ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည် (အပိုင်း တစ်)
“ဘုရားနှုတ်ကပတ်တော်များကို လိုက်လျှောက်ပါက သင် လမ်းမပျောက်နိုင်ပေ” ဟူသည့် ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ဦးစွာ နားထောင်ကြမည်။
၁ သင်တို့သည် အမှီအခိုကင်းကင်းဖြင့် စားသောက်နိုင်ပြီး၊ ဘုရားသခင်၏ မျက်မှောက်တော်အလင်းထဲ၌ အမြဲရှင်သန်ဖို့နှင့် သင်၏ အသက်တာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မသွေဖည်ဖို့ကို ဘုရားသခင် မျှော်လင့်သည်။ သို့မှသာလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်ဝနိုင်မည်။ သင့်စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင် ရှေ့ဆက်ဖို့ ဧကန်မုချ လမ်းပြပေလိမ့်မည်။ သင့်စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင် ရှေ့ဆက်ဖို့ ဧကန်မုချ လမ်းပြပေလိမ့်မည်။ ဤအတိုင်းအတာအထိ ဘုရားသခင်ကို စစ်မှန်စွာ တိုးဝင်ချဉ်းကပ်ပြီး ဘုရားသခင်နှင့် အမြဲမပြတ် မိတ်သဟာယပြုပါက သင်လုပ်သမျှမှာ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် နားမလည်ခြင်းတို့ကို ခံစားရစ်စေခြင်းတို့ဖြင့် အဆုံးသတ်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ဧကန်မုချ နေနိုင်စွမ်းရှိမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အမြဲတမ်း ပြုမူဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။
၂ သင်ကြုံတွေ့ရသည့် လူတိုင်း၊ ဖြစ်ရပ်တိုင်းနှင့် အမှုအရာတိုင်းတို့တွင် သင်လုပ်သမျှ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်ပြီး သူ၏နှုတ်ကပတ်တော်ကို လိုက်လျှောက်ရန် သင့်ကို လမ်းပြလျက် သင့်ထံသို့ အချိန်မရွေး ပေါ်လာလိမ့်မည်။ သင်၏ လုပ်ရပ်တစ်ခုချင်းစီတွင် ဘုရားနှုတ်ကပတ်တော်များသည် သင့်ကို ရှေ့လျှောက် ဦးဆောင်လိမ့်မည် သင်သည် မည်သည့်အခါမျှ လမ်းလွဲမည်မဟုတ်ပေ၊ ထို့ပြင် သင်သည် ပို၍ပင် များပြားပြီး ပို၍ သစ်လွင်သော ဉာဏ်အလင်းပေးခြင်းများဖြင့် အလင်းသစ်ထဲ၌ အသက်ရှင် နေထိုင်နိုင်လိမ့်မည်။ လုပ်ဆောင်ဖို့အရာအား စဉ်းစားချင့်ချိန်ရန် လူသား၏ အယူအဆများကို သင်အသုံးပြု၍မရပေ။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုကို သင် နာခံသင့်သည်၊ ရှင်းလင်းသည့် နှလုံးသား ရှိသင့်သည်၊ ဘုရားသခင်၏ရှေ့မှောက်တွင် ဆိတ်ငြိမ်သင့်သည်၊ ပြီးလျှင် ဆင်ခြင်တွေးတောခြင်းကို ပို၍ပြုသင့်သည်။ သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် အလျင်မလိုလေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊
၃ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။
—ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း
သင်သည် “ဘုရားသခင်၏ နှုတ်ကပတ်တော်များနောက် လိုက်ပါက၊ သင် လမ်းမပျောက်နိုင်ပေ” ဟူသည့် ဓမ္မတေးသီချင်းကို ယခုတင်ဖွင့်ပြီးဖြစ်သည်။ ဤဓမ္မတေးသီချင်းကို နားထောင်ပြီးနောက်တွင် သိနားလည်မှု တစ်ခုခု သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများ သင်တို့ ရရှိခဲ့သလော။ မည်သည့် စကားများမှ ဉာဏ်ကွန့်မြူးမှုနှင့် အလင်း သင် ရရှိခဲ့သနည်း။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များနောက် လိုက်ပါက၊ သင် လမ်းမပျောက်နိုင်ပေ” ဟူသည့် ဤစကားများ မှန်ကန်သလော။ သမ္မာတရား ဖြစ်သလော။ (သမ္မာတရားဖြစ်ပါသည်။) ဤဓမ္မတေးသီချင်းမှ မည်သည့် စာကြောင်းသည် တကယ့်ဘဝတွင် သင်၏ အတွေ့အကြုံအတွက် အထူးသဖြင့် အထောက်အကူဖြစ်သည်ဟု သင် တွေ့ရှိရပါသနည်း။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။” ဟူသည့် စာကြောင်းမှ စတင်ဖတ်ရှုလော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။”) ဤထုတ်နုတ်ချက်မှ မည်သည့် စာကြောင်းများသည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးသနည်း။ ယင်းတို့ထဲမှ မည်သည့်အရာသည် တကယ့်ဘဝထဲက အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် လူတို့ကို ဘုရားသခင် သိရှိစေသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ဖြစ်သနည်း။ ယင်းတို့ကို သင် ရှာတွေ့နိုင်သလော။ လူတို့ ဖတ်သည့် သတင်းစာများ၊ မဂ္ဂဇင်းများနှင့် အမျိုးမျိုးသော စာအုပ်များအားလုံးသည် မှတ်သားထိုက်သည်ဟု ယူဆရသည့် အစိတ်အပိုင်းများ ရှိကြ၏။ ဤသည်တို့မှာ မည်သည့် အစိတ်အပိုင်းများ ဖြစ်သနည်း။ လူတို့ ဂရုစိုက်သည့် အစိတ်အပိုင်းများ၊ အရေးအကြီးဆုံးဖြစ်သည်ဟု လူတို့ တွေးထင်သည့် အစိတ်အပိုင်းများနှင့် လူတို့က မိမိတို့၏ နေ့စဉ် ဘဝများတွင် သိရှိရန်လိုအပ်သည့် အရေးကြီးသော သတင်းအချက်အလက်များကို ပေးသည့် အစိတ်အပိုင်းများ ဖြစ်သည်။ သို့ဆိုလျှင် ဤဘုရားနှုတ်ကပတ်တော် စာပိုဒ်၏ မည်သည့် အစိတ်အပိုင်းများသည် မှတ်သားထိုက်ပါသနည်း။ မည်သည့် အစိတ်အပိုင်းများက လူတို့အတွက် ဘုရားသခင် ရှိထားသည့် တောင်းဆိုချက်များကို စီစဉ်တင်ပြပါသနည်း။ မည်သည့်အရာက လူတို့၏ နေ့စဉ်ဘဝများတွင် အခြေအနေများ ၎င်းတို့ ကြုံရသည့်အခါ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာရန် လူတို့အတွက် ဘုရားသခင် ပြဋ္ဌာန်းသည့် စည်းမျဉ်းများ ပါရှိပါသနည်း။ ဤသည်တို့မှာ မည်သည့်အရာများဖြစ်သည်ကို သင် သိမြင်နိုင်ပါသလော။ (ကောင်းစွာ မသိမြင်ပါ။) ထိုအရာကို ထပ်မံ ဖတ်ရှုလော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။”) ဤစာပိုဒ်ထဲက စာကြောင်းတစ်ကြောင်းစီ၏ အဓိပ္ပာယ်ကို သင်တို့ နားလည်ပါသလော။ (နားလည်ပါသည်။) ဤစာပိုဒ်ကို နားလည်ရလွယ်သည့် ရိုးရှင်းသော စကားလုံးများဖြင့် ရေးသားထား၏။ စိတ်ကူးယဉ်သက်သက် မဟုတ်ပေ။ ဤစကားလုံးများ၏ တိုက်ရိုက် အဓိပ္ပာယ်ကို နားလည်ရန် လွယ်ကူသည်။ ထို့ကြောင့် ထိုစကားလုံးများတွင် ပါရှိသည့် စည်းမျဉ်းမှာ အဘယ်နည်း။ ဤစကားလုံးများကို ဖတ်နေချိန်တွင် သင်တို့ ရှာတွေ့နိုင်သလော။ စည်းမျဉ်းဟူသည်မှာ အဘယ်နည်း။ သာ၍ ကျယ်ပြန့်စွာ ပြောဆိုရလျှင် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် စည်းမျဉ်းများ ဖြစ်၏။ သို့ရာတွင် ဤသို့ ပြောဆိုရသည်မှာ အတော်လေး အနှစ်မဲ့ပြီး အနည်းငယ် စိတ်ကူးယဉ်သက်သက်ဖြစ်သည်ဟုပင် ထင်ရပေသည်။ သာ၍ တိကျစွာပြောရလျှင် စည်းမျဉ်းတစ်ခုမှာ အမှုအရာများကို လုပ်ဆောင်နေချိန်တွင် လူတစ်ဦး ရှိသင့်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် စံဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းတစ်ခုဟု ငါတို့ ခေါ်သည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ဤစာပိုဒ်တွင် မည်သည့်အရာက စည်းမျဉ်းဖြစ်ပါသနည်း။ တိတိကျကျ ဆိုရလျှင် ဤစာပိုဒ်၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိ၏။ အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်ပြီး မည်သို့ ပြုမူရမည်ဆိုသည်ကို ဘုရားသခင်က လူတို့အား ပြောပြီးသား ဖြစ်သည်။ ဤစာပိုဒ်ကို တစ်ဖန် ဖတ်ပြီး စကားလုံးများကို သေချာစွာ နားထောင်လော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။”) သင်တို့အားလုံးသည် ဤစာပိုဒ်ကို သုံးကြိမ် ဖတ်ရှုကြပြီး ဖြစ်သည်။ ထိုအရာက သင်တို့အပေါ် စွဲမှတ်မှုတစ်ခုခု ဖြစ်စေပြီလော။ သုံးကြိမ်ဖတ်ပြီးနောက်တွင် သင်တို့ ပုံမှန်လုပ်လေ့ရှိသည့်အတိုင်း သေချာအာရုံစိုက်ခြင်းမရှိဘဲ ဤသီချင်းကို နားထောင်နေခဲ့သည့်အချိန်ထက် မတူကွဲပြားသည့် တစ်စုံတစ်ရာကို သင်တို့ ခံစားရသလော။ (ခံစားရပါသည်။) ဤစာပိုဒ်တွင် မည်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင်တို့ ရှာတွေ့ပြီး သဘောပေါက်သနည်း။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ဤနေရာတွင် တင်ပြထားသနည်း။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာသည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုနှင့် ဆက်နွှယ်သော်လည်း ဤနေရာတွင် မည်သည့်အရာသည် စည်းမျဉ်း အတိအကျ ဖြစ်သနည်း။ ထိုစည်းမျဉ်းက မည်သည့်လက်တွေ့ကျသော ပြဿနာမျိုးနှင့် ဆက်စပ်သနည်း။ ပထမစာကြောင်းက လက်တွေ့ကျသော ပြဿနာတစ်ခုနှင့် ဆက်စပ်နေသည်။ ထိုစာကြောင်းက သင်တို့ နားမလည်သည့် အရာများအကြောင်း ပြောဆိုသည်။ သင်တို့ နားမလည်သည့် ဤအရာများတွင် သမ္မာတရား၊ သင်၏ လက်တွေ့လုပ်ဆောင်မှု၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့်ဆိုင်သည့် ကိစ္စရပ်များ၊ သင်၏ အလုပ်နယ်ပယ်နှင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင် ကြုံတွေ့ရသည့် ကိုယ်ရေးကိုယ်တာ အခြေအနေများနှင့် ဆက်နွှယ်သည့် ပြဿနာများအပြင် လူတို့၏ အနှစ်သာရကို မည်သို့ ပိုင်းခြားသိမြင်ရမည်နှင့်ဆိုင်သည့် ကိစ္စရပ်များ စသည်တို့ ပါဝင်သည်။ ထိုသို့သောအရာများသည် ဧကန်အမှန် သင့်အနီးအနားတွင် ဖြစ်ပွားနေပြီး ထိုအရာများကို သင် မြင်ကာ ကြားပြီးဖြစ်သည်။ သို့ရာတွင် ဤကိစ္စရပ်များ၏ အနှစ်သာရ၊ သို့မဟုတ် ယင်းတို့နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်နားမလည်သကဲ့သို့ ပါဝင်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် စည်းမျဉ်းများကို သာ၍ပင် မသိပေ။ ပင်ကိုအားဖြင့် သင်တို့သည် ဤကိစ္စရပ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ထိုသို့သော အခြားအရာများကိုလည်း မသိချေ။ လူတစ်ဦးသည် ဤအရာများကို နားမလည်၊ မသိ သို့မဟုတ် မရိပ်စားမိပါက ထိုအရာများသည် ၎င်းတို့၏ အကြီးမားဆုံးသော အခက်အခဲများ ဖြစ်လာပြီး ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ဖြေရှင်းသင့်ပေသည်။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလော့။” အပြင်လောကတွင်ရော ဘုရားအိမ်တော်တွင်ပါ သင်နားမလည်သည့် အမှုအရာများစွာ ရှိလေသည်။ ဤအရာများကို သင် နားမလည်သည့်အတွက် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ သမ္မာတရားကို သင်ရှာဖွေရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်တွင် မည်သည့်အရာ ဆိုထားပြီး မည်သည့် သမ္မာတရား စည်းမျဉ်းများ ရှာတွေ့နိုင်သည်ဆိုသည်ကို ကြည့်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အကြိမ်အတော်များများ ဖတ်ရှုရင်း သေချာစွာ ဆင်ခြင်ရမည်။ ပထမဦးစွာ သမ္မာတရား၏ လက်တွေ့ကျမှုကို ရှာဖွေပြီးနောက် သင့်အပေါ် ဘုရားသခင် မည်သည့်အရာ တောင်းဆိုသည်ကို နားလည်လော့။ ဆက်လက်၍ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို သတ်မှတ်လော့။ ထိုသို့ဖြင့် သမ္မာတရားကို နားလည်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ ငါ ပြောပြီးသည့်အရာကို သင်တို့ နားလည်နိုင်သလော။ (နားလည်နိုင်ပါသည်။) ဘုရားသခင်သည် သင့်အနီးအနားရှိ သင်၏ ပတ်ဝန်းကျင်နှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို စီစဉ်ပြီး ဖြစ်သည်။ ထို့ကြောင့် ဤအရာအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်တွင် သင်တွေ့မြင်နိုင်၏။ ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ရန်၊ အမှုအရာများကို သတ်မှတ်ဖို့၊ အကဲဖြတ်ဖို့၊ သို့မဟုတ် ဝေဖန်သုံးသပ်ဖို့ အလောမကြီးရန် ဘုရားသခင်က သင့်ကို ပြောဆိုသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင့်အတွက် ဘုရားသခင် စီစဉ်ပေးပြီးဖြစ်သည့် ဤအဖြစ်အပျက်ကို သင် နားမလည်သေးသောကြောင့် ဖြစ်သည်။ အလောမကြီးရန် သင့်ကို ဘုရားသခင် ပြောသည့်အခါ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤအဖြစ်အပျက်က ဖြစ်ပြီးသွားပြီဖြစ်ကြောင်း၊ ထိုအရာကို သင့်ရှေ့တွင် ဘုရားသခင် ချခင်းပြီးဖြစ်ကာ သင့်ကို ဤပတ်ဝန်းကျင်တွင် ထားရှိပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ သဘောထားသည် အလွန် ရှင်းလင်းပြတ်သားကြောင်း ဆိုလိုပေသည်။ ဘုရားသခင်က “ဤအခြေအနေတွင် ဖြစ်ပျက်နေသည့်အရာကို သင့်အား အပြည့်အဝ နားလည်စေရန် ငါ အလောမကြီးပါ။ ထိုအရာအတွက် သင့်အား ချက်ချင်း အကဲဖြတ်ချက် ပေးစေရန်၊ သင်၏ ကောက်ချက်ပေးစေရန်၊ သို့မဟုတ် ဖြေရှင်းချက် အမျိုးအစားတစ်ခုခုကို အဆိုပြုစေရန် ငါသည် အလောမကြီးပါ”ဟု သင့်ကို ပြောနေသည်။ ဤကိစ္စရပ်သည် သင့်အတွက် အကျွမ်းဝင်ခြင်းမရှိသကဲ့သို့ သင် နားမလည်ပေ။ ယခင်က သင် မကြုံဖူးသည့် တစ်စုံတစ်ရာဖြစ်ပြီး သင့်အနေဖြင့် မသင်ယူရသေးသည့် သင်ခန်းစာတစ်ခုဖြစ်သည့်အပြင် ထိုအရာနှင့် စပ်လျဉ်း၍ အတွေ့အကြုံဆိုင်ရာ အသိ၊ သို့မဟုတ် ညွှန်ကြားချက် မရှိသကဲ့သို့ ယခင်က ထိုအရာကို သင် လုံးဝ မတွေ့ကြုံဖူးသေးသောကြောင့် ထိုအရာအတွက် သင်သည် အဖြေတစ်ခု စိတ်ကူးရလာရန်အတွက် ဘုရားသခင် အလောမကြီးပေ။ လူအချို့က “ဘုရားသခင်သည် ဤအခြေအနေကို စီစဉ်ပြီးဖြစ်သည့်အတွက် ထိုအရာ၏ ရလဒ်ကို တွေ့မြင်ရန် အဘယ်ကြောင့် အလောမကြီးပါသနည်း”ဟု မေးကြသည်။ ဤတွင် ဘုရားသခင်၏ ရည်ရွယ်ချက်လည်း တည်လေသည်။ ပတ်ဝန်းကျင်ကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သင့်အား ထိုအရာနှင့် ပတ်သက်၍ အယူအဆဆိုင်ရာ အကဲဖြတ်ချက်တစ်ခု သို့မဟုတ် ကောက်ချက်တစ်ခု မြန်ဆန်စွာ ဖြစ်ပေါ်စေရန် မဟုတ်ပေ။ ဘုရားသခင်သည် သင့်အနေဖြင့် ဘုရားထံ ကျိုးနွံနာခံခြင်း သင်ခန်းစာ သင်ယူနိုင်ရန်အလို့ငှာ ထိုသို့သော ပတ်ဝန်းကျင်နှင့် အဖြစ်အပျက်ကို တွေ့ကြုံစေလိုပြီး ထိုအရာ၌ ပါရှိသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို နားလည်စေချင်သည်။ ထိုသို့သော သိနားလည်မှုနှင့် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံရရှိပြီးသည်နှင့် ဤအဖြစ်အပျက်သည် သင့်အဖို့ အဓိပ္ပာယ်ရှိလိမ့်မည်ဖြစ်ပြီး သင့်အတွက် ကြီးမားသည့် အရေးပါမှုနှင့် တန်ဖိုးရှိလိမ့်မည်ဖြစ်သည်။ အဆုံးတွင် ဤအရာကို တွေ့ကြုံပြီးနောက်၊ သင် ရရှိမည့်အရာမှာ သဘောတရားတစ်ခုဖြစ်စေ၊ အယူအဆတစ်ခုဖြစ်စေ၊ စိတ်ကူးစိတ်သန်းတစ်ခုဖြစ်စေ၊ အကဲဖြတ်ချက်တစ်ခုဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာပင်ဖြစ်စေ၊ လူတို့ အကျဉ်းရုံးသည့် သင်ခန်းစာတစ်ခုဖြစ်စေ မဟုတ်ဘဲ ထိုအရာနှင့်ဆိုင်သည့် ကိုယ်ပိုင်၊ ကိုယ်တွေ့အတွေ့အကြုံနှင့် စစ်မှန်သော သိနားလည်မှုဖြစ်သည်။ ဤသိနားလည်မှုသည် သမ္မာတရားနှင့် နီးစပ်လိမ့်မည်၊ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ထိုသို့သော အရာများကို တွေ့ကြုံခြင်းမှတစ်ဆင့် သင်သည် လူသားအပေါ် ဘုရားသခင်၏ သဘောထားက အလွန် ရှင်းလင်းပြီး နားလည်သဘောပေါက်ရန် လွယ်ကူသည့် နည်းလမ်းဖြင့် ဖော်ပြထားကြောင်း တွေ့မြင်နိုင်လိမ့်မည်။ ထိုအရာကို ဘုရားသခင် သိမြင်သလောက်မှာ သင့်အနေဖြင့် သင်၏ အဖြေကို မြန်ဆန်စွာ ပေးရန် သို့မဟုတ် သင်၏ တုံ့ပြန်ချက်ကို ပေးရန် သူအလောမကြီးပေ။ ဘုရားသခင်သည် သင့်အား ဤပတ်ဝန်းကျင်ကို တွေ့ကြုံစေလိုသည်။ ဤသည်မှာ သူ၏ သဘောထား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည့်အတွက် သူသည် လူအတွက် တောင်းဆိုချက်နှင့် စံနှုန်းတစ်ခု ရှိသည်။ ဤစံနှုန်းသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမှာ အဘယ်နည်း။ တိကျသည့် အဖြစ်အပျက်တစ်ခုကို သင် ကြုံရသည့်အခါ သင် အသုံးပြုသည့် လုပ်နည်းကိုင်နည်း၊ နည်းစနစ်နှင့် နည်းလမ်းများ ဖြစ်သည်။ အဖြစ်အပျက်တစ်ခုနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သဘောထားကို သင် နားလည်သည့်အခါ ဘုရားသခင်၏ တောင်းဆိုချက်များကို လက်တွေ့လုပ်ဆောင်သင့်သည်။ ပြီးလျှင် သင့်အပေါ် ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားသခင်က “ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်”ဟု ဆိုခဲ့သည်။ ဤ“ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်” ဟူသည့်အရာက နောက်ခံအကြောင်းအရာ ရှိ၏။ သို့ဆိုလျှင် ဘုရားသခင်သည် လူအပေါ် အဘယ်ကြောင့် ထိုသို့သော တောင်းဆိုချက်နှင့် စံနှုန်းတစ်ခု ထားရှိပါသနည်း။ ဤအချက်အပေါ် သင် ရှင်းလင်းပါသလော။ အဘယ်ကြောင့်ဆိုသော် သင်သည် သာမန်လူတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် မဟာလူသား မဟုတ်၊ သင်၏ စဉ်းစားဉာဏ်သည် သာမန်လူတစ်ဦး၏ စဉ်းစားဉာဏ်သာ ဖြစ်သည်။ သင်သည် သာမည လူတစ်ဦး ဖြစ်သည်။ သင့်အနေဖြင့် အနှစ်လေးဆယ်၊ ငါးဆယ်၊ သို့မဟုတ် အနှစ်ရှစ်ဆယ်ပင် အသက်ရှင်သည်ဖြစ်စေ သင်သည် ဆက်လက် ကြီးထွားလိမ့်မည်။ သင်သည် မွေးလာခဲ့သည့်အတိုင်းချည်း အစဉ်ထာဝရ ဖြစ်မနေပေ။ သင်၏ စိတ်နှလုံးတွင် သိရှိကာ နားလည်သည့် အရာအားလုံးနှင့်အတူ သင်၏ လက်ရှိ အတွေ့အကြုံများ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ၊ သိနားလည်မှု၊ သင် မြင်ကာ ကြားရသည့် အရာများ၊ သင်၏ ဘဝအတွေ့အကြုံများ စသည့် ဤအရာအားလုံးသည် လေ့ကျင့်မွမ်းမံခံရခြင်းနှင့် ရင့်ကျက်ကြီးထွားလာခြင်း