ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည်

မိမိလုပ်သမျှအရာရာတိုင်း၌ ဖြောင့်မတ်ခြင်းရှိ၊ မရှိနှင့် မိမိ၏အပြုအမူများသည် ဘုရားသခင်၏ နည်းလမ်းများနှင့် ကိုက်ညီ၊ မညီ ဆင်ခြင်လေ့လာနေခြင်းသည် ဘုရားသခင်ကို ယုံကြည်သူတို့၏ လူ့အမူအကျင့် စည်းမျဉ်းများပင်ဖြစ်သည်။ ဘုရားသခင်၏ ဂရုစိုက်စောင့်ရှောက်မှုကို လက်ခံပြီး ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်သူများသည် ဖြောင့်မတ်သောသူများဟု ခေါ်ဆိုခြင်းခံရမည် ဖြစ်သည်။ ဘုရားသခင်၏ ဂရုစိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် ပြည့်စုံကောင်းမွန်ခြင်းတို့ကို လက်ခံရယူသောသူများသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သောသူများဖြစ်ကြပြီး ဘုရားသခင်မှ အမြတ်တနိုးထား ကြည့်ရှုစောင့်ရှောက်ခြင်း ခံရသူများဖြစ်သည်။ လက်ရှိအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို များများခံယူလေလေ၊ ဘုရားသခင်၏ အလိုတော်ကို ပို၍နားလည်လိုက်လျှောက် နိုင်လေလေဖြစ်ပြီး ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အသက်ရှင်ကာ ကိုယ်တော်၏ တောင်းဆိုချက်များနှင့် ပို၍ ပြည့်စုံလာနိုင်မည် ဖြစ်သည်။ ဤအရာမှာ ဘုရားသခင်မှ သင်တို့ကို တာဝန်ပေးစေခိုင်းချက်ပင်ဖြစ်ပြီး သင်တို့လုပ်ဆောင် အောင်မြင်ရမည့်အရာလည်း ဖြစ်သည်။ အကယ်၍ သင်တို့သာ ထင်မြင်ယူဆချက်များ သုံးပြီး ဘုရားသခင်ကို မပြောင်းလဲနိုင်သော ရွှံ့စေးရုပ်တုပမာ သဘောထားကာ အသေးစိတ် ဖော်ပြတိုင်းတာရန်နှင့် ကိုယ်တော်အား အလုပ်အကိုင်နယ်ပယ် အကန့်အသတ်တစ်ခုထဲ ချုပ်ထိန်းထားကာ ကျမ်းစာထဲ၌သာ ဘောင်ခတ်ထားရန် ကြိုးစားမည်ဆိုပါက ဤအရာသည် သင်တို့က ဘုရားသခင်ကို ပြစ်မှားမိခြင်း၏ သက်သေပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မဟောင်းခေတ်ကာလက ယုဒအမျိုးသားများသည် ဘုရားသခင်ကို ရုပ်တုဆင်းတုအဖြစ် သွန်းလုပ်ကြပြီး သူတို့နှလုံးသားထဲတွင် ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ကြောင်းနှင့် မေရှိယဟု အခေါ်ခံရသော သူသာလျှင် ဘုရားသခင်ဖြစ်ကြောင်း မှတ်ယူပြီး ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ သဘောထားကာ ကိုးကွယ်အစေခံကြသည့်အတွက် ထိုခေတ်မှ ယေရှုကို ကားတိုင်ပေါ် သံမှိုဆွဲနှက်ပြီး သေဒဏ်ပေးကာ အပြစ်မဲ့သော ယေရှုကို သေဒဏ်ချမှတ်ခဲ့ကြသည်။ ဘုရားသခင်မှာ မည့်သည့်အပြစ်မှ မပြုခဲ့သော်ငြားလည်းဘဲ လူသားတို့မှာ ဘုရားသခင်ကို သက်ညှာထောက်ထားခြင်းမရှိ၊ တုန်လှုပ်ခြင်း စိုးစဉ်းမျှမရှိပဲ ကိုယ်တော်အား သေဒဏ်ပေးခဲ့ကြသည်။ ဤသို့ဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်း မရှိဟု လူတို့က အမြဲယုံကြည်လေ့ရှိပြီး ဘုရားသခင်၏ အစီအမံကို နားလည်သဘောပေါက်သည့် ပုံစံနှင့် ဘုရားသခင်လုပ်ဆောင်သမျှ အရာအားလုံးသည် ကိုယ်တော့်မှာ လူ့လက်ခုပ်ထဲ ရှိဘိသည့်အလား ကျမ်းစာအရ အဓိပ္ပာယ်သတ်မှတ် ဖွင့်ဆိုကြ၏။ လူသားများမှာ အစွန်းရောက်သည်အထိ မိုက်မဲကြပြီး အဆုံးစွန် ထောင်လွှားသော မာနကိုလည်း ပိုင်ဆိုင်ထားကြကာ အားလုံးမှာ ကြီးကြီးကျယ်ကျယ် စကားပရိယာယ်ကိုလည်း ပင်ကိုတတ်နေကြ၏။ ဘုရားသခင်နှင့် ပတ်သက်ပြီး မည်မျှပင် သင်သိနေစေကာမူ၊ သင်သည် ဘုရားသခင်ကို မသိကျွမ်း၊ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနိုင်သူ တစ်ယောက်မျှမရှိ၊ ဘုရားသခင်က ပြီးပြည့်စုံအောင် ပြုပြင်ပေးထားသောလမ်းကို လိုက်မလျှောက်နိုင်၊ ဘုရားသခင်၏ လုပ်ဆာင်ချက်ကိုလည်း အဆုံးစွန်မလိုက်နာနိုင်သောကြောင့် သင်သည် ဘုရားသခင်အား ပြစ်မှားမိပြီဟု ငါပြောမည်။ အဘယ်ကြောင့် ဘုရားသခင်သည် လူတို့၏ လုပ်ဆောင်ချက်များအပေါ် မည်သည့်အခါမျှ ကျေနပ်တော်မမူနိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်း၊ ထင်မြင်ယူဆချက်များ များစွာရှိကာ၊ လက်တွေ့အမှန်တရားနှင့် ချိန်ထိုးလိုက်နာရမည့်အစား ဘုရားသခင်နှင့် ပတ်သက်ပြီး သူ၏သိကျွမ်းခြင်းမှာ ဒီပုတ်ထဲက ဒီပဲသာဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်း မရှိဘဲ တယူသန်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာမည်ဆိုပါက လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများမှ သံမှိုဆွဲနှက်ရိုက်ထားခြင်းကို ခံရဦးမည်ပင် ဖြစ်သည်။ ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့သော လူသားမျိုးနွယ်ပါတကား။ လျှို့ဝှက်ကောက်ကျစ် စဉ်းလဲခြင်း၊ တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးတိုက်ခိုက်ကြခြင်း၊ ဂုဏ်ပကာသနနှင့် စည်းစိမ်ဥစ္စာအတွက် ယှဉ်ပြိုင်ကြခြင်း၊ အချင်းချင်း သတ်ဖြတ်နေခြင်းများ၊ ဤအရာများ မည်သည့်အချိန် ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုခဲ့သော်ငြားလည်းပဲ မည်သူတစ်ဦးတစ်ယောက်ကမျှ အသိတရား မရကြပါ။ သူတို့သည် သူတို့မိသားစုများအတွက်၊ သူတို့၏ သားသမီးများအတွက်၊ သူတို့၏အလုပ်အကိုင်အတွက်၊ အနာဂတ် မျှော်မှန်းချက်များအတွက်၊ အဆင့်အတန်းအတွက်၊ ဂုဏ်ပကာသနအတွက်၊ ငွေကြေးအတွက်၊ အသွေးအသားအတွက်၊ စားရေးဝတ်ရေးများအတွက်သာ လှုပ်ရှားဆောင်ရွက်ကြပြီး ဤဆောင်ရွက်ချက်များကား အမှန်ပင် ဘုရားသခင်အတွက်ဟု ဆိုသလော။ သူတို့၏ လုပ်ဆောင်ချက်များမှာ ဘုရားသခင်အတွက်ဟုဆိုသော လူများထဲမှာပင်လျှင် ဘုရားသခင်အား သိကျွမ်းသောသူမှာ အနည်းငယ်သာရှိ၏။ မိမိအကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိမည်နည်း။ မိမိအဆင့်အတန်းအား ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိမည်နည်း။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်မှာ အကြိမ်ရေ မရေတွက်နိုင်လောက်အောင်ပင် အတင်းအဓမ္မ သေဒဏ်စီရင်ခြင်းခံခဲ့ရ၏။ မရေတွက်နိုင်သော အရိုင်းဆန်သည့် တရားသူကြီးများက ဘုရားသခင်ကို စီရင်ချက်ချခဲ့ကာ ကားတိုင်ပေါ်တွင် နောက်တစ်ကြိမ် သံမှိုဆွဲနှက်ရိုက်ထားခဲ့ကြ၏။ ဘုရားသခင်အတွက် အမှန်တကယ် ပြုမူဆောင်ရွက်သောကြောင့် ဖြောင့်မတ်သောသူဟု ဘယ်နှစ်ယောက်အား ခေါ်ဆိုနိုင်မည်နည်း။

ဘုရားသခင်၏ရှေ့တော်တွင် သန့်ရှင်းမြင့်မြတ်သူ တစ်ယောက်အဖြစ် သို့မဟုတ် ဖြောင့်မတ်သော သူတစ်ယောက် အဖြစ်သို့ ပြီးပြည့်စုံစွာ ပြုပြင်ပြောင်းလဲခံဖို့ရန်မှာ ဤမျှလွယ်ကူပါ၏လော။ “မြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ၊ ဖြောင့်မတ်သူများမှာ ဤလောကထဲတွင်မရှိ” ဆိုသည့်အချက်မှာ သိသာထင်ရှားလွန်းသည့် အမှန်တရားပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဝင်ရောက်လာသည့်အခါ သင်တို့ ဝတ်ဆင်ထားသောအရာ၊ သင်တို့၏ စကားနှင့် အပြုအမူအားလုံး၊ သင်တို့၏ အတွေးအခေါ်များနှင့် အကြံဉာဏ်များအားလုံး၊ သင်တို့နေ့တိုင်းမက်သော အိမ်မက်များကိုပင်လျှင် တွေးတော ဆင်ခြင်ကြည့်ပါ၊ ဤအရာအားလုံးသည် သင်တို့တစ်ကိုယ်ဘို့ အတွက်သာဖြစ်သည်။ ဤအရာများသည် လက်ရှိအမှန်ဖြစ်ပျက်နေသော အရာများပင် မဟုတ်လော။ “ဖြောင့်မတ်ခြင်း” ဆိုသည်မှာ အလှူအတန်း ပေးခြင်းကိုမဆိုလို၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ခြင်းကိုလည်းမဆိုလို၊ ခိုက်ရန်မပြုခြင်း၊ မငြင်းခုန်ခြင်း၊ မလုယက်ခြင်း၊ မခိုးခြင်းကိုလည်း မဆိုလို။ ဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ စေခိုင်းချက်အား မိမိ၏တာဝန်ဟုမှတ်ယူကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ပြင်ဆင်ဆောင်ရွက်ပေးမှုများကို သခင်ယေရှု ပြုမူဆောင်ရွက်ခဲ့သည့် အရာများအတိုင်း