စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၁၀)

နိုင်ငံတော်ခေတ်သည် စင်စစ်မူကား အတိတ်က အချိန်ကာလများနှင့် ကွဲပြားခြားနားသည်။ လူသားမှ အဘယ်အရာ လုပ်ဆောင်သည်ကို ယင်းမှ အလေးမထားပေ။ ယင်းအစား ငါသည် ကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာပြီးနောက် လူသတ္တဝါများ စိတ်မကူးနိုင်သကဲ့သို့ လုပ်ဆောင်၍လည်း မရနိုင်သော ငါ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သည်။ လောကကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင် ဤနှစ်များ အားလုံးသည် အသင်းတော် တည်ဆောက်ခြင်းအကြောင်းသာ အမြဲဖြစ်နေခဲ့သည်၊ သို့သော်လည်း မည်သူကမျှ နိုင်ငံတော် တည်ဆောက်ခြင်းကို မည်သည့်အခါမျှ မကြားကြ။ ဤအကြောင်းကို ငါသည် ငါကိုယ်တိုင်၏ နှုတ်ဖြင့် ပြောဆိုသော်လည်း ၎င်း၏ အနှစ်သာရကို သိသောသူ တစ်ဦးတစ်ယောက်ရှိသလော။ ငါသည် တစ်ချိန်က လူ့လောကသို့ ကြွဆင်း လာခဲ့ပြီး ငါ့လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းခြင်း မရှိဘဲ သူတို့၏ ဆင်းရဲဒုက္ခကို လေ့လာ၍ တွေ့ကြုံခံစားခဲ့သည်။ နိုင်ငံတော် တည်ဆောက်ခြင်းသည် စတင်သောအခါ ငါခံယူသော ဇာတိပကတိသည် အမှုတော်ကို တရားဝင် စတင်ထမ်းဆောင်သည်။ ဆိုလို သည်မှာ နိုင်ငံတော်၏ ရှင်ဘုရင်သည် အုပ်ချုပ်မှုအာဏာကို တရားဝင် ယူတင်ခြင်းဖြစ်သည်။ ဤအရာမှ လူ့လောကထဲသို့ နိုင်ငံတော်၏ သက်ဆင်းမှုသည် စကားလုံးများနှင့် အသွင်အပြင်များ၏ အရေးအရာမျှသာ ဖြစ်ရန်ဝေးစွ၊ အမှန်ကျသော လက်တွေ့သဘော တစ်ခုဖြစ်သည် ဆိုခြင်းမှာ ထင်ရှား မြင်သာသည်၊ ဤသည်မှာ “ကျင့်ဆောင်ခြင်း၏ လက်တွေ့သဘော” အဓိပ္ပာယ်၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ လူသားသည် ငါ့လုပ်ဆောင်မှုများ၏ တစ်ချက်ကိုမျှ မမြင်ဖူး၊ ငါ့ဖွင့်ဆိုချက်များ၏ တစ်ချက်ကိုမျှလည်း မကြားဖူးပေ။ သူမြင်တွေ့ခဲ့သည် ဆိုလျှင်ပင် သူသည် အဘယ်အရာကို ရှာဖွေတွေ့ရှိခဲ့လိမ့်မည်နည်း။ သူသည် ငါပြောဆိုသည်ကို ကြားခဲ့ပါက အဘယ်အရာကို သူနားလည်ခဲ့လိမ့်မည်နည်း။ လောကကြီး အနှံ့အပြားတွင် လူသားမျိုးနွယ် အားလုံးသည် ငါ၏ ချစ်ခြင်းမေတ္တာ၊ ငါ၏ ကရုဏာအတွင်း၌ တည်ရှိကြသော်လည်း လူသားမျိုးနွယ် အားလုံးသည် ငါ၏တရားစီရင်မှု အောက်တွင်လည်း တည်ရှိကြကာ၊ ထိုနည်းတူစွာပင် ငါ၏စမ်းသပ်မှု