သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသည် (အပိုင်း တစ်)

ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသည့် လူများက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူများဖြစ်ကြောင်း ပြသသည့်နည်းလမ်းများနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းအားဖြင့် ငါတို့ အစပြုမည်။ ၎င်းတို့နှင့်ပတ်သက်၍ အထင်ပေါ်ဆုံးအရာမှာ အဘယ်နည်း။ ဘုရားသခင်ကို ၎င်းတို့ နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သို့ လိုက်စားပုံပေါ်သည်ဖြစ်စေ၊ ၎င်းတို့၏ အသက်တာများက မည်သည့်အခါတွင်မျှ ကြီးထွားခြင်းမရှိသကဲ့သို့ အသက်ဝင်ရောက်မှုအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း လုံးဝ မရှိခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူတို့သည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ မိမိတို့ကိုယ်ကို သုံးသပ်ခြင်းမရှိသကဲ့သို့ မိမိတို့ကိုယ်ကို သိရှိရန် မကြိုးစားကြပေ။ အမှန်တွင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိကြပေ။ ၎င်းတို့ ထုတ်ဖော်ပြပြီး ပြသသည့် စိတ်သဘောထားက မည်မျှ မာနထောင်လွှားသည်ဖြစ်စေ သတိမထားမိကြပေ။ ၎င်းတို့သည် မည်မျှ လိမ်ညာပြီး လှည့်ဖြားမှုတွင် ပါဝင်ပတ်သက်သည်ဖြစ်စေ ထိုအရာကို အနည်းငယ်မျှ မခံစားကြပေ။ ဘုရားသခင်ကို ၎င်းတို့ မည်မျှ ပုန်ကန်ပြီး အတိုက်အခံလုပ်သည်ဖြစ်စေ၊ ဤသည်မှာ အမှားတစ်ခုဖြစ်သည်ကို မသိကြပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများကဲ့သို့သာ ဖြစ်ပြီး ကိုယ့်စိတ်သဘောအတိုင်း ပြုမူဆောင်ရွက်ကြပြီး မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ကြသည်၊ ၎င်းတို့ မှန်သည်ဟု တွေးထင်ကြသည်။ ပြီးလျှင် မည်သူ့ထံကမျှ ဝေဖန်အပြစ်တင်မှု သို့မဟုတ် အားပေးတိုက်တွန်းခြင်းကို လက်မခံကြပေ။ ၎င်းတို့သည် တရားဒေသနာများကို မကြာခဏ နားထောင်ပြီး စုဝေးပွဲများ တက်ကြသော်လည်း၊ ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်၊ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့က မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအား ငြင်းပယ်ခြင်းက မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ လုံးဝ မသိကြပေ။ လူသား ရည်ရွယ်ချက်များမှ အရင်းခံသည့် ကောင်းမြတ်မှု သို့မဟုတ် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့အား ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ သေးငယ်သိမ်မွေ့သော ဤကွဲပြားခြားနားမှုများကို ၎င်းတို့ ဘာမျှမသိကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိကြခြင်း ရှိမရှိ သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ပြီးခြင်း ရှိမရှိ သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည် သို့မဟုတ် ၎င်းတို့ လျှောက်သည့်လမ်းကြောင်းက မှန်ကန်သည့် လမ်းကြောင်းတစ်ခု ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု ရှုထောင့်အမြင်က မှန်ကန်သည်လော သို့မဟုတ် မည်သည့် အပြုအမူမျိုးကို ဘုရားသခင်က ချစ်မြတ်နိုးသည် သို့မဟုတ် စက်ဆုပ်သည်လောဟူသည်ကို ၎င်းတို့ မသိကြ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မသိကြပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝမရှိသောလူတို့သည် အသက်တွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု နေထိုင်ခြင်းကိုသာ စွဲမြဲလုပ်ဆောင်ကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်နေချိန်တွင် အချောင်မခိုကြ သို့မဟုတ် ဒုက္ခပြဿနာမဖြစ်စေကြသကဲ့သို့ အနှောင့်အယှက်များ သို့မဟုတ် အဖျက်အမှောင့်များ ဖြစ်စေသည့်အရာများကိုလည်း တမင်တကာ လုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့ကို ပြောထားသည့်အတိုင်း လုပ်ဆောင်ကြပြီး၊ ရိုးရှင်းသည့် စည်းမျဉ်းစည်းကမ်းအချို့ကို ပုံသေစောင့်ထိန်းကြသည်။ သို့ရာတွင် အသေးစိတ်အချက်များ၊ အသက်ဝင်ရောက်မှုတွင် ပါဝင်သည့် အခြေအနေများ၊ အမျိုးမျိုးသော ရှုထောင့်အမြင်များနှင့်လည်းကောင်း၊ သဘောထားများနှင့်လည်းကောင်း ပတ်သက်လာသည့်အခါ၊ လုံးဝ အရေးမလုပ်ကြချေ။ အယူအဆများကို ဖြေရှင်းခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားများကို သင် မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့တွင် အယူအဆများ တစ်ခုမျှမရှိ၊ ၎င်းတို့၏ အယူအဆများအားလုံးကို ဖြေရှင်းပြီးသားဖြစ်ကာ သင် မိတ်သဟာယပြုနေသည့်အရာမှာ ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်းမရှိဟု ၎င်းတို့ တွေးထင်ကြလေသည်။ သင် ပြောသည့် အယူအဆများက မည်သည့်အရာ ရည်ညွှန်းသည်ကို သို့မဟုတ် သင် ပြောသည့်အရာတွင် မည်သည့် သမ္မာတရား လက်တွေ့ကျမှုရှိသည်ကို ၎င်းတို့ မသိကြပေ။ မိမိကိုယ်ကို သိရှိခြင်းအကြောင်း သင် ပြောဆိုသည့်အခါ၊ ၎င်းတို့က၊ “လူသည် ပုန်ကန်တတ်ပြီး မာနထောင်လွှားသည် မဟုတ်လော။ ကောင်းပြီ၊ သူသည် တကယ်ကို ပုန်ကန်တတ်ခြင်းမရှိလျှင်၊ ယင်းက လုံလောက်မည် မဟုတ်လော။ ကိစ္စတစ်ခု သူ့အပေါ် ကျရောက်သည့်အခါ၊ သူ မကြွားဝါလျှင်၊ အနည်းငယ် သာ၍ ရိုးရိုးကုပ်ကုပ်နေပြီး ဟိတ်ဟန်မများလျှင်၊ ယင်းမှာ လုံလောက်မည်မဟုတ်လော”ဟု ပြောကြသည်။ ကျိုးနွံနာခံခြင်းအကြောင်း သင် ပြောသည့်အခါ၊ ၎င်းတို့က၊ “ကျိုးနွံနာခံခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက အလွန်အရေးကြီးပါသနည်း။ မကောင်းသည့် မည်သည့်အရာကိုမျှသာမလုပ်နှင့်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာက အလွန်ခက်ခဲနေပါသနည်း”ဟု ပြောကြသည်။ ဇာတိပကတိကို ပုန်ကန်ခြင်း၊ မိမိ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပယ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်း သင် ပြောဆိုသည့်အခါ၊ ၎င်းတို့က၊ “ဇာတိပကတိကို ပုန်ကန်ခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မလိုအပ်ပါ။ ကျွန်ုပ်သည် လူကောင်းတစ်ဦးသာ ဖြစ်လိုက်မည်”ဟု ပြောကြသည်။ ယင်းမှာ ၎င်းတို့၏ တွေးခေါ်မှု ရိုးရှင်းပုံဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် နောက်ဆုံးတွင် သမ္မာတရားကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ၎င်းတို့ အသိအမှတ်မပြုကြပါ။ ထို့ကြောင့် ၎င်းတို့တွင် ဘုရားနှုတ်ကပတ်တော်များက ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု တွေးလျက်၊ ထိုနှုတ်ကပတ်တော်များကို လက်မခံကြပေ။) မှန်သည်။ ၎င်းတို့က၊ “ကျွန်ုပ်တွင် ဘုရားသခင် ဖော်ထုတ်သည့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သိပ်မရှိသကဲ့သို့ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုတလေ ရှိလျှင်ပင် အလွန်သေးငယ်မည်ဖြစ်သည်။ ခဏတာဖြစ်သော အတွေးအချို့သာ ဖြစ်သည်။ အရေးမကြီးပါ။ ဤသည်မှာ ကျိုးနွံနာခံတတ်ရန် သတ်မှတ်ချက်တစ်ခုသာ ဖြစ်သည် မဟုတ်လော။ သင် ပြောသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် နားထောင်မည်ဖြစ်ပြီး၊ လုပ်ဆောင်ရန် သင် ပြောသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်။ ယင်းသည် ကျိုးနွံနာခံခြင်း ဖြစ်သည်မဟုတ်လော”ဟု တွေးကြသည်။ ထိုအရာသည် ထိုမျှရိုးရှင်းသလော။ လူအချို့သည် အလွန် ရိုးအကြသည်မှာ ၎င်းတို့သည် အပျက်သဘောဆောင်နေသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါ၊ “ဘုရားသခင်ကိုသာ ချစ်ပါ။ အဘယ်ကြောင့် ငိုနေသနည်း၊ အဘယ်ကြောင့် သင် အပျက်သဘောဆောင်နေသနည်း”ဟု ပြောကြသည်။ ဤလူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ မည်သည့် သမ္မာတရားကို သူ ပြောသည်ဖြစ်စေ၊ ဤလူများက ဤအရာများကို သီအိုရီများအဖြစ်သာ မြင်ကြသည်ဟု ဆိုလိုသည်။ ဤကိစ္စရပ်များ၏ အခြေအမြစ်ကို ၎င်းတို့ နားမလည်ကြသကဲ့သို့ ဤသမ္မာတရားများနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ မိတ်သဟာယက မည်သည့်ပြဿနာများ ဖြေရှင်းဖို့ ရည်ရွယ်သည်ကို နားမလည်ကြပေ။ ဤသမ္မာတရားများက လူတို့၏ အသက်ဝင်ရောက်မှုနှင့်လည်းကောင်း၊ ၎င်းတို့ လျှောက်နေသည့် လမ်းနှင့်လည်းကောင်း မည်သို့ ဆက်စပ်သည် သို့မဟုတ် လူတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မည်သို့ ဆက်စပ်သည် သို့မဟုတ် လူတို့က လူသားပုံသဏ္ဌာန် အသက်ရှင်ခြင်းနှင့် ၎င်းတို့၏ကယ်တင်ခြင်း ရရှိခြင်းတို့နှင့် မည်သို့ ဆက်စပ်သည်ကို နားမလည်ကြပေ။ ဤအရာများထဲမှ တစ်ခုမျှ ၎င်းတို့ နားမလည်ကြပေ။ ဤဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဤသမ္မာတရားများက လူတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်မှုနှင့် ဖော်ပြခြင်းနှင့်လည်းကောင်း၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့နှင့်လည်းကောင်း မည်သို့ ပတ်သက်သည်ကို ၎င်းတို့ မရှင်းကြသကဲ့သို့ နားမလည်ကြပေ။ ၎င်းတို့ ကြားသမျှမှာ “ကျိုးနွံနာခံခြင်း၊ သစ္စာစောင့်သိခြင်း”နှင့် “ဝတ်ကျေတမ်းကျေမဖြစ်နှင့် သို့မဟုတ် နှောင့်ယှက်ကာ၊ အဖျက်အမှောင့်မလုပ်နှင့်”ဟူ၍ ဖြစ်သည်။ အဆုံးတွင်၊ ၎င်းတို့က အရာရာကို “အခြားမည်သည့်အရာကိုမျှ ကျွန်ုပ် မမှတ်မိသော်လည်း၊ ဘုရားသခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်ဆောင်သင့်သည်ကို သိသည်။ အလုပ်လုပ်ပေးရန်ပင် ကျွန်ုပ် လိုလားနေပါသည်။ အခြားမည်သည့်အရာ ပြောရန် ရှိသေးသနည်း”ဟူသည့် စာတစ်ကြောင်းဖြင့် အကျဉ်းရုံးလိုက်ကြသည်။ အလုပ်လုပ်ပေးခြင်းအပြင်၊ လူတို့အထဲတွင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ နှစ်သက်မှုများ၊ အယူအဆများ၊ စိတ်ကူးစိတ်သန်းများအပြင် လူတို့၏ မှားယွင်းသော အမြင်များနှင့် လောကီဆိုင်ရာဆက်ဆံရေးများအတွက် စာတန်၏ အတွေးအခေါ်ကဲ့သို့သော ဖြေရှင်းရန်လိုအပ်သည့် ဖောက်ပြန်ပျက်စီးသော အရာများစွာ ရှိသည်ကို ၎င်းတို့ မသိကြချေ။ လူတို့အနေဖြင့် ဤအရာများအားလုံးကို ဖြေရှင်းကာ သမ္မာတရားနှင့် အစားထိုးရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသည်။ ဤသမ္မာတရားများကို ဖော်ပြရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သင့်ကို သမ္မာတရား နားလည်စေပြီး၊ ထိုသမ္မာတရားကို သင်၏ စိတ်နှလုံးတွင် လက်ခံစေရန်၊ ထို့နောက်တွင် သင်၏ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန် လက်တွေ့ဘဝတွင် ဆက်လက် အသုံးပြုရန်နှင့် ထိုသို့ဖြင့် ဤသမ္မာတရားများကို သင်၏ လက်တွေ့ကျမှုဖြစ်စေကာ သင့်အထဲတွင် ထိုသမ္မာတရားများအတိုင်း အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြခြင်းခံရရန် ဖြစ်သည်။ ထို့နောက်တွင် သင် ထုတ်ဖော်ပြမည့်အရာမှာ မာနထောင်လွှားမှု၊ ရည်မှန်းချက်၊ လိုအင်ဆန္ဒများ၊ အယူအဆများ၊ စိတ်ကူးများ၊ သင်ယူလေ့လာမှုများ၊ အတွေးအခေါ်များ သို့မဟုတ် အခြား ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် အရာများ ဖြစ်တော့မည်မဟုတ်ဘဲ သမ္မာတရား၏ လက်တွေ့ကျမှုဖြစ်လိမ့်မည်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူတို့သည် ဤအရာကို နားမလည်ကြပေ။ တရားဒေသနာများကို နှစ်ချီနားထောင်ပြီးသည့်နောက်၊ ၎င်းတို့က၊ “တရားဒေသနာတိုင်းက အနည်းနှင့်အများ တူညီကြသည်မှာ အဘယ်ကြောင့်နည်း။ မိမိကိုယ်ကို သိမြင်ခြင်းအကြောင်း နှစ်ချီ တရားဟောခြင်းသည် မိမိ၏ သေနိုင်လောက်သော အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သိမြင်ခြင်းနှင့် သက်ဆိုင်သည်သာ မဟုတ်လော” ဟု ထင်မြင်ကြသည်။ အခြားသူတို့က ယနေ့၏ တရားဒေသနာများသည် ယခင်ထက် ပို၍ နက်နဲကာ ပို၍အသေးစိတ်ကျသည်ဟု ပြောကြသော်လည်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသူများသည် ယင်းကို သတိမထားမိနိုင်ကြပေ။ ဤသည်မှာ ထိုသို့သောလူတစ်ဦး၏ လက္ခဏာ ဖြစ်သည်။ အချို့သော လူတို့သည်ကောင်းစွာမြင့်မားသည့် အစွမ်းအစတစ်ခု ရှိကြသော်လည်း သမ္မာတရားကို မလိုက်စားကြသောကြောင့်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို မည်သည့်အခါတွင်မျှ စွမ်းဆောင်ရရှိကြလိမ့်မည် မဟုတ်။ အခြားလူတို့မှာ သမ္မာတရားကို သိနားလည်ရန် အစွမ်းအစ အလွန်ညံ့ဖျင်းသောကြောင့်၊ သမ္မာတရားတစ်ခုစီ၏ အသေးစိတ်အချက်များအကြောင်းကို ၎င်းတို့ ကြားလေ၊ သင့်တင့်လျောက်ပတ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု တစ်ကြိမ်တစ်ခါမျှ မရှိဘဲ ပို၍ မရှင်းမလင်းဖြစ်လေ ဖြစ်လာကြသည်။ ဤညံ့ဖျင်းသော အစွမ်းအစရှိသည့်လူများသည် မိမိတို့၏ ယုံကြည်ခြင်းကို နှစ်ပေါင်းမည်မျှ ထိန်းသိမ်းကြသည်ဖြစ်စေ၊ စည်းမျဉ်းစည်းကမ်းများကိုသာ ၎င်းတို့ ပုံသေစောင့်ထိန်းနိုင်ကြသည် သို့မဟုတ် အနည်းငယ်သာ အားထုတ်နိုင်ကြပြီး၊ ၎င်းတို့ထဲမှ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ် ရှိသောသူတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန် သစ္စာစောင့်သိမှုအချို့ ရှိကောင်းရှိနိုင်သည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်းကို ရှောင်ရှားကြသည်၊ သိသာထင်ရှားသည့် အပြစ်များကို မကျူးလွန်မည့်အရေးအတွက် သေချာစေသည်၊ ကောင်းမှုအချို့ကိုလည်း ပြင်ဆင်မည်။ အချို့သော အရာများနှင့် ပတ်သက်၍၊ ၎င်းတို့သည် ရိုးရှင်းသည့် ကျိုးနွံနာခံမှုမျိုးကို တတ်စွမ်းနိုင်ကြပြီး လုပ်ဆောင်ရန် စေခိုင်းထားသည့်အရာကို လုပ်ဆောင် နိုင်ကြသည်။ စေခိုင်းခြင်းမခံရသည့် အရာကို လက်လွှတ်နိုင်ကြသည်။ သေးငယ်သည့် ဆုံးမပဲ့ပြင်မှုအချို့ကို လက်ခံကာ အနည်းဆုံးအနေဖြင့် မိမိတို့ အသိစိတ်၏ စံနှုန်းအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားခြင်းမရှိကြသကဲ့သို့ ဘုရားသခင်ကို သိသာစွာ အတိုက်အခံလုပ်သည့်အရာများကို မလုပ်ဆောင်ကြသော်လည်း သာ၍ နက်ရှိုင်းသည့် ကျိုးနွံနာခံမှုကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် ယောဘ၏ စမ်းသပ်မှုများနှင့် သက်သေခံချက်များကဲ့သို့သော အရာများကို လုပ်ဆောင်နိုင်ဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ယောဘ၏ စကားများနှင့် သက်သေခံချက်များကို နားမလည်ကြပေ။ ၎င်းတို့က၊ “ဘုရားသခင် ပေးတော်မူ၏၊ ဘုရားသခင် ရုပ်သိမ်းတော်မူ၏” ဟူသည့် စကားများက မည်သည့်အရာအား အမှန်တကယ် ဆိုလိုသည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ယောဘထံ ဖြစ်ပျက်သည့်အရာမှာ ဘုရားသခင်၏ ရုပ်သိမ်းခြင်း ရလဒ်တစ်ခု ဖြစ်သည်ဆိုသည်ကို အသေအချာပင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြချေ။ ထိုသို့သော စမ်းသပ်မှုတစ်ခုကို ၎င်းတို့ ရင်ဆိုင်လာရလျှင်၊ ဤလူတို့သည် သမ္မာတရားကို လုံးဝ နားမလည်ကြသည့်အတွက် ဘုရားသခင်ကို မုချ ခံပြောကြလိမ့်မည်ဖြစ်ပြီး များစွာ ညည်းညူကြလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သော လူတစ်ဦးသည် ဘုရားသခင် ဖော်ထုတ်သည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ရှင်းလင်းစွာ မြင်နိုင်သည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကို ၎င်းတို့ အနည်းနှင့်အများ မြင်နိုင်ကြသည်။ ၎င်းတို့ ရင်ဆိုင်ရသည့် မည်သည့်အရာကိုမဆို မှန်ကန်စွာ နားလည်နိုင်ကြပြီး၊ ၎င်းတို့ နားမလည်သည့်အရာကို လက်လွတ်စပယ် မပြောကြ၊ ဆုံးဖြတ်သတ်မှတ်ခြင်း မရှိကြ သို့မဟုတ် အဓိပ္ပာယ်မဖွင့်ကြပေ။ သမ္မာတရားကို အမှန်တကယ် နားလည်သောလူတို့သည် သမ္မာတရားနှင့် မုသားကြား ခြားနားချက်ကို ခွဲခြားသိမြင်နိုင်ကြပြီး လူတစ်ဦး၏ အခြေအနေက ပုံမှန် ဟုတ်မဟုတ်ဟူသည်ကိုလည်း ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ကြသည်။ ထို့နောက်၊ လက်တွေ့အရှိတရားအတွင်းနှင့် လက်တွေ့ဘဝ၏ ဆက်စပ်အကြောင်းအရာအတွင်းတွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြခြင်းကို သိမြင်နိုင်ကြပြီး မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားကို လက်ခံနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြင်ဆင်သည့် ပတ်ဝန်းကျင်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ကြပြီး၊ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အမှန်တကယ်ဖြစ်သော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော လူတစ်ဦး စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။

