ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၉

လူသားတို့အကြား ဘုရားသခင်၏အမှုကို လူသားထံမှ ကွယ်ဝှက်ထားသည် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်ကို ကိုးကွယ်သူအားလုံးမှ သိသင့်သည်။ ဘုရားသခင်သည် လူသားတို့အကြား ကယ်တင်ခြင်း အမှု အဆင့်သုံးဆင့်ကို အကောင်အထည် ဖော်ခဲ့ပြီးဖြစ်သဖြင့် လူသားသည် ဤအမှုအဆင့်သုံးဆင့် ကာလအတွင်း သူ့တွင်ရှိသည့်အရာနှင့် သူမည်သည်ဖြစ်ကြောင်းကို သိသင့်သည်။ ဤသည်မှာ လူသား လုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားမှ ရရှိနိုင်စွမ်းမရှိသော အရာဖြစ်၍ လူသားမသိသင့်သော အရာဖြစ်၏။ သို့ရာတွင် ဘုရားသခင်မှ လူသားအား ပြသည့်အရာမှာ လူသားသိသင့်သည့် အရာဖြစ်၍ လူသား ပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ ဤအမှုအဆင့် သုံးဆင့်၏ တစ်ဆင့်စီကို ယခင်အဆင့်၏ အခြေခံအုတ်မြစ်အပေါ်တွင် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ကယ်တင်ခြင်းအမှုမှ သီးခြား လွတ်လပ်စွာ အကောင်အထည်ဖော်ခြင်း မဟုတ်ပေ။ အကောင်အထည် ဖော်သည့်ခေတ်နှင့် အမှုအမျိုးအစား ကြီးမားစွာ ကွဲပြားသော်လည်း လူသားမျိုးနွယ်၏ ကယ်တင်ခြင်းသည် ၎င်း၏ ဗဟိုအချက်အခြာတွင် ရှိနေဆဲဖြစ်၍၊ ကယ်တင်ခြင်းအမှု၏ အဆင့်တိုင်းသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်း၏။ အမှု၏အဆင့်တစ်ဆင့်စီသည် ဖျက်သိမ်းခြင်းမရှိသည့် ပြီးခဲ့သည့်အဆင့်၏ အခြေခံ အုတ်မြစ်မှ ဆက်လက်လုပ်ဆောင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် အစဉ်သစ်လွင်လျက် မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော သူ၏အမှုတွင် ဘုရားသခင်သည် လူသားတို့ကို ယခင်က ဖော်ပြခဲ့ခြင်းမရှိသော သူ၏စိတ်နေသဘောထားကို စဉ်ဆက်မပြတ် ဖော်ထုတ်နေကာ လူသားအား သူ၏အမှုနှင့် သူ၏ဖြစ်တည်မှု အသစ်ကို အစဉ်ဖော်ထုတ် ပြသနေ၍ ရှေးရိုးစွဲ ဘာသာရေးကိုင်းရှိုင်းသူသည် ဤသည်ကို ခုခံရန် အစွမ်းကုန် ကြိုးစားကာ ထင်ထင်ပေါ်ပေါ် ဆန့်ကျင်သော်လည်း ဘုရားသခင်သည် သူရည်ရွယ်သည့် အမှုအသစ်ကို အစဉ် လုပ်ဆောင်၏။ သူ၏အမှုသည် အစဉ်ပြောင်းလဲနေလျက်၊ ဤသည်အတွက်ကြောင့် လူသား၏ ဆန့်ကျင်မှုနှင့် အစဉ်တွေ့ကြုံနေ၏။ သူ၏ စိတ်နေသဘောထားသည်လည်း အစဉ်ပြောင်းလဲနေကာ၊ သူ့အမှု၏ခေတ်နှင့် လက်ခံရရှိသူတို့သည်လည်း အစဉ်ပြောင်းလဲနေ၏။ ထို့အပြင် သူသည် ယခင်က ပြုလုပ်ခဲ့ဖူးခြင်း မရှိသောအမှုကို အစဉ်ဆောင်ရွက်လျက်ရှိကာ ၎င်းနှင့်ဆန့်ကျင်ရန်အတွက် ယခင်တစ်ခါ ကမျှ မလုပ်ခဲ့ဖူးသောအမှုနှင့် လူသား၏အမြင်တွင် ဆန့်ကျင်ပုံပေါက်သည့် အမှုကိုပင် အကောင်အထည် ဖော်၏။ လူသားသည် အမှုတစ်မျိုးကိုသာ သို့မဟုတ် ကျင့်နည်းတစ်မျိုးကိုသာ လက်ခံနိုင်၏။ လူသား အတွက် ၎င်းတို့နှင့် မကိုက်ညီသော သို့မဟုတ် ၎င်းတို့ထက်အဆင့်မြင့်သော အမှု သို့မဟုတ် ကျင့်နည်းများကို လက်ခံရန် ခက်ခဲသော်လည်း— သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုအသစ်ကို အစဉ် ဆောင်ရွက်နေသဖြင့် ဘုရားသခင်၏ အမှုအသစ်ကို ဆန့်ကျင်သည့် ဘာသာရေး ကျွမ်းကျင်သူများအုပ်စု တစ်စုပြီးတစ်စု ပေါ်ပေါက်၏။ ထိုသူတို့သည် ကျွမ်းကျင်သူများ ဖြစ်လာရခြင်းမှာ အတိအကျအားဖြင့် ဘုရားသခင်သည် အစဉ်အမြဲအသစ်ဖြစ်လျက် မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည်ကို လူသားသည် လုံးဝမသိရှိ သောကြောင့်နှင့် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို လုံးဝမသိသည့်အပြင် ဘုရားသခင်မှ လူသားကို ကယ်တင်သည့် နည်းများစွာကိုလည်း လုံးဝမသိသောကြောင့် ဖြစ်၏။ ထိုသို့ဖြစ်သောကြာင့် အမှုမှာ သန့်ရှင်းသော ဝိညာဉ်တော်မှလာသည့်အမှု သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်ထံမှ လာသည့်အမှု ဟူသည်ကို လူသားမှ လုံးဝဥဿုံ ပြောနိုင်စွမ်းမရှိပါ။ ၎င်းသည် ယခင်က နှုတ်ကပတ်တော်များနှင့် ကိုက်ညီပါက လက်ခံ၍ ယခင်ကအမှုနှင့် ကွဲပြားချက်များရှိပါက ဆန့်ကျင်၍ ငြင်းပယ်သော သဘောထားကို လူအများအပြား ဖက်တွယ်ကြ၏။ ယနေ့ သင်တို့အားလုံးသည် ဤကဲ့သို့သော အခြေခံသဘောတရားများကို လိုက်နာကြသည် မဟုတ်လော။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်သည် သင်တို့အပေါ်တွင် ကြီးမားသည့် သက်ရောက်မှု မရှိခဲ့ဘဲ ယခင်အမှုအဆင့်နှစ်ဆင့်သည် သိရန်မလိုသော ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်သည်ဟု ယူဆသူများရှိ၏။ လူတို့သည် အမှုအဆင့်သုံးဆင့်၏ ယခင်အဆင့်နှစ်ဆင့်ကြောင့် ဝန်ပိမသွားစေရန် ဤအဆင့်များကို လူအုပ်စုကြီးများအား မကြေညာသင့်ဘဲ တတ်နိုင်သရွေ့ အမြန်ဆုံး ပြန်လည်ရုပ်သိမ်း သင့်သည်ဟု ထိုသူများက ယူဆကြသည်။ အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို အသိပေးခြင်းသည် လွန်ကဲ လွန်း၍ ဘုရားသခင်ကို သိရေးတွင် လုံးဝအထောက်အကူမဖြစ်ဟု အများစုက ယုံကြည်ကြ၏— ဤသည်မှာ သင်တို့၏ ထင်မြင်ချက်သာဖြစ်၏။ ယနေ့ ဤသို့ပြုမူခြင်းသည် မှန်သည်ဟု သင်တို့အားလုံး ယုံကြည်ကြသော်လည်း၊ ငါ့အမှု၏ အရေးပါပုံကို သင်တို့သိလာကြမည့်နေ့ ရောက်လာလိမ့်မည်- ငါသည် အရေးမပါသော မည်သည့်အမှုကိုမျှ မလုပ်ကြောင်းကို သိထားပါ။ ငါသည် အမှုအဆင့်သုံးဆင့်ကို သင့်အား ကြေညာနေသည် ဖြစ်သဖြင့် ၎င်းတို့သည် သင့်အတွက် အကျိုးရှိရပေမည်။ ဤအမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ရပ်လုံး၏ ဗဟိုအချက်အခြာတွင် ရှိသဖြင့် ၎င်းတို့သည် စကြဝဠာတစ်ခုလုံးရှိ လူတိုင်း၏ အာရုံပြုရာ ဖြစ်လာရမည်။ တစ်နေ့တွင် သင်တို့အားလုံးသည် ဤအမှု၏ အရေးပါပုံကို သိလာလိမ့်မည်။ သင်တို့သည် ဘုရားသခင်၏အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အတွေးအခေါ်များကို အသုံးပြုခြင်းမှာ သင်တို့သည် ဘုရားသခင်၏ အခြေခံသဘောတရားများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို လုံလောက်စွာ အလေးအနက် သဘောမထား သောကြောင့်ဟူသည်ကို သိထားပါ။ ဘုရားသခင်အပေါ် သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပေါ် သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အတွေးအခေါ်များနှင့် နဂိုဗီဇအရ ဝင့်ဝါမှုကြောင့်ဟူသည်ကို သိထားပါ။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသဖြင့် ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို တွေ့ရှိပြီးနောက် အချို့သူများသည် လူသားမည်သည့်နေရာမှ လာသည်ကိုပင် သေချာစွာ ပြောဆိုနိုင်ခြင်း