နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဖိလဒေလဖိအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။ ၎င်းတို့၏ ဝိညာဉ်ရေးရာ ခရီးပေါ်တွင် ယိမ်းယိုင်ခြင်းမရှိသည့် မရေမတွက်နိုင်သော သန့်ရှင်းသူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ထွက်ပေါ်လေသည်။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် လူ့ဇာတိခံလာပြီဖြစ်သည်၊ သူသည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သည့် စကြဝဠာ၏ ဦးသျှောင် ဖြစ်သည်ဟူသော ၎င်းတို့၏ ယုံကြည်ခြင်းကို စွဲစွဲမြဲမြဲ ကိုင်စွဲကြလေသည်။ ယင်းကို သန့်ရှင်းသောဝိညာဉ်တော်က အတည်ပြုထား၏၊ ယင်းသည် တောင်တန်းများတမျှပင် မရွေ့လျားနိုင်ပေ။ ပြီးလျှင် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

အိုး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၊ ယနေ့တွင် မျက်စိမမြင်သူများကို မြင်ခွင့်ပေးလျက်၊ ခြေမသန်သောသူများကို လမ်းလျှောက်စေလျက်နှင့် နူနာစွဲသောသူများကို ပျောက်ကင်းစေလျက် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာမျက်စိတို့ကို ဖွင့်ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်ပါ၏။ ဝိညာဉ်ရေးရာ နယ်ပယ်၏ နက်နဲမှုများကို ကျွန်ုပ်တို့အား သိမြင်စေလျက်၊ မိုးကောင်းကင်သို့ တံခါးကို ဖွင့်ခဲ့သည်မှာ ကိုယ်တော် ဖြစ်ပါ၏။ ကိုယ်တော်၏ သန့်ရှင်းသော နှုတ်ကပတ်တော်များဖြင့် စိမ့်ဝင်ပျံ့နှံ့ကာ ကျွန်ုပ်တို့ကို စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူ့သဘာဝမှ ကယ်တင်ခံရလျက်- ကိုယ်တော်၏မခန့်မှန်းနိုင်သော မဟာအမှုတော်နှင့် မခန့်မှန်းနိုင်သော ကရုဏာတော်သည် ဤကဲ့သို့ ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ သက်သေခံများ ဖြစ်ကြပါ၏။

ကိုယ်တော်သည် နှိမ့်ချစွာနှင့် တိတ်ဆိတ်စွာ ကွယ်ဝှက်၍နေလာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ချေပြီ။ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ကားစင်တင်ခံရခြင်းဒုက္ခ၊ လူ့ဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကြုံရပြီးဖြစ်ပါ၏။ ကိုယ်တော်သည် လူ့လောက၏ နာကျင်မှုကို တွေ့ကြုံကာ မြည်းစမ်းပြီးဖြစ်ကာ ခေတ်ကာလ၏ ပစ်ပယ်မှုကို ကိုယ်တော် ခံရပြီးဖြစ်ပါ၏။ လူ့ဇာတိကိုခံယူသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တော်မူ၏။ ဘုရားသခင်၏ အလိုတော်အဖို့ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ လက်ျာလက်တော်ဖြင့် ချီပင့်ရင်းနှင့် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်တို့အား အခမဲ့ ပေးရင်း နောက်ချေးပုံမှ ကျွန်ုပ်တို့ကို ကယ်တင်ပြီးဖြစ်ပါ၏။ မည်သည့်နာကျင်မှုကိုမျှမချန်ဘဲ၊ ကိုယ်တော်သည် ကိုယ်တော်၏အသက်ကို ကျွန်ုပ်တို့အတွင်း၌ ဖြစ်ပေါ်စေခဲ့လေပြီ။ ကိုယ်တော်၏ သွေး၊ ချွေးနှင့် မျက်ရည်တို့ဖြင့် ကိုယ်တော် ပေးဆပ်ခဲ့သော အဖိုးအခသည် သန့်ရှင်းသူတို့အပေါ် ပုံပေါ်လာပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အပင်ပန်းခံသော အားထုတ်မှုများ၏ ရလဒ်က ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ပေးဆပ်သည့် အဖိုးအခဖြစ်ပါ၏။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တော်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် နှိမ့်ချခြင်းတို့ကြောင့် လူမျိုးအားလုံးသည် ကိုယ်တော်၏ ရှေ့တော်၌ ထာဝရကာလပတ်လုံး ပျပ်ဝပ်၍ ကိုးကွယ်ကြပါလိမ့်မည်။