အောက်တွင်လည်း တည်ရှိကြသည်။ လူသားများ အားလုံးတို့သည် အတိုင်းအတာ တစ်ခုအထိ ယိုယွင်း ပျက်စီးနေသည့် အချိန်တွင်ပင် ငါသည် လူသားမျိုးနွယ်ကို သနားကြင်နာ၍ ချစ်ခင်ခဲ့သည်၊ လူသားများ အားလုံးသည် ငါ့ပလ္လင်၏ ရှေ့မှောက်တွင် ရိုကျိုးနှိမ့်ချခြင်းဖြင့် ဦးချကြသည့် အချိန်တွင်ပင် ငါသည် လူသားမျိုးနွယ်အား ပြစ်တင်ဆုံးမချက် ချမှတ်ပေးခဲ့၏။ သို့သော်လည်း ငါစေလွှတ်ထားသော ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၏ အလယ်တွင် မရှိသော လူသတ္တဝါတစ်ဦးတစ်ယောက် ရှိလေသလော။ မည်မျှသော လူတို့သည် အမှောင်ထုထဲ စမ်းတဝါးဝါးနှင့် အလင်းကို ရှာနေသနည်း၊ မည်မျှတို့သည် သူတို့၏ စမ်းသပ်မှု တစ်လျှောက်၌ ခါးသီးစွာ ရုန်းကန်နေရသနည်း။ ယောဘ၌ ယုံကြည်ခြင်းရှိခဲ့၏၊ သို့သော်ငြားလည်း ထိုအရာအားလုံးအတွက် သူသည် မိမိကိုယ်တိုင်၏ လွတ်မြောက်ရာလမ်းကို ဖွေရှာနေခဲ့ခြင်းပင် မဟုတ်လော။ ငါ၏ လူများသည် စမ်းသပ်မှုတွင် ခိုင်ခံ့စွာ ရပ်တည်နိုင်ကြသော်ငြားလည်း ထိုအရာကို ထုတ်ပြောခြင်းမရှိဘဲ မိမိ၏ နှလုံးသားထဲတွင် ယုံကြည်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ယင်းအစား သူ့နှလုံးသားထဲ၌ သံသယရှိနေစဉ်တွင် သူ၏ ယုံကြည်ခြင်းကို နှုတ်မြွက်သည် မဟုတ်လော။ စမ်းသပ်မှု၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သော၊ စမ်းသပ်မှု၌ စစ်မှန်သည့် နာခံမှုကို ပေးအပ်ခဲ့သော လူသတ္တဝါ တစ်ယောက်မျှမရှိ။ ဤလောကကြီးကို ကြည့်ရှုခြင်းမှ ရှောင်ရန် ငါ၏ မျက်နှာကို ငါမဖုံးကွယ်ခဲ့ပါက လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် ငါ၏ တောက်လောင်သော စူးစိုက်ကြည့်ခြင်း အောက်တွင် ပြိုလဲကျပေလိမ့်မည်၊ အကြောင်းမှာ ငါသည် လူသားမျိုးနွယ်အား ဘာတစ်ခုမျှ မတောင်းဆိုသော ကြောင့်ဖြစ်၏။

နိုင်ငံတော်အား အရိုအသေပေးခြင်းသည် မြည်ဟီးလေသောအခါ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးသည့် အချိန်လည်း ဖြစ်သည်။ ဤအသံသည် ကောင်းကင်နှင့် မြေကြီးကို ပြင်းစွာတုန်လှုပ်စေပြီး အမြင့်ဆုံးသော ကောင်းကင်ဘုံကို လှုပ်ခါစေကာ လူသတ္တဝါတိုင်း၏ အသည်းညှာကို တုန်ခါစေသည်။ နိုင်ငံတော်အတွက် နိုင်ငံတော်သီချင်းသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် တခမ်းတနား ပေါ်လာပြီး ငါသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံကို ဖျက်ဆီးခဲ့ပြီးနောက် ငါ၏ နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြသည်။ သာ၍ အရေးကြီးသည်မှာ ငါ၏နိုင်ငံတော်သည် ကမ္ဘာ မြေကြီးပေါ်၌ တည်ထောင်ခဲ့ပြီးဖြစ်သည်။ ယခုအခိုက်အတန့်တွင် ငါ၏သားများ၊ ငါ၏လူများကို ထိန်းကျောင်းစေခြင်းငှာ ငါ၏ကောင်းကင်တမန်များကို လောကကြီး၏ တိုင်းနိုင်ငံခပ်သိမ်းထံသို့ ငါသည် စတင်၍ စေလွှတ်နေသည်၊ ဤသည်မှာ ငါ့အလုပ် နောက်တစ်ဆင့်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်လည်း ဖြစ်သည်။ သို့သော်လည်း ငါသည်ကား အဆင်းနီသော နဂါးကြီးနှင့် တိုက်ပွဲဆင်နွှဲရန် ၎င်းခွေလျက် လဲလျောင်းနေရာ အရပ်သို့ ကိုယ်တိုင်ကိုယ်ကျ သွား၏။ လူသားမျိုးနွယ်အားလုံးသည် ဇာတိပကတိထဲမှ ငါ့ကို သိလာသောအခါနှင့် ဇာတိပကတိအထဲရှိ ငါ၏ လုပ်ဆောင်ချက်များကို မြင်တွေ့လာနိုင်သောအခါ အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းသည် ပြာပုံအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားလိမ့်မည်။ ငါ့နိုင်ငံတော်၏ လူများအနေဖြင့် သင်တို့သည် အဆင်းနီသော နဂါးကြီးကို သင်တို့၏ အရိုးများထဲမှပင် စက်ဆုပ်ရွံရှာကြသောကြောင့် သင်တို့သည် ငါ၏နှလုံးသားကို သင်တို့၏ လုပ်ရပ်များနှင့် ကျေနပ်စေရမည် ဖြစ်ပြီး ဤနည်းလမ်းအားဖြင့် နဂါးအား အရှက်ရစေရမည်။ အဆင်းနီသော နဂါးကြီးသည် အမုန်းတရားနှင့် ပြည့်နေသည်ဟု သင်တို့သည် အမှန်တကယ် ခံစားရသလော။ ၎င်းမှာ နိုင်ငံတော် ရှင်ဘုရင်၏ ရန်သူဖြစ်သည်ဟု သင်တို့သည် အမှန်တကယ် ခံစားရသလော။ သင်တို့သည် ငါ့အတွက် အံ့သြဖွယ် သက်သေခံနိုင်သည်ဟု ယုံကြည်ချက် အမှန်တကယ် ရှိသလော။ အဆင်းနီသော နဂါးကြီးကို အနိုင်ယူရန် သင်တို့သည် အမှန်တကယ် ယုံကြည်ခြင်း ရှိသလော။ ဤသည်မှာ သင်တို့အား ငါတောင်းဆိုသော အရာပင်ဖြစ်သည်။ ငါလိုအပ်သမျှမှာ သင်တို့သည် ဤအဆင့်ထိတိုင်အောင် လုပ်ဆောင်နိုင်ရန်ဖြစ်သည်၊ သင်တို့သည် ဤအရာကို လုပ်ဆောင်နိုင်မည်လော။ ဤအရာကို သင်တို့သည် စွမ်းဆောင်ရရှိနိုင်သည်ဟု ယုံကြည်ချက် ရှိသလော။ လူသားသည် အဘယ်အရာကို တတ်စွမ်းနိုင်သနည်း။ ငါကိုယ်တိုင်ပင် ယင်းအရာကို လုပ်ဆောင်လျှင် ပိုကောင်းသည် မဟုတ်လော။ အဘယ်ကြောင့် ငါသည် တိုက်ပွဲဖြစ်ပွားသော