မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည် (အပိုင်း သုံး)
ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းရှိသော သူများဖြစ်ကြသည်။ ၎င်းတို့တွင် ၎င်းတို့၏အသိတရားများနှင့် အသိစိတ်တို့က စေ့ဆော်တိုက်တွန်းသည့်ခံစားချက်များ ရှိကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့၏စိတ်နှလုံးများထဲတွင် ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်လုပ်သမျှအရာရာသည် မှန်ကန်သည့်အပြင် ယင်းသည် လူများကို ကယ်တင်ခြင်းနှင့် သန့်စင်ခြင်း လုပ်ဖို့အတွက် ရည်ရွယ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းသည် လူများ၏အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ယင်းသည် ၎င်းတို့အတွက် အကျိုးရှိသည်။ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်သောသူများတွင် အသိတရားများ မရှိကြပေ၊ အသိစိတ် မရှိကြသကဲ့သို့ ၎င်းတို့သည် အသိတရားများ သို့မဟုတ် အသိစိတ်တို့ ရှိဖို့အတွက်လည်း ဂရုမစိုက်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် မယုံတစ်ဝက်၊ ယုံတစ်ဝက် သဘောထားတစ်ခု အမြဲတမ်း ရှိကြသည်။ ၎င်းတို့၏စိတ်နှလုံးများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု မခံစားနိုင်ကြချေ။ သို့ဆိုလျှင် ဘုရားသခင်၏တည်ရှိမှုအပေါ် ၎င်းတို့၏အမြင်က မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ ၎င်းတို့က “အကယ်၍ ဘုရားရှိသည်ဟုဆိုလျှင် သူက အဘယ်မှာနည်း။ သူ့ကို ကျွန်ုပ် မမြင်ရပါ။ ဘုရားအမှန်တကယ် ရှိသလောဟူသည်ကို ကျွန်ုပ် မသိပါ။ အကယ်၍ သူရှိသည်ဟု သင်တို့ ယုံကြည်လျှင် သူရှိသည်၊ အကယ်၍ သူမရှိဟု သင်တို့ ယုံကြည်လျှင် သူမရှိပေ” ဟု စဉ်းစားကြသည်။ ဤသည်မှာ သူတို့၏အမြင်ဖြစ်သည်။ သို့သော်လည်း “လူပေါင်းများစွာက ဘုရားကို ယုံကြည်ကြပြီး သူ့ကို သက်သေခံခဲ့ကြသည်။ ဘုရားတစ်ပါး အမှန်တကယ် ရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ရှိနေဖို့ ကျွန်ုပ် မျှော်လင့်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သို့မှသာ အခြေအနေအပေါ် ကျွန်ုပ် အခွင့်ကောင်းယူနိုင်ပြီး ကောင်းချီးများကို ရနိုင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ် ကံကောင်းလိမ့်မည်” ဟူ၍ တွေးရင်း ထိုအရာကို ၎င်းတို့ အချိန်ယူစဉ်းစားကြသည်။ ၎င်းတို့သည် ကံတရားနှင့် လောင်းကစားခြင်း စိတ်ထားမျိုးကို သုံးကာ အပျော်အပါး အနည်းငယ်အတွက်သက်သက်သာ ပါဝင်လိုကြသည်။ အကယ်၍ သူတို့သည် ကောင်းချီးပေးခြင်းမခံရလျှင်ပင် မည်သည်ကိုမှ မရင်းနှီးမြှုပ်နှံထားသောကြောင့် အရှုံးမရှိဟု ၎င်းတို့ ထင်ကြသည်။ ဘုရားသခင်၏တည်ရှိမှုအပေါ် သူတို့၏အမြင်နှင့် သဘောထားတို့မှာ “ဘုရားက တကယ်ကို ရှိသလော။ ကျွန်ုပ် ဘယ်နည်းနှင့်မျှ မပြောနိုင်ပါ။ ဘုရားက အဘယ်မှာနည်း။ ကျွန်ုပ် အတိအကျ အသေအချာ မသိပါ။ သက်သေခံခဲ့ကြသည့် ဤလူများအားလုံးသည် တကယ်လော။ သို့မဟုတ် သူတို့သည် လိမ်နေခြင်းလော။ တစ်ခုမျှ ကျွန်ုပ် သေချာမသိပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံးသည် ဤပြဿနာများအားလုံးအပေါ် သံသယဖြစ်နေကြသည်။ ၎င်းတို့သည် အဖြေရှာ၍ မရနိုင်ဖြစ်နေကြသည်။ သို့ဖြစ်၍ ယင်းကို ၎င်းတို့ အမြဲ သံသယဖြစ်နေကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှုသည် သံသယစိတ်နှင့် မှားယွင်းသည့်အမြင်များဖြင့် စွန်းထင်းနေသည်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြောဆိုသောအခါ သူ၏နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏သဘောထားက မည်သည့်အရာဖြစ်သနည်း။ (သံသယနှင့် မယုံနိုင်ခြင်းဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏အဓိကအမြင် မဟုတ်ပေ။ သင်တို့သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်ကြပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် ၎င်းတို့ မှတ်ယူကြသလော။ (မမှတ်ယူကြပါ။) ၎င်းတို့ အဘယ်အရာ စဉ်းစားကြသနည်း။ “လူပေါင်းများစွာသည် ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ဖို့ နှစ်သက်ကြသည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် ကျွန်ုပ်က ယင်းကို စိတ်ဝင်စားစရာကောင်းသည်ဟု မမြင်နိုင်သနည်း။ ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းဖြင့် မည်သည့်အရာကို ရနိုင်သနည်း။ အကျိုးကျေးဇူးက အဘယ်အရာနည်း။ ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် သင်ဝင်ရောက်နိုင်သလော။ လူများသည် ကောင်းကင်နိုင်ငံတော်ကို မမြင်နိုင်ကြပေ။ ကျွန်ုပ် မြင်သည့်အတိုင်းဆိုလျှင်၊ ဘုရားကို ယုံကြည်သည့်အတွက် အမှန်တကယ် အကျိုးကျေးဇူးအချို့ရှိရမည်။ စစ်မှန်သည့် အကျိုးအမြတ် အချို့ရှိရမည်” ဟူ၍ ဖြစ်သည်။ အကယ်၍ သူတို့သည် သမ္မာတရားကို နားမလည်ပါက ဖယ်ရှားရှင်းလင်းခံရမည်ကို သူတို့ စိုးရိမ်ကြသည်။ ထို့ကြောင့် သူတို့သည် တရားဒေသနာများကို ရံဖန်ရံခါ နားထောင်ကြသည်။ သို့သော် ထို့နောက်တွင် သူတို့က၊ “ဘုရား၏နှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိကြသည်ဟု သူတို့ ဆိုကြသည်၊ သို့ဆိုလျှင် ယင်းကို ကျွန်ုပ် အဘယ်ကြောင့် မကြားရ၊ မခံစားရသနည်း။ ဘုရား၏နှုတ်ကပတ်တော်များသည် လူတို့ကို ပြောင်းလဲနိုင်သည်ဟု သူတို့ ဆိုကြသည်၊ သို့ဆိုလျှင် သူ၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို အဘယ်ကြောင့် မပြောင်းလဲသေးသနည်း။ ဇာတိပကတိ၏ဇိမ်ခံစရာများကို ယခင်ကအတိုင်းပင် ကျွန်ုပ် တပ်မက်ဆဲဖြစ်သည်။ အစားအစာနှင့် အဝတ်အစားများကို ကျွန်ုပ် ကြိုက်နှစ်သက်သည်။ ကျွန်ုပ်၏စိတ်မှာ ယခင်ကဲ့သို့ပင် ဆိုးနေမြဲသာ ဖြစ်သည်။ အဆင်းနီသောနဂါးကြီးက ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သောအခါ ကျွန်ုပ် ကြောက်ရွံ့ဆဲပင်ဖြစ်သည်။ ကျွန်ုပ်တွင် အဘယ်ကြောင့် ယုံကြည်ခြင်း မရှိသေးသနည်း။ ဘုရားသခင်က လူများကို ရိုးသားဖို့ တောင်းဆိုသည်။ သမ္မာတရားနှင့် လူ့သဘာဝရှိသော လူများဖြစ်ဖို့ သူတို့ကို သူတောင်းဆိုသည်။ ရိုးသားသောလူများသည် လူနုံလူအများဖြစ်ကြသည်မဟုတ်လော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန် လူတို့ကို ဘုရားသခင် တောင်းဆိုသော်လည်း၊ လူမည်မျှက ဤအရာကို အမှန်တကယ် ဖြစ်မြောက်အောင်လုပ်နိုင်သနည်း။ လူသားသဘာဝသည် တစ်ကိုယ်ကောင်းဆန်သည်။ အကယ်၍ သင်သည် သင်၏လူသားသဘာဝအတိုင်း လိုက်လျှောက်ပါက သင့်ကိုယ်သင်အတွက် ကောင်းချီးများမည်သို့ရဖို့ကို သင်စဉ်းစားရမည်။ သင့်ကိုယ်သင် အကျိုးရှိစေရန် သင်ကျိတ်ကြံစည်ရမည်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်။ သင့်ကံကြမ္မာကို သင့်လက်ဖြင့် ဖန်တီးရမည်။ သင့်ပျော်ရွှင်မှုအတွက် သင်ကိုယ်တိုင် လုပ်ယူရမည်။ ဤသည်မှာ လက်တွေ့အကျဆုံးဖြစ်သည်။ အကယ်၍ လူများသည် သူတို့ကိုယ်သူတို့အတွက် ကြိုးပမ်းပြီး အမှုအရာများကို အရမယူပါက၊ ထို့အပြင် အကယ်၍ သူတို့သည် ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အကျိုးကျေးဇူးအတွက် အသက်မရှင်ပါက သူတို့ မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ သင်၏အိမ်တံခါးဝရှေ့သို့ ဤအရာများကို မည်သူကမျှ မိမိဘာသာ တာဝန်ယူလာချပေးထားလိမ့်မည်မဟုတ်ပါ။ မန္နမုန့်သည် အကယ်စင်စစ် ကောင်းကင်မှ ဘယ်တော့မှ ကျမလာပါ” ဟူ၍ တွေးရင်း သူတို့ စားမြုံ့ပြန်ကြသည်။ ဤသည်တို့မှာ သူတို့၏အတွေးများနှင့် အမြင်များ၊ လောကီဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် သူတို့ရှင်သန်သည့် ယုတ္တိအတွေးနှင့် စည်းမျဉ်းများ ဖြစ်ကြသည်။ ဤအတွေးများနှင့် အမြင်များကို ပိုင်ဆိုင်သူများသည် မယုံကြည်သူများဖြစ်ကြသလော။ ဤသည်မှာ မယုံကြည်သူများက သမ္မာတရားအပေါ် ထားရှိသည့်သဘောထားမျိုး အတိအကျပင်ဖြစ်သည်။ သူတို့၏စိတ်များသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မသိကြချေ၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ဩဇာအာဏာနှင့် တန်ခိုးတို့က မည်သည့်နေရာတွင် ထင်ရှားသည်ကို မသိကြသည့်အပြင် လူများ၏ အဆုံးသတ်အတွက် ဘုရားသခင်က မည်သို့စီစဉ်ပေးသည်ကို မသိကြပေ။ သူတို့သည် တန်ခိုးအာဏာကို ကိုးကွယ်ပြီး သူတို့၏ရှေ့တည့်တည့်တွင် ရှိသည့် အကျိုးကျေးဇူးများကို ရှာဖွေရုံရှာဖွေကြသည်။ အကယ်၍ သူတို့သည် ဘုရားသခင်အပေါ် ယုံကြည်ပါက ကောင်းချီးပေးခံရသင့်သည်ဟု သူတို့ ထင်ကြသည်။ ထို့အပြင် ဘုရားသခင်သည် လူများအား ကောင်းသည့်ကံကြမ္မာကိုသာ ပေးအပ်ပါက၊ သူတို့၏အသက်တာကို ချမ်းသာကြွယ်ဝမှုနှင့် အလျှံပယ်ရှိခြင်းတို့ဖြင့် ဖြည့်ပေးပြီး သူတို့ကို ပျော်ရွှင်စရာအသက်တာကို ပေးမှသာ ယင်းသည် စစ်မှန်သောလမ်းခရီးဖြစ်သည်ဟု သူတို့ တွေးကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု သူတို့ မယုံကြည်ကြသည့်အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များက လူ၏စိတ်သဘောထား သို့မဟုတ် ကံကြမ္မာကို ပြောင်းလဲနိုင်သည်ဆိုသည်ကို မဆိုထားနှင့်၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည်ကိုပင် သူတို့ မယုံကြည်ကြချေ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ကို ယုံကြည်စဉ်တွင် သမ္မာတရားကို မည်သည့်အခါတွင်မျှ မလိုက်စားခဲ့ကြပေ။ တိုတိုပြောရလျှင်၊ သူတို့၏အသက်အဖြစ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ လက်မခံကြသောကြောင့်လည်းကောင်း၊ သူတို့အသက်တာ၏ရည်မှန်းချက်ပန်းတိုင်၊ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းတို့သည် တိုး၍တိုး၍ အားနည်းလာသောကြောင့်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရာတွင်ဖြစ်စေ၊ တရားဒေသနာများကို နားထောင်ရာတွင်ဖြစ်စေ သူတို့သည် စိတ်ပါဝင်စားခြင်းမရှိကြပေ။ သမ္မာတရားအကြောင်း မိတ်သဟာယပြုနေစဉ်အတွင်းမှာပင် သူတို့သည် အိပ်ပျော်၍ပင်သွားကြလေသည်။ ဤအရာအပြင် သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အပိုဝန်ထုပ်တစ်ခုဖြစ်သည်၊ သူတို့သည် အချည်းနှီး အလုပ်လုပ်နေကြသည်ဟု သူတို့ ခံစားကြသည်။ သူတို့၏စိတ်နှလုံးများသည် ဘုရားသခင်၏အမှုတော် ပြီးပြည့်စုံမည့်အချိန်၊ ဘုရားသခင်က သူတို့ကို ဆုံးဖြတ်ချက်ကြေညာချက် ပေးမည့်အချိန်တို့ကို တမ်းတကြသည်။ ထို့အပြင် သူတို့ အမှန်တကယ် ကောင်းချီးများ ရမည်၊ မရမည်ဆိုသည်ကို သူတို့ မြင်နိုင်သည်။ ဘုရားသခင်အပေါ် ဤနည်းအတိုင်း ယုံကြည်ခြင်းဖြင့် ကောင်းချီးများကို မည်သည့်အခါတွင်မျှ ရလိမ့်မည်မဟုတ်ကြောင်း၊ သူတို့ ကျိန်းသေ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်ဖြစ်ကြောင်း ကပ်ဘေးတစ်ခုတွင် သူတို့ သေနိုင်သေးကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ပါက သူတို့ ချက်ချင်း စွန့်ခွာနိုင်သည်။ ဘုရားသခင်အပေါ် ယုံကြည်သည်ဟု သူတို့ ပြောကြသော်လည်း သူတို့၏စိတ်နှလုံးများက သူ့ကို သံသယဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု သူတို့ ဆိုကြသော်လည်း၊ သူတို့၏စိတ်နှလုံးများသည် သမ္မာတရားအပေါ် မယုံကြည်ကြချေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ မည်သည့်အခါကမျှ မဖတ်ကြသလို တရားဒေသနာတစ်ခုကို တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် နားမထောင်ခဲ့ဖူးပေ။ သူတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါကမျှ မိတ်သဟာယမပြုဖူးသည့်အပြင် သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် သူတို့သည် သမ္မာတရားကို မည်သည့်အခါကမျှ မရှာဖွေခဲ့ဖူးချေ။ သူတို့၏ကိုယ်တိုင်အားထုတ်မှုများကိုသာ အသုံးပြုကြသည်။ ဤသည်မှာ မယုံကြည်သူစစ်စစ်ဖြစ်သည်။ သူတို့သည် ဘာသာတရား မရှိသူများနှင့် ဘာမျှ မကွာခြားပေ။