နှစ်ကာလများ၏ ရလဒ်များပင် ဖြစ်လေသည်။ ဤသည်ကို ပုံမှန် လူ့သဘာဝဟု ခေါ်ဆိုသည်။ ဤသည်မှာ လူအတွက် ဘုရားသခင် စီစဉ်ထားသည့် ပုံမှန် လူသား ကြီးထွားမှု ဖြစ်စဉ်ဖြစ်ပြီး ပုံမှန်လူ့သဘာဝ၏ ထုတ်ဖော်ပြသမှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သင် နားမလည်သည့် တစ်စုံတစ်ရာ၊ သင်အကျွမ်းမဝင်သည့် တစ်စုံတစ်ရာကို သင် ကြုံရသည့်အခါ သင့်အနေဖြင့် ထိုအရာအတွက် မြန်ဆန်စွာ အဖြေပေးရန်နှင့် သင်သည် စက်ရုပ်တစ်ရုပ်ဖြစ်သည့်အလား အလွန်မြန်ဆန်စွာ တုံ့ပြန်ရန် ဘုရားသခင်က မတောင်းဆိုပေ။ စက်ရုပ်တစ်ရုပ်သည် သတင်းအချက်အလက်အားလုံးကို မိမိ၏ မှတ်ဉာဏ်ထဲသို့ တစ်ပြိုင်နက်တည်း ထည့်သွင်းသောကြောင့် ထိုစက်ရုပ်ကို အဖြေတစ်ခု တောင်းသည့်အခါ တစ်ချက်ရှာပြီးနောက် ပြန်ဖြေလေသည်။ ပေးထားသည့် အဖြေကို သူ၏ မှတ်ဉာဏ်ထဲတွင် ရှာတွေ့နိုင်ပေသည်။ ပုံမှန်လူများအတွက်မူ ထိုသို့မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ယခင်က တစ်စုံတစ်ရာကို ကြုံတွေ့ပြီးဖြစ်သည့်အချိန်တွင်ပင် ထိုအရာကို ၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် သေချာပေါက် သိုထားခြင်းမရှိပေ။ လူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ကို မဟာလူသားများ၊ စက်ရုပ်များနှင့် အထူးအစွမ်းတန်ခိုး ရှိသည့် လူသားများနှင့် ကွဲပြားသွားစေသည်မှာ အတွေ့အကြုံဆိုင်ရာ အသိပညာ၊ အတွေ့အကြုံများ၊ ဘဝအတွေ့အကြုံနှင့် စစ်မှန်သော ကိုယ်တွေ့အသိကဲ့သို့သော ပုံမှန်လူ့သဘာဝနှင့် ဆက်နွှယ်သည့် အရာများသာ ဖြစ်သည်။
ပုံမှန်လူ့သဘာဝရှိသူများ လိုအပ်ပြီး ပိုင်ဆိုင်သင့်သည့် အရာပေါ် အခြေခံ၍ ဘုရားသခင်သည် လူတို့အတွက် တောင်းဆိုချက်များနှင့် စံနှုန်းများကို စီစဉ်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ညွှန်ပြပြီးဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှာ အဘယ်နည်း။ သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်။ ဖြေရှင်းချက်များ ရှာတွေ့ဖို့ အလောတကြီးလုပ်ရန်မှာ သင့်အတွက် အချည်းနှီးဖြစ်ကြောင်း သင့်ကို ဤအရာက ပြောပြပေသည်။ ဤသည်မှာ အဘယ့်ကြောင့် ထိုသို့ဖြစ်သနည်း။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင့်အနေဖြင့် သင်၏ ယခင်အတွေ့အကြုံများမှ အတွေ့အကြုံဆိုင်ရာ အသိပညာနှင့် သိနားလည်မှု အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း အနာဂတ်တွင် အလားတူအရာ ထပ်မံ ဖြစ်ပွားလျှင် သင်သည် သေချာပေါက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အပြည့်အဝ သဘောပေါက်နိုင်မည် မဟုတ်၊ သမ္မာတရားနှင့် လုံးဝ ကိုက်ညီစွာ လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်၊ သို့မဟုတ် ရမှတ်အပြည့် ရနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သင် နားမလည်သည့် အရာများနှင့် ပတ်သက်လာသည့်အခါတွင် သာ၍ပင် ဖြစ်နိုင်ချေနည်းပေသည်။ ထို့ကြောင့် ထိုအခြေအနေများတွင် ဖြေရှင်းချက် ရှာရန် သင့်အနေဖြင့် သာ၍ပင် အလောတကြီး မဖြစ်သင့်ပေ။ ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ရန်ဟူသည့် ညွှန်ကြားချက်က လူတို့ကို မည်သည့်အရာ ပြောပြသနည်း။ ထိုအရာ၏ ဆိုလိုရင်းမှာ လူတို့အား ပုံမှန်လူ့သဘာဝကို နားလည်စေရန် ဖြစ်သည်။ ပုံမှန် လူ့သဘာဝသည် ထူးခြားခြင်းမရှိ၊ သာမန်ထက်လွန်ကဲခြင်း မရှိ၊ သို့မဟုတ် ထွေထွေထူးထူး မဟုတ်ပေ။ အမျိုးမျိုးသော အမှုအရာများအပေါ် လူတို့၏ သိနားလည်မှု၊ အတွေ့အကြုံဆိုင်ရာ အသိပညာ၊ သိမြင်မှုနှင့် သဘောပေါက်မှုတို့အပြင် လူအမျိုးအစားအမျိုးမျိုး၏ အနှစ်သာရအပေါ် ၎င်းတို့၏ အမြင်များအားလုံးကို အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ၎င်းတို့ အတွေ့အကြုံမှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝဖြစ်၏။ ထိုအရာနှင့်ပတ်သက်၍ ထူးကဲသာလွန်သောအရာ မရှိသကဲ့သို့ မည်သည့်လူမျှ မခုန်နိုင်သည့် တန်းတစ်ခု ဖြစ်သည်။ သင်သည် လူအတွက် ဘုရားသခင် ပြုလုပ်ထားသည့် ဤဥပဒေသများကို ကျော်လွန်ပြီး လုပ်ဆောင်လိုပါက ပုံမှန် ဖြစ်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် ထိုအရာက သင်သည် ပုံမှန်လူ့သဘာဝ မည်သည့်အရာဖြစ်သည်ကို မသိကြောင်းသာ ပြမည် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ထိုအရာက သင်၏ လွန်ကဲသော မာနထောင်လွှားမှုနှင့် လက်တွေ့မကျခြင်းကို ထုတ်ဖော်ပြပေမည်။ ၎င်းတို့ နားမလည်သည့် အရာများနှင့် ပတ်သက်သော ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ရန် ဘုရားသခင်က လူတို့ကို ပြောထားပြီးဖြစ်သည်။ သင်သည် ပုံမှန် လူတစ်ဦးဖြစ်သဖြင့် အတွင်းတွင် ပေါ်လွင်သည့် လူ၏ ဖောက်ပြန်ပျက်စီးမှုကို သင် တွေ့ကြုံ၊ နားလည်ပြီး သတိပြုမိနိုင်ကာ ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားလည်နိုင်ရန်အလို့ငှာ သင့်အတွက် သာ၍ များသော ပတ်ဝန်းကျင်များ ဘုရားသခင် စီစဉ်ပေးရန် သင် လိုအပ်ပေသည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝရှိသည့် လူများ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။” တွင် မည်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့နိုင်သနည်း။ (ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။) လူတစ်ဦးသည် အခြေအနေတစ်ခုကို ကြုံရပြီး ထိုအခြေအနေကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသည့်အခါ သို့မဟုတ် နားမလည်နိုင်သည့်အခါ၊ ထိုအခြေအနေကို ယခင်က ၎င်းတို့ မတွေ့ကြုံဖူးသည့်အခါ၊ သို့မဟုတ် စိတ်မကူးဖူးသည့်အခါ၊ လူသား အယူအဆများအပေါ် မှီခိုခြင်းအားဖြင့် ဤကိစ္စရပ်ကို မည်သို့ ဖြေရှင်းရမည်ကို စိတ်ကူးရန်ပင် ၎င်းတို့အတွက် မဖြစ်နိုင်သည့်အခါ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းသည် မည်သည့်အရာ ဖြစ်သနည်း။ (ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။) ဘုရားသခင်သည် သင့်ထံမှ ဤအရာကို တောင်းဆိုပြီးဖြစ်သောကြောင့် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများကို မည်သည့် သဘောထားဖြင့် သင် ချဉ်းကပ်သင့်သနည်း။ ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်သည့် လူများသည် ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်၊ နားမလည်နိုင်သကဲ့သို့ အတွေ့အကြုံမရှိသည့် အရာများ၊ သို့မဟုတ် ၎င်းတို့ လုံးဝ အကူအညီမဲ့သည့် အခြေအနေများကိုပင် ကြုံရသည့်အခါ ၎င်းတို့အနေဖြင့် ပထမဦးစွာ မှန်ကန်သော သဘောထားကို ခံယူပြီး “ဤအရာမျိုးကို ကျွန်ုပ် နားမလည်ပါ၊ ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို အတွေ့အကြုံမရှိသကဲ့သို့ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်ကိုလည်း မသိပါ။ ကျွန်ုပ်သည် သာမန် လူတစ်ဦးသာဖြစ်သောကြောင့် ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်သည့်အရာ အကန့်အသတ်ရှိပါသည်။ အချို့သော အရာများကို မရိပ်စားမိနိုင်ခြင်း၊ သို့မဟုတ် နားမလည်နိုင်ခြင်းတွင် ရှက်စရာမရှိသကဲ့သို့ ထိုအရာများအပေါ် အတွေ့အကြုံ ကင်းမဲ့ခြင်းတွင်လည်း ဧကန်မုချ ရှက်စရာမရှိပါ”ဟု ဆိုသင့်သည်။ သင်သည် ဤအရာမှာ ရှက်ဖွယ်မဟုတ်ဟူသည့် အသိတရား ရလာသည့်အခါ ယင်းမှာ ကိစ္စရပ်၏ အဆုံးသတ် ဖြစ်သလော။ ပြဿနာ ပြေလည်သွားပြီး ဖြစ်လိမ့်မည်လော။ မိမိကိုယ်ကို အရှက်ရစေခြင်းနှင့်ပတ်သက်၍ မစိုးရိမ်ခြင်းသည် ထိုသို့သော အရာများအပေါ် လူတို့ ခံယူနိုင်သည့် သိနားလည်မှုနှင့် သဘောထားတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းနှင့် မတူပေ။ ထို့ကြောင့် အကြင်သူသည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်နိုင်သနည်း။ သင်က “ဤအရာမျိုးကို ယခင်က ငါမတွေ့ကြုံဖူးသကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါ။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုနှင့်ဆိုင်သည့် ဘုရားသခင်၏ အစီအစဉ်က မည်သည့်အရာကို ဆိုလိုသည်၊ သို့မဟုတ် မည်သည့် ရလဒ်စွမ်းဆောင်ရရှိရန် ရည်ရွယ်သည်ကို ငါ မသိပါ။ ဘုရားသခင်၏ သဘောထားကိုလည်း ငါ မသိပါ။ ထို့ကြောင့် ထိုအရာနှင့်ပတ်သက်၍ မိမိကိုယ်ကို ဒုက္ခပေးရန် မလိုအပ်ဟု ငါမြင်ပါသည်။ သူ့ဘာသာသူ ဖြစ်ချင်တာ ဖြစ်ပါလေ့စေ။ ငါလျစ်လျူရှုလိုက်မည်”ဟု မိမိဘာသာ တွေးသည်ဆိုပါစို့။ ထိုသို့သော သဘောထားအပေါ် သင် အဘယ်သို့ စဉ်းစားပါသနည်း။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသည့် သဘောထားလော။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်သည့် သဘောထား ဖြစ်သလော။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်သည့် သဘောထား ဖြစ်သလော။ (မဟုတ်ပါ။) ထိုသို့သော အခြေအနေတစ်ခု ကြုံရခြင်းနှင့်ပတ်သက်၍ အခြားသူတို့က “ဤကိစ္စရပ်ကို ငါ မရိပ်စားမိနိုင်၊ သို့မဟုတ် နားမလည်နိုင်ပါ။ ယခင်က မတွေ့ကြုံဖူးပါ။ ဤအရာသည် ငါ၏ တက္ကသိုလ်အတန်းများတွင် လုံးဝ မပါဝင်ခဲ့ပါ။ ငါသည် မဟာဘွဲ့၊ ပါရဂူဘွဲ့ရှိပြီး ပါမောက္ခတစ်ဦးအဖြစ်ပင် အလုပ်လုပ်ခဲ့ဖူးသည်။ ဤအရာကို ငါ နားမလည်နိုင်ပါက မည်သူက အမှန်တကယ် နားလည်နိုင်မည်နည်း။ ဤအရာကို ငါ မရိပ်စားမိနိုင်သကဲ့သို့ အတွေ့အကြုံမရှိကြောင်း လူတိုင်းကို သိခွင့်ပေးရန်မှာ အလွန်ရှက်ဖွယ်ရာဖြစ်မည်မဟုတ်ပါလား။ သူတို့အားလုံးက ငါ့ကို အထင်သေးကြမည် မဟုတ်ပါလား။ မဖြစ်ပါ၊ ဤသည်မှာ ငါမရိပ်စားမိနိုင်သည့်အရာတစ်ခုဖြစ်ကြောင်း ငါပြော၍ မဖြစ်ပါ။ ငါ့အနေဖြင့် ‘ဤကိစ္စမျိုးနှင့် ပတ်သက်၍၊ ဘုရားနှုတ်ကပတ်တော်ကို ကြည့်ပါ၊ ရှာဖွေပါ၊ ပြီးလျှင် အဖြေကို သင် ရှာတွေ့လိမ့်မည်’ဟု ပြောရမည်။ ဤကိစ္စရပ်ကို ငါမရိပ်စားမိနိုင်၊ သို့မဟုတ် နားမလည်နိုင်ဟု ပြောရသည်ထက် သေသာ သေလိုက်ချင်သည်”ဟု မိမိဘာသာ တွေးကြသည်။ ဤသဘောထားအပေါ် သင် မည်သို့ တွေးသနည်း။ (မကောင်းပါ။) ဤလူသည် မိမိကိုယ်ကို ဘာများ အောက်မေ့နေသနည်း။ ၎င်းက သူတော်စင်တစ်ဦး၊ ပြီးပြည့်စုံသော လူတစ်ဦးဖြစ်သည်ဟု တွေးထင်သည်။ ၎င်းက “သိက္ခာရှိသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့်၊ ကျော်ကြားသော ပညာရှင်၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရသူ၊ ကြီးမြတ်ပြီး ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ငါက နားမလည်နိုင်သည့်၊ သို့မဟုတ် မရိပ်စားမိနိုင်သည့် အရာများ အမှန်တကယ် ရှိနိုင်ပါသလား။ မဖြစ်နိုင်ပါ။ ရှိလျှင်ပင် သင်တို့တစ်ဦးမျှ နားမလည်နိုင်မည့် တစ်စုံတစ်ရာဖြစ်ပေမည်။ ထို့ကြောင့် ယင်းမှာ ကိစ္စမရှိပါ။ ထိုအရာကို ငါ မရိပ်စားမိနိုင်လျှင်ပင် သင်တို့ကို ငါ မုချ သိခွင့်ပေးမည် မဟုတ်ပါ။ ‘ကျွန်ုပ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါ’၊ ‘ကျွန်ုပ် နားမလည်နိုင်ပါ’၊ ‘ကျွန်ုပ် မတတ်နိုင်ပါ’ တို့ကဲ့သို့သော စကားများ ငါ၏ နှုတ်မှ လုံးဝ မထွက်ရ”ဟု တွေးသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားသော လူတစ်ဦးဖြစ်ပါသည်။) ဤသည်မှာ ဆင်ခြင်တုံတရားကင်းမဲ့သည့် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော လူတစ်ဦး ဖြစ်သည်။ ဤလူစားမျိုးက “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။”ဟူသည့် စကားများကို ဖတ်ပါက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရရှိမည်လော။ ဉာဏ်ကွန့်မြူးမှု တစ်စွန်းတစ်စ ရရှိမည်လော။ မရရှိပါက ဤစကားများကို ၎င်း ဖတ်ရွတ်သမျှသည် အချည်းနှီးဖြစ်သွားပေမည်။ ဤစကားများကို ရိုးရှင်းစွာ ရေးသားထားပြီး နားလည်သဘောပေါက်ရ လွယ်ကူသောကြောင့် ၎င်းသည် အဘယ်ကြောင့် နားမလည်နိုင်သနည်း။ သင် ပညာဆည်းပူးကာ စကားလုံးများကို သင်ယူရင်း ကုန်ဆုံးခဲ့သည့် ထိုနှစ်ကာလများအားလုံးသည် အသုံးမဝင်ပေ။ ဤရိုးရှင်းပြီး လွယ်ကူရှင်းလင်းသော စကားများကိုပင် သင် နားမလည်နိုင်လျှင် သင်သည် အမှန်တကယ် အသုံးမကျသောသူ ဖြစ်သည်။
ယခုအခါတွင် “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်”ဟူသည့် စာကြောင်းတွင် မည်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပါရှိသည်ကို နောက်ထပ် ကြည့်ကြပါစို့။ ပထမဦးစွာ ဖြေရှင်းချက်အပေါ် စိတ်မရှည်မဖြစ်သည့် သဘောထားတစ်ခုကို သင်ခံယူသင့်ပြီး ထိုသို့စိုးရိမ်မည့်အစား ပထမဦးစွာ သင်၏ ပင်ကို အစွမ်းအစများက မည်သည့်အရာ စွမ်းဆောင်ရှိနိုင်သည်၊ ပုံမှန် လူ့သဘာဝက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို သတိပြုသင့်ပြီး ဘုရားသခင်က ပုံမှန်လူ့သဘာဝနှင့်ပတ်သက်၍ ပြောသည့်အခါ သူမည်သည့်အရာ ဆိုလိုသည်ကို နားလည်သင့်သည်။ လူတို့ကို မဟာလူသားများ မဖြစ်စေချင်ကြောင်း၊ သို့မဟုတ် ထူးကဲသာလွန်သူ၊ သာမန်ထက်လွန်ကဲသော သူများ မဖြစ်စေချင်ကြောင်းနှင့် ၎င်းတို့ကို သာမန်လူများသာ ဖြစ်စေချင်ကြောင်း ဘုရားသခင် ပြောသည့်အခါ မည်သည့်အရာကို အမှန်တကယ် ဆိုလိုသည်ကို သင် နားလည်သင့်သည်။ သင်သည် ပထမဦးစွာ ဤအရာများကို နားလည်သင့်သည်။ သင် နားမလည်သည့်အရာများကို သိသယောင်ဆောင်ရန်မှာ အသုံးမဝင်ပေ။ တစ်နည်းအားဖြင့် သင် မည်မျှ ဟန်ဆောင်သည်ဖြစ်စေ ထိုအရာများကို သင်သိဦးမည်မဟုတ်။ အခြားသူအယောက်တိုင်းကို သင်လှည့်စားနိုင်လျှင်ပင် ဘုရားသခင်ကို သင်လှည့်စားနိုင်မည်မဟုတ်။ ထိုသို့သောအရာများ သင့်အပေါ် ကျရောက်သည့်အခါ ထိုအရာများကို သင် နားမလည်ပါက သင်နားမလည်ကြောင်းကိုသာ ပြောလော့။ စစ်မှန်ရိုးသားသော သဘောထားနှင့် ကိုင်းရှိုင်းသော စိတ်နှလုံး သင် ရှိရမည်ဖြစ်ပြီး သင့်အနီးအနားရှိသူတို့အား သင် မသိသကဲ့သို့ မရိပ်စားမိနိုင်သည့် အရာများ၊ ယခင်က သင် မတွေ့ကြုံရသေးသည့် အရာများရှိကြောင်းနှင့် သင်သည် အခြားမည်သူနှင့်မျှ ကွဲပြားခြင်းမရှိဘဲ သာမန် လူတစ်ဦးသာ ဖြစ်ကြောင်း မြင်ခွင့်ပေးရမည်ဖြစ်သည်။ ထိုအရာတွင် ရှက်ဖွယ်ရာတစ်ခုမျှ မရှိပေ။ ထိုအရာမှာ ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး ဤအမှန်တရားကို သင် လက်ခံရမည်။ ဤအမှန်တရားကို သင် လက်ခံပြီးနောက်တွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း “ဤအရာကို ယခင်က ကျွန်ုပ် မတွေ့ကြုံဖူးပါ၊ မရိပ်စားမိနိုင်ပါ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိပါ။ ကျွန်ုပ်သည် ကဏ္ဍတစ်ခုတွင် သင်တို့ထက် သာလွန်သည်မှာ ဖြစ်နိုင်သော်လည်း သင်တို့ကဲ့သို့ သူလိုကိုယ်လိုသာ ဖြစ်ပါသည်။ ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များတွင် ဉာဏ်အလင်း မြင်တွေ့ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့ပြီးဖြစ်ပါသည်။ ကျွန်ုပ် မျှော်လင့်ချက်ရှိပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိပါသည်”ဟု ပြောလျက် လူတိုင်းကို ထိုအရာ ပြောပြသင့်သည်။ ဤမျှော်လင့်ချက်သည် မည်သည့်နေရာတွင် တည်သနည်း။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” ဟူသည့် ဘုရားနှုတ်ကပတ်တော်များတွင် တည်၏။ ဤသည်မှာ ကိစ္စရပ်ကို နှလုံးသွင်းခြင်း၊ ထိုကိစ္စရပ်နှင့်ပတ်သက်၍ ရှာဖွေရန် ဘုရားသခင်၏ရှေ့မှောက်သို့ မကြာခဏ ယူဆောင်ခြင်းဟု ဆိုလိုသည်။ ထိုကိစ္စရပ်ကို သင် နှလုံးသွင်းရမည်၊ သမ္မာတရားနှင့် ထိုသမ္မာတရားရှိ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ရန် ထိုကိစ္စကို သင်နှင့်ပတ်သက်သည့် ဝန်တာအမျိုးအစားတစ်ခုအဖြစ်သို့ ပြောင်းလဲစေရမည်ဖြစ်ပြီး သင်၏ တာဝန်ဝတ္တရား၊ သင့်ရှာဖွေခြင်း၏ ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်အဖြစ်သို့ ပြောင်းလဲစေရမည်ဖြစ်သည်။ ဤသို့ သင် လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်၏ ရှေ့မှောက်သို့ သင် လာလိမ့်မည်၊ သင်၏ ပြဿနာကို သင်ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး ဤစကားများ၏ လက်တွေ့ကျမှုထဲသို့ သင် ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ဤအရာကို သင် မည်သို့ အတိအကျ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် လာရမည်ဖြစ်ပြီး စုဝေးပွဲများတွင် သင် မိတ်သဟာယပြုနေစဉ်တွင်လည်း ဤကိစ္စကို မျှဝေရန်၊ ယင်းနှင့်ပတ်သက်၍ လူတိုင်းနှင့် မိတ်သဟာယပြုပြီး ဆင်ခြင်ရန် အခွင့်အရေးများ ရှာဖွေသင့်သည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” သင်၏ စိတ်နှလုံးသည် ရိုးသားပြီး စစ်မှန်ရမည်။ သင့်အနေဖြင့် ဟန်ဆောင်လုပ်ပြရုံ လုပ်ပြခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပုံစံဖြင့် ပြုမူဆောင်ရွက်ခြင်း မရှိရသကဲ့သို့ သင်ပြောသည့်အရာများကို အတည်ပြောရမည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဝန်တာတစ်ခုကို