စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၈)

ငါ၏ဗျာဒိတ်တော်များသည် ၎င်းတို့၏အထွတ်အထိပ်သို့ ရောက်သောအခါနှင့် ငါ၏တရားစီရင်ခြင်း ပြီးဆုံးသည့်အခါသည် ငါ၏လူတို့အားလုံးကို ထုတ်ဖော်၍ စုံလင်စေပြီးသည့်အချိန် ဖြစ်လိမ့်မည်။ ငါ၏ စိတ်နှလုံးနှင့် ညီညွတ်၍ ငါအသုံးပြုရန် သင့်တော်သူများကို မရပ်မနားရှာဖွေရန် ငါ၏ခြေလှမ်းများသည် စကြဝဠာ ထောင့်စွန်းအားလုံးကို လျှောက်နင်း၏။ မည်သူသည် မတ်တတ်ရပ်၍ ငါနှင့်ပူးပေါင်းလုပ်ကိုင်နိုင် မည်နည်း။ ငါ့အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် နည်းပါးလွန်း၍ ငါ့အပေါ် သူ၏ယုံကြည်မှုသည်လည်း သနားဖွယ်ကောင်းလောက်အောင် သေးငယ်၏။ ငါ့နှုတ်ကပတ်တော်များ၏ တိုက်ခိုက်မှုမှာ လူသား၏ အားနည်းချက်များအပေါ် ဦးတည်ထားခြင်းမဟုတ်ပါက၊ သူသည် သဗ္ဗညုတဉာဏ်ရှိ၍ ကမ္ဘာမြေကြီးပေါ်ရှိ ကိစ္စရပ်များအကြောင်း အားလုံးသိသည့်အလား၊ ဝါကြွား၍ ချဲ့ကားပြောဆိုကာ၊ လူတတ်လုပ်လျက်၊ ကြီးကျယ်သော အယူအဆများကို ထွင်လုံးထုတ်လိမ့်မည်။ အတိတ်က ငါ့အပေါ် သစ္စာရှိသူများအကြားတွင် မည်သူသည် ဝါကြွားဝံ့သေးသနည်း။ ထို့အပြင် ယနေ့ ငါ့ရှေ့မှောက်၌ မည်သူသည် မားမားရပ်တည်နေသနည်း။ မိမိ၏အလားအလာများဖြင့် တိတ်တဆိတ် ဝမ်းသာပီတိ မဖြစ်ဘဲနေသူ မည်သူရှိသနည်း။ ငါသည် တိုက်ရိုက် လှစ်ဟမပြခဲ့သည့်အခါ၊ လူသားသည် ပုန်းအောင်းစရာနေရာမရှိဘဲ အရှက်ကြောင့် အလွန်အမင်း စိတ်ဆင်းရဲခဲ့ရ၏။ ငါသည် အခြားနည်းများဖြင့် ပြောဆိုသည့်အခါ မည်မျှသာ၍ ဆိုးမည်နည်း။ လူတို့တွင် ကျေးဇူးဆပ်ရန် အကြွေးတင်ရှိသည်ဟူသောစိတ် သာ၍ကြီးမားနေမည်။ ၎င်းတို့အား မည်သည့်အရာကမျှ အနာကင်းစေနိုင်မည်မဟုတ်ဟု ယုံကြည်နေလျက် ၎င်းတို့၏မတုန်မလှုပ်မှုက ၎င်းတို့အားလုံးကို တင်းကျပ်စွာ ချည်နှောင်ထားလိမ့်မည်။ လူသားသည် မျှော်လင့်ချက်ကင်းမဲ့သည့်အခါ၊ နိုင်ငံတော်အား အမြောက်ပစ်ဖောက် ဂုဏ်ပြုခြင်းသည် တရားဝင် ကျယ်လောင်စွာ မြည်ဟီး၏။ ဤသည်မှာ လူသား၏ပြောဆိုမှုအရ “ခုနစ်ဆပြင်းထန်သော ဝိညာဉ်တော် စတင်လုပ်ကိုင်သည့်အချိန်”၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ ကမ္ဘာမြေကြီးပေါ်တွင် နိုင်ငံတော်၏ဘဝ တရားဝင်စတင်သည့်အချိန်၊ ဆိုလိုသည်မှာ၊ (ဦးနှောက်မှ စနစ်တကျ စီမံပြုပြင်ခြင်းမရှိဘဲ) တိုက်ရိုက်ဆောင်ရွက်ရန် ငါ၏ ဘုရားသဘောသဘာဝ ပေါ်ထွက်လာချိန် ဖြစ်၏။ လူအားလုံးသည် ပျားများကဲ့သို့ အလုပ်များလာကြ၏။ သူတို့၏အသက် တစ်ဖန်ပြန်၍ ရှင်လာပုံရ၏၊ သူတို့ကို အိပ်မက်မှ နှိုးလိုက်ပုံရ၍ သူတို့ နိုးနိုးချင်း၊ သူတို့ကိုယ်သူတို့ ဤကဲ့သို့သော အခြေအနေတွင် တွေ့လိုက်ရသည်ကို အံ့သြနေပုံရ၏။ အသင်းတော် တည်ဆောက်မှုအကြောင်း အတိတ်က ငါများစွာပြောခဲ့၏။ နက်နဲသည့် အရာများစွာကို ငါထုတ်ဖော်ခဲ့၍၊ အသင်းတော်ကို တည်ဆောက်ခြင်းသည် အထွတ်အထိပ်သို့ ရောက်သောအခါ ရုတ်တရက် အဆုံးသတ်သွားခဲ့၏။ နိုင်ငံတော်ကို တည်ဆောက်ခြင်းမှာမူ ကွဲပြား၏။ ဝိညာဉ်လောကမှ တိုက်ပွဲသည် ၎င်း၏နောက်ဆုံးအဆင့်သို့ ရောက်သည့်အခါမှသာ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် အသစ်စတင်၏။ ဆိုလိုသည်မှာ၊ လူသား နောက်ဆုတ်ခါနီးမှ ငါသည် တရားဝင်စတင်၍ ငါ၏အမှုအသစ်ကို အထက်သို့မြှင့်၏။ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် အသင်းတော်တည်ဆောက်ခြင်းတို့အကြား ကွဲပြားမှုမှာ၊ အသင်းတော်ကို တည်ဆောက်သည့်အခါ၊ ငါသည် ဘုရား၏သဘောသဘာဝမှ ထိန်းချုပ်ထားသော လူ့သဘာဝထဲတွင် လုပ်ကိုင်ခဲ့၏။ ငါသည် လူသား၏သဘာဝဟောင်းကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းခဲ့၏၊ လူသား၏အကျည်းတန်သော အတ္တကို တိုက်ရိုက်ထုတ်ဖော်ခဲ့ကာ လူသား၏အနှစ်သာရကို ဖော်ပြခဲ့၏။ ရလဒ်အနေဖြင့်၊ ဤသည်ကိုအခြေခံ၍ လူသားသည် သူ့ကိုယ်သူ သိလာခဲ့၏။ ထို့ကြောင့် နှလုံးသားအတွင်းတွင်နှင့် နှုတ်ကပတ်တော်အားဖြင့် အခိုင်အမာယုံကြည်ခဲ့၏။ နိုင်ငံတော်တည်ထောင်ရာတွင် ငါသည် ငါ၏ဘုရားသဘောသဘာဝတွင် တိုက်ရိုက် လုပ်ဆောင်၍၊ ငါ၏နှုတ်ကပတ်တော်တို့ကို သိခြင်းအပေါ် အခြေခံ၍ လူတို့အားလုံးကို ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သိခွင့်ပေးလျက်၊ အဆုံးတွင် ဇာတိခန္ဓာထဲတွင် ရှိသောငါ့ကို သိခွင့်ပေး၏။ ဤနည်းအားဖြင့် လူသားမျိုးနွယ်၏ မရေရာသောဘုရားသခင်၏ နောက်သို့ လိုက်ခြင်းကို အဆုံးသတ်၍၊ လူသား၏နှလုံးသားမှ ကောင်းကင်ဘုံရှိ ဘုရားသခင်၏နေရာကို အဆုံးသတ်၏။ ဤသည်မှာ လူသားအား ငါ၏ဇာတိပကတိ၌ ငါ၏လုပ်ဆောင်ချက်များကို သိခွင့်ပေးကာ ကမ္ဘာမြေကြီးပေါ်၌ ငါ၏အချိန်ကို ထိုသို့ အဆုံးသတ်၏ဟု ဆိုလိုသည်။

