ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း

လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသောစကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့် ယုံကြည်ခြင်းကို မည်သည့်အရာဖြင့်ဖွဲ့စည်းထားသည်ကို မသိပါ။ လူသားနားလည်သည်မှာ အလွန်နည်းပါး၍ လူသားကိုယ်တိုင်တွင် မပြည့်စုံမှု များပြားလွန်းနေပါသည်။ သူသည် မဆင်မခြင် အသိဉာဏ်မဲ့စွာဖြင့်သာ ငါ့ကို ယုံကြည်သည်။ ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာ ဆိုသည်ကိုဖြစ်စေ၊ ငါ့ကို အဘယ်ကြောင့် ယုံကြည်သည်ကိုဖြစ်စေ သူမသိသော်လည်း သဲသဲမဲမဲ ဆက်၍ယုံကြည်သည်။ ငါသည် လူသားအပေါ်တောင်းဆိုသည်မှာ ဤနည်းဖြင့် ငါ့ကို သဲသဲမဲမဲပဌနာပြုရုံ သို့မဟုတ် ငါ့ကို ရောက်တတ်ရာရာ နည်းဖြင့် ယုံကြည်ရုံတို့မျှသာ မကပါ။ ငါ၏အမှုမှာ လူသား ငါ့ကိုတွေ့၍ ငါ့ကိုသိလာရန် ဖြစ်သည်။ ငါ၏ အမှုတော်ကြောင့် လူသားသည် ငါ့ကိုအထင်ကြီး၍ အမြင်သစ်တစ်မျိုးဖြင့် ကြည့်ရန်မဟုတ်။ ငါယခင်က နိမိတ် လက္ခဏာများစွာနှင့် အံ့ဘွယ်အမှုအရာများကို ပြသခဲ့ပြီး အံ့သြဖွယ်ဖြစ်ရပ်များစွာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ဣသရေလတို့သည် ငါ့ကို ကြီးစွာသောလေးစားမှု ပြခဲ့ပြီး ဖျားနာသူတို့၏ အနာရောဂါကို ငြိမ်းစေနိုင်ပြီး နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သည့် ငါ၏ထူးခြားသောအစွမ်းတို့ကို လွန်စွာကြောက်ရွံ့ခဲ့သည်။ ထိုစဉ်က ယုဒလူမျိုးတို့သည် အနာရောဂါငြိမ်းစေနိုင်သည့် ငါ၏တန်ခိုးတို့မှာ ပိုင်နိုင်လှ၍ အံ့မခန်းဟု ထင်ခဲ့ကြသည်။ ဤကဲ့သို့သော ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့အားလုံး ငါ့ကို လေးစားကြ၏။ ငါ၏တန်ခိုးအားလုံးအတွက် သူတို့ ကြီးစွာသော ကြည်ညိုလေးစားစိတ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ အံ့သြဖွယ်ဖြစ်ရပ်များ ငါလုပ်ဆောင်သည်ကို တွေ့သူ မည်သူမဆိုသည် ငါ့နောက်သို့ အနီးကပ် လိုက်ခဲ့သည့်အတွက် ဖျားနာသောသူတို့၏အနာရောဂါ ငါငြိမ်းစေသည်ကို ကြည့်ရန် ထောင်ပေါင်းများစွာသော လူတို့သည် ငါ့ကိုဝိုင်းရံခဲ့ကြသည်။ ငါသည် နိမိတ်လက္ခဏာနှင့် အံ့ဘွယ်အမှုအရာများစွာကို ပြသခဲ့သော်လည်း လူသားသည် ငါ့ကို ပိုင်နိုင်သည့်သမားတော်တစ်ဦးအဖြစ်မျှသာ မှတ်ယူခဲ့သည်။ ထိုအချိန်က ထိုသူတို့ကို သင်ကြားသည့် စကားများစွာ ငါပြောခဲ့သည်ဖြစ်သော်လည်း ငါ့ကို တပည့်များထက်သာသည့်ဆရာအဖြစ်မျှသာ မှတ်ယူခဲ့ကြသည်။ ယနေ့တိုင်အောင်ပင် ငါ့အမှုတော်၏သမိုင်းဝင်မှတ်တမ်းများကို လူသားများတွေ့ပြီးသည်နောက် ငါ့ကို ဖျားနာသူတို့ကို အနာရောဂါငြိမ်းစေသည့် သမားတော်ကြီးတစ်ပါးနှင့် အသိဉာဏ်မဲ့သူတို့၏ဆရာဟု ထိုသူတို့ ဆက်လက် အဓိပ္ပါယ်ကောက်ကြသည်။ ထို့နောက် ငါ့ကို သနားကြင်နာတတ်သော သခင်ယေရှုခရစ်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ကျမ်းစာကို အနက်အဓိပ္ပါယ်ပြန်သောသူတို့သည် အနာရောဂါငြိမ်းစေရာတွင် ငါ့ထက်သာလွန်၍ ကျွမ်းကျင် နိုင်ခဲ့ကြပေသည်။ သို့မဟုတ် ယခု ၎င်းတို့၏ဆရာများထက် သာလွန်သည့် တပည့်များပင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဤသို့သော အလွန်ထင်ရှားကျော်ကြားသော လူများဖြစ်သည့် ၎င်းတို့၏အမည်များကို ကမ္ဘာတစ်ဝှမ်း သိကြသူများက ငါ့ကို သမားတော်တစ်ဦးမျှသာဟု အလွန်နိမ့်ကျစွာ ထင်မှတ်ကြသည်။ ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည်လည်း ရှောလမုန်မင်းကြီး၏ သားအားလုံး၏ ဉာဏ်ပညာထက် သာ၍ကြီးမားသည်။ သို့သော် လူသားများသည် ငါ့ကို အရေးသိပ်မပါသည့် သမားတော်အဖြစ်နှင့် လူသား၏ လူမသိသူမသိဆရာအဖြစ်မျှသာ ငါ့ကိုထင်မှတ်ကြသည်။ သူတို့၏အနာရောဂါကို ငါငြိမ်းစေရေးအတွက် ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ သူတို့၏ခန္ဓာအတွင်းမှ မသန့်ရှင်းသည့်ဝိညာဉ်များကို ငါမောင်းထုတ်ရေးအတွက် ငါ၏တန်ခိုးတော်များကို အသုံးပြုရန် ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ငါ့ထံမှငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ဥစ္စာချမ်းသာဖို့ ငါ့ထံက တောင်းခံရန်အတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ဤဘဝနှင့် နောင်လာမည့်ဘဝတို့တွင် ဘေးကင်းလုံခြုံစွာနေနိုင်ရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ယာယီ စည်းစိမ်အတွက်သာ ငါ့ကိုယုံကြည်ပြီး နောင်လာမည့်ဘဝအတွက် မည်သည့်အရာမှ ရရန်မကြိုးစားသူ ဘယ်နှစ်ဦး ရှိသနည်း။ လူသားအပေါ် ငါ့ဒေါသကျရောက်စေပြီး သူနဂိုကပိုင်ဆိုင်ခဲ့သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါသိမ်းပိုက်လိုက်သောအခါ လူသားသည် သံသယရှိလာ၏။ ငါသည် လူသားကို ငရဲ၏ဒုက္ခပေး၍ ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည်သိမ်းယူသည့်အခါ လူသား၏အရှက်သည် ဒေါသအသွင်သို့ ပြောင်းသွား၏။ လူသားသည် ငါ့ကို အနာရောဂါကင်းစေရန်တောင်းဆိုသည့်အခါ ငါသည် သူ့ကို အသိအမှတ်မပြု။ သူ့ကိုရွံရှာသည့်အခါ လူသားသည် ငါ့ထံမှဝေးရာသို့ သွားပြီး မှော်ဆရာများနှင့် မှော်အတတ်တို့၏ နည်းလမ်းများကို ရှာခဲ့ကြသည်။ ငါ့ထံမှ လူသား တောင်းဆိုသမျှအားလုံးကို ငါယူပစ်လိုက်သောအခါ လူသားအားလုံး လမ်းစရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါပေးသည့်ကျေးဇူးတော် များလွန်းပြီး ရရန်အကျိုးအမြတ် များလွန်းသဖြင့် လူသားသည် ငါ့ကို ယုံကြည်သည်ဟု ငါဆို၏။ ယုဒလူတို့သည် ငါ၏ကျေးဇူးတော်ကြောင့် ငါ့ကိုယုံကြည်ကြပြီး ငါသွားရာနောက်သို့ လိုက်ခဲ့ကြသည်။ အသိဉာဏ်နှင့် အတွေ့အကြုံနည်းသည့် ဤမသိနားမလည်သော လူသားတို့သည် ငါပြသည့် နိမိလက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုတွေ့ရန်သာ ကြိုးပမ်းကြ၏။ အကြီးမြတ်ဆုံးအံ့ဖွယ်အမှုတို့ ပြုလုပ်နိုင်သည့် ယုဒလူတို့၏အိမ်၏ဦးခေါင်းဟု ငါ့ကိုမှတ်ယူကြ၏။ ထို့ကြောင့် ငါသည် လူသားတို့အထဲမှ နတ်ဆိုးတို့ကို နှင်ထုတ်သောအခါ ထိုသူတို့သည် ဇဝေဇဝါကြီးစွာဖြစ်လျက် ငါသည် ဧလိယဖြစ်၏။ ငါသည် မောရှေဖြစ်၏။ ငါသည် ပရောဖက်တို့အနက် ရှေးအကျဆုံး ဖြစ်၏။ ငါသည် အကြီးမြတ်ဆုံးသော သမားတော်ဖြစ်၏ဟု ၎င်းတို့အကြား ပြောဆိုကြ၏။ ငါသည် အသက်ဖြစ်၏။ လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ မည်သူမျှ ငါ၏ဖြစ်တည်ခြင်းကိုသော်၎င်း၊ ငါမည်သူမည်ဝါဖြစ်ခြင်းကိုသော်၎င်း မသိနိုင်ခဲ့။ ကောင်းကင်ဘုံသည် ငါ့အဖ နေထိုင်ရာနေရာဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းနှင့် ဘုရားသခင် ကိုယ်တိုင် ဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့။ ငါသည် လူသားမျိုးနွယ်အားလုံးထံ ရွေးနုတ်ခြင်းကို ယူဆောင်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရွေးမည်ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည် လူသားတို့ကို ရွေးနုတ်တော်မူသောသူ ဖြစ်ကြောင်း မည်သူမျှမသိခဲ့။ လူသားတို့သည် ငါ့ကို ကျေးဇူးပြုတတ်သောသူနှင့် သနားကြင်နာတတ်သောသူအဖြစ်သာ သိခဲ့ကြသည်။ ထို့အပြင် ငါမည်သူ ဖြစ်သည်အားလုံးကို ငါကိုယ်တိုင် ရှင်းပြနိုင်ခြင်းမှလွဲ၍ မည်သူမျှ ငါ့ကိုမသိ။ ထို့အပြင် ငါသည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို မည်သူမျှ ယုံကြည်ခြင်းမရှိ။ လူသားသည် ငါ့ကို ဤသို့သာယုံကြည်ပြီး ငါ့ကို ဤသို့ လှည့်စားခဲ့သည်။ ငါ့အပေါ် ဤသို့အမြင်များရှိလျှင် လူသားသည် ငါ့အတွက် မည်သို့သက်သေခံနိုင်မည်နည်း။

လူသားသည် ငါ့ကိုယုံကြည်သော်လည်း ငါ့အတွက် သက်သေခံနိုင်ခြင်းမရှိ။ ထို့အပြင် ငါမည်သူဖြစ်ကြောင်း အသိမပေးမီ လူသားသည် ငါ့အတွက် သက်သေခံနိုင်ခြင်း မရှိ။ ငါသည် သက်ရှိသတ္တဝါများနှင့် သန့်ရှင်းမြင့်မြတ်သော လူသားအားလုံးထက် သာလွန်သည်ကိုသာ လူသားမြင်ပြီး ငါလုပ်သည့်အလုပ်ကို လူသားများမလုပ်နိုင်ကြောင်းကို မြင်သည်။ ထို့ကြောင့် ယုဒလူတို့မှ ယနေ့လူသားများအထိ ငါ၏ ဘုန်းတန်ခိုးကြီးသော အမှုတော်တို့ကို မြင်ဖူးသူတို့သည် ငါ့အကြောင်း သိလိုစိတ်နှင့်သာ ပြည့်လျှက်နေ၏။ သို့ရာတွင် သက်ရှိသတ္တဝါ၏ ပါးစပ်တစ်ခုမျှ ငါ့အပေါ် သက်သေမခံနိုင်ခဲ့ကြ။ ငါ့အဖသာလျှင် ငါ့အတွက် သက်သေခံခဲ့၏။ သက်ရှိသတ္တဝါတို့အားလုံးအကြား ငါ့အဖို့ လမ်းပြုလုပ်ခဲ့၏။ သို့မဟုတ်လျှင် ငါမည်မျှပင် အမှုတော်ထမ်းသော်လည်း ငါသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း မည်သူမျှ သိမည်မဟုတ်။ အကြောင်းမူကား လူသားသည် ရယူရန်သာသိ၍ ငါ၏အမှုတော်ကြောင့် ငါ့အပေါ် ယုံကြည်ခြင်းမရှိ။ ငါသည် အပြစ်ကင်း၍ အပြစ်သားတစ်ယောက်မဟုတ်၍သာ လူသားသည် ငါ့ကိုသိ၏။ ငါသည် နက်နဲသောအရာ အများအပြားကို ရှင်းပြနိုင်၍၊ ငါသည် လူအများအပြားအထက်တွင်ရှိ၍၊ သို့မဟုတ် လူသားသည် ငါ့ထံမှ အကျိုးအမြတ် ရ၍သာ ငါ့ကိုသိ၏။ သို့သော် ငါသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ယုံကြည်သူနည်းပါး၏။ ထို့ကြောင့် လူသားသည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို မသိ၊ ငါ့ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သော်၎င်း၊ အရေးပါပုံကိုသော်၎င်း မသိဟု ငါပြော၏။ လူသားသည် စစ်မှန်မှု ချို့တဲ့နေပြီး