သင်တာဝန်ယူရမည်ဖြစ်ပြီး ဤကိစ္စတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် ဤကိစ္စ၏ အနှစ်သာရကို ရိပ်စားမိရန် အလိုရှိလျက် တစ်ချိန်တည်းတွင် ဤကိစ္စရပ်ကို လူတို့ ကြုံရချိန်တွင် ရင်ဆိုင်ရသည့် ပြဿနာများနှင့် ရှုပ်ထွေးမှုအပြင် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သို့မဟုတ် အမျိုးမျိုးသော မူမမှန်သည့် အခြေအနေများကို ဖြေရှင်းရန် ဆန္ဒရှိလျက် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ပြီး တောင့်တသော စိတ်နှလုံးကို သင်နှင့်အတူ ယူဆောင်လာရမည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” ဤသည်မှာ လူကို ဘုရားသခင် ပြောခဲ့သည့် ပြည့်စုံသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤစာကြောင်းတွင် မည်သည့်အရာကို သင် မြင်သနည်း။ တစ်နည်းအားဖြင့် လူအတွက် ပတ်ဝန်းကျင်များ စီစဉ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ လူတို့အား အမျိုးမျိုးသော အမှုအရာများကို နည်းလမ်းအမြောက်အမြားဖြင့် ကြုံတွေ့ခွင့်ပေးရန်၊ ထိုအရာများမှ သင်ခန်းစာများ သင်ယူခွင့်ပေးရန်၊ ဘုရားနှုတ်ကပတ်တော်တွင် ပါရှိသည့် အမျိုးမျိုးသော သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ခွင့်ပေးရန်၊ လူတို့၏ အတွေ့အကြုံများကို ကြွယ်ဝအောင် အားဖြည့်ပေးရန်၊ ဘုရားသခင်၊ မိမိတို့ကိုယ်ကို၊ မိမိတို့၏ ပတ်ဝန်းကျင်များနှင့် လူသားမျိုးနွယ်တို့အပေါ် သာ၍ ပြည့်စုံပြီး ရှုထောင့်များစွာရှိသည့် သိနားလည်မှုတစ်ခု ရရှိစေဖို့ ကူညီပေးရန် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့အတွက် ထူးခြားသည့် ပတ်ဝန်းကျင်အချို့ကို စီစဉ်ညွှန်ကြားခြင်းနှင့် ထူးခြားသည့် သင်ခန်းစာအချို့ကို စီစဉ်ပေးခြင်းအားဖြင့် ဘုရားသခင်သည် လူတို့အား သူနှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ထိန်းသိမ်းစေချင်သည်။ ဤနည်းဖြင့် လူတို့သည် ဘုရားမဲ့သည့် အခြေအနေတွင် အသက်ရှင်ခြင်း၊ ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောသော်လည်း ဘုရားသခင်၊ သမ္မာတရားတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသည့်အပြင် ဒုက္ခရောက်စေမည့်အရာ ဖြစ်သော နည်းလမ်းဖြင့် ပြုမူဆောင်ရွက်ခြင်းတို့ထက် သူ၏ရှေ့မှောက်သို့ မကြာခဏ လာကြပေသည်။ ထို့ကြောင့် အမှန်တွင် ဘုရားသခင် စီစဉ်သည့် ပတ်ဝန်းကျင်များ၌ လူတို့သည် ဘုရားသခင်ကိုယ်တိုင်အားဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ အင်တင်တင်နှင့် မတက်မကြွ ဆောင်သွင်းခြင်းခံကြရလေသည်။ ဤအရာက ဘုရားသခင်၏ စဉ်းစားချင့်ချိန်သော အလေးထားမှုကို ပြ၏။ အချို့သော ကိစ္စတွင် သင်သည် သိနားလည်မှု ကင်းမဲ့လေ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုင်းရှိုင်းသည့် စိတ်နှလုံး သာ၍ ရှိသင့်လေဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာသင့်ပေသည်။ သင်သည် အမှုအရာများကို နားမလည်သည့်အခါ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ လိုအပ်သည်။ သင်နားမလည်သည့် အရာများကို သင် ကြုံရသည့်အခါ သင့်အပေါ် သာ၍ အမှုပြုရန် ဘုရားသခင်ကို သင်တောင်းလျှောက်ဖို့ လိုအပ်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စဉ်းစားချင့်ချိန်သော အလေးထားမှုဖြစ်၏။ ဘုရားသခင်ရှေ့မှောက်သို့ သင် သာ၍ လာလေ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးလေ ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ စိတ်နှလုံး သာ၍ နီးလေ၊ ထိုစိတ်နှလုံးထဲတွင် ဘုရားသခင် သာ၍ နေထိုင်လေ ဖြစ်သည်မှာ မှန်သည် မဟုတ်လော။ ဘုရားသခင်သည် လူတစ်ဦး၏ စိတ်နှလုံးတွင် သာ၍ ရှိလေ၊ ၎င်းတို့၏ လိုက်စားမှု၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့ စိတ်နှလုံးထဲရှိ အခြေအနေတို့သည် သာ၍ ကောင်းလာလေ ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက သာ၍ ရင်းနှီးလေ၊ သင်၏ ရိုးသားစစ်မှန်သော စိတ်နှလုံးကို ပူဇော်ရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏလာဖို့ သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် သာ၍ စစ်မှန်လေ ဖြစ်လာလိမ့်မည်။ တစ်ချိန်တည်းတွင် သင်၏ ဘဝ၊ သင်၏ လုပ်ရပ်များနှင့် အပြုအမူတို့သည် ချုပ်ထိန်းခြင်းခံရလိမ့်မည်။ ထိုသို့သော ချုပ်ထိန်းခြင်းသည် မည်သို့ ဖြစ်ပေါ်သနည်း။ လူတို့က ဘုရားသခင်ထံ မကြာခဏ ဆုတောင်းသည့်အခါ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသည့်အခါတွင် ဖြစ်ပေါ်၏။ ဤသည်မှာ အရေးအကြီးဆုံးသော အရာဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦးသည် မည်သည့် နောက်ခံအကြောင်းနှင့် မည်သည့် အခြေအနေများတွင် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်သနည်း။ (သူတို့သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိကြသည့်အခါတွင် ဖြစ်ပါသည်။) မှန်ပေ၏၊ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိကြသည့်အခါတွင် ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိပါက ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင် ရှိကြောင်းနှင့် သင်သည် သူနှင့် အလွန်ရင်းနှီးကြောင်း ဆိုလိုလိမ့်မည် မဟုတ်လော။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် နေရာတစ်ခု အမြဲရှိကြောင်းနှင့် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်က အလွန်အရေးပါသော နေရာတစ်ခု ယူထားကြောင်း ဆိုလိုပေလိမ့်မည်။ အကျိုးဆက်အနေဖြင့် သင်သည် ဘုရားသခင်အကြောင်းကို အမြဲ စဉ်းစားလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ စဉ်းစားလိမ့်မည်၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အနှစ်သာရတို့နှင့်ပတ်သက်၍ စဉ်းစားလိမ့်မည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ စဉ်းစားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် ဆိုင်သည့် အရာအားလုံးကို စဉ်းစားလိမ့်မည်ဖြစ်သည်။ အရပ်သုံးစကားကို သုံးရလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ပြည့်လျှမ်းနေလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် အလွန်မြင့်မားသောနေရာတစ်ခု ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ပြည့်ပါက သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိလိမ့်မည်၊ ဘုရားသခင်၏ စိစစ်မှုကို သင် လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုလည်း ရှိလိမ့်မည်။ ထိုအခါတွင်မှ ချုပ်ထိန်းမှုဖြင့် သင် ပြုမူဆောင်ရွက်နိုင်လိမ့်မည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလော့”ဆိုသည်မှာ ရိုးရှင်းသည့် စာကြောင်းတစ်ကြောင်းဖြစ်သော်လည်း အဓိပ္ပာယ်အဆင့်များစွာ ပါရှိ၏။ ထိုအရာတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူတို့ ပြုမူဆောင်ရွက်ရန် ဘုရားသခင် တောင်းဆိုသည့် သဘောထားပါရှိသကဲ့သို့ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ထားရှိသည့် တောင်းဆိုချက်များကိုလည်း သိရှိစေသည်။ ထို့ကြောင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ တောင်းဆိုချက်များမှာ အဘယ်နည်း။ သင့်အပေါ် ကျရောက်သည့် အရာများအပေါ် သင် လက်မလျှော့ခြင်း၊ ထွက်မပြေးခြင်း၊ သို့မဟုတ် စိတ်မဝင်စားသော သဘောထားတစ်ခု ခံယူခြင်းတို့ ဖြစ်သည်။ သင် နားမလည်သကဲ့သို့ မရိပ်စားမိနိုင်သည့် တစ်စုံတစ်ရာ၊ သို့မဟုတ် သင်ကျော်လွှားအောင်မြင်နိုင်ခြင်းမရှိသည့်၊ သို့မဟုတ် သင့်ကို အားပင်နည်းစေသည့် တစ်စုံတစ်ရာနှင့် သင် ထိပ်တိုက်တွေ့ပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။ ဘုရားသခင်သည် ငါးတစ်ကောင်ကို မြေပေါ်တွင် အသက်ရှင်ရန် အတင်းအကျပ် စေခိုင်းခြင်း မရှိပေ။ လူသား တတ်စွမ်းနိုင်မှုများ၏ နယ်ပယ်ကို ကျော်လွန်သည့် အရာများ လုပ်ဆောင်ရန် လူတို့ကို မည်သည့်အခါတွင်မျှ ဘုရားသခင် မတောင်းဆိုပေ။ ဘုရားသခင် သင့်ကို လုပ်စေမည့်အရာနှင့် သင့်အပေါ် သူ တောင်းဆိုမည့် အရာများမှာ ပုံမှန် လူ့သဘာဝရှိသည့်လူများ စွမ်းဆောင်ရရှိကာ ရယူပြီး ပြီးမြောက်နိုင်သည့် အရာများသာ ဖြစ်သည်။ ထို့ကြောင့် လူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများမှာ အနည်းငယ်မျှ အနှစ်မဲ့ခြင်း၊ သို့မဟုတ် မရေရာခြင်း မရှိပေ။ လူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ပုံမှန် လူ့သဘာဝရှိသည့် လူများ စွမ်းဆောင်ရရှိနိုင်သည့် အရာ၏ နယ်ပယ်ကို ခြုံငုံသည့် စံနှုန်းတစ်ခုထက် ဘာမျှမပိုပေ။ သင်၏ စိတ်ကူးများနောက်သို့သာ သင် အမြဲ လိုက်ပြီး အခြားသူများထက် သာ၍ တော်လိုကာ သာလွန်လိုပြီး သာ၍ တတ်စွမ်းလိုပါက၊ အခြားသူများထက် အမြဲ သင် သာလိုပါက ဘုရားသခင်၏ ဆိုလိုရင်းကို သင် နားလည်မှုလွဲပေပြီ။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသောလူတို့သည် မကြာခဏ ဤသို့ဖြစ်ကြ၏။ ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ဖို့ ဘုရားသခင်က ပြောသည်။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်ရန် သူ ပြောသော်လည်း မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသောလူတို့သည် ဘုရားသခင်၏ ဤတောင်းဆိုချက်များကို သေချာစွာ စဉ်းစားခြင်း မရှိချေ။ ထိုအစား ဟုန်းခနဲဖြစ်သော ခွန်အားနှင့် အားအင်ဖြင့် အမှုအရာများကို ပြီးမြောက်ရန်၊ သပ်ရပ်ပြီး လှပသည့် နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ရန်နှင့် မျက်တောင်တစ်ခတ်တွင် အခြားလူတိုင်းထက် သာလွန်ရန် မရမက ကြိုးစားကြလေသည်။ ၎င်းတို့သည် မဟာလူသားများ ဖြစ်လိုကြပြီး သာမန်လူသားဖြစ်ရန် ငြင်းပယ်ကြသည်။ ဤသည်မှာ လူအတွက် ဘုရားသခင် စီစဉ်ထားသည့် သဘာဝနည်းဥပဒေသများနှင့် ဆန့်ကျင်နေသည် မဟုတ်ပါလား။ (ဟုတ်ပါသည်။) ၎င်းတို့သည် သာမန်လူများ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ပုံမှန် လူ့သဘာဝ ကင်းမဲ့ကြပြီး အလွန် မာနထောင်လွှားကြသည်။ ပုံမှန်လူသဘာဝနယ်ပယ်အတွင်းရှိ လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်သတ်မှတ်သည့် တောင်းဆိုချက်များကို အလေးမထားကြချေ။ ပုံမှန် လူ့သဘာဝရှိသူများက ရယူနိုင်သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင် စီစဉ်ထားသော စံနှုန်းများကို ၎င်းတို့ အလေးမထားကြချေ။ ထို့ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ မထီမဲ့မြင်ပြုပြီး “ဘုရားသခင်၏ တောင်းဆိုချက်များက အလွန်နိမ့်ကျသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် အဘယ်သို့ သာမန် လူများဖြစ်နိုင်မည်နည်း။ သူတို့သည် သာမန်ထက် ထူးကဲသောသူများ၊ သာမန်လူများထက် ကျော်လွန်ပြီး သာလွန်သောသူများ ဖြစ်ရမည်။ သူတို့သည် ကြီးမြတ်ပြီး ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ရမည်”ဟု တွေးကြသည်။ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ပြီး သမ္မာတရား ဖြစ်သော်လည်း ထူးခြားမှုမရှိသကဲ့သို့ သာမန်ဖြစ်လွန်းသည်ဟု တွေးလျက် ဘုရားနှုတ်ကပတ်တော်များကို အလေးမထားကြပေ။ ထို့ကြောင့် သူ၏ နှုတ်ကပတ်တော်များကို လျစ်လျူရှုပြီး အထင်သေးကြလေသည်။ သို့ရာတွင် လူတို့ လိုက်နာပြီး လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ဘုရားသခင် ညွှန်ပြသည်မှာ အတိအကျအားဖြင့် မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တို့က အလွန်မထီမဲ့မြင်ပြုသည့် ဤပုံမှန်ဖြစ်ပြီး သာမန်ဖြစ်သော စကားများဖြင့် ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များက အလွန် ရိုးသားစစ်မှန်သည်၊ ဓမ္မဓိဋ္ဌာန်ကျပြီး လက်တွေ့ကျသည်။ လူတို့အပေါ် မြင့်မားသည့် တောင်းဆိုချက်များ လုံးဝ မထားပေ။ ထိုနှုတ်ကပတ်တော်များသည် လူတို့ နားလည်နိုင်ပြီး လုပ်ဆောင်နိုင်သင့်သည့် အရာအားလုံး ဖြစ်သည်။ လူတို့အနေဖြင့် ပုံမှန် ဆင်ခြင်တုံတရားရှိသရွေ့ ၎င်းတို့အနေဖြင့် စိတ်ကူးယဉ်ရန် မကြိုးစားသင့်သကဲ့သို့ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် လက်ခံသင့်သည်၊ မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်သင့်သည်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သင့်ပြီး သမ္မာတရားကို မိမိတို့ အပြုအမူနှင့် လုပ်ဆောင်ချက်များ၏ စည်းမျဉ်းအဖြစ် သဘောထားသင့်သည်။ ၎င်းတို့အနေဖြင့် အလွန်အကျွံ ရည်မှန်းချက်မကြီးသင့်ပေ။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလော့”ဟူသည့် စာကြောင်းတွင် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် သမ္မာတရားများသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများဖြစ်ကြောင်းတို့ကို လူတို့ သာ၍ပင် နားလည်သင့်သည်။ ဤနေရာတွင် “လူတို့”က မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ပုံမှန် ဆင်ခြင်တုံတရားနှင့် ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့်၊ အပြုသဘောဆောင်သော အရာများကို နှစ်သက်ကာ မည်သည့်အရာက ဓမ္မဓိဋ္ဌာန်ကျပြီး မည်သည့်အရာက လက်တွေ့ကျသည်၊ မည်သည့်အရာက ထူးမခြားနားဖြစ်ပြီး မည်သည့်အရာက သာမန်ဖြစ်သည်ဆိုသည်တို့ကို နားလည်သူ၊ ပုံမှန်လူများကို ရည်ညွှန်းပေသည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလော့”ဟူသော စကားလုံးများကို တစ်စိမ့်စိမ့်တွေးရန် အချိန်ယူလော့။ ဤစကားများသည် ရိုးရှင်းသည့်၊ သာမန် စကားလုံးများဖြစ်သော်လည်း ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သောလူများ လုပ်ဆောင်နိုင်သင့်သည့် တစ်စုံတစ်ရာကို ဖော်ပြပြီး ယင်းတို့သည် ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦးက မိမိတို့၏ လက်တွေ့ဘဝတွင် အခက်အခဲများ ကြုံနေရချိန် လက်တွေ့အလုပ်ဆောင်သင့်ဆုံးသော သမ္မာတရား စည်းမျဉ်းလည်း ဖြစ်ပေသည်။ ယင်းတို့သည် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော လူများ အလိုအပ်ဆုံးဖြစ်သည့် သမ္မာတရား ဖြစ်သည်။ အနှစ်မဲ့သော စကားများ လုံးဝ မဟုတ်ပေ။ သင်တို့သည် ဤသာမန် စကားများကို အကြိမ်များစွာ သီဆိုကာ နားထောင်ကြပြီး ဖြစ်သည်။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ဤစကားများကို သေချာစွာ ဆင်ခြင်ပြီး အာရုံစူးစိုက် မိတ်သဟာယပြုရန် သမ္မာတရားများအဖြစ် သဘောထားခြင်း မရှိကြလေပြီ။ ဤသို့ဖြင့် သင်တို့သည် ဤအဖိုးတန်စကားများကို အချည်းနှီးဖြစ်စေကြပြီး ဖြစ်သည်။ အမှန်တွင် ဤစကားလုံးများတွင် လူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များ ဘုရားသခင်၏ သတိပေးချက်များနှင့် ဆုံးမမှုများအပြင် လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များ ပါရှိသည်။ အလွန်များစွာ ပါရှိ၏။ လူတို့သည် အသနားအကြင်နာမဲ့ပြီး ဆင်ခြင်တုံတရားမဲ့ကြကာ ဤစကားများကို သာမန် စကားများအဖြစ် သဘောထားကြသည်။ ၎င်းတို့သည် ထိုအရာတို့ကို တန်ဖိုးထားခြင်းမရှိ၊ ဆင်ခြင်ခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ ဤအရာကြောင့် အဆုံးတွင် ဆင်းရဲဒုက္ခခံစားပြီး ဆုံးရှုံးမည့်သူများမှာ မည်သူများ ဖြစ်လိမ့်မည်နည်း။ လူတို့ကိုယ်တိုင်ပင် ဖြစ်သည်။ ဤသည်မှာ သင်ခန်းစာတစ်ခု မဟုတ်လော။
သာမန်လူတို့အတွက် ဤစာပိုဒ်တွင် ဘုရားသခင် စီစဉ်ထားသည့် သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်ရန် အလွန်လွယ်ကူသည်။ ဤလက်တွေ့လုပ်ဆောင်မှုနှင့်ပတ်သက်၍ ခက်ခဲသည့်အရာ၊ သို့မဟုတ် ပင်ပန်းသည့်အရာ တစ်ခုမျှ မရှိသကဲ့သို့ ထိုလက်တွေ့လုပ်ဆောင်မှုသည် ထိရောက်ပေသည်။ နောက်ဆုံးတွင် ထိုလက်တွေ့လုပ်ဆောင်မှုက သင့်အား တဖြည်းဖြည်း ရင့်ကျက်ကာ တိုးတက်စေနိုင်သည်။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့”ဆိုသည့်အရာ၏ စည်းမျဉ်းကို လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် သမ္မာတရား၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၊ အမျိုးမျိုးသော ပတ်ဝန်းကျင်ကို တွေ့ကြုံခြင်းမှ သင် ရရှိသည့် သိနားလည်မှု စသည်တို့အရ သင်သည် တိုးတက်လိမ့်မည်မှာ မှန်ပေ၏။ ဤစကားများ ကောင်းလိုက်လေခြင်း။ လူတို့တွင် ဆင်ခြင်တုံတရားရှိပြီး ဤစကားများကို လက်တွေ့လုပ်ဆောင်ကြပါက ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် လမ်းညွှန်မှုအောက်တွင် ဘုရားသခင်က အမျိုးမျိုးသော ပတ်ဝန်းကျင်များကို စီစဉ်သည့်အခါ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ သိလာကြလိမ့်မည်။ အချိန်ကာလတစ်ခုကြာပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုံး၌ အကျိုးရလဒ်များကို ခံစားနိုင်ကြလိမ့်မည်၊ အတွေ့အကြုံ ရရှိကာ ထိုပတ်ဝန်းကျင်များတွင် သမ္မာတရားကို နားလည်လာနိုင်ကြလိမ့်မည်။ ထိုသို့သော အကျိုးရလဒ်များကို သင်ခံစားရသည့်အခါ ဤပတ်ဝန်းကျင်များကို ဘုရားသခင် အဘယ်ကြောင့် စီစဉ်ကြောင်း၊ ဘုရား ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်ပြီး လူတို့အား ထိုအရာများမှ မည်သည့်အရာကို ဘုရားသခင် ရရှိစေရန် ဆန္ဒရှိကြောင်းတို့ကို သင် သိလိမ့်မည်။ ထို့အပြင် လူတို့ လျှောက်သွားသည့် လမ်းလွှဲများ၊ ၎င်းတို့ တွေ့ကြုံရသည့် ဆုတ်ဆိုင်းမှုများ၊ ၎င်းတို့ ရှိထားသည့် လွဲချော်နေသော သိနားလည်မှုများ၊ ၎င်းတို့ ပိုင်ဆိုင်သည့် လက်တွေ့မကျသော စိတ်ကူးများ၊ ၎င်းတို့အတွင်းတွင် ထွက်ပေါ်သည့် ဘုရားအပေါ် အယူအဆများနှင့် အတိုက်အခံလုပ်ခြင်း စသည်တို့အားလုံးသည် ဤပတ်ဝန်းကျင်များကို ၎င်းတို့ တွေ့ကြုံစဉ်တွင် ဖြည်းဖြည်း ဖော်ထုတ်ကာ ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအရာများက အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ ဤပတ်ဝန်းကျင်များမှတစ်ဆင့် မည်သည့်အရာ ဖော်ထုတ်ပြီး ထုတ်ဖော်ပြခံရသည်ကို ရှင်းလင်းစွာ သိမြင်ပြီး နားလည်ရန်မှာ အတွေ့အကြုံ ကာလတစ်ခု လိုအပ်သည်။ ဤသို့ဖြင့် “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်”ဟူသည့် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်သည် ပြည့်စုံပေသည်။ ဆိုလိုသည်မှာ သင် မရိပ်စားမိနိုင်၊ သို့မဟုတ် နားမလည်နိုင်သကဲ့သို့ ယခင်က မတွေ့ကြုံရသေးသည့် တစ်စုံတစ်ရာကို ဘုရားသခင် စီစဉ်သည့်အခါ ထိုအခြေအနေမှ ဘုရားသခင် သင့်ကို နားလည်စေကာ ရရှိစေပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံစေချင်သည့် အရာများကို နှစ်ရက်မျှဖြင့် ရယူ၍ မရနိုင်ဟူ၍ဖြစ်သည်။ အချိန်အချို့ကြာပြီးနောက်တွင်မှသာ၊ ပြီးလျှင် ခြေတစ်လှမ်းစီတိုင်းတွင် ဘုရားသခင်၏ လမ်းညွှန်ချက်၊ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ဖြင့်သာ သင်သည် တဖြည်းဖြည်း သိနားလည်မှု ရပြီး ရလဒ်များ ရရှိလိမ့်မည်။ ထိုအရာမှာ လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်။ ရုတ်တရက်ဖြစ်သည့် ဉာဏ်အလင်းပေးမှုဖြင့် အရာရာကို ရုတ်တရက် သင်နားမလည်ပေ၊ သို့မဟုတ် လျှပ်တစ်ပြက်ဖြစ်သော ဉာဏ်ကွန့်မြူးမှုဖြင့် ဘုရားသခင် ဆိုလိုသည့်အရာကို သင်မသိပေ။ ဘုရားသခင်သည် သဘာဝလွန် နည်းလမ်းများဖြင့် ထိုသို့သော အရာများကို မလုပ်ဆောင်ပေ။ ဤသို့ ဘုရားသခင် ပြုမူဆောင်ရွက်ခြင်း မရှိပေ။ ဘုရားသခင် အမှုပြုသည့် နည်းလမ်းမှာ ဤသို့ဖြစ်သည်။ ဘုရားသခင်သည် အခြေအနေတစ်ခု၏ အကြောင်းတရားများနှင့် အကျိုးဆက်များကို သင့်အား တွေ့ကြုံခွင့်ပေးပြီး သင်သည် “ထို့ကြောင့် ဤလူစားမျိုး၏ အနှစ်သာရမှာ ဤကဲ့သို့ဖြစ်ပြီး ထိုအရာမျိုး၏ လက်တွေ့ကျမှုနှင့် အနှစ်သာရမှာ ဤကဲ့သို့ဖြစ်ကာ ဤအရာက ဘုရားနှုတ်ကပတ်တော်၏ ထိုသို့သော စာကြောင်းကို ပြည့်စုံစေသည်။ ဘုရားသခင်က ထိုသို့ပြောသည့်အခါ ဆိုလိုသည့်အရာကို ကျွန်ုပ် နောက်ဆုံးတွင် သဘောပေါက်ပြီ။ ဤကဲ့သို့သော ကိစ္စရပ်များနှင့် ထိုကဲ့သို့သော လူများနှင့်ပတ်သက်၍ ဘုရားသခင် အဘယ်ကြောင့် ထိုသို့သောအရာများ ပြောဆိုခဲ့သည်ကို နောက်ဆုံးတွင် ကျွန်ုပ် နားလည်ပြီ”ဟု တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်။ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဘုရားသခင်က ထိုသို့သာ အသိတရားရလာခွင့်ပေးသည်။ ဤအရာများကို သဘောပေါက်ရန် အချိန်အချို့ ကြာသည် မဟုတ်လော။ (ကြာပါသည်။) အတွေ့အကြုံကာလတစ်ခုမှတစ်ဆင့် သင်ရယူသည့် သိကျွမ်းမှုနှင့် နားလည်လာသည့် သမ္မာတရားများမှာ အယူဝါဒများ၊ သို့မဟုတ် အယူအဆဆိုင်ရာ အမှုအရာများမဟုတ်ဘဲ သင်၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံနှင့် စစ်မှန်သော သိကျွမ်းမှုတို့ ဖြစ်သည်။ ဤသည်မှာ သင် ဝင်ရောက်သည့် သမ္မာတရား လက်တွေ့ကျမှု ဖြစ်သည်။ ဤတွင် “ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်”ဟူသည့် ဘုရားနှုတ်ကပတ်တော်များ၏ အကြောင်းတရားနှင့် ရင်းမြစ်တို့ တည်ရှိလေသည်။ သင် တွေ့ကြုံသည့် အဖြစ်အပျက်များမှ ဆုလာဘ်များကို ဘုရားသခင်က သင့်အား ရိတ်သိမ်းခွင့်ပေးသည့်အခါ သူသည် သင့်အား ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းရုံမျှ ဖြတ်သန်းမသွားစေချင်၊ သို့မဟုတ် သဘောတရားတစ်ခုကို သင်ယူရုံမျှ မသင်ယူစေချင်ဘဲ နားလည်မှုတစ်ခု၊ အချို့သော အသိပညာ၊ အပြုသဘောဆောင်သော ရှုထောင့်နှင့် မှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်တို့ကို ရရှိစေချင်သည်။ ဤစာပိုဒ်တွင် စာကြောင်းအနည်းငယ်သာ ပါရှိပြီး အကြောင်းအရာများစွာ မခြုံငုံသော်လည်း ဤစာပိုဒ်တွင် ဘုရားသခင် တင်ပြသည့် တောင်းဆိုချက်များနှင့် ထိုစာပိုဒ်မှတစ်ဆင့် လူတို့ကို သူ ပေးသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ အလွန် အရေးကြီးသည်။ လူတို့သည် လူသား အသိပညာနှင့် အယူဝါဒအပေါ် ၎င်းတို့ ခံယူသည့် အလားတူသဘောထားဖြင့်ပင် ဘုရားနှုတ်ကပတ်တော်များကို မမှတ်ယူသင့်ပေ။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများရှိရမည်။ ဤသည်မှာ သင့်အနေဖြင့် အခြေအနေတစ်မျိုးမျိုးကို ကြုံရသည့်အခါ လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခု၊ နည်းလမ်းတစ်ခု ရှိရမည်ဟု ဆိုလိုသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းတစ်ခုဟုခေါ်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဤသည်တို့မှာ ရိုးရှင်းသည့် စကားအနည်းငယ်မျှသာ မဟုတ်ပေ။ ထိုစကားများကို ဖော်ပြပြီး တင်ပြသည့် နည်းလမ်းသည် ရိုးရှင်းကာ နားလည်ရန်လွယ်ပြီး စကားလုံးများက အလွန်ရိုးစင်းပုံရကာ လှပသည့်၊ ကွန့်လွန်းသော ဘာသာစကား၊ သို့မဟုတ် ပါးနပ်သေသပ်သော ဝေါဟာရများ၊ သို့မဟုတ် ညက်ညောဆန်းပြားသော စကားများဖြင့် တန်ဆာဆင်ထားခြင်းမရှိသကဲ့သို့ တင်စီးသော လေသံဖြင့် ပြောဆိုထားခြင်းမရှိသည့်အပြင် ထိုစကားများသည် တေ့တေ့ဆိုင်ဆိုင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုသည့် ရိုးသားစစ်မှန်သော ဆုံးမစကားများနှင့် တောင်းဆိုချက်များ ဖြစ်လင့်ကစား လူတို့အား အရေးအကြီးဆုံးသော စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို အမှန်တကယ် ပြောကြားလေသည်။
ဘုရားသခင် ပြောဆိုထားသည့် သာမန်အဖြစ်ဆုံးသော စကားများကို လူများစွာက မည်သည့်အခါတွင်မျှ အလေးအနက် မထားကြပေ။ ဘုရားသခင် ပြောဆိုသည့် နက်နဲပြီး ဆန်းကျယ်သော စကားများကိုသာ သူ၏ နှုတ်ကပတ်တော်များအဖြစ် မှတ်ယူကြလေသည်။ ဤသည်မှာ လွဲချော်နေသော သိနားလည်မှု၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်၏။ သာမန်စကားများဖြစ်စေ၊ နက်နဲသော စကားများဖြစ်စေ ဘုရားနှုတ်ကပတ်တော်များအားလုံးတွင် သမ္မာတရားနှင့် နက်နဲသောအရာများပါရှိပြီး ထိုအရာများကို နားလည်ကာ သိရှိရန် နှစ်ချီအတွေ့အကြုံနှင့် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခု လိုအပ်ပေသည်။ သင်တို့ ယခုတင် သီဆိုကြသည့် ဓမ္မတေးသီချင်းတွင် ပါရှိသည့် ဘုရားသခင်၏ ကောင်းမွန်ပြီး အရေးကြီးသော စကားများကဲ့သို့ပင် မည်သူကမျှ ဤစကားလုံးများကို အလေးအနက် မထားကြပေ။ ထိုစကားများကို တေးဂီတအတွက် ပြင်ဆင်ထားပြီး လူတိုင်းက နှစ်ချီ သီဆိုပြီးဖြစ်သော်လည်း ထိုစကားများတွင် ပါရှိသည့် ဤအရေးအကြီးဆုံးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို မည်သူကမျှ တစ်ကြိမ်တစ်ခါမျှ ရှာမတွေ့ဖူးကြပေ။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များက “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့” ဟု ၎င်းတို့ကို ပြောနေပုံရသည်ဟူသော ခံစားချက်တစ်ခု ၎င်းတို့၏ အသိစိတ်တွင်ရှိပြီး ဤသည်တို့မှာ လူတို့အတွက် ဘုရားသခင် ရှိထားသည့် တောင်းဆိုချက်များဖြစ်သည်ဟု ခံစားရလျှင်ပင် အဘယ်သူသည် မိမိတို့၏ တကယ့်ဘဝတွင် တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် လက်တွေ့လုပ်ဆောင်ဖူးသနည်း၊ အကောင်အထည်ဖော်ကာ ဤဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖူးကြသနည်း။ တစ်ဦးတလေက ဤအရာကို