သမ္မာတရားစစ်မှန်မှု ဆိုသည်မှာ အဘယ်နည်း။ (အပိုင်း နှစ်)

ယခုအခါတွင် သင်တို့အားလုံးသည် ဘုရားသခင်ကို သင်တို့၏ ယုံကြည်မှုတွင် သမ္မာတရား လိုက်စားခြင်းအပေါ် စတင် အာရုံစိုက်ကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ပြုမူနေထိုင်မှုကို မည်သည့်အရာအပေါ် သင်တို့ အခြေပြုကြသနည်း။ အသိစိတ်၊ လူသား ပြုမူနေထိုင်မှုအတွက် အခြေခံစည်းနှင့် ကိုယ်ကျင့်တရား အပြုအမူတို့အပေါ်တွင် ဖြစ်သည်။ ဤအရာများသည် သမ္မာတရားနှင့် မည်မျှ အလှမ်းဝေးသနည်း။ အသိစိတ်၊ လူသား ပြုမူနေထိုင်မှုအတွက် အခြေခံစည်းနှင့် ကိုယ်ကျင့်တရား အပြုအမူတို့သည် သမ္မာတရားနှင့် ဆက်စပ်မှုရှိသလော။ အလှမ်းဝေး၏။ အလွန်ဆုံးအနေဖြင့် အသိစိတ်ပေါ် အခြေခံ၍ ပြုမူနေထိုင်ခြင်းသည် သင့်ကို လူကောင်းတစ်ဦး ဖြစ်စေနိုင်သော်လည်း ထိုအရာက ဘုရားသခင်၏ သတ်မှတ်ချက်နှင့်ပတ်သက်၍ စံမမီပေ။ ဘုရားသခင်၏ သတ်မှတ်ချက်မှာ လူတို့အနေဖြင့် သမ္မာတရားကို အခြေခံ၍ ပြုမူနေထိုင်ရန်နှင့် သူ၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရန် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦးသည် သမ္မာတရားကို သဘောပေါက်နိုင်သည့်အခါ၊ သမ္မာတရားကို သိနားလည်ကာ လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား၏ စည်းမျဉ်းများအတိုင်း မိမိတို့ကိုယ်ကို ချုပ်ထိန်းနိုင်ကြသည့်အခါ ၎င်းတို့ ရင့်ကျက်ကြပြီးလိမ့်မည်။ ၎င်းတို့ သမ္မာတရား မလိုက်စားလျှင် မည်သည့်အခါမျှ ရင့်ကျက်ကြမည် မဟုတ်ချေ။ လူအချို့သည် သမ္မာတရားကို စတင်၍ လိုက်စားပြီးဖြစ်ကာ “သမ္မာတရားအတွက် ကြိုးပမ်းကာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ အားထုတ်ရန်၊ စည်းကမ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်ရန်၊ စည်းမျဉ်းများနှင့် အကန့်အသတ်များအတိုင်း ပြုမူလုပ်ဆောင်ရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အရာများ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားသည့်အရာများကို လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ရန်၊ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်ကို စီမံဖို့၊ ချုပ်ထိန်းဖို့ သို့မဟုတ် ကြီးကြပ်ပေးဖို့ မည်သူကိုမျှ မလိုအပ်စေရန် ကျွန်ုပ် အစွမ်းကုန် ကြိုးပမ်းရမည်။ မည်သူကမျှ ကျွန်ုပ်ကို ကြီးကြပ်နေခြင်း မရှိသော်လည်း တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလျှင်၊ ဘုရားသခင်အတွက် ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိလျှင် ထိုအရာကို ကျွန်ုပ် လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ထိုစိတ်ကူးရှိလျှင်ပင် မိမိကိုယ်ကို ချုပ်ထိန်းနိုင်သည်။ ထိုအရာကို ကျွန်ုပ် ဆောင်ရွက်၍မဖြစ်ပါ”ဟု ဆိုလျက် စိတ်ဆုံးဖြတ်ချက်ရှိကြသည်။ ဤအခြေအနေသည် တက်ကြွပြီး အပြုသဘောဆောင်သည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်က လူတစ်ဦးအား အဖိုးတန် ပစ္စည်းတစ်ခု စောင့်ရှောက်ရန် စေခိုင်းပြီး လူအနည်းငယ်ကသာ ဤအကြောင်းကို သိသည်ဆိုပါစို့။ ဤကိစ္စရပ်အကြောင်းကို အခြားလူတို့က သိရှိကြသည့်အခါ ထိုလူသည် ထိုပစ္စည်းကို ကောင်းစွာ စောင့်ရှောက်နိုင်သည်၊ အရေးထားနိုင်ပြီး ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ ခိုးယူခံရခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းမှ တားဆီးနိုင်သည်။ တစ်ချိန်တည်းတွင် သူသည် လောဘတက်ခြင်းနှင့် ပိုင်ဆိုင်လိုခြင်းတို့ကိုလည်း ရှောင်ကြဉ်နိုင်ပြီး သူ၏ စိတ်နှလုံးထဲတွင် ဤပစ္စည်းကို လုံးလုံးလျားလျား သန့်ရှင်းသောအရာများအဖြစ် သတ်မှတ်လိုက်ကြသည်။ ဤသည်မှာ လူကောင်းတစ်ဦး ဖြစ်သည် မဟုတ်လော။ ပစ္စုပ္ပန်ရှုထောင့်အမြင်မှကြည့်လျှင် ထိုပစ္စည်းကို အလွဲသုံးစားလုပ်ရန် စိတ်ကူးများ သို့မဟုတ် အတွေးများ မရှိသောကြောင့် ထိုသူသည် လူကောင်းတစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။ နောက်တစ်ဆင့်ထပ်ပြောရလျှင် ထိုသူသည် မိမိ၏အလုပ်ကို အဆုံးစွန် သစ္စာစောင့်သိမှုဖြင့် ဤပစ္စည်းကို စောင့်ရှောက်နိုင်ပြီး ဤတာဝန်ကို စိတ်ပါလက်ပါနှင့် မိမိ၏ အစွမ်းရှိသမျှဖြင့် တာဝန်ယူနိုင်ကာ ထိုအရာကို သူ စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်ပြီး မိမိ၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်နေသည်ဟု ဆိုနိုင်သည်။ သို့သော် တစ်နေ့တွင် အမှုအရာများ ပြောင်းလဲသွားသည်။ ဤကိစ္စရပ်ကို သိရှိသည့် လူအချို့သည် အဖမ်းခံရပြီး ထောင်ချခံရကာ အချို့မှာ မတူကွဲပြားသည့် နေရာများဆီသို့ လွှဲပြောင်းခြင်းခံရကြသည်။ ထိုလူသည်သာ ဤပစ္စည်းအကြောင်းသိသည့် တစ်ဦးတည်းသောသူ ဖြစ်သွားသည်။ ဤအခြေအနေများအောက်တွင် သူ၏ ပတ်ဝန်းကျင် ပြောင်းလဲသွားပြီ မဟုတ်လော။ သူ၏ ပတ်ဝန်းကျင် ပြောင်းလဲသွားပြီဖြစ်ပြီး စစ်ဆေးမှု ရောက်ရှိလာပြီဖြစ်သည်။ အစတွင် သူ၏ စိတ်နှလုံးက မပြောင်းမလဲရှိနေပြီး အခြားမည်သည့် အတွေးမျှမရှိဘဲ ထိုပစ္စည်းကို အလေးအနက်နှင့် တာဝန်သိစွာ စောင့်ရှောက်ဆဲဖြစ်သည်။ နောက်ပိုင်းတွင် ထိုအကြောင်းကို သိရှိသည့်လူများ ပျောက်ကွယ်သွားကြပြီဖြစ်သည်ကို သူ ကြားသိရသည်။ ထိုအချိန်တွင်ပင် သူက “ဤပစ္စည်းနှင့် ပတ်သက်၍ ငါ၏ အစီအစဉ်တစ်ခုကိုမျှ ငါ ကြံ၍ မဖြစ်ပါ။ ထိုပစ္စည်းကို ငါ ဆက်လက် စောင့်ရှောက်ရမည်။ ထိုအကြောင်းကို လူတို့ မသိလျှင်ပင် ဘုရားသိသည်”ဟု စဉ်းစားဆဲဖြစ်သည်။ ဤသည်မှာ လူကောင်းတစ်ဦးဖြစ်သည် မဟုတ်လော။ (လက်ရှိအချိန်တွင် သူသည် လူကောင်းတစ်ဦး ဖြစ်ပုံရနေသေးပါသည်။) ယင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူကောင်းတစ်ဦးဖြစ်ခြင်း စံနှုန်းများနှင့် တိုင်းတာသည့်အခါ အကြင်သူသည် ဤအဆင့်သို့ရောက်နိုင်လျှင် သူသည် အလွန် ကောင်းနှင့်နေပြီဖြစ်သည်။ သို့ရာတွင် တစ်နေ့၌ သူ၏မိသားစုတွင် အကြီးစား အကျပ်အတည်းတစ်ခု ဖြစ်ပွားသည်၊ သူသည် ငွေ အရေးပေါ် လိုအပ်ပြီး ငွေအလုံအလောက် အဆင်သင့် မရှိချေ။ သူ၏ ပတ်ဝန်းကျင် တစ်ဖန်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် ပြောင်းလဲသွားသည့်အခါ သူ့အနေဖြင့် စစ်ဆေးခြင်း ခံရမည့်အချိန် တစ်ဖန် ရောက်လာပြီဖြစ်သည်။ အစပိုင်းတွင် ငွေချေးဖို့ သူ စဉ်းစားဆဲဖြစ်သော်လည်း နှစ်ကြိမ် သုံးကြိမ် ကြိုးပမ်းမှုများ မအောင်မြင်သည့်နောက်တွင် သူ၏ စိတ်နှလုံးက စတင်၍ ဂယက်ရိုက်လာသည်။ “ငါ့တွင် တန်ဖိုးရှိသည့် ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသည် မဟုတ်လော။ ငါ့အနေဖြင့် ငါ့ရှေ့တည့်တည့်တွင် လုပ်ပိုင်ခွင့်တချို့ ရှိနေချိန်တွင် ငွေသွားချေးခြင်းသည် မိုက်မဲသည် မဟုတ်လော။ ဤပစ္စည်းအား ငါ စောင့်ရှောက်နေသည်ကို မည်သူမျှ မသိ။ ထို့အပြင် ဤပစ္စည်းသည် ဤနေရာတွင် ဖုန်များတက်နေရုံသာ ရှိသည်။ ထိုပစ္စည်းကို အသုံးပြုခြင်းက ငါ့အတွက် မှန်သည်သာ မဟုတ်လော။ ထိုအတိုင်း ငါလုပ်မည်”ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သူ့ထံတွင် သာ၍ကျိုးကြောင်းဆီလျော်သော အတွေးတစ်ခုရှိလေသည်။ “ဤအရာကို ဘုရားသခင်က ငါ့အတွက် ပြင်ဆင်ပေးခဲ့သည် မဟုတ်လော။ ဘုရားသခင်က ငါ့ကို ကျေးဇူးပြုနေခြင်းဖြစ်သည်၊ ဘုရား၏ ကျေးဇူးတော် ချီးမွမ်းသည်”ဟူ၍ ဖြစ်၏။ ထိုအကြောင်းကို သူ သာ၍တွေးလေ ဤသည်မှာ သင့်တင့်လျောက်ပတ်သော လုပ်ဆောင်မှုဖြစ်သည်ဟု သူ ပိုခံစားရလေဖြစ်သည်။ နှစ်ရက် သို့မဟုတ် သုံးရက်ကြာ ချင့်ချိန်စဉ်းစားပြီးနောက်တွင် သူသည် စိတ်နှလုံးထဲ၌ အေးချမ်းသွားပြီး လိပ်ပြာမလုံခြင်း မဖြစ်တော့ပေ။ နောက်ဆုံးတွင် သူက “ဤငွေကိုသာ ငါ သုံးလိုက်တော့မည်”ဟု ဆုံးဖြတ်သည်။ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ (သူ၏အတွေးတွင် ပြောင်းလဲမှုတစ်ခု စတင်ဖြစ်ပေါ်သည်။) သူ၏ အတွေးတွင် ဤပြောင်းလဲမှုက မည်သို့ဖြစ်လာခဲ့သနည်း။ (ထိုအရာကို ပတ်ဝန်းကျင်က ဖြစ်စေခဲ့ခြင်း ဖြစ်သည်။) သို့ဆိုလျှင် ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသလော။ ပတ်ဝန်းကျင်က သူ့ကို ပြောင်းလဲစေသလော။ (မပြောင်းလဲစေပါ။) သို့ဆိုလျှင် ဤအရာကို ငါတို့ မှန်ကန်တိကျစွာ အဘယ်သို့ ဖော်ပြနိုင်သနည်း။ ယခင်က သူ၏ ပတ်ဝန်းကျင် နှစ်ကြိမ်ပြောင်းလဲခဲ့ချိန်တွင် သူ၏ စိတ်နှလုံးက အဘယ်ကြောင့် ယိမ်းယိုင်ခြင်း မရှိခဲ့သနည်း။ (ထိုအချိန်က အလွန့်အလွန် ဆင်းရဲမွဲတေပြီး စိတ်ပျက်စရာအချိန် မဟုတ်ခဲ့သေးပါ။) ဤအဆင့်မရောက်မီတွင် လူတစ်ဦး၏ စစ်မှန်သည့် အတွင်းကျကျ အတွေးများနှင့် စစ်မှန်သည့် စိတ်သဘောထားတို့ ပေါ်လိမ့်မည် မဟုတ်။ ထိုအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာစောင့်သိသည် သို့မဟုတ် သမ္မာတရားကို ချစ်သည်ဟု ငါတို့ ဆိုနိုင်သလော။ ထိုသို့ ငါတို့ ဆိုနိုင်ခဲ့ပေမည်၊ အဘယ့်ကြောင့်ဆိုသော် အလှူငွေကို သူစောင့်ရှောက်ခဲ့သည့်အချိန်က သူသည် မိမိ၏ တာဝန်ကို အခြားမည်သည့် စိတ်ကူး သို့မဟုတ် နိုးကြားထကြွသည့် အတွေးမျှမရှိဘဲ မိမိ၏ စိတ်နှလုံးနှင့် အစွမ်းရှိသမျှဖြင့် လုပ်ဆောင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုပစ္စည်းနှင့်ပတ်သက်၍ မည်သည့် အစီအစဉ်မျှ သူ လုံးဝ မကြံစည်ခဲ့ပေ။ ကောင်းလိုက်သည့်လူတစ်ဦးပါတကား။ သို့သော် သူ၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင် ပြောင်းလဲပြီး ထွက်ပေါက်မရှိဘဲ ပိတ်မိသည်ဟု ခံစားရသည့်အခါ သူ၏ နိုးကြားထကြွသော အတွေးများ ထွက်ပေါ်ပြီး အလှူငွေများနှင့်ပတ်သက်၍ အစီအစဉ်များ စတင်ကြံစည်လေသည်။ အမှန်တွင် ယခင်က ဤအတွေးများ မရှိခဲ့ခြင်းမဟုတ်ဘဲ သူ၏စိတ်နှလုံးထဲတွင် ကွယ်ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ အခါအခွင့်သင့်သည့် ပတ်ဝန်းကျင်တစ်ခုကို ကြုံရသည်နှင့် သူ၏ အတွေးများသည် စမ်းရေအလား အလိုအလျောက် ပေါ်လာသည်။ အဆုံးတွင် ထိုအရာကို ဘုရားသခင်က သူ့အတွက် ပြင်ဆင်ပေးခဲ့သည်ဟု ဆိုလျက် ဤအရာအတွက် အကြောင်းပြချက်များကိုပင် ရှာတွေ့သည်။ ဤအကြောင်းပြချက်များကို ရှာတွေ့သည့်အချိန်တွင် သူ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ ပေါ်လွင်သွားခဲ့သည် မဟုတ်လော။ သူ၏ သစ္စာစောင့်သိမှု၊ ကောင်းမြတ်ခြင်းနှင့် တရားမျှတစိတ်တို့သည် အဘယ်နေရာသို့ ရောက်သွားကြသနည်း။ (မရှိတော့ပါ။) သို့ဆိုလျှင် သူ၏ယခင်က သရုပ်သကန်များသည် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သလော။ ဟန်ဆောင်မှုတစ်ခုမဟုတ်ပေ။ ယင်းတို့သည်လည်း သဘာဝအလျောက် ထုတ်ဖော်ခြင်းများဖြစ်သည်၊ သို့သော် နက်ရှိုင်းသောအရာများ မဟုတ်ခဲ့ပေ။ အပေါ်ယံအဆန်ဆုံးသော ထုတ်ဖော်ခြင်းများဖြစ်ခဲ့သည်၊ အပေါ်ယံအဆင့် ဖြစ်ရပ်များဖြစ်သည်။ လူ့သဘာဝ၏ အပေါ်ယံအဆင့် ဖြစ်ရပ်များကြားတွင် အချို့သော အတွေးမှားများရှိပြီး တစ်ခါတစ်ရံတွင် လူတို့က ထိုအရာများကို မရိပ်စားမိနိုင်သကဲ့သို့ အလွယ်တကူ အထင်အမြင်မှားစေခြင်းခံရသည်။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့တာဝန်များကို ခြောက်လ သို့မဟုတ် တစ်နှစ်ကြာ အလွန်ကောင်းစွာ ထမ်းဆောင်ကြပုံပေါ်သော်လည်း တစ်နှစ်ပြီးနောက်တွင် အပျက်သဘောဆောင်လာကြသည်။ နှစ်နှစ်ပြီးသည့်နောက်တွင် ၎င်းတို့ ထွက်ပြေးသွားပြီး လောကီဆန်သည့် လောကထဲသို့ ပြန်သွားကောင်း သွားကြပေမည်။ အချို့မှာ ငွေရှာရန်နှင့် အချို့မှာ မိမိတို့ ကိုယ်ပိုင်ဘဝများကို အသက်ရှင်ရန်ဖြစ်သည်။ ထို့ကြောင့် ခြောက်လ သို့မဟုတ် တစ်နှစ်တွင်း ၎င်းတို့၏ စွမ်းဆောင်မှုကို အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာ အသုံးခံကြသည့်သူ ဖြစ်သည်ဟု ဆုံးဖြတ်ခြင်းသည် သင့်အတွက် မှားယွင်းပေမည်။ ထိုခြောက်လ သို့မဟုတ် တစ်နှစ်အတွက် ၎င်းတို့၏ အပြုအမူသည် အမှန်တကယ်တွင် အယောင်ဆောင်မှုတစ်ခု၊ ယာယီ စိတ်ထက်သန်မှုတစ်ခုသာ ဖြစ်သည်။ အချို့သော ပတ်ဝန်းကျင်များ၊ စုံစမ်းသွေးဆောင်မှုများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ စစ်မှန်သော ရုပ်သွင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုနောက်ကွယ်ရှိ ရည်ရွယ်ချက်များတွင်ရှိသော မသန့်စင်မှုများ ဖော်ထုတ်ခံရသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ ၎င်းတို့ လုံးဝ မပြောင်းလဲကြသေးပေ။ လူတို့အထဲတွင် ဘုရားသခင်က မည်သည့်အရာကို အတိအကျ ပြောင်းလဲချင်သနည်း။ လူတို့အား သမ္မာတရားကို လက်ခံစေခြင်းအားဖြင့် မည်သည့် ပြဿနာများကို ဘုရားသခင်က ဖြေရှင်းချင်သနည်း။ (လူသား သဘာဝအတွင်းရှိ အမှုအရာများ ဖြစ်ပါသည်။) မှန်ပေ၏၊ ဖြေရှင်းရမည့်အရာမှာ လူ့သဘာဝအတွင်းရှိ အမှုအရာများ ဖြစ်သည်။ ၎င်းတို့အပေါ် မည်သည့်အရာမျှ မကျရောက်သည့်အခါ လူတို့တွင် အခြေခံကျသော ကိုယ်ကျင့်တရား အပြုအမူ အခြေခံစည်းတစ်ခုရှိကြပြီး အခြားသူတို့အပေါ် အခွင့်အရေးမယူကြပေ။ အထူးသဖြင့် သက်ကြီးသူက “အခြားသူတို့၏ ပိုင်ဆိုင်မှုများကို မတပ်မက်နှင့်၊ ပြီးလျှင် သင်ပိုင်သည့်အရာကို မခွဲပေးနှင့်”ဟု မကြာခဏ ပြောကြသည်။ ဆိုလိုသည်မှာ သင့်ကိုယ်ပိုင် ပိုင်ဆိုင်သော ပစ္စည်းများကို ပေါ့ပေါ့တန်တန် မပေးပစ်နှင့်၊ ပြီးလျှင် အခြားလူတို့၏ ပိုင်ဆိုင်သော ပစ္စည်းများအပေါ် လောဘတက်လာခြင်း၊ သို့မဟုတ် တပ်မက်သော အတွေးများ မရှိနှင့်။ ဤသည်မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာသာဖြစ်ပြီး သမ္မာတရား စံမမီပေ။ သို့ဆိုလျှင် လူတို့သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ (စွမ်းဆောင်မရရှိနိုင်ပါ။) လူတို့သည် ဤအရာကိုပင် စွမ်းဆောင်ရရှိနိုင်ခြင်း မရှိဘဲ တပ်မက်သည့် အတွေးများ မရှိရန် ပြောကြသည်။ မိမိကိုယ်ကိုအတွင်း၌ တပ်မက်သည့် အတွေးများ ထွက်ပေါ်ရန်အတွက်ပင် စောင့်ဆိုင်းခြင်းမရှိဘဲ အခြားလူတို့၏ ပိုင်ဆိုင်သော ပစ္စည်းများကို သိမ်းပိုက်ခြင်းဖြစ်သည့် ဤသည်မှာ မိမိသဘာဝ၏ ကြီးစိုးခံရခြင်း ရလဒ်ဖြစ်သည်။ ပတ်ဝန်းကျင်က အခွင့်ပေးသရွေ့ လူတို့သည် ထိုအကြောင်းကို စဉ်းစားရန်ပင် မလိုအပ်။ ၎င်းတို့သည် မိမိတို့အတွင်းရှိ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့် ၎င်းတို့၏ ရက်စက်ကာ လောဘတက်ပြီး လှည့်ဖြားတတ်သော စိတ်သဘောထားများကို ထုတ်ဖော်ကြလိမ့်မည်။ ငါ ယခုတင် ထုတ်ပြောခဲ့သည့် ဥပမာထဲမှ အလှူငွေများကို အလွဲသုံးစားလုပ်ခဲ့သည့် လူနှင့်စပ်လျဉ်း၍ သူ၏ စိတ်ကူးများနှင့် သရုပ်သကန်များထဲမှ မည်သည့်အရာက လှည့်ဖြားတတ်ခဲ့သနည်း။ (သူအတွက် ဤအရာကို ဘုရားသခင်က ပြင်ဆင်ပေးခဲ့ပြီး ထွက်ပေါက်တစ်ခု ဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာဆိုလျက် ဘုရားသခင်အတွက် အလှူငွေကို သိမ်းယူခဲ့သည်။) ဤသည်မှာ လှည့်ဖြားခြင်းဖြစ်သည်၊ မိမိကိုယ်ကိုအပြင် အခြားသူများကို လှည့်ဖြားခြင်းဖြစ်သည်။ ထိုသူသည် မိမိကိုယ်ကို လှည့်စားပြီး ဘုရားသခင်ကိုလည်း လှည့်ဖြားရန် ကြိုးစားခဲ့သည်။ မိမိကိုယ်ကို မလိမ့်တပတ်လုပ်ရန်နှင့် မိမိကိုယ်ပိုင် အသိစိတ်၏ စွပ်စွဲမှုများကို ရှောင်ရှားနိုင်ရန်အလို့ငှာ ထိုအသိစိတ်ကို နှစ်သိမ့်ရန် ဤကြားကောင်းသည့် စကားများကို အသုံးပြုသည်။ ထို့အပြင် သူသည် မိမိအတွက် နှစ်သက်ဖွယ်သော အလိမ်အညာတစ်ခုကို လုပ်ကြံဖန်တီးပြီး ဘုရားသခင်ကို အရူးလုပ်ကာ လှည့်စားရန် ဤအလိမ်အညာကို အသုံးပြုချင်သည်။ ဤသည်မှာ လှည့်စားတတ်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လှည့်စားတတ်ခြင်းဖြစ်သည်။ သင်သည် ထိုသို့သော ပတ်ဝန်းကျင်များနှင့် ရင်ဆိုင်ရပြီး သင်၏ သဘာဝက အတွေးများ ပေါက်ဖွားစေကာ သင့်အား တစ်စုံတစ်ရာကို လုပ်ဆောင်စေလိုအောင် လုပ်ဆောင်သည့်အခါ ဦးစွာပထမ သင်၏ အသိစိတ်က သင့်အထဲတွင် သက်ရောက်လိမ့်မည်ပြီး ထို့နောက်တွင် သင်နားလည်သည့် သမ္မာတရားက ဤနည်းဖြင့် တွေးတောခြင်းက သင့်အတွက် အလုပ်ဖြစ်မည် မဟုတ်ကြောင်း၊ ထိုအရာသည် စက်ဆုပ်ဖွယ်ဖြစ်ပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်းနှင့် သင် စဉ်းစားပြီး ယုံကြည်သည့်အရာသည် သမ္မာတရား မဟုတ်ကြောင်းကို သင့်အား သဘောပေါက်စေလျက် သင်နားလည်သည့် သမ္မာတရားကလည်း သက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ သင်သည် ဤအရာကို လုပ်ဆောင်လိုစိတ် ခဏတာ ဖြစ်ပေါ်သော်လည်း ဘုရားသခင်ထံ ဆုတောင်းပြီးနောက်တွင် “ဤအရာကို ငါ လုပ်၍မဖြစ်ပါ။ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိမည်ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် သဟဇာတမဖြစ်သလို ဘုရားသခင်ကို လှည့်စားခြင်း ဖြစ်မည်မဟုတ်လော။ ဤအရာကို ငါ လုံးဝ လုပ်၍ မဖြစ်ပါ။ ဤသည်မှာ သန့်ရှင်းမွန်မြတ်သည့်အရာတစ်ခုဖြစ်သည်၊ ဘုရားသခင်နှင့် သက်ဆိုင်ပြီး လုံးဝ မထိရပါ။ ဤအရာနှင့်ပတ်သက်၍ မည်သူမျှမသိသကဲ့သို့ ဘုရားသခင်သာ သိရှိသော်လည်း ထိုအကြောင်းကို ဘုရားသခင်သာ သိရှိသောကြောင့် ငါ လုံးဝ ထိ၍ မဖြစ်ပါ”ဟု သင် စဉ်းစားသည်။ လူတစ်ဦးသည် ဤသို့ စဉ်းစားနိုင်လျှင် ၎င်း၌ စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှုတစ်ခု ရှိပေသည်။ သူ့အနေဖြင့် မိမိ၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် ကိုယ်ကျင့်တရား အပြုအမူ အခြေခံစည်းတို့အပေါ် မှီခိုခဲ့လျှင် မိမိကိုယ်ကို ချုပ်ထိန်းနိုင်မည်လော။ အလှူငွေကို သူက ခိုးယူမည်မဟုတ်ဟု အာမခံနိုင်ကြမည်လော။ (အာမခံနိုင်မည် မဟုတ်ပါ။) ဤအရာကို စွမ်းဆောင်ရရှိရန်အလို့ငှာ လူတစ်ဦးသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ (သူ၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိရမည်ဖြစ်သည်။) သင် နားလည်သည့် သမ္မာတရားများ၊ ဘုရားသခင်အပေါ် သင်၏ အသိနှင့် သင်၏ စိတ်နှလုံးရှိ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့သည်သာ သင်၏ စိတ်နှလုံးနှင့် လုပ်ရပ်များကို ချုပ်ထိန်းနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သည့် လမ်းကြောင်း သင် ရွေးချယ်ပြီး မည်သို့ ပြုမူနေထိုင်သည်ဟူသည်တို့ကို ဆုံးဖြတ်ပေးနိုင်သည်။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များအပြင် ဤအရာကို စွမ်းဆောင်ရရှိရန် လူတို့အား ကူညီနိုင်သည့် ဒုတိယ အမှုအရာတစ်ခု ရှိသလော။ မရှိပေ။ ဤနည်းလမ်းတစ်ခုတည်းသာ ရှိသည်။ ဤအရာက သင့်အား ဘုရားသခင်ကို ကြောက်ရွံ့စေကာ မကောင်းမှုကို ရှောင်ကြဉ်စေနိုင်သည်။ မည်သည့် ပတ်ဝန်းကျင်မျိုးကို သင် ကြုံရသည်ဖြစ်စေ၊ စမ်းသပ်မှုများ သို့မဟုတ် စုံစမ်းသွေးဆောင်မှုများဖြစ်စေ ယင်းတို့က ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုတို့ကို မပြောင်းလဲစေနိုင်ပေ။ သင်၏ စိတ်ဆုံးဖြတ်ချက်ကို သင် ခိုင်မာစေသည်နှင့်တစ်ပြိုင်နက် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်။ သင် ကြုံရသည့် ပတ်ဝန်းကျင်တစ်ခုက မည်မျှ ခက်ခဲသည်ဖြစ်စေ သင့်အတွက် အထူးသဖြင့် ကြီးမားသည့် စုံစမ်းသွေးဆောင်ခြင်းဖြစ်လျှင်ပင် သင်၏ စိတ်ဆုံးဖြတ်ချက်က မပြောင်းမလဲ ရှိနေလိမ့်မည်ဖြစ်ပြီး အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သင်၏ စည်းမျဉ်းများသည် မပြောင်းမလဲ ရှိနေလိမ့်မည်။ ဤသို့ဖြင့် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ သင် ရပ်တည်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိလိမ့်မည်။ ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ ဘုရားသခင်က သင့်ကို တစ်ဖန် စစ်ဆေးလိမ့်မည် မဟုတ်။ ထိုအရာကို သင် အောင်မြင်ကျော်လွှားလိမ့်မည်ဖြစ်ပြီး ခိုင်မာစွာ ရပ်တည်ပြီးဖြစ်လိမ့်မည်။ ယခုအခါတွင် ဤဝိညာဉ်ရင့်ကျက်မှုသို့ လူအများစု ရောက်ရှိနိုင်သလော။ (မရောက်ရှိနိုင်ပါ။) ၎င်းတို့ မရောက်နိုင်သေးပေ။ ယင်းက သမ္မာတရားသည် ၎င်းတို့၏ အသက်ဖြစ်မလာသေးကြောင်း သက်သေပြသည်။ ထို့နောက်တွင် ယခု မည်သည့်အရာများက ၎င်းတို့၏ အသက်ဖြစ်သနည်း။ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်များ၊ စာတန်၏ အဆိပ်များနှင့် ကိုယ်ကျင့်တရားနှင့် လူသားအပြုအမူနှင့်ဆိုင်သည့် အခြေခံစည်းကို ထိန်းသိမ်းရန်ဖြစ်သော လူသားဗီဇအချို့အပြင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီးနောက်တွင် ဆည်းပူးရရှိသည့် ဝိညာဉ်ရေးရာ အယူဝါဒနှင့် ဖော်ပြချက်အချို့တို့ ဖြစ်သည်။ ဤအရာများကို သဘောပေါက်ပြီးသည့်နောက်တွင် လူတို့က “သမ္မာတရားကို ငါ ရရှိပြီးဖြစ်သည်။ ဘုရားသခင်ကို ငါ၏ ယုံကြည်မှုတွင် အလွန်များစွာ ငါ နားလည်ပြီးဖြစ်သည်။ ငါ ပြောင်းလဲပြီးဖြစ်ကာ တစ်စုံတစ်ရာကို ငါ ရရှိပြီဖြစ်သည်”ဟု အမြဲ တွေးထင်ကြသည်။ ၎င်းတို့ ရရှိပြီးဖြစ်သည့်အရာမှာ မည်သည့်အရာနည်း။ အမှန်တွင် ထိုအရာသည် အပေါ်ယံအဆင့် အရာများသာ ဖြစ်သည်။ ၎င်းတို့၏ အပြုအမူတွင် ချုပ်ထိန်းမှုအချို့ ရှိခြင်းသာဖြစ်ပြီး ၎င်းတို့၏ အပြုအမူက