ဤအချက်မှာ ငါ့ကိုသက်သေခံရန် ထိုက်တန်မှု မရှိသည်နီးပါးပင် ဖြစ်သည်။ သင်သည် စစ်မှန်သောယုံကြည်ခြင်း အလွန်နည်းပါးပြီး အကျိုးအမြတ်ရသည်မှာ နည်းသဖြင့် သင့်တွင် သက်သေခံချက် အလွန်နည်းသည်။ ထို့အပြင် သင်နားလည်သည်မှာ အလွန်နည်းပြီး အလွန်ချို့တဲ့လှသည်မှာ ငါ၏အမှုတော်များအတွက် သက်သေခံထိုက်ခြင်း မရှိသည့်နီးပါးပင်ဖြစ်၏။ သင်၏ သံန္နိဋ္ဌာန်ချမှတ်ချက်မှာ အလွန်ကြီးမားပေသည်။ သို့သော် သင်သည် ဘုရားသခင်၏အနှစ်သာရကို အောင်မြင်စွာ သက်သေခံနိုင်မည်အကြောင်း သေချာပါသလား။ သင်တွေ့ကြုံခဲ့သည့်အရာနှင့် မြင်တွေ့ခဲ့သည့်အရာတို့သည် ယခင် သန့်ရှင်းသူများ၊ ပရောဖက်များထက် သာလွန်၏။ သို့သော် ယခင် သန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်ပေးနိုင်မည်လား။ သင့်အပေါ် ငါယခုပေးသည့်အရာမှာ မောရှေထက် သာလွန်၍ ဒါဝိဒ်ထက် သာ၍ကြီးမြတ်သည်။ ထို့ကြောင့် အလားတူပင် သင်၏သက်သေခံချက်သည်လည်း မောရှေ၏ သက်သေခံချက်ထက် သာလွန်၍ သင်၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင့်ကို အဆတစ်ရာပေး၏။ ငါ့ကိုလည်း သင် ထိုနည်းတူ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ကို အသက် ပေးသူဖြစ်ကြောင်း၊ ငါ့ထံမှအသက်ကို ရရှိသူမှာ သင်ဖြစ်ကြောင်းနှင့် ငါ့အတွက် သက်သေခံရမည့်သူမှာ သင်ဖြစ်ကြောင်းကို သင်သိရမည်။ ဤသည်မှာ သင့်အပေါ် ငါချမှတ်ပြီး ငါ့အတွက် သင်လုပ်ပေးသင့်သည့် သင်၏ တာဝန်ဖြစ်သည်။ ငါ၏ဘုန်းတော်အားလုံးကို သင့်ကိုငါပေးခဲ့ပြီး ငါရွေးကောက်တော်မူသော ဣသရေလအမျိုးတို့ပင် မရခဲ့သော အသက် သင့်ကို ငါပေးခဲ့၏။ ရပိုင်ခွင့်အနေဖြင့် သင်သည် ငါ့အတွက် သက်သေခံသင့်၏။ ထို့နောက် သင်၏ ပျိုရွယ်မှုကို ငါ့ထံဆက်ကပ်၍ သင့်အသက်ပေးသင့်၏။ ငါ၏ဘုန်းတန်ခိုးတော်ကို ငါပေးသောသူသည် ငါ၏ သက်သေခံရမည်ဖြစ်၍ ငါ့အတွက် အသက်ပေးရမည်။ ဤသည်ကို ကာလကြာရှည်ကပင် ကြိုတင်ပြဋ္ဌာန်းထား၏။ သင့်အပေါ် ငါ၏ဘုန်းတန်ခိုးကို ငါပေးသည်မှာ သင်ကံကောင်း၏။ ထို့အပြင် သင့်တာဝန်မှာ ငါ၏ ဘုန်းတန်ခိုးကို သက်သေခံရန်ဖြစ်၏။ ဥစ္စာဓနရရှိရေးအတွက်သာ သင်သည် ငါ့ကိုယုံကြည်လျှင် ငါ့အမှုတော်သည် သိပ်အရေးပါမည်မဟုတ်။ ထို့အပြင် သင်သည်လည်း သင့်တာဝန်ကို ကျေပွန်မည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏ကရုဏာ၊ မေတ္တာနှင့် တန်ခိုးအာနုဘော်တို့ကိုသာ မြင်၍ ယုဒလူတို့သည် ငါ၏စိတ်ရှည်ခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ တွေ့ခဲ့သည်။ ငါ့ဝိညာဉ်၏ အမှုတော်အနည်းငယ်ကိုသာ ထိုသူတို့တွေ့ခဲ့၏။ သင်ကြားခဲ့၊ မြင်ခဲ့သည့်အရာ၏ အပုံတစ်သောင်းပုံ တစ်ပုံမျှသာ ထိုသူတို့နားလည်ခဲ့၍ ဖြစ်နိုင်သည်။ သင်မြင်ခဲ့သည့်အရာမှာ ၎င်းတို့အကြား ယဇ်ပရောဟိတ်များထက်ပင် ကျော်လွန်၏။ ယနေ့ သင်နားလည်ခဲ့သည့် သမ္မာတရားမှာ ထိုသူတို့ နားလည်သည်ထက် သာလွန်၏။ ယနေ့သင်တွေ့ခဲ့သည့်အရာမှာ ပညတ်တော်ခေတ် နှင့် ကျေးဇူးတော်ခေတ် တို့တွင် တွေ့ရှိခဲ့သည်ထက် ကျော်လွန်ပြီး သင်ကြုံတွေ့ခဲ့သည့်အရာမှာ မောရှေနှင့် ဧလိယတို့ ကြုံတွေ့ခဲ့သည်ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့သည်မှာ ယေဟောဝါ၏ ပညတ်တရားသာလျှင်ဖြစ်၍ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောပင်ဖြစ်သည်။ ယုဒလူတို့သည် ယေရှု၏ ရွေးနုတ်ခြင်းကိုသာ နားလည်၏။ ယေရှုပေးသနားသော ကျေးဇူးတော်သာလျှင် ရရှိခဲ့ပြီး ယုဒလူတို့၏အိမ်အတွင်းရှိ ယေရှု၏ရုပ်ပုံကိုသာ ထိုသူတို့တွေ့၏။ ယနေ့သင်မြင်သည်မှာ ယေဟောဝါ၏ ဘုန်းတန်ခိုး၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ယနေ့ ငါ၏အမှုအားလုံးဖြစ်၏။ သင်သည်ငါ့ဝိညာဉ်၏ စကားများကိုလည်းကြား၏။ ငါ့အသိဉာဏ်ကိုလည်း နားလည်ကာ ငါ၏အံ့သြဖွယ်ရာအမှုကို သိလာ၍ ငါ၏စိတ်သဘောထားကိုလည်း သိလာ၏။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်အားလုံးကိုလည်း သင့်အား ငါပြောပြခဲ့၏။ သင်တွေ့ရှိခဲ့သည်မှာ မေတ္တာရှင်နှင့် ကရုဏာရှင်ဘုရားသခင်သာ မဟုတ်။ ဖြောင့်မတ်ခြင်းနှင့် ပြည့်စုံသူ ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုတော်ကို တွေ့ခဲ့ပြီဖြစ်ပြီး ငါသည် ပြင်းစွာသော အမျက်နှင့် ဘုန်းတန်ခိုးအာနုဘော်တို့ဖြင့် ပြည့်ဝနေကြောင်းကို သိခဲ့၏။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ဟုန်းဟုန်းတောက်နေသော ဒေါသကျရောက်စေခဲ့ကြောင်းကို သင်သိခဲ့ပြီး ဤအရာသည် ယနေ့ သင့်ထံသို့ ရောက်လာခဲ့၏။ သင်သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာတို့ကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍နားလည်ခဲ့၏။ သင်သည် ငါ၏နှစ်သက်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ်ကောင်းခြင်းတို့ကို ယခင် မျိုးဆက်များက သန့်ရှင်းသူအားလုံးထက် ပိုသိ၏။ သင်ရရှိခဲ့သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီး၊ အသက်တို့သာမက ယောဟန်ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ခဲ့ပြီး ငါ၏မျက်နှာတော်ကိုလည်း ဖူးမြင်ခဲ့၏။ သင်သည် ငါ၏တရားစီရင်ခြင်းများကို ပို၍လက်ခံခဲ့ပြီး ငါ၏ဖြောင့်မတ်သော စိတ်သဘောထား ကို ပိုသိခဲ့သည်။ ထို့ကြောင့် သင့်ကို နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့သော်လည်း သင်၏နားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်သည်။ ယနေ့၏အတွေ့အကြုံကိုလည်း သင်ကြုံတွေ့ ခဲ့ရသည်။ ဤသည်ကို ငါ၏လက်ဖြင့် ပြည့်စုံစေခဲ့ခြင်း ဖြစ်၏။ သင့်ကိုငါတောင်းဆိုသည်မှာ မထိုက်သင့်သောအရာ မဟုတ်။ အကြောင်းမူကား ငါသည် သင့်အား အလွန်အကျွံ ပေးခဲ့ပြီဖြစ်ပြီး ငါ့ထံမှ သင်အများအပြား တွေ့ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရှေးကာလများမှ သန့်ရှင်းသူတို့ထံ ငါ့အတွက် သက်သေခံပေးရန် ငါသင့်ကို တောင်းဆိုခြင်းဖြစ်ပြီး ဤသည်မှာ ငါ့နှလုံး၏ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။

