လက်တွေ့လုပ်ဆောင်ခြင်း (၄)

ယနေ့တွင် ငါပြောဆိုသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ဆိုသည်မှာ သင်ယုံကြည်၍ နားလည်ထားသည့် အရာများနှင့် တူညီခြင်း မရှိပါ။ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းဆိုသည်မှာ တစ်နေ့လုံး ပျော်ရွှင်နေခြင်း၊ သင့်မိသားစုထဲတွင် ကံဆိုးခြင်း ကင်းမဲ့ခြင်း သို့မဟုတ် အနာရောဂါ ကင်းမဲ့ခြင်း၊ သင်၏ နှလုံးသားတွင်း ဝမ်းနည်းခြင်း၏ ခံစားမှုများ ဘာမျှမရှိဘဲ အစဉ်အမြဲ ကျေနပ်နေခြင်း၊ မိမိ၏အသက်တာ အတိုင်းအထွာသည် မည်သို့ပင် ဖြစ်နေစေကာမူ သင်၏အတွင်း၌ ဖော်မပြနိုင်သော ဝမ်းမြောက်ခြင်း ရှိနေခြင်းကို ဆိုလိုသည်ဟု သင်ထင်ခဲ့သည်။ ယင်းသည် လစာတိုးခြင်းအပြင်၊ သင်၏ သားလည်း တက္ကသိုလ်ကို စတင်၍ တက်ရောက်ခြင်း ဖြစ်ခဲ့သည်။ ဤအမှုအရာများကို စိတ်တွင်မှတ်ရင်း သင်သည် ဘုရားသခင်အား ဆုတောင်းကာ ဘုရားသခင်၏ ကျေးဇူးတော်မှာ အလွန်ပင် ကြီးမြတ်လှကြောင်း တွေ့မြင်သဖြင့် အမှန်တကယ်ပင် ပျော်ရွှင်လာခဲ့ကာ ပါးစပ်နားရွက်ချိတ်အောင် ပြုံးပြီး ဘုရားသခင်အား ကျေးဇူးတင်ခြင်းကို ရပ်တန့်၍ မရနိုင်ခဲ့ပေ။ ထိုသို့သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကိုရရှိခြင်း၏ စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း မဟုတ်ချေ။ အမှန်က ထိုအရာသည် သင့်ဇာတိပကတိ နှစ်ထောင်းအားရခြင်း၏ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသာ ဖြစ်သည်။ ယနေ့သည် မည်သည့်ခေတ် ဖြစ်သည်ကို သင်သည် နားလည်သင့်သည်။ ယခုသည် ကျေးဇူးတော်ခေတ် မဟုတ်၊ သင်၏ ဝမ်းဗိုက်ကို မုန့်နှင့် ဖြည့်ခြင်းငှာ ကြိုးပမ်းရမည့် အချိန်လည်း မဟုတ်တော့ပေ။ သင်၏ မိသားစုသည် အစစအရာရာ အဆင်ပြေနေသည့်အတွက် သင်သည် အလွန်ပင် ဝမ်းမြောက်ကောင်း ဝမ်းမြောက်လိမ့်မည်၊ သို့သော် သင်၏ အသက်တာသည် ၎င်း၏ နောက်ဆုံးသော ထွက်သက်ကို အငမ်းမရ ရှုရှိုက်နေလေပြီ- ဤအတွက်ကြောင့် သင်၏ ဝမ်းမြောက်ခြင်း သည် မည်မျှပင် ကြီးမားနေပါစေ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ မရှိပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရရှိရန်မှာ ရိုးစင်းပေသည်၊ သင်လုပ်သင့်သည့် အရာကို လျောက်ပတ်စွာ လုပ်ဆောင်ပါ၊ လူသား၏ တာဝန်နှင့် လုပ်ငန်းဆောင်တာကို ကောင်းမွန်စွာ ထမ်းဆောင်ပါ၊ သင်လိုအပ်သော အရာများနှင့် မိမိကိုယ်မိမိ ပြည့်စုံစေနိုင်ပြီး သင်၏ ချွတ်ယွင်းချက်များကို ပြုပြင်နိုင်ခြင်း ရှိပါစေ။ အကယ်၍ သင်သည် မိမိအသက်တာ၏ ဝန်ကို အစဉ်အမြဲသယ်ဆောင်နေပြီး သင်သည် သမ္မာတရား တစ်ခုကို ပိုင်းခြားသိမြင်ခဲ့ခြင်း သို့မဟုတ် ဘုရားသခင်၏ ယနေ့အလုပ်ကို နားလည်ခဲ့သောကြောင့် ပျော်ရွှင် သည်ဆိုလျှင် ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် စစ်မှန်စွာ ရှိခြင်းဖြစ်သည်။ သို့မဟုတ် မည်သို့ တွေ့ကြုံခံစားရမည်ကို သင်မသိသော တစ်စုံတစ်ရာနှင့် ရင်ဆိုင် ကြုံတွေ့ရသောကြောင့် သို့မဟုတ် မိတ်ဿဟာယဖွဲ့သွားသော သမ္မာတရားတစ်ခုကို ပိုင်းခြားသိမြင်ခြင်းငှာ မတတ်စွမ်းနိုင် သောကြောင့် သင်သည် တစ်ခါတစ်ရံ စိုးရိမ်ကြောင့်ကြခြင်း၏ သိမ်းပိုက်ခြင်းကိုခံရသည် ဆိုပါက၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူရှိခြင်းကို သက်သေပြသည်။ ဤသည်တို့မှာ အသက်တာ အတွေ့အကြုံ၏ ဖြစ်နေကျ အခြေအနေများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မရှိခြင်းတို့အကြား ကွဲပြားခြားနားချက်ကို သင်သည် နားလည်ရမည်ဖြစ်ပြီး ဤအရာနှင့် ပတ်သက်၍ သင်၏ အမြင်သည် အလွန်အမင်း ရိုးစင်းလွန်းခြင်း မရှိရ။