လူတစ်ဦး၏ အသက်ဝင်ရောက်မှု အတိုင်းအတာမှာ မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ထိုအရာသည် လူတစ်ဦးက သမ္မာတရားကို နားလည်သည့် အတိုင်းအတာနှင့် ဆက်စပ်သည်။ လူတစ်ဦးက သမ္မာတရားကို နားလည်သည့် အတိုင်းအတာမှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို သိနားလည်ခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားကို သိနားလည်ခြင်းဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များက မည်သည့် လက်တွေ့အရှိတရား သွင်ပြင်လက္ခဏာကို ရည်ညွှန်းနေသည်၊ လူတို့တွင်ရှိသည့် မည်သည့်ပြဿနာများကို ဘုရားနှုတ်ကပတ်တော်များက ဖြေရှင်းရန် ရည်မှန်းနေသည်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် မည်သည့် သွင်ပြင်လက္ခဏာကို ဘုရားနှုတ်ကပတ်တော်များက ကိုင်တွယ်ဖြေရှင်းနေသည်၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့်ဆိုင်သော စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ ဤသမ္မာတရားနှင့် အခြားသော သမ္မာတရားတို့ကြား ဆက်နွှယ်မှုက မည်သည့်အရာဖြစ်ပြီး ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာအတွက် ဘုရားသခင် သတ်မှတ်သည့် စံနှုန်းများက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို သိရှိခြင်း ဖြစ်သည်။ ဤအရာအားလုံးကို နားလည်ခြင်းမှာ သမ္မာတရားကို နားလည်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့်၊ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို နားလည်ရန်၊ ပထမဆုံး သင့်အနေဖြင့် ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်၊ အမှန်တကယ် မည်သို့ ကျိုးနွံနာခံတတ်ရမည်ဟူသည်နှင့် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် မည်သည့်စံနှုန်းကို လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည်ဟူသည်တို့ကို နားလည်ရမည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် လက်တွေ့ကျမှု၊ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရား ဖြစ်သည်။ ထိုအရာမှာ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် အယူအဆ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောတရားကို သိနားလည်ခြင်းအကြောင်းသာ မဟုတ်ဘဲ၊ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို သိနားလည်ခြင်းအကြောင်း၊ ဤစည်းမျဉ်းများအား မည်သို့ ကျင့်သုံးရမည်ကို သိရှိခြင်း၊ သမ္မာတရား စည်းမျဉ်းများနှင့် မည်သည့်အရာ ကိုက်ညီပြီး မည်သည့်အရာက ယင်းတို့ကို ကျင့်သုံးနေချိန် ချိုးဖောက်သည်ဟူသည်ကို သိရှိခြင်းနှင့် မှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှုနှင့် အမှုအရာများကို လုပ်ဆောင်ရာ၌ မှားယွင်းသည့် နည်းလမ်းများကြား သိမြင်နိုင်ခြင်းအကြောင်းလည်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို သင်အမှန်တကယ် နားလည်သည်ကို သက်သေပြနိုင်သည့်အရာ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ကျင့်သုံးနိုင်လျှင်၊ ဤသမ္မာတရားများကို သင် အသက်ရှင်နေထိုင်ကာ ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် အခြားသူတို့ကို ဤသမ္မာတရားများဖြင့် သင် အကဲဖြတ်နိုင်လိမ့်မည်။ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိလျှင်၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် လက်တွေ့ကျမှုကို သင် ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ထို့နောက်တွင် သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည့် လူတစ်ဦး ဖြစ်လိမ့်မည်။ လူတစ်ဦးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို သမ္မာတရားကို ၎င်းတို့ မည်မျှ မြန်မြန် ခံယူနိုင်သည်ဟူသည့်အရာဖြင့် သတ်မှတ်ခြင်းမဟုတ်ဘဲ၊ ထိုထက် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ နားလည်ခြင်း ရှိမရှိဟူသည့် အရာအားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို ကြားသည့်ခဏတွင် နားလည်သည့်ပုံရသော်လည်း၊ ထို့နောက်တွင် ပြဿနာတစ်ခုနှင့်ရင်ဆိုင်ရသည့်အခါ ထိုနှုတ်ကပတ်တော်များကို သင် နားမလည်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိပေ။ သို့သော်၊ ယင်းတို့ကို ထိုအချိန်တွင် လုံးဝ နားမလည်သော်လည်း သင် နားလည်သည်ဟု ခံစားရပြီးနောက် ကာလအနည်းငယ်ကြာ တွေ့ကြုံပြီးနောက်တွင်၊ ပြဿနာတစ်ခုနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ထိုပြဿနာကို သင် ထိုးထွင်းသိမြင်ကာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားလည်နိုင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပေသည်။ ဤသိနားလည်မှုသည် လူတစ်ဦးက တိုက်ရိုက် သို့မဟုတ် အယူဝါဒဆိုင်ရာ ဝေါဟာရများဖြင့် မည်မျှ နားလည်သည်ဟူသည်နှင့် ဆက်စပ်ခြင်း မရှိပေ။ ထိုအရာသည် လူတစ်ဦး၏ အစွမ်းအစအပြင်၊ သူ၏ လိုက်စားမှုနှင့် သူလျှောက်သည့် လမ်းကြောင်းနှင့် ပတ်သက်ပေသည်။ အန္တိခရစ်တစ်ဦးသည် အချို့သော ဉာဏ်များနှင့် ဆုကျေးဇူးများ ရှိပုံရပြီး၊ ကောင်းစွာ စကားပြောနိုင်ပုံရသော်လည်း၊ ဘဝတွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များအကြောင်း တစ်ခုမျှ မသိကြပေ။ ၎င်းတို့သည် နားထောင်ပြီးသည်နှင့် တရားဒေသနာတစ်ခုမှ မူရင်း စကားအချို့ကို အတုခိုးကာ အဓိကအချက်များကို သဘောပေါက်နိုင်ကြပြီး၊ ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟု လူတို့ ထင်ကောင်းထင်ကြမည်။ သို့သော်၊ ၎င်းတို့ ပြောသည့်အရာများသည် ၎င်းတို့ ရင်ဆိုင်ရသည့် အခြေအနေများနှင့် သဟဇာတမဖြစ်ပေ။ ၎င်းတို့သည် ထိုအရာများကို မပေါင်းစပ်နိုင် သို့မဟုတ် ၎င်းတို့ ပြောသည့် အကြောင်းအရာများကို မကျင့်သုံးနိုင်ကြပေ။ အမှန်တွင် ၎င်းတို့ မိတ်သဟာယပြုသည့် စကားများကို နားထောင်သည့်အခါ၊ ဆီလျော်သည့် သမ္မာတရား သွင်ပြင်လက္ခဏာကို ၎င်းတို့ နားလည်ကာ စည်းမျဉ်းများကို သဘောပေါက်နိုင်သည့်အလား ထင်ရသည်။ ထို့ကြောင့် ၎င်းတို့သည် အမှုအရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သိသင့်ကြပေသည်။ သို့သော် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြဘဲ ထိုထက် အခြားသော အယူအဆဆိုင်ရာ ပြောဆိုချက်ကို ဆင်ခြေပေးကြသည်။ ဤသည်မှာ ရှေ့နောက်မညီခြင်းဖြစ်ပြီး၊ သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်းနှင့် ၎င်းတို့ ဟောပြောသည့်အရာများသည် အယူဝါဒနှင့် သီအိုရီသာဖြစ်ကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် အယူဝါဒနှင့်ပတ်သက်၍ အတော်လေး ရှင်းလင်းပြတ်သားသည့်အလား ဟောပြောကြသည်ကို သင် ကြားရသော်လည်း အမှန်တွင် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြ သို့မဟုတ် သမ္မာတရားကို မလိုက်စားကြချေ။ ဥပမာအနေဖြင့်၊ ၎င်းတို့သည် ခက်ခဲသည့် အခြေအနေတွင် ရှိပြီး၊ အပျက်သဘောဆောင်လာကာ ၎င်းတို့နှင့်အတူ သမ္မာတရားကို သင် မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့က၊ “ကျွန်ုပ်နှင့် မိတ်သဟာယမပြုနှင့်။ အရာရာကို ကျွန်ုပ် နားလည်သည်” ဟု ပြောကြသည်။ အမှန်တွင် ၎င်းတို့ မသိကြပေ။ ၎င်းတို့ အမှန်တကယ် သိခဲ့ကြလျှင်၊ အလွန် အပျက်သဘောဆောင်ကာ ကျိုးကြောင်းမသင့်ဖြစ်ကြမည် မဟုတ်ပေ။ ၎င်းတို့က မိမိတို့၏ ကျိုးကြောင့်မသင့်သကဲ့သို့ မှားသော ဆင်ခြင်တွေးခေါ်မှုစနစ်အား ဟောပြောသည်ကို သင် ကြားသည့်အခါ၊ သမ္မာတရားနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ကြောင်းနှင့် ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြကြောင်းကို သင်သိလေသည်။ ၎င်းတို့သည် မိမိတို့ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာကို ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ညည်းညူသည်၊ ဘုရားသခင်ကို အထင်လွဲပြီး၊ မိမိတို့၏ အယူအဆများကိုပင် ဖြန့်ကြလေသည်။ ၎င်းတို့ ဟောသည့်အရာနှင့် ၎င်းတို့ ဖြန့်သည့် ထိုအရာများကို နားထောင်ခြင်းအားဖြင့်လည်းကောင်း၊ ၎င်းတို့ စိတ်နှလုံးတွင် ရှိသည့်အရာကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ လုံးဝ နားမလည်ကြသည်ကို သင် သိလေသည်။ ယခုတွင်၊ လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို ပိုင်းခြားသိမြင်ခြင်းအားဖြင့်၊ လူအများစုက သမ္မာတရားကို လုံးဝ နားမလည်ကြကြောင်း ပေါ်လွင်ပြီးဖြစ်သည်။ ၎င်းတို့သည် အချိန်အများစုတွင် စကားလုံးများနှင့် အယူဝါဒများကို