မရှိသော်လည်း ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု၏ အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင် ပြုကြလျက် ဝေဖန်ခြင်းများ၊ မိမိအလှည့်မရောက်မီ ပြောဆိုခြင်းများ ပြုကြ၏။ ၎င်းတို့၏ လူ့သဘောသဘာဝသည် နိမ့်ကျလွန်း၍ ထိုသူတို့တွင် အသိဉာဏ်အနည်းငယ်မျှပင် မရှိပေ။ ထိုကဲ့သို့သောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမှ ငြင်းပယ်၍ ငရဲ၏မီးများနှင့် လောင်ကျွမ်းခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏အမှုကို မသိသော်လည်း သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင် ကို မည်သို့ အမှုဆောင်ရမည်ကို ညွှန်ကြားရန်လည်း ကြိုးပမ်းကြ၏။ ထိုသို့သော ဆင်ခြင်တုံတရား မရှိသောလူတို့သည် ဘုရားသခင်ကို မည်သို့သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေ၍ တွေ့ကြုံခံစားသည့် လုပ်ငန်းစဉ်အတွင်း သူ့ကိုသိလာခြင်းဖြစ်၏။ စိတ်ကူးပေါက်သည့်အတိုင်း သူ့ကို ဝေဖန်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် လူတို့၏သိခြင်းသည် တိကျလေလေ၊ သူ့အပေါ်ဆန့်ကျင်မှု နည်းလေလေ ဖြစ်၏။ ၎င်းနှင့်ဆန့်ကျင်ဘက်မှာ ဘုရားသခင်အပေါ် လူတို့အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလား အလာ များလေလေဖြစ်၏။ သင့်အတွေးအခေါ်များ၊ သင်၏သဘာဝဟောင်းနှင့် သင်၏ လူ့သဘောသဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သဘောထားအမြင်တို့သည် သင်ဘုရားသခင်အပေါ် ခုခံရာတွင် အသုံးပြုသည့် “ငွေလုံးငွေရင်း” ဖြစ်၍ သင်သည် အကျင့်ပျက်၊ သိက္ခာကျ၍ အောက်တန်းကျလေလေ၊ ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်၏။ အလွန်ဆိုးရွားသော အတွေးအခေါ်များရှိ၍ မိမိကိုယ်ကိုယ် သူတစ်ပါးထက် သာ၍ဖြောင့်မတ်သည်ဟူသော စိတ်နေသဘောထား ရှိသူများသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရန်လိုမှု ပိုခံရလေဖြစ်၍၊ ထိုကဲ့သို့သော သူများသည် အန္တိခရစ်များဖြစ်ကြ၏။ သင်၏ အတွေးအခေါ်များကို ပြုပြင်ပြောင်းလဲခြင်း မရှိပါက ၎င်းတို့သည် ဘုရားသခင်ကို အစဉ်ဆန့်ကျင်နေလိမ့် မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်။ ထို့အပြင် သင်သည် သူ့ထံမှ အစဉ်အမြဲ ဝေးကွာလျက်ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၉

အချို့က၊ “ခေတ်ကာလကို ဘုရားသခင် ကိုယ်တော်တိုင်က အဘယ်ကြောင့် ဖွင့်ပေးရမည်နည်း။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသူတစ်ဦးက မရပ်တည်ပေးနိုင်သလော။” ဟု...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၀

လူသားများသည် တစ်ချိန်က ငါ၏ ဖန်ဆင်းခြင်းကို ခံထားရသော သူများဖြစ်သည့်အပြင် ငါ့ဖန်ဆင်းခြင်း၏ ပေါများလှသော အရာများ အားလုံးကို ခံစားဖူးသူများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၂

ငါသည် နွေဦးနှင့် ဆောင်းဦး ကာလတစ်ချို့တွင် သင်တို့ကို ပေါင်းဖော်ရင်း၊ သင်တို့အကြားတွင် ရှိနေခဲ့၏။ ငါသည် အချိန်ကြာမြင့်စွာ သင်တို့ အကြားတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၁

ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။