ယခင်က သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကို ရရှိခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိခြင်းသည် ကွဲပြားခြားနားကြောင်းကို ပြောခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်း၏ သာမန် အခြေအနေသည် ပုံမှန် အတွေးများ၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် ပုံမှန် လူ့သဘာဝ ရှိခြင်းတွင် ထင်ရှားပြသခြင်း ခံရသည်။ လူပုဂ္ဂိုလ်တစ်ဦး၏ စရိုက်သည် ယခင်ဖြစ်နေကျအတိုင်းသာ ရှိရစ်နေမည် ဖြစ်သော်လည်း ၎င်းတို့၏ အတွင်းတွင်မူ ငြိမ်သက်ခြင်း ရှိပေလိမ့်မည် ဖြစ်ပြီး အပြင်ပန်းတွင် သန့်ရှင်းသူ တစ်ယောက်၏ ယဉ်ကျေးသိမ်မွေ့သော အမူအကျင့် ရှိပေလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် သည် ၎င်းတို့နှင့်အတူ ရှိနေသည့် အချိန်ပင် ဖြစ်ပေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေသောအခါ လူတို့တွင် ပုံမှန် အတွေးများ ရှိကြသည်။ သူတို့သည် ဆာလောင်သည့် အချိန်တွင် အစာစားချင်သည်၊ ရေဆာသည့် အချိန်တွင် ရေသောက်ချင်သည်...သာမန် လူ့သဘာဝ၏ ဤသို့သော သရုပ်သကန်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ပေးခြင်း မဟုတ်၊ ယင်းတို့သည် လူတို့၏ ပုံမှန် အတွေးများဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် တော် ရှိခြင်း၏ ပုံမှန် အခြေအနေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရရှိသောသူများသည် ဆာလောင်မွတ်သိပ်ခြင်းကို မသိရ၊ မောပန်းခြင်းကို မခံစားရဘဲ၊ သူတို့သည် မိသားစု အကြောင်းလည်း မစဉ်းစားကြဟန်တူကာ ထိုသူတို့သည် မိမိတို့ကိုယ်မိမိ ဇာတိပကတိမှ လုံးလုံးနီးပါး ခွဲခြားထားပြီး ဖြစ်ကြသည်ဟု အချို့သော လူများက မှားယွင်းစွာ ယုံကြည်ကြသည်။ စင်စစ်အားဖြင့်မူ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့နှင့်အတူ သာ၍ရှိလေလေ၊ ၎င်းတို့သည် သာ၍ပင် ပုံမှန် ဖြစ်လေလေ ဖြစ်သည်။ ၎င်းတို့သည် ဒုက္ခခံရန်နှင့် အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ရန်၊ မိမိတို့ကိုယ်မိမိ ဘုရားသခင်အတွက် အသုံးခံရန်၊ ဘုရားသခင်ကို သစ္စာရှိရန်၊ ထို့အပြင် ၎င်းတို့သည် စားသုံးရန်နှင့် အဝတ်အစားများ ဝတ်ဆင်ရန်လည်း သိကြပေသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် လူတွင်ရှိသင့်သည့် သာမန် လူ့သဘာဝ၏ ဘာတစ်ခုကိုမျှ ဆုံးရှုံးခြင်း မရှိဘဲ ယင်းအစား ဆင်ခြင်တုံတရားကို အထူးသဖြင့် ပိုင်ဆိုင်ကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဘုရားသခင်၏အလုပ်ကို ချင့်ချိန်တွေးဆကာ ၎င်းတို့၏ နှလုံးသားများအတွင်း ယုံကြည်ခြင်းရှိလျက် ၎င်းတို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းငှာ လိုလားကြ လေသည်။ ပင်ကိုအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ဤအခြေခံ အုတ်မြစ်ပေါ်တွင် တည်ထားခြင်း ဖြစ်သည်။ အကယ်၍ လူတို့သည် ပုံမှန် အတွေးများ မရှိကြပါက ၎င်းတို့တွင် ဆင်ခြင်တုံတရား ရှိမည်မဟုတ်ဘဲ ယင်းသို့ မရှိခြင်းသည် ပုံမှန် အခြေအနေ မဟုတ်ပေ။ လူတို့သည် ပုံမှန် အတွေးများ ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့် အတူရှိသောအခါ ၎င်းတို့သည် မလွဲဧကန်ပင် ပုံမှန်လူသား တစ်ယောက်၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်၊ ဆိုလိုသည်မှာ ၎င်းတို့၌ ပုံမှန်အခြေအနေရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အတွက် အချို့သော အချိန်အခါများ ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်မှာမူ မကြာခဏပင် တစ်ချိန်လုံး၌ ရှိနေတတ်သည်။ လူတို့၏ ဆင်ခြင်တုံတရားနှင့် အတွေးများသည် ပုံမှန်ဖြစ်နေပြီး ၎င်းတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသမျှ ကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ဧကန်မုချပင် ရှိလိမ့်မည်။ လူတို့၏ ဆင်ခြင်တုံတရားနှင့် အတွေးများ သည် ပုံမှန် မဟုတ်သောအခါတွင်မူ ၎င်းတို့၏ လူ့သဘာဝသည်လည်း ပုံမှန် မဟုတ်တော့ချေ။ အကယ်၍ ဤအခိုက်အတန့်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင့်အထဲတွင် ရှိနေပါက သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ဧကန်မုချပင် သင်နှင့်အတူရှိနေလိမ့်မည်။ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင့် အထဲတွင် သေချာပေါက် ရှိလိမ့်မည် မဟုတ်ချေ၊ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး အချိန်အခါများတွင် အလုပ်လုပ်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းသည် လူတို့၏ ပုံမှန် အသက်ရှင်ရေးကို ထိန်းသိမ်းပေးနိုင်ရုံသာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်မှာမူ အချို့သော အချိန်အခါများတွင်သာ အလုပ်လုပ်သည်။ သာဓက အနေဖြင့် အကယ်၍ သင်သည် ခေါင်းဆောင်တစ်ယောက် သို့မဟုတ် လုပ်ဆောင်သူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသင်းတော်ကို ရေလောင်းပြီး အာဟာရကျွေးမွေးသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို စိတ်ဓာတ်မြှင့်တင်ပေးတတ်ပြီး အချို့သော သင့်ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် နှုတ်ကပတ်တော်အချို့ကို သင့်အား ဉာဏ်အလင်းရစေလိမ့်မည်၊ ယင်းအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသည့် အချိန်ပင် ဖြစ်သည်။ တစ်ခါတစ်ရံ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် စာလုံးအချို့နှင့် သင့်ကို ဉာဏ်အလင်းပေးသောအခါ ယင်းအရာများကို သင်သည် မိမိကိုယ်တိုင်၏ အတွေ့အကြုံများနှင့် အထူးသဖြင့် တိုက်ဆိုင် စစ်ဆေး၍ ရနိုင်သည်ကို သိလေပြီး မိမိကိုယ်တိုင်၏ အခြေအနေနှင့် ပတ်သက်သော သာ၍ကြီးမားသည့် အသိပညာကို သင့်အား ပေးလေသည်၊ ဤသည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ပင် ဖြစ်သည်။ တစ်ခါတစ်ရံ ငါပြောကြားသောအခါ သင်တို့နားထောင်ကြပြီးလျှင် သင်တို့ကိုယ်တိုင်၏ အခြေအနေများကို ငါ၏နှုတ်ကပတ်တော်များနှင့်ယှဉ်၍ သင်တို့ တိုင်းထွာချင့်ချိန် နိုင်ကြသည်၊ ထို့ပြင် တစ်ခါတစ်ရံ သင်သည် တို့ထိခံရသည် သို့မဟုတ် လှုံဆော်ခံရသည်၊ ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ အချိန်တိုင်းတွင် အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်မှာ ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ပြသနေပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေသည်ဟု သူတို့ပြောပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရသည်ဟု သူတို့ပြောကာ၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောမည်ဆိုပါက၊ ဤသည်မှာ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ အလွန့်အလွန် သဘာဝလွန်သောအရာဖြစ်သည်။ ယင်းသို့သော လူများသည် ဆိုးညစ်သော ဝိညာဉ်များ ဖြစ်ကြသည်မှာ သံသယဖြစ်စရာ မလိုချေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်ပင်လျှင် လူ့ဇာတိထဲသို့ ဆင်းကြွလာသောအခါတွင် သူစားသောက်ရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားကို မဆိုနှင့်ဦးတော့။ နတ်ဆိုးစွဲသောသူများသည် ဇာတိပကတိ၏ အားနည်းချက် မရှိသည့်ပုံပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ကာ စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြသည်၊ ၎င်းတို့သည် ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်စွမ်းနိုင်ပြီးလျှင်၊ မောပန်းနွမ်းနယ်ခြင်းကို စိုးစဉ်းမျှပင် မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက်သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန်မှပင် သဘာဝလွန်သောအရာ ဖြစ်သည်မဟုတ်လော။ နတ်ဆိုး၏ အလုပ်သည် သဘာဝလွန်ဖြစ်ပြီး ဤအရာများကို လူသားမှ ကြိုးပမ်းရရှိနိုင်ခြင်း မရှိချေ။ ထိုးထွင်းသိမြင်မှုကင်းမဲ့သောသူများကမူ ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြကာ၊ ထိုသူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်း၌ ထိုသို့သောအားမာန်ရှိပြီး သူတို့တွင် ကြီးမားသောယုံကြည်မှုရှိသဖြင့် သူတို့သည် မည်သည့်အခါမျှ အားနည်းခြင်းမရှိကြပါဟု ပြောဆိုကြသည်။ စင်စစ်တွင်မူ ဤသည်မှာ နတ်ဆိုးအလုပ်၏ သရုပ်သကန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

မိမိ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ရန် ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အချို့ လူများမှ ၎င်းတို့သည် ဤအတိုင်းသာ လိုက်လျှောက်ပြီး ၎င်းတို့သည် အသက်ကို ရခြင်းငှာ တတ်စွမ်းနိုင်သည်၊ မတတ်စွမ်းနိုင်သည်နှင့် မိမိတို့ကိုယ်မိမိ ပူပန်မနေပါဟု ပြောဆိုကြသည်၊ ၎င်းတို့သည် အသက်ကို မလိုက်လျှောက်သော်လည်း ၎င်းတို့သည် နောက်ပြန်လှည့်ခြင်းလည်း မရှိပါ။ အလုပ်၏ ဤအဆင့်အား ဘုရားသခင်မှ ဆောင်ရွက် သည်ကိုသာ ၎င်းတို့က အသိအမှတ်ပြုကြသည်။ ဤအရာအားလုံးတွင် ၎င်းတို့သည် မိမိတို့၏ သက်သေခံချက်၌ ကျရှုံး ကြပြီ မဟုတ်သလော။ ဤကဲ့သို့သောလူတို့သည် သိမ်းပိုက် ခံရပြီးခြင်းကိုပင် သက်သေမခံကြ။ သိမ်းပိုက်ခြင်း ခံရပြီးသော ထိုသူများသည် အခြားအရာများ မည်သို့ပင် ဖြစ်နေပါစေ လိုက်လျှောက်ကြပြီး အသက်အား လိုက်လျှောက်ခြင်းငှာလည်း တတ်စွမ်းနိုင်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်အား ယုံကြည်သည်သာ မကဘဲ၊ ဘုရားသခင်၏ စီစဉ်ခြင်းများ အားလုံးကိုလည်း လိုက်လျှောက်ရန် သိကြသည်။ ယင်းသို့သော သူများသည် သက်သေခံသောသူများ ဖြစ်ကြသည်။ သက်သေမခံသော သူများသည် အသက်ကို