ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၁

လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ အားလုံးထဲမှ အမြင့်ဆုံး ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက်သည် စာတန် မဟုတ်ဘဲ လူသားဖြစ်ပြီး၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ကာ နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်း ခံရမည့်အရာ ဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက် ဖြစ်ကာ၊ လူသား၏ ဇာတိခန္ဓာကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်၊ ထို့ကြောင့် ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာ ဖြစ်ရပေမည်။ လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထို့ကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍ကောင်းစွာ သိမ်းပိုက်နိုင်ရန်အလို့ငှာ၊ သူသည် လူ့ဇာတိဖြင့် အလုပ်လုပ်သည်၊ လူ့ဇာတိဖြင့် စကားပြောပြီး၊ လူ့ဇာတိဖြင့် အမှုအားလုံးကို ပြုလေသည်။ ဘုရားသခင်အနေဖြင့် နောက်ဆုံးအကြိမ် လူ့ဇာတိခံယူချိန်တွင်၊ နောက်ဆုံးသောကာလနှင့်ဆိုင်သည့် သူ၏အမှုသည် လူ့ဇာတိဖြင့် အဆုံးသတ်လိမ့်မည်။ သူသည် လူသားအားလုံးကို အမျိုးအစားအလိုက် ခွဲခြားလိမ့်မည် ဖြစ်သည်၊ သူ၏စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး၊ လူ့ဇာတိ၌ရှိသည့် သူ၏အမှုအားလုံးကိုလည်း အဆုံးသတ်လိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအားလုံး အဆုံးသို့ ရောက်သည့်နောက်တွင်၊ သူသည် လုံးဝ အောင်နိုင်လိမ့်မည်။ လူ့ဇာတိ၌ အမှုပြုခြင်းဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ သိမ်းပိုက်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်ကို အပြည့်အဝ ရယူပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး အဆုံးသို့ ရောက်လာပြီးဖြစ်မည်ကို ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏အမှုကို အဆုံးသတ်သောအခါ၊ စာတန်ကို သူ အပြည့်အဝ အနိုင်ယူကာ အောင်နိုင်ပြီးဖြစ်သည်နှင့်အမျှ၊ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေဖို့ နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်း အမှုသည် လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်း ဖြစ်သည်။ ယခုတွင် ယင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် အပြည့်အဝ ရယူခြင်းနှင့်ဆိုင်သည့် အမှုဖြစ်ပေသည်၊ သို့မှသာ စာတန်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် မည်သည့် နည်းလမ်းမျှ ရှိတော့မည် မဟုတ်သကဲ့သို့ လုံးဝရှုံးနိမ့်ကာ ဘုရားသခင်သည် အပြည့်အဝ အောင်နိုင်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လူ့ဇာတိ၏အမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သောအမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၉

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏ နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၅

သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏- ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၁

လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၂

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ ပိုမိုလက်ခံလေ၊ ၎င်းတို့ ပိုမိုဉာဏ်အလင်းပေးခံရလေဖြစ်ကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား ၎င်းတို့၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။