နိုင်ငံတော်တည်ထောင်ခြင်းသည် ဝိညာဉ်လောကကို တိုက်ရိုက်ရည်ရွယ်၍ တည်ထောင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်၊ ဝိညာဉ်လောက၏တိုက်ပွဲသည် ငါ၏လူအားလုံးအကြားတွင် ရိုးရှင်းအောင် လုပ်ထားကာ၊ လူတို့အားလုံးသည် ဤအသင်းတော်တွင်သာမက နိုင်ငံတော်ခေတ်တွင် သာ၍ပင် အစဉ် တိုက်ပွဲဝင်နေကြောင်းကို ၎င်းမှတွေ့ရှိနိုင်သည်။ ထို့အပြင် လူသားသည် ဇာတိပကတိတွင် ရှိနေသော်လည်း ဝိညာဉ်လောကသည် တိုက်ရိုက် ဖော်ထုတ်ခံရ၍ လူသားသည် ဝိညာဉ်လောကရှိ ဘဝနှင့် ဆက်ဆံကြောင်းကိုလည်း တွေ့နိုင်သည်။ ထို့ကြောင့် သင်တို့သည် စတင်၍သစ္စာရှိသောအခါ၊ ငါ့အမှု၏ နောက်တစ်ပိုင်းအတွက် သင့်တော်စွာ ပြင်ဆင်ရမည်။ သင်တို့၏နှလုံးသား တစ်ရပ်လုံးကို ပေးအပ်သင့်၏။ သို့မှသာ သင်တို့သည် ငါ၏နှလုံးသားကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ လူသားသည် အတိတ်က အသင်းတော်တွင် မည်သည့်အရာလုပ်ခဲ့သည်ကို ငါလုံးဝဂရုမစိုက်။ ယနေ့တွင် နိုင်ငံတော်၌ဖြစ်၏။ ငါ၏အစီအစဉ်တွင်၊ စာတန်သည် ခြေလှမ်းတိုင်းကို အစဉ်အဆက် ယှဉ်ပြိုင်ခဲ့ကာ၊ ငါ့ဉာဏ်အမြော်အမြင်၏ အဖြည့်ခံအနေဖြင့် ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများရှာဖွေရန် အစဉ်ကြိုးစားခဲ့၏။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားသော အကြံအစည်များကို အရှုံးပေးနိုင်မည်လော။ ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ငါ့ကိုအစေခံ၏— စာတန်၏ လှည့်ဖြားသော အကြံအစည်တို့ရော အနည်းငယ်မျှပင် ကွာခြားနိုင်မည်လော။ ဤသည်မှာ အတိအကျအားဖြင့် ငါ့ဉာဏ်အမြော်အမြင်၏ လမ်းဆုံဖြစ်၏။ ဤသည်မှာ အတိအကျအားဖြင့် ငါ၏လုပ်ကိုင်မှုများ အံ့သြဖွယ်ကောင်းသည့်အရာ ဖြစ်၍ ငါ၏စီမံခန့်ခွဲခြင်းအစီအစဉ် တစ်ရပ်လုံးကို အကောင်အထည်ဖော်သည့် အခြေခံစည်းမျဉ်းဖြစ်၏။ နိုင်ငံတော်တည်ဆောက်သည့် ကာလအတွင်းတွင်၊ ငါသည် စာတန်၏လှည့်ဖြားသည့် ကြံစည်မှုများကို ရှောင်ရှားဦးမည် မဟုတ်ဘဲ ငါဆောင်ရွက်ရမည့် အမှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။ စကြဝဠာအတွင်းရှိ အရာခပ်သိမ်းအကြားတွင်၊ ငါသည် စာတန်၏လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ငါရွေးချယ်ထား၏။ ဤသည်မှာ ငါ၏ဉာဏ်အမြော်အမြင် မဟုတ်လော။ ဤသည်မှာ အတိအကျအားဖြင့် ငါ့အမှု၏ အံ့သြဖွယ်ရာကောင်းသည့် အရာမဟုတ်သလော။ နိုင်ငံတော်ခေတ်အတွင်းသို့ ဝင်ရောက်သည့်အခါတွင်၊ ကောင်းကင်ဘုံနှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့၌ ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်၍၊ ၎င်းတို့သည် အောင်ပွဲကျင်းပ၍ ဝမ်းသာပီတိ ဖြစ်ကြ၏။ သင်တို့ရော အနည်းငယ်မျှ ကွာခြားသလော။ မည်သူသည် ၎င်း၏နှလုံးသားတွင် ပျားရည်ကဲ့သို့ ချိုမြိန်မှုကို မခံစားရသနည်း။ မည်သူသည် ၎င်း၏နှလုံးသားတွင် ဝမ်းမြောက်ခြင်းဖြင့် မပြည့်လျှမ်းသနည်း။ မည်သူသည် ဝမ်းသာပီတိဖြင့် ကခုန်ခြင်းမပြုသနည်း။ မည်သူသည် ချီးမွမ်းစကား မပြောသနည်း။

အထက်တွင် ငါပြောဆိုဆွေးနွေးခဲ့သမျှအားလုံး၌၊ ငါ၏ဖွင့်ဆိုချက်များ၏ ရည်ရွယ်ချက်များနှင့် မူလအရင်းခံများကို သင်တို့နားလည်သဘောပေါက်သလော။ သို့မဟုတ် နားလည် သဘောမပေါက်ပေဘူးလော။ ဤသည်ကို ငါမမေးပါက၊ ငါသည် ပေါ့တန်သောစကားများကိုသာ ပြောနေသည်ဟု လူအများစုယုံကြည်၍ ငါ၏ နှုတ်ကပတ်တော်များ၏ အရင်းအမြစ်ကို ရှာနိုင်မည်မဟုတ်ပေ။ ငါ၏နှုတ်ကပတ်တော်တို့ကို သင်တို့သေချာစွာ စဉ်းစားပါက၊ ၎င်းတို့၏အရေးပါပုံကို သင်တို့သိလိမ့်မည်။ ၎င်းတို့အနက် မည်သည်က သင့်အတွက်အကျိုးမရှိမည်နည်း၊ မည်သည်က သင့်ဘဝတိုးတက်မှုအတွက် မဟုတ်သနည်း၊ မည်သည်က ဝိညာဉ်လောက၏ အမှန်တရားကို မပြောသနည်းဟူ၍ ၎င်းတို့ကို သင်ဂရုပြု၍ ဖတ်လျှင် ကောင်းမည်။ ငါ၏နှုတ်ကပတ်တော်များတွင် ယုတ္တိယုတ္တာမရှိ၊ ရှင်းပြချက်နှင့် အနက်အဓိပ္ပာယ် ကောက်ယူမှု ကင်းမဲ့၏ဟု လူအများစုက ယုံကြည်ကြသည်။ ငါ၏နှုတ်ကပတ်တော်များသည် အမှန်တကယ်ပင် စိတ်ကူးသက်သက်ဖြစ်၍ မတွေးတတ်အောင် ခက်ခဲနက်နဲလွန်းသည်လော။ ငါ၏နှုတ်ကပတ်တော်တို့ကို သင်တို့အမှန်စင်စစ် နာခံသလော။ ငါ၏နှုတ်ကပတ်တော်တို့ကို သင်တို့အမှန်စင်စစ် လက်ခံသလော။ ၎င်းတို့ကို ကစားစရာအရုပ်ကဲ့သို့ သင်တို့မှတ်ယူသည် မဟုတ်လော။ သင်၏အကျည်းတန်သောရုပ်ကို ဖုံးအုပ်ထားရန် အဝတ်အထည်ကဲ့သို့ ၎င်းတို့ကို သင်အသုံးပြုသည် မဟုတ်လော။ ကျယ်ပြန့်သောဤလောကတွင်၊ မည်သူသည် ငါကိုယ်တိုင်၏ စစ်ဆေးခြင်းကို ခံခဲ့ဖူးသနည်း။ ငါ့ဝိညာဉ်၏နှုတ်ကပတ်တော်တို့ကို မည်သူသည် ကိုယ်တိုင်ကြားခဲ့ဖူးသနည်း။ များစွာသောလူတို့သည် အမှောင်ထဲတွင် စမ်းတဝါးဝါးဖြစ်နေ၏။ လူများစွာတို့သည် အခက်အခဲအကြား ဆုတောင်းကြ၏၊ လူများစွာတို့သည် ဆာလောင်၍ချမ်းနေစဉ် မျှော်လင့်ခြင်းဖြင့် စောင့်ကြည့်၏၊ လူများစွာတို့သည် စာတန်၏ချည်နှောင်ခြင်း ခံနေရ၏၊ သို့ရာတွင် လူများစွာတို့သည် မည်သူ့ကို အားကိုးရမည်ကို မသိကြ၊ လူများစွာတို့သည် ပျော်ပါးမှုအကြား ငါ့အပေါ် သစ္စာမဲ့ကြ၏၊ လူများစွာတို့သည် ကျေးဇူးကန်းကြ၍၊ လူများစွာတို့သည် စာတန်၏လှည့်ဖြားသော ကြံစည်မှုများအပေါ် သစ္စာရှိကြ၏။ သင်တို့အကြား မည်သူသည် ယောဘနည်း။ မည်သူသည် ပေတရုနည်း။ ငါသည် မည်သည့်အတွက်ကြောင့် ယောဘအကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့သနည်း။ ထို့အပြင် ငါသည် ပေတရုကို ကြိမ်ဖန်များစွာ ရည်ညွှန်းခဲ့သနည်း။ သင်တို့အတွက် ငါ၏မျှော်လင့်ချက်များကို သင်တို့ သတိမူဖူးသလော။ သင်တို့သည် ထိုကဲ့သို့သောအရာများအပေါ် အချိန်ပိုပေး၍ စဉ်းစားသင့်သည်။

ပေတရုသည် ငါ့အပေါ်နှစ်ပေါင်းများစွာ သစ္စာရှိခဲ့သော်လည်း သူသည် မည်သည့်အခါမျှ ငြီးတွားခြင်း မပြုခဲ့၊ သို့မဟုတ် ညည်းညူသည့် နှလုံးသား မရှိခဲ့။ ထို့အပြင် ယောဘသည်ပင် ၎င်းနှင့်တန်းတူ မဟုတ်ခဲ့။ ခေတ်ကာလများတစ်လျှောက်၊ သန့်ရှင်းသူများသည်လည်း သူ၏စံချိန်မမီပေ။ သူသည် ငါ့ကိုသိရန် လုပ်ဆောင်ခဲ့သည်သာမက စာတန်သည် ၎င်း၏လှည့်ဖြားသော အကြံအစည်များကို အကောင်အထည်ဖော်နေစဉ် ငါ့ကို သိလာခဲ့ခြင်းလည်း ဖြစ်၏။ ဤသည်မှနေ၍ ငါ၏စိတ်နှလုံးနှင့် ညီညွတ်သည့် အစေခံမှုကို နှစ်ပေါင်းများစွာ ပြုခဲ့၏။ ရလဒ်အနေဖြင့် သူသည် မည်သည့်အခါမျှ စာတန်၏ အခွင့်ကောင်းယူခြင်းကို မခံခဲ့ရပေ။ ပေတရုသည် ယောဘ၏ယုံကြည်ခြင်းမှ ခွန်အားယူခဲ့၏။ သို့ရာတွင် ယောဘ၏အားနည်းချက်များကိုလည်း ရှင်းလင်းစွာ သူသတိမူမိခဲ့၏။ ယောဘ၏ယုံကြည်ခြင်းသည် ကြီးမားသော်လည်း၊ သူသည် ဝိညာဉ်လောကမှ ကိစ္စရပ်များပေါ် အသိကင်းမဲ့ခဲ့သည်။ ထို့ကြောင့် သူသည် လက်တွေ့အရှိတရားနှင့် ကိုက်ညီခြင်းမရှိသည့် စကားများစွာပြောခဲ့၏။ ဤသည်မှာ သူ၏အသိဉာဏ်သည် တိမ်သေးကြောင်းနှင့် စုံလင်စေခြင်းခံနိုင်စွမ်း မရှိကြောင်းကို ပြ၏။ ထို့ကြောင့် ပေတရုသည် ဝိညာဉ်အပေါ် အသိဉာဏ်ရရှိရန် အစဉ်မျှော်လင့်ခဲ့၍ ဝိညာဉ်လောက၏ လှုပ်ရှားပြောင်းလဲစေသည့် အင်အားစုများအပေါ် လေ့လာရေးကို အစဉ်အလေးထားခဲ့၏။ ရလဒ်အနေဖြင့်၊ သူသည် ငါ၏အလိုဆန္ဒများအား အတိုင်းအတာ တစ်ရပ်အထိ သေချာအောင်လုပ်နိုင်ခဲ့ရုံမက၊ စာတန်၏ လှည့်ဖြားသည့် အကြံအစည် အနည်းငယ်ကိုလည်း နားလည်သဖြင့် သူ၏အသိဉာဏ်သည် ခေတ်ကာလများတစ်လျှောက် အခြားသူများထက် သာ၍ကြီးမားခဲ့၏။

