စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည် (အပိုင်း သုံး)

ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းကို လူတို့ ရရှိလာကြသည့် ဖြစ်စဉ်တွင် ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ (သူသည် ဉာဏ်အလင်းပေး၊ လမ်းပြသည်၊ ပတ်ဝန်းကျင်များကို စီစဉ်ညွှန်ကြားပြီးနောက် သမ္မာတရားကို ယူဆောင်ကာ လူတို့ထဲတွင် အမှုပြုပါသည်။) ပေတရုက သခင်ယေရှုထံမှ သူ့အပေါ် ပြစ်တင်မောင်းမဲခြင်းကို ခံယူရခဲ့ချိန်တွင် ယင်းမှာ ဘုရားသခင်က သူ့ကို ဖော်ထုတ်နေခြင်း၊ တရားစီရင်နေခြင်းနှင့် ပြစ်တင်ရှုတ်ချနေခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု မရရှိမီတွင် ဤအရာများကို တွေ့ကြုံရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများကို တွေ့ကြုံရန် လိုအပ်သနည်း။ ဤအရာများမရှိဘဲနှင့် မဖြစ်နိုင်မည်လော။ တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်း၊ အပြစ်ဖော်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြစ်တင်မောင်းမဲခြင်းနှင့် ကျိန်ခြင်းကိုပင် ရှောင်ကွင်း၍ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သခင်ယေရှုက ပေတရုကို ပြစ်တင်မောင်းမဲခြင်းထက် “ပေတရု၊ သင် ပြောသည့်စကားသည် ရည်ရွယ်ချက်ကောင်းသည်ကို ငါ သိသော်လည်း နောင်အနာဂတ်တွင် ထိုသို့မပြောနှင့်။ လူသား ရည်ရွယ်ချက်ကောင်းများဖြင့် ငါ၏ အကြံအစည်ကို မဟန့်တားနှင့်။ စာတန်ကိုယ်စား စကားပြောကာ စာတန်၏ ထွက်ပေါက်အဖြစ် ပြုမူဆောင်ရွက်ခြင်း မရှိနှင့်။ အနာဂတ်တွင် ပိုမို ဂရုစိုက်ပြီး အဓိပ္ပာယ်မဲ့သောအရာကို မပြောနှင့်။ စကားမပြောမီ သင်၏ စကားများက မှန်ခြင်းရှိမရှိဆိုသည်နှင့် ယင်းတို့က ဘုရားသခင်ကို ဝမ်းနည်းကြေကွဲစေခြင်း သို့မဟုတ် ဒေါသထွက်စေခြင်း ရှိမရှိဆိုသည်ကို သေချာစဉ်းစားလော့”ဟု ဆိုလျက် ထိုကိစ္စရပ်ကို ပေတရုနှင့်အတူ ခင်မင်ရင်းနှီးသော ပုံစံဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်သည် ဆိုပါစို့။ ဤသို့ စကားပြောဆိုခြင်းက အလုပ်ဖြစ်မည်လော။ (အလုပ်ဖြစ်မည်မဟုတ်ပါ။) အဘယ်ကြောင့် အလုပ်မဖြစ်သနည်း။ လူတို့သည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရင်းမြစ်များက အလွန်နက်ရှိုင်းလွန်းပေသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့၏ အတွေးများ၊ လုပ်ဆောင်ချက်များ၊ စိတ်ကူးများ၊ အယူအဆများ၊ ၎င်းတို့ ဘဝများ၏ ရည်မှန်းချက်များနှင့် ဦးတည်ချက်များအပြင် ၎င်းတို့ ပြောဆိုလုပ်ဆောင်သမျှ အားလုံးအတွက် အရင်းခံအကြောင်းများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လာပေသည်။ ဘုရားသခင်က ၎င်းတို့ကို ပြစ်တင်မောင်းမဲခြင်းမရှိလျှင် အဆင်ပြေသလော။ ဤပြဿနာ၏ ဆိုးရွားမှုကို ၎င်းတို့ သဘောပေါက်လိမ့်မည်လော။ ၎င်းတို့ အပြစ်၏ ဖြစ်ကြောင်းရင်းမြစ်သည် အမြစ်ဖြတ်ခံရနိုင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့ အပြစ်၏ ဖြစ်ကြောင်းရင်းမြစ်က အမြစ်ဖြတ်မခံရနိုင်ပါက ဘုရားသခင်ကို လူတို့ ကျိုးနွံနာခံနိုင်သလော။ (ကျိုးနွံနာခံနိုင်ခြင်း မရှိပါ။) ဘုရားသခင်က လူတို့ကို ရှုတ်ချပြီး ကျိန်ဆဲသည့်အခါ ကောင်းသောအရာဖြစ်သည်၊ သို့မဟုတ် မကောင်းသောအရာ ဖြစ်သည်ဆိုသည်မှာ ယခုတွင် သင်တို့အဖို့ ရှင်းသွားပြီလော။ (ကောင်းသောအရာတစ်ခု ဖြစ်ပါသည်။) ဘုရားသခင်က လူတို့ကို ထုတ်ဖော်ရန်မှာ ကောင်းသောအရာတစ်ခုဖြစ်သလော။ (ကောင်းသောအရာဖြစ်ပါသည်။) လူတို့တွင် မည်သည့်အရာကို သူ ထုတ်ဖော်သနည်း။ (၎င်းတို့၏ အားနည်းချက်၊ ဝိညာဉ်ရင့်ကျက်မှုနှင့် ဘုရားသခင်၌ ယုံကြည်ကိုးစားမှုတို့ကို သူ ထုတ်ဖော်ပါသည်။) သူသည် လူတို့ကို အလျှင်း ထုတ်ဖော်ပေသည်။ သင် စွဲကိုင်သည့် အယူဝါဒများ၊ သင် စဉ်ဆက်မပြတ် ထပ်တလဲလဲပြောသည့် ပေါ်ပင်ရေပန်းစားသော စကားလုံးများ၊ သင်၏ ယုံကြည်လက်ခံမှုများ၊ သင်၏ အပြင်ပန်း စိတ်အားထက်သန်မှုနှင့် စေတနာထားသော ရည်ရွယ်ချက်များသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာများ မဟုတ်ပေ။ ဤသည်မှာ သူ အလိုရှိသည့်အရာ မဟုတ်။ သင်သည် မည်မျှ စိတ်ထက်သန်သည်ဖြစ်စေ၊ မည်မျှဝေးဝေး ခရီးနှင်သည်ဖြစ်စေ၊ ဤသည်မှာ သမ္မာတရားကို သင် ပိုင်ဆိုင်ကြောင်း ပြသနိုင်သလော။ သင့်ထံတွင် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိကြောင်း ပြသနိုင်သလော။ (မပြနိုင်ပါ။) ဤသည်တို့မှာ ဘုရားသခင် အသိအမှတ်ပြုသည့် အရာများ မဟုတ်ပေ။ လူသား ကောင်းမြတ်ခြင်းနှင့် စိတ်ကူးများသည် အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ပိုင်ဆိုင်ရန်၊ ဘုရားသခင် အမှုပြုသည့် နည်းစနစ်အမျိုးမျိုးကို သင် တွေ့ကြုံရမည်။ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ကျိန်ခြင်း၊ တစ်ခါတစ်ရံတွင် ပဲ့ပြင်ဆုံးမခြင်းနှင့် အပြစ်ပေးခြင်းတို့သည်ပင် လိုအပ်၏။ ဤအရာများကို ကြောက်ရွံ့ရမည်လော။ ကြောက်ရွံ့ရမည့် အရာများ မဟုတ်ပေ။ ယင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက်၊ ဘုရားသခင်၏ စဉ်းစဉ်းစားစား အလေးထားခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတို့ ရှိကြသည်။ ဤအခက်အခဲကို သည်းခံရကျိုးနပ်ပေသည်။ ဘုရားသခင်သည် လူတို့အပေါ် အမှုပြုရန် ဤအရာများကို လုပ်ဆောင်ပြီး ဤနည်းစနစ်များကို အသုံးပြုသည်။ ဤအရာက ဘုရားသခင်သည် ဤလူများထံမှ အမှုအရာများကို မျှော်လင့်ပြီး ၎င်းတို့ထံမှ တစ်စုံတစ်ရာ အလိုရှိကြောင်း ပြသပေသည်။ ဤအရာများကို ကြုံရာကျပန်း၊ အကြောင်းရင်းမရှိဘဲ သို့မဟုတ် စိတ်ကူးများပေါ် အခြေခံ၍ ဘုရားသခင် မလုပ်ဆောင်ပေ။ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို လုံးဝ ထင်ဟပ်ကြ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် လူတို့အား ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းဆီသို့ ခေါ်ဆောင်လိုပြီး သမ္မာတရားကို လက်ခံစေလိုသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကာ ကယ်တင်ခြင်း ရရှိစေလိုသည်။

ငါ့ကို ပြောလော့၊ ပေတရုက သခင့်ကို သုံးကြိမ် ငြင်းပယ်ပြီးသည့်နောက်တွင် သူ၏ ယုံကြည်ခြင်းကို သူ ပြန်လည်သုံးသပ်ခဲ့သလော။ (ပြန်လည်သုံးသပ်ခဲ့ပါသည်။) ပုံမှန်လူ့သဘာဝရှိသည့် လူများ၊ သမ္မာတရားကို လိုက်စားသောသူများသည် ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများ ကြုံရသည့်အခါ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကြလိမ့်မည်။ ပေတရုသည် ဤနည်းဖြင့် မိမိကိုယ်ကို မုချ ပြန်လည်သုံးသပ်ခဲ့မည်ဖြစ်သည်။ သမ္မာတရားကို မချစ်သောလူတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ ပြန်လည်သုံးသပ်ကြလိမ့်မည် မဟုတ်။ ပေတရုကဲ့သို့သော အခြေအနေတစ်ခုကို ၎င်းတို့ ကြုံရလျှင် “သခင့်ကို ကျွန်ုပ် သုံးကြိမ်ငြင်းပြီးသော်လည်း ဤသည်တို့မှာ ထူးခြားသော အခြေအနေများ ဖြစ်သည်။ ထိုသို့သော ထူးခြားသည့် အခြေအနေများအောက်တွင် မည်သူက မစိုးရိမ်၊ မကြောက်ရွံ့၊ အားမနည်းဘဲ နေမည်နည်း။ ထိုအရာမှာ အရေးမကြီးပါ။ သခင့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာ ကြီးမားနေဆဲဖြစ်သည်၊ ကျွန်ုပ်၏ စိတ်နှလုံးက စိတ်ထက်သန်မှုဖြင့် လောင်မြိုက်နေသည်။ ကျွန်ုပ်၏ စိတ်ဓာတ်က သန်မာပြီး သခင့်ကို ကျွန်ုပ် မည်သည့်အခါတွင်မျှ စွန့်ခွာမည်မဟုတ်၊ မည်သည့်အခါတွင်မျှ စွန့်ပစ်မည်မဟုတ်။ သခင့်ကို သုံးကြိမ် ငြင်းပယ်ခြင်းသည် သေးငယ်သည့် ပြစ်ချက်တစ်ခုသာ ဖြစ်ပြီး ဘုရားသခင်က ထိုအရာကို မအောက်မေ့မည်မှာ သေချာသလောက် ဖြစ်သည်။ အဆုံးမှာတော့ ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်ကိုးစားမှုက အတော်အတန် ကြီးမားပါသည်”ဟု ၎င်းတို့က ပြောဆိုကြလိမ့်မည်။ ဤသည်မှာ မည်သည့် ပြန်လည်သုံးသပ်မှုမျိုး ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထားဖြစ်သလော။ ဤသည်မှာ စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရရှိရန် နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) ပေတရုက “သခင်ယေရှု၊ ကိုယ်တော်သည် လူတို့ကို အလွန်ကောင်းစွာ သိရှိပါသည်။ သို့သော် ထိုသို့သော အရာတစ်ခု ကျွန်ုပ် လုပ်ဆောင်မည်ကို ကိုယ်တော် အဘယ်သို့များ ခန့်မှန်းနိုင်ရပါသနည်း။ ကိုယ်တော့်ကို ကျွန်ုပ် ငြင်းပယ်မည်ကို ကိုယ်တော် ကြိုတင်ဟောကိန်း မထုတ်ခဲ့သင့်ပါ။ ထို့ထက် ကိုယ်တော့်ကို ကျွန်ုပ် သုံးကြိမ် အသိအမှတ်ပြုမည်ကို ကိုယ်တော် ကြိုတင်ဟောကိန်းထုတ်ခဲ့သင့်သည်။ ယင်းမှာ သိပ်ကောင်းမွန်ခဲ့မည်ဖြစ်ပြီး ထိုအခါ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ ဂုဏ်ယူဝင့်ကြွားစွာ လိုက်နိုင်ခဲ့မည်ဖြစ်သည်။ ထို့အပြင် ထိုအရာက ကိုယ်တော်၌ရှိသည့် ကျွန်ုပ်၏ ကြီးမားသော ယုံကြည်ကိုးစားမှုကို ပြသခဲ့မည်ဖြစ်ပြီး ကိုယ်တော်၏ ကြိုတင်ဟောကိန်းသည်လည်း မှန်ကန်တိကျကြောင်း သက်သေပြပြီးဖြစ်မည်။ ထိုအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ နှစ်ဦးလုံး စိတ်ကျေနပ်ခဲ့မည်ဖြစ်သည်။ ကိုယ်တော်ကို ကျွန်ုပ် မှန်ကန်စွာ ယုံကြည်ခဲ့လေခြင်းပါတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်အောင်ပြုကာ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပေးရမည်။ ကျွန်ုပ်ကို ကိုယ်တော် ပြစ်တင်မောင်းမဲခြင်း မပြုသင့်ပါ။ ကျွန်ုပ်ကို ဤပုံစံဖြင့် ကိုယ်တော် မဆက်ဆံသင့်ပါ။ ကျွန်ုပ်သည် သိက္ခာရှိသော ပေတရုဖြစ်သည်။ ဘုရားသခင်ကို ငြင်းပယ်သည့် စကားများကို ကျွန်ုပ် မည်သည့်အခါတွင်မျှ မပြောခဲ့သင့်ပါ။ ထိုအရာမှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်ရပြီး ရှက်ဖွယ်ရာပင်။ ကိုယ်တော်သည် အဘယ်ကြောင့် ထိုသို့သောအရာတစ်ခုကို ကျွန်ုပ်အပေါ် ထားရှိပါသနည်း။ အခြားတစ်စုံတစ်ဦးကို အဘယ်ကြောင့် မထားရသနည်း။ ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အရာက မမျှတပါ။ ကိုယ်တော်ကို ကျွန်ုပ် ငြင်းပယ်မိခဲ့ကြောင်း ကျွန်ုပ် ဝန်ခံသော်လည်း ကျွန်ုပ်၏ အရှက်ရခြင်းကို လူတိုင်း မြင်နိုင်ရန်အလို့ငှာ ကိုယ်တော်က ကျွန်ုပ်ကို ဤကဲ့သို့ ထုတ်ဖော်ရန် လိုအပ်ခဲ့ပါသလော။ ဤနေရာမှ အဘယ်နေရာသို့ ကျွန်ုပ် သွားရမည်နည်း။ အနာဂတ်တွင် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို ကျွန်ုပ် ရရှိနိုင်သေးသလော။ ဤအရာက ကိုယ်တော်သည် ကျွန်ုပ်အပေါ် လက်လျှော့ပြီးဖြစ်သည်ဟု မဆိုလိုသလော။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဤအရာက မျှတခြင်းမရှိဟု ကျွန်ုပ် ခံစားရပါသည်”ဟု စဉ်းစားခဲ့လျှင်ကော။ ဘုရားသခင်နှင့်အတူ ဤကဲ့သို့ အကျိုးသင့်အကြောင်းသင့် ပြောဆိုရန်မှာ မှန်ကန်သလော၊ သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) ဤသည်မှာ မည်သည့် အခြေအနေမျိုး ဖြစ်သနည်း။ ဤနေရာတွင် ပေတရုက မနာခံခြင်းနှင့် စောဒကတက်ခြင်းများ ရှိ၏။ ဘုရားသခင်၏ အမှုတော်က သူ၏ အယူအဆများ၊ အကြိုက်များနှင့် မကိုက်ညီကြောင်း ပေတရုက စောဒကတက်သည်။ ထိုအရာက သူ့အား ဂုဏ်ယူဝင့်ကြွားနိုင်ခြင်း မရှိအောင် သိက္ခာနှင့် အဆင့်အတန်း ဆုံးရှုံးစေသည်။ ဤတွင် သူသည် လူသားရွေးချယ်မှုများ ရှိသည်၊ လူသား မကျေနပ်ချက်များ၊ မနာခံမှု၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်မှုတို့ ရှိသည်။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဤသို့ စဉ်းစားခြင်း၊ ဤသို့ ပြုမူဆောင်ရွက်ခြင်းနှင့် ထိုသို့သော သဘောထားနှင့် အခြေအနေတစ်ခု ရှိခြင်းတို့က သိသိသာသာ မှားယွင်းပေသည်။ လူတို့က ဤကဲ့သို့ စဉ်းစားကာ ပြုမူဆောင်ရွက်ပြီး ဘုရားသခင်က ၎င်းတို့ကို အပြစ်ဖော်ဆုံးမခြင်း မရှိပါက ထုတ်ဖော်ခံရပြီးသည့်နောက်တွင် စစ်မှန်သော ယုံကြည်ခြင်း ၎င်းတို့ ဖြစ်ပေါ်စေနိုင်သလော။ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ၎င်းတို့ ပိုင်ဆိုင်နိုင်သလော။ (မပိုင်ဆိုင်နိုင်ပါ။) ဤကဲ့သို့သော အခြေအနေတွင် ၎င်းတို့ထဲတွင် ဘုရားသခင် ထုတ်ဖော်သည့်အရာနှင့် ၎င်းတို့ကို ဘုရားသခင် ဆက်ဆံပုံတို့အား ညည်းညူ၊ ပုန်ကန်၊ အတိုက်အခံလုပ်ပြီး ငြင်းပယ်သည့် လူတို့အတွက် မည်သည့် ရလဒ်မျိုး အဆင်သင့်ရှိသနည်း။ ဤအရာက ထိုသို့သော လူတို့၏ ဘဝများကို မည်သည့်အရာ ဆောင်ကြဉ်းပေးသနည်း။ ထိုအရာဆောင်ကြဉ်းသည့် ပထမဆုံးသောအရာမှာ ဆုံးရှုံးမှုဖြစ်သည်။ “ဆုံးရှုံးမှု”၏ သွယ်ဝိုက်ညွှန်းဆိုသောအရာမှာ အဘယ်နည်း။ ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် သင့်ကို ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲလွန်းပေသည်။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် ရွေးချယ်မှုများအမြဲရှိကာ သင်၏ ကိုယ်ပိုင် အကြိုက်များ၊ ကိုယ်ပိုင် အလိုဆန္ဒ၊ ကိုယ်ပိုင် အယူအဆများနှင့် ကိုယ်ပိုင် စိတ်ကူးများ၊ အယူအဆများနှင့် ကောက်ချက်များ အမြဲရှိသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သေးသနည်း။ သင့်အတွက် ဘုရားသခင်သည် သင်၏ခံယူချက်နှင့် သင်၏ ဝိညာဉ်ရေးရာ အထောက်အပံ့တို့အတွက် ဦးတည်ရည်မှန်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သင်သည် ဘုရားသခင်၊ ဘုရားနှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အသက် ပံ့ပိုးမှုတို့ မလိုအပ်သကဲ့သို့ သင်သည် ဘုရားသခင်အား သင့်ကို နာကျင်မှုများစွာဖြစ်စေသည့် တရားစီရင်ခြင်းအမှု တစ်မျိုးမျိုး သင့်အပေါ် လုပ်ဆောင်စေရန် မုချ မလိုအပ်ပေ။ တုံ့ပြန်သည့်အနေဖြင့် ဘုရားသခင်က “ယင်းမှာ လွယ်ပါသည်၊ သင့်ကို ငါ ထိုသို့လုပ်ဆောင်ရန် မလိုပါ။ တစ်ခုသာရှိသည်။ သင် ငါ့ကို စွန့်ခွာရမည်။ သင့်ထံတွင် သင်၏ ရွေးချယ်မှုများအတွက် လုပ်ပိုင်ခွင့်ရှိပြီး ငါ့ထံတွင်လည်း ရွေးချယ်မှုများပြုလုပ်ရန် လုပ်ပိုင်ခွင့်ရှိသည်။ သင့်ကို ငါ မကယ်တင်ရန် ရွေးချယ်နိုင်သကဲ့သို့ သင့်ကို ငါ ကယ်တင်သည့်ပုံစံကို လက်မခံရန် သင်ရွေးချယ်နိုင်သည်”ဟု ပြောသည်။ ဤအရာက သင်နှင့် ဘုရားသခင်သည် အချင်းချင်း မည်သို့မျှ ပတ်သက်ခြင်းမရှိဟု ဆိုလိုသလော။ ဤသည်မှာ ဘုရားသခင်၏ လွတ်လပ်မှုလော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ဤအရာ လုပ်ဆောင်ပိုင်ခွင့်ရှိသလော။ (ရှိပါသည်။) ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံရန် လူတို့တွင် ရွေးချယ်ပိုင်ခွင့်ရှိသလော။ (ရှိပါသည်။) လူတို့တွင် ဤလုပ်ပိုင်ခွင့်လည်း ရှိပေသည်။ သင့်အတွက် ဘုရားသခင်၌ ရှိသည့် ကယ်တင်ခြင်းကို သင် စွန့်လွှတ်နိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်၊ သို့သော် အဆုံးတွင် ဆုံးရှုံးမှုကို ခံစားရသည်မှာ သင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိမ့်မည် မဟုတ်သည်သာမက သင့်ကိုလည်း ဘုရားသခင်က ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။ အဆုံးတွင် သင်သည် နှစ်ဆအပြစ်ပေးခံရလိမ့်မည်။ ဤသည်မှာ သင့်အတွက် အဆုံးသတ်ဖြစ်သည်။ သင့်အတွက် သိုမှီးထားသော ဒုက္ခဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခံရလိုသည့် လူတို့သည် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရန် ရွေးချယ်ရမည်။ ဤနည်းဖြင့်သာ လူတို့သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု ဖြစ်ပေါ်နိုင်ပြီး သူ၌ စစ်မှန်သည့် ယုံကြည်ခြင်း ရရှိနိုင်ပေသည်။ ထိုသို့သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းဖြစ်စဉ်တွင် တဖြည်းဖြည်း ဖြစ်ပေါ်ပေသည်။

လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့ စကားနှင့် လုပ်ရပ်နောက်ကွယ်ရှိ ရည်ရွယ်ချက်များတွင်၊ အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားအမြင်တွင်၊ ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းအပြင် သမ္မာတရား၊ ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်နှင့် စပ်လျဉ်းသည့် ၎င်းတို့၏ အမြင်များ၊ သိနားလည်မှု၊ အယူအဆများ၊ သဘောထား၊ အလိုဆန္ဒများနှင့် တောင်းဆိုချက်များတွင် ကွယ်ဝှက်နေ၏။ ထိုအရာသည် လူတို့၏ စကားများနှင့် လုပ်ရပ်များမှ ၎င်းတို့ မသိလိုက်ဘဲနှင့် ထုတ်ဖော်ပေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် လူများ၏ အတွင်းထဲမှ ဤအရာများကို မည်သို့ သဘောထားသနည်း။ သင့်ကို ဖော်ထုတ်ရန် အခြေအနေအမျိုးမျိုးကို သူ စီစဉ်၏။ သင့်ကို ထုတ်ဖော်ပြရုံသာမက သင့်ကို တရားလည်း သူ စီရင်မည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်သည့်အခါ၊ ဘုရားသခင်ကို အာခံသည့် အတွေးများနှင့် စိတ်ကူးများ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်သည့် အခြေအနေများနှင့် ရှုထောင့်အမြင်များ သင် ရှိသည့်အခါ၊ ဘုရားသခင်ကို သင်နားလည်မှုလွဲသည့်၊ သို့မဟုတ် သူ့ကို အာခံပြီး ဆန့်ကျင်သည့် အခြေအနေများ သင်ရှိသည့်အခါ ဘုရားသခင်သည် သင့်ကို ပြစ်တင်မောင်းမဲမည်၊ သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမမည်၊ ပြီးလျှင် တစ်ခါတစ်ရံ သင့်ကို သူ ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပင် ပေးလိမ့်မည်။ သင့်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့ကို နောင်တရစေကာ ပြောင်းလဲစေရန် ဖြစ်သည်။) ဟုတ်ပေ၏၊ သင့်ကို နောင်တရစေရန် ရည်ရွယ်ပေသည်။ သင့်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့်အရာမှာ ထိုအရာက သင်၏ လမ်းကြောင်းကို ပြောင်းလဲခွင့်ပေးခြင်း ဖြစ်သည်။ ယင်းမှာ သင်၏ အတွေးများသည် လူ၏ အယူအဆများဖြစ်ကြောင်းနှင့် ယင်းတို့သည် မှားယွင်းကြောင်း သင့်ကို နားလည်စေရန်ဖြစ်သည်။ သင်၏ အရင်းခံအကြောင်းများသည် စာတန်ထံမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် လူ၏ ဆန္ဒမှ အရင်းခံကြောင်း၊ ယင်းတို့သည် သမ္မာတရားနှင့် အညီမဟုတ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် မလုပ်ဆောင်နိုင်ကြောင်း၊ ဘုရားသခင်အတွက် စက်ဆုပ်ဖွယ်နှင့် မုန်းတီးဖွယ်ဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို နှိုးဆွပေးသည့်အပြင် သူ၏ ကျိန်ခြင်းကိုပင် နိုးကြွစေကြောင်း သင့်ကို နားလည်စေရန် ဖြစ်သည်။ ဤအရာကို သဘောပေါက်ပြီးနောက်တွင် သင်၏ အရင်းခံအကြောင်းများနှင့် သဘောထားတို့ကို ပြောင်းလဲရမည်ဖြစ်သည်။ ယင်းကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ ပထမဦးစွာ သင့်ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းနှင့် သင့်အတွက် သူ စီစဉ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် ကျိုးနွံနာခံရမည်။ အပြစ်အနာအဆာ မရှာဖွေသင့်၊ ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများကို မပေးနှင့်၊ ပြီးလျှင် သင်၏ တာဝန်များကို ခေါင်းမရှောင်နှင့်။ ဒုတိယအနေဖြင့် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာကို လုပ်ဆောင်သည့်အချိန်တွင် ဝင်ရောက်လော့။ ဘုရားသခင်သည် သင့်အား ဤအရာများကို နားလည်ဖို့ တောင်းဆိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများအပေါ် သင် ကျိုးနွံနာခံမှုရှိနိုင်ဖို့ရန်နှင့် နောက်ဆုံးတွင် သင့်အတွက် သူ၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက် သူသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သည့် အနှစ်သာရတို့အား သတိပြုမိစေချင်သည်။ ဤသို့ဆိုလျှင် စမ်းသပ်မှုကို သင် ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို သင်ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်နှင့် ငြင်းခုံတော့မည် မဟုတ်ဘဲ ကျိုးနွံနာခံနိုင်လိမ့်မည်။ ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့” ဟု ပြောသည့်အခါ သင်က “ဘုရားသခင်က ကျွန်ုပ်ကို စာတန်ဟု ပြောပါက ကျွန်ုပ်သည် စာတန်ဖြစ်၏။ ကျွန်ုပ် မည်သည့်အရာကို အမှားလုပ်မိသည်၊ သို့မဟုတ် ကျွန်ုပ်စာတန်ဖြစ်သည်ဟု ဘုရားသခင် အဘယ်ကြောင့်ပြောသည်ကို ကျွန်ုပ်နားမလည်သော်လည်း သူကျွန်ုပ်ကို နောက်ဆုတ်ရန် အမိန့်ပေးသဖြင့် ကျွန်ုပ်တုံ့ဆိုင်းမည်မဟုတ်ပါ။ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ကျွန်ုပ်ရှာဖွေရမည်” ဟု ပြန်ပြောလိမ့်မည်။ သင့်လုပ်ရပ်များ၏ သဘာဝမှာ စာတန်ဆန်သည်ဟု ဘုရားသခင် ပြောသည့်အခါ သင်က “ဘုရားသခင်ပြောသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်အသိအမှတ်ပြု၏၊ ကျွန်ုပ်အားလုံးလက်ခံသည်” ဟု သင်ပြောသည်။ ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ကျိုးနွံနာခံမှုဖြစ်သည်။ သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သည်ဟု ဘုရားသခင်ပြောခြင်းကို အင်တင်တင်ဖြင့် သင်လက်ခံနိုင်သော်လည်း သင်သည် လူ့တိရစ္ဆာန်တစ်ကောင်ဖြစ်သည်ဟု သူပြောချိန်တွင် ယင်းကို သင် လက်မခံနိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်စွမ်း မရှိသည့်အခါတွင် ယင်းသည် ကျိုးနွံနာခံမှုလော။ ကျိုးနွံနာခံမှုဆိုသည်မှာ အကြွင်းမဲ့ လေးစားလိုက်နာခြင်းနှင့် လက်ခံခြင်းဖြစ်သည်၊ ငြင်းခုံခြင်းမဟုတ်ပေ၊ သို့မဟုတ် သတ်မှတ်ချက်များကို ချမှတ်ခြင်း မဟုတ်ပေ။ ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများက မည်သို့ဖြစ်ပါစေ အကြောင်းတရားနှင့် အကျိုးတရားကို မစိစစ်ခြင်းနှင့် လက်ခံခြင်းကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတို့သည် ဤသို့သော ကျိုးနွံနာခံမှုကို ရရှိပြီးသည့်အချိန်တွင် ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် နီးစပ်လေသည်။ ဘုရားသခင် သာ၍ ဆောင်ရွက်လေ၊ သင်သည် သာ၍ တွေ့ကြုံလေဖြစ်ကာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် သင့်အတွက် သာ၍ စစ်မှန်လေဖြစ်၍ ဘုရားသခင်၌ သင်၏ ယုံကြည်ကိုးစားမှုသည် သာ၍ ကြီးမားလာပြီး “ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမြတ်၏၊ မည်သည့်အရာမျှ မဆိုးပါ။ ငါသည် စံရွေးရမည်မဟုတ်ဘဲ ကျိုးနွံနာခံသင့်သည်။ ငါ၏တာဝန်၊ ငါ၏ဝတ္တရား၊ ငါ၏အလုပ်ဟူသည်တို့မှာ ကျိုးနွံနာခံဖို့ ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ငါလုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်ကိုပင် ငါ ကျိုးနွံနာခံနိုင်ခြင်း မရှိပါက ငါသည် မည်သည့်အရာ ဖြစ်သနည်း။ ငါသည် လူတိရစ္ဆာန်တစ်ကောင်ဖြစ်သည်၊ နတ်ဆိုးဖြစ်သည်” ဟု သင် သာ၍ ခံစားရလိမ့်မည်။ ဤအရာက ယခု သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသည်ဟု ပြသသည် မဟုတ်လော။ ဤအဆင့်ထိ သင်ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက် သင်၌ အစွန်းအထင်း ရှိလိမ့်မည် မဟုတ်သောကြောင့် ဘုရားသခင်အနေဖြင့် သင့်ကို အသုံးပြုရန်မှာ လွယ်ကူလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့လည်း သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်၏။ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိသည့်အခါတွင် သူ၏ ကောင်းချီးများကို ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် ကျိုးနွံနာခံခြင်းမှ သင်ယူရမည့် သင်ခန်းစာများစွာ ရှိ၏။

