူ အားလုံးတူညီမည်ဖြစ်ကာ အနေအထားသတ်မှတ်ထားခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို ကွဲပြားသောအချိန်များတွင် စုံလင်စေခဲ့ခြင်းသာ ရှိလိမ့်မည်ဖြစ်၍ အနေအထား ကွာခြားခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ လူတိုင်းကို ပြည့်စုံစေခဲ့ပြီးဖြစ်သည့်အချိန် ကျရောက်၍ စကြဝဠာတစ်ခုလုံး၏အမှု ပြီးဆုံးသည့်အချိန် ကျရောက်သည့်အခါ အနေအထားကွဲပြားမှုများ ရှိလိမ့်မည်မဟုတ်ဘဲ အားလုံး တန်းတူအနေအထားတွင် ရှိလိမ့်မည်။ ယနေ့ သင်တို့သည် အောင်နိုင်သူများဖြစ်လာစေရန် ဤအမှုကို သင်တို့အကြား ဆောင်ရွက်၏။ ၎င်းကို အင်္ဂလန်တွင် ဆောင်ရွက်ပါက သင်တို့ပထမအုပ်စုတွင် ရှိမည်ဖြစ်သကဲ့သို့ အင်္ဂလန်တွင် ပထမအုပ်စုရှိလိမ့်မည်။ ယနေ့ငါသည် သင်တို့အတွင်း ငါ၏အမှု ဆောင်ရွက်သည်မှာ ငါ၏ကျေးဇူးတရား အထူးကြီးမား၍သာဖြစ်ကာ ဤအမှုသာ သင်တို့အတွင်း ငါမဆောင်ရွက်ပါက သင်တို့သည် တန်းတူ ဒုတိယအုပ်စု၊ သို့မဟုတ် တတိယ၊ သို့မဟုတ် စတုတ္ထ၊ သို့မဟုတ် ပဉ္စမအုပ်စု ဖြစ်လိမ့်မည်။ ဤသည်မှာ အမှု၏အစီစဉ်အထားအသို ကွဲပြား၍သာဖြစ်၏။ ပထမအုပ်စုနှင့် ဒုတိယအုပ်စုတို့မှာ တစ်ခုသည် အခြားတစ်ခုထက် ပိုမြင့်သည်၊ ပိုနိမ့်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ ဤလူတို့ကို စုံလင်စေသည့် အစီအစဉ်အထားအသိုကိုသာ ဆိုလိုခြင်းဖြစ်၏။ ယနေ့ ဤနှုတ်ကပတ်တော်များကို သင်တို့နှင့် ဆွေးနွေးသော်လည်း သင်တို့ကို အစောပိုင်းက အဘယ်ကြောင့် အသိမပေးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းစဉ်တစ်ရပ်မရှိလျှင် လူတို့သည် အစွန်းရောက်တတ်ကြသောကြောင့် ဖြစ်၏။ ဥပမာ ထိုစဉ်က “ငါသည် ထွက်ခွာခဲ့သည့်အတိုင်း ကြွရောက်လိမ့်မည်” ဟု ယေရှုပြောခဲ့သည်။ ယနေ့ အများအပြားသည် ဤနှုတ်ကပတ်တော်များကို အရူးအမူးဖြစ်နေခဲ့၍ ဝတ်ရုံအဖြူများကိုသာ ဝတ်ဆင်ချင်ကြကာ ကောင်းကင်ဘုံသို့ ချီဆောင်ခံရရန်သာလျှင် စောင့်ချင်ကြ၏။ ထို့ကြောင့် စောလွန်း၍ မပြောနိုင်သည့်နှုတ်ကပတ်တော် များစွာရှိသည်။ စောလွန်းစွာပြောလျှင် လူသားသည် အစွန်းရောက်မည် ဖြစ်၏။ လူသား၏ဝိညာဉ်အသက်တာသည် သေးငယ်လွန်းကာ ဤနှုတ်ကပတ်တော်များ၏ သမ္မာတရားကို ထိုးထွင်း၍မြင်နိုင်စွမ်း မရှိပေ။

အောက်ခြေမှတ်စု(များ)-

က။ မူလစာသားတွင် “ယနေ့၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ” ဟုရေးထား၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။