ယနေ့၊ ကိုယ်တော်သည်- ဖိလဒေလဖိ အသင်းတော်- အသင်းတော်အားလုံးကို စုံလင်စေပြီးဖြစ်ကာ ထိုသို့ဖြင့် ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေပြီးဖြစ်ပါ၏။ စိတ်ဝိညာဉ်တွင် ဆက်နွှယ်လျက်နှင့် ချစ်ခြင်းမေတ္တာနှင့်အတူ လိုက်လျှောက်ရင်း၊ စမ်းရေ၏ အရင်းအမြစ်နှင့် ဆက်သွယ်လျက် ကိုယ်တော်၏ရှေ့တွင် သန့်ရှင်းသူတို့သည် မိမိတို့ကိုယ်ကိုယ် နှိမ့်ချစွာဖြင့် နာခံနိုင်ကြပါ၏။ ရှင်သန်သော အသက်စမ်းရေသည် အသင်းတော်ထဲက ရွှံ့နှင့် ညစ်ညူးမှုအားလုံးကို ဆေးကြောကာ သန့်စင်ဖယ်ရှားလျက်၊ ကိုယ်တော်၏ ဗိမာန်တော်ကို တစ်ဖန် သန့်စင်စေရင်း၊ မရပ်မနား စီးဆင်းပါ၏။ ကျွန်ုပ်တို့သည် လက်တွေ့ကျသည့် စစ်မှန်သော ဘုရားသခင်ကို သိရှိလာကြပါပြီ၊ ကိုယ်တော်၏နှုတ်ကပတ်တော်အတွင်းတွင် လျှောက်လှမ်းကြပါပြီ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် လုပ်ငန်းတာဝန်များကို သိမှတ်ပြီး အသင်းတော်အဖို့အလို့ငှာ မိမိတို့ကိုယ်ကိုယ် အသုံးခံဖို့ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ လုပ်ဆောင်ပြီးဖြစ်သည်။ ကိုယ်တော်၏ အလိုတော်သည် ကျွန်ုပ်တို့၌ မပိတ်ဆို့ရန်၊ ကိုယ်တော်၏ ရှေ့မှောက်တွင် အမြဲ ဆိတ်ဆိတ်နေလျက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ အရေးစိုက်ရပါမည်။ သန့်ရှင်းသူများအကြားတွင် အပြန်အလှန် ချစ်ခြင်းမေတ္တာရှိပြီး အချို့၏ အားသာချက်တို့သည် အခြားသူတို့၏အားနည်းချက်များအတွက် အစားထိုးပေးပါလိမ့်မည်။ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရကာ အလင်းပြခံရလျက်၊ အချိန်တိုင်း ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်ကြပေသည်။ ၎င်းတို့သည် သမ္မာတရားကို သိရှိနားလည်သည်နှင့် ချက်ချင်း လက်တွေ့လုပ်ဆောင်ကြသည်။ အသစ်သောအလင်းကို အမီလိုက်ကာ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်ကြလေသည်။

ဘုရားသခင်နှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြလော့၊ ကိုယ်တော်ကို ထိန်းချုပ်ခွင့်ပေးခြင်းမှာ ကိုယ်တော်နှင့်အတူလျှောက်လှမ်းခြင်းဖြစ်၏။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် စိတ်ကူးများ၊ အယူအဆများ၊ သဘောထားများနှင့် လောကီ ငြိတွယ်ခြင်းများသည် မီးခိုးငွေ့ကဲ့သို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်များထဲတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ အထွတ်အထိပ် အုပ်စိုးခွင့်ပြုသောကြောင့် ထူးကဲသာလွန်ခြင်း၊ လောကကို အောင်မြင်ခြင်းတို့ကို ရရှိကြပြီး ကျွန်ုပ်တို့၏စိတ်ဝိညာဉ်များသည် လွတ်လပ်စွာ ပျံသန်းကာ လွတ်မြောက်မှုကို ရရှိကြ၏။ ဤသည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်လာသည့်အခါ ရရှိသော အကျိုးရလဒ်ပင် ဖြစ်ပေ၏။ ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းများ၊ အသစ်သော ဓမ္မသီချင်းများကို ပူဇော်ရင်း၊ ကျွန်ုပ်တို့သည် အဘယ်သို့ ချီးမွမ်းခြင်းဖြင့် မကခုန်၊ မသီဆိုဘဲ နေနိုင်ကြမည်နည်း။