အတော်အတန် ထိန်းညှိခံရခြင်းသာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ စိတ်နှင့်နှလုံးတွင် သာ၍ အပြုသဘောဆောင်သည့် နည်းလမ်းတစ်ခုဖြင့် တွေးဆနိုင်ကြပြီး အပြုသဘောဆောင်သည့်အရာများကို သာ၍ စဉ်းစားနိုင်ကြသည်။ ၎င်းတို့၏ ပတ်ဝန်းကျင်၊ တရားဒေသနာများကို မကြာခဏ နားထောင်ခြင်းအပြင် မိမိတို့ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် အပြုသဘောဆောင်သည့် အရာများနှင့် ပိုပိုပြီး မကြာခဏ ထိတွေ့ဆက်ဆံခြင်းတို့၏ လွှမ်းမိုးမှုကြောင့် ၎င်းတို့သည် အပြုသဘောဆောင်သည့် နည်းလမ်းအချို့ဖြင့် သက်ရောက်ခြင်းခံရသည်။ ဤသည်တို့မှာ အသင်းတော်၏ ပတ်ဝန်းကျင်က လူတို့ထံ ယူဆောင်လာသည့် အကျိုးကျေးဇူးများနှင့် အပြောင်းအလဲများ ဖြစ်သည်။ သို့ရာတွင် လူတို့ထံ သမ္မာတရားက ယူဆောင်လာသည့် အပြောင်းအလဲများသည် မည်မျှ ကြီးမားပြီး မည်မျှ များပြားသနည်း။ ဤအရာက ၎င်းတို့၏ လိုက်စားမှုအပေါ် မူတည်သည်။ သင်သည် သမ္မာတရားကို လိုက်စားသည့်လူတစ်ဦး အမှန်တကယ်ဖြစ်လျှင် သမ္မာတရား၏ လက်တွေ့ကျသော သွင်ပြင်လက္ခဏာများအရ တစ်စုံတစ်ရာကို သင် အမြဲ ရရှိလိမ့်မည်ဖြစ်ပြီး အဆင့်တစ်ခုစီတွင် အနည်းငယ် သင် အကျိုးရရှိကာ အနည်းငယ် နားလည်လိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် လူတို့သည် တစ်စုံတစ်ရာကို ၎င်းတို့ ရရှိပြီးခြင်း ရှိမရှိနှင့်ပတ်သက်၍ သိနားလည်ပြီး ခံစားချက်တစ်ခု ရှိကြသည်။ ယခုတွင် မည်သည့်အရာကို လူအများစု ခံစားနေကြသနည်း။ ၎င်းတို့၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို အခြေခံ၍ ၎င်းတို့သည် ကောင်းသော လုပ်ဆောင်ချက်အချို့၊ အသိစိတ်နှင့် အသိတရား ပိုင်ဆိုင်သည်ဟု လူတို့ ယုံကြည်ကြသည့်အရာများနှင့် အခြားသူတို့၏ စွပ်စွဲခြင်း သို့မဟုတ် ဝေဖန်ခြင်းကို ခံရစေမည်မဟုတ်သည့်အရာများကို ၎င်းတို့က လုံ့လဝီရိယရှိစွာနှင့် တမင်တကာ မကြာခဏ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ယင်းတို့သည် ကောင်းမှုများ ဖြစ်သော်လည်း သမ္မာတရားနှင့်ဆိုင်သည့် ကျင့်ကြံမှုဖြစ်သည်ဟု ပြော၍ မရနိုင်ပေ။ ဤသည်မှာ မှန်ကန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူအများစုတွင် ၎င်းတို့၏ လုပ်ရပ်များအတွက် အခြေခံကျသော စည်းမျဉ်းတစ်ခုရှိကြသည်။ ယင်းမှာ ၎င်းတို့၏ အသိစိတ်အတိုင်း ပြုမူဆောင်ရွက်ရန် ဖြစ်သည်။ သမ္မာတရားက နက်နဲလွန်းသည်၊ စိတ်ကူးယဉ်ဆန်လွန်းပြီး လူတို့နှင့် အလွန် အလှမ်းဝေးပုံပေါ်သည်ဟု ၎င်းတို့ ခံစားကြသည်။ လူတို့သည် သမ္မာတရားကို ကောင်းစွာ နားမလည်ကြသကဲ့သို့ ထိုသမ္မာတရားကို သေချာစွာ မရှင်းပြနိုင်ကြပေ။ ထို့ကြောင့် မိမိတို့၏ အသိစိတ်အတိုင်းသာ ပြုမူဆောင်ရွက်ကြပြီး တစ်နေ့ပြီးတစ်နေ့ ဖြစ်သလိုလုပ်ဆောင်ကြသည်။ လူအချို့တွင် အသိစိတ်နှင့်ဆိုင်သော အသိတစ်ခုမျှပင် မရှိသကဲ့သို့ အသိစိတ်၏ စံနှုန်းများအတိုင်း မပြုမူကြပေ။ လူအချို့သည် မည်သည့် ရလဒ်မျှ လုံးဝမရှိဘဲ မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ကပ်ပါးရပ်ပါးလုပ်နေကြပြီး ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်နေကြသော်လည်း အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ ပေးနေကြခြင်း မရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လိပ်ပြာလုံကြပေသည်။ ဤလူများတွင် အသိတရားနှင့် အသိစိတ်ရှိကြသလော။ ၎င်းတို့ကို သင်က “ဤကဲ့သို့ အသက်ရှင်ခြင်းနှင့်ပတ်သက်၍ သင် မည်သို့ ခံစားရသနည်း”ဟု မေးလျှင် ၎င်းတို့က “ဘုရားသခင်၏ ရည်ရွယ်ချက်များက အလွန်ကြီးမားသည်၊ ကျွန်ုပ် ယင်းတို့ကို အလှမ်းမမီနိုင်ပါ။ မည်သို့ဆိုစေ ကျွန်ုပ်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ ယုံကြည်သည့်လူတစ်ဦးဖြစ်ပြီး မကောင်းမှု မလုပ်လေပြီ။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းခံစားရသည်”ဟု ပြောကြသည်။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသလော။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ကြသော်လည်း ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံနေကြခြင်း ဖြစ်သလော။ လူ၏ ရှုထောင့်အမြင်မှကြည့်လျှင် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်နေပုံရသော်လည်း ထိုတာဝန်များတွင် မည်သည့်ရလဒ်မျှ လုံးဝ မရရှိကြပေ။ ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်ပြုနိုင်သလော။ ၎င်းတို့က “ကျွန်ုပ်၏ အသိစိတ်ကို အခြေခံ၍ ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ထမ်းဆောင်သည်။ ကျွန်ုပ် အချည်းနှီးမနေပါ၊ မပျင်းရိသကဲ့သို့ ကျွန်ုပ် အဖိုးအခတစ်ခု ပေးပါသည်”ဟု ပြောကောင်းပြောကြပေမည်။ သို့ရာတွင် ဤအသိစိတ်စံနှုန်းသည် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေကြောင်း ကိုယ်စားပြုသလော။ သင်တို့တွင် အချိန်ရကြသည့်အခါ သင်တို့ တွေးဆသင့်သည်၊ အတူတကွ မိတ်သဟာယပြုရန် အကြောင်းအရာတစ်ခုကို အကြံထုတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အလို့ငှာ သင် မည်သို့ ပြုမူဆောင်ရွက်သင့်သည်ကို ကြည့်သင့်ပေသည်။ အသိစိတ်စံနှုန်းတွင် သို့မဟုတ် လူကောင်းတစ်ဦးဖြစ်ခြင်းနှင့် အပြုအမူကောင်းရှိခြင်းတွင်သာ မရပ်လိုက်နှင့်။ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်းနှင့် စိတ်ကျေနပ်ခြင်း မရှိနှင့်။ သင့်အနေဖြင့် သမ္မာတရား၏ အမြင့်ထဲသို့ လိုက်စားကာ ဝင်ရောက်ရန်လိုအပ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် ဖြည့်ဆည်းနိုင်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။ သင်၏ အသိစိတ်ကို ဖြည့်ဆည်းရန် သင် အမြဲ ကြိုးစားပြီး ကိုယ်ကျင့်တရား အခြေခံစည်းကို မချိုးဖောက်သရွေ့ သင် အဆင်ပြေသည်ဟု တွေးလျှင် အမှုအရာများကို လုပ်ဆောင်သည့်အခါ ဤနယ်ပယ်အတွင်းတွင်သာ သင် အမြဲ ရှိလိမ့်မည်ဖြစ်ပြီး ဤနယ်ပယ်ကို ကျော်လွန်သွားမည် မဟုတ်ပေ။ ယင်းမှာ သမ္မာတရားက သင်နှင့် မည်သည့် ပတ်သက်မှုမျှ လုံးဝ ရှိလိမ့်မည်မဟုတ်ဟု ဆိုလိုသည်။ သင်၏ ပြုမူဆောင်ရွက်ခြင်းနှင့် စကားများသည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှ လုံးဝ မရှိလျှင် သမ္မာတရားကို သင် ရရှိနိုင်သေးသလော။ သမ္မာတရားကို ရရှိရန် သင့်အတွက် ခက်ခဲလိမ့်မည်။

ရှေးခေတ်တွင် “ကွန်ဖြူးရှပ်၏ အတွေးအခေါ်ဆိုင်ရာ ကောက်နုတ်ချက်များ၊” “တောင်တေချင်း၊” နှင့် “ဂန္တဝင်စာပေ အကျင့်စရိုက်သုံးခု” ဟူသည့် စာအုပ်များကို ပညာရှင်များက မကြာခဏ လေ့လာခဲ့ကြသည်။ ၎င်းတို့၏ နှုတ်များတွင် ဂန္တဝင် ဆိုရိုးများတဖွဖွဖြင့် ကျမ်းချက်များကို ရွတ်ဆိုနေသည့်အလား တစ်နေ့လုံး ခေါင်းခါကြသည်။ စာအုပ်အနည်းငယ် ဖတ်ရှုကာ ထမ်းနှင့်ဆောင်း ကဗျာအနည်းငယ် အာဂုံဆောင်ပြီးနောက်တွင် မိမိတို့သည် ကောင်းစွာတတ်သိ နားလည်သည်ဟု ယူဆကြကာ မိမိတို့ကိုယ်ကို အလွန် အထင်ကြီးစရာဖြစ်သည်ဟု တွေးထင်လျက် အခြားသူများကို ဩဝါဒပေးရင်း မိမိတို့နေ့ရက်များကို ကုန်ဆုံးကြသည်။ ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် တရားမျှတသည့်အရာ တစ်ခုမျှ ၎င်းတို့ မပြီးမြောက်နိုင်ခဲ့ကြသကဲ့သို့ ၎င်းတို့၏ ဖတ်ပြီးခဲ့သည့် ထိုပညာရှိများ၏ စာအုပ်အနည်းငယ်ကို အခြေခံ၍သာ ပြုမူနေထိုင်ခဲ့ကြသည်။ မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ခဲ့ကြသကဲ့သို့ မည်သည့်အရာကိုမျှ အဖြေမရှာနိုင်ခဲ့ကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်းမရှိဘဲ ဘဝကို ဖြစ်သလိုနေခဲ့ကြသည်။ သို့တိုင် ၎င်းတို့သည် များစွာ သိနားလည်ပြီးဖြစ်ကာ အခြားသူတို့အားလုံးထက် သာလွန်သည်ဟု တွေးထင်လျက် ၎င်းတို့၏ စိတ်နှလုံးများတွင် မိမိတို့ကိုယ်ကို ကျေနပ်အားရကြဆဲဖြစ်သည်။ “ငါသာလျှင် အမြတ်ဆုံးထင်ခြင်း”ဟု ခေါ်ဆိုသည့် စကားရပ်တစ်ခု ရှိသည်။ ထိုအရာ အလွန်မှန်ပြီး ထိုသို့သော အခြေအနေတစ်ခုတွင် သင်တို့ လုံးဝ အသက်မရှင်ရ။ လူအချို့က မိမိတို့အနေဖြင့် အသိပညာ၊ စေတနာနှင့် ဖြောင့်မတ်ခြင်းတို့ရှိသည်ဟု မိမိတို့ စိတ်နှလုံးများတွင် အမြဲ ခံစားကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့က ငါသာလျှင်အမြတ်ဆုံးဟုသာ ခံစားရပြီး လူကောင်းတစ်ဦးနှင့် လူကြီးလူကောင်းတစ်ဦးအဖြစ် လုံးဝ အခေါ်ခံရထိုက်သည်ဟု တွေးထင်ကြလေသည်။ လူအချို့သည် သစ္စာစောင့်သိမှုကို အထူးသဖြင့် တန်ဖိုးထားကာ မိမိတို့ မိတ်ဆွေများအတွက် အသေခံကြမည်ဖြစ်သည်။ လူအချို့သည် အထူးသဖြင့် အသိစိတ်ကို တန်ဖိုးထားကြပြီး “ညောင်စေ့လောက် ကျေးဇူးပြုခြင်းခံရလျှင် ညောင်ပင်ကြီးလောက် ကျေးဇူးဆပ်ရမည်”ဟူသည့် စကားများကို ဖြည့်ဆည်းနိုင်ကြသည်။ လူအချို့သည် အိမ်ထောင်မပြုဘဲ မိမိတို့၏ စိတ်နှင့် ခန္ဓာကိုယ်များကို မိမိကိုယ်ကို သုံးသပ်ခြင်းမှတစ်ဆင့် ပျိုးထောင်ကာ မသေမျိုးဖြစ်ခြင်းကို အားထုတ်ကြသည်။ လူအချို့သည် ပညာရှိများ၏ စာအုပ်များ လေ့လာခြင်းအား မိမိကိုယ်ကို ရည်စူးဆက်ကပ်ကြပြီး ပြင်ပကိစ္စရပ်များကို အာရုံမစိုက်ကြပေ။ ဤလူကောင်းများဟု ခေါ်သည့်သူများသည် အမှန်တကယ် လူကောင်းများ ဖြစ်ကြသလော။ ၎င်းတို့သည် မိမိတို့ အသိပညာဖြင့် အသက်ရှင်ကြပြီး အသိစိတ်အနည်းငယ်ဖြင့် စကားပြောကာ ပြုမူကြသောကြောင့် ဤလူများကို သမ္မာတရား စစ်မှန်မှု ပိုင်ဆိုင်မည်ဟု ယူဆ၍ရနိုင်သလော။ ၎င်းတို့သည် မကောင်းမှုမလုပ်ဆောင်ရန် အမှန်တကယ် အာမခံနိုင်သလော။ လူအချို့သည် အခြားသူများအပေါ် ကောင်းမွန်သည့် ရည်ရွယ်ချက်များ ထားရှိကြပြီး ဒါနနှင့် အကူအညီများ မကြာခဏ ပေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ကြီးမြတ်သည့် ပရဟိတသမားများအဖြစ် ယုံကြည်ကြသည်။ သို့သော် လူတစ်ဦးက ကောင်းခြင်း၊ ဆိုးယုတ်ခြင်း ရှိမရှိဆိုသည်ကို ရိုးရာယဉ်ကျေးမှု၏ အဆိုများအပေါ် အမြဲ မှီခိုခြင်းအားဖြင့် အကဲဖြတ်ရန်မှာ မှန်ကန်တိကျသလော။ အခြားသူများကို ဆန်းစစ်ရန်နှင့် မိမိကိုယ်ကို ကြွားဝါရန် ကိုယ်ကျင့်တရား အပြုအမူ စံနှုန်းများကို အမြဲ အသုံးပြုခြင်းသည် ငါသာလျှင်အမြတ်ဆုံးဟု ထင်ခြင်း ဖြစ်သည်။ ငါသာလျှင်အမြတ်ဆုံးဟုထင်သာ ဤလူများတွင် သမ္မာတရားရှိသလော။ သမ္မာတရားကို ၎င်းတို့ လက်ခံပြီး ကျိုးနွံနာခံနိုင်ကြသလော။ သေချာပေါက် မနာခံနိုင်ကြပေ။ ၎င်းတို့ကို တန်ခိုးအာဏာနှင့် အဆင့်အတန်းပေးထားလျှင် ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်ကာ သူ့ကို