ပေတရုသည် ဘုရားသခင်အတွက် စစ်မှန်သော နာခံမှုပိုင်ဆိုင်သည်။ ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟု ပြောသည့်အခါ သူသည် နှုတ်ဆိတ်နေခဲ့ပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်ခဲ့သည်။ ယနေခေတ် လူတို့သည် ဤအရာကို မလုပ်ဆောင်နိုင်ကြပေ။ ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟု ပြောလျှင် ၎င်းတို့က “သင်က မည်သူ့ကို စာတန်ဟု ခေါ်နေသနည်း။ ကျွန်ုပ် စာတန်ဖြစ်သည်ဟု ပြောခြင်းသည် အဆင်မပြေပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရသည်ဟု ပြောလော့။ ယင်းသည် အတော်ကောင်းမွန်ပါသည်။ ကျွန်ုပ် လက်ခံကာ ကျိုးနွံနာခံနိုင်သည်။ ကျွန်ုပ် စာတန်ဖြစ်သည်ဟု သင် ပြောလျှင် ကျွန်ုပ် ကျိုးနွံနာခံနိုင်ခြင်း မရှိပါ”ဟု ပြောကြလိမ့်မည်။ သင် ကျိုးနွံနာခံနိုင်ခြင်း မရှိပါက သင့်ထံတွင် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိသလော။ စစ်မှန်သည့် ကျိုးနွံနာခံမှု သင် ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ကျိုးနွံနာခံခြင်းနှင့် စစ်မှန်သည့် ယုံကြည်ကိုးစားခြင်းတို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်းရှိသည့်အခါတွင်သာ သင်သည် စစ်မှန်သည့် ကျိုးနွံနာခံမှု ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်ကို သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သည့်အခါတွင်သာ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှုက သင့်အတွင်းတွင် တဖြည်းဖြည်း ထွက်ပေါ်နိုင်ပေသည်။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် ဖြစ်စဉ်တွင် သင်သည် စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရရှိသော်လည်း စစ်မှန်သည့် ယုံကြည်ကိုးစားမှု ကင်းမဲ့ပါက ဘုရားသခင်ကို သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ (မနာခံနိုင်ပါ။) ဤအရာများက ဆက်စပ်နေပြီး ဤသည်မှာ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် မသက်ဆိုင်ပေ။ သမ္မာတရားသည် အတွေးအခေါ် မဟုတ်၊ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ရသည့်အရာ မဟုတ်ပေ။ သမ္မာတရားများသည် အပြန်အလှန်ဆက်နွှယ်ပြီး လုံးဝ ခွဲမရနိုင်ပေ။ သင်က “ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ သင်သည် ဘုရားသခင်ကို ယုံကြည်ကိုးစားမှု ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ကိုးစားမှုရှိလျှင် ဘုရားသခင်ကို သင် နာခံရမည်ဖြစ်သည်”ဟု ပြောပါက ဤသည်မှာ စည်းမျဉ်းစည်းကမ်းတစ်ခု၊ စကားရပ်တစ်ခု၊ သဘောတရားတစ်ခု၊ အဆင့်မြင့်ပုံရသည့် အမြင်တစ်ခု ဖြစ်သည်။ ဘဝ၏ ကိစ္စရပ်များသည် စည်းမျဉ်းစည်းကမ်းများ မဟုတ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သင်၏ တစ်ဦးတည်းသော ကယ်တင်ရှင်နှင့် စစ်မှန်သည့် တစ်ဦးတည်းသော ဘုရားသခင်ဖြစ်သည်ဟု သင် နှုတ်ဖြင့် အသိအမှတ်ပြုမြဲပြုနေသော်လည်း သင်သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိသလော။ အခက်အခဲနှင့် ကြုံရသည့်အခါ ခိုင်ခိုင်မာမာရပ်တည်ရန် မည်သည့်အရာအပေါ် သင် မှီခိုအားကိုးသနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်က အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီးဖြစ်သောကြောင့် လူများစွာက သူ့ကို လက်ခံကြသည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်အလို့ငှာ သူ့ကို လက်ခံကြသည်။ သို့ရာတွင် အဖမ်းအဆီးနှင့် ဒုက္ခဆင်းရဲတို့ဖြင့် ရင်ဆိုင်ရသည့်အခါ လူများစွာက နုတ်ထွက်ကြသည်၊ လူများစွာက မိမိတို့အိမ်များတွင် ပုန်းကွယ်ပြီး မိမိတို့ တာဝန်များကို မထမ်းဆောင်ဝံ့ကြချေ။ ဤအချိန်တွင် သင် ပြောဆိုသည့် စကားများဖြစ်သည့် “ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်ုပ် ယုံကြည်ပါသည်၊ လူ၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှု ရှိကြောင်းနှင့် ကျွန်ုပ်၏ ကံကြမ္မာက ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်းကို ကျွန်ုပ် ယုံကြည်ပါသည်”ဟူသည်မှာ အရိပ်အယောင်မရှိဘဲ အချိန်ကြာမြင့်စွာက ပျောက်ကွယ်သွားပြီးဖြစ်သည်။ ထိုအရာမှာ သင့်အတွက် ပေါ်ပင်ရေပန်းစားသည့် စကားတစ်ခွန်းမျှသာ ဖြစ်ခဲ့သည်။ သင်သည် ဤစကားများကို လက်တွေ့လုပ်ဆောင်ကာ မတွေ့ကြုံဝံ့သကဲ့သို့ ဤစကားများဖြင့် အသက်မရှင်သည့်အတွက် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှုရှိသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းရှိခြင်း၏ အနှစ်သာရမှာ ဘုရားသခင်၏ နာမကို ယုံကြည်ခြင်းသာ မဟုတ်ဘဲ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း အမှန်တရားကို ယုံကြည်ခြင်း ဖြစ်သည်။ ဤအချက်ကို သင်၏ အသက်အဖြစ်သို့ သင် ပြောင်းလဲစေရမည်၊ သင့်ဘဝ၏ တကယ့် သက်သေခံချက်အဖြစ်သို့ ပြောင်းလဲစေရမည် ဖြစ်သည်။ သင်သည် ဤစကားများဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ ယင်းမှာ ဤစကားများအား သင်၏ အပြုအမူကို လမ်းပြခွင့်ပေးကာ အခြေအနေများက သင်နှင့် ထိပ်တိုက်တွေ့သည့်အခါ သင့်လုပ်ရပ်များ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ကို လမ်းပြခွင့်ပေးခြင်း ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဤစကားများဖြင့် အသက်ရှင်ရမည်နည်း။ ဥပမာအနေဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန် နိုင်ငံရပ်ခြား နိုင်ငံတစ်နိုင်ငံသို့ သင် သွားနိုင်ပြီး ဤသည်မှာ အတော်ကောင်းမွန်သည်ဟု သင် တွေးထင်သည်ဆိုပါစို့။ အဆင်းနီသောနဂါးကြီး၏ အုပ်စိုးမှုသည် ရေမြေခြားတွင် မရှိသကဲ့သို့ ယုံကြည်မှုအပေါ် နှိပ်ကွပ်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းက သင်၏ အသက်ကို အန္တရာယ်မဖြစ်စေသောကြောင့် သင့်အနေဖြင့် စွန့်စားမှုများပြုလုပ်ရန် မလိုအပ်ပေ။ တရုတ်ပြည်မကြီးရှိ ဘုရားသခင်ကို ယုံကြည်သူများမှာမူ အချိန်မရွေး အဖမ်းခံရမည့် အန္တရာယ်ရှိသည်။ ၎င်းတို့သည် မကောင်းဆိုးဝါး၏ သားရဲတွင်းထဲတွင် အသက်ရှင်နေကြပြီး ယင်းမှာ အလွန်အန္တရာယ်များပေသည်။ ထို့နောက် တစ်နေ့တွင် ဘုရားသခင်က “သင်သည် ဘုရားသခင်ကို ရေမြေခြားတွင် အနှစ်အတော်ကြာ ယုံကြည်နေခဲ့ပြီးဖြစ်ကာ ဘဝအတွေ့အကြုံအချို့ ရရှိခဲ့ပြီးဖြစ်သည်။ တရုတ်ပြည်မကြီးတွင် နေရာတစ်ခု ရှိသည်။ ထိုနေရာရှိ ညီအစ်ကို မောင်နှမများသည် ဘဝအားဖြင့် မရင့်ကျက်ကြပါ။ သင် ပြန်သွားပြီး သူတို့ကို ထိန်းကျောင်းသင့်သည်”ဟု ပြောသည်။ ဤတာဝန်နှင့် ထိပ်တိုက်တွေ့ရသည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်မည်နည်း။ (ကျိုးနွံနာခံပြီး လက်ခံရမည်ဖြစ်သည်။) သင့်အနေဖြင့် အပြင်ပန်းတွင် လက်ခံကောင်းလက်ခံမည်ဖြစ်သော်လည်း သင်၏ စိတ်နှလုံးက မသက်မသာ ခံစားရမည်။ ညတွင် သင်၏ အိပ်ရာ၌ သင်သည် ငိုကြွေးကာ “ဘုရားသခင်၊ ကျွန်ုပ်၏ အားနည်းချက်ကို ကိုယ်တော်သိပါ၏။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပါသည်။ တရုတ်ပြည်မကြီးသို့ ကျွန်ုပ် ပြန်သွားလျှင်ပင် ဘုရားသခင်၏ ရွေးချယ်ထားသူများကို ကျွန်ုပ် ထိန်းကျောင်းနိုင်မည် မဟုတ်ပါ။ အခြားတစ်စုံတစ်ဦးကို သွားဖို့ ကိုယ်တော် မရွေးချယ်နိုင်ပါသလော။ ဤတာဝန်ပေးစေခိုင်းချက်သည် ကျွန်ုပ်ထံ ရောက်လာပြီး ကျွန်ုပ် အမှန်တကယ် သွားချင်သော်လည်း သွားလျှင် ကောင်းစွာ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်သည်ကို၊ ကျွန်ုပ်၏ တာဝန်ကို စိတ်ကျေနပ်ဖွယ် မထမ်းဆောင်နိုင်ဘဲ ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် လျော်ညီအောင်နေဖို့ ကျွန်ုပ် ပျက်ကွက်လိမ့်မည်ကို စိုးရွံ့မိပါသည်။ ရေမြေခြားတွင် နောက်ထပ် နှစ်နှစ် ကျွန်ုပ် ဆက်နေ၍ မရနိုင်ပါသလော”ဟု ဆုတောင်းသည်။ သင်သည် မည်သည့် ရွေးချယ်မှုကို ပြုလုပ်နေပါသနည်း။ သင်သည် သွားရန် လုံးဝ ငြင်းပယ်နေခြင်း မဟုတ်သော်လည်း သွားရန် အပြည့်အဝ သဘောတူနေခြင်းလည်း မဟုတ်ပေ။ ဤသည်မှာ မပြောဘဲသိသာသော ရှောင်လွှဲချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းလော။ ဤသည်မှာ ဘုရားသခင်ကို အရှင်းလင်းဆုံး ပုန်ကန်မှုတစ်ခု ဖြစ်သည်။ သင် ပြန်မသွားလိုခြင်းက သင်သည် အတိုက်အခံလုပ်တတ်သော စိတ်ခံစားမှုများ ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ဘုရားသခင်က ဤအရာကို သိသလော။ (သိပါသည်။) ဘုရားသခင်က “မသွားနှင့်။ ငါသည် သင့်အပေါ် မမျှမတဆက်ဆံခြင်းမရှိ၊ သင့်ကို စမ်းသပ်မှုတစ်ခု ပေးနေခြင်းသာ ဖြစ်သည်”ဟု ပြောလိမ့်မည်။ ဤသို့ဖြင့် သူသည် သင့်ကို ထုတ်ဖော်လေပြီ။ ဘုရားသခင်ကို သင် ချစ်သလော။ ဘုရားသခင်ကို သင် ကျိုးနွံနာခံသလော။ သင့်ထံတွင် စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိသလော။ (မရှိပါ။) ဤသည်မှာ အားနည်းချက်ဖြစ်သလော။ (မဟုတ်ပါ။) ပုန်ကန်မှုဖြစ်သည်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ဤစမ်းသပ်မှုက သင်သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု မရှိကြောင်း၊ စစ်မှန်သည့် ကျိုးနွံနာခံမှုမရှိသကဲ့သို့ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ကို သင် မယုံကြည်ကြောင်း ထုတ်ဖော်ပြပြီးဖြစ်သည်။ သင်က “ကျွန်ုပ် ကြောက်ရွံ့သရွေ့ မသွားရန် ရွေးချယ်ရာတွင် ကျွန်ုပ် တရားပါသည်။ ကျွန်ုပ်၏ အသက် အန္တရာယ်ရှိသရွေ့ ကျွန်ုပ် ငြင်း၍ရသည်။ ကျွန်ုပ်သည် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ကိုလက်ခံရမည်မဟုတ်သကဲ့သို့ ကျွန်ုပ်ကိုယ်ပိုင် လမ်းကြောင်းကို ကျွန်ုပ် ရွေးချယ်နိုင်ပါသည်။ ကျွန်ုပ်သည် မကျေနပ်ချက်များ၊ နာကြည်းချက်များဖြင့် ပြည့်၍ရသည်”ဟု ပြောသည်။ ဤသည်မှာ မည်သည့် ယုံကြည်ကိုးစားမှုမျိုး ဖြစ်သနည်း။ ဤနေရာတွင် စစ်မှန်သည့် ယုံကြည်ကိုးစားမှု မရှိပေ။ သင် ကြွေးကြော်သည့် ဆောင်ပုဒ်များက မည်မျှ အဆင့်မြင့်သည်ဖြစ်စေ ယင်းတို့က ယခုတွင် အကျိုးသက်ရောက်မှု ရှိလိမ့်မည်လော။ လုံးဝ ရှိမည်မဟုတ်။ သင်၏ ကျမ်းသစ္စာတို့သည် အကျိုးသက်ရောက်မှု တစ်ခုတလေ ရှိလိမ့်မည်လော။ အခြားလူတို့က သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီး သင့်ကို ဖျောင်းဖျရန် ကြိုးစားပါက ကောင်းကျိုးတစ်ခုတလေ ဖြစ်စေလိမ့်မည်လော။ (ဖြစ်စေမည်မဟုတ်ပါ။) သင့်ကို ၎င်းတို့ ဖျောင်းဖျဖို့ ကြိုးစားပြီးသည့်နောက် ပြည်မသို့ သင် အင်တင်တင်ဖြင့် သွားလျှင်ပင် ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှုဖြစ်မည်လော။ ဤသည်မှာ ဘုရားသခင်က သင့်အား ကျိုးနွံနာခံစေလိုသည့်ပုံစံ မဟုတ်။ သင်သည် မလိုမလားဖြင့် သွားလျှင် အချည်းနှီး သွားပေလိမ့်မည်။ ဘုရားသခင်သည် သင့်အထဲတွင် အမှုပြုလိမ့်မည် မဟုတ်သကဲ့သို့ ထိုအရာမှ သင် မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်။ ဘုရားသခင်သည် လူတို့အား အမှုအရာများကို အတင်းမလုပ်ဆောင်ခိုင်းပေ။ သင့်အနေဖြင့် လိုလားနေရမည်။ သင် မသွားလိုလျှင် တတိယနည်းလမ်းတစ်ခု လိုက်လိုပြီး လွတ်မြောက်ရန်၊ ငြင်းပယ်ရန်နှင့် ရှောင်လွှဲရန် အမြဲ ကြိုးစားလျှင် သင် သွားစရာ မလိုပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အတော်အတန် ကြီးမားပြီး ထိုသို့သော ယုံကြည်ကိုးစားမှု ရှိသည့်အခါ သင်သည် “အခြားမည်သူမျှ မသွားလျှင်ပင် ကျွန်ုပ် သွားမည်။ ဤအကြိမ်တွင် ကျွန်ုပ် တကယ်ကို မကြောက်သကဲ့သို့ ကျွန်ုပ်၏ အသက်ကို စွန့်စားပါမည်။ အသက်ကို ဘုရားသခင်က ပေးထားခြင်း မဟုတ်လော။ စာတန်နှင့်ပတ်သက်၍ မည်သည့်အရာ အလွန် ကြောက်လန့်ဖွယ်ရှိပါသနည်း။ သူသည် ဘုရားသခင်၏ လက်တွင် ကစားစရာတစ်ခုဖြစ်ပြီး ကျွန်ုပ် မကြောက်ပါ။ ကျွန်ုပ် အဖမ်းမခံရလျှင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် သနားကရုဏာတော်ကို ကျေးဇူးတင်မည်။ အခြေအနေများက ကျွန်ုပ် အဖမ်းခံရသည့်သဘော ဖြစ်လျှင် ဘုရားသခင်က ခွင့်ပြုသောကြောင့်ဖြစ်သည်။ ထောင်ထဲတွင် ကျွန်ုပ် သေဆုံးလျှင်ပင် ဘုရားသခင်အတွက် ကျွန်ုပ် သက်သေခံရဦးမည်။ ဤသန္နိဋ္ဌာန် ကျွန်ုပ်ရှိရမည်။ ကျွန်ုပ်၏ အသက်ကို ဘုရားသခင်ထံ ကျွန်ုပ် လွှဲအပ်မည်။ ကျွန်ုပ်၏ ဘဝတွင် ကျွန်ုပ် နားလည်သည့်၊ တွေ့ကြုံပြီး သိရှိလာခဲ့သည့်အရာကို ကျွန်ုပ် ယူဆောင်ပြီး သိနားလည်မှုနှင့် အသိပညာ ချို့တဲ့သော ညီအစ်ကို မောင်နှမများနှင့် ထိုအရာကို မိတ်သဟာယပြုမည်။ ဤသို့ဖြင့် သူတို့သည် ကျွန်ုပ်ကဲ့သို့ အလားတူ ယုံကြည်ကိုးစားမှုနှင့် သန္နိဋ္ဌာန်ရှိနိုင်ပြီး ဘုရားသခင်ရှေ့မှောက်သို့လာကာ သူ့အတွက် သက်သေခံနိုင်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အလေးထားပြီး ဤလေးလံသည့်ဝန်ကို ထမ်းရမည်။ ဤလေးလံသည့်ဝန်ကို ထမ်းခြင်းက စွန့်စားမှုများပြုကာ ကျွန်ုပ်၏ အသက်ကို စတေးခြင်း လိုအပ်သော်လည်း ကျွန်ုပ် မကြောက်ပါ။ ကျွန်ုပ် ကိုယ့်အတွက်ကိုယ် မစဉ်းစားတော့ပါ။ ကျွန်ုပ်တွင် ဘုရားသခင် ရှိသည်။ ကျွန်ုပ်၏ အသက်သည် သူ၏ လက်ထဲတွင်ရှိပြီး သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လိုလိုလားလား ကျွန်ုပ် ကျိုးနွံနာခံပါသည်”ဟု ဆိုလျက် ဆန္ဒအလျောက် သွားဖို့ တောင်းဆိုလိမ့်မည်။ သင် ပြန်သွားသည့်နောက်တွင် ထိုပတ်ဝန်းကျင်၌ သင် ဆင်းရဲဒုက္ခခံစားရလိမ့်မည်။ သင်၏ ဆံပင် ဖြူသွားပြီး သင်၏ မျက်နှာ ရှုံ့တွလျက် သင် မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်သွားနိုင်သည်။ သင်သည် နာမကျန်းဖြစ်သွားနိုင်သည်၊ သို့မဟုတ် အဖမ်းခံရပြီး နှိပ်စက်ခံရနိုင်သည်၊ သို့မဟုတ် သေနိုင်သည့် အန္တရာယ်တွင်ရှိသည်ကိုပင် တွေ့ရနိုင်သည်။ ဤပြဿနာများကို သင် မည်သို့ ထိပ်တိုက်ရင်ဆိုင်သင့်သနည်း။ တစ်ဖန် ဤအရာတွင် စစ်မှန်သော ယုံကြည်ကိုးစားမှု ပါဝင်၏။ လူအချို့သည် ဗြုန်းခနဲဖြစ်သော စိတ်ပိုင်းဖြတ်ချက်ဖြင့် ပြန်သွားနိုင်သော်လည်း ပြန်သွားသည့်နောက် ဤအခက်အခဲများဖြင့် ရင်ဆိုင်ရသည့်အခါ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်လိမ့်မည်နည်း။ သင့်အနေဖြင့် မျက်စိမှိတ်၍ စွန့်စားပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ရမည်။ သင့်အနေဖြင့် သိသိသာသာ အနည်းငယ် အိုမင်းရင့်ရော်သွားလျှင်ပင်၊ သို့မဟုတ် အနည်းငယ် နာမကျန်းဖြစ်လျှင်ပင် ဤသည်တို့မှာ အသေးအဖွဲကိစ္စများ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို ငြင်းပါက ဤဘဝတွင် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရမည့် သင်၏ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ သင့်ဘဝတွင် ဘုရားသခင်ကို သင် ဆန့်ကျင်ပြစ်မှားပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို ငြင်းပယ်ပါက ယင်းသည် ထာဝရ အမည်းစက်တစ်ခု ဖြစ်လိမ့်မည်။ ဤအခွင့်အရေးကို ဆုံးရှုံးခြင်းသည် သင်၏ ငယ်ရွယ်မှု နှစ်ကာလ ပမာဏ မည်မျှဖြင့်မျှ သင် ပြန်လည်ဝယ်ယူမရနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ကျန်းမာသည့် သန်မာသည့် ခန္ဓာကိုယ်ရှိခြင်းက မည်သည့် အသုံးဝင်မှုရှိသနည်း။ လှပသည့် မျက်နှာနှင့် ကြည့်ကောင်းသည့် ပုံပန်းတစ်ခု ရှိခြင်းသည် မည်သည့် အသုံးဝင်မှုရှိသနည်း။ သင်သည် အသက်ရှစ်ဆယ် အသက်ရှင်ပြီး သင်၏ ဉာဏ်က ထက်မြက်နေဆဲဖြစ်လျှင်ပင် ဘုရားသခင် ပြောဆိုသည့် စာတစ်ကြောင်းပင်လျှင် အဓိပ္ပာယ်ကို သင် နားမလည်နိုင်ပါက သနားဖွယ်ရာဖြစ်မည် မဟုတ်လော။ အလွန့်အလွန် သနားဖွယ်ရာ ဖြစ်ပေမည်။ ထို့ကြောင့် ဘုရားသခင်ရှေ့သို့ လာသည့်အခါ လူတို့ ရရှိရမည့် အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာမှာ အဘယ်နည်း။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှု ဖြစ်သည်။ မည်သည့်အရာ သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ ပထမဦးစွာ သင် ကျိုးနွံနာခံလျှင်၊ ထိုအချိန်၌ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ သေးငယ်သည့် နားလည်မှုလွဲခြင်းအချို့ရှိလျှင်ပင် သို့မဟုတ် ဘုရားသခင်က အဘယ်သို့ ထိုသို့ ပြုမူဆောင်ရွက်သည်ကို သင် သိပ်နားမလည်လျှင်ပင် သင်သည် အပျက်သဘောဆောင်ကာ အားနည်းလိမ့်မည် မဟုတ်ပေ။ ပေတရုက “အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊ လူသားတို့သည် မည်သည့် မကျေနပ်ချက် ရှိမည်နည်း”ဟု ပြောသည့်အတိုင်းပင်။ သင်သည် ဤမျှဖြစ်သော ယုံကြည်ကိုးစားမှုပင် ကင်းမဲ့လျှင် ပေတရုလောက် ကျိုးနွံနာခံနိုင်ဦးမည်လော။ သိပ်မကြာခဏပင် သင့်ကို ဘုရားသခင် လုပ်ဆောင်သည့်အရာက သင့်လျော်ပြီး အကျိုးသင့်အကြောင်းသင့်ဖြစ်သည်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု၊ စိတ်ကူးများ၊ အယူအဆများနှင့် ကိုက်ညီသည်။ ဘုရားသခင်သည် သင်၏ ဝိညာဉ်ရင့်ကျက်မှုအတိုင်း အမှုပြုသည်။ ထိုအရာကို သင် လက်မခံနိုင်သေးလျှင် ပေတရု၏ နာခံမှုကို သင် စွမ်းဆောင်ရရှိနိုင်သလော။ ယင်းမှာ သာ၍ပင် ဖြစ်နိုင်မည် မဟုတ်။ ထို့ကြောင့် သင်သည် ဤဦးတည်ချက်နှင့် ဤရည်မှန်းချက်အတွက် လိုက်စားအားထုတ်ရမည်။ ထိုအခါတွင်မှ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု သင် ရရှိနိုင်ပေသည်။

လူတို့သည် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ပါက ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသလော။ ပြောရန် ခက်၏။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိခြင်းအားဖြင့်သာ သူ့ကို ၎င်းတို့ အမှန်တကယ် ကျိုးနွံနာခံနိုင်ကြ၏။ ယင်းမှာ အတိအကျဖြစ်ပေသည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိလျှင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း၊ လမ်းပြခြင်း၊ သို့မဟုတ် စုံလင်အောင်ပြုခြင်းတို့ကို ရရှိရန် နောက်ထပ် အခွင့်အရေးများ ရှိလိမ့်မည် မဟုတ်။ သင့်ကို ဘုရားသခင် စုံလင်အောင်ပြုရန်အတွက်ဖြစ်သည့် ဤအခွင့်အရေးအားလုံးကို သင် တွန်းထုတ်လိုက်ပြီးဖြစ်သည်။ သင်သည် ယင်းတို့ကို အလိုမရှိပေ။ ယင်းတို့ကို သင် ငြင်းပယ်သည်၊ ရှောင်ရှားပြီး စဉ်ဆက်မပြတ် ရှောင်လွှဲနေသည်။ သင်သည် ဇာတိပကတိ၏ ကိုယ်စိတ်ချမ်းသာမှုများရှိပြီး ဆင်းရဲဒုက္ခမှ လွတ်ကင်းသည့် ပတ်ဝန်းကျင်တစ်ခုကို အမြဲရွေးချယ်သည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်၏။ ဘုရားသခင်၏ အမှုတော်ကို သင် မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှု၊ ဘုရားသခင်၏ ဦးဆောင်မှုနှင့် ဘုရားသခင်၏ ကွယ်ကာခြင်းတို့ကို သင် မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် မမြင်နိုင်ပေ။ အကျိုးဆက်အနေဖြင့် သင်သည် သမ္မာတရားကို ရရှိမည်မဟုတ်သကဲ့သို့ စစ်မှန်သည့် ယုံကြည်ကိုးစားမှုကို ရရှိမည်မဟုတ်။ မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်။ သမ္မာတရားကို သင် မရရှိနိုင်သကဲ့သို့ သင့်အသက်ဖြစ်စေရန် ဘုရားနှုတ်ကပတ်တော်ကို သင် မရရှိနိုင်ပါက ဘုရားသခင်၏ ရရှိခြင်းကို သင်ခံရနိုင်သလော။ ဧကန်မုချ မခံရနိုင်ပေ။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း၊ လမ်းပြခြင်းနှင့် စုံလင်အောင်ပြုခြင်း ခံရခြင်းအားဖြင့် သင် ရရှိရန် ရည်ရွယ်သည့် အဓိကအရာမှာ မည်သည့်အရာနည်း။ သင်သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်ကို ရရှိသည်။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်က သင်၏ စစ်မှန်မှု၊ သင့်ဘဝ၏ အရင်းအမြစ်နှင့် သင့်လုပ်ရပ်များအတွက် စည်းမျဉ်း၊ အခြေခံအကြောင်းရင်းနှင့် စံသတ်မှတ်ချက်ဖြစ်လာသည်။ ဤသို့ဖြစ်သည့်အခါ မည်သည့်အရာကို သင် အသက်ရှင်နေထိုင်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်နေဆဲလော။ (မဟုတ်ပါ။) ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟု ပြောလိမ့်မည်လော။ (ပြောမည်မဟုတ်ပါ။) မည်သည့်အရာကို ဘုရားသခင် ပြောလိမ့်မည်နည်း။ ယောဘထံ ဘုရားသခင်ပေးခဲ့သည့် သတ်မှတ်ချက်မှာ အဘယ်နည်း။ (သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်၊ သူသည် စုံလင်သော လူတစ်ဦးဖြစ်သည်။) ဤနေရာတွင် ဤစကားများကို ကိုးကားရန် သင့်လျော်၏။ သင်သည် ဘုရားသခင်က ယောဘကို ပေးခဲ့သည့် ဤဂုဏ်ပုဒ်နှင့် သတ်မှတ်ချက်ကို ရရှိလိုလျှင် ထိုသို့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်လော။ (လွယ်ကူလိမ့်မည် မဟုတ်ပါ။) မလွယ်ကူပေ။ သင်သည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေရမည်၊ နေရာတိုင်းတွင် ဘုရားသခင်၏ ရည်မှန်းချက်များကို ရှာဖွေရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူဆောင်ရွက်ကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရမည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံမည်ဟုသာ သင် ပြောသော်လည်း သင့်အပေါ် အချို့သော အခြေအနေများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ အဘယ်ကြောင့် ကျရောက်သည်ကို စိစစ်ရန် ကြိုးစားပါက၊ မကျေနပ်ချက်များနှင့် အထင်လွဲမှုများရှိကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အဓိပ္ပာယ်ကောက်လွဲပါက ယင်းမှာ ဘုရားသခင်အတွက် အလွန် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ပေမည်။ ဘုရားသခင်ကို သင် အလိုမရှိပါက ဘုရားသခင်က သင့်ကို အလိုရှိမည်မဟုတ်။ သင်တို့သည် အချင်းချင်း ပတ်သက်ရန် ဘာမျှရှိမည်မဟုတ်။ အမှုအရာများက ဤသို့ဆက်ဖြစ်မည်ဆိုလျှင် ပြဿနာတစ်ခု ဖြစ်မည်မဟုတ်လော။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင်သည် သင်၏ အချုပ်အခြာအာဏာပိုင်သူ မဟုတ်၊ သင်၏ ဘုရားလည်း မဟုတ်ပေ။ အဆုံးတွင် ဘုရားသခင်က သင့်ကို မည်သို့ သတ်မှတ်လိမ့်မည်နည်း။ “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစကားများ အပြောခံလိုသလော။ (အပြောမခံလိုပါ။) ဤအရာ သင့်ကို ပြောလျှင် မည်သည့်အရာကို ဆိုလိုသနည်း။ (ထိုအရာက ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရသည်ဟု ဆိုလိုပါသည်။) ယင်းမှာ လုံးဝ မကောင်းပေ။ သင်သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ထိုအရာမှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် ဩဇာအာဏာရှိသည့် တစ်စုံတစ်ဦး၏ ရှုတ်ချခံရခြင်းနှင့် မတူပေ။ ရှုတ်ချသူမှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်က သင့်အပေါ် အသက် ပေးသနားပြီး သင့်အသက်ကို ထောက်ကူပေးသည်။ ယခု ဘုရားသခင်က သင့်ကို အလိုမရှိသဖြင့် သင် အသက်ရှင်နိုင်သေးသလော။ (အသက်မရှင်နိုင်ပါ။) ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ သင့်အတွက် ကောင်းသောအရာတစ်ခု မဟုတ်သည့် နောက်ဆုံး အဆုံးသတ်ကို ညွှန်ပြသည်။ ထိုအရာမှာ ကောင်းမွန်သည့် လက္ခဏာတစ်ခု လုံးဝ မဟုတ်ပေ။ လူတစ်ဦးက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ စုံလင်သူတစ်ဦးဖြစ်သည်ဟု ငါ ပြောလျှင် ဤသည်မှာ ကောင်းမွန်သည့် လက္ခဏာတစ်ခု ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာက ထိုသို့သော လူတစ်ဦးထံ မုချ ရောက်လာလိမ့်မည်။ ဘုရားသခင်က ယောဘကို အကဲဖြတ်ခဲ့သည့် စကားများအပေါ် သင် အဘယ်သို့ ယူဆသင့်သနည်း။ ယောဘ စားခဲ့သည့်အရာ၊ သူ ဝတ်ဆင်ခဲ့သည့်အရာ၊ သူ လမ်းလျှောက်ခဲ့ပုံနှင့် သူ့တွင်ရှိခဲ့သည့် ပင်ကိုစရိုက်ကို သင် စဉ်းစားပြီး ဤအရာများကို အတုခိုးရန် ကြိုးစားပါက သင် မှားသွားမည်။ သင့်အနေဖြင့် “ထိုအရာကို ယောဘက အဘယ်သို့ လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် သူ မည်သည့်အရာကို အသက်ရှင်နေထိုင်ခဲ့သနည်း။ ဘုရားသခင်က ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်၊ သူသည် စုံလင်သောလူတစ်ဦးဖြစ်သည်ဟု ပြောခဲ့သည်။ ယင်းမှာ သေးငယ်သည့်ကိစ္စတစ်ခု မဟုတ်ပါ။ ယင်းမှာ ဘုရားသခင် ကိုယ်တော်တိုင် ပြောခဲ့သည့်အရာ ဖြစ်သည်။ ယောဘ၏ ပုံသက်သေကို ငါ လိုက်လျှောက်ရမည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် နည်းလမ်းကို ရှာဖွေပြီး ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦးဖြစ်လာရန်လည်း ကြိုးပမ်းရမည်။ ဤအရာက ဘုရားသခင်အား ငါ့ကို အသိအမှတ်ပြုပြီး ဤဂုဏ်ပုဒ်ဖြင့်လည်း ခေါ်ဆိုဖို့ ဖြစ်စေလိမ့်မည်။ ငါသည် ဘုရားသခင်၏ အမြင်တွင် စုံလင်သောလူတစ်ဦး ဖြစ်ချင်သည်”ဟု စဉ်းစားလျက် အမြန်တွေးဆကာ ရှာဖွေရမည်။ ဤတွေးခေါ်မှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပေသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။