ဘုရားသခင်တည်ရှိသည်ကို မယုံကြည်သူများက အသိအမှတ်ပြုကြသော်လည်း သူတို့သည် သမ္မာတရားကို မယုံကြည်သကဲ့သို့ ထိုသမ္မာတရားကို လက်မခံကြပေ။ သူတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် မယုံကြည်သူများကို မကယ်တင်ကြောင်း သူတို့ သိသည်၊ သို့ဖြစ်လျှင် သူတို့သည် အဘယ်ကြောင့် ဘုရားသခင်၏အိမ်တော်တွင် အချိန်ဆွဲ၍ ဆက်နေကြသေးသနည်း။ (ကောင်းချီးများကို ရရန်ဖြစ်သည်။) သူတို့ ကောင်းချီးများကို ရနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ သူတို့၏အကျိုးစီးပွားများနှင့် ဆက်စပ်နေသည်။ မယုံကြည်သူများ၏စိတ်နှလုံးများထဲတွင် ကောင်းချီးများရဖို့ မျှော်လင့်ချက်ရှိပြီး ဘုရားသခင်ကို ယုံကြည်ပါက၊ သူ့ကို အသိအမှတ်ပြုပြီး သံသယမဖြစ်ပါက သို့မဟုတ် သူ့ကို မစွန့်ခွာပါက အဆုံးတွင် ကောင်းသောကံကြမ္မာသည် သူတို့ဆီသို့ လာလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ဤ “ယုံကြည်ခြင်း” ဖြင့် ပြင်ဆင်လျက်၊ သူတို့သည် မိမိတို့ဘာသာ ဘုရားသခင်၏အိမ်တော်တွင် နေကြသည်။ ထို့အပြင် မည်သည့်အရာကမျှ သူတို့ကို မည်သို့မျှ ထွက်သွားစေလိမ့်မည် မဟုတ်ပေ။ သူတို့၏စိတ်များတွင် အရာရာကို သူတို့ နားလည်ပြီး၊ အနည်းငယ်မျှ မိုက်မဲခြင်း မရှိကြပေ။ သမ္မာတရားကို သူတို့ နားမလည်ခြင်းသာဖြစ်သည်။ မကောင်းသည့်အရာများကို သူတို့ မလုပ်သရွေ့ သို့မဟုတ် အသင်းတော်၏အလုပ်ကို မနှောင့်ယှက်သရွေ့ အသင်းတော်မှ သူတို့ ရှင်းလင်းခံရလိမ့်မည်မဟုတ် သို့မဟုတ် နှင်ထုတ်ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ ထို့နောက်တွင် ဘုရားသခင်၏အမှုတော် ပြီးဆုံးသွားနေ့ထိတိုင် သူတို့ သည်းခံကာ စောင့်ဆိုင်းနေလိုက်ခြင်းဖြင့် အနိုင်ရသူများအဖြစ် ဇာတ်သိမ်းသွားမည်ဖြစ်ပြီး ကောင်းချီးများ ရလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့တွင် သူတို့၏ အပိုင်ကြံမှုများရှိသော်လည်း သူတို့ မပြောင်းလဲနိုင်သည့်အရာတစ်ခုရှိသည်။ လူ့ဇာတိခံဘုရားသခင်သည် စစ်မှန်သောဘုရားသခင်ဖြစ်သည်ဆိုသည်ကို သူတို့ မယုံကြည်ကြသကဲ့သို့၊ ဘုရားသခင်၏အရာခပ်သိမ်းအပေါ် ရှိသည့် အချုပ်အခြာအာဏာကို သူတို့ သံသယရှိသောကြောင့် သမ္မာတရားကို မည်သည့်အခါမှ သူတို့ လက်ခံလိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို လက်မခံနိုင်သောသူများသည် အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ (သူတို့သည် ဖယ်ရှားရှင်းလင်းခံရသည်။) ဟုတ်ပေ၏၊ သူတို့အားလုံး ဖယ်ရှားရှင်းလင်းခံရသည်။ ဤမယုံကြည်သူများသည် သမ္မာတရားကို စိတ်မဝင်စားကြဘဲ ကောင်းချီးပေးခံရခြင်းနှင့်ပတ်သက်၍ မျှော်လင့်ချက်အမြဲ ထားရှိကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် သူတို့၏နားလည်ခြင်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တို့မှာ သူတို့၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် မျှော်လင့်ချက်များတို့ဖြင့် စွန်းထင်းနေပြီး သူတို့သည် ချစ်မြတ်နိုးရသောအသက်အတွက် “ဘုရားသခင်သည် ဖြောင့်မတ်သည်” ဟူသည့် စကားရပ်ကို တွယ်ဖက်ထားရင်း ကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြသည်။ သူတို့သည် ချစ်မြတ်နိုးရသောအသက်အတွက် ဤစကားရပ်ကို တွယ်ဖက်ထားကြသည်ဆိုသည်မှာ အတိအကျ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ သူတို့တွင် ဘက်လိုက်မှုများနှင့် နားလည်မှုလွဲခြင်းများ အမြဲရှိကြသည်ဟု ဆိုလိုပေသည်။ “ဘုရားသခင်၊ ကိုယ်တော်သည် ဖြောင့်မတ်သဖြင့်၊ ဤဖြောင့်မတ်ခြင်းအပေါ် မူတည်၍ ကျွန်ုပ် လုပ်သမျှအားလုံးကို သင်ချဉ်းကပ်သင့်သည်။ ကျွန်ုပ်သည် မကောင်းမှုကို မကျူးလွန်ခဲ့သကဲ့သို့ နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကိုလည်း မဖြစ်စေခဲ့ပါ။ သို့ဖြစ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အလျှံပယ် သနားကရုဏာကို ပြသတော်မူသင့်ပြီး ကျွန်ုပ်ကို ဆက်၍နေစေသင့်ပါသည်” ဟု သူတို့ တွေးကြသည်။ ဤသည်မှာ ချစ်မြတ်နိုးရသောအသက်အတွက် သူတို့ တွယ်ဖက်ထားသည့် ကောက်ရိုးမျှင်ဖြစ်သည်။ သူတို့၏ဤစိတ်ကူးသည် မျှတပြီး လက်တွေ့ကျသလော။ (လက်တွေ့မကျပါ။) အဘယ်ကြောင့် လက်တွေ့မကျသနည်း။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လုံးလုံးလျားလျား မယုံကြည်ကြပေ။ သူတို့သည် သူတို့၏ကံကို စမ်းသပ်သည့်သဘောဖြင့် ထိုအရာနှင့်ပတ်သက်၍ ရလိုရငှား မျှော်ကိုးရန် ဆန္ဒရှိကြပြီး ဘုရားသခင်က သူတို့၏လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ ဤသည်မှာ ဖြစ်လိုသည့်အတွေးသာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သည့်အရာနှင့်တူသည်ဆိုသည်ကို သူတို့မသိကြချေ။ သူတို့သည် သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ဘုရားသခင်ကို သိဖို့ မကြိုးစားကြပေ။ အထူးသဖြင့် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မရှာဖွေကြပေ။ သူတို့သည် ဖြစ်လိုသည့် အတွေးဖြင့် ဤသို့သာ ယုံကြည်ကြပြီး၊ ထိုအရာအတွက် သူတို့၏ကံကို စမ်းသပ်ကြည့်ခြင်းနှင့်ဆိုင်သော စရိုက်တစ်ခုလည်းရှိသည်။ အဘယ်ကြောင့် ဤသို့ သူတို့ စဉ်းစားနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူတို့အတွက် အကျိုးရှိသောကြောင့်ဖြစ်သည်။ ဤကောက်ရိုးမျှင်သည် သူတို့၏ နောက်ဆုံးအသက်ကယ်ကြိုးဖြစ်သည်။ ယင်းသည် သူတို့၏ လောင်းကြေးများအားလုံးကို ပုံအောထားသည့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ သူတို့၏ကိုယ်ပိုင် အသက်တာများကို ဤဆန္ဒနှင့် စွန့်စားကြည့်ခြင်းဖြင့် သူတို့သည် ဆုံးရှုံးဖို့ မျှော်လင့်သလော။ (မမျှော်လင့်ပါ။) လူတို့သည် လောင်းကစားကြသောအခါ ထုံးစံအတိုင်း နိုင်ဖို့ကို မျှော်လင့်ကြသည်။ သို့ဖြစ်လျှင် ဤလူများသည် သူတို့အနိုင်ရနိုင်သကဲ့သို့ ခံစားရပြီး သူတို့နိုင်လိမ့်မည်ဖြစ်ကြောင်း သေချာခံစားသိရအောင် မည်သည့်အရာကို ဆုပ်ကိုင်ထားဖို့ လိုအပ်သနည်း။ ၎င်းမှာ “ဘုရားသခင်သည် ဖြောင့်မတ်သည်” ဟူသောစကားရပ်ဖြစ်သည်။ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ဆိုသော ဤမယုံကြည်သူများသည် သူဖြောင့်မတ်ကြောင်းကို အမှန်တကယ် ယုံကြည်သလော။ သူသည် လူတစ်ဦးစီတိုင်းကို သူတို့လုပ်ရပ်များအတိုင်း ပြန်လည်ဆပ်ပေးလိမ့်မည်ဟု သူတို့ အမှန်တကယ် ယုံကြည်သလော။ သူတို့နားလည်ထားသည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအစစ်အမှန်နှင့် အတူတူပဲလော။ (မတူပါ။) မတူကြောင်းကို သူတို့ သိသလော။ (သူတို့သိပါသည်။) သို့ဆိုလျှင် သူတို့သည် အဘယ်ကြောင့် “ဘုရားသခင်သည် ဖြောင့်မတ်သည်” ဟု ဆက်၍ပြောဆိုနေကြသေးသနည်း။ သူတို့၏ဤစကားရပ်အတွင်းတွင် မည်သည့်အရာ ပါဝင်သနည်း။ ထိုအရာအတွင်းတွင် မည်သည့်ရည်ရွယ်ချက်များပါဝင်သနည်း။ (ဘုရားသခင်အား သူတို့၏တောင်းဆိုချက်များကို ဖြည့်ဆည်းစေဖို့၊ သူတို့ကို ရှင်သန်ကျန်ရစ်ခွင့်ပေးကာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ပေးစေဖို့အတွက် ဤစကားလုံးများကို သူတို့ သုံးလိုသည်။) မှန်ပေ၏၊ ဤစကားရပ်၏နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိသည်။ သူတို့သည် ၎င်းနှင့် ဘုရားသခင်ကို အကျပ်ကိုင်ဖို့ကြိုးစားနေကြသည်။ ဤစကားလုံးများကို ပြောဆိုခြင်းဖြင့် “ကိုယ်တော်သည် ဖြောင့်မတ်သည် မဟုတ်လော။ ကျွန်ုပ်သည် အဖိုးများစွာ ပေးခဲ့ပြီးဖြစ်၍ သင်၏ဖြောင့်မတ်ခြင်းအတိုင်း သင်ပြုမူသင့်သည်။ ကျွန်ုပ်သည် အလုပ်အလွန့်အလွန်များခဲ့ပြီး ဆင်းရဲဒုက္ခများစွာကိုလည်း ခံစားခဲ့ရပြီးပြီ၊ ယခု ကျွန်ုပ် မည်သို့ ကောင်းချီးပေးခံရသင့်သနည်း” ဟု သူတို့ ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်၍ တောင်းယူခြင်းနှင့် ပွက်လောညံအောင် တောင်းဆိုခြင်းဖြစ်သည်။ သူတို့သည် လူတစ်ဦးကို အကျပ်ကိုင်ပြီး မျက်နှာလိုမျက်နှာရလုပ်နေခြင်းဖြစ်ကာ ထိုသို့လုပ်ခြင်းဖြင့် ကောင်းချီးများခံစားရနိုင်ပြီး သူတို့လိုချင်သည့်အရာကို ရနိုင်သည်ဟု ထင်နေသည်။ ဘုရားသခင်သည် ဤနည်းအတိုင်း အမှန်တကယ် ပြုမူဆောင်ရွက်မည်လော။ ဆောင်ရွက်မည် မဟုတ်ပေ။ ယင်းမှာ သူတို့သည် ဘုရားသခင်ရှိသည်ဟု မယုံကြည်ကြသည့်အပြင် သူ၏စိတ်သဘောထားကို မယုံကြည်ကြသောကြောင့်၊ သူ၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ဟု မုချ မယုံကြည်ကြသောကြောင့်၊ သူတို့သည် ဘုရားသခင်ထံ ပြောင်ပြောင်တင်းတင်း ပွက်လောညံအောင် တောင်းဆိုရဲပြီး ဘုရားသခင်နှင့် ဖက်ပြိုင်ရင်ဆိုင်ရဲကာ ဤနည်းဖြင့် လောင်းရဲသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သောကိစ္စများကို သူတို့ လုပ်ကြခြင်းမှာ မယုံကြည်သူများဖြစ်ကြသောကြောင့် အတိအကျဖြစ်ပေသည်။ “ဆင်းရဲဒုက္ခများစွာကို ကျွန်ုပ် ကြံ့ကြံ့ခံခဲ့ရပြီးပြီ၊ ကျွန်ုပ် မည်သည့်အရာကို ရခဲ့သနည်း” သို့မဟုတ် “ဘုရားသခင်သည် ဖြောင့်မတ်ပြီးလူတို့ကို မဟုတ်ဘဲ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခြင်းရှိသည်” ဟူ၍ မကြာခဏ ပြောဆိုရင်း မယုံကြည်သူများသည် ဤကဲ့သို့ ပြုမူသည်။ မယုံကြည်သူများသည် ဤနည်းအတိုင်း မကြာခဏ ပြောလေ့ရှိကြသည်။ ဤစိတ်သဘောထားမျိုးကို ထုတ်ဖော်ကြပြီး ဤအပြုအမူများကို ပြသကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူတို့၏သဘောထားဖြစ်သည်။ သူ၏တည်ရှိမှုအပေါ် သူတို့ မယုံကြည်ကြသော်လည်း သူတို့သည် အားထုတ်ကြိုးပမ်းခြင်းနှင့် အဖိုးအခများပေးဆပ်ခြင်းတို့ဖြင့် ဘုရားသခင်ကို မျက်နှာလိုမျက်နှာရ လုပ်လိုကြဆဲဖြစ်ပြီး၊ ကောင်းချီးများရရန်ဖြစ်သည့် သူတို့၏ရည်မှန်းချက်ကို ရယူဖို့အလို့ငှာ ဘုရားသခင်ကို အကျပ်ကိုင်ပြီး စွပ်စွဲဖို့အတွက် ဘုရားသခင်၏နှုတ်ကပတ်တော်၊ စကားလုံးများနှင့် အယူဝါဒများအပြင် ဤသဘောတရားများကို သုံးကြသည်။ သို့သော် သူတို့သည် ဤဖြစ်လိုသည့်အတွေးမျိုးဖြင့် အမှားလုပ်မိကြသည်မဟုတ်လော။ သူတို့၏ဤအလောင်းအစားသည် နောက်ဆုံးတွင် အကျိုးခံစားရလိမ့်မည်လော။ (အကျိုးခံစားရလိမ့်မည်မဟုတ်ပါ။) သူတို့ ရှုံးလိမ့်မည်ကို သူတို့ သိကြသလော။ သူတို့သည် လောင်းကြေးထပ်၍ လောင်းကစားလုပ်နေခြင်းဖြစ်ကြောင်းကို သိကြသလော။ (သိကြပါသည်။) သင်တို့ မှား၏။ သူတို့သည် လုံးဝ မသိကြပေ။ မိမိတို့၏ယုံကြည်ခြင်း စစ်မှန်သည်ဟု သူတို့ ယုံကြည်ကြသည်။ အဘယ်ကြောင့် သူတို့၏ယုံကြည်ခြင်းက စစ်မှန်သည်ဟု သူတို့ တွေးထင်ကြသနည်း။ ကျွန်ုပ်ကို ပြောလော့။ လူများသည် ဤသို့သောအခြေအနေများနှင့် စိတ်သဘောထားများကို မည်သို့ သတိပြုမိနိုင်သနည်း။ အကယ်၍ သူတို့သည် မယုံကြည်သူများ၏ လောကထဲတွင် နေထိုင်ပြီး “ကွန်ဖြူးရှပ်၏အတွေးအခေါ်များစုစည်းမှု” နှင့် “ဒေါင်ဒဲဂျင်း (စာရေးဆရာလောင်ဇူး)” တို့ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ ဂန္ထဝင်လက်ရာအချို့ကို လေ့လာသင်ယူပါက ဤအပြုအမူများနှင့် အနှစ်သာရများကို သူတို့ သတိပြုမိနိုင်လိမ့်မည်လော။ (သတိမပြုမိနိုင်ပါ။) မည်သည့်အခါမှ သတိပြုနိုင်လိမ့်မည်မဟုတ်ပေ။ လူများသည် ဤပြဿနာများကို သူတို့၏သဘာဝအနှစ်သာရများဖြင့် သတိပြုမိနိုင်ဖို့အလို့ငှာ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ (ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံရမည်ဖြစ်သည်။) ပထမအနေဖြင့် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သမ္မာတရားကို လက်ခံရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံး မှန်ကန်ကြောင်းကို သူတို့ ယုံကြည်ခြင်းရှိရမည်၊ ဘုရားနှုတ်ကပတ်တော်ကို လက်ခံရမည်ဖြစ်ပြီး သူတို့ကိုယ်သူတို့ ထိုနှုတ်ကပတ်တော်နှင့်နှိုင်းယှဉ်ကြည့်ဖို့ မှန်သဘောမျိုးအဖြစ် သဘောထားရမည်။ သို့မှသာ သူတို့သည် သူတို့စိတ်ထဲတွင် ရှိထားသည့်အခြေအနေများနှင့် အမြင်များ၊ သူတို့၏သဘာဝများအတွင်းတွင် တည်ရှိနေသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ပြဿနာကို သတိပြုမိနိုင်ပေသည်။ အကယ်၍ သူတို့သည် သမ္မာတရားကို လက်မခံပါက သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် မမှတ်ယူပါက ဤမှန်သည် သူတို့အတွက် ရှိပါဦးမည်လော။ (ရှိလိမ့်မည် မဟုတ်ပါ။) ယင်းသည် သူတို့အတွက် လုံးဝတည်ရှိမည်မဟုတ်။ သူတို့သည် သူတို့၏စိတ်နှလုံးများအတွင်းမှနေ၍ ဘုရားသခင်ကို အလွန်ပြောင်ပြောင်တင်းတင်း ထိပ်တိုက်တွေ့ပြီး သူ့ထံ ပွက်လောညံအောင် တောင်းဆိုသောအခါ ဤသည်မှာ ပြဿနာဖြစ်သည်ကို သူတို့ သဘောပေါက်နိုင်သလော။ ဤအရာကို သူတို့ မည်သည့်အခါတွင်မျှ သဘောပေါက်လိမ့်မည်မဟုတ်ပေ။ သူတို့ စဉ်းစားပုံနှင့် ပြုမူပုံသည် မှန်ကန်ပြီး ယုတ္တိတန်ကာ တရားမျှတသည်ဟု သူတို့တွက်ဆသည်။ သူတို့သည် အမြဲပြုမူနေကျအတိုင်း ပြုမူပြီး အမြဲယုံကြည်နေကျအတိုင်း ယုံကြည်ကြသည်။ ထို့အပြင် သူတို့၏ လက်ရှိထင်မြင်ချက်များတစ်ခုခုကို ခွဲခြမ်းစိတ်ဖြာဖို့ သို့မဟုတ် စွန့်လွှတ်လိုက်ဖို့ မလိုအပ်ဟု ခံစားကြရပြီး၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်းကို လက်ခံခြင်းက အသုံးမဝင်ဟု မြင်ကြသည်။ သူတို့သည် သူတို့၏ကိုယ်ပိုင် အတွင်း ကမ္ဘာများထဲတွင် နေထိုင်ကြရင်း မိမိကိုယ်ကိုအတွက် အသက်ရှင်ကြသည်။ သူတို့လုပ်ဆောင်သည့် မည်သည့်အရာမျှ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဆက်စပ်ခြင်း မရှိပေ။ သူတို့သည် သူတို့တွေးလိုသမျှ တွေးချင်ရာတွေးကြပြီး သူတို့ ယုံကြည်သည့်အရာ သို့မဟုတ် အကြံထုတ်သည့်အရာ မည်သည့်အရာကိုမဆို မှန်ကန်သည်၊ သမ္မာတရားဖြစ်သည်ဟု ယူဆကြလေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် သူတို့ထားသည့် သဘောထားအပေါ် အခြေခံ၍ သူတို့၏စိတ်နှလုံးများအတွင်းနက်နက်တွင် တည်ရှိနေသောပြဿနာများကို