ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၅

ယနေ့တွင် လက်တွေ့ကျသော ဘုရားသခင်အကြောင်း လူသားတို့၏ အသိပညာမှာ တစ်ဖက်သတ် ဆန်လွန်းပြီး၊ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို သူတို့၏ နားလည်မှုမှာလည်း အင်မတန် သေးနုပ်လှသည်။ ဘုရားသခင်၏ လူ့ဇာတိနှင့် ပတ်သက်လာလျှင်၊ ကိုယ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်ကြွယ်ဝကြောင်း လူများ မြင်တွေ့ရသည်။ သို့သော်လည်း၊ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်၏ သက်သေခံချက်သည် ဘုရားသခင်၏ ဝိညာဉ်တော်မှ အခြေခံအားဖြင့် လာပါသည်။ လူ့ဇာတိ၌ ဘုရားသခင် မည်သည့် အလုပ်ကို လုပ်သည်၊ မည်သည့် စည်းမျဉ်း ဥပဒေသများနှင့် လုပ်သည်၊ လူ့သဘာဝ၌ မည်သည့်အရာကို လုပ်ဆောင်သည်၊ ဘုရားသခင်၏ သဘောသဘာဝ၌ မည်သည့်အရာကို လုပ်ဆောင်သည် စသည်တို့ ဖြစ်သည်။ ယနေ့တွင် ဤပုဂ္ဂိလ်တော်ကို သင်ကိုးကွယ် နိုင်သော်လည်း၊ အမှန်စင်စစ်တွင် ဝိညာဉ်တော်ကို သင်ကိုးကွယ်နေခြင်း ဖြစ်ပါသည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်းအကြောင်း လူသားတို့အနည်းဆုံး ဤအချက်ကို သိသင့်သည်။ လူ့ဇာတိကို ခံယူသော ဝိညာဉ်တော်၏ အနှစ်သာရကိုသိခြင်း၊ လူ့ဇာတိထဲရှိ ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် လူ့ဇာတိထဲရှိ လူသားအလုပ်တို့ကို သိခြင်း၊ လူ့ဇာတိထဲရှိ ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များနှင့် ဖွင့်ဆိုချက်များ အားလုံးကို လက်ခံခြင်းနှင့် လူ့ဇာတိကို ဘုရားသခင်၏ ဝိညာဉ်တော်မှ လမ်းညွှန်ပုံနှင့် လူ့ဇာတိထဲတွင် ကိုယ်တော်၏ တန်ခိုးတော်ကို ပြသပုံတို့ကို တွေ့မြင်ခြင်းတို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ၊ လူ့ဇာတိမှတစ်ဆင့် လူသားတို့သည် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်ကို သိလာကြသည်။ လူသားတို့ အကြားရှိ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ ပေါ်ထွန်းလာမှုသည် လူတို့၏ အယူအဆများထဲရှိ မရေရာသော ဘုရားသခင် ကိုယ်တော်တိုင်ကို ပပျောက်စေသည်။ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို လူသားတို့ ကိုးကွယ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့၏ နာခံမှုကို တိုးပွားစေသည်။ လူ့ဇာတိရှိ ဘုရားသခင် ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်၊ လူ့ဇာတိထဲရှိ လူသားအလုပ်တို့ မှတစ်ဆင့် လူသားတို့သည် ဗျာဒိတ်တော်နှင့် ဖြည့်တင်းပေးမှုကို ရရှိပြီး မိမိအသက်စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိသည်။ ဤသည်သာလျှင် ဝိညာဉ်တော် လူ့ဇာတိထဲ ကြွလာခြင်း၏ အနက်အဓိပ္ပာယ်အမှန် ဖြစ်သည်။ ယင်းမှာအဓိကအားဖြင့် လူတို့သည် ဘုရားသခင်နှင့် ထိတွေ့၍၊ ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်အကြောင်း အသိပညာတို့ကို ကြိုးပမ်းရရှိရန် ဖြစ်သည်။

အဓိကအချက်အားဖြင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် လူသားတို့ မည်သည့် သဘောထား ထားသင့်သနည်း။ လူ့ဇာတိခံယူခြင်းအကြောင်း၊ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းလာခြင်းအကြောင်း၊ လူ့ဇာတိထဲ ဘုရားသခင်၏ ပေါ်ထွန်းလာခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ဆောင်ရွက်ချက်များအကြောင်း သင်ဘာသိသနည်း။ ယနေ့အခါတွင် အဘယ်အကြောင်းကို အဓိက ပြောကြသနည်း။ လူ့ဇာတိခံယူခြင်း၊ နှုတ်ကပတ်တော် လူ့ဇာတိသို့ ရောက်လာခြင်းနှင့် လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ ဤအရာအားလုံးကို နားလည်ရမည်။ သင်တို့၏ ဝိညာဉ်အသက်တာနှင့် ခေတ်တို့ကို အခြေခံ၍ ဤအကြောင်းအရာများကို သင်တို့သည် တဖြည်းဖြည်း နားလည်လာရမည်။ သင်တို့ဘဝ အတွေ့အကြုံများ အတောအတွင်း ဤအကြောင်းအရာများကို သင်တို့တဖြည်းဖြည်း နားလည်လာရမည်။ ရှင်းလင်းသည့် အသိပညာ ရှိရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားတို့တွေ့ကြုံရသည့် ဖြစ်စဉ်မှာ သူတို့သိသော လူ့ဇာတိ၌ ဘုရားသခင်၏ နှုတ်ကပတ်တော် ပေါ်ထွန်းမှု ဖြစ်စဉ်အတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ကြုံတွေ့ခံစားရလေလေ၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူတို့ ပိုမိုသိလာလေလေ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ ခံစားခြင်းမှတစ်ဆင့် ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းဥပဒေသများကို သူတို့ နားလည်သဘောပေါက် လာနိုင်မည် ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို သိလာမည်ဖြစ်ပါသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် လူတို့ကို ပြည့်စုံအောင် ပြုလုပ်၍ ၎င်းတို့ကို ရယူပြီးသောအခါတွင် ၎င်းတို့ကို လက်တွေ့ကျသော ဘုရားသခင်၏ ဆောင်ရွက်ချက်များကို သိစေသည်။ လူ့ဇာတိခံယူခြင်း၏ အမှန်တကယ် အရေးပါမှုနှင့် လူသားတို့ရှေ့မှောက်တွင် ဘုရားသခင်၏ ဝိညာဉ်တော် အမှန်တကယ် ပေါ်ထွန်းလာကြောင်း ပြသဖို့ရန်အတွက် လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်ကို ကိုယ်တော် အသုံးပြုပါသည်။ လူသားတို့ကို ဘုရားသခင် ရယူပြီးနောက် ၎င်းတို့ကို ဘုရားသခင်က ပြီးပြည့်စုံစေ ပြီးသောအခါ၊ လက်တွေ့ကျသော ဘုရားသခင်၏ ဖော်ထုတ်ပြသမှုက ၎င်းတို့ကို သိမ်းပိုက်သွားသည်။ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ပြောင်းလဲစေပြီး၊ ၎င်းတို့အထဲတွင် ကိုယ်တော်၏ အသက်ကိုပေးသည်။ ကိုယ်တော်၏ ဖြစ်ခြင်းနှင့် (ကိုယ်တော်သည် လူသားဆန်စွာဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အနေဖြင့် ဖြစ်စေ) ၎င်းတို့ကို ပြည့်စုံစွာ ဖြည့်ပေးသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့၏ အနှစ်သာရဖြင့် ၎င်းတို့ကို ပြည့်စေပြီး၊ လူသားတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်အား အသက်ရှင်နေထိုင်သွားစေသည်။ ဘုရားသခင်သည် လူသားတို့ကို ရယူသည့်အခါ၊ လူသားတို့၏ ချို့တဲ့မှုများကို ဆုံးမပြုပြင်ဖို့ရန်၊ ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် တရားစီရင်ဖို့ရန်၊ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဖွင့်ဆိုချက်များကို ကိုယ်တော်အသုံးပြုပါသည်။ ယင်းသို့ပြုခြင်းဖြင့် သူတို့ လိုအပ်သည်များကို ရရှိစေပြီး၊ ဘုရားသခင်သည် လူသားတို့အကြားတွင် ကြွလာကြောင်း ပြသပါသည်။ အရေးအကြီးဆုံးမှာ လက်တွေ့ကျသော ဘုရားသခင်၏ ပြီးမြောက်သော အလုပ်မှာ စာတန်၏ လွှမ်းမိုးမှုမှ လူအယောက်စီတိုင်းကို ကယ်တင်ခြင်းဖြစ်ပြီး၊ ၎င်းတို့ကို ညစ်ညူးသော နယ်မြေမှ အဝေးသို့ ခေါ်ဆောင်၍ ဖောက်ပြန်တတ်သော စိတ်သဘောထားတို့ကို လွင့်ပြယ်စေခြင်း ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ ရယူခြင်း ခံရမှု၏ အလေးနက်ဆုံးသော အရေးပါမှု သည် လက်တွေ့ကျသော ဘုရားသခင်ကို စံပြအဖြစ် နမူနာအဖြစ် ယူနိုင်၍ ပုံမှန် လူ့သဘာဝနှင့် နေထိုင်နိုင်ခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်များနှင့် လက်တွေ့ကျသော ဘုရားသခင်၏ လိုအပ်ချက်များအတိုင်း လက်တွေ့ကျင့်ကြံ နေထိုင်နိုင်ပြီး သွေဖည်ခြင်း၊ ထွက်ခွာခြင်း အနည်းငယ်မျှ မရှိဘဲ၊ ကိုယ်တော် ပြောသမျှကို လက်တွေ့ကျင့်ကြံခြင်းနှင့် ကိုယ်တော် တောင်းဆိုသမျှကို ရယူအောင်နိုင်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရပါလိမ့်မည်။ သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသာ သင်ပိုင်ဆိုင်ရုံမျှ မကတော့ပါ၊ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ လိုအပ်ချက်များအတိုင်း သင်နေထိုင်နိုင်ပါလိမ့်မည်။ ဝိညာဉ်တော်၏ အလုပ် ရှိရုံမျှဖြင့် သင့်တွင် အသက်တာရှိပြီဟု မဆိုလိုပါ။ အဓိကကျသော အချက်မှာ ဘုရားသခင်က သင့်ကို ရယူနိုင်ခြင်း ရှိ၊ မရှိနှင့် သက်ဆိုင်သည့် လက်တွေ့ကျသော ဘုရားသခင်၏ သင်နှင့်ပတ်သက်သော လိုအပ်ချက်များအတိုင်း လုပ်ဆောင်မှု ရှိ၊ မရှိ ဖြစ်သည်။ ဤအချက်များမှာ လက်တွေ့ကျသော ဘုရားသခင်၏ လူ့ဇာတိရှိ အလုပ်၏ အကြီးမြတ်ဆုံးသော အဓိပ္ပာယ်များပင် ဖြစ်ပါသည်။ စစ်မှန်စွာ၊ အမှန်တကယ် လူ့ဇာတိတွင် ပေါ်ထွန်းခြင်းနှင့် ထင်ရှားပြီး၊ အသက်ရှိကာ လူသားတို့ မြင်တွေ့နိုင်ခြင်းဖြင့်၊ လူ့ဇာတိထဲတွင် ဝိညာဉ်တော်၏ အလုပ်ကို ဧကန်အမှန် လုပ်ဆောင်ခြင်းအားဖြင့်၊ လူများကို လူ့ဇာတိထဲ၌ စံနမူနာအဖြစ် လုပ်ဆောင်ခြင်းအားဖြင့်၊ လူအုပ်စုတစ်စုကို ဘုရားသခင် ရယူသည်ဟု ပြော၍ရသည်။ လူ့ဇာတိထဲသို့ ဘုရားသခင် ရောက်ရှိလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်မှုများကို လူသားတို့ တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မရှိသည့် ဝိညာဉ်တော်ကို လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်စေရန်ဖြစ်ပြီး၊ ကိုယ်တော့်ကို လူသားများ မြင်တွေ့ခွင့်နှင့် ထိကိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်တော်က ပြီးပြည့်စုံအောင် လုပ်ပေးခြင်းခံရသော ၎င်းတို့သည် ကိုယ်တော်နှင့်သာ နေ၍၊ ၎င်းတို့သည် ကိုယ်တော်အားဖြင့် ရယူခြင်းခံရကာ၊ ကိုယ်တော့်နှလုံးသားနင့် ညီနိုင်ပါလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပါက၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ ဘုရားသခင်ကို လူများသိခြင်းငှာ မတတ်နိုင်ဘဲ ရှိပါလိမ့်မည်။ သူတို့သည် အနှစ်မဲ့သော သီအိုရီကိုသာ အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောနိုင်ပါလိမ့်မည်။ လက်တွေ့အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမည်မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင် ရယူအောင်နိုင်သည့် သူများအတွက် စံပြအဖြစ် နမူနာအဖြစ် လုပ်ဆောင်ရန် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ကို လူသားတို့ ဧကန်အမှန် သိလာနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ ကိုယ်တော်ကို မြင်နိုင်သည်။ ထိုအခါမှသာ ဘုရားသခင်သည် သူတို့ကို စစ်မှန်စွာ ရရှိအောင်နိုင်လာပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၉

ပညာမရှိသော ထိုသူများသာမက မာနကြီးသူများသည် ၎င်းတို့အတတ်နိုင်ဆုံး ကြိုးစားခြင်း သို့မဟုတ် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရမည့်အစား ၎င်းတို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၅

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၄

လက်ရှိအဆင့်တွင် သမ္မာတရားကိုဦးစွာသိရန်နှင့် ၎င်းကို လက်တွေ့လုပ်ဆောင်မှုပြုကာ မိမိကိုယ်ကိုယ် သမ္မာတရား၏ စစ်မှန်သော အဓိပ္ပါယ် ဤထက်ရှိစေရန်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၉

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် အနှစ်ခြောက်ထောင် သက်တမ်းရှိပြီး ယင်းကို သူ့အမှု၏ ကွဲပြားခြားနားမှုများအပေါ် အခြေခံ၍...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။