အရပ်သို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းကြွလာသည်ဟု ပြောသနည်း။ ငါလိုသောအရာမှာ သင်တို့၏ ယုံကြည်ခြင်း ဖြစ်သည်၊ သင်၏ လုပ်ဆောင်ခြင်းများ မဟုတ်။ လူသတ္တဝါများသည် ငါ၏နှုတ်ကပတ်တော်များကို တိုက်ရိုက်နည်းလမ်းဖြင့် လက်ခံရရှိခြင်းငှာ မစွမ်းသာကြဘဲ ဘေးတစ်ဖက်မှ စူးစိုက်ကြည့်ရုံသာ တတ်နိုင်ကြသည်။ ဤနည်းအားဖြင့် သင်တို့သည် ပန်းတိုင်ကို ရရှိခဲ့ကြပြီလော။ ဤနည်းအားဖြင့် သင်တို့သည် ငါ့ကို သိကျွမ်းလာခဲ့ ကြလေသလော။ အမှန်တရားကို ပြောရပါလျှင် ကမ္ဘာမြေကြီးပေါ်ရှိ လူသားတို့တွင် မည်သူတစ်ဦးကမျှ ငါ၏ မျက်နှာကို တည့်တည့်မကြည့်နိုင်ကြ၊ မည်သူတစ်ဦးကမျှ ငါ့နှုတ်ကပတ်တော်၏ စစ်မှန်၍ ရောစပ်ထားခြင်း မရှိသော အဓိပ္ပာယ်ကို လက်ခံမရရှိနိုင်ကြ။ ထို့ကြောင့် ငါသည် ငါ၏ ပန်းတိုင်ကို ရရှိနိုင်ရန်နှင့် လူသားတို့၏ နှလုံးသားများထဲတွင် ငါကိုယ်တိုင်၏ စစ်မှန်သော ပုံရိပ်ကို တည်ထောင်နိုင်ရန် ယခင်တစ်ခါမျှ မကြုံစဖူးသည့် ပြုပြင်ဖန်တီးခြင်း စွမ်းဆောင်ချက်ကို ကမ္ဘာမြေကြီးပေါ်၌ စတင်လုပ်ဆောင်ခဲ့သည်၊ ဤနည်းလမ်းအားဖြင့် လူသားတို့အပေါ် အယူအဆတို့ သြဇာညောင်းသည့် ခေတ်ကာလကို အဆုံးသတ်စေမည် ဖြစ်သည်။

ယနေ့တွင် ငါသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ ငါ၏ မျက်နှာကို စကြဝဠာတစ်ဝှမ်းလုံးဆီသို့ လှည့်နေ၏။ ထိုသို့အားဖြင့် အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံးသည် တုန်ခါသွားရန် ဖြစ်သည်။ ငါ၏ တရားစီရင်မှုနှင့် မကြုံတွေ့ရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါပစ်ချလိုက်သော ပြစ်ဒဏ်များအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော ဘေးအန္တရာယ်များ၏ မျိုးစေ့များကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားအား ကယ်တင်ခြင်း၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိဘဲ ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေပါသေးသည်။ ငါ့ကို သာ၍များစွာသော လူတို့ သိလာစေရန်၊ မြင်တွေ့နိုင်စေရန်နှင့် ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်ခဲ့သော်လည်း ယနေ့တွင် စစ်မှန်သော ဘုရားသခင်ကို ရိုသေလေးမြတ်လာစေရန် ငါပြုလိုသည်။ အဘယ်အကြောင်းကြောင့် ငါသည် လောကကြီးကို