မည်သည့်အခါတွင်မျှ သတိပြုမိလိမ့်မည် မဟုတ်ပေ။ သူတို့သည် အဖိုးအခများကို ပေးပြီး နေ့တိုင်း အလုပ်များနေသောအခါ မည်သူနှင့် မည်သည့်အရာအတွက် သူတို့က အလုပ်များနေခြင်းဖြစ်သနည်း။ ဤအပြုအမူကို မည်သည့်အရာက လွှမ်းမိုးထိန်းချုပ်သနည်း။ သူတို့၏အရင်းခံအကြောင်းမှာ အဘယ်နည်း။ တစ်နည်းအားဖြင့်၊ သူတို့တွင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း မရှိဘဲ၊ သူတို့၏ကံကို စမ်းသပ်ကြည့်သည့်သဘောအပေါ် အခြေခံ၍ ဘုရားသခင်နှင့် အလောင်းအစားလုပ်လိုကြသည်။ နောက်တစ်နည်းအားဖြင့်၊ သူတို့သည် ကောင်းချီးများအတွက် သူတို့၏လိုအင်ဆန္ဒက စိုးမိုးခြယ်လှယ်ခြင်းကို ခံနေရခြင်းဖြစ်သည်။ ကောင်းချီးများရခြင်းအကြောင်း၊ ဘုရားသခင်၏ကတိတော်ကို ရရှိခြင်းအကြောင်း သူတို့ စဉ်းစားမိသမျှအချိန်တိုင်းတွင် သူတို့သည် ပို၍စိတ်အားထက်သန်စွာ အလုပ်များနေကြသည်။ သူတို့စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများက ဝမ်းမြောက်ခြင်းဖြင့် ပွင့်လန်းနေပြီး ဘုရားသခင်သည် သူတို့ကို အလွန်များစွာပေးလေပြီ၊ သူသည် အလွန် ချစ်ဖွယ်ကောင်းသည်ဟု တွေးရင်း လူအချို့သည် စိတ်လှုပ်ရှားလာကြပြီး မျက်ရည်များကျစပြုလာကြသည်။ ဤသည်တို့မှာ နားလည်မှုလွဲခြင်းများ ဖြစ်သည် မဟုတ်လော။ ဤအခြေအနေများနှင့် ခံစားချက်များသည် သမ္မာတရားလိုက်စားသူများက ဘုရားသခင်၏ရိုက်နှက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းတို့ကို တွေ့ကြုံရသောအခါ သူတို့စိတ်နှလုံးများအတွင်းထဲတွင် ခံစားရသည့်အရာနှင့် တူသယောင်ထင်ရသည်။ သမ္မာတရားလိုက်စားသူများသည်လည်း မျက်ရည်များကျပြီး ဘုရားသခင်ကို ကျေးဇူးတင်ကြသော်လည်း သဘောသဘာဝအရ ဤလူနှစ်မျိုးနှစ်စားသည် မည်ပုံမည်နည်းကွဲပြားခြားနားကြသနည်း။ သမ္မာတရားကို လိုက်စားသူများသည် နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံသောအခါ ထိုအရာမှာ သူတို့သည် ဘုရားသခင်ကို အကြွေးတင်နေပြီး ဘုရားသခင်၏ကတိတော်များ၊ ကောင်းချီးများနှင့် မထိုက်တန်ဟု ခံစားရသောကြောင့်ဖြစ်သည်။ ဘုရားသခင်က သူတို့ကို အလွန်များစွာပေးထားပြီးသဖြင့် သူတို့သည် အလွန်ပျော်ရွှင်ကြသော်လည်း သူတို့၏စိတ်နှလုံးများအတွင်းထဲတွင် ဝမ်းနည်းသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လုံလောက်အောင် မလုပ်ပေးရသေးသကဲ့သို့ ဘုရားသခင်ကို သူတို့ အကြွေးတင်နေသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။ သူတို့သည် ရံဖန်ရံခါ စိတ်လှုပ်ရှားပြီး မျက်ရည်စက်လက်ဖြစ်ကြသော်လည်း ယင်းမှာ ဘုရားသခင်၏ကျေးဇူးတော်၊ သနားကရုဏာနှင့် သည်းခံနိုင်မှုတို့အတွက် သူ့ကို သူတို့ ကျေးဇူးတင်ကြခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့၏ပြစ်မှားခြင်းများ၊ သို့မဟုတ် သူတို့၏ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို မကြည့်ဘဲ သူတို့ကို သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြသနေဆဲဖြစ်ကာ သူတို့ကို ကျေးဇူးတော် ပေးလျက် လမ်းညွှန်နေဆဲဖြစ်ပုံကို သူတို့ မြင်ကြသောအခါ သူတို့၏စိတ်နှလုံးများအတွင်းထဲတွင် တကယ့်ကို အကြွေးတင်နေသလိုခံစားရပြီး နာကျင်နေကြသည်။ သူတို့သည် ဝမ်းနည်း၊ နောင်တရသည့်အခြေအနေတွင်ရှိပြီး သူတို့သည် မထိုက်တန်ဟု ခံစားရသည်နှင့်အမျှ သူတို့တွင် ကောင်းချီးများရဖို့မျှော်လင့်ချက်ရှိမရှိဟူသည်ကိုပင် မတွေးရဲပေ။ မယုံကြည်သူများ၏မျက်ရည်များနှင့်ဆိုင်သော သဘောသဘာဝက အဘယ်နည်း။ သင်တို့ကို ကျွန်ုပ် ဖော်ပြချက်တစ်ခု ပေးပါရစေ၊ ပြီးလျှင် ထိုအရာမှန်ကန်တိကျမှုရှိမရှိကို သင်တို့ ကြည့်နိုင်ပါသည်။ သူတို့အပေါ် တစ်ခုခုဖြစ်ပျက်သောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမြတ်သော အမှုတော်နှင့် ဘုရားသခင် ပေးသည့် ကျေးဇူးတော်တို့ကို မြင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် သူတို့ စိတ်လှုပ်ရှားရပြီး ဘုရားသခင်၏လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းခံရကာ၊ သူတို့၏အလုပ်က အကျိုးဖြစ်ထွန်းလာသောအခါ သူတို့သည် ပျော်ရွှင်ကြပြီး “အိုး ဘုရားသခင်၊ ကိုယ်တော်၏ကောင်းချီးများနှင့် လမ်းညွှန်မှုတို့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ဤဂုဏ်ကျက်သရေအားလုံးကို ကိုယ်တော်ပိုင်ဆိုင်ပါသည်” ဟူ၍ သူတို့၏စိတ်နှလုံးများအတွင်းထဲတွင် ဘုရားသခင်ထံ ဆုတောင်းကြသည်။ သူတို့သည် သူတို့စိတ်နှလုံးများ၏အနက်ရှိုင်းဆုံးနေရာတွင် သူတို့ကိုယ်သူတို့ အလွန်ကျေနပ်အားရနေကြသည်။ သူတို့သည် သူတို့စိတ်နှလုံးများ၏အတွင်းနက်နက်နေရာများတွင် သူတို့ကိုယ်သူတို့ အလွန်ကျေနပ်အားရနေကြပြီး၊ “ဘုရားသခင်သည် ကျွန်ုပ်ကို မထားခဲ့သေးပေ။ မယုံကြည်သူကဲ့သို့ ဘုရားသခင်ကို ကျွန်ုပ် စစ်မှန်စွာ မယုံကြည်ခဲ့ဟု ကျွန်ုပ် ထင်လေ့ရှိသော်လည်း ယခုတွင်မူ ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးပေးနေဆဲဖြစ်ပြီး ကျွန်ုပ်ကို မထားရစ်ခဲ့သေးကြောင်းကို ကျွန်ုပ် မြင်ရပေပြီ။ ဆိုလိုသည်မှာ ကောင်းချီးများနှင့် လှပသောခရီးဆုံးပန်းတိုင်တို့ကို ရဖို့ ကျွန်ုပ်၏မျှော်လင့်ချက်နှင့် အခွင့်အရေးများသည် ပို၍ပို၍ကြီးထွားများပြားလာနေပေပြီ။ ဘုရားသခင်အပေါ် ယုံကြည်ဖို့ ကျွန်ုပ်၏ဆုံးဖြတ်ချက်သည် မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ခဲ့ပုံပေါ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ရွေးချယ်ခဲ့ပြီ” ဟု တွေးကြလေသည်။ သူတို့တွင် ဤကဲ့သို့သော အတွေးများရှိသောအခါ အကြွေးတင်နေသကဲ့သို့ သူတို့ ခံစားကြရသလော။ သူတို့သည် သူတို့ကိုယ်သူတို့ နားလည်ကြသလော။ သူတို့၏ စာတန်ဆန်သော သဘာဝများနှင့် မာနထောင်လွှားသော စိတ်သဘောထားများကို သူတို့ အမှန်တကယ် မုန်းတီးကြသလော။ (မမုန်းတီးကြပါ။) သူတို့အပေါ် ဘုရားသခင် ပြုပြီးသည့် အမှုအတွက် အမှန်တကယ် ကျေးဇူးတင်ခြင်းကို သူတို့ ခံစားရသလော။ (သူတို့ မခံစားရပါ။) အကယ်၍ သူတို့က အပေါ်ယံ ကျေးဇူးတင်ရှိမှုတစ်ခုခုကို ဖော်ပြလျှင်ပင်၊ “ဘုရားက ကျွန်ုပ်ကို ရွေးချယ်သည်မှာ သေချာပေါက် မှန်ကန်သည်။ သူကျွန်ုပ်ကို မရွေးချယ်ခဲ့လျှင် သူ့ကို ကျွန်ုပ် မည်သို့ယုံကြည်နိုင်မည်နည်း” ဟု သူတို့စိတ်နှလုံးများအတွင်းထဲတွင် တွေးကြသည်။ အဆုံးတွင် သူတို့ကြံ့ကြံ့ခံခဲ့သည့်ဆင်းရဲဒုက္ခနှင့် သူတို့ပေးဆပ်ခဲ့သည့် အဖိုးအခများအားလုံးအတွက် ပြန်လည်ပေးဆပ်ခံရသည့်အကြောင်းတရားအဖြစ် အားလုံးကို ယူဆကြပြီး ကောင်းချီးများရဖို့ သေချာသလောက်ဖြစ်သည်ဟု ထင်ကြသည်။ ဘုရားသခင်အပေါ် အကြွေးတင်နေသကဲ့သို့ သူတို့ မခံစားရချေ။ သူတို့တွင် ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်းမရှိသည့်အပြင် ကောင်းချီးများရလိုသော သူတို့၏လိုအင်ဆန္ဒများ ပို၍ပင် ပြင်းထန်လာနေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်အပေါ် စစ်မှန်သောကျေးဇူးတင်ခြင်း ပို၍ပင် နည်းပါးလာသည်။ ကောင်းချီးများရချင်သော လိုအင်ဆန္ဒ ပို၍ပြင်းထန်လာသည့်လူများနှင့် ကောင်းချီးများရဖို့ မထိုက်တန်၊ ဘုရားသခင်၏ကတိတော်ကိုရဖို့ မထိုက်တန်သကဲ့သို့ ဘုရားသခင်၏ လမ်းညွှန်ခြင်းနှင့် ဦးဆောင်လမ်းပြခြင်းတို့ကို ခံရဖို့ မထိုက်တန်ဟု ခံစားရသောလူများအကြားတွင် ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ အခြားလူက အမြဲ တိုက်ခိုက်လိုပြီး အမြဲ ကျိတ်ကြံစည်နေကာ၊ “ကျွန်ုပ်သည် ယုံကြည်သူဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ဤရွေ့ဤမျှ ဒုက္ခခံခဲ့ရပြီးပြီ၊ သို့ဖြစ်၍ ကောင်းချီးများရဖို့ ကျွန်ုပ်၏အလားအလာ မည်မျှကောင်းသနည်း။ နောင်တွင် ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးများ ပေးလိမ့်မည်လော” ဟု တွေးရင်း ဘုရားသခင်နှင့် စာရင်းရှင်းဖို့နည်းကို အပိုင်ကြံနေစဉ်၊ ပထမလူသည် တိုက်ခိုက်ဖို့ဆန္ဒမရှိဘဲ ကောင်းချီးများရဖို့ မထိုက်တန်ဟု ခံစားရလျက် နောက်သို့ဆုတ်နေသည်။ ခြားနားချက်မှာ သိသာလှသည်။ အခြားလူက မထိုက်တန်ဟု ခံစားနေရစဉ်တွင် တစ်ဦးက ကြိုးပမ်းနေသည်။ ဤလူစားနှစ်မျိုးအနက်မှ မည်သည့်လူစားမျိုးတွင် အသိတရားနှင့် ဆင်ခြင်တုံတရားတို့ရှိသနည်း။ (ကောင်းချီးများရဖို့ မထိုက်တန်ဟု ခံစားရသောသူ ဖြစ်သည်။) ကောင်းချီးများရဖို့ မထိုက်တန်ဟု ခံစားရသောသူသည် တကယ့်အခြေအနေမှန်ကို နားလည်သည်။ သူတို့သည် ဖန်ဆင်းရှင်၏ရှေ့တွင် အရေးမပါသည့်ဖန်ဆင်းခံသတ္တဝါသည် ကောင်းချီးများနှင့် မထိုက်တန်ဟု ခံစားရသည်။ စစ်မှန်သော သိနားလည်ခြင်းလည်း ရှိပြီး သူတို့စိတ်နှလုံးများ၏အတွင်းနက်နက်နေရာတွင် ဘုရားသခင်အပေါ် စစ်မှန်သောကျေးဇူးတင်ခြင်းပို၍ ပင်ရှိနေစဉ်မှာပင် သူတို့သည် အကြွေးတင်သကဲ့သို့ ခံစားကြရပြီး နောင်တရကြသည်။ သူတို့၏စစ်မှန်သောနေရာကို သူတို့ တွေ့ရှိကြပြီး ဖြစ်သည်။ အခြားလူစားမျိုးက ကြိုးပမ်းနေသည်၊ ခရီးပန်းတိုင်အတွက်၊ အဆင့်အတန်းအတွက်နှင့် ကောင်းချီးများအတွက် ကြိုးပမ်းနေသည်။ ဤဆင်းရဲဒုက္ခအားလုံးကို ကြံ့ကြံ့ခံပြီး၊ ဤအဖိုးအခများအားလုံးကို ပေးဆပ်ရာတွင် သူတို့၏ရည်မှန်းချက်ပန်းတိုင်က အဘယ်နည်း။ သူတို့သည် ကောင်းချီးများနှင့် ခရီးပန်းတိုင်တို့အတွက် ထိုအရာများကို အလဲအလှယ်လုပ်ရန် ဤအရာများကို လုပ်ဆောင်ကြခြင်း ဖြစ်သည်။ သူတို့သည် ဘုရားသခင်ထံမှ ဆုလာဘ်ကို ရဖို့အလို့ငှာ သူတို့၏ကိုယ်ပိုင်လုပ်အားကို ရောင်းစားဖို့ မျှော်လင့်သည်။ ထိုကဲ့သို့သောလူသည် ဘုရားသခင်၏အမြင်တွင် စစ်မှန်သောဖန်ဆင်းခံသတ္တဝါဖြစ်သလော။ ဤသည်မှာ ဘုရားသခင်က အလိုရှိသည့် ဖန်ဆင်းခံသတ္တဝါဖြစ်သလော။ (မဟုတ်ပါ။) ကောင်းချီးများ သို့မဟုတ် ဆုလာဘ်များ ရဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ထိုအရာများအတွက် ကြိုးပမ်းရန်ဖြစ်သည်ဟု ဘုရားသခင်က တစ်ကြိမ်တစ်ခါမျှ ပြောခဲ့ဖူးပါသလော။ (မပြောခဲ့ဖူးပါ။) သို့ဆိုလျှင် ဘုရားသခင်သည် လူများထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ (ဖန်ဆင်းခံသတ္တဝါ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ကျွန်ုပ်တို့ ကောင်းစွာပြုမူရန်ဖြစ်သည်။) (ကျွန်ုပ်တို့သည် ရိုးသားသောလူများဖြစ်လာကြဖို့ ဖြစ်သည်။) ထိုအရာများမှာ ခိုင်လုံသော တောင်းဆိုချက်အချို့ဖြစ်ကြသည်၊ အခြားမည်သည့်အရာများရှိသေးသနည်း။ (ကျွန်ုပ်တို့၏ လုပ်ရပ်များတွင် ဘုရားသခင်၏နှုတ်ကပတ်တော် နှင့် တောင်းဆိုချက်များကို လိုက်လျှောက်ရန် ဖြစ်သည်။) (ကျွန်ုပ်တို့သိသမျှ သမ္မာတရားများကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ဖို့ဖြစ်သည်။) ဤသည်တို့မှာ ရည်ရွယ်ချက်မဟုတ်ပါ။ သင်တို့သည် ကိစ္စရပ်၏အခရာကို မေ့နေသည်။ လူများအပေါ်ဘုရားသခင် တောင်းဆိုသည့်အရာကို သင်တို့ မသိသေးပေ။ သူ၏ သတ်မှတ်ချက်များမှာ အမှန်တွင် အလွန်ရိုးရှင်းပါသည်။ သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး သူ့ကို ကျိုးနွံနာခံလော့။ ယင်းတို့သည် သတ်မှတ်ချက်များဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းဆိုသည်မှာ လူများအတွက် သူ၏သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်ခြင်းအား ဆိုလိုသည်။ သင်တို့ ယခုတင် ပြောခဲ့ပြီးသည့် သတ်မှတ်ချက်များအပြင် အမှန်တွင် နောက်ထပ်များစွာရှိပါသေးသည်။ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းဟူသည်ကရော အဘယ်သို့နည်း။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အမြဲ နားမလည်သော်လည်း သူ့ကို ကျိုးနွံနာခံနိုင်သလော။ ဤအရာက ဖန်ဆင်းရှင်အပေါ်ထားသည့် ဖန်ဆင်းခံသတ္တဝါ၏သဘောထားကို ထည့်သွင်းစဉ်းစားသည်။ ရံဖန်ရံခါတွင် သူက သင့်ကို အမိန့်ပေးရုံပေးလိုက်သကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက် သင်သည် နားမလည်ဖြစ်နိုင်သည်။ သင်သည် ထိုနှုတ်ကပတ်တော်ကို နားထောင်နေသလော။ သင်သည် ထိုအရာ မှန်သလော၊ မှားသလောဟူသည်ကို သို့မဟုတ် ထိုအရာ၏နောက်ကွယ်က အကြောင်းရင်းကို မမေးဘဲ နားထောင်ရမည်။ ဘုရားသခင် သင့်ကို ပြောသမျှ သို့မဟုတ် သူပြောပြသမျှ၊ သို့မဟုတ် သင့်ကို သူလုပ်ဖို့ အမိန့်ပေးသမျှကို သင်နားထောင်ရမည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းဖြစ်သည်။ သင်သည် ကျိုးနွံနာခံမှုကို စွမ်းဆောင်ရရှိသည့်အခါမှသာ ဘုရားသခင်၏အမြင်တွင် ဖန်ဆင်းခံသတ္တဝါဖြစ်လေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်း။ ဤသည်တို့သည် လူများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်ကြသည်။ ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်းတည်းဟူသော အခြားစကားရပ်တစ်ခုလည်း ရှိသေးသည်။ ဤ “လိုက်လျှောက်ခြင်း” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း၊ သူ့နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် သူ၏လမ်းခရီးကို လိုက်လျှောက်သည့်လူဖြစ်ခြင်းတို့ကို ဆိုလိုသည်။ သူ၏လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ သူ၏နှုတ်ကပတ်တော်ဖြစ်သည်။ အမှန်တွင် “ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်း” နှင့် “ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်း” နှစ်ခုလုံးသည် ဆိုလိုရင်းအတူတူပင်ဖြစ်ကာ၊ ဤသည်မှာ ဘုရားသခင်လိုချင်သည့် လူစားမျိုးဖြစ်သည်။ ဘုရားသခင်က လူတို့အား၊ “ငါ၏နှုတ်ကပတ်တော်ကို သင်နားထောင်ဖို့ မလိုအပ်ပါ။ ကောင်းချီးများကိုသာ သင် လိုက်စားနိုင်သည်။ သင်သည် ကောင်းချီးပေးခြင်းခံရနိုင်သည်ကို ဘယ်တော့မှ မမေ့နှင့်။ ဤရည်မှန်းချက်အတွက် သင်သည် အရာရာကို စွန့်သင့်သည်၊ ဆင်းရဲဒုက္ခများကို ပိုကြံ့ကြံ့ခံသင့်သည်၊ အဖိုးအခများကို ပိုပေးဆပ်သင့်သည့်အပြင် ပို၍အလုပ်များနေသင့်သည်” ဟူ၍ ဘုရားသခင်က လူများကို တစ်ကြိမ်တစ်ခါမျှပင် ပြောခဲ့ဖူးသလော။ ဘုရားသခင်တွင် ဤသတ်မှတ်ချက်များရှိသလော။ ယင်းတို့ကို သူ့နှုတ်ကပတ်တော်၏တစ်နေရာရာတွင် မြင်ရသလော။ (မမြင်ရပါ။) ထိုစကားများသည် သမ္မာတရားဖြစ်ကြသလော။ (မဟုတ်ကြပါ။) မယုံကြည်သူများအတွက် ဤစကားများကို သမ္မာတရားအဖြစ် မှတ်ယူခြင်းက ပုန်ကန်ခြင်းပင်မဟုတ်လော။ ဤစကားများကို သမ္မာတရားအဖြစ် သူတို့မှတ်ယူသောအခါတွင် မည်သို့ဖြစ်မည်နည်း။ ဤစကားများမှ သူတို့ အကျိုးကျေးဇူးရနိုင်သည်။ ယင်းတို့သည် သူတို့၏လိုက်စားခြင်းနှင့် သူတို့၏ရည်မှန်းချက် အတိအကျပင်ဖြစ်ကြသည်။ သူတို့သည် လူများအပေါ် ဘုရားသခင်တောင်းဆိုထားသောအရာကို သူတို့စိတ်နှလုံးများထဲတွင် မှတ်သားကြသလော။ သူတို့သည် ဤသတ်မှတ်ချက်များကို လိုက်နာနိုင်ကြသလော သို့မဟုတ် ပြီးမြောက်အောင်လုပ်နိုင်ကြသလော။ (သူတို့မလုပ်နိုင်ကြပါ။) အဘယ်ကြောင့် သူတို့မလုပ်နိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်းဖြစ်သည့် ဤသတ်မှတ်ချက်တို့ကို သူတို့ ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ထိုအရာက သူတို့အနေဖြင့် ကောင်းချီးပေးခံရချင်သည့် သူတို့၏လိုအင်ဆန္ဒ၊ ပြီးလျှင်ကောင်းချီးများနှင့် ဆုလာဘ်များကို လိုက်စားဖို့ သူတို့တွင်အခွင့်အရေးရှိသည်ဟူသည့် စိတ်ကူးအကြံအစည်တို့ကို စွန့်လွှတ်ဖို့ လိုအပ်သည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ကောင်းချီးများနှင့် ဆုလာဘ်များသည် သူတို့၏ အသက်သွေးကြောဖြစ်ကြသောကြောင့် ယင်းတို့ကို စွန့်လွှတ်ဖို့ သူတို့ သဘောတူလိမ့်မည်လော။ (သဘောတူလိမ့်မည် မဟုတ်ပါ။) ဤအရာများသည် သူတို့၏ တကယ့် အသက်ဖြစ်သောကြောင့် ယင်းတို့ကို သူတို့စွန့်လွှတ်လိုက်ပါက သူတို့၏စိတ်ဝိညာဉ်များကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး သူတို့၏အသက်တာများသည် မည်သည့်အဓိပ္ပာယ်မျှ ရှိတော့မည်မဟုတ်ချေ။ သူတို့သည် ကောင်းချီးများအတွက် အသက်ရှင်ကြသောကြောင့် သင်က သူတို့ကို ကောင်းချီးများရရေးနှင့်ပတ်သက်၍ စွန့်လွှတ်ဖို့ ပြောပါက သင်သည် ၎င်းတို့အပြုအမူ၏ စည်းမျဉ်းများနှင့် သဘောထားတို့ကို ဆန့်ကျင်ဖို့နှင့် သူတို့ကိုယ်သူတို့ ဆန့်ကျင်တွန်းလှန်ရန် သင် စေခိုင်းနေခြင်း ဖြစ်သောကြောင့် ဤအရာကို သူတို့ လက်မခံနိုင်ကြပေ။ ဤအရာက သူတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ဖို့နှင့် သူ့ကို ကျိုးနွံနာခံဖို့ တောင်းဆိုခြင်းသည် သူတို့အတွက် တကယ်ကို ခက်ခဲလွန်းသည်ဟု ဆိုလိုသည်။ နွားအိုတစ်ကောင်ကို သစ်ပင်တက်ခိုင်းခြင်းထက် ခက်ခဲပင်ပန်းလေသည်။ ဤအရာများကို သူတို့ မလုပ်နိုင်ကြောင်း သူတို့၏သဘာဝဗီဇစင်စစ်က ဆုံးဖြတ်ပေးသည်။
သင်တို့သည် ကောင်းချီးများရလိုသော လိုအင်ဆန္ဒနှင့် ရည်ရွယ်ချက်တို့ဖြင့် အသက်ရှင်လိုသလော၊ သို့မဟုတ် သင်၏တာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားဖြင့် ကောင်းမွန်စွာ ထမ်းဆောင်လိုသလော၊ ပြည့်စုံလုံလောက်သော ဖန်ဆင်းခံသတ္တဝါနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ပြီး သူ့ကို ကျိုးနွံနာခံသောလူတစ်ဦး ဖြစ်လိုသလော။ သင်တို့သည် မည်သည့်လူစားမျိုးဖြစ်လိုကြသနည်း။ (ကျွန်ုပ်သည် အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားရှိသော ဖန်ဆင်းခံသတ္တဝါဖြစ်လိုပါသည်။) လူအချို့သည် ဤသည်ကို လုပ်ဖို့ ဆန္ဒမရှိကြပေ။ သူတို့က၊ “ထိုကဲ့သို့ရှင်သန်နေထိုင်ခြင်းသည် ဖိနှိပ်ချုပ်ချယ်ရာကျလွန်းသည်။ ကျွန်ုပ်ကတော့ သေဖို့ကိုသာ ပိုလိုလားသည်၊ သို့မဟုတ် ယုံကြည်ခြင်းကို ရပ်လိုက်ဖို့ကိုသာ ပိုလိုလားသည်။ ကောင်းချီးများအတွက် လိုအင်ဆန္ဒအနည်းငယ်မရှိဘဲ၊ ရည်မှန်းချက်အနည်းငယ်မရှိဘဲနှင့် လူများတွင် တွန်းအားပေးသည့်အရင်းခံအကြောင်းရင်း ကင်းမဲ့သည်။ ကျွန်ုပ်သည် ထိုသို့အသက်ရှင်နိုင်ဖို့ မဖြစ်နိုင်ပါ၊ ယင်းသည် ဖိနှိပ်ချုပ်ချယ်ရာကျလွန်းသည်” ဟု ပြောဆိုကြသည်။ သင်တို့အထဲမှ လူတစ်ဦးတစ်ယောက်သည် ဤကဲ့သို့ဖြစ်သလော။ (ဘုရားသခင်၊ ကျွန်ုပ်သည် ရံဖန်ရံခါတွင် ဤကဲ့သို့ဖြစ်သည်။ ကျွန်ုပ်သည် မကြာခဏဆိုသလို ထိုကဲ့သို့သောအခြေအနေတွင်ရှိနေတတ်သည်။) အခြေအနေများသည် ဖြစ်လေ့ဖြစ်ထရှိသလော။ သင့်တွင် ထိုအခြေအနေများ မကြာခဏဖြစ်သလော၊ သို့မဟုတ် ဖြစ်ခေါင့်ဖြစ်ခဲဖြစ်သလော။ ကောင်းချီးများအတွက် သင်တို့၏လိုအင်ဆန္ဒ၊ သို့မဟုတ် ဖန်ဆင်းခံသတ္တဝါဖြစ်ဖို့ သင်၏ဆန္ဒတို့အနက် မည်သည့်အရာက ပို၍အားကောင်းသနည်း။ ကောင်းချီးများအတွက် လိုအင်ဆန္ဒကို စွန့်လွှတ်ဖို့ စိတ်ကူးအကြံအစည်နှင့် သင်၏တာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျသော သဘောထားဖြင့် ထမ်းဆောင်ခြင်းတို့သည် သင်တို့အထဲက တစ်ဦးတလေကို သင်၏အသက်တာက အဓိပ္ပါယ်မရှိသည့်အလား၊ သင်သည် မည်သည့်အရာကိုမျှ စိတ်ပါဝင်စားခြင်းမရှိသကဲ့သို့၊ သင်၏အားအင်ကို မနှိုးဆွနိုင်သကဲ့သို့ဖြစ်ကာ လေလျှော့ခံထားရသည့်ပူဖောင်းပမာ ခံစားရစေသလော။ (ယင်းက ကျွန်ုပ်အကြောင်းကို ကွက်တိ သရုပ်ဖော်ပြသည်။) ထိုအခါတွင် ဤအခြေအနေသည် ပြင်းထန်သလော။ ကောင်းချီးများရဖို့ အခါအားလျော်စွာ သေးငယ်သည့် ပြင်းပြသောဆန္ဒကို သင်ခံစားရသလော၊ သို့မဟုတ် ဤသည်မှာ သင့်အတွက် စံသတ်မှတ်ချက်ပင်ဖြစ်သလော။ မည်သည့်အရာဖြစ်သနည်း။ သင်သည် စစ်မှန်သောယုံကြည်သူဖြစ်သလော