အလွန်ကောင်းစွာ ဟောပြောနိုင်ကြသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး၊ စကားလုံးများနှင့် အယူဝါဒများ ဟောရသည်ကို နှစ်သက်သောလူများသည် ၎င်းတို့တွင် ပို၍များသော အရင်းအနှီးရှိသည်ဟု ခံစားကြသည်။ သို့ရာတွင်၊ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝ မရှိကြောင်းနှင့် ၎င်းတို့က အချည်းနှီးသော လူများသာဖြစ်ကြောင်း ပေါ်လွင်ပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် အနည်းငယ်မျှ အသုံးမဝင်ပေ။ ဤလူစားမျိုးက ကယ်တင်ခြင်းကို အဘယ်သို့ ရရှိနိုင်မည်နည်း။

ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းက မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ တိုတိုပြောရလျှင်၊ အသက်တွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်နိုင်ခြင်း၊ ဝိညာဉ်ရေးရာ နယ်ပယ်နှင့်ဆိုင်သည့် အမှုအရာများကို နားမလည်နိုင်ခြင်းနှင့် ထို့ကြောင့် သမ္မာတရားကို ပင်ကိုအားဖြင့် နားမလည်နိုင်ခြင်းကို ဆိုလိုပေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူများက စကားပြောကာ မိမိတို့၏ အမြင်များအား ဖော်ပြနေသည်ကို သင် လေ့လာစောင့်ကြည့်လျှင်၊ သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း သင် သိရှိလိမ့်မည်။ လူအချို့သည် စကားအပြောအဆိုကောင်းကြပြီး ဘုရားသခင်ကို ကြီးမားသည့် အားမာန်နှင့် ယုံကြည်ခြင်းဖြင့် ယုံကြည်ကြသည့်အလား ထင်ရသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြသနည်း။ ၎င်းတို့က မိမိတို့တာဝန်ကို အားအင်များစွာဖြင့် အမြဲ လုပ်ဆောင်ကြသည်ကို သင် မြင်နိုင်သည်။ ၎င်းတို့က အမြဲ စိတ်ထက်သန်ကြသည်၊ အပျက်သဘောဆောင်ခြင်း ဖြစ်ခဲပြီး၊ ဆင်းရဲဒုက္ခခံနိုင်ကာ အဖိုးအခပေးဆပ်နိုင်ကြသည်။ သို့ရာတွင်၊ သမ္မာတရားကို နားမလည်ကြသကဲ့သို့ အမှုအရာများကို လုပ်ဆောင်သည့်အခါ စည်းမျဉ်းများ မရှိကြပေ။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသည့် လူများ ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော လူများသည် စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ကြသည်။ ၎င်းတို့၏ အသိစိတ်ကို အကြောင်းပြု၍ဖြစ်စေ၊ ၎င်းတို့ နားလည်သည့် သမ္မာတရားကို အကြောင်းပြု၍ဖြစ်စေ၊ ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ စည်းမျဉ်းများအတိုင်း စီမံသင့်ပုံကို ၎င်းတို့ သိကြသည်။ ကြောင်းကျိုးမမြင်ဘဲ အမှုအရာများကို မလုပ်ဆောင်ကြ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းလည်း မရှိကြချေ။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော လူတို့၏ သိသာထင်ရှားသော စရိုက်လက္ခဏာများဖြစ်သည်။ သို့ရာတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောသူတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာများတွင် သမ္မာတရား စည်းမျဉ်းများ မရှိကြချေ။ အချိန်အများစုတွင် ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးလိုက်ကြသည်။ တစ်ခါတစ်ရံ မိမိတို့၏ အတွေ့အကြုံကို မှီခိုကြသည်၊ တစ်ခါတစ်ရံ မိမိတို့၏ ဆုကျေးဇူးအပေါ် မှီခိုကြပြီး တစ်ခါတစ်ရံတွင် မိမိတို့၏ အသိစိတ်၊ စိတ်ထက်သန်မှု သို့မဟုတ် ပင်ကို ကောင်းမြတ်မှုအပေါ် မှီခိုကြသည်။ တစ်စုံတစ်ဦးတွင် မည်သည့်အရာမဆိုနှင့်ပတ်သက်၍ ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်ဖြစ်စေ၊ ဤသည်မှာထိုသူက တော်ပြီး အမြော်အမြင်ရှိသောအရာ ဖြစ်သည်။ သူသည် သမ္မာတရားကို ရှာဖွေရန် သိပြီး၊ မည်သူက စည်းမျဉ်းများနှင့်အညီ စကားပြောသည်ကို သိသည်။ ယင်းမှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူတစ်ဦး ဖြစ်သည်။ သမ္မာတရားအပေါ် သိနားလည်မှုတစ်ခု ရရှိပြီးနောက် ထိုသမ္မာတရားကို သူ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ထိုသူသည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို ရရှိဖို့ မျှော်လင့်ချက် ရှိပေသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့် လူအချို့သည် အလုပ်လုပ်ပေးနေကြဆဲဖြစ်သည်ဟု