ဖန်ဆင်းခဲ့ သနည်း။ လူသားမျိုးနွယ်သည် ယိုယွင်းပျက်စီးလာခဲ့သောအခါ အဘယ်အကြောင်းကြောင့် ငါသည် သူတို့ကို လုံးလုံးလျားလျား မဖျက်စီးခဲ့သနည်း။ အဘယ်အကြောင်းကြောင့် လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် အပြစ်ဒဏ်များအောက်တွင် နေရသနည်း။ အဘယ်အကြောင်းကြောင့် ငါ ကိုယ်တိုင် သည် ဇာတိ ပကတိကို ယူတင် ဝတ်ဆောင်ထားခဲ့သနည်း။ ငါ၏ အလုပ်ကို ငါထမ်းဆောင်နေသောအခါ လူသားမျိုးနွယ်သည် ခါးသီးခြင်းအရသာကို သာမက ချိုမြိန်ခြင်းအရသာကိုလည်း သိခဲ့ကြရသည်။ လောကကြီးထဲရှိ လူများထဲတွင် မည်သူသည် ငါ၏ကျေးဇူးတော် အတွင်း၌ နေထိုင်ကြသနည်း။ လူသတ္တဝါများကို ငါသည် ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးများကို မအပ်နှင်းခဲ့ပါက မည်သူသည် လောကကြီးထဲတွင် ပြည့်စုံကုံလုံမှုကို ခံစားနိုင်ခဲ့လိမ့် မည်နည်း။ ငါ၏ လူများအဖြစ် သင်တို့အား နေရာယူရန် အခွင့်ပေးခြင်းမှာ တစ်ခုတည်းသော ကောင်းချီး မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ သင်တို့သည် ငါ၏လူများမဟုတ်ခဲ့ဘဲ အစေခံများသာ ဖြစ်ခဲ့သည်ဆိုပါလျှင် သင်တို့သည် ငါ၏ ကောင်းချီး အတွင်းတွင် နေထိုင်နေခဲ့လိမ့်မည် မဟုတ်လော။ ငါ၏ နှုတ်ကပတ်တော်များသည် အဘယ်နေရာက လာသည် ဆိုခြင်းကို သင်တို့ထဲတွင် မည်သူကမျှ ဉာဏ်မမီ နိုင်ကြ။ လူသားမျိုးနွယ်— သင်တို့အား ငါအပ်နှင်းခဲ့သော အမည်နာမများကို တန်ဖိုးထားရန်ဝေးစွ၊ သင်တို့ထဲမှ များစွာတို့သည် “အစေခံသူများ” ဟူသော ဂုဏ်ပုဒ်အောက်တွင် သင်တို့၏ နှလုံးသားများထဲ၌ မကျေချမ်းမှု များကို သိုထားကြပြီး၊ သင်တို့ထဲမှ များစွာတို့သည် “ငါ၏လူများ” ဟူသော ဂုဏ်ပုဒ်အောက်တွင် သင်တို့၏ နှလုံးသားများထဲ၌ ချစ်ခြင်းမေတ္တာများကို ပေါက်ဖွား စေကြလေပြီ။ ငါ့အား လှည့်ဖြားရန် မကြိုးစားကြနှင့်၊ ငါ၏မျက်လုံးများသည် အရာအားလုံးကို မြင်တွေ့၍ ထွင်းဖောက်သည်။ သင်တို့အထဲမှ မည်သူသည် လိုလားစွာနှင့် လက်ခံသနည်း၊ သင်တို့အထဲမှ မည်သူသည် စုံလင်သော နာခံခြင်းပေးကမ်းသနည်း။ အကယ်၍ နိုင်ငံတော်အား အရိုသေပေးခြင်းသည် မြည်ဟီးခြင်း မရှိခဲ့ပါက သင်တို့သည် အဆုံးတိုင်အောင် နာခံခြင်းငှာ အကယ်ပင် တတ်စွမ်းနိုင်မည်လော။ လူသားသည် အဘယ်အရာကို လုပ်နိုင်စွမ်းသည်၊ တွေးနိုင်စွမ်းသည်၊ သူသည် အဘယ်ထိတိုင်အောင် လုပ်နိုင်စွမ်းသည်၊ ဤအရာအားလုံးတို့ကို ရှေးကတည်း ကပင် ငါသည် ခွဲခန့်မှတ်သားထားပြီး ဖြစ်၏။