သို့မဟုတ် မယုံကြည်သူဖြစ်သလောဆိုသည်ကို သင်တို့ ယခု သိကြပြီလော။ သင်၏အခြေအနေများနှင့် အပြုအမူများအားလုံးသည် မယုံကြည်သူကဲ့သို့မဟုတ်ဘဲ စစ်မှန်သောယုံကြည်သူကဲ့သို့ဖြစ်ပြီး၊ ဘုရားသခင်၏တည်ရှိမှုအပေါ် သင်စစ်မှန်စွာယုံကြည်ကာ သူ၏နှုတ်ကပတ်တော်ကို လက်ခံဖို့ဆန္ဒရှိသည်ဟု ခံစားရသော်လည်း၊ သင့်တွင် ရည်မှန်းချက်အနည်းငယ်နှင့် ဝင့်ဝါခြင်းအချို့သာရှိကာ ကောင်းချီးများရဖို့ မျှော်လင့်နေပါက ဤသည်မှာ ပြဿနာမဟုတ်ပေ။ သင်သည် ကယ်တင်ခြင်းခံရနိုင်သေးပြီး ပြောင်းလဲနိုင်သေးသည်။ အကယ်၍ သင်သည် အထူးသဖြင့် ကောင်းချီးများအတွက် ပြင်းပြသည့်လိုအင်ဆန္ဒရှိသော မယုံကြည်သူဖြစ်ပါက သင်သည် ဒုက္ခရောက်ပေပြီ။ ဤကဲ့သို့သောလူများသည် မည်သည့်လမ်းကြောင်းသို့ ဦးတည်၍သွားနေသနည်း။ (အန္တိခရစ်လမ်းကြောင်း ဖြစ်ပါသည်။) အကယ်၍ သူတို့သည် အန္တိခရစ်လမ်းကြောင်းသို့ ဦးတည်သွားနိုင်ပါက ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးသည် နောက်ဆုံးတွင် မည်သည့်အခြေအနေသို့ ဆိုက်ရောက်သွားမည်နည်း။ (ဘုရားသခင်ကို ဆန့်ကျင်သည့်အခြေအနေ ဖြစ်သည်။) ဘုရားသခင်နှင့် ဆန့်ကျင်ဘက်တွင်ရှိသည်အထိ သင်တို့ လုပ်ဆောင်နိုင်မည်လော။ (ကျွန်ုပ်သည် သူ့ကို မဆန့်ကျင်လိုပါ။) မလုပ်လိုခြင်းသည် သင်၏ဆန္ဒသက်သက်သာဖြစ်သည်။ ဤအရာများသည် သင့်သဘာဝအနှစ်သာရနှင့် သက်ဆိုင်သလော။ ထိုလမ်းကြောင်းကို သွားဖို့ သင့်အတွက် ဖြစ်နိုင်မည်လော။ (အကယ်၍ ကျွန်ုပ်သည် သမ္မာတရားနှင့်စပ်လျဉ်း၍ အားမစိုက်ထုတ်ပါက မိမိကိုယ်ကို ထိုလမ်းကြောင်းပေါ် လျှောက်နေသည်ကို အလွယ်တကူ တွေ့မြင်နိုင်သော်လည်း အကယ်၍ ကျွန်ုပ်သည် ဤအကြောင်းကို သတိပြုမိပြီး ပြောင်းလဲလိုပါက၊ ကျွန်ုပ်၏လမ်းကြောင်းကို ပြောင်းပြန်လှန်လိုပါပြီး၊ ဤလမ်းကြောင်းကို မလျှောက်လိုပါက ကျွန်ုပ် အနည်းငယ် ပို၍ကောင်းစွာလုပ်နိုင်ပါသည်။) ဤအကြောင်းကို သတိပြုမိခြင်းက သင့်စိတ်နှလုံးထဲတွင် အသိအချို့ရှိနေသေးကြောင်း၊ သင့်တွင် ပြင်းပြသောဆန္ဒရှိနေသေးကြောင်းနှင့် သမ္မာတရားအတွက် အားထုတ်ကြိုးပမ်းဖို့ ဆန္ဒရှိနေသေးကြောင်းတို့ကို ဖော်ပြနေသော်လည်း၊ သင့်စိတ်နှလုံးထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက နက်ရှိုင်းစွာအမြစ်တွယ်နေသောကြောင့် ထိုနေရာတွင် အမြဲ ပဋိပက္ခဖြစ်နေသည်။ သမ္မာတရားအတွက် သင်တို့လှမ်းသည့်ခြေလှမ်းတိုင်းနှင့် သမ္မာတရားကို သင်တို့လက်ခံသည့်အချိန်တိုင်းတွင် သင်တို့စိတ်နှလုံးထဲတွင် ပဋိပက္ခဖြစ်နေပြီး သင်တို့သည် ရုန်းကန်လှုပ်ရှားနေရသည့် အချိန်ကာလအပိုင်းအခြားတွင် စဉ်ဆက်မပြတ် အသက်ရှင်နေသည်။ ဤသည်မှာ ယုံကြည်သူအသစ်များ ဖြစ်တတ်သည့်ပုံဖြစ်သည်။ ပဋိပက္ခဖြစ်သည်မှာ ပုံမှန်သာဖြစ်ပြီး သမ္မာတရားလိုက်စားလိုသောသူများအတွက် ရှောင်လွှဲ၍မရချေ။ ဤပဋိပက္ခသည် သူတို့သမ္မာတရားရသောအခါ၊ စာတန်ကို အနိုင်ယူပြီးသောအခါ၊ သူတို့၏စာတန်ဆန်သော စိတ်သဘောထားများ၊ ဒဿနများနှင့် ဆင်ခြင်တွေးခေါ်မှုတို့ ပျက်စီးသွားသောအခါနှင့် သမ္မာတရားက သူတို့၏စိတ်နှလုံးများကို လွှမ်းမိုးအောင်နိုင်သွားပြီး ဦးဆောင်သွားသောအခါတို့တွင် အဆုံးသတ်သွားသည်။ သမ္မာတရားမလိုက်စားသောသူများ၊ သူတို့၏စာတန်ဆန်သော စိတ်သဘောထားများအတိုင်း ရှင်သန်နေထိုင်သောသူများသည် သူတို့၏စိတ်နှလုံးများထဲတွင် အားလုံး အဆင်ပြေသည်၊ ထိုနေရာတွင် ပဋိပက္ခ လုံးဝမရှိဟူ၍ ခံစားရသည်။ သူတို့သည် ထုံထိုင်းပြီး ဉာဏ်နုံအကြသည်။ သူတို့သည် လူသေများထဲမှ တစ်ဦးဖြစ်သည်။ သမ္မာတရားကို လက်မခံသောသူများအားလုံးသည် သေဆုံးကြသည်။ လူ့စိတ်နှလုံးထဲတွင် ပဋိပက္ခဖြစ်ခြင်း၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။ ဥပမာအနေဖြင့် သင်တို့အတွေးများ၏ထက်ဝက်သည် အပျက်သဘောဆောင်ပြီး ကျန်ထက်ဝက်က အပြုသဘောဆောင်ပါက ပဋိပက္ခပြီးဆုံးသွားပြီးနောက်တွင် သမ္မာတရားလိုက်စားခြင်းလမ်းကြောင်းပေါ်သို့ စတင်ရန် ရွေးချယ်ဖို့အခွင့်အရေးကို ထိုအပြုသဘောဆောင်သည့်အတွေးများက သင့်အား ပေးလိမ့်မည်။ ဆိုလိုသည်မှာ သင့်တွင် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်မှာ ငါးဆယ်ရာခိုင်နှုန်း ဖြစ်လိမ့်မည်။ အပျက်သဘောဆောင်သော အတွေးများက ပဋိပက္ခအတွင်းတွင် သင့်ကို သင်၏ဇာတိပကတိဆိုင်ရာ အတွေးများနှင့် စိတ်ကူးအကြံအစည်များနောက်သို့၊ သို့မဟုတ် သင့်ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အရင်းခံအကြောင်းများနှင့် ထင်မြင်ချက်များနောက်သို့ လိုက်ကောင်းလိုက်စေနိုင်သည်။ ဤအရာက သင့်ကို အန္တိခရစ်လမ်းကြောင်းပေါ်သို့ ရောက်သွားစေနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းကြောင်းပေါ်သို့ သင့်ကို ဦးတည်သွားစေနိုင်သည်။ သို့ရာတွင် သမ္မာတရားအပေါ် သင်၏ချစ်ခြင်းသည် ကြီးမားပြီး သင်သည် သမ္မာတရားကို လက်ခံနိုင်ကာ စာတန်ကို ဆန့်ကျင်ပုန်ကန်နိုင်ပါက ကယ်တင်ခြင်းခံရဖို့ သင်၏အခွင့်အရေးများသည်လည်း အလွန်ကောင်း၏။ ဤအရာကို သမ္မာတရားအား သင်လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်နှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ သင်ကိုယ်တိုင် သန့်စင်စေဖို့ ထိုသမ္မာတရားကို အသုံးပြုခြင်းရှိမရှိဆိုသည်တို့ဖြင့်ဆုံးဖြတ်သည်။ ဤသည်မှာ သင့်အပေါ် လုံးလုံးလျားလျား မူတည်သည်၊ အခြားမည်သူကမျှ သင့်ကို မကူညီနိုင်ပေ။ ဤသည်မှာ သင်နှင့် သက်ဆိုင်သောကိစ္စဖြစ်သည်။ သမ္မာတရားကို သင်ချစ်မချစ်ဆိုသည်မှာ သင်နှင့် သက်ဆိုင်သောကိစ္စဖြစ်ပြီး သင့်စိတ်နှလုံး၏အနက်ရှိုင်းဆုံးနေရာတွင် ပဋိပက္ခဖြစ်သောအခါ သင်သည် သမ္မာတရားကို ရွေးချယ်လိမ့်မည်လော သို့မဟုတ် အဆုံးတွင် သင်၏တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးလိမ့်မည်လောဆိုသည်ကို ဆုံးဖြတ်ဖို့ မည်သူကမျှ သင့်ကို မကူညီနိုင်ပေ။ ဤသည်မှာ သင်၏ကိုယ်ပိုင်အတွင်းစိတ်အရေးကိစ္စဖြစ်သည်။ အခြားလူများက မိတ်သဟာယပြုခြင်းနှင့် အကြံပေးခြင်းတို့မှတစ်ဆင့်သာ သင့်ကို လမ်းညွှန်ပေးနိုင်သည်။ သို့သော်လည်း နောက်ဆုံးတွင် သင်ရွေးချယ်လိုက်သည့်လမ်းကြောင်းသည် အခြားမည်သူမျှနှင့်ဆိုင်သော ကိစ္စမဟုတ်ဘဲ၊ သင်နှင့် ဆိုင်သော ကိစ္စသာ ဖြစ်သည်။ ဤသည်ကို လူတိုင်း နားလည်သင့်ပေသည်။
ဩဂုတ်လ ၂၂ ရက်၊ ၂၀၁၉
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။