အချိန်၊ နေရာကို မမှတ်ယူဘဲ အချိန်မီခေါ်ခြင်းအဖြစ် လိုက်နာခြင်းကို ဆိုလိုပါသည်။ ဤသည်မှာ ဘုရားသခင်က မြွက်ကြားခဲ့သော ဖြောင့်မတ်ခြင်းတရားပင် ဖြစ်သည်။ ဖြောင့်မတ်သောသူဟု ခေါ်ဆိုခြင်းခံရသော ထိုလောတမှာလည်း ဘုရားသခင်က စေလွှတ်လိုက်သော ကောင်းကင်တမန် နှစ်ယောက်ကို မိမိကိုယ်ကျိုးအတွက် ငဲ့ညာခြင်းမရှိပဲ ကယ်တင်ခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်သည်။ လောကမှ သူ၏ သမီးနှစ်ယောက်ကို ကောင်းကင်တမန် နှစ်ယောက်အတွက် အလဲအလှယ်အနေနှင့် ပေးခဲ့ခြင်းမှာ ဘုရားသခင်ကို ဖူးမြင်ဖူး၍သာဖြစ်သည်။ သူ၏ အတိတ်က အပြုအမူအားလုံးမှာလည်း ဖြောင့်မတ်ခြင်းကို ကိုယ်စားမပြုပါ။ ထို့ကြောင့်ပင် “မြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ” ဟု ငါပြောသည်။ တိုးတက်ပြုပြင်မှု ရေစီးကြောင်းထဲတွင်ရှိသော သူများထဲမှာပင်လျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဖြောင့်မတ်သောသူဟု အခေါ်မခံနိုင်ပါ။ သင်၏လုပ်ဆောင်ချက်များ မည်မျှပင်ကောင်းနေပါစေ၊ ဘုရားသခင်၏နာမတော် ကြီးမြတ်ခြင်းရှိစေရန် သင်မည်မျှပင် ပြုပြင်နေပါစေ၊ တစ်ပါးသူများအား ရိုက်နှက်ခြင်း၊ ကျိန်ဆဲခြင်းလည်း မရှိ၊ သူတို့ထံမှ ခိုးယူခြင်း၊ လုယက်ခြင်းလည်း မရှိငြားစေကာမူ သင့်အား ဖြောင့်မတ်သောသူဟု ခေါ်၍ မရနိုင်သေးပါ။ အကြောင်းမှာ ဤအရာများကို သာမန်လူတစ်ယောက်ကပင် လုပ်ဆောင်နိုင်၍ဖြစ်သည်။ ယနေ့၌ အဓိကအချက်မှာ ဘုရားသခင်ကို သင်မသိကျွမ်းခြင်းပင် ဖြစ်သည်။ သင့်တွင် ပုံမှန် လူ့သဘောသဘာဝ အနည်းငယ်ရှိသည်ဟုသာ ပြောနိုင်ပြီး ဘုရားသခင်မြွက်ကြားခဲ့သော ဖြောင့်မတ်ခြင်းတရားနှင့် သင်ချို့တဲ့နေဆဲဖြစ်သည့်အတွက် သင်လုပ်ဆောင်သည့် မည်သည့်အရာမဆို ဘုရားသခင်အား သိကျွမ်းခြင်းကို သက်သေမပြပါ။

ဘုရားသခင် ကောင်းကင်ပေါ်တွင် ကျိန်းဝပ်နေခဲ့စဉ်က လူတို့သည် သူ၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်အား လှည့်စားရန် ကြိုးစားခဲ့သည်။ ယနေ့ခတ် လူတို့အလယ် ဘုရားသခင် ကျိန်းဝပ်နေစဉ်မှာပင်လျှင် (မည်သည့်အချိန်ထိ ကျိန်းဝပ်နေမည်မှန်း မည်သူမျှမသိနိုင်) ထိုလူတို့သည် ဘုရားသခင်အတွက် စိတ်မပါဘဲ ဖြစ်နေကြတုန်းဖြစ်ပြီး ဘုရားသခင်ကို လှည့်စားရန် ကြိုးစားတုန်းပင် ဖြစ်သည်။ လူတို့၏တွေးတောမှုမှာ အစွန်းရောက်သည်အထိပင် ဖောက်ပြန်နေသည် မဟုတ်လော။ ယင်းသည် ယုဒနှင့် အတူတူပင် ဖြစ်သည်။ ယေရှုမကြွလာခင်တွင် ယုဒမှာ သူ၏ညီအစ်ကို