သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄) အပိုင်း သုံး
ရိုးရာယဉ်ကျေးမှုတွင်ရှိသော အကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်များနှင့်ပတ်သက်ပြီး ယခင်တစ်ခေါက်က “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မကင်းပေ” ဆိုသည်ကို ငါမိတ်သဟာယပြုခဲ့သည်။ ယနေ့အခါတွင် ငါသည် ဆက်လက်၍ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” နှင့်ပတ်သက်၍ မိတ်သဟာယပြုမည်။ ငါမိတ်သဟာယပြုခဲ့သည့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ယခင်က စကားကဲ့သို့ပင် ဤစကားသည်လည်း မယုံကြည်သူများ၏ အမြင်ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ မယုံကြည်သူများ၏ အမြင်သည် လူများကြားတွင် ပျံ့နှံ့ပြီး နေရာတိုင်းတွင် ကြားရနိုင်သည်။ လူတို့သည် စတင်စကားပြောသည့်အချိန်မှစ၍ လူတို့ထံမှလည်းကောင်း၊ မယုံကြည်သူများထံမှလည်းကောင်း၊ စာတန်ထံမှလည်းကောင်း၊ ကမ္ဘာလောကထံမှလည်းကောင်း ဆိုရိုးစကားမျိုးစုံကို သင်ယူကြသည်။ မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ မည်သည့်အရာကို ပြောရမည်၊ မည်သည့် ကိုယ်ကျင့်တရားများကို ပိုင်ဆိုင်ရမည်၊ မည်သည့်အတွေးများ၊ စရိုက်လက္ခဏာများရှိရမည် စသည်တို့နှင့် ပတ်သက်ပြီး လူများ၏ မိဘများ၊ မိသားစုများက ၎င်းတို့ကို သင်ကြားပေးသည့် ကနဦးပညာရေးတွင် အစပြုသည်။ လူ့အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင်ပင် လူတစ်ဦးချင်းစီသည် စာတန်ထံမှ အမျိုးမျိုးသော အယူဝါဒများ၊ သဘောတရားများ၏ အယူဝါဒသွတ်သွင်းခြင်းကို မသိစိတ်မှနေ၍ လက်ခံဆဲဖြစ်သည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့်အရာကို လူတို့ပိုင်ဆိုင်ရမည့် အကျင့်စာရိတ္တတစ်ခုအဖြစ် မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်းက လူတိုင်းအား သွတ်သွင်းထားသည်။ သင်သည် ဤအကျင့်စာရိတ္တကို ပိုင်ဆိုင်လျှင် သင်သည် မြင့်မြတ်သည်၊ သိက္ခာရှိသည်၊ တည်ကြည်မှုရှိသည်၊ သင်သည် လူ့အဖွဲ့အစည်းတွင် အလွန်တရာ အထင်ကြီးလေးစားခြင်းခံရသည်ဟူ၍ လူတို့က ဆိုကြသည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စကားသည် လူတို့ထံမှလာပြီး စာတန်ထံမှ လာသောကြောင့် ငါတို့ ပိုင်းခြားစိစစ်ပြီး သိမြင်သည့် အရာတစ်ခုဖြစ်လာသည်။ ထို့အပြင် ငါတို့ စွန့်ပစ်သော အရာဖြစ်ဆဲ ဖြစ်သည်။ ငါတို့သည် အဘယ်ကြောင့် ဤစကားကို ပိုင်းခြားသိမြင်ပြီး စွန့်ပစ်သနည်း။ ရှေးဦးစွာ ဤစကားသည် မှန်ကန်သလော၊ ဤစကားကို လိုက်နာသောသူသည် မှန်သလောဆိုသည်ကို စစ်ဆေးကြစို့။ “အခြားလူများက ၎င်းထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သည်” ဆိုသည့် ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်သောသူသည် အမှန်ပင် မြင့်မြတ်သလော။ ဤသို့သောသူသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သလော။ ထိုသူတွင် ဖန်ဆင်းခံများ၌ ရှိသင့်သည်ဟု ဘုရားသခင် ပြောသော လူ့သဘာဝနှင့် ပြုမူနေထိုင်မှု စည်းမျဉ်းများရှိသလော။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စကားကို သင်တို့အားလုံး နားလည်ကြသလော။ ရှေးဦးစွာ ဤစကားက မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့၏ ကိုယ်ပိုင်စကားများနှင့် ရှင်းလော့။ (တစ်စုံတစ်ယောက်က သင့်အား တာဝန်တစ်ခု အပ်နှံလျှင် ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် အစွမ်းကုန်လုပ်ဆောင်သင့်သည်ကို ဆိုလိုသည်။) ဤသို့ ဖြစ်သင့်သည်မဟုတ်လော။ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံလျှင် ထိုသူက သင့်အား အထင်မကြီးသလော။ သူသည် သင့်အား အထင်ကြီးသည်။ ယုံကြည်သည်။ သင်သည် ယုံကြည်ထိုက်သည်ဟု ထင်မြင်သည်။ ထို့ကြောင့် အခြားလူများက သင့်အား မည်သည့်အရာကို လုပ်ဆောင်ခိုင်းသည်ဖြစ်စေ သင်သည် သဘောတူပြီး ကောင်းမွန်စွာ၊ ၎င်းတို့၏ သတ်မှတ်ချက်များနှင့် အပြည့်အဝ ကိုက်ညီစွာ လုပ်ဆောင်သင့်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ပျော်ရွှင် ကျေနပ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အား အလုပ်တစ်ခု အပ်နှံသောသူက ကျေနပ်ခြင်းရှိမရှိသည် သင်က လူကောင်း တစ်ယောက်ဖြစ်သည်ဟု သတ်မှတ်၍ ရမရကို ဆုံးဖြတ်ပေးသည်။ ဤသို့ ရှင်းပြ၍ ရသလော။ (ရသည်။) ထို့ကြောင့် သူတစ်ပါးတို့၏ အမြင်တွင် လူကောင်းတစ်ယောက်အဖြစ် အမြင်ခံရပြီး လူ့အဖွဲ့အစည်းက အသိအမှတ်ပြုခြင်း ခံရဖို့ မလွယ်ကူသလော။ (လွယ်ကူသည်။) “လွယ်ကူသည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စံသတ်မှတ်ချက်က အလွန်နိမ့်ပြီး မြင့်မြတ်ခြင်း လုံးဝမရှိဟု ဆိုလိုသည်။ သင်သည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ပါ”ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဖြင့် ကိုက်ညီလျှင် သင်သည် ဤသို့သော