လူအများစုတို့သည် ငါ့မျက်နှာ၏ အလင်းထဲတွင် ငါ၏လောင်သောမီးကို လက်ခံကြသည်။ လူအများစုတို့သည် ငါ၏ အားပေးတိုက်တွန်းချက်ကြောင့် လှုံ့ဆော်ခြင်းခံရကာ မီအောင်လိုက်ခြင်း၌ မိမိတို့ကိုယ်မိမိ ရှေ့ဆက်တိုးစေကြသည်။ စာတန်၏ အင်အားစုများသည် ငါ၏ လူများကို တိုက်ခိုက်သောအခါ ငါသည် ၎င်းတို့ကို ဆီးတားရန် ထိုနေရာ၌ ရှိ၏၊ စာတန်၏ လှည့်ကွက်များသည် ငါ့လူများ၏ အသက်တာများကို အကြီးအကျယ် ဖျက်ဆီးသောအခါ နောက်တစ်ဖန် ထပ်၍ လုံးဝမလာနိုင် တော့စေရန် ငါသည် ၎င်းကို ဖရိုဖရဲ ထွက်ပြေးသွားစေသည်။ ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေချောင်းမြောင်းလျက် ရှိကြပြီး လူသေအလောင်း များကို စားကြရန် မရပ်နိုင်မနားနိုင်ပင် လိုက်လံရှာဖွေနေကြသည်။ ငါ၏လူများတို့။ သင်တို့သည် ငါ၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအထဲတွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အကျင့်ပျက်စွာ မပြုမူကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏ သစ္စာစောင့်သိခြင်းကို ငါ၏ အိမ်တော်သို့ ပေးလှူလော့၊ သင်၏ သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တိုက်လှန်နိုင်မည် ဖြစ်သည်။ မည်သည့်အခြေအနေအောက်တွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင် တစ်မျိုး ငါ၏နောက်ကွယ်တွင် တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့ လုပ်ဆောင်ပါက သင်သည် မရွေးနှုတ် နိုင်လောက်အောင်ပင် ဖြစ်နေပြီးဖြစ်သည်။ ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် ငါမြွက်ဆိုခဲ့သည်မှာ သေချာပါသည်၊ ငါမမြွက်ဆိုခဲ့သလော။ တိတိကျကျဆိုပါက လူသား၏ သဘာဝအဟောင်းသည် ပဲ့ပြင်ဆုံးမ၍ မရသောကြောင့်သာ ငါသည် ကြိမ်ဖန်တလဲလဲ သူ့ကို သတိပေးနေခဲ့ခြင်း ဖြစ်သည်။ ငြီးငွေ့မသွားနှင့်။ ငါပြောသမျှတို့မှာ သင်တို့၏ ကံကြမ္မာ သေချာရေရာမှု ရှိစေရန်အတွက် ဖြစ်သည်။ စာတန်လိုအပ်သည်မှာ ဆိုးရွား၍ ညစ်ညူးသော အရပ်ပင် ဖြစ်သည် မှာ သေချာ၏။ သင်တို့သည် မျှော်လင့်ချက် ကင်းမဲ့စွာနှင့် ရွေးနှုတ်၍ မရနိုင်လေလေ၊ ကိုယ်ကျင့်တရား ပျက်ပြား လေလေ၊ ကန့်သတ်ချက်ကို ကျိုးနွံနာခံရန် သာ၍ ငြင်းဆန်လေလေ၊ မသန့်ရှင်းသော ဝိညာဉ်များသည် ထိုးဖောက်ဝင်ရောက်ရန် မည်သည့် အခွင့်အရေးကိုမဆို သာ၍ အသုံးချလေလေပင်ဖြစ်မည်။ သင်တို့သည် ဤအခြေအနေတိုင် ရောက်ပြီဆိုသည်နှင့် သင်တို့၏ သစ္စာစောင့်သိမှုသည် စစ်မှန်ခြင်း ဘာမျှ မရှိတော့ဘဲ အသုံးမကျသော အပြောသက်သက်မျှသာ ဖြစ်သွားပေလိမ့်မည်ဖြစ်ပြီး သင်တို့၏ စိတ်ပိုင်းဖြတ်မှုသည်လည်း မနာခံခြင်း သို့မဟုတ် စာတန်၏ မာယာများထဲသို့ ကျဆင်းသွားနိုင်ရန် အလို့ငှာနှင့် ငါ၏အလုပ်ကို ပြိုကွဲပျက်စီးစေရန် အလို့ငှာ မသန့်ရှင်းသော ဝိညာဉ်များ၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ ငါသည် သင့်ကို ငါကျေနပ်သည့် နေရာတိုင်း၊ ငါကျေနပ်သည့် အချိန်တိုင်း၌ သေသည့်တိုင်အောင် ရိုက်နှက်မည်။ ဤအခြေအနေ၏ လေးနက်မှုကို မည်သူမျှ မသိကြ၊ မိမိတို့ကြားသော အရာအားလုံးတို့ကို လွန်ကဲသော လေတစ်လုံးမိုးတစ်လုံး စကားများ အဖြစ်သာ မှတ်ယူကြပြီး စိုးစဉ်းမျှပင် သတိမမူကြ။ အတိတ်တွင် ပြုခဲ့ပြီးသော အရာကို ငါသည် အမှတ်ရသည် မဟုတ်။ ငါသည် နောက်ထပ်တစ်ဖန် ခွင့်လွှတ်ပေးခြင်းအားဖြင့် သင့်ကို သက်ညှာပေးရန် စောင့်မျှော်နေဆဲ ရှိသလော။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ခဲ့သော်လည်း ငါသည် သူ့ အပေါ် အာဃာတထားမည် မဟုတ်၊ အကြောင်းမှာ လူသား၏ ဝိညာဉ်အသက်တာ သည် အလွန်ပင် နိမ့် လွန်း လှသောကြောင့် ငါသည် သူ့အား မြင့်မားသော တောင်းဆိုမှုများကို မပြု။ ငါတောင်းဆို သမျှမှာ လူသားသည် မိမိကိုယ်မိမိ မဖြုန်းတီးရန်နှင့် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ဤပြဋ္ဌာန်းချက် တစ်ခုကို သင်ဖြည့်စွမ်းရန်မှာ သင်၏ တတ်နိုင်စွမ်းကို ကျော်လွန်နေခြင်း မရှိသည်မှာ သေချာသည် မဟုတ်လော။ လူအများစုသည် သူတို့ မျက်စိအရသာ ခံနိုင်ရန်အတွက် သာ၍ များသော နက်နဲ ဆန်းကြယ်မှုများကို ထုတ်ဖော်ရန်အတွက် ငါ့အား စောင့်မျှော်နေကြသည်။ သို့သော်လည်း သင်သည် ကောင်းကင်ဘုံ၏ နက်နဲဆန်းကြယ်မှုများအားလုံးကို နားလည်လာသည်ဆိုလျှင် သင်သည် ထိုအသိပညာနှင့် အဘယ်အရာကို ပြုနိုင်မည်နည်း။ ယင်းသည် ငါ့အတွက် သင်၏ ချစ်ခြင်းကို တိုးလာစေလိမ့်မည်လော။ ယင်းသည် ငါ့အတွက် သင်၏ ချစ်ခြင်းကို နှိုးဆွပေးလိမ့်မည်လော။ ငါသည် လူသားကို