မည်သည့်အခါမျှ မလိုက်လျှောက်သောသူများ ဖြစ်ကြပြီး တော်စွလျော်စွ ကြုံရာကျပန်း နေခြင်းဖြင့် လိုက်လျှောက်လျက်ပင် ရှိကြသေးသည်။ သင်သည် လိုက်လျှောက်ကောင်း လိုက်လျှောက်နိုင်သော်လည်း ယင်းမှာ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးကြောင်း မဆိုလိုပေ၊ အကြောင်းမှာ သင်သည် ဘုရားသခင်၏ ယနေ့ အလုပ်နှင့် ပတ်သက်၍ ဘာမျှမသိသောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခံရခြင်းသည် အခြေအနေအရ ဖြစ်သည်။ လိုက်လျှောက်သော သူတိုင်းသည် သိမ်းပိုက်ခြင်းခံရသည် မဟုတ်၊ အကြောင်းမှာ သင်၏ နှလုံးသား ထဲတွင် ယနေ့၏ ဘုရားသခင်နောက်ကို အဘယ်ကြောင့် သင်သည် လိုက်လျှောက်ရမည်နှင့် ပတ်သက်၍ ဘာကိုမျှ နားမလည်သကဲ့သို့ သင်သည် ယနေ့ကို မည်ကဲ့သို့ ရောက်လာခဲ့သည်နှင့် မည်သူသည် ယနေ့ထိတိုင် သင့်အား ထောက်မပေးနေသည်ကို မသိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဘုရားသခင်အား ယုံကြည်ခြင်း၌ အချို့သော လူများသည် တစ်ရက်တာလုံးကို မရေရာမှုထဲတွင် အချိန်ကုန် စေကြသည်။ ထို့ကြောင့် လိုက်လျှောက်ခြင်းမှာ သင်သည် သက်သေခံနေခြင်း ဖြစ်ကြောင်း သေချာပေါက် မဆိုလိုပါ။ စစ်မှန်သော သက်သေခံချက်ဟူသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ ဤနေရာတွင် ပြောဆိုထားသော သက်သေခံချက်တွင် နှစ်ပိုင်းရှိသည်။ တစ်ပိုင်းမှာ သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်း ဖြစ်ပြီး အခြား တစ်ပိုင်းမှာ စုံလင်ခြင်း ခံရပြီးသည်ကို သက်သေခံခြင်း ဖြစ်သည် (ယင်းမှာ ပင်ကိုအားဖြင့် အနာဂတ်၏ သာ၍ကြီးမားသော စမ်းသပ်ခြင်းများ နှင့် ကြီးစွာသော ဆင်းရဲခြင်းများကို လိုက်လျှောက်ခြင်း သက်သေခံချက်ပင် ဖြစ်သည်)။ တစ်နည်းဆိုရလျှင် သင်သည် ကြီးစွာသော ဆင်းရဲခြင်းများနှင့် စမ်းသပ်ခြင်း များ အတောအတွင်း ခိုင်ခံ့စွာ ရပ်တည်ခြင်းငှာ တတ်စွမ်းနိုင်သည် ဆိုပါလျှင် သင်သည် သက်သေခံချက်၏ ဒုတိယအဆင့်ကို ခံခဲ့ပြီးဖြစ်သည်။ ယနေ့တွင် အရေးပါသော အရာမှာ သက်သေခံချက်၏ ပထမအဆင့်ပင် ဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ စမ်းသပ်ခြင်း ဖြစ်စဉ်တိုင်းတွင် ခိုင်ခံ့စွာ ရပ်တည်ရန် တတ်စွမ်းနိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခံရပြီးခြင်း၏ သက်သေခံချက်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယနေ့သည် သိမ်းပိုက်ခြင်း၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ (ယနေ့သည် ကမ္ဘာပေါ်ရှိ ဘုရားသခင် အလုပ်၏ အချိန်ကာလဖြစ်သည်ကို သင်သိသင့်သည်။ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ကမ္ဘာပေါ်ရှိ အဓိကအလုပ်သည် သူ့နောက်သို့ လိုက်လျှောက်သော ကမ္ဘာပေါ်ရှိ ဤလူအုပ်စုကို သိမ်းပိုက်ရန် အလို့ငှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုခြင်းပင် ဖြစ်သည်။) သင်သည် သိမ်းပိုက်ခံရပြီး ခြင်းကို သက်သေခံခြင်းငှာ တတ်စွမ်းခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက် နိုင်ခြင်းရှိ၊ မရှိဟူသည့် အပေါ်တွင် မူတည်နေသည်သာ မကဘဲ သာ၍ အရေးကြီးသည်မှာ သင်သည် ဘုရားသခင် အလုပ်၏ အဆင့်အသီးသီးကို တွေ့ကြုံခံစားရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စစ်မှန်သော