ယုံကြည်သည့်လူတို့အား ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းနိုင်မည်လော။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်နိုင်စွမ်းရှိသည်ထက် ပိုကြသည်။ ယင်းက ၎င်းတို့အနေဖြင့် မိမိတို့၏ သဘာဝတွင် ယုတ်မာသည့် စိတ်ထားရှိကြဆဲဖြစ်ကြောင်းနှင့် ၎င်းတို့၏ သဘာဝသည် စာတန်နှင့် သက်ဆိုင်ကြောင်းကို ဖော်ပြပေသည်။ ဤအရာကို အခြေခံ၍ အသိပညာနှင့် ရိုးရာယဉ်ကျေးမှုတို့ဖြင့် အမြဲ အသက်ရှင်ကြသူများအားလုံး မကောင်းမှုလုပ်နိုင်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်သည့် ကြောင်သူတော်များ ဖြစ်ကြောင်း ဆုံးဖြတ်၍ရသည်။ လူအချို့သည် ဘုရားသခင်ကို နှစ်အချို့ကြာ ယုံကြည်ပြီးဖြစ်သည်။ သို့တိုင်အောင် အံ့ဩစရာကောင်းလောက်အောင်ကို ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုနှင့် အသိပညာအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြချေ။ အနှစ်သာရအားဖြင့် ဤအရာများသည် စာတန်ဆန်သော အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် ဥပဒေသများဖြစ်ပြီး လူတို့ကို ထိခိုက်နစ်နာစေသည့် အသိပညာနှင့် ယဉ်ကျေးမှုဖြစ်ကြောင်းကို လုံးလုံးလျားလျား နားမလည်နိုင်ကြပေ။ ထိုသို့သော လူများတွင် သမ္မာတရား စစ်မှန်မှုရှိသလော။ ရိုးရာယဉ်ကျေးမှုနှင့် အသိပညာတို့ကို ထိုးထွင်းမမြင်နိုင်သကဲ့သို့ ယင်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြသည့်လူများသည် သမ္မာတရားကို လုံးဝ နားမလည်ကြသည့်လူများဖြစ်ပြီး သမ္မာတရား စစ်မှန်မှု စိုးစဉ်းမျှ မပိုင်ဆိုင်ကြသည့်သူများ ဖြစ်သည်။ အသိပညာအမျိုးအစားအချို့ကလည်း လူတို့ကို ကောင်းမြတ်စေရန် ကူညီနိုင်ပြီး ဤအသိပညာအမျိုးအစားများက လူတို့ကို ကောင်းသည့်လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ညွှန်ကြားနိုင်သည်ဟု တွေးထင်သည့်လူများ ရှိသည်။ ဤသည်မှာ အလွန်မှားယွင်း၏။ အသိပညာသည် အသက် မဟုတ်။ စည်းမျဉ်းစည်းကမ်းတစ်မျိုးဖြစ်သည်၊ သမ္မာတရားနှင့် ဆန့်ကျင်ဘက်တွင် ရှိပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာတစ်ခု ဖြစ်သည်။ လူတစ်ဦး အသိပညာက မည်မျှ မြင့်မားသည်ဖြစ်စေ၊ နက်ရှိုင်းသည်ဖြစ်စေ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် သဘာဝ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က မည်သည့်အရာဖြစ်သည်ဟူသည်ကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့၏ အသိပညာ အသုံးဝင်မှုမှာ အဘယ်နည်း။ ထိုအရာမှာ အပေါ်ယံအဆန်ဆုံးနှင့် အလှည့်စားဆုံးသော အယူဝါဒဖြစ်သည် မဟုတ်လော။ ကွန်ဖြူးရှပ်ဝါဒီ သဘောတရားနှင့် “တောင်တေချင်း” ကဲ့သို့ ဤဂန္တဝင် တရုတ် ပညာရှိစာအုပ်များဟု ခေါ်သည့်စာအုပ်များထဲရှိ စကားများသည် မှန်သယောင်ရှိသော်လည်း စင်စစ်မှားကြသည်၊ ယင်းတို့သည် လူများကို အထင်အမြင်မှားစေသည့် နတ်ဆိုးဆန်သော စကားများဖြစ်သည်။ ကြောင်သူတော်ဆန်သော အယူလွဲများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများဖြစ်ကာ စာတန်ဆန်သော အဆိပ်များနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်ဖြစ်သည်။ လူအချို့သည် ဤအရာများကို သမ္မာတရားအဖြစ် ကိုးကွယ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်ကြသေးသလော။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ယုံကြည်ပြီး နေ့စဉ် တရားဒေသနာများကို နားထောင်ကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုလျှင် အဘယ်ကြောင့် သမ္မာတရားကို သင် နားမလည်နိုင်သနည်း။ သမ္မာတရားအား သင်၏ လိုက်စားမှု ရည်မှန်းချက်ပန်းတိုင်အဖြစ် သင် အဘယ်ကြောင့် မဖြစ်စေနိုင်သနည်း။ ဤလူများသည် အမိုက်မဲဆုံးနှင့် လုံးလုံးလျားလျား မသိနားမလည်သည့် လူများဖြစ်သည်။ ၎င်းတို့သည် လူသားကဲ့သို့ ဝတ်စားဆင်ယင်ထားသည့် သားရဲတိရစ္ဆာန်များဖြစ်ပြီး လူသား မဟုတ်ကြပေ။

သမ္မာတရားဟူသည်မှာ အဘယ်နည်း။ ဦးစွာပထမ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များသည် မုချ သမ္မာတရား မဟုတ်ကြောင်းနှင့် ကျော်ကြားသူများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များ၏ ဆောင်ပုဒ်များသည် သမ္မာတရားမဟုတ်ကြောင်းကို သတ်မှတ်ပိုင်းခြားထားရမည်။ ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒမှ ဆိုရိုးများ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အမွေဆက်ခံပြီး အများအားဖြင့် အသိအမှတ်ပြုကြသည့် ကောင်းမွန်သော အပြုအမူများနှင့် လုပ်ရပ်များ၊ လူတို့၏ စိတ်များကို လမ်းညွှန်ပေးသည့် အရာများနှင့် သီအိုရီများ စသည်ဖြင့် ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရား မဟုတ်ချေ။ အခြားသူများကို ကူညီခြင်းမှ ပီတိခံစားခြင်းသည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) အခြားသူများကို ကူညီခြင်းမှ ပီတိခံစားခြင်းနှင့် ရက်ရောခြင်းတို့သည် ကောင်းမွန်သည့် လုပ်ရပ်များဖြစ်ပြီး ကြင်နာတတ်သော လူတစ်ဦးသည် အနည်းဆုံးအနေဖြင့် စာနာတတ်ပြီး အခြားသူများအပေါ် သနားတတ်သည်။ ဤသည်မှာ သမ္မာတရားနှင့် အဘယ်သို့ မကိုက်ညီသနည်း။ (လူတို့ကို ၎င်းတို့ ကူညီသည့်ပုံတွင် စည်းမျဉ်းများ မရှိပါ။) စည်းမျဉ်းများမရှိဘဲ လူတို့ကို ကူညီခြင်းသည် လူကောင်းတစ်ဦးဖြစ်ခြင်း ဖြစ်သလော။ ယင်းမှာ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ဖြစ်ပြီး လူတိုင်းနှင့် သင့်မြတ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်ခြင်းသည် မှန်ကန်ပြီး အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သော်လည်း သမ္မာတရား မဟုတ်ဟု ငါတို့ အဘယ်ကြောင့် ဆိုရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ မိဘများကို စည်းမျဉ်းများဖြင့် သားသမီးဝတ်ကျေပွန်ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ မိဘများက အမှန်တကယ် မည်သည့်လူစားမျိုးများဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသောကြောင့် ဖြစ်ပါသည်။) လူတစ်ဦးက မိမိ၏ မိဘများအား မည်သို့ ဆက်ဆံသင့်သည်ဆိုသည်မှာ သမ္မာတရားနှင့် ဆက်စပ်ပေသည်။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ပြီး သင့်ကို ကောင်းစွာ ဆက်ဆံပါက သင်သည် ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်သင့်သလော။ (ကျေပွန်သင့်ပါသည်။) သင်သည် မည်သို့ သားသမီးဝတ်ကျေပွန်သနည်း။ သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမများနှင့် ကွဲပြားစွာ ဆက်ဆံ၏။ သင်သည် ၎င်းတို့ပြောသမျှကို လုပ်ဆောင်ပြီး ၎င်းတို့အိုမင်းလျှင် သင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ဖို့ ၎င်းတို့ဘေးတွင် နေပေးရမည် ဖြစ်သည်။ ယင်းက သင်၏တာဝန်ကို သွားရောက်ထမ်းဆောင်ခြင်းမှ တားဆီးသည်။ ယင်းကို လုပ်ဆောင်သည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုသို့သော အချိန်များတွင် သင်သည် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်က အခြေအနေများပေါ်တွင် မူတည်သည်။ သင်သည် သင်၏နေအိမ် အနီးအနားတွင် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ကို ပြုစုစောင့်ရှောက်နိုင်သေးပါက၊ ပြီးလျှင် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏မိဘများက မကန့်ကွက်ပါက သင်သည် သားတစ်ဦး၊ သို့မဟုတ် သမီးတစ်ဦးအဖြစ် မိမိ၏တာဝန်ကို ဖြည့်ဆည်းသင့်ပြီး သင်၏မိဘများကို အလုပ်ကိစ္စအချို့တွင် ကူညီပေးသင့်သည်။ ၎င်းတို့က နာမကျန်းဖြစ်လျှင် ၎င်းတို့ကို စောင့်ရှောက်လော့။ တစ်စုံတစ်ခုကြောင့် ၎င်းတို့စိတ်ညစ်နေလျှင် ၎င်းတို့ကို နှစ်သိမ့်ပေးလော့။ သင်၏ငွေရေးကြေးရေးက အခြေအနေ ပေးလျှင် သင်၏ ရသုံးငွေစာရင်းနှင့် ကိုက်ညီစွာ ၎င်းတို့အတွက် အာဟာရ ဖြည့်စွက်စာများ ဝယ်ပေးလော့။ သို့ရာတွင် သင်သည် သင်၏ တာဝန်နှင့်အလုပ်ရှုပ်နေကာ သင်၏မိဘများကို ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ ၎င်းတို့ကလည်း ဘုရားသခင်ကို ယုံကြည်ပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရွေးချယ်သင့်သနည်း။ သင်သည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိဘအပေါ် သားသမီးဝတ်ကျေခြင်းသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ တာဝန်နှင့် ဝတ္တရားသာဖြစ်သောကြောင့် သင်၏ ဝတ္တရားသည် သင်၏အလုပ်တာဝန်ဖြင့် ကွဲလွဲဆန့်ကျင်နေလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်၏ တာဝန်ကို ဦးစားပေးပြီး တာဝန်ကို ရှေ့တန်းတင်ရမည်။) ဝတ္တရားတစ်ခုသည် လူတစ်ဦး၏ အလုပ်တာဝန်တစ်ခု သေချာပေါက် မဟုတ်ပေ။ မိမိ၏အလုပ်တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဝတ္တရားတစ်ခုကို ဖြည့်ဆည်းခြင်းမှာမူ ဤသို့မဟုတ်ပေ။ သင့်၌ ဤအခြေအနေရှိလျှင် ဤတာဝန်၊ သို့မဟုတ် ဝတ္တရားကို သင် ဖြည့်ဆည်းနိုင်သည်။ သို့သော် လက်ရှိအနေအထားက ခွင့်မပြုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်က “ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်ရမည်။ ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းသည် ကျွန်ုပ်၏ အသိစိတ်အားဖြင့် အသက်ရှင်သန်ခြင်းဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စံမမီပါ” ဟု ပြောသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဦးစားပေးပြီး ထိန်းသိမ်းသင့်၏။ သင်သည် ယခုအခါတွင် တာဝန်မရှိလျှင်၊ အိမ်နှင့် ဝေးကွာစွာ အလုပ်မလုပ်ရဘဲ သင်၏ မိဘများနှင့် နီးကပ်စွာ နေထိုင်လျှင် ၎င်းတို့အား စောင့်ရှောက်ရန် နည်းလမ်းများကို ရှာလော့။ ၎င်းတို့ အနည်းငယ် ပို၍ ကောင်းစွာ အသက်ရှင်နိုင်ပြီး ဒုက္ခလျော့နည်းစေရန် အကောင်းဆုံး လုပ်ဆောင်လော့။ သို့သော် ဤသည်မှာလည်း သင်၏ မိဘများက မည်သို့သော လူစားမျိုးဖြစ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်၏ မိဘများက ညံ့ဖျင်းသော လူ့သဘာဝရှိပြီး သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းမှ အစဉ် ဟန့်တားလျှင်၊ ထို့ပြင် ဘုရားသခင်အား သင် ယုံကြည်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်အား အဝေးသို့ မပြတ် ဆွဲခေါ်နေလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (ပစ်ပယ်ခြင်းဖြစ်ပါသည်။) ဤအချိန်တွင် ၎င်းတို့ကို သင်ပစ်ပယ်ရမည်။ သင်၏ ဝတ္တရားကို သင် ဖြည့်ဆည်းပြီးဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် ၎င်းတို့အပေါ် သားသမီးဝတ်နှင့်အညီ လေးစားမှုပေးရန် သင့်တွင် ဝတ္တရားမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့သည် မိသားစုဖြစ်သည်။ သင်၏ မိဘများဖြစ်သည်။ မယုံကြည်လျှင် သင်တို့သည် မတူညီသော လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စာတန်ကို ယုံကြည်ပြီး နတ်ဆိုးဘုရင်ကို ကိုးကွယ်သည်။ ပြီးလျှင် စာတန်၏လမ်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းနှင့် မတူသော လမ်းကြောင်းများကို လျှောက်နေကြသည့်လူများဖြစ်၏။ သင်တို့သည် မိသားစု မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို ၎င်းတို့၏ ပြိုင်ဘက်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို စောင့်ရှောက်ရန် ဝတ္တရားမရှိတော့ဘဲ ၎င်းတို့ကို လုံးဝ အဆက်အသွယ်ဖြတ်ရမည်။ မည်သည့်အရာက သမ္မာတရား ဖြစ်သနည်း။ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းလော၊ သို့မဟုတ် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းလော။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းက သမ္မာတရား ဖြစ်သည်မှာ မှန်သည်။ ဘုရားသခင်၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်းသည် မိမိဝတ္တရားကို ဖြည့်ဆည်းခြင်း၊ လုပ်ရမည့်အရာကို လုပ်ခြင်းသက်သက် မဟုတ်ပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤတွင် ဘုရားသခင်၏ စေခိုင်းချက် ပါဝင်သည်။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော တာဝန်ဖြစ်သည်။ ဖန်ဆင်းရှင်ရှေ့တွင် သင်၏တာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အပေါ် ဖန်ဆင်းရှင်၏ တောင်းဆိုချက်ဖြစ်သည်။ ပြီးလျှင် ဘဝ၏ ကြီးမြတ်သော ကိစ္စဖြစ်သည်။ သို့သော် မိဘများကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် သားတစ်ယောက်၏ သို့မဟုတ် သမီးတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားမျှသာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က တာဝန်ပေးစေခိုင်းခြင်း သေချာပေါက် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ပို၍ပင် မကိုက်ညီချေ။ ထို့ကြောင့် မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းကြားတွင် မိမိ၏တာဝန်ထမ်းဆောင်ခြင်း တစ်ခုတည်းသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် သမ္မာတရားဖြစ်သည်။ ရှောင်လွှဲမရသော တာဝန်တစ်ခုဖြစ်သည်။ မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် လူတို့အပေါ် သားသမီးဝတ်ကျေခြင်းနှင့်ပတ်သက်သည်။ ယင်းမှာ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု အဓိပ္ပာယ်မရသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟူ၍လည်း အဓိပ္ပာယ်မရပေ။ ဤအရာများအကြောင်းကို ဤသို့ မိတ်သဟာယပြုပြီးနောက်တွင် သင့်ဘာသာ ဤအရာများကို ခွဲခြားနိုင်သင့်ပြီး မည်သည့်အရာက သမ္မာတရားဖြစ်ပြီး မည်သည့်အရာက သမ္မာတရား မဟုတ်ဟူသည်ကို သိသင့်ပေသည်။ သမ္မာတရားအဖြစ် အလေးထားခြင်းခံရသော အခြားမည်သည့်အရာများကို လူတို့ တန်ဖိုးထားကြကြောင်းနှင့် ပတ်သက်၍ ယခု တစ်ချက်တွေးကြည့်လော့။ (“အပြုသဘောဆောင်သော စွမ်းအင်”ဟူသည့် ဝေါဟာရကို လူ့အဖွဲ့အစည်းတွင် မကြာခဏ အသုံးပြုသည်။ ဤသည်မှာလည်း အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်ပြီး သမ္မာတရား မဟုတ်ပါ။) ဘာသာတရားမရှိသူများ ပြောဆိုသည့် ဝေါဟာရအများစုမှာ ဆိုးယုတ်သောအရာများ ဖြစ်သည်။ “အပြုသဘောဆောင်သော စွမ်းအင်”ဟူသည့် ဝေါဟာရသည် မည်သည့်နောက်ခံမှ ထွက်ပေါ်လာခဲ့သနည်း။ လူ့အဖွဲ့အစည်းတွင် ထွက်ပေါ်သည့် ဤလူကြိုက်များသော ဆိုရိုးများ၊ ထူးဆန်းသည့် သီအိုရီများ သို့မဟုတ် ရေပန်းစားသော စကားများအားလုံးတွင် နောက်ခံတစ်ခုရှိ၏။ ဤရေပန်းစားသော စကားလုံးထွက်ပေါ်လာသည့် နောက်ခံကို သင်တို့ သိကြသလော။ တရုတ်နိုင်ငံတွင် လူမှုရေး အခြေအနေသည် တိုး၍ ဆိုးယုတ်လာနေပြီး လူတို့သည် ကောက်ကျစ်ဆိုးယုတ်မှုကို ထောက်ခံကြသည်။ နတ်ဆိုးများက မည်သည့်အရာ ပြောကြသည်ဖြစ်စေ၊ လုပ်ဆောင်ကြသည်ဖြစ်စေ လူတို့က လိုက်လုပ်ကြသည်။ လူအချို့က ဤအရာကို မခံနိုင်ကြသကဲ့သို့ မှတ်ချက်ပြုကြသော်လည်း ထိုမှတ်ချက်များသည် အသုံးမတည့်သည့်အပြင် မည်သူကမျှလည်း မတုံ့ပြန်ကြချေ။ တရုတ်နိုင်ငံတွင် ဆိုးယုတ်မှုက ရေပန်းစားမှုတစ်ခု ဖြစ်လာပြီးဖြစ်ကာ ဤကောက်ကျစ်ဆိုးယုတ်သည့် ရေပန်းစားမှုကို မည်သည့်လူအုပ်စုကမျှ မတားဆီးနိုင်ပေ။ နိုင်ငံ၏ ကိုယ်ကျင့်တရားက ကုန်လွန်သွားသည့် နေ့ရက် တစ်ရက်စီတိုင်းနှင့်အတူ ဆုတ်ယုတ်နေသည်ဟု လူတိုင်း ခံစားကြရသည်။ ဆိုးယုတ်သည့် မကောင်းဆိုးဝါးများက တန်ခိုးအာဏာရှိသမျှကို ကိုင်စွဲကြပြီး နိုင်ငံနှင့် လူမျိုးကို လုံးဝ ထိန်းချုပ်ထားသည်။ နတ်ဆိုးများက မိမိတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြပြီး မည်သူကမျှ ၎င်းတို့ကို မတားဆီးနိုင်ကြ။ အများပြည်သူကို လှည့်ဖြားရန်အလို့ငှာ အာဏာရှိသည့်သူတို့သည် လူတို့ကို အထင်အမြင်မှားစေကာ လှည့်ဖြားရန် ဤလုပ်ရပ်အားလုံးက အပြုသဘောဆောင်သော စွမ်းအင်နှင့် သက်ဆိုင်သည်ဟုပင် အခိုင်အမာဆိုလျက် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားယွင်းနေသော အရာများစွာကို လုပ်ဆောင်ကြပြီးဖြစ်သည်။ ဤသည်မှာ “အပြုသဘောဆောင်သော စွမ်းအင်”ထွက်ပေါ်ခဲ့သည့် နောက်ခံ ဖြစ်သည်။ “အပြုသဘောဆောင်သော စွမ်းအင်”အားဖြင့် ဘာသာတရားမရှိသူများက မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ အကျင့်သိက္ခာ သို့မဟုတ် အပြုအမူကောင်းတစ်မျိုးဟု ၎င်းတို့ ခေါ်ဆိုသည့်အရာ ဖြစ်သည်။ အမှန်တွင် ဤအပြုသဘောဆောင်သော စွမ်းအင်သည် လူ့အဖွဲ့အစည်းတွင် အကျိုးတရားတစ်ခု ရှိနိုင်သလော။ ထိုအရာက ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်းကို ဖြေရှင်းနိုင်သလော။ ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများ ဖြစ်ပေါ်တတ်ခြင်းကို တားဆီးနိုင်သလော။ မတားဆီးနိုင်ပေ။ ထိုအရာက မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်။ အဘယ်ကြောင့် မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်သနည်း။ “အပြုသဘောဆောင်သော စွမ်းအင်”ဟူသည့် ဝေါဟာရသည် အလွန် အစွမ်းရှိပုံရသည်။ ထို့ကြောင့် ထိုအရာက အဘယ်ကြောင့် မည်သည့်အရာကိုမျှ မပြောင်းလဲပေးနိုင်သနည်း သို့မဟုတ် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းပေးနိုင်သနည်း။ ထိုအရာက ကလေးသူငယ်များ တစ်နေ့လုံး အင်တာနက် စွဲလမ်းနေသည့် ပြဿနာကိုပင် မပြောင်းလဲစေနိုင်ပေ၊ သို့မဟုတ် မဖြေရှင်းပေးနိုင်ပေ။ အတိတ်ကာလတွင် လူတို့ကြား၌ ချစ်ခင်မှု အနည်းငယ်အပြင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ် ရှိခဲ့ကြသေးပြီး အိမ်နီးချင်းများကြားတွင် လူ့ကျင့်ဝတ်စည်းကမ်း အနည်းငယ် ရှိခဲ့သေးသော်လည်း ယခုတွင် မတူတော့ပေ။ လူသား ဆက်ဆံရေးများသည် ပြောင်းလဲလွယ်ကာ ဖောက်လှဲ ဖောက်ပြန်ပြုတတ်လာပြီဖြစ်ကာ လူတို့သည် အချင်းချင်း သူစိမ်းများကဲ့သို့သာ ဖြစ်ကြသည်။ လူတို့သည် မိမိတို့၏ အိမ်နီးချင်းများပေါ် မတော်တဆမှုများ ကျရောက်သည်ကို မြင်သည့်အခါတွင်ပင် ဂရုမစိုက်ကြသကဲ့သို့ တစ်စုံတစ်ဦးက အကူအညီတောင်းနေသည်ကို မြင်သည့်အခါတွင် ပါဝင်ပတ်သက်ရန် မဝံ့ရဲကြချေ။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ လူတို့အနေဖြင့် ဤကဲ့သို့ ဖြစ်လာရသည်မှာ အပြုသဘောဆောင်သော စွမ်းအင်မရှိသောကြောင့် ဖြစ်သလော။ ယခင်က လူ့အဖွဲ့အစည်းတွင် အပြုသဘောဆောင်သည့် စွမ်းအင် ရှိခဲ့သည်များ ဖြစ်နိုင်မည်လော။ မရှိခဲ့ပေ၊ အတူတူပင် ဖြစ်ခဲ့၏။ “အပြုသဘောဆောင်သော စွမ်းအင်”ဟူသည်မှာ နားကြားကောင်းသည့် ဝေါဟာရတစ်ခုသာ ဖြစ်သည်၊ ထိုအရာ၌ လက်တွေ့ကျသည့်အရာ တစ်ခုမျှ မရှိပေ။ ထိရောက်မှု လုံးဝမရှိသည့် အနှစ်မဲ့သော သီအိုရီတစ်ခု ဖြစ်သည်။

ငါ့ကို ပြောလော့၊ အဘယ်သူ သာ၍ ဆိုးသနည်း။ အတိတ်ကာလမှ လူများလော သို့မဟုတ် ယနေ့ခေတ် လူများလော။ (လူတို့သည် ယခုခေတ်တွင် သာ၍ ဆိုးကြပါသည်။) ယင်းကို သင် မည်သို့ တိုင်းတာသနည်း။ သင်တို့၏ ရှုထောင့်မှာ ယနေ့ခေတ်လူတို့သည် အကြင်နာကင်းကြပြီး မိသားစု မေတ္တာနှင့် စစ်မှန်သော ခင်မင်ရင်းနှီးမှုများ မရှိခြင်း၊ မည်သူကမျှ သစ္စာစောင့်သိခြင်းနှင့်ပတ်သက်၍ သို့မဟုတ် အသိစိတ်နှင့်ပတ်သက်၍ ဂရုမစိုက်ကြောင်းနှင့် လူတို့က “အသိစိတ်သည် မည်မျှ တန်ဖိုးရှိသနည်း”၊ “အသိစိတ်ကရော အဘယ်သို့နည်း။ ငွေရှာခြင်းက ဦးစားပေးဖြစ်သည်”ဟု အမြဲ ပြောကြခြင်း ဖြစ်သည်။ လူတို့အနေဖြင့် ၎င်းတို့၏ အသိစိတ်များ ဆုံးရှုံးကြပြီးဖြစ်သည်ဟုလည်းကောင်း၊ ကုန်ပစ္စည်းများ ရောင်းသည့်အခါ အခြားသူများကို တမင်လျှော့အမ်းခြင်းနှင့် မသန့်ရှင်းသည့် ငွေများကို ရှာဖွေခြင်းက လူတို့အတွက် ယခုခေတ်တွင် ပုံမှန်ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် ၎င်းတို့ တတ်နိုင်သည့် မည်သူ့ကိုမဆို ကလိမ်ကျကာ လိမ်ညာ ယူကြသည်ဟုလည်းကောင်း သင်တွေးထင်သည်။ ထိုလူများနှင့် ကွဲပြားခြားနားစွာပင် ရှေးခေတ်တွင် ကျွမ်းကျင်သည့် ကုန်သည်များသည် ကုန်ပစ္စည်းများ ရောင်းချရာတွင် စည်းမျဉ်းများရှိကြသည်ဟုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့၏ ကုန်ပစ္စည်းများကို တစ်သမတ်တည်းဖြစ်သောစျေးနှုန်းများဖြင့် ရောင်းချခဲ့ကြသည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဝယ်သူအားပေးသူများအားလုံးနှင့် ပတ်သက်၍ လူငယ်ကိုရော၊ လူကြီးကိုပါ ရိုးသားကြပြီး မည်သူကိုမျှ မလှည့်စားခဲ့ကြဟုလည်းကောင်း သင် ယုံကြည်လေသည်။ ထို့ကြောင့် အတိတ်ကာလရှိ လူတို့သည် ယခုခေတ် လူတို့ထက် များစွာ သာ၍ ကောင်းမွန်ကြသည်ဟု သင် ထင်သည်။ ထို့ကြောင့် ဤ “သာ၍ ကောင်းမွန်သည်”ဟူသည့်အရာက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာသည် ၎င်းတို့ အသက်ရှင်နေထိုင်ကြသည့် အသိစိတ်နှင့် အပြုအမူများအပေါ် အမှန်တကယ် အခြေခံလေသည်။ သင်သည် လူတို့ကို ဤအရာပေါ် အခြေခံ၍ တိုင်းတာလျှင် အတိတ်ကာလရှိ လူတို့သည် ယခုခေတ်ရှိ လူတို့ထက် သာ၍ ကောင်းမွန်ခဲ့ကြပေသည်။ အတိတ်ကာလရှိ လူတို့သည် သာ၍ ရိုးရှင်းကာ သာ၍ မာယာကင်းခဲ့ကြပြီး ၎င်းတို့တွင် အသိစိတ်နှင့် အရှက်တရား