ငါ့အတွက်သက်သေခံခဲ့သည်မှာ ငါ့အဖဖြစ်သော်လည်း သာ၍ကြီးမြတ်သော ဘုန်းတန်ခိုးရရှိရန်နှင့် ဖန်ဆင်းထားသည့်အရာတို့၏ ပါးစပ်များမှ သက်သေခံစကားများ ထွက်လာရန် ငါကြိုးစား၏။ သို့ဖြစ်၍ သင်၏တာဝန်ကို သင်ကျေပွန်စေရန်နှင့် လူသားတို့အကြား ငါ၏အမှုတော် အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် ငါသည် သင့်ကို အစွမ်းကုန် ပေးဆပ်၏။ ငါ့ကို အဘယ်အတွက် သင်ယုံကြည်သည်ကို သင်သိသင့်သည်။ ငါ၏အလုပ်သင် သို့မဟုတ် ငါ၏လူနာ ဖြစ်ရန်သာ သို့မဟုတ် ကောင်းကင်ဘုံရှိ ငါ၏သန့်ရှင်းသူများအနက် တစ်ဦးဖြစ်ရန်သာ သင်ငါ့နောက်သို့ လိုက်လျှင် သင့်ကြိုးပမ်းချက်များမှာ အချည်းနှီးသာဖြစ်လိမ့်မည်။ ဤနည်းဖြင့် ငါ့နောက်သို့ လိုက်ခြင်းသည် ကြိုးပမ်းအားထုတ်မှု ဖြုန်းတီးခြင်းသာဖြစ်သည်။ ငါ့ကို ဤနည်းဖြင့်ယုံကြည်ခြင်းသည် သင်၏နေ့ရက်များကို ကုန်ဆုံးနေစေခြင်းသာဖြစ်ပြီး သင်၏ပျိုရွယ်မှုကို ဖြုန်းတီးနေခြင်းသာဖြစ်သည်။ အဆုံးတွင် သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ဤသည်မှာ အချည်းနှီးဖြစ်သော အလုပ်ပင် မဟုတ်ပါသလား။ ငါသည် ယုဒလူတို့အကြားမှ ခွဲခွာလာခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါသည် လူသား၏သမားတော်၊ လူသား၏ဆေး မဟုတ်တော့ပါ။ ငါသည် လူသားမောင်းနှင်ရန် သို့မဟုတ် လူသားအလိုရှိသည် အတိုင်းသတ်ရန် ဝန်ထုပ်ထမ်းသည့်သားရဲတစ်ကောင် မဟုတ်တော့ဘဲ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အပြင် ငါ့အား လူသားတို့သိရန် လူသားတို့အကြား ငါလာခဲ့ခြင်းဖြစ်သည်။ ငါသည်တစ်ချိန်က ရွေးနုတ်ခြင်းအမှုကို ပြုခဲ့ကြောင်း သင်သိသင့်သည်။ တစ်ချိန်က ငါသည် ယေရှုဖြစ်ခဲ့သည်။ သို့ရာတွင် တစ်ချိန်က ငါသည် ယေဟောဝါဖြစ်ခဲ့ပြီး နောင်တွင် ယေရှုဖြစ်သွားသကဲ့သို့ ငါသည် ယေရှုအဖြစ် ထာဝရ မရှိနိုင်ပါ။ ငါသည် လူသားတို့၏ဘုရားသခင်နှင့် ဖန်ဆင်းရှင် ဖြစ်သော်လည်း ငါသည် ယေရှုအဖြစ် ထာဝရမရှိနိုင်သကဲ့သို့ ယေဟောဝါအဖြစ်လည်း ထာဝရ မရှိနိုင်ပါ။ ငါသည် လူသားတို့ယူဆသည့် သမားတော်အဖြစ် ရှိခဲ့သည်။ သို့သော် ဘုရားသခင်သည် လူသားအတွက် သမားတော်မျှသာ ဖြစ်သည်ဟု မဆိုနိုင်ပါ။ ထို့ကြောင့် သင်သည် ငါ့ကိုယုံကြည်ရာတွင် ရှေးယခင်က အမြင်များကို ကိုင်ဆွဲထားပါက မည်သည့်အရာမျှ ရရှိမည်မဟုတ်။ “ဘုရားသခင်သည် လူသားတို့ကို ချစ်လှပေ၏။ အကျွန်ုပ်ကို အနာရောဂါငြိမ်းစေ၍ ကောင်းချီးမင်္ဂလာများ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ပေး၏။ ဘုရားသခင်သည် လူသားတို့အပေါ် ကောင်းလှပေ၏။ ကျွန်ုပ်တို့သာ ကိုယ်တော်ရှင်ကို ယုံကြည်ပါက ကျွန်ုပ်တို့သည် ငွေကြေးနှင့် ချမ်းသာကြွယ်ဝရေးတို့ အတွက် ပူစရာမလို” ဟု ဆို၍ ယနေ့ သင်သည် ငါ၏ဂုဏ်တော်ကို မည်မျှပင်ချီးမွမ်းသည်ဖြစ်စေ ငါသည် ငါ၏မူရင်း အလုပ်ကို အဆက်မပြတ်စေနိုင်။ ယနေ့ သင်သည် ငါ့ကိုယုံကြည်လျှင် ငါ၏ဘုန်းတန်ခိုးကိုသာ ရရှိမည်ဖြစ်ကာ ငါ၏သက်သေခံရန်သာ ထိုက်တန်မည်ဖြစ်ပြီး အခြားအရာအားလုံးသည် သာမညသာ ဖြစ်လိမ့်မည်။ ဤသည်ကို ရှင်းလင်းပြတ်သားစွာ သင်သိရမည်။