အဘယ်ကြောင့် ပြောသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို ၎င်းတို့ နားမလည်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို နားမလည်ခြင်းအတွက် အဓိက အကြောင်းအရင်းနှစ်ခုရှိ၏။ ပထမမှာ လူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြခြင်းဖြစ်သည်။ ယင်းကြောင့် သမ္မာတရားကို နားလည်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ဒုတိယမှာ ၎င်းတို့သည် သမ္မာတရားကို မနှစ်မြို့ကြသကဲ့သို့ သမ္မာတရားကို မချစ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို နားမလည်နိုင်ကြပေ။ ဘုရားသခင်ကို ယုံကြည်ပြီး စိတ်ထက်သန်မှု၊ ကောင်းမွန်သည့် ရည်ရွယ်ချက်များ သို့မဟုတ် အတွေ့အကြုံဖြင့် အမှုအရာများကို လုပ်ဆောင်ကြသည့် လူများစွာရှိသည်။ ၎င်းတို့သည် ဤအရာများကို သမ္မာတရားအဖြစ် စွဲကိုင်ကြသည်။ ကောင်းမွန်သည့်အရာများစွာကို လုပ်ဆောင်ကြပြီး၊ ၎င်းတို့၏ ဘဝတစ်ခုလုံးကြာအောင် ဤအရာကို ဆက်လက်လုပ်ဆောင်နိုင်ကြသည်။ သို့သော် ၎င်းတို့သည် အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းက သမ္မာတရားကို သိနားလည်မှုရရှိနိုင်ကြသလော။ လုံးဝ မရရှိနိုင်ပေ။ ကောင်းမွန်သည့်အရာများကို တစ်သက်တာ လုပ်ဆောင်လျှင်ပင်၊ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ကြလိမ့်မည် မဟုတ်။ ထို့ကြောင့်၊ သမ္မာတရားကို နားမလည်နိုင်သော်လည်း ကောင်းမွန်သည့်အရာများစွာ လုပ်ဆောင်နိုင်သည့် လူတစ်ဦးသည် ဧကန်မုချ လူကောင်းတစ်ဦးဖြစ်သည်မဟုတ်လော။ ဤသည်မှာ မသေချာပေ။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို နားမလည်ခြင်း၏ အသိသာအထင်ရှားဆုံးသော အကျိုးဆက်မှာ လူတို့က မကောင်းမှုကို လုပ်ဆောင်ကာ ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်ပြီး ဘုရားသခင်ကို ဝေဖန်ကာ ရှုတ်ချခြင်းအပြင် ဘုရားသခင်၏ အမှုတော်ကို အတိုက်အခံလုပ်ရာတွင် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များနောက် လိုက်နိုင်ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို နားမလည်သောလူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းခံဖို့ အလွယ်ဆုံးဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူ အချို့သည် ကောင်းမွန်သည့်အရာများစွာ လုပ်ကောင်းလုပ်နိုင်သော်လည်း မကောင်းမှုနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းကိုလည်း လုပ်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့်၊ သင်၏ တစ်ဘဝလုံး ကောင်းသည့်အရာများ လုပ်ဆောင်ခြင်းက သေချာပေါက် သင့်ကို အမှန်တကယ် လူကောင်းတစ်ဦး မဖြစ်စေပေ သို့မဟုတ် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ထိုကောင်းမွန်သည့်အရာများ၏ သဘောသဘာဝကို သင် ကြည့်ပြီး ယင်းတို့က သမ္မာတရားနှင့် ကိုက်ညီကာ သမ္မာတရား လက်တွေ့ကျမှုနှင့် သက်ဆိုင်ခြင်း ရှိမရှိဟူသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ သင်သည် ဤခြေခြေမြစ်မြစ်ဖြစ်သော ကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်ဘဲ စိတ်ထက်သန်မှု၊ ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် အတွေ့အကြုံကို အခြေခံ၍ အမှုအရာများကို လုပ်ဆောင်ဆဲဖြစ်လျှင်၊ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နေခြင်းဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ စံနှုန်းအဖြစ် မိမိ၏ အသိစိတ်အပြင် အမှုအရာများကို လုပ်ဆောင်ရန် မိမိ၏ ကောင်းမွန်သော ရည်ရွယ်ချက်များအပေါ် လုံးဝ မှီခိုနေခြင်း ဖြစ်သည်။ အမှုအရာများကို မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော လူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောလူများ ဖြစ်သည်။ ဤကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်သောလူတို့သည်လည်း ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသော လူများဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။