သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅) အပိုင်း နှစ်
ယခင်တစ်ခေါက်က “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးကို ငါတို့ မိတ်သဟာယဖွဲ့၍ ပြီးဆုံးသွားသည်။ ဆက်လက်၍ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဟူသည့် ဆိုရိုးကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ရှေးဦးစွာ ဤအကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်တွင်ရှိသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်များနှင့် ဤဆိုရိုးကို ဖန်တီးပြုလုပ်ရာတွင် စာတန်၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်ကြောင်း မည်သို့ ပိုင်းခြားစိစစ်ရမည်ကို အဖြေရှာဖို့ ကြိုးစားသင့်သည်။ “လူတစ်ယောက်၏ တကယ့်ရည်ရွယ်ချက်များကို သိရန် ခက်ခဲသည်” ဟူသော တရုတ်ဓလေ့သုံးစကားတစ်ခုရှိသည်။ ထို့ကြောင့် စာတန်၏ တကယ့် ရည်ရွယ်ချက်များက မည်သည့်နေရာတွင်ရှိသနည်း။ ဤသည်မှာ ငါတို့ ဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ရန် လိုအပ်သည့်အရာဖြစ်သည်။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည်မှာ လူတို့ကြားတွင် စာတန်ဖန်တီးပြုလုပ်သော အခြားအတွေးအခေါ်နှင့် အဆိုအမိန့်တစ်ခုဖြစ်သည်။ အပြင်ပန်းတွင် အလွန်မြင့်မြတ်သည့် ပုံစံရှိသည်။ စိတ်ကို နိုးကြွစေပြီး အစွမ်းထက်သည်။ ဤသို့ဆိုလျှင် ဤဆိုရိုးနှင့်ပတ်သက်ပြီး မည်သည့်အရာက အလွန်အထင်ကြီးစရာ ဖြစ်သနည်း။ ယင်းသည် တန်ဖိုးထားပြီး အလေးအနက်ထားရန် ထိုက်တန်သလော။ အတွေးအခေါ်၊ အမြင်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းသည် ထိုက်တန်သလော။ ယင်းသည် ကောင်းကျိုးတစ်ခုခုရှိသလော။ အပြုသဘောဆောင်သော ဆိုရိုးတစ်ခု ဖြစ်သလော။ အပြုသဘောဆောင်သောအရာ၊ သို့မဟုတ် မှန်ကန်သော အတွေးအခေါ်နှင့် အမြင် မဟုတ်လျှင် လူတို့အပေါ် ယင်း၏ အပျက်သဘောဆောင်သော သက်ရောက်မှုမှာ အဘယ်နည်း။ စာတန်သည် ဤသို့သော ဆိုရိုးကို ဖန်တီးပြုလုပ်ပြီး လူတို့တွင် ဤအတွေးအခေါ်နှင့် အမြင်ကို သွတ်သွင်းသောအခါ၌ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤအရာကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ သင်သည် ယင်းကို ပိုင်းခြားသိမြင်နိုင်လျှင် သင်၏ စိတ်နှလုံးအတွင်းထဲမှနေ၍ ဤစကားကို ငြင်းဆန်ပြီး ပယ်ရှားလိမ့်မည်။ ဤစကား၏ လွှမ်းမိုးခြင်းကို သင်ခံရမည်မဟုတ်တော့ပေ။ ဤစကားသည် သင်၏ စိတ်တွင် ရံဖန်ရံခါ လျှပ်တစ်ပြက်ပေါ်လာပြီး သင်၏ စိတ်အတွင်းထဲသို့ နှောင့်ယှက်မည် ဖြစ်သော်လည်း သင်သည် ယင်းကို ပိုင်းခြားသိမြင်နိုင်လျှင် ယင်း၏ ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရမည်မဟုတ်ပေ။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ဆိုရိုးတွင် ကောင်းကျိုးတစ်ခုခု ရှိသည်ဟု သင်တို့ ထင်သလော။ ဤဆိုရိုးသည် လူတို့အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိသည့် အဆိုအမိန့်ဖြစ်သလော။ (မဟုတ်ပါ။) သင်တို့သည် လူကြီးလူကောင်းတစ်ယောက် ဖြစ်လိုသလော။ လူကြီးလူကောင်းတစ်ယောက် ဖြစ်ခြင်းသည် ကောင်းသောအရာလော။ မကောင်းသောအရာလော။ လူကြီးလူကောင်းတစ်ယောက်ဖြစ်ခြင်းက ပိုကောင်းသလော။ လူကြီးလူကောင်း အတုအယောင်ဖြစ်ခြင်းက ပို၍ကောင်းသလော။ လူကြီးလူကောင်းတစ်ယောက် ဖြစ်ခြင်းက ပိုကောင်းသလော။ လူဆိုးဖြစ်ခြင်းက ပိုကောင်းသလော။ ဤအရေးကိစ္စများကို သင်တို့ မတွေးဖူးသလော။ (မတွေးဖူးပါ။) သင်တို့သည် ဤအရာများကို မတွေးဖူးသော်လည်း တစ်ခုမှာ သေချာသည်။ သင်တို့သည် “လူကြီးလူကောင်း” ဆိုသည့် စကားကို မကြာခဏအသုံးပြုပြီး “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် စစ်မှန်သော ဗီလိန်ဖြစ်ခြင်းက ပို၍ကောင်းသည်”၊ “လူကြီးလူကောင်းစစ်စစ်သည် အလွန် စိတ်သဘောထားကြီးပြီး တစ်ယောက်ယောက်က သူ့အား စော်ကားလျှင် သူက မှတ်မထားဘဲ ထိုသူကို ခွင့်လွှတ်နိုင်သည်၊ ဤသည်မှာ လူကြီးလူကောင်းဟု ခေါ်သည်” ဟူသောအရာများကို ပြောဆိုသည်။ သင်သည် ဤအရာများကို ပြောဆိုနိုင်သည်ဆိုသည့်အချက်က မည်သည့်အရာကို သက်သေပြသနည်း။ လူကြီးလူကောင်းသည် သင်၏ အတွေးအခေါ်များ၊ အမြင်များတွင် အဆင့်အတန်းတစ်ခုခု ရှိသည်၊ သင်၏ စိတ်တွင် လူကြီးလူကောင်းနှင့် ပတ်သက်သော အတွေးအခေါ်များနှင့် ဆိုရိုးစကားများရှိသည်ဆိုသည်ကို သက်သေပြသလော။ ဤသို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) သင်သည် လူကြီးလူကောင်းကဲ့သို့ ပြုမူသော၊ သို့မဟုတ် လူကြီးလူကောင်းဟု ခေါ်ဆိုသော လူ့အဖွဲ့အစည်းတွင် ရှိသော ဤလူများကို သဘောကျပြီး လေးစားသည်။ သင်သည် လူဆိုးတစ်ယောက် ဖြစ်မည့်အစား လူကြီးလူကောင်းတစ်ယောက်ဖြစ်လာပြီး လူကြီးလူကောင်းအဖြစ် အမြင်ခံရရန် ကြိုးစားသည်။ တစ်စုံတစ်ယောက်က “သင်သည် အမှန်တကယ်ပင် လူဆိုးတစ်ယောက်ဖြစ်သည်” ဟု ဆိုလျှင် သင်သည် အလွန်ဝမ်းနည်းလိမ့်မည်။ သို့ရာတွင် တစ်စုံတစ်ယောက်က “သင်သည် လူကြီးလူကောင်းစစ်စစ်ဖြစ်သည်” ဆိုလျှင် သင်သည် ပီတိဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က သင့်အား လူကြီးလူကောင်းတစ်ယောက်ဟု ခေါ်ဆို၍ ချီးမွမ်းလိုက်လျှင် သင်၏ စရိုက်လက္ခဏာက မြင့်တက်သွားသည်၊ သင်၏ ပြုမူဆောင်ရွက်ပြီး အမှုအရာများကို ကိုင်တွယ်သည့် သင်၏ နည်းလမ်း၊ စည်းစနစ်များက အတည်ပြုခြင်းခံရသည်ဟု သင်ခံစားရသောကြောင့်ဖြစ်သည်။ သင်သည် လူ့အဖွဲ့အစည်းတွင် ဤသို့သော အတည်ပြုခြင်းမျိုးကို ရရှိပြီးနောက်တွင် သင့်၌ မြင့်မြတ်သော အဆင့်အတန်းရှိပြီး သင်သည် အတန်းအစား နိမ့်ကျသော၊ အောက်ကျသောသူတစ်ယောက်မဟုတ်ဟု ခံစားရသည်မှာ ပြောစရာမလိုပေ။ ဖြောင့်မတ်သော လူကြီးလူကောင်းသည် စိတ်ကူးယဉ်မှုဖြစ်စေ၊ အမှန်တကယ် တည်ရှိသည်ဖြစ်စေ လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် နေရာတစ်ခု အသေအချာရယူထားသည်။ ထို့ကြောင့် လူကြီးလူကောင်းတစ်ယောက်က ပိုကောင်းသလော၊ လူဆိုးတစ်ယောက်က ပိုကောင်းသလောဆိုသည်ကို ငါ သင်တို့အား မေးသောအခါ သင်တို့ထဲမှ မည်သူမျှ မဖြေရဲခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့က “ကိုယ်တော်သည် ဤအရာကို အဘယ်သို့ မေးနိုင်ရသနည်း။ လူဆိုးတစ်ယောက်ဖြစ်ခြင်းထက် လူကြီးလူကောင်းတစ်ယောက်ဖြစ်ခြင်းက ပိုကောင်းသည်မှာ ပြောစရာမလိုပေ။ လူကြီးလူကောင်းတစ်ယောက်သည် ကောင်းသည်၊ ဖြောင့်မတ်သည်၊ ကိုယ်ကျင့်စရိုက်မြင့်မားသည် မဟုတ်လော။ လူကြီးလူကောင်းတစ်ယောက် ဖြစ်ခြင်းက မကောင်းဟု ဆိုခြင်းသည် ပုံမှန်အသိတရားနှင့် ဆန့်ကျင်နေသည်မဟုတ်လော။ သာမန်လူ့သဘာဝနှင့် ဆန့်ကျင်လိမ့်မည် မဟုတ်လော။ လူကြီးလူကောင်းတစ်ယောက်က မကောင်းလျှင် မည်သို့သောသူမျိုးက ကောင်းသနည်း” ဟူ၍ တွေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့ မဖြေရဲခြင်းဖြစ်သည်။ မမှန်သလော။ (မှန်ပါသည်။) ဤအရာက သင်တို့၏ စိတ်နှလုံးတွင် လူကြီးလူကောင်းနှင့် လူဆိုးကြား၌ ရှင်းလင်းသော ရွေးချယ်မှုတစ်ခုရှိသည်ကို အတည်ပြုသလော။ မည်သည့်အရာကို သင်တို့ ပို၍ နှစ်သက်သနည်း။ (လူကြီးလူကောင်းဖြစ်ပါသည်။) ဤသို့ဆိုလျှင် ငါတို့၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။ လူကြီးလူကောင်းတစ်ယောက်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ စိစစ်ခြင်းကို အာရုံစိုက်ကြစို့။ လူဆိုးတစ်ယောက်ကို မည်သူမျှ မနှစ်သက်ပေ။ ဤသည်မှာ ပြောစရာမလိုပေ။ ဤသို့ဆိုလျှင် လူကြီးလူကောင်းဆိုသည်မှာ အတိအကျဆိုရလျှင် မည်သည့်အရာဖြစ်သနည်း။ သင်က “လူကြီးလူကောင်းဖြစ်ခြင်းက ပိုကောင်းသလော၊ လူဆိုးဖြစ်ခြင်းက ပိုကောင်းသလော” ဟု မေးလျှင် ငါ့အတွက် အဖြေက ရှင်းသည်။ နှစ်ခုလုံးက မကောင်းပေ။ လူကြီးလူကောင်းနှင့် လူဆိုးနှစ်ခုလုံးက အပြုသဘောဆောင်သော စရိုက်လက္ခဏာ မဟုတ်သောကြောင့်ဖြစ်သည်။ လူတို့က လူဆိုး၏ အပြုအမူ၊ လုပ်ရပ်၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားကို နှိုင်းယှဉ်ကြည့်လျှင် နိမ့်ကျသည်ဟု အကဲဖြတ်သောကြောင့် လူဆိုးကို မနှစ်သက်ခြင်းသာဖြစ်သည်။ လူဆိုး၏ အခြေခံကိုယ်ကျင့်တရားနှင့် အကျင့်စရိုက်ကို ပွင့်လင်းစွာ ပြသသောအခါ လူတို့က သူ့ကို ပို၍ပင် ယုတ်မာသည်ဟု မြင်ကြသည်။ သို့ရာတွင် လူကြီးလူကောင်းတစ်ယောက်သည် သူ၏ ရည်မွန်သော ပြောဆိုပြုမူပုံ၊ သူ၏ ကောင်းသော ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးသိမ်မွေ့သော စရိုက်လက္ခဏာကို ပို၍ မကြာခဏပြသပြီး လူတို့က သူ့ကို လေးစားကာ သူ့ကြောင့် တန်ဖိုးတက်သလို ခံစားရသည်။ ရလဒ်အနေဖြင့် လူတို့က သူ့ကို လူကြီးလူကောင်းတစ်ယောက်ဟု ခေါ်ဆိုသည်။ လူကြီးလူကောင်းတစ်ယောက်က ဤသို့ သူ့ကိုယ်သူ ပြသသောအခါ သူသည် ချီးမွမ်းခံရသည်။ လေးစားခံရပြီး အထင်ကြီးခြင်းခံရသည်။ ထို့ကြောင့် လူတို့သည် လူကြီးလူကောင်းကို နှစ်သက်ပြီး လူဆိုးကို မနှစ်သက်ပေ။ သို့ရာတွင် လူတို့က တစ်စုံတစ်ယောက်အား လူကြီးလူကောင်းဖြစ်သည်၊ လူဆိုးဖြစ်သည်ဟု သတ်မှတ်သည်မှာ မည်သည့်အရာအပေါ်တွင် အခြေခံသနည်း။ (သူ၏ အပြင်ပန်း အပြုအမူအပေါ်တွင် အခြေခံပါသည်။) လူတို့သည် လူတစ်ယောက်အား ထိုသူ၏ အပြုအမူကို အခြေခံပြီး မြင့်မြတ်သည်၊ နိမ့်ကျသည်ဟု အကဲဖြတ်ကြသည်။ သို့သော် လူတို့သည် အဘယ်ကြောင့် သူတစ်ပါးတို့အား ၎င်းတို့၏ အပြုအမူကို အခြေခံပြီး အကဲဖြတ်ကြသနည်း။ အဖြေမှာ လူအများစု ပိုင်ဆိုင်သော အစွမ်းအစသည် ဤအဆင့်ကိုသာ ရောက်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လူတစ်ယောက်၏ အပြုအမူက ကောင်းသည်၊ ဆိုးသည်ကိုသာ မြင်နိုင်သည်။ ထိုသူ၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ရလဒ်အနေဖြင့် ထိုသူက လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်၊ လူဆိုးဖြစ်သည်ဆိုသည်ကို သူ၏ အပြုအမူကိုသာ အခြေခံပြီး ဆုံးဖြတ်နိုင်ကြသည်။ ဤသို့ဆိုလျှင် ဤသို့ ပိုင်းခြားသိမြင်သည့် နည်းလမ်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းသည် လုံးဝ မမှန်ပေ။ ဤသို့ဆိုလျှင် လူကြီးလူကောင်းတစ်ယောက်က ယဉ်ကျေးသိမ်မွေ့သော စရိုက်လက္ခဏာနှင့် ကောင်းသော ကိုယ်ကျင့်တရား ရှိသည်ဟု မြင်ခြင်းသည် တိကျသလော။ (မတိကျပါ။) မှန်သည်။ ယင်းသည် မတိကျပေ။ လူကြီးလူကောင်းများအား စရိုက်လက္ခဏာ ယဉ်ကျေးသိမ်မွေ့သည်၊ ကိုယ်ကျင့်တရားရှိသည်၊ ဂုဏ်ရှိပြီး အကျင့်သီလနှင့်ပြည့်စုံသည်ဟု အဓိပ္ပာယ်ဖွင့်လျှင် မတိကျပေ။ ထို့ကြောင့် ယခု ဤအရာကို ကြည့်လျှင် “လူကြီးလူကောင်း”ဟူသော ဝေါဟာရသည် အပြုသဘောဆောင်သလော။ (မဆောင်ပါ။) အပြုသဘောမဆောင်ပေ။ လူကြီးလူကောင်းသည် လူဆိုးတစ်ယောက်ထက် ပို၍ မမြင့်မြတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က “လူကြီးလူကောင်းဖြစ်ခြင်းက ပို၍ ကောင်းသလော၊ လူဆိုးဖြစ်ခြင်းက ပို၍ ကောင်းသလော” ဟု မေးလျှင် အဖြေက အဘယ်သို့နည်း။ (နှစ်ခုလုံး မကောင်းပါ။) ဤသည်မှာ တိကျမှန်ကန်သည်။ အဘယ်ကြောင့် ၎င်းတို့နှစ်ဦးလုံး မကောင်းသနည်းဟု မေးလျှင် အဖြေက ရိုးရှင်းသည်။ လူကြီးလူကောင်းနှင့် လူဆိုးနှစ်ဦးလုံးသည် အပြုသဘောဆောင်သော စရိုက်လက္ခဏာများမဟုတ်။ မည်သူကမျှ အမှန်တကယ် လူကောင်းတစ်ယောက်မဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အဆိပ်များဖြင့် ပြည့်နေသည်။ စာတန်၏ ထိန်းချုပ်ခြင်း၊ အဆိပ်ခတ်ခြင်းကို ခံရသည်။ စာတန်၏ တွေးခေါ်ပုံနှင့် နိယာမများအတိုင်း နေထိုင်သည်။ ထို့ကြောင့် လူဆိုးတစ်ယောက်က ကောင်းသောသူမဟုတ်သကဲ့သို့ လူကြီးလူကောင်းတစ်ယောက်သည်လည်း အပြုသဘောဆောင်သောသူ မဖြစ်နိုင်ဟူ၍ အသေအချာဆိုနိုင်သည်။ လူကြီးလူကောင်းတစ်ယောက်ကို သူတစ်ပါးတို့က လူကောင်းတစ်ယောက်အဖြစ် မြင်လျှင်ပင် သူသည် ကောင်းသည့်ဟန်ဆောင်နေခြင်းသာဖြစ်သည်။ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်သူ ဖြစ်ဖို့ မဆိုထားနှင့် ဘုရားသခင်က လက်ခံသည့် ရိုးသားသောသူတစ်ယောက်ပင်မဟုတ်ပေ။ လူကြီးလူကောင်းက အနည်းငယ်ပို၍ ကောင်းစွာပြုမူဆောင်ရွက်ပြီး မကောင်းစွာ ပြုမူဆောင်ရွက်ခြင်းက အနည်းငယ်ပို၍ နည်းပါးသော်လည်း လူဆိုးက အနည်းငယ်ပို၍ မကောင်းစွာ ပြုမူဆောင်ရွက်ပြီး ကောင်းစွာ ပြုမူဆောင်ရွက်ခြင်းက အနည်းငယ်ပို၍ နည်းပါးခြင်းသာဖြစ်သည်။ လူကြီးလူကောင်းက အနည်းငယ်ပို၍ လေးစားခြင်းခံရပြီး လူဆိုးက အနည်းငယ်ပို၍ စက်ဆုပ်ရွံရှာခြင်းခံရသည်။ ဤသည်မှာ လူကြီးလူကောင်းနှင့် လူဆိုးတို့ကြား တစ်ခုတည်းသော ကွာခြားချက်ဖြစ်သည်။ လူတို့သည် ၎င်းတို့အား ၎င်းတို့၏ အပြုအမူအရ အကဲဖြတ်လျှင် ဤသည်မှာ ၎င်းတို့ ရရှိမည့် တစ်ခုတည်းသော ရလဒ်သာဖြစ်သည်။
လူတို့သည် တစ်စုံတစ်ယောက်က လူကြီးလူကောင်းဖြစ်သလော၊ လူဆိုးဖြစ်သလောဆိုသည်ကို သူ၏ အပြုအမူအပေါ် အခြေခံပြီး ဆုံးဖြတ်ကြသည်။ ၎င်းတို့က “ဤသူသည် လူတိုင်း၏ အကျိုးအတွက် များစွာ လုပ်ဆောင်ခဲ့သောကြောင့် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်၊ လူတိုင်းက ဤသို့ ထင်မြင်သည်၊ ထို့ကြောင့် သူသည် လူကြီးလူကောင်းဖြစ်ပြီး ကိုယ်ကျင့်စရိုက် မြင့်မားသူဖြစ်သည်” ဟု ဆိုနိုင်သည်။ လူတစ်ယောက်သည် လူကြီးလူကောင်း ဖြစ်သည်ဟု လူတိုင်းက ဆိုလျှင် ထိုသူက လူကောင်းတစ်ယောက်၊ အပြုသဘောဆောင်သောသူတစ်ယောက် ဖြစ်သွားသလော။ (မဖြစ်ပါ။) အဘယ်ကြောင့် မဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် လူအားလုံးက ဖောက်ပြန်ပျက်စီးသောကြောင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားစည်းမျဉ်းများ မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်က လူကြီးလူကောင်းဖြစ်သည်ဟု မည်သူက ပြောသည်ဖြစ်စေ ထိုဖော်ပြချက်သည် စာတန်ဆီမှလာသည်။ ဖောက်ပြန်ပျက်စီးသောသူတစ်ယောက်ထံမှ လာသည်။ လူတို့ အကဲဖြတ်သည့် စံနှုန်းသည် မမှန်ကန်ပေ။ ထို့ကြောင့် ရလာသော ရလဒ်သည်လည်း မမှန်ကန်ပေ။ ဘုရားသခင်က လူကြီးလူကောင်း၊ သို့မဟုတ် လူဆိုးများနှင့်ပတ်သက်ပြီး လုံးဝ မပြောဆိုပေ။ သူသည် လူတို့အား လူကြီးလူကောင်းအတုအယောင်ဖြစ်ခြင်းထက် လူကြီးလူကောင်း စစ်စစ်တစ်ယောက်ဖြစ်ဖို့ မတောင်းဆိုသကဲ့သို့ “သင်တို့အားလုံးသည် လူဆိုးများဖြစ်သည်၊ လူဆိုးကို ငါအလိုမရှိပေ၊ လူကြီးလူကောင်းကို ငါ အလိုရှိသည်” ဟု လုံးဝ မပြောပေ။ ဘုရားသခင်က ဤသို့ ပြောဆိုသလော။ (မပြောပါ။) ဤသို့ မပြောဆိုပေ။ ဘုရားသခင်သည် လူတစ်ယောက်က ကောင်းသည်၊ ဆိုးသည်ကို သူ၏ပြောဆိုပြုမူခြင်းအပေါ်တွင် မည်သည့်အခါမျှ အကဲမဖြတ်ပေ၊ သို့မဟုတ် မဆုံးဖြတ်ပေ။ ဤအစား သူသည် ထိုသူ၏ အနှစ်သာရအလိုက် အကဲဖြတ်ပြီး ဆုံးဖြတ်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ပထမအနေဖြင့် ဤသည်မှာ လူတို့ကို ၎င်းတို့လူ့သဘာဝ၏ အရည်အသွေးနှင့် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိမရှိတို့အပေါ်တွင် မူတည်ပြီး တရားစီရင်သည်ဟု ဆိုလိုသည်။ ဒုတိယအနေဖြင့် သမ္မာတရားအပေါ်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကိုမူတည်ပြီး တရားစီရင်သည်။ ဤသည်မှာ လူတစ်ယောက်က သာလွန်သည်၊ နိမ့်ကျသည်ဆိုသည်ကို ဘုရားသခင်က အကဲဖြတ်ပြီး ဆုံးဖြတ်သည့် ပုံစံဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်တွင် လူကြီးလူကောင်း၊ သို့မဟုတ် လူဆိုးဟူ၍ မရှိပေ။ အသင်းတော်တွင်၊ ဘုရားသခင် ကယ်တင်သော လူတို့ကြားတွင် ဘုရားသခင်သည် ၎င်းတို့အား လူကြီးလူကောင်းများဖြစ်ရန် မသတ်မှတ်ပေ၊ သို့မဟုတ် လူကြီးလူကောင်းတစ်ယောက်ဖြစ်ခြင်း အယူအဆကို အားမပေးပေ။ ပြီးလျှင် သူသည် လူတို့အား လူဆိုးများကို ဝေဖန်ရန် မခိုင်းစေပေ။ ဘုရားအိမ်တော်သည် မည်သူက ကိုယ်ကျင့်စရိုက်မြင့်မားသည်ဆိုသည်ကို အကျင့်စာရိတ္တဆိုင်ရာ ရိုးရာယဉ်ကျေးမှု ဆိုရိုးများအရ သေချာပေါက် အကဲမဖြတ်ပေ။ လူကြီးလူကောင်းဖြစ်သူ မည်သူကိုမဆို အားပေးခြင်း၊ မြှင့်တင်ခြင်းမရှိပေ။ လူဆိုးဖြစ်သူ မည်သူမဆိုကို ရှင်းလင်းခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းမရှိပေ။ ဘုရားအိမ်တော်သည် သူ၏ ကိုယ်ပိုင်စည်းမျဉ်းနှင့်အညီ လူများကို အားပေးသည်၊ မြှင့်တင်သည်၊ ရှင်းလင်းသည်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းသည်။ အကျင့်စာရိတ္တဆိုင်ရာ စံနှုန်းများ၊ ဆိုရိုးစကားများနှင့်အညီ လူတို့ကို ရှုမြင်ပြီး လူကြီးလူကောင်းဖြစ်သူ မည်သူကိုမဆို အားပေးခြင်း၊ လူဆိုးဖြစ်သူ မည်သူကိုမဆို ငြင်းပယ်ခြင်းတို့ မပြုလုပ်ပေ။ ထိုထက် လူအားလုံးကို ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့်အညီ ကိုင်တွယ်သည်။ အသင်းတော်ထဲတွင် လူကြီးလူကောင်းများဖြစ်ရန် အစဉ်ကြိုးစားနေသောသူအချို့ကို သင်တို့ မည်သို့ ထင်သနည်း။ (၎င်းတို့သည် မကောင်းပါ။) ယုံကြည်သူအသစ်အချို့မှာ လူကြီးလူကောင်း၊ သို့မဟုတ် လူဆိုး၏ စံနှုန်းနှင့်အညီ လူတို့အား အစဉ် အကဲဖြတ်သည်။ အနှောင့်အယှက်၊ အဖျက်အဆီးများ ဖြစ်ပေါ်စေသောသူများကို အသင်းတော်ခေါင်းဆောင်များက ပြုပြင်နေသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က “ဤခေါင်းဆောင်သည် လူကြီးလူကောင်းမဟုတ်၊ ညီအစ်ကိုမောင်နှမတစ်ယောက်က သေးငယ်သော အမှားတစ်ခု ပြုလုပ်လျှင် သူသည် ထိုအမှားကို စွဲကိုင်ထားပြီး လက်မလွှတ်ပေ၊ လူကြီးလူကောင်းတစ်ယောက်က ဤအရာကို ဂရုစိုက်မည်မဟုတ်၊ လူကြီးလူကောင်းတစ်ယောက်သည် သည်းခံလိမ့်မည်၊ ခွင့်လွှတ်လိမ့်မည်၊ နှစ်သိမ့်ခြင်းပင် ရှိလိမ့်မည်၊ သူသည် အလွန်ပင် ပို၍ လက်ခံပေးလိမ့်မည်၊ ဤခေါင်းဆောင်သည် လူတို့အပေါ် အလွန် တင်းကျပ်လွန်းသည်၊ သူသည် သိသာစွာပင် လူဆိုးတစ်ယောက်ဖြစ်သည်” ဟု ဆိုသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ခုခံကာကွယ်သောသူများက လူကြီးလူကောင်းများမဟုတ်ဟု ဤလူတို့က ဆိုကြသည်။ လေးနက်စွာ၊ စေ့စပ်စွာ၊ တာဝန်သိစွာ အလုပ်လုပ်သူများက လူဆိုးများဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။ သူတစ်ပါးတို့အား ဤသို့ ရှုမြင်သည့်သူများကို သင်တို့ မည်သို့ ထင်သနည်း။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူတို့ကို ရှုမြင်ခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် သမ္မာတရားနှင့်အညီ၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူတို့ကို မကြည့်ပေ။ ထို့အပြင် ၎င်းတို့သည် စာတန်က လူတို့ကို အကဲဖြတ်သည့် အတွေးအခေါ်များ၊ အမြင်၊ နည်းစနစ်၊ နည်းလမ်းများကို ယူကာ အသင်းတော်တွင် ဖြန့်ဝေထုတ်လွှတ်သည်။ ဤအရာများသည် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ၏ အတွေးအခေါ်များနှင့် အမြင်များ ဖြစ်သည်မှာ သိသာထင်ရှားသည်။ သင်သည် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ လူကြီးလူကောင်းတစ်ယောက်သည် ကိုယ်ကျင့်စရိုက်မြင့်မားသော