ခံစားချက်တစ်ခု ရှိခဲ့ကြသည်။ ၎င်းတို့တွင် ၎င်းတို့၏ အပြုအမူအတွက် အခြေခံစည်းရှိခဲ့ကြပြီး မည်သည့်အရာကိုမျှ အသိစိတ် ကင်းမဲ့လွန်းခြင်းဖြင့် မလုပ်ဆောင်ခဲ့ကြသကဲ့သို့ လူတို့အား မိမိတို့၏ နောက်ကွယ်တွင် ဝေဖန်စေရန် သို့မဟုတ် မိမိတို့အား မကောင်းသည့်အမည်တစ်ခုပေးစေရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ကြပေ။ ယနေ့ခေတ် လူတို့သည် ထိုအရာများနှင့်ပတ်သက်၍ ဂရုမစိုက်ကြချေ။ ၎င်းတို့တွင် ရှက်စိတ် မရှိကြ။ ငွေရှာကာ မိမိတို့ အောင်မြင်ဖို့သာ အလိုရှိကြသည်။ ထို့ကြောင့် ယနေ့ခေတ် လူတို့သည် ကမ်းကုန်အောင် ဆိုးကြသည်ဟု ဆိုရခြင်း ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်၏ ကမ်းကုန်အောင် ဆိုးကြသည့် လူတို့သည် ဤပုံစံဖြင့် အဘယ်သို့ ဖြစ်ပေါ်ခဲ့သနည်း။ ၎င်းတို့သည် မျိုးဆက်တစ်ခုမှနောက်တစ်ခု၊ ရှေးခေတ်များမှသည် မျက်မှောက်ခေတ်ထိ တိုးပွားကြပြီး ဖြစ်သည်သာ မဟုတ်လော။ ယနေ့ခေတ် လူတို့သည် ရှေ့ခေတ်ကာလများရှိ လူတို့နှင့် မည်သည့် ကွာခြားမှုမျှ မရှိပေ။ ၎င်းတို့၏ ဗီဇလက္ခဏာ မပြောင်းလဲသေးသကဲ့သို့ ၎င်းတို့၏ သွင်ပြင်သည်လည်း မပြောင်းလဲသေးပေ။ အသက်ရှင်နေထိုင်မှု အခြေအနေက ရှေးခေတ်ကာလများထက် ပို၍ကောင်းခြင်းသာ ဖြစ်သည်။ ယခုခေတ်တွင် လူတို့သည် သာ၍ ခက်ခဲရှုပ်ထွေးသော အရာများကို သင်ယူကြပြီး သာ၍များသည့် နယ်ပယ်များတွင် ကျွမ်းကျင်ကြသည်၊ ၎င်းတို့၏ အသိပညာသည် ရှေးခေတ်လူတို့ထက် သာ၍ မြင့်မားကြသည်၊ ၎င်းတို့သည် ရှေးလူတို့ထက် သာ၍များသော ကျွမ်းကျင်မှုများ ပိုင်ဆိုင်ကြပြီး မာနထောင်လွှားခြင်း အရင်းအနှီး ရှိကြလေသည်။ ဤရှုထောင့်အမြင်မှ ငါတို့ ကြည့်လျှင် ယနေ့ခေတ်လူတို့သည် အတိတ်ကာလရှိ လူတို့ထက် သာ၍ ဆိုးသည်ဟု ပြောရန်မှာ မှန်ကန်တိကျသလော။ ဤအဆိုက မှန်ကန်တိကျပြီး သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိဟူသည်ကို ငါတို့ အဘယ်သို့ ဆန်းစစ်နိုင်သနည်း။ ထိုအရာနှင့်ပတ်သက်၍ ဤသို့ အသေးစိတ်ရှင်းပြကြစို့။ အင်ပါယာ ခုံရုံး ကျန်းကျူက နှင့် ပတ်သက်သည်ဖြစ်စေ၊ သာမန်လူများ၏ ဘဝများနှင့် ပတ်သက်သည်ဖြစ်စေ ရာဇဝင်ဇာတ်လမ်းများကို သင် ကြည့်ရှုသည့်အခါ ဇာတ်ကွက်များက ပဋိပက္ခများဖြင့် ပြည့်နေလိမ့်မည်။ ဤသည်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် ဘက်ခြမ်း ဖြစ်သည်။ လူသားများသည် သေရေးရှင်ရေး ရုန်းကန်မှုများဖြင့် တန်ခိုးအာဏာနှင့် မိမိတို့ကိုယ်ပိုင် ဆန္ဒများအတွက် အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြ၏။ ဤတွင် လူသား သဘာဝသည် အလွန် စေ့စေ့စပ်စပ်နှင့် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ပြီး စာတန်နှင့် တစ်ထေရာတည်း ဖြစ်သည်။ ထို့ကြောင့် ယခု ဖြစ်ပျက်နေသည်ဟု သင် မြင်သမျှ အရာအားလုံးသည် အချိန်ကာလတစ်ခုတည်းတွင်သာ ဖြစ်ပွားခဲ့သည်မှာ မှန်သလော။ ဖန်ရွှေ မကောင်းသောကြောင့်၊ ပြီးလျှင် ညစ်ညူးသော မကောင်းဆိုးဝါးများ အုံနေသောကြောင့် ကမ္ဘာမြေပေါ်ရှိ အချို့သော နေရာများတွင် လူတို့သည် အလွန် ပြင်းထန်စွာ ယှဉ်ပြိုင်တိုက်ခိုက်ကြသလော။ သို့မဟုတ် ထိုလူများတွင် ၎င်းတို့ကို သဘာဝအားဖြင့် ရန်လိုစေသည့် မကောင်းသော ဗီဇများရှိကြခြင်း ဖြစ်သလော။ (တစ်ခုမျှ မဟုတ်ပါ။) သို့ဆိုလျှင် ဤပဋိပက္ခများက အဘယ်သို့ ဖြစ်လာသနည်း။ ၎င်းတို့အားလုံးသည် တန်ခိုးအာဏာ၊ အဆင့်အတန်းနှင့် ကိုယ်ကျိုးစီးပွားအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြ၏။ အမြင့်မှ အနိမ့်ထိ မည်သည့် လူမှုအလွှာဖြစ်စေ လူတို့သည် စဉ်ဆက်မပြတ် တိုက်ခိုက်ကာ ယှဉ်ပြိုင်ကြသည်၊ မောပန်းနွမ်းနယ်သည်အထိ တိုက်ခိုက်ကာ မိမိတို့ အသက်များ ဆုံးရှုံးလုနီးပါး ပြိုင်ဆိုင်နေကြလေသည်။ ဤဖြစ်စဉ်မှ မည်သည့်အရာကို ငါတို့ မြင်နိုင်သနည်း။ လူသားရာဇဝင်အားလုံး၏ဖွံ့ဖြိုးတိုးတက်မှုကို အနှစ်ချုပ်ဖော်ပြချက်များနှင့် သမိုင်းနောက်ခံ အချက်အလက်များနှင့်ဆိုင်သော ရှုထောင့်အမြင်များမှ အကဲဖြတ်ရလျှင် လူသားမျိုးနွယ်၏ သဘောသဘာဝသည် လုံးဝ မပြောင်းလဲသေးချေ။ လူတို့သည် စာတန်၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်သရွေ့ ခေတ်အသီးသီးနှင့် အဆင့်အသီးသီးတွင် ဖြစ်ပေါ်သည့် ဘဝ၏ အကြောင်းအရာသည် ယင်း၏ အနှစ်သာရကဲ့သို့ပင် မပြောင်းမလဲရှိနေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသား ပဋိပက္ခများ၏ ရည်မှန်းချက်များ၊ အကြောင်းတရားများနှင့် ရင်းမြစ်တို့သည် အမြဲ မပြောင်းလဲသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် တန်ခိုးအာဏာ၊ အဆင့်အတန်းနှင့် နောက်ဆုံးတွင် ကိုယ်ကျိုးစီးပွားအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပေသည်။ ပဋိပက္ခ၏ နည်းလမ်းများအားလုံးသည် အရင်းအမြစ်တစ်ခုတည်း ဖြစ်သည့် စာတန်၏ သဘာဝနှင့် စိတ်သဘောထားတို့မှ အရင်းခံလေသည်။ အဘယ်ကြောင့် လူသား ပဋိပက္ခ၏ နည်းလမ်းများနှင့် နည်းစနစ်များသည် မပြောင်းမလဲ ရှိနေခဲ့သနည်း။ ဤသည်မှာ လူသား သဘာဝကြောင့် လုံးဝ ဖြစ်ပေသည်။ လူတို့သည် တစ်ဦးနှင့်တစ်ဦး လိမ်ညာယူရင်း၊ လှည့်ဖြားရင်းနှင့် လိမ်လည်ရင်း အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ပြီး ဒုက္ခပေးရန် နည်းလမ်းတိုင်းကို ဦးနှောက်ခြောက်ခံစဉ်းစားပြီး ရှာဖွေကြသည်။ ၎င်းတို့သည် လှည့်ဖြားတတ်သော နည်းလမ်းမျိုးစုံကို အသုံးပြုကြသည်။ အဓိက နိုင်ငံရေး ပြိုင်ဆိုင်မှုများတွင်ဖြစ်စေ၊ အညတရ မိသားစုများကြား ပဋိပက္ခများတွင်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အမြဲ ယှဉ်ပြိုင်တိုက်ခိုက်နေကြ၏။ ဤသည်မှာ လူ့သဘာဝ၏ စစ်မှန်သော စရိုက်၊ လူသားမျိုးနွယ်၏ စစ်မှန်သော သဘောသဘာဝများ ဖြစ်သည်။ မျက်မှောက်ခေတ်ထိ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည့် လူသားမျိုးနွယ်သည် မပြောင်းလဲသည့် လူသားမျိုးနွယ် ဖြစ်နေဆဲဖြစ်ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်မှာ စာတန်တစ်ဦးတည်း ဖြစ်နေဆဲ ဖြစ်သည်။ အပြင်ပန်း ပတ်ဝန်းကျင်က တဖြည်းဖြည်း ပြောင်းလဲနေသော်လည်း ဤသည်မှာ လူသား သဘာဝက ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ။ လူသား ပဋိပက္ခများ၏ နည်းစနစ်များနှင့် နည်းလမ်းများ အနည်းငယ်မျှ ပြောင်းလဲပြီးဖြစ်နိုင်သော်လည်း လူ၏ တိုက်ခိုက်တတ်သည့် သဘာဝနှင့် ဤပဋိပက္ခများ၏ စမှတ်တို့သည် လုံးဝ မပြောင်းလဲသေးပေ။ လူသည် တစ်ခုတည်းသော သဘာဝ ရှိနေဆဲဖြစ်ပြီး ဤပဋိပက္ခများ၏ ရည်မှန်းချက်တစ်ခုနှင့် အရင်းအမြစ်တစ်ခု ရှိနေဆဲ ဖြစ်သည်။ ဤအရာများ လုံးဝ မပြောင်းလဲသေးပေ။ အတိတ်ကာလရှိ လူတို့သည် သာ၍ ကောင်းမွန်သည်ဟု သင်တို့ ပြောခဲ့ကြသည်။ မည်သည့်နည်းလမ်းဖြင့် ၎င်းတို့ သာ၍ ကောင်းမွန်ခဲ့ကြသနည်း။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ ချုပ်ထိန်းခြင်းကို အနည်းငယ် ခံခဲ့ကြရသည်။ ထို့ကြောင့် ၎င်းတို့သည် ကောင်းမှုအချို့ကို အနည်းနှင့်အများ လုပ်နိုင်စွမ်း ရှိခဲ့ကြသည်။ ယခုတွင် လူသားမျိုးနွယ်သည် ယနေ့ထက်တိုင် ဖွံ့ဖြိုးတိုးတက်ကြပြီးဖြစ်ကာ ဘဝအဆင့်အတန်းက မည်မျှ မြင့်မားသည်ဖြစ်စေ၊ အသိပညာနှင့် ပညာရေးကို လူတို့ မည်မျှ ဆည်းပူးသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံ မည်မျှ ကျယ်ပြန့်သည်ဖြစ်စေ လူသား သဘာဝက မပြောင်းလဲသေးပေ။ ထို့အပြင် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူ့သဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်ပြမှုများသည်လည်း တိုး၍ ကောက်ကျစ်ဆိုးယုတ်လာနေသည်၊ အရှက်မရှိ ဗြောင်ကျလာနေပြီး မရိုးမဖြောင့် ဖြစ်လာနေပေသည်။ ဘုရားသခင်က နှုတ်ကပတ်တော်မည်မျှ ပြောဆိုသည်ဖြစ်စေ၊ သမ္မာတရား မည်မျှ ဖော်ပြသည်ဖြစ်စေ၊ ယင်းတို့ကို လူတို့က လျစ်လျူရှုကြသည်။ လူတို့သည် သမ္မာတရားကို လုံးဝ မချစ်ကြ။ ထိုအစား သမ္မာတရားကို သာ၍ပင် အလွန်အမင်း မနှစ်မြို့ဖြစ်လာကြပြီးဖြစ်ကာ ထိုသမ္မာတရားအတွက် အမုန်းတရားကို သာ၍ပင် ခံစားမိကြလေသည်။ ယခု လူ့အဖွဲ့အစည်းတွင် ကောင်းမွန်သည့်အရာများ လုပ်ဆောင်သည့် လူများတစ်ဦးတလေ ရှိသလော။ (ရှိပါသည်၊ သို့သော်လည်း ယခင်ထက် နည်းပါးသွားပြီဖြစ်သည်။) သို့ဆိုလျှင် ဤလူများက ကောင်းကြောင်းနှင့် ၎င်းတို့ ဆိုးမလာကြကြောင်း သင် ပြောနိုင်သလော။ (မပြောနိုင်ပါ။) ၎င်းတို့သည် လူ့လောကနှင့် အဆက်အသွယ် ဖြတ်ပြီး နေထိုင်နေခြင်း မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ မည်သည့် ကောင်းသည့်အရာမျိုးများကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ယင်းတို့သည် အပြုအမူကောင်းများနှင့် ရည်ရွယ်ချက်ကောင်းများသာ ဖြစ်သည်။ သင်သည် ၎င်းတို့ကို လူကောင်းတစ်ဦးဖြစ်ကာ ဘုရားသခင်ကို ကိုးကွယ်ရန်အလို့ငှာ ဘုရားသခင်၌ ယုံကြည်ခြင်းကဲ့သို့သော ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆိုင်သည့် ကိစ္စရပ်များအကြောင်း ပြောလျှင် ၎င်းတို့၏ တုံ့ပြန်မှုများကို လေ့လာစောင့်ကြည့်လော့။ ဘုရားသခင်ကို ယုံကြည်လျှင် အစိုးရ၏ နှိပ်စက်ညှဉ်းပန်းခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်ကို ၎င်းတို့ ကြားလျှင် သင့်ကို ရန်သူတစ်ဦးကဲ့သို့ ဆက်ဆံကြလိမ့်မည်ဖြစ်ကာ လှောင်ကြလိမ့်မည်ဖြစ်သည်။ သင် လိုက်ဖမ်းခံရပြီး နှိပ်စက်ခြင်းခံနေရကာ ၎င်းတို့အိမ်များတွင် အနည်းငယ်ကြာ ပုန်းအောင်းရန် သင် ကြိုးစားလျှင် ၎င်းတို့က သင့်ကို တိုင်ကြားကြလိမ့်မည်ဖြစ်ကာ အစိုးရထံ အပ်နှံကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ကားတိုက်ခံရသည့် သူတစ်ဦးကို ၎င်း၏ အသက်အား ကယ်ရန် ဆေးရုံသို့ ခေါ်သွားကြလိမ့်မည် ဖြစ်သည့်တိုင် ဘုရားသခင်ကို ယုံကြည်သည့် လူကောင်းတစ်ဦးကိုလည်း နှိပ်စက်ညှဉ်းပန်းခြင်း ခံရရန် သို့မဟုတ် သေသည်ထိပင် နှိပ်စက်ခြင်းခံရရန် ဆိုးယုတ်သည့် မကောင်းဆိုးဝါးများ၏ လက်ထဲသို့ ပို့ကြလိမ့်မည် ဖြစ်သည်။ ဤအရာကို သင်မည်သို့ ရှင်းပြမည်နည်း။ မည်သည့် အပြုအမူက ၎င်းတို့၏ သဘာဝကို ထင်ဟပ်သနည်း။ ဒုတိယတစ်ခုက ၎င်းတို့၏ သဘာဝ ဖြစ်၏။ ၎င်းတို့သည် အခြားလူတို့ကို ကယ်တင်ပြီး အခြားသောလူတို့ကိုလည်း သေစေနိုင်သည့် အခြေအနေများထဲတွင် ထားရှိကြသည်။ ထိုသို့သော လူများသည် လူသားများလော၊ သို့မဟုတ် မကောင်းဆိုးဝါးများလော။ လူတစ်ဦးက မိမိ၏ စာတန်ဆန်သော သဘာဝကို