ကိစ္စများတွင် ကိုယ်ကျင့်စရိုက်ရှိသူအဖြစ် သတ်မှတ်ခြင်းခံရသည်။ တစ်နည်းအားဖြင့် သင်သည် လူတို့၏ ယုံကြည်မှုနှင့်လည်းကောင်း၊ အလုပ်တာဝန်များအား ကိုင်တွယ်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ အပ်နှံမှုနှင့်လည်းကောင်း ထိုက်တန်သည်၊ သင်သည် နာမည်ဂုဏ်သတင်းရှိသော လူတစ်ဦးဖြစ်သည်၊ သင်သည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဤအဆိုအမိန့်၏ အဓိပ္ပာယ်ဖြစ်သည်။ သင်တို့သည် ဤသို့ မထင်သလော။ သင်တို့တွင် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စကား၏ ဝေဖန်အကဲဖြတ်မှု စံနှုန်းများအပေါ် ကန့်ကွက်မှုတစ်ခုခု ရှိသလော။ ဤအဆိုအမိန့်ကို ချေပပြီး ယင်း၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းကို ဖော်ထုတ်သည့် ဥပမာတစ်ခုကို သင်တို့ပေးနိုင်လျှင်၊ ဆိုလိုသည်မှာ ယင်း၏ မမှန်ကန်မှုကို သက်သေပြရန်အတွက် လက်တွေ့ဖြစ်ရပ်တစ်ခုကို သင် အသုံးပြုနိုင်လျှင် ဤအဆိုအမိန့်သည် ခိုင်လုံမှုရှိမည်မဟုတ်ပေ။ ယခုတွင် သဘောတရားအရ ဤအဆိုအမိန့်သည် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားသခင်ထံမှ လာခြင်းမဟုတ်သောကြောင့် သေချာပေါက် မမှန်ကန်ဟု သင်တို့ ယုံကြည်ပြီး ဖြစ်နိုင်သည်။ ဤအဆိုအမိန့်ကို ချေပရန်အတွက် အချက်အလက်များကို သင်မည်သို့ အသုံးပြုနိုင်သနည်း။ ဥပမာ သင်သည် ယနေ့တွင် ဈေးဝယ်ထွက်ရန် အလွန်အလုပ်ရှုပ်လျှင် သင့်အတွက် ဈေးဝယ်ပေးရန် သင်၏ အိမ်နီးချင်းကို တာဝန်ပေးနိုင်သည်။ မည်သည့်အစားအစာကို ဝယ်ရမည်၊ မည်မျှဝယ်ရမည်၊ မည်သည့်အချိန်တွင် ဝယ်ရမည်ဆိုသည်ကို သူ့အား သင် အတိအကျ ပြောပြနိုင်သည်။ ထို့နောက်တွင် အိမ်နီးချင်းသည် သင်၏ တောင်းဆိုမှုအတိုင်း ပစ္စည်းများကို ဝယ်ပြီး အချိန်မီပေးပို့သည်။ ဤသည်မှာ “အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ခြင်း”အဖြစ် သတ်မှတ်သလော။ ဤသည်မှာ နာမည်ဂုဏ်သတင်းရသောအရာတစ်ခုအဖြစ် သတ်မှတ်သလော။ ဤသည်မှာ ငှက်ပျောသီး အခွံနွှာသကဲ့သို့သာ ဖြစ်သည်။ လူတစ်ယောက်အား တစ်စုံတစ်ခုကို ကူညီဝယ်ယူပေးနိုင်ခြင်းသည် မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိခြင်းအဖြစ် သတ်မှတ်သလော။ (မသတ်မှတ်ပါ။) သူသည် မကောင်းသောအရာများကို လုပ်ဆောင်သည်၊ မလုပ်ဆောင်သည်၊ သူ၏ စရိုက်လက္ခဏာက မည်သို့ရှိသည်ဆိုသည်တို့နှင့် ပတ်သက်လျှင် ယင်းတို့သည် “အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ရန်” သူ၏ အရည်အချင်းနှင့် အနည်းငယ်မျှပင် သက်ဆိုင်မှုရှိသလော။ လူတစ်ယောက်သည် အခြားလူများက သူ့အား အပ်နှံသော သေးငယ်သောအရာတစ်ခုကို ပြီးမြောက်ရန် အကောင်းဆုံး လုပ်ဆောင်နိုင်လျှင် သူသည် ကိုယ်ကျင့်တရား အပြုအမူအတွက် စံနှုန်းတစ်ခုကို ပိုင်ဆိုင်သလော။ ဤသို့ သေးငယ်သော အလုပ်တာဝန်တစ်ခုကို ပြီးမြောက်နိုင်ခြင်းသည် သူသည် အမှန်ပင် မြင့်မားသော ကိုယ်ကျင့်စရိုက် ရှိသူအဖြစ် သက်သေပြသလော။ လူအချို့က “ဤသူသည် အလွန်ပင် ယုံကြည်ထိုက်သည်၊ တစ်စုံတစ်ခုကို ပေးပို့ရန် သူ့အား တောင်းဆိုသည့်အခါတိုင်းတွင် မည်သည့်အရာဖြစ်စေ၊ မည်မျှများသည်ဖြစ်စေ သူသည် အစဉ်သဖြင့် ပြန်လည်ပေးပို့သည်၊ သူသည် စိတ်ချရပြီး ကောင်းသော ကိုယ်ကျင့်တရား အပြုအမူရှိသည်” ဟု ဆိုကြသည်။ ဤသည်မှာ သူတစ်ပါးတို့က ထိုသူအား သိမြင်ပြီး အကဲဖြတ်သည့်ပုံစံဖြစ်သည်။ ဤသို့ အကဲဖြတ်ခြင်းက သင့်လျော်သလော။ (မသင့်လျော်ပါ။) သင်တို့နှစ်ယောက်သည် အိမ်နီးချင်းများ ဖြစ်သည်။ အိမ်နီးချင်းများသည် ပုံမှန် အမှတ်မထင် တွေ့ဆုံလေ့ရှိသောကြောင့် ယေဘုယျအားဖြင့် အချင်းချင်း မဆန့်ကျင်ကြပေ၊ သို့မဟုတ် မထိခိုက်ကြပေ။ ပဋိပက္ခများရှိလျှင် နောက်ပိုင်းတွင် ဆက်ဆံရန် ခက်ခဲလာသည်။ အိမ်နီးချင်းက ဤသို့ စဉ်းစားပြီး သင့်အား ကူညီခြင်း ဖြစ်နိုင်သည်။ ဤအသေးစားကူညီမှုက သူ့အတွက် အဆင်ပြေပြီး ခက်ခဲသော အလုပ်မဟုတ်ဘဲ မည်သည့်ဆုံးရှုံးမှုမျှ မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် ဤသည်မှာ သူ့အတွက် အမြင်ကောင်းစေပြီး နာမည်ကောင်းရစေကာ သူ့အတွက် အကျိုးဖြစ်စေသည်။ ထို့အပြင် သင့်အား အသေးစား အကူအညီပေးခြင်းအားဖြင့် နောင်တွင် သင့်အား အကူအညီတောင်းရန် သူ့အတွက် အဆင်မပြေသလော။ နောင်တွင် သူက သင့်အား ကြီးမားသောအကူအညီကို တောင်းကောင်း တောင်းလိမ့်မည်။ သင်က ကူညီရန် ဝတ္တရားရှိနေလိမ့်မည်။ ဤသူသည် နောင်တွင် အကူအညီတောင်း၍ ရအောင် လုပ်ဆောင်ခြင်းလော။ လူတို့သည် အချင်းချင်း ကူညီသောအခါ၊ တုံ့ပြန်သောအခါ၊ ဆက်ဆံသောအခါတွင် ရည်ရွယ်ချက်တစ်ခုရှိသည်။ သင်သည် အသုံးမဝင်ဟု ၎င်းတို့က မြင်လျှင်၊ နောက်ပိုင်းတွင် ၎င်းတို့သည် သင့်အား အကူအညီမတောင်းလျှင် ၎င်းတို့က သင့်အား မကူညီကောင်း မကူညီနိုင်ပေ။ သင်၏ မိသားစုတွင် ဆရာဝန်၊ ရှေ့နေ၊ အစိုးရဝန်ထမ်း၊ သို့မဟုတ် အဆင့်အတန်းရှိသော