ပေတရု၏အတွေ့အကြုံများအရ လူသားသည် ငါ့ကိုသိလိုပါက၊ သူသည် ဝိညာဉ်ကို ဂရုပြု၍ စဉ်းစားခြင်းအပေါ် အာရုံစိုက်ရမည်ဆိုသည်ကို တွေ့ရန် မခက်ခဲပေ။ ငါ့ကို ပြင်ပမှ ကြီးစွာဆက်ကပ်ဆည်းပူးရန် သင့်အား ငါမတောင်းဆိုပေ။ ဤသည်မှာ အဓိကစိုးရိမ်စရာမဟုတ်ပေ။ သင်သည် ငါ့ကိုမသိလျှင်၊ သင်ပြောဆိုသည့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သစ္စာရှိခြင်းတို့အားလုံးသည် ထင်ယောင်မှားမှုများသာဖြစ်၏။ ၎င်းတို့သည် အရည်မရ အဖတ်မရများဖြစ်၏။ ထို့အပြင် သင်သည် ငါ့ရှေ့မှောက် ဝါကြွားမှုကြီးများ ပြုလုပ်သော်လည်း မိမိကိုယ်မိမိ မသိသူတစ်ဦးဖြစ်ရန် သေချာ၏။ ထို့ကြောင့် သင်သည် စာတန်၏ ကျော့ကွင်းတွင် တစ်ဖန်မိပြန်ကာ သင့်ကိုယ်သင် လွတ်မြောက်အောင် လုပ်နိုင်မည်မဟုတ်ပေ။ သင်သည် ပျက်စီးခြင်း၏ သားဖြစ်သွားကာ ဖျက်ဆီးရမည့်အရာဖြစ်သွားလိမ့်မည်။ သို့ရာတွင် သင်သည် ငါ့နှုတ်ကပတ်တော်များအပေါ် စိမ်းကား၍ စာနာစိတ်ကင်းပါက၊ သင်သည် ငါ့ကို ဆန့်ကျင်သည်မှာ သေချာ၏။ ဤသည်မှာ အမှန်တရားဖြစ်၍၊ ငါပြစ်တင်ဆုံးမသည့် များစွာသောဝိညာဉ်အမျိုးမျိုးကို သင်သည် ဝိညာဉ်လောက တံခါးပေါက်မှတစ်ဆင့် ကြည့်လျှင် ကောင်းမည်။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်တို့အပေါ် မလှုပ်မရှားဘဲနေသနည်း။ ထို့အပြင် ဂရုမစိုက်၊ လက်မခံဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်တို့အပေါ် အဆိုးမမြင်ဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို သိမ်းပိုက်ရန် မကြိုးစားဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို သူတို့ကိုယ်သူတို့ ကာကွယ်ရန် ခုခံသည့်လက်နက်အဖြစ် အသုံးမပြုခဲ့သနည်း။ သူတို့သည် ငါ၏နှုတ်ကပတ်တော်များအားဖြင့် ငါ့ကိုသိရန် မကြိုးစားကြဘဲ ဆော့ကစားရန် အရုပ်များအဖြစ်သာ သုံးခဲ့ကြသည်။ ဤနေရာတွင်၊ ထိုသူတို့သည် ငါ့ကို တိုက်ရိုက်ဆန့်ကျင်သည် မဟုတ်လော။ ငါ၏နှုတ်ကပတ်တော်တို့သည် မည်သူတို့နည်း။ ငါ၏ဝိညာဉ်သည် မည်သူနည်း။ ငါသည် သင်တို့အား ဤကဲ့သို့သောစကားများစွာ ပြောဆိုခဲ့သော်လည်း သင်တို့၏အမြင်များသည် သာ၍မြင့်မားကာ ရှင်းလင်းခဲ့ဖူးသည်လော။ သင်တို့၏အတွေ့အကြုံများသည် စစ်မှန်ခဲ့ဖူးသည်လော။ ငါသည် သင်တို့ကို တစ်ဖန် သတိပေးဦးမည်- ငါ၏နှုတ်ကပတ်တော်များကို သင်တို့မသိလျှင်၊ သင်တို့ လက်မခံလျှင်၊ ထို့အပြင် လက်တွေ့ကျင့်သုံးခြင်း မရှိလျှင်၊ သင်တို့သည် ငါ၏ပြစ်တင်ဆုံးမခြင်းကို ခံရမည့်အရာဖြစ်မည်မှာ မလွဲဧကန်ဖြစ်၏။ သင်သည် စာတန်၏ သားကောင်ဖြစ်သွားမည်မှာ သေချာ၏။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။