လုပ်ဆောင်ပြီးပြီလော။ (မလုပ်ဆောင်ရသေးပါ။) ဤအရာကို မည်သူမျှ မလုပ်ဆောင်ရသေးပေ။ ဤဘုရားနှုတ်ကပတ်တော်များသည် အလွန်ရိုးရှင်းသော်လည်း မည်သူကမျှ မလိုက်လျှောက်နိုင်ပေ။ ဤအရာအတွင်းတွင် ပဓာနကျသော ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ (ရှိပါသည်၊ လူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည်ဟု ပြပါသည်။) အခြားတစ်ခုတလေ ရှိသေးသလော။ (ကျွန်ုပ်တို့ထံ ဘုရားသခင်ပြောဆိုခဲ့သည့် ဤစကားများသည် အလွန် လက်တွေ့ကျသည်။ စည်းမျဉ်းနှင့်ဆိုင်သည့် စကားများသာ ဖြစ်သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ အလေးအနက် မထားကြပါ။ ထိုနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ အာရုံမစိုက်ကြသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသေးပါ။) သို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များကို သင်တို့ မည်ကဲ့သို့ ပုံမှန်ဖတ်ရှုကြသနည်း။ (ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်ရှုသည့်အခါ ပုံမှန်အားဖြင့် ကျွန်ုပ်တို့ အပေါ်ယံအားဖြင့် သာမန်ကာလျှံကာသာ ဖတ်ကြပါသည်။ စကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ကျွန်ုပ်တို့ နားလည်သည့်နောက်တွင် ကျွန်ုပ်တို့ ဆက်ဖတ်ကြသည်။ ထိုစကားများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများဖြစ်သည်၊ သို့မဟုတ် မည်သည့် သမ္မာတရား စည်းမျဉ်းကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်တို့ကို ကျွန်ုပ်တို့ နားမလည်ပါ။ ထိုစကားများကို ကျွန်ုပ်တို့ ထိုကဲ့သို့ သေချာစွာ မဆင်ခြင်ခဲ့ကြပါ။) သင်တို့သည် အယူအဆဆိုင်ရာ စိတ်ကူးအချို့ဖြင့် ပြန်ဖြေကြပြီးဖြစ်ကာ သင်တို့ ပြောဆိုသည့်အရာ မှန်ကန်ပုံရသော်လည်း လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းမရှိရခြင်း၏ ဖြစ်ကြောင်းရင်းမြစ်ကို သင်တို့ ရှင်းရှင်းလင်းလင်း မတွေ့မြင်ကြသေးပေ။ ဘုရားနှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလျှင် ထိုနှုတ်ကပတ်တော်များတွင် ပါရှိသည့် ရတနာများ၊ ရွှေ၊ စိန်များကို သင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဖြစ်ပြီး ဤအရာများကို တစ်သက်တာ သင် မွေ့လျော်ခံစားလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို သင် တန်ဖိုးမထားပါက ဤရတနာများကို သင် ရရှိနိုင်လိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးမထားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားနှုတ်ကပတ်တော်များကို သင် ချစ်ခင်မြတ်နိုးခြင်းမရှိဟု ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်များ အလွန်များကြောင်းနှင့် အားလုံးက သမ္မာတရားဖြစ်ကာ မည်သည့်အရာများအား တန်ဖိုးထားရမည်ကို သင် မသိကြောင်း သင်ခံစားရသည်။ အားလုံးက သာမန်ဖြစ်သည်ဟု သင် ခံစားရပြီး ဤသည်မှာ ပြဿနာဖြစ်သည့်သဘောဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားနှုတ်ကပတ်တော်အားလုံးက သမ္မာတရားဖြစ်ကြောင်းနှင့် ဤသမ္မာတရားများသည် လူတို့၏ ဘဝများနှင့် အသက်ရှင်ခြင်းအတွက် အသုံးအဝင်ဆုံးနှင့် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြောင်း သင် သိရှိသည်ကို ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်များအား မခွဲခွာရက်အောင် အလွန်ချစ်ခင်သည့် ရတနာများအဖြစ် သင် သဘောထားသည်ဟု ဆိုလိုပေသည်။ ဘုရားနှုတ်ကပတ်တော်များအပေါ် ဤသဘောထားကို တန်ဖိုးထားခြင်းဟု ခေါ်သည်။ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များအားလုံးက အကြီးမားဆုံး တန်ဖိုးရှိသည့် ရတနာများဖြစ်ကြောင်း၊ မည်သည့် ကျော်ကြားသော၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်မဆို၏ ဘဝဆောင်ပုဒ်များထက် အဆတစ်ရာ၊ အဆတစ်ထောင် သာ၍ အဖိုးတန်ကြောင်း သင် ရှာဖွေတွေ့ရှိပြီးဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို ရရှိပြီးဖြစ်ကြောင်းနှင့် ဘဝ၏ အကြီးမားဆုံးနှင့် တန်ဖိုးအရှိဆုံးသော ရတနာများကို ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း ဆိုလိုပေသည်။ ဤရတနာများကို ရှာဖွေတွေ့ရှိခြင်းသည် သင်၏ တန်ဖိုးကို တိုးပွားရန်နှင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် သင့်ကို ကူညီပေးနိုင်သည်။ ဤအကြောင်းရင်းအတွက် သင်သည် ဤသမ္မာတရားများကို အထူးသဖြင့် တန်ဖိုးထား၏။ ဤအရာနှင့်ဆိုင်သည့် တကယ့် ဘဝ ဥပမာတစ်ခုကို ငါပေးမည်။ အမျိုးသမီးတစ်ဦးက လှပသည့် ဝတ်စုံတစ်စုံကို ဝယ်သည်ဆိုပါစို့။ သူမ အိမ်ပြန်ရောက်သည့်အခါ ထိုဝတ်စုံကို မှန်ထဲတွင် စမ်းဝတ်ကြည့်သည်။ ဘယ်ပြန်၊ ညာပြန်ကြည့်ရင်း သူက “ဤဝတ်စုံအရမ်းလှသည်၊ ဝတ်စုံ၏ အထည်သားက ထူးကဲသည်။ လက်ရာက အလွန်လက်ရာမြောက်ပြီး သက်သောင့်သက်သာ ဖြစ်သလို ဝတ်ရသည်မှာ နူးညံ့သည်။ ထိုသို့သော ကောင်းမွန်သည့် အဝတ်အစားများ ဝယ်နိုင်သည်မှာ ငါကောင်းချီးခံစားရလေခြင်း။ ဤအရာသည် ငါအနှစ်သက်ဆုံး အဝတ်အထည်တစ်ခုဖြစ်သော်လည်း တစ်ချိန်လုံး ဝတ်၍ မဖြစ်ပါ။ အဆင့်အတန်း အမြင့်ဆုံးသော ပွဲများတက်ရောက်ပြီး ဂုဏ်အရှိဆုံးသော လူများကို တွေ့ဆုံသည့်အခါတွင် ငါဝတ်မည်”ဟု တွေးသည်။ အားလပ်သည့်အချိန်အချို့ ရသည့်အခါ သူသည် ရှုစားပြီး ဝတ်ကြည့်ရန် ထိုဝတ်စုံကို မကြာခဏ ထုတ်ကြည့်လေသည်။ ခြောက်လကြာပြီးနောက်တွင် ထိုဝတ်စုံနှင့်ပတ်သက်၍ သူမ စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ထိုဝတ်စုံနှင့် မခွဲနိုင်မခွာရက်ဖြစ်နေသည်။ ဤသည်မှာ တစ်စုံတစ်ရာ တန်ဖိုးထားခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏ သဘောထားသည် ဤအဆင့်သို့ ရောက်ပြီလော။ (မရောက်သေးပါ။) အမျိုးသမီးက သူ အနှစ်သက်ဆုံး ဝတ်စုံကို တန်ဖိုးထားသမျှလောက် ဘုရားနှုတ်ကပတ်တော်များကို သင်တန်ဖိုးမထားသေးသည်မှာ အဘယ်မျှ သနားချင့်စဖွယ် ကောင်းသနည်း။ သင်သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးဖြစ်သော်လည်း သမ္မာတရားများစွာကို ရှာတွေ့နိုင်ခြင်း မရှိသေးသကဲ့သို့ လက်တွေ့ကျမှုထဲသို့ လုံးဝ မဝင်ရောက်နိုင်သေးသည်မှာ အံ့ဩစရာမရှိပေ။ ဘုရားနှုတ်ကပတ်တော်အားလုံးက သမ္မာတရားဖြစ်ကြောင်း သင်အမြဲ ပြောသော်လည်း ဤသည်တို့သည် အယူအဆဆိုင်ရာနှင့် နှုတ်ဖြင့် ပြောဆိုချက်များသာ ဖြစ်သည်။ အရိုးရှင်းဆုံးနှင့် ပထမဆုံး ဖော်ပြထားသည့် ဘုရားနှုတ်ကပတ်တော် စာပိုဒ်များကို ထုတ်ပြပြီး ထိုနှုတ်ကပတ်တော်များတွင် မည်သည့် သမ္မာတရားများ ရှိသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လူကို ဘုရားသခင်က မည်သည့် တောင်းဆိုချက်များနှင့် စံနှုန်းများပေးသည်ဆိုသည်တို့ကို မေးခြင်းခံရပါက သင်တို့သည် ဆွံ့အကာ စကားတစ်ခွန်းမျှ တုံ့ပြန်ပြောဆိုနိုင်မည်မဟုတ်ပေ။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုကာ နားထောင်ပြီးဖြစ်သည်။ သို့ဆိုလျှင် ထိုနှုတ်ကပတ်တော်များအပေါ် အဘယ်ကြောင့် စစ်မှန်သည့် သိနားလည်မှု မရှိကြပါသနည်း။ ပြဿနာ၏ ရင်းမြစ်မှာ အဘယ်နည်း။ အမှန်တွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို လုံလောက်အောင် တန်ဖိုးမထားခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်တန်ဖိုးထားသည့် လက်ရှိ အတိုင်းအတာတွင် သင်သည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို ရှာတွေ့ခြင်းမှ အလှမ်းဝေးသကဲ့သို့ ထိုနှုတ်ကပတ်တော်များမှတစ်ဆင့် လူ့အပေါ် ဘုရားသခင် ပေးသနားသည့် တောင်းဆိုချက်များ၊ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတို့ကို ရှာဖွေတွေ့ရှိခြင်းမှ သင် အလှမ်းဝေးနေပေသည်။ ဤသည်မှာ သင့်အပေါ် အမှုအရာများ ကျရောက်သည့်အခါ သင် အမြဲ စိတ်ရှုပ်ထွေးပြီး စည်းမျဉ်းများ လုံးဝ ရှာမတွေ့နိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ အမှုအရာများစွာကို သင်တွေ့ကြုံသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ မသိ၊ သို့မဟုတ် မရင့်ကျက်၊ သို့မဟုတ် သိပ်များစွာ ပြောင်းလဲခြင်းမရှိ၊ သို့မဟုတ် အနည်းငယ်မျှသော ဆုလာဘ်ထက်ပို၍ အကျိုးခံစားခြင်း မရှိရသည့် အကြောင်းရင်း ဖြစ်သည်။ ဤကဲ့သို့သော လူတို့သည် အလွန်သနားချင့်စဖွယ်ဖြစ်သည် မဟုတ်လော။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။