သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅) အပိုင်း တစ်

လက်ရှိတွင် ကပ်ဘေးများသည် ပိုပို၍ ဆိုးလာသည်။ ရောဂါများက ဆက်လက်ပျံ့နှံ့နေရုံမကဘဲ အစာငတ်မွတ်ခေါင်းပါးခြင်းသည်လည်း လူတို့အပေါ်သို့ ကျရောက်နေသည်။ အချို့နေရာများတွင် စစ်ပွဲဖြစ်ပွားနေပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများစွာတွင် ဖရိုဖရဲဖြစ်နေကြသည်။ စည်းလုံးညီညွတ်ခြင်းမရှိမှုက ပျံ့နေပြီဖြစ်သည်။ ယခင်က “စစ်၏မီးလျှံများ ဝေ့လည်သည်၊ လေထုသည် စက်အမြောက်မီးခိုးများဖြင့် ပြည့်နေ၏၊ မိုးလေဝသအခြေအနေ ပူနွေးသွားသည်၊ ရာသီဥတု ပြောင်းလဲသည်၊ ကပ်ဆိုးတစ်ခု ပျံ့နှံ့လိမ့်မည်ဖြစ်ကာ” ဟူ၍ ဆိုခဲ့ကြသည်မှာ ဤခန့်မှန်းချက်က မှန်ကန်လာနေပြီဖြစ်သည်။ ကပ်ရောဂါတစ်ခုက ပျံ့နေပြီး လျော့ကျမသွားပေ။ ဘာသာတရား မရှိသူများက သေရေးရှင်ရေးဖြစ်သော အကျပ်အတည်းတွင် နေထိုင်နေကြသည်။ တစ်ရက်ချင်းဆိုသလို၊ တစ်နှစ်ချင်းဆိုသလို ယခင်ကထက် ပို၍ ဆိုးလာသည်။ ၎င်းတို့သည် ကပ်ဘေးထဲသို့ ကျရောက်ပြီးဖြစ်သည်။ ၎င်းတို့အားလုံးသည် ဤဒုက္ခမှ လွတ်မြောက်လိုပြီး ကပ်ဘေးများ၏ နေ့ရက်မှ လွတ်မြောက်လိုကြသည်။ အစိုးရက ၎င်းတို့ကို ကယ်တင်ပြီး ကပ်ဘေးမှနေ၍ ကယ်ဆယ်ဖို့ ၎င်းတို့အားလုံး မျှော်လင့်ကြသည်။ သို့သော် အစိုးရသည် လှိုင်းများ၏ ပုတ်ခတ်ခြင်းကို ခံရသည့် သဲပုံရဲတိုက်တစ်ခုကဲ့သို့ ဖြစ်သည်။ အစွမ်းမရှိသဖြင့် အခြားတစ်စုံတစ်ယောက်ကို ကယ်တင်ရန် မဆိုထားနှင့် သူ့ကိုယ်သူကိုပင် မကယ်တင်နိုင်ပေ။ မကြာမီတွင် အစိုးရသည် ပြိုလဲပြီး ပျက်စီးနိုင်သည်။ ရှောင်လွှဲ၍ မရပေ။ ဘာသာတရားမရှိသူများက ဖြတ်သန်းနေရသည့်အရာကို သင်တို့အားလုံး မြင်တွေ့ပြီးဖြစ်သည်။ ၎င်းတို့သည် အမှန်ပင် ဒုက္ခခံနေရသည်။ လက်ရှိအချိန်တွင် သင်တို့၏ ဘဝမှာ အဘယ်သို့နည်း။ ၎င်းတို့ထက် များစွာပို၍ အဆင်ပြေသည်မဟုတ်လော။ (ဟုတ်သည်။) မည်သို့ ပို၍ အဆင်ပြေသနည်း။ (ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်ကို အတူတကွ ဖတ်နိုင်ပြီး သမ္မာတရားကို မိတ်သဟာယပြုနိုင်ဆဲဖြစ်သည်။ ဘုရားအိမ်တော်တွင် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ပြီး အသက်ဝင်ရောက်မှုကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ငြိမ်သက်ပြီး စိတ်သောကကင်းဝေးသည်။ ကျွန်ုပ်တို့သည် ဘာသာတရားမရှိသူများထက် အလွန်ပို၍ အဆင်ပြေသည်။) အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သူများသည် အမှီပြုစရာ တစ်စုံတစ်ခုရှိသောကြောင့် ဘာသာတရားမရှိသူများထက်ပို၍ အဆင်ပြေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်သည်။ အရာရာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ယုံကြည်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ယုံကြည်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်မှုရှိသောကြောင့် ၎င်းတို့သည် အမှီပြုရန်အတွက် စစ်မှန်သော အရာတစ်ခုရှိပြီး လုံခြုံစိတ်ချမှုရှိသည်။ ဘုရားသခင်အား အမှန်တကယ် ယုံကြည်သောသူတို့သည် အပြင်တွင် ပို၍ကျယ်ပြန့်သော ပတ်ဝန်းကျင်၌ မည်မျှ အန္တရာယ်ရှိပါစေ၊ ဖရိုဖရဲဖြစ်ပါစေ ၎င်းတို့၏ စိတ်နှလုံးတွင် စစ်မှန်သော ပံ့ပိုးမှုကို ခံစားရသည့်အပြင် လုံခြုံစိတ်ချမှု၊ ငြိမ်သက်မှု၊ ဝမ်းမြောက်မှုတို့ကိုလည်း ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အခြေအနေကို ကြုံတွေ့ရသည်ဖြစ်စေ၊ အပြင်တွင် ပတ်ဝန်းကျင်က မည်သို့ ပြောင်းလဲပါစေ၊ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ကပ်ဘေး၊ စစ်ပွဲ၊ သို့မဟုတ် ကပ်ရောဂါရှိပါစေ၊ အကြီးစားဖြစ်ရပ်ဖြစ်စေ၊ အသေးစား ဖြစ်ရပ်ဖြစ်စေ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူသည် ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့လိုက်ပြီး လောကီခေတ်ရေစီးကြောင်းများကို ရှောင်ကြဉ်သောကြောင့် ဘုရားနှုတ်ကပတ်တော်ကို စားသောက်နိုင်ကြသည်။ ဘုရားအမှုတော်ကို တွေ့ကြုံနိုင်ကြသည်။ သမ္မာတရားကို ရရှိဖို့ အားထုတ်နိုင်ကြသည်။ ဤအချက်က မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုတွင် သင်ရှာဖွေရမည့် အရေးအကြီးဆုံးသောအရာ၊ အရေးကြီးဆုံးသောပန်းတိုင်သည် မပြောင်းလဲနိုင်ပေ။ ယင်းသည် သမ္မာတရားအားလိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်အပေါ် လှပသော သက်သေကိုခံခြင်းတို့ ဖြစ်သည်။ ဤအရာကို လုံးဝ မပြောင်းလဲနိုင်ပေ။

ကမ္ဘာလောကသည် မည်သို့ပြောင်းလဲပါစေ၊ စာတန်၏ အင်အားစုများက မည်သို့ တိုက်ခိုက်ပြီး ရန်ပွဲတွင် ပါဝင်ပါစေ၊ ဤလူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကသည် မည်သို့ ဖရိုဖရဲဖြစ်ပါစေ လူသားမျိုးနွယ်အပေါ် စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးမှု၊ ချည်နှောင်မှု၊ ထိန်းချုပ်မှုကဲ့သို့သော အခြေခံပြဿနာများက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ ဆိုလိုသည်မှာ လူတို့တွင် စာတန် သွတ်သွင်းသော အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများသည်၊ ဘုရားသခင်ကို အာခံပြီး လူသားများနှင့် အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းခြင်း၏ ဥပဒေသများနှင့် စည်းမျဉ်းများကို ဆန့်ကျင်သည့် အတွေးများ၊ စကားများအားလုံးသည် မပြောင်းမလဲဘဲ ကျန်ရှိနေသည်ဟူ၍ ဖြစ်သည်။ တစ်ချက်မှာ ဤဆိုးယုတ်သောအရာများသည် မပြောင်းလဲပေ။ အခြားအချက်မှာ ဤကမ္ဘာလောက၏ အခြေအနေနှင့် ဖွဲ့စည်းပုံက မည်သို့ ပြောင်းလဲပါစေ လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် စာတန်က စိုက်ပျိုးခဲ့သော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို မဖယ်ရှားရသေးပေ။ ဤသည်မှာ ကမ္ဘာလောက၏ အခြေအနေက ဖရိုဖရဲဖြစ်နေသောကြောင့် မဟုတ်ပေ၊ သို့မဟုတ် စာတန်က အခြေအနေမကောင်းဘဲ ကမ္ဘာလောကကို ထိန်းချုပ်ရန် အစွမ်းမဲ့သည်မှာ စာတန်က လူတို့အား အထင်အမြင်မှားစေပြီး ဖျက်ဆီးသော မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့‌သောအရာများသည် လူတို့၏ စိတ်နှလုံးတွင် မှေးမှိန်သွားသောကြောင့်မဟုတ်ပေ။ ဤသို့ မဟုတ်ပေ။ စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့‌သောအရာများသည် လူတို့၏ စိတ်နှလုံးထဲတွင် တည်ရှိနေဆဲဖြစ်ပြီး မည်သူကမျှ ထိုအရာများကို မပျောက်ပျက်စေနိုင်ပေ။ လူသားမျိုးနွယ်အား စာတန် ဖျက်ဆီးသည့် အစပိုင်းကတည်းက စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများသည် ဖန်ဆင်းခံလူသားတိုင်း၏ နှလုံးသားနှင့် စိတ်အတွင်းထဲတွင် တဖြည်းဖြည်းချင်း ထည့်သွင်းထားပြီးဖြစ်သည်။ ဤအရာများသည် ယနေ့အထိ လူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် လုံးဝ မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ ဘုရားသခင်သည် နှစ်များစွာ အလုပ်လုပ်ပြီး လူတို့အား သမ္မာတရားများစွာကို ပေးပြီးသည့်နောက်တွင်ပင် လူတို့သည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သော အမျိုးမျိုးသော အတွေးများ၊ အမြင်များ၊ ဆိုရိုးစကားများကို ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအကြောင်းများမှ လွှမ်းမိုးမှု မရှိဘဲ ကြိုးစားပြီး တက်တက်ကြွကြွ ခွဲခြားဖော်ထုတ်ရန်၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲမှ ရှင်းလင်းပစ်ရန်မဆိုထားနှင့် ယင်းတို့ကို ခွဲခြားဖော်ထုတ်နိုင်စွမ်းပင် မရှိသေးပေ။ စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သော အမျိုးမျိုးသော အတွေးများ၊ အဆိုအမိန့်များကိုလည်း ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှု၊ လမ်းပြမှုဖြင့်ပင် တက်ကြွစွာ မငြင်းပယ်နိုင်ပေ။ အစပိုင်းတွင် လူတို့သည် စာတန်က ဖျက်ဆီးခြင်းကို ငြိမ်သက်စွာခံရသော်လည်း လူသားမျိုးနွယ်ကို စာတန် ဖျက်ဆီးသည့် ဖြစ်စဉ်တစ်လျှောက်တွင် လူတို့သည် စာတန်၏ စိတ်သဘောထားဖြင့် စတင်အသက်ရှင်လာသည်။ စာတန်၏ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များအရ အမှုအရာများကို ရှုမြင်လာသည်။ တဖြည်းဖြည်းချင်းဖြင့် လူတို့သည် စာတန်နှင့် ပိုပို၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာသည်။ ပြီးလျှင် ဘုရားသခင်ကို ပုန်ကန်ရာတွင် ပိုပို၍ တက်ကြွလာပြီး ဘုရားသခင်၏ အဝေးသို့ ထွက်ခွာကြသည်။ ဘုရားသခင်ကို စွန့်ပစ်ကြသည်။ အဆုံးတွင် စာတန်က ၎င်းတို့ကို အပြည့်အဝ ထိန်းချုပ်သွားသည်။ စာတန်၏ ဆိုးယုတ်ပြီး အဓိပ္ပာယ်မရှိသော အတွေးအခေါ်များ၊ အမြင်များသည် လူတို့တွင် အပြည့်အဝ သွတ်သွင်းပြီးသောအခါ လူတို့သည် စာတန်၏ အကျဉ်းချခြင်းကို အပြည့်အဝခံရပြီး စာတန်၏ ကျေးကျွန်များ ဖြစ်လာကြသည်၊ သို့မဟုတ် ပို၍ အတိအကျဆိုရလျှင် ၎င်းတို့သည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာသည်။ ဤသို့ ဖြစ်ပျက်သောအခါတွင် လူတို့သည် အပြည့်အဝပင် စာတန်၏ စိတ်သဘောထားအတိုင်း အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များနှင့် သဘောထားများအတိုင်း အသက်ရှင်ရုံသာမကဘဲ ၎င်းတို့အတွင်းတွင် စာတန်က သွတ်သွင်းခဲ့သော အမျိုးမျိုးသော အယူအဆများ၊ အမြင်များသည် ၎င်းတို့၏ သဘာဝဖြင့် ပေါင်းစပ်သွားသည်။ ပို၍ အတိအကျဆိုရလျှင် လူတို့သည် စာတန်၏ ပုံစံအတိုင်း အသက်ရှင်နေထိုင်ခြင်းသာ မဟုတ်ဘဲ စာတန်များအဖြစ်၊ နတ်ဆိုးများအဖြစ် နေထိုင်နေခြင်းဖြစ်သည်။ ဤသို့ ဖြစ်ပျက်သောအခါ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်း၊ လွှမ်းမိုးခြင်း၊ အထင်အမြင်မှားစေခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းတို့ကို ပြုသမျှနုရခြင်းမဟုတ်တော့ဘဲ ဘုရားသခင်ကို ဆန့်ကျင်ရာ၌ စာတန်ဘက်မှ အပြည့်အဝ ရပ်တည်နေခြင်းဖြစ်သည်။ လူတို့သည် ဤအတိုင်းအတာအထိ ပျက်စီးသောအခါတွင် ၎င်းတို့သည် စာတန်အတွက် ထွက်ပေါက်တစ်ခု၊ ပြယုဂ်တစ်ခုဖြစ်လာသည်ဟု ဆိုနိုင်သည်။ စာတန်၏ ထွက်ပေါက်၊ ပြယုဂ်တစ်ခုဖြစ်သည့် ဖန်ဆင်းခံတစ်ဦးကို ဘုရားသခင် ကယ်တင်ဖို့အတွက် သမ္မာတရားကို ပံ့ပိုးပေးခြင်းနှင့် ဘုရားသခင်အား ပုန်ကန်သော လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် လုပ်ရပ်များကို ဖွင့်ပြခြင်းအပြင် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် ကိုင်စွဲထားသော စာတန်နှင့်တူသော အတွေးများ၊ အမြင်များနှင့် အဆိုအမိန့်များကို ဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ရန် ပို၍ အရေးကြီးသည်။ လူတို့နှင့် စာတန်သည် တူညီသောအတွေးများ၊ အမြင်များနှင့် အဆိုအမိန့်များရှိကြသည်။ စာတန်သည် ဤအရာများနှင့်အညီ နေထိုင်သည်။ အလားတူပင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ခံထားရသောကြောင့် ၎င်းတို့သည်လည်း ဤအရာများအတိုင်း အလိုအလျောက် နေထိုင်ကြသည်။ လူတို့သည် ဤအရာများအတိုင်း အသက်ရှင်ပြီး ဤအမြင်များ၏ လွှမ်းမိုးခြင်း၊ လမ်းလွဲစေခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသောကြောင့်သာ သမ္မာတရား၏ တစ်စိတ်တစ်ပိုင်းကို နားလည်ပြီး ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်ကို သိပြီးသည့်နောက်တွင်ပင် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို အခြေခံပြီး ဘုရားသခင်ကို ဦးမညွှတ်နိုင်သေးခြင်း၊ သို့မဟုတ် ဘုရားသခင်အား အပြည့်အဝ မနာခံနိုင်သကဲ့သို့ ဘုရားသခင်အား ရိုးသားသော စိတ်နှလုံးဖြင့်လည်း မကိုးကွယ်နိုင်ခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်အား ရိုးသားသော စိတ်နှလုံးဖြင့် မကိုးကွယ်နိုင်သည့် အကြောင်းရင်းမှာ ၎င်းတို့၏ နှလုံးသားနှင့် စိတ်အတွင်းထဲတွင် စာတန်၏ အမျိုးမျိုးသော အတွေးအခေါ်များနှင့် အမြင်များ၏ ပူးကပ်ခြင်း၊ ထိန်းချုပ်ခြင်းကို ခံရဆဲဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး စိုးမိုးခြင်းခံပြီးသည်နှင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်အဖြစ် လက်ခံနိုင်သော်လည်း စာတန်၏ အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို အပြည့်အဝ မစွန့်လွှတ်နိုင်သေးသည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုကို အပြည့်အဝ ချိုးဖျက်ပြီး ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း၊ သို့မဟုတ် ကိုးကွယ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရမည်ဆိုလျှင် တစ်ချက်မှာ သူသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သမ္မာတရားကို ဖော်ပြရမည်။ လူတို့အား သမ္မာတရားကို နားလည်အောင်၊ ဘုရားသခင်ကို သိပြီး ကျိုးနွံနာခံလာအောင် လုပ်ဆောင်ရမည်။ လူတို့အား မည်သို့ ပြုမူဆောင်ရွက်သင့်သည်၊ လမ်းမှန်ကို မည်သို့ လျှောက်နိုင်သည်ဆိုသည်ကို သွန်သင်ပေးရမည်။ သမ္မာတရားကို ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်၊ ၎င်းတို့တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်နိုင်ပြီး သမ္မာတရား စစ်မှန်မှုအတွင်းသို့ မည်သို့ ဝင်ရောက်နိုင်သည်ဆိုသည်တို့ကို ပြောပြရမည်။ အခြားတစ်ချက်မှာ ဘုရားသခင်သည် စာတန်၏ အတွေးအခေါ်များနှင့် အမြင်များကို ဖော်ထုတ်ရမည်။ စာတန်က လူတို့အား ဖျက်ဆီးသည့် အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို လူတို့ ခွဲခြားဖော်ထုတ်နိုင်ရန်အတွက် ထိုအရာများကို သူဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ရမည်။ ဤသို့ဆိုလျှင် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသော ဆိုးယုတ်သောအရာများကို ရှင်းလင်းနိုင်သည်။ သန့်စင်လာပြီး ကယ်တင်ခြင်းကို လက်လှမ်းမီနိုင်သည်။ ဤနည်းအားဖြင့် သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို လူတို့ နားလည်လိမ့်မည်။ စာတန်၏ စိတ်သဘောထား၊ စာတန်၏ သဘောသဘာဝ၊ စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကိုလည်း ခွဲခြားဖော်ထုတ်နိုင်လိမ့်မည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ဟု လူတို့က အသိအမှတ်ပြုပြီး ဘုရားသခင်နောက်လိုက်ရန် ယုံကြည်ခြင်းရှိသောအခါ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စာတန်၏ အကျည်းတန်မှုကို မြင်နိုင်ပြီး စာတန်အား အမှန်တကယ် ငြင်းပယ်နိုင်လိမ့်မည်။ ဤသို့ဆိုလျှင် ဤလူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်လာနိုင်သည်။ အနည်းဆုံးအနေဖြင့် လူတစ်ယောက်၏ စိတ်နှလုံးက ဘုရားသခင်ထံသို့ စတင်၍ ပြန်လာနေသော်လည်း အပြည့်အဝ ပြန်မလာရသေးလျှင် ဆိုလိုသည်မှာ သူ၏ စိတ်နှလုံးသည် သမ္မာတရား၏ ဖမ်းစားခြင်းကို မခံရသေးသောအခါ၊ ဘုရားသခင်က ရယူခြင်းကို မခံရသေးသောအခါတွင် ထိုသူသည် သူ၏ အသက်တာလမ်းကြောင်းတွင် လူတို့အတွင်းသို့ စာတန်သွတ်သွင်းသော အဆိုအမိန့်အားလုံးကို ခွဲခြားဖော်ထုတ်ရန်၊ ပိုင်းခြားသိမြင်ရန်၊ ရိပ်စားမိရန်အတွက် ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုပြီး အဆုံး၌ စာတန်ကို စွန့်ပစ်လိမ့်မည်။ ဤနည်းအားဖြင့် လူတို့၏ စိတ်နှလုံးတွင်ရှိသော စာတန်၏ နေရာသည် ပိုပို၍ သေးငယ်လာပြီး အလုံးစုံ အမြစ်ပြတ်သွားလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ဖြင့် အစားထိုးလိမ့်မည်။ လူတို့ကို ဘုရားသခင်ပေးသော သွန်သင်မှုများ၊ ဘုရားသခင်ပေးသော သမ္မာတရားစည်းမျဉ်းများ စသည်တို့က ဝင်ရောက်အစားထိုးလိမ့်မည်။ ဤအပြုသဘောဆောင်သော အသက်တာနှင့် သမ္မာတရားက လူတို့အတွင်းတွင် တဖြည်းဖြည်းချင်းဖြင့် အမြစ်တွယ်ပြီး လူတို့၏ စိတ်နှလုံး၌ ရှေ့ဆုံးက နေရာယူလိမ့်မည်။ ရလဒ်အနေဖြင့် ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအပေါ် အုပ်စိုးလိမ့်မည်။ ဆိုလိုသည်မှာ စာတန်က လူတို့ကို ဖျက်ဆီးသည့် အမျိုးမျိုးသော အတွေးအခေါ်များ၊ အမြင်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများသည် ခွဲခြားဖော်ထုတ်ခံရပြီး ရိပ်စားမိခြင်းခံရကာ ဤသို့ဖြင့် လူတို့က ထိုအရာများကို မုန်းတီးပြီး စွန့်ပစ်သောအခါတွင် သမ္မာတရားသည် လူတို့၏ စိတ်နှလုံးတွင် တဖြည်းဖြည်းချင်း နေရာယူလိမ့်မည်။ သမ္မာတရားသည် တဖြည်းဖြည်းချင်းဖြင့် လူတို့၏ အသက်တာဖြစ်လာပြီး လူတို့သည် တက်ကြွစွာဖြင့် ဘုရားသခင်အား ကျိုးနွံနာခံပြီး လိုက်လျှောက်လိမ့်မည်။ ဘုရားသခင်က မည်သို့ အလုပ်လုပ်ပြီး ဦးဆောင်သည်ဖြစ်စေ လူတို့သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်ကို တက်ကြွစွာလက်ခံနိုင်ပြီး ဘုရားအမှုတော်ကို နာခံနိုင်လိမ့်မည်။ ထို့အပြင် ဤအတွေ့အကြုံမှတစ်ဆင့် ၎င်းတို့သည် သမ္မာတရားအတွက် တက်ကြွစွာဖြင့် ကြိုးပမ်းပြီး