ပုဂ္ဂိုလ်များရှိနိုင်သည်။ ယင်းသည် ဤသူအတွက် တစ်နည်းနည်းဖြင့် အသုံးဝင်သည်။ နောင်တွင် အကူအညီတောင်း၍ ရစေရန်အတွက် ၎င်းတို့က သင့်အား ကူညီကောင်းကူညီနိုင်သည်။ နောင်တွင် ၎င်းတို့က သင့်အား အသုံးပြုကောင်းပြုလိမ့်မည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် သင့်အိမ်မှ ပစ္စည်းကိရိယာများကို ငှားရန် အဆင်ပြေသည်ဟု မြင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင်သည် ၎င်းတို့အား အသေးအဖွဲဖြစ်သော အကူအညီကို တောင်းပြီး ရက်အနည်းငယ်အကြာတွင် ၎င်းတို့က ပစ္စည်းများငှားရန် သင့်အိမ်သို့ လာကြသည်။ လူတို့သည် ၎င်းတို့အတွက် အကျိုးတစ်ခုခုမရှိလျှင် မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် ၎င်းတို့အား အကူအညီ တောင်းသောအခါ ပြုံးရွှင်လျက်ဖြင့် အလွန်ပင် လိုလိုလားလားဖြင့် လက်ခံကြသည်။ စဉ်းစားခြင်း မရှိသည့် ပုံစံရှိသည်။ သို့သော် အမှန်တွင် ၎င်းတို့၏ စိတ်ထဲတွင် အသေအချာ တွက်ချက်မှုများရှိသည်။ မည်သူ၏ အတွေးများကမျှ ရိုးရှင်းခြင်း မရှိသောကြောင့်ဖြစ်သည်။ တစ်ခါတွင် ငါ၏ အဝတ်အစားများကို ဖာထေးပြုပြင်ရန် နေရာတစ်ခုသို့ ငါသွားခဲ့သည်။ အဝတ်အစားများကို ဖာထေးပြုပြင်ပေးသော အဘွားအိုတွင် မိမိနိုင်ငံသို့ ပြန်သွားဖို့ ပြုလုပ်နေသော သမီးတစ်ယောက်ရှိသည်။ သူမ၏ အိမ်နီးချင်းတွင် ကားရှိသည်။ ထို့ကြောင့် အဘွားအိုသည် တက္ကစီခ မပေးရရန်အတွက် သူမ၏ သမီးကို လေယာဉ်ကွင်းသို့ ပို့ပေးရန် ဤအိမ်နီးချင်းကို ခိုင်းသည်။ အိမ်နီးချင်းက လက်ခံသည်။ အဘွားအိုက ဝမ်းသာသွားသည်။ သို့ရာတွင် ဤအိမ်နီးချင်းက ဤမျှ မရိုးရှင်းပေ။ သူက အခမဲ့ မလုပ်ဆောင်ပေးလိုပေ။ သူသည် လက်ခံပြီးသည်နှင့် ထိုနေရာတွင် ဆက်နေပြီး အဝတ်အထည်တစ်ခုကို ဖြည်းညှင်းစွာ ယူကာ “ကျွန်ုပ်၏ အဝတ်အစားများသည် ပြုပြင်၍ ရနိုင်သည်ဟု သင်ထင်သလော” ဟု ပြောသည်။ အဘွားအိုက အံ့အားသင့်သွားသည်။ သူမ၏ အမူအရာက “ဤသူသည် ဤမျှသေးငယ်သောအရာကို အဘယ်ကြောင့် အခွင့်အရေးယူနေသနည်း၊ သူသည် အလွန်လိုလားစွာ လက်ခံသော်လည်း အခမဲ့ မလုပ်ဆောင်လိုခြင်း ဖြစ်နေသည်” ဟူ၍ ပြောသည့် ပုံစံရှိသည်။ အဘွားအိုသည် တစ်စက္ကန့်၊ နှစ်စက္ကန့်အကြာတွင် “ကောင်းပါပြီ၊ ထိုနေရာတွင် ထားပါ၊ ကျွန်မ သင့်အတွက် ပြုပြင်ပေးမည်” ဟုဆိုလျက် အလျင်အမြန် တုံ့ပြန်လိုက်သည်။ ငွေကြေးနှင့်ပတ်သက်ပြီး လုံးဝ မပြောပေ။ လူတစ်ယောက်အား အသေးအဖွဲ အလုပ်တစ်ခုလုပ်ခိုင်းခြင်းသည် အဝတ်အစားပြုပြင်ခြင်းဖြင့် ညီမျှသွားသည်ကို ကြည့်လော့။ ဤသည်မှာ မည်သူမျှ အရှုံးမရှိဆိုသည့် သဘောဖြစ်သလော။ အပြန်အလှန် ဆက်ဆံခြင်းက ရိုးရှင်းသလော။ (မရိုးရှင်းပါ။) မည်သည့်အရာမျှ မရိုးရှင်းပါ။ ဤလူ့အဖွဲ့အစည်းတွင် လူတစ်ဦးချင်းစီက အပေးအယူဆန်သော စိတ်ထားရှိပြီး လူတိုင်းက အပေးအယူလုပ်ဆောင်သည်။ လူတိုင်းက အခြားလူများကို တောင်းဆိုမှုများပြုပြီး ၎င်းတို့အားလုံးက မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရဘဲ အခြားလူများ၏ နစ်နာမှုမှ အကျိုးအမြတ်ရရှိလိုကြသည်။ လူအချို့က “‘အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်’သည့်သူများထဲတွင် အခြားလူများ၏ နစ်နာမှုမှ ရရှိသည့် အကျိုးအမြတ်ကို မရှာဖွေသောသူများစွာရှိသည်၊ ၎င်းတို့သည် အမှုအရာများကို အကောင်းဆုံးကိုင်တွယ်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်။ ဤလူတို့သည် ဤကိုယ်ကျင့်တရား အပြုအမူကို အမှန်တကယ် ပိုင်ဆိုင်သည်” ဟု ဆိုကြသည်။ ဤစကား မမှန်ကန်ပေ။ ၎င်းတို့က ချမ်းသာခြင်း၊ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်ခြင်းများ၊ သို့မဟုတ် မည်သည့်အကျိုးအမြတ်မျိုးကိုမျှ မရှာဖွေလျှင်ပင် နာမည်ကျော်ကြားခြင်းကို ၎င်းတို့ အမှန်ပင် ရှာဖွေသည်။ ဤ “နာမည်ကျော်ကြားခြင်း” ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ “ငါသည် လူတို့၏ အလုပ်များကို ကိုင်တွယ်ရန် ၎င်းတို့၏ ယုံကြည်မှုကို လက်ခံရရှိခဲ့သည်၊ ငါ့အား အပ်နှံခဲ့သည့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကောင်းဆုံး ကိုင်တွယ်သရွေ့ ဂုဏ်သတင်းကောင်းကို ငါ ရရှိမည်။ အနည်းဆုံးအနေဖြင့် ငါသည် လူကောင်းတစ်ယောက်ဖြစ်သည်၊ ကိုယ်ကျင့်စရိုက် မြင့်မားသူဖြစ်သည်၊ အတုယူထိုက်သည့်သူတစ်ယောက်ဖြစ်သည်ဟူ၍ လူအချို့က သိကြလိမ့်မည်၊ ငါသည် လူတို့ကြားတွင် နေရာတစ်နေရာယူနိုင်ပြီး လူအုပ်စုတစ်စုတွင် နာမည်ကောင်းကို ကျန်ရစ်စေနိုင်သည်၊ ဤသည်မှာလည်း ထိုက်တန်သည်” ဟူ၍ ဆိုလိုသည်။ အခြားလူများက “‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’၊ ပြီးလျှင် လူတို့က ငါတို့အား အပ်နှံပြီးဖြစ်သောကြောင့် ၎င်းတို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့၏ အလုပ်များကို ကောင်းစွာ ကိုင်တွယ်ပြီး အဆုံးအထိ စွဲစွဲမြဲမြဲ လုပ်ဆောင်သင့်သည်။ ရေရှည်တည်တံ့သည့် အမွေအနှစ်ကို ငါတို့ ချန်မထားနိုင်ခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ငါတို့သည် လူအများက ယုံကြည်လက်ခံနိုင်မှုမရှိဟု ပြောဆိုလျက် ငါတို့၏ နောက်ကွယ်တွင် ဝေဖန်၍မရပေ၊ ငါတို့သည် အနာဂတ်မျိုးဆက်ကို ခွဲခြားဆက်ဆံခံရပြီး ဤသို့သော ပုံပျက်ပန်းပျက် တရားမမျှတမှုကို ခံစေ၍ မဖြစ်ပေ” ဟူ၍ ဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ရှာဖွေကြသနည်း။ နာမည်ကျော်ကြားမှုကို ရှာဖွေနေဆဲဖြစ်သည်။ လူအချို့က ချမ်းသာခြင်း၊ ပိုင်ဆိုင်မှုတို့ကို အလွန်အလေးထားပြီး အခြားလူများက နာမည်ကျော်ကြားမှုကို တန်ဖိုးထားသည်။ “နာမည်ကျော်ကြားမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူများကြားတွင် “နာမည်ကျော်ကြားမှု”အတွက် တိကျသော ဖော်ပြချက်များမှာ အဘယ်နည်း။ လူကောင်းတစ်ယောက်ဖြစ်သည်၊ ကိုယ်ကျင့်စရိုက်မြင့်မားသူဖြစ်သည်၊ ပြစ်မျိုးမှဲ့မထင်သူ၊ အကျင့်သီလရှိသူ၊ သို့မဟုတ် သူတော်စင်တစ်ယောက်ဖြစ်သည်ဟု ပြောဆိုခံရခြင်းဖြစ်သည်။ အမှုကိစ္စတစ်ခုတွင် “အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည်ကို အောင်မြင်ခဲ့ပြီး ဤသို့သော ကိုယ်ကျင့်စရိုက်မျိုးရှိသောကြောင့် အမြဲတစေ ချီးမွမ်းခြင်း ခံရသောသူအချို့ပင်ရှိသည်။ ပြီးလျှင် ၎င်းတို့မှ ဆင်းသက်လာသော မျိုးဆက်များသည် ၎င်းတို့၏ နာမည်ကျော်ကြားမှုမှ အကျိုးအမြတ်ရရှိသည်။ ဤသည်မှာ လက်ရှိတွင် ၎င်းတို့ရရှိသည့် အကျိုးအမြတ်အနည်းငယ်ထက်ပို၍ များစွာ တန်ဖိုးရှိသည်ကို သင်တို့ တွေ့ပြီလော။ ထို့ကြောင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ”ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းဆိုသောအရာကို လိုက်နာသည့် မည်သူမဆိုအတွက် စမှတ်မှာ ထိုမျှ မရိုးရှင်းပေ။ ၎င်းတို့သည် တစ်ဦးချင်းအနေဖြင့် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းဖို့သာ အားထုတ်ခြင်း မဟုတ်ဘဲ တစ်ကိုယ်ရေ အကျိုးအမြတ်၊ သို့မဟုတ် ဂုဏ်သတင်းအတွက်၊ ဤဘဝ၊ သို့မဟုတ် နောင်ဘဝအတွက် လိုက်နာခြင်းဖြစ်သည်။ မိမိနောက်ကွယ်တွင် ဝေဖန်ခံရခြင်းကို ရှောင်ရှားလိုသော၊ နာမည်ဆိုးဖြင့် ကျော်ကြားမှုကို ရှောင်ကြဉ်လိုသောသူအချို့လည်းရှိသည်မှာ မှန်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် ဤသို့သောအရာမျိုးကို လုပ်ဆောင်ရန် လူတို့အတွက် စမှတ်မှာ မရိုးရှင်းပေ။ ယင်းသည် အမှန်တကယ်တွင် လူ့သဘာဝ၏ အမြင်ရှုထောင့်တွင် စမှတ်မဟုတ်သကဲ့သို့ လူသားမျိုးနွယ်၏ လူမှုတာဝန်မှ စတင်သောအမှတ်လည်းမဟုတ်ပေ။ ဤသို့သောအရာများကို လုပ်ဆောင်နေသည့် လူတို့၏ ရည်ရွယ်ချက်နှင့် စမှတ်ကို ကြည့်လျှင် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့်စကားကို ကိုင်စွဲထားသောသူများသည် ရိုးစင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။
ယခုအခါတွင် အမှုအရာများကို လုပ်ဆောင်ရာ၌ လူတို့၏ ကြံရွယ်ချက်၊ ရည်ရွယ်ချက်များမှလည်းကောင်း၊ လူတို့၏ ရည်မှန်းချက်နှင့် အလိုဆန္ဒများမှလည်းကောင်း “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်ကို ငါတို့ ပိုင်းခြားစိစစ်ခဲ့သည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားရှုထောင့်တစ်ခု၌ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည်တွင် နောက်ထပ်အမှားတစ်ခုရှိသည်။ ယင်းမှာ အဘယ်နည်း။ လူတို့သည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အပြုအမူကို အတိုင်းအဆမရှိ မြင့်မြတ်သည်ဟု မှတ်ယူသည်။ သို့သော် သူတစ်ပါးတို့က အပ်နှံသောအရာများက တရားမျှတခြင်းရှိမရှိကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသည်ကိုမူ ၎င်းတို့ မသိကြပေ။ တစ်စုံတစ်ယောက်က သင့်အား အပ်နှံသော အလုပ်တစ်ခုသည် တကယ်ကို လုပ်နေကျ အလုပ်ဖြစ်လျှင်၊ အလွယ်တကူ ပြီးမြောက်သော အရာဖြစ်လျှင်၊ ထုတ်ပြောဖို့ မတန်သော အရာတစ်ခုဖြစ်လျှင် ယင်း၌ သစ္စာရှိခြင်းမပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အချင်းချင်း ထိတွေ့ဆက်ဆံပြီး ဆက်ဆံရေး အဆင်ပြေသောအခါတွင် တစ်ယောက်နှင့် တစ်ယောက် အလုပ်များအပ်နှံသည်မှာ သာမန်ဖြစ်သည်။ ငှက်ပျောသီး အခွံနွှာသကဲ့သို့ လွယ်ကူသည်။ တစ်စုံတစ်ယောက်၏ ကိုယ်ကျင့်စရိုက်က မြင့်မြတ်သလော၊ နိမ့်ကျသလောဆိုသည်ကို မေးစရာမလိုပေ။ ဤအဆင့်သို့ မရောက်ပေ။ သို့ရာတွင် လူတစ်ယောက်က သင့်အား အပ်နှံသည့် အလုပ်သည် အလွန်အရေးကြီးလျှင်၊ သေရေး၊ ရှင်ရေး၊ ကံကြမ္မာ၊ သို့မဟုတ် အနာဂတ်နှင့်သက်ဆိုင်သောအရာကဲ့သို့ ကြီးမားသောအလုပ်ဖြစ်ပြီး သင်က သာမန်ကိစ္စတစ်ခုကဲ့သို့ မှတ်ယူကာ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ အကောင်းဆုံး ကိုင်တွယ်ရန် လုပ်ဆောင်ဆဲဖြစ်လျှင် ဤသည်မှာ ပြဿနာများ ဖြစ်ပေါ်နိုင်သည့်နေရာဖြစ်သည်။ မည်သည့် ပြဿနာမျိုးနည်း။ သင့်အား အပ်နှံသောအလုပ်သည် သင့်လျော်သည်၊ ကျိုးကြောင်းသင့်သည်၊ တရားမျှတသည်၊ အပြုသဘောဆောင်သည်၊ သူတစ်ပါးတို့အပေါ် ထိခိုက်မှု၊ ဆုံးရှုံးမှုဖြစ်မည်မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ်အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှု တစ်ခုမျှ ရှိမည်မဟုတ်ဆိုလျှင် အလုပ်ကို လက်ခံပြီး သစ္စာရှိစွာ အကောင်းဆုံးကိုင်တွယ်ရန် လုပ်ဆောင်ခြင်းသည် ပြဿနာမရှိပေ။ ဤသည်မှာ သင်ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်ပြီး လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်သည်။ သို့ရာတွင် သင်လက်ခံသည့်အလုပ်သည် တရားမျှတခြင်းမရှိလျှင်၊ သူတစ်ပါးတို့အပေါ်၊ သို့မဟုတ် လူသားမျိုးနွယ်အပေါ် ထိခိုက်မှု၊ နှောင့်ယှက်မှု၊ ဖျက်ဆီးမှု၊ သို့မဟုတ် အသက်ဆုံးရှုံးမှုပင် ဖြစ်ပေါ်စေပြီး သင်က သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ဆဲဖြစ်လျှင် ယင်းသည် သင်၏ ကိုယ့်ကျင့်စရိုက်နှင့်ပတ်သက်ပြီး မည်သို့သောအရာမျိုးကို ပြနေသနည်း။ ကောင်းသလော။ ဆိုးသလော။ (ဆိုးသည်။) မည်သည့်ပုံစံဖြင့် ဆိုးသနည်း။ လူအချို့သည် တရားမမျှတသောသူနောက်သို့ လိုက်သည်။ သို့မဟုတ် ထိုသူနှင့် မိတ်ဆွေဖွဲ့သည်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ရင်းနှီးသောမိတ်ဆွေများအဖြစ် မှတ်ယူသည်။ ဤမိတ်ဆွေသည် ကောင်းသလော၊ ဆိုးသလောဆိုသည်ကို ၎င်းတို့ ဂရုမစိုက်ပေ။ ၎င်းတို့၏ မိတ်ဆွေက အပ်နှံသော အလုပ်ဖြစ်သရွေ့ အကောင်းဆုံး ကိုင်တွယ်ရန် လုပ်ဆောင်လိမ့်မည်။ မိတ်ဆွေက သူ့အား တစ်စုံတစ်ယောက်ကို သတ်ခိုင်းလျှင် ထိုသူကို သတ်လိမ့်မည်။ တစ်စုံတစ်ယောက်အား ဒုက္ခပေးရန် ခိုင်းစေလျှင် ထိုသူကို ဒုက္ခပေးလိမ့်မည်။ တစ်စုံတစ်ခုအား ဖျက်ဆီးခိုင်းလျှင် ဖျက်ဆီးလိမ့်မည်။ သူ၏ မိတ်ဆွေက သူ့အား အပ်နှံသောအလုပ်ဖြစ်သရွေ့ သူသည် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ၊ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ လုပ်ဆောင်လိမ့်မည်။ သူသည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုကို ဆောင်ရွက်နေသည်ဟု ယုံကြည်သည်။ ဤသည်မှာ သူ၏ လူ့သဘာဝ၊ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်ပြီး မည်သည့်အရာကို ပြသနည်း။ ကောင်းသလော။ ဆိုးသလော။ (ဆိုးသည်။) လူဆိုးများသည်ပင် “အခြားလူများက ၎င်းတို့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်” နိုင်သည်။ သို့သော် အခြားလူများက ၎င်းတို့အား အပ်နှံသော အလုပ်အမျိုးအစားများနှင့် ၎င်းတို့က သစ္စာရှိစွာ ကိုင်တွယ်ရန် အစွမ်းကုန်လုပ်ဆောင်ခြင်းတို့ အားလုံးသည် ဆိုးယုတ်ပြီး အပျက်သဘောဆောင်သောအရာများဖြစ်သည်။ အခြားလူများက သင့်အားအပ်နှံသောအရာသည် လူတို့အား ဒုက္ခပေးရန်၊ သတ်ရန်၊ အခြားလူများ၏ ပိုင်ဆိုင်မှုပစ္စည်းများကို ခိုးယူရန်၊ လက်စားချေရန်၊ သို့မဟုတ် ဥပဒေကို ချိုးဖောက်ရန် ဖြစ်လျှင် ဤသည်မှာ မှန်သလော။ (မမှန်ပါ။) ဤအရာအားလုံးသည် လူတို့အား ထိခိုက်စေသောအရာများဖြစ်သည်။ မကောင်းမှုများ၊ ပြစ်မှုများဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်အား ဆိုးယုတ်သော အလုပ်တစ်ခုအပ်နှံပြီး သင်က “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ရိုးရာယဉ်ကျေးမှုစည်းမျဉ်းကို လိုက်နာဆဲဖြစ်ကာ “သင်က ငါ့အား အပ်နှံသောကြောင့် ဤသည်မှာ သင်သည် ငါ့ကို ယုံကြည်သည်၊ အထင်ကြီးသည်၊ သင်၏ မိသားစုဝင်တစ်ယောက်အဖြစ်၊ မိတ်ဆွေတစ်ယောက်အဖြစ် ဆက်ဆံသည်၊ သူစိမ်းတစ်ယောက်အဖြစ် မဆက်ဆံဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သင်က ငါ့အား အပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်မည်။ ငါ၏ စကားကို လုံးဝ ချိုးဖောက်မည်မဟုတ်” ဟူ၍ ပြောလျှင် ဤသည်မှာ မည်သို့သောသူမျိုး ဖြစ်သနည်း။ ဤသည်မှာ လူယုတ်မာ စစ်စစ်ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) လူယုတ်မာ အကြီးစားဖြစ်သည်။ ဤသို့ဆိုလျှင် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသောအရာမျိုးကို မည်သို့ ကိုင်တွယ်သင့်သနည်း။ တစ်စုံတစ်ယောက်က သင့်အား ရိုးရှင်းသော အလုပ်တစ်ခု အပ်နှံလျှင်၊ လူတို့နှင့် ဆက်ဆံရာ၌ တကယ်ကို လုပ်နေကျ အလုပ်တစ်ခုဖြစ်လျှင် သင်က ယင်းကို လုပ်ဆောင်လျှင်ပင် သင်၏ ကိုယ်ကျင့်စရိုက်က မြင့်မြတ်သည်၊ မမြင့်မြတ်သည်ကို မပြောနိုင်ပေ။ တစ်စုံတစ်ယောက်က သင့်အား အလွန်အရေးကြီးပြီး ကြီးမားသောအလုပ်တစ်ခု အပ်နှံလျှင် ယင်းသည် အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလော၊ သင်၏ စိတ်အတွင်း၌ဖြစ်သော အစွမ်းအစဖြင့် စွမ်းဆောင်ရရှိနိုင်သောအရာတစ်ခု ဖြစ်သလောဆိုသည်ကို ပိုင်းခြားသိမြင်ရမည်။ သင်စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု မဟုတ်လျှင် သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်လော့။ ယင်းသည် အပျက်သဘောဆောင်သော အလုပ်ဖြစ်လျှင်၊ ဥပဒေကို ချိုးဖောက်သော၊ သူတစ်ပါးတို့၏ အကျိုးစီးပွားများ၊ သို့မဟုတ် ဘဝများကို ထိခိုက်သော၊ သို့မဟုတ် သူတစ်ပါးတို့၏ ရှေ့ရေးနှင့် အနာဂတ်ကိုပင် ဖျက်ဆီးသောအလုပ်ဖြစ်ပြီး သင်က “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းကို လိုက်နာဆဲဖြစ်လျှင် သင်သည် လူယုတ်မာတစ်ယောက်ဖြစ်သည်။ ဤအမြင်ရှုထောင့်များအရ လူတို့သည် ၎င်းတို့အပေါ်သို့ အပ်နှံသော အလုပ်များကို လက်ခံသည့်အခါတွင် ၎င်းတို့ လိုက်လျှောက်သင့်သော စည်းမျဉ်းမှာ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့်အရာ မဖြစ်သင့်ပေ။ ဤအဆိုအမိန့်သည် မတိကျပေ။ ယင်းသည် ကြီးမားသော ဟာကွက်များ၊ ပြဿနာများရှိနေပြီး လူတို့အား ကြီးစွာပင် အထင်အမြင်မှားစေသည်။ ဤအဆိုအမိန့်ကို လက်ခံပြီးနောက်တွင် လူများစွာတို့သည် သူတစ်ပါးတို့၏ အကျင့်စာရိတ္တကို အကဲဖြတ်ရန်အတွက် ယင်းကို သံသယမဖြစ်ဘဲ အသုံးပြုလိမ့်မည်။ ပြီးလျှင် မိမိတို့ကိုယ်ကို တိုင်းတာပြီး မိမိတို့၏ ကိုယ်ပိုင် ကိုယ်ကျင့်တရားကို ကန့်သတ်ရန် အသုံးပြုမည်မှာလည်း ပြောစရာမလိုပေ။ သို့တိုင်အောင် မည်ကဲ့သို့သောသူက သူတစ်ပါးတို့အား အလုပ်များ အပ်နှံဖို့ ထိုက်တန်သည်ဆိုသည်ကို ၎င်းတို့ မသိကြပေ။ အလွန်နည်းပါးသော လူများသာ တရားမျှတသော၊ အပြုသဘောဆောင်သော၊ သူတစ်ပါးတို့အတွက် အကျိုးရှိသော၊ တန်ဖိုးရှိပြီး လူသားမျိုးနွယ်အပေါ် ချမ်းသာကြွယ်ဝမှုကို ယူဆောင်ပေးသော အလုပ်များကို သူတစ်ပါးတို့အား အပ်နှံသည်။ ဤသို့သောသူမရှိပေ။ ထို့ကြောင့် သင်သည် လူတစ်ယောက်၏ ကိုယ်ကျင့်တရား အရည်အသွေးကို အကဲဖြတ်ရန်အတွက် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စံနှုန်းကို အသုံးပြုလျှင် ထိရောက်မှုနှင့်ပတ်သက်၍ သံသယနှင့် ပြဿနာများစွာ ရှိရုံသာမကဘဲ ထိုစံနှုန်းသည် လူတို့အတွင်းသို့ မှားယွင်းသော အယူအဆများကိုလည်း သွတ်သွင်းပေးသလို ဤသို့သော အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း မှားယွင်းသော စည်းမျဉ်းများ၊ မှားယွင်းသော ဦးတည်ချက်တို့ကို ဖြစ်ပေါ်စေကာ လူတို့၏ စဉ်းစားပုံကို အထင်အမြင်မှားစေသည်၊ တုံ့ဆိုင်းစေသည်၊ တလွဲလမ်းညွှန်ပေးသည်။ ထို့ကြောင့် ဤအဆိုအမိန့်ကို မည်မျှ ပိုင်းခြားပါစေ၊ စိစစ်ပါစေ ယင်း၏ ဖြစ်တည်မှုတွင် တန်ဖိုးမရှိပေ။ ယင်းသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာတစ်ခုမဟုတ်သကဲ့သို့ လူတို့အား မည်သည့်နည်းနှင့်မျှ အကျိုးမဖြစ်စေပေ။
“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စကားတွင် နောက်ထပ်အမှားတစ်ခုလည်းရှိသည်။ အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် သူတစ်ပါးတို့ကို အသုံးပြုလိုသော၊ ခြယ်လှယ်လိုသော၊ ထိန်းချုပ်လိုသော ထိုဆိုးယုတ်သောသူများအတွက်၊ မိမိအကျိုးစီးပွား ပါဝင်ပတ်သက်နေသူများအတွက်၊ လူ့အဖွဲ့အစည်းရှိ အဆင့်အတန်းနှင့် အာဏာရှိသူများအတွက် ဤအဆိုအမိန့်သည် ၎င်းတို့အား သူတစ်ပါးတို့ကို အသုံးချရန် အခွင့်အလမ်းတစ်ခု၊ အသုံးပြုရန်၊ ခြယ်လှယ်ရန်၊ ထိန်းချုပ်ရန် ဆင်ခြေတစ်ခုကို ပေးသည်။ ၎င်းတို့အတွက် အလုပ်များကို ကိုင်တွယ်ပေးရန် လူတို့အား နည်းဗျူဟာကျကျဖြင့် အသုံးပြုရသော အခွင့်ကိုပေးသည်။ ၎င်းတို့အတွက် အလုပ်များကို မကိုင်တွယ်သောသူများ၊ သို့မဟုတ် ၎င်းတို့အတွက် အကောင်းဆုံး မလုပ်ဆောင်သူများသည် သူတစ်ပါးတို့က အပ်နှံမရသော၊ အလုပ်များကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး မလုပ်ဆောင်နိုင်သောသူများအဖြစ် သတ်မှတ်ခြင်းခံရသည်။ ၎င်းတို့သည် ယုံကြည်ဖို့ မထိုက်တန်သော၊ တန်ဖိုးထားရန်၊ သို့မဟုတ် လေးစားခြင်းခံရရန် မထိုက်တန်သော နိမ့်ကျသော ကိုယ်ကျင့်တရား အပြုအမူ ရှိသူများအဖြစ် သမုတ်ခံရပြီး လူ့အဖွဲ့အစည်းတွင် နိမ့်ကျသည်။ ဤသို့သောသူများသည် ဘေးဖယ်ထားခြင်း ခံရသည်။ ဥပမာ သင်၏ အထက်လူကြီးသည် သင့်အား အလုပ်တစ်ခုအပ်နှံပြီး သင်က “ငါ၏ အထက်လူကြီးက တင်ပြလာသောကြောင့် မည်သည့်အရာဖြစ်စေ ငါလက်ခံရမည်၊ မည်မျှ ခက်ခဲပါစေ၊ မီးကိုကျော်၍ ရေကိုဖြတ်ရမည်ဆိုလျှင်ပင် ငါလုပ်ဆောင်ရမည်” ဟု စဉ်းစားသောကြောင့် သင်က လက်ခံသည်။ တစ်ချက်မှာ သူသည် သင်၏ အထက်လူကြီးဖြစ်ပြီး သင်မငြင်းဆန်ရဲပေ။ အခြားအချက်မှာ သူသည် “အခြားလူများက ၎င်းတို့အား အပ်နှံသည့် မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သောသူများသာ လုပ်ဖော်ကိုင်ဖက်ကောင်းများဖြစ်သည်” ဟု ဆိုပြီး သင့်အား မကြာခဏ ဖိအားပေးသည်။ သူသည် အစောပိုင်းတွင် သင့်အတွင်းသို့ ဤအယူအဆကို သွတ်သွင်းပြီး သင့်အား စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန်အတွက် ကြို၍ ကျင့်သားရအောင် ပြုလုပ်ပေးသည်။ သူက တောင်းဆိုမှု တစ်ခုခုပြုလုပ်သည်နှင့် သင်သည် လိုက်နာရမည့် ကျင့်ဝတ်ရှိနေပြီး မငြင်းဆန်နိုင်ပေ။ ဤသို့မဟုတ်လျှင် သင်သည် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် သူ့အတွက် အမှုအရာများကို လုပ်ဆောင်ရန် သင်၏ အားအင်အားလုံးကို အသုံးပြုရသည်။ ယင်းကို အလွယ်တကူ ကိုင်တွယ်၍ မရလျှင်ပင် သင်သည် ပြီးမြောက်ရန် နည်းလမ်းကို ရှာရသည်။ အဆက်အသွယ်များကို အသုံးပြုရသည်။ မသင့်လျော်သော နည်းလမ်းများကို အသုံးပြုရသည်။ လက်ဆောင်များအတွက် ငွေသုံးရသည်။ အဆုံးတွင် အလုပ်ပြီးမြောက်သောအခါ ကုန်ခဲ့သည့် ငွေကို ပြော၍မရပေ၊ သို့မဟုတ် မည်သည့်တောင်းဆိုမှုမျှ ပြုလုပ်၍မရပေ။ ပြီးလျှင် သင်သည် “‘လူတို့သည် အခြားလူများက ၎င်းတို့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်သင့်သည်’၊ သင်သည် ကျွန်ုပ်အား အထင်အမြင်ကြီးပြီး အလွန် တန်ဖိုးထားသည်၊ ထို့ကြောင့် ဤအလုပ်ကို ကောင်းစွာကိုင်တွယ်ရန် ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်ရမည်” ဟူ၍ ပြောရသည်။ လက်တွေ့တွင် ဆင်းရဲဒုက္ခနှင့် ပြဿနာမည်မျှကို သင် ခံခဲ့ရသည်ကို သင်သာ သိသည်။ သင်သည် ဤသို့လုပ်ဆောင်ရာ၌ အောင်မြင်လျှင် သင်သည် မြင့်မြတ်သော ကိုယ်ကျင့်တရား အပြုအမူရှိသည်ဟု လူတို့က ဆိုလိမ့်မည်။ သို့သော် သင်ရှုံးနိမ့်လျှင် လူတို့သည် သင့်အား အထင်သေးမည်။ ရွံရှာမည်။ ၎င်းတို့၏ အရေးမစိုက်ခြင်းကို ခံရမည်။ မည်သည့် လူတန်းစားတွင်၊ သို့မဟုတ် လူမျိုးစုတွင် သင် ပါဝင်သည်ဖြစ်စေ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံသရွေ့ အကောင်းဆုံး လုပ်ဆောင်ပြီး အစွမ်းကုန်အားထုတ်ရမည်။ ငြင်းဆန်၍မရပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် ဆိုရိုးစကားကဲ့သို့ ဖြစ်သည်။ သင်သည် တစ်စုံတစ်ယောက်၏ အပ်နှံမှုကို လက်ခံပြီးသောကြောင့် သင်သည် အဆုံးထိ သစ္စာရှိစွာ ကိုင်တွယ်ရမည်။ အလုပ်သည် အောင်မြင်စွာ၊ ကောင်းမွန်စွာ၊ အလုံးစုံ ပြီးမြောက်ရန် သေချာစေရမည်။ အခြားလူက လက်ခံသည်အထိ ကိုင်တွယ်ရမည်။ ထို့နောက်တွင် သူ့ထံ ပြန်လည်တင်ပြရမည်။ ထိုသူက အလုပ်နှင့်ပတ်သက်ပြီး မမေးမြန်းလျှင်ပင် သင်သည် အလုပ်ကို ကိုင်တွယ်ရာ၌ အစွမ်းကုန် အားထုတ်ရမည်။ လူအချို့မှာ အခြေခံအားဖြင့် သင်နှင့် စစ်မှန်သော ဆက်ဆံရေးမရှိပေ။ သင်နှင့် သိပ်ရင်းနှီးမှုမရှိသော ဆွေမျိုးများကဲ့သို့ဖြစ်သည်။ ၎င်းတို့က သင်သည် လူ့အဖွဲ့အစည်းတွင် အလုပ်ကောင်း၊ သို့မဟုတ် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ၊ သို့မဟုတ် ပါရမီအချို့ရှိသည်ကို မြင်သောကြောင့် သင့်အား ဟိုအလုပ်၊ သည်အလုပ်တို့ကို အပ်နှံကြသည်။ ယင်းကို ငြင်းဆန်၍ ရသလော။ အမှန်တကယ်တွင် ယင်းသည် လုံးဝ ငြင်းဆန်၍ ရသည်။ သို့သော် လူသားများကြားတွင်ရှိသော ရှုပ်ထွေးသော လူမှုဆက်ဆံရေးများနှင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အယူအဆ၏ လွှမ်းမိုးခြင်းကို ခံရသော လူအများထင်မြင်ချက်၏ ဖိအားကြောင့် အခြေခံအားဖြင့် သင်နှင့် အဆက်အဆံမရှိသည့် ဤလူမျိုးက သူ့အတွက် အမှုကိစ္စများကို လုပ်ဆောင်ပေးရန် တောင်းဆိုသောအခါ သင်သည် အားလုံး လုပ်ဆောင်ပေးရသည်။ သင်သည် မလုပ်ဆောင်ရန် ရွေးချယ်နိုင်သည်မှာ မှန်သည်။ ဤနည်းအားဖြင့် သင်သည် လူတစ်ယောက်ကိုသာ စိတ်မကျေမနပ် ဖြစ်စေမည်၊ သို့မဟုတ် ဆွေမျိုးအချို့နှင့် ဆက်ဆံရေး ဆုံးရှုံးမည်၊ သို့မဟုတ် ဆွေမျိုးအချို့က ဖယ်ကြဉ်ခြင်းကို ခံရနိုင်သည်။ သို့သော် တစ်ဖန်ပြောရလျှင် ဤသည်မှာ အဘယ်သို့ အရေးပါသနည်း။ အမှန်တကယ်တွင် အရေးမပါပေ။ သင်သည် ၎င်းတို့နှင့် အတူမနေထိုင်ပေ။ သင်၏ ကံကြမ္မာသည် ၎င်းတို့လက်ထဲတွင် မရှိပေ။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့်လုပ်ဆောင်ရန် မငြင်းဆန်နိုင်သနည်း။ ရှောင်၍မရသည့် အကြောင်းပြချက်များထဲမှတစ်ခုမှာ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် လူအများ၏ ထင်မြင်ချက်က သင့်အား ချည်နှောင်ပြီး ဖိနှိပ်နေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် မည်သည့်လူ့အသိုင်းအဝိုင်းတွင်မဆို “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းနှင့် အများပြည်သူ၏ ထင်မြင်ချက်အားဖြင့် မကြာခဏ ပိတ်မိနေသည်ဟူ၍ ဖြစ်သည်။ သင်သည် အလုပ်များကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ခြင်းသည် လူမှုတာဝန်ကို ထမ်းဆောင်ခြင်း၊ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်၊ ဝတ္တရားများကို ထမ်းဆောင်ခြင်းနှင့် မသက်ဆိုင်ပေ။ ထိုအစား သင်သည် ကိုယ်ကျင့်တရားစံနှုန်းများ၏ အဆိုအမိန့်များနှင့် လူမှုထင်မြင်ချက်၏ မမြင်နိုင်သော သံကြိုးများအားဖြင့် ပိတ်မိနေခြင်းဖြစ်သည်။ သင်သည် အဘယ်ကြောင့် ပိတ်မိနေဖို့ အလားအလာများနေသနည်း။ တစ်ချက်မှာ သင်၏ ဘိုးဘေးများမှ ဆင်းသက်လာသော ဤကိုယ်ကျင့်တရား အဆိုအမိန့်များသည် မှန်သည်၊ မမှန်သည်၊ သို့မဟုတ် ထိုအရာများကို လူတို့ လိုက်နာသင့်သည်၊ မလိုက်နာသင့်သည်ဆိုသည်ကို ခွဲခြားသိမြင်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ နောက်တစ်ချက်မှာ သင်သည် ဤရိုးရာယဉ်ကျေးမှုက ဖြစ်စေသည့် လူမှုဖိအားနှင့် အများပြည်သူထင်မြင်ချက်မှ ရုန်းထွက်ရန် ခွန်အားနှင့် သတ္တိမရှိခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် သင့်အပေါ်တွင်ရှိသော ယင်း၏ သံကြိုးများနှင့် လွှမ်းမိုးမှုမှ ရုန်းမထွက်နိုင်ပေ။ နောက်ထပ်အကြောင်းတစ်ခုမှာ လူ့အဖွဲ့အစည်းတွင် ရှိသော မည်သည့်အသိုင်းအဝိုင်း၊ သို့မဟုတ် အုပ်စုတွင်မဆို လူတို့သည် သူတစ်ပါးတို့အား ၎င်းတို့ကို မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိသည်၊ လူကောင်းတစ်ယောက်ဖြစ်သည်၊ စိတ်ချရသောသူဖြစ်သည်၊ ယုံကြည်ထိုက်သည်၊ အလုပ်များအပ်နှံဖို့ ထိုက်တန်သောသူဖြစ်သည်ဟု သတ်မှတ်စေလိုသည်။ ၎င်းတို့အားလုံးသည် လေးစားမှုကို ရသည့် ဤသို့သော ပုံရိပ်ကို တည်ဆောက်လိုပြီး ၎င်းတို့သည် ခံစားချက်ရှိသော၊ သစ္စာရှိသော အသွေးအသားနှင့် တည်ဆောက်ထားသော ဂုဏ်ရှိသည့်ပုဂ္ဂိုလ်များဖြစ်ပြီး သွေးအေးသောသူများ၊ သို့မဟုတ် ဂြိုဟ်သားများ မဟုတ်ဆိုသည်ကို အခြားလူများအား ယုံကြည်စေလိုသည်။ သင်သည် လူ့အဖွဲ့အစည်းတွင် ပေါင်းစပ်ပါဝင်ပြီး ၎င်းတို့၏ လက်ခံခြင်း၊ အတည်ပြုခြင်းကို ခံလိုလျှင် ရှေးဦးစွာ သင်သည် ၎င်းတို့အား သင့်ကို မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိသူအဖြစ်၊ တည်ကြည်မှုနှင့် ယုံကြည်လက်ခံနိုင်မှု ရှိသည့်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုအောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် ၎င်းတို့သည် သင့်အား မည်သည့်တောင်းဆိုချက်များကို တောင်းဆိုသည်ဖြစ်စေ သင်သည် ၎င်းတို့ ကျေနပ်စေရန်၊ ၎င်းတို့ ပျော်ရွှင်စေရန် အကောင်းဆုံး ကြိုးစားပြီးနောက်တွင် သင်သည် ကိုယ်ကျင့်စရိုက် မြင့်မားသော ယုံကြည်ထိုက်သောသူဖြစ်သည်၊ လူတို့သည် သင်နှင့် ပေါင်းသင်းလိုကြသည်ဟု ၎င်းတို့က ပြောပြီး ချီးမွမ်းခြင်းကို ခံရသည်။ ဤနည်းအားဖြင့် သင်သည် သင်၏ ဘဝတွင် လူရာဝင်ဆန့်သည်ဟူသော ခံစားချက်ကို ခံစားရသည်။ သင့်အား လူ့အဖွဲ့အစည်းက၊ လူထုက၊ သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများက အတည်ပြုလက်ခံနိုင်လျှင် သင်သည် အထူးပင် အားရှိပြီး ကျေနပ်ဖွယ် ဖြစ်သောဘဝကို နေထိုင်ရလိမ့်မည်။ သို့ရာတွင် သင်သည် ၎င်းတို့နှင့် ကွဲပြားစွာ အသက်ရှင်လျှင်လည်းကောင်း၊ သင်၏ အတွေးအမြင်များက ၎င်းတို့နှင့် မတူညီလျှင်လည်းကောင်း၊ ဘဝတွင် သင်၏ လမ်းကြောင်းက ၎င်းတို့နှင့် မတူညီလျှင်လည်းကောင်း၊ သင်သည် ကိုယ်ကျင့်စရိုက်မြင့်မားသူဖြစ်သည်၊ ယုံကြည်ထိုက်သည်၊ အမှုကိစ္စများ အပ်နှံဖို့ ထိုက်တန်သည်၊ သို့မဟုတ် သိက္ခာရှိသည်ဟု မည်သူကမျှ မပြောလျှင်လည်းကောင်း၊ ၎င်းတို့အားလုံးက သင့်အား စွန့်ပစ်ပြီး သီးခြားခွဲထားလျှင်လည်းကောင်း သင်သည် စိတ်ဓာတ်ကျပြီး ဝမ်းနည်းသော ဘဝကို နေထိုင်ရလိမ့်မည်။ အဘယ်ကြောင့် သင်သည် စိတ်ဓာတ်ကျပြီး ဝမ်းနည်းသနည်း။ သင်၏ မိမိကိုယ်ကို တန်ဖိုးထားမှုသည် ထိခိုက်ခံရသောကြောင့်ဖြစ်သည်။ သင့်ကိုယ်သင် တန်ဖိုးထားမှုက မည်သည့်နေရာမှ လာသနည်း။ လူ့အဖွဲ့အစည်းနှင့် လူထု၏ အတည်ပြုခြင်း၊ လက်ခံခြင်းမှလာသည်။ ၎င်းတို့သည် သင့်အား လုံးဝ လက်ခံခြင်းမရှိလျှင်၊ အတည်မပြုလျှင်၊ သင့်အား ချီးမွမ်းခြင်း၊ သို့မဟုတ် တန်ဖိုးထားခြင်းမရှိလျှင်၊ ၎င်းတို့က သင့်အား လေးစားသော၊ နှစ်သက်သော၊ အထင်ကြီးသောအကြည့်ဖြင့် လုံးဝ မကြည့်လျှင် သင်သည် ဘဝတွင် ဂုဏ်မရှိဟု ခံစားရသည်။ သင်သည် လူရာဝင်ဆန့်သည့် ခံစားချက်မရှိဘဲ အလွန်တန်ဖိုးမဲ့သကဲ့သို့ ခံစားရသည်။ သင်၏ တန်ဖိုးက မည်သည့်နေရာတွင် ရှိသည်ကို သင်မသိပေ။ အဆုံးတွင် သင်သည် မည်သို့ အသက်ရှင်ရမည်ကို မသိပေ။ သင်၏ ဘဝက စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲလာသည်။ သင်သည် လူတို့အား သင့်ကို လက်ခံရန် အစဉ် ကြိုးစားသည်။ သင့်ကိုယ်သင် လူထုတွင်၊ လူ့အဖွဲ့အစည်းတွင် ပေါင်းစပ်ပါဝင်ဖို့ ကြိုးစားသည်။ ထို့ကြောင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းကို လိုက်နာခြင်းသည် ဤသို့သော လူမှုဝန်းကျင်တွင် နေထိုင်နေသော မည်သူမဆိုအတွက် အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။ ယင်းသည် လူတစ်ယောက်၏ ကိုယ်ကျင့်စရိုက်နှင့် သူ့အား အခြားလူများက လက်ခံခြင်းရှိမရှိတို့ကို အကဲဖြတ်ခြင်းအတွက် အရေးကြီးသော ညွှန်ပြချက်လည်းဖြစ်သည်။ သို့သော် ဤအကဲဖြတ်မှုစံနှုန်းမှာ မှန်ကန်သလော။ လုံးဝ မမှန်ကန်ပေ။ အမှန်တွင် အဓိပ္ပာယ်မရှိဟုပင် ဆိုနိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။