မောင်နှမများကို အလိမ်အညာများ ပြောတတ်ပြီး သခင်ယေရှုကြွလာပြီး နောက်ပိုင်းတွင်လည်း ပြောင်းလဲမသွားပါ။ သူ့တွင် ယေရှုအား သိကျွမ်းခြင်း အနည်းငယ်ပင် မရှိသောကြောင့် အဆုံးမှာတော့ ယေရှုကို သစ္စာဖောက်သွားခဲ့ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ဖြစ်ခဲ့ရခြင်းမှာ သူဘုရားသခင်အား မသိကျွမ်းခဲ့၍ပင် မဟုတ်ပါလော။ သင်တို့လည်း ယနေ့ခေတ်တွင် ဘုရားသခင်ကို သိကျွမ်းခြင်း မရှိသေးပါက ယုဒကဲ့သို့သူမျိုး ဖြစ်လာကြမည်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းထောင်ချီတုန်းက ဖြစ်ပျက်ခဲ့သော ဝမ်းနည်းကြေကွဲဖွယ်ရာ ယေရှု၏ တိုင်တော်ပေါ် အသေခံခြင်းသည် ဤကျေးဇူးတော်ခေတ်တွင် ပြန်လည်တစ်ဖန် ဖြစ်နေရဦးမည်ဖြစ်သည်။ ဤအကြောင်းများကို သင်တို့ မယုံကြည်ကြသလော။ ဤအရာသည် အမှန်တရားပင်ဖြစ်၏။ ယနေ့ခေတ်တွင် လူအများစုမှာ ထိုကဲ့သို့သော အခြေအနေတွင် ရှိနေကြပြီး (ငါ၏ ပြောကြားခြင်းမှာ အနည်းငယ် စောကောင်းစောနိုင်ပါသည်) ထိုသူများသည် ယုဒဇာတ်ကောင်အဖြစ် ဘဝဇာတ်ကကြမည်ပင် ဖြစ်သည်။ ငါဖြီးဖျန်းပြောနေခြင်းမဟုတ်၊ အဖြစ်မှန်ကိုပြောနေခြင်း ဖြစ်သည့်အတွက် သင်တို့ယုံရမည်။ လူများစွာမှာ နှိမ့်ချဟန် ယောင်ဆောင်ကြသော်လည်း သူတို့၏ နှလုံးသားထဲတွင်တော့ စီးဆင်းခြင်းမရှိသည့် နံဟောင်နေသော ရေမှလွဲ၍ မည်သည့်အရာမှမရှိ။ ယခုတွင် အသင်းတော်ထဲမှ လူများစွာလည်း ဤကဲ့သို့ပင် ဖြစ်သည်။ ငါသည် ဘာမျှမသိဟု သင်တို့ထင်ကြသည်မဟုတ်လော၊ ယနေ့ပင် ငါ၏ဝိညာဉ်တော်သည် ငါ့ကိုလမ်းပြပြီး ငါ့အဘို့ သက်သေခံလေပြီ။ ငါဘာမျှမသိဟု သင်မှတ်ယူသလော။ သင့်နှလုံးထဲရှိ စဉ်းလဲသော အတွေးများနှင့် သင့်နှလုံးထဲ သိမ်းထားသောအရာများကို တစ်ခုမျှ ငါနားမလည်နိုင်ဟု သင်ထင်သလော။ ဘုရားသခင်မှာ အလွယ်တကူ လှည့်စား၍ရသူလော။ သင်ဆက်ဆံချင်သည့်အတိုင်း ဘုရားသခင်ကို ဆက်ဆံ၍ ရမည်ဟု ထင်သလော။ အတိတ်တွင် သင်တို့မှာ ချုပ်နှောင်ခြင်း ခံနေရသည်ကို ငါစိတ်ပူပန်ကာ သင်တို့၏ ဇက်ကြိုးများကို ငါလွှတ်ဖြည်ပေးလျက် ရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ၏သူတို့အပေါ် ကောင်းမြတ်ခြင်းကို နားမလည်ကြပါ။ ငါသည်သူတို့အား တစ်လက်မပေးသည်ကို တစ်မိုင်မျှ ယူသွားကြလေပြီ။ အချင်းချင်းမေးကြည့်ကြပါ၊ ငါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မစီရင်၊ ဆုံးမရာ၌လည်း လျင်မြန်ခြင်း မရှိသော်ငြားလည်း လူ၏အယူအဆများနှင့် လှုံ့ဆော်မှုများကို ငါရှင်းလင်းစွာ သိ၏။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သက်သေခံတော်မူသော ကိုယ်တော်အား မိုက်မဲသူအဖြစ် သင်ထင်သလော။ ဟုတ်ခဲ့သည်ရှိသော် သင်သည် အလွန်ကန်းသော သူတစ်ယောက်ဟု ငါပြောမည်။ ငါသင့်ကို မဆုံးမဘဲနေမည်။ သင်မည်မျှ ဖောက်ပြားယုတ်မာလာမည်နည်း ဆိုသည်ကို စောင့်ကြည့်ကြစို့။ သင်၏ လှည့်ကွက်များ၊ ဘုရားသခင်ကိုချစ်နိုင်ရန် သင်၏အကောင်းဆုံး ကြိုးစားမှုများသည် သင့်ကို ကယ်တင်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ကြစို့။ ယနေ့တွင် သင့်ကို ငါမစီရင်။ ဘုရားသခင်က သင့်ကို မည်ကဲ့သို့ ပြစ်ဒဏ်ပေးမည်ဆိုသည်ကို ကိုယ်တော်၏ အချိန်ရောက်သည်အထိ စောင့်ကြည့်ကြစို့။ ငါ့တွင် ယခုသင်နှင့် ဟိုဟိုသည်သည် ပြောနေဖို့ရန် အချိန်မရှိသကဲ့သို့ သင့်အတွက်နှင့် ငါ၏ကြီးမြတ်သောအလုပ်ကို နှောင့်နှေးကြန့်ကြာဖို့ရန်လည်း အလိုမရှိ။ ဘုရားသခင်အတွက် သူ၏အချိန်ကို အပဲ့ခံကာ တီကောင်ပိုးရွကဲ့သို့သော သင်နှင့်ဆက်ဆံဖို့ရန် သင်မထိုက်တန်၊ သို့ကြောင့် သင့်ကိုယ်သင် မည်မျှ ရှောင်တိမ်းနိုင်မည် ဆိုသည်ကိုပင် စောင့်ကြည့်ကြစို့။ ဤကဲ့သို့သောသူများသည် ဘုရားသခင်ကို အနည်းငယ်လေးမျှ သိကျွမ်းရန်ပင် အားထုတ်ခြင်းမရှိ၊ ဘုရားသခင်ကို ချစ်ခင်ခြင်း မရှိသော်ငြားလည်းပဲ ဘုရားသခင်၏ ဖြောင့်မတ်သောသူဟု ခေါ်ဆိုခြင်းခံရရန် လိုချင်ကြသည်မှာ ဟာသဖြစ်လို့နေသည်ပင် မဟုတ်လော။ ရိုးသားသောသူ အနည်းငယ် အမှန်တကယ် ရှိနေသေးသည့်အတွက် အသက်တစ်ခုပင် ထောက်ပံ့ပေးရန် ငါ့ကိုယ်ငါဆင်ခြင်မည်။ ယနေ့ပြီးစီးသင့်သည့်အရာကိုသာ ပြီးမြောက်အောင် ငါလုပ်ဆောင်မည်။ ထို့နောက် အယောက်စီတိုင်းတို့အပေါ်တွင် သူတို့၏ အမူအကျင့်များအရ အပြစ်ဒဏ် စီရင်ခြင်းများ ချမှတ်ပေးမည်။ ငါပြောသင့်သည့် အရာကိုသာ ငါမြွက်ကြားခဲ့ခြင်းဖြစ်ပြီး ဤအရာမှာ ငါ၏ အလုပ်ပင်ဖြစ်သည်။ ငါလုပ်သင့်သည့်အရာကိုသာ ငါလုပ်တော်မူပြီး ငါမလုပ်သင့်သည့်အရာကို ငါလုပ်တော်မမူ။ သင်တို့၏ ဘုရားသခင်ကို သိကျွမ်းခြင်းသည် မည်မျှစစ်မှန်သည်ကို သင်တို့ စဉ်းစားဆင်ခြင်ရင်း အချိန်ကိုအသုံးချဖို့ ငါမျှော်လင့်နေတုန်းပင်ဖြစ်သည်။ ဘုရားသခင်ကို ကားတိုင်တော်ပေါ်တွင် နောက်တစ်ဖန်သံမှိုဆွဲနှက်ကြသော သူများထဲတွင် သင်ပါဝင်နေသလော။ အဆုံးသတ်အနေဖြင့် ငါပြောကြားမည်၊ “ဘုရားသခင်ကို ကားတိုင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။”

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။