ဘုရားသခင်ကိုချီးမွမ်းရန် နည်းလမ်းများစွာ အမှန်ရှိ၏- ကိုယ်တော့်နာမတော်ကို ဟစ်ခေါ်ခြင်း၊ ကိုယ်တော့်ထံ တိုးဝင် ချဉ်းကပ်ခြင်း၊ ကိုယ်တော့်အကြောင်းကို တွေးတောခြင်း၊ ဆုတောင်း-ဖတ်ရှုခြင်း၊ မိတ်သဟာယ၌ ပါဝင်ခြင်း၊ ဆင်ခြင်စဉ်းစားခြင်းနှင့် တွေးဆခြင်း၊ ဆုတောင်းခြင်းနှင့် ချီးမွမ်းသီချင်းများ ဖြစ်သည်။ ဤကဲ့သို့ ချီးမွမ်းခြင်းမျိုးများတွင် ပျော်မွေ့ခြင်းရှိကာ ဘိသိက်ရှိ၏၊ ချီးမွမ်းခြင်း၌ တန်ခိုးရှိပြီး ဝန်တာတစ်ခုလည်း ရှိ၏။ ချီးမွမ်းခြင်း၌ ယုံကြည်ခြင်းရှိကာ အသစ်သော ထိုးထွင်းသိမြင်ခြင်း ရှိပေသည်။

ဘုရားသခင်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊ အစေခံခြင်းတွင် ပူးပေါင်းဆောင်ရွက်ကာ တစ်လုံးတစ်ဝတည်း ဖြစ်ကြလော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလော့၊ သန့်ရှင်းသော ဝိညာဉ်ရေးရာ ခန္ဓာတစ်ခု ဖြစ်ရန် အလျင်အမြန်ပြုလော့၊ စာတန်အား ခြေဖြင့်နင်းကာ စာတန်၏ ကံကြမ္မာကို အဆုံးသတ်လော့။ ဖီလဒေလဖိအသင်းတော်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ချီဆောင်ခံရပြီးဖြစ်ကာ သူ၏ ဘုန်းတော်ထဲတွင် ထင်ရှားစေပြီ ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ရလဒ်” ဟူသော စကားရပ် မပါဝင်ပါ။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

အမှုတော်နှင့် ဝင်ရောက်ခြင်း (၁) ဘုရားသခင်၏အမှုတော်၏ ရူပါရုံ (၁) ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၉) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) (အပိုင်း တစ်) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) (အပိုင်း နှစ်) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁) အပိုင်း တစ် ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) အပိုင်း တစ် ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) အပိုင်း နှစ် အမှုတော်နှင့် ဝင်ရောက်ခြင်း (၃) အမှုတော်နှင့် ဝင်ရောက်ခြင်း (၇) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) အပိုင်း နှစ် သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃) လူ့ဇာတိခံယူခြင်း၏ နက်နဲမှု (၁) အပိုင်း နှစ် စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကောင်းကင်နိုင်ငံတော်သီချင်း စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။ လူသားများကို ဘုရားသခင်အသုံးပြုခြင်းနှင့် ပတ်သက်၍ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂) အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၆ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၀ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည် ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄) အခန်း ၂ အခန်း ၁၂ အခန်း ၁၄ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁) အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၄ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၄၁ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၄၂ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၄၄ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၅၆ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၆၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၆၈ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇၀ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇၄ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇၉ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၈၈ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၀၀ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၀၃ အခန်း ၁၀၃ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏ ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏ ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ ကောင်းမွန်သော ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍ မိမိတို့၏ တာဝန်ထမ်းဆောင်ကြသူတို့ တစ်ဦးတစ်ယောက်စီတိုင်း အပေါ်တွင် သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည် ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် စစ်မှန်မှုအား ပိုင်ဆိုင်ခြင်းဖြစ်သည် လက်တွေ့လုပ်ဆောင်ခြင်း (၄) မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၈ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၀ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည် စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ် သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည် (အပိုင်း တစ်) အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၃ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၇ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၉ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၁ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၂ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၈ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၆ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၀၈ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည် လက်တွေ့လုပ်ဆောင်ခြင်း (၂) လက်တွေ့လုပ်ဆောင်ခြင်း (၃) မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ် (အပိုင်း တစ်) မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ် (အပိုင်း နှစ်) ခရီးပန်းတိုင်နှင့်ပတ်သက်၍ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည် (အပိုင်း တစ်) စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည် (အပိုင်း နှစ်) နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည် လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက် အရည်အချင်းကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက် လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည် သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည် (အပိုင်း နှစ်)

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