အထင်သေးခြင်း မရှိသကဲ့သို့ ငါသည်သူ့ကို ပေါ့တန်စွာနှင့် စီရင်ချက်ချသည်လည်း မဟုတ်။ အကယ်၍ လူသား၏ အခြေအနေ အမှန်များမှာ ဤသည်တို့ မဟုတ်ခဲ့ပါလျှင် ငါသည် လူများကို ဤအမည်နာမများနှင့် ပေါ့ပေါ့တန်တန် မည်သည့်အခါမျှ သရဖူ ဆောင်းပေးလိမ့်မည်မဟုတ်။ အတိတ်ကို ပြန်၍ တွေးတောကြည့်လော့၊ ငါသည် သင့်အကြောင်းကို အသရေဖျက်ခဲ့သည့် အချိန်မျိုး ရှိခဲ့သလော။ ငါသည် သင့်ကို အထင်သေးခဲ့သော အချိန်များ ရှိခဲ့သလော။ သင်တို့၏ အခြေအနေအမှန်များကို မရှုမှတ်ဘဲ သင်တို့ကို ကြည့်မြင်ခဲ့သော အချိန်မျိုး ရှိခဲ့သလော။ ငါပြောသော အရာတို့သည် သင်တို့၏ နှလုံးသားများနှင့် နှုတ်များကို ယုံကြည်စိတ်ချမှုနှင့် ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည့် အချိန်မျိုး ရှိခဲ့သလော။ သင်တို့၏ အတွင်းထဲတွင် ပဲ့တင်ထပ်သော အသံမျိုး မြည်စေခြင်း မရှိဘဲနှင့် ငါပြောဆိုခဲ့သော အချိန်မျိုး ရှိခဲ့သလော။ သင်တို့အထဲမှ မည်သူသည် ငါ၏ နှုတ်ကပတ်တော်များကို ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ၊ ငါသည် သူ့ကို အခြေမဲ့သော တွင်းနက်ထဲသို့ ထိုးချပစ်မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ခြင်း မရှိဘဲ ဖတ်ခဲ့ဖူးသနည်း။ ငါ၏ နှုတ်ကပတ်တော်များအတွင်း မည်သူသည် စမ်းသပ်မှုကို ကြံ့ကြံ့မခံသနည်း။ ငါ၏ နှုတ်ကပတ်တော်များအတွင်းတွင် အခွင့်အာဏာ ကိန်းဝပ်သည်၊ သို့သော်လည်း ဤအရာသည် လူသားကို သာမန်ကာလျှံကာ တရားစီရင်မှုကို ချမှတ်ရန် မဟုတ်၊ ယင်းအစား လူသား၏ အခြေအနေအမှန်များကို သတိချပ်ပြီး ငါ၏ နှုတ်ကပတ်တော်များအတွင်း ရှိရင်းစွဲဖြစ်သော အဓိပ္ပာယ်ကို လူသားအား ငါသည် အစဉ်တစိုက် ထင်ရှားပြသသည်။ ဧကန်အမှန်တွင် ငါ၏ နှုတ်ကပတ်တော်များအတွင်းရှိ ငါ၏ အနန္တဖြစ်သော တန်ခိုးကြီးခြင်းကို သိနိုင်စွမ်းသောသူ တစ်စုံတစ်ယောက် ရှိသလော။ ငါ၏ နှုတ်ကပတ်တော်များနှင့် ပြုလုပ်ထားသော အသန့်စင်ဆုံးသော ရွှေစင်ကို မိမိကိုယ်တိုင်ထဲသို့ လက်ခံနိုင်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ငါသည် များစွာသော နှုတ်ကပတ်တော်များကို ပြောကြားခဲ့သော်လည်း ထိုအရာတို့ကို တစ်ဦးတစ်ယောက်က တန်ဖိုးထားခဲ့ဖူးပါ သလော။

၁၉၉၂ ခုနှစ်၊ မတ်လ ၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။