မစွန့်ပယ်သည့် ရက်တစ်ရက်သာရှိလျှင် မကောင်းမှုကို လုပ်နိုင်စွမ်းရှိကာ ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်စွမ်းရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံ လုပ်နိုင်သရွေ့ လူကောင်းများ မဟုတ်ကြပေ။ ဤအဆိုသည် မှန်ကန်သလော။ (မှန်ပါသည်။) ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ မှန်ကန်သနည်း။ (၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် သမ္မာတရား မဟုတ်ပါ။ ၎င်းတို့၏ အပြင်ပန်း လုပ်ရပ်များနှင့် အပြုအမူများက မည်မျှ ကောင်းမွန်သည်ဖြစ်စေ ၎င်းတို့၏ သဘာဝက ဘုရားသခင်ကို ရန်လိုဆဲဖြစ်ပါသည်။) ၎င်းတို့၏ သဘာဝက ဘုရားသခင်ကို ရန်လို၏။ ဤအဆို မှန်ပေသည်။ ဤအဆိုကို ငါတို့ အဘယ်သို့ ရှင်းပြကြသနည်း။ ဘုရားသခင်ကို ရန်လိုသည့် တစ်စုံတစ်ဦးသည် လူကောင်းတစ်ဦးမဟုတ်ကြောင်း အဘယ်ကြောင့် ငါတို့ ဆိုကြသနည်း။ (ဘုရားသခင်သည် အပြုသဘောဆောင်သည့် အရာအားလုံး၏ သင်္ကေတတစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ရန်လိုနိုင်လျှင် ၎င်းတို့အထဲတွင် ရှိသည့်အရာသည် အပျက်သဘောသာ ဖြစ်သည်။) သဘောတရားအရ၊ ယင်းမှာ အမှန်တရားဖြစ်ပြီး ယင်းအဆို မှန်ပေသည်။ တစ်စုံတစ်ဦးသည် အပြင်ပန်းတွင် မည်မျှ ကောင်းမွန်ပုံရသည်ဖြစ်စေ၊ ဘုရားတရား ကိုင်းရှိုင်းပုံရသည်ဖြစ်စေ၊ အခြားသူများကို ကူညီခြင်းမှ ပီတိကို မည်မျှ ခံစားသည်ဖြစ်စေ၊ သို့မဟုတ် အခြားသူများကို မည်မျှ ကြင်နာသည်ဖြစ်စေ၊ အပြုသဘောဆောင်သည့် အရာများကို ကြားသည့်အခါ မနှစ်သက်ခြင်းနှင့် ရွံမုန်းမှုကို ခံစားရလျှင်၊ သမ္မာတရားကို ကြားသည့်အခါ လက်မခံနိုင်သကဲ့သို့ ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဖြစ်လျှင် ၎င်းသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ သူသည် လူကောင်းတစ်ဦး မဟုတ်ပေ။ အပြုသဘောဆောင်သည့် အရာများနှင့် သမ္မာတရားတို့၏ ရန်သူများသည် လူကောင်းများ မဟုတ်။ ယေဘုယျအားဖြင့် ထိုသို့ သင် ပြောနိုင်သည်။ ဤအရာအတွင်းတွင် အသေးစိတ်အချက် များစွာ ရှိသည်မှာ အမှန်ဖြစ်၏။ ဥပမာတစ်ခုကို သင့်အား ငါပြောပြမည်။ ပြီးလျှင် ဤအဆိုက အဘယ်ကြောင့် အမှန်တရားဖြစ်သည်ကို သင် နားလည်လိမ့်မည်။ ဥပမာအားဖြင့် လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကာ မိမိတို့ တာဝန်များကို ထမ်းဆောင်ကြသောကြောင့် မိမိတို့၏ မိသားစုများကို စွန့်လွှတ်ကြသည်။ ဤအရာကြောင့် ၎င်းတို့ လူသိများလာကြပြီး အစိုးရက ၎င်းတို့၏ အိမ်ကို မကြာခဏ ရှာဖွေကြသည်၊ ၎င်းတို့၏ မိဘများကို အနှောင့်အယှက်ပေးကြပြီး ၎င်းတို့ကို လွှဲအပ်ရန် ၎င်းတို့၏ မိဘများကိုပင် ခြိမ်းခြောက်ကြလေသည်။ ၎င်းတို့၏ အိမ်နီးချင်းများအားလုံးက “ဤလူတွင် အသိစိတ် မရှိပါ။ သူသည် မိမိ၏ သက်ကြီးရွယ်အို မိဘများကို ဂရုမစိုက်ပါ။ သူသည် သားသမီးဝတ်မကျေပွန်ရုံမက မိမိ၏ မိဘများအတွက် ဒုက္ခများစွာလည်း ဖြစ်စေသည်။ သူသည် သားသမီးဝတ် မကျေပွန်သော သားသမီးတစ်ဦး ဖြစ်သည်”ဟု ဆိုလျက် ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုကြလေသည်။ ဤစကားများထဲမှ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ရာတွင် ဘာသာတရားမရှိသူများ၏ အမြင်တွင် ဤစကားများအားလုံးကို မှန်ကန်သည်ဟု ယူဆထားကြသည် မဟုတ်လော။ ဘာသာတရားမရှိသူများကြားတွင် ဤသည်မှာ သဘာဝအကျဆုံးနှင့် ယုတ္တိအတန်ဆုံး ရှုမြင်ပုံရှုမြင်နည်း ဖြစ်ကာ ယင်းသည် လူ့ကျင့်ဝတ်များနှင့် ကိုက်ညီသကဲ့သို့ လူသား အပြုအမူ၏ စံနှုန်းများနှင့်အညီဖြစ်သည်ဟု တွေးထင်ကြလေသည်။ ဤစံနှုန်းများတွင် မိဘများကို သားသမီးဝတ်နှင့်ညီသော ရိုသေလေးစားမှု မည်သို့ပြရမည်၊ ၎င်းတို့၏ အိုမင်းသော အရွယ်တွင် ၎င်းတို့ကို မည်သို့ စောင့်ရှောက်ကာ ၎င်းတို့၏ အသုဘကိစ္စများအား စီစဉ်ပေးရမည် သို့မဟုတ် ၎င်းတို့ကို မည်မျှ ပြန်ကျေးဇူးဆပ်ရမည်ဆိုသည်နှင့်၊ ဤစံနှုန်းများက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်တို့ကဲ့သို့သော အကြောင်းအရာ မည်မျှ ပါဝင်သည်ဖြစ်စေ ဘာသာတရားမရှိသူများ၏ အမြင်တွင် ထိုအရာများသည် အပြုသဘောဆောင်သော အရာများဖြစ်သည်၊ အပြုသဘောဆောင်သော စွမ်းအင်ဖြစ်သည်၊ ထိုအရာများက မှန်ကန်ပြီး လူအုပ်စုအားလုံးအတွင်းတွင် အပြစ်ကင်းသော အရာအဖြစ် ယူဆထားကြလေသည်။ ဘာသာတရားမရှိသူများကြားတွင် ဤသည်တို့မှာ လူတို့ အသက်ရှင်ရမည့် စံနှုန်းများဖြစ်ပြီး သင့်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် လုံလုံလောက်လောက် ကောင်းမွန်ရန် ဤအရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင် ယုံကြည်ကာ သမ္မာတရားကို နားမလည်မီတွင် ထိုသို့သော အပြုအမူသည် လူကောင်းတစ်ဦးဖြစ်ခြင်းဖြစ်သည်ကို သင်လည်း ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည် မဟုတ်လော။ (ယုံကြည်ခဲ့ပါသည်။) ထို့အပြင် သင်သည် မိမိကိုယ်ကို ဆန်းစစ်ရန် နှင့် မိမိကိုယ်ကို ချုပ်တည်းရန် ဤအရာများကို အသုံးပြုခဲ့ပြီး ဤလူစားမျိုးဖြစ်ရန် သင့်ကိုယ်သင် တောင်းဆိုခဲ့သည်။ သင့်အနေဖြင့် လူကောင်းတစ်ဦးဖြစ်လိုလျှင် သင်၏ အပြုအမူ စံနှုန်းများဖြစ်သည့် သင်၏ မိဘများကို မည်သို့ သားသမီးဝတ်ကျေပွန်ရမည်၊ ၎င်းတို့ကို သင် မည်သို့ စိုးရိမ်မှုလျော့နည်းစေရမည်၊ ၎င်းတို့ထံ မည်သို့ ဂုဏ်ဆောင်ပေးပြီး လေးစားခံရအောင် လုပ်ပေးမည်ဆိုသည်နှင့် သင်၏ ဘိုးဘေးများအတွက် မည်သို့ဂုဏ်ဆောင်ပေးရမည်ဆိုသည့် ဤအရာများကို သင် မုချ ပါဝင်စေရမည်ဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးတွင် ရှိခဲ့သည့် အပြုအမူ စံနှုန်းများဖြစ်ပြီး သင့် အပြုအမူ၏ ဦးတည်ချက် ဖြစ်ခဲ့သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ တရားဒေသနာများကို သင် နားထောင်ပြီးသည့်နောက်တွင် သင်၏ ရှုထောင့် စတင်ပြောင်းလဲခဲ့ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အရာရာကို သင် စွန့်လွှတ်ရမည်ဆိုသည်နှင့် ဘုရားသခင်က လူတို့ကို ဤသို့ပြုမူနေထိုင်ရန် တောင်းဆိုသည်ဆိုသည်တို့ကို သင် နားလည်ခဲ့ပေသည်။ အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက သမ္မာတရားဖြစ်သည်ကို သင် မသေချာမီတွင် သင်၏ မိဘများကို သင် သားသမီးဝတ် ကျေပွန်သင့်သည်ဟု သင် တွေးထင်ခဲ့သော်လည်း အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို သင် ထမ်းဆောင်သင့်သည်ကိုလည်း ခံစားခဲ့ရပြီး စိတ်ထဲတွင် ဒွိဟဖြစ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အဆက်မပြတ် ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းမှတစ်ဆင့် သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာခဲ့ပြီး ထိုအချိန်တွင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး တရားသည်ဟု သင် သဘောပေါက်ခဲ့ပေသည်။ ယနေ့ထက်ထိတိုင် လူများစွာတို့သည် သမ္မာတရားကို လက်ခံနိုင်ကြပြီးဖြစ်ကာ လူ၏ ရိုးရာ အယူအဆများနှင့် စိတ်ကူးများမှ အပြုအမူစံနှုန်းများကို လုံးဝ စွန့်ပစ်နိုင်ကြပြီးဖြစ်သည်။ ဤအရာများကို သင် လုံးဝ လက်လွှတ်လိုက်သည့်အခါ ဘုရားသခင်နောက်လိုက်ပြီး အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် ဘာသာတရားမရှိသူများထံမှ ဝေဖန်မှုနှင့် ရှုတ်ချမှု စကားများ၏ ဘောင်ခတ်ခြင်းကို သင် မခံရတော့သကဲ့သို့ ယင်းတို့ကို သင် အလွယ်တကူ စွန့်ပယ်နိုင်လေသည်။ ထို့ကြောင့် ထိုအိုဟောင်းသည့်၊ ရိုးရာအယူအဆများသည် သင်၏ စိတ်နှလုံးမှ အဘယ်ကြောင့် ပျောက်ကွယ်သွားပြီးဖြစ်သနည်း။ သင် ဆိုးလာပြီး ဖြစ်သောကြောင့်များ ဖြစ်နိုင်သလော။ သင်၏ စိတ်နှလုံး မာကျောပြီးဖြစ်ကာ သင်၏ အသိစိတ် ပျောက်ကွယ်သွားပြီး ဖြစ်သလော။ (မဟုတ်ပါ။) အမှန်တွင် သင်၏ အသိစိတ်သည် မပြောင်းလဲသေးပေ။ သင်သည် ပြောင်းလဲခြင်းမရှိသည့် လူဖြစ်နေဆဲဖြစ်ပြီး သင်၏ ပင်ကိုစရိုက်၊ နှစ်ခြိုက်မှုများအပြင် အသိစိတ်နှင့် ကိုယ်ကျင့်တရား စံနှုန်းများက မပြောင်းလဲသေးပေ။ ထို့ကြောင့် ဘာသာတရားမရှိသူများက ထိုဝေဖန်ပြီး ရှုတ်ချသည့် စကားများကို ပြောသည့်အခါ သင်သည် အဘယ်ကြောင့် ဝမ်းနည်းခြင်း သို့မဟုတ် စိတ်ဆင်းရဲခြင်း မရှိဘဲ ထိုအစား သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရသနည်း။ ဤသည်မှာ အတော်လေး ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ အဘယ်သို့ သင်သည် ဤကဲ့သို့ ဖြစ်လာလေပြီနည်း။ (ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် အချို့သော သမ္မာတရားများကို နားလည်လာခြင်းတို့မှတစ်ဆင့် ကျွန်ုပ်သည် မှန်ကန်သည့် ဆန်းစစ်မှု စံနှုန်းများကို ရရှိပြီးဖြစ်ကာ ၎င်းတို့၏ စကားများက မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများသာ ဖြစ်သည်ကို သိမြင်နိုင်ပြီးဖြစ်ပါသည်။) ဘာသာတရားမရှိသူများက “ဤလူများသည် ဘုရားသခင်ကို စတင်ယုံကြည်သည့်နောက်တွင် ၎င်းတို့၏ မိသားစုများကို မစောင့်ရှောက်ကြပါ။ ၎င်းတို့၏ မိသားစုများအတွက် မေတ္တာမရှိကြသကဲ့သို့ အထူးသဖြင့် အေးစက်စက်နိုင်ကြသည်။ ၎င်းတို့သည် သွေးအေး တိရစ္ဆာန်များကဲ့သို့ ဖြစ်လာကြသည်”ဟု ဆိုလျက် ငါတို့အကြောင်း ကောလာဟလများ ဖြန့်ကြလေသည်။ အပြင်ပန်းတွင် ထိုသို့ ထင်ရနိုင်သော်လည်း ထိုအရာမှာ လက်တွေ့အရှိတရား မဟုတ်ပေ။ ဤတွင် မျက်စိကန်းသူများ မြင်ဖို့ မဖြစ်နိုင်သည့် ပဓာနကျသော ပြဿနာတစ်ခု ရှိပေသည်။ လူတို့အနေဖြင့် ဘုရားသခင်ကို စတင်ယုံကြည်ပြီးသည့်နောက်တွင် သမ္မာတရားက ၎င်းတို့အား အကြင်နာမဲ့စေသည်မှာ အမှန်တကယ်များ ဖြစ်နိုင်မည်လာ။ (မဖြစ်နိုင်ပါ။) ထို့ကြောင့် မည်သည့်အရာ အမှန်တကယ် ဖြစ်နေသနည်း။ (အမှုအရာများအပေါ် ထိုယုံကြည်သူများ၏ ရှုထောင့်အမြင်များ ပြောင်းလဲပြီးဖြစ်သည်။ သူတို့သည် သမ္မာတရားကို နားလည်ကြပြီးဖြစ်ကာ ချင့်ချိန်နိုင်စွမ်း ရရှိကြပြီးဖြစ်သည်။) ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းမှ စွမ်းဆောင်ရရှိသည့် ရလဒ်တစ်ခု ဖြစ်သည်။ ဤရလဒ်ကို အဘယ်သို့ စွမ်းဆောင်ရရှိသနည်း။ အမှုအရာများအပေါ် သင်၏ ရှုထောင့်အမြင်များကို မည်သည့်အရာက ပြောင်းလဲစေခဲ့သနည်း။ ထိုအရာသည် မည်သည့်အချိန်တွင် စတင်ပြောင်းလဲသနည်း။ ဘဝနှင့် ကိစ္စရပ်အမျိုးမျိုးတို့အပေါ် လူတို့၏ ရှုထောင့်အမြင်များကို ပြောင်းလဲစေလျက် ဘာသာတရားမရှိသူများ၏ ရှုထောင့်အမြင်များနှင့် ကွဲပြားခြားနားစေရင်း လူတို့၏ ရှုထောင့်အမြင်များကို ပြောင်းလဲစေသည်မှာ ဘုရားနှုတ်ကပတ်တော်များ ဖြစ်သည်။

ယခင်က လူတို့သည် ၎င်းတို့၏ အသိတရားအတိုင်း အစဉ်ပြုမူပြီး လူတိုင်းအပေါ် အကဲဖြတ်ရန် ထိုအသိတရားများကို အသုံးပြုသည်။ လူတို့သည် အသိတရား၏ စမ်းသပ်မှုကို အစဉ် အောင်မြင်ရသည်။ အတင်းအဖျင်းပြောခြင်းသည် ကြောက်ရွံ့စရာအရာတစ်ခု ဖြစ်သည်ဟု ၎င်းတို့ အစဉ်သဖြင့် ခံစားကြရပြီး လှောင်ရယ်ခံရမည်ကို၊ သို့မဟုတ် မကောင်းသည့် ဂုဏ်သတင်းရရှိမည်ကို၊ သို့မဟုတ် “အသိတရားမရှိ၊ မကောင်းတဲ့လူ” ဟု ခေါ်ခံရမည်ကို ကြောက်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ပတ်ဝန်းကျင်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အချို့သောအရာများကို တွန့်ဆုတ်စွာဖြင့် ပြောဆိုပြီး လုပ်ဆောင်ကြရသည်။ ယခုအခါတွင် ဤအရာများကို မည်သို့ အကဲဖြတ်သင့်သနည်း။ (သမ္မာတရားစည်းမျဉ်းများဖြင့် အကဲဖြတ်သင့်ပါသည်။) လူတို့၏ ဘဝများသည် ဘာသာတရားမရှိသူများ၏ အယူအဆများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများ၏ ချည်နှောင်ခြင်းကို ခံရသောအချိန်တုန်းက အခြေအနေသည် မည်သို့ရှိသနည်း။ ဥပမာအားဖြင့် သင်ငယ်စဉ်ကတည်းက သင်၏မိဘများသည် “မင်းကြီးလာရင် ငါတို့ကို ဂုဏ်ယူဝင့်ကြွားနိုင်အောင် လုပ်ပေးရမယ်။ ငါတို့မိသားစုရဲ့ ဂုဏ်ကိုဆောင်ရမယ်” ဟူသော စကားများဖြင့် သင့်ကို ဆက်တိုက် အယူဝါဒသွတ်သွင်းသည်။ ဤစကားများသည် သင့်အတွက် မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ အားပေးခြင်း၊ သို့မဟုတ် ကန့်သတ်ခြင်းလော။ အပြုသဘောဆောင်သော လွှမ်းမိုးမှုဖြစ်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သော ထိန်းချုပ်မှုမျိုးလော။ အမှန်တွင် ထိုအရာများသည် ထိန်းချုပ်မှုအမျိုးအစားဖြစ်သည်။ သင်၏ မိဘများသည် လူတို့က မှန်ကန်ပြီး ကောင်းမွန်သည်ဟု ထင်မြင်သော ဖော်ပြချက်၊ သို့မဟုတ် သဘောတရားအချို့ကို အခြေခံပြီး သင့်အတွက် ပန်းတိုင်တစ်ခုကို သတ်မှတ်ကာ ထိုပန်းတိုင်အတွက် အစေခံပြီး သင်၏ ဘဝကို ရှင်သန်စေသည်။ နောက်ဆုံးတွင် သင်၏ လွတ်လပ်ခွင့် ဆုံးရှုံးရသည်။ သင်သည် အဘယ်ကြောင့် နောက်ဆုံးတွင် သင်၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးပြီး ယင်း၏ ထိန်းချုပ်မှုအောက်ကျရောက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့၏ မိသားစုအား ဂုဏ်ဆောင်ခြင်းက လုပ်ဆောင်သင့်သည့် ကောင်းသောအရာတစ်ခု ဖြစ်သည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။ သင်က ထိုအတွေးအမြင်မရှိလျှင်၊ သို့မဟုတ် သင်၏ မိသားစုကို ဂုဏ်ဆောင်သည့်အရာများလုပ်ဆောင်ရန် ဆန္ဒပြင်းပြခြင်းမရှိလျှင် သင်သည် ဆန်ကုန်မြေလေးတစ်ယောက်အဖြစ်၊ ဘာမှသုံးစားမရသော အရှုံးသမားအဖြစ် အမြင်ခံရသည်။ ပြီးလျှင် လူတို့သည် သင့်အား အထင်သေးလိမ့်မည်။ အောင်မြင်ရန်အတွက် သင်သည် စာကြိုးစားရမည်။ ကျွမ်းကျင်မှုများကို အစဉ်ပို၍ ရယူရမည်။ သင့်မိသားစု၏ နာမည်ကို ဂုဏ်ဆောင်ရမည်။ ဤနည်းအားဖြင့် လူတို့က နောင်တွင် သင့်ကို အနိုင်ကျင့်မည်မဟုတ်။ ဤပန်းတိုင်အတွက် သင် လုပ်ဆောင်သောအရာအားလုံးသည် လက်တွေ့အားဖြင့် သင့်အား ချည်နှောင်သည့် အချုပ်အနှောင်များမဟုတ်သလော။ (ဟုတ်သည်။) အောင်မြင်မှုနောက်လိုက်ပြီး မိသားစုအပေါ် ဂုဏ်ဆောင်ခြင်းသည် သင်၏ မိဘများ တောင်းဆိုသောအရာဖြစ်သောကြောင့်၊ ကောင်းသောဘဝကို သင်ရှင်သန်ပြီး သင့်မိသားစုကို ဂုဏ်ယူရရန် သင်၏ကောင်းကျိုးအတွက် သင်၏မိဘများက လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် သင်သည် ဤသို့သော ဘဝနေထိုင်မှုကို ဆန္ဒပြင်းပြမည်မှာ သဘာဝကျသည်။ သို့သော် စင်စစ်အားဖြင့် ဤအရာများသည် ပြဿနာများနှင့် အချုပ်အနှောင်ကဲ့သို့သောအရာများဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ဤအရာများသည် အပြုသဘောဆောင်သည်၊ သမ္မာတရားဖြစ်သည်၊ လမ်းမှန်ဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ဤအရာများကို အမှန်အဖြစ် မှတ်ယူပြီး လိုက်နာသည်။ နာခံသည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ မိဘများထံမှလာသော ဤစကားများနှင့် သတ်မှတ်ချက်များကို အပြည့်အဝ လိုက်နာသည်။ သင်သည် ဤစကားများဖြင့် အသက်ရှင်လျှင် အလုပ်ကြိုးစားပြီး သင်၏ လူငယ်ဘဝနှင့် သင်၏ ဘဝတစ်ခုလုံးကို ဤအရာများအတွက် ရည်စူးထားကာ နောက်ဆုံးတွင် သင်သည် ထိပ်သို့ရောက်ရှိပြီး ကောင်းသောဘဝကို အသက်ရှင်လျှင် သင့်မိသားစုကို ဂုဏ်ယူစေလျှင် သင်သည် အခြားလူများအတွက် အလွန်တော်ကောင်းတော်နိုင်သည်။ သို့သော် သင်၏ စိတ်အတွင်းတွင် သင်သည် ပို၍ ဗလာဖြစ်လာနေသည်။ ဘဝ၏ အဓိပ္ပာယ်၊ သို့မဟုတ် အနာဂတ်တွင် ရှိမည့် ခရီးပန်းတိုင်၊ သို့မဟုတ် ဘဝတွင် မည်သို့သောလမ်းကြောင်းကို လူတို့ လျှောက်လှမ်းသင့်သည်ကို သင်မသိပေ။ သင်တောင့်တသည့်၊ သိလိုသည့်၊ နားလည်လိုသည့် ဤဘဝ၏ ထိုနက်နဲမှုများနှင့်ပတ်သက်ပြီး သင်လုံးဝ နားမလည်သေးပေ၊ သို့မဟုတ် မည်သည့်အရာကိုမျှ မရရှိသေးပေ။ သင်သည် စင်စစ်အားဖြင့် သင့်မိဘများ၏ ကောင်းသော ရည်ရွယ်ချက်များကြောင့် ပျက်စီးခြင်းခံရပြီးဖြစ်သည် မဟုတ်လော။ သင့်မိဘ၏ တောင်းဆိုချက်များသည် “သင်၏ကောင်းကျိုးအတွက်” ဟူသော စကားများဖြင့် သင်၏ လူငယ်ဘဝနှင့် သင်၏ တစ်ဘဝလုံး ပျက်စီးခဲ့သည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် “သင်၏ကောင်းကျိုးအတွက်” ဖြစ်သော တောင်းဆိုမှုများကို ပြုလုပ်သည်မှာ သင့်မိဘများက မှန်ကန်သလော၊ မှားယွင်းသလော။ သင်၏မိဘများက ၎င်းတို့သည် သင်၏ကောင်းကျိုးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမှန်တကယ် ထင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်သောသူများ ဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားရှိသလော။ (မရှိပါ။) လူများစွာတို့သည် “ငါတို့ကို ဂုဏ်ယူဝင့်ကြွားနိုင်အောင် လုပ်ပေးရမယ်။ မိသားစုဂုဏ်ကို ဆောင်ရမယ်” ဟူသော ၎င်းတို့မိဘများ၏ စကားများ၊ ၎င်းတို့ကို လှုံ့ဆော်ပေးသော စကားများ၊ ၎င်းတို့ဘဝတစ်လျှောက်တွင် ၎င်းတို့အပေါ် လွှမ်းမိုးသောစကားများကို ကိုင်စွဲလျက် ၎င်းတို့၏ တစ်ဘဝလုံးကို ရှင်သန်ကြသည်။ မိဘများက “မင်းရဲ့ကောင်းကျိုးအတွက်” ဟု ဆိုသောအခါ ဤသည်မှာ လူတစ်ယောက်ဘဝ၏ နောက်ကွယ်တွင် တွန်းအားဖြစ်လာပြီး ရှေးရှုလုပ်ဆောင်ရန် ဦးတည်ချက်နှင့် ပန်းတိုင်ကို ပေးသည်။ ရလဒ်အနေဖြင့် ထိုသူ၏ ဘဝသည် မည်မျှ မက်မောဖွယ်ကောင်းပါစေ၊ မည်မျှ ဂုဏ်ရှိပြီး အောင်မြင်ပါစေ၊ အမှန်တကယ်တွင် သူ၏ ဘဝက ပျက်စီးသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ လူတစ်ယောက်က သူ့မိဘများ၏ တောင်းဆိုချက်များအတိုင်း အသက်မရှင်လျှင် မပျက်စီးဟု အဓိပ္ပာယ်ရသလော။ မရပေ။ ၎င်းတို့သည်လည်း ၎င်းတို့ကိုယ်ပိုင် ပန်းတိုင်တစ်ခုရှိသည်။ မည်သည့်ပန်းတိုင်ဖြစ်သနည်း။ အလားတူပင်ဖြစ်သည်။ အတိအကျပြောရသော် “ကောင်းသောဘဝကို အသက်ရှင်ပြီး မိဘများ ဂုဏ်ယူဝင့်ကြွားနိုင်စေဖို့ လုပ်ဆောင်ရန်” ဖြစ်သည်။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို ယင်းသို့လုပ်ဆောင်ရန် ခိုင်းစေခဲ့ခြင်းကြောင့်မဟုတ်ဘဲ အခြားတစ်နေရာမှ ဤပန်းတိုင်ကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤစကားများအတိုင်း နေထိုင်ပြီး ၎င်းတို့မိသားစုကို ဂုဏ်ယူစေလိုဆဲဖြစ်သည်။ ပြီးလျှင် ထိပ်ဆုံးသို့သွားပြီး ဂုဏ်ယူထိုက်သော၊ ဂုဏ်ရှိသောသူတစ်ယောက် ဖြစ်လိုဆဲဖြစ်သည်။ ၎င်းတို့၏ ပန်းတိုင်က မပြောင်းလဲပေ။ ဤအရာများကို ရရှိရန် ၎င်းတို့၏ တစ်ဘဝလုံးကို ဆက်ကပ်ဆဲဖြစ်ပြီး ၎င်းတို့၏ တစ်ဘဝလုံးကို ဤအရာများ စွမ်းဆောင်ရရှိရန် ကြိုးစားရင်း အသက်ရှင်နေထိုင်ကြသည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို နားမလည်ဘဲ လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော မှန်ကန်သော အယူဝါဒများ၊ မှန်ကန်သော အဆိုများနှင့် မှန်ကန်သော အမြင်များဆိုသည့်အရာ များစွာကို လက်ခံကြသည့်အခါ ၎င်းတို့သည် ထိုမှန်ကန်သောအရာများကို ၎င်းတို့ကိုယ်တိုင်၏ ဘဝ၏ အားစိုက်မှုအတွက် ဦးတည်ချက်၊ အခြေခံအုတ်မြစ်နှင့် တွန်းအားပေးသောအရာများအဖြစ် ပြောင်းလဲပစ်ကြသည်။ အဆုံးတွင် လူတို့သည် ဤပန်းတိုင်များအတွက် အလျှော့မပေးဘဲ လုံးလုံးလျားလျား အသက်ရှင်ကြပြီး သေသည်အထိ ဘဝတစ်လျှောက် ရုန်းကန်ကြသည်။ ဤအခြေအနေတွင် အချို့မှာ သမ္မာတရားကို မြင်လိုစိတ်မရှိသေးပေ။ မည်သို့ သနားစရာကောင်းသောဘဝကို လူများ အသက်ရှင်နေထိုင်ကြသနည်း။ သို့ရာတွင် သမ္မာတရားကို နားလည်သည်နှင့် သင်သည် ဤမှန်ကန်သောအရာများ၊ မှန်ကန်သော သွန်သင်မှုများ၊ မှန်ကန်သော ဖော်ပြချက်များဟု ဆိုသောအရာများအပြင် သင့်အပေါ် သင့်မိဘများ၏ မျှော်လင့်ချက်များကိုပါ တဖြည်းဖြည်းချင်း နောက်တွင် ချန်ထားခဲ့သည်မဟုတ်လော။ သင်သည် ဤ မှန်ကန်သော အရာများဟု ဆိုသော အရာများကို တဖြည်းဖြည်းချင်း နောက်တွင် ချန်ထားခဲ့သည်နှင့် အမှုအရာများကို သင်တိုင်းတာသော စံနှုန်းသည် ရိုးရာယဉ်ကျေးမှု၏ ဖော်ပြချက်များကို အခြေမခံတော့သည်နှင့် သင်သည် ထိုဖော်ပြချက်များ၏ ချည်နှောင်မှုကို မခံရတော့သည် မဟုတ်လော။ ဤအရာများ၏ ချည်နှောင်ခြင်းကို သင်မခံရလျှင် သင်သည် လွတ်လပ်စွာ အသက်ရှင်သလော။ ထိုအချိန်တွင် သင်သည် အပြည့်အဝ မလွတ်မြောက်ခြင်း ရှိနိုင်သည်။ သို့သော် အနည်းဆုံးအနေဖြင့် အချုပ်အနှောင်များက လျော့ရဲလာပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် လူတို့သည် များစွာသော အယူအဆများ၊ စိတ်ကူးများ၊ ရည်ရွယ်ချက်များနှင့် မသန့်စင်မှုများအပြင် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ အတွေးအခေါ်များ၊ လှည့်စားတတ်သော အတွေးများ၊ ဖောက်ပြန်ပျက်စီးသော သဘာဝများ စသည်တို့ ရှိကြဆဲ ဖြစ်သည်။ ဤအရာများ ပြေလည်သွားပြီး လူတို့က သမ္မာတရားနှင့် လုံးဝ အသက်ရှင်နိုင်ကြသည့်အခါ ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့ အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး အမှန်တကယ် လွတ်မြောက်ကာ လွတ်လပ်သွားကြလိမ့်မည်။

အောက်ခြေမှတ်စု(များ)-

က။ ကျန်းကျူသည် ရှေးခေတ် တရုတ်ပြည်တွင်ရှိသော သိုင်းပညာရှင်များ၊ ရာဇဝတ်သားများနှင့်ဆိုင်သည့် စိတ်ကူးယဉ်လောကကို ရည်ညွှန်းသည့် တရုတ် ဝေါဟာရတစ်ခု ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။