ထို့ကြောင့် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ်သိပါသလား။ ငါ့အမှုတော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှု တို့ကို သင်အမှန်တကယ်သိပါသလား။ သင့်တာဝန်ကို သင်အမှန်တကယ်သိပါသလား။ ငါ၏သက်သေခံချက်ကို သင်အမှန်တကယ်သိပါသလား။ သင်သည် ငါ့ကိုယုံကြည်ရုံမျှသာဖြစ်၍ ငါ၏ ဘုန်းတန်ခိုးဖြစ်စေ၊ ငါ၏သက်သေခံချက်ဖြစ်စေ သင့်တွင် မမြင်ရပါက ငါသည် သင့်ကို ကြာမြင့် ချိန် ကတည်းက စွန့်ပစ်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် မိမိကိုယ်ကိုယ် အရာအားလုံးသိသည်ဟု ထင်သောသူများမူကား ငါ့မျက်စိထဲတွင် ဆူးများကဲ့သို့ သာ၍ဖြစ်ပြီး ငါ၏အိမ်တော်တွင် ထိုသူတို့သည် ထိမိ၍လဲစရာများသာလျှင် ဖြစ်၏။ ထိုသူတို့သည် အနည်းငယ်မျှ အသုံးမဝင်၊ သြဇာသက်ရောက်မှု မရှိသော တောမျိုးစေ့များဖြစ်၍ ငါ၏အမှုတော်မှ လုံးဝလှေ့ထုတ်ရမည်။ ငါသည် ထိုသူတို့ကို ရွံရှာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သက်သေခံချက်မရှိသူများအတွက်မူကား ငါ၏ဒေါသသည် ထိုသူတို့အပေါ် အစဉ်ဖြစ်ပေါ်လျှက်ရှိ၍ ငါ၏ လှံတံသည် ထိုသူတို့ထံမှ မည်သည့်အခါမျှ သွေဖီ၍သွားမည်မဟုတ်။ ထိုသူတို့ကို မာရ်နတ်၏လက်ထဲသို့ ငါ လွှဲပြောင်းပေးခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထိုသူတို့သည် ငါ၏ကောင်းချီးမင်္ဂလာ တစ်ခုမျှ မရရှိခဲ့ပါ။ ထိုနေ့တွင် ထိုသူတို့၏ အပြစ်ဒဏ်သည် မိုက်မဲသောမိန်းမတို့ထက် များစွာသာ၍ နာကျင်စေလိမ့်မည်။ ယခု ငါသည် ငါ့တာဝန်ဖြစ်သည့် အမှုတော်ကိုသာ ဆောင်ရွက်နေ၏။ ငါသည် စပါးပင်အားလုံးတို့ကို တောပင်တို့နှင့်အတူ စည်းနှောင်မည်။ ဤသည်မှာ ယခု ငါ၏အမှုဖြစ်၏။ ငါစပါးလှေ့သည့်အခါ ထိုတောမျိုးစေ့တို့ကို လှေ့ထုတ်လိုက်မည်။ ထိုအခါ စပါးစေ့တို့ကို ကျီတွင်စုသိမ်းပြီး လှေ့ထားသည့်တောပင်တို့ကို ပြာကျစေရန် မီးအတွင်းသို့ချမည်။ ယခုငါ့အလုပ်မှာ လူသားအားလုံးကို စည်းနှောင်ရန်သာ၊ သူတို့အားလုံးကို လုံးဝစိုးမိုးရန်သာ ဖြစ်သည်။ ထိုနောက်တွင် ငါသည် လူသားအားလုံး၏အဆုံးကို ဖော်ပြခြင်းငှာ စပါး စတင်၍လှေ့မည်။ ထို့ကြောင့် သင်သည် ငါကျေနပ်စေရန် မည်သို့လုပ်ဆောင်ရမည်နှင့် ငါ့ကို ယုံကြည်ရာတွင် လမ်းကြောင်းမှန်ရောက်အောင် မည်သို့လုပ်ဆောင်သင့်သည်ကို ယခု သိသင့်သည်။ ငါတောင်းဆိုသည်မှာ ယခုသင်၏သစ္စာရှိမှုနှင့်နာခံမှု၊ ယခု သင်၏ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည်သက်သေခံချက် သို့မဟုတ် မေတ္တာဟူသည် အဘယ်အရာဆိုသည်ကို ယခုအခိုက်အတန့်တွင် မသိသော်ငြားလည်း ငါ့အတွက် တတ်နိုင်သမျှဆောင်ရွက်ပေးပြီး သင့်တွင်ရှိသမျှသောရတနာများဖြစ်သည့် သစ္စာရှိမှုနှင့် နာခံမှုတို့ကို ငါ့လက်သို့ အပ်သင့်သည်။ စာတန်အပေါ်ငါအောင်နိုင်ခြင်း၏အရေးယူမှုမှာ လူသား၏ သစ္စာရှိမှုနှင့်နာခံမှုတွင် တည်ရှိနေသည်ကို သင် သိသင့်သည်။ လူသားအပေါ် ငါလုံးဝသိမ်းပိုက်ခြင်း၏ သက်သေခံချက်မှာလည်း ဤသို့ပင်ဖြစ်သည်။ ငါ့အပေါ် သင့်ယုံကြည်ခြင်းအတွက် တာဝန်မှာ ငါ့အတွက်သက်သေခံရန်၊ အခြားမည်သူ့အပေါ်မျှ မဟုတ်ဘဲ ငါ့အပေါ် သစ္စာရှိရန်နှင့် အဆုံးတိုင်အောင် နာခံရန်ဖြစ်သည်။ ငါ၏အမှုတော်အတွက် ငါ နောက်အဆင့် မစတင်မီ သင်သည် ငါ့အတွက်မည်သို့ သက်သေခံမည်နည်း။ သင်သည် ငါ့အပေါ်မည်သို့သစ္စာရှိ၍ နာခံမည်နည်း။ သင်၏သစ္စာရှိမှုကို သင်၏ တာဝန်ဝတ္တရားအတွက် ဆက်ကပ်သလား။ သို့မဟုတ် အရှုံးပေးရုံပဲလား။ သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်းသို့ ရောက်သည် ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို နာခံမည်လား။ သို့မဟုတ် ငါ၏အဆုံးအမကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးမည်လား။ သင်သည် ငါ့အတွက်သက်သေခံရန်နှင့် ငါ့အပေါ်သစ္စာရှိပြီး ငါ့ကိုနာခံရန် ငါသင့်ကို ဆုံးမခြင်းဖြစ်သည်။ ထို့အပြင် ပစ္စုပ္ပန်တွင်ဆုံးမခြင်းမှာ ငါ၏အမှုတော်နောက်အဆင့်ကို ဖော်ပြရန်ဖြစ်ပြီး အမှုတော်ကို အတားအဆီးမရှိ တိုးတက်စေရန်လည်းဖြစ်သည်။ သို့ဖြစ်၍ သင်သည်အမြော်အမြင်ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏အသက်ရှင်တည်ရှိနေမှု၏ အရေးပါမှုကိုဖြစ်စေ တန်ဖိုးမဲ့သည့်သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သို့ဖြစ်မည်ကို သင်အတိအကျသိနိုင်ပါမည်လား။ လာမည့် နေ့ရက်များတွင် ငါမည်သို့လုပ်ဆောင်မည်နှင့် ငါ၏အမှုမည်သို့ဖြစ်မည်ကို သင်သိပါသလား။ သင်သည် ငါ၏အမှု၌ သင့်အတွေ့အကြုံ၏အရေးပါပုံကို သိသင့်သည်။ ထို့အပြင် ငါ့အပေါ်သင့်ယုံကြည်ခြင်း၏ အရေးပါပုံကိုလည်း သိသင့်သည်။ ငါသည် များစွာလုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။ သင်စိတ်ကူးယဉ်သည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် မည်သို့ လက်မြှောက်အရှုံးပေးနိုင်မည်နည်း။ ငါသည် ဤကဲ့သို့ ကျယ်ပြန့်သည့်အမှုကို ပြုခဲ့ပြီဖြစ်သည်။ ၎င်းကို မည်သို့ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ရောက်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း ငါသည် ခေတ်သစ်ကိုစတင်၍ အမှုတော်အသစ်ကို စတင်ဆောင်ရွက်ကာ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ဧဝံဂေလိတရား ဖြန့်ရမည်ဖြစ်ကြောင်းကို သင်သိရမည်။ သို့ဖြစ်၍ ယခုအလုပ်သည် ခေတ်တစ်ရပ်စတင်ရန်သာဖြစ်ကြောင်းနှင့် ဧဝံဂေလိတရားဖြန့်ရေးအတွက် အုတ်မြစ်ချရန်နှင့် ဤခေတ်ကို နောင်ကာလ၌ အဆုံးသတ်ရန်သာဆိုသည်ကို သင်သိသင့်သည်။ ငါ၏အမှုတော်သည် သင်ထင်သကဲ့သို့ မလွယ်ပါ။ သင်ယုံကြည်သည့်အတိုင်း တန်ဖိုးမဲ့သည်လည်း မဟုတ်၊ အဓိပ္ပါယ်မဲ့သည်လည်း မဟုတ်ပါ။ ထို့ကြောင့် ယခင်ကကဲ့သို့ ငါပြောမည်- ငါ၏အမှုတော်အတွက် သင်၏အသက်ကို ပေးသင့်သည်။ ထို့အပြင် ငါ၏ ဘုန်းအတွက် သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ၎င်းအပြင် သင်ငါ့အတွက်သက်သေခံခြင်းမှာ ငါကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသောအရာဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို သင်ဖြန့်ရန် ငါသည် သာ၍တမ်းတလျက်ရှိ၏။ ငါ့စိတ်နှလုံးအတွင်း၌ အဘယ်အရာရှိသည်ကို သင်နားလည်သင့်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။