သမ္မာတရားကို နားလည်မှုရှိလိမ့်မည်။ ဤသည်မှာ လူတို့က ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြစ်ပေါ်သည့် ပုံစံဖြစ်သည်။ သမ္မာတရားက ၎င်းတို့အတွက် ပိုပို၍ ရှင်းလင်းလာသည်နှင့်အမျှ ၎င်းတို့၏ ယုံကြည်ခြင်းက ပိုပို၍ ကြီးထွားလာလိမ့်မည်။ လူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသောအခါ ၎င်းတို့၌ ဘုရားသခင်အား ကြောက်ရွံ့ခြင်းလည်း ဖြစ်စေသည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောအခါ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ရရှိလိုသည့် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏ အုပ်စိုးမှုကို လိုလိုလားလား နာခံသည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံသည်။ ၎င်းတို့၏ ကံကြမ္မာအတွက် ဘုရားသခင်၌ရှိသော အစီအစဉ်များကို နာခံသည်။ ၎င်းတို့အတွက် ဘုရားသခင် ပြင်ဆင်သော နေ့ရက်တစ်ခုစီတိုင်းနှင့် အထူးအခြေအနေအားလုံးကို နာခံကြသည်။ လူတို့တွင် ဤလိုလားမှုနှင့် ဆာငတ်မှုမျိုးရှိသောအခါ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား တောင်းဆိုသော တောင်းဆိုချက်များကိုလည်း တက်ကြွစွာ လက်ခံပြီး နာခံလိမ့်မည်။ ဤအရာ၏ ရလဒ်များသည် လူတို့တွင် ပိုပို၍ ရှင်းလင်းလာသောအခါ၊ ပိုပို၍ စစ်မှန်လာသောအခါ စာတန်၏ အဆိုအမိန့်များ၊ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် လူတို့၏ စိတ်နှလုံးအပေါ် သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် စာတန်၏ အဆိုအမိန့်များ၊ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် လူတို့အပေါ် ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှု ပိုပို၍ လျော့နည်းလာမည်။ ရုန်းကန်ကြိုးစားသည့် အချိန်ကာလတစ်ခု ပြီးနောက်တွင်၊ ဘုရားသခင်အား နာခံရန် လူတို့၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုနှင့် စိတ်ခိုင်မာမှုအချိန်ကာလတစ်ခုပြီးနောက်တွင် လူတို့သည် စာတန်၏ ချည်နှောင်မှုနှင့် ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လိမ့်မည်။ လူတို့သည် ဤအဆင့်သို့ ရောက်သောအခါတွင် စာတန်၏ အာဏာမှ လွတ်မြောက်ပြီး ဖြစ်လိမ့်မည်။ စာတန်က ၎င်းတို့ကို အထင်အမြင်မှားစေလေ့ရှိခဲ့သည့် အဆိုအမိန့်များ၊ အတွေးအခေါ်များနှင့် အမြင်များကို အပြည့်အဝ စွန့်လွှတ်လိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုသည် ပိုပို၍ ကြီးမားလာလိမ့်မည်။ ဤသက်ရောက်မှုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်အပေါ် မူတည်သည်မှာ ပြောစရာမလိုပေ။ ပို၍ပင် အရေးကြီးသည်မှာ လူတို့၏ လိုက်စားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်သည်။ လူတစ်ယောက်သည် သမ္မာတရားနှင့် တရားဒေသနာများကို များစွာ နားထောင်သော်လည်း စာတန်၏ အတွေးအခေါ်များနှင့် အမြင်များကို သတိမပြုမိသေးဘဲ ဤအရာများကို မုန်းတီးခြင်း မရှိလျှင်လည်းကောင်း၊ ထိုသူက ဤဆိုးယုတ်သောအရာများကို တက်ကြွစွာဖြင့် ခွဲခြားဖော်ထုတ်ခြင်း၊ ရိပ်စားမိခြင်း၊ စွန့်ပစ်ခြင်း မပြုလုပ်လိုလျှင်လည်းကောင်း၊ ထိုအစား ထိုအရာများကို တက်ကြွမှုမရှိဘဲ ချဉ်းကပ်လျှင်၊ သို့မဟုတ် လျစ်လျူရှုလျှင်လည်းကောင်း စာတန်၏ အမျိုးမျိုးသောအယူအဆနှင့် အမြင်များသည် ထိုသူအတွင်းတွင် အလွန်ပင် အရိုးစွဲနေဆဲဖြစ်လိမ့်မည်။ သူ၏ နေ့စဉ်အသက်တာနှင့် သူ၏ ဘဝတစ်ခုလုံး၏ လမ်းကြောင်းအတွင်းတွင် သူသည် စာတန်၏ အမျိုးမျိုးသော အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၏ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းကို အမှုမဲ့အမှတ်မဲ့ ခံရဆဲဖြစ်လိမ့်မည်။ လူများနှင့် အမှုအရာများအပေါ် သူ၏ အမြင်ရှုထောင့်များ၊ သူ၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုများသည် စာတန်ထံမှ စတင်ဖြစ်ပေါ်လာဆဲဖြစ်လိမ့်မည်။ ဤအရာအားလုံးက စာတန်ထံမှ ဖြစ်ပေါ်လျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည်မှုဖြစ်ခြင်းထက် ဘုရားသခင်၏ ဖြစ်တည်မှုကို အသိအမှတ်ပြုခြင်းသာဖြစ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရကို မည်သည့်အခါမျှ အမှန်တကယ် အသိအမှတ်ပြုမည်မဟုတ်ပေ။ သင်၏ စိတ်နှလုံးမှာ ဘုရားသခင်ထံသို့ သူ့ဘာသာ ခြေဦးလှည့်မည် မဟုတ်သည်မှာ ပြောစရာမလိုပေ။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဆီသို့ ပြန်လာနိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်က သင့်အားပေးခဲ့သည့် တာဝန်နှင့် ဝတ္တရားများအပေါ် စစ်မှန်သော ဆက်ကပ်အပ်နှံမှုကို အနည်းငယ်မျှပင် လုပ်ဆောင်နိုင်စွမ်းမရှိ၊ ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံရန် မဆိုထားနှင့် ဘုရားသခင်အား အမှန်တကယ် ကြောက်ရွံ့ခြင်းပင် မရှိနိုင်ပေဟူ၍ ဆိုနိုင်သည်။ သင်သည် ဤအရာများကို ပြီးမြောက်ရန် ပျက်ကွက်လျှင် သိသာသော ရလဒ်က မည်သည့်အရာဖြစ်မည်နည်း။ သင်သည် ကယ်တင်ခြင်းခံရမည်မဟုတ်ပေ။ ဤသို့ ဖြစ်ပျက်မည် ဖြစ်သလော။ (ဟုတ်သည်။) ဤသို့ ဖြစ်ပျက်မည်ဖြစ်သည်။ စာတန်က လူတို့ကို ဖျက်ဆီးပြီး လူတို့၏ စိတ်နှလုံးအတွင်းတွင် ထည့်သွင်းသော အတွေးအမြင်များ၊ အယူအဆများသည် လူတို့အား ဘုရားသခင်၏ အသံကို နားထောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ယုံကြည်ခြင်း၊ အပြုသဘောဆောင်သောအရာများကို လက်ခံခြင်းတို့အား ပိတ်ပင်တားဆီးသောအရာများဖြစ်ပြီး သမ္မာတရားကို လက်ခံခြင်း၊ သမ္မာတရားအတွင်းသို့ ဝင်ရောက်ခြင်းတို့အား အသေအချာပင် ပိတ်ပင်ထားဆီးသောအရာများ ဖြစ်သည်မှာ သိသာထင်ရှား၏။ ဤအရာများသည် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အပေါ်ယံတွင် ကွာခြားသည်။ သို့ရာတွင် ဤအရာများ၏ အနှစ်သာရသည် စာတန်၏ သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်းတို့သည် စာတန်က လူသားများကို ဖျက်ဆီးသည့်အရာများဖြစ်သည်။ အပြင်ပန်းမှ ကြည့်လျှင် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် စာတန်၏ ဆိုးယုတ်သော လုပ်ရပ်များနှင့် စာတန်၏ ကောင်းမှုလုပ်ဆောင်သည့် ဟန်ဆောင်မှုတို့ကြားတွင် ရှင်းလင်းသော ခြားနားမှုတစ်ခုရှိသည်။ သာမန်လူတို့ ပိုင်းခြားသိမြင်နိုင်ရန် ခက်ခဲသည့် ခြားနားမှုတစ်ခုဖြစ်သည်။ သို့ရာတွင် စာတန်က လူတို့ကို အထင်အမြင်မှားစေပြီး ဖျက်ဆီးခြင်း၏ အကျိုးဆက်များသည် အလွန်အမင်း သိသာထင်ရှားသည်။ ဤအရာသည် ခေတ်ရေစီးကြောင်း လူ့အဖွဲ့အစည်းအားလုံးကို ဘုရားသခင်အား ငြင်းဆန်ခြင်း၊ အာခံခြင်းနှင့် ဆန့်ကျင်ခြင်းပင် ဖြစ်ပေါ်စေသည်ဆိုသည်မှာ ရှင်းလင်းသော အချက်တစ်ခုဖြစ်သည်။

လူတို့အတွင်းတွင်ရှိသော ဆိုးယုတ်သော စိတ်သဘောထားသည် လူတို့အပေါ် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖျက်ဆီးခြင်းသက်သက်ကြောင့်ဖြစ်သော ရလဒ်ဖြစ်သည်။ ထို့အပြင် လူတို့ ကိုင်စွဲသည့် အမျိုးမျိုးသော ဆိုးယုတ်သော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ၊ အတွေးအခေါ်များ၊ နိယာမများ၊ ထို့အပြင် ဘဝနှင့် စံနှုန်းများအပေါ် ၎င်းတို့၏ အမြင်တို့အားလုံးသည် စာတန်က အထင်အမြင်မှားအောင် အလုပ်ခံရခြင်းကို ခိုင်လုံစွာ ပြသခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စာတန်က လူတို့ကို အထင်အမြင်မှားစေပြီးနောက်တွင်၊ ၎င်းတို့အား ဘုရားသခင်ကို စွန့်ခွာပြီး ငြင်းဆန်စေပြီးနောက်တွင် စာတန်သည် လူတို့အတွင်းသို့ ဆိုးယုတ်သော အတွေးများ၊ အမြင်များ၊ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ မျိုးစုံတို့ကို အပြည့်အဝ သွတ်သွင်းသည်။ ထို့အပြင် စာတန်သည် ပွင့်လင်းစွာဖြင့် ဝါဒများစွာ ဖြန့်သည်မှာ အယူအဆ၊ အမြင်များ၊ အဆိုအမိန့် မျိုးစုံတို့ပါဝင်သည်။ ယင်းတို့သည် လူတို့အား အရာရာတိုင်းကို မည်သို့ကိုင်တွယ်ရမည်နှင့်ပတ်သက်၍ ညွှန်ကြားပြီး သွေးထိုးလှုံ့ဆော်ပေးသည်။ ဤအရာအားလုံးကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် လက်ခံစေသည်။ ရလဒ်အနေဖြင့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် ပျိုးထောင်ပေးခြင်းခံရသည်။ ဤသည်မှာ လူတို့ကို ဖျက်ဆီးရန် စာတန်အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ ဆိုလိုသည်မှာ လူတို့၏ စိတ်ဝိညာဉ်အတွင်းတွင် ဟာလာဟင်းလင်း ဖြစ်နေသောအခါတွင်၊ ၎င်းတို့သည် စဉ်းစားပုံ မမှန်မကန်ဖြစ်နေသောအခါတွင်၊ အနှစ်မရှိသော တန်ဆာ ဖြစ်နေသောအခါတွင် စာတန်၏ အမျိုးမျိုးသော အဆိုအမိန့်များသည် ၎င်းတို့၏ စိတ်နှလုံးသို့ ဝင်ရောက်ပြီး နေရာယူသည်။ ဥပမာ “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ”၊ “ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို သဘာဝက ဖန်တီးသည်”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်”၊ “ယောက်ျားများသည် ယောက်ျားပီသသင့်သည်” ဆိုသကဲ့သို့သော အဆိုအမိန့်များ ဖြစ်ပေါ်လာသောအခါတွင် လူတို့သည် မရည်ရွယ်ဘဲ ယင်းတို့၏ လွှမ်းမိုးခြင်းကို ခံရသည်။ လူတို့သည် ဤဆိုးယုတ်သော အင်အားစုများ၊ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို လုံးဝ သတိမပြုမိဘဲ၊ ယင်းတို့ကို ခွဲခြားဖော်ထုတ်ရန် အရည်အချင်းလုံးဝ မရှိဘဲ၊ သို့မဟုတ် ယင်းတို့အား အတိုက်အခံပြုရန် မည်သည့်အစွမ်းမျှမရှိဘဲ စာတန်ဆီမှ အတွေးအခေါ်များနှင့် အမြင်မျိုးစုံကို လက်ခံကြသည်။ ဤစာတန်ဆန်သော အတွေးအခေါ်များ၊ အမြင်များကို လူတို့ လက်ခံသည့် ဖြစ်စဉ်သည် လူတို့ အထင်အမြင်မှားအောင်လုပ်ခြင်း ခံရသည့်၊ သွေးထိုးလှုံ့ဆော်ခံရသည့်၊ ဖျက်ဆီးခံရသည့် ဖြစ်စဉ် အတိအကျပင် ဖြစ်သည်။ ဥပမာ သင်သည် မိန်းမတစ်ယောက် အသက်ရှင်သင့်သည့် မှန်ကန်သောနည်းလမ်းနှင့် သူမ လုပ်ဆောင်သင့်သည့်အရာများကို မသိသော မိန်းမတစ်ယောက်ဖြစ်လျှင် စာတန်သည် “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်”၊ “အိမ်ထဲတွင် နေ၍ အပြင်သို့ မထွက်နှင့်”၊ “မိန်းမတစ်ယောက်တွင်ရှိသော အကျင့်ကောင်းသည် အရည်အချင်းမရှိခြင်းဖြစ်သည်” စသည်တို့ကဲ့သို့သော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို အဆိုပြုလိမ့်မည်။ ဤဆိုရိုးစကားများသည် ဉာဏ်၊ အမြော်အမြင်ကြီးပြီး ကောင်းသည်ဟု သင်ထင်သောကြောင့် ယင်းတို့ကို သင်လက်ခံသည်။ ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများသည် လူ့အဖွဲ့အစည်းတွင်၊ ကမ္ဘာပေါ်တွင် ပျံ့နှံ့နေသောအခါ သင်သည် မိန်းမတစ်ယောက်အနေဖြင့် ယင်းတို့ကို မရည်ရွယ်ဘဲ လက်ခံကျင့်သုံးပြီး သင်ကိုယ်တိုင် ဤဆိုရိုးစကားများအတိုင်း တစ်သဝေမတိမ်း လိုက်နာလုပ်ဆောင်လေသည်။ ရှေးဦးစွာ သင်သည် ထိုအရာများနှင့် သင့်ကိုယ်သင် ယှဉ်ကြည့်မည်။ သင်သည် မိန်းမတစ်ယောက်ဖြစ်သောကြောင့် အကျင့်သီလကောင်းရမည်၊ ကြင်နာရမည်၊ သိမ်မွေ့ပြီး ကိုယ်ကျင့်တရား အပြုအမူကောင်းရမည်၊ အိမ်တွင် နေရမည်၊ အရည်အချင်းမရှိသည့် အကျင့်သီလကောင်းသော မိန်းမဖြစ်ရမည် စသည်တို့ကို ယုံကြည်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် သင်သည် လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော အဆိုအမိန့်၊ အတွေးအခေါ်များနှင့် အမြင်များ၏ လှုံ့ဆော်ခြင်း၊ အယူဝါဒသွတ်သွင်းခြင်း၊ လွှမ်းမိုးခြင်းကို တဖြည်းဖြည်းချင်း ခံရမည်။ နောက်ဆုံးတွင် ယင်းတို့အား စိတ်တွင်စွဲမှတ်သည်အထိ ဖြစ်သွားသည်။ ပို၍ အသေးစိတ်ဆိုရလျှင် စာတန်၏ အတွေးအခေါ်များနှင့် အမြင်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးနောက်တွင် သင်သည် ယင်းတို့၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို ခံရမည်။ ထို့နောက်တွင် သင်သည် မရည်ရွယ်ဘဲ စိတ်နှလုံး၌ သင့်ကိုယ်သင် တောင်းဆိုမှုများပြုလုပ်ပြီး သူတစ်ပါးတို့ကို ထိုအရာများနှင့်အညီ ကြည့်ရှုလိမ့်မည်။ ထို့ကြောင့် သင်၏ နေ့စဉ်အသက်တာတွင် ဤအတွေးအခေါ်များနှင့် အဆိုအမိန့်များသည် သင်၏ စိတ်နှလုံး၌ အတွေးအခေါ်များနှင့် အမြင်များ ဖြစ်ပေါ်စေမည်။ ထို့နောက် သင်သည် ယင်းတို့ကို သင်၏ နေထိုင်၊ ပြုမူခြင်းအတွက် စံသတ်မှတ်ချက်နှင့် အခြေပြုချက်အဖြစ် ခံယူလိမ့်မည်။ ဤသည်မှာ လူ့အဖွဲ့အစည်းနှင့် အသိုင်းအဝိုင်းတွင် စာတန်၏ အမျိုးမျိုးသော အတွေးအခေါ်များနှင့် အမြင်များက တဖြည်းဖြည်းချင်းဖြင့် ကျင့်သုံးလေ့ရှိသောအရာ ဖြစ်လာသည့်ပုံစံဖြစ်သည်။ ဤကျင့်သုံးမှုသည် လူ့အဖွဲ့အစည်းတွင် ပိုပို၍ ပျံ့နှံ့လာသည်နှင့်အမျှ၊ ယင်းက လှုံ့ဆော်ပြီး လက်သင့်ခံစေသောလူအရေအတွက်က ပိုပို၍ များလာသည်နှင့်အမျှ အင်အားစုတစ်မျိုးဖြစ်လာသည်။ ဤအင်အားစု ဖြစ်ပေါ်လာသောအခါ လူသားမျိုးနွယ်သည် ဤအတွေးအခေါ်များနှင့် အမြင်များ၏ အကျဉ်းချခြင်း၊ ထိန်းချုပ်ခြင်းကို အပြည့်အဝခံရသည်၊ သို့မဟုတ် တစ်နည်းအားဖြင့် လူသားမျိုးနွယ်သည် ယင်းတို့၏ ဖမ်းစားခြင်းကို ခံရသည်။ ပို၍ အတိအကျဆိုရလျှင် လူတို့သည် စာတန်၏ ဖမ်းဆီးခြင်းကို ခံရသည်။ ဥပမာ စာတန်၏ လောကတွင် “ယောက်ျားများသည် ယောက်ျားပီသသင့်သည်၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး ရည်မှန်းချက် ရှိသင့်သည်”၊ “ယောက်ျားများသည် အလှမ်းဝေးသော ရည်မှန်းချက်များ၊ ပြင်းပြသော ဆန္ဒများနှင့် အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ရှိသင့်သည်”၊ “အမျိုးသားများသည် မိမိကိုယ်ကို စိတ်ဓာတ်ပျိုးထောင်သင့်သည်၊ မိမိတို့၏ မိသားစုကို သဟဇာတဖြစ်အောင် လုပ်သင့်သည်၊ နိုင်ငံကို အုပ်စိုးသင့်ပြီး ကမ္ဘာလောကကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးသင့်သည်”၊ “ယောက်ျားများသည် အာဏာကိုင်စွဲရန်၊ အခြေအနေကို ထိန်းချုပ်ရန်၊ ကမ္ဘာကို အုပ်စိုးရန် သင်ယူသင့်သည်”၊ “ယောက်ျားမျက်ရည် လွယ်လွယ်နှင့် မကျပေ” စသည်တို့ ဖြစ်သည်။ ယောက်ျားတိုင်းသည် ငယ်ရွယ်စဉ်ကတည်းက ဤသတ်မှတ်ချက်များ၊ အတွေးအခေါ်များနှင့် အမြင်များ၏ ချည်နှောင်ခြင်းကို ခံရသည်။ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးသည် ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးအမျိုးမျိုး၏ ကန့်သတ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရသည်။ ယောက်ျားများသည် ယောက်ျားတစ်ယောက်က မည်သို့ ပြုမူဆောင်ရွက်သင့်သည်ကို၊ သို့မဟုတ် ၎င်းတို့၏ အသိုင်းအဝိုင်းတွင်၊ လူ့အဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံတွင် မိမိတို့ကိုယ်ကို မည်သို့တည်ဆောက်ရမည်ကို မသိလျှင် ၎င်းတို့သည် ဤအတွေးအခေါ်များနှင့် အမြင်များကို ကြားသောအခါတွင် မသိစိတ်မှနေ၍ လက်ခံလိမ့်မည်။ ၎င်းတို့သည် တဖြည်းဖြည်းချင်းဖြင့် ယင်းတို့နှင့် အသားကျလာမည် ဖြစ်သည်မှာ ယင်းတို့ကို မိမိတို့ကိုယ်တိုင် တစ်သဝေမတိမ်း လိုက်နာရန်အတွက် စံသတ်မှတ်ချက်နှင့် အခြေပြုချက်အဖြစ် မှတ်ယူကြသည်အထိပင် ဖြစ်လေသည်။ ထို့အပြင် ၎င်းတို့သည် ဤအတွေးအခေါ်များနှင့် အမြင်များကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ လက်တွေ့တွင် ဤသို့သောသူဖြစ်ခြင်းကို တွေ့ကြုံခံစားလိမ့်မည်။ ထို့နောက်တွင် ထိုပန်းတိုင်များသို့ ဦးတည်ပြီး အလုပ်လုပ်ခြင်းအားဖြင့် စံနမူနာဖြစ်အောင် လုပ်ဆောင်လိမ့်မည်။ ဥပမာ ယောက်ျားများသည် အလှမ်းဝေးသော ရည်မှန်းချက်များရှိရမည်။ ကြီးမားသောအရာများကို လုပ်ဆောင်ပြီး ကြီးမားသော အသက်မွေးအလုပ်ရှိရမည်။ ၎င်းတို့သည် ချစ်ခင်သော ဆက်ဆံရေးများ မရှိသင့်သကဲ့သို့ ၎င်းတို့မိဘများကို ထောက်ပံ့ခြင်း၊ သို့မဟုတ် သားသမီးများကို ပျိုးထောင်ခြင်းအား ၎င်းတို့၏ တစ်သက်တာ တာဝန်၊ သို့မဟုတ် ပန်းတိုင်အဖြစ် မထားလုပ်သင့်ပေ။ ထိုထက် ၎င်းတို့သည် ၎င်းတို့၏ သိမြင်မှုနယ်ပယ်ကို ချဲ့ထွင်ရမည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကြီးမားသော ရည်မှန်းချက် ထားရှိရမည်။ အခြေအနေကို ထိန်းချုပ်ရန် သင်ယူရမည်။ လူသားမျိုးနွယ်နှင့် မိန်းမများကို ချုပ်ကိုင်ရန်ပင် အာဏာကို အရယူရမည်။ လူတို့သည် ဤအတွေးအမြင်များကို လက်ခံခဲ့ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဘဝတွင် ဤအရာများအတိုင်း ကျင့်သုံးပြီး နေထိုင်ကြသည်။ ဤအရာများက ဖြစ်ပေါ်စေသည့် ပန်းတိုင်များနောက်သို့ လိုက်ကြသည်။ ထို့အပြင် ဤအတွေးအမြင်များသည် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖြစ်ပေါ်ပြီး အမြစ်တွယ်သောအခါ လူတို့သည် လူသားမျိုးနွယ်၊ လူ့အဖွဲ့အစည်းနှင့် တစ်လောကလုံးကို ဤအရာများမှတစ်ဆင့် ရှုမြင်လိမ့်မည်။ ယင်းတို့သည် ယောက်ျားတစ်ယောက်၏ စိတ်နှလုံးတွင် ဖြတ်ပစ်၍ မရနိုင်အောင်ပင် နက်ရှိုင်းစွာ အမြစ်တွယ်သောအခါတွင် သူသည် “ယောက်ျားများသည် ယောက်ျားပီသပြီး စိတ်ဓာတ်ကြံ့ခိုင်သင့်သည်” စသည်ကဲ့သို့သော အတွေးအမြင်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်လိမ့်မည်၊ ယင်းတို့နှင့်အညီ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်လိမ့်မည်။ ဤသည်မှာ ယောက်ျားများ၏ လောကအမြင်နှင့် ဘဝအပေါ် အမြင်တို့ စတင်ဖြစ်ပေါ်ပြီး အရင်းခံသည့်အကြောင်းရင်းဖြစ်သည်။ ယောက်ျားများသည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သော အတွေးအမြင်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်သောအခါ၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သောအခါ ဤအတွေးအမြင်များသည် လူများနှင့် လူ့အဖွဲ့အစည်းထဲသို့ မသိမသာ ပျံ့နှံ့သွားပြီး လူတိုင်း၏ စိတ်နှလုံးအတွင်းထဲသို့ ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်သည်။ ယောက်ျားများသာမဟုတ်ဘဲ မိန်းမများလည်းပါဝင်သည်။ ဤအရာများသည် လူတိုင်း၏ စိတ်နှလုံးအတွင်းထဲသို့ ထိုးဖောက်ဝင်ရောက်သောအခါ၊ စကားပြောတတ်ခါစဖြစ်သော ကလေးငယ်များ၏ စိတ်နှလုံးထဲသို့ပင် သွတ်သွင်းခံရသောအခါတွင် ဤအတွေးအမြင်များသည် လူ့အသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းတွင် ကျင့်သုံးလေ့ရှိသောအရာဖြစ်လာသည်။ ဤကျင့်သုံးမှုသည် ပိုပို၍ မြန်ဆန်စွာ ပျံ့နှံ့လိမ့်မည်။ လူတိုင်းက ကောင်းစွာသိသွားပြီး လူတိုင်းက ရာနှုန်းပြည့် အသိအမှတ်ပြုကာ လက်ခံကြသည်အထိ ပိုပို၍ ကျယ်ပြန့်စွာ ပျံ့နှံ့လိမ့်မည်။ ဤအဆင့်သို့ ရောက်ရှိလာသောအခါတွင် လူမှုဗေဒပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတော် အကြီးအကဲများ၊ သို့မဟုတ် ပို၍ အတိအကျဆိုရလျှင် စာတန်နောက်လိုက်သော နတ်ဆိုးဘုရင်များသည် လူသားမျိုးနွယ်ကြားတွင် ဤအတွေးအခေါ်များနှင့် အဆိုအမိန့်များ ကိုင်စွဲသော အဆင့်အတန်းကို ခိုင်မာစေရန် ဆက်လက်၍ လုပ်ဆောင်လိမ့်မည်။ ၎င်းတို့သည် ဤအရာများကို ချရေးလိမ့်မည်။ အသေးစိတ်ဖော်ပြသော အထောက်အထား၊ အားသာသော အခြေအနေများ၊ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ မျိုးစုံကို အသုံးပြုပြီး ဤအဆိုအမိန့်များကို စနစ်တကျ ဖြန့်၍ ကျယ်ပြန့်စွာ အားပေးမြှင့်တင်လိမ့်မည်။ ဤသို့ဖြင့် ဤအဆိုအမိန့်များသည် လူသားမျိုးနွယ်ကြားတွင် တိုးတက်ပွားများလာပြီး လူ့အဖွဲ့အစည်းတွင် လူမှုဆိုင်ရာ အခြေအနေတစ်ခုနှင့် သတ်မှတ်ထားသော ကိုယ်ကျင့်တရား စည်းမျဉ်းတစ်ခု ဖြစ်လာသည်။ ၎င်းတို့သည် ဤကိုယ်ကျင့်တရားစည်းမျဉ်းဖြင့် လူတို့အား ထိန်းချုပ်ပြီး ချည်နှောင်လိမ့်မည်။ ဤအဆင့်တွင် စာတန်၏ ပန်းတိုင်ကို ရောက်ရှိလိမ့်မည်။ စာတန်က ဤပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်သောအခါ ယောက်ျားများ၊ မိန်းမများအပါအဝင် လူသားမျိုးနွယ်အားလုံးသည် ဤအတွေးအခေါ်များနှင့် အမြင်များ၏ အထင်အမြင်မှားစေခြင်း၊ ဖျက်ဆီးခြင်း၊ ဝင်ရောက်ခြင်းကို ခံရမည်။ လူသားမျိုးနွယ်သည် စာတန်၏ အတွေးအခေါ်များနှင့် အမြင်များ၏ အထင်အမြင်မှားစေခြင်း၊ ဖျက်ဆီးခြင်း၊ ဖမ်းစားခြင်းကို ခံရသောအခါ အကျိုးဆက်များက မည်သို့ဖြစ်မည်ကို သင်တို့ သိသလော။ စာတန်က ဤအတွေးအခေါ်များ၊ အဆိုအမိန့်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို အဆိုပြုနေသည်မှာ အဘယ်ကြောင့်ဖြစ်သည်ဟု သင်တို့ ထင်သနည်း။ လူသားမျိုးနွယ်ကို ဖျက်ဆီးရန်သာ ဖြစ်သလော။ လူတို့အား လုယူရန်သာဖြစ်သလော။ ဤအရာအားလုံး၏ ပစ်မှတ်မှာ မည်သူဖြစ်သနည်း။ (ဘုရားသခင်ဖြစ်သည်။) မှန်သည်။ သင်တို့သည် ဤအရာကို ရှင်းလင်းရမည်။ စာတန်လုပ်ဆောင်သည့် ဆိုးယုတ်သောအရာများအားလုံးတွင်၊ အတိအကျဆိုရလျှင် စာတန်က လူသားမျိုးနွယ်ကို အထင်အမြင်မှားစေရန်၊ နှောင့်ယှက်ရန်၊ ထိန်းချုပ်ရန်၊ ဖျက်ဆီးရန် လုပ်ဆောင်သောအရာအားလုံးတွင် လူတို့သည် ဝန်ဆောင်မှုပေးသည့်အရာများနှင့် ကိရိယာများသာဖြစ်သည်။ လူတို့သည် စာတန်က သူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုအားလုံးကို အသုံးချရန် အသုံးပြုသည့် တန်ဆာများသာဖြစ်သည်။ စာတန်လုပ်ဆောင်သမျှအရာအားလုံးသည် လူတို့ထက် ဘုရားသခင်ကို ဦးတည်သည်။ စာတန်သည် ဘုရားကို ဆန့်ကျင်လိုပြီး လူတို့သည် စာတန်က ဤအရာကို လုပ်ဆောင်ရန် အသုံးပြုသည့် တန်ဆာများ၊ သို့မဟုတ် အသုံးချခံပစ္စည်းများသာဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်က ဘုရားသခင်ကို အဘယ်ကြောင့် တိုက်ခိုက်လိုသနည်း။ စာတန်သည် အဘယ်ကြောင့် လူသားမျိုးနွယ်အား ဤသို့ ဖျက်ဆီးလိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ကယ်တင်လိုသောကြောင့်ဖြစ်သည်။ စာတန်သည် အဘယ်ကြောင့် တိရစ္ဆာန်များ၊ အပင်များ၊ သို့မဟုတ် ဂြိုဟ်သားများကို မဖျက်ဆီးသနည်း။ ဘုရားသခင်သည် လူသားများမှလွဲ၍ တိရစ္ဆာန်များ၊ အပင်များ၊ သို့မဟုတ် ဂြိုဟ်သားများ၊ သို့မဟုတ် အခြားမည်သည့်သတ္တဝါကိုမျှ ကယ်တင်ရန် မကြိုးစားသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ဤကမ္ဘာပေါ်တွင် သူဖန်ဆင်းခဲ့သော လူသားများကို ကယ်တင်ရန် ကြိုးစားလျက်ရှိသည်။ သူသည် ကမ္ဘာပေါ်တွင် ဤလူသားအုပ်စုကို ရယူဖို့ ကြိုးစားလျက်ရှိသည်။ မည်သည့် လူသားမျိုးဖြစ်သနည်း။ ဘုရားနောက်သို့လိုက်ပြီး သေသည်အထိ သစ္စာရှိသော၊ ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိသော၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူသားအုပ်စုဖြစ်သည်။ ဤလူတို့သည် ဘုရားသခင် ရယူလိုသောလူများဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ကယ်တင်ပြီး ရယူရန် သူ၏ အမှုတော်ကို မလုပ်ဆောင်မီတွင် စာတန်သည် ဦးစွာဝင်ရောက်ပြီး ၎င်းတို့ကို ဖျက်ဆီးရန် ကြိုးစားသည်။ စာတန်က “ဘုရားသခင် ကိုယ်တော်သည် လူသားမျိုးနွယ်ကို ကယ်တင်လိုသလော။ ဤသို့ဆိုလျှင် ကျွန်ုပ်သည် ၎င်းတို့ကို ဦးစွာ ဖျက်ဆီးမည်။ လူတို့သည် လူသားဆန်ခြင်းထက် လုံးဝမကောင်းဆိုးဝါးဆန်သည်အထိ ဖျက်ဆီးခြင်း ခံရသောအခါတွင် ကိုယ်တော်သည် ၎င်းတို့ကို ကယ်တင်နိုင်မည်မဟုတ်။ ကိုယ်တော်သည် အောင်မြင်မည်မဟုတ်ဘဲ အဆုံး၌ ကျရှုံးလိမ့်မည်” ဟူ၍ ဆိုသည်။ ဤသည်မှာ စာတန်၏ ပန်းတိုင်ဖြစ်သည်။ အစောပိုင်းက ငါမေးခဲ့သော မေးခွန်းကို ပြန်ဆွေးနွေးကြစို့။ စာတန်က လူသား၏ စိတ်သဘောထားကို ဖျက်ဆီးသလို လူသား၏ စိတ်နှင့် နှလုံးသားကို အထင်အမြင်မှားစေရန်၊ တုံ့ဆိုင်းစေရန်၊ ထိန်းချုပ်ရန် အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများနှင့် အတွေးအခေါ်များနှင့် အမြင်မျိုးစုံကိုလည်း အဆိုပြုသောအခါတွင် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့သည် ဤမေးခွန်းကို မဖြေနိုင်ပေ။ သင်တို့ နားမလည်ပေ။ စာတန်က ဖျက်ဆီးပြီး ထိန်းချုပ်သည်မှာ လူတို့ဖြစ်သော်လည်း စာတန်က ဤအရာအားလုံးကို လုပ်ဆောင်သောအခါ၌ လူတို့ကို ပစ်မှတ်ထားခြင်းမဟုတ်ပေ။ ထိုထက် ဤအရာအားလုံးသည် ဘုရားသခင်ဆီသို့ ဦးတည်သည်။ စာတန်က လူတို့အား ဖျက်ဆီးခြင်း၏ အဆုံးစွန်ပန်းတိုင်နှင့် ရလဒ်မှာ အဘယ်နည်း။ လူတို့အား ဘုရားသခင်ကို ဆန့်ကျင်စေရန်ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် လုံးဝ ပကတိဆန့်ကျင်ဘက်ဖြစ်သောအခါ၊ သူ၏ ရန်သူဖြစ်သောအခါတွင် စာတန်သည် သူ၏ ကြံစည်မှုနှင့် မိမိ၏ ကိုယ်ကျိုးအတွက်သာကြည့်သော တွက်ချက်မှုများ အောင်မြင်ပြီးဖြစ်လိမ့်မည်၊ ကမ္ဘာပေါ်တွင် လူတို့၏ ကိုးကွယ်ခြင်း၊ လိုက်လျှောက်ခြင်းကို သူ ခံရမည်ဟု ယုံကြည်သည်။ ထို့ကြောင့် စာတန်၏ အမျိုးမျိုးသော အတွေးများ၊ အဆိုအမိန့်များ၊ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများသည် လူတို့၏ စိတ်နှလုံးတွင် နက်နဲစွာ အမြစ်တွယ်နေသောအခါ လူတို့သည် ဘုရားသခင်တည်ရှိသည်ကို ယုံကြည်တော့မည်မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များ၊ သို့မဟုတ် သူ၏ အချုပ်အခြာအာဏာကို လက်ခံမည်မဟုတ်တော့ပေ။ လူတို့သည် ဘုရားသခင်ကို အပြည့်အဝ ငြင်းဆန်ပြီး သစ္စာဖောက်လိမ့်မည်။ စာတန်က ဘုရားသခင်အား လူတို့ ငြင်းဆန်သည်အထိ လူတို့အား ဖျက်ဆီးလျှင် လုံလောက်သည်ဟု ထင်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်တွင် ဘုရားသခင် ကယ်တင်လိုသည့် လူများသည် စာတန်က ဖမ်းဆီးခြင်း၊ ဖမ်းစားခြင်းကို လုံးလုံး ခံရပြီးဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် လုံးဝ ပကတိဆန့်ကျင်ဘက်ဖြစ်ပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ စာတန်၏ ရည်ရွယ်ချက်ဖြစ်သည်။ သင်တို့သည် ဤအရာကို ယခင်က လုံးဝ မတွေးခဲ့ဖူးသည်မှာ မှန်ကန်သလော။ (မှန်သည်။) သင်တို့ နားမလည်ပေ။ လူတို့က “စာတန်က ငါတို့ကို ဖမ်းဆီးရန်၊ ထောင်ချောက်ဆင်ရန်၊ ထိခိုက်ရန်၊ သေစေရန်၊ ငရဲသို့ပို့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို မရရှိစေရန် လူတို့ကို ဖျက်ဆီးသည်။ စာတန်က ငါတို့ကို ဒုက္ခရောက်စေသည်” ဟူ၍ ထင်ကြသည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် ယင်းသည် စာတန်လုပ်ဆောင်သည့် အရာရာတိုင်းကြောင့် ပို၍ ဆိုးရွားပြင်းထန်လာသည့် ဘေးထွက်ရလဒ်တစ်ခုသာ ဖြစ်သည်။ အမှန်တကယ်တွင် ဖုံးကွယ်နေ‌သော ပန်းတိုင်မဟုတ်ပေ။ ယခုတွင် ဖုံးကွယ်နေသောပန်းတိုင်က မည်သည့်အရာဖြစ်သည်ကို သင်တို့ နားလည်သလော။ ပြောလော့။ စာတန်သည် လူတို့၏ စိတ်ကို အဘယ်ကြောင့် အထင်အမြင်မှားစေကာ ထိန်းချုပ်ပြီး အကျဉ်းချသနည်း။ (စာတန်လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်ကို ဦးတည်သည်။ ဖုံးကွယ်နေသော ပန်းတိုင်မှာ လူတို့အားလုံးကို ဘုရားသခင်အား ဆန့်ကျင်စေရန်ဖြစ်သည်။) အခြားမည်သည့်အရာရှိသေးသနည်း။ (ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်လိုသောကြောင့် စာတန်သည် ၎င်းတို့ကို ဖျက်ဆီးလိုသည်။ ဘုရားသခင်အား ဆန့်ကျင်စေလိုသည်။ ဤသို့အားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိစေဖို့ ဖြစ်သည်။ စာတန်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဖျက်ဆီးလိုသည်။) စာတန်သည် လူတို့အထဲတွင် မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားမျိုးစုံကို ထည့်သွင်းသည်။ ဤလမ်းလွဲသော အတွေးအခေါ်များ၊ အမြင်များ၊ မိစ္ဆာဒိဋ္ဌိများ၊ အတွေးမှားများသည် လူတို့၏ စိတ်နှလုံးထဲ၌ နက်နဲစွာ အမြစ်တွယ်နေသောအခါ ယင်းတို့သည် လူတို့၏ စိတ်ကို ထိန်းချုပ်ပြီး အကျဉ်းကျစေသည်။ ဤသည်မှာ သီးသန့်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ မည်သည့် အခြေအနေမျိုးဖြစ်သနည်း။ ဘုရားသခင်အား ပကတိဆန့်ကျင်မှု အပြည့်အဝ ဖြစ်ပေါ်သော၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ဆန့်ကျင်သည့် လုံးလုံးလျားလျား ရန်လိုသော အင်အားစုဖြစ်လာပြီး စာတန်က ပျော်ရွှင်သော အခြေအနေဖြစ်သည်။ ဤသည်မှာ စာတန်က ရရှိရန် ကြိုးစားနေသည့် ပန်းတိုင်ဖြစ်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ စာကြောင်းတစ်ကြောင်းဖြင့် အနှစ်ချုပ်လော့။ (စာတန်သည် မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားမျိုးစုံကို လူတို့အတွင်းသို့ သွတ်သွင်းပြီး ဤလမ်းလွဲသော အတွေးအခေါ်များ၊ အမြင်များ၊ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားများသည် လူတို့၏ စိတ်နှလုံး၌ နက်နဲစွာ အမြစ်တွယ်သောအခါ ဘုရားသခင်အား ပကတိဆန့်ကျင်မှု အပြည့်အဝ ဖြစ်ပေါ်သော၊ လူသားများသည် ဘုရားသခင်အား အာခံသည့်သူများဖြစ်လာသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။ လူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာပြီး စာတန်က သူ၏ ပန်းတိုင်ကို ရရှိသည်။) ဤသည်မှာ အဖြေဖြစ်သည်။ မရိုးရှင်းသလော။ (ရိုးရှင်းသည်။) ဤသည်မှာ လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းအားဖြင့် စာတန်ရရှိလိုသည့် ပန်းတိုင်နှင့် ရလဒ်ဖြစ်သည်။

လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်လုပ်ဆောင်သော ဤအရာများကို ဘုရားသခင်သိသည်ဟု သင်တို့ ထင်သလော။ (ထင်သည်။) ဤသို့ဆိုလျှင် ဘုရားသခင်က စာတန်ကို အဘယ်ကြောင့် ဤသို့လုပ်ဆောင်ခွင့်ပြုသနည်း။ ဤအရာကို ရှင်းပြရန်အတွက် သမ္မာတရားနှင့်ပတ်သက်ပြီး သင်နားလည်သည့်အရာကို အသုံးပြုလော့။ ဤအရာနှင့်ပတ်သက်ပြီး ဆိုရိုးစကားတစ်ခုမရှိသလော။ “ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်စားမှုအပေါ် အခြေခံပြီး အသုံးချသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဤဆိုရိုးစကားမှန်ကန်ခြင်း၏ ဥပမာ ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ပြီးလျှင် “စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သည်” ဆိုသည့် စကားသည်လည်း ဤအရာနှင့် သက်ဆိုင်သလော။ (သက်ဆိုင်သည်။) ဆိုရိုးနှစ်ခုလုံးသည် သက်ဆိုင်မှုရှိပြီး အထက်တွင်ရှိသော မေးခွန်းကို ရှင်းပြရန် အသုံးပြုနိုင်သည်။ ဤသည်မှာ မမှန်သလော။ (မှန်သည်။) ဤပုံစံအတိုင်းဖြစ်သည်။ တစ်စုံတစ်ယောက်က ဤမေးခွန်းကို မေးလျှင် ထိုသူအား သင်တို့ မည်သို့ ရှင်းပြမည်နည်း။ သင်က “ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်စားမှုအပေါ် အခြေခံပြီး အသုံးချသည်” ဟူ၍သာ မရေမရာဖြင့် ဆိုလျှင် သူသည် ရှုပ်ထွေးပြီး နားလည်မည်မဟုတ်ပေ။ ပို၍ အသေးစိတ်ကျစွာ မည်သို့ရှင်းပြရမည်ကို သင်တို့ သိသလော။ ယင်းသည် ရှင်းပြရန် လွယ်ကူသည် မဟုတ်လော။ ဘုရားသခင်က စာတန်အား လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် ဤအရာများကို လုပ်ဆောင်ခွင့်ပြုသည်မှာ ဘုရားသခင်က ထိုအရာများကို ရပ်တန့်ရန်၊ သို့မဟုတ် အရေးစိုက်ရန် မစွမ်းဆောင်နိုင်သောကြောင့် မဟုတ်ဘဲ အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်သည်။ ထိုအကြောင်းပြချက်မှာ ငါ အစောပိုင်းက ပြောခဲ့သကဲ့သို့ “ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်စားမှုအပေါ် အခြေခံပြီး အသုံးချသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဆိုရိုးတစ်ခု၊ သို့မဟုတ် သဘောတရားတစ်ခု မဟုတ်ဘဲ မငြင်းနိုင်သော သမ္မာတရားတစ်ခုဖြစ်သည်။ ယင်းသည် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေပြီးနောက်တွင် ဘုရားသခင်က လူကို ကယ်တင်နိုင်သည်ဆိုသည့် အချက်အားဖြင့် မှန်ကန်ကြောင်း အတည်ပြုနိုင်သည်။ လူတို့၏ စိတ်ကို ထိန်းချုပ်ပြီး အကျဉ်းချရန်အတွက် လူသား၏ စိတ်သဘောထားများကို ဖောက်ပြန်ပျက်စီးစေခြင်း၊ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားမျိုးစုံကို လူတို့အတွင်းသို့ သွတ်သွင်းခြင်းတွင် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဆုံးစွန်သော ပန်းတိုင်မှာ ဘုရားသခင်၏ အမှုတော်ကို ဖိနှိပ်ရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပျောက်ကွယ်သွားစေရန် ဖြစ်သလော။ ဤသည်မှာ စာတန်၏ လှည့်ကွက်ဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်၏ လှည့်ကွက်ဖြစ်သည်။ စာတန်က ဤသို့သော လှည့်ကွက်များကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်က မည်သည့်အရာကို စဉ်းစားနေသနည်း။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ သူ၏ စိတ်တွင် အဘယ်သို့ရှိသနည်း။ ဤအရာအားလုံးတွင် သူ၏ ဉာဏ်ပညာက မည်သို့ ထင်ရှားသနည်း။ ဘုရားသခင်သည် စာတန်၏ လှည့်ကွက်ကို အသုံးပြုနေခြင်းဖြစ်သည်။ စာတန်တွင် လှည့်ကွက်တစ်ခုရှိသည်။ “ငါသည် လူတို့အား ငါကဲ့သို့ ဖြစ်သည်အထိ လှုံ့ဆော်ပြီး ဖျက်ဆီးသည်၊ ၎င်းတို့သည် ငါ၏ အတွေးအမြင်များ ရှိကြသော၊ ငါ၏ ဆိုးယုတ်သော ရပ်တည်ချက်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သော၊ ဘုရားသခင်ကို ဆန့်ကျင်သော စာတန်ငယ်များ ဖြစ်လာကြသည်၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့်သူအားလုံးကို ငါ ယူဆောင်ပြီး ၎င်းတို့ကို ငါ၊ စာတန်ပိုင်ဆိုင်ရန် လုပ်ဆောင်လိုသည်၊ ဤသို့အားဖြင့် လူတို့အပေါ် ဘုရားသခင်၏ လုပ်ဆောင်မှုသည် အလဟဿဖြစ်ပြီး အချည်းနှီးဖြစ်လိမ့်မည်၊ အသေအချာပင် ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပျောက်ကွယ်စေလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ စာတန်၏ လှည့်ကွက်ဖြစ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို စဉ်းစားသနည်း။ မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်က “စာတန်၊ သင်သည် လူတို့ကို နှောင့်ယှက်ပြီး အထင်အမြင်မှားစေရန် မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို ဖြန့်သည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖျက်ဆီးရန် အမှုအရာများစွာ လုပ်ဆောင်သည်။ ဤသည်မှာ လူတို့အတွင်းသို့ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးအမှားအချို့ကိုသာ သွတ်သွင်းလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် ယင်းတို့အတိုင်း အသက်ရှင်ပြီး ဘုရားသခင်ကို ဆန့်ကျင်လိမ့်မည်။ ထို့နောက်တွင် ငါသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းအပေါ်တွင် ငါ၏ စကားနှင့် အလုပ်တို့ကို အခြေခံမည်။ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် သင်အသုံးပြုသည့် မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို ဖော်ထုတ်မည်။ လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို တရားစီရင်ပြီး ၎င်းတို့အတွင်းသို့ သင် သွတ်သွင်းခဲ့သော အမျိုးမျိုးသော အတွေးများ၊ အဆိုအမိန့်များကို ခွဲခြားဖော်ထုတ်စေမည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို နားလည်ရုံသာမကဘဲ စာတန်၏ အမျိုးမျိုးသော အဆိုအမိန့်များ၊ အတွေးအမြင်များကိုလည်း ရှာဖွေတွေ့ရှိနိုင်ပြီး စာတန်၏ စိတ်သဘောထား၊ အနှစ်သာရနှင့် အမျိုးမျိုးသော ဆိုးယုတ်မှုများကိုလည်း ထိုးထွင်းမြင်နိုင်လိမ့်မည်။ လူတို့သည် ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် သမ္မာတရားအား နားလည်ခြင်းကို အသုံးပြုကာ စာတန်ကို ပို၍ တိကျစွာဖြင့်၊ ပို၍ကြီးမားသော ခွန်အားဖြင့် ခွဲခြားဖော်ထုတ်ပြီး ငြင်းပယ်နိုင်လိမ့်မည်။ အပျက်သဘောဆောင်သည့်ဘက်တွင် လူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းကို သို့မဟုတ် ဒုတိယအကြိမ် စာတန်၏ ဖမ်းဆီးခြင်းနှင့် ဝါးမြိုခြင်းကို ခံရမည်မဟုတ်တော့ပေ၊ အပြုသဘောဆောင်သည့်ဘက်တွင် လူတို့သည် ဘုရားသခင် တည်ရှိခြင်းနှင့် သူ၏ ကိုယ်ပိုင်လက္ခဏာကိုလည်းကောင်း၊ သတ္တဝါနှင့် အရာရာအားလုံးအပေါ် သူ အချုပ်အခြာအာဏာ ရှိသည်ဆိုသည့်အချက်ကိုလည်းကောင်း ပို၍ ယုံကြည်ပြီး အတည်ပြုနိုင်လိမ့်မည်။ ဤနှစ်ခုကို ရရှိပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးသည် ၎င်းတို့တွင် ပေါ်ထွက်လာပြီး ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံလိမ့်မည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးကို အနိုင်ရလိမ့်မည်၊ သို့မဟုတ် ပို၍တိကျစွာ ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့ကို ရရှိလိမ့်မည်။ လူတို့သည် ဤအဆင့်သို့ ရောက်သောအခါ စာတန်က အထင်အမြင်မှားစေခြင်းနှင့် အသုံးပြုခြင်းကို ခံရမည်မဟုတ်တော့ပေ။ ထိုထက် ၎င်းတို့သည် စာတန်ကို လုံးလုံးလျားလျား ရှာဖွေတွေ့ရှိနိုင်မည်၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှနေ၍ စာတန်ကို ရိပ်စားမိပြီး ငြင်းပယ်နိုင်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်သည်ဟု ဝန်ခံပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို လိုလားစွာ လက်ခံလိမ့်မည်။ ဤသို့အားဖြင့် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်လာပြီးဖြစ်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အသေးစိတ် စီမံမှုနှင့် အစီအစဉ်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်နှလုံးအတွင်းတွင်ရှိသော အတွေးနှင့် အယူအဆ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ ဤသည်မှာ ဘုရားသခင် စဉ်းစားသည့်ပုံစံ၊ သူ၏ အယူအဆများက အလုပ်လုပ်သည့်ပုံစံ၊ သူက စီစဉ်ညွှန်ကြားသည့်ပုံစံဖြစ်သည်။ စာတန်က လူတို့ကို အထင်အမြင်မှားစေပြီး ဖျက်ဆီးနေစဉ်တွင် ဘုရားသခင်က သတ္တဝါများ၊ အမှုအရာများအားလုံးကို နည်းစနစ်ကျစွာ စီစဉ်နေသည်။ သူ၏ အစီအစဉ်နှင့် စီမံခန့်ခွဲမှုကို စနစ်ကျသော ပုံစံဖြင့် ယခုအထိ ဆက်လက် လုပ်ဆောင်ရင်း တစ်ဆင့်ချင်း ရှေ့သို့သွားနေသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းနှင့် ချုပ်ကိုင်ခြင်းကို အပြည့်အဝခံရသည်။ သို့ရာတွင် စာတန်၏ အဆိပ်မျိုးစုံဖြင့် စိမ့်ဝင်ပြီး ပြည့်ဝနေသော ဤလူသားမျိုးနွယ်သည် ဘုရားသခင်က ခေါ်ဆောင်ခြင်းခံရပြီး သူ၏ အသံကို ကြားသောအခါတွင် ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ လာနိုင်ဆဲဖြစ်သည်၊ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံဆဲဖြစ်သည်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် လိုလားဆဲ ဖြစ်သည်ဆိုသည်မှာ မငြင်းနိုင်သော အချက်တစ်ခုဖြစ်သည်။ ဘုရားသခင်က ဤသို့သော လူသားမျိုးနွယ်အား စာတန်၏ အမျိုးအစားဖြစ်ပြီး သူ၏ ရန်သူဖြစ်ခြင်းကြောင့် ရှုတ်ချပြီး ကျိန်ဆဲလျှင်ပင် ၎င်းတို့က သူ့ကို မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပေ။ လူတို့၏ အတွေးအခေါ်များနှင့် အမြင်များသည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သောအရာများ ပြည့်နေခြင်းကြောင့် စာတန်၏ အတွေးအမြင်များ၏ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းကို အလွန်ပင် ခံထားရဆဲဖြစ်သည့် ပုံစံဖြင့် လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်း၊ ပြုမူဆောင်ရွက်ခြင်းတို့ ဖြစ်စေသော်လည်း ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ ပိုပို၍ စစ်မှန်စွာ၊ အရေးတကြီးဖြစ်စွာ ခြေဦးလှည့်နေကြသည်။ ဤသည်မှာ မငြင်းနိုင်သော အချက်တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် မဝေးသော အနာဂတ်ကာလတွင် ဘုရားသခင်က စာတန်၏ ဆိုးယုတ်မှုအားလုံးကို ဖော်ထုတ်ပြီးနောက်တွင် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရသော ဤလူသားမျိုးနွယ်သည် စာတန်ကို အပြည့်အဝ စွန့်လွှတ်နိုင်လိမ့်မည်။ စာတန်ကို ငြင်းပယ်နိုင်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ဆီသို့ ပြန်လာစေနိုင်လိမ့်မည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအတိုင်း ဘုရားသခင်နောက်သို့ တည်ကြည်ခိုင်မာစွာ လိုက်ဖို့ လိုလားကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သောအမှုတော်၏ အောင်မြင်သော ပြီးမြောက်ခြင်းတွင်ရှိသော ဦးတည်ချက်ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) အထူးသဖြင့် သမ္မာတရားအား လိုက်စားခြင်း ဆိုသည်မှာ အဘယ်ဖြစ်ကြောင်းကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ပို၍များသောလူတို့သည် သမ္မာတရားအား ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရန် စိတ်ခိုင်မာမှုရှိလိမ့်မည်။ လူတို့၏ စိတ်ခိုင်မာမှုက အားကြီးသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ၊ ဤလက်တွေ့အရှိတရားသို့ ၎င်းတို့ ဝင်ရောက်ပြီးဖြစ်စေ၊ မဝင်ရောက်ရသေးသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ခံထားရသော ဤသို့သော လူသားမျိုးနွယ်သည် စာတန်အား စွန့်လွှတ်ရန်အတွက် စိတ်ဆန္ဒနှင့် စိတ်ပိုင်းဖြတ်ချက်ရှိပြီး စာတန်က ၎င်းတို့အတွင်းတွင် သွတ်သွင်းခဲ့သော အတွေးအခေါ်များနှင့် အမြင်အမျိုးမျိုးအစား သမ္မာတရားကို ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ခြင်းရှိသည်ဆိုသည့် အချက်ကိုယ်၌က ဘုရားသခင်က အနိုင်ရရှိပြီးဖြစ်သည်ဆိုသည့် လက္ခဏာပင်ဖြစ်သည်။ ထို့ကြောင့် စာတန်သည် အရှက်ရပြီး ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် “ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်စားမှုအပေါ် အခြေခံပြီး အသုံးချသည်” ဆိုသည့် ဆိုရိုးသည် အနှစ်မရှိသော စကား မဟုတ်ဘဲ လက်တွေ့ကျသော၊ အရှိအတိုင်းဖြစ်သော၊ မငြင်းနိုင်သော အချက်တစ်ခုဖြစ်သည်။ စာတန်လုပ်ဆောင်နေသည့် ဆိုးယုတ်မှုအားလုံးသည် လူသားမျိုးနွယ်ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ စာတန်က သူသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖျက်ဆီးပြီးဖြစ်ကာ ဘုရားသခင်အတွက် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ရှေ့ဆက်ရန် မဖြစ်နိုင်ဟု ယုံကြည်သည်။ ထို့ကြောင့် စာတန်က သူ အနိုင်ရရှိပြီးဖြစ်သည်ဟု ထင်မြင်သည်။ သို့ရာတွင် စာတန်သည် မည်သို့ မဆင်မခြင်ဖြစ်လာပါစေ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အရှိန်ကို နှေးကွေးအောင် မလုပ်နိုင်သကဲ့သို့ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ကြီးမားသော အောင်မြင်မှုနှင့် စာတန်အပေါ် အောင်နိုင်မှုကိုလည်း မတားဆီးနိုင်ပေ။ ယခုတွင် ဘုရားသခင်၏ အမှုတော်သည် စကြဝဠာတစ်ခွင်သို့ ချဲ့ထွင်ပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်သည် သန်းချီသော အိမ်များထံသို့ ပျံ့နှံ့ပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော အောင်မြင်မှု၏ အထောက်အထားဖြစ်သည်။