အသိပညာရရှိနိုင်စွမ်း ရှိ၊ မရှိနှင့် သင်သည် ဤအလုပ်၏ အရာအားလုံးကို စစ်မှန်စွာ မြင်ခြင်း ရှိ၊ မရှိအပေါ်တွင်လည်း မူတည်နေပေသည်။ အကယ်၍ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက်ပါက သင်သည် အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက် သွားနိုင်လိမ့်မည် ဆိုခြင်းမှာ မှန်ကန်ခြင်း မရှိပါ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ ဖြစ်စဉ်တိုင်းတွင် သင်သည် လိုလိုလားလားနှင့် အညံ့ခံရန် တတ်စွမ်းနိုင်ရမည် ဖြစ်ပြီး သင်တွေ့ကြုံခံစားရသည့် အလုပ်၏ အဆင့်အသီးသီးနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရှိနိုင်စွမ်းရှိရမည် ဖြစ်ကာ ဘုရားသခင် စိတ်သဘောထားကို နာခံခြင်း၊ ထိုစိတ်နေသဘောထားနှင့် ပတ်သက်သည့် အသိပညာကို ရရှိခြင်းငှာ တတ်စွမ်းနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ သင့်အပေါ် သတ်မှတ်ထားသည့် သိမ်းပိုက်ခံရပြီးခြင်း၏ အန္တိမသက်သေခံချက်ပင် ဖြစ်သည်။ သိမ်းပိုက်ခံရ ပြီးခြင်း၏ သက်သေခံချက် ဟူသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် သင်၏ အသိပညာကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤသက်သေခံခြင်း အဆင့်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းအပေါ် သက်သေခံခြင်းဖြစ်သည်မှာ အရေးကြီး၏။ လောကရှိလူတို့ ရှေ့မှောက်တွင် သင်မည်သည့်အရာ ပြုလုပ်ပြောဆိုသည်ဟူသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော် အားလုံးနှင့် သူ၏အလုပ်အားလုံးကို နာခံနိုင်စွမ်းရှိ၊ မရှိက အရာခပ်သိမ်းထက် သာ၍အရေးကြီးသည်။ ထို့ကြောင့် သက်သေခံချက်၏ ဤအဆင့်သည် စာတန်နှင့် ဘုရားသခင်၏ ရန်သူများ အားလုံး- ဘုရားသခင်သည် ဒုတိယအကြိမ် လူ့ဇာတိ ခံယူလိမ့်မည် ဆိုခြင်းနှင့် သာ၍ပင် ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ရန် ကြွလာလိမ့်မည် ဆိုခြင်းကို မယုံကြည်ကြသည့်အပြင် ဇာတိပကတိထဲသို့ ဘုရားသခင်၏ ပြန်လာခြင်း၏ အမှန်တရားကို မယုံကြည်သည့် ရန်လိုသောသူများနှင့် မာရ်နတ်များ- ကို ရှေးရှုထားခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းကို မယုံကြည်ကြသော ရန်သူများအားလုံး ဖြစ်ကြသည့် အန္တိခရစ်များ အားလုံးကို ရှေးရှုထားခြင်း ဖြစ်သည်။

ဘုရားသခင်အား လွမ်းဆွတ်ခြင်းနှင့် ဘုရားသခင်အား တောင့်တခြင်းမှာ သင်သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်ကြောင်း သက်သေမပြပါ။ သိမ်းပိုက်ခံရခြင်းမှာ သင်သည် ဘုရားသခင်မှာ လူ့ဇာတိခံယူသော နှုတ်ကပတ်တော် ဖြစ်သည်ဆိုခြင်းကို ယုံကြည်ခြင်း ရှိ၊ မရှိ၊ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းကို သင်သည် ယုံကြည်ခြင်း ရှိ၊ မရှိနှင့် ဝိညာဉ်သည် နှုတ်ကပတ်တော် ဖြစ်လာပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ၌ ပေါ်လာခဲ့ပြီးသည်ကို သင်သည် ယုံကြည်ခြင်း ရှိ၊ မရှိတို့ အပေါ်တွင် မူတည်ပေသည်။ ဤသည်မှာ အဓိက သက်သေခံချက်ဖြစ်သည်။ သင်မည်ကဲ့သို့ လိုက်လျှောက်သည် ဆိုခြင်းကား အရေးမပါသကဲ့သို့ သင်သည် မိမိကိုယ်မိမိ မည်ကဲ့သို့ အသုံးခံသည် ဆိုခြင်းလည်း အရေးပါခြင်း မရှိ။ အရေးပါသော အရာမှာ သင်သည် နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ ဝိညာဉ်သည် ဇာတိပကတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်- သမ္မာတရားအားလုံး၊ လမ်းခရီးနှင့် အသက်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိလာကာ ဝိညာဉ်တော်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးဖြစ်သည် ဆိုခြင်းကို ဤပုံမှန် လူ့သဘာဝမှ ရှာဖွေတွေ့ရှိခြင်းငှာ တတ် စွမ်းနိုင်ခြင်း ရှိ၊ မရှိသာ ဖြစ်သည်။ အပေါ်ယံသဘောအားဖြင့် ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ပဋိသန္ဓေစွဲယူခြင်းနှင့် ကွဲပြားခြားနားပုံ ပေါက်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ဇာတိပကတိတွင် အကောင်အထည် ပေါ်လာပြီး ဖြစ်ကြောင်းအပြင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီး ဖြစ်ကြောင်းကို ဤအလုပ်တွင် သင်သည် သာ၍ ရှင်းလင်းစွာ တွေ့မြင်နိုင်ကာ သင်သည် “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” ဟူသည့် စကားများ၏ စစ်မှန်သည့် အနက်အဓိပ္ပာယ်ကို နားလည်ခြင်းငှာ တတ်စွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် သင်သည် ယနေ့ နှုတ်ကပတ်တော်မှာ ဘုရားသခင်ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်ကို သင်သည် ရှုမြင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်ခံနိုင်သည့် အကောင်းဆုံးသော သက်သေခံချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာအား ပိုင်ဆိုင်သည် ဆိုခြင်းကို ဤအရာက သက်သေပြသည်- သင်သည် ဘုရားသခင်အား သိကျွမ်းခြင်းငှာ တတ်စွမ်းနိုင်သည်သာမကဘဲ၊ ယနေ့၌ သင်လျှောက်သော လမ်းခရီးမှာ အသက်၏ လမ်းခရီး၊ သမ္မာတရား၏ လမ်းခရီးဖြစ်သည်ကိုလည်း နားလည် သဘောပေါက်သည်။ ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” နှင့်စပ်ဆိုင်သည့် အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ ဇာတိခန္ဓာနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိကာ၊ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည်ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” နှင့်စပ်ဆိုင်သည့် အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့ကာ၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းချိန်တွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲခြားထား၍ မရခဲ့ချေ၊ ထို့ပြင် နောက်ဆုံးသောခေတ်တွင် သူက သူ့နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာကို သာ၍ပင် ရှင်းလင်းစေပြီး၊ လူသားအား သူ့လမ်းခရီးများ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို နာကြားရန် ခွင့်ပြုပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ်ပင် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် သိရှိလာရမည် ဖြစ်သည်။ ယင်းမှာ ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ် မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ်သာ ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရမည့် အရာဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာလည်း ဖြစ်သည်။ ဤသည်မှာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်၊ ထို့ပြင် ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ၊ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိခန္ဓာထဲရှိ ဘုရားသခင်ဖြစ်ခြင်း၏ ခေတ်ကာလကို အဆုံးသတ်စေသည်။ ထို့ကြောင့် သင်သည် လူ့ဇာတိခံယူခြင်း၏ အနက် အဓိပ္ပာယ်ကို သိရှိရမည်။ သင်သည် အဘယ်မျှလောက် အလုပ်ရှုပ်ခံသည် သို့မဟုတ် အခြားသော အပြင်ပန်း ကိစ္စရပ်များကို မည်ကဲ့သို့ ကောင်းမွန်စွာ သင်ဆောင်ရွက်သည် ဆိုခြင်းမှာ အရေးမပါပါ။ အရေးပါသည့် အရာမှာ သင်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့မှောက်တွင် စစ်မှန်စွာ ဆက်ကပ်အပ်နှံ၍ သင်၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်ထံ ပေးအပ်မြှုပ်နှံကာ သူ၏နှုတ်မှ လာသည့် နှုတ်ကပတ်တော် အားလုံးကို နာခံနိုင်ခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိသာဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် အရာဖြစ်ပြီး သင်လိုက်နာကျင့်သုံးရမည့် အရာဖြစ်သည်။

သက်သေခံချက်၏ နောက်ဆုံးအဆင့်မှာ သင်သည် စုံလင်အောင်ပြုခြင်း ခံရနိုင်၊ မခံရနိုင်ကို သက်သေခံခြင်း ဖြစ်သည်- ဆိုလိုသည်မှာ နောက်ဆုံးသော သက်သေခံချက်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်မှ ပြောကြားသည့် နှုတ်ကပတ်တော်များ အားလုံးကို နားလည်သဘောပေါက် ပြီးသောအခါ သင်သည် ဘုရားသခင်အား သိကျွမ်းခြင်းကို ပိုင်ဆိုင်လာပြီး သူ့အပေါ် ကျိန်းသေလာသည်၊ သင်သည် ဘုရားသခင်၏ နှုတ်မှ နှုတ်ကပတ်တော်များ အားလုံးကို လက်တွေ့အသက်ရှင်ပြီး ဘုရားသခင်မှ သင့်အား တောင်းဆိုသော အခြေအနေများကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်- ပေတရု၏ အမူအကျင့်နှင့် ယောဘ၏ ယုံကြည်ခြင်းကဲ့သို့ဖြစ်သည့် သေသည်တိုင်အောင် နာခံနိုင်ခြင်း၊ ဘုရားသခင်ထံသို့ မိမိကိုယ်မိမိ လုံးလုံးလျားလျားပင် ပေးဆပ်နိုင်ခြင်းနှင့် စံသတ်မှတ်ချက် နှင့်ညီသော လူသား၏ ပုံရိပ်ကို အဆုံးတွင် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရပြီးနောက် သိမ်းပိုက်ခြင်း နှင့် စုံလင်ခြင်းတို့ ခံရပြီးသော တစ်စုံတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။ ဤသည်မှာ အဆုံးတွင် စုံလင်ခြင်း ခံရပြီးသော သူတစ်ယောက်မှ ခံသင့်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်တို့မှာ သင်မှ ခံသင့် သည့် သက်သေခံချက်၏ အဆင့်နှစ်ဆင့် ဖြစ်ပြီး ယင်းတို့သည် အပြန်အလှန် ဆက်နွှယ်နေကြကာ တစ်ဆင့်ချင်း သည် မရှိမဖြစ်ပင် ဖြစ်သည်။ သို့သော် သင်သိရမည့် အရာတစ်ခု ရှိသည်။ သင့် အပေါ် ငါသတ်မှတ်သည့် သက်သေခံချက်မှာ လောကကြီး၏ လူများကို ရှေးရှုထားခြင်း မဟုတ်သကဲ့သို့ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရှေးရှုထားခြင်းလည်း မဟုတ်ဘဲ သင့်အား ငါတောင်းဆိုသော အရာထံသို့သာ ရှေးရှုထားခြင်း ဖြစ်သည်။ သင်သည် ငါ့ကို ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိနှင့် သင်တို့ တစ်ဦးချင်းစီတိုင်းအပေါ် ငါ၏သတ်မှတ်ချက် စံချိန်များနှင့် သင်သည် လုံးလုံးလျားလျား ပြည့်မီခြင်း ရှိ၊ မရှိနှင့် ထိုအရာကို တိုင်းတာသည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့် အရာပင် ဖြစ်တော့သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။