လူကောင်းတစ်ယောက်ဖြစ်သည်၊ အသင်းတော်တွင် ထောက်တိုင်တစ်ခုဖြစ်သည်ဟု ထင်မြင်လျှင် သူက အထင်အမြင်မှားစေခြင်း သင်ခံရခြင်း ဖြစ်နိုင်သည်။ သင်သည် သူနှင့်တူညီသော အတွေးအမြင်များရှိသောကြောင့် တစ်စုံတစ်ယောက်က လူကြီးလူကောင်းများနှင့်ပတ်သက်ပြီး အဆိုအမိန့်များ သို့မဟုတ် ဆိုရိုးများ ပြုလုပ်လျှင် သင်သည် အသေအချာပင် ကိုယ်တိုင် သတိမထားမိဘဲ ဆွဲဆောင်ခြင်းခံရပြီး လှည့်စားခြင်းခံရမည်။ သို့ရာတွင် သင်သည် ဤသို့သောအရာများကို ပိုင်းခြားသိမြင်နေလျှင် ဤသို့သော ဆိုရိုးများကို ငြင်းပယ်ပြီး ယင်းတို့၏ လှည့်စားခြင်းကို ခံရမည်မဟုတ်ပေ။ ထိုအစား သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူများ၊ အမှုအရာများကို တန်ဖိုးဖြတ်ခြင်း၊ မှန်ခြင်း၊ မှားခြင်းကို ဝေဖန်အကဲဖြတ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်လိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် လူများ၊ အမှုအရာများကို တိကျမှန်ကန်စွာ မြင်တွေ့လိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်လိမ့်မည်။ သမ္မာတရားကို မလိုက်စားသော မယုံကြည်သူများ၊ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ ဘုရားအိမ်တော်၏ စည်းကမ်းများအတိုင်း မလိုက်နာလိုသူများသည် ညီအစ်ကိုမောင်နှမများအား လှည့်စားပြီး သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုကို နှောင့်ယှက်ရန်အတွက် စာတန်ဆီကလာပြီး ဘာသာတရားမရှိသူများကြားတွင် အသစ်အဆန်းမဟုတ်သော အတွေးအခေါ်များနှင့် အဆိုအမိန့်များကို မကြာခဏ ထုတ်ပြောကြသည်။ လူတို့က ပိုင်းခြားသိမြင်နေခြင်းမရှိလျှင် ထိုလူများ၏ လှည့်စားခြင်း၊ နှောင့်ယှက်ခြင်းကို မခံရနိုင်သော်လည်း ၎င်းတို့အဆိုအမိန့်များ၏ ဘောင်ခတ်ခြင်းကို မကြာခဏ ခံရမည်ဖြစ်ပြီး ပြုမူဆောင်ရွက်ရန်၊ ထုတ်ဖော်ပြောဆိုရန် တွန့်ဆုတ်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းရဲမည်မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်ရဲဖို့ မဆိုထားနှင့် ဘုရားနှုတ်ကပတ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ရန်ပင် ဆက်လက်၍ လုပ်ဆောင်ရဲမည်မဟုတ်ပေ။ ဤသည်မှာ စာတန်၏ အတွေးများ၊ အဆိုအမိန့်များကို ပိုင်းခြားသိမြင်မှု ကင်းမဲ့ခြင်းကြောင့် ဖြစ်သလော။ (ဟုတ်သည်။) ဤအကြောင်းပြချက်ဖြစ်သည်မှာ သိသာသည်။ “လူကြီးလူကောင်း” နှင့် “လူဆိုး” ဟူသော ဝေါဟာရများသည် အသင်းတော်တွင် ခိုင်လုံမှုမရှိပေ။ ဘာသာတရားမရှိသူများသည် ဟန်ဆောင်ခြင်း၊ မျက်နှာဖုံးနောက်ကွယ်၌ နေထိုင်ခြင်းတွင် ကျွမ်းကျင်သည်။ ၎င်းတို့သည် လူဆိုးတစ်ယောက်ထက် လူကြီးလူကောင်း ဖြစ်ခြင်းကို ထောက်ခံအားပေးသည်။ ၎င်းတို့၏ ဘဝတွင် ဤဟန်ဆောင်မှုများကို ခံယူကြသည်။ ၎င်းတို့သည် လူတို့ကြားတွင် မိမိကိုယ်မိမိ တည်ဆောက်ဖို့အတွက် ဤအရာများကို အသုံးပြုသည်။ ၎င်းတို့အား ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကောင်းပေးရန် အခြားလူများကို လှည့်စားသည်။ ကျော်ကြားမှုနှင့် စည်းစိမ်ကို ရယူကြသည်။ ဘုရားအိမ်တော်တွင် ဤအရာများအားလုံးကို ဖယ်ရှားရှင်းလင်းပြီး တရားမဝင်ကြောင်း သတ်မှတ်ရမည်။ ၎င်းတို့ကို ဘုရားအိမ်တော်တွင်၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူများကြားတွင် ဖြန့်ဝေခွင့်မပြုရပေ။ ဤအရာများအား ဘုရားသခင်ရွေးချယ်ထားသောလူများကို နှောင့်ယှက်ပြီး လှည့်စားရန် အခွင့်အရေးလည်း မပေးသင့်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးသည် စာတန်ဆီမှ လာသောကြောင့်၊ ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက် မရှိသောကြောင့်၊ လူများ၊ အမှုအရာများကို ရှုမြင်သော၊ မိမိတို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သောပုံစံနှင့် ပတ်သက်ပြီး လူတို့ လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများ အသေအချာပင် မဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် “လူကြီးလူကောင်း”၊ “လူကြီးလူကောင်း အတုအယောင်”၊ “လူဆိုး” တို့သည် လူတစ်ယောက်၏ အနှစ်သာရကို အဓိပ္ပာယ်သတ်မှတ်ရန် မှန်ကန်သော ဝေါဟာရများမဟုတ်ပေ။ “လူကြီးလူကောင်း”ဆိုသည့် ဝေါဟာရကို ငါ ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သလော။ (ရှင်းပြပြီးဖြစ်ပါသည်။)
“လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသည်ကို ကြည့်ရန်အတွက် ထိုဆိုရိုးစကားကို နောက်တစ်ခေါက် ကြည့်ကြစို့။ ဤစကား၏ တိုက်ရိုက်အဓိပ္ပာယ်မှာ လူကြီးလူကောင်းတစ်ယောက်သည် သူ၏ စကားများကို အလေးအနက် ထားရမည်ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားအရဆိုလျှင် လူတစ်ယောက်သည် သူ၏ စကားအပေါ်တွင် မူတည်သည်။ လူကြီးလူကောင်းတစ်ယောက်သည် ပြောသည့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး သူ၏ ကတိများကို တည်အောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် လူကြိုက်များပြီး အထင်ကြီးခြင်း ခံရသော၊ ကိုယ်ကျင့်စရိုက်မြင့်မားသော လူကြီးလူကောင်းတစ်ယောက် ဖြစ်ရန်အတွက် လူတစ်ယောက်သည် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ ပြုမူဆောင်ရွက်ရမည်။ ဆိုလိုသည်မှာ လူကြီးလူကောင်း တစ်ယောက်သည် ယုံကြည်စိတ်ချရမှု ရှိရမည်။ သူပြောသည့်၊ ကတိပေးသည့်အရာအတွက် တာဝန်ယူရမည်။ အသေအချာ ဆက်လက်လုပ်ဆောင်ရမည်။ သူ၏ စကားကို မတည်၍မရပေ၊ သို့မဟုတ် သူတစ်ပါးတို့အပေါ်တွင်ရှိသော သူ၏ ကတိကို ဖြစ်မြောက်ရန် ပျက်ကွက်၍ မရပေ။ သူတစ်ပါးတို့အပေါ်တွင်ရှိသော သူ၏ ကတိကို တည်ရန် မကြာခဏ ပျက်ကွက်သောသူသည် လူကြီးလူကောင်း၊ သို့မဟုတ် ကောင်းသောသူ တစ်ယောက်မဟုတ်ဘဲ ထိုအစား လူဆိုးတစ်ယောက် ဖြစ်သည်။ ဤသည်မှာ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့်စကားကို အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည့် ပုံစံဖြစ်သည်။ ယင်းသည် ကိုယ်ကျင့်တရားနှင့် ယုံကြည်စိတ်ချရခြင်းနှင့် ပတ်သက်ပြီး လူကြီးလူကောင်း၏ စကားများ၊ လုပ်ရပ်များအပေါ် အဓိကအားဖြင့် အလေးပေးသည်။ ပထမအနေဖြင့် ငါမေးမည်။ “လူကြီးလူကောင်း၏ စကား” တွင် “စကား” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ နှစ်ခုကို ဆိုလိုသည်။ သူ ပေးသည့် ကတိ၊ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ကတိပြုချက်တစ်ခုဖြစ်သည်။ ငါ အစောပိုင်းက ပြောခဲ့သကဲ့သို့ပင် လူကြီးလူကောင်းများသည် ကောင်းသောသူများ မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ခံထားရသော သာမန်လူများဖြစ်သည်။ ထို့ကြောင့် လူတို့၏ အနှစ်သာရနှင့် ပတ်သက်လျှင် ၎င်းတို့ကတိပေးသည့်အရာများ၌ မိမိတို့ကိုယ်ကို ဖော်ပြသော အဓိကနည်းများမှာ အဘယ်နည်း။ မာနထောင်လွှားစွာ စကားပြောဆိုခြင်း၊ ချဲ့ကားပြောဆိုခြင်း၊ မိမိကိုယ်ကို အကောင်းပြောခြင်း၊ မိမိတို့ကိုယ်ကိုနှင့်ပတ်သက်ပြီး မမှန်သောအရာများကို ပြောဆိုခြင်း၊ အချက်အလက်များနှင့် မကိုက်သော အရာများကို ပြောဆိုခြင်း၊ လိမ်ညာခြင်း၊ ခက်ထန်စွာ ပြောဆိုခြင်း၊ ထွက်ပေါက်ရှာခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးကို လူတို့ ပြောဆိုသည့်၊ ကတိပေးသည့်အရာများတွင် တွေ့ရှိနိုင်သည်။ ထို့ကြောင့် လူတစ်ယောက်က ဤအရာများကို ပြောပြီးနောက်တွင် သင်က ထိုသူကို ကတိတည်ရန်၊ သူပြောသည့်အရာကို လေးစားရန်၊ စကားမတည်ခြင်းမဖြစ်ရန် တောင်းဆိုသည်။ သူက ကတိတည်လျှင် သူသည် လူကြီးလူကောင်းဖြစ်သည်၊ ကောင်းသောသူဖြစ်သည်ဟု သင် ထင်မြင်သည်။ ဤသည်မှာ အဓိပ္ပာယ်မမဲ့သလော။ ဖောက်ပြန်ပျက်စီးသောလူများက နေ့စဉ် ပြောသောအရာများကို ဂရုတစိုက် စုံစမ်းစစ်ဆေးလျှင် ထိုအရာများသည် ရာနှုန်းပြည့် မုသားများ၊ အနှစ်မရှိသော စကားများ၊ သို့မဟုတ် တစ်ဝက်တစ်ပျက်သာ မှန်သောအရာများဖြစ်သည်ကို တွေ့ရလိမ့်မည်။ စကားတစ်လုံးမျှ တိကျခြင်း၊ မှန်ကန်ခြင်း၊ အဖြစ်မှန်ဖြစ်ခြင်း မရှိပေ။ ထိုအစား ၎င်းတို့၏ ဖော်ပြမှုများသည် အမှန်တရားကို ပုံဖျက်သည်။ အဖြူနှင့်အမည်းကို ရှုပ်ထွေးစေသည်။ အချို့မှာ မကောင်းသော ရည်ရွယ်ချက်များ၊ သို့မဟုတ် ဆိုးယုတ်သော လှည့်ကွက်များပင် ထားရှိကြသည်။ ဤစကားများကိုသာ တလေးတစား လိုက်နာစောင့်ထိန်းမိလျှင် အလွန်ပင် ဖရိုဖရဲ ဖြစ်လိမ့်မည်။ ကြီးမားသော လူအုပ်စုတွင် မည်သို့ဖြစ်လိမ့်မည်ကို မပြောဘဲနေကြစို့။ မိသားစုတစ်စုတွင် မဆင်မခြင်ဖြစ်သော မှတ်ချက်များကို အစဉ်ပေးသော၊ အဓိပ္ပာယ်မရှိသော သဘောတရားများနှင့် မာနထောင်လွှားသော၊ မှားယွင်းသော၊ အန္တရာယ်ရှိသော၊ ကြမ်းတမ်းသောစကားများစွာကို ကြာရှည်စွာ ပြောဆိုသော လူကြီးလူကောင်းဆိုသူတစ်ယောက် ရှိမရှိဆိုသည်ကို ပြောကြစို့။ သူ၏ စကားများကို အလေးအနက်ထားပြီး သူ၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်ဆိုလျှင် အကျိုးဆက်က အဘယ်သို့ ဖြစ်မည်နည်း။ ဤမိသားစုက မည်သို့ ပရမ်းပတာ ဖြစ်မည်နည်း။ ဤသည်မှာ အဆင်းနီသောနဂါးကြီး၏ နိုင်ငံ၏ နတ်ဆိုးဘုရင်ကဲ့သို့ ဖြစ်သည်။ ယင်း၏ မူဝါဒများက မည်မျှ အဓိပ္ပာယ်မရှိပါစေ၊ ဆိုးယုတ်ပါစေ ယင်းတို့ကို အဆိုပြုဆဲဖြစ်သည်။ ယင်း၏ လက်အောက်တွင်ရှိသောသူများက မူဝါဒများကို အတိအကျ ဆောင်ရွက်ပြီး အကောင်အထည်ဖော်ရသည်။ မည်သူကမျှ ၎င်းတို့ကို မဆန့်ကျင်ရဲပေ၊ သို့မဟုတ် မတားဆီးရဲပေ။ ဤသို့ဖြင့် တစ်နိုင်ငံလုံး ပရမ်းပတာဖြစ်စေသည်။ ထို့အပြင် နိုင်ငံသည် ကပ်ဘေးအမျိုးမျိုး၏ ဝန်းရံဖိစီးခြင်းကို ခံနေရပြီး စစ်ပွဲအတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်ကာ တစ်နိုင်ငံလုံးက လုံးလုံး ရှုပ်ထွေးမှုအတွင်းသို့ ကျရောက်နေသည်။ နတ်ဆိုးခေါင်းဆောင်တစ်ယောက်က နိုင်ငံ၊ သို့မဟုတ် လူမျိုးတစ်ခုကို ကြာရှည်စွာ အုပ်ချုပ်လျှင် ထိုနိုင်ငံရှိလူများသည် အလွန်ပင် ဒုက္ခရောက်လိမ့်မည်။ မည်မျှအထိ ဖရိုဖရဲ ဖြစ်မည်နည်း။ လူတို့သည် ကျိုးကြောင်းမသင့်သော အဓိပ္ပာယ်မရှိသောအရာများ၊ နတ်ဆိုးဘုရင်များက ထုတ်ပြန်သော အတွေးမှားများ၊ မုသားများအားလုံးကို ဆောင်ရွက်ပြီး အကောင်အထည်ဖော်လျှင် ယင်းမှနေ၍ လူသားမျိုးနွယ်အတွက် ကောင်းသောအရာ တစ်စုံတစ်ခု ဖြစ်လာမည်လော။ လူသားမျိုးနွယ်သည် ပိုပို၍သာ ဖရိုဖရဲဖြစ်လာပြီး မှောင်မိုက်ဆိုးယုတ်လာမည်။ ကံကောင်းစွာပင် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည်မှာ အနှစ်မရှိသောစကားများထက် မပိုပေ။ လေလုံးတစ်ခုသာဖြစ်သည်။ စာတန်က ဤအရာကို လက်တွေ့အကောင်အထည်မဖော်နိုင်ပေ။ ယင်းက ဆိုသည့်အရာကို မရရှိနိုင်ပေ။ ထို့ကြောင့် ဤလောကတွင် အနည်းငယ် အစီအစဉ်တကျ ရှိနေဆဲဖြစ်ပြီး လူတို့သည် အတော်အတန် တည်ငြိမ်ဆဲဖြစ်သည်။ ဤသို့မဟုတ်လျှင် လူသားကမ္ဘာ၏ နေရာအနှံ့ရှိ “လူကြီးလူကောင်းများ” ရှိသော နေရာတိုင်းတွင် ဖရိုဖရဲဖြစ်နေလိမ့်မည်။ ဤသည်မှာ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားတွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများထဲမှ တစ်ခုဖြစ်သည်။ လူတို့၏ အနှစ်သာရ၏ ရှုထောင့်မှ ကြည့်လျှင် ၎င်းတို့၏ အဆိုအမိန့်များ၊ ၎င်းတို့ပြောသောအရာများ၊ ၎င်းတို့၏ ကတိများသည် စိတ်မချရသည်ကို ငါတို့ မြင်နိုင်သည်။ မှားယွင်းသော အခြားအရာတစ်ခုမှာ လူသားမျိုးနွယ်သည် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် အတွေးအခေါ်နှင့် အမြင်တို့၏ ဘောင်ခတ်ခြင်းကို ခံရခြင်းဖြစ်သည်။ ၎င်းတို့က “မိမိတို့စကားကို တလေးတစား လိုက်နာစောင့်ထိန်းပြီး မိမိတို့လုပ်ဆောင်မည်ဟု ပြောသောအရာကို လုပ်ဆောင်ရခြင်းမှာ လူကြီးလူကောင်း ဖြစ်ခြင်း နည်းလမ်း ဖြစ်သောကြောင့် ငါတို့သည် ဤသို့ လုပ်ဆောင်ရမည်” ဟူ၍ စဉ်းစားကြသည်။ ဤအတွေးအခေါ်နှင့် အမြင်သည် လူတို့၏ စဉ်းစားပုံကို ကြီးစိုးပြီး လူတို့က လူတစ်ယောက်ကို ရှုမြင်သည့်၊ အကဲဖြတ်သည့်၊ အမျိုးအစားခွဲသည့် စံနှုန်းဖြစ်လာသည်။ ဤသည်မှာ သင့်လျော်ပြီး တိကျမှန်ကန်သလော။ (တိကျမှန်ကန်ခြင်း မရှိပါ။) အဘယ်ကြောင့် တိကျမှန်ကန်ခြင်း မရှိသနည်း။ ပထမအနေဖြင့် လူတို့ပြောသည့်အရာသည် တန်ဖိုးနည်းပါးပြီး အနှစ်မရှိသော စကားများသာ ဖြစ်သောကြောင့်၊ မုသားများ၊ ချဲ့ကားပြောဆိုခြင်းများ ဖြစ်သောကြောင့်ဖြစ်သည်။ ဒုတိယအနေဖြင့် လူတို့အား ထိန်းချုပ်ရန်နှင့် ၎င်းတို့၏ စကားကို တလေးတစား လိုက်နာစောင့်ထိန်းဖို့ တောင်းဆိုရန်အတွက် ဤအတွေးအခေါ်နှင့် အမြင်ကို အသုံးပြုခြင်းသည် တရားမျှတခြင်း မရှိပေ။ လူတို့သည် လူတစ်ယောက်၏ သာလွန်မှု၊ သို့မဟုတ် နိမ့်ကျမှုကို တိုင်းတာရန်အတွက် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည်ကို မကြာခဏ အသုံးပြုသည်။ လူတို့သည် မိမိကိုယ်ကို သတိမထားမိဘဲ ၎င်းတို့၏ ကတိများကို မည်သို့ တလေးတစား လိုက်နာစောင့်ထိန်းရမည်ဆိုသည်ကို မကြာခဏ စိတ်ပူပြီး ယင်း၏ ဘောင်ခတ်ခြင်းကို ခံရသည်။ ၎င်းတို့သည် ၎င်းတို့၏ ကတိများကို တလေးတစား လိုက်နာစောင့်ထိန်းနိုင်ခြင်း မရှိလျှင် သူတစ်ပါးတို့က ခွဲခြားဆက်ဆံခြင်း၊ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံရသည်။ အသေးအဖွဲကိစ္စတစ်ခုကို ၎င်းတို့ စကားမတည်နိုင်လျှင် မလုပ်ဆောင်နိုင်လျှင် လူ့အသိုင်းအဝိုင်းအတွင်း၌ မိမိတို့ကိုယ်ကို အခြေချဖို့ ခက်ခဲသည်။ ဤသည်မှာ ဤလူတို့အတွက် မျှတမှု မရှိသကဲ့သို့ လူသားလည်းမဆန်ပေ။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ၎င်းတို့၏ နှစ်သက်မှုများနှင့်အညီ ပြောဆိုကြသည်။ ၎င်းတို့ ပြောလိုသည့်အရာတိုင်းကို ပြောကြသည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မည်မျှ အဓိပ္ပာယ်မရှိသည်၊ သို့မဟုတ် အမှန်တရားနှင့် ဆန့်ကျင်နေသည်ဆိုသည်ကို ဂရုမစိုက်ပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူတို့၏ ပုံစံဖြစ်သည်။ အရာရာတိုင်းက သူ၏ ကိုယ်ပိုင်စိတ်သဘောထားအတိုင်း ပြုမူဆောင်ရွက်ခြင်းမှာ သဘာဝဖြစ်သည်။ ကြက်တစ်ကောင်သည် မည်သို့ တွန်ရမည်ကို သင်ယူရမည်။ ခွေးတစ်ကောင်သည် မည်သို့ ဟောင်ရမည်ကို သင်ယူရမည်ဖြစ်ပြီး ဝံပုလွေတစ်ကောင်က မည်သို့အူရမည်ကို သင်ယူရမည်။ တစ်စုံတစ်ခုက လူသားမဟုတ်သော်လည်း လူသားနှင့်ဆိုင်သော အရာများကို ပြောဆို၊ လုပ်ဆောင်ရန် တင်းကျပ်စွာ သတ်မှတ်လျှင် အလွန်ခက်ခဲလိမ့်မည်။ လူတို့တွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ မာနထောင်လွှားပြီး လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် လိမ်ညာခြင်း၊ ချဲ့ကားပြောဆိုခြင်း၊ အနှစ်မရှိသောစကားများကို ပြောဆိုခြင်းသည် သဘာဝဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး လူတို့ကို ထိုးထွင်းမြင်နိုင်လျှင် ဤအရာအားလုံးသည် သင့်အတွက် သာမန်၊ ပုံမှန်အဖြစ် မြင်သင့်သည်။ သင်သည် လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ လူတို့သည် ကောင်းမွန်ခြင်း၊ စိတ်ချယုံကြည်ထိုက်ခြင်းရှိမရှိကို အကဲဖြတ်ပြီး အမျိုးအစား သတ်မှတ်ရန်အတွက် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်နှင့် အမြင်ရှုထောင့်ကို အသုံးမပြုသင့်ပေ။ ဤ အကဲဖြတ်ခြင်း နည်းလမ်းသည် မမှန်ပေ။ မခံယူသင့်ပေ။ မှန်ကန်သော နည်းလမ်းမှာ အဘယ်နည်း။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ချဲ့ကားပြောဆိုပြီး ၎င်းတို့၏ တကယ့်အခြေအနေကို ထင်ဟပ်ခြင်းမရှိသည့် အရာများကို ပြောဆိုခြင်းသည် သာမန်သာဖြစ်သည်။ သင်သည် ဤအရာကို မှန်ကန်စွာ ကိုင်တွယ်ရမည်။ သင်သည် လူတစ်ယောက်အား လူကြီးလူကောင်းတစ်ယောက်၏ စံနှုန်းနှင့်အညီ သူ၏ ကတိကို တလေးတစား လိုက်နာစောင့်ထိန်းဖို့ မတောင်းဆိုသင့်ပေ။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် အတွေးအခေါ်နှင့် အမြင်တို့ဖြင့် သူတစ်ပါးတို့ကိုဖြစ်စေ၊ သင့်ကိုယ်သင်ဖြစ်စေ ဧကန်မုချ မချည်နှောင်သင့်ပေ။ ဤသည်မှာ မမှန်ကန်ပေ။ ထို့အပြင် လူတစ်ယောက်သည် လူကြီးလူကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုသည်ဖြင့် သူ၏ လူ့သဘာဝနှင့် ကိုယ်ကျင့်တရားကို အကဲဖြတ်ခြင်းသည် အဓိကအမှားတစ်ခုဖြစ်ပြီး မှန်ကန်သော ချဉ်းကပ်မှုမဟုတ်ပေ။ ယင်း၏ အခြေပြုချက်သည် မှားယွင်းပြီး ဘုရားနှုတ်ကပတ်တော်နှင့်၊ သို့မဟုတ် သမ္မာတရားနှင့် မညီပေ။ ထို့ကြောင့် လူတစ်ယောက်ကို အကဲဖြတ်ရန်အတွက် ဘာသာတရားမရှိသူတို့၏ လောကတွင် မည်သည့် အတွေးအခေါ်မျိုးနှင့် အမြင်အမျိုးအစားကို အသုံးပြုသည်ဖြစ်စေ၊ လောကီကမ္ဘာက လူကြီးလူကောင်းဖြစ်ခြင်းကို ထောက်ခံသည်ဖြစ်စေ၊ လူဆိုးဖြစ်ခြင်းကို ထောက်ခံသည်ဖြစ်စေ ဘုရားအိမ်တော်တွင် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားကို အားမပေးပေ။ မည်သူမဆိုကို လူကြီးလူကောင်းဖြစ်ရန် အကြံမပြုသကဲ့သို့ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားအတိုင်း ပြုမူဆောင်ရွက်ရန် သေချာပေါက် မလိုအပ်ပေ။ သင်သည် သင့်ကိုယ်သင် လူကြီးလူကောင်းတစ်ယောက်ဖြစ်ရန် တင်းကျပ်စွာ သတ်မှတ်ပြီး “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားကို သရုပ်ထင်စေလျှင်ပင် အဘယ်သို့နည်း။ သင်သည် ဤအရာကို အလွန်ကောင်းစွာ လုပ်ဆောင်နိုင်ပြီး ကတိတည်ပြီး သူ၏ စကားအတိုင်း ဖြစ်မြောက်ရန် လုံးဝ မပျက်ကွက်သည့် နှိမ့်ချသော လူကြီးလူကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။ သို့ရာတွင် သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို လုံးဝ မရှုမြင်လျှင်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ခြင်း မရှိလျှင်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို မလိုက်နာလျှင် သင်သည် လုံးဝ ဘာသာတရားမရှိသူတစ်ယောက်ဖြစ်သည်။ လူများစွာက သင်နှင့် သဘောတူပြီး သင့်အား ပံ့ပိုးလျှင်ပင်၊ သင်သည် လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ သင်သည် သင့်စကားအတိုင်း ဖြစ်မြောက်စေရန် မည်သည့်အခါမျှ မပျက်ကွက်ကြောင်း၊ သင်၏ ကတိများကို အလေးအနက် ထားကြောင်း ဆိုလျှင်ပင် အဘယ်သို့နည်း။ ဤသည်မှာ သင်က သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ သင်သည် ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်သည်ဟု ဆိုလိုသလော။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးကို သင် မည်မျှ ကောင်းမွန်စွာ၊ သင့်လျော်စွာ လိုက်လျှောက်သည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်ကို သင် နားမလည်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လိုက်နာစောင့်ထိန်းပြီး ပြုမူဆောင်ရွက်ခြင်း မရှိလျှင် ဘုရားသခင်၏ လက်ခံမှုကို ရရှိမည်မဟုတ်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။