လူတစ်ယောက်က သင်တို့အား “စာတန်သည် လူတို့၏ စိတ်ကို အဘယ်ကြောင့် အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်း၊ အကျဉ်းချခြင်း ပြုလုပ်သနည်း၊ ဘုရားသခင်က စာတန်အား အဘယ်ကြောင့် ဤသို့လုပ်ဆောင်ခွင့်ပြုသနည်း” ဟု နောက်တစ်ဖန်မေးလျှင် ဤမေးခွန်းများကို သင်တို့ ဖြေနိုင်မည်လော။ အပြည့်အဝ ရှင်းမပြနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် သင်၏ နားလည်မှုအချို့ကို မျှဝေနိုင်သည်။ စာတန်က ဤအရာအားလုံးကို အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ဘုရားသခင်က ဤအရာအားလုံးကို လုပ်ဆောင်ခွင့်ပြုခြင်း၏ အရေးပါမှုက အဘယ်နည်း။ ဤအရာများကို သင် စဉ်းစားသင့်ပြီး သင်၏ စိတ်နှလုံး၌ တိကျသော အဖြေတစ်ခုရှိသင့်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် နှစ်ခြောက်ထောင်ကြာ အလုပ်လုပ်လျက်ရှိသည်။ လူအချို့မှာ ဤအရာကို နားမလည်ဘဲ “ဘုရားသခင်က နှစ်ခြောက်ထောင်ကြာ အလုပ်လုပ်နေသလော။ ဤသည်မှာ အလွန်ရှည်လျားလွန်းခြင်း မရှိသလော” ဟူ၍ ဆိုကြသည်။ ဘုရားသခင်၏ အမှုတော်က မည်မျှကြာပါစေ သူ၏ လုပ်ဆောင်မှုများက အရေးပါဆုံးသောအရာများ အားလုံးဖြစ်သည်။ အရေးပါသည်မှာ သူ၏ အမှုတော်အချိန်ကာလသာ မဟုတ်ဘဲ သူ၏ အမှုတော်မှ ရရှိသော နောက်ဆုံးရလဒ်များမှာ ပို၍ပင် အရေးပါသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် နှစ်ခြောက်ထောင် အလုပ်လုပ်ခြင်းကြောင့်သာမဟုတ်လျှင် ထုံထိုင်းခြင်း၊ တုံးအခြင်းသည် လူသားမျိုးနွယ်အား ဘုရားသခင်ကို သိခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို အပြည့်အဝ ခံရခြင်းတို့ မဖြစ်စေရန် တားဆီးလိမ့်မည်။ လူတို့သည် အန္တိခရစ်များကြောင့်ဖြစ်သော အထင်အမြင်မှားစေခြင်း၊ နှောင့်ယှက်ခြင်းကို တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်သာ ကြုံတွေ့ခဲ့လျှင် အန္တိခရစ်များကို ခွဲခြားဖော်ထုတ်ပြီး ၎င်းတို့၏ သဘာဝအနှစ်သာရကို သိမြင်ခြင်းရှိနိုင်မည်လော။ သုံးကြိမ်၊ သို့မဟုတ် ငါးကြိမ်က လုံလောက်မည်လော။ လုံလောက်မည်မဟုတ်ပေ။ လူတို့သည် အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရကို လုံးလုံးလျားလျား မမြင်မီတွင် ယင်းကို ကြိမ်ဖန်များစွာ ကြုံတွေ့ရမည်။ ထိုအခါမှသာ ၎င်းတို့သည် အန္တိခရစ်များကို အမှန်တကယ် ခွဲခြားဖော်ထုတ်ပြီး အပြည့်အဝ စွန့်လွှတ်နိုင်သည်။ အထူးသဖြင့် လူတို့သည် အဆင်းနီသောနဂါးကြီး၏ ရူးသွပ်သော ဖိနှိပ်မှုနှင့် ရက်စက်သော နှိပ်ကွပ်မှုကို အချိန်အလွန်တိုတောင်းစွာ ထိတွေ့ခံရလျှင် ၎င်းတို့သည် ယင်းကို နှံ့စပ်စွာ တွေ့ကြုံခံစားရမည်မဟုတ်ဘဲ မကြာမီတွင် မေ့ပျောက်သွားလိမ့်မည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အဆင်းနီသော နဂါးကြီးကို အမှန်တကယ် မုန်းတီးပြီး ငြင်းပယ်မည်မဟုတ်ပေ။ စာတန်၏ ရက်စက်သော ဖိနှိပ်မှုသည် လူတို့၏ စိတ်နှလုံးတွင် တံဆိပ်တစ်ခုကဲ့သို့ ဖိနှိပ်ထားရမည်။ သို့မှသာ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ ယင်းကို မုန်းတီးနိုင်ပြီး ယင်း၏ သရုပ်မှန်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ လူတစ်ယောက်သည် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်သာ ဖိနှိပ်ခြင်းခံရပါက စာတန်ကို မုန်းတီးပြီး ပုန်ကန်ရန် ၎င်းတို့အတွက် ခက်ခဲလိမ့်မည်။ အခွင့်အရေးရလျှင် ၎င်းတို့သည် စာတန်အကြောင်း အကောင်းပြောဆိုပြီး စာတန်ကို ချီးမွမ်းဆဲဖြစ်လိမ့်မည်။ လူတစ်ယောက်သည် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှု၊ ရက်စက်မှု၊ မျက်နှာပြောင်တိုက်မှုတို့ကို ရှင်းလင်းစွာ မြင်ပြီး အပြည့်အဝ မစွန့်လွှတ်နိုင်မီတွင် စာတန်၏ နှိပ်စက်မှုနှင့် ရက်စက်မှုကို ခံရရန်အတွက် စာတန်ထံသို့ အကြိမ်များစွာ လွှဲပြောင်းပေးခြင်း ခံရမည်။ ဤအရာများကို အချိန်ကြာသည်အထိ လုံးဝ တွေ့ကြုံခံစားရမည်။ ဥပမာ သံမဏိများကို ပြုလုပ်ရာတွင် ကောင်းသောသံမဏိများကို မီးထဲတွင် အချိန်တိုတောင်းစွာ ထားခြင်းဖြင့် မထုတ်လုပ်နိုင်ပေ။ အကောင်းဆုံးရလဒ်ကို ရရန်အတွက် သံမဏိကို နှံ့စပ်စွာ မီးပေးရမည်။ ဆိုလိုသည်မှာ ဘုရားအမှုတော်၏ အဆင့်တိုင်းသည် ကြာရှည်သောအချိန်ကို လိုအပ်သည်။ အဆင့်တိုင်းသည် ရှည်လျားသောအချိန်ကို လိုအပ်သည်။ ယင်းကို ဤသို့လုပ်ဆောင်ရမည်ဖြစ်သည်။ မဟုတ်လျှင် ရလဒ်ကောင်းတစ်ခုကို မရရှိနိုင်ပေ။ ခေတ်ကာလတစ်ခုစီ၏ ပို၍ ကြီးမားသော အခြေအနေများ၏ လွှမ်းမိုးမှုကြောင့် လူသား၏ စိတ်နှလုံးအတွင်းထဲတွင်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် မတူညီသော ပြောင်းလဲမှုအတိုင်းအတာများ ရှိလိမ့်မည်။ ဤပြောင်းလဲမှုတစ်ခုစီသည် အဆင့်တစ်ခုစီတိုင်းတွင် လူတို့၌ ဘုရားသခင် လုပ်ဆောင်လိုသော အလုပ်နှင့် ဆက်စပ်နေလိမ့်မည်။ ဘုရားသခင်သည် အလွန်ကြီးမားသော အတိုင်းအတာဖြင့် အလုပ်လုပ်ရန်၊ များစွာ စကားပြောဆိုရန် နောက်ဆုံးသောကာလတွင် တစ်ဖန် လူ့ဇာတိခံခြင်း၏ အကြောင်းပြချက်သည် ဤနောက်ဆုံးအဆင့်တွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ အတွေးအမြင်များ၊ လူ့အဖွဲ့အစည်း၏ ပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင်နှင့် နောက်ခံတို့အားလုံးသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် လုပ်ဆောင်လိုသော အမှု၏ နောက်ခံနှင့် ကိုက်ညီသောကြောင့် ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်ရှိသော ခေတ်ရေစီးကြောင်းများ၊ ထုံးတမ်းဓလေ့များ၊ ပုံစံများ၊ သို့မဟုတ် အခြေအနေများ၊ နိုင်ငံရေးအခြေအနေ၊ သို့မဟုတ် ဆိုးယုတ်သော နိုင်ငံများ၏ နိုင်ငံရေးအင်အားသည်ပင် ပို၍ ကြီးမားသော ပတ်ဝန်းကျင်အတွက် အခြေခံအကြောင်းအားလုံးဖြစ်သည်။ ဤအခြေခံအကြောင်းများက နောက်ကွယ်၌ ရှိသောအချိန်တွင် လူတို့၏ စိတ်အတွင်းပိုင်း အသွင်သဏ္ဌာန်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ စိတ်အတွင်းပိုင်း အခြေအနေသည် ဘုရားသခင်၏ အမှုတော်အတွက် ဘုရားသခင် လိုအပ်သောအရာ အတိအကျပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် သူ၏ ဘုန်းအာနုဘော်၊ ဖြောင့်မတ်ခြင်း၊ သနားကရုဏာ၊ ချစ်ခင်ကြင်နာခြင်းတို့ကို ဖွင့်ပြရန် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အစပျိုးဖို့ အသင့်လျော်ဆုံး အချိန်ဖြစ်သည်။ ဤအခြေခံအကြောင်းအားလုံးသည် အချိန်ကျပြီး အပြည့်အဝ အဆင်သင့်ဖြစ်သောအခါတွင် ဘုရားသခင်က သူ၏ အမှုတော်ကို စတင်သည်။ ဤသည်မှာ ပိုမိုကြီးမားသော နောက်ခံအခြေအနေ၏ လွှမ်းမိုးမှုအောက်တွင် ဘုရားသခင် ဆောင်ရွက်လိုသော အမှုဖြစ်သည်။ ဤအရာကို နားလည်ရန် သင်တို့အတွက် လုံလောက်သည်။ အစွမ်းအစကောင်း ရှိသူအချို့က နားလည်မည်ဖြစ်ပြီး အတွေ့အကြုံမရှိသော အခြားလူများမှာ နားမလည်ခြင်း ရှိနိုင်သည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းတွင်ရှိသော နိုင်ငံရေးအခြေအနေနှင့် ခေတ်ရေစီးကြောင်း၏ အနှစ်သာရကို နားမလည်နိုင်သော၊ မိမိ၏ စဉ်းစားပုံသည် ကောင်းစွာ မရင့်ကျက်သောသူတို့သည် သေးငယ်သော ဝိညာဉ်ရေးအတွေ့အကြုံများ၊ အသေးစား သက်သေခံချက်များဖြင့်သာ ကျေနပ်ကြသည်။ ဘုရားသခင်၏ အမှုတော်၌ ပါဝင်သော ပိုမိုကျယ်ပြန့်သော နိုင်ငံရေး၊ လူမှုရေးနောက်ခံနှင့်ပတ်သက်ပြီး များစွာ နားမလည်ခြင်း ရှိနိုင်သည်။ ဤအရာများကို သင်တို့ မည်မျှနားလည်နိုင်သည်က အရေးမကြီးပေ။ ဤအရာများသည် ကြီးမားသော ရူပါရုံဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏ အမှုတော်ပါဝင်သောကြောင့် သင်သည် ဤအရာများကို ပို၍ တွေ့ကြုံရသောအခါတွင် ရှင်းလင်းလာလိမ့်မည်။ သင်တို့သည် ပို၍ နက်နဲသည့်အပိုင်းကို ဆွေးနွေးရန် အဆင့်သင့် မဖြစ်သေးသောကြောင့် ဤအကြောင်းအရာကို ငါတို့ ဆက်လက်၍